Chapter (9)Z

1.5K 66 0
                                    


တောင်ကြီးသို့ကောင်လေးနှစ်ယောက်စတင်ထွက်လာသည်။ကားပေါ်တွင်ယခင်ကလိုတိတ်ဆိတ်ငြိမ်သက်ခြင်းမရှိတော့ပဲရယ်မောလျက်သာရှိသည်။ မိုးသားကတော့သူအကြိုက်ဆုံးသီချင်းဖြစ်တဲ့ It's You ကိုတစ်လမ်းလုံးကိုဖွင့်ခဲ့သည်။

"အကိုညီကိုမေးရအုံးမယ်ဘာလို့ဒီသီချင်းကိုပဲဖွင့်နေရတာလဲ"

"မြန်မာလို့ဆိုရင် သူက မင်းတစ်ယောက်တည်းကို ပဲ တဲ့ အဲထဲကစာသားတွေလိုမျိုးပဲကျွန်တော်က
လည်းအကိုတစ်ယောက်တည်းကိုပဲချစ်တယ်"

"ညီကိုယ့်ကိုအချိန်တိုင်းချစ်တယ်လို့ပြောနေတာမမောဘူးလား"

"ကျွန်တော်ကစာရေးတာဝါသနာဆိုရင်အကို့ကိုချစ်ကြောင်းပြောရတာကကျွန်တော်ရဲ့အလုပ်လို့ဖြစ်နေပြီ အကို့ဘက်ကကျွန်တော်ကိုချစ်တယ်လို့လဲပြန်ပြောဖို့မလိုအပ်ပါဘူးဒီတိုင်းကျွန်တော်ချစ်တာကိုပဲသိထားပေးဒါဆိုလုံလောက်ပြီ

ပြောချင်ရာပြောပြီးနောက်ပြတင်းပေါက်ဘေးဘက်သို့ခေါင်းလေးဖော်ကာအပြင်ဘက်ကသဘာဝအလှတရားလေးကိုခံစားလို့နေသည်။သူချစ်ရတဲ့အကိုနဲ့တောင်ကြီးကိုသွားလည်ချင်တယ်ဆိုတာသူရဲ့အဖြစ်ချင်ဆုံးဆန္ဒတစ်ခုမဟုတ်လော.....၊ဒီတော့သူရပ်တန့်လို့ရရင်ဒီလို့အချိန်လေးကိုထာဝရရပ်တန့်လိုက်ချင်မိတယ်အတုယောင်ဆိုပေမယ့်ပေါ့

မင်းစိတ်ထဲဘာတွေတွေးနေလဲဆိုတာကိုကိုယ်သိတယ်ကိုယ်မင်းကိုအခုချစ်တယ်လို့မပြောနိုင်သေးဘူးအခုပြောလိုက်မိရင်မင်းစိတ်ထဲကိုယ်ကမင်းကိုသနားပြီးချစ်တယ်ဆိုပြီးထင်နေမှာအချိန်တစ်ခုအထိကိုယ်စောင့်ပြီးမင်းကိုဖွင့်ပြောမယ်ကိုယ့်ကိုစောင့်နေပေးပါ။

ကားပေါ်တွင်နှစ်ဉီးသားအတွေးကိုယ်စီနဲ့တောင်တန်းကြီးများကာရံထားသောတောင်ကြီးမြို့သို့ရောက်လာကြသည်။ဒီဇင်ဘာလဖြစ်သည့်အတွက်ကြောင့်တောင်ကြီးတွင်အလွန်ပင်အေးလို့နေသည်။ရှိန်းကသူပိုင်တဲ့တောင်ကြီးက အပန်းဖြေစံအိမ်သို့မောင်းလာခဲ့သည်။

လာရာလမ်းတွင်လှပသောနေကြာပန်းများပွင့်ကာဘေးပတ်လည်တွင်ခြံရံထားသောကြောင့်ရှိန်းချစ်ရတဲ့ထိုလူသားလေးမှာပြုံးပျော်လို့နေသည်။

Pleasure{complete}Nơi câu chuyện tồn tại. Hãy khám phá bây giờ