DITOEFV

By myatzon

101K 13K 277

Gameဆော့ရင်းနဲ့အိပ်ပျော်သွားတဲ့ကောင်မလေးတစ်ယောက်က အိပ်ရာကနိုးလာတဲ့အချိန်မှာ သူဆော့နေတဲ့gameရဲ့ hard moodကvil... More

Chapter. 1
Chapter . 2
Chapter .3
Chapter.4
Chapter.5
Chapter.6
Chapter7
Chapter .8
Chapter .9
Chapter .10
Chapter .11
Chapter .12
Chapter.13
Chapter.14
Chapter.15
Chapter.16
Chapter.17
Chapter .18
Chapter .19
Chapter.20
Chapter.21
Chapter.22
Chapter.23
Chapter.24
NU.Chapter.1
NU.Chapter.2
NU.Chapter.3
NU.Chapter.4
NU.CHAPTER.5
NU.Chapter.6
NU.Chapter.7
NU.Chapter.8
NU.Chapter.9
NU.Chapter.10
NU.Chapter.11
NU.Chapter.12
NU.Chapter.13
NU.Chapter.14
NU.Chapter.15
NU.Chapter.16
NU.Chapter.17
NU.Chapter.18
NU.Chapter.19
NU.Chapter.20
NU.Chapter.21
NU.Chapter.22
NU.Chapter.23
NU.Chapter.24
Chapter.25
NU.Chapter.25
Chapter.26(U&Z)
Chapter.27(U&Z)
Chapter.28(U&Z)
Chapter. 29(U&z)
Chapter.30( U & Z)
Chapter.31(U&Z)
Chapter .32(U&Z)
Chapter.33(U&Z)
Chapter.34(U&Z)
Chapter.35(U&Z)
Chapter.36(U&Z)
Chapter.37(U&Z)
Chapter.38(U&Z)
Chapter.39(U&Z)
Chapter.41(U&Z)
Chapter.42(U&Z)
Chapter.43(U&Z)
Chapter. 44(U&Z)
Chapter.45(U&Z)
Chapter.46(U&Z)
Chapter. 47(U&Z)
Chapter.48(U&Z)
Chapter.49(U&Z)
Chapter.50(U&Z)
Chapter.51(U&Z)
Chapter.52(U&Z)
Chapter.53(U&Z)
Chapter.54(U&Z)
Chapter.55(U&Z)
Chapter.56(U&Z)
Chapter.57(U&Z)
Chapter.58(U&Z)
Chapter.59(U&Z)
Chapter.60(U&Z)
Chapter.61(U&Z)
Chapter.62(U&Z)
Chapter.63(U&Z)
Chapter.64(U&Z)
Chapter.65(U&Z)
Chapter.66(U&Z)
Chapter.67(U&Z)
Chapter.68(U&Z)
Not Update
Chapter.69(U&Z)
Chapter.70(U&Z)
Chapter.71(U&Z)
Chapter.72
Chapter.73(U&Z)
Chapter.74(U&Z)
Chapter.75(U&Z)
Chapter.76(U&Z)
Chapter.77(U&Z)
Chapter.78(U&Z)
Chapter.79(U&Z)
Chapter.80(U&Z)
Update💛

Chapter.40(U&Z)

918 147 3
By myatzon

Unicode.

ငါအရုပ်တွေနဲ့ကစားနေရလို့ စိတ်ဆိုးမာန်ဆိုးနဲ့ အကြီးဆုံးဇွန်းကိုကိုင်လိုက်တယ်၊
အဲ့တာကတည်ခင်းထားသမျှထဲမှာအကြီးဆုံးဆိုပေမဲ့ လက်ဖက်ရည်ဇွန်းထက်တောင်သေးနေသေးတယ်၊ငါအဲ့တာနဲ့စွပ်ပြုတ်ကိုလှမ်းခတ်လိုက်ပေမဲ့ အဲ့တာကကြွက်မြှီးသာသာလောက်ဘဲ၊
ခက်ရင်းကဆလပ်သုတ်ထဲက ဆလပ်ကိုတောင်မလို့မရဘူး၊ဓားကအရွယ်အစားအဆင်ပြေပေမဲ့ အဲ့တာကနူးညံနေအောင်ချက်ထားတဲ့ အသားရဲ့မျက်နှာပြင်ကိုတောင်မထိုးဖောက်နိုင်ဘူး၊

' စိတ်ဝင်စားစရာဘဲ '

ငါအသုံးဆောင်ပစ္စည်းတွေကို မကြည့်ရင်း ဟာသလုပ်နေမိတယ်၊ပြိးတော့ငါ့ရှေ့က အငွေ့တထောင်းထောင်းထနေတဲ့စားစရာတွေကို အဲ့တာတွေနဲ့ ထိကြည့်​​​နေမိတယ်၊တကယ်လို့ငါမစားနိုင်ဘူးဆိုရင်တောင် အဲ့တာကိုမြင်ချင်နေသေးတယ်၊

စားဖိုဆောင်ထဲမှာဒီလိုအခြေနေမျိုးဖြစ်နေတာတောင် Emily အစားစာတွေကိုဘယ်လိုများသယ်လာလဲ၊
ဒါကိုတွေးကြည့်ရင် တကယ်လို့စားစရာအသိုးတွေက ပျံနှံနေတယ်ဆိုရင် စားဖိုဆောင်ကအလုပ်သမားတွေလည်း ဆိုးဆိုးရွားရွားဆက်ဆံခံရလိမ့်မယ်၊

ငါသူမကိုခြိမ်းခြောက်ပြီးကတည်းက Emilyကငါ့ဆီကိုကျန်းမာရေးနဲ့ညီညွတ်တဲ့အစားစာတွေယူလာခဲ့တယ်၊ ထပ်ပြီးပြောရရင် ငါစားချင်တာတွေသူမကိုပြောပြရင်တောင် သူမက ကို့ရိုးကားယားနဲ့အဲ့တာကိုလုပ်လာပေးသေးတာ၊

'ငါအခန်းကိုပြန်ရောက်ရင် သူမကိုဆုပေးသင့်တယ်'

ဒီအတောအတွင်း Emilyကိုသံတံတိုင်းတစ်ခုတားပြီးဆက်ဆံခဲ့မိတာကို နည်းနည်းအားနာမိတယ်၊ထပ်ပြီးငါရှေ့ကပန်းကန်ထဲမှာ အလျဥ်းသင့်သလိုရောက်နေတဲ့ အစားစာတချို့ကိုငါ့မျက်လုံးနဲ့ကြည့်ရင်း တွေးနေခဲ့တယ်၊

' တော်လိုက်ရင်ကောင်းမယ် '

နောက်ဆုံးမှာတော့ ငါဘာကိုမှသေချာမစားလိုက်ရဘူး၊မျှော်လင့်ထားတဲ့အတိုင်း Dukeနဲ့သူ့သားတွေကတေယ့ ငါအစာစားနေလား စားစရာတွေနဲ့ဆော့နေလားဆိုတာ စိတ်မဝင်စားကြဘူး...

ဒါကPenelopeရဲ့နေရာဘဲ...

'' ပွဲတော်ကပြီးလုနီးပါးဖြစ်နေပြီ ''

အဲ့တာကစားသောက်ချိန်နဲ့ အတော်လေးကြာနေခဲ့ပြီ၊Dukeက ဝိုင်ကိုသောက်ရင်းနဲ့ ပြောလာခဲ့တယ်၊ဒါပေမဲ့ ငါကပထမဆုံးသားကောင်ဘဲ၊

'' နောက်ဆုံးနေ့ကို အပြင်မသွားဘူးလား ''

'' ဟုတ် ''

ဒေါသထွက်နေတဲ့အချိန်ဖြစ်နေတာမလို့ ငါတဲ့တိုးဘဲဖြေလိုက်တယ်၊ Penelope ကပွဲတော်ရဲ့နောက်ဆုံးနေ့တိုင်းအပြင်သွားတယ်၊ငါကတော့အဲ့လိုမလုပ်ချင်ဘူး ပြီးတော့ငါDuke စိတ်ကျေနပ်အောင်လည်းမပြောချင်ဘူး ဘာလို့ဆိုငါကမျက်စိရှေ့ကအရသာရှိမဲ့ဟာတွေကို ထိတောင်မထိနိုင်ဘူးလေ၊

ငါ့ရဲ့အေးစက်စက်စိတ်အခြေနေက မျက်လုံးကနေ
ပထမနဲ့ဒုတိယကောင်ဘက်ချက်ချင်းပြောင်းသွားခဲ့တယ်၊ ငါInterestတွေကိုမျက်တောင်မခတ်တမ်း ကြည့်နေလိုက်တယ်၊

' အိုး...မင်းတို့ဓားသမားလေးတွေ '

ငါDukeကို အပြုံးနဲ့ပြန်ကြည့်လိုက်တယ် အဲ့တာကမျက်နှာတော့မပေါ်ဘူးပေါ့၊

'' ကျမက​ေငေ့်ကြည့်ခံကာလမှာ ''

'' အင်း...သူကအချိန်အကြာကြီး တာဝန်ဆိုတဲ့စကားလုံးကြီးကိုသုံးနေတော့တာဘဲ ''

Dukeကငါ့ရဲ့အဖြေကို သဘောမကျတာနဲ့သူ့ရဲ့လျှာကိုအလုပ်ပေးလိုက်တော့တယ်၊

'' ငါကတော့ ကျွန်တစ်ယောက်အတွက်ကြောင့် စောင့်ကြည့်ခံကာလနဲ့ ရသင့်တာတွေဆုံးရှုံးခံတာကို မမြင်ဖူးသေးဘူး ''

Rennald ကထေ့ငေါ့လာခဲ့တယ်၊ တကယ်လို့ဒီမှာတစ်ခုခုဖြစ်နေရင်တောင် ဘယ်သူမှတုန့်ပြန်မှာမဟုတ်ဘူး၊ငါလည်းသူပါးစပ်ပိတ်သွားဖို့ မမျှော်လင့်တာကြောင့် ဂရုမစိုက်နေဘဲ ငါ့ကိုယ်ငါဘဲဂပ်တန့်လိုက်တယ်၊

'' ဒီနေ့နေ့လည်စာအတူစားဖို့ခေါ်လိုက်ရတဲ့ တခြားအကြောင်းပြချက်တစ်ခုရှိသေးတယ် ''

အဲ့အချိန်မှာဘဲ Dukeကငါ့ကိုခေါ်လိုက်ရတဲ့တကယ့်ရည်ရွယ်ချက်ကိုပြောလာခဲ့တယ်၊

'' လာမဲ့အမဲလိုက်ပြိုင်ပွဲကြောင့်ဘဲ  ''

' အမဲလိုက်ပြိုင်ပွဲ '

ငါဂိမ်းရဲ့ပြိုင်ပွဲအကြောင်းကို တွေးနေမိတယ်၊အဲ့လိုအရာတွေက ငါ့ဆီရုတ်တရက်ပေါ်ပေါ်လာတာ တစ်ခါနှစ်ခါမဟုတ်တော့ဘူး၊

'' အဲ့တာက နန်းတော်ရဲ့မြောက်ဘက်တောအုပ်မှာကျင်းပမှာ ''

အဲ့နောက် Duke ကဇွန်းခက်ရင်းတွေကို အသာလေးချလိုက်ပြီး စကားကိုဆက်ပြောလိုက်တယ်၊

'' မင်းတို့သိတဲ့အတိုင်း အမဲလိုက်ပြိုင်ပွဲကအရေးကြီးတယ်၊အိမ်ရှေ့စံမင်းသားက နိုင်ငံတစ်ခုစီကရှားပါးတဲ့သားကောင်တွေကို လွှတ်ထားဖို့ဆုံးဖြတ်ထားတယ်၊စစ်ပွဲကြောင့်ဖိနှိပ်ခံရတဲ့ တော်ဝင်မျိုးနွယ်တွေနဲ့ မင်းမျိုးမင်းနွယ်တွေလည်း ပါတယ် ''

'' ... ''

" အိမ်ရှေ့စံကိုထောက်ခံတဲ့လူတွေက တချို့လူတွေရဲ့မျက်လုံးတွေက ဒီမသင့်လျော်တဲ့ပွဲမှာပါဝင်ကြမှာမဟုတ်ဘူး၊ဒီလိုအချိန်မျိုးက ငါတို့ဂုဏ်သတင်းကိုခိုင်မာအောင်လုပ်ဖို့အကောင်းဆုံးဘဲ "

'' အဲ့တာကြောက့် မနေ့ကမူးမတ်တွေရဲ့အစည်းအဝေးမှာ Eckart ကလညိးစိတ်ဝင်စားမှုကိုဖော်ပြတဲ့အနေနဲ့ အမဲလိုက်ပွဲကိုတက်ရောက်မယ် ''

သူတို့ပြောနေတာတွေက ဘယ်လိုပဲဖြစ်ဖြစ်ငါနဲ့သက်ဆိုင်နေတာမဟုတ်ဘူး၊ဒါပေမဲ့ Dukeပြောတာကိုတစ်ဝက်လောက်နားထောင်လို့အပြီးမှာတော့ ငါဂိမ်းထဲက 'အမဲလိုက်ပွဲ' ကိုရုတ်တရက်မှတ်မိသွားခဲ့တယ်၊

[ Inca အင်ပါယာက အမဲလိုက်ပွဲကိုအမြဲတမ်း နောက်ဆုံးသုံးလမြောက်မှာကျင်းပတယ်၊ရှားပါးသတ္တဝါတွေ ဒါမှမဟုတ် စစ်ရှုံးနိုင်ငံကကျွန်တွေကို သွယ်ဝိုက်တဲ့နည်းနဲ့ဖိအားပေး ပြစ်ဒဏ်ချဖို့ဖြစ်တယ်  ]

Normal mood ကစားတုန်းက ဒီဟာကိုနောက်ခံအတိုချုပ်အနေနဲ့ရှင်းပြသွားတာကိုဘဲတွေ့ဖူးတာ

ဘယ်လိုပဲဖြစ်ဖြစ် ဇာတ်လိုက်မကအဲ့အချိန်မှာ အမဲလိုက်ပွဲကိုမတက်နိုင်သေးဘူး အဲ့တာကဘာလို့ဆို ဇာတ်လိုက်တွေရဲ့အာရုံစိုက်မှုကိုရနေတဲ့ အိမ်ပြန်လာတဲ့ မင်းသမီးအစစ်ကို Penelope ကအဆိပ်တွေခိုးကျွေးထားလို့ပါပဲ၊

အမဲလိုက်ပွဲကိုမသွားနိုင်တဲ့ ဇာတ်လိုက်မက လျှောက်သွားနေမဲ့အစ အိမ်တော်မှာကျန်ခဲ့တဲ့ Ecliseရဲ့ Interestတွေကိုတိုးစေခဲ့တယ်၊ Penelpoe ရဲ့နောက်ဆုံးမျှော်လင့်ချက်က အဲ့လိုဖြစ်ခဲ့တယ်၊

အဲ့ဒီ့နောက်မှာတော့ အမဲလိုက်ပွဲပျောက်ကွယ်သွားတာကြောင့် အိမ်ရှေ့စံကိုအယုံသွင်းထားတဲ့
အင်ပါယာရဲ့နတ်ဆိုးအလုပ်တွေကို မိန်းမပျိုလေးတစ်ယောက်ကတော့မမြင်ခဲ့ရဘူး၊

ပြီးတော့ အိမ်ရှေ့စံရဲ့ အကြောင်းအရာနောက်ဆုံးမှာတော့ ဇာတ်လိုက်မက သူမအပေါ်ကျူးလွန်ခဲ့တဲ့ ယုတ်မာမှုတွေကိုဖွင့်ဟခဲ့တာကြောင့် Penelope ကတကယ့်ကိုညှဥ်းပန်းခံရတော့တယ်၊
အဲ့တာကနှလုံးသားကိုရှင်လျက် အေးခဲနေအောင်
ညှဥ်းပန်းနှိပ်စက်တာမျိုးဖြစ်တာကြောင့် အဲ့တာကမသေစေဘူး ပြီးတော့ဇာတ်လိုက်မကိုကျွေးခဲ့တဲ့အဆိပ်ကိုလည်း တစ်ခါတစ်ခါသောက်စေပြန်တယ်
Penelope ရဲ့မျက်နှာက အဆိပ်ကြောင့်ရက်ရက်စက်စက် ပျက်ဆီးခဲ့ရတယ်၊

အား...

ကွက်ကွက်ကွင်းကွင်းပေါ်လာတဲ့ အခန်းဆက်တွေရဲ့မြင်ကွင်းတွေကြောင့် အလိုလျောက်တုန်တက်လာခဲ့တယ်၊အဲ့အချိန်မှာဘဲ... မူးမတ်တွေရဲ့အစည်းဝေးပွဲကြောင်းပြောနေတဲ့ Dukeကရုတ်တရက်ငါ့ဘက်ကိုလှည့်လာခဲ့တယ်၊

'' Penelope...  ''

'' ဟုတ်...ဟုတ်ကဲ့... ''

ငါသူပြောနေတာတွေကိုအကုန်နားထောင်နေတာမဟုတ်ဘူး ဒါပေမဲ့ငါကကြောင်တောင်တောင်ဖြစ်သွားပြီး အရူးတစ်ယောက်လိုဖွင့်ဟမိလိုက်တယ်၊ကံကောင်းတာက Duke ကအဲ့တာကိုပေါ့ပေါ့ပါးပါးဘဲထားလိုက်တယ်၊

'' အစည်းအဝေးမှာ ပါဝင်ဖိူ့ပိတ်ပင်ထားတဲ့အမျိုးသမီးစာရင်းကို မြှင့်တင်ဖို့ မဲပေးခဲ့ကြတယ် ''

'' ပါဝင်တယ်... ပိတ်ပင်ထားတယ် ''

'' ဟုတ်တယ်အဲ့တာကိုမင်းဘယ်လိုစဥ်းစားထားလဲ''

ငါDukeရဲ့မေးခွန်းကိုချက်ချင်းပြန်မဖြေနိုင်ခဲ့ဘူး၊

' ဘာကိုစဥ်းစားရမှာလဲ '

အရင်အမဲလိုက်ပွဲမှာတုန်းက Penelopeကဘယ်လိုတွေအကြမ်းဖက်ခဲ့လဲဆိုတာကိုငါမသိဘူး၊
မလွယ်ကူသလိုခံစားနေရတယ်၊

ငါတွန့်ဆုတ်နေတာကြောင့် Dukeက ငါဝင်ပါမပါကိုထပ်ပြီးမေးလာခဲ့တယ်၊

'' တကယ်လို့မင်းပါမယ်ဆိုရင် ငါသူတို့ကိုမင်းရဲ့
အမဲလိုက်ဖို့ပစ္စည်းတွေကိုပြင်ဆင်ဖို့ပြောလိုက်တော့မယ် ''

'' အဖေ... ''

အဲ့အချိန်မှာဘဲ ပန်းရောင်ခေါင်းက ဘုန်းခနဲစားပွဲကိုအကြမ်းပတမ်းထုလိုက်ပြီး အကျယ်ကြီးထအော်လာခဲ့တယ်၊

'' အဲ့ရူးနေတဲ့မိန်းမ...မဟုတ်ဘူး အဲ့ကောင်မလေးက အရင်နှစ်တုန်းကတစ်ခုခုလုပ်ခဲ့တယ် ပြီးတော့သူမအဲ့တာကိုထပ်ပြီးလုပ်ဦးမှာ ''

'' Rennald... ''

Dukeကသူ့ရဲ့ဒုတိယသားကိုခေါ်လိုက်တယ်၊

'' မင်းမျိုးနွယ်တွေရဲ့ သမီးတွေကငါ့ဆီလာပြီး ပါဝင်ဖို့ပိတ်ပင်တဲ့အထဲသူတို့ကိုထည့်ပေးဖို့ အမဲလိုက်ပွဲတိုင်းအကျဥ်းထောင်ထဲထည့်ပေးဖို့တွေပြောပြီးတောင်းပန်ခဲ့ကြတယ် ''

Duke က Rennaldကိုအပြစ်ပြောပြီးဆုံးမနေပေမဲ့လည်း သူကငါ့ကိုဆက်တိုက်စိုက်ကြည့်နေခဲ့ပြီး သွားတွေကိုကြိတ်ပြီးဒေါသထွက်ပြနေခဲ့တယ်
ပထမဆုံးအနေနဲ့ ဒီအခြေနေကိုနားလည်ဖို့လိုအပ်တယ်၊ငါ Penelopeလုပ်နေကြအတိုင်း ထုံအအပုံစံလုပ်ဖို့ဆုံးဖြတ်လိုက်တယ်၊

'' ကျမဘာလုပ်ရမလဲဟင် ''

'' မင်းမသိလို့မေးနေတာလား ''

' ငါသိမှတော့ မေးနေတော့မလား '

ဒါကတော့ ကြောင်တောင်တောင်တွေဖြေနေတဲ့ Rennaldကိုပြောလိုက်ချင်းတဲ့စကားလုံးတွေပါပဲ၊ဒါပေမဲ့အဲ့တာတွေကို ထိန်းသိမ်းထားလိုက်တယ်၊ငါ
သူ့ကိုစိတ်ပျက်နေတယ်ဆိုရင်တောင်၊ငါဇာတ်လမ်းတစ်ခုလုံးကိုသိဖို့လိုအပ်တယ်၊ဒါပေမဲ့ ငါလိုချင်တဲ့အဖြေကမမျှော်လင့်ထားတဲ့လူဆီကနေထွက်လာခဲ့တယ်၊

'' ငါတို့တကယ်ခွင့်ပြုချက်မရရင်တောင် ဒူးလေးလုပ်ဖို့မင်းမေးထားရမယ် ''

အဲ့တာကRennald နဲ့ယှဥ်ရင်ပိုပြီးအေးဆေးတဲ့အသံဖြစ်ပြီး အဲ့ဒါကငါ့ကိုလှည့်ကြည့်အောင်လုပ်ခဲ့တယ်
ပထမသခင်လေးက သူ့ရဲ့အပြာရောင်မျက်လုံးတွေနဲ့ငါ့ကိုကြည့်နေခဲ့ပြီး ညှင်ညှင်သာသာနဲ့တိုးတိုးပြောလာခဲ့တယ်၊

'' အဲ့နေ့ကတည်းက မင်းစိတိကနေမင်းကပိတ်ပင်ခံထားရပြီးသားဖြစ်နေပြီးပြီ အဲ့တာကအန္တရာယ်များတယ်ဆိုတာတောင် မင်းကဒူးလေးကိုမင်းနဲ့အတူဆောင်သွားခဲ့ပြီး သားရဲတစ်ကောင်လိုပြေးလွှားနေရင်း  Lady Kellin နဲ့သူမရဲ့ငှက်ကို လက်ဖက်ရည်ပွဲမှာ ပစ်သတ်ဖို့ကြိုးစားခဲ့လို့ အစောင့်တွေပူထူသွားခဲ့ရတယ် ''

'' အဲ့တာကြောင့် ခဏလောက်သတင်းထွက်သွားသေးတယ် တစ်ယောက်ယောက်က ဒူးလေးကိုင်နည်းကို Eckartထဲက ချင်ပန်စီမျောက်တစ်ကောင်ကိုသင်ပေးလိုက်တယ်ဆိုပြီး ''

Derrickပြောလို့ပြီးသွားတော့ Rennaldကအေးစက်စေက်မှတ်ချက်တစ်ခုကိုထေ့ငေါ့ပြီးထပ်ပေါင်းပြောလာခဲ့တယ်၊

' ဘယ်လိုတောင်...ငါ့ဂုဏ်သတင်းပျက်ဆီးနေတာအံသြစရာမရှိတော့ပါဘူး '

ငါဘာမှပြန်မဖြေနိုင်ခဲ့ဘူး ဘာလို့ဆို အကြမိးဖက်တာမှန်းသိသိသာသာကြီးကို ငါဘယ်လိုရှင်းပြနိုင်မှာလဲ ၊ဒါပေမဲ့ အဲ့တာကတော်တော်လေးမဆိုးတာကြောင့် Penelopeရဲ့အတိတ်ကစွန့်စားခန်းတွေကနေငါ အကြောင်းအရာတွေမျှော်လင့်ထားတယ်၊

' အင်းလေ သူမကဂိမ်းထဲကအဆိုးရွားဆုံးဗီလိန်ဘဲကို ဒီလောက်တော့လုပ်ထားပြီးပြီပေါ့ '

Penelopeရဲ့အတိတ်စွန့်စားခန်းတွေကနေ အမှန်တရားကိုသင်ယူဖို့ မကောင်းဘူး ဒါပေမဲ့ဒီဂယက်ကိုတော့ တနည်းနည်းနဲ့ထိန်းသိမ်းနိုင်မယ်လို့ငါယုံကြည်တယ်၊

'' တေယ်ကြတော့...သူမရဲ့လုပ်ရက်တွေအတွက် သူမလုံလောက်တဲ့နောင်တရပြီးပြီလို့ ငါယုံတယ် ''

ငြိမ်ငြိမ်လေးစဥ်းစားနေတုန်း Dukeကသူ့သားနှစ်ယောက်ငြ်းခုံနေတာကို တားလိုက်ပြီး သူတို့လည်းချက်ချင်းငြိမ်ကျသွားတော့တယ်၊အဲ့တာကအချိန်ကောင်းတော့မဟုတ်ပေမဲ့ ငါကသူတို့ရဲ့အပြစ်ပြောပြီးအဆူခံရပြီးပြီ၊

သားနှစ်ယောက်လုံးငြိမ်ကျသွားတာနဲ့ Dukeကငါ့ကိုကြည့်လိုက်ပြီး လေးနက်တဲ့အကြည့်နဲ့သတိပေးလာခဲ့တယ်၊

'' Penelope... Eckartဖြစ်တာက တာဝန်အရမ်းကြီးတယ်ဆိုတာကိုမှတ်မိနေရမယ် ''

'' ဟုတ်ကဲ့ ဒီတစ်ခါအ​ေဖ့ကိုစိတ်မပျက်စေရပါဘူး ''

ငါချက်ချင်းပြန်ဖြေလိုက်တယ်၊
ငါစားပွဲတစ်ဖက်ကအံကြိတ်သံကိုတော့ ကြားလိုက်ရတယ်၊

'' ဟုတ်ပြီ၊ပြောချင်တာ ဒါအကုန်ဘဲ ''

ပြောပြီးသွားတဲ့အခါ Duke ကစားပွဲပေါ်ကခေါင်းလောင်းလေးကို ဖြည်းဖြည်းးလေးတီးလိုက်တယ်၊အဲ့နောက် ထမင်းစားခန်းရဲ့တံခါးကပွင့်လာခဲ့ပြီးအစေခံတွေက လှည်းတွေကိုယူလာခဲ့ကြတယ်၊အဲ့တာက အချိုပွဲဘဲ...

' ငါစားတောင်မစားရသေးဘူး ဘာကိုအချိုပွဲလဲ '

မှောင်မိုက်နေတဲ့မျက်လုံးတွေနဲ့ မတူညီတဲ့အချိုပွဲတွေချပေးနေတဲ့အစေခံကိုကြည့်လိုက်တယ်၊
Donnaလို့ခေါ်တဲ့ သက်လတ်ပိုင်းအမျိုးသမီးက Dukeရဲ့စားဖိုဆောင်မှာ အတော်လေးကြာနေတဲ့သူဖြစ်တာကြောင့် သူတို့ကြိုက်တဲ့အစားစာကိုသိနှင့်နေပြီးဖြစ်တယ်၊

Duke နဲ့Derrickရှေ့မှာ ဘလက်ခ်ကော်ဖီတစ်ခွက်ကို တည်ခင်းပေးခဲ့ပြီး Rennald ရဲ့ရှေ့မှာတော့ လက်လုပ်ကွက်ကီးတချို့ရှိနေခဲ့တယ်၊နောက်တစ်ယောက်ကငါပဲ...ငါကဘာဖြစ်ဖြစ်ရတယ် အချိုပွဲတွေဆိုအကုန်ကြိုက်တာမလို့...

' ဒါကဘာလဲ '

အဲ့လိုဆိုပေမဲ့လည်း ငါ့မှာရွေးချယ်စရမရှိဘဲ ငါ့ရှေ့မှာချထားတဲ့ပန်းကန်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိတယ်၊

အဲ့တာကအဖြူရောင်နို့ပူတင်းတစ်ခုဘဲ...

THE END.😢

---------------------------------------

Zawgyi.


' စိတ်ဝင်စားစရာဘဲ '












'' ဟုတ် ''





'' က်မကေငေ့်ကြည့်ခံကာလမှာ ''








' အမဲလိုက်ပြိုင်ပွဲ '





'' ... ''










အား...


'' Penelope... ''

'' ဟုတ်...ဟုတ်ကဲ့... ''


'' အစည်းအဝေးမှာ ပါဝင်ဖို့ပိတ်ပင်ထားတဲ့အမျိုးသမီးစာရင်းကို မြှင့်တင်ဖို့ မဲပေးခဲ့ကြတယ် ''




' ဘာကိုစဉ်းစားရမှာလဲ '




'' အဖေ... ''



'' Rennald... ''




'' ကျမဘာလုပ်ရမလဲဟင် ''

















'' ဟုတ်ကဲ့ ဒီတစ်ခါအဖေ့ကိုစိတျမပကျြစရေပါဘူး ''







' ဒါကဘာလဲ '



THE END.😢

Continue Reading

You'll Also Like

89.9K 15.5K 29
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.1M 34.5K 51
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
850K 80.3K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
219K 8.2K 37
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...