Commando🍁(Complete)

NandarMyintMoh द्वारा

38.1K 3K 276

Zawgyi~ #Seke &Seke -ဘုန္းဆက္ရိွန္ဝါ (Zeus) -ညီေစမင္းေသာ္(Dragon) ဤဇာတ္လမ္းပါအေၾကာင္းအရာမ်ားသည္စာေရးသူ၏စိတ္... अधिक

Author Content
P - 1🍁
P - 2🍁
P - 3🍁
M /P - 4🍁
P - 5🍁
P - 6🍁
P - 7🍁
P - 8🍁
P - 9🍁
P - 10🍁
P - 11🍁
P - 12🍁
P - 13🍁
P - 14🍁
P - 15🍁
P - 16🍁
P - 17🍁
P - 18🍁
P - 19🍁
P - 20🍁
M/ P - 21🍁
P - 22🍁
R 🚨 /P - 23🍁
P - 24🍁
P - 25🍁
M / P - 26🍁
P - 27 🍁
Not Update🍀တောင်းပန်စာ
P - 28🍁
R🚨 / P - 29 🍁
R🚨/ P - 30🍁
P - 31🍁
P - 32 🍁
P - 33🍁
P - 34🍁
P - 35🍁
P -36🍁 {Zawgyi}
P - 36🍁{Unicode}
M/ P - 37🍁
P - 38🍁
10k Goal...
P - 39 🍁
P - 40 🍁
P - 42 🍁
P - 43 🍁
P - 44 🍁
P - 45 🍁
P - 46 🍁
P - 47 🍁Unicode -(Final)
P - 47🍁Zawgyi (Final)

P - 41🍁

265 23 4
NandarMyintMoh द्वारा


Zawgyi

"ကိုဘုန္းဆက္ ရၿပီဗ် "

Laptopစခရင္ေပၚက တည္ေနရာျပအမွတ္အသားအတိုင္း ဖန္သားစခရင္ေပၚတြင္အတိုင္းသားေပၚေနသည္။ပိုႀကီးၿပီး တီထြင္စမ္းသပ္မႈျမင့္ေသာ စခရင္ႏွင့္ေပါင္းစပ္ေဖာ္ျပထားေတာ့ တည္ေနရာျပအမွတ္အသားကဘယ္ေနရာေရာက္ေနသည္ဆိုတာကို တိတိက်က်ေဖာ္ျပထားႏိုင္ယံုသာမက ေရာက္ေနသည့္ေနရာ၏ အေဆာက္အၪီး ၊ ထိုေနရာ၏ ရာသီဥတုအ​ေျခ​အေန၊ေဘးပတ္ဝန္းက်င္အေနအထားကိုပါရွင္းရွင္းလင္းလင္းေတြ့ႏိုင္သည္။
ၿမိဳ႔အစြန္က်က်အေဆာက္အအံုမွာသာ ရပ္တန္႔သြားေတာ့ ဘုန္းဆက္ရိွန္ဝါ ေခၚ Zeusရဲ့မ်က္ႏွာမွာ ခနဲ႔ၿပံဳးတစ္ခ်က္ၿပံဳးလိုက္ရင္း ...

"အထက္လူႀကီးဆီမေရာက္ေသးဘူးပဲ "

"ဟမ္ ကိုဘုန္းဆက္ ဘာေျပာလိုက္တာလဲဗ်"

"ညီ ကအခု အႏၲရာယ္ကင္းပါတယ္...

"ဟုတ္.. ညီေစက Logo ရဲ့အထူးတပ္သားေလ.. သူကအၿမဲတမ္းအႏၲရာယ္ကင္းေနမွာ "

"ဟုတ္တာေပါ့..

သန္မာတဲ့ေယာက်ာ္းတစ္ေယာက္ရဲ့မ်က္ရည္ကို မက်မိေအာင္ ထိန္းထားရတဲ့ ပံုစံကဒီေလာက္အထိ နာက်င္ေၾကကြဲစရာေကာင္းပါလားဆိုတာ ကိုဘုန္းဆက္နဲ႔ေတြ့မွသာ ခံစားဖူးေတာ့သည္။
ညီေစ့အတြက္ အခ်စ္စစ္ေတြကို ကိုဘုန္းဆက္ကေပးႏိုင္မွာ အေသအခ်ာပါပဲ ၊

"ကိုဘုန္းဆက္ ညီ​ေစဘယ္မွာရိွလဲဆိုတာ ေနရာလဲသိေနရတာပဲ..မနက္ကိုသင္ေနာင္တို႔ျပန္ေရာက္လာရင္ စီစဥ္စရာရိွတာ စီစဥ္ၿပီးအဲ့ေနရာကိုသြားၿပီး ညီေစ့ကိုျပန္ေခၚလာမယ္၊ "ျမတ္"လုပ္ငန္းစုေကာ ၪီးေကာင္းျမတ္ကိုေရာ အျမစ္ျဖတ္ျပစ္မယ္... အခုေတာ့ နားလိုက္ပါအံုး ဟိုဘက္အခန္းက ကြၽန္ေတာ္တို႔အဖြဲ႔ရဲ့နားေနခန္းပါ ၊ ညီေစ့ရဲ့အဝတ္ေတြလဲ Localထဲမွာရိွတာမလို႔ လဲၿပီးနားလိုက္ပါအံုး..."

"မင္းထက္... အဆင္ေျပမွာပါေနာ္ "

ေကာက္ခါငင္ခါ မင္းထက္ကိုစိတ္ပူၿပီးေမးလာေတာ့ မာန္ျပည့္ခဏေတာ့ ေၾကာင္အ သြားရသည္။ခြဲစိတ္ခန္းထဲေရာက္ေနရွာတဲ့ မင္းထက္အတြက္ရင္ထဲေလးလံသြားရျပန္သည္။

"သူ ...အဆင္ေျပမွာပါ "

မာန္ျပည့္ရင္ထဲမွာ ေနလိုမီးလိုပူေလာင္ေနတာ သူသာအသိဆံုး၊ သူ႔ရဲ့ ညီေလးေတြ...တစ္ေယာက္က ရန္သူ႔လက္ထဲမွာ ၊
တစ္ေယာက္ကေတာ့ အေရးေပၚခြဲစိတ္ခန္းထဲမွာ ေသမင္းနဲ႔ရင္ဆိုင္ေနရတယ္ ၊
ဘယ္ေနရာမွာ ဘယ္သူေတြနဲ႔ရိွေနတယ္ဆိုတာ သိေနတာေတာင္မွာ သူ႔အေနနဲ႔ ဘာမွမလုပ္ႏိုင္ဘူး၊ကိုဘုန္းဆက္ကိုသာ ခ်က္ခ်င္းဘာကိုမွမဆံုးျဖတ္ျပစ္ေအာင္ ႏွစ္သိမ့္ေပးေနေပမယ့္ တစ္ကယ္ေတာ့ သူလို ညီအကိုသံေယာဇဥ္၊သူငယ္ခ်င္းသံေယာဇဥ္နဲ႔ ခ်စ္ခင္ရတဲ့သူေတာင္ ဒီေလာက္ဆိုး
ရိမ္ေနရလ်ွင္ ၊ အသက္ဝိဉာဥ္လို ခ်စ္ခင္ျမတ္ႏိုးရတဲ့ခ်စ္သူဆိုလ်ွင္ ဘယ္ေလာက္မ်ားနာက်င္ေနလိမ့္မလဲ၊စိုးရိမ္ေနလိမ့္မလဲ၊

🍁🍁🍁🍁🍁🍁🍁

"အဲ့ေကာင္ကို စတိုခန္းမွာ ေသေသခ်ာခ်ာႀကိဳးတုပ္ထားလိုက္"

"သခင္ေလး သခင္ႀကီးဆီကဖုန္းလာပါတယ္ "

"အဟက္!..Hello Daddy သားကိုေတာ္လို႔ခ်ီးက်ူးဖို႔ျပင္ဆင္ၿပီးၿပီလား?"

"အဟားဟား....ငါ့အကုန္သိၿပီးပါၿပီ ၊မင္းက ငါ့သားလို႔မေျပာရဘူး သိပ္ေတာ္တယ္.. ဒါေပမယ့္ ဘာလို႔ဒီည ခ်က္ခ်င္းေခၚမလာတာလဲ လမ္းမွာျဖတ္တိုက္ခံရလို႔ ပါမလာဘူးလို႔ေျပာမလို႔လား"

"ဟားဟား..Daddy က "ျမတ္"ဆိုတဲ့မေကာင္းဆိုးဝါးလုပ္ငန္းစုႀကီးတစ္ခုလံုးရဲ့ အရွင္သခင္ ၪီးေကာင္းျမတ္ဆိုတာ ဘယ္လိုျဖစ္လာတာလဲသိခ်င္မိသြားၿပီ.. ဟားဟား...Daddyက လက္ရဲဇက္ရဲနဲ႔လူသတ္ရဲလို႔သာပဲ ၊ တစ္ကယ္ေတာ့Daddyၪီးေနွာက္ကအခြံသက္သက္ပဲ!!"

"ဘာကြ!!..ထက္ျမတ္ မင္းငါ့ကိုေစာ္ကားတာမ်ားေနၿပီေနာ္ မင္းကငါေမြးထားတဲ့သား ငါသတ္ရင္ေသရမယ့္ေကာင္ဆိုတာမေမ့နဲ႔"

"ေဟာ စိတ္ေလ်ွာ့ စိတ္ေလ်ွာ့... ကြၽန္ေတာ္ကမေစာ္ကားပါဘူးဗ်ာ ၊သိတယ္မလား စကားမတတ္ရင္ဆဲသလိုပဲတဲ့ ၊ အခု ကြၽန္ေတာ့္လက္ထဲေရာက္ေနတာ ညီေစမင္းေသာ္မဟုတ္ဘူး"

"ဘာ!!..ညီေစမင္းေသာ္ ကိုေခၚခိုင္းတာ ညီေစမင္းေသာ္ပါမလာပဲ ဘယ္ႏြားကိုမင္းက ေခၚလာၿပီး ငါ့ဆီကဆုခ်တာလိုခ်င္ေနတာလဲ မင္းမွာအသက္အပိုပါေနတာလား!!..."

ဟိန္းကနဲထြက္ေပၚလာတဲ့အသံၾသၾသႀကီးေၾကာင့္ မ်က္ႏွာကိုရႈံ႔မဲ့ကာ ဖုန္းနဲ႔နားကိုအလ်ွင္အျမန္ခြာလိုက္ရသည္။ သူက Daddyရဲ့အေဝးမွာမလို႔သာေျပာရဲတာ၊ Daddyက သားရယ္လို႔ၫွာတာေနမွာမ်ိဳးမဟုတ္ဘူး"

"တစ္ကယ္ေတာ့ ကြၽန္ေတာ့္ဆီမွာရိွေနတာက Commandoလို႔ေျပာလိုက္တာနဲ႔ ရာဇဝတ္သားေတြ ဖိတ္ဖိတ္တုန္ေအာင္ေၾကာက္ရတဲ့ Logoရဲ့ Special Special အထူးတပ္သား Commando Dragon!!!"

"ဘာ!!..ညီ ညီေစမင္းေသာ္က Commando Dragonဟုတ္လား!!

"သိပ္ဟုတ္တာ "

"အဟား...ေကာင္းတာေပါ့ အႏုတ္စုတ္ဂုတ္စုတ္Commandoေလးထင္ေနတာ လက္စသတ္ေတာ့ Dragonျဖစ္ေနတာကိုး...ဟားဟား..အဲ့အေကာင္ကို ငါ့လိုျမင့္ျမတ္လွတဲ့ "ျမတ္"ရဲ့အရွင္သခင္ ေကာင္းျမတ္က ေကာင္းေကာင္းႀကီး သတ္ေပးမွာမလို႔ အခုခ်က္ခ်င္း ငါ့အိမ္ကိုေခၚလာခဲ့"

"Daddy Daddy..ကြၽတ္ ကြၽတ္!! ကြၽန္ေတာ္ေျပာေတာ့ မႀကိဳက္ဘူး ၊ ကိုယ္တိုင္လဲမသိဘူး ၊ Dragonလို လူမ်ိဳးကိုဖမ္းလာခဲ့တာကို Logoက လူေတြကဒီတိုင္းလႊတ္ေပးလိမ့္မယ္လို႔မ်ားDaddyထင္ေနတာလား..Locationဆိုတဲ့ တည္ေနရာျပေျမပံုေတြေပၚေပါက္ေနတဲ့ေခတ္မွာေလ... အခုေလာက္ဆိုရင္ Dragonဘယ္မွာရိွၿပီး ၊ဘယ္အခန္း ဘယ္ေနရာမွာ ဘယ္လိုဖမ္းခ်ဳပ္ထားလဲဆိုတာပါ သူတို႔ကသိေနေလာက္ၿပီဗ်...

"ဒါဆို...

"ဟုတ္တယ္ အဲ့ဒါေၾကာင့္ လွည့္ကြက္ေလးသံုးျပလိုက္တာ "

"ဘယ္ကိုလာခဲ့ရမွာလဲ"

"အာ..Daddyရ အခုမဟုတ္ဘူး၊ မနက္မွ ဘယ္လဲဆိုေတာ့..... Daddyက ကြၽန္ေတာ့္ကိုတစ္စက္ကေလးမွ ဂရုမစိုက္ဘူးေနာ္"

"ဘာကို.."

"Commando Dragonလိုလူမ်ိဳးကို ေဟ့ေရာင္မင္းငါနဲ႔လိုက္ခဲ့ဆိုၿပီး အသာတၾကည္ေခၚလာတာ မဟုတ္သလို သူကလဲအသာတၾကည္လိုက္လာတာမဟုတ္ဘူးဗ်!!တိုက္ခိုက္ခဲ့ရတယ္၊ အခု ကြၽန္ေတာ့္ရဲ့ ဘယ္ေနရာကနာတယ္လို႔ေျပာလို႔မရေအာင္ကို တစ္ကိုယ္လံုးနာက်င္ကိုက္ခဲေနတယ္... "

"ေဆးေသာက္ေပါ့ကြ!!..မင္းခႏၶာကိုယ္ကနာတာ ငါမသိဘူး ၊ အဲ့ေတာ့ကိုယ့္ဘာသာေဆးေသာက္ ကေလးလဲမဟုတ္ပဲ"

"ဟုတ္ပါၿပီ ၪီးေကာင္းျမတ္ ဒါဆို ဖုန္းခ်ေတာ့မယ္"

"မနက္ဘယ္ကိုလာရမွာလဲ!!"

"အာ... ေသခ်ာေပါက္ "ျမတ္"အိမ္ေတာ္ရာကိုေပါ့.. Daddyရဲ့ပိုင္ဆိုင္မႈေတြကိုျပဳတ္ေအာင္ ဒုကၡေပးတဲ့ေကာင္ကို အဲ့အိမ္မွာပဲအဆံုးသတ္ေပးရမွာေပါ့"

"သိပ္မွန္တယ္"

ခႏၶာကိုယ္ရဲ့ဟိုနားဒီနား နာက်င္ေနမႈေတြကို လက္ေအာက္ငယ္သားတစ္ေယာက္ကိုသာေဆးလိမ္းခိုင္းလိုက္ၿပီး Commando Dragonကိုထားထားတဲ့ အခန္းထဲကိုဝင္ခဲ့လိုက္သည္။
ေခါင္းကိုသံတုတ္နဲ႔တစ္ခ်က္ျဖတ္ရိုက္ထားေတာ့ အနည္းငယ္ကြဲသြားတယ္ထင္ပ ၊ မ်က္ႏွာေပၚထိျဖတ္စီးက်ေနတဲ့ေသြးေတြက ျမင္လို႔မေကာင္းလွေပမယ့္ ဒီေကာင့္ရဲ့ေခ်ာေမာမႈကိုေတာ့ေလ်ာ့မသြားေသးဘူး ၊ ေခ်ာေမာ ခန္႔ညားေနဆဲပဲ..
ဝတ္ဆင္ထားတဲ့အျဖဴေရာင္ဝမ္းဆက္က ေသြးအနီရဲရဲဟိုတစ္ကြက္ဒီတစ္ကြက္နဲ႔ဆိုေတာ့ သိပ္ၿပီးပနံရစြာ လွပေနျပန္သည္။
Dragon ဆိုတာ ဘယ္လိုလူမ်ိဳးလဲ သူသိတာေပါ့..

"ေဟ့ေရာင္!! ထစမ္း "

"မင္းေမ-ိုးပဲ!! မင္းဘာသာ ေမ့ေဆးသံုးထားၿပီး ခုမွဘာလို႔လာႏိႈးေနတာလဲ"

ေခါင္းက ဒဏ္ရာေပၚကိုတစ္ခ်က္ရိုက္ခ်ၿပီးႏိႈးလိုက္တာေၾကာင့္ လူကဆတ္ခနဲႏိုးသြားၿပီး အေျခအေနအရပ္ရပ္ကိုတစ္ခ်က္ၾကည့္လိုက္တာနဲ႔သေဘာေပါက္သည္။
ခံုေပၚမွာ ထိုင္လ်က္သား ႀကိဳးတုပ္ထားၿပီး ေဘးအနားတစ္ဝိုက္မွာပါ လ်ွပ္စစ္ႀကိဳးေတြသြယ္တန္းထားသည္။

ေမ့ေဆးအရိွန္မပ်ယ္ေသးလို႔ ေခါင္းကို
ခါရမ္းၾကည့္ၿပီး မ်က္လံုးကိုအျမင္ၾကည္ေအာင္ လုပ္ကာ မ်က္ႏွာေမာ့လာၿပီး ထက္ျမတ္ကိုစကားေျပာလာပံုက မာန္ဖီေနတဲ့က်ားတစ္ေကာင္အလား ေၾကာက္မတ္ဖြယ္ေကာင္းေနဆဲ ၊ ျမင္ရသူကိုရိွန္ေစသည္။
ေခ်ာေမာခန္႔ညားတဲ့မ်က္ႏွာမွ စူးရဲၿပီးဆံုးျဖတ္ခ်က္ျပတ္သားလွတဲ့ မ်က္လံုးအၾကည့္ေတြ၊ႏႈတ္ခမ္းကိုတင္းတင္းေစ့ထားတဲ့အတြက္ အခ်ိဳးအဆစ္လွပ ခိုင္မာတဲ့ေမးရိုးထင္းထင္းႀကီးကလဲ တည္ၾကည္တဲ့ေယာက်ာ္းအသြင္ေဆာင္က်ဥ္းေပးသည္။

'ဒီေကာင္!...ကြၽတ္စ္!!အျမင္ကပ္စရာေကာင္းေလာက္ေအာင္ တစ္ကယ္ေခ်ာတာပဲ...´

"Dragon.."

"ေၾသာ မင္းကငါ့ကိုသိသြားၿပီပဲ"

ေျပာင္းလဲသြားျခင္းမရိွ ၊ တည္ၾကည္စြာပဲျပန္လည္တံု႔ျပန္လာပံုက ဘယ္အရာကမွသူ႔ကိုစိုးထိတ္မႈမျဖစ္ေစသည့္အသြင္... တစ္ကယ္ဆို Commando Dragonဆိုရင္ ရာဇဝတ္သားတိုင္း၊မေကာင္းမႈျပဳလုပ္သည့္လုပ္တိုင္း၊ သူ႔ေၾကာင့္ပ်က္စီးဆံုးရႈံးမႈကိုခံစားရသည့္လူတိုင္းက ေျမၾကီးလက္ခတ္မလြဲ ေတြ့တာနဲ႔သတ္ျပစ္ၾကမယ္ဆိုတာ အသိသာႀကီး၊အခုလဲသူ႔ကိုသတ္မွာကိုမေၾကာက္ရြံ႔စြာ ျပန္လည္တံု႔ျပန္လာပံုက...

"အဲ့ေတာ့ မင္းငါ့ကိုသတ္ဖို႔လား.. သတ္ေလ အသက္ကိုမႏွေျမာလို႔ အထူးတပ္သားဆိုတဲ့ဘြဲ႔ကိုခံယူၿပီး Dragonဆိုတဲ့နာမည္နဲ႔ရပ္တည္ေနတာ... "

"မင္းနဲ႔​ေဆြးေနြးစရာရိွလို႔ "

"ငါနဲ႔...ဟားဟား!!.. ငါကမင္းတို႔လိုရာဇဝတ္သားေတြ အထူးသျဖင့္"ျမတ္"တစ္ခုလံုးကို အျမစ္ျဖဳတ္ေပးမယ့္ လူဆိုတာေမ့သြားတာလား"

အနည္းငယ္ေတာ့အံ့ၾသမိတာအမွန္ပါ၊ထက္ျမတ္ဆိုတာ "ျမတ္"ရဲ့ဆက္ခံသူ ၪီးေကာင္းျမတ္ရဲ့သား၊ဒီလိုလူမ်ိဳးက သူနဲ႔ေဆြးေနြးမယ္တဲ့...
ဘာလဲ သားအဖႏွစ္ေယာက္ၾကားကဆက္ဆံေရးကမေကာင္းတဲ့ပံုပဲ..အဟက္!! ႏြားကြဲရင္ေတာ့ က်ားက ၾကားထဲကအသာေလးဝင္ဆြဲလိုက္ရံုပဲရိွတာေပါ့....

"မင္းငါ့အေဖကိုျမင္ဖူးလား "

"ငါေတာ့မျမင္ဖူး​ေသးဘူး မင္းအေဖကေၾကာက္ခ်ီးပါေတာ့အပုန္းေကာင္းတယ္ေလ ဟားဟား"

"အင္း...မင္းတို႔မေျပာနဲ႔ ငါ့တပည့္တစ္ခ်ိဳ႕ေတြေတာင္ၪီးေကာင္းျမတ္ကိုမျမင္ဖူးၾကဘူး"

ဘယ္လို!!..ၪီးေကာင္ျမတ္.. သူ႔သားပါလို႔သိထားတဲ့ထက္ျမတ္က သူ႔အေဖကိုေခၚပံုက ၪီးေကာင္းျမတ္ဆိုပဲ...တပည့္ေတြေတာင္အကုန္မျမင္ဖူးဘူးဆိုတာကေကာ...

"ဟုတ္တယ္ ၪီးေကာင္းျမတ္လိုဒစရိုက္မႈေပါင္းမ်ားစြာလုပ္ေနတဲ့သူက မင္းတို႔လိုအထူးCommandoအဖြဲ႔ေပါင္းမ်ာစြာနဲ႔ အထူးရဲတပ္ဖြဲ႔ေပါင္းမ်ားစြာလိုေတာ္ၿပီးထက္ေနတဲ့သူေတြဘာေၾကာင့္ခုထိအဖမ္းမခံရတာလဲဆိုေတာ့
အႀကီးအကဲပိုင္လို႔လဲမဟုတ္ဘူး၊အစိုးရကိုပိုင္လို႔လဲမဟုတ္ဘူး ၊သူ႔ရဲ့အထူးပစၥည္း ရုပ္ေျပာင္းရုပ္လြဲေၾကာင့္ပဲ"

"ဘာႀကီး ရုပ္ေျပာင္းရုပ္လြဲ အဟား!.. မင္းအခုမွ ဇာတ္ကားၾကည့္လာတာလား ..အဟားဟား!!..ငါမရယ္ႏိုင္ဘူးေနာ္ ေခါင္းကနာေနလို႔ ကြၽတ္စ္ ကြၽတ္စ္..."

စိတ္ဝင္စားဖို႔ေကာင္းသြားၿပီ၊ဇာတ္ကားထဲမွာသာျမင္ဖူးေတြ့ဖူးတဲ့ ရုပ္ေျပာင္းရုပ္လြဲတဲ့ ၊ ဒီလူႀကီးက ေခတ္ေတာ့မွီသားပဲ...

"ဟုတ္တယ္ သူ႔မွာမ်က္ႏွာႏွစ္မ်ိဳးရိွတယ္ ၊ အညံ့စားဓားျပ ဘဝကရခဲ့တဲ့ မ်က္ႏွာမွာကန္႔လန္႔ျဖတ္ဓားဒဏ္ရာနဲ႔ ၊ အခုလက္ရိွအသံုးျပဳေနတဲ့ မ်က္ႏွာဖံုးနဲ႔"

"မ်က္ႏွာဖံုး...

"ဟုတ္တယ္ေလ သားေရသားနဲ႔ျပဳလုပ္ထားတဲ့ လူေခါင္းပံုစံ မ်က္ႏွာဖံုး...
ေၾသာ မင္းတို႔ဆီမွာရိွေနတဲ့ရုပ္ပံုကတစ္မ်ိဳးေလ ၊သူ႔မူရင္းမ်က္ႏွာရယ္ ၊ မင္းတို႔ေတြလက္ထဲမွာရိွတဲ့ ၪီးေကာင္းျမတ္ရဲ့မ်က္ႏွာကတစ္မ်ိဳးရယ္ ၊အဲ့ေနာက္ပိုင္းေလးကမွအသစ္ျပဳလုပ္ထားတဲ့မ်က္ႏွာဖံုးေလးရယ္ေပါ့...
အခုအဲ့မ်က္ႏွာဖံုးနဲ႔ေနတာမလို႔မင္းတို႔ေတြေသလုေအာင္ လိုက္ေနတဲ့ၪီးေကာင္းျမတ္ကိုမမိတာေပါ့..."

ရွင္းသြားပါၿပီ.. သူ႔သားေျပာျပမွအေတာ္ေလးကိုရွင္းလင္းသြားရပါၿပီ ၊ ဖမ္းဆီးဖို႔ထုပ္ျပထားတဲ့ၪီးေကာင္ျမတ္ရဲ့ရုပ္က ဘာအမာရြတ္မွမပါပဲ အဖိုးႀကီးပံုစံဆံပင္ျဖဴေတြနဲ႔ ျဖစ္ၿပီး ဘယ္မွာမွရွာမေတြ့ခဲ့တာက မ်က္ႏွာဖံုးအသစ္လဲလိုက္ျခင္းေၾကာင့္ျဖစ္ေနသည္။
ဒီလိုေနရာေတြမွာေတာ့ ဉာဏ္ကေကာင္းခ်က္ပဲ ေသာက္အဖိုးႀကီးက...

"ငါအေတာ္ေလးရွင္းသြားၿပီ... ဒါနဲ႔ဘာေၾကာင့္ငါ့ကိုေျပာျပတာလဲ... ငါကမၾကာခင္ပဲ မင္းတို႔တစ္မ်ိဳးလံုးတစ္ေဆြလံုးကို ငါနဲ႔အတူတူငရဲေခၚသြား
မယ့္လူေလ "

အနည္းငယ္စကားႏိႈက္ၾကည့္လိုက္မွ ထက္ျမတ္ရဲ့မ်က္ႏွာက စူးရဲခက္ထန္သြားၿပီး လည္ေၾကာင္းေတြပါေထာင္ထလာသည္အထိေဒါသမာန္ဟုန္ထႂကြလာသည္။

"ငါက "ျမတ္"ရဲ့ဆက္ခံသူေလ...မင္းက အေတာ္ေတြႀကီးပဲစုေနတဲ့ Logoရဲ့Commandoျဖစ္ေနေတာ့ ေသခ်ာေပါက္ ငါတို႔ကမင္းတို႔လက္ထဲမွာကြိခနဲမိရမွာပဲ... "ျမတ္"တစ္ခုလံုးကို သိမ္းပိုက္မွာကအေရးမဟုတ္ဘူး ၊ မိသြားရင္ေသဒဏ္ပဲ ၊ ငါကမေသခ်င္ေသးဘူး ..အဲ့ဒါေၾကာင့္ မင္းငါ့ကိုလႊတ္ေပးရမယ္ "

"ငါကဘာျပန္ရမွာလဲ"

"ၪီးေကာင္းျမတ္ရဲ့မ်က္ႏွာအစစ္နဲ႔ယခုလက္ရိွ သူ႔ရဲ့ပံုစံေပါ့"

သားလိမ္မာေလးပဲ..ဖခင္အဖမ္းမခံရမွာဆိုးလို႔ မ်က္ႏွာအစစ္ေကာ ယခုလက္ရိွတပ္ထားတဲ့မ်က္ႏွာဖံုးမ်က္ႏွာေတြအကုန္လံုးကိုထုပ္ျပၿပီး သူကိုယ္တိုင္ကေတာ့ ကိုယ္လြတ္ရုန္းမယ္ဆိုပဲ... ဒါကဘယ္လိုေမြးရက်ိဳးမနပ္တဲ့သားမ်ိဳးလဲ...
အခုအခ်ိန္မွာ ညီေစမင္းေသာ္ဆိုတဲ့Commando Dragonက အထက္ကပဲ...

"Okေလ... ငါအခုပင္ပန္းေနၿပီ... "

"မင္းကိုကုတင္ေပၚမွာနားခြင့္မေပးတာေတာ့သိတယ္မလား "

"ကုတင္မျမင္ကတည္းက ဒီခံုမွာပဲဒီပံုစံအတိုင္းဆိုတာသေဘာေပါက္ပါတယ္ "

လႈပ္စိလႈပ္စိနဲ႔ေျခလွမ္းတစ္လွမ္းျခင္းလွမ္းကာအခန္းထဲကထြက္သြားတဲ့ ထက္ျမတ္ကိုလိုက္ၾကည့္ေနရင္း ေခါင္းကတစ္ဆစ္ဆစ္နာက်င္မႈကိုလဲအံက်ိတ္ကာခံရေသးသည္။
လက္ကအခ်က္ျပကိရိယာကိုႏိွပ္ၿပီး Logoကိုအခ်က္ျပရမည္၊ မဟုတ္ရင္လဲ ကိုကိုဆီကိုပဲျဖစ္ျဖစ္ေပါ့...
ဘယ္ဘက္လက္က လြတ္ေနတဲ့အတြက္ အခ်က္ျပနာရီပါမလာေတာ့ဘူးဆိုတာသေဘာေပါက္လိုက္ၿပီ...

'ဟင္... ကြၽတ္စ္.. ဟိုႏြား ဓားနဲ႔ျဖတ္လိုက္တုန္းက ကာလိုက္မိတာပဲ ...
မင္းထက္ေကာ အခုခ်ိန္ခြဲစိတ္ခန္းထဲကထြက္လာၿပီလား ၊ အဆင္ေကာေျပရဲ့လား.. ကိုကိုေကာ သူ႔ကိုအရမ္းစိုးရိမ္ၿပီး ေလ်ွာက္လုပ္ေနၿပီလား...´

ေခါင္းက၊ ေျခေထာက္က ဝမ္းဗိုက္က နာက်င္မႈေတြထက္ ရင္ဘတ္ကတင္းၿပီးက်ပ္စို႔လာမႈ
ေၾကာင့္ မ်က္လံုးအိမ္မွာေဝ့သီေနၿပီး က်ဆင္းခြင့္မရခဲ့တဲ့မ်က္ရည္ေတြက ကိုကိုအဆင္မွေျပရဲ့လား ေတြးမိလိုက္တာနဲ႔ အတားအဆီးမဲ့စြာ က်ဆင္းလာခဲ့ေတာ့သည္။

"ကြၽန္ေတာ္အဆင္ေျပေနေသးတာမို႔ ကိုကိုကေတာ့ စိတ္ထင္ရာေလ်ွာက္မလုပ္ျပစ္ရဘူးေနာ္"

I really want your Feedback and Voting💙

*12.12.2021
*Nandar Myint Moh

Unicode

"ကိုဘုန်းဆက် ရပြီဗျ "

Laptopစခရင်ပေါ်က တည်နေရာပြအမှတ်အသားအတိုင်း ဖန်သားစခရင်ပေါ်တွင်အတိုင်းသားပေါ်နေသည်။ပိုကြီးပြီး တီထွင်စမ်းသပ်မှုမြင့်သော စခရင်နှင့်ပေါင်းစပ်ဖော်ပြထားတော့ တည်နေရာပြအမှတ်အသားကဘယ်နေရာရောက်နေသည်ဆိုတာကို တိတိကျကျဖော်ပြထားနိုင်ယုံသာမက ရောက်နေသည့်နေရာ၏ အဆောက်အဦး ၊ ထိုနေရာ၏ ရာသီဥတုအ​ခြေ​အနေ၊ဘေးပတ်ဝန်းကျင်အနေအထားကိုပါရှင်းရှင်းလင်းလင်းတွေ့နိုင်သည်။
မြို့အစွန်ကျကျအဆောက်အအုံမှာသာ ရပ်တန့်သွားတော့ ဘုန်းဆက်ရှိန်ဝါ ခေါ် Zeusရဲ့မျက်နှာမှာ ခနဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း ...

"အထက်လူကြီးဆီမရောက်သေးဘူးပဲ "

"ဟမ် ကိုဘုန်းဆက် ဘာပြောလိုက်တာလဲဗျ"

"ညီ ကအခု အန္တရာယ်ကင်းပါတယ်...

"ဟုတ်.. ညီစေက Logo ရဲ့အထူးတပ်သားလေ.. သူကအမြဲတမ်းအန္တရာယ်ကင်းနေမှာ "

"ဟုတ်တာပေါ့..

သန်မာတဲ့ယောကျာ်းတစ်ယောက်ရဲ့မျက်ရည်ကို မကျမိအောင် ထိန်းထားရတဲ့ ပုံစံကဒီလောက်အထိ နာကျင်ကြေကွဲစရာကောင်းပါလားဆိုတာ ကိုဘုန်းဆက်နဲ့တွေ့မှသာ ခံစားဖူးတော့သည်။
ညီစေ့အတွက် အချစ်စစ်တွေကို ကိုဘုန်းဆက်ကပေးနိုင်မှာ အသေအချာပါပဲ ၊

"ကိုဘုန်းဆက် ညီ​စေဘယ်မှာရှိလဲဆိုတာ နေရာလဲသိနေရတာပဲ..မနက်ကိုသင်နောင်တို့ပြန်ရောက်လာရင် စီစဥ်စရာရှိတာ စီစဥ်ပြီးအဲ့နေရာကိုသွားပြီး ညီစေ့ကိုပြန်ခေါ်လာမယ်၊ "မြတ်"လုပ်ငန်းစုကော ဦးကောင်းမြတ်ကိုရော အမြစ်ဖြတ်ပြစ်မယ်... အခုတော့ နားလိုက်ပါအုံး ဟိုဘက်အခန်းက ကျွန်တော်တို့အဖွဲ့ရဲ့နားနေခန်းပါ ၊ ညီစေ့ရဲ့အဝတ်တွေလဲ Localထဲမှာရှိတာမလို့ လဲပြီးနားလိုက်ပါအုံး..."

"မင်းထက်... အဆင်ပြေမှာပါနော် "

ကောက်ခါငင်ခါ မင်းထက်ကိုစိတ်ပူပြီးမေးလာတော့ မာန်ပြည့်ခဏတော့ ကြောင်အ သွားရသည်။ခွဲစိတ်ခန်းထဲရောက်နေရှာတဲ့ မင်းထက်အတွက်ရင်ထဲလေးလံသွားရပြန်သည်။

"သူ ...အဆင်ပြေမှာပါ "

မာန်ပြည့်ရင်ထဲမှာ နေလိုမီးလိုပူလောင်နေတာ သူသာအသိဆုံး၊ သူ့ရဲ့ ညီလေးတွေ...တစ်ယောက်က ရန်သူ့လက်ထဲမှာ ၊
တစ်ယောက်ကတော့ အရေးပေါ်ခွဲစိတ်ခန်းထဲမှာ သေမင်းနဲ့ရင်ဆိုင်နေရတယ် ၊
ဘယ်နေရာမှာ ဘယ်သူတွေနဲ့ရှိနေတယ်ဆိုတာ သိနေတာတောင်မှာ သူ့အနေနဲ့ ဘာမှမလုပ်နိုင်ဘူး၊ကိုဘုန်းဆက်ကိုသာ ချက်ချင်းဘာကိုမှမဆုံးဖြတ်ပြစ်အောင် နှစ်သိမ့်ပေးနေပေမယ့် တစ်ကယ်တော့ သူလို ညီအကိုသံယောဇဥ်၊သူငယ်ချင်းသံယောဇဥ်နဲ့ ချစ်ခင်ရတဲ့သူတောင် ဒီလောက်ဆိုး
ရိမ်နေရလျှင် ၊ အသက်ဝိဉာဥ်လို ချစ်ခင်မြတ်နိုးရတဲ့ချစ်သူဆိုလျှင် ဘယ်လောက်များနာကျင်နေလိမ့်မလဲ၊စိုးရိမ်နေလိမ့်မလဲ၊

🍁🍁🍁🍁🍁🍁🍁

"အဲ့ကောင်ကို စတိုခန်းမှာ သေသေချာချာကြိုးတုပ်ထားလိုက်"

"သခင်လေး သခင်ကြီးဆီကဖုန်းလာပါတယ် "

"အဟက်!..Hello Daddy သားကိုတော်လို့ချီးကျူးဖို့ပြင်ဆင်ပြီးပြီလား?"

"အဟားဟား....ငါ့အကုန်သိပြီးပါပြီ ၊မင်းက ငါ့သားလို့မပြောရဘူး သိပ်တော်တယ်.. ဒါပေမယ့် ဘာလို့ဒီည ချက်ချင်းခေါ်မလာတာလဲ လမ်းမှာဖြတ်တိုက်ခံရလို့ ပါမလာဘူးလို့ပြောမလို့လား"

"ဟားဟား..Daddy က "မြတ်"ဆိုတဲ့မကောင်းဆိုးဝါးလုပ်ငန်းစုကြီးတစ်ခုလုံးရဲ့ အရှင်သခင် ဦးကောင်းမြတ်ဆိုတာ ဘယ်လိုဖြစ်လာတာလဲသိချင်မိသွားပြီ.. ဟားဟား...Daddyက လက်ရဲဇက်ရဲနဲ့လူသတ်ရဲလို့သာပဲ ၊ တစ်ကယ်တော့Daddyဦးနှောက်ကအခွံသက်သက်ပဲ!!"

"ဘာကွ!!..ထက်မြတ် မင်းငါ့ကိုစော်ကားတာများနေပြီနော် မင်းကငါမွေးထားတဲ့သား ငါသတ်ရင်သေရမယ့်ကောင်ဆိုတာမမေ့နဲ့"

"ဟော စိတ်လျှော့ စိတ်လျှော့... ကျွန်တော်ကမစော်ကားပါဘူးဗျာ ၊သိတယ်မလား စကားမတတ်ရင်ဆဲသလိုပဲတဲ့ ၊ အခု ကျွန်တော့်လက်ထဲရောက်နေတာ ညီစေမင်းသော်မဟုတ်ဘူး"

"ဘာ!!..ညီစေမင်းသော် ကိုခေါ်ခိုင်းတာ ညီစေမင်းသော်ပါမလာပဲ ဘယ်နွားကိုမင်းက ခေါ်လာပြီး ငါ့ဆီကဆုချတာလိုချင်နေတာလဲ မင်းမှာအသက်အပိုပါနေတာလား!!..."

ဟိန်းကနဲထွက်ပေါ်လာတဲ့အသံသြသြကြီးကြောင့် မျက်နှာကိုရှုံ့မဲ့ကာ ဖုန်းနဲ့နားကိုအလျှင်အမြန်ခွာလိုက်ရသည်။ သူက Daddyရဲ့အဝေးမှာမလို့သာပြောရဲတာ၊ Daddyက သားရယ်လို့ညှာတာနေမှာမျိုးမဟုတ်ဘူး"

"တစ်ကယ်တော့ ကျွန်တော့်ဆီမှာရှိနေတာက Commandoလို့ပြောလိုက်တာနဲ့ ရာဇဝတ်သားတွေ ဖိတ်ဖိတ်တုန်အောင်ကြောက်ရတဲ့ Logoရဲ့ Special Special အထူးတပ်သား Commando Dragon!!!"

"ဘာ!!..ညီ ညီစေမင်းသော်က Commando Dragonဟုတ်လား!!

"သိပ်ဟုတ်တာ "

"အဟား...ကောင်းတာပေါ့ အနုတ်စုတ်ဂုတ်စုတ်Commandoလေးထင်နေတာ လက်စသတ်တော့ Dragonဖြစ်နေတာကိုး...ဟားဟား..အဲ့အကောင်ကို ငါ့လိုမြင့်မြတ်လှတဲ့ "မြတ်"ရဲ့အရှင်သခင် ကောင်းမြတ်က ကောင်းကောင်းကြီး သတ်ပေးမှာမလို့ အခုချက်ချင်း ငါ့အိမ်ကိုခေါ်လာခဲ့"

"Daddy Daddy..ကျွတ် ကျွတ်!! ကျွန်တော်ပြောတော့ မကြိုက်ဘူး ၊ ကိုယ်တိုင်လဲမသိဘူး ၊ Dragonလို လူမျိုးကိုဖမ်းလာခဲ့တာကို Logoက လူတွေကဒီတိုင်းလွှတ်ပေးလိမ့်မယ်လို့များDaddyထင်နေတာလား..Locationဆိုတဲ့ တည်နေရာပြမြေပုံတွေပေါ်ပေါက်နေတဲ့ခေတ်မှာလေ... အခုလောက်ဆိုရင် Dragonဘယ်မှာရှိပြီး ၊ဘယ်အခန်း ဘယ်နေရာမှာ ဘယ်လိုဖမ်းချုပ်ထားလဲဆိုတာပါ သူတို့ကသိနေလောက်ပြီဗျ...

"ဒါဆို...

"ဟုတ်တယ် အဲ့ဒါကြောင့် လှည့်ကွက်လေးသုံးပြလိုက်တာ "

"ဘယ်ကိုလာခဲ့ရမှာလဲ"

"အာ..Daddyရ အခုမဟုတ်ဘူး၊ မနက်မှ ဘယ်လဲဆိုတော့..... Daddyက ကျွန်တော့်ကိုတစ်စက်ကလေးမှ ဂရုမစိုက်ဘူးနော်"

"ဘာကို.."

"Commando Dragonလိုလူမျိုးကို ဟေ့ရောင်မင်းငါနဲ့လိုက်ခဲ့ဆိုပြီး အသာတကြည်ခေါ်လာတာ မဟုတ်သလို သူကလဲအသာတကြည်လိုက်လာတာမဟုတ်ဘူးဗျ!!တိုက်ခိုက်ခဲ့ရတယ်၊ အခု ကျွန်တော့်ရဲ့ ဘယ်နေရာကနာတယ်လို့ပြောလို့မရအောင်ကို တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေတယ်... "

"ဆေးသောက်ပေါ့ကွ!!..မင်းခန္ဓာကိုယ်ကနာတာ ငါမသိဘူး ၊ အဲ့တော့ကိုယ့်ဘာသာဆေးသောက် ကလေးလဲမဟုတ်ပဲ"

"ဟုတ်ပါပြီ ဦးကောင်းမြတ် ဒါဆို ဖုန်းချတော့မယ်"

"မနက်ဘယ်ကိုလာရမှာလဲ!!"

"အာ... သေချာပေါက် "မြတ်"အိမ်တော်ရာကိုပေါ့.. Daddyရဲ့ပိုင်ဆိုင်မှုတွေကိုပြုတ်အောင် ဒုက္ခပေးတဲ့ကောင်ကို အဲ့အိမ်မှာပဲအဆုံးသတ်ပေးရမှာပေါ့"

"သိပ်မှန်တယ်"

ခန္ဓာကိုယ်ရဲ့ဟိုနားဒီနား နာကျင်နေမှုတွေကို လက်အောက်ငယ်သားတစ်ယောက်ကိုသာဆေးလိမ်းခိုင်းလိုက်ပြီး Commando Dragonကိုထားထားတဲ့ အခန်းထဲကိုဝင်ခဲ့လိုက်သည်။
ခေါင်းကိုသံတုတ်နဲ့တစ်ချက်ဖြတ်ရိုက်ထားတော့ အနည်းငယ်ကွဲသွားတယ်ထင်ပ ၊ မျက်နှာပေါ်ထိဖြတ်စီးကျနေတဲ့သွေးတွေက မြင်လို့မကောင်းလှပေမယ့် ဒီကောင့်ရဲ့ချောမောမှုကိုတော့လျော့မသွားသေးဘူး ၊ ချောမော ခန့်ညားနေဆဲပဲ..
ဝတ်ဆင်ထားတဲ့အဖြူရောင်ဝမ်းဆက်က သွေးအနီရဲရဲဟိုတစ်ကွက်ဒီတစ်ကွက်နဲ့ဆိုတော့ သိပ်ပြီးပနံရစွာ လှပနေပြန်သည်။
Dragon ဆိုတာ ဘယ်လိုလူမျိုးလဲ သူသိတာပေါ့..

"ဟေ့ရောင်!! ထစမ်း "

"မင်းမေ-ိုးပဲ!! မင်းဘာသာ မေ့ဆေးသုံးထားပြီး ခုမှဘာလို့လာနှိုးနေတာလဲ"

ခေါင်းက ဒဏ်ရာပေါ်ကိုတစ်ချက်ရိုက်ချပြီးနှိုးလိုက်တာကြောင့် လူကဆတ်ခနဲနိုးသွားပြီး အခြေအနေအရပ်ရပ်ကိုတစ်ချက်ကြည့်လိုက်တာနဲ့သဘောပေါက်သည်။
ခုံပေါ်မှာ ထိုင်လျက်သား ကြိုးတုပ်ထားပြီး ဘေးအနားတစ်ဝိုက်မှာပါ လျှပ်စစ်ကြိုးတွေသွယ်တန်းထားသည်။

မေ့ဆေးအရှိန်မပျယ်သေးလို့ ခေါင်းကို
ခါရမ်းကြည့်ပြီး မျက်လုံးကိုအမြင်ကြည်အောင် လုပ်ကာ မျက်နှာမော့လာပြီး ထက်မြတ်ကိုစကားပြောလာပုံက မာန်ဖီနေတဲ့ကျားတစ်ကောင်အလား ကြောက်မတ်ဖွယ်ကောင်းနေဆဲ ၊ မြင်ရသူကိုရှိန်စေသည်။
ချောမောခန့်ညားတဲ့မျက်နှာမှ စူးရဲပြီးဆုံးဖြတ်ချက်ပြတ်သားလှတဲ့ မျက်လုံးအကြည့်တွေ၊နှုတ်ခမ်းကိုတင်းတင်းစေ့ထားတဲ့အတွက် အချိုးအဆစ်လှပ ခိုင်မာတဲ့မေးရိုးထင်းထင်းကြီးကလဲ တည်ကြည်တဲ့ယောကျာ်းအသွင်ဆောင်ကျဥ်းပေးသည်။

'ဒီကောင်!...ကျွတ်စ်!!အမြင်ကပ်စရာကောင်းလောက်အောင် တစ်ကယ်ချောတာပဲ...´

"Dragon.."

"သြော မင်းကငါ့ကိုသိသွားပြီပဲ"

ပြောင်းလဲသွားခြင်းမရှိ ၊ တည်ကြည်စွာပဲပြန်လည်တုံ့ပြန်လာပုံက ဘယ်အရာကမှသူ့ကိုစိုးထိတ်မှုမဖြစ်စေသည့်အသွင်... တစ်ကယ်ဆို Commando Dragonဆိုရင် ရာဇဝတ်သားတိုင်း၊မကောင်းမှုပြုလုပ်သည့်လုပ်တိုင်း၊ သူ့ကြောင့်ပျက်စီးဆုံးရှုံးမှုကိုခံစားရသည့်လူတိုင်းက မြေကြီးလက်ခတ်မလွဲ တွေ့တာနဲ့သတ်ပြစ်ကြမယ်ဆိုတာ အသိသာကြီး၊အခုလဲသူ့ကိုသတ်မှာကိုမကြောက်ရွံ့စွာ ပြန်လည်တုံ့ပြန်လာပုံက...

"အဲ့တော့ မင်းငါ့ကိုသတ်ဖို့လား.. သတ်လေ အသက်ကိုမနှမြောလို့ အထူးတပ်သားဆိုတဲ့ဘွဲ့ကိုခံယူပြီး Dragonဆိုတဲ့နာမည်နဲ့ရပ်တည်နေတာ... "

"မင်းနဲ့​ဆွေးနွေးစရာရှိလို့ "

"ငါနဲ့...ဟားဟား!!.. ငါကမင်းတို့လိုရာဇဝတ်သားတွေ အထူးသဖြင့်"မြတ်"တစ်ခုလုံးကို အမြစ်ဖြုတ်ပေးမယ့် လူဆိုတာမေ့သွားတာလား"

အနည်းငယ်တော့အံ့သြမိတာအမှန်ပါ၊ထက်မြတ်ဆိုတာ "မြတ်"ရဲ့ဆက်ခံသူ ဦးကောင်းမြတ်ရဲ့သား၊ဒီလိုလူမျိုးက သူနဲ့ဆွေးနွေးမယ်တဲ့...
ဘာလဲ သားအဖနှစ်ယောက်ကြားကဆက်ဆံရေးကမကောင်းတဲ့ပုံပဲ..အဟက်!! နွားကွဲရင်တော့ ကျားက ကြားထဲကအသာလေးဝင်ဆွဲလိုက်ရုံပဲရှိတာပေါ့....

"မင်းငါ့အဖေကိုမြင်ဖူးလား "

"ငါတော့မမြင်ဖူး​သေးဘူး မင်းအဖေကကြောက်ချီးပါတော့အပုန်းကောင်းတယ်လေ ဟားဟား"

"အင်း...မင်းတို့မပြောနဲ့ ငါ့တပည့်တစ်ချို့တွေတောင်ဦးကောင်းမြတ်ကိုမမြင်ဖူးကြဘူး"

ဘယ်လို!!..ဦးကောင်မြတ်.. သူ့သားပါလို့သိထားတဲ့ထက်မြတ်က သူ့အဖေကိုခေါ်ပုံက ဦးကောင်းမြတ်ဆိုပဲ...တပည့်တွေတောင်အကုန်မမြင်ဖူးဘူးဆိုတာကကော...

"ဟုတ်တယ် ဦးကောင်းမြတ်လိုဒစရိုက်မှုပေါင်းများစွာလုပ်နေတဲ့သူက မင်းတို့လိုအထူးCommandoအဖွဲ့ပေါင်းမျာစွာနဲ့ အထူးရဲတပ်ဖွဲ့ပေါင်းများစွာလိုတော်ပြီးထက်နေတဲ့သူတွေဘာကြောင့်ခုထိအဖမ်းမခံရတာလဲဆိုတော့
အကြီးအကဲပိုင်လို့လဲမဟုတ်ဘူး၊အစိုးရကိုပိုင်လို့လဲမဟုတ်ဘူး ၊သူ့ရဲ့အထူးပစ္စည်း ရုပ်ပြောင်းရုပ်လွဲကြောင့်ပဲ"

"ဘာကြီး ရုပ်ပြောင်းရုပ်လွဲ အဟား!.. မင်းအခုမှ ဇာတ်ကားကြည့်လာတာလား ..အဟားဟား!!..ငါမရယ်နိုင်ဘူးနော် ခေါင်းကနာနေလို့ ကျွတ်စ် ကျွတ်စ်..."

စိတ်ဝင်စားဖို့ကောင်းသွားပြီ၊ဇာတ်ကားထဲမှာသာမြင်ဖူးတွေ့ဖူးတဲ့ ရုပ်ပြောင်းရုပ်လွဲတဲ့ ၊ ဒီလူကြီးက ခေတ်တော့မှီသားပဲ...

"ဟုတ်တယ် သူ့မှာမျက်နှာနှစ်မျိုးရှိတယ် ၊ အညံ့စားဓားပြ ဘဝကရခဲ့တဲ့ မျက်နှာမှာကန့်လန့်ဖြတ်ဓားဒဏ်ရာနဲ့ ၊ အခုလက်ရှိအသုံးပြုနေတဲ့ မျက်နှာဖုံးနဲ့"

"မျက်နှာဖုံး...

"ဟုတ်တယ်လေ သားရေသားနဲ့ပြုလုပ်ထားတဲ့ လူခေါင်းပုံစံ မျက်နှာဖုံး...
သြော မင်းတို့ဆီမှာရှိနေတဲ့ရုပ်ပုံကတစ်မျိုးလေ ၊သူ့မူရင်းမျက်နှာရယ် ၊ မင်းတို့တွေလက်ထဲမှာရှိတဲ့ ဦးကောင်းမြတ်ရဲ့မျက်နှာကတစ်မျိုးရယ် ၊အဲ့နောက်ပိုင်းလေးကမှအသစ်ပြုလုပ်ထားတဲ့မျက်နှာဖုံးလေးရယ်ပေါ့...
အခုအဲ့မျက်နှာဖုံးနဲ့နေတာမလို့မင်းတို့တွေသေလုအောင် လိုက်နေတဲ့ဦးကောင်းမြတ်ကိုမမိတာပေါ့..."

ရှင်းသွားပါပြီ.. သူ့သားပြောပြမှအတော်လေးကိုရှင်းလင်းသွားရပါပြီ ၊ ဖမ်းဆီးဖို့ထုပ်ပြထားတဲ့ဦးကောင်မြတ်ရဲ့ရုပ်က ဘာအမာရွတ်မှမပါပဲ အဖိုးကြီးပုံစံဆံပင်ဖြူတွေနဲ့ ဖြစ်ပြီး ဘယ်မှာမှရှာမတွေ့ခဲ့တာက မျက်နှာဖုံးအသစ်လဲလိုက်ခြင်းကြောင့်ဖြစ်နေသည်။
ဒီလိုနေရာတွေမှာတော့ ဉာဏ်ကကောင်းချက်ပဲ သောက်အဖိုးကြီးက...

"ငါအတော်လေးရှင်းသွားပြီ... ဒါနဲ့ဘာကြောင့်ငါ့ကိုပြောပြတာလဲ... ငါကမကြာခင်ပဲ မင်းတို့တစ်မျိုးလုံးတစ်ဆွေလုံးကို ငါနဲ့အတူတူငရဲခေါ်သွား
မယ့်လူလေ "

အနည်းငယ်စကားနှိုက်ကြည့်လိုက်မှ ထက်မြတ်ရဲ့မျက်နှာက စူးရဲခက်ထန်သွားပြီး လည်ကြောင်းတွေပါထောင်ထလာသည်အထိဒေါသမာန်ဟုန်ထကြွလာသည်။

"ငါက "မြတ်"ရဲ့ဆက်ခံသူလေ...မင်းက အတော်တွေကြီးပဲစုနေတဲ့ Logoရဲ့Commandoဖြစ်နေတော့ သေချာပေါက် ငါတို့ကမင်းတို့လက်ထဲမှာကွိခနဲမိရမှာပဲ... "မြတ်"တစ်ခုလုံးကို သိမ်းပိုက်မှာကအရေးမဟုတ်ဘူး ၊ မိသွားရင်သေဒဏ်ပဲ ၊ ငါကမသေချင်သေးဘူး ..အဲ့ဒါကြောင့် မင်းငါ့ကိုလွှတ်ပေးရမယ် "

"ငါကဘာပြန်ရမှာလဲ"

"ဦးကောင်းမြတ်ရဲ့မျက်နှာအစစ်နဲ့ယခုလက်ရှိ သူ့ရဲ့ပုံစံပေါ့"

သားလိမ်မာလေးပဲ..ဖခင်အဖမ်းမခံရမှာဆိုးလို့ မျက်နှာအစစ်ကော ယခုလက်ရှိတပ်ထားတဲ့မျက်နှာဖုံးမျက်နှာတွေအကုန်လုံးကိုထုပ်ပြပြီး သူကိုယ်တိုင်ကတော့ ကိုယ်လွတ်ရုန်းမယ်ဆိုပဲ... ဒါကဘယ်လိုမွေးရကျိုးမနပ်တဲ့သားမျိုးလဲ...
အခုအချိန်မှာ ညီစေမင်းသော်ဆိုတဲ့Commando Dragonက အထက်ကပဲ...

"Okလေ... ငါအခုပင်ပန်းနေပြီ... "

"မင်းကိုကုတင်ပေါ်မှာနားခွင့်မပေးတာတော့သိတယ်မလား "

"ကုတင်မမြင်ကတည်းက ဒီခုံမှာပဲဒီပုံစံအတိုင်းဆိုတာသဘောပေါက်ပါတယ် "

လှုပ်စိလှုပ်စိနဲ့ခြေလှမ်းတစ်လှမ်းခြင်းလှမ်းကာအခန်းထဲကထွက်သွားတဲ့ ထက်မြတ်ကိုလိုက်ကြည့်နေရင်း ခေါင်းကတစ်ဆစ်ဆစ်နာကျင်မှုကိုလဲအံကျိတ်ကာခံရသေးသည်။
လက်ကအချက်ပြကိရိယာကိုနှိပ်ပြီး Logoကိုအချက်ပြရမည်၊ မဟုတ်ရင်လဲ ကိုကိုဆီကိုပဲဖြစ်ဖြစ်ပေါ့...
ဘယ်ဘက်လက်က လွတ်နေတဲ့အတွက် အချက်ပြနာရီပါမလာတော့ဘူးဆိုတာသဘောပေါက်လိုက်ပြီ...

'ဟင်... ကျွတ်စ်.. ဟိုနွား ဓားနဲ့ဖြတ်လိုက်တုန်းက ကာလိုက်မိတာပဲ ...
မင်းထက်ကော အခုချိန်ခွဲစိတ်ခန်းထဲကထွက်လာပြီလား ၊ အဆင်ကောပြေရဲ့လား.. ကိုကိုကော သူ့ကိုအရမ်းစိုးရိမ်ပြီး လျှောက်လုပ်နေပြီလား...´

ခေါင်းက၊ ခြေထောက်က ဝမ်းဗိုက်က နာကျင်မှုတွေထက် ရင်ဘတ်ကတင်းပြီးကျပ်စို့လာမှု
ကြောင့် မျက်လုံးအိမ်မှာဝေ့သီနေပြီး ကျဆင်းခွင့်မရခဲ့တဲ့မျက်ရည်တွေက ကိုကိုအဆင်မှပြေရဲ့လား တွေးမိလိုက်တာနဲ့ အတားအဆီးမဲ့စွာ ကျဆင်းလာခဲ့တော့သည်။

"ကျွန်တော်အဆင်ပြေနေသေးတာမို့ ကိုကိုကတော့ စိတ်ထင်ရာလျှောက်မလုပ်ပြစ်ရဘူးနော်"

I really want your Feedback and Voting💙

*12.12.2021
*Nandar Myint Moh

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...