ချစ်ခြင်းများဖြင့်ပြောင်းလဲစေ...

By Hsu529

113K 2.9K 17

နေနှိုင်းခ + ဆုလတ်ရတီ အချစ်တစ်ခုမှာပါတဲ့ နွေးထွေးမှုတစ်ခုဟာ ဆိုးလှပါပြီဆိုတဲ့ လူဆိုးကိုတောင် ပြောင်းလဲနိုင်စ... More

Intro
Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Part (10)
Part (11)
Part (12)
Part (13)
Part (14)
Part (15)
Part (16)
Part 17
part (18)
Part (19)
Part (21)
Part (22)
Part (23)
Part (24)
Part (25)
Part (26)
Part (27)
Part (28)
Part (29)
Part (30) { The End }
ကျေးဇူးတင်လွှာ

Part (20)

2.8K 77 2
By Hsu529

Unicode

ချစ်ခြင်းများဖြင့်ပြောင်းလဲစေခဲ့သော

Part  (20)

နေနှိုင်းခလည်း ဆုလတ်ရတီ သတိမေ့သွားသည်ဆိုသည့် သတင်းကြားသည်နှင့် သတင်းလာပေးသူ မိလင်း၏ စကားကိုတောင် ဆုံးအောင်နားမထောင်နိုင်တော့ပဲ အမြန်အပြင်ထွက်လာကာ
ထိုမေ့မျောနေသည့် ကောင်မလေးကို လူတွေဝိုင်းထားသည်ကိုတောင် ဂရုမစိုက်မိတော့ပဲ ထိုလူတွေကိုတွန်းဖယ်ကာ မျက်နှာတခုလုံးဖြူဖတ်ဖြူရော်ဖြစ်နေပြီး ​တကိုယ်လုံးက ရေခဲပြင်အလားဖြစ်​နေသည့်ကောင်မလေး၏ ဦးခေါင်းအား အမြန်ပင် သူ၏ ပေါင်ပေါ်တင်စေပြီး  လက်ဖဝါးတွေကလည်း ထိုကောင်မလေး၏ အေးစက်နေသော လက်ဖဝါးများကို နွေးထွေးလာအောင် ဖွဖွလေးစီ ထိတွေ့ရင်း အပူပေးနေသယောင်ပင် ။

အရင်အချိန်က ဘယ်သူပဲ ဘယ်လိုဒဏ်ရာရလို့ ကမ္ဘာပျက်မတတ်ပင်ဖြစ်သွားနေပါစေ ဘယ်လိုအခြေအနေ ဖြစ်ဖြစ်အရေးမလုပ်တတ်သူ​က အခုကျတော့လည်း အသဲပိုကာ သူ၏ကမ္ဘာကြီး ပျက်သွားသည်အလား လုပ်ဆောင်နေသူ​အား ဘေးမှာရှိသည့် လူတဦးတယောက်မှ နားလည်အောင်ပင်ကြိုးစား၍မရချေ ။

မည်သူတွေက ဘယ်လိုပဲ သူ့အားကြည့်နေပါစေ သူကတော့ ထိုကောင်မလေး သတိပြန်ဝင်လာဖို့ ၊ အေးစက်နေသော ခန္ဓာကိုယ်တခုကို အနွေးဓာတ်ပြန်ဝင်လာအောင် အစွမ်းကုန်ကြိုးစားနေပေမယ့်လည်း ထိုကောင်မလေးကတော့ အနည်းငယ်မျှပင် သတိပြန်လည်လာခြင်းမရှိချေ ။ တညလုံး မည်မျှပင် အအေးနှင့် တွေ့ကြုံခဲ့ရသလဲဆိုရင်ဖြင့် ထိုကောင်မလေး၏ ခြေတွေ ၊ လက်တွေ ထုံနေလေသည် ။ သတိရအောင် ကြိုးစားနေတဲ့ နေနှိုင်းခ တယောက်ကတော့ ချွေးတွေ ရွှဲရွှဲစိုနေပေမယ့် ထိုကောင်မလေးကတော့ ချွေးတစက်မှပင်မထွက်ပဲ တကိုယ်လုံးက အေးစက်ကာ တောင့်ခဲနေလေသည် ။

အချိန်အတော်ကြာအောင် နေနှိုင်းခက ထိုကောင်မလေးအား သတိပြန်လည်လာအောင် ကြိုးစားပေမယ့်လည်း နောက်ဆုံး ဘယ်လိုပဲ ကြိုးစားကြိုးစား သတိပြန်မလည်လာသည့်ကောင်မလေးကြောင့် ရင်ခုန်သံတွေပင်မြန်လာလေကာ အမြန်ပင် ရှိန်းရှိရာသို့လှည့်ရင်း

'' ရှိန်း ဇေယျ ကို ဖုန်းဆက် ၊ တတ်နိုင်သမျှ မြန်မြန်လာဖို့ပြော ''

ဇေယျ ဆိုသည်မှာ နေနှိုင်းခ နှင့် ရှိန်းတို့ ငယ်ငယ်ထဲက ခင်ခဲ့သည့် မိသားစုဆရာဝန်တစ်ဦးဖြစ်လေသည် ။ နေနှိုင်းခတို့ မိသားစုမှာ ဘယ်လို ကျန်းမာရေး ပြဿနာတွေပဲဖြစ်ဖြစ် ထို ဒေါက်တာ ဇေယျ ပဲ ကုသပေးရစမြဲဖြစ်သောကြောင့် ဆုလတ်ရတီအတွက် ဒေါက်တာ ဇေယျ ကို အမြန်ခေါ်ခိုင်းခြင်းပင်ဖြစ်လေသည် ။

ရှိန်းကိုဆရာဝန်ဆီသို့ ဖုန်းဆက်ခိုင်းပြီးနောက် အလျင်အမြန်ပင်
နေနှိုင်းခ က ဆုလတ်ရတီ ကို ပွေ့ချီ၍ အိမ်ထဲသို့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ ဝင်သွားသောကြောင်အပြင်မှာ ကျန်ရစ်ခဲ့သူများက တစ်ဖန်
နေနှိုင်းခ အနောက်လိုက်ရပြီး အပြင်မှာ ကျန်ခဲ့သည့် ရှိန်းကတော့

'' ဟယ်လို ကိုဇေယျလား ...''

'' အေး ဟုတ်တယ် ရှိန်း ဘာဖြစ်လို့လဲ ''

'' ဟိုလေ Boss က ချက်ချင်း စံအိမ်ကိုလာခဲ့ပါတဲ့ ။ အရေးကြီးလို့ ''

ရှိန်းပြောလိုက်သည့်စကားကြောင့် တဖက်က ဆရာဝန်လည်း မျက်လုံးပြူးသွားကာ

'' ဟေ ငါဒီလိုချက်ချက်ချင်းကြီးဘယ်လာလို့ရမှာလဲ ။ ငါဆေးခန်းထိုင်ရအုံးမှာလေ ။ ''

'' ဟော ကိုဇေယျ ကလည်း Boss အ​ကြောင်း... ''

ရှိန်းပြောနေသည့်စကားပင်မပြီးသေးခင် နေနှိုင်းခက အနောက်ပါးကနေ ရောက်ချလာကာ ဖုန်းလုလိုက်သဖြင့် ရှိန်းတယောက် ဓာတ်လိုက်သွားသလိုပင်ခံစားလိုက်ရလေသည် ။ နေနှိုင်းခ လည်း ရှိန်းဆီကနေ ဖုန်းလုလုပြီးချင်း

'' ဇေယျ မင်းခုချက်ချင်း စံအိမ်လာခဲ့ ''

ဇေယျလည်း ရှိန်းနှင့်စကားပြောနေရင်းနဲ့ ချက်ချင်းပင် နေနှိုင်းခ အသံပြောင်းသွားသဖြင့် ထိုင်နေရင်းကနေ အမြန်ပင် မတ်တပ်ရက်လျက်သားဖြစ်သွားကာ

'' ရှိန်းကနေ မင်းဘယ်လိုပြောင်းသွားတာလဲ ''

'' ကျစ် ဒါတွေအရေးကြီးသလားကွ ဒီမှာအရေးကြီးနေပါတယ်ဆိုနေမှ ''

နေနှိုင်းခ၏အသံသည် ဒေါသထွက်နေသယောင်ဖြစ်သွားတော့မှ ဇေယျ လည်း ထပ်ပြီးမရစ်တော့ပဲ

'' ကဲ အခုက ဘယ်သူ ဘာဖြစ်တာလဲ... ''

'' အဲ့တာတွေ မင်း ရောက်လာရင်သိရမယ် ၊ ရှည်ရှည်ဝေးဝေးမပြောချင်ဘူး ။ နာရီဝက်အတွင်းအရောက်လာခဲ့ ''

'' ဒါနဲ့ ငါ့လူနာတွေကိုဘယ်လိုလုပ်ရမလဲ  ''

'' မင်း အဆင်ပြေအောင် ညှိပြီး အမြန်သာလာခဲ့... ''

သူပြောချင်ရာသာပြောပြီး နေနှိုင်းခ တယောက်ဖုန်းချသွားသဖြင့် ဇေယျ မှာတော့ ဆက်ပြီးဘာလုပ်လို့ ဘာကိုင်ရမလဲဆိုတာကိုတောင် မသိတော့ချေ ။

နေနှိုင်းခလည်း ဖုန်းချချပြီးချင်း ရှိန်းကို ဖုန်းပေးကာ အိမ်ထဲသို့ခြေလှမ်းကျဲကြီးများဖြင့် အမြန်လျှောက်ကာ ဝင်သွားလေသည် ။ ရှိန်းလည်း နေနှိုင်းခ သွားသည့်အနောက် အမြန်လိုက်သွားကာ ဆုလတ်အား နေနှိုင်းခ ၏ အိပ်ယာပေါ်မှာတင်ထားပြီး ကြီးတင် တို့ မိလင်းတို့ကလည်း ကုတင်ဘေးနားမှာ မတ်တပ်ရပ်နေကာ နေနှိုင်းခကတော့ ပုတင်ခြေရင်းနားတွင် တင်ပါးလွှဲကာထိုင်နေသည်ကို တွေ့လိုက်ရသည့်  ရှိန်းကတော့ ဒါအမှန်မှ ဟုတ်ရဲ့လားဟု သူ၏ စိတ်ထဲမှာပဲ ရည်ရွတ်၍ မျက်လုံးကို အတင်းပွတ်ကာ အရှေ့မှာ ဖြစ်​နေသည့် မြင်ကွင်းကိုပဲ မယုံနိုင်ခြင်းများစွာဖြင့် ငေးကြည့်နေမိလေသည် ။

နေနှိုင်းခကတော့ ကုတင်ခြေရင်းမှာထိုင်နေရင်းကနေ ထလာပြီူ အခန်းတခုလုံးကို ဟိုလျှောက်လိုက် ဒီလျှောက်လိုက်လုပ်နေရင်းနှင့် အကြည့်များက ရှိန်းရှိရာသို့ရောက်လာကာ

'' ဟေ့ရောင် ဇေယျ မလာသေးဘူးလား ''

အပြင်မှာ ဖုန်းဆက်ပြီး အိမ်ထဲသို့ ဝင်လာတာမှ ငါးမိနစ်တောင်မပြည့်သေးဘူး ချက်ချင်းပင် ဇေယျ မလာသေးဘူးလားဟု မေးလာသော နေနှိုင်းခ ကြောင့် ရှိန်းမှာတော့ ထိုနေရာကနေပင် အငွေ့ပျံသွားချင်သလိုဖြစ်သွားကာ

'' ဟော Boss ရယ် လာမှာပေါ့ဗျာ အခုနလေးပဲ ဖုန်းဆက်ထားတာကို ''

'' ကျစ် ''

နေနှိုင်းခလည်း နေမထိထိုင်မသာဖြစ်နေသည့်အတွက် ကျစ်တချက် စုတ်သက်လိုက်ကာ ကြီးတင်တို့ရပ်နေသည့်နေရာဘက်သို့ကြည့်ကာ

'' ကြီးတင် ရေနွေးကို နည်းနည်းလေး နွေးနေအောင်လုပ်ပြီး အဝတ်စတခုကိုယူလာပေးပါ ''

နေနှိုင်းခ၏ စကားသံအဆုံး ကြီးတင်နှင့် မိလင်းက ထွက်သွားပေမယ့် ရှိန်းကမူ ဘယ်မှမသွားပဲ အခြေအနေကို အကဲခတ်နေသည့်အတွက်

'' သွား မင်းလည်း ထွက်သွား ဇေယျ လာမှ အိမ်ထဲဝင်လာခဲ့ ''

ရုတ်တရက်ကြီး မောင်းထုတ်ခံရသည့်အတွက် ရှိန်းလည်း မျက်နှာကြီးရှုံ့မဲကာ ထိုနေရာကနေ ထွက်သွားလိုက်လေသည် ။

အခန်းထဲကလူတွေအားလုံးရှင်းသွားတော့မှ နေနှိုင်းခလည်း ဆုလတ်၏ အနားမှာ သွားထိုင်ကာ ပါးစပ်မှလည်း

'' မင်း ဒီလိုဖြစ်နေတာ ငါဘာလို့နာကျင်နေရတာလဲ ။ အမှန်ဆို ငါပျော်သင့်တာလေ မင်းအဖေက ငါ့အဖေကိုသတ်ထားတာဆိုတောလ မင်းအခုလိုဖြစ်နေသည့်အခြေအနေအပေါ် ဝမ်းသာသင့်တာ ၊ ကျေနပ်သင့်တာ ။ ဒါပေမယ့် ဘာကြောင့်လည်းမသိဘူး မင်းရဲ့ ဒီအခြေအနေကို ကြည့်ပြီး ငါ့နှလုံးသားက နာကျင်နေရတယ် ။ မင်းအဖေ ငါ့အဖေကို ဘာအတွက်ကြောင့် သတ်ခဲ့သလဲဆိုတဲ့ သတင်းအရင်းအမြစ်ထိပါ ငါ စုံစမ်းမှာမို့ ရက်အနည်းငယ်လောက်ပဲ ဒီလူဆိုးကြီးကို သည်းခံပေးပါ ''

စကားပြောနေစဥ် အတွင်း ဆုလတ်၏ လက်ကို သူ၏ လက်နှစ်ဖက်ဖြင့် ဆုတ်ကိုင်ထားကာ မျက်ဝန်းမှလည်း ဖခင်သေဆုံးချိန်ကထဲက ကျဆင်းတာ ရပ်တန့်သွားပြီဖြစ်တဲ့ မျက်ရည်များပါ ပြန်လည်စီးကျလို့လာလေသည် ။ နေနှိုင်းခလည်း ကြီးတင်နှင့် အခြားသူတွေ သူ့အား ဒီလိုပုံစံနှင့်တွေ့သွားမည်ကိုစိုးရိမ်သည့်အတွက် အမြန်ပင် ဆုလတ်အနားကနေ ထလိုက်ပြီး ကုတင်ခြေရင်း၌သာသွားထိုင်ပြီး ကြီးတင်တို့လာမည်ကိုသာစောင့်မျှော်နေလေသည် ။

ခနအကြာမှာတော့ ရေနွေးနွေးလေးနှင့် အဝတ်စ တို့ပါ ယူလာ၍ အခန်းထဲသို့ဝင်လာလေသည် ။ ကြီးတင်တို့ အခန်းထဲသို့ ဝင်လာလာချင်း နေနှိုင်းခက ထိုအဝတ်စနှင့် ရေနွေးခွက်တို့ကို အမြန်လှမ်းယူလိုက်ပြီး ဆုလတ်၏ နဖူးပေါ်တွင် ထိုရေနွေးလေးနှင့် စိမ်ထားသည့် အဝတ်ကို ကပ်ပေးနေရှာလေသည် ။ ထိုမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့တွေ့နေရသည့် ကြီးတင်နှင့်မိလင်းကတော့ တယောက်မျက်နှာတယောက်သာ ကြည့်နေရတော့လေသည် ။

ဆုလတ်၏အနားမှာထိုင်ကာ နေနှိုင်းခတယောက် အဝတ်ကပ်ပေးနေတုန်း ဇေယျ နှင့် ရှိန်းက အခန်းအတွင်းသို့ဝင်လည်းဝင်လာရာ ရှိန်းကတော့ အကြောင်းသိသူတယောက်ဖြစ်နေတာ​ကြောင့် မတုန်လှုပ်တော့ပဲ ဇေယျ ကတော့ ပါးစပ်ကြီးအဟောင်းသားဖြင့်ကြည့်နေရှာလေသည် ။ ဇေယျ ဝင်လာလာချင်း နေနှိုင်းခက မျက်ထောင့်နီကြီးဖြင့်ကြည့်သောကြောင့် ဇေယျ လည်းပြုံးသာပြုံးပြလိုက်ပြီး ဆုလတ်အနားသွားကာ စမ်းသက်မှုတချို့ပြုလုပ်နေလိုက်လေသည် ။

အချိန်ခနကြာ စမ်းသက်မှုပြုလုပ်ပြီူမှ ဇေယျ က နေနှိုင်းခကို အခန်းအပြင်ကိုခေါ်ကာ

'' အော် နေနှိုင်းခရယ် အအေးထဲမှာ ဘယ်လိုများထားလိုက်တာလဲ ဘာမှမဖြစ်လို့တော်သေးတယ်ပြောအုံး မတော်လို့ တခုခုဖြစ်သွားရင်ရော အသ က် ​ေ သ သွားရင်ရော ။ မင်းဘာပဲလုပ်လုပ် သူက မိန်းကလေးဆိုတာ နည်းနည်း သတိထား ။ အခုတော့ငါ ထိုးဆေးရော သောက်ဆေးပါ ပေးခဲ့တယ် ။ မသက်သာရင် ပြန်လှမ်းခေါ်လိုက် ''

နဂိုထဲက ဆုလတ် ဒီလိုဖြစ်ရသည်ဟာ သူ့ကြောင့်ဟုတွေးပြီး စိတ်မကောင်းဖြစ်နေသူကို ဇေယျ က ဒီလိုပြောလိုက်သည့်အခါမှာတော့ နေနှိုင်းခက ဘာမှမတုံ့ပြန်ပဲ

'' အေး အေး ငါဂရုစိုက်လိုက်မယ် ''

ဒီလောက်ပြောတာကိုတောင် အရင်ကလို ဒေါသမထွက်ပဲ အေးဆေးပြန်ပြောလာသည့်နေနှိုင်းခကြောင့် ဇေယျ လည်း ခေါင်းတခါခါနှင့်ပဲ ထိုနေရာကနေ ထွက်သွားလေသည် ။

ဇေယျ ထွက်သွားမှ နေနှိုင်းခလည်း ရှိန်းကို လှမ်းခေါ်ကာ

'' ဖေဖေ့ ကို သတ်တဲ့သူနှစ်ယောက်လုံးအကြောင်းငါသိချင်တယ်
ပြီးတော့ ဆုလတ်ရတီ ရဲ့ အကြောင်းအစအဆုံး သုံးရက်အတွင်းသိချင်တယ် ။ ပြန်စုံစမ်း ''

သူပြောချင်ရာသာပြောပြီး ထွက်သွားသည့်သူကြောင့် ရှိန်းလည်းထိုနေရာ၌သာ ပြုံးပြုံးလေး ရပ်နေလိုက်လေသည် ။

ကဲ နေနှိုင်းခလို သူဋ္ဌေးမျိုးရလို့ ရှိန်း ရူးများရူးသွားပြီလား ။
ဒီတခါတော့ ဆုလတ်၏ မိသားစုအကြောင်းအမှန်သိရမှာလားဆိုတာသိချင်ရင်တော့

Coming soon >> Part (21)

12.12.21
8:09 pm
Hsu

~~~

Zawgyi

ခ်စ္ျခင္းမ်ားျဖင့္ေျပာင္းလဲေစခဲ့ေသာ

Part  (20)

ေနႏွိုင္းခလည္း ဆုလတ္ရတီ သတိေမ့သြားသည္ဆိုသည့္ သတင္းၾကားသည္ႏွင့္ သတင္းလာေပးသူ မိလင္း၏ စကားကိုေတာင္ ဆုံးေအာင္နားမေထာင္နိုင္ေတာ့ပဲ အျမန္အျပင္ထြက္လာကာ
ထိုေမ့ေမ်ာေနသည့္ ေကာင္မေလးကို လူေတြဝိုင္းထားသည္ကိုေတာင္ ဂ႐ုမစိုက္မိေတာ့ပဲ ထိုလူေတြကိုတြန္းဖယ္ကာ မ်က္ႏွာတခုလုံးျဖဴဖတ္ျဖဴေရာ္ျဖစ္ေနၿပီး တကိုယ္လုံးက ေရခဲျပင္အလားျဖစ္ေနသည့္ေကာင္မေလး၏ ဦးေခါင္းအား အျမန္ပင္ သူ၏ ေပါင္ေပၚတင္ေစၿပီး  လက္ဖဝါးေတြကလည္း ထိုေကာင္မေလး၏ ေအးစက္ေနေသာ လက္ဖဝါးမ်ားကို ႏြေးေထြးလာေအာင္ ဖြဖြေလးစီ ထိေတြ႕ရင္း အပူေပးေနသေယာင္ပင္ ။

အရင္အခ်ိန္က ဘယ္သူပဲ ဘယ္လိုဒဏ္ရာရလို႔ ကမၻာပ်က္မတတ္ပင္ျဖစ္သြားေနပါေစ ဘယ္လိုအေျခအေန ျဖစ္ျဖစ္အေရးမလုပ္တတ္သူက အခုက်ေတာ့လည္း အသဲပိုကာ သူ၏ကမၻာႀကီး ပ်က္သြားသည္အလား လုပ္ေဆာင္ေနသူအား ေဘးမွာရွိသည့္ လူတဦးတေယာက္မွ နားလည္ေအာင္ပင္ႀကိဳးစား၍မရေခ် ။

မည္သူေတြက ဘယ္လိုပဲ သူ႕အားၾကည့္ေနပါေစ သူကေတာ့ ထိုေကာင္မေလး သတိျပန္ဝင္လာဖို႔ ၊ ေအးစက္ေနေသာ ခႏၶာကိုယ္တခုကို အႏြေးဓာတ္ျပန္ဝင္လာေအာင္ အစြမ္းကုန္ႀကိဳးစားေနေပမယ့္လည္း ထိုေကာင္မေလးကေတာ့ အနည္းငယ္မွ်ပင္ သတိျပန္လည္လာျခင္းမရွိေခ် ။ တညလုံး မည္မွ်ပင္ အေအးႏွင့္ ေတြ႕ႀကဳံခဲ့ရသလဲဆိုရင္ျဖင့္ ထိုေကာင္မေလး၏ ေျခေတြ ၊ လက္ေတြ ထုံေနေလသည္ ။ သတိရေအာင္ ႀကိဳးစားေနတဲ့ ေနႏွိုင္းခ တေယာက္ကေတာ့ ေခြၽးေတြ ႐ႊဲ႐ႊဲစိုေနေပမယ့္ ထိုေကာင္မေလးကေတာ့ ေခြၽးတစက္မွပင္မထြက္ပဲ တကိုယ္လုံးက ေအးစက္ကာ ေတာင့္ခဲေနေလသည္ ။

အခ်ိန္အေတာ္ၾကာေအာင္ ေနႏွိုင္းခက ထိုေကာင္မေလးအား သတိျပန္လည္လာေအာင္ ႀကိဳးစားေပမယ့္လည္း ေနာက္ဆုံး ဘယ္လိုပဲ ႀကိဳးစားႀကိဳးစား သတိျပန္မလည္လာသည့္ေကာင္မေလးေၾကာင့္ ရင္ခုန္သံေတြပင္ျမန္လာေလကာ အျမန္ပင္ ရွိန္းရွိရာသို႔လွည့္ရင္း

'' ရွိန္း ေဇယ် ကို ဖုန္းဆက္ ၊ တတ္နိုင္သမွ် ျမန္ျမန္လာဖို႔ေျပာ ''

ေဇယ် ဆိုသည္မွာ ေနႏွိုင္းခ ႏွင့္ ရွိန္းတို႔ ငယ္ငယ္ထဲက ခင္ခဲ့သည့္ မိသားစုဆရာဝန္တစ္ဦးျဖစ္ေလသည္ ။ ေနႏွိုင္းခတို႔ မိသားစုမွာ ဘယ္လို က်န္းမာေရး ျပႆနာေတြပဲျဖစ္ျဖစ္ ထို ေဒါက္တာ ေဇယ် ပဲ ကုသေပးရစၿမဲျဖစ္ေသာေၾကာင့္ ဆုလတ္ရတီအတြက္ ေဒါက္တာ ေဇယ် ကို အျမန္ေခၚခိုင္းျခင္းပင္ျဖစ္ေလသည္ ။

ရွိန္းကိုဆရာဝန္ဆီသို႔ ဖုန္းဆက္ခိုင္းၿပီးေနာက္ အလ်င္အျမန္ပင္
ေနႏွိုင္းခ က ဆုလတ္ရတီ ကို ေပြ႕ခ်ီ၍ အိမ္ထဲသို႔ ဘယ္သူ႕ကိုမွ ဂ႐ုမစိုက္ပဲ ဝင္သြားေသာေၾကာင္အျပင္မွာ က်န္ရစ္ခဲ့သူမ်ားက တစ္ဖန္
ေနႏွိုင္းခ အေနာက္လိုက္ရၿပီး အျပင္မွာ က်န္ခဲ့သည့္ ရွိန္းကေတာ့

'' ဟယ္လို ကိုေဇယ်လား ...''

'' ေအး ဟုတ္တယ္ ရွိန္း ဘာျဖစ္လို႔လဲ ''

'' ဟိုေလ Boss က ခ်က္ခ်င္း စံအိမ္ကိုလာခဲ့ပါတဲ့ ။ အေရးႀကီးလို႔ ''

ရွိန္းေျပာလိုက္သည့္စကားေၾကာင့္ တဖက္က ဆရာဝန္လည္း မ်က္လုံးျပဴးသြားကာ

'' ေဟ ငါဒီလိုခ်က္ခ်က္ခ်င္းႀကီးဘယ္လာလို႔ရမွာလဲ ။ ငါေဆးခန္းထိုင္ရအုံးမွာေလ ။ ''

'' ေဟာ ကိုေဇယ် ကလည္း Boss အေၾကာင္း... ''

ရွိန္းေျပာေနသည့္စကားပင္မၿပီးေသးခင္ ေနႏွိုင္းခက အေနာက္ပါးကေန ေရာက္ခ်လာကာ ဖုန္းလုလိုက္သျဖင့္ ရွိန္းတေယာက္ ဓာတ္လိုက္သြားသလိုပင္ခံစားလိုက္ရေလသည္ ။ ေနႏွိုင္းခ လည္း ရွိန္းဆီကေန ဖုန္းလုလုၿပီးခ်င္း

'' ေဇယ် မင္းခုခ်က္ခ်င္း စံအိမ္လာခဲ့ ''

ေဇယ်လည္း ရွိန္းႏွင့္စကားေျပာေနရင္းနဲ႕ ခ်က္ခ်င္းပင္ ေနႏွိုင္းခ အသံေျပာင္းသြားသျဖင့္ ထိုင္ေနရင္းကေန အျမန္ပင္ မတ္တပ္ရက္လ်က္သားျဖစ္သြားကာ

'' ရွိန္းကေန မင္းဘယ္လိုေျပာင္းသြားတာလဲ ''

'' က်စ္ ဒါေတြအေရးႀကီးသလားကြ ဒီမွာအေရးႀကီးေနပါတယ္ဆိုေနမွ ''

ေနႏွိုင္းခ၏အသံသည္ ေဒါသထြက္ေနသေယာင္ျဖစ္သြားေတာ့မွ ေဇယ် လည္း ထပ္ၿပီးမရစ္ေတာ့ပဲ

'' ကဲ အခုက ဘယ္သူ ဘာျဖစ္တာလဲ... ''

'' အဲ့တာေတြ မင္း ေရာက္လာရင္သိရမယ္ ၊ ရွည္ရွည္ေဝးေဝးမေျပာခ်င္ဘူး ။ နာရီဝက္အတြင္းအေရာက္လာခဲ့ ''

'' ဒါနဲ႕ ငါ့လူနာေတြကိုဘယ္လိုလုပ္ရမလဲ  ''

'' မင္း အဆင္ေျပေအာင္ ညွိၿပီး အျမန္သာလာခဲ့... ''

သူေျပာခ်င္ရာသာေျပာၿပီး ေနႏွိုင္းခ တေယာက္ဖုန္းခ်သြားသျဖင့္ ေဇယ် မွာေတာ့ ဆက္ၿပီးဘာလုပ္လို႔ ဘာကိုင္ရမလဲဆိုတာကိုေတာင္ မသိေတာ့ေခ် ။

ေနႏွိုင္းခလည္း ဖုန္းခ်ခ်ၿပီးခ်င္း ရွိန္းကို ဖုန္းေပးကာ အိမ္ထဲသို႔ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ အျမန္ေလွ်ာက္ကာ ဝင္သြားေလသည္ ။ ရွိန္းလည္း ေနႏွိုင္းခ သြားသည့္အေနာက္ အျမန္လိုက္သြားကာ ဆုလတ္အား ေနႏွိုင္းခ ၏ အိပ္ယာေပၚမွာတင္ထားၿပီး ႀကီးတင္ တို႔ မိလင္းတို႔ကလည္း ကုတင္ေဘးနားမွာ မတ္တပ္ရပ္ေနကာ ေနႏွိုင္းခကေတာ့ ပုတင္ေျခရင္းနားတြင္ တင္ပါးလႊဲကာထိုင္ေနသည္ကို ေတြ႕လိုက္ရသည့္  ရွိန္းကေတာ့ ဒါအမွန္မွ ဟုတ္ရဲ႕လားဟု သူ၏ စိတ္ထဲမွာပဲ ရည္႐ြတ္၍ မ်က္လုံးကို အတင္းပြတ္ကာ အေရွ႕မွာ ျဖစ္ေနသည့္ ျမင္ကြင္းကိုပဲ မယုံနိုင္ျခင္းမ်ားစြာျဖင့္ ေငးၾကည့္ေနမိေလသည္ ။

ေနႏွိုင္းခကေတာ့ ကုတင္ေျခရင္းမွာထိုင္ေနရင္းကေန ထလာၿပီဴ အခန္းတခုလုံးကို ဟိုေလွ်ာက္လိုက္ ဒီေလွ်ာက္လိုက္လုပ္ေနရင္းႏွင့္ အၾကည့္မ်ားက ရွိန္းရွိရာသို႔ေရာက္လာကာ

'' ေဟ့ေရာင္ ေဇယ် မလာေသးဘူးလား ''

အျပင္မွာ ဖုန္းဆက္ၿပီး အိမ္ထဲသို႔ ဝင္လာတာမွ ငါးမိနစ္ေတာင္မျပည့္ေသးဘူး ခ်က္ခ်င္းပင္ ေဇယ် မလာေသးဘူးလားဟု ေမးလာေသာ ေနႏွိုင္းခ ေၾကာင့္ ရွိန္းမွာေတာ့ ထိုေနရာကေနပင္ အေငြ႕ပ်ံသြားခ်င္သလိုျဖစ္သြားကာ

'' ေဟာ Boss ရယ္ လာမွာေပါ့ဗ်ာ အခုနေလးပဲ ဖုန္းဆက္ထားတာကို ''

'' က်စ္ ''

ေနႏွိုင္းခလည္း ေနမထိထိုင္မသာျဖစ္ေနသည့္အတြက္ က်စ္တခ်က္ စုတ္သက္လိုက္ကာ ႀကီးတင္တို႔ရပ္ေနသည့္ေနရာဘက္သို႔ၾကည့္ကာ

'' ႀကီးတင္ ေရႏြေးကို နည္းနည္းေလး ႏြေးေနေအာင္လုပ္ၿပီး အဝတ္စတခုကိုယူလာေပးပါ ''

ေနႏွိုင္းခ၏ စကားသံအဆုံး ႀကီးတင္ႏွင့္ မိလင္းက ထြက္သြားေပမယ့္ ရွိန္းကမူ ဘယ္မွမသြားပဲ အေျခအေနကို အကဲခတ္ေနသည့္အတြက္

'' သြား မင္းလည္း ထြက္သြား ေဇယ် လာမွ အိမ္ထဲဝင္လာခဲ့ ''

႐ုတ္တရက္ႀကီး ေမာင္းထုတ္ခံရသည့္အတြက္ ရွိန္းလည္း မ်က္ႏွာႀကီးရႈံ႕မဲကာ ထိုေနရာကေန ထြက္သြားလိုက္ေလသည္ ။

အခန္းထဲကလူေတြအားလုံးရွင္းသြားေတာ့မွ ေနႏွိုင္းခလည္း ဆုလတ္၏ အနားမွာ သြားထိုင္ကာ ပါးစပ္မွလည္း

'' မင္း ဒီလိုျဖစ္ေနတာ ငါဘာလို႔နာက်င္ေနရတာလဲ ။ အမွန္ဆို ငါေပ်ာ္သင့္တာေလ မင္းအေဖက ငါ့အေဖကိုသတ္ထားတာဆိုေတာလ မင္းအခုလိုျဖစ္ေနသည့္အေျခအေနအေပၚ ဝမ္းသာသင့္တာ ၊ ေက်နပ္သင့္တာ ။ ဒါေပမယ့္ ဘာေၾကာင့္လည္းမသိဘူး မင္းရဲ႕ ဒီအေျခအေနကို ၾကည့္ၿပီး ငါ့ႏွလုံးသားက နာက်င္ေနရတယ္ ။ မင္းအေဖ ငါ့အေဖကို ဘာအတြက္ေၾကာင့္ သတ္ခဲ့သလဲဆိုတဲ့ သတင္းအရင္းအျမစ္ထိပါ ငါ စုံစမ္းမွာမို႔ ရက္အနည္းငယ္ေလာက္ပဲ ဒီလူဆိုးႀကီးကို သည္းခံေပးပါ ''

စကားေျပာေနစဥ္ အတြင္း ဆုလတ္၏ လက္ကို သူ၏ လက္ႏွစ္ဖက္ျဖင့္ ဆုတ္ကိုင္ထားကာ မ်က္ဝန္းမွလည္း ဖခင္ေသဆုံးခ်ိန္ကထဲက က်ဆင္းတာ ရပ္တန့္သြားၿပီျဖစ္တဲ့ မ်က္ရည္မ်ားပါ ျပန္လည္စီးက်လိဳ႕လာေလသည္ ။ ေနႏွိုင္းခလည္း ႀကီးတင္ႏွင့္ အျခားသူေတြ သူ႕အား ဒီလိုပုံစံႏွင့္ေတြ႕သြားမည္ကိုစိုးရိမ္သည့္အတြက္ အျမန္ပင္ ဆုလတ္အနားကေန ထလိုက္ၿပီး ကုတင္ေျခရင္း၌သာသြားထိုင္ၿပီး ႀကီးတင္တို႔လာမည္ကိုသာေစာင့္ေမွ်ာ္ေနေလသည္ ။

ခနအၾကာမွာေတာ့ ေရႏြေးႏြေးေလးႏွင့္ အဝတ္စ တို႔ပါ ယူလာ၍ အခန္းထဲသို႔ဝင္လာေလသည္ ။ ႀကီးတင္တို႔ အခန္းထဲသို႔ ဝင္လာလာခ်င္း ေနႏွိုင္းခက ထိုအဝတ္စႏွင့္ ေရႏြေးခြက္တို႔ကို အျမန္လွမ္းယူလိုက္ၿပီး ဆုလတ္၏ နဖူးေပၚတြင္ ထိုေရႏြေးေလးႏွင့္ စိမ္ထားသည့္ အဝတ္ကို ကပ္ေပးေနရွာေလသည္ ။ ထိုျမင္ကြင္းကို မ်က္ျမင္ကိုယ္ေတြ႕ေတြ႕ေနရသည့္ ႀကီးတင္ႏွင့္မိလင္းကေတာ့ တေယာက္မ်က္ႏွာတေယာက္သာ ၾကည့္ေနရေတာ့ေလသည္ ။

ဆုလတ္၏အနားမွာထိုင္ကာ ေနႏွိုင္းခတေယာက္ အဝတ္ကပ္ေပးေနတုန္း ေဇယ် ႏွင့္ ရွိန္းက အခန္းအတြင္းသို႔ဝင္လည္းဝင္လာရာ ရွိန္းကေတာ့ အေၾကာင္းသိသူတေယာက္ျဖစ္ေနတာေၾကာင့္ မတုန္လႈပ္ေတာ့ပဲ ေဇယ် ကေတာ့ ပါးစပ္ႀကီးအေဟာင္းသားျဖင့္ၾကည့္ေနရွာေလသည္ ။ ေဇယ် ဝင္လာလာခ်င္း ေနႏွိုင္းခက မ်က္ေထာင့္နီႀကီးျဖင့္ၾကည့္ေသာေၾကာင့္ ေဇယ် လည္းၿပဳံးသာၿပဳံးျပလိုက္ၿပီး ဆုလတ္အနားသြားကာ စမ္းသက္မႈတခ်ိဳ႕ျပဳလုပ္ေနလိုက္ေလသည္ ။

အခ်ိန္ခနၾကာ စမ္းသက္မႈျပဳလုပ္ၿပီဴမွ ေဇယ် က ေနႏွိုင္းခကို အခန္းအျပင္ကိုေခၚကာ

'' ေအာ္ ေနႏွိုင္းခရယ္ အေအးထဲမွာ ဘယ္လိုမ်ားထားလိုက္တာလဲ ဘာမွမျဖစ္လို႔ေတာ္ေသးတယ္ေျပာအုံး မေတာ္လို႔ တခုခုျဖစ္သြားရင္ေရာ အသ က္ ေ သ သြားရင္ေရာ ။ မင္းဘာပဲလုပ္လုပ္ သူက မိန္းကေလးဆိုတာ နည္းနည္း သတိထား ။ အခုေတာ့ငါ ထိုးေဆးေရာ ေသာက္ေဆးပါ ေပးခဲ့တယ္ ။ မသက္သာရင္ ျပန္လွမ္းေခၚလိုက္ ''

နဂိုထဲက ဆုလတ္ ဒီလိုျဖစ္ရသည္ဟာ သူ႕ေၾကာင့္ဟုေတြးၿပီး စိတ္မေကာင္းျဖစ္ေနသူကို ေဇယ် က ဒီလိုေျပာလိုက္သည့္အခါမွာေတာ့ ေနႏွိုင္းခက ဘာမွမတုံ႕ျပန္ပဲ

'' ေအး ေအး ငါဂ႐ုစိုက္လိုက္မယ္ ''

ဒီေလာက္ေျပာတာကိုေတာင္ အရင္ကလို ေဒါသမထြက္ပဲ ေအးေဆးျပန္ေျပာလာသည့္ေနႏွိုင္းခေၾကာင့္ ေဇယ် လည္း ေခါင္းတခါခါႏွင့္ပဲ ထိုေနရာကေန ထြက္သြားေလသည္ ။

ေဇယ် ထြက္သြားမွ ေနႏွိုင္းခလည္း ရွိန္းကို လွမ္းေခၚကာ

'' ေဖေဖ့ ကို သတ္တဲ့သူႏွစ္ေယာက္လုံးအေၾကာင္းငါသိခ်င္တယ္
ၿပီးေတာ့ ဆုလတ္ရတီ ရဲ႕ အေၾကာင္းအစအဆုံး သုံးရက္အတြင္းသိခ်င္တယ္ ။ ျပန္စုံစမ္း ''

သူေျပာခ်င္ရာသာေျပာၿပီး ထြက္သြားသည့္သူေၾကာင့္ ရွိန္းလည္းထိုေနရာ၌သာ ၿပဳံးၿပဳံးေလး ရပ္ေနလိုက္ေလသည္ ။

ကဲ ေနႏွိုင္းခလို သူ႒ေးမ်ိဳးရလို႔ ရွိန္း ႐ူးမ်ား႐ူးသြားၿပီလား ။
ဒီတခါေတာ့ ဆုလတ္၏ မိသားစုအေၾကာင္းအမွန္သိရမွာလားဆိုတာသိခ်င္ရင္ေတာ့

Coming soon >> Part (21)

12.12.21
8:09 pm
Hsu

Continue Reading

You'll Also Like

396K 42.5K 43
The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For background photo of Fiction cover, Fully cred...
84.6K 2.9K 23
နောက်ဆုံးအချိန်ထိ တွဲထားချင်တဲ့လက်တစ်စုံဟာ ငယ်ဖြစ်ကြောင်း
874K 108K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
121K 2.7K 44
ဦးနဲ့ ကလေး ရိုပြီး ချိုပါသည်😁