Part 21*

52.4K 4.3K 437
                                    

သီဟရဲ့စကားကြောင့် အခန်းပြင်သို့မောင်းထုတ်ခံလိုက်ရသည်။ ဘယ်လောက်ချော့ချော့ အခန်းပြင်ထွက်သွားဖို့သာ ပြောနေသူကြောင့် နေရာပင်ပျောက်ရသည်။

သီဟမင်းထင်လည်း ဧည့်ခန်းထဲမှာသာ ထိုင်နေရတော့သည်။ နေမကောင်းတဲ့သူအား အတင်းအကြပ်လည်းမလုပ်ချင်တာကြောင့် လွှတ်ထားပေးလိုက်သည်။

" Boss သခင်လေးကို ထိခိုက်နေတာများပြီ "

" အင်း ငါသိတယ်၊ ငါ အခုချက်ချင်းထမလုပ်ချင်သေးဘူး၊ အစ်ကို့အပေါ်ကိုအများကြီးသက်ရောက်လာနိုင်တယ် "

" ................. "

" အဆင်သင့်တော့ ပြင်ထားလိုက်၊ "

" ကောင်းပါပြီ Boss "

" Boss "

မင်းဝေနဲ့စကားပြောနေတုန်း အိမ်တော်ထိန်းဝင်လာသည်။

" သခင်လေးက ခေါက်ဆွဲပြုတ် စားမယ်ပြောတယ် "

" ကျစ်! နေမကောင်းတာကို "

သီဟထိုင်နေရာမှထကာ အပေါ်ထပ်သွားဖို့ ထွက်လာတော့ လှေကားထိပ်မှာရပ်နေတဲ့ ထွဋ်ခေါင်အား တွေ့လိုက်ရသည်။

" ဘယ်သွားမလို့လဲ နေမကောင်းတာကို "

" ငါ ဘယ်သွားသွားပေါ့ " ဆိုတဲ့စကားနောက် သီဟရဲ့ပွေ့ချီခြင်းကိုခံလိုက်ရသည်။

" ပြန်ချပေး သီဟမင်းထင်! "

" ဘယ်သွားမှာလဲ ကျုပ် ခေါ်သွားပေးမယ် "

" မပြောဘူး မင်းကိုငါ စိတ်ဆိုးနေတာနော်! "

" ဟားးးး ခင်ဗျားက တကယ်ပဲဗျာ၊ ကျုပ်ကို ချစ်အောင် အရမ်းလုပ်တာပဲဗျာ "

" မင်း! "

" ကဲပြော ဘယ်သွားမှာလဲ ဘာလုပ်မှာလဲ "

" မင်းနဲ့မဆိုင်ဘူး "

" ဆိုင်တာပေါ့ မောင့်ဟန်နီလေးရဲ့ "

" မင်းမိန်းမကိုသွားခေါ်! "

" အဲ ကျုပ်မှာ မိန်းမမရှိဘူး၊ ယောက်ျားပဲရှိတာ "

" မင်း ငါ့ကို အခုလွှတ်စမ်း! "

" မလွှတ်ဘူး၊ ခင်ဗျား သွားချင်တဲ့နေရာပို့ပေးမယ် "

မောင့်မူပိုင် (Completed) Where stories live. Discover now