Pleasure{complete}

De Poelayz-24

138K 5.8K 154

Boy Love 🤍 Complete Mais

chapter (1) U
chapter (1)Z
chapter (2) U
chapter (2)Z
Chapter (3)U
chapter (3)Z
chapter (4) U
chapter (4)Z
chapter (5)U
chapter (5)Z
Chapter (6)U
chapter (6)Z
chapter (7)U
Chapter (7)Z
Chapter (8)U
chapter (8)Z
Chapter (9)U
Chapter (9)Z
chapter (10) Final Uni
Chapter (10)final Zaw
Extra U

Extra Z

2.6K 81 3
De Poelayz-24


ဇာတ်လမ်းအဆုံးသတ်သွားပြီလို့ထင်နေပါသလား မဟုတ်ပါဘူး၊ဇာတ်လမ်းကအခုမှစတင်တာပါ။

ဇနဝါရီ ၅ရက်

အဖြူရောင်ကုတင်လေးထက်တွင်ချစ်ရသူတစ်ယောက်တည်းအထီးကျန်လျက် လဲလျောင်းအိပ်စက်နေသည်။ဒီနေ့ကသူကိုတွေ့ရတာနောက်ဆုံးနေတစ်နေ့လည်းဖြစ်သည်။ချစ်တယ်ဆိုတဲ့သူကြားချင်တဲ့စကားလေးတစ်ခွန်းကိုတောင်သူမကြားနိုင်ခဲ့တော့ပါ။သူထားသွားပြီသူချစ်တဲ့အကို......သူချစ်ရတဲ့အရာအားလုံးကိုနှုတ်ဆက်ထွက်ခွာသွားခဲ့သည်။

ရှိန်းအနားသို့ပန်းချီက လာကာ မိုးသားပေးခဲ့သောCDတစ်ချက်ကိုပေးလိုက်သည်။

"ဒါမိုးသားမသေခင်နင့်ကိုပေးချင်တဲ့တစ်ခုတည်းသောအရာ အသုဘပြီးရင်နင်ဖွင့်ကြည့်လိုက်အုံးနင်မအိပ်ပဲနေတာလည်းကြာပြီ မိုးသားဆုံးကတည်းကလေနင်ဘာမှမစားဘူးနင်ဒီလို့ဆက်လုပ်နေရင် မိုးသားကပျော်မှာမဟုတ်ဘူးနော်"

ရှိန်းအားတင်းကာထလိုက်သည်။ဟုတ်တယ် သူပျော်နေတာကိုပဲမိုးသားကအမြဲမြင်ချင်ခဲ့တာမဟုတ်လော။
မိုးသားရဲ့နောက်ဆုံးခရီးလေးကိုတော့ပန်းချီနှင့်ရှိန်းနှစ်ဉီးတည်းကပဲကျင်းပပေးခဲ့သည်။ပြီးနောက်ချစ်ရသူရဲ့အရိုးပြာအိုးလေးကိုရင်ဝယ်ပိုက်ကာအိမ်သို့ပြန်လာခဲ့သည်။တောင်ကြီးကိုစစလာတုန်းကနှစ်ယောက်အခုပြန်တော့မယ်ဆိုတော့တစ်ယောက်တည်းတဲ့လား........

ပန်းချီကလည်းအသုဘပြီးတဲ့နောက်ပဲခူးကိုပြန်သွားခဲ့သည်။စံအိမ်ကြီးထဲတွင်တစ်ယောက်တည်းငိုကြွေးလို့နေသည်။ခဏအကြာချစ်ရသူပေးခဲ့တဲ့အခွေလေးကိုဖွင့်ကြည့်လိုက်မိသည်။

အခွေထဲတွင်မိုးသားက သူရဲ့ချစ်လှစွာသောအကိုဝယ်ပေးထားတဲ့အကျီလေးကိုဝင်ဆင်ကာ
ကင်မရာကိုကြည့်ပြီးပြုံးနေသည်။ပြီးနောက်

"အဟမ်း ကျွန်တော်ဒီ Video ကိုရိုက်ဖြစ်တဲ့အကြောင်းရင်းကတော့အကိုကိုပြောပြစရာလေးတွေ
ရှိလို့အကိုမြို့ထဲမှာမုန့်သွားဝယ်နေတုန်းရိုက်ဖြစ်လိုက်တာပေါ့နော် ဟိုင်း ချစ်ရတဲ့အကိုရေဒီ  video ကိုအကိုကြည့်နေတဲ့အချိန်မှာကျွန်တော်ရှိတော့မှာမဟုတ်တော့ဘူးပေါ့ အကိုကျွန်တော်မရှိတော့လို့ချောင်ပိတ်ပြီးငိုဖို့မတွေးနဲ့နော် ကျွန်တော်ကအကိုငိုပြီဆိုရင်နှလုံးသားတစ်ခုလုံးကွဲကြေမတက်ခံစားရတာမို့ပြီးတော့အကိုထက်အရင်ထွက်သွားမိလို့လည်းတောင်းပန်ပါတယ်နော်စိတ်လည်းမဆိုးနဲ့ အကိုကျွန်တော်အပေါ်ကိုဟန်ဆောင်ပြီးချစ်ခဲ့တာတော်တော်ကိုပင်ပန်းမှာပဲနော်အံ့ဩသွားတယ်မလားအကိုဟန်ဆောင်နေတာကိုကျွန်တော်သိနေလို့လေ အကိုမလမင်းနဲ့လမ်းခွဲပြီးတော့မကြာခင်သေတော့မယ့်ကျွန်တော့်ကိုအကိုသနားပြီးပြန်တွဲခဲံတာလည်းသိတယ်ကျွန်တော်က အကိုနဲ့ပက်သတ်ပြီးအကုန်သိတယ်လေ ဟဲဟဲ အကိုသိလားမျက်ရည်တွေနဲ့ပြုံးရတာနာကျင်ခြင်းဆိုတာကိုကျွန်တော်ကောင်းကောင်းနားလည်လိုက်ပြီအကိုကျွန်တော်ပေါ်ဟန်ဆောင်တာကသိပ်ကိုပိရိလွန်းတယ်သိလားအကိုသိလားသက်တံ့လေးကိုပိုင်ဆိုင်ဖို့မဖြစ်နိုင်သလို့နွေဉီးကလေပြေကိုလည်းပွေ့ဖက်လို့မရနိုင်ဘူးဒီလိုပဲကျွန်တော်ဒီဘဝမှာတော့အကိုရဲ့နှလုံးသားလေးကိုမရနိုင်တော့ဘူးပေါ့ ဘယ်လောက်ပဲအကိုကျွန်တော်ကိုဟန်ဆောင်ပြီးနေနေ ကျွန်တော်ကတော့အကိုကိုချစ်တယ် ချစ်တယ် ချစ်တယ် သိလား ဖွင့်မပြတတ်လောက်အောင်ကိုချစ်တယ် နောင်ဘဝကျရင်တော့ကျွန်တော်အပိုင်ဖြစ်ပေးပါနော် အခုဒီရောဂါ‌ကြောင့်အကိုနဲ့တွေဆုံခဲ့တာမို့ကျွန်တော် ပျော်တယ် ဒီတော့အကိုလည်းပျော်ပျော်နေနော် ဂျူတီကုတ်လေးနဲ့ဆိုအရမ်းကြည့်ကောင်းတဲ့အကို့ကို ချစ်တယ်နော် ကျန်းမာရေးကိုဂရုစိုက်"

Videoလေးကတစ်ခန်းရပ်သွားပြီး ပြီးဆုံးသွားခဲ့သည်။ထို့ Video လေးကိုကြည့်ပြီးရှိန်းတစ်ယောက်မျက်ရည်များထိန်းမရနိုင်အောင်ကျဆင်းလာခဲ့သည်။

" ညီရယ်ဘာလို့ကိုယ်ဟန်ဆောင်တယ်ထင်နေရတာလဲ အကို....ညီကိုသိပ်ချစ်တာ ညီကိုယ့်ကိုချစ်ပေးတာထက်တောင်ပိုချစ်ခဲ့တာပါကွာ မင်းကတော့သွားလေနှင့်ပြီဆိုတော့ကျန်ရစ်ခဲ့တဲ့ကိုယ်ကတော့မင်းထက်ပိုနာကျင်နေရပြီဆိုတာသိလား အကိုမင်းကိုသိပ်ချစ်တာပဲကွာ"

ရှိန်းကသူရှေ့ကအရိုးပြာလေးကိုပိုက်လျက်မျက်ရည်များကျကာငိုနေလေတော့သည်။ထို့နေမှစကာရှိန်းတစ်ယောက်တောင်ကြီးမှာနေသည်မှာ၎လနီးပါးပင်ဖြစ်သည်။

ပစ္စုပ္ပန်ယခုလက်ရှိကားပေါ်တွင်တွေးရင်းနဲ့နိုးလာခဲ့သည်။ပြီးနောက်ရှိန်းတစ်ယောက်သူချစ်ရတဲ့လူသားလေးသဘောတိုင်းပုံမှန်ဖြစ်အောင်ကြိုးစားပြီးနေခဲ့သည်။မိုးသားညိုဆိုတဲ့ကောင်လေးကိုမေ့ပျောက်ပြီလားဆိုရင် တစ်သက်လုံးမမေ့နိုင်ပါ ။ရှိန်းကိုမိုးသားဆိုတဲ့ကောင်လေးကတစ်ဘဝလုံးစာအတွက်အပြစ်ပြန်ပေးပြီးပြီမို့ပါ။

                   ပြီးပါပြီ.............

ကောင်လေးတစ်ယောက်ဖတ်နေလက်စစာအုပ်ကိုပိတ်ချလိုက်ကာဒေါသထွက်လျက်

"မိုးသားညို မင်းရက်စက်လိုက်တာမင်းရေးထားတဲ့ဇာတ်လမ်းကိုဖတ်ကြည့်လိုက်အုံးတစ်ပုဒ်လုံးငါ့ကိုလူဆိုးကြီးဖြစ်အောင်လုပ်ထားတယ်"

မိုးသားကရယ်ကာဒေါသထွက်နေတဲ့ထိုလူသားလေးပေါင်ပေါ်သို့ထိုင်ကာသူလက်ထဲမှကိုင်ထားသောစာအုပ်လေးကိုဘေးချလိုက်ရင်းရှိန်းကိုအနမ်းတစ်ပွင့်ခြွေလိုက်သည်။

"Darling ကလည်းကျွန်တော်ကဇာတ်လမ်းကိုလှအောင်လို့ရေးထားတာလေပြီးတော့ ဇာတ်သိမ်းကမကောင်းပေမယ့်အခုလက်ရှိကျွန်တော်နဲ့ Darling ကညားတယ်မဟုတ်ဘူးလားလူကိုယူတုန်းကယူထားပြီးတော့နော်"

ရှိန်းတစ်ယောက်ဘာပြောရမှန်းကိုမသိတော့ပါစိတ်ကောက်ရမှာသူဖြစ်ရမှာကိုရှေ့ကချစ်ရသူလေးကစိတ်ကောက်နေပါသတဲ့ဗျာ..................

"ညီရေးထားတာလည်းကြည့်လေကွာ ညီကျတော့သေသွားတယ် ကိုယ့်ကျတော့လူကြမ်းကြီးကိုဖြစ်လို့"

မိုးသားကရယ်ကရှိန်းပါးလေးကိုဆွဲညှစ်ပြီး

"Darling ရယ်ဇာတ်လမ်းဆိုတာဒီလို့ရေးမှဖတ်လို့ကောင်းတာလေ ကျွန်တော်နဲ့ Darling ဖူးစာပါအောင် ကျွန်တော်ရဲ့ အူအတတ်ပေါက်တာလေးကြောင့်ပဲ‌ တွေ့ခဲ့တာမဟုတ်ဘူးလား ကျွန်တော်က နည်းနည်းလေးပဲဇာတ်လမ်းပြောင်းလိုက်တာပါ အခုကြည့် Darling ကျေးဇူးကြောင့် ကျွန်တော်စာအုပ် ဘယ်လောက်ပေါက်လိုက်သလဲ"

ရှိန်းကနှုတ်ခမ်းကိုဆူကာချစ်ရသူလေးခါးကိုဖက်၍ချွဲနေသည်။

"ညီ မသိပါဘူးကိုယ်ဒီ Pleasure ကိုဘယ်လောက်စိတ်နာတယ်ဆိုတာ"

"ဘာဖြစ်ပြန်တာတုန်း Darling ရယ်"

"ညီစဉ်းစားကြည့် ညီ Pleasure ကိုရေးတုန်းက မအိပ်မနေနေတိုင်းကိုရေးနေတာလေပြီးတော့ ကိုယ်လည်းညစာငတ်ရတယ် အဲတော့ ကိုယ်မှာသူကိုနာကျည်းလို့မဖတ်ပဲပစ်ထားပါတယ်ဆိုမှ အခုဖတ်လည်းဖတ်ရော ယောင်္ကျားဖြစ်သူကိုလူကြမ်းကြီးလုပ်လိုက်တယ်"

မိုးသားတစ်ယောက်ဘာမှပင်မပြောနိုင်တော့ပါသူကလည်းသူပဲ ဇာတ်လမ်းထဲမှာ သူကကျ သေတယ်ပြီးတော့ ကျန်ရစ်ခဲ့သူ ရှိန်းကိုကျတော့ လူကြမ်းကြီးလုပ်လိုက်တာကို~

"ဘာပဲဖြစ်ဖြစ် တကယ်လက်တွေ့မှာကျ Darling နဲ့ကျွန်တော်ညားတယ်ဆိုပြီးပြီမဟုတ်ဘူးလားပြီးတော့Darling ရယ် ဒီဇာတ်လမ်းဖတ်ပြီး Darling အပေါ်ဒီ မိုးသားညိုကဘယ်လောက်ချစ်တယ်ဆိုတာကိုမသိသွားဘူးလား"

ရှိန်းတစ်ယောက်လက်မြှောက်အရှုံးပေးလိုက်ရပါတော့သည်။စကားကြွယ်တဲ့စာရေးဆရာလေးကိုသူဘယ်တော့မှနိုင်မှာပင်မဟုတ်ပါ။ဒါကလည်းရှိန်းဆိုတဲ့ကောင်လေးက မိုးသားညိုဆိုတဲ့ကောင်လေးကို ချစ်နေတာဖြစ်နေလို့ပင်ဖြစ်သည်။

Yuna🌸

**********

ဘယ်လို့လဲအဆင်ပြေရဲ့လား❤️🙆🏻‍♀️

Continue lendo

Você também vai gostar

16.7K 687 8
လမင်းလေးရဲ့ ဥယျာဥ်မှုူး ပထမအတွဲကို အရင်ဖတ်ပြီးမှ ဒါဖတ်ပါ
2.9M 54.4K 17
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
335K 4.6K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
787K 65.7K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...