Scroll down ⬇️ Zawgyi version is below .
#Unicode
Ash : " ကိုယ်တော်တို့ကြားမှာ လောကွပ်တွေမလိုဘူး "
တည်ကြည်သော မျက်နှာထားနှင့် ယုံကြည်ချက်အပြည့် ပြောလာလေသည် ။
Alexander မှာ ကြောင်အမ်းလျက် သခင်ဖြစ်သူအား ကြည့်နေမိ၏ ။
လက်မထပ်ရသေးတဲ့ မိန်းမပျိုလေးတစ်ယောက်ရဲ့ အခန်းကို လူပျိုလူလွတ်တစ်ဦးက အလည်လာတာမို့ အခန်းထဲမဝင်ခင် ကြိုတင်သတိပေးသင့်ကြောင်း ပြောပါတယ် ... ။ ဒါကို ' လောကွပ် ' တဲ့ ။
ပြီးတော့ ' ကိုယ်တော်တို့ကြား ' ဆိုတဲ့ စကားစုကို သုံးနှုန်းပုံဟာလည်း ကျိုးကြောင်းမဆီလျော်နေ ။ ဘယ်တုန်းက သူတို့နှစ်ယောက်ကြားဟူ၍ ဖြစ်သွားသနည်း ?
တောက်ပသော မျက်ဝန်းနက်တို့ဖြင့် မိန်းမပျိုလေး၏အခန်းရှေ့ ယုံကြည်ချက်အပြည့် ဖြင့် ကျူးကျော်တော့မည့် ဧကရာဇ်အား Alexander စိုးရိမ်မိသည် ။
ဘုရင်မင်းမြတ်တစ်ပါး ဖြစ်နေရင်တောင်မှ မိန်းကလေးတစ်ယောက်အား ပိုးပန်းလျှင် လုပ်ထုံးလုပ်နည်းတွေကို လိုက်နာရစမြဲပင် ။သခင်ဟာ ယဉ်ကျေးသော ၊ လူကြီးလူကောင်းဆန်သော ယောင်္ကျားတစ်ယောက်ပါ ။ ဒါတွေကို ငယ်စဉ်ကတည်းက သင်ယူဖူးတဲ့သူပါ ။ သိလျက်နဲ့ ဥပေက္ခာပြုထားတာ သိသာ၏ ။
ကောင်မလေးရဲ့ အခန်းထဲ အသံမပေး ဘာမပေးပဲ ဇွတ်ဝင်သွားဖို့ဆိုတာ အင်ပါယာအား အုပ်စိုးနေသော ဧကရာဇ်တစ်ပါးအတွက် သိပ်ကိုလွယ်ကူတဲ့ ကိစ္စဖြစ်ပေမယ့် မိန်းကလေးရဲ့အမြင်တွင်တော့ ကိုယ်ကျင့်တရားဆိုးရွားသည့် ယောင်္ကျားတစ်ယောက် ဖြစ်သွားလိမ့်မည် ။
အခု သခင်ဟာ ကောင်မလေးဆီ ယောင်္ကျားတစ်ယောက်အဖြစ် လာလည်တာလား ? ဘုရင်တစ်ပါးအဖြစ် လာလည်တာလား ? Alexander ဝေခွဲမရ ... ။ သို့ပေမယ့် သခင် ပိုးပန်းနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့အရှေ့ သူ၏ဂုဏ်သိက္ခာ အစွန်းအထင်းဖြစ်မသွားစေရန် ကာကွယ်ပေးဖို့က Alexander မှာ တာဝန်ရှိသည်ဟု ခံယူထားသည် ။
နဂိုတည်းက မာန်မာနကြီးမားသူမို့ သခင်သည် သူ့ကိုယ်သူ သဘောမပေါက်ခြင်းသာ ... ကောင်မလေးထံမှ သကြားခဲအမှတ်လေးတွေ တိုးရချင်နေကြောင်း သိပ်ကိုသိသာ၏ ။ ဒါပေမယ့် ကံဆိုးစွာပဲ တည်သောမျက်နှာ ၊ တင်းမာသောအသံ ၊ မပွင့်လင်းသောစရိုက် ၊ မိုးထိသောမာနနှင့် ... သနားဖွယ်ရာ သခင်ခမျာ ဘယ်လိုမှ လိုတာရမည်မဟုတ် ။
ကြင်နာဖို့ ကြိုးစားလိုက်တိုင်း အစီအစဥ်တွေလွဲ၏ ။ နဂါးနက်တစ်ကောင်က သမင်ငယ်ကလေးအား အာခံတွင်း၌ ငုံ့ရန်ကြိုးစားသည့်ဖြစ်ရပ်နှင့်သာ တူ၏ ။ နဂါးကြီးက ချစ်စနိုး ငုံ့လိုက်ခြင်းဖြစ်သော်လည်း အားနည်းသောသမင်ငယ်ခမျာ ကြောက်ရွံ့ထိတ်လန့်သွားခြင်းနှင့်သာ ပုံပြင်က အမြဲတမ်းအဆုံးသတ်သွားရ၏ ။
ထိုနှင့် ကောင်မလေးနဲ့ပတ်သတ်ပြီး သခင် ဖြေရှင်းလိုက်သော ပုစ္ဆာတွက်နည်းတိုင်းမှာ ရလာဒ်က သုံညမကွဲပဲရှိနေတော့သည် ။ ပြဿနာတိုင်းအတွက် အဖြေရှိပုံရသော သခင့်အဖို့ ဤမေးခွန်းတော့ သတ်သည် ။
အဲသလိုဖြစ်တိုင်း နတ်ဆိုးသဖွယ် အသွင်ပြောင်း၍ လျှပ်စီးတွေလက်ကာ မိုးကြိုးတွေရွာသွန်းဖြိုးပါလေရော ။ ဒီတစ်ခေါက်တော့ သခင့်ရဲ့ဘေးနား Alexander ရှိနေပြီမို့ လောကကြီး သာယာငြိမ်းချမ်းရေး ဆောင်ရွက်ပေးရမည် ။
Alexander : " အကယ်၍ သူမ မသင့်လျော်တဲ့ အနေအထားဖြစ်နေခိုက် ဝင်သွားမိရင် သူမ မျက်နှာမဖော်နိုင်တော့အောင် အရှက်ရတဲ့အဖြစ်မျိုးနဲ့ ကြုံရပါလိမ့်မယ် အရှင် ။ ကျွန်တော် ဆိုလိုတာက မိန်းကလေးတစ်ယောက်အတွက်က ယောင်္ကျားလေးတစ်ယောက်ကို တွေ့တော့မယ်ဆိုရင် ပြင်ဆင်ချိန်လေးဘာလေး ... "
ဖြောင်းဖြချင်သော်လည်း စကားက ဖြောင့်အောင်မထွက်နေ ။ ဒီလိုအချိန်ဆို အပြောင်အပျက်ဘာသာရပ်တွင်သာမက မဲဆွယ်သိမ်းသွင်းရေးမှာပါ ထူးချွန်သော အချဉ်တုံးကြီးကို သတိရမိ၏ ။
မျက်မှောင်ကြီးကုပ်ကာ အခက်တွေ့နေရှာသော ကိုယ်ရံတော်ကြီး၏ ဆိုလိုရင်းကို Ash နားလည်သဘောပေါက်ပါသည် ။
Ash : " စက်တော်ဆောင်ထဲ သူမ အိပ်နေတာ ဘယ်နှညတောင်ရှိခဲ့ပြီလဲ ။ ကိုယ်တော်တို့ မနေ့ညကဆိုရင် ... "
သူ ပြောလာမည့် ဆင်ခြေတွေကို ပြန်လည်ချေပရန် အသင့်ပြင်နေသည့် လူပျိုကြီး၏ မျက်နှာကို ကြည့်လိုက်ရင်း Ash စကားကို ဆက်မပြောတော့ ... ။
သူက အခုပဲဝင်သွားပြီး ကောင်မလေး၏ ကတုန်ကယင် ပြေးစရာနေရာမရှိ ရှက်သွေးဖြန်းနေမည့် အမူအရာကို အငိုက်ဖမ်းလို၏ ။ ဒါပေမယ့် ဒီလူကတော့ မိန်းမယောင်္ကျားကြားက ကိစ္စတွေကို နားလည်ပုံ မပေါ် ... ။
အတွေ့အကြုံရှိလှပါသည့် တစ်ဆယ့်ကိုးနှစ်မှာ ထိုသို့မော်ကြွားစွာ တွေးလေသည် ။
ဒါ့အပြင် သူမရဲ့ လျှို့ဝှက်ချက်လေးတွေကို အခြားသူတွေ အရိပ်အမွက်ကလေးတောင် သိသွားမှာမလိုလား ။ သူပြောလိုက်တဲ့ စကားလုံးတွေဖြင့် ထိုညက သူမရဲ့ပုံသဏ္ဌာန်လေးအား မြင်ယောင်ကြည့်လိုက်မှာကို ခွင့်မပြုလို ။ စိတ်ကူးတွေကိုတောင် ပိတ်ပင်ချင်သည် ။
ပျော့ပျောင်းတဲ့ ... နွေးအိတဲ့ခန္ဓာကိုယ် ၊ အကာအကွယ်မဲ့တဲ့ အထိအတွေ့တွေ ... ။ မေ့မေ့မူးမူးကြားက ကလန်ကဆန်ပုံသဏ္ဌာန်ငယ်လေး ... ။ နတ်ဆိုးတွေထကြွသည့် ညတစ်ညဖြစ်ခဲ့ကြောင်း ပုံပြင်ပေါ့ ။ သူ့ရဲ့ နတ်ဆိုးအား စနိုးစနောက်ဖြစ်စေအောင် ကျီစယ်တဲ့ နူးညံ့ခြင်းတွေထဲ ခြေပစ်ဝင်တော့မယ့်စဲစဲ အမှတ်တရတွေ ။
သတိရလာတိုင်း ဝမ်းဗိုက်၏အောက်ပိုင်းမှ ပူလောင်လာ၏ ။ နုဖတ်တဲ့အသားလေးတွေကို ထိမိခဲ့သည့် လက်တွေကနေ တဆစ်ဆစ်ဝေဒနာလို ။ လည်ချောင်းထဲ အာခြောက်သလို ၊ ရေငတ်သလို ငတ်မွတ်သလို ။
Ash : " အဟမ်း ! အဟမ်း ! မင်း အနေခက်တယ်ဆိုရင်လည်း တံခါးခေါက်လိုက်ကွာ "
အဲ့ဒီအတွေ့အကြုံကို ဘယ်သူ့ကိုမှ ဝေမျှနေစရာမလိုပါဘူး ။ သူ၏ မာနနဲ့ သိက္ခာကို လောင်းကြေးထပ်ရမယ့် ဇာတ်လမ်းပေပဲ ။ သူပဲ သိရင်လုံလောက်ပြီ မဟုတ်ပါလား ။
ခွင့်ပြုချက်ရသည်နှင့် Alexander မှာ စိတ်ပေါ့သွားဟန် ဝမ်းသာအားရ တံခါးချပ်ပေါ် လက်ဆစ်ဖြင့် သုံးချက်ခေါက်လိုက်လေ၏ ။
*ဒေါက်ဒေါက်*
" သူရောက်နေပြီ Lila , Afa ဘယ်လိုလုပ်ရမလဲ ? "
" အခုမှ ပြေးလို့မရတော့ဘူး ။ အမြန်ပြန်စေချင်ရင် ပင်ပန်းနေယောင်ဆောင်လိုက် ၊ အကြာကြီးမနေပဲ ပြန်သွားလိမ့်မယ် ။ ဒါပေမယ့် ရှင်လေးရဲ့ မျက်နှာကို တွေ့ချင်လို့လာတာ အသိသာကြီးဆိုတော့ ... "
" A... Afa မတွေ့ရဲသေးဘူး ... "
အခန်းထဲမှ တီးတိုးပြောသံတွေကြား၏ ။ ခဏက နန်းဆောင်ရှေ့ သူ့ကိုတွေ့ပြီး ရှက်လို့ထွက်ပြေးသွားတာ သေချာပါပြီ ။
Alexander မှာ အထဲက စကားသံတွေကို မကြားပုံပင် ။ အထဲမှ တံခါးလာအဖွင့်ကို စောင့်ဆိုင်းနေလေသည် ။
Ash ကတော့ အကုန်ကြားနိုင်သဖြင့် မျက်မှောင်ကုပ်မိသည် ။
သူမ ဘာတွေစိုးရိမ်နေပြန်ပြီလဲ ?
သူမဟာ သိပ်ကိုအကြောက်တရားများသော ကောင်မလေးပင် ။
ဒါနဲ့ သူမကို စကားပြောနေတဲ့ Lila ဆိုတဲ့ နန်းတွင်းသူရဲ့ လေသံကို Ash သဘောမကျ ။ ငတုံးမလေးမို့ ခစားနေတဲ့နန်းတွင်းသူရဲ့ လှ
ည့်စားတာပါ ခံနေရပြန်ပြီလားမသိ ။
Ash : " ဟင်း ... Alexander အသိပေးပြီပြီ မဟုတ်လား ? တံခါးကို အမြန်ဖွင့်လေ "
စိတ်မရှည်စွာ ပြောလိုက်သောကြောင့် Alexander လည်း တွန့်ဆုတ်တွန့်ဆုတ်လုပ်နေရင်းမှ အခန်းတံခါးကို တွန်းဖွင့်လိုက်လေတော့သည် ။
အထဲက ဖွင့်လာတာကို စောင့်နေရင် ဒီတစ်သက် ဝင်ရတော့မှာမဟုတ်ဘူးလေ ။
တံခါးမကြီးနှစ်ချပ် ပွင့်သွားတာနဲ့ လက်ကိုနောက်ပစ်ကာ ဧကရာဇ်သည် ကောင်မလေး၏အခန်းထဲ ပိုင်စိုးပိုင်နင်း ဝင်သွားပါတေ့ာသည် ။
အခန်းထဲတွင် ပြတင်းကိုဖွင့်ထားသဖြင့် နေရောင်နွေးနွေးလေးဝင်ကာ လေပြေတဖြူးဖြူး တိုက်ခတ်နေ၏ ။ ငွေရောင်ပန်းခတ်များ အနုစိတ်ရေးဆွဲထားသည့် အဝါနုရောင် နံရံတို့မှာ အိုဟောင်းမှေးမှိန်နေ၏ ။ အတွင်း၌ အဖြူရောင် ကုတင်နှင့် မဟော်ဂနီသား မှန်တင်ခုံနဲ့တွဲပါသည့် ထိုင်ခုံပုတစ်လုံးသာ ရှိနေလေသည် ။ ကျန် အဘယ်သို့သော ပရိဘောဂ ၊ အသုံးအဆောင်ပစ္စည်းကိုမှ မတွေ့ ရ ... ရှင်းလင်းလွန်းနေတာမို့ အိပ်ခန်းကြီးက ပိုပြီးကျယ်နေသယောင် ။
တစ်ချက်ကြည့်လိုက်ရုံဖြင့် အခန်း၏ အနေအထားဟာ သီးသန့်ဆန်နေစေသည် ။ မကြာခင် နှုတ်ဆက်ရမည့် ဧည့်သည်တစ်ဦးဆီမှ စိမ်းကားမှုသဖွယ် ခံစားရစေသည် ။
အခန်းထဲ မသိမသာ ဝေ့ဝိုက်အကဲခတ်လိုက်ပြီး နန်းတွင်းသူ၏ အနောက်မှာ မခို့တယို့ပုန်းခိုနေရင်းမှ သူ့အား ခိုးကြည့်နေသော ကောင်မလေးဆီ မျက်လုံးလွှဲလိုက်သည် ။
မျက်လုံးချင်းဆုံသွားသောအခါ သူမရဲ့ မျက်ဝန်းညိုတို့ ပြူးကျယ်သွား၏ ။ ထို့နောက် ကတုန်ကယင် အရှေ့ထွက်လာကာ ဂါဝန်ဖြူကို လက်နှစ်ဖက်ဖြင့် ပင့်မပြီး လာနှုတ်ဆက်သည် ။ မသိရင် သူမပုန်းနေတာကို လူမိသွားလို့ မပျော်တော့တဲ့အတိုင်း ... ။
" အရှင့်ကို အရိုအသေပေးပါတယ် "
သူ ရယ်ချင်မိသည် ။ သူမ တုံးအလွန်းပုံက အားကိုးရမယ့်သူအစစ်က သူမရှေ့မှာ ရှိနေတာကိုတောင် တခြားလူရဲ့အနောက် အကာအကွယ်ယူချင်နေသေးသည် ။ အဲ့ဒီ နန်းတွင်းသူလောက်က သူလိုဧကရာဇ်လက်ထဲ ပမွှားလေးပဲဆိုတာ သူမ မသိလေရော့သလား ? သူမ လုံခြုံချင်ရင် သူ့ဆီလာသင့်တာမဟုတ်လား ?
သူမနည်းတူ ဆံပင်နီဖြင့် နန်းတွင်းသူကလည်း ဧကရာဇ်မင်းအား တိတ်တဆိတ် အရိုအသေပေး၏ ။
Ash လည်း ထိုနန်းတွင်းသူအား အေးစက်သောအကြည့်ဖြင့် ခြေဆုံးခေါင်းဆုံး စေ့စေ့ကြည့်လိုက်သည် ။ ထင်နေတဲ့အတိုင်း အလိုမကျစရာတွေချည်းပင် ... ။
ခဏက စိတ်ကောင်းဝင်နေဟန် ချောမောလှပသော မျက်နှာဝင်းပပမှာ ချက်ချင်းပဲမာကျောသွားတာမို့ Alexander မှာ အံ့ဩလျက် ... ။
ဘာအကြောင်းတွေကြောင့် စိတ်တော်မရွှင်ဖြစ်ပြန်ပြီနည်း ?
Alexander ခေါင်းမစားလိုက်ရပါ ။ သခင်ဖြစ်သူက အဖြေပေးလာ၏ ။
Ash : " ထွက်သွား ! "
ထိုစကားက နန်းတွင်းသူလေးအား ရည်ရွယ်၍ မိန့်တာဖြစ်သည် ။ Alexander သည် ထိုအခါမှ နားလည်စွာ ဆံပင်နီဖြင့်နန်းတွင်းသူအား မျက်ရိပ်ပြပြီး အခန်းထဲမှ ခေါ်ထုတ်သွားလိုက်ရသည် ။
တော်ကြာ အခန့်မသင့်လျှင် မဆီမဆိုင်ပဲ အနှီနန်းတွင်းသူလေးပါ ရာဇသံသင့်နေဦးမည် ။ ကောင်မလေးကလည်း သူမအား သံယောဇဉ်ရှိပုံပေါ်တာမို့ ပြဿနာမများခင် ပြေးရမည် ။
Lila မှာ Afa အား စိတ်မချဖြစ်နေလျက်နဲ့ပဲ အခန်းထဲက မတတ်သာ၍ ထွက်သွားလိုက်ရသည် ။ ကျွန်ငယ်မှာ လက်နှစ်ဖက်ကို ယှက်သိုင်းလျက် ခေါင်းငုံ့ကာနေရင်း အခန်းကျယ်ကြီးထဲ နတ်ဆိုးနဲ့ နှစ်ယောက်တည်း ကျန်နေခဲ့ပါတော့သည် ။
ကျားခံတွင်းဝတွင် မိခင်ထံမှ စွန့်ပစ်ခြင်းခံလိုက်ရသည့်နှယ် ပုခုံးလေးကျုံ့ကာ ကူရာကယ်ရာမဲ့လျက် ... ။
သူက Afa. ကို ဘာမှမပြောလာပဲ ကုတင်ဖြူကြီးရှိရာ အခန်းအလယ်သို့ လျှောက်သွား၏ ။ ထို့နောက် ကုတင်ဘေးတွင် တစောင်းထိုင်လိုက်ကာ ကြောင်တိကြောင်တောင် မတ်တပ်ရပ်လျက် သူ့အားငေးနေသော Afa. ထံ လှည့်လာသည် ။
Ash : " လာ , အိပ်ယာပေါ် လာလှဲနေ ။ ပင်ပန်းနေဟန်ဆောင်ရမယ် မဟုတ်လား ? "
တည်ငြိမ်စွာဆိုလိုက်သော ထိုစကားနောက် Afa. တစ်ကိုယ်လုံး တုန်ခါသွား၏ ။ သူ့ကို ရှင်းပြဖို့ စကားလုံးတွေစီရင်း ဦးနှောက်ထဲ အလုပ်ရှုပ်သွားရသည် ။
သူက Afa. ကို မကြည့်နေတော့ပဲ ပြတင်းပေါက်ဖက်ငေးရင်း ဆက်ပြောလာသည် ။
Ash : " ဒီဧကရာဇ်က ကိုယ်ပိုင်တဲ့နန်းဆောင်ကို အလည်လာဖို့ မင်းရဲ့ အရိပ်အခြေကို ကြည့်ရမှာလား ? မင်းကို ဘယ်သူပိုင်သလဲ ? မင်း ကိုယ်တော့်အပေါ် ငြိုငြင်ခွင့်မရှိဘူး "
Afa စိတ်မကောင်းဖြစ်သွားရသည် ။
သူ့အပေါ် မငြိုငြင်ပါဘူး ... ဘယ်တော့မှ အဲသလိုမဖြစ်နိုင်ဘူး ။ နှလုံးသားပဲ သိမယ် ဘာကြောင့်ဆိုတာ ... ။
Ash : " မလာသေးဘူးလား ? "
အေးစက်စက် ပြောပြန်ပြီ ။
နှုတ်ခမ်းနီဖူးဖူးလေးတွေမှ နောက်ထပ် ထက်ရှတဲ့ဓားသွားတွေ မပစ်လွှတ်လာခင် Afa အပြေးသွားလိုက်သည် ။
သူ့အနား မနေချင်ဘူးဆိုတဲ့စိတ် တစိုးတစ်မျှမရှိပါ ။ မျက်ဝန်းနက်တွေအောက် အချိန်မရွေး ပေါ်သွားနိုင်တဲ့ လိုအင်ဆန္ဒတွေကြောင့် ရှက်ရွံနေခြင်းသာ ... ။
သူ သိသွားတဲ့တစ်နေ့ သူသာ ဤကျွန်ငယ်လေးရဲ့ အချစ်တွေကို ငြိုငြင်မှာ ... ။ နီးကပ်လာတိုင်း ကြွေကျသွားတဲ့ ခံစားချက်တွေကို ပုန်းလျှိုးကွယ်လျှိုး ကောက်သိမ်းနေရတဲ့ အဖြစ်ကို သူဘယ်နားလည်ပါ့မလဲ ။
အနားရောက်သွားတော့ သူ Afa. ကို လက်ကောက်ဝတ်မှဆွဲပြီး သူ့ဘေးနား ထိုင်စေသည် ။ Afa လဲ လန့်သွားရပေမယ့် အထိအတွေ့က ရင်းနှီးကာနွေးထွေးသည် ။
Afa ကုတင်ပေါ် ထိုင်မိသွားသောအခါ သူနဲ့ ဘေးချင်းကပ်ဖြစ်သွားပြီ ။ ဒါဟာ သူ့ကို ပထမဆုံးအကြိမ် အနီးကပ်ကြည့်ဖူးခြင်း မဟုတ်ပေမယ့် အကြည့်ဆုံချက်တွေကို ဘယ်မှာထားရမလဲမသိ ။
ဘယ်နေရာပဲ ကြည့်ကြည့် ရမ္မက်စားသည့်နတ်ဆိုးရေးချယ်ထားတဲ့ပန်းချီပမာ ညို့ငင်ဖြားယောင်းနေတာမို့ ... ။
သူ့ ပုခုံးတွေက ကျယ်ပြန့်ကာ အနက်ရောင်ဝတ်စုံပြည့်နှင့်မို့ သိပ်ကို ခန့်ညားလှသည် ။ သွယ်လျသောလည်တိုင်အစေ့ ရွှေရောင်ကျယ်သီးအပြည့်တပ်ထားပြီး ၊ ဘယ်ဖက်ရင်အုပ်ပေါ်တွင် နဂါးတစ်ကောင်သဏ္ဌာန် ကျောက်မြတ်ရတနာများဖြင့် စီချယ်ထားသော ရင်ထိုးတစ်ခုဝတ်ဆင်ထားသည် ။ ယခုအထိ Afa. လက်ကောက်ဝတ်လေးအား ကိုင်ချုပ်ထားနေသော လက်ချောင်းရှည်သွယ်သွယ်များအား အတိအကျပုံဖော်ထားသည့် လက်အိတ်အနက်တစ်စုံကိုလည်း စွတ်ထားသည် ။
လည်ပင်းကော်လံတစ်ဝိုက် ရွှေရောင်နွယ်ခတ်များ ကွန့်ထားသဖြင့် စိမ်းပြာသော သွေးကြောမျှင်ပါးပါးလေးများ ယှက်သိုင်းနေတဲ့ လည်တိုင်အပြင် လည်ဇလုတ်ချွန်ချွန်ကလေးနှင့် မေးရိုးထင်းထင်းတို့ကို ပိုမိုဆွဲမက်ဖွယ် ထင်ပေါ်နေစေသည် ။
သူ့မေးစေ့က ရေးရေးလေးစိမ်းကာ အသည်းယားစရာ ... ။
စက္ကန့်ပိုင်းအတွင်း အသေးစိတ်ကလေးတွေကအစ Afa မြင်နိုင်တာ အံ့ဩစရာပင် ။
အကြည့်ကို တဖြည်းဖြည်း အပေါ်သို့တက်လာလိုက်တာ နှင်းဆီပွင့်လွှာ နီဆွေးဆွေးတစ်ပွင့်ထံသို့ မျက်လုံးညိုတွေရောက်သွား၏ ။ ခပ်ဟဟ နှုတ်ခမ်းနှစ်လွှာဟာ လေပြေထဲပွင့်ဖတ်များ ယိမ်းနွဲ့သွားဟန် လှုပ်ရှားသွားသည် ။
Ash : " ဒီဧကရာဇ်ကို လှည့်စားချင်ရင် ဒီထပ်ကြိုးစားဖို့လိုတယ် ။ မင်းလို ငတုံးမလေးက ကိုယ်တော့်ကို လိမ်ညာဖို့ဆိုတာ နောင်နှစ်တစ်ရာကြာရင်တောင် မဖြစ်နိုင်ဘူး ။ ဒါကြောင့် နောက်ထပ် မလှိမ့်တပတ်လုပ်ပြီး ပြေးဖို့တွေးတောင်မတွေးနဲ့ "
စကားသံအက်အက်လေးထွက်လာမှ Afa အသိတရားတွေကပ်ကာ သူ့မျက်ဝန်းကြည်ကြည်တွေအား မော့ကြည့်လိုက်မိသည် ။ သူက Afa အား တည်ငြိမ်စွာ စူးစိုက်ကြည့်လျက် ... ။ ခဏက ငေးမောနေမိတာကို မြင်သွားမှာသေချာပါသည် ။
Ash : " ဘယ်နေရာကနေပဲဖြစ်ဖြစ် ဒီဧကရာဇ်ကို မြင်တာနဲ့ အနားကို ပြေးလာ ။ လိမ်မာတာပဲ လိုချင်တယ် ... ။ သေချာနားထောင်ထားနော် ... ဒါအမိန့်ပဲ "
သူက ပိုင်စိုးပိုင်နင်း အမိန့်ပေးလာ၏ ။ သခင်ကိုမြင်တိုင်း အမြှီးနှံ့ပြီးပြေးလာမယ့် အိမ်မွေးခွေးတစ်ကောင် သူလိုချင်တာလား ? တကယ်လည်း Afa. ကို သူပိုင်တာမို့ ဝမ်းမနည်းလိုတော့ပါ ။
" ဟုတ်ကဲ့ "
Afa လိမ်မာစွာ နာခံလိုက်သည် ။ သူပြောသလိုက တကယ်လည်း လုပ်လို့ရတာမှ မဟုတ်တာပဲ ... ။ Raven စစ်သုံ့ပန်းအနေနဲ့ Xavia နန်းတော်မှာ Afa သွားလို့မရတဲ့နေရာတွေမှ တပုံကြီး ... ။
နေ့ခင်းဖက်တွေဆို သူ မခေါ်ရင် Afa တို့နှစ်ဦး ဆုံနိုင်ချေက တစ်ရာရာခိုင်နှုန်းမှာ တစ်တောင်မရှိ ။ Afa မှာ မိမိအကြံနှင့်မိမိ ကြိတ်ကျေနပ်နေမိသည် ။
သူက မထုံတတ်တေး မျက်နှာပေးလေးကို ဖောက်ထွင်းနားလည်သည့်တိုင် ဆက်ပြောလာသည် ။
Ash : " မနက်ဖြန်ကစပြီး ဧကရာဇ်ရဲ့ သောက်တော်ရေခွက်ကိုင် အနေနဲ့ မင်း ကိုယ်တော်သွားတဲ့နေရာတိုင်း လိုက်ဖို့ပြင်ထား "
ဟင် ?
နှုတ်ခမ်းထောင့်စွန်းတစ်ဖက်သာ ကော့တက်သွားသော ရွဲ့ပြုံး၏နောက် Afa ရဲ့ပျော်ရွှင်မှုလေးတွေ အခိုးအငွေ့များဖြစ်သွားရသည် ။
သူက သူ၏ပိုင်နိုင်လှပါသော အကြံအပေါ် သဘောကျစွာ ခပ်ဟဟရယ်လိုက်လေ၏ ။ ထို့နောက် စိတ်ဓာတ်ကျသွားသော Afa၏ ဦးထိတ်ပေါ်သို့ လက်ဖဝါးဖြင့် လာဖိအုပ်ကာ ဆိုသည် ။
Ash : " အခုတော့ ခဏက ဧကရာဇ်ကို လိမ်ညာဖို့တွေးခဲ့တဲ့ ဒီခေါင်းလေးအတွက် အပြစ်ခံယူရမယ် "
" A... Afa က ... "
Afa မှာ သူ မတရားဘူးဟု ထင်တာကြောင့် အတွန့်တက်ဖို့ ကြိုးစားမိသည် ။ သူက Afa ထေ့ထေ့ငေါ့ငေါ့ စကားစလာသောအခါ အနည်းငယ် ပြုံးသွားကာ နားစွင့်နေလေ၏ ။
သူ၏ ပါးချိုမ့်ကလေးနှစ်ဖက်မှာ Afa ရဲ့ ငရဲနှင့် ကောင်းကင်ဘုံပင် ။ မြင်လိုက်ရတိုင်း ရင်သက်ရှူမောရသည် ။
ရီဝေစွာ ငေးသွားမိသော အလှတရားက ကြာကြာမနေ ။ သူဟာ အပြုံးတွေကို ကြာကြာမထား ။ ချက်ချင်းပဲ ရုတ်သိမ်းသွားသည် ။ တစ်စက္ကန့်ထပ်ပိုပြီး ကြည့်မိလျှင် လောကကြီးပဲ ပျက်သုန်းသွားမလိုလို ... တားမြစ်ပစ္စည်းဆန်လိုက်တာ ။
Ash : " Afa က ဘာဖြစ်သလဲ ? Afa က မကျေနပ်ဘူးလား ? "
သူ့အသံအက်အက်သည် တည်ငြိမ်လျက် ... ။ သို့ပေသိ မနေ့ညက Afa. နားရွက်ဖြားမှာ ဖိကပ်ကာ တီးတိုးချော့မြူစဉ်ကလို ညှင်သာနေ၏ ။ ဆန်းသည် ။
ညှင်သာသော်လည်း သူလှောင်နေခြင်းပင် ။ခက်သည်က သူ အဲသလိုပြောတိုင်း ခြေဖဝါးလက်ဖဝါးတွေမှ ချွေးစေးတွေထွက်လာကာ တစ်ကိုယ်လုံးပူနွေးလာသည် ။ ရင်ထဲက နှလုံးက အကြင်သူဆီသို့ ထိုးဖောက်ခုန်ထွက်သွားမတတ် ။
Ash : " မင်းက အတော်ကြောင်တိကြောင်တောင်နိုင်တဲ့ သတ္တဝါလေးပဲ ။ ဘာမှပြန်မပြောတတ်ရင် နာခံလေ "
တွေလား ? သူ သေချာပေါက် Afa ကယ်ရာမရဖြစ်နေပုံကို လှောင်နေပါတယ် ။
မိန်းကလေးတစ်ယောက်က သူမရဲ့ ခန္ဓာကိုယ်အကာအကွယ်မဲ့နေပုံအား မျက်ဝါးထင်ထင်မြင်တွေ့ခဲ့တာကိုတောင် အရေးမပါသယောင်ဆောင်နေနိုင်တဲ့ ချစ်မိသူအရှေ့ ပုံမှန်ဖြစ်ရိုးလား ?
သူ့အတွက် အရေးမပါတဲ့ အထိအတွေ့တွေပေမယ့် တစ်ဖက်သားအတွက်တော့ မိုးပြိုဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ရသည် ။ သူ တန်ဖိုးမထားသော်လည်း Afa က ထိုနည်းတူ မသတ်မှတ်ထားနိုင်တော့ခက်သည် ။
Afa နှုတ်ခမ်းကို တနုံ့နုံ့ကိုက်ကာ လက် ကောက်ဝတ်မှ အမာရွတ်ကို မိမိဖာသာ လက်မဖြင့် ဖိပွတ်နေမိသည် ။
သိပ်ချစ်မိနေတာကြောင့် သူ အနိုင်ကျင့်တိုင်း မတရားခံနေရသလို ခံစားရစေသည် ။
နည်းနည်း ကြင်နာပေးရင် သူ့ မာနများထိခိုက်သလား ?
မနေ့ညက သူ့ကို စံယူကာ တောင်းဆိုမိနေတာက မှားနေပြီလား ?
ဒါတွေကို မက်မောနေလို့ Afa ပဲ သိပ်လွယ်နေသလား ?
သူ့စကားတိုင်းမှာ နှလုံးသား ပဲ့ကိုင်ခံနေရလို့ပါ ။
Ash : " အမာရွတ်က နာလား ? မပွတ်နေနဲ့လေ ... ။ ဘာလို့ ဒီလောက်အကြီးကြီး ကျန်နေခဲ့ရတာလဲ ? မင်း ဒဏ်ရာကို ဆေးမထည့်ဘူးလား ? "
အနိမ့်အမြင့် ပါးပါးလေးကွာသွားသော တုန်ခါသံနဲ့တင် အပူချိန်တွေလည်း မြင့်တက်သွားရသည် ။
သူပြောရင်းဆိုရင်းပဲ သွားကွက်ရာ အနာရွတ်လေးရှိနေသော လက်တစ်ဖက်ကိုဆွဲယူကာ ဆန်းပြားသော အကြည့်တို့ဖြင့် အနီးကပ်စူးစမ်းနေလေတော့သည် ။
မျက်ဝန်းဟာ ရင်ဘက်ထဲရောက်နေတဲ့ အလွမ်းအဆွေးဆန်စွာ ... နှစ်ချို့ပြီဖြစ်တဲ့ ဝေဒနာနဲ့ ။ မျက်တောင်တွေ တဖျတ်ဖျတ်အခက်မှာ ရင်ခုန်သံတွေ ပိုပိုလာ ... ။ သော်တာလပဲ သိတဲ့ညဆီ စိတ်တွေရောက်ရောက်သွား ... ။
Afa နှလုံးတွေ တုန်လှုပ်ကာ ခြောက်သွေ့သော နှုတ်ခမ်းတွေကို လျှာဖြင့်သပ်လိုက်သည် ။ ထို့နောက် လေတိုးသံလေးဖြင့် မေးခွန်းတစ်ခုကို မေးလိုက်မိသည် ။
ဘာကြောင့်မှန်းမသိ သူ ဤအမာရွတ်ကလေး၏ နောက်ကွယ်မှပုံပြင်ကလေးအား နားလည်သိရှိနေသလို ... ။
" အရှင် အဲ့ဒီနွေညက ... "
_____________________________
#Zawgyi
Ash : " ကိုယ္ေတာ္တို႔ၾကားမွာ ေလာကြပ္ေတြမလိုဘူး "
တည္ၾကည္ေသာ မ်က္ႏွာထားႏွင့္ ယုံၾကည္ခ်က္အျပည့္ ေျပာလာေလသည္ ။
Alexander မွာ ေၾကာင္အမ္းလ်က္ သခင္ျဖစ္သူအား ၾကည့္ေနမိ၏ ။
လက္မထပ္ရေသးတဲ့ မိန္းမပ်ိဳေလးတစ္ေယာက္ရဲ႕ အခန္းကို လူပ်ိဳလူလြတ္တစ္ဦးက အလည္လာတာမို႔ အခန္းထဲမဝင္ခင္ ႀကိဳတင္သတိေပးသင့္ေၾကာင္း ေျပာပါတယ္ ... ။ ဒါကို ' ေလာကြပ္ ' တဲ့ ။
ၿပီးေတာ့ ' ကိုယ္ေတာ္တို႔ၾကား ' ဆိုတဲ့ စကားစုကို သုံးႏႈန္းပုံဟာလည္း က်ိဳးေၾကာင္းမဆီေလ်ာ္ေန ။ ဘယ္တုန္းက သူတို႔ႏွစ္ေယာက္ၾကားဟူ၍ ျဖစ္သြားသနည္း ?
ေတာက္ပေသာ မ်က္ဝန္းနက္တို႔ျဖင့္ မိန္းမပ်ိဳေလး၏အခန္းေရွ႕ ယုံၾကည္ခ်က္အျပည့္ ျဖင့္ က်ဴးေက်ာ္ေတာ့မည့္ ဧကရာဇ္အား Alexander စိုးရိမ္မိသည္ ။
ဘုရင္မင္းျမတ္တစ္ပါး ျဖစ္ေနရင္ေတာင္မွ မိန္းကေလးတစ္ေယာက္အား ပိုးပန္းလွ်င္ လုပ္ထုံးလုပ္နည္းေတြကို လိုက္နာရစၿမဲပင္ ။သခင္ဟာ ယဥ္ေက်းေသာ ၊ လူႀကီးလူေကာင္းဆန္ေသာ ေယာက်ၤားတစ္ေယာက္ပါ ။ ဒါေတြကို ငယ္စဥ္ကတည္းက သင္ယူဖူးတဲ့သူပါ ။ သိလ်က္နဲ႔ ဥေပကၡာျပဳထားတာ သိသာ၏ ။
ေကာင္မေလးရဲ႕ အခန္းထဲ အသံမေပး ဘာမေပးပဲ ဇြတ္ဝင္သြားဖို႔ဆိုတာ အင္ပါယာအား အုပ္စိုးေနေသာ ဧကရာဇ္တစ္ပါးအတြက္ သိပ္ကိုလြယ္ကူတဲ့ ကိစၥျဖစ္ေပမယ့္ မိန္းကေလးရဲ႕အျမင္တြင္ေတာ့ ကိုယ္က်င့္တရားဆိုး႐ြားသည့္ ေယာက်ၤားတစ္ေယာက္ ျဖစ္သြားလိမ့္မည္ ။
အခု သခင္ဟာ ေကာင္မေလးဆီ ေယာက်ၤားတစ္ေယာက္အျဖစ္ လာလည္တာလား ? ဘုရင္တစ္ပါးအျဖစ္ လာလည္တာလား ? Alexander ေဝခြဲမရ ... ။ သို႔ေပမယ့္ သခင္ ပိုးပန္းေနတဲ့ မိန္းကေလးတစ္ေယာက္ရဲ႕အေရွ႕ သူ၏ဂုဏ္သိကၡာ အစြန္းအထင္းျဖစ္မသြားေစရန္ ကာကြယ္ေပးဖို႔က Alexander မွာ တာဝန္ရွိသည္ဟု ခံယူထားသည္ ။
နဂိုတည္းက မာန္မာနႀကီးမားသူမို႔ သခင္သည္ သူ႔ကိုယ္သူ သေဘာမေပါက္ျခင္းသာ ... ေကာင္မေလးထံမွ သၾကားခဲအမွတ္ေလးေတြ တိုးရခ်င္ေနေၾကာင္း သိပ္ကိုသိသာ၏ ။ ဒါေပမယ့္ ကံဆိုးစြာပဲ တည္ေသာမ်က္ႏွာ ၊ တင္းမာေသာအသံ ၊ မပြင့္လင္းေသာစ႐ိုက္ ၊ မိုးထိေသာမာနႏွင့္ ... သနားဖြယ္ရာ သခင္ခမ်ာ ဘယ္လိုမွ လိုတာရမည္မဟုတ္ ။
ၾကင္နာဖို႔ ႀကိဳးစားလိုက္တိုင္း အစီအစဥ္ေတြလြဲ၏ ။ နဂါးနက္တစ္ေကာင္က သမင္ငယ္ကေလးအား အာခံတြင္း၌ ငုံ႔ရန္ႀကိဳးစားသည့္ျဖစ္ရပ္ႏွင့္သာ တူ၏ ။ နဂါးႀကီးက ခ်စ္စႏိုး ငုံ႔လိုက္ျခင္းျဖစ္ေသာ္လည္း အားနည္းေသာသမင္ငယ္ခမ်ာ ေၾကာက္႐ြံ႕ထိတ္လန႔္သြားျခင္းႏွင့္သာ ပုံျပင္က အၿမဲတမ္းအဆုံးသတ္သြားရ၏ ။
ထိုႏွင့္ ေကာင္မေလးနဲ႔ပတ္သတ္ၿပီး သခင္ ေျဖရွင္းလိုက္ေသာ ပုစာၦတြက္နည္းတိုင္းမွာ ရလာဒ္က သုံညမကြဲပဲရွိေနေတာ့သည္ ။ ျပႆနာတိုင္းအတြက္ အေျဖရွိပုံရေသာ သခင့္အဖို႔ ဤေမးခြန္းေတာ့ သတ္သည္ ။
အဲသလိုျဖစ္တိုင္း နတ္ဆိုးသဖြယ္ အသြင္ေျပာင္း၍ လွ်ပ္စီးေတြလက္ကာ မိုးႀကိဳးေတြ႐ြာသြန္းၿဖိဳးပါေလေရာ ။ ဒီတစ္ေခါက္ေတာ့ သခင့္ရဲ႕ေဘးနား Alexander ရွိေနၿပီမို႔ ေလာကႀကီး သာယာၿငိမ္းခ်မ္းေရး ေဆာင္႐ြက္ေပးရမည္ ။
Alexander : " အကယ္၍ သူမ မသင့္ေလ်ာ္တဲ့ အေနအထားျဖစ္ေနခိုက္ ဝင္သြားမိရင္ သူမ မ်က္ႏွာမေဖာ္ႏိုင္ေတာ့ေအာင္ အရွက္ရတဲ့အျဖစ္မ်ိဳးနဲ႔ ႀကဳံရပါလိမ့္မယ္ အရွင္ ။ ကြၽန္ေတာ္ ဆိုလိုတာက မိန္းကေလးတစ္ေယာက္အတြက္က ေယာက်ၤားေလးတစ္ေယာက္ကို ေတြ႕ေတာ့မယ္ဆိုရင္ ျပင္ဆင္ခ်ိန္ေလးဘာေလး ... "
ေျဖာင္းျဖခ်င္ေသာ္လည္း စကားက ေျဖာင့္ေအာင္မထြက္ေန ။ ဒီလိုအခ်ိန္ဆို အေျပာင္အပ်က္ဘာသာရပ္တြင္သာမက မဲဆြယ္သိမ္းသြင္းေရးမွာပါ ထူးခြၽန္ေသာ အခ်ဥ္တုံးႀကီးကို သတိရမိ၏ ။
မ်က္ေမွာင္ႀကီးကုပ္ကာ အခက္ေတြ႕ေနရွာေသာ ကိုယ္ရံေတာ္ႀကီး၏ ဆိုလိုရင္းကို Ash နားလည္သေဘာေပါက္ပါသည္ ။
Ash : " စက္ေတာ္ေဆာင္ထဲ သူမ အိပ္ေနတာ ဘယ္ႏွညေတာင္ရွိခဲ့ၿပီလဲ ။ ကိုယ္ေတာ္တို႔ မေန႔ညကဆိုရင္ ... "
သူ ေျပာလာမည့္ ဆင္ေျခေတြကို ျပန္လည္ေခ်ပရန္ အသင့္ျပင္ေနသည့္ လူပ်ိဳႀကီး၏ မ်က္ႏွာကို ၾကည့္လိုက္ရင္း Ash စကားကို ဆက္မေျပာေတာ့ ... ။
သူက အခုပဲဝင္သြားၿပီး ေကာင္မေလး၏ ကတုန္ကယင္ ေျပးစရာေနရာမရွိ ရွက္ေသြးျဖန္းေနမည့္ အမူအရာကို အငိုက္ဖမ္းလို၏ ။ ဒါေပမယ့္ ဒီလူကေတာ့ မိန္းမေယာက်ၤားၾကားက ကိစၥေတြကို နားလည္ပုံ မေပၚ ... ။
အေတြ႕အႀကဳံရွိလွပါသည့္ တစ္ဆယ့္ကိုးႏွစ္မွာ ထိုသို႔ေမာ္ႂကြားစြာ ေတြးေလသည္ ။
ဒါ့အျပင္ သူမရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေလးေတြကို အျခားသူေတြ အရိပ္အမြက္ကေလးေတာင္ သိသြားမွာမလိုလား ။ သူေျပာလိုက္တဲ့ စကားလုံးေတြျဖင့္ ထိုညက သူမရဲ႕ပုံသဏၭာန္ေလးအား ျမင္ေယာင္ၾကည့္လိုက္မွာကို ခြင့္မျပဳလို ။ စိတ္ကူးေတြကိုေတာင္ ပိတ္ပင္ခ်င္သည္ ။
ေပ်ာ့ေပ်ာင္းတဲ့ ... ေႏြးအိတဲ့ခႏၶာကိုယ္ ၊ အကာအကြယ္မဲ့တဲ့ အထိအေတြ႕ေတြ ... ။ ေမ့ေမ့မူးမူးၾကားက ကလန္ကဆန္ပုံသဏၭာန္ငယ္ေလး ... ။ နတ္ဆိုးေတြထႂကြသည့္ ညတစ္ညျဖစ္ခဲ့ေၾကာင္း ပုံျပင္ေပါ့ ။ သူ႔ရဲ႕ နတ္ဆိုးအား စႏိုးစေနာက္ျဖစ္ေစေအာင္ က်ီစယ္တဲ့ ႏူးညံ့ျခင္းေတြထဲ ေျခပစ္ဝင္ေတာ့မယ့္စဲစဲ အမွတ္တရေတြ ။
သတိရလာတိုင္း ဝမ္းဗိုက္၏ေအာက္ပိုင္းမွ ပူေလာင္လာ၏ ။ ႏုဖတ္တဲ့အသားေလးေတြကို ထိမိခဲ့သည့္ လက္ေတြကေန တဆစ္ဆစ္ေဝဒနာလို ။ လည္ေခ်ာင္းထဲ အာေျခာက္သလို ၊ ေရငတ္သလို ငတ္မြတ္သလို ။
Ash : " အဟမ္း ! အဟမ္း ! မင္း အေနခက္တယ္ဆိုရင္လည္း တံခါးေခါက္လိုက္ကြာ "
အဲ့ဒီအေတြ႕အႀကဳံကို ဘယ္သူ႔ကိုမွ ေဝမွ်ေနစရာမလိုပါဘူး ။ သူ၏ မာနနဲ႔ သိကၡာကို ေလာင္းေၾကးထပ္ရမယ့္ ဇာတ္လမ္းေပပဲ ။ သူပဲ သိရင္လုံေလာက္ၿပီ မဟုတ္ပါလား ။
ခြင့္ျပဳခ်က္ရသည္ႏွင့္ Alexander မွာ စိတ္ေပါ့သြားဟန္ ဝမ္းသာအားရ တံခါးခ်ပ္ေပၚ လက္ဆစ္ျဖင့္ သုံးခ်က္ေခါက္လိုက္ေလ၏ ။
*ေဒါက္ေဒါက္*
" သူေရာက္ေနၿပီ Lila , Afa ဘယ္လိုလုပ္ရမလဲ ? "
" အခုမွ ေျပးလို႔မရေတာ့ဘူး ။ အျမန္ျပန္ေစခ်င္ရင္ ပင္ပန္းေနေယာင္ေဆာင္လိုက္ ၊ အၾကာႀကီးမေနပဲ ျပန္သြားလိမ့္မယ္ ။ ဒါေပမယ့္ ရွင္ေလးရဲ႕ မ်က္ႏွာကို ေတြ႕ခ်င္လို႔လာတာ အသိသာႀကီးဆိုေတာ့ ... "
" A... Afa မေတြ႕ရဲေသးဘူး ... "
အခန္းထဲမွ တီးတိုးေျပာသံေတြၾကား၏ ။ ခဏက နန္းေဆာင္ေရွ႕ သူ႔ကိုေတြ႕ၿပီး ရွက္လို႔ထြက္ေျပးသြားတာ ေသခ်ာပါၿပီ ။
Alexander မွာ အထဲက စကားသံေတြကို မၾကားပုံပင္ ။ အထဲမွ တံခါးလာအဖြင့္ကို ေစာင့္ဆိုင္းေနေလသည္ ။
Ash ကေတာ့ အကုန္ၾကားႏိုင္သျဖင့္ မ်က္ေမွာင္ကုပ္မိသည္ ။
သူမ ဘာေတြစိုးရိမ္ေနျပန္ၿပီလဲ ?
သူမဟာ သိပ္ကိုအေၾကာက္တရားမ်ားေသာ ေကာင္မေလးပင္ ။
ဒါနဲ႔ သူမကို စကားေျပာေနတဲ့ Lila ဆိုတဲ့ နန္းတြင္းသူရဲ႕ ေလသံကို Ash သေဘာမက် ။ ငတုံးမေလးမို႔ ခစားေနတဲ့နန္းတြင္းသူရဲ႕ လွ
ည့္စားတာပါ ခံေနရျပန္ၿပီလားမသိ ။
Ash : " ဟင္း ... Alexander အသိေပးၿပီၿပီ မဟုတ္လား ? တံခါးကို အျမန္ဖြင့္ေလ "
စိတ္မရွည္စြာ ေျပာလိုက္ေသာေၾကာင့္ Alexander လည္း တြန႔္ဆုတ္တြန႔္ဆုတ္လုပ္ေနရင္းမွ အခန္းတံခါးကို တြန္းဖြင့္လိုက္ေလေတာ့သည္ ။
အထဲက ဖြင့္လာတာကို ေစာင့္ေနရင္ ဒီတစ္သက္ ဝင္ရေတာ့မွာမဟုတ္ဘူးေလ ။
တံခါးမႀကီးႏွစ္ခ်ပ္ ပြင့္သြားတာနဲ႔ လက္ကိုေနာက္ပစ္ကာ ဧကရာဇ္သည္ ေကာင္မေလး၏အခန္းထဲ ပိုင္စိုးပိုင္နင္း ဝင္သြားပါေတ့ာသည္ ။
အခန္းထဲတြင္ ျပတင္းကိုဖြင့္ထားသျဖင့္ ေနေရာင္ေႏြးေႏြးေလးဝင္ကာ ေလေျပတျဖဴးျဖဴး တိုက္ခတ္ေန၏ ။ ေငြေရာင္ပန္းခတ္မ်ား အႏုစိတ္ေရးဆြဲထားသည့္ အဝါႏုေရာင္ နံရံတို႔မွာ အိုေဟာင္းေမွးမွိန္ေန၏ ။ အတြင္း၌ အျဖဴေရာင္ ကုတင္ႏွင့္ မေဟာ္ဂနီသား မွန္တင္ခုံနဲ႔တြဲပါသည့္ ထိုင္ခုံပုတစ္လုံးသာ ရွိေနေလသည္ ။ က်န္ အဘယ္သို႔ေသာ ပရိေဘာဂ ၊ အသုံးအေဆာင္ပစၥည္းကိုမွ မေတြ႕ ရ ... ရွင္းလင္းလြန္းေနတာမို႔ အိပ္ခန္းႀကီးက ပိုၿပီးက်ယ္ေနသေယာင္ ။
တစ္ခ်က္ၾကည့္လိုက္႐ုံျဖင့္ အခန္း၏ အေနအထားဟာ သီးသန႔္ဆန္ေနေစသည္ ။ မၾကာခင္ ႏႈတ္ဆက္ရမည့္ ဧည့္သည္တစ္ဦးဆီမွ စိမ္းကားမႈသဖြယ္ ခံစားရေစသည္ ။
အခန္းထဲ မသိမသာ ေဝ့ဝိုက္အကဲခတ္လိုက္ၿပီး နန္းတြင္းသူ၏ အေနာက္မွာ မခို႔တယို႔ပုန္းခိုေနရင္းမွ သူ႔အား ခိုးၾကည့္ေနေသာ ေကာင္မေလးဆီ မ်က္လုံးလႊဲလိုက္သည္ ။
မ်က္လုံးခ်င္းဆုံသြားေသာအခါ သူမရဲ႕ မ်က္ဝန္းညိဳတို႔ ျပဴးက်ယ္သြား၏ ။ ထို႔ေနာက္ ကတုန္ကယင္ အေရွ႕ထြက္လာကာ ဂါဝန္ျဖဴကို လက္ႏွစ္ဖက္ျဖင့္ ပင့္မၿပီး လာႏႈတ္ဆက္သည္ ။ မသိရင္ သူမပုန္းေနတာကို လူမိသြားလို႔ မေပ်ာ္ေတာ့တဲ့အတိုင္း ... ။
" အရွင့္ကို အ႐ိုအေသေပးပါတယ္ "
သူ ရယ္ခ်င္မိသည္ ။ သူမ တုံးအလြန္းပုံက အားကိုးရမယ့္သူအစစ္က သူမေရွ႕မွာ ရွိေနတာကိုေတာင္ တျခားလူရဲ႕အေနာက္ အကာအကြယ္ယူခ်င္ေနေသးသည္ ။ အဲ့ဒီ နန္းတြင္းသူေလာက္က သူလိုဧကရာဇ္လက္ထဲ ပမႊားေလးပဲဆိုတာ သူမ မသိေလေရာ့သလား ? သူမ လုံၿခဳံခ်င္ရင္ သူ႔ဆီလာသင့္တာမဟုတ္လား ?
သူမနည္းတူ ဆံပင္နီျဖင့္ နန္းတြင္းသူကလည္း ဧကရာဇ္မင္းအား တိတ္တဆိတ္ အ႐ိုအေသေပး၏ ။
Ash လည္း ထိုနန္းတြင္းသူအား ေအးစက္ေသာအၾကည့္ျဖင့္ ေျခဆုံးေခါင္းဆုံး ေစ့ေစ့ၾကည့္လိုက္သည္ ။ ထင္ေနတဲ့အတိုင္း အလိုမက်စရာေတြခ်ည္းပင္ ... ။
ခဏက စိတ္ေကာင္းဝင္ေနဟန္ ေခ်ာေမာလွပေသာ မ်က္ႏွာဝင္းပပမွာ ခ်က္ခ်င္းပဲမာေက်ာသြားတာမို႔ Alexander မွာ အံ့ဩလ်က္ ... ။
ဘာအေၾကာင္းေတြေၾကာင့္ စိတ္ေတာ္မ႐ႊင္ျဖစ္ျပန္ၿပီနည္း ?
Alexander ေခါင္းမစားလိုက္ရပါ ။ သခင္ျဖစ္သူက အေျဖေပးလာ၏ ။
Ash : " ထြက္သြား ! "
ထိုစကားက နန္းတြင္းသူေလးအား ရည္႐ြယ္၍ မိန႔္တာျဖစ္သည္ ။ Alexander သည္ ထိုအခါမွ နားလည္စြာ ဆံပင္နီျဖင့္နန္းတြင္းသူအား မ်က္ရိပ္ျပၿပီး အခန္းထဲမွ ေခၚထုတ္သြားလိုက္ရသည္ ။
ေတာ္ၾကာ အခန႔္မသင့္လွ်င္ မဆီမဆိုင္ပဲ အႏွီနန္းတြင္းသူေလးပါ ရာဇသံသင့္ေနဦးမည္ ။ ေကာင္မေလးကလည္း သူမအား သံေယာဇဥ္ရွိပုံေပၚတာမို႔ ျပႆနာမမ်ားခင္ ေျပးရမည္ ။
Lila မွာ Afa အား စိတ္မခ်ျဖစ္ေနလ်က္နဲ႔ပဲ အခန္းထဲက မတတ္သာ၍ ထြက္သြားလိုက္ရသည္ ။ ကြၽန္ငယ္မွာ လက္ႏွစ္ဖက္ကို ယွက္သိုင္းလ်က္ ေခါင္းငုံ႔ကာေနရင္း အခန္းက်ယ္ႀကီးထဲ နတ္ဆိုးနဲ႔ ႏွစ္ေယာက္တည္း က်န္ေနခဲ့ပါေတာ့သည္ ။
က်ားခံတြင္းဝတြင္ မိခင္ထံမွ စြန႔္ပစ္ျခင္းခံလိုက္ရသည့္ႏွယ္ ပုခုံးေလးက်ဳံ႕ကာ ကူရာကယ္ရာမဲ့လ်က္ ... ။
သူက Afa. ကို ဘာမွမေျပာလာပဲ ကုတင္ျဖဴႀကီးရွိရာ အခန္းအလယ္သို႔ ေလွ်ာက္သြား၏ ။ ထို႔ေနာက္ ကုတင္ေဘးတြင္ တေစာင္းထိုင္လိုက္ကာ ေၾကာင္တိေၾကာင္ေတာင္ မတ္တပ္ရပ္လ်က္ သူ႔အားေငးေနေသာ Afa. ထံ လွည့္လာသည္ ။
Ash : " လာ , အိပ္ယာေပၚ လာလွဲေန ။ ပင္ပန္းေနဟန္ေဆာင္ရမယ္ မဟုတ္လား ? "
တည္ၿငိမ္စြာဆိုလိုက္ေသာ ထိုစကားေနာက္ Afa. တစ္ကိုယ္လုံး တုန္ခါသြား၏ ။ သူ႔ကို ရွင္းျပဖို႔ စကားလုံးေတြစီရင္း ဦးေႏွာက္ထဲ အလုပ္ရႈပ္သြားရသည္ ။
သူက Afa. ကို မၾကည့္ေနေတာ့ပဲ ျပတင္းေပါက္ဖက္ေငးရင္း ဆက္ေျပာလာသည္ ။
Ash : " ဒီဧကရာဇ္က ကိုယ္ပိုင္တဲ့နန္းေဆာင္ကို အလည္လာဖို႔ မင္းရဲ႕ အရိပ္အေျခကို ၾကည့္ရမွာလား ? မင္းကို ဘယ္သူပိုင္သလဲ ? မင္း ကိုယ္ေတာ့္အေပၚ ၿငိဳျငင္ခြင့္မရွိဘူး "
Afa စိတ္မေကာင္းျဖစ္သြားရသည္ ။
သူ႔အေပၚ မၿငိဳျငင္ပါဘူး ... ဘယ္ေတာ့မွ အဲသလိုမျဖစ္ႏိုင္ဘူး ။ ႏွလုံးသားပဲ သိမယ္ ဘာေၾကာင့္ဆိုတာ ... ။
Ash : " မလာေသးဘူးလား ? "
ေအးစက္စက္ ေျပာျပန္ၿပီ ။
ႏႈတ္ခမ္းနီဖူးဖူးေလးေတြမွ ေနာက္ထပ္ ထက္ရွတဲ့ဓားသြားေတြ မပစ္လႊတ္လာခင္ Afa အေျပးသြားလိုက္သည္ ။
သူ႔အနား မေနခ်င္ဘူးဆိုတဲ့စိတ္ တစိုးတစ္မွ်မရွိပါ ။ မ်က္ဝန္းနက္ေတြေအာက္ အခ်ိန္မေ႐ြး ေပၚသြားႏိုင္တဲ့ လိုအင္ဆႏၵေတြေၾကာင့္ ရွက္႐ြံေနျခင္းသာ ... ။
သူ သိသြားတဲ့တစ္ေန႔ သူသာ ဤကြၽန္ငယ္ေလးရဲ႕ အခ်စ္ေတြကို ၿငိဳျငင္မွာ ... ။ နီးကပ္လာတိုင္း ေႂကြက်သြားတဲ့ ခံစားခ်က္ေတြကို ပုန္းလွ်ိဳးကြယ္လွ်ိဳး ေကာက္သိမ္းေနရတဲ့ အျဖစ္ကို သူဘယ္နားလည္ပါ့မလဲ ။
အနားေရာက္သြားေတာ့ သူ Afa. ကို လက္ေကာက္ဝတ္မွဆြဲၿပီး သူ႔ေဘးနား ထိုင္ေစသည္ ။ Afa လဲ လန႔္သြားရေပမယ့္ အထိအေတြ႕က ရင္းႏွီးကာေႏြးေထြးသည္ ။
Afa ကုတင္ေပၚ ထိုင္မိသြားေသာအခါ သူနဲ႔ ေဘးခ်င္းကပ္ျဖစ္သြားၿပီ ။ ဒါဟာ သူ႔ကို ပထမဆုံးအႀကိမ္ အနီးကပ္ၾကည့္ဖူးျခင္း မဟုတ္ေပမယ့္ အၾကည့္ဆုံခ်က္ေတြကို ဘယ္မွာထားရမလဲမသိ ။
ဘယ္ေနရာပဲ ၾကည့္ၾကည့္ ရမၼက္စားသည့္နတ္ဆိုးေရးခ်ယ္ထားတဲ့ပန္းခ်ီပမာ ညိဳ႕ငင္ျဖားေယာင္းေနတာမို႔ ... ။
သူ႔ ပုခုံးေတြက က်ယ္ျပန႔္ကာ အနက္ေရာင္ဝတ္စုံျပည့္ႏွင့္မို႔ သိပ္ကို ခန႔္ညားလွသည္ ။ သြယ္လ်ေသာလည္တိုင္အေစ့ ေ႐ႊေရာင္က်ယ္သီးအျပည့္တပ္ထားၿပီး ၊ ဘယ္ဖက္ရင္အုပ္ေပၚတြင္ နဂါးတစ္ေကာင္သဏၭာန္ ေက်ာက္ျမတ္ရတနာမ်ားျဖင့္ စီခ်ယ္ထားေသာ ရင္ထိုးတစ္ခုဝတ္ဆင္ထားသည္ ။ ယခုအထိ Afa. လက္ေကာက္ဝတ္ေလးအား ကိုင္ခ်ဳပ္ထားေနေသာ လက္ေခ်ာင္းရွည္သြယ္သြယ္မ်ားအား အတိအက်ပုံေဖာ္ထားသည့္ လက္အိတ္အနက္တစ္စုံကိုလည္း စြတ္ထားသည္ ။
လည္ပင္းေကာ္လံတစ္ဝိုက္ ေ႐ႊေရာင္ႏြယ္ခတ္မ်ား ကြန႔္ထားသျဖင့္ စိမ္းျပာေသာ ေသြးေၾကာမွ်င္ပါးပါးေလးမ်ား ယွက္သိုင္းေနတဲ့ လည္တိုင္အျပင္ လည္ဇလုတ္ခြၽန္ခြၽန္ကေလးႏွင့္ ေမး႐ိုးထင္းထင္းတို႔ကို ပိုမိုဆြဲမက္ဖြယ္ ထင္ေပၚေနေစသည္ ။
သူ႔ေမးေစ့က ေရးေရးေလးစိမ္းကာ အသည္းယားစရာ ... ။
စကၠန႔္ပိုင္းအတြင္း အေသးစိတ္ကေလးေတြကအစ Afa ျမင္ႏိုင္တာ အံ့ဩစရာပင္ ။
အၾကည့္ကို တျဖည္းျဖည္း အေပၚသို႔တက္လာလိုက္တာ ႏွင္းဆီပြင့္လႊာ နီေဆြးေဆြးတစ္ပြင့္ထံသို႔ မ်က္လုံးညိဳေတြေရာက္သြား၏ ။ ခပ္ဟဟ ႏႈတ္ခမ္းႏွစ္လႊာဟာ ေလေျပထဲပြင့္ဖတ္မ်ား ယိမ္းႏြဲ႕သြားဟန္ လႈပ္ရွားသြားသည္ ။
Ash : " ဒီဧကရာဇ္ကို လွည့္စားခ်င္ရင္ ဒီထပ္ႀကိဳးစားဖို႔လိုတယ္ ။ မင္းလို ငတုံးမေလးက ကိုယ္ေတာ့္ကို လိမ္ညာဖို႔ဆိုတာ ေနာင္ႏွစ္တစ္ရာၾကာရင္ေတာင္ မျဖစ္ႏိုင္ဘူး ။ ဒါေၾကာင့္ ေနာက္ထပ္ မလွိမ့္တပတ္လုပ္ၿပီး ေျပးဖို႔ေတြးေတာင္မေတြးနဲ႔ "
စကားသံအက္အက္ေလးထြက္လာမွ Afa အသိတရားေတြကပ္ကာ သူ႔မ်က္ဝန္းၾကည္ၾကည္ေတြအား ေမာ့ၾကည့္လိုက္မိသည္ ။ သူက Afa အား တည္ၿငိမ္စြာ စူးစိုက္ၾကည့္လ်က္ ... ။ ခဏက ေငးေမာေနမိတာကို ျမင္သြားမွာေသခ်ာပါသည္ ။
Ash : " ဘယ္ေနရာကေနပဲျဖစ္ျဖစ္ ဒီဧကရာဇ္ကို ျမင္တာနဲ႔ အနားကို ေျပးလာ ။ လိမ္မာတာပဲ လိုခ်င္တယ္ ... ။ ေသခ်ာနားေထာင္ထားေနာ္ ... ဒါအမိန႔္ပဲ "
သူက ပိုင္စိုးပိုင္နင္း အမိန႔္ေပးလာ၏ ။ သခင္ကိုျမင္တိုင္း အျမႇီးႏွံ႔ၿပီးေျပးလာမယ့္ အိမ္ေမြးေခြးတစ္ေကာင္ သူလိုခ်င္တာလား ? တကယ္လည္း Afa. ကို သူပိုင္တာမို႔ ဝမ္းမနည္းလိုေတာ့ပါ ။
" ဟုတ္ကဲ့ "
Afa လိမ္မာစြာ နာခံလိုက္သည္ ။ သူေျပာသလိုက တကယ္လည္း လုပ္လို႔ရတာမွ မဟုတ္တာပဲ ... ။ Raven စစ္သုံ႔ပန္းအေနနဲ႔ Xavia နန္းေတာ္မွာ Afa သြားလို႔မရတဲ့ေနရာေတြမွ တပုံႀကီး ... ။
ေန႔ခင္းဖက္ေတြဆို သူ မေခၚရင္ Afa တို႔ႏွစ္ဦး ဆုံႏိုင္ေခ်က တစ္ရာရာခိုင္ႏႈန္းမွာ တစ္ေတာင္မရွိ ။ Afa မွာ မိမိအႀကံႏွင့္မိမိ ႀကိတ္ေက်နပ္ေနမိသည္ ။
သူက မထုံတတ္ေတး မ်က္ႏွာေပးေလးကို ေဖာက္ထြင္းနားလည္သည့္တိုင္ ဆက္ေျပာလာသည္ ။
Ash : " မနက္ျဖန္ကစၿပီး ဧကရာဇ္ရဲ႕ ေသာက္ေတာ္ေရခြက္ကိုင္ အေနနဲ႔ မင္း ကိုယ္ေတာ္သြားတဲ့ေနရာတိုင္း လိုက္ဖို႔ျပင္ထား "
ဟင္ ?
ႏႈတ္ခမ္းေထာင့္စြန္းတစ္ဖက္သာ ေကာ့တက္သြားေသာ ႐ြဲ႕ၿပဳံး၏ေနာက္ Afa ရဲ႕ေပ်ာ္႐ႊင္မႈေလးေတြ အခိုးအေငြ႕မ်ားျဖစ္သြားရသည္ ။
သူက သူ၏ပိုင္ႏိုင္လွပါေသာ အႀကံအေပၚ သေဘာက်စြာ ခပ္ဟဟရယ္လိုက္ေလ၏ ။ ထို႔ေနာက္ စိတ္ဓာတ္က်သြားေသာ Afa၏ ဦးထိတ္ေပၚသို႔ လက္ဖဝါးျဖင့္ လာဖိအုပ္ကာ ဆိုသည္ ။
Ash : " အခုေတာ့ ခဏက ဧကရာဇ္ကို လိမ္ညာဖို႔ေတြးခဲ့တဲ့ ဒီေခါင္းေလးအတြက္ အျပစ္ခံယူရမယ္ "
" A... Afa က ... "
Afa မွာ သူ မတရားဘူးဟု ထင္တာေၾကာင့္ အတြန႔္တက္ဖို႔ ႀကိဳးစားမိသည္ ။ သူက Afa ေထ့ေထ့ေငါ့ေငါ့ စကားစလာေသာအခါ အနည္းငယ္ ၿပဳံးသြားကာ နားစြင့္ေနေလ၏ ။
သူ၏ ပါးခ်ိဳမ့္ကေလးႏွစ္ဖက္မွာ Afa ရဲ႕ ငရဲႏွင့္ ေကာင္းကင္ဘုံပင္ ။ ျမင္လိုက္ရတိုင္း ရင္သက္ရႉေမာရသည္ ။
ရီေဝစြာ ေငးသြားမိေသာ အလွတရားက ၾကာၾကာမေန ။ သူဟာ အၿပဳံးေတြကို ၾကာၾကာမထား ။ ခ်က္ခ်င္းပဲ ႐ုတ္သိမ္းသြားသည္ ။ တစ္စကၠန႔္ထပ္ပိုၿပီး ၾကည့္မိလွ်င္ ေလာကႀကီးပဲ ပ်က္သုန္းသြားမလိုလို ... တားျမစ္ပစၥည္းဆန္လိုက္တာ ။
Ash : " Afa က ဘာျဖစ္သလဲ ? Afa က မေက်နပ္ဘူးလား ? "
သူ႔အသံအက္အက္သည္ တည္ၿငိမ္လ်က္ ... ။ သို႔ေပသိ မေန႔ညက Afa. နား႐ြက္ျဖားမွာ ဖိကပ္ကာ တီးတိုးေခ်ာ့ျမဴစဥ္ကလို ညႇင္သာေန၏ ။ ဆန္းသည္ ။
ညႇင္သာေသာ္လည္း သူေလွာင္ေနျခင္းပင္ ။ခက္သည္က သူ အဲသလိုေျပာတိုင္း ေျခဖဝါးလက္ဖဝါးေတြမွ ေခြၽးေစးေတြထြက္လာကာ တစ္ကိုယ္လုံးပူေႏြးလာသည္ ။ ရင္ထဲက ႏွလုံးက အၾကင္သူဆီသို႔ ထိုးေဖာက္ခုန္ထြက္သြားမတတ္ ။
Ash : " မင္းက အေတာ္ေၾကာင္တိေၾကာင္ေတာင္ႏိုင္တဲ့ သတၱဝါေလးပဲ ။ ဘာမွျပန္မေျပာတတ္ရင္ နာခံေလ "
ေတြလား ? သူ ေသခ်ာေပါက္ Afa ကယ္ရာမရျဖစ္ေနပုံကို ေလွာင္ေနပါတယ္ ။
မိန္းကေလးတစ္ေယာက္က သူမရဲ႕ ခႏၶာကိုယ္အကာအကြယ္မဲ့ေနပုံအား မ်က္ဝါးထင္ထင္ျမင္ေတြ႕ခဲ့တာကိုေတာင္ အေရးမပါသေယာင္ေဆာင္ေနႏိုင္တဲ့ ခ်စ္မိသူအေရွ႕ ပုံမွန္ျဖစ္႐ိုးလား ?
သူ႔အတြက္ အေရးမပါတဲ့ အထိအေတြ႕ေတြေပမယ့္ တစ္ဖက္သားအတြက္ေတာ့ မိုးၿပိဳဖြယ္ျဖစ္ရပ္တစ္ခု ျဖစ္ခဲ့ရသည္ ။ သူ တန္ဖိုးမထားေသာ္လည္း Afa က ထိုနည္းတူ မသတ္မွတ္ထားႏိုင္ေတာ့ခက္သည္ ။
Afa ႏႈတ္ခမ္းကို တႏုံ႔ႏုံ႔ကိုက္ကာ လက္ ေကာက္ဝတ္မွ အမာ႐ြတ္ကို မိမိဖာသာ လက္မျဖင့္ ဖိပြတ္ေနမိသည္ ။
သိပ္ခ်စ္မိေနတာေၾကာင့္ သူ အႏိုင္က်င့္တိုင္း မတရားခံေနရသလို ခံစားရေစသည္ ။
နည္းနည္း ၾကင္နာေပးရင္ သူ႔ မာနမ်ားထိခိုက္သလား ?
မေန႔ညက သူ႔ကို စံယူကာ ေတာင္းဆိုမိေနတာက မွားေနၿပီလား ?
ဒါေတြကို မက္ေမာေနလို႔ Afa ပဲ သိပ္လြယ္ေနသလား ?
သူ႔စကားတိုင္းမွာ ႏွလုံးသား ပဲ့ကိုင္ခံေနရလို႔ပါ ။
Ash : " အမာ႐ြတ္က နာလား ? မပြတ္ေနနဲ႔ေလ ... ။ ဘာလို႔ ဒီေလာက္အႀကီးႀကီး က်န္ေနခဲ့ရတာလဲ ? မင္း ဒဏ္ရာကို ေဆးမထည့္ဘူးလား ? "
အနိမ့္အျမင့္ ပါးပါးေလးကြာသြားေသာ တုန္ခါသံနဲ႔တင္ အပူခ်ိန္ေတြလည္း ျမင့္တက္သြားရသည္ ။
သူေျပာရင္းဆိုရင္းပဲ သြားကြက္ရာ အနာ႐ြတ္ေလးရွိေနေသာ လက္တစ္ဖက္ကိုဆြဲယူကာ ဆန္းျပားေသာ အၾကည့္တို႔ျဖင့္ အနီးကပ္စူးစမ္းေနေလေတာ့သည္ ။
မ်က္ဝန္းဟာ ရင္ဘက္ထဲေရာက္ေနတဲ့ အလြမ္းအေဆြးဆန္စြာ ... ႏွစ္ခ်ိဳ႕ၿပီျဖစ္တဲ့ ေဝဒနာနဲ႔ ။ မ်က္ေတာင္ေတြ တဖ်တ္ဖ်တ္အခက္မွာ ရင္ခုန္သံေတြ ပိုပိုလာ ... ။ ေသာ္တာလပဲ သိတဲ့ညဆီ စိတ္ေတြေရာက္ေရာက္သြား ... ။
Afa ႏွလုံးေတြ တုန္လႈပ္ကာ ေျခာက္ေသြ႕ေသာ ႏႈတ္ခမ္းေတြကို လွ်ာျဖင့္သပ္လိုက္သည္ ။ ထို႔ေနာက္ ေလတိုးသံေလးျဖင့္ ေမးခြန္းတစ္ခုကို ေမးလိုက္မိသည္ ။
ဘာေၾကာင့္မွန္းမသိ သူ ဤအမာ႐ြတ္ကေလး၏ ေနာက္ကြယ္မွပုံျပင္ကေလးအား နားလည္သိရွိေနသလို ... ။
" အရွင္ အဲ့ဒီေႏြညက ... "
___________________________