Commando🍁(Complete)

By NandarMyintMoh

38.5K 3K 276

Zawgyi~ #Seke &Seke -ဘုန်းဆက်ရှိန်ဝါ (Zeus) -ညီစေမင်းသော်(Dragon) ဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်... More

Author Content
P - 1🍁
P - 2🍁
P - 3🍁
M /P - 4🍁
P - 5🍁
P - 6🍁
P - 7🍁
P - 8🍁
P - 9🍁
P - 10🍁
P - 11🍁
P - 12🍁
P - 13🍁
P - 14🍁
P - 15🍁
P - 16🍁
P - 17🍁
P - 18🍁
P - 19🍁
P - 20🍁
M/ P - 21🍁
P - 22🍁
R 🚨 /P - 23🍁
P - 24🍁
P - 25🍁
M / P - 26🍁
P - 27 🍁
Not Update🍀တောင်းပန်စာ
P - 28🍁
R🚨 / P - 29 🍁
R🚨/ P - 30🍁
P - 31🍁
P - 32 🍁
P - 33🍁
P - 34🍁
P - 35🍁
P -36🍁 {Zawgyi}
P - 36🍁{Unicode}
M/ P - 37🍁
P - 38🍁
10k Goal...
P - 39 🍁
P - 40 🍁
P - 41🍁
P - 43 🍁
P - 44 🍁
P - 45 🍁
P - 46 🍁
P - 47 🍁Unicode -(Final)
P - 47🍁Zawgyi (Final)

P - 42 🍁

348 27 17
By NandarMyintMoh

Zawgyi















"ကျွန်တော် ရှိပါတယ် "


"နဂိုကတည်းက "မြတ်​"ရဲ့ ဉီးဆောင်သူ မူးရစ်ရာဇာ လူ့အမှိုက် ဉီးကောင်းမြတ်နဲ့သူ့ရဲ့နောက်ဆက်တွဲနောက်ပါတွေကို ဖမ်းပြီးအပြစ်ပေးဖို့ ကျွန်တော့်ကိုအကူအညီတောင်းထားတာဆိုတော့ အခုကျွန်တော်က ဉီးဆောင်ပြီး Logoက လက်ရွေးစင်လူငယ်တွေကိုခေါ်သွားမယ်ဆိုရင် ကိုသက်နောင်လက်ခံနိုင်မလား"


"ရပါတယ် Zeusက ဉီးဆောင်လို့ရပါတယ်... ဒါဆို "မြတ်"ကို အမြစ်ဖြတ်ပြီး Dragonကိုပြန်ခေါ်လာဖို့Zeusကိုတာဝန်လွှဲအပ်ပါတယ် ၊ အကို ဒီကနေJoleနဲ့ တည်နေရာကိုသေချာစောင့်ကြည့်ထားပြီး လိုအပ်ရင်အကူအညီပေးနိုင်အောင်အဆင်သင့်ပြင်ထားလိုက်မယ် ၊ လိုအပ်တဲ့လက်နက်
Kristကိုပါခေါ်သွား"


Jacketရဲ့အတွင်းအိတ်ထဲတွင်ထည့်ထားသော သေနတ်နှစ်လက်ကိုစမ်းကြည့်ပြီး မထီပြုံးတစ်ချက်ပြုံးကာ Logoရဲ့လက်ရွေးစင်အထူးတပ်သားများကိုဉီးဆောင်ကာ ညီ ရှိနေသည့်နေရာသို့ ထွက်လာခဲ့တော့သည်။

🍁🍁🍁🍁🍁🍁🍁







"သြော်... "

"အင်း..နိုင်ငံ့ဝန်ထမ်းတွေကို ထိခိုက်စေမှုကြောင့်မင်းနဲ့အတူတောထဲမှာ ပုန်းခိုရတဲ့နောက်ထပ်Commandoက ဘယ်သူလဲ၊ မင်းကွာ.. သူ့လိုပဲပါးစပ်ပိတ်နေခဲ့ရမှာ ၊ မင်းအဲ့တဲထဲမှာ အဆင်ပြေပြနေခဲ့ရတယ်မလား၊ ဒါဆိုကျေးဇူးသိတတ်စွာနဲ့တွေ့တာတွေကိုမပြောပဲ နှုတ်ပိတ်နေခဲ့ရမှာကွ.."


"မေးလေ..



"သြော်..."



"​သြော် မင်းကGayလား... "








ကားအတွင်းစကားသံတြွေပန်လည်တိတ်ဆိတ်သွားပြီး မြို့အလယ်ခေါင်က ခြံဝန်းအကျယ်ကြီးနှင့်နန်းတော်သမျှကြီးမားပြီးခမ်းနားလှတဲ့ ၃ထပ်တိုက်ကြီးရဲ့ရှေ့မှာရပ်တန့်သွားသည်။

🍁🍁🍁🍁🍁🍁🍁

တစ်ဖွဲ့ ၄ယောက်စီအချက်ပြနေရာခွဲပေးလိုက်ပြီး သူကိုယ်တိုင်ကတော့ အိမ်ရှေ့တံခါးမကြီးဆီကိုသာဉီးတည်သွားလိုက်သည်။

"ဒုန်း!!!..."


"ဒိုင်း!!..ဒိုင်း...ဒိုင်း!!"

"ဒိုင်း...ဒိုင်း!!!







"မတွေ့ဘူးလားZeus!!.."


"ခဏစောင့် "




"Zeus!!.Zeus... ဒီအဆောက်အဉီးက ပြိုတော့မှာ၊ ဗုံးတပ်ထားခဲ့တယ် ငါတို့အမြန်ထွက်ရအောင်!!.."

Zeusကို အထူးတပ်သားတွေက ဆွဲခေါ်သွားပြီး အပေါက်ဝအရောက်မှာပင် ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ အဆောက်အဉီးတစ်ခုလုံးပြိုကျပျက်စီးသွားတော့သည်။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

*12.12.2021
*Nandar Myint Moh



Unicode

စိုးရိမ်ပူပန်မှုတွေနဲ့ရင်ထဲမွန်းကျပ်မှုတွေက တစ်ညတာသာကုန်ဆုံးသွားတယ် တစ်ရေးမှလဲမအိပ်ပျော်ခဲ့သလို ၊ စိတ်ပူပန်မှုတွေလဲလျော့မသွားခဲ့ဘူး ၊ ခွဲစိတ်ခန်းအတွင်းထဲမှာ သေမင်းနဲ့အပြိုင်အသက်လုနေရတဲ့မင်းထက်ကိုလဲစိတ်ပူတယ်၊
မနက်အစောကြီး မနေ့ကအဝတ်အစားပုံစံအတိုင်းညှိုးနွမ်းနေတဲ့ အားအင်ကုန်ခမ်းပြီးစိတ်ဓာတ်ကျသလိုဖြစ်နေတဲ့ ပုံစံနဲ့ အထဲကိုတစ်လှမ်းချင်းလှမ်းပြီးဝင်လာတဲ့ ကိုသက်နောင်ကိုမြင်လိုက်ရတော့ လုံးဝကိုပြိုလဲကျသွားမှာတောင်စိတ်ပူပန်နေခဲ့ရသည်။

"ကိုသက်နောင် မင်းထက်အဆင်ပြေတယ်မလား?"

အပြေးအလွှားအနားရောက်လာတဲ့မာန်ပြည့်ကိုသူဘာပြန်ပြောရမလဲ ၊ ခွဲစိတ်ခန်းမှာ နာရီပေါင်းများစွာကြာအောင် ခွဲစိတ်ပြီး နစ်ဝင်နေတဲ့ကျည်ဆံကိုခွဲထုပ်ပြီးတဲ့နောက် မင်းထက်က သွေးဆုံးရှုံးမှုများပြီး သွေးထွက်လွန်ကာ အသက်ရှုပါရပ်တန့်သွားလို့ဆရာဝန်တွေရော သူနာပြုတွေရောရောက်ရပ်ခတ်ကုန်ကာ အသက်ကိုပြန်ကယ်ထားရသည်တဲ့ ၊ ဝမ်းဗိုက်ပိုင်းကိုထိမှန်တာဖြစ်ပြီး အရေးကြီးသည့်အင်္ဂါအစိတ်အပိုင်းတွေကိုမထိခိုက်သွားတာကြောင့် အသက်အန္တရာယ်မစိုးရိမ်ရပေမယ့်ဒီကြားထဲမှာ အခြေအနေတွေက စောင့်ကြည့်နေရမည့်အနေအထားဖြစ်သည်။

မင်းထက် သူတို့Logoရဲ့Commando Kelvin နဲ့Dragon က အခုအခြေအနေတွေနဲ့ကြုံတွေ့နေရသည့်အတွက် ခေါင်းဆောင်တစ်ယောက်အနေနဲ့လဲ သူ့တာဝန်မကျေသလိုခံစားရသည်။

"အင်း..ပြေပါတယ် အခုထိတော့... "

ပြေပါတယ်လို့ပြောနေတဲ့ကိုသက်နောင်ရဲ့မျက်နှာအသွင်အပြင်က အဆင်မပြေကြောင်းပြနေတာကို သူနားလည်တယ် ၊ ပြန်ဖြေတဲ့စကားက ဘာစကားလဲ...အခုချိန်ထိတော့အဆင်ပြေပါတယ်တဲ့....

"အခုထိတော့ဆိုတာက ဘာစကားလဲ!!..မင်းထက်က ခွဲစိတ်မှုအောင်မြင်တယ်မဟုတ်ဘူးလား!!..ဒါဆို အဆင်ပြေတယ်လေ "

ဒေါသထွက်ခဲတဲ့ မာန်ပြည့် ၊ အမြဲတမ်းစိတ်သဘောထားဖြူစင်ပြီး နားလည်ခွင့်လွှတ်ပေးတတ်ပြီး သည်းခံတတ်တဲ့မာန်ပြည့်က အခုအချိန်မှာတော့ ခေါင်းဆောင်ဖြစ်ပြီးအသက်အရွယ်ကြီးသည့် ကိုသက်နောင်ကိုပါ အော်ဟစ်ပြောဆိုနေသည်က သူ့ညီငယ်တွေအပေါ်စိုးရိမ်ပူပန်မှုကြောင့်သာ ဖြစ်သည်။

"မာန်.. စိတ်လျှော့အုံးလေ.. ကိုသက်နောင်လဲအရမ်းပင်ပန်းလာတယ်၊ခဏနေရင် ညီစေ့ဆီကိုသွားဖို့ပြင်ဆင်ရအုံးမယ်မလား..ကိုသက်နောင်လဲပင်ပန်းနေရှာပါပြီ "

ကိုသက်နောင်နဲ့အတူပြန်လာတဲ့Kristက အနားကိုအလျှင်အမြန်ရောက်လာပြီး စိတ်လျှော့ဖို့ နားချရသည်။ သူလဲတစ်ညလုံး စိတ်ပူပန်မှုတွေနဲ့ ကုန်ဆုံးခဲ့ရတာ ..အခုမှ မင်းထက်ကို ကိုကြီးအောင်တို့နဲ့ ခဏထားခဲ့ပြီး ညီစေ့အတွက် လုပ်စရာရှိတာလုပ်ရအောင် ပြန်လာခဲ့တာဖြစ်သည်။

" ကျွန်တော် စိတ်ပူပြီးအမှားလုပ်မိသွားတယ် တောင်းပန်ပါတယ် ကိုသက်နောင်... "

"ရပါတယ် အကိုနားလည်ပါတယ်.. Kelvinကိုစိတ်ပူရတာရော Dragonရဲ့တည်နေရာကိုရှာရတာနဲ့ မင်းလဲပင်ပန်းနေမှာအကိုသိပါတယ်၊KelvinကိုMale Nurseလဲငှားပေးခဲ့ပြီး ငအောင်နဲ့သူ့Babyက အနီးကပ်ပြုစုနေခဲ့ပါတယ် ၊ Dragonအတွက်ကိုပဲ Zeusကိုသေချာလေးကူညီပေးလိုက်ပါအုံး "

"ဟုတ် ကိုသက်နောင်သွားနားလိုက်ပါအုံးဗျ"

"ကိုယ်မနားတော့ဘူး Zeusနဲ့ တိုင်ပင်ရအုံးမှာမလို့ Zeusကော..."

"ကျွန်တော် ရှိပါတယ် "

လေ့ကျင့်ရေးသင်တန်းပေးတဲ့အခန်းထဲကနေ ထွက်လာတဲ့ Zeusရဲ့အနောက်မှာ Logoရဲ့ လက်ရွေးစင်Commando တွေလိုက်ပါလာပြီးအခန်းထဲကထွက်လာကြသည်။
တစ်ညလုံးတစ်ရေးမှအိပ်မထားသည့်ပုံ မျက်နှာက ညှိုးနွမ်းပြီး စူးရဲထက်မြတ်လှတဲ့မျက်လုံးတွေဟာလဲ အညိုဘက်သမ်းနေကာ စိတ်ဓာတ်ကျနေတဲ့ပုံပေါ်ပေမယ့် သူ့ရဲ့ အရှိန်အဝါနဲ့ ရဲရင့်သန်မာမှု၊ ထက်မြတ်ပြတ်သားမှုတွေကတော့ ကျန်ရှိနေဆဲဖြစ်သည်။

"နဂိုကတည်းက "မြတ်​"ရဲ့ ဦးဆောင်သူ မူးရစ်ရာဇာ လူ့အမှိုက် ဦးကောင်းမြတ်နဲ့သူ့ရဲ့နောက်ဆက်တွဲနောက်ပါတွေကို ဖမ်းပြီးအပြစ်ပေးဖို့ ကျွန်တော့်ကိုအကူအညီတောင်းထားတာဆိုတော့ အခုကျွန်တော်က ဦးဆောင်ပြီး Logoက လက်ရွေးစင်လူငယ်တွေကိုခေါ်သွားမယ်ဆိုရင် ကိုသက်နောင်လက်ခံနိုင်မလား"

ပြတ်သားစွာ ရဲရင့်တည်ငြိမ်စွာပြောဆိုလာတဲ့Zeusက သူ့ရဲ့အရှိန်အဝါကိုပါတစ်ခါတည်းထပ်ပေါင်းပြီး ချည်ပြီးတုပ်ပြီးပြောတတ်ပြန်သည်။

"ရပါတယ် Zeusက ဦးဆောင်လို့ရပါတယ်... ဒါဆို "မြတ်"ကို အမြစ်ဖြတ်ပြီး Dragonကိုပြန်ခေါ်လာဖို့Zeusကိုတာဝန်လွှဲအပ်ပါတယ် ၊ အကို ဒီကနေJoleနဲ့ တည်နေရာကိုသေချာစောင့်ကြည့်ထားပြီး လိုအပ်ရင်အကူအညီပေးနိုင်အောင်အဆင်သင့်ပြင်ထားလိုက်မယ် ၊ လိုအပ်တဲ့လက်နက်
အစုံအလင်ကိုအလုံအလောက်ယူသွား
Kristကိုပါခေါ်သွား"

"ကျေးဇူးပါ ညီ့ကို ထိခိုက်မှုကင်းကင်းနဲ့ပြန်ခေါ်လာပါ့မယ် "

အနက်ရောင်ဆွေးဆွေးအထက်အောက်ကို Leather jacket အနက်ရောင်ထပ်ဝတ်ထားတဲ့Zeusက အနက်ရောင်လူသတ်မိစ္ဆာအလား စူးရဲသည့်အကြည့်တွေကအစ တစ်ဖက်လူကို ကြောက်ရွံထိတ်လန့်စေသည်။
Jacketရဲ့အတွင်းအိတ်ထဲတွင်ထည့်ထားသော သေနတ်နှစ်လက်ကိုစမ်းကြည့်ပြီး မထီပြုံးတစ်ချက်ပြုံးကာ Logoရဲ့လက်ရွေးစင်အထူးတပ်သားများကိုဦးဆောင်ကာ ညီ ရှိနေသည့်နေရာသို့ ထွက်လာခဲ့တော့သည်။

🍁🍁🍁🍁🍁🍁🍁

"ကဲ... သူ့ကိုငါ့ကားပေါ်ပဲတင်လိုက်... မျက်လုံးကိုလဲစည်းထား ၊ တစ်ကိုယ်လုံးလဲ ကြိုးနဲ့တုပ်ထားလိုက် သွားမယ်ဒီနေ့ဒီအကောင်ကိုသေမင်းနဲ့တွေ့ပေးမယ်"

"အဟက်!!..ကြောက်တတ်လိုက်တာလွန်ရောပါလား ထက်မြတ်ရ၊ ငါ့ကိုသေမင်းဆီပို့ဖို့လား ၊ မကြာခင် လူသတ်နတ်ဘုရား ရောက်လာပြီးမင်းကို သေမင်းဆီပို့ပေးလိမ့်မယ်"

"အကြောက်လွန်ပြီး ကယောက်ကခြားတွေလျှောက်ပြောနေတာပဲ... ပြောပါ ပြောပါ ငါကပြောခွင့်ပေးပါတယ်"

မျက်လုံးကို အဝတ်စအမည်းနဲ့ပိတ်စည်းလိုက်ပြီး လက်တွေ၊ခြေထောက်တွေကိုပါ ကြိုးနဲ့တုပ်ထားပြီး ထက်မြတ်ကသူစီးသည့်ကားရဲ့အနောက်ခန်းမှာတင် သူ့ဘေးမှာထိုင်စေလိုက်သည်။

"ဒါနဲ့... မင်းတောင်းဆိုထားတဲ့ဟာ ငါဘယ်လိုလုပ်ပေးရမလဲ"

"ဟားဟား..မလိုတော့ဘူးလေ အခုငါကမင်းကိုနောက်တစ်နေရာပို့မှာ... မင်းရဲ့ကောင်တွေမင်းကိုရှာမတွေ့စေရဘူး ၊ ပြီးတော့ မင်းမကြာခင် ငါ့အဖေကိုတွေ့ရတော့မှာလေ"

"သြော်... "

"အင်း..နိုင်ငံ့ဝန်ထမ်းတွေကို ထိခိုက်စေမှုကြောင့်မင်းနဲ့အတူတောထဲမှာ ပုန်းခိုရတဲ့နောက်ထပ်Commandoက ဘယ်သူလဲ၊ မင်းကွာ.. သူ့လိုပဲပါးစပ်ပိတ်နေခဲ့ရမှာ ၊ မင်းအဲ့တဲထဲမှာ အဆင်ပြေပြေနေခဲ့ရတယ်မလား၊ ဒါဆိုကျေးဇူးသိတတ်စွာနဲ့တွေ့တာတွေကိုမပြောပဲ နှုတ်ပိတ်နေခဲ့ရမှာကွ.."

"ငါတို့လား?.. အင်း..အဆင်ပြေခဲ့ပါတယ် ၊ဆေးပစ္စည်းအစုံအလင်ရော ၊အစားအစာရောရှိပြီး နေစရာတစ်ခုလဲရခဲ့တယ်၊ ချစ်သူကိုလဲပွင့်လင်းစွာ
ရင်ဖွင့်နိုင်ခဲ့တယ်လေ ကျေးဇူးပါကွာ..မေးချင်တာတော့ရှိတယ် မေးလို့ရမလား..."

"မေးလေ..

"ဘာလို့အဲ့လိုနယ်စပ်မှာအဲ့ဒါတွေထားတာလဲ "

"ဟော... နယ်စပ်လေ တရားမဝင်အလုပ်တွေလုပ်မှတော့ အတိုက်အခိုက်ရော ခိုလှုံစရာနေရာကော ၊စားစရာပါထားရတာပေါ့... "

"သြော်..."

"နောက်ထပ်တစ်ယောက်က ဘယ်သူလဲ မင်းရဲ့အချစ်ကိုလဲရှာတွေ့တယ်ဆိုတော့ အဲ့တဲနားတစ်ဝိုက်ဘယ်သူမှမရှိပါဘူး "

"အဲ့နောက်တစ်ယောက်က ငါ့အချစ်ပေါ့ကွ!!"

"​သြော် မင်းကGayလား... "

"အင်း...Gayပေမယ့်အချစ်ကတော့ သူတစ်ယောက်တည်းအတွက်ပါ.. "

မျက်လုံးကိုပိတ်စည်းထားပေမယ့်ပါးစပ်ကိုအလွတ်ထားထားတာက သူနဲ့စကားတွေပြောပြီး ခရီးဆက်ချင်သောကြောင့်ဖြစ်မည်။ ဒီလိုစကားပြောကြည့်တော့လဲ ထက်မြတ်ကရိုင်းစိုင်းတဲ့ကောင်လေးတစ်ယောက်မဟုတ်မှန်းသိသာရပါသည်။

မင်းတစ်ယောက်တည်းအတွက်Gayတာပါလို့ အမြဲပြောတတ်တဲ့ တစ်စုံတစ်ယောက်ကိုသတိရသွားမိတာကြောင့်ခဏတာတိတ်ဆိတ်သွားရသည်။ ကိုရာပြည့်လဲအမြဲအဲ့လိုပြောခဲ့တာ၊ သူ့အချစ်ကတစ်ကယ်မှစစ်ရဲ့လား ၊ စနောက်ချင်လို့ပြောတယ်လို့ပဲ ထက်မြတ်ကအမြဲသတ်မှတ်ခဲ့တာ ၊ အခု သူတို့လိုယောကျာ်းချင်းသဘောကျတတ်တဲ့လူရဲ့ စကားတစ်ခွန်းက သူ့နှလုံးသားကိုလှုပ်ခတ်စေသည်။
ဒီကိစ္စတွေပြီးသွားရင်တော့ သူလဲအချစ်ကို ပွင့်လင်းပြချင်သေးတယ်....

"မြို့ထဲကိုသွားနေတာပဲ..."

"ဘာ!!..မင်းကိုမျက်လုံးစည်းထားတယ်လေ မင်းကဘယ်လိုသိတာလဲ"

"ငါ့နားအကောင်းကြီးရှိသေးတယ်၊"

"မင်းကို နားကော ပါးစပ်ကောပိတ်ထားခဲ့ရမှာ"

ကားအတွင်းစကားသံတွေပြန်လည်တိတ်ဆိတ်သွားပြီး မြို့အလယ်ခေါင်က ခြံဝန်းအကျယ်ကြီးနှင့်နန်းတော်သမျှကြီးမားပြီးခမ်းနားလှတဲ့ ၃ထပ်တိုက်ကြီးရဲ့ရှေ့မှာရပ်တန့်သွားသည်။

🍁🍁🍁🍁🍁🍁🍁

ညီ ရှိနေတဲ့မြို့ပြင်က အိမ်ကို သူတို့အဖွဲ့ရောက်လာတော့ အပြင်ဘက်ကနေသာ အခြေအနေအရပ်ရပ်ကို လေ့လာကြည့်လိုက်တော့ အထဲမှာ လူအယောက်၂၀လောက်သာရှိပြီး လက်နက်ကိုယ်စီလဲကိုင်ဆောင်ထားကြသည်။
ဒီလူ ၂၀လောက်ကို သူတို့အသာလေး ဖြတ်ကျော်ပြစ်လို့ရတာပေါ့...
တစ်ဖွဲ့ ၄ယောက်စီအချက်ပြနေရာခွဲပေးလိုက်ပြီး သူကိုယ်တိုင်ကတော့ အိမ်ရှေ့တံခါးမကြီးဆီကိုသာဦးတည်သွားလိုက်သည်။

"ဒုန်း!!!..."

Zeusက အိမ်ရှေ့တံခါးမကြီးကို ခြေထောက်နဲ့အားအကုန်ပိတ်ကန်လွှတ်လိုက်ပြီး အခန်းတွင်းနေရာအနှံ့ သေနတ်နဲ့ ပြစ်လွှတ်ပြစ်လိုက်သည်။

"ဒိုင်း!!..ဒိုင်း...ဒိုင်း!!"

"ဒိုင်း...ဒိုင်း!!!

ဧည့်ခန်းထဲရှိ အစောင့် ၅ယောက်လောက် အတုံးအရုံးလဲကျသွားသည်နှင့် စက္ကန့်ပိုင်းအတွင်း တစ်အိမ်လုံးမှသေနတ်သံတွေ ညံစီသွားသည်။
လူအသောက် ၂၀ကိုခဏလေးအတွင်း သေမင်းဆီပို့ပေးလိုက်ပြီးတစ်ခန်းဝင်တစ်ခန်းထွက် ညီ့ကိုလိုက်ရှာပေမယ့် ဘယ်အခန်းမှာမှရှာမတွေ့တော့..

"အခန်းစုံကြည့်ပြီးပါပြီ Zeus, Dragonကိုဘယ်အခန်းမှာမှမတွေ့ခဲ့ပါဘူး "

"မြေအောက်ခန်း ရှိလားရှာကြည့်!!"

"မြေအောက်ခန်းလိုအခန်းမျိုးမတွေ့ပါဘူး "

"ဒါဆို... ငါတို့ခြေတစ်လှမ်းနောက်ကျသွားပြန်ပြီလား... "

အလျှင်အမြန်ပဲ လက်မှာပတ်ထားတဲ့ဆက်သွယ်ရေးကိရိယာကိုနှိပ်လိုက်တော့ ကိုသက်နောင်ရဲ့အသံထွက်လာသည်။Zeusတို့ထွက်လာကတည်းက ကိုသက်နောင်က သူတို့ကိုဖန်သားစခရင်မှစောင့်ကြည့်နေတာဖြစ်သည်။

"မတေွ့ဘူးလားZeus!!.."

"ညီ့ ရဲ့ခြေရာခံစက် ကိုခြေရာခံကြည့်ပေးပါ"

"ခဏစောင့် "

Joleကို ညွှန်ကြားနေသည့်အသံတွေကြားရပြီးခဏအကြာ ကိုသက်နောင်ဆီမှ စိတ်အလိုမကျသလိုအသံထွက်လာသည်။

"Dragon ရဲ့ခြေရာခံစက်က မနေ့က လမ်းမှာကျနေခဲ့တယ်ထင်တယ် တည်နေရာက အဲ့ဒီကိုပြနေတယ် "

"ဟာ!!ဒါဆို ညီ့ကို ဘယ်လိုရှာရမလဲ"

"Zeus!!.Zeus... ဒီအဆောက်အဦးက ပြိုတော့မှာ၊ ဗုံးတပ်ထားခဲ့တယ် ငါတို့အမြန်ထွက်ရအောင်!!.."

Zeusကို အထူးတပ်သားတွေက ဆွဲခေါ်သွားပြီး အပေါက်ဝအရောက်မှာပင် ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ အဆောက်အဦးတစ်ခုလုံးပြိုကျပျက်စီးသွားတော့သည်။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

*12.12.2021
*Nandar Myint Moh

I really want your Feedback and Voting💙

(A/N  12 ရက် 12လမှာ Commando ficလေး 12kပြည့်အနေနဲ့  2 ပိုင်း upပေးတာပါ 💜)






Continue Reading

You'll Also Like

38M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...