Peculiarly System [Completed ]

By MaLaKaoYa

858K 90.4K 2.8K

Start date ... September 17 .2021 End date .....July 30.2023 System ဆိုတာ စိတ်ကူးယဉ်ကမ္ဘာတဲ့ သူကပြောတယ် ငါ့... More

Start With System
Arc(1.1) Parin
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)End
Arc(2.1) Zhang Xu Guang
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)End
Arc(3.1)Jason
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)End
Arc(4.1) Jon San
Arc(4.2)
Arc(4.3)
Arc(4.4)
Arc(4.5)
Arc(4.6)
Arc(4.7)
Arc(4.8)
Arc(4.9)
Arc(4.10)End
Arc(5.1) Zhou Wei Feng
Arc(5.2)
Arc(5.3)
Arc(5.4)
Arc(5.5)
Arc(5.6)
Arc(5.7)
Arc(5.8)
Arc(5.9)
Arc(5.10)
Arc(5.11)
Arc(5.12)End
Arc(6.1) LuYuYuan
Arc(6.2)
Arc(6.3)
Arc(6.4)
Arc(6.5)
Arc(6.6)
Arc(6.7)
Arc(6.8)
Arc(6.9)
Arc(6.10)
Arc(6.11)
Arc(6.12)End
Arc(7.1)KiKo
Arc(7.2)
Arc(7.3)
Arc(7.4)
Arc(7.5)
Arc(7.6)
Arc(7.7)
Arc(7.8)
Arc(7.9)
Arc(7.10)
Arc(7.11)End
Arc(8.1)Adam
Arc(8.3)
Arc(8.4)
Arc(8.5)
Arc(8.6)
Arc(8.7)
Arc(8.8)
Arc(8.9)
Arc(8.10)
Arc(8.11)End
Arc(9.1)Aqua
Arc(9.2)
Arc(9.3)
Arc(9.4)
Arc(9.5)
Arc(9.6)
Arc(9.7)
Arc(9.8)
Arc(9.9)
Arc(9.10)
Arc(9.11)
Arc(9.12)
Arc(9.13)End
Arc(10.1)XiaoZhan
Arc(10.2)
Arc(10.3)
Arc(10.4)
Arc(10.5)
Arc(10.6)
Arc(10.7)
Arc(10.8)
Arc(10.9)
Arc(10.10)
Arc(10.11)
Arc(10.12)End
Arc(11.1) Saw Minn Latt
Arc(11.2)
Arc(11.3)
Arc(11.4)
Arc(11.5)
Arc(11.6)
Arc(11.7)
Arc(11.8)
Arc(11.9)End
Arc(12.1) Ben
Arc(12.2)
Arc(12.3)
Arc(12.4)
Arc(12.5)
Arc(12.6)
Arc(12.7)
Arc(12.8)
Arc(12.9)
Arc(12.10)
Arc(12.11)End
Arc(13.1) Cristan Gabriel
Arc(13.2)
Arc (13.3)
Arc(13.4)
Arc(13.5)
Arc(13.6)
Arc(13.7)
Arc(13.8)
Arc(13.9)
Arc(13.10)
Arc(13.11)
Arc(13.12)End
Real Life (1)
Real Life (1)End
Real Life (2)
Real Life Ending Up (Truly End)

Arc(8.2)

4.9K 578 16
By MaLaKaoYa

" Adam ''

"အင်း Maple လာပြီလား ထိုင်အုန်း ငါမနက်စာလုပ်နေတာ''

Maple က ပေါင်မုန့်ချပ်တွေကို ထောင်ပြရင်း ပြောလာသည့် သူငယ်ချင်းကိုကြည့်ပြီး အလှဆုံး ပြုံးသည်။

သူမ ဧည့်ခန်းမှာ ထိုင်စောင့်နေပြီးမကြာခင် Adam က ပေါင်မုန့်ချပ်ပန်းကန် ဝက်သားစဉ်းကောနဲ့ မယောနိစ်၊ လက်ဖက်ရည်နှစ်ခွက်ထည့်ထားသည့် လင်ဗန်းကိုယူကာ အနားရောက်လာသည်။

" Adam ကျေးဇူးပဲ ''

" မလိုပါဘူး ငါတို့က သူငယ်ချင်းတွေပဲ''

ကွက်ခနဲ ပျက်သွားတဲ့ ဇာတ်လိုက်မရဲ့မျက်နှာကြောင့် ရှောင်းကျန့်အနည်းငယ် ကြောင်အသွားရ၏။

'Kitty မင်းကငါထင်သလိုထင်နေတယ်မလား။'

' သိပ်ဟုတ်တာပေါ့ အစ်ကိုရှောင်း '

' ငါရွဲ့ပြောတာ မကျေနပ်လို့လေ..ဟုတ်တယ်ဟုတ် '

Kitty.. '=_='

ဇာတ်လိုက်မ..'=_='

"Adam.. နင် နောက်ထပ် Luna Villa ကိုသွားဖို့ ဆန္ဒ ရှိသေးလား''

" အင်း ရှိတယ် ''

".???.ဘာလို့လဲ နင်သေမလိုဖြစ်ခဲ့တာလေ''

Maple တကယ်အံ့သြမိတယ် ။ သူမသာ လိုက်မရှာခဲ့ဘူး ဆိုရင် Adam သေနေလောက်ပြီ။ ဒါကို Adam က ထပ်သွားချင်နေသေးတယ်။ Adam ရူးသွားတာလား။

"အင်း ငါက တကယ်တော့ အကြောက်လွန်သွားလို့ပါ..ဒီတစ်ခါတော့ ဘာမှ မဖြစ်စေရဘူး ငါယုံတယ် ''

Maple က တအံ့တသြ ကြည့်လာတာမို့ ဖြည်းဖြည်းချင်း ပြောပြလိုက်တယ်။ သူက Adam မဟုတ်ဘူးလေ။ ရှောင်းကျန့် သူက ရှောင်းကျန့် ။Adam ကြောက်တိုင်းသူကကြောက်မလား။ အဟမ်း ကူညီပေးမယ့် Kitty လေးကိုမေ့ထားပေးကြ။Okay...။

" နင်တစ်ယောက်တည်းငါစိတ်မချဘူး ငါလိုက်ချင်တယ်''

"Maple ..မဖြစ်.. ''

" မရဘူး ငါလိုက်မယ် နင်မငြင်းရဘူး''

" ပြီးရောဟာ..အဲ့တာဆိုလည်း လိုက်ခဲ့ပါ.. ဒီနေ့ညနေ၅နာရီကျော်ရင် သွားမယ် ''

" အင်း.. အင်း ''

ခေါင်းတဆတ်ဆတ်ညိတ်ကာ ပြုံးပျော်နေတဲ့ သူမက သွားရမယ့်နေရာကို ဈေးပွဲတော်များအောက်မေ့နေလေသလား..လို့ ရှောင်းကျန့်တွေးမိသည်။

တစ်ဆက်တည်းဆိုသလို တွေးလိုက်မိတာက Maple က Adam ကို အရမ်းချစ်တာပဲလို့ သာ..။ အော် သူငယ်ချင်းကောင်းရထားတဲ့ Adam ကိုတောင် ရှောင်းကျန့်က အလစ်တဲလေး မနာလိုမိသေးတယ်။

....................

ညနေ၅နာရီကျော် မှာ Adam နဲ့ Maple က လမင်းဗီလာ သို့ ထွက်ခဲ့ကြသည်။

' kitty ရေ Luna Villa အကြောင်းလေးပြောပါအုန်း '

ရှောင်းကျန့်စကားကြောင့် Kitty က စကားဆိုလာသည်။

Luna Villa က တစ်ချိန်တုန်းက ဇာတ်ရုံတစ်ခုဖြစ်ခဲ့ဖူးတယ်။

၁၈၉၇ ခုနှစ်လောက်က အခုလို  Luna Villa မဖြစ်ခင် သိပ်ကိုကြီးကျယ်ခမ်းနားတဲ့ ကဇာတ်ရုံတစ်ခုဖြစ်ခဲ့တာ။

ဇာတ်ရုံနာမည်ကလည်း Luna ပဲဖြစ်တယ်။

လူကုံထံအမျိုးသမီးအမျိုးသားတွေက Luna ကဇာတ်ရုံမှာ အမြဲတမ်း အချိန်ကုန်လေ့ရှိကြတယ်။ လုပ်ငန်းရှင်တွေနဲ့ဝန်ထမ်းတွေက ပိတ်ရက်တွေမှာ လာရောက်အပန်းဖြေတတ်ကြတယ်။ ပြီးတော့ အဲ့ဒီ ကဇာတ်ရုံမှာအရမ်းနာမည်ကြီးရေပန်းစားတဲ့ အမျိုးသမီး တစ်ယောက်ရှိတယ်။

အမျိုးသမီးက အသက်၁၇လောက်ပဲ ရှိဦးမယ် ။ ဒါပေမယ့် သူမက အရွယ်နဲ့မလိုက်အောင် အရမ်းတော်ပြီး ရုပ်ရည်ရူပကာကလည်း ပြောစရာမရှိအောင် သိပ်လှပြီးချစ်ဖို့ကောင်းတာ ။ သူ့နာမည်က Ella ဖြစ်တယ်။

ကဇာတ်ရုံပိုင်ရှင်က သူမကို အလွန်ထောက်ပံ့ပြီးမြေတောင်မြောက်ပေးခဲ့တယ်။ ကဇာတ်ရုံပိုင်ရှင်နာမည်က Alexander ဖြစ်ပြီး Ella က အသက်ငယ်ရွယ်တဲ့မနူးမနပ်လေးမို့ ထိုလူသားကို ချစ်မိသွားခဲ့တယ်။ Ella မသိခဲ့ဘူး။ သူမရဲ့ သူဋ္ဌေးက သူမကို ညီမလေးလိုသဘောထားပြီး လုပ်ပေးခဲ့သမျှကို သူဋ္ဌေးကသူမကိုစိတ်ဝင်စားနေခဲ့လို့ လုပ်ပေးနေခဲ့တာပဲလို့ ထင်နေမိခဲ့တယ်။

သူဋ္ဌေးက တစ်နေ့မှာ ကဇာတ်ရုံကို အမျိုးသမီးတစ်ဦး ကို ခေါ်လာခဲ့တယ်။
အမျိုးသမီးက မျိုးရိုးမြင့်အထက်တန်းစားဖြစ်မှန်းသိပ်သိသာပြီး တန်ဖိုးကြီးတဲ့ သိပ်လှတဲ့ အဝါရောင်ဂါဝန်ကားကားလေးကိုဝတ်ဆင်ထားခဲ့တယ်။

အမျိုးသမီးက ရွှေရောင်ဆံပင်လိမ်ကောက်ကောက်တွေရှိပြီး ရွှေရောင်သစ်ခက်အခွေလေးကို သရဖူဆောင်းသလိုပန်ထားတယ်။

သူမက သိပ်လှတဲ့အပြုံးတွေနဲ့ သူဋ္ဌေးရဲ့လက်ကိုဆွဲကာ ဝံ့ဝံ့ကြွားကြွား လျှောက်လှမ်းနေတယ်။

" Ella..သူမက မကြာခင်မှာ မင်းတို့ရဲ့ သူဋ္ဌေးမဖြစ်လာမယ့်သူ Jisal တဲ့ ''

Jisal က ပါးချိုင့်လေးပေါ်အောင်ပြုံးပြီး Ella ဆီကို လက်တစ်ဖက်ကမ်းပေးလာတဲ့အခါ Ella က ဟန်ဆောင်ကောင်းစွာပဲ ပြန်ပြီး ပြုံးပြရင်း လက်ဆွဲနူတ်ဆက်လိုက်တယ်။

" Nice To Meet You Ella ''

" Me Too..Madam  Jisal ''

Alexander က ဂျစ်ဆဲလ်ကို နူးညံ့စွာ ပြုံးပြီးကြည့်နေတော့ အယ်လာ စိတ်ထဲမှာ ဝမ်းနည်းမိသွားတယ် ။ သူဋ္ဌေးက သူမမဟုတ်တဲ့ တခြားတစ်ယောက် ကို အချစ်မျက်ဝန်းကြီးနဲ့ ကြည့်နေတယ်။

" အယ်လာရဲ့ ဖျော်ဖြေမှုတွေကို ကျွန်မက သိပ်ကြိုက်တာ ကိုယ်တိုင် မကြည်ဖူးပေမယ့် မိတ်ဆွေတွေက အိမ်တော်ကိုလာလည်ရင် အမြဲပြောပြကြတယ် ဒီကိုလာချင်လွန်းလို့ အစ်ကို့ကို အမြဲတမ်းပူဆာနေကျ.. အခုမှ လာရတော့တယ် အယ်လာက မိတ်ဆွေတွေပြောတာထက်တောင် ပိုပြီး ချောနေသေးတယ် ကျွန်မ အယ်လာကိုသိပ်သဘောကျတာပဲ ''

အဲ့လောက်ဖြူစင်နေဖို့မလိုဘူးလေ မဒမ်ဂျစ်ဆဲလ်ရယ်။ ရှင့်ကိုမုန်းနေတဲ့သူကို ဘာကြောင့် အဲ့လောက်ထိ အမွှန်းတင်နေရတာလဲ ။ ရှင့်ကို သူဋ္ဌေးကချစ်တော့ကျွန်မကရှင့်ကိုမုန်းတယ် ။

အယ်လာက သက်ပြင်းချပြီး ပြုံးပြကာ သူမတို့၏ အနားကနေထွက်သွားဖို့အတွက်အကြောင်းပြချက်ထုတ်သည်။

" ဟုတ်ကဲ့.. မဒမ်ဂျစ်ဆဲလ် ၊ သူဋ္ဌေး အယ်လာ့ကို ခွင့်ပြုပါအုန်း ဖျော်ဖြေဖို့ပြင်ဆင်ရဦးမယ် ''

" အင်း အယ်လာ..သွားလေ..''

" ညီမလေးအယ်လာ..အစ်မအားပေးနေမယ်နော် ''

အယ်လာက သူမကိုသူမတွေးမိသည်။

ဒါဟာ သူမက အပယ်ခံလေးဖြစ်သွားခဲ့တာမျိုးလား ၊ သူမက သူဋ္ဌေးကိုမပိုင်ဆိုင်နိုင်တော့ဘူးလား..။ အယ်လာရဲ့ မျက်ရည်စက်က ကြမ်းပြင်ပေါ်ကို သက်ဆင်းသွားသည်။

အယ်လာက မျှော်လင့်ချက်သေးသေးလေးကိုဆုပ်ကိုင်ပြီး သူဋ္ဌေးကို ပိုင်ဆိုင်ဖို့ ကြိုးစားပါအုန်းမယ်။

ဒီလိုနဲ့ အချိန်ကာလတစ်ခုကိုရောက်ခဲ့တယ်။ ဂျစ်ဆဲလ်က တကယ်ဖြူစင်တဲ့ မိန်းကလေးဆိုပေမယ့် သူဋ္ဌေးရဲ့ အိမ်ထောင်ဖက်လောင်းမို့ သူမက မုန်းတီးနေတုန်းပါပဲ ။ ကိုယ့်ကို ချစ်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေပေမယ့် ကိုယ့်ကို  မချစ်တဲ့ သူဋ္ဌေးမျက်နှာကိုသာ တစ်ကမ္ဘာတည်နေခဲ့တဲ့ အယ်လာက တစ်ဖတ်သတ် အမုန်းတရားတွေနဲ့ သူ့ဘာသာသူ ပူလောင်နေခဲ့တယ်။

တစ်နေ့မှာ ကြားလိုက်ရတဲ့ သတင်းက..

" ကဇာတ်ရုံကို ရောင်းပစ်တော့မယ်တဲ့ ''

သူမအတွက် ဒါဟာ တုန်လှုပ်စရာကောင်းတဲ့ သတင်းဆိုးပဲ ။ အယ်လာက တစ်ညလုံး ငိုကျွေးနေခဲ့တယ် ။ သူဋ္ဌေးက အဲ့လောက်ထိ ရက်စက်မယ်လို့မထင်ခဲ့ဘူး။
ဒီကဇာတ်ရုံမှာ အမှီပြုနေရတဲ့ သူမတို့က ဒီကဇာတ်ရုံကိုသာရောင်းလိုက်ရင် ဒီကဇာတ်ရုံသာမရှိတော့ရင် လမ်းဘေးကို ရောက်သွားလိမ့်မယ်။

" အယ်လာ ဘာလို့ငိုနေတာလဲ ''

သူဋ္ဌေးရဲ့စကားသံကြောင့် ဇာတ်ရုံဝရံတာမှာငိုနေတဲ့ အယ်လာက ခေါင်းထောင်ကြည့်တယ် ။

" သူဋ္ဌေး..ဘာလို့ ရောင်းဖို့လုပ်ရတာလဲ ''

" ဒါကြောင့်လား..အင်း အစ်ကိုလည်း မရောင်းချင်ပါဘူး..ဒါပေမယ့် ဂျစ်ဆဲလ်မိဘတွေက ဒီကဇာတ်ရုံကိုရောင်းမှ သဘောတူပေးမယ်ဆိုလို့ ''

"......''

အယ်လာက စိတ်ထဲက ကြိတ်ပြီး ဟားတိုက်ရယ်လိုက်မိတယ်။ ဂျစ်ဆဲလ်လား ။ အမြဲတမ်း မဒမ်ဂျစ်ဆဲလ် အတွက်ချည်းပဲ ။ သူမတို့ဘဝတွေကိုကျတော့မစာနာပေးဘူး ။ သူမတို့လမ်းပေါ်ရောက်သွားရင် လူတကာရဲ့ပျက်ကယ်ပြုတာ၊
နိုမ်တာ ၊ သားပြောမယားပြောပြောခံရမှာ နောက်ဆုံး အိပ်ယာပေါ်ထိ အတင်းဆွဲတင်ခံရနိုင်တာကိုရော သူဋ္ဌေးက လစ်လျူရှုတာ လား..။ တကယ်ပဲ မသိတာလား ။ နောက်ဆုံးတော့ သူမကအရူးကြီးလိုပါပဲလား..။

သူမပုခုံးပေါ် လက်ကလေးနဲ့ အားပေးနှစ်သိမ့်သလို နှစ်ချက်ပုတ်ကာ 'စိတ်မကောင်းပါဘူးကွာ' လို့ ပြောပြီး ထွက်သွားတဲ့ သူဋ္ဌေးကို အယ်လာက ခပ်မဲ့မဲ့ ပြုံးကြည့်နေတယ် ။

ဒီကဇာတ်ရုံကို ဘယ်သူမှ မဝယ်စေရဘူး။
သူဋ္ဌေးလည်း မဒမ်ဂျစ်ဆဲလ်နဲ့ လက်မထပ်စေရဘူး ။

သူမအတွေးကို သူမက သိပ်ကိုကျေနပ်နေခဲ့တယ်။

..........

Luna ကဇာတ်ရုံမှာ မီးလောင်တယ်။
သူဋ္ဌေးနဲ့ ပင်တိုင်ဖျော်ဖြေသူအယ်လာလည်း အခြားအဖွဲ့သားတွေနဲ့အတူ မီးထဲပါသွားတယ်။

ဂျစ်ဆဲလ်က သတင်းစာကို ဖတ်ကြည့်ရင်း ရင်နင့်လာသည်။ သူမသိပ်သဘောကျအား​ပေးရတဲ့ အယ်လာနဲ့ သူမရဲ့ အိမ်ထောင်ဖက် ချစ်ရသူ Alexander ကပါ သေဆုံးသွားကြတယ်။ သူမနဲ့မနေ့ကတောင် ပျော်ပျော်ပြီး စကားပြောရယ်မောနေတဲ့ ချစ်သူက ညက ကဇာတ်ရုံမှာ မီးလောင်ပြီး မီးထဲပါသွားပြီ တဲ့။
သတင်းစာခေါင်းကြီးပိုင်းမှာ ပါလာတဲ့ စာလုံးမဲကြီးတွေက သူမရင်ထဲက နှလုံးသားကို မီးစနဲ့ ထိုးဆွနေသလိုပါပဲ။

ဂျစ်ဆဲလ်က နှလုံးရောဂါသမားမို့ ထိုသတင်းကြောင့် အရင်အချိန်တွေ ပြန်တွေးရင်း ကြေကွဲသေဆုံးတယ်။

Ella က သေဆုံးပြီးနောက်မှာ သူမရဲ့ လုပ်ရပ်တွေကြောင့် မကျွတ်မလွတ်ဖြစ်နေခဲ့တယ်။

Luna ကဇာတ်ရုံနဲ့ ပတ်သတ်ဖူးတဲ့ Alexander နဲ့ Jisal တို့ရဲ့ ဝင်စားတဲ့ဘဝတိုင်းမှာ Luna ကို ရောက်အောင် သူမက နည်းမျိုးစုံနဲ့လုပ်ယူတယ်။

ပြီးရင် သူမက သေကွဲကွဲအောင် လုပ်နေကျ။

၄ ဘဝတောင်ရှိနေပြီ ။ အခုဘဝမှာထပ်လုပ်ရင်သူမက သဘတ်ဖြစ်လာတော့မှာ။
ဘယ်တော့မှ ကျွတ်မှာမဝုတ်တော့ဘူး။

ရှောင်းကျန့်က Kitty ရဲ့ ရှင်းပြချက်အဆုံးမှာ သက်ပြင်းချတယ် ။ အချစ်ဆိုတာကြီးက တယ်လည်း ကြောက်ဖို့ကောင်းပါလား။
အဲ့လိုအချစ်ကြီးတာကလည်း ကြောက်စရာကောင်းတယ်။

Luna Villa ကို သွားတဲ့လမ်းတစ်လျှောက် Kitty ပြောပြတဲ့ Luna နဲ့ ပတ်သတ်တဲ့ ဇာတ်လမ်းကြောင့် ရှောင်းကျန့်က ဘယ်သူ့ကို သနားရမှန်းမသိဖြစ်သွားရတယ်။

အချစ်ကြီးတဲ့ အတွက် မှားတဲ့ဘက်ကိုရောက်သွားတဲ့ အယ်လာကိုလား။

တစ်ယောက်နဲ့တစ်ယောက် ချစ်နေလျက်နဲ့ သေကွဲကွဲရတဲ့ အလက်ဇန္ဒားနဲ့ ဂျစ်ဆဲလ်ကို လား။

' Kitty အခုဘဝမှာ Alexander နဲ့ ဂျစ်ဆဲလ်ကို ဝင်စားတဲ့ သူတွေကို သိပြီးပြီလား '

' ဟင့်အင်း မသိဘူး မူလအကြောင်းအရာမှာ ဘယ်လိုမှ ဖော်ပြမထားဘူး'

Maple သည် သူမကို ဘေးမှာထားကာ တွေးတောနေတဲ့ Adam ကို တစ်ချက်တစ်ချက် ခိုးကြည့်နေရင်း တစ်ယောက်တည်း ရှက်နေရတာအမောပင်။

ဟုတ်တယ် ။ သူမက Adam ကို ငယ်ငယ်ကတည်းက ချစ်နေခဲ့တာ ။ Adam မသိပေမယ့်လည်း...။

သက်ပြင်းငွေ့လေးခိုးချကာ Maple က ငြိမ်သက်သွားသည် ။

Adam သူမကို ပြန်မချစ်မှာကို သူမ သိပ်ကြောက်တယ်။ ဒါပေမယ့် အတင်းလုပ်ယူတဲ့ ချစ်ခြင်းမျိုးကိုလည်း သူမ မသတီပါဘူး ။ ဒါကြောင့် အေးအေးဆေးဆေးလေးပဲ Adam ကိုချစ်နေမှာ ။


AN../Update ကြာနိုင်ချေရှိပါတယ်။
အလုပ်တစ်ခုလက်ခံထားလို့ပါ ။

##############

Zawgyi

" Adam ''

"အင္း Maple လာၿပီလား ထိုင္အုန္း ငါမနက္စာလုပ္ေနတာ''

Maple က ေပါင္မုန့္ခ်ပ္ေတြကို ေထာင္ျပရင္း ေျပာလာသည့္ သူငယ္ခ်င္းကိုၾကည့္ၿပီး အလွဆုံး ၿပဳံးသည္။

သူမ ဧည့္ခန္းမွာ ထိုင္ေစာင့္ေနၿပီးမၾကာခင္ Adam က ေပါင္မုန့္ခ်ပ္ပန္းကန္ ဝက္သားစဥ္းေကာနဲ႕ မေယာနိစ္၊ လက္ဖက္ရည္ႏွစ္ခြက္ထည့္ထားသည့္ လင္ဗန္းကိုယူကာ အနားေရာက္လာသည္။

" Adam ေက်းဇူးပဲ ''

" မလိုပါဘူး ငါတို႔က သူငယ္ခ်င္းေတြပဲ''

ကြက္ခနဲ ပ်က္သြားတဲ့ ဇာတ္လိုက္မရဲ႕မ်က္ႏွာေၾကာင့္ ေရွာင္းက်န့္အနည္းငယ္ ေၾကာင္အသြားရ၏။

'Kitty မင္းကငါထင္သလိုထင္ေနတယ္မလား။'

' သိပ္ဟုတ္တာေပါ့ အစ္ကိုေရွာင္း '

' ငါ႐ြဲ႕ေျပာတာ မေက်နပ္လို႔ေလ..ဟုတ္တယ္ဟုတ္ '

Kitty.. '=_='

ဇာတ္လိုက္မ..'=_='

"Adam.. နင္ ေနာက္ထပ္ Luna Villa ကိုသြားဖို႔ ဆႏၵ ရွိေသးလား''

" အင္း ရွိတယ္ ''

".???.ဘာလို႔လဲ နင္ေသမလိုျဖစ္ခဲ့တာေလ''

Maple တကယ္အံ့ၾသမိတယ္ ။ သူမသာ လိုက္မရွာခဲ့ဘူး ဆိုရင္ Adam ေသေနေလာက္ၿပီ။ ဒါကို Adam က ထပ္သြားခ်င္ေနေသးတယ္။ Adam ႐ူးသြားတာလား။

"အင္း ငါက တကယ္ေတာ့ အေၾကာက္လြန္သြားလို႔ပါ..ဒီတစ္ခါေတာ့ ဘာမွ မျဖစ္ေစရဘူး ငါယုံတယ္ ''

Maple က တအံ့တၾသ ၾကည့္လာတာမို႔ ျဖည္းျဖည္းခ်င္း ေျပာျပလိုက္တယ္။ သူက Adam မဟုတ္ဘူးေလ။ ေရွာင္းက်န့္ သူက ေရွာင္းက်န့္ ။Adam ေၾကာက္တိုင္းသူကေၾကာက္မလား။ အဟမ္း ကူညီေပးမယ့္ Kitty ေလးကိုေမ့ထားေပးၾက။Okay...။

" နင္တစ္ေယာက္တည္းငါစိတ္မခ်ဘဴး ငါလိုက္ခ်င္တယ္''

"Maple ..မျဖစ္.. ''

" မရဘူး ငါလိုက္မယ္ နင္မျငင္းရဘူး''

" ၿပီးေရာဟာ..အဲ့တာဆိုလည္း လိုက္ခဲ့ပါ.. ဒီေန႕ညေန၅နာရီေက်ာ္ရင္ သြားမယ္ ''

" အင္း.. အင္း ''

ေခါင္းတဆတ္ဆတ္ညိတ္ကာ ၿပဳံးေပ်ာ္ေနတဲ့ သူမက သြားရမယ့္ေနရာကို ေဈးပြဲေတာ္မ်ားေအာက္ေမ့ေနေလသလား..လို႔ ေရွာင္းက်န့္ေတြးမိသည္။

တစ္ဆက္တည္းဆိုသလို ေတြးလိုက္မိတာက Maple က Adam ကို အရမ္းခ်စ္တာပဲလို႔ သာ..။ ေအာ္ သူငယ္ခ်င္းေကာင္းရထားတဲ့ Adam ကိုေတာင္ ေရွာင္းက်န့္က အလစ္တဲေလး မနာလိုမိေသးတယ္။

....................

ညေန၅နာရီေက်ာ္ မွာ Adam နဲ႕ Maple က လမင္းဗီလာ သို႔ ထြက္ခဲ့ၾကသည္။

' kitty ေရ Luna Villa အေၾကာင္းေလးေျပာပါအုန္း '

ေရွာင္းက်န့္စကားေၾကာင့္ Kitty က စကားဆိုလာသည္။

Luna Villa က တစ္ခ်ိန္တုန္းက ဇာတ္႐ုံတစ္ခုျဖစ္ခဲ့ဖူးတယ္။

၁၈၉၇ ခုႏွစ္ေလာက္က အခုလို  Luna Villa မျဖစ္ခင္ သိပ္ကိုႀကီးက်ယ္ခမ္းနားတဲ့ ကဇာတ္႐ုံတစ္ခုျဖစ္ခဲ့တာ။

ဇာတ္႐ုံနာမည္ကလည္း Luna ပဲျဖစ္တယ္။

လူကုံထံအမ်ိဳးသမီးအမ်ိဳးသားေတြက Luna ကဇာတ္႐ုံမွာ အၿမဲတမ္း အခ်ိန္ကုန္ေလ့ရွိၾကတယ္။ လုပ္ငန္းရွင္ေတြနဲ႕ဝန္ထမ္းေတြက ပိတ္ရက္ေတြမွာ လာေရာက္အပန္းေျဖတတ္ၾကတယ္။ ၿပီးေတာ့ အဲ့ဒီ ကဇာတ္႐ုံမွာအရမ္းနာမည္ႀကီးေရပန္းစားတဲ့ အမ်ိဳးသမီး တစ္ေယာက္ရွိတယ္။

အမ်ိဳးသမီးက အသက္၁၇ေလာက္ပဲ ရွိဦးမယ္ ။ ဒါေပမယ့္ သူမက အ႐ြယ္နဲ႕မလိုက္ေအာင္ အရမ္းေတာ္ၿပီး ႐ုပ္ရည္႐ူပကာကလည္း ေျပာစရာမရွိေအာင္ သိပ္လွၿပီးခ်စ္ဖို႔ေကာင္းတာ ။ သူ႕နာမည္က Ella ျဖစ္တယ္။

ကဇာတ္႐ုံပိုင္ရွင္က သူမကို အလြန္ေထာက္ပံ့ၿပီးေျမေတာင္ေျမာက္ေပးခဲ့တယ္။ ကဇာတ္႐ုံပိုင္ရွင္နာမည္က Alexander ျဖစ္ၿပီး Ella က အသက္ငယ္႐ြယ္တဲ့မႏူးမနပ္ေလးမို႔ ထိုလူသားကို ခ်စ္မိသြားခဲ့တယ္။ Ella မသိခဲ့ဘူး။ သူမရဲ႕ သူ႒ေးက သူမကို ညီမေလးလိုသေဘာထားၿပီး လုပ္ေပးခဲ့သမွ်ကို သူ႒ေးကသူမကိုစိတ္ဝင္စားေနခဲ့လို႔ လုပ္ေပးေနခဲ့တာပဲလို႔ ထင္ေနမိခဲ့တယ္။

သူ႒ေးက တစ္ေန႕မွာ ကဇာတ္႐ုံကို အမ်ိဳးသမီးတစ္ဦး ကို ေခၚလာခဲ့တယ္။
အမ်ိဳးသမီးက မ်ိဳးရိုးျမင့္အထက္တန္းစားျဖစ္မွန္းသိပ္သိသာၿပီး တန္ဖိုးႀကီးတဲ့ သိပ္လွတဲ့ အဝါေရာင္ဂါဝန္ကားကားေလးကိုဝတ္ဆင္ထားခဲ့တယ္။

အမ်ိဳးသမီးက ေ႐ႊေရာင္ဆံပင္လိမ္ေကာက္ေကာက္ေတြရွိၿပီး ေ႐ႊေရာင္သစ္ခက္အေခြေလးကို သရဖူေဆာင္းသလိုပန္ထားတယ္။

သူမက သိပ္လွတဲ့အၿပဳံးေတြနဲ႕ သူ႒ေးရဲ႕လက္ကိုဆြဲကာ ဝံ့ဝံ့ႂကြားႂကြား ေလွ်ာက္လွမ္းေနတယ္။

" Ella..သူမက မၾကာခင္မွာ မင္းတို႔ရဲ႕ သူ႒ေးမျဖစ္လာမယ့္သူ Jisal တဲ့ ''

Jisal က ပါးခ်ိဳင့္ေလးေပၚေအာင္ၿပဳံးၿပီး Ella ဆီကို လက္တစ္ဖက္ကမ္းေပးလာတဲ့အခါ Ella က ဟန္ေဆာင္ေကာင္းစြာပဲ ျပန္ၿပီး ၿပဳံးျပရင္း လက္ဆြဲႏူတ္ဆက္လိုက္တယ္။

" Nice To Meet You Ella ''

" Me Too..Madam  Jisal ''

Alexander က ဂ်စ္ဆဲလ္ကို ႏူးညံ့စြာ ၿပဳံးၿပီးၾကည့္ေနေတာ့ အယ္လာ စိတ္ထဲမွာ ဝမ္းနည္းမိသြားတယ္ ။ သူ႒ေးက သူမမဟုတ္တဲ့ တျခားတစ္ေယာက္ ကို အခ်စ္မ်က္ဝန္းႀကီးနဲ႕ ၾကည့္ေနတယ္။

" အယ္လာရဲ႕ ေဖ်ာ္ေျဖမႈေတြကို ကြၽန္မက သိပ္ႀကိဳက္တာ ကိုယ္တိုင္ မၾကည္ဖူးေပမယ့္ မိတ္ေဆြေတြက အိမ္ေတာ္ကိုလာလည္ရင္ အၿမဲေျပာျပၾကတယ္ ဒီကိုလာခ်င္လြန္းလို႔ အစ္ကို႔ကို အၿမဲတမ္းပူဆာေနက်.. အခုမွ လာရေတာ့တယ္ အယ္လာက မိတ္ေဆြေတြေျပာတာထက္ေတာင္ ပိုၿပီး ေခ်ာေနေသးတယ္ ကြၽန္မ အယ္လာကိုသိပ္သေဘာက်တာပဲ ''

အဲ့ေလာက္ျဖဴစင္ေနဖို႔မလိုဘူးေလ မဒမ္ဂ်စ္ဆဲလ္ရယ္။ ရွင့္ကိုမုန္းေနတဲ့သူကို ဘာေၾကာင့္ အဲ့ေလာက္ထိ အမႊန္းတင္ေနရတာလဲ ။ ရွင့္ကို သူ႒ေးကခ်စ္ေတာ့ကြၽန္မကရွင့္ကိုမုန္းတယ္ ။

အယ္လာက သက္ျပင္းခ်ၿပီး ၿပဳံးျပကာ သူမတို႔၏ အနားကေနထြက္သြားဖို႔အတြက္အေၾကာင္းျပခ်က္ထုတ္သည္။

" ဟုတ္ကဲ့.. မဒမ္ဂ်စ္ဆဲလ္ ၊ သူ႒ေး အယ္လာ့ကို ခြင့္ျပဳပါအုန္း ေဖ်ာ္ေျဖဖို႔ျပင္ဆင္ရဦးမယ္ ''

" အင္း အယ္လာ..သြားေလ..''

" ညီမေလးအယ္လာ..အစ္မအားေပးေနမယ္ေနာ္ ''

အယ္လာက သူမကိုသူမေတြးမိသည္။

ဒါဟာ သူမက အပယ္ခံေလးျဖစ္သြားခဲ့တာမ်ိဳးလား ၊ သူမက သူ႒ေးကိုမပိုင္ဆိုင္နိုင္ေတာ့ဘူးလား..။ အယ္လာရဲ႕ မ်က္ရည္စက္က ၾကမ္းျပင္ေပၚကို သက္ဆင္းသြားသည္။

အယ္လာက ေမွ်ာ္လင့္ခ်က္ေသးေသးေလးကိုဆုပ္ကိုင္ၿပီး သူ႒ေးကို ပိုင္ဆိုင္ဖို႔ ႀကိဳးစားပါအုန္းမယ္။

ဒီလိုနဲ႕ အခ်ိန္ကာလတစ္ခုကိုေရာက္ခဲ့တယ္။ ဂ်စ္ဆဲလ္က တကယ္ျဖဴစင္တဲ့ မိန္းကေလးဆိုေပမယ့္ သူ႒ေးရဲ႕ အိမ္ေထာင္ဖက္ေလာင္းမို႔ သူမက မုန္းတီးေနတုန္းပါပဲ ။ ကိုယ့္ကို ခ်စ္တဲ့သူေတြ ဝိုင္းဝိုင္းလည္ေနေပမယ့္ ကိုယ့္ကို  မခ်စ္တဲ့ သူ႒ေးမ်က္ႏွာကိုသာ တစ္ကမၻာတည္ေနခဲ့တဲ့ အယ္လာက တစ္ဖတ္သတ္ အမုန္းတရားေတြနဲ႕ သူ႕ဘာသာသူ ပူေလာင္ေနခဲ့တယ္။

တစ္ေန႕မွာ ၾကားလိုက္ရတဲ့ သတင္းက..

" ကဇာတ္႐ုံကို ေရာင္းပစ္ေတာ့မယ္တဲ့ ''

သူမအတြက္ ဒါဟာ တုန္လႈပ္စရာေကာင္းတဲ့ သတင္းဆိုးပဲ ။ အယ္လာက တစ္ညလုံး ငိုေကြၽးေနခဲ့တယ္ ။ သူ႒ေးက အဲ့ေလာက္ထိ ရက္စက္မယ္လို႔မထင္ခဲ့ဘူး။
ဒီကဇာတ္႐ုံမွာ အမွီျပဳေနရတဲ့ သူမတို႔က ဒီကဇာတ္႐ုံကိုသာေရာင္းလိုက္ရင္ ဒီကဇာတ္႐ုံသာမရွိေတာ့ရင္ လမ္းေဘးကို ေရာက္သြားလိမ့္မယ္။

" အယ္လာ ဘာလို႔ငိုေနတာလဲ ''

သူ႒ေးရဲ႕စကားသံေၾကာင့္ ဇာတ္႐ုံဝရံတာမွာငိုေနတဲ့ အယ္လာက ေခါင္းေထာင္ၾကည့္တယ္ ။

" သူ႒ေး..ဘာလို႔ ေရာင္းဖို႔လုပ္ရတာလဲ ''

" ဒါေၾကာင့္လား..အင္း အစ္ကိုလည္း မေရာင္းခ်င္ပါဘူး..ဒါေပမယ့္ ဂ်စ္ဆဲလ္မိဘေတြက ဒီကဇာတ္႐ုံကိုေရာင္းမွ သေဘာတူေပးမယ္ဆိုလို႔ ''

"......''

အယ္လာက စိတ္ထဲက ႀကိတ္ၿပီး ဟားတိုက္ရယ္လိုက္မိတယ္။ ဂ်စ္ဆဲလ္လား ။ အၿမဲတမ္း မဒမ္ဂ်စ္ဆဲလ္ အတြက္ခ်ည္းပဲ ။ သူမတို႔ဘဝေတြကိုက်ေတာ့မစာနာေပးဘူး ။ သူမတို႔လမ္းေပၚေရာက္သြားရင္ လူတကာရဲ႕ပ်က္ကယ္ျပဳတာ၊
နိုမ္တာ ၊ သားေျပာမယားေျပာေျပာခံရမွာ ေနာက္ဆုံး အိပ္ယာေပၚထိ အတင္းဆြဲတင္ခံရနိုင္တာကိုေရာ သူ႒ေးက လစ္လ်ဴရႈတာ လား..။ တကယ္ပဲ မသိတာလား ။ ေနာက္ဆုံးေတာ့ သူမကအ႐ူးႀကီးလိုပါပဲလား..။

သူမပုခုံးေပၚ လက္ကေလးနဲ႕ အားေပးႏွစ္သိမ့္သလို ႏွစ္ခ်က္ပုတ္ကာ 'စိတ္မေကာင္းပါဘူးကြာ' လို႔ ေျပာၿပီး ထြက္သြားတဲ့ သူ႒ေးကို အယ္လာက ခပ္မဲ့မဲ့ ၿပဳံးၾကည့္ေနတယ္ ။

ဒီကဇာတ္႐ုံကို ဘယ္သူမွ မဝယ္ေစရဘူး။
သူ႒ေးလည္း မဒမ္ဂ်စ္ဆဲလ္နဲ႕ လက္မထပ္ေစရဘူး ။

သူမအေတြးကို သူမက သိပ္ကိုေက်နပ္ေနခဲ့တယ္။

..........

Luna ကဇာတ္႐ုံမွာ မီးေလာင္တယ္။
သူ႒ေးနဲ႕ ပင္တိုင္ေဖ်ာ္ေျဖသူအယ္လာလည္း အျခားအဖြဲ႕သားေတြနဲ႕အတူ မီးထဲပါသြားတယ္။

ဂ်စ္ဆဲလ္က သတင္းစာကို ဖတ္ၾကည့္ရင္း ရင္နင့္လာသည္။ သူမသိပ္သေဘာက်အား​ေပးရတဲ့ အယ္လာနဲ႕ သူမရဲ႕ အိမ္ေထာင္ဖက္ ခ်စ္ရသူ Alexander ကပါ ေသဆုံးသြားၾကတယ္။ သူမနဲ႕မေန႕ကေတာင္ ေပ်ာ္ေပ်ာ္ၿပီး စကားေျပာရယ္ေမာေနတဲ့ ခ်စ္သူက ညက ကဇာတ္႐ုံမွာ မီးေလာင္ၿပီး မီးထဲပါသြားၿပီ တဲ့။
သတင္းစာေခါင္းႀကီးပိုင္းမွာ ပါလာတဲ့ စာလုံးမဲႀကီးေတြက သူမရင္ထဲက ႏွလုံးသားကို မီးစနဲ႕ ထိုးဆြေနသလိုပါပဲ။

ဂ်စ္ဆဲလ္က ႏွလုံးေရာဂါသမားမို႔ ထိုသတင္းေၾကာင့္ အရင္အခ်ိန္ေတြ ျပန္ေတြးရင္း ေၾကကြဲေသဆုံးတယ္။

Ella က ေသဆုံးၿပီးေနာက္မွာ သူမရဲ႕ လုပ္ရပ္ေတြေၾကာင့္ မကြၽတ္မလြတ္ျဖစ္ေနခဲ့တယ္။

Luna ကဇာတ္႐ုံနဲ႕ ပတ္သတ္ဖူးတဲ့ Alexander နဲ႕ Jisal တို႔ရဲ႕ ဝင္စားတဲ့ဘဝတိုင္းမွာ Luna ကို ေရာက္ေအာင္ သူမက နည္းမ်ိဳးစုံနဲ႕လုပ္ယူတယ္။

ၿပီးရင္ သူမက ေသကြဲကြဲေအာင္ လုပ္ေနက်။

၄ ဘဝေတာင္ရွိေနၿပီ ။ အခုဘဝမွာထပ္လုပ္ရင္သူမက သဘတ္ျဖစ္လာေတာ့မွာ။
ဘယ္ေတာ့မွ ကြၽတ္မွာမဝုတ္ေတာ့ဘူး။

ေရွာင္းက်န့္က Kitty ရဲ႕ ရွင္းျပခ်က္အဆုံးမွာ သက္ျပင္းခ်တယ္ ။ အခ်စ္ဆိုတာႀကီးက တယ္လည္း ေၾကာက္ဖို႔ေကာင္းပါလား။
အဲ့လိုအခ်စ္ႀကီးတာကလည္း ေၾကာက္စရာေကာင္းတယ္။

Luna Villa ကို သြားတဲ့လမ္းတစ္ေလွ်ာက္ Kitty ေျပာျပတဲ့ Luna နဲ႕ ပတ္သတ္တဲ့ ဇာတ္လမ္းေၾကာင့္ ေရွာင္းက်န့္က ဘယ္သူ႕ကို သနားရမွန္းမသိျဖစ္သြားရတယ္။

အခ်စ္ႀကီးတဲ့ အတြက္ မွားတဲ့ဘက္ကိုေရာက္သြားတဲ့ အယ္လာကိုလား။

တစ္ေယာက္နဲ႕တစ္ေယာက္ ခ်စ္ေနလ်က္နဲ႕ ေသကြဲကြဲရတဲ့ အလက္ဇႏၵားနဲ႕ ဂ်စ္ဆဲလ္ကို လား။

' Kitty အခုဘဝမွာ Alexander နဲ႕ ဂ်စ္ဆဲလ္ကို ဝင္စားတဲ့ သူေတြကို သိၿပီးၿပီလား '

' ဟင့္အင္း မသိဘူး မူလအေၾကာင္းအရာမွာ ဘယ္လိုမွ ေဖာ္ျပမထားဘူး'

Maple သည္ သူမကို ေဘးမွာထားကာ ေတြးေတာေနတဲ့ Adam ကို တစ္ခ်က္တစ္ခ်က္ ခိုးၾကည့္ေနရင္း တစ္ေယာက္တည္း ရွက္ေနရတာအေမာပင္။

ဟုတ္တယ္ ။ သူမက Adam ကို ငယ္ငယ္ကတည္းက ခ်စ္ေနခဲ့တာ ။ Adam မသိေပမယ့္လည္း...။

သက္ျပင္းေငြ႕ေလးခိုးခ်ကာ Maple က ၿငိမ္သက္သြားသည္ ။

Adam သူမကို ျပန္မခ်စ္မွာကို သူမ သိပ္ေၾကာက္တယ္။ ဒါေပမယ့္ အတင္းလုပ္ယူတဲ့ ခ်စ္ျခင္းမ်ိဳးကိုလည္း သူမ မသတီပါဘူး ။ ဒါေၾကာင့္ ေအးေအးေဆးေဆးေလးပဲ Adam ကိုခ်စ္ေနမွာ ။

AN../Update ၾကာနိုင္ေခ်ရွိပါတယ္။
အလုပ္တစ္ခုလက္ခံထားလို႔ပါ ။

#############

Continue Reading

You'll Also Like

259K 13.7K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
95.7K 10.4K 120
အာဃာတနဲ့မေတ္တာ၊ ဦးနှောက်နဲ့ နှလုံးသား။ တိုင်းပြည်နဲ့လူမျိုး ၊ တာဝန်နဲ့ဝတ္တရား။ ဘယ်ကိုဆက်လျှောက် လမ်းပျောက်နေတဲ့အခါ... ဤနေရာမှာခြေစုံရပ်လို့။ အနောက်...
68.9K 9.1K 6
unicode + zawgyi Xiao Zhan × Wang Yibo A special thanks to Vitadrawing for story cover !
31.6K 4.5K 21
🎈Happy birthday to Ge Ge🎈 🎐2020.10.5🎐 အကိုနဲ့ မွေးလတူ ပုစွန်ကွေးလေး Ji အတွက်..✨🎁✨