လောကကြီးက ခါးသီးတယ်။ အဲ့ဒါကို အစကတည်းက သိခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီလောက်ထိ ရက်စက်လိမ့်မယ် မထင်ခဲ့ဘူး။
နောက်တစ်ခါဆို...
နားလည်ပါတယ်... ကိုယ်ချင်းစာပါတယ်လို့... ထပ်တူခံစားရပါတယ်လို့... ဘယ်တော့မှ မပြောတော့ဘူး။
ဒဏ်ရာချင်းတူရင်တောင် အတိမ်အနက်ဆိုတာ ကွာသေးတယ်လေ...
🌻🌻🌻
" ဟိတ်... "
" ဟိတ်... ကောင်မလေး "
မိုးသောက်ကြယ် တကယ် အောင့်သက်သက်နဲ့ ခံစားနေရသည်။ သူ့လို ကောင်မလေးတွေသည်းသည်းလှုပ်နေကြတဲ့ နာမည်ကြီးအဆိုတော်တစ်ယောက်က အဲ့ဒီမိန်းကလေးဆီမှာ အကြိမ်ကြိမ် ချေမိုးခံခဲ့ရသည်။ တွေ့ခဲ့ဖူးတဲ့အျိန်တွေတိုင်းမှာ နေကြာသည် နေသာဦးတစ်ယာက်ကိုသာလျင် အပြည့်အဝအာရုံစိုက်ထားတတ်သည်။ အခုလည်း ကြည့်ပါဦး။ ဒီကလေးမက သူခေါ်နေတာကို အာရုံမရပဲ ထိုင်ပြီး စာအုပ်ထဲမှာ ပုံကိုပဲ သည်းကြီးမည်းကြီး ဆွဲနေသည်။
" ရေဒီယို ကမာရွတ်ကလေး... "
နေသာက ထိုနာမည်ကို ခေါ်ရင် မကြိုက်ပေမယ့် နေကြာဆိုတာကလည်း သူမကို အဲ့ဒီနာမည်တပ်ခေါ်မှပဲ လှည့်ကြည့်တတ်သူ ဖြစ်ပါသည်။
" နေကြာ့ကို ခေါ်တာလားဟင်.... "
" အင်း.... "
ဒီကေည်ဖီဆိုင်လေးထဲ သူမအပြင် နောက်ထပ် ဘယ်သူမှလည်း မရှိတော့တာကို....
" ဘာလို့လဲ.... ကော်ဖီမှာမလို့လား "
" အဲ... မဟုတ်ပါဘူး။ ဒီတိုင်းပဲ.... ခေါ်ကြည့်တာပါ.... "
" ဪ..... "
နေကြာက ပြန်လှည့်သွားပြီး ဆက်ပြီး ပုံကို ဆွဲနေသည်။ တကယ်ဆို စကားပြောချင်လို့ သူခေါ်တာကို... ဒီလို စကားနည်းပုံမျိုးနဲ့ကျ ဘာပြောလို့ ပြောရတော့မလဲ သူမသိပါ။
" ဟိုလေ.... "
ဒီကလေးနဲ့ ရင်းနှီးဖို့ ကြိုးစားတာကို လက်လျော့လိုက်တော့မယ် ဆိုကာမှ သူမက သူ့ကို ကြည့်လာသည်။
" ဘာလို့.... ရေဒီယိုကမာရွတ် လို့ ခေါ်တာလဲ ဟင်... "
မိုးသောက်ကြယ် ပြုံးလိုက်သည်။ သေချာတာပေါ့... သူမ သိမှာ မဟုတ်ပါ။
" မှတ်မိချင်မှလည်း မှတ်မိမှာ။ အိပ်ပျော်နေရင်လည်း အိပ်ပျော်နေခဲ့မှာ... အဲ့ဒီတုန်းက အရမ်းအေးတဲ့ ဒီဇင်ဘာလကြီ.... မှတ်မှတ်ရရ ဖြစ်နေခဲ့တာက အဲ့ဒီနေ့က အကိုတို့ Eternal Sunshine ရဲ့ ပွဲဦးထွက်လို့ ပြောရမယ်။ ဦးစူးနစ်ရဲ့ Show ပွဲမှာ အကိုတို့ ကပ်ပြီး ပထမဆုံး စင်ပေါ်မှာ ဖျော်ဖြေခွင့် ရခဲ့တဲ့နေ့... "
နေကြာက တစ်စားပွဲမှာထိုင်နေပြီး မိုးသောက်ကြယ်က တစ်ခြားစားပွဲမှာ ထိုင်ပြီး... စကားပြောနေကြသည်။
နေကြာ သိချင်တာက... ရေဒီယို ကမာရွတ် အကြောင်း။ သူပြောပြနေတာက... သူတို့ ပထမဆုံး ဖျော်ဖြေတဲ့ အကြောင်းတွေ...
" show ပွဲပြီးတော့... အကိုတို့ နေသာဦး အိမ်မှာ ခဏ အိပ်ဖို့ ပြန်လာကြတယ်လေ... အဲ့ဒီမှာ ညီမလေးအခန်းက မီးလင်းနေသေးတာကို တွေ့ခဲဲ့တယ်။ အဲ့ဒီတုန်းကကွာ.... နေသာက အအေးကြီးထဲမှာ... လမ်းမီးတိုင်ကို မှီပြီး ညီမလေးအခန်းကို ငေးကြည့်နေတာနဲ့.... အကိုတို့ သီချင်းဆိုခဲ့ကြတာ... ရေဒီယို ကမာရွတ် သီချင်းကိုလေ...... "
ဒီတစ်ခါတော့ နေကြာက သူပြောသမျှကို အပြည့်အဝအာရုံစိုက်လျက် ငေးငေးလေး နေထောင် နေပါသည်။
" နေကြာက သိချင်မှ သိမှာပေါ့... "
နေကြာက သူ့ကို ပြုံးပြသည်။
" ပြောပြပေးလို့... ကျေးဇူးပါ... "
" ဟမ်.... ဘာလို့လဲ... "
ဒီကောင်မလေး အပြုံးများသည် ရှားပါးသည်။
" သတိတရ... ရှိနေပေးခဲ့တာကို သိလိုက်ရလို့.... "
နေကြာက အိမ်ေပါ် ပြန်တက်ဖို့ ပုံဆွဲနေတဲ့ စာအုပ်တွေကို သိမ်းဆည်းလိုက်သည်။ နေကြာဆွဲလက်စ ပုံသည်... ရုပ်လုံး မပေါ်သေးပေမယ့် ဂစ်တာတစ်လက်နဲ့ လူတစ်ယောက် ဖြစ်ပါသည်။ ဘယ်သူရှိရမှာလည်း... သူမစိတ်ထဲ အမြဲ စိုးမိုးနေဆဲ... နေသာဦးရဲ့ ပုံပဲပေါ့။
" သွားတော့မယ်နော်.... "
နေကြာက ပြုံးပြ နှုတ်ဆက်သွားကာ အိမ်ပေါ်ကို ပြေးတက်သွားသည်။
" ဒီနေ့မှာ ပိုချမ်းနေလိုပဲ.... နောက်ကျောက အေးစိမ့်စိမ့်နဲ့... "
မိုးသောက်ကြယ်က ပြေးရင်းနဲ့ နောက်လှည့်ကြည့်လိုက်တော့ ကော်ဖီဆိုင် အပြင်ဘက်မှာ နေသာဦးက မှုန်ကုပ်လျက် ရပ်ကြည့်နေသည်။
" အဲ့ဒါကြောင့်... ကျောချမ်းနေတာ.... "
တစ်ယောက်ထဲ ရေရွတ်မိသည်။
🌻🌻🌻
နေသာဦး နောက်က တစ်ယောက်ယောက် လိုက်နေတယ်လို့ ခံစားရတာမို့ ခဏခဏ ပြန်လှည့်ကြည့်တော့လည်း ဘာမှ မတွေ့ပါ။ သို့သော် နောက်ကျောမလုံသလို ခံစားနေရဆဲ ဖြစ်သည်။ ရန်ကုန်မှာဆိုရင် သူတို့အဖွဲ့က အခုလို စတိုးဆိုင်မှာ ဈေးထွက်ဝယ်လို့ မဖြစ်ပါ။ သူတို့ရောက်နေတာကို သိတာနဲ့ ဓာတ်ပုံရိုက်တဲ့သူတွေ... sign ထိုးခိုင်းတဲ့သူတွေက စုပြုံရောက်လာတတ်သည်။ ဒီနယ်မြို့ကလေးမှာတော့ သူတို့ လွတ်လပ်မှုကို တစ်ဖန် ပြန်ခံစားခွင့်ရခဲ့သည်။
ဒါပေမယ့်... အခု... စိတ်ထဲမှာ နောက်ယောင်ခံလိုက်ခံနေရတယ်လို့ ခံစားနေရသည်။ နောက်ပြီး သူ့မသိစိတ်က ထင်နေရင် အမြဲ မှန်နေတတ်တာမို့... ဘယ်သူလည်း သိရအောင် လမ်းထောင့်ကို ချိုးပြီးတာနဲ့ နံရံမှာ ကပ်ကာ ရပ်လိုက်သည်။
မကြာပါ.... သူစိတ်ထင်သလို... ခိုးကြောင်ခိုးဝှက်လိုက်လာသော အရိပ်ကို မြင်လိုက်ရသည်။ နေသာ mask ကို အမြန်ဆွဲတပ်လိုက်သည်။
" ဟင်.... "
သူ့နောက်ကို လိုက်လာသော ဝါဝန်ဖြူဖြူနဲ့ မိန်းကလေးသည် ပါးစပ်ကို လက်နဲ့အုပ်လျက် မျက်လုံးကလေး ပြူးနေသည်။ တစ်ခြားသူမဟုတ်သော.... နေကြာ ဖြစ်နေတော့ နေသာ အသက်ကို အခုမှ ဝအောင် ရှုရတော့သည်။
" ဘာလို့.... နောက်က လိုက်လာတာလဲ... "
ပုံမှန်လေသံဖြစ်အောင် ပြောနေတာကိုပဲ... ဆူပူတဲ့အသံပေါက်နေတာကတော့... နေသာဦးအကျင့်။
" ဟိုလေ.... ဟို.... "
နေကြာက မျက်ခုံးကလေးများက ပြာယာခတ်ကာ...
" နေကြာ ကိုကို့နောက်ကို မလိုက်ပါဘူး။ ဒီနားလေးမှာ.... ကြောင်တစ်ကောင်တွေ့လိုက်လို့ လိုက်ရှာနေတာ.... "
နေကြာက မလိမ်တတ်။ လိမ်လည်း မလိမ်ဘူးခဲ့ပါ။ အခုလည်း ပါးတွေ နားတွေရဲလျက်... လိမ်ဖို့ကို အသည်းအသန် ကြိုးစားေနရရှာသည်။
" အင်းပါ... "
" ဟိုမှာ.... တွေ့ပြီ.... ကြောင်နက်ကလေး "
တကယ်ပဲ အိမ်တစ်အိမ်ရဲ့ အုတ်တံတိုင်းပေါ်မှာ လမ်းလျောက်နေသော ကြောင်နက်ကလေးကို တွေ့ရသည်။ နေကြာက ကြောင်ကလေးဆီ ပြေးသွားသည်။
" ညောင်.... ညောင်.... လာ.... "
အုတ်တံတိုင်းပေါ်မှာ ကြောင်က ဝပ်နေပြီး အမြီးကို အောက်ကို တန်းလန်းချထားသည်။ တစ်ခြားအိမ်တွေထက် ပိုမြင့်သော တိုင်တိုင်းကြောင့် နေကြာက ကြောင်ကလေးကို ခုန်ဆွခုန်ဆွနဲ့ ဖမ်းနေပေမယ့် အရပ်မမီပဲ ဖြစ်နေသည်။
အထူးအဆန်းပါပဲ။ နေကြာက သူ့ကို အမြဲငေးကြည့်နေတတ်သူဖြစ်ပြီ... ဒီတစ်ကြိမ်တော့ သူ့ကို နည်းနည်းလေးမှ အာရုံစိုက်မနေခဲ့ပါ။
သူ့နောက်ကို လိုက်နေခဲ့တာ မဟုတ်ဘူးလား။
သူစိတ်ထင်ခဲ့တာလား...
နေကြာက သူ့ကို ကြောင်ကလေးလောက်တောင် အဖက်မလုပ်တော့ပါ။
" လူကလည်း.... သေးကွေးလိုက်တာ.... "
နေသာက တံတိုင်းပေါ်က ကြောင်ကို ပွေ့လျက် နေကြာ့ကို ပေးလိုက်သည်။
" ညောင်..... "
နေကြာက ကြောင်ကလေးကို တယုတယ ရင်ခွင်ထဲထည့် ပွတ်သတ်ပေးေနပေမယ့် ကြောင်နက်ကလေး ရင်ခွင်ထဲကနေ ခုန်ဆင်းကာ ပြေးထွက်သွားသည်။ နေကြာက နောက်ကနေ ပြေးလိုက်သွားပြန်သည်။
မာကျောတတ်လာတဲ့အတွက်... တကယ် ဝမ်းသာပါတယ်။
.
.
.
" တော်ပါသေးရဲ့.... "
နံရံမှာ ကျောကပ်ရပ်လျက် နေကြာ အကြာကြီး ရပ်နေမိသည်။ လမ်းဘက်ကို လှမ်းချောင်းလိုက်တော့ သူမရှိတော့..
" ဟို ကြောင်နက်လေး ဘယ်ရောက်သွားပါလိမ့် "
နေကြာ သူ့နောက်ကို တမင် လိုက်လာခဲ့တာမဟုတ်ပါဘူး။ ကြောင်ကလေးနောက် လိုက်လာရင်း သူ့ကို တွေ့ခဲ့ပြီး လိုက်ငေးမိတာပါ။ သူက ရပ်စောင့်နေလိမ့်မယ်... နေကြာ ဘယ်ထင်ပါ့မလဲ..
ချစ်နေတုန်းပါပဲ။ ဘယ်တော့မှ မေ့ပစ်လိုက်မှာ မဟုတ်ပါဘူး။ မုန်းဖို့လည်း ကြိုးစားမှာ မဟုတ်ပါဘူး။
ဆိုပေမယ့်ပေါ့...
သူ့ကိုလည်း မသိစေချင်တော့ဘူး။ ဒီတိုင်းလေးပဲ... ချစ်နေချင်တယ်။
" ခုနက ကြောင်နက်ကလေးနဲ့တူလိုက်တာ.... "
ကောင်လေးတစ်ယောက်က အနက်ရောင် Hoddie လေးဝတ်ထားပြီး ကြောင်နက်ကလေး ဝင်သွားတဲ့ လမ်းကြားထဲကနေ ထွက်လာတာကို နေကြာ လိုက်ငေးနေမိသေးသည်။
" ငါ့စောင့်အုံး.... "
ထိုကောင်လေးနဲ့ ရုပ်ချင်းဆင်တူသော အဖြူရောင် hoddieနဲ့ ကောင်မလေးက ထိုကောင်လေးနောက်ကနေ ပြေးလိုက်သွားသည်။
" အမွှာတွေထင်တယ်... "
နေကြာက စပ်စပ်စုစု သူများတွေကို လိုက်ငေးနေမိရာကနေ ဈေးဆိုင်မှာ ဈေးဝယ်ဖို့ ကိစ္စကို သတိရသည်။
အခုတလောလေ...
နေကြာက သိပ်ကို အာရုံတွေများနေခဲ့တာ။
🌻🌻🌻
" နေကြာ... ဒါက ငါ့မာမီ... ဒါက မေမေကြီး "
မိုးမာန်က သူမတို့ မြို့ကလေးဆီကို ရောက်လာပြန်ပါသည်။
" အလုပ်ကိစ္စနဲ့ မာမီက လာစရာရှိတာ.... မေမေကြီးက စိတ်ပြေလက်ပျောက် ခရီးထွက်ရင်း လိုက်လာတာတဲ့။ ငါကတော့.... နင်နဲ့ တွေ့ဖို့.... လိုက်လာတာ "
သူမရှေ့မှာ ရှိနေသော သူများက နေကြာ့ကို တရေးတယူ နှုတ်ဆက်ပေးတော့ အံ့ဩရပါသည်။ သူတို့ဟာ အာကာသတွင်းနက်ကြီးနဲ့တူတယ်လို့ ကြားဖူးသည်။ သူများတွေရဲ့ ပျော်စရာတွေအကုန်လုံးကို စုပ်ယူစားသုံးပစ်တတ်တယ်လို့... ကိုကို သူမကို ပြောပြခဲ့ဖူးပါသည်။
" မာမီ... သူကလေ... ကျောင်းမှာ သားနဲ့ပေါင်းနေတဲ့ သူငယ်ချင်း။ နေကြာမွန်... "
" ဟုတ်လား... သမီးက ချစ်စရာလေး... "
" နေကြာတဲ့... နာမည်ကစ ချစ်စရာလေး။ သားသားသူငယ်ချင်းနဲ့ တွေ့ပေးမယ်ဆိုတော့ ယောက်ျားလေးသူငယ်ချင်းမှတ်နေတာ... မိန်းကလေးဖြစ်နေတယ် "
ဒီအမျိုးသမီးကြီးများရဲ့ ပိုပိုလျှံလျှံ ဖော်ရွေမှုတွေကြောင့် နေကြာ နေရခက်လာသည်။
" နောက်ခါ မန္တလေးလာရင် အိမ်ကို ဝင်ခဲ့နော်.... ငါ့မြေး... "
" ဟုတ်.... "
အဲ့ဒါတွေက အစစ်အမှန်တွေ ဟုတ်ရဲ့လားလို့ သံသယဝင်နေမိဆဲ ဖြစ်ပါသည်။
" ဒီတိုင်းပဲ... ထိုင်ခိုင်းနေတယ်။ သား... မိုးမာန်... စားစရာ တစ်ခုခု သွားမှာလေ... သားသူငယ်ချင်းကို ရောက်တုန်းတစ်ခုခု ကျွေးရမှာပေါ့.... "
" ဟုတ်.... မာမီ။ နေကြာ.... ဘာစားမလဲ "
" ရတယ်... ငါက ဘာပဲ ဖြစ်ဖြစ်... "
မိုးမာန်က သူမကို ပြုံးပြကာ ထွက်သွားသည်။
နေကြာရဲ့ အကောင်းမြင်စိတ်တွေ ပျောက်ဆုံးသွားပြီထင်ပါသည်။ လူတွေအကြောင်း သေချာလည်း မသိသေးပဲ... သံသယဝင်နေမိတာ... အားနာစရာ။
သူတို့က... ကောင်းတဲ့ သူတွေပဲ ဖြစ်မယ် ထင်ပါရဲ့....
" မိဘတွေက ဘာလုပ်ကြတာလဲ "
" ရှင်... "
မိုးမာန်ထွက်သွားတော့ နေကြာ့ကို မိုးမာန်ရဲ့ မာမီကမေးတော့ မော့ကြည့်မိသည်။
မတူတော့ဘူး။ လေသံတွေ... အကြည့်တွေနဲ့... အပြုံးတွေ။ ခုနကနဲ့ ဘာတစ်ခုမှ မတူတော့ဘူး။ ပြောင်းလဲသွားပြီ။
" မင်းကို မေးနေတာလေ.... မင်းမိဘတွေ ဘာလုပ်ကြတာလဲလို့... "
" အာ.... မာမားက ငယ်ငယ်ကတည်းက ဆုံးသွားပြီးတော့ ပါပါက ကော်ဖီဆိုင်ဖွင့်ထားပါတယ် "
" ဪ.... "
အထင်သေးတဲ့ အဲ့ဒီ အကြည့်တွေ... နေကြာ တကယ် မကြိုက်ဘူး။
" ကော်ဖီဆိုင်ဖွင့်ထားတယ်ဆိုတော့.... ပြည့်စုံ... သူက နွေလေး ပြောတဲ့ တစ်ယောက်လား "
မေမေကြီးဆိုတဲ့သူက နေကြာ့ကို စိုက်ကြည့်ကာ ပြောနေတော့ မသိစိတ်ထဲ အလိုလို ကြောက်ရွံ့လာသည်။ ခုနက ဖော်ရွေမှုတွေ... ဘယ်ကို လွင့်ပျောက်ကုန်ကြပြီလဲ...
" နေသာဦးရဲ့.... ရည်းစားဆိုတာ ညည်းလား... အဆိုတော် ပေါက်စဆိုတာ... "
မေမေကြီးမျက်နှာထားက တင်းနေပြီး နေကြာ့ကို အပေါ်စီးကနေကြည့်ကာ စကားပြောနေသည်။
" ဟမ့်....တကယ်ပဲ။ ညီကို နှစ်ယာက်လုံးကို တပြိုင်ထဲ ဖမ်းချင်နေတယ်... လူပုံက ရိုးပုံ ရိုးအလေးနဲ့... လှေနံ နှစ်ဖက်နင်းချင်နေတယ် "
မေမေကြီးမျက်မှန်ရဲ့ ရွှေရောင်ကိုင်းက တစ်ချက်တစ်ချက် ထထလက်သည်။
" အဲ့ဒါကြောင့်ပြောတာ.... မေမေကြီးရယ်။ အရိုးခံမျက်နှာလေးတွေနဲ့ အပြစ်ကင်းချင်ယောင် ဆောင်နေတဲ့လူတွေက ပိုကြောက်ဖို့ကောင်းတယ်ဆိုတာ.... သူလည်း မိယုလိုပုံစံမျိုး လာဦးမယ်ထင်တယ် "
မိယု...
သူတို့ပြောနေတာ မာမီယုကိုများလား...
" ဒီမယ်... ကလေးမ။ ငါ့သားကို လွှတ်ပေးပါအေ.... ငါ့သားက လူတွေအကြောင်း သိတာမဟုတ်ဘူး "
သူတို့ ဘာတွေ ပြောနေကြတာပါလိမ့်။
" ငါ့မြေး နေသာကိုလည်း လက်လွှတ်ပေးပါအေ... တော်လေး အောင်မြင်တဲ့ အဆိုတော် တစ်ယာက်ဖြစ်အောင် လုပ်ပေးဆို လုပ်ပေးပါ့မယ်။ နေသာဦးကိုတော့ အသုံးမချပါနဲ့.... "
နေကြာ... နားမလည်တော့ဘူး။
" နေသာဦးက နွေယမင်းသိမ့်နဲ့ စေ့စပ်တော့မှာ... တော်သေးတာပေါ့။ အဲ့ဒီကလေးမလေးက လာပြောပြလို့ ညည်းအကြောင်းတွေ သိရတာ... အဲ့ဒီ နေသာဦးဟာလေ..... သူဆယ်တန်းအောင်ကစက စိတ်ပြေလက်ပျောက်ဆိုပြီး အိမ်က ထွက်သွားခိုင်းမိပါတယ်။ ထင်ရာ စိုင်းတော့တာပဲ... သီချင်းက ထဆိုလိုက်သေး.... "
ရုတ်တရက် နေကြာ ခေါင်းတွေ ထိုးကိုက်လာတော့သည်။ နေကြာ့ကို ရှေ့မှာ ထားပြီး ပေါ်တင်ကို နေကြာ့မကောင်းကြောင်း ပြောဆို နေကြသည်။ နေကြာက လူချစ်လူခင် မပေါဘူး သိပေမယ့် နေကြာ ကြုံဖူးသမျှက နောက်ကွယ်မှာပဲ... အတင်းပြောခံရဖူးတာဖြစ်ပြီး... အခု သူတို့ကတော့ နေကြာ့ကို နည်းနည်းလေးမှ ဂရုစိုက်တဲ့ပုံ မပေါ်ပါ။
" တကယ်ပဲ... စိတ်ပျက်စရာ ကောင်းတာ။ မင်းတို့လို လူတွေကလေ.... ကိုယ့်နေရာကို နားမလည် မသိတတ်တာ... အဆိုးဆုံးပဲ "
ဒီလူတွေက နေကြာ့ကို ရှေ့ထားလျက် စော်ကားနေကြခြင်း ဖြစ်သည်။ နောက်ပြီး သူတို့သည် ရဲတင်းလွန်းသည်။ ပိုက်ကဆံရှိတာနဲ့ပဲ သူတို့မှာ ဘာလုပ်လုပ် အခွင့်ရှိနေသူတွေလိုမျိုး...
" ဟိုလေ.... တစ်ခုခုမှားနေပြီထင်တယ်... "
" မဟုတ်တာ.... မှားစရာလား။ မင်းတို့လိုလူတွေက တစ်ပုံစံထဲပဲ... "
နှုတ်ခမ်းဆိုးဆေး အရောင်ရင့်ရင့်ခြယ်ထားသော ထိုမိန်းမရဲ့ အပြုံးတွေကို နေကြာ ကြောက်ရွံ့လာတော့သည်။ သူတို့နှုတ်က ထွက်သမျှ တစ်ခွန်းဆို တစ်ခွန်း... နာကျင်ရပါသည်။
Black Hole နဲ့တူတယ်တဲ့။ ကိုကိုပြောဖူးခဲ့သည်။
ကိုကို့ကမ္ဘာဟာ တကယ်ကို ခက်ခဲတဲ့ ကမ္ဘာတစ်ခု ဖြစ်ခဲ့တာကို နေကြာ မသိခဲ့ဘူး။
ကြုံဖူးမှ နားလည်တော့သည်။
နေကြာက အခု.... ရှိသမျှ ပျော်ရွှင်မှုတွေ အကုန်စုပ်ယူခံလိုက်ရတာမျိုး...
" မင်းကတော့.... နည်းနည်း ဉာဏ်ကောင်းမယ့်ပုံပဲ... ပြောရဆိုရ လက်ပေါက်မကပ်လောက်ဘူး ထင်တာပဲ။ ငါ့သားနဲ့ ဝေးဝေးနေ...နောက်ပြီး ဟိုကောင် နေသာဦး နဲ့ရောပဲ... "
" နွေလေးနဲ့ကို စေ့စပ်မယ့်ရက် မြန်မြန် ရှေ့တိုးမှ ဖြစ်တော့မယ်"
နေကြာက တစ်ချိန်လုံး ဆွံ့အလျက် သူတို့ ပြောသမျှ ငြိမ်နေမိတော့သည်။
ငါတို့က... သာမာန်လူတွေမို့.... ပိုပြီး သန်မာရမှာ... တဲ့။ မနွယ်နီ ပြောခဲ့ဖူးသည်။
" မဟုတ်ပါဘူး.... "
စိတ်ထဲက ကျယ်လောင်စွာ အော်ဟစ်နေခဲ့ပေမယ့် အပြင်မှာ နေကြာ့အသံက တိုးရှလွန်းသည်။
" ဘာရယ်.... ဘာပြောလိုက်တာလဲ "
" နေကြာက... အဲ့ဒီလို လူမဟုတ်ဘူး... "
ဟက်...
လှောင်ပြုံးတွေကိုလည်း မုန်းသည်။ ထပ်ပြီး လူတွေကို ယုံစားမိတဲ့ ကိုယ့်ကိုကိုယ်လည်း မုန်းရသည်။
" နေကြာ.... "
သူမတို့ရှိနေရာ အခန်းထဲကို အမောတကော လေသံနဲ့ နေသာဦး အပြေးတစ်ပိုင်းနဲ့ဝင်လာသည်။
" နေကြာ.... လာ.... သွားမယ် "
ထိုင်နေတဲ့ နေကြာ့ကို သူက အတင်းဆွဲခေါ်သည်။
" ကိုယ့်မြေးကိုယ် တွေ့ရဖို့ ခက်ခဲလိုက်တာ... အခုကျလည်း မိန်းကလေးတစ်ယောက်ကို ခေါ်ဖို့ အပြေးအလွှား ရောက်လာတယ်.... ဟင့်.... ဖအေတူသားလို့ ပြောရင် မကြိုက်ဘူး... "
" မေမေကြီးတို့တစ်တွေ... တစ်ခြားလူတွေဘဝကို ဝင်စွက်ဖက်နေတာတွေက အကန့်သတ်ကို ကျော်လွန်သွားပြီ... "
နေသာဦး သူမကို ငုံ့ကြည့်လိုက်တော့ နေကြာကမျက်ရည်ကလေးများ ဝဲနေကြပြီး သူ့အကြည့်များကို ရှောင်ဖယ်ကာ ခေါင်းငုံ့သွားကြသည်။
ခေါင်းကို မော့ထားစမ်းပါ... ကလေးရေ...
" ငါတို့ ဘယ်မှာ ဝင်စွက်ဖက်နေလို့လဲ.... နေသာ... မင်းအခုမှ ရောက်ခါစရှိသေးတယ်... မင်းဟာလေ... ငါတို့အပေါ်ဆို ရန်သူတွေလို ဆက်ဆံတတ်တာ... "
မိထွေးဖြစ်သူက ပြောတော့ နေသာက နေကြာ့ကို သူ့နောက်ပို့ လိုက်ပြီး...
" ခင်ဗျားတို့အကြောင်း... ကျနော်သိလို့... ခင်ဗျားတို့ စကားလုံးတွေက လူကို သေအောင်သတ်နိုင်တာ ကျနော် သိလို့.... "
နေကြာက သူ့လက်ထဲကနေ အတင်းရုန်းကာ ဘေးထွက်လိုက်ပြီး...
" မဟုတ်ပါဘူး။ နေကြာကပဲ အန်တီတို့ အဖွားတို့ ပြောသလိုပဲ... ကိုယ့်နေရာကို ကိုယ်မသိတတ်တာပါ။ အနှောက်ယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်.... "
ချစ်တဲ့လူကို နောက်ထပ် ဒုက္ခတွေ မပေးချင်လို့... သူမကြောင့် နောက်ထပ် မကျေနပ်မှု အစိုင်ခဲတွေကို ကြီးမားမလာစေချင်လို့....
နေကြာ မမှားပဲ တောင်းပန်ခဲ့ပါသည်။
တောင်းပန်ရတာက ခက်ခဲတဲ့ အလုပ်မှ မဟုတ်တာလေ....
" နေကြာမွန်..... "
သူ့ဆီက ထွက်လာတဲ့ ဒေါသမာန်အပြည့်နဲ့... သူမနာမည် အပြည့်အစုံ။ ကိုကိုကလေ.... နေကြာ့ကို အဲ့ဒီလို တစ်ခါမှ မအော်ခဲ့ဖူးဘူး....
" လောကကြီးထဲ ငါအမုန်းဆုံးက.... မမှားပဲ တောင်းပန်တာနဲ့ အမှားလုပ်မထားပဲ အပြစ်ရှိသူလို ခံစား ခေါင်းငုံနေတတ်တာပဲ.... "
နေကြာက လန့်ဖြတ်ကာ သူ့ကို မော့ကြည့်နေသည်။ ကြည့်စမ်းပါဦး.... ဒီမိန်းကလေးကို....
နောက်ထပ် သူ့အမေလို မိန်းကလေးတွေ ထပ်မမြင်ချင်တော့ဘူးမို့ ဒီကောင်မလေးကို သူအဝေး တွန်းထုတ်ခဲ့တာတောင်မှ....
ဖြစ်ဖြစ်အောင် ဖြစ်လာသေးတယ်.... ဒီလိုနေ့တွေ.... ဒီလို မြင်ကွင်းတွေ...
" မဟုတ်ပါဘူး.... နေကြာက.... အခြေနေတွေကို ပိုမဆိုးစေချင်တာ.... "
" အဲ့ဒီလိုနဲ့.... လောကကြီးက အနိုင်ကျင့်သူတွေပဲ... အနိုင်ရနေကြတာ.... အနိုင်ကျင့်တဲ့လူတွေက သန်မာလို့မဟုတ်ဘူး.... မင်းတို့လို လူတွေကိုက ပျော့ညံ့လွန်းလို့... "
သူ့ကို မော့ကြည့်နေကြသော နေကြာ့မျက်ဝန်းမှာ မျက်ရည်တွေ လိမ့်ကနဲ့ စီးကျလာသည်။ ငိုပြန်ပြီ.... သူ့ကြောင့်ပဲ... ထပ်ငိုသွားပြန်ပြီ။
နေသာ သူမကို မျက်နှာလွှဲလိုက်ပြီး....
" ကျနော်နဲ့ ဒီကောင်မလေးက ပြတ်သွားတာ ကြာပြီ။ ဘာဆက်ဆံရေးမှ မရှိတော့ဘူး.... နောက်ပြီး မိုးမာန်နဲ့လည်း သူငယ်ချင်းတွေပဲမို့.... မေမေကြီးတို့ မာမီတို့ စိတ်ချထားလို့ရပါတယ်။ ဒီတုံးလွန်းတဲ့ကလေးက ခင်ဗျားတို့ရဲ့ လောဘဇောတက်နေတဲ့ မဟာစီမံကိန်းတွေကို ဖျက်ဆီးမယ့်သူမဟုတ်ဘူး။ အဲ့ဒါကြောင့်.... ဒီမိန်းကလေးကို ဒီတိုင်း လွှတ်ထားပေးပါ.... ကျနော်က တောင်းဆိုတာပါ "
နေကြာ့ကို သူ့က ဆွဲခေါ်လျက် အခန်းပြင်ဘက် ထွက်လာသည်။
" ကိုကို.... ရောက်နေတာလား။ အယ်.... နေကြာ.... "
မိုးမာန်က အခုမှ ရောက်လာပြီး သူတို့ကို မြင်တော့ အူကြောင်ကြောင် ဖြစ်သွားသည်။
" နေကြာ.... ဘယ်သွားမလို့.... ဟမ်.... နင် ငိုနေတာ "
နေကြာက ပါးပေါ်က မျက်ရည်တွေကို အမြန်သုတ်ပစ်လိုက်ပြီး....
" မဟုတ်ပါဘူး.... "
" ကိုကို.... ဘာဖြစ်တာလဲ "
မိုးမာန်က နေသာဦးကို မေးသည်။
" ဘာမှ မဖြစ်ပါဘူး... သားရယ်။ မင်းအကိုက နေကြာလေးကို စိတ်မချဖြစ်ပြီး ပြန်ခေါ်သွားချင်နေတာ.... အဟင်း.... မာမီတို့ကို မယုံဘူး ထင်ပါရဲ့... "
မာမီပြည့်စုံရောက်လာကာ ပြောတော့ မိုးမာန်က နေကြာ့ကို မယုံသင်္ကာ ကြည့်နေသေးသည်။
" ညီညီ.... ကိုကိုသွားတော့မယ်.... "
" နေပါဦး... ကိုကိုကလည်း.... "
နေသာဦးက သု့စကားကို ဆုံးအောင် နားထောင်မသွားတော့ပဲ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားသည်။ နေကြာလေးမှာ သူ့ခြေလှမ်းတွေနောက် မီအောင် ပြေးလိုက်နေရသည်။
အဲ့ဒီကိုကိုဟာလေ.... နေကြာ့ကို သူပဲ ဖြတ်ပစ်ခဲ့ပြီး...
" လာ.... သားသား။ နေကြာလေးကို သားက ခင်ပေမယ့်.... နေသာက သဘောမကျဘူးထင်ပါတယ်။ သူများအတွဲကြား ဝင်မရှုပ်နဲ့..."
အခန်းထဲဝင်ရင်း မာမီက ပြောတော့ မိုးမာန် ခေါင်းယမ်းကာ...
" မာမီက အဲ့ကလေးမအကြောင်း မသိဘူး။ နေကြာက သားမရှိရင် သူငယ်ချင်းရှိတော့မှာ မဟုတ်ဘူး... နောက်ပြီး ကိုကိုနဲ့ ပြတ်သွားပြီ "
" ဒါပေမယ့်.... အခု ကြည့်ပါလား... ငါ့မြေးရဲ့။ နေသာ့ လုပ်ပုံတွေကို.... အခုတောင် အော်ဟစ်သောင်းကျန်းသွားတာ..."
မေမေကြီးစကားကို မိုးမာန်က အရေးမကြီးသလို ရယ်ပြလိုက်ပြီး ဘေးမှာ ဝင်ထိုင်ကာ...
" ကိုကိုက အဲ့တိုင်းပဲလေ.... အိမ်ကနေ ထွက်သွားပြီးထဲက ကျနော်တို့ဆို သူစိမ်းလိုပဲ ဆက်ဆံတာ.... "
မိုးမာန်က မျက်နှာလေး ငယ်သွားပြီး....
" နောက်ပြီး ကျနော်လည်း နေကြာလိုပါပဲ... အဲ့ဒီကောင်မလေးမရှိရင် ကျနော်လည်း သူငယ်ချင်းရှိတော့မှာ မဟုတ်ဘူး.... "
နေကြာကသည် သူ့ဘဝထဲ မိသားစုကဲ့သို့ ထပ်တူထပ်မျှ အရေးပါသူတစ်ယောက်ပဲ ဖြစ်ပါသည်။
🌻🌻🌻
" နာတယ်..... နေပါဦး.... "
နေကြာက သူဆွဲထားတဲ့ လက်တွေထဲကနေ အတင်းရုန်းထွက်ကာ လက်ကောက်ဝတ်နီနီလေးကို အသာဆုပ်ကိုင်နေသည်။
" ဘာလို့.... အဲ့ဒီလောက် တုံးရတာလဲ "
သူ့အသံက ဆူငေါက်နေသံနှင့် တူသည်။ ဝမ်းနည်းလက်စ နေကြာက ငိုချင်လောက်အောင်ကို အခု ကြောက်နေပြီ...
" ညီညီက မင်းကို အဲ့ဒီအိမ်လူတွေနဲ့ တွေ့ပေးမယ် ထင်မထားဘူး... "
မိုးမာန်က အိမ်ကလူတွေအကြောင်း ဘာမှ သိတာမဟုတ်မှတာ။
" ထူးဆန်တဲ့ စကားတွေ ပြောနေကတည်းက ထွက်လာခဲ့ရမှာ.... အဲ့ဒီလူတွေက ပကာသနသိပ်မက်တယ်။ လူတွေကို မစာမနာ ပြောတတ်တယ်... "
စေတနာဒေါသောပါလို့ ပြောလည်း နေကြာ ဝမ်းနည်းပါသည်။ ကိုကိုကလေ... သူဒေါသထွက်ရင် ကြောက်စရာ...
" အဲ့ဒါကြောင့်... သူတို့နဲ့မတွေ့ဖြစ်အောင် ထားခဲ့ရတာကို.... အဲ့လောက် အ...ရသလား"
" နေကြာလည်း တုံးချင်လွန်းလို့... အ,ချင်လွန်းလို့မှ မဟုတ်တာ.... "
နေကြာ့ဆီက ဒီလို ပြန်ပြောလိမ့်မယ်လို့တော့ မထင်ခဲ့မိပါ။ မျက််ရည်စက်လက် နေကြာက သူ့ကို မော့ကြည့်လျက်ာ.....
"နေကြာ ပြန်ပြောလိုက်ရင် သူတို့လို ရိုင်းစိုင်းတဲ့လူဖြစ်သွားမှာပေါ့။ နေကြာက သူတို့ထင်နေတဲ့ လူပုံစံဖြစ်သွားမှာပေါ့.... နေကြာ အဲ့လိုလူမဖြစ်ချင်ဘူး.... "
မျက်ရည်က သုတ်နေရင်းနဲ့ကို ပြန်စီးကြာလာသည်။ ကလေးတစ်ယောက်လို နေကြာ ငိုကျွေးနေတာကိုလည်း အခုမှ မြင်ဖူးတော့သည်။
" နောက်ပြီး.... ကိုကို နေကြာ့ကို ဆွဲခေါ်လာတာလည်း မကောင်းဘူး။ နေကြာသည်းခံနိုင်လို့ သည်းခံနေတာ.... နေကြာက သူတို့ နားလည်အောင် ရှင်းပြဖို့ အချိန်စောင့်နေတာ... အခုကျ နေကြာက သူတိို့နဲ့ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်တော့ဘူး... "
သတ္တိတွေကောင်းပြပြီး ကတ်ကတ်လန်ပြန်ပြောတာလည်း ပထမဆုံးပဲ ဖြစ်မည်။ ဟိုမှာကတည်းက အဲ့ဒီလို သတ္တိတွေ ကောင်းပြခဲ့ပါတော့လား.... နေကြာရာ....
" အဲ့ဒီလိုနဲ့... သူငယ်ချင်းကိုလည်း ဆုံးရှုံးရတော့မယ်.... ကိုကို့ကိုလည်း..... "
နေကြာ ဆက်မပြောပဲ ရပ်သွားပြီး မျက်ရည်တွေကို သုတ်ကာ ထပ်မကျအောင် ရှိုက်လျက် အံကြိတ် ထိန်းနေသည်။
" ကိုကိုသာ ဆွဲခေါ်မလာရင် ဘယ်ချိန်ထိ သူတို့သစော်ကားတာ ခံနေရမလဲ.... မတွေးမိဘူးလား.... အဲ့ဒီလူတွေမှာ စာနာစိတ်ရှိတာမဟုတ်ဘူး... "
" ဘာတွေ.... စိတ်ပူနေတာလဲ။ ပစ်ထားခဲ့ပြီးပြီမလား... လမ်းခွဲလိုက်ပြီ မဟုတ်ဘူးလား။ ဘာမှ မဆိုင်တော့ဘူးဆို.... စိတ်ရှုပ်တယ်ဆို.... ဘာလို့ အာရုံစိုက်နေတာလဲ... ပစ်ထားလိုက်ပါလား.... "
နေကြာက ကလေးတစ်ယောက်လို စကားနာထိုးအော်ဟစ်လျက် ငိုကြွေးနေသည်။
ဒီကောင်မလေး အရွယ်ရောက်နေပြီ...
" ကိုကိုသိလား.... ချစ်တဲ့လူကို ကာကွယ်ပေးချင်ကြတယ်။ ဒါပေမယ့် သေချာပေါက် ကာကွယ်ပေးရမယ်လို့လည်း မဆိုလိုဘူးလေ... ကိုယ်တတ်နိုင်တာပဲ ကိုယ်လုပ်ပေးကြရမှာပေါ့။ ကိုယ်က မကာကွယ်နိုင်လည်းပဲ.... ကိုယ်ချစ်တဲ့လူက သူ့ဘာသာ ကာကွယ်နိုင်အောင် ကြိုးစားမှာပေါ့။ တကယ်ချစ်တဲ့လူကတော့ ခွင့်လွှတ်မှာပဲ.... "
နေကြာက သူနဲ့ဝေးရာမှာ သွားရပ်သည်။
" နေကြာက အမြဲ ကိုကို့ကို ခွင့်လွှတ်တယ်။ လူတိုင်းမှာ အားနည်းချက်ရှိတာပဲ... နေကြာက နားလည်တတ်တယ်.... "
နေကြာ့ဆီကို သူသွားတော့ သူမကလည်း နောက်ကို ဆုတ်လျက် သူနဲ့ ဝေးရာကိုပဲ ရွေ့သွားသည်။
" မလာခဲ့နဲ့။ နေကြာ့ကို သနားရုံသက်သက်နဲ့ နေကြာ့ကို ဂရုမစိုက်နဲ့.... "
နေကြာက သူမရင်ဘက်ကလေးကို ပုတ်ပြကာ...
" ဒီနှလုံးသားက သိပ်ထိရှလွယ်တာ.... ကိုကို့လောက် အသည်းမမာဘူး သိလား။ အနီးကို ရောက်လာတဲ့အခါ ထပ်ပြီး ချစ်မိပြီး ထပ် မျှော်လင့်မိပြီး နာကျင်ရမှာ... "
နေကြာက သူနဲ့ တဖြေးဖြေး ပိုဝေးဝေးသွားပြီး....
" ရက်စက်မယ်ဆိုလည်း အဆုံးထိ ရက်စက်ပစ်လိုက်ရပါတယ်။ နေကြာက ကိုကို့ကို မုန်းမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အနားမှာ တကယ်ရှိပေးမှာမဟုတ်ပဲ နီးကပ်မလာစေချင်ဘူး။ နေကြာ့ကို မျှော်လင့်ချက်တွေ ထပ်မပေးစေချင်ဘူး.... နေကြာ ဒီရင်ဘက်ထဲက တကယ်နာတယ်... သိလား "
မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီး....
" နေကြာတွေက နေမင်းနဲ့ အတူတူရှိလို့မှ မဖြစ်တာလေ.... "
" နေကြာ... ကိုကို တောင်းပန်ပါတယ် "
" ဟင့်အင်.... အမှားလုပ်ထားတာမရှိလို့ မတောင်းပန်နဲ့.... "
နေကြာသည် ငိုနေရင်းက သူ့ကို ရယ်ပြပြီး....
" ဘာပဲ ဖြစ်ဖြစ် နေကြာက ကိုကို့ကို အမြဲကြည့်နေမယ်နော်.... "
နေကြာက ဒီတစ်ခါ တကယ် လှည့်ထွက်ကာ ပြေးသွားပြီ။ ဆံနွယ်လေးများက လေမှာ လွင့်နေတာကို လိုက်ငေးနေမိသည်။
နေကြာသည် သူ့လက်ထဲက လွတ်ထွက်သွားသော ပန်းကလေးဖြစ်ပါသည်။ သူလိုက်ဖမ်းဖို့ မကြိုးစားရက်တော့တဲ့ ပန်းကလေးဖြစ်ပါသည်။
ဒီကောင်းကင်မှာ လေနှင်ရာ... ဝဲလွင့်ပျော်ရွှင်ပါ... နေကြာ။
🌻🌻🌻
" ဘာရယ်.... "
" နင်က..... "
" Eternal Sunshine က ထွက်မယ်..... "
သူငယ်ချင်းတွေက အံ့ဩတကြီး... ဒေါသတကြီး အော်ဟစ်ကြသည်။
" မင်း ဘာစကားပြောတာလဲ.... နေသာ။ ဒီ ESTB က ဘယ်သူ့ကြောင့်ဖြစ်လာတာလဲ.... မင်းစတင်ခဲ့တဲ့ အရာကွ.... "
ရှိုင်းထက်က သူ့ကော်လံကို ဆွဲကာ အော်ဟစ်သည်။
" မင်းနောက်နေတာမလား.... နေသာ.... ငါတို့အဆိုတော်ဖြစ်ချင်တယ်ဆိုတာကို မင်းကြောင့် လက်တွေ့အကောင်ထည်ဖော်ဖြစ်တာ... "
ကောင်းဆက်က စိတ်ပျက်စွာ ကြည့်နေရင်း သူ့ကိုမေးနေသည်။ နေသာ့မှာ ဖြေစရာ အဖြေက တစ်ခုပဲ ရှိပါသည်။
" နေသာ.... နင်ကျက်သရေ မတုံးနဲ့.... နင်ခေါ်လို့ ငါဒီအဖွဲ့မှာ မန်နေဂျာအဖြစ် ဆက်ရှိနေသေးတာ။ နင်က ငါ့ကို ဒါတွေအကုန်လုံး ငါ့ခေါင်းပေါ် ပစ်ထားခဲ့ပြီး ထွက်သွားမယ်ပေါ့.... သွားသေလိုက် "
နွယ်နီက သူ့ကို ရိုက်ပုတ်ကာ အော်ဟစ်နေသည်။ မိုးသောက်ကြယ်ကတော့ တိတ်ဆိတ်လျက်ပဲ သူတို့အော်ဟစ်နေတာတွေကို ငေးနေသည်။
" ဘာတွေဖြစ်နေကြတာလဲ ဟေ့ကောင်တွေရ.... ငါမရှိလည်း ESTB က ဆက်ရှိနေဦးမှာလေ.... ငါက Main vocalist လည်းမဟုတ်ဘူး။ သီချင်းရေးတယ်ဆိုတာကလည်း ငါမရှိလည်း တစ်ခြားသူဆီက သီချင်းဝယ်လိုက်ပေါ့.... "
" မင်းကမှ ဘာတွေပြောနေတာလဲ.... ခွေးသားရ။ အတူတူစတင်ခဲ့တဲ့ဒီအဖွဲ့ကနေမင်းထွက်သွားမှာကို.... ငါတို့က ဘာလို့ ဘာမှ မဖြစ်ရမှာလဲ... "
ရှိုင်းထက်က သူတကာထက် သူ့ကို ရန်လိုနေသည်။
" မင်းမရှိလည်း အဖွဲ့မပျက်ဘူးဆိုပေမယ့်.... နေသာမရှိပဲ ESTB က မပြည့်စုံနိုင်ဘူး.... "
ရှိုင်းထက်က သူ့ကို တွန်းလွှတ်ပြီး နံရံကို ပိတ်ကန်သည်။
သူမရှိလည်း... ဒီအဖွဲ့က ပျက်မသွားပါဘူး။ မပြည့်စုံရုံလေးပဲ ဆိုပေမယ့်.... သူဆက်ပြီး ရှိနေဦးမယ်ဆိုရင်တော့ သူတို့အဖွဲ့လေး ပျက်ဆီးသွားနိုင်သည်။ မဟုတ်ဘူး... ပျက်ဆီးသွားမှာ။ မေမေကြီးတို့ မလုပ်နိုင်တာ.... ဘာမှ ကိုမရှိတာ။
" နေသာ.... မင်းထွက်မယ့်ကိစ္စက မင်းအိမ်နဲ့ ပတ်သတ်နေလား.... "
ကောင်းဆက်မေးတော့မှ ရှိုင်းထက်က သဘောပါက်သွားကာ....
" ဟိုကာင်မလေးကို ဖြတ်ပစ်တာရော.... အခုကိစ္စရော... ဟိုအိမ်နဲ့ ဆိုင်နေတာလား.... "
" အဲ့ဒါဆိုရင်တော့ နေသာ... နင် တော်တော် ကျက်သရေတုံးသွားပြီပဲ... "
နွယ်နီက စိတ်ပျက်စွာ ပြောသည်။
" နင်ပြန်သွားမှာဆို... ဘာလို့များ ထွက်ခဲ့သေးလဲ နေသာရယ်.... စကားကြီးစကားကျယ်တွေပြောပြီး.... အခုတော့ စကားတွေပဲ အဖက်တင်တာပေါ့.... "
" မင်းပြောတော့ အဆုံးထိအတူတူသွားမယ်ဆို။ ထိပ်ဆုံးထိ အတူတူလျောက်မယ်ဆိုပြီး.... "
ရှိုင်းထက်က သူ့ကို တွန်းထိုးကာ ထွက်သွားပြီး နွယ်နီလည်း နောက်ကလိုက်သွားသည်။ ကောင်းဆက်လည်း ထွက်သွားတော့မှ မိုးသောက်ကြယ်က နံရံမှာ ကပ်ကာ ထိုင်နေတဲ့ သူ့ဘေးကို လာထိုင်သည်။
" ငါဘယ်လိုလုပ်ရမလဲ.... ဖိုးကြယ်...
ငါ ဘယ်လိုလုပ်မှ တန်ဖိုးထားရတဲ့အရာတွေကို ကာကွယ်နိုင်မှာလဲ "
" မင်းက စွမ်းအားရှင်မှ မဟုတ်တာ။ အားလုံးကို ကာကွယ်ဖို့ မင်းမှာ တာဝန်မရှိဘူး.... နေသာ... "
ဒါပေမယ့်.... သူ့ကြာင့်လည်း ဘယ်အရာကိုမျှ ပျက်စီးထိခိုက်မှာ မလိုချင်ဘူး။
" မင်းကာကွယ်မှ ဖြစ်မယ်လို့ ဘာလို့ထင်ရတာလဲ။ အတူတူခါးစည်းခံရမှာကွ.... "
ဖိုးကြယ်က သူ့ပခုံးကို ပုတ်ပေးသည်။
" မင်းက မင်းတစ်ယာက်ထဲပဲ သိမ်းကျုံးတာဝန်ယူချင်နေတယ်။ တစ်ခြားသူတွေကိုလည်း ယုံကြည်ပေးရမယ်... သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ကြတယ်... "
ရင်ထဲ ခဏတော့ ငြိမ်းချမ်းသွားရသည်။
" မင်းလုပ်ရမှာက မင်းပျော်ရွှင်မှု... မင်းအိပ်မက်ကိုပဲ ကာကွယ်.... ငါတို့ဘဝတွေ... ငါတို့အိပ်မက်တွေကိုလည်း ငါတို့ဘာသာ ကာကွယ်မယ် "
နေသာ ဆံပင်တွေကို ထိုးဖွလိုက်သည်။
" မင်းမှာ အကုန်လုံးကို ကာကွယ်ရမယ်ဆိုတဲ့ တာဝန်မရှိဘူး... အဲ့ဒါကြောင့် တစ်ခါတလေ တစ်ကိုယ်ကောင်းဆန်လို့လည်း ရတယ်... "
" ကျေးဇူး.... ဖိုးကြယ်.... "
" မလိုပါဘူးကွာ.... မင်းက ငါတို့အတွက် အများကြီး လုပ်ပေးခဲ့တာ.... "
စိတ်တွေ လေးလံနေရတဲ့ကြား ပြုံးနိုင်အောင် ပြုံးကြည့်လိုက်သည်။
ဘာလို့ ပျော်ရွှင်မှုက ထိန်းသိမ်းဖို့ ခက်ခဲနေရတာပါလိမ့်....
🌻🌻🌻
" ဟယ်လို.... မာမီ.... "
အေးမြတယ်ဆိုတာထက် ပိုတဲ့ တောင်ပေါ်မြို့ကလေးရဲ့ ဆောင်းဦးရာသီ...
" ဟယ်လို... သား.... "
ကြယ်တွေကပဲ ရွေ့လျားတာ မြန်နေကြသလား။ ဒါမှမဟုတ်... ကမ္ဘာကြီးကပဲ မြန်နေတာလား။ ကောင်းကင်တစ်ခုလုံး ချာချာလည်အောင် မူးနေသည်။
" အဲ့ဒီမှာ အဆင်ပြေရဲ့လား.... မာမီ"
သူ့အသံတွေက လေးတွဲ့လျက်....
" နေသာ.... သား ဘာဖြစ်နေတာလဲ "
ဖုန်းထဲက မိခင်၏ အသံသည် ဂရုဏာသံလေးနဲ့ အမြဲ ချိုမြသည်။ နောက်ပြီး အားနည်းနေတတ်သည်။
" မာမီ.... အဲ့ဒီအိမ်ကနေ ဘယ်တော့မှ ထွက်လာမှာလဲ.... "
" ဘာတွေဖြစ်နေတာလဲ... သား... မူးနေတာလား "
" အဲ့ဒီအိမ်မှာ လူလိုသူလို နေရလို့လား... ကျနော့်ကို အားကိုးပြီး ထွက်လာခဲ့ပါတော့ဗျာ.... "
နေသာ့အသံမှာ အက်ရှလာသည်။ ကြယ်တွေကလည်း ဝေဝါးလာသည်။
" ကျနော် မာမီ့ကို စောင့်ရှောက်နိုင်ပြီဗျ.... မာမီ အဲ့ဒီမိသားစုကို... ဒယ်ဒီ့ကို ထားပြီး ထွက်လာခဲ့ရုံပဲ... "
" ဟိုနေ့က မေမေကြီးတို့နဲ့တွေ့ခဲ့တယ်ဆို... ဘာတွေဖြစ်ခဲ့ကြတာလဲကွယ်.... "
" အဲ့ဒါဆိုရင်.... ကျနော် နေကြာ့ကို အဝေးမောင်းထုတ်စရာလည်း မလိုလောက်တော့ဘူး။ သီချင်းတွေ ဆက်ဆိုခွင့်ရချင်လည်း ရမှာပေါ့.... "
" သားရယ်.... "
" မေ့လို့ပါ.... မာမီက ဘယ်တော့မှ အဲ့ဒီအိမ်က ထွက်လာမှာ မဟုတ်ဘူးလေ.... "
" နေသာ..... မာမီပြောမယ်... "
" ရပါတယ်.... ကျနော်တို့က ကိုယ့်ဘဝကိုယ်မှ မပိုင်ကြတာလေ.... ဒါပဲ မာမီ... ကျနော် ဖုန်းချလိုက်ပြီ "
နေသာဦး စိတ်ပျက် လက်ပျက်ဖုန်းကို ချလိုက်သည်။ ကောင်းကင်သည် ကြယ်တွေစုံနေဆဲ ဖြစ်ပါသည်။ လမ်းမီးတိုင်လေးအောက်.... နှင်းစိုစိုမှာ သူထိုင်နေခဲ့တာ ကြာပြီ....
.
.
.
" နေကြာ.... ဘယ်သွားမလို့လဲ "
အိမ်အပြင် ထွက်ဖို့တံခါးဖွင့်နေဆဲ နေကြာ့လက်တွေ ရပ်သွားသည်။
" ပါပါ.... "
" ညကြီးမင်းကြီးကို.... "
" ကိုကိုလေ... ကိုကို အပြင်ဘက်မှာ ထိုင်နေတာကြာပြီ။ အဲ့ဒီလို ဆက်ထိုင်နေရင် သူနေမကောင်းဖြစ်လိမ့်မယ်.... မီးငယ် သူ့ကို အိမ်ပြန်ပို့ပေးမလို့။ ရတယ်မလားဟင်... "
ဖရက်ဒီက နေကြာ့ကို သနားစရာကလေးလေးလို ကြည့်နေပြီး....
" ပါပါ သူ့သူငယ်ချင်းတွေကို ဖုန်းဆက်ထားတယ်။ နေကြာ စိတ်မပူနဲ့တော့.... "
နေကြာက တံခါးကို ဆက်မဖွင့်တော့ပဲ ရပ်ထားလိုက်သည်။
" သူအဆင်ပြေသွားမှာပါနော်..."
" ပြေသွားမှာပါ.... "
နေကြာ ပြန်လှည့်လာပြီး ဖရက်ဒီရှေ့မှာ ခေါင်းကလေးငုံ့ကာ ရပ်နေသည်။
" အိမ်ပေါ်ပြန်တက်တော့နော်... ငါ့သမီး..."
" ဟုတ်.... "
နေကြာ အိမ်ပေါ်ကို ပြန်တက်သွားမှ ဖရက်ဒီလည်း သက်ပြင်းချရသည်။
ငါမှန်ရဲ့လား ရိုစီ....
ငါကလေးတစ်ယောက်ကို ဘယ်လိုစောင့်ရှောက်ကာကွယ်ရမယ်ဆိုတာ သေချာမသိဘူး။
ငါမှန်ရဲ့လား.... ရိုစီ။ မင်းသာဆိုရင် ပိုပြီး ကောင်းမွန်အောင် ငါတို့ သမီးလေးကို စောင့်ရှောက်ပေးနိုင်မယ် ထင်တယ်....
ငါမင်းကို တကယ် လွမ်းတယ်။
#PoMoNyeinAye
ZawGyi
ေလာကႀကီးက ခါးသီးတယ္။ အဲ့ဒါကို အစကတည္းက သိခဲ့ပါတယ္။ ဒါေပမယ့္ အဲ့ဒီေလာက္ထိ ရက္စက္လိမ့္မယ္ မထင္ခဲ့ဘူး။
ေနာက္တစ္ခါဆို...
နားလည္ပါတယ္... ကိုယ္ခ်င္းစာပါတယ္လို႔... ထပ္တူခံစားရပါတယ္လို႔... ဘယ္ေတာ့မွ မေျပာေတာ့ဘူး။
ဒဏ္ရာခ်င္းတူရင္ေတာင္ အတိမ္အနက္ဆိုတာ ကြာေသးတယ္ေလ...
" ဟိတ္... "
" ဟိတ္... ေကာင္မေလး "
မိုးေသာက္ၾကယ္ တကယ္ ေအာင့္သက္သက္နဲ႕ ခံစားေနရသည္။ သူ႕လို ေကာင္မေလးေတြသည္းသည္းလႈပ္ေနၾကတဲ့ နာမည္ႀကီးအဆိုေတာ္တစ္ေယာက္က အဲ့ဒီမိန္းကေလးဆီမွာ အႀကိမ္ႀကိမ္ ေခ်မိဳးခံခဲ့ရသည္။ ေတြ႕ခဲ့ဖူးတဲ့အ်ိန္ေတြတိုင္းမွာ ေနၾကာသည္ ေနသာဦးတစ္ယာက္ကိုသာလ်င္ အျပည့္အဝအာ႐ုံစိုက္ထားတတ္သည္။ အခုလည္း ၾကည့္ပါဦး။ ဒီကေလးမက သူေခၚေနတာကို အာ႐ုံမရပဲ ထိုင္ၿပီး စာအုပ္ထဲမွာ ပုံကိုပဲ သည္းႀကီးမည္းႀကီး ဆြဲေနသည္။
" ေရဒီယို ကမာ႐ြတ္ကေလး... "
ေနသာက ထိုနာမည္ကို ေခၚရင္ မႀကိဳက္ေပမယ့္ ေနၾကာဆိုတာကလည္း သူမကို အဲ့ဒီနာမည္တပ္ေခၚမွပဲ လွည့္ၾကည့္တတ္သူ ျဖစ္ပါသည္။
" ေနၾကာ့ကို ေခၚတာလားဟင္.... "
" အင္း.... "
ဒီေကည္ဖီဆိုင္ေလးထဲ သူမအျပင္ ေနာက္ထပ္ ဘယ္သူမွလည္း မရွိေတာ့တာကို....
" ဘာလို႔လဲ.... ေကာ္ဖီမွာမလို႔လား "
" အဲ... မဟုတ္ပါဘူး။ ဒီတိုင္းပဲ.... ေခၚၾကည့္တာပါ.... "
" ဪ..... "
ေနၾကာက ျပန္လွည့္သြားၿပီး ဆက္ၿပီး ပုံကို ဆြဲေနသည္။ တကယ္ဆို စကားေျပာခ်င္လို႔ သူေခၚတာကို... ဒီလို စကားနည္းပုံမ်ိဳးနဲ႕က် ဘာေျပာလို႔ ေျပာရေတာ့မလဲ သူမသိပါ။
" ဟိုေလ.... "
ဒီကေလးနဲ႕ ရင္းႏွီးဖို႔ ႀကိဳးစားတာကို လက္ေလ်ာ့လိုက္ေတာ့မယ္ ဆိုကာမွ သူမက သူ႕ကို ၾကည့္လာသည္။
" ဘာလို႔.... ေရဒီယိုကမာ႐ြတ္ လို႔ ေခၚတာလဲ ဟင္... "
မိုးေသာက္ၾကယ္ ၿပဳံးလိုက္သည္။ ေသခ်ာတာေပါ့... သူမ သိမွာ မဟုတ္ပါ။
" မွတ္မိခ်င္မွလည္း မွတ္မိမွာ။ အိပ္ေပ်ာ္ေနရင္လည္း အိပ္ေပ်ာ္ေနခဲ့မွာ... အဲ့ဒီတုန္းက အရမ္းေအးတဲ့ ဒီဇင္ဘာလႀကီ.... မွတ္မွတ္ရရ ျဖစ္ေနခဲ့တာက အဲ့ဒီေန႕က အကိုတို႔ Eternal Sunshine ရဲ႕ ပြဲဦးထြက္လို႔ ေျပာရမယ္။ ဦးစူးနစ္ရဲ႕ Show ပြဲမွာ အကိုတို႔ ကပ္ၿပီး ပထမဆုံး စင္ေပၚမွာ ေဖ်ာ္ေျဖခြင့္ ရခဲ့တဲ့ေန႕... "
ေနၾကာက တစ္စားပြဲမွာထိုင္ေနၿပီး မိုးေသာက္ၾကယ္က တစ္ျခားစားပြဲမွာ ထိုင္ၿပီး... စကားေျပာေနၾကသည္။
ေနၾကာ သိခ်င္တာက... ေရဒီယို ကမာ႐ြတ္ အေၾကာင္း။ သူေျပာျပေနတာက... သူတို႔ ပထမဆုံး ေဖ်ာ္ေျဖတဲ့ အေၾကာင္းေတြ...
" show ပြဲၿပီးေတာ့... အကိုတို႔ ေနသာဦး အိမ္မွာ ခဏ အိပ္ဖို႔ ျပန္လာၾကတယ္ေလ... အဲ့ဒီမွာ ညီမေလးအခန္းက မီးလင္းေနေသးတာကို ေတြ႕ခဲဲ့တယ္။ အဲ့ဒီတုန္းကကြာ.... ေနသာက အေအးႀကီးထဲမွာ... လမ္းမီးတိုင္ကို မွီၿပီး ညီမေလးအခန္းကို ေငးၾကည့္ေနတာနဲ႕.... အကိုတို႔ သီခ်င္းဆိုခဲ့ၾကတာ... ေရဒီယို ကမာ႐ြတ္ သီခ်င္းကိုေလ...... "
ဒီတစ္ခါေတာ့ ေနၾကာက သူေျပာသမွ်ကို အျပည့္အဝအာ႐ုံစိုက္လ်က္ ေငးေငးေလး ေနေထာင္ ေနပါသည္။
" ေနၾကာက သိခ်င္မွ သိမွာေပါ့... "
ေနၾကာက သူ႕ကို ၿပဳံးျပသည္။
" ေျပာျပေပးလို႔... ေက်းဇူးပါ... "
" ဟမ္.... ဘာလို႔လဲ... "
ဒီေကာင္မေလး အၿပဳံးမ်ားသည္ ရွားပါးသည္။
" သတိတရ... ရွိေနေပးခဲ့တာကို သိလိုက္ရလို႔.... "
ေနၾကာက အိမ္ေပါ် ျပန္တက္ဖို႔ ပုံဆြဲေနတဲ့ စာအုပ္ေတြကို သိမ္းဆည္းလိုက္သည္။ ေနၾကာဆြဲလက္စ ပုံသည္... ႐ုပ္လုံး မေပၚေသးေပမယ့္ ဂစ္တာတစ္လက္နဲ႕ လူတစ္ေယာက္ ျဖစ္ပါသည္။ ဘယ္သူရွိရမွာလည္း... သူမစိတ္ထဲ အၿမဲ စိုးမိုးေနဆဲ... ေနသာဦးရဲ႕ ပုံပဲေပါ့။
" သြားေတာ့မယ္ေနာ္.... "
ေနၾကာက ၿပဳံးျပ ႏႈတ္ဆက္သြားကာ အိမ္ေပၚကို ေျပးတက္သြားသည္။
" ဒီေန႕မွာ ပိုခ်မ္းေနလိုပဲ.... ေနာက္ေက်ာက ေအးစိမ့္စိမ့္နဲ႕... "
မိုးေသာက္ၾကယ္က ေျပးရင္းနဲ႕ ေနာက္လွည့္ၾကည့္လိုက္ေတာ့ ေကာ္ဖီဆိုင္ အျပင္ဘက္မွာ ေနသာဦးက မႈန္ကုပ္လ်က္ ရပ္ၾကည့္ေနသည္။
" အဲ့ဒါေၾကာင့္... ေက်ာခ်မ္းေနတာ.... "
တစ္ေယာက္ထဲ ေရ႐ြတ္မိသည္။
ေနသာဦး ေနာက္က တစ္ေယာက္ေယာက္ လိုက္ေနတယ္လို႔ ခံစားရတာမို႔ ခဏခဏ ျပန္လွည့္ၾကည့္ေတာ့လည္း ဘာမွ မေတြ႕ပါ။ သို႔ေသာ္ ေနာက္ေက်ာမလုံသလို ခံစားေနရဆဲ ျဖစ္သည္။ ရန္ကုန္မွာဆိုရင္ သူတို႔အဖြဲ႕က အခုလို စတိုးဆိုင္မွာ ေဈးထြက္ဝယ္လို႔ မျဖစ္ပါ။ သူတို႔ေရာက္ေနတာကို သိတာနဲ႕ ဓာတ္ပုံရိုက္တဲ့သူေတြ... sign ထိုးခိုင္းတဲ့သူေတြက စုၿပဳံေရာက္လာတတ္သည္။ ဒီနယ္ၿမိဳ႕ကေလးမွာေတာ့ သူတို႔ လြတ္လပ္မႈကို တစ္ဖန္ ျပန္ခံစားခြင့္ရခဲ့သည္။
ဒါေပမယ့္... အခု... စိတ္ထဲမွာ ေနာက္ေယာင္ခံလိုက္ခံေနရတယ္လို႔ ခံစားေနရသည္။ ေနာက္ၿပီး သူ႕မသိစိတ္က ထင္ေနရင္ အၿမဲ မွန္ေနတတ္တာမို႔... ဘယ္သူလည္း သိရေအာင္ လမ္းေထာင့္ကို ခ်ိဳးၿပီးတာနဲ႕ နံရံမွာ ကပ္ကာ ရပ္လိုက္သည္။
မၾကာပါ.... သူစိတ္ထင္သလို... ခိုးေၾကာင္ခိုးဝွက္လိုက္လာေသာ အရိပ္ကို ျမင္လိုက္ရသည္။ ေနသာ mask ကို အျမန္ဆြဲတပ္လိုက္သည္။
" ဟင္.... "
သူ႕ေနာက္ကို လိုက္လာေသာ ဝါဝန္ျဖဴျဖဴနဲ႕ မိန္းကေလးသည္ ပါးစပ္ကို လက္နဲ႕အုပ္လ်က္ မ်က္လုံးကေလး ျပဴးေနသည္။ တစ္ျခားသူမဟုတ္ေသာ.... ေနၾကာ ျဖစ္ေနေတာ့ ေနသာ အသက္ကို အခုမွ ဝေအာင္ ရႈရေတာ့သည္။
" ဘာလို႔.... ေနာက္က လိုက္လာတာလဲ... "
ပုံမွန္ေလသံျဖစ္ေအာင္ ေျပာေနတာကိုပဲ... ဆူပူတဲ့အသံေပါက္ေနတာကေတာ့... ေနသာဦးအက်င့္။
" ဟိုေလ.... ဟို.... "
ေနၾကာက မ်က္ခုံးကေလးမ်ားက ျပာယာခတ္ကာ...
" ေနၾကာ ကိုကို႔ေနာက္ကို မလိုက္ပါဘူး။ ဒီနားေလးမွာ.... ေၾကာင္တစ္ေကာင္ေတြ႕လိုက္လို႔ လိုက္ရွာေနတာ.... "
ေနၾကာက မလိမ္တတ္။ လိမ္လည္း မလိမ္ဘူးခဲ့ပါ။ အခုလည္း ပါးေတြ နားေတြရဲလ်က္... လိမ္ဖို႔ကို အသည္းအသန္ ႀကိဳးစားေနရရှာသည်။
" အင္းပါ... "
" ဟိုမွာ.... ေတြ႕ၿပီ.... ေၾကာင္နက္ကေလး "
တကယ္ပဲ အိမ္တစ္အိမ္ရဲ႕ အုတ္တံတိုင္းေပၚမွာ လမ္းေလ်ာက္ေနေသာ ေၾကာင္နက္ကေလးကို ေတြ႕ရသည္။ ေနၾကာက ေၾကာင္ကေလးဆီ ေျပးသြားသည္။
" ေညာင္.... ေညာင္.... လာ.... "
အုတ္တံတိုင္းေပၚမွာ ေၾကာင္က ဝပ္ေနၿပီး အၿမီးကို ေအာက္ကို တန္းလန္းခ်ထားသည္။ တစ္ျခားအိမ္ေတြထက္ ပိုျမင့္ေသာ တိုင္တိုင္းေၾကာင့္ ေနၾကာက ေၾကာင္ကေလးကို ခုန္ဆြခုန္ဆြနဲ႕ ဖမ္းေနေပမယ့္ အရပ္မမီပဲ ျဖစ္ေနသည္။
အထူးအဆန္းပါပဲ။ ေနၾကာက သူ႕ကို အၿမဲေငးၾကည့္ေနတတ္သူျဖစ္ၿပီ... ဒီတစ္ႀကိမ္ေတာ့ သူ႕ကို နည္းနည္းေလးမွ အာ႐ုံစိုက္မေနခဲ့ပါ။
သူ႕ေနာက္ကို လိုက္ေနခဲ့တာ မဟုတ္ဘူးလား။
သူစိတ္ထင္ခဲ့တာလား...
ေနၾကာက သူ႕ကို ေၾကာင္ကေလးေလာက္ေတာင္ အဖက္မလုပ္ေတာ့ပါ။
" လူကလည္း.... ေသးေကြးလိုက္တာ.... "
ေနသာက တံတိုင္းေပၚက ေၾကာင္ကို ေပြ႕လ်က္ ေနၾကာ့ကို ေပးလိုက္သည္။
" ေညာင္..... "
ေနၾကာက ေၾကာင္ကေလးကို တယုတယ ရင္ခြင္ထဲထည့္ ပြတ္သတ္ေပးေနပေမယ့် ေၾကာင္နက္ကေလး ရင္ခြင္ထဲကေန ခုန္ဆင္းကာ ေျပးထြက္သြားသည္။ ေနၾကာက ေနာက္ကေန ေျပးလိုက္သြားျပန္သည္။
မာေက်ာတတ္လာတဲ့အတြက္... တကယ္ ဝမ္းသာပါတယ္။
.
.
.
" ေတာ္ပါေသးရဲ႕.... "
နံရံမွာ ေက်ာကပ္ရပ္လ်က္ ေနၾကာ အၾကာႀကီး ရပ္ေနမိသည္။ လမ္းဘက္ကို လွမ္းေခ်ာင္းလိုက္ေတာ့ သူမရွိေတာ့..
" ဟို ေၾကာင္နက္ေလး ဘယ္ေရာက္သြားပါလိမ့္ "
ေနၾကာ သူ႕ေနာက္ကို တမင္ လိုက္လာခဲ့တာမဟုတ္ပါဘူး။ ေၾကာင္ကေလးေနာက္ လိုက္လာရင္း သူ႕ကို ေတြ႕ခဲ့ၿပီး လိုက္ေငးမိတာပါ။ သူက ရပ္ေစာင့္ေနလိမ့္မယ္... ေနၾကာ ဘယ္ထင္ပါ့မလဲ..
ခ်စ္ေနတုန္းပါပဲ။ ဘယ္ေတာ့မွ ေမ့ပစ္လိုက္မွာ မဟုတ္ပါဘူး။ မုန္းဖို႔လည္း ႀကိဳးစားမွာ မဟုတ္ပါဘူး။
ဆိုေပမယ့္ေပါ့...
သူ႕ကိုလည္း မသိေစခ်င္ေတာ့ဘူး။ ဒီတိုင္းေလးပဲ... ခ်စ္ေနခ်င္တယ္။
" ခုနက ေၾကာင္နက္ကေလးနဲ႕တူလိုက္တာ.... "
ေကာင္ေလးတစ္ေယာက္က အနက္ေရာင္ Hoddie ေလးဝတ္ထားၿပီး ေၾကာင္နက္ကေလး ဝင္သြားတဲ့ လမ္းၾကားထဲကေန ထြက္လာတာကို ေနၾကာ လိုက္ေငးေနမိေသးသည္။
" ငါ့ေစာင့္အုံး.... "
ထိုေကာင္ေလးနဲ႕ ႐ုပ္ခ်င္းဆင္တူေသာ အျဖဴေရာင္ hoddieနဲ႕ ေကာင္မေလးက ထိုေကာင္ေလးေနာက္ကေန ေျပးလိုက္သြားသည္။
" အမႊာေတြထင္တယ္... "
ေနၾကာက စပ္စပ္စုစု သူမ်ားေတြကို လိုက္ေငးေနမိရာကေန ေဈးဆိုင္မွာ ေဈးဝယ္ဖို႔ ကိစၥကို သတိရသည္။
အခုတေလာေလ...
ေနၾကာက သိပ္ကို အာ႐ုံေတြမ်ားေနခဲ့တာ။
" ေနၾကာ... ဒါက ငါ့မာမီ... ဒါက ေမေမႀကီး "
မိုးမာန္က သူမတို႔ ၿမိဳ႕ကေလးဆီကို ေရာက္လာျပန္ပါသည္။
" အလုပ္ကိစၥနဲ႕ မာမီက လာစရာရွိတာ.... ေမေမႀကီးက စိတ္ေျပလက္ေပ်ာက္ ခရီးထြက္ရင္း လိုက္လာတာတဲ့။ ငါကေတာ့.... နင္နဲ႕ ေတြ႕ဖို႔.... လိုက္လာတာ "
သူမေရွ႕မွာ ရွိေနေသာ သူမ်ားက ေနၾကာ့ကို တေရးတယူ ႏႈတ္ဆက္ေပးေတာ့ အံ့ဩရပါသည္။ သူတို႔ဟာ အာကာသတြင္းနက္ႀကီးနဲ႕တူတယ္လို႔ ၾကားဖူးသည္။ သူမ်ားေတြရဲ႕ ေပ်ာ္စရာေတြအကုန္လုံးကို စုပ္ယူစားသုံးပစ္တတ္တယ္လို႔... ကိုကို သူမကို ေျပာျပခဲ့ဖူးပါသည္။
" မာမီ... သူကေလ... ေက်ာင္းမွာ သားနဲ႕ေပါင္းေနတဲ့ သူငယ္ခ်င္း။ ေနၾကာမြန္... "
" ဟုတ္လား... သမီးက ခ်စ္စရာေလး... "
" ေနၾကာတဲ့... နာမည္ကစ ခ်စ္စရာေလး။ သားသားသူငယ္ခ်င္းနဲ႕ ေတြ႕ေပးမယ္ဆိုေတာ့ ေယာက္်ားေလးသူငယ္ခ်င္းမွတ္ေနတာ... မိန္းကေလးျဖစ္ေနတယ္ "
ဒီအမ်ိဳးသမီးႀကီးမ်ားရဲ႕ ပိုပိုလွ်ံလွ်ံ ေဖာ္ေ႐ြမႈေတြေၾကာင့္ ေနၾကာ ေနရခက္လာသည္။
" ေနာက္ခါ မႏၱေလးလာရင္ အိမ္ကို ဝင္ခဲ့ေနာ္.... ငါ့ေျမး... "
" ဟုတ္.... "
အဲ့ဒါေတြက အစစ္အမွန္ေတြ ဟုတ္ရဲ႕လားလို႔ သံသယဝင္ေနမိဆဲ ျဖစ္ပါသည္။
" ဒီတိုင္းပဲ... ထိုင္ခိုင္းေနတယ္။ သား... မိုးမာန္... စားစရာ တစ္ခုခု သြားမွာေလ... သားသူငယ္ခ်င္းကို ေရာက္တုန္းတစ္ခုခု ေကြၽးရမွာေပါ့.... "
" ဟုတ္.... မာမီ။ ေနၾကာ.... ဘာစားမလဲ "
" ရတယ္... ငါက ဘာပဲ ျဖစ္ျဖစ္... "
မိုးမာန္က သူမကို ၿပဳံးျပကာ ထြက္သြားသည္။
ေနၾကာရဲ႕ အေကာင္းျမင္စိတ္ေတြ ေပ်ာက္ဆုံးသြားၿပီထင္ပါသည္။ လူေတြအေၾကာင္း ေသခ်ာလည္း မသိေသးပဲ... သံသယဝင္ေနမိတာ... အားနာစရာ။
သူတို႔က... ေကာင္းတဲ့ သူေတြပဲ ျဖစ္မယ္ ထင္ပါရဲ႕....
" မိဘေတြက ဘာလုပ္ၾကတာလဲ "
" ရွင္... "
မိုးမာန္ထြက္သြားေတာ့ ေနၾကာ့ကို မိုးမာန္ရဲ႕ မာမီကေမးေတာ့ ေမာ့ၾကည့္မိသည္။
မတူေတာ့ဘူး။ ေလသံေတြ... အၾကည့္ေတြနဲ႕... အၿပဳံးေတြ။ ခုနကနဲ႕ ဘာတစ္ခုမွ မတူေတာ့ဘူး။ ေျပာင္းလဲသြားၿပီ။
" မင္းကို ေမးေနတာေလ.... မင္းမိဘေတြ ဘာလုပ္ၾကတာလဲလို႔... "
" အာ.... မာမားက ငယ္ငယ္ကတည္းက ဆုံးသြားၿပီးေတာ့ ပါပါက ေကာ္ဖီဆိုင္ဖြင့္ထားပါတယ္ "
" ဪ.... "
အထင္ေသးတဲ့ အဲ့ဒီ အၾကည့္ေတြ... ေနၾကာ တကယ္ မႀကိဳက္ဘူး။
" ေကာ္ဖီဆိုင္ဖြင့္ထားတယ္ဆိုေတာ့.... ျပည့္စုံ... သူက ႏြေေလး ေျပာတဲ့ တစ္ေယာက္လား "
ေမေမႀကီးဆိုတဲ့သူက ေနၾကာ့ကို စိုက္ၾကည့္ကာ ေျပာေနေတာ့ မသိစိတ္ထဲ အလိုလို ေၾကာက္႐ြံ႕လာသည္။ ခုနက ေဖာ္ေ႐ြမႈေတြ... ဘယ္ကို လြင့္ေပ်ာက္ကုန္ၾကၿပီလဲ...
" ေနသာဦးရဲ႕.... ရည္းစားဆိုတာ ညည္းလား... အဆိုေတာ္ ေပါက္စဆိုတာ... "
ေမေမႀကီးမ်က္ႏွာထားက တင္းေနၿပီး ေနၾကာ့ကို အေပၚစီးကေနၾကည့္ကာ စကားေျပာေနသည္။
" ဟမ့္....တကယ္ပဲ။ ညီကို ႏွစ္ယာက္လုံးကို တၿပိဳင္ထဲ ဖမ္းခ်င္ေနတယ္... လူပုံက ရိုးပုံ ရိုးအေလးနဲ႕... ေလွနံ ႏွစ္ဖက္နင္းခ်င္ေနတယ္ "
ေမေမႀကီးမ်က္မွန္ရဲ႕ ေ႐ႊေရာင္ကိုင္းက တစ္ခ်က္တစ္ခ်က္ ထထလက္သည္။
" အဲ့ဒါေၾကာင့္ေျပာတာ.... ေမေမႀကီးရယ္။ အရိုးခံမ်က္ႏွာေလးေတြနဲ႕ အျပစ္ကင္းခ်င္ေယာင္ ေဆာင္ေနတဲ့လူေတြက ပိုေၾကာက္ဖို႔ေကာင္းတယ္ဆိုတာ.... သူလည္း မိယုလိုပုံစံမ်ိဳး လာဦးမယ္ထင္တယ္ "
မိယု...
သူတို႔ေျပာေနတာ မာမီယုကိုမ်ားလား...
" ဒီမယ္... ကေလးမ။ ငါ့သားကို လႊတ္ေပးပါေအ.... ငါ့သားက လူေတြအေၾကာင္း သိတာမဟုတ္ဘူး "
သူတို႔ ဘာေတြ ေျပာေနၾကတာပါလိမ့္။
" ငါ့ေျမး ေနသာကိုလည္း လက္လႊတ္ေပးပါေအ... ေတာ္ေလး ေအာင္ျမင္တဲ့ အဆိုေတာ္ တစ္ယာက္ျဖစ္ေအာင္ လုပ္ေပးဆို လုပ္ေပးပါ့မယ္။ ေနသာဦးကိုေတာ့ အသုံးမခ်ပါနဲ႕.... "
ေနၾကာ... နားမလည္ေတာ့ဘူး။
" ေနသာဦးက ႏြေယမင္းသိမ့္နဲ႕ ေစ့စပ္ေတာ့မွာ... ေတာ္ေသးတာေပါ့။ အဲ့ဒီကေလးမေလးက လာေျပာျပလို႔ ညည္းအေၾကာင္းေတြ သိရတာ... အဲ့ဒီ ေနသာဦးဟာေလ..... သူဆယ္တန္းေအာင္ကစက စိတ္ေျပလက္ေပ်ာက္ဆိုၿပီး အိမ္က ထြက္သြားခိုင္းမိပါတယ္။ ထင္ရာ စိုင္းေတာ့တာပဲ... သီခ်င္းက ထဆိုလိုက္ေသး.... "
႐ုတ္တရက္ ေနၾကာ ေခါင္းေတြ ထိုးကိုက္လာေတာ့သည္။ ေနၾကာ့ကို ေရွ႕မွာ ထားၿပီး ေပၚတင္ကို ေနၾကာ့မေကာင္းေၾကာင္း ေျပာဆို ေနၾကသည္။ ေနၾကာက လူခ်စ္လူခင္ မေပါဘူး သိေပမယ့္ ေနၾကာ ႀကဳံဖူးသမွ်က ေနာက္ကြယ္မွာပဲ... အတင္းေျပာခံရဖူးတာျဖစ္ၿပီး... အခု သူတို႔ကေတာ့ ေနၾကာ့ကို နည္းနည္းေလးမွ ဂ႐ုစိုက္တဲ့ပုံ မေပၚပါ။
" တကယ္ပဲ... စိတ္ပ်က္စရာ ေကာင္းတာ။ မင္းတို႔လို လူေတြကေလ.... ကိုယ့္ေနရာကို နားမလည္ မသိတတ္တာ... အဆိုးဆုံးပဲ "
ဒီလူေတြက ေနၾကာ့ကို ေရွ႕ထားလ်က္ ေစာ္ကားေနၾကျခင္း ျဖစ္သည္။ ေနာက္ၿပီး သူတို႔သည္ ရဲတင္းလြန္းသည္။ ပိုက္ကဆံရွိတာနဲ႕ပဲ သူတို႔မွာ ဘာလုပ္လုပ္ အခြင့္ရွိေနသူေတြလိုမ်ိဳး...
" ဟိုေလ.... တစ္ခုခုမွားေနၿပီထင္တယ္... "
" မဟုတ္တာ.... မွားစရာလား။ မင္းတို႔လိုလူေတြက တစ္ပုံစံထဲပဲ... "
ႏႈတ္ခမ္းဆိုးေဆး အေရာင္ရင့္ရင့္ျခယ္ထားေသာ ထိုမိန္းမရဲ႕ အၿပဳံးေတြကို ေနၾကာ ေၾကာက္႐ြံ႕လာေတာ့သည္။ သူတို႔ႏႈတ္က ထြက္သမွ် တစ္ခြန္းဆို တစ္ခြန္း... နာက်င္ရပါသည္။
Black Hole နဲ႕တူတယ္တဲ့။ ကိုကိုေျပာဖူးခဲ့သည္။
ကိုကို႔ကမၻာဟာ တကယ္ကို ခက္ခဲတဲ့ ကမၻာတစ္ခု ျဖစ္ခဲ့တာကို ေနၾကာ မသိခဲ့ဘူး။
ႀကဳံဖူးမွ နားလည္ေတာ့သည္။
ေနၾကာက အခု.... ရွိသမွ် ေပ်ာ္႐ႊင္မႈေတြ အကုန္စုပ္ယူခံလိုက္ရတာမ်ိဳး...
" မင္းကေတာ့.... နည္းနည္း ဉာဏ္ေကာင္းမယ့္ပုံပဲ... ေျပာရဆိုရ လက္ေပါက္မကပ္ေလာက္ဘူး ထင္တာပဲ။ ငါ့သားနဲ႕ ေဝးေဝးေန...ေနာက္ၿပီး ဟိုေကာင္ ေနသာဦး နဲ႕ေရာပဲ... "
" ႏြေေလးနဲ႕ကို ေစ့စပ္မယ့္ရက္ ျမန္ျမန္ ေရွ႕တိုးမွ ျဖစ္ေတာ့မယ္"
ေနၾကာက တစ္ခ်ိန္လုံး ဆြံ႕အလ်က္ သူတို႔ ေျပာသမွ် ၿငိမ္ေနမိေတာ့သည္။
ငါတို႔က... သာမာန္လူေတြမို႔.... ပိုၿပီး သန္မာရမွာ... တဲ့။ မႏြယ္နီ ေျပာခဲ့ဖူးသည္။
" မဟုတ္ပါဘူး.... "
စိတ္ထဲက က်ယ္ေလာင္စြာ ေအာ္ဟစ္ေနခဲ့ေပမယ့္ အျပင္မွာ ေနၾကာ့အသံက တိုးရွလြန္းသည္။
" ဘာရယ္.... ဘာေျပာလိုက္တာလဲ "
" ေနၾကာက... အဲ့ဒီလို လူမဟုတ္ဘူး... "
ဟက္...
ေလွာင္ၿပဳံးေတြကိုလည္း မုန္းသည္။ ထပ္ၿပီး လူေတြကို ယုံစားမိတဲ့ ကိုယ့္ကိုကိုယ္လည္း မုန္းရသည္။
" ေနၾကာ.... "
သူမတို႔ရွိေနရာ အခန္းထဲကို အေမာတေကာ ေလသံနဲ႕ ေနသာဦး အေျပးတစ္ပိုင္းနဲ႕ဝင္လာသည္။
" ေနၾကာ.... လာ.... သြားမယ္ "
ထိုင္ေနတဲ့ ေနၾကာ့ကို သူက အတင္းဆြဲေခၚသည္။
" ကိုယ့္ေျမးကိုယ္ ေတြ႕ရဖို႔ ခက္ခဲလိုက္တာ... အခုက်လည္း မိန္းကေလးတစ္ေယာက္ကို ေခၚဖို႔ အေျပးအလႊား ေရာက္လာတယ္.... ဟင့္.... ဖေအတူသားလို႔ ေျပာရင္ မႀကိဳက္ဘူး... "
" ေမေမႀကီးတို႔တစ္ေတြ... တစ္ျခားလူေတြဘဝကို ဝင္စြက္ဖက္ေနတာေတြက အကန့္သတ္ကို ေက်ာ္လြန္သြားၿပီ... "
ေနသာဦး သူမကို ငုံ႕ၾကည့္လိုက္ေတာ့ ေနၾကာကမ်က္ရည္ကေလးမ်ား ဝဲေနၾကၿပီး သူ႕အၾကည့္မ်ားကို ေရွာင္ဖယ္ကာ ေခါင္းငုံ႕သြားၾကသည္။
ေခါင္းကို ေမာ့ထားစမ္းပါ... ကေလးေရ...
" ငါတို႔ ဘယ္မွာ ဝင္စြက္ဖက္ေနလို႔လဲ.... ေနသာ... မင္းအခုမွ ေရာက္ခါစရွိေသးတယ္... မင္းဟာေလ... ငါတို႔အေပၚဆို ရန္သူေတြလို ဆက္ဆံတတ္တာ... "
မိေထြးျဖစ္သူက ေျပာေတာ့ ေနသာက ေနၾကာ့ကို သူ႕ေနာက္ပို႔ လိုက္ၿပီး...
" ခင္ဗ်ားတို႔အေၾကာင္း... က်ေနာ္သိလို႔... ခင္ဗ်ားတို႔ စကားလုံးေတြက လူကို ေသေအာင္သတ္နိုင္တာ က်ေနာ္ သိလို႔.... "
ေနၾကာက သူ႕လက္ထဲကေန အတင္း႐ုန္းကာ ေဘးထြက္လိုက္ၿပီး...
" မဟုတ္ပါဘူး။ ေနၾကာကပဲ အန္တီတို႔ အဖြားတို႔ ေျပာသလိုပဲ... ကိုယ့္ေနရာကို ကိုယ္မသိတတ္တာပါ။ အႏွောက္ယွက္ ျဖစ္သြားရင္ ေတာင္းပန္ပါတယ္.... "
ခ်စ္တဲ့လူကို ေနာက္ထပ္ ဒုကၡေတြ မေပးခ်င္လို႔... သူမေၾကာင့္ ေနာက္ထပ္ မေက်နပ္မႈ အစိုင္ခဲေတြကို ႀကီးမားမလာေစခ်င္လို႔....
ေနၾကာ မမွားပဲ ေတာင္းပန္ခဲ့ပါသည္။
ေတာင္းပန္ရတာက ခက္ခဲတဲ့ အလုပ္မွ မဟုတ္တာေလ....
" ေနၾကာမြန္..... "
သူ႕ဆီက ထြက္လာတဲ့ ေဒါသမာန္အျပည့္နဲ႕... သူမနာမည္ အျပည့္အစုံ။ ကိုကိုကေလ.... ေနၾကာ့ကို အဲ့ဒီလို တစ္ခါမွ မေအာ္ခဲ့ဖူးဘူး....
" ေလာကႀကီးထဲ ငါအမုန္းဆုံးက.... မမွားပဲ ေတာင္းပန္တာနဲ႕ အမွားလုပ္မထားပဲ အျပစ္ရွိသူလို ခံစား ေခါင္းငုံေနတတ္တာပဲ.... "
ေနၾကာက လန့္ျဖတ္ကာ သူ႕ကို ေမာ့ၾကည့္ေနသည္။ ၾကည့္စမ္းပါဦး.... ဒီမိန္းကေလးကို....
ေနာက္ထပ္ သူ႕အေမလို မိန္းကေလးေတြ ထပ္မျမင္ခ်င္ေတာ့ဘူးမို႔ ဒီေကာင္မေလးကို သူအေဝး တြန္းထုတ္ခဲ့တာေတာင္မွ....
ျဖစ္ျဖစ္ေအာင္ ျဖစ္လာေသးတယ္.... ဒီလိုေန႕ေတြ.... ဒီလို ျမင္ကြင္းေတြ...
" မဟုတ္ပါဘူး.... ေနၾကာက.... အေျခေနေတြကို ပိုမဆိုးေစခ်င္တာ.... "
" အဲ့ဒီလိုနဲ႕.... ေလာကႀကီးက အနိုင္က်င့္သူေတြပဲ... အနိုင္ရေနၾကတာ.... အနိုင္က်င့္တဲ့လူေတြက သန္မာလို႔မဟုတ္ဘူး.... မင္းတို႔လို လူေတြကိုက ေပ်ာ့ညံ့လြန္းလို႔... "
သူ႕ကို ေမာ့ၾကည့္ေနၾကေသာ ေနၾကာ့မ်က္ဝန္းမွာ မ်က္ရည္ေတြ လိမ့္ကနဲ႕ စီးက်လာသည္။ ငိုျပန္ၿပီ.... သူ႕ေၾကာင့္ပဲ... ထပ္ငိုသြားျပန္ၿပီ။
ေနသာ သူမကို မ်က္ႏွာလႊဲလိုက္ၿပီး....
" က်ေနာ္နဲ႕ ဒီေကာင္မေလးက ျပတ္သြားတာ ၾကာၿပီ။ ဘာဆက္ဆံေရးမွ မရွိေတာ့ဘူး.... ေနာက္ၿပီး မိုးမာန္နဲ႕လည္း သူငယ္ခ်င္းေတြပဲမို႔.... ေမေမႀကီးတို႔ မာမီတို႔ စိတ္ခ်ထားလို႔ရပါတယ္။ ဒီတုံးလြန္းတဲ့ကေလးက ခင္ဗ်ားတို႔ရဲ႕ ေလာဘေဇာတက္ေနတဲ့ မဟာစီမံကိန္းေတြကို ဖ်က္ဆီးမယ့္သူမဟုတ္ဘူး။ အဲ့ဒါေၾကာင့္.... ဒီမိန္းကေလးကို ဒီတိုင္း လႊတ္ထားေပးပါ.... က်ေနာ္က ေတာင္းဆိုတာပါ "
ေနၾကာ့ကို သူ႕က ဆြဲေခၚလ်က္ အခန္းျပင္ဘက္ ထြက္လာသည္။
" ကိုကို.... ေရာက္ေနတာလား။ အယ္.... ေနၾကာ.... "
မိုးမာန္က အခုမွ ေရာက္လာၿပီး သူတို႔ကို ျမင္ေတာ့ အူေၾကာင္ေၾကာင္ ျဖစ္သြားသည္။
" ေနၾကာ.... ဘယ္သြားမလို႔.... ဟမ္.... နင္ ငိုေနတာ "
ေနၾကာက ပါးေပၚက မ်က္ရည္ေတြကို အျမန္သုတ္ပစ္လိုက္ၿပီး....
" မဟုတ္ပါဘူး.... "
" ကိုကို.... ဘာျဖစ္တာလဲ "
မိုးမာန္က ေနသာဦးကို ေမးသည္။
" ဘာမွ မျဖစ္ပါဘူး... သားရယ္။ မင္းအကိုက ေနၾကာေလးကို စိတ္မခ်ျဖစ္ၿပီး ျပန္ေခၚသြားခ်င္ေနတာ.... အဟင္း.... မာမီတို႔ကို မယုံဘူး ထင္ပါရဲ႕... "
မာမီျပည့္စုံေရာက္လာကာ ေျပာေတာ့ မိုးမာန္က ေနၾကာ့ကို မယုံသကၤာ ၾကည့္ေနေသးသည္။
" ညီညီ.... ကိုကိုသြားေတာ့မယ္.... "
" ေနပါဦး... ကိုကိုကလည္း.... "
ေနသာဦးက သု႔စကားကို ဆုံးေအာင္ နားေထာင္မသြားေတာ့ပဲ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ထြက္သြားသည္။ ေနၾကာေလးမွာ သူ႕ေျခလွမ္းေတြေနာက္ မီေအာင္ ေျပးလိုက္ေနရသည္။
အဲ့ဒီကိုကိုဟာေလ.... ေနၾကာ့ကို သူပဲ ျဖတ္ပစ္ခဲ့ၿပီး...
" လာ.... သားသား။ ေနၾကာေလးကို သားက ခင္ေပမယ့္.... ေနသာက သေဘာမက်ဘဴးထင္ပါတယ္။ သူမ်ားအတြဲၾကား ဝင္မရႈပ္နဲ႕..."
အခန္းထဲဝင္ရင္း မာမီက ေျပာေတာ့ မိုးမာန္ ေခါင္းယမ္းကာ...
" မာမီက အဲ့ကေလးမအေၾကာင္း မသိဘူး။ ေနၾကာက သားမရွိရင္ သူငယ္ခ်င္းရွိေတာ့မွာ မဟုတ္ဘူး... ေနာက္ၿပီး ကိုကိုနဲ႕ ျပတ္သြားၿပီ "
" ဒါေပမယ့္.... အခု ၾကည့္ပါလား... ငါ့ေျမးရဲ႕။ ေနသာ့ လုပ္ပုံေတြကို.... အခုေတာင္ ေအာ္ဟစ္ေသာင္းက်န္းသြားတာ..."
ေမေမႀကီးစကားကို မိုးမာန္က အေရးမႀကီးသလို ရယ္ျပလိုက္ၿပီး ေဘးမွာ ဝင္ထိုင္ကာ...
" ကိုကိုက အဲ့တိုင္းပဲေလ.... အိမ္ကေန ထြက္သြားၿပီးထဲက က်ေနာ္တို႔ဆို သူစိမ္းလိုပဲ ဆက္ဆံတာ.... "
မိုးမာန္က မ်က္ႏွာေလး ငယ္သြားၿပီး....
" ေနာက္ၿပီး က်ေနာ္လည္း ေနၾကာလိုပါပဲ... အဲ့ဒီေကာင္မေလးမရွိရင္ က်ေနာ္လည္း သူငယ္ခ်င္းရွိေတာ့မွာ မဟုတ္ဘူး.... "
ေနၾကာကသည္ သူ႕ဘဝထဲ မိသားစုကဲ့သို႔ ထပ္တူထပ္မွ် အေရးပါသူတစ္ေယာက္ပဲ ျဖစ္ပါသည္။
" နာတယ္..... ေနပါဦး.... "
ေနၾကာက သူဆြဲထားတဲ့ လက္ေတြထဲကေန အတင္း႐ုန္းထြက္ကာ လက္ေကာက္ဝတ္နီနီေလးကို အသာဆုပ္ကိုင္ေနသည္။
" ဘာလို႔.... အဲ့ဒီေလာက္ တုံးရတာလဲ "
သူ႕အသံက ဆူေငါက္ေနသံႏွင့္ တူသည္။ ဝမ္းနည္းလက္စ ေနၾကာက ငိုခ်င္ေလာက္ေအာင္ကို အခု ေၾကာက္ေနၿပီ...
" ညီညီက မင္းကို အဲ့ဒီအိမ္လူေတြနဲ႕ ေတြ႕ေပးမယ္ ထင္မထားဘူး... "
မိုးမာန္က အိမ္ကလူေတြအေၾကာင္း ဘာမွ သိတာမဟုတ္မွတာ။
" ထူးဆန္တဲ့ စကားေတြ ေျပာေနကတည္းက ထြက္လာခဲ့ရမွာ.... အဲ့ဒီလူေတြက ပကာသနသိပ္မက္တယ္။ လူေတြကို မစာမနာ ေျပာတတ္တယ္... "
ေစတနာေဒါေသာပါလို႔ ေျပာလည္း ေနၾကာ ဝမ္းနည္းပါသည္။ ကိုကိုကေလ... သူေဒါသထြက္ရင္ ေၾကာက္စရာ...
" အဲ့ဒါေၾကာင့္... သူတို႔နဲ႕မေတြ႕ျဖစ္ေအာင္ ထားခဲ့ရတာကို.... အဲ့ေလာက္ အ...ရသလား"
" ေနၾကာလည္း တုံးခ်င္လြန္းလို႔... အ,ခ်င္လြန္းလို႔မွ မဟုတ္တာ.... "
ေနၾကာ့ဆီက ဒီလို ျပန္ေျပာလိမ့္မယ္လို႔ေတာ့ မထင္ခဲ့မိပါ။ မ်က္္ရည္စက္လက္ ေနၾကာက သူ႕ကို ေမာ့ၾကည့္လ်က္ာ.....
"ေနၾကာ ျပန္ေျပာလိုက္ရင္ သူတို႔လို ရိုင္းစိုင္းတဲ့လူျဖစ္သြားမွာေပါ့။ ေနၾကာက သူတို႔ထင္ေနတဲ့ လူပုံစံျဖစ္သြားမွာေပါ့.... ေနၾကာ အဲ့လိုလူမျဖစ္ခ်င္ဘူး.... "
မ်က္ရည္က သုတ္ေနရင္းနဲ႕ကို ျပန္စီးၾကာလာသည္။ ကေလးတစ္ေယာက္လို ေနၾကာ ငိုေကြၽးေနတာကိုလည္း အခုမွ ျမင္ဖူးေတာ့သည္။
" ေနာက္ၿပီး.... ကိုကို ေနၾကာ့ကို ဆြဲေခၚလာတာလည္း မေကာင္းဘူး။ ေနၾကာသည္းခံနိုင္လို႔ သည္းခံေနတာ.... ေနၾကာက သူတို႔ နားလည္ေအာင္ ရွင္းျပဖို႔ အခ်ိန္ေစာင့္ေနတာ... အခုက် ေနၾကာက သူတိို႔နဲ႕ ဘယ္လိုမွ အဆင္ေျပမွာ မဟုတ္ေတာ့ဘူး... "
သတၱိေတြေကာင္းျပၿပီး ကတ္ကတ္လန္ျပန္ေျပာတာလည္း ပထမဆုံးပဲ ျဖစ္မည္။ ဟိုမွာကတည္းက အဲ့ဒီလို သတၱိေတြ ေကာင္းျပခဲ့ပါေတာ့လား.... ေနၾကာရာ....
" အဲ့ဒီလိုနဲ႕... သူငယ္ခ်င္းကိုလည္း ဆုံးရႈံးရေတာ့မယ္.... ကိုကို႔ကိုလည္း..... "
ေနၾကာ ဆက္မေျပာပဲ ရပ္သြားၿပီး မ်က္ရည္ေတြကို သုတ္ကာ ထပ္မက်ေအာင္ ရွိုက္လ်က္ အံႀကိတ္ ထိန္းေနသည္။
" ကိုကိုသာ ဆြဲေခၚမလာရင္ ဘယ္ခ်ိန္ထိ သူတို႔သေစာ္ကားတာ ခံေနရမလဲ.... မေတြးမိဘူးလား.... အဲ့ဒီလူေတြမွာ စာနာစိတ္ရွိတာမဟုတ္ဘူး... "
" ဘာေတြ.... စိတ္ပူေနတာလဲ။ ပစ္ထားခဲ့ၿပီးၿပီမလား... လမ္းခြဲလိုက္ၿပီ မဟုတ္ဘူးလား။ ဘာမွ မဆိုင္ေတာ့ဘူးဆို.... စိတ္ရႈပ္တယ္ဆို.... ဘာလို႔ အာ႐ုံစိုက္ေနတာလဲ... ပစ္ထားလိုက္ပါလား.... "
ေနၾကာက ကေလးတစ္ေယာက္လို စကားနာထိုးေအာ္ဟစ္လ်က္ ငိုေႂကြးေနသည္။
ဒီေကာင္မေလး အ႐ြယ္ေရာက္ေနၿပီ...
" ကိုကိုသိလား.... ခ်စ္တဲ့လူကို ကာကြယ္ေပးခ်င္ၾကတယ္။ ဒါေပမယ့္ ေသခ်ာေပါက္ ကာကြယ္ေပးရမယ္လို႔လည္း မဆိုလိုဘူးေလ... ကိုယ္တတ္နိုင္တာပဲ ကိုယ္လုပ္ေပးၾကရမွာေပါ့။ ကိုယ္က မကာကြယ္နိုင္လည္းပဲ.... ကိုယ္ခ်စ္တဲ့လူက သူ႕ဘာသာ ကာကြယ္နိုင္ေအာင္ ႀကိဳးစားမွာေပါ့။ တကယ္ခ်စ္တဲ့လူကေတာ့ ခြင့္လႊတ္မွာပဲ.... "
ေနၾကာက သူနဲ႕ေဝးရာမွာ သြားရပ္သည္။
" ေနၾကာက အၿမဲ ကိုကို႔ကို ခြင့္လႊတ္တယ္။ လူတိုင္းမွာ အားနည္းခ်က္ရွိတာပဲ... ေနၾကာက နားလည္တတ္တယ္.... "
ေနၾကာ့ဆီကို သူသြားေတာ့ သူမကလည္း ေနာက္ကို ဆုတ္လ်က္ သူနဲ႕ ေဝးရာကိုပဲ ေ႐ြ႕သြားသည္။
" မလာခဲ့နဲ႕။ ေနၾကာ့ကို သနား႐ုံသက္သက္နဲ႕ ေနၾကာ့ကို ဂ႐ုမစိုက္နဲ႕.... "
ေနၾကာက သူမရင္ဘက္ကေလးကို ပုတ္ျပကာ...
" ဒီႏွလုံးသားက သိပ္ထိရွလြယ္တာ.... ကိုကို႔ေလာက္ အသည္းမမာဘူး သိလား။ အနီးကို ေရာက္လာတဲ့အခါ ထပ္ၿပီး ခ်စ္မိၿပီး ထပ္ ေမွ်ာ္လင့္မိၿပီး နာက်င္ရမွာ... "
ေနၾကာက သူနဲ႕ တေျဖးေျဖး ပိုေဝးေဝးသြားၿပီး....
" ရက္စက္မယ္ဆိုလည္း အဆုံးထိ ရက္စက္ပစ္လိုက္ရပါတယ္။ ေနၾကာက ကိုကို႔ကို မုန္းမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ အနားမွာ တကယ္ရွိေပးမွာမဟုတ္ပဲ နီးကပ္မလာေစခ်င္ဘူး။ ေနၾကာ့ကို ေမွ်ာ္လင့္ခ်က္ေတြ ထပ္မေပးေစခ်င္ဘူး.... ေနၾကာ ဒီရင္ဘက္ထဲက တကယ္နာတယ္... သိလား "
မ်က္ရည္ေတြကို သုတ္ပစ္လိုက္ၿပီး....
" ေနၾကာေတြက ေနမင္းနဲ႕ အတူတူရွိလို႔မွ မျဖစ္တာေလ.... "
" ေနၾကာ... ကိုကို ေတာင္းပန္ပါတယ္ "
" ဟင့္အင္.... အမွားလုပ္ထားတာမရွိလို႔ မေတာင္းပန္နဲ႕.... "
ေနၾကာသည္ ငိုေနရင္းက သူ႕ကို ရယ္ျပၿပီး....
" ဘာပဲ ျဖစ္ျဖစ္ ေနၾကာက ကိုကို႔ကို အၿမဲၾကည့္ေနမယ္ေနာ္.... "
ေနၾကာက ဒီတစ္ခါ တကယ္ လွည့္ထြက္ကာ ေျပးသြားၿပီ။ ဆံႏြယ္ေလးမ်ားက ေလမွာ လြင့္ေနတာကို လိုက္ေငးေနမိသည္။
ေနၾကာသည္ သူ႕လက္ထဲက လြတ္ထြက္သြားေသာ ပန္းကေလးျဖစ္ပါသည္။ သူလိုက္ဖမ္းဖို႔ မႀကိဳးစားရက္ေတာ့တဲ့ ပန္းကေလးျဖစ္ပါသည္။
ဒီေကာင္းကင္မွာ ေလႏွင္ရာ... ဝဲလြင့္ေပ်ာ္႐ႊင္ပါ... ေနၾကာ။
" ဘာရယ္.... "
" နင္က..... "
" Eternal Sunshine က ထြက္မယ္..... "
သူငယ္ခ်င္းေတြက အံ့ဩတႀကီး... ေဒါသတႀကီး ေအာ္ဟစ္ၾကသည္။
" မင္း ဘာစကားေျပာတာလဲ.... ေနသာ။ ဒီ ESTB က ဘယ္သူ႕ေၾကာင့္ျဖစ္လာတာလဲ.... မင္းစတင္ခဲ့တဲ့ အရာကြ.... "
ရွိုင္းထက္က သူ႕ေကာ္လံကို ဆြဲကာ ေအာ္ဟစ္သည္။
" မင္းေနာက္ေနတာမလား.... ေနသာ.... ငါတို႔အဆိုေတာ္ျဖစ္ခ်င္တယ္ဆိုတာကို မင္းေၾကာင့္ လက္ေတြ႕အေကာင္ထည္ေဖာ္ျဖစ္တာ... "
ေကာင္းဆက္က စိတ္ပ်က္စြာ ၾကည့္ေနရင္း သူ႕ကိုေမးေနသည္။ ေနသာ့မွာ ေျဖစရာ အေျဖက တစ္ခုပဲ ရွိပါသည္။
" ေနသာ.... နင္က်က္သေရ မတုံးနဲ႕.... နင္ေခၚလို႔ ငါဒီအဖြဲ႕မွာ မန္ေနဂ်ာအျဖစ္ ဆက္ရွိေနေသးတာ။ နင္က ငါ့ကို ဒါေတြအကုန္လုံး ငါ့ေခါင္းေပၚ ပစ္ထားခဲ့ၿပီး ထြက္သြားမယ္ေပါ့.... သြားေသလိုက္ "
ႏြယ္နီက သူ႕ကို ရိုက္ပုတ္ကာ ေအာ္ဟစ္ေနသည္။ မိုးေသာက္ၾကယ္ကေတာ့ တိတ္ဆိတ္လ်က္ပဲ သူတို႔ေအာ္ဟစ္ေနတာေတြကို ေငးေနသည္။
" ဘာေတြျဖစ္ေနၾကတာလဲ ေဟ့ေကာင္ေတြရ.... ငါမရွိလည္း ESTB က ဆက္ရွိေနဦးမွာေလ.... ငါက Main vocalist လည္းမဟုတ္ဘူး။ သီခ်င္းေရးတယ္ဆိုတာကလည္း ငါမရွိလည္း တစ္ျခားသူဆီက သီခ်င္းဝယ္လိုက္ေပါ့.... "
" မင္းကမွ ဘာေတြေျပာေနတာလဲ.... ေခြးသားရ။ အတူတူစတင္ခဲ့တဲ့ဒီအဖြဲ႕ကေနမင္းထြက္သြားမွာကို.... ငါတို႔က ဘာလို႔ ဘာမွ မျဖစ္ရမွာလဲ... "
ရွိုင္းထက္က သူတကာထက္ သူ႕ကို ရန္လိုေနသည္။
" မင္းမရွိလည္း အဖြဲ႕မပ်က္ဘူးဆိုေပမယ့္.... ေနသာမရွိပဲ ESTB က မျပည့္စုံနိုင္ဘူး.... "
ရွိုင္းထက္က သူ႕ကို တြန္းလႊတ္ၿပီး နံရံကို ပိတ္ကန္သည္။
သူမရွိလည္း... ဒီအဖြဲ႕က ပ်က္မသြားပါဘူး။ မျပည့္စုံ႐ုံေလးပဲ ဆိုေပမယ့္.... သူဆက္ၿပီး ရွိေနဦးမယ္ဆိုရင္ေတာ့ သူတို႔အဖြဲ႕ေလး ပ်က္ဆီးသြားနိုင္သည္။ မဟုတ္ဘူး... ပ်က္ဆီးသြားမွာ။ ေမေမႀကီးတို႔ မလုပ္နိုင္တာ.... ဘာမွ ကိုမရွိတာ။
" ေနသာ.... မင္းထြက္မယ့္ကိစၥက မင္းအိမ္နဲ႕ ပတ္သတ္ေနလား.... "
ေကာင္းဆက္ေမးေတာ့မွ ရွိုင္းထက္က သေဘာပါက္သြားကာ....
" ဟိုကာင္မေလးကို ျဖတ္ပစ္တာေရာ.... အခုကိစၥေရာ... ဟိုအိမ္နဲ႕ ဆိုင္ေနတာလား.... "
" အဲ့ဒါဆိုရင္ေတာ့ ေနသာ... နင္ ေတာ္ေတာ္ က်က္သေရတုံးသြားၿပီပဲ... "
ႏြယ္နီက စိတ္ပ်က္စြာ ေျပာသည္။
" နင္ျပန္သြားမွာဆို... ဘာလို႔မ်ား ထြက္ခဲ့ေသးလဲ ေနသာရယ္.... စကားႀကီးစကားက်ယ္ေတြေျပာၿပီး.... အခုေတာ့ စကားေတြပဲ အဖက္တင္တာေပါ့.... "
" မင္းေျပာေတာ့ အဆုံးထိအတူတူသြားမယ္ဆို။ ထိပ္ဆုံးထိ အတူတူေလ်ာက္မယ္ဆိုၿပီး.... "
ရွိုင္းထက္က သူ႕ကို တြန္းထိုးကာ ထြက္သြားၿပီး ႏြယ္နီလည္း ေနာက္ကလိုက္သြားသည္။ ေကာင္းဆက္လည္း ထြက္သြားေတာ့မွ မိုးေသာက္ၾကယ္က နံရံမွာ ကပ္ကာ ထိုင္ေနတဲ့ သူ႕ေဘးကို လာထိုင္သည္။
" ငါဘယ္လိုလုပ္ရမလဲ.... ဖိုးၾကယ္...
ငါ ဘယ္လိုလုပ္မွ တန္ဖိုးထားရတဲ့အရာေတြကို ကာကြယ္နိုင္မွာလဲ "
" မင္းက စြမ္းအားရွင္မွ မဟုတ္တာ။ အားလုံးကို ကာကြယ္ဖို႔ မင္းမွာ တာဝန္မရွိဘူး.... ေနသာ... "
ဒါေပမယ့္.... သူ႕ၾကာင့္လည္း ဘယ္အရာကိုမွ် ပ်က္စီးထိခိုက္မွာ မလိုခ်င္ဘူး။
" မင္းကာကြယ္မွ ျဖစ္မယ္လို႔ ဘာလို႔ထင္ရတာလဲ။ အတူတူခါးစည္းခံရမွာကြ.... "
ဖိုးၾကယ္က သူ႕ပခုံးကို ပုတ္ေပးသည္။
" မင္းက မင္းတစ္ယာက္ထဲပဲ သိမ္းက်ဳံးတာဝန္ယူခ်င္ေနတယ္။ တစ္ျခားသူေတြကိုလည္း ယုံၾကည္ေပးရမယ္... သူတို႔ကိုယ္သူတို႔ ကာကြယ္နိုင္ၾကတယ္... "
ရင္ထဲ ခဏေတာ့ ၿငိမ္းခ်မ္းသြားရသည္။
" မင္းလုပ္ရမွာက မင္းေပ်ာ္႐ႊင္မႈ... မင္းအိပ္မက္ကိုပဲ ကာကြယ္.... ငါတို႔ဘဝေတြ... ငါတို႔အိပ္မက္ေတြကိုလည္း ငါတို႔ဘာသာ ကာကြယ္မယ္ "
ေနသာ ဆံပင္ေတြကို ထိုးဖြလိုက္သည္။
" မင္းမွာ အကုန္လုံးကို ကာကြယ္ရမယ္ဆိုတဲ့ တာဝန္မရွိဘူး... အဲ့ဒါေၾကာင့္ တစ္ခါတေလ တစ္ကိုယ္ေကာင္းဆန္လို႔လည္း ရတယ္... "
" ေက်းဇူး.... ဖိုးၾကယ္.... "
" မလိုပါဘူးကြာ.... မင္းက ငါတို႔အတြက္ အမ်ားႀကီး လုပ္ေပးခဲ့တာ.... "
စိတ္ေတြ ေလးလံေနရတဲ့ၾကား ၿပဳံးနိုင္ေအာင္ ၿပဳံးၾကည့္လိုက္သည္။
ဘာလို႔ ေပ်ာ္႐ႊင္မႈက ထိန္းသိမ္းဖို႔ ခက္ခဲေနရတာပါလိမ့္....
" ဟယ္လို.... မာမီ.... "
ေအးျမတယ္ဆိုတာထက္ ပိုတဲ့ ေတာင္ေပၚၿမိဳ႕ကေလးရဲ႕ ေဆာင္းဦးရာသီ...
" ဟယ္လို... သား.... "
ၾကယ္ေတြကပဲ ေ႐ြ႕လ်ားတာ ျမန္ေနၾကသလား။ ဒါမွမဟုတ္... ကမၻာႀကီးကပဲ ျမန္ေနတာလား။ ေကာင္းကင္တစ္ခုလုံး ခ်ာခ်ာလည္ေအာင္ မူးေနသည္။
" အဲ့ဒီမွာ အဆင္ေျပရဲ႕လား.... မာမီ"
သူ႕အသံေတြက ေလးတြဲ႕လ်က္....
" ေနသာ.... သား ဘာျဖစ္ေနတာလဲ "
ဖုန္းထဲက မိခင္၏ အသံသည္ ဂ႐ုဏာသံေလးနဲ႕ အၿမဲ ခ်ိဳျမသည္။ ေနာက္ၿပီး အားနည္းေနတတ္သည္။
" မာမီ.... အဲ့ဒီအိမ္ကေန ဘယ္ေတာ့မွ ထြက္လာမွာလဲ.... "
" ဘာေတြျဖစ္ေနတာလဲ... သား... မူးေနတာလား "
" အဲ့ဒီအိမ္မွာ လူလိုသူလို ေနရလို႔လား... က်ေနာ့္ကို အားကိုးၿပီး ထြက္လာခဲ့ပါေတာ့ဗ်ာ.... "
ေနသာ့အသံမွာ အက္ရွလာသည္။ ၾကယ္ေတြကလည္း ေဝဝါးလာသည္။
" က်ေနာ္ မာမီ့ကို ေစာင့္ေရွာက္နိုင္ၿပီဗ်.... မာမီ အဲ့ဒီမိသားစုကို... ဒယ္ဒီ့ကို ထားၿပီး ထြက္လာခဲ့႐ုံပဲ... "
" ဟိုေန႕က ေမေမႀကီးတို႔နဲ႕ေတြ႕ခဲ့တယ္ဆို... ဘာေတြျဖစ္ခဲ့ၾကတာလဲကြယ္.... "
" အဲ့ဒါဆိုရင္.... က်ေနာ္ ေနၾကာ့ကို အေဝးေမာင္းထုတ္စရာလည္း မလိုေလာက္ေတာ့ဘူး။ သီခ်င္းေတြ ဆက္ဆိုခြင့္ရခ်င္လည္း ရမွာေပါ့.... "
" သားရယ္.... "
" ေမ့လို႔ပါ.... မာမီက ဘယ္ေတာ့မွ အဲ့ဒီအိမ္က ထြက္လာမွာ မဟုတ္ဘူးေလ.... "
" ေနသာ..... မာမီေျပာမယ္... "
" ရပါတယ္.... က်ေနာ္တို႔က ကိုယ့္ဘဝကိုယ္မွ မပိုင္ၾကတာေလ.... ဒါပဲ မာမီ... က်ေနာ္ ဖုန္းခ်လိဳက္ၿပီ "
ေနသာဦး စိတ္ပ်က္ လက္ပ်က္ဖုန္းကို ခ်လိဳက္သည္။ ေကာင္းကင္သည္ ၾကယ္ေတြစုံေနဆဲ ျဖစ္ပါသည္။ လမ္းမီးတိုင္ေလးေအာက္.... ႏွင္းစိုစိုမွာ သူထိုင္ေနခဲ့တာ ၾကာၿပီ....
.
.
.
" ေနၾကာ.... ဘယ္သြားမလို႔လဲ "
အိမ္အျပင္ ထြက္ဖို႔တံခါးဖြင့္ေနဆဲ ေနၾကာ့လက္ေတြ ရပ္သြားသည္။
" ပါပါ.... "
" ညႀကီးမင္းႀကီးကို.... "
" ကိုကိုေလ... ကိုကို အျပင္ဘက္မွာ ထိုင္ေနတာၾကာၿပီ။ အဲ့ဒီလို ဆက္ထိုင္ေနရင္ သူေနမေကာင္းျဖစ္လိမ့္မယ္.... မီးငယ္ သူ႕ကို အိမ္ျပန္ပို႔ေပးမလို႔။ ရတယ္မလားဟင္... "
ဖရက္ဒီက ေနၾကာ့ကို သနားစရာကေလးေလးလို ၾကည့္ေနၿပီး....
" ပါပါ သူ႕သူငယ္ခ်င္းေတြကို ဖုန္းဆက္ထားတယ္။ ေနၾကာ စိတ္မပူနဲ႕ေတာ့.... "
ေနၾကာက တံခါးကို ဆက္မဖြင့္ေတာ့ပဲ ရပ္ထားလိုက္သည္။
" သူအဆင္ေျပသြားမွာပါေနာ္..."
" ေျပသြားမွာပါ.... "
ေနၾကာ ျပန္လွည့္လာၿပီး ဖရက္ဒီေရွ႕မွာ ေခါင္းကေလးငုံ႕ကာ ရပ္ေနသည္။
" အိမ္ေပၚျပန္တက္ေတာ့ေနာ္... ငါ့သမီး..."
" ဟုတ္.... "
ေနၾကာ အိမ္ေပၚကို ျပန္တက္သြားမွ ဖရက္ဒီလည္း သက္ျပင္းခ်ရသည္။
ငါမွန္ရဲ႕လား ရိုစီ....
ငါကေလးတစ္ေယာက္ကို ဘယ္လိုေစာင့္ေရွာက္ကာကြယ္ရမယ္ဆိုတာ ေသခ်ာမသိဘူး။
ငါမွန္ရဲ႕လား.... ရိုစီ။ မင္းသာဆိုရင္ ပိုၿပီး ေကာင္းမြန္ေအာင္ ငါတို႔ သမီးေလးကို ေစာင့္ေရွာက္ေပးနိုင္မယ္ ထင္တယ္....
ငါမင္းကို တကယ္ လြမ္းတယ္။
#PoMoNyeinAye