မောင့်မူပိုင် (Completed)

By TommyBell92

2.4M 178K 5.4K

Marriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပု... More

Part 1*
Part 2*
Part 3*
Part 4*
Part 5*
Part 6*
Part 7*
Part 8*
Part 9*
Part 10*
Part 11*
Part 12*
Part 13*
Author Note💛
Part 14*
Part 15*
Part 16*
Part 17*
Part 18*
Part 19*
Part 20*
Part 21*
Part 22*
Part 23*
Part 24*
Part 25*
Part 26*
Part 27*
Part 28*
Part 29*
Part 30*
Part 31*
Part 32*
Part 33*
Part 34*
Part 35*
Part 36*
Part 37*
Part 38*
Part 39* ( Final)
ကျေးဇူးတင်လွှာ*
Extra**
Extra***
Dear Readers❤
New Fic*
Extra****
Chibi❤
စျေးဗန်း
Extra*****
Extra******
Full Moon Day *
Must Read*
Notice!
Book!
Book Detail!!!!
Book Preorder!!!

Extra*

36.5K 2.5K 46
By TommyBell92

အလုပ်တွေလက်စသတ်ကာ New York ကပြန်ရောက်ကတည်းက နှစ်ယောက်သား အလုပ်တွေမသွားဖြစ်ပဲ အနားယူနေကြ၏။ အဆိုးဆုံးကတော့ သီဟမင်းထင်​ဖြစ်သည်။

" အလုပ်က ဒီတိုင်းပစ်ထားလို့ မရဘူးလေ မောင် "

" တခါတလေပဲလေ သဲငယ်ရာ၊ မောင်လည်း ပင်ပန်းနေပြီလေ"

" အခုတော့ မင်းက ပင်ပန်းတယ်ဆိုပြီးပြောပြီပေါ့၊ ရတယ် မင်းမသွားရင် ငါသွားမယ်"

" ဘာလို့အလုပ်တွေအဲ့လောက်သွားချင်နေတာလဲကွာ၊ မောင့်ဘေးမှာလည်း နည်းနည်းပါးပါးနေပါဉီးလား "

စကားပြန်မပြောလာတဲ့သူကြောင့် စိတ်ဆိုးသွားပြီဆိုတာသိလိုက်တာမို့ သီဟလည်းဘာမှမပြောနိုင်တော့။ အလျှော့ပေးရတော့သည်။

" အချစ်က သွားစေချင်တယ်ဆိုလည်း သွားမယ်၊ စိတ်အပင်ပန်းမခံနဲ့ ဟုတ်ပြီလား "

ဘာမှတော့မပြောပေမယ့် အလုပ်သွားဖို့ပြင်ဆင်ရတော့သည်။ မင်းဝေနဲ့ရှိုင်းသန့်ကလည်း အလုပ်ကိစခိုင်းထားသည်မို့ အိမ်မှာရှိမနေ။ ဒါကြောင့်အလုပ်ကို ကိုယ်တိုင် ကားမောင်းပြီးသွားဖို့သာလုပ်ရတော့သည်။

မသွားခင် ချစ်ရသူရဲ့နှုတ်ခမ်းထက် အနမ်းလေးခြွေကာ ဆူပုတ်နေသောမျက်နှာထားအား ပြေပျောက်စေဖို့ချော့မိသည်။ မဟုတ်ပါက အလုပ်သွားဖို့ရာဖြောင့်မည်မဟုတ်။

" မောင် သွားပြီနော်၊ စိတ်မဆိုးနဲ့တော့ "

သေချာနှုတ်ဆတ်ပြီးအိမ်ကနေထွက်ခဲ့၏။

မြတ်ထွဋ်ခေါင်သည် သီဟထွက်သွားတာသေချာလားဆိုတာကိုသေချာစစ်ဆေးပြီးသည်နှင့် အိမ်ထဲပြန်ဝင်လာ၏။ အလုပ်ကိုအတင်းလွှတ်နေခြင်းက တခြားကြောင့်တော့မဟုတ်။ ဒီနေ့ဟာ သီဟရဲ့မွေးနေ့ဖြစ်နေ၍သာ။

" အိမ်တော်ထိန်း "

" ဟုတ်ကဲ့ သခင်လေး "

" ကျွန်တော်တို့ စကြတော့မလား "

" အဆင်သင့်ပါပဲ သခင်လေး "

တစ်ခါမှ မီးဖိုချောင်မဝင်တဲ့သူက မီးဖိုချောင်မှာ ဟင်းချက်ဖို့ပြောခဲ့စဉ်က အိမ်တော်ထိန်းလည်း အံ့သြခဲ့ရသည်။ မင်းဝေနဲ့ရှိုင်းသန့်ကိုလည်း တမင်သပ်သပ်တခြားတစ်နေရာကိုလွှတ်လိုက်၏။

များများစားစားတော့မဟုတ်။ သူလေ့လာထားတဲ့ ဟင်းချက်နည်းအနည်းငယ်ဖြင့် မွေးနေ့ကိုပျော်ရွှင်စေမလားဆိုတဲ့ရည်ရွယ်ချက်ဖြင့်သာ စိတ်ထဲ၌ ကြည်နူးရပါ၏။ အမြဲတမ်းသူ့ဘက်ကိုသာဉီးစားပေးတတ်တဲ့ချစ်ရသူအား အခုလိုတော့လုပ်ပေးချင်မိသည်။

" သခင်လေး! "

" ပြော "

" Boss ဆေးရုံရောက်နေတယ်ပြောတယ် "

" ဘာ! "

ထွဋ်ခေါင် ပြာယာခတ်သွားသည်။ မနက်ကထွက်သွားတုန်းက ဘာမှမဖြစ်တဲ့သူကဘာကြောင့်များဆေးရုံရောက်သွားရတာလဲ။

" ကား Accident ဖြစ်သွားတယ်ပြောတယ် သခင်လေး၊ *** ဆေးရုံမှာတဲ့ "

လုပ်လက်စတွေကို ပစ်ထားခဲ့ကာ ကားမောင်းပြီး ဆေးရုံသို့အမြန်ထွက်လာ၏။ စိတ်ထဲတွင် ပြင်းပြင်းထန်ထန်မဖြစ်ဖို့အတွက်သာဆုတောင်းနေမိသည်။

ဆေးရုံသို့ရောက်တော့ ကားကိုပင် သေချာမထားနိုင်တော့ပဲ ဆေးရုံထဲသို့သာပြေးဝင်မိ၏။

" သီဟမင်းထင်နာမည်နဲ့ လူနာရှိလား! "

အသံတွေဟာလည်း ပုံမှန်လား တုန်ရီနေလားမသိပေတော့။ အမြန်ဆုံးတွေ့ရဖို့သာ အဓိကဖြစ်နေသည်။

" အခန်း ၂၀၁ မှာပါ "

သိပြီးသည်နှင့် ထိုအခန်းရှိရာသို့ ပြေးသွားမိ၏။ တံခကိုပင် မခေါက်နိုင်ပါပဲ ဆွဲဖွင့်လိုက်၏။

သီဟမင်းထင် Accident ကြောင့် လက်သာ ထိမိသွားတာမို့တော်သေးသည်ဟုပြောရမည်။ အခန်းထဲတွင်ဆရာဝန်နဲ့ဆွေးနွေးနေတုန်း တံခါးက ဘုန်းခနဲ့အသံမြည်ကာပွင့်လာ၏။

ဘာမှမပြောခင်မှာပဲ တင်းကျပ်စွာပွေ့ဖက်လာသောသူ။ ဆရာဝန်များကလည်းအရိပ်အကဲကိုသဘောပေါက်ကအခန်းတွင်းမှထွက်သွား၏။

ပွေ့ဖက်လာသူအားပြန်လည်ပွေ့ဖက်မိပြီး ပခုံးစွန်းထက်စိုစွတ်လာသလိုခံစားလိုက်ရသည်။

" အချစ်....အချစ် ငိုနေတာလား "

ဘာမှပြန်မပြောပဲ အသံတိတ်ကာနေသည်မို့စိတ်ပူလာရသည်။ ဘာမှကြီးကြီးမားမားမဖြစ်တာမို့အိမ်ကိုဖုန်းမဆက်ပေမယ့် ဘယ်လိုသိကာအခုလိုရောက်တာသည်မသိ။

" ငါ ဘယ်လောက်စိတ်ပူသွားလဲမင်းသိလား! "

" ထုံးစံအတိုင်း ဒေါသထွက်နေတာပဲ၊ တော်ပါသေးရဲ့ "

" မင်း! "

" မောင် ဘာမှမဖြစ်ပါဘူးကွာ၊ လက်လောက်ပဲထိတာ "

" ဘယ်သူလဲ! ဘယ်ကောင်လဲ!  ငါ့ကို ပြောစမ်း! မောင့်ကိုအခုလိုဖြစ်အောင်လုပ်တာ ဘယ်သူလဲလို့! "

" ဒီလိုပဲ မတော်တဆဖြစ်သွားတာပါ သဲငယ်ရဲ့ "

" တောက်စ်! အဲ့လူ ငါ့ရှေ့မပေါ်လာစေနဲ့၊ ငါသတ်မိလိမ့်မယ် "

သီဟ ပြုံးလိုက်သည်။ ချစ်ရသူက သူ့အတွက်နဲ့လူပင်သတ်ဖို့ဝန်မလေးတာဟာ ဘယ်လောက်ထိစိုးရိမ်နေကြောင်းကို ဖော်ပြနေသည်။

" ဟုတ်ပါပြီ၊ အခုတော့ အလုပ်ပြန်သွားရဉီးမယ် သဲငယ်ကို မောင်ပြန်ပို့ပေးခဲ့မယ် "

" ဘာအလုပ်လဲ ဘယ်အလုပ်ကိုသွားဉီးမလို့လဲ! "

" သဲငယ်ပဲ အလုပ်သွားဖို့ပြောထားတာမလား "

" ရူးနေလား ၊ မောင် မင်းရူးနေပြီလား၊ ဒီလောက်ဖြစ်သွားတာတောင် မင်းက အလုပ်သွားချင်နေသေးတာလား! "

" အချစ် စိတ်ပျက်သွားမှာစိုးလို့ပါကွာ၊ အချစ်က မသွားနဲ့ဆို မောင်မသွားတော့ပါဘူး"

" မောင် မင်းက အရူးပဲ" ဆိုကာ မျက်ရည်ကာပေါက်ခနဲ့ကျဆင်းလာ၏။ ဒါကိုမြင်တော့ သီဟပြာပြာသလဲဖြင့် မျက်ရည်တွေသုတ်ပေးမိသည်။

" မောင့်ကြောင့် ငိုပြန်ပြီကွာ "

" ............ "

" အိမ်ပြန်ရအောင်၊ "

အိမ်ပြန်တော့ ထွဋ်ခေါင်က ကားမောင်းပြီး သီဟကဘေးမှာထိုင်ကာ အခြေအနေကိုအကဲခတ်နေ၏။ မျက်မှောင်ကျုံ့ကာ ကားမောင်းနေသည့်ပုံစံက ဒီကိစကိုမကျေနပ်သေးဘူးဟုထင်ရသည်။

အိမ်ရောက်တော့

" မောင် ငါ့နောက်လိုက်ခဲ့ "

ဘာမှမပြောပဲ လိုက်သွားမိတော့ ထမင်းစားခန်းမှာပြင်ဆင်ထားတဲ့အပြင်အဆင်ကြောင့် ထွဋ်ခေါင်ကြောင်ပြီးကြည့်နေမိသည်။ စားပွဲထက်မှာ ကိတ်မုန့်တစ်လုံးရှိနေပြီး အစားအစာတချို့လည်းအလှဆင်ထားသည်။

" အချစ် "

" ဒီနေ့ မောင့်မွေးနေ့လေ မေ့နေတာမလား'

ထွဋ်ခေါင်ပြောမှ သတိရသည်။ တကယ်မေ့နေခဲ့သည်ပဲ။

ခုံမှာထိုင်ပြီးနောက် သီဟရှေ့ချပေးထားသောပန်းကန်အား ထွဋ်ခေါင်လှမ်းယူ၏။ ပြီးနောက်အသားကိုလှီးကာ သီဟရှေ့ပြန်ချပေးသည် ။

" မောင်လက်နာနေတယ်မလား၊ အဲ့တာ​ကြောင့်လုပ်ပေးတာ "

" ဒါ အချစ်ကိုယ်တိုင်လုပ်ထားတာလို့တော့မပြောနဲ့နော် "

" ငါလုပ်ထားတယ်ဆိုရင်ရော "

" အချစ်ကွာ! "

သီဟစိတ်ထဲ ကြည်နူးမှုကြောင့် ရင်ခုန်နှုန်းတွေဟာ အတိုင်းအဆမရှိမြန်လာ၏။ ချစ်ရသူက မွေးနေ့အတွက် ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ထားသည်တဲ့။ တစ်သက်နဲ့တစ်ကိုယ်တခါမှ မတွေးထားခဲ့ဖူးသော လုပ်ရပ်ပင်ဖြစ်သည်။

" လက်​ဆောင် ဘာလိုချင်လဲ "

" ဟင့်အင်း အချစ် မောင့်နားမှာရှိနေပေးပါဆိုတဲ့ဆုပဲလိုချင်တာ၊ ကျန်တာမလိုချင်ဘူး"

" ချစ်တယ်လို့တောင် မပြောစေချင်ဘူးလား "

" ပြောစေချင်တာပေါ့၊ ဒါပေမယ့် မောင့်ကြောင့်အတင်းအကြပ်လုပ်ရတာမျိုးမဖြစ်စေချင်ဘူး "

အသားကို ခက်ရင်းဖြင့်ထိုးကာ စားရန်ကြံရွယ်ကာရှိသေး မေးဖျားကကိုင်ကာဆွဲမော့ခြင်းကိုခံလိုက်ရ၏။ တဆက်တည်းမှာပဲ နှုတ်ခမ်းထက်ကျရောက်လာတဲ့ အနမ်းတစ်ပွင့်။

" ချစ်တယ် မောင် "

အငိုက်မိသွားသော သီဟမင်းထင်မှာ ဘာမှမပြောထွက်တော့ပဲ မြတ်ထွဋ်ခေါင်ကတော့ပြုံး၍သာကြည့်နေ၏။

................

Happy Birthday ပါ သီဟမင်းထင်။ ချစ်ရတဲ့ မြတ်ထွဋ်ခေါင်နဲ့အတူ သက်ဆုံးတိုင် အတူတူရှိသွားနိုင်ကြပါစေ။💛

~~~~~~~~~~~~~~~

Zawgyi!!!!!

အလုပ္ေတြလက္စသတ္ကာ New York ကျပန္ေရာက္ကတည္းက ႏွစ္ေယာက္သား အလုပ္ေတြမသြားျဖစ္ပဲ အနားယူေနၾက၏။ အဆိုးဆုံးကေတာ့ သီဟမင္းထင္ျဖစ္သည္။

" အလုပ္က ဒီတိုင္းပစ္ထားလို႔ မရဘူးေလ ေမာင္ "

" တခါတေလပဲေလ သဲငယ္ရာ၊ ေမာင္လည္း ပင္ပန္းေနၿပီေလ"

" အခုေတာ့ မင္းက ပင္ပန္းတယ္ဆိုၿပီးေျပာၿပီေပါ့၊ ရတယ္ မင္းမသြားရင္ ငါသြားမယ္"

" ဘာလို႔အလုပ္ေတြအဲ့ေလာက္သြားခ်င္ေနတာလဲကြာ၊ ေမာင့္ေဘးမွာလည္း နည္းနည္းပါးပါးေနပါဉီးလား "

စကားျပန္မေျပာလာတဲ့သူေၾကာင့္ စိတ္ဆိုးသြားၿပီဆိုတာသိလိုက္တာမို႔ သီဟလည္းဘာမွမေျပာနိုင္ေတာ့။ အေလွ်ာ့ေပးရေတာ့သည္။

" အခ်စ္က သြားေစခ်င္တယ္ဆိုလည္း သြားမယ္၊ စိတ္အပင္ပန္းမခံနဲ႕ ဟုတ္ၿပီလား "

ဘာမွေတာ့မေျပာေပမယ့္ အလုပ္သြားဖို႔ျပင္ဆင္ရေတာ့သည္။ မင္းေဝနဲ႕ရွိုင္းသန့္ကလည္း အလုပ္ကိစခိုင္းထားသည္မို႔ အိမ္မွာရွိမေန။ ဒါေၾကာင့္အလုပ္ကို ကိုယ္တိုင္ ကားေမာင္းၿပီးသြားဖို႔သာလုပ္ရေတာ့သည္။

မသြားခင္ ခ်စ္ရသူရဲ႕ႏႈတ္ခမ္းထက္ အနမ္းေလးေႁခြကာ ဆူပုတ္ေနေသာမ်က္ႏွာထားအား ေျပေပ်ာက္ေစဖို႔ေခ်ာ့မိသည္။ မဟုတ္ပါက အလုပ္သြားဖို႔ရာေျဖာင့္မည္မဟုတ္။

" ေမာင္ သြားၿပီေနာ္၊ စိတ္မဆိုးနဲ႕ေတာ့ "

ေသခ်ာႏႈတ္ဆတ္ၿပီးအိမ္ကေနထြက္ခဲ့၏။

ျမတ္ထြဋ္ေခါင္သည္ သီဟထြက္သြားတာေသခ်ာလားဆိုတာကိုေသခ်ာစစ္ေဆးၿပီးသည္ႏွင့္ အိမ္ထဲျပန္ဝင္လာ၏။ အလုပ္ကိုအတင္းလႊတ္ေနျခင္းက တျခားေၾကာင့္ေတာ့မဟုတ္။ ဒီေန႕ဟာ သီဟရဲ႕ေမြးေန႕ျဖစ္ေန၍သာ။

" အိမ္ေတာ္ထိန္း "

" ဟုတ္ကဲ့ သခင္ေလး "

" ကြၽန္ေတာ္တို႔ စၾကေတာ့မလား "

" အဆင္သင့္ပါပဲ သခင္ေလး "

တစ္ခါမွ မီးဖိုေခ်ာင္မဝင္တဲ့သူက မီးဖိုေခ်ာင္မွာ ဟင္းခ်က္ဖို႔ေျပာခဲ့စဥ္က အိမ္ေတာ္ထိန္းလည္း အံ့ၾသခဲ့ရသည္။ မင္းေဝနဲ႕ရွိုင္းသန့္ကိုလည္း တမင္သပ္သပ္တျခားတစ္ေနရာကိုလႊတ္လိုက္၏။

မ်ားမ်ားစားစားေတာ့မဟုတ္။ သူေလ့လာထားတဲ့ ဟင္းခ်က္နည္းအနည္းငယ္ျဖင့္ ေမြးေန႕ကိုေပ်ာ္႐ႊင္ေစမလားဆိုတဲ့ရည္႐ြယ္ခ်က္ျဖင့္သာ စိတ္ထဲ၌ ၾကည္ႏူးရပါ၏။ အၿမဲတမ္းသူ႕ဘက္ကိုသာဉီးစားေပးတတ္တဲ့ခ်စ္ရသူအား အခုလိုေတာ့လုပ္ေပးခ်င္မိသည္။

" သခင္ေလး! "

" ေျပာ "

" Boss ေဆး႐ုံေရာက္ေနတယ္ေျပာတယ္ "

" ဘာ! "

ထြဋ္ေခါင္ ျပာယာခတ္သြားသည္။ မနက္ကထြက္သြားတုန္းက ဘာမွမျဖစ္တဲ့သူကဘာေၾကာင့္မ်ားေဆး႐ုံေရာက္သြားရတာလဲ။

" ကား Accident ျဖစ္သြားတယ္ေျပာတယ္ သခင္ေလး၊ *** ေဆး႐ုံမွာတဲ့ "

လုပ္လက္စေတြကို ပစ္ထားခဲ့ကာ ကားေမာင္းၿပီး ေဆး႐ုံသို႔အျမန္ထြက္လာ၏။ စိတ္ထဲတြင္ ျပင္းျပင္းထန္ထန္မျဖစ္ဖို႔အတြက္သာဆုေတာင္းေနမိသည္။

ေဆး႐ုံသို႔ေရာက္ေတာ့ ကားကိုပင္ ေသခ်ာမထားနိုင္ေတာ့ပဲ ေဆး႐ုံထဲသို႔သာေျပးဝင္မိ၏။

" သီဟမင္းထင္နာမည္နဲ႕ လူနာရွိလား! "

အသံေတြဟာလည္း ပုံမွန္လား တုန္ရီေနလားမသိေပေတာ့။ အျမန္ဆုံးေတြ႕ရဖို႔သာ အဓိကျဖစ္ေနသည္။

" အခန္း ၂၀၁ မွာပါ "

သိၿပီးသည္ႏွင့္ ထိုအခန္းရွိရာသို႔ ေျပးသြားမိ၏။ တံခကိုပင္ မေခါက္နိုင္ပါပဲ ဆြဲဖြင့္လိုက္၏။

သီဟမင္းထင္ Accident ေၾကာင့္ လက္သာ ထိမိသြားတာမို႔ေတာ္ေသးသည္ဟုေျပာရမည္။ အခန္းထဲတြင္ဆရာဝန္နဲ႕ေဆြးႏြေးေနတုန္း တံခါးက ဘုန္းခနဲ႕အသံျမည္ကာပြင့္လာ၏။

ဘာမွမေျပာခင္မွာပဲ တင္းက်ပ္စြာေပြ႕ဖက္လာေသာသူ။ ဆရာဝန္မ်ားကလည္းအရိပ္အကဲကိုသေဘာေပါက္ကအခန္းတြင္းမွထြက္သြား၏။

ေပြ႕ဖက္လာသူအားျပန္လည္ေပြ႕ဖက္မိၿပီး ပခုံးစြန္းထက္စိုစြတ္လာသလိုခံစားလိုက္ရသည္။

" အခ်စ္....အခ်စ္ ငိုေနတာလား "

ဘာမွျပန္မေျပာပဲ အသံတိတ္ကာေနသည္မို႔စိတ္ပူလာရသည္။ ဘာမွႀကီးႀကီးမားမားမျဖစ္တာမို႔အိမ္ကိုဖုန္းမဆက္ေပမယ့္ ဘယ္လိုသိကာအခုလိုေရာက္တာသည္မသိ။

" ငါ ဘယ္ေလာက္စိတ္ပူသြားလဲမင္းသိလား! "

" ထုံးစံအတိုင္း ေဒါသထြက္ေနတာပဲ၊ ေတာ္ပါေသးရဲ႕ "

" မင္း! "

" ေမာင္ ဘာမွမျဖစ္ပါဘူးကြာ၊ လက္ေလာက္ပဲထိတာ "

" ဘယ္သူလဲ! ဘယ္ေကာင္လဲ! ငါ့ကို ေျပာစမ္း! ေမာင့္ကိုအခုလိုျဖစ္ေအာင္လုပ္တာ ဘယ္သူလဲလို႔! "

" ဒီလိုပဲ မေတာ္တဆျဖစ္သြားတာပါ သဲငယ္ရဲ႕ "

" ေတာက္စ္! အဲ့လူ ငါ့ေရွ႕မေပၚလာေစနဲ႕၊ ငါသတ္မိလိမ့္မယ္ "

သီဟ ၿပဳံးလိုက္သည္။ ခ်စ္ရသူက သူ႕အတြက္နဲ႕လူပင္သတ္ဖို႔ဝန္မေလးတာဟာ ဘယ္ေလာက္ထိစိုးရိမ္ေနေၾကာင္းကို ေဖာ္ျပေနသည္။

" ဟုတ္ပါၿပီ၊ အခုေတာ့ အလုပ္ျပန္သြားရဉီးမယ္ သဲငယ္ကို ေမာင္ျပန္ပို႔ေပးခဲ့မယ္ "

" ဘာအလုပ္လဲ ဘယ္အလုပ္ကိုသြားဉီးမလို႔လဲ! "

" သဲငယ္ပဲ အလုပ္သြားဖို႔ေျပာထားတာမလား "

" ႐ူးေနလား ၊ ေမာင္ မင္း႐ူးေနၿပီလား၊ ဒီေလာက္ျဖစ္သြားတာေတာင္ မင္းက အလုပ္သြားခ်င္ေနေသးတာလား! "

" အခ်စ္ စိတ္ပ်က္သြားမွာစိုးလို႔ပါကြာ၊ အခ်စ္က မသြားနဲ႕ဆို ေမာင္မသြားေတာ့ပါဘူး"

" ေမာင္ မင္းက အ႐ူးပဲ" ဆိုကာ မ်က္ရည္ကာေပါက္ခနဲ႕က်ဆင္းလာ၏။ ဒါကိုျမင္ေတာ့ သီဟျပာျပာသလဲျဖင့္ မ်က္ရည္ေတြသုတ္ေပးမိသည္။

" ေမာင့္ေၾကာင့္ ငိုျပန္ၿပီကြာ "

" ............ "

" အိမ္ျပန္ရေအာင္၊ "

အိမ္ျပန္ေတာ့ ထြဋ္ေခါင္က ကားေမာင္းၿပီး သီဟကေဘးမွာထိုင္ကာ အေျခအေနကိုအကဲခတ္ေန၏။ မ်က္ေမွာင္က်ဳံ႕ကာ ကားေမာင္းေနသည့္ပုံစံက ဒီကိစကိုမေက်နပ္ေသးဘူးဟုထင္ရသည္။

အိမ္ေရာက္ေတာ့

" ေမာင္ ငါ့ေနာက္လိုက္ခဲ့ "

ဘာမွမေျပာပဲ လိုက္သြားမိေတာ့ ထမင္းစားခန္းမွာျပင္ဆင္ထားတဲ့အျပင္အဆင္ေၾကာင့္ ထြဋ္ေခါင္ေၾကာင္ၿပီးၾကည့္ေနမိသည္။ စားပြဲထက္မွာ ကိတ္မုန့္တစ္လုံးရွိေနၿပီး အစားအစာတခ်ိဳ႕လည္းအလွဆင္ထားသည္။

" အခ်စ္ "

" ဒီေန႕ ေမာင့္ေမြးေန႕ေလ ေမ့ေနတာမလား'

ထြဋ္ေခါင္ေျပာမွ သတိရသည္။ တကယ္ေမ့ေနခဲ့သည္ပဲ။

ခုံမွာထိုင္ၿပီးေနာက္ သီဟေရွ႕ခ်ေပးထားေသာပန္းကန္အား ထြဋ္ေခါင္လွမ္းယူ၏။ ၿပီးေနာက္အသားကိုလွီးကာ သီဟေရွ႕ျပန္ခ်ေပးသည္ ။

" ေမာင္လက္နာေနတယ္မလား၊ အဲ့တာေၾကာင့္လုပ္ေပးတာ "

" ဒါ အခ်စ္ကိုယ္တိုင္လုပ္ထားတာလို႔ေတာ့မေျပာနဲ႕ေနာ္ "

" ငါလုပ္ထားတယ္ဆိုရင္ေရာ "

" အခ်စ္ကြာ! "

သီဟစိတ္ထဲ ၾကည္ႏူးမႈေၾကာင့္ ရင္ခုန္ႏႈန္းေတြဟာ အတိုင္းအဆမရွိျမန္လာ၏။ ခ်စ္ရသူက ေမြးေန႕အတြက္ ကိုယ္တိုင္ခ်က္ျပဳတ္ျပင္ဆင္ထားသည္တဲ့။ တစ္သက္နဲ႕တစ္ကိုယ္တခါမွ မေတြးထားခဲ့ဖူးေသာ လုပ္ရပ္ပင္ျဖစ္သည္။

" လက္ေဆာင္ ဘာလိုခ်င္လဲ "

" ဟင့္အင္း အခ်စ္ ေမာင့္နားမွာရွိေနေပးပါဆိုတဲ့ဆုပဲလိုခ်င္တာ၊ က်န္တာမလိုခ်င္ဘူး"

" ခ်စ္တယ္လို႔ေတာင္ မေျပာေစခ်င္ဘူးလား "

" ေျပာေစခ်င္တာေပါ့၊ ဒါေပမယ့္ ေမာင့္ေၾကာင့္အတင္းအၾကပ္လုပ္ရတာမ်ိဳးမျဖစ္ေစခ်င္ဘူး "

အသားကို ခက္ရင္းျဖင့္ထိုးကာ စားရန္ႀကံ႐ြယ္ကာရွိေသး ေမးဖ်ားကကိုင္ကာဆြဲေမာ့ျခင္းကိုခံလိုက္ရ၏။ တဆက္တည္းမွာပဲ ႏႈတ္ခမ္းထက္က်ေရာက္လာတဲ့ အနမ္းတစ္ပြင့္။

" ခ်စ္တယ္ ေမာင္ "

အငိုက္မိသြားေသာ သီဟမင္းထင္မွာ ဘာမွမေျပာထြက္ေတာ့ပဲ ျမတ္ထြဋ္ေခါင္ကေတာ့ၿပဳံး၍သာၾကည့္ေန၏။

................

Happy Birthday ပါ သီဟမင္းထင္။ ခ်စ္ရတဲ့ ျမတ္ထြဋ္ေခါင္နဲ႕အတူ သက္ဆုံးတိုင္ အတူတူရွိသြားနိုင္ၾကပါေစ။💛

~~~~~~~~~~~~~~~

Continue Reading

You'll Also Like

33.1K 1.6K 27
နှိုင်းမခ ❤️ မင်းမာန် ❤️ ရတု ❤️ သက်တန့်
5.2M 345K 54
Title - တည် {တည္} Author - Neera Chapters - 52 chapters + 1 extra ကန့်လန့်ဆန်သောအချစ်၏ Extra 2 ကိုအရင်ဖတ်ပေးပါ။ ကန့္လန့္ဆန္ေသာအခ်စ္၏ Extra 2 ကိုအရင္ဖ...
181K 4.4K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
395K 9.9K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...