ချယ်ရီတွေကြွေပြီ....အရှင်(ခ်ယ...
By Zeon-the-night
52.1K 5.9K 252
အချိန်တွေသာပြောင်းလဲနေလိမ့်မယ် နှလုံးသားကိုတော့ဂျိုဆွန်းမြို့ပြင်ကအိမ်တော်လေးထဲမှာပဲမြှပ်နှံထားဦးမယ် ချစ်တဲ့... More
intro(U+Z)
Chapter 1(U+Z)
Chapter 2(U+Z)
Chapter 3(U+Z)
Chapter 4(U+Z)
Chapter 5(U+Z)
Chapter 6(U+Z)
Chapter 7(U+Z)
Chapter 8(U+Z)
Chapter 9(U+Z)
Chapter 10(U+Z)
Chapter 11(U+Z)
Chapter 12(U+Z)
Chapter 13(U+Z)
Chapter 14(U+Z)
Chapter 15(U+Z)
Please...
Chapter 16(U+Z)
Chapter 17(U+Z)
Chapter 19(U+Z)
Chapter 20(U+Z)
Chapter 21(U+Z)
Chapter 22(U+Z)
Chapter 23(U+Z)
Jisoo
Chapter 24(U+Z)
Chae young
Chapter 25(U+Z)
😭
Chapter 26(U+Z)
Chapter 27(U+Z)
Chapter 28(U+Z)
Chapter 29(U+Z)
Chapter 30(U+Z)
Chapter 31(U+Z)
Chapter 32(U+Z)
Chapter 33(U+Z)
Lisa
Chapter 34(U+Z)
Chapter 35(U+Z)
Chapter 36(U+Z)
Chapter 37(U+Z)
Chapter 38(U+Z)
Jennie
may be the end but....
Meet Again In 21cen:1
🧡
Meet Again In 21cen:2
Meet Again In 21cen:3
Meet Again In 21cen:4
Meet Again In 21cen:5
Meet Again In 21cen:6
The Latest Chapter
ကျေးဇူးတင်လွှာ...
Promotion
ဒါလေးဖတ်ပေးကြပါ
Chapter 18(U+Z)
782 108 1
By Zeon-the-night
Unicode
"နှမတော်ကိုအရှေ့အလယ်ပိုင်းဒေသကမင်းသားကလက်ထပ်ခွင့်တောင်းလာလို့.."
မင်းကြီးရဲ့စကားကိုကြားမိချင်းမှာပင်ရံရွှေတော်တွေရဲ့အနားမှာရပ်နေပါသောJisooရဲ့ခေါင်းလေးဆက်ခနဲမော့သွားရသည်။ရင်ထဲမှာလည်းတလှပ်လှပ်...ငိုချင်လာသည်..
ကျောင်းကသမိုင်းဘာသာတွေမှာသင်ထားသလိုဆိုChae youngမင်းသမီးကနှစ်နိုင်ငံချစ်ကြည်ရေးအတွက်ငြင်းဆိုခွင့်မရှိဘဲထိုမင်းသားနဲ့လတ်ဆက်ရလိမ့်မည်။ဒါဆိုသူမကရော...သူမကို..Chae youngမင်းသမီးကထားခဲ့တော့မှာလား...
မျက်ဝန်းထက်မှရစ်သိုင်းလာသောမျက်ရည်များကိုတစ်ခြားသူများမမြင်စေရန်ခေါင်းကိုငုံ့ထားမိသည်။စိတ်လှုပ်ရှားမှုကြောင့်သူမရဲ့လက်တွေဟာအပေါ်ဖုံးအကျီ််စလေးကိုလုံးချေနေလျှက်..
(A/Nကိုရီးယားဟန်းဘွတ်တွေမှာဆို..ရင်ခံပြီးရင်လက်ရှည်အဖြူလေးတစ်ထပ်အဲ့အပေါ်ကမှလေအရောင်လေးတွေနဲ့အပေါ်ဖုံးလေ..အာ့တာကိုပြောတာပါ...မျက်လုံးထဲမပေါ်မှာဆိုးလို့)
သူမရဲ့မျက်ဝန်းထောင့်ကနေChae youngမင်းသမီးရဲ့တုံ့ပြန်မှုကိုသိလိုစွာငေးနေမိသည်။မျက်ရည်တွေစိုနေသောကြောင့်မြင်ကွင်းသည်မကြည်လင်..လက်ဖမိုးကိုသုံး၍သူမမျက်လုံးများကိုမသိမသာဖွဖွလေးပွတ်လိုက်မိသည်..
Chae youngမင်းသမီးမှာအေးဆေးစွာပင်ပြုမူနေသည်။သူမအရှေ့မှာချထားသောသစ်ရွက်စိမ်းလက်ဖတ်ရည်ကိုတစ်ငုံသောက်ကာအဆောင်တော်နံဘေးမှကန်ရေပြင်ကိုငေးကြည့်နေသည်...
Chae youngမင်းသမီးကအေးစက်နေလိုက်တာ...တကယ်ပဲထိုမင်းသားနဲ့လက်ဆက်တော့မလို့လား...သူမကအရှင်မင်းသမီးကို..ချစ်တယ်လို့တောင်မပြောရ​သေးဘူးလေ...တကယ်ပဲသူမကိုမရွေးချယ်တော့ဘူးလား..
"နှမတော်ဘယ်လိုသဘောရသလဲ..."
မင်းကြီးရဲ့စကားဆက်သံကိုသူမကြားလိုက်ရသည်။
Chae youngမင်းသမီးကကန်ရေပြင်ကိုငေးကြည့်နေရာမှမင်းကြီးကိုကြည့်ကာ...
"လက်မခံလဲ..ဘာမှမဖြစ်နိုင်ဘူးမလား..အကိုတော်.."
"ဘာမှမဖြစ်ပေမဲ့...ညီမတော်ကိုပထမဆုံးလက်ဆက်ခွင့်တောင်းလာသူမဟုတ်လား..မစဥ်းစားကြည့်တော့ဘူးလားကွယ်...
အကိုတော်ရဲ့စကားကြောင့်သူမပြုံးမိလိုက်သည်။မှန်ပါသည်...သူမကြောင့်ဂျိုဆွန်းပြည်မိုးခေါင်သည်...ဆိုသောသတင်းကအတိုင်းတိုင်းအပြည်ပြည်ကိုပျံနှံနေခဲ့တာလေ...အဲ့ဒါကြောင့်ပဲ..သူမရဲ့ပညာနဲ့အလှဂုဏ်ကဘယ်လောက်ကျော်ဇောနေပါစေ...သူတို့တိုင်းပြည်မိုးခေါင်ခြင်းဘေးတွေ့မှာစိုး၍ဘယ်မင်းသား..ဘယ်ဘုရင်ကမှသူမကိုလတ်ဆက်ခွင့်မတောင်းလာခဲ့ပေ..
ဒီအရှေ့အလယ်ပိုင်းဒေသမှာမိုးများကြီးနေလို့ဒီမင်းသားကသူမကိုလက်ထပ်ချင်တာလားဟူ၍ပင်ပြောင်ချော်ချော်အတွေးလေးတွေးလိုက်မိသည်..
"စဥ်းစားမနေတော့ဘူးအကိုတော်...ညီမတော်အချစ်မပါတဲ့အိမ်​ထောင်ရေးကိုအာဏာတစ်ခုတည်းအတွက်နဲ့မတည်ထောင်ချင်ဘူး...အကိုတော်လည်းနားလည်မှပါ.."
အကိုတော်ကသူမစကားကိုနားလည်ဟန်ခေါင်းငြိမ့်ပြလာသည်...
"ဒါဆိုနှမတော်ကချစ်နေတဲ့သူရောတွေ့နေပြီလား.."
အကိုတော်ရဲ့အမေးကြောင့်သူမရဲ့ယုန်ဖြူလေးဘက်သို့လှည့်ုကြည့်လိုက်မိသည်။သူမရဲ့မျက်ဝန်းတွေနဲ့ဆုံတော့ယုန်ဖြူလေးကရှက်ရွံဟန်ခေါင်းလေးငုံ့ကျသွားသည်..
"တွေ့နေပြီအကိုတော်.."
"ဟက်...နှမတော်သဘောကျနေတဲ့သူဆိုတော့ဘယ်လိုလူမျိုးလဲသိခွင့်ရမလား.."
"သိပ်လှတယ်....ယုန်လေးတစ်ကောင်လိုဖြူစင်တယ်..တစ်ခြားသူကိုပြုစားနိုင်လောက်တဲ့နွေးထွေးတဲ့နှလုံးသားလေးကသူ့အလှရဲ့သကေင်္တပဲ.."
"အလို...ဘယ်လိုအမျိုးသားကများဒီလောက်တောင်တင်စားရတဲ့ထိလှနေပါလိမ့်.."
"အမျိုးသားမဟုတ်ဘူးအကိုတော်.."
သူမထိုစကားကိုမည်သူမျှမကြားအောင်အသံကိုနှိမ့်၍ပြောလိုက်သည်။အကိုတော်ကသူမငိုကြည့်ရင်းတစ်ခုခုကိုတွေးမိသွားဟန်..အကိုတော့်မျက်လုံးများအရောင်ပြောင်းသွားသည်ကိုသူမသတိထားမိလိုက်သည်...
"နှမတော်..ပျော်တယ်..အကို...ပျော်နေရတာမို့နားလည်လက်ခံပေးပါ..."
အကိုတော်သည်သူမရဲ့စကားကိုလေးလေးနက်နက်တွေးနေဟန်တူသည်။ပြီးနောက်သက်ပြင်းခပ်ဖွဖွတစ်ချက်ချလိုက်မိသည်...
"Lisaတို့တိုင်းပြည်ကိုစစ်ချီပြီးသိမ်းတုန်းကအဲ့ဒီမှာအမျိုးသားနှစ်ဦးမေတ္တာမျှနေကြတာကိုအကိုတော်တွေ့ခဲ့တယ်...သူတို့ကမြို့ထဲကစျေးမှာလက်ချင်းတဲွဲပြီးအတူတူလမ်းလျှောက်နေကြတာလေ..အဲ့တုန်းကအကိုတော်ကတိုင်းပြည်ရဲ့အခြေနေကိုရုပ်ဖျက်ပြီးသွားတာဆိုတော့သူတို့ကိုမြင်တော့သိပ်ကိုအံသြနေမိတယ်...ပြီးတော့အနီးကစျေးသည်တစ်ဦးကိုမေးကြည့်တယ်...စးတို့ကဘာတွေလဲလို့...အဲ့စျေးသည်ကပြန်ဖြေတယ်...အချစ်တော်တဲ့လေ...သူကဘာမှမထူးဆန်းသလိုဖြေနေခဲ့တော့..အကိုတော်တွေးမိသွားတယ်..ဒါကပုံမှန်ပဲလို​့...ဒါပေမဲ့အကိုတော့်ရဲ့မျိုးရိုးမှာတော့ဒါမျိုးဖြစ်လာလိမ့်မယ်လို့မထင်မိခဲ့ဘူး..."
"ခုဖြစ်လာခဲ့ပြီဆိုတော့ဘယ်လိုသဘောရသလဲအကိုတော်..."
သူမစကားကိုဖြတ်ပြောလိုက်သည်။အကိုတော်သည်သက်ပြင်းကိုထပ်တလဲလဲချကာ...
"နှမတော်သဘောပါပဲကွယ်...ဒါဆိုအကိုတော်ပြန်ချေဦးမယ်..တစ်ဖက်ကမင်းသားကိုလက်မခံနိုင်ကြောင်းသဝန်လွှာပြန်ချေဦးမယ်.."
"ကောင်းပါပြီအကိုတော်.."
အကိုတော်ပြန်ကြွသွားသည်နှင့်သူမသည်လည်းသူမရဲ့ယုန်ဖြူလေးအနားသို့တိုးကပ်သွားလိုက်သည်။
"အို..ယုန်လေးတစ်ကောင်တော့ငိုထားပါလား.."
သူမအပြောကိုJisooသည်သူမမဟုတ်ဟန်..
"ဟုတ်လားဘယ်သူလဲမသိဘူးနော်.."
မသိချင်ဟန်ဆောင်ကာဟိုကြည့်ဒီကြည့်လုပ်နေပါသောJisooလေးကိုကြည့်ရင်းသူမသဘောတကျပြုံးကာထိုယုန်ဖြူလေးရဲ့ခေါင်းကိုခပ်ဖွဖွလေးပွတ်သပ်ပေးလိုက်မိပါသည်...
နှလုံးသားမှာစိုက်ထားတဲ့...
Jisooဆိုတဲ့ဆူးငယ်လေးကို....
ဘယ်အရာကမှနှုတ်ယူနိုင်ခြင်းမရှိပါဘူးကွယ်..
........................... ................................... ..........................
Zawgyi
"တွေ့နေပြီအကိုတော်.."
"ကောင်းပါပြီအကိုတော်.."
........................... ................................... ..........................
Continue Reading
You'll Also Like
62.8K 3.3K 20
Third fic...... SaTzu♥♥♥
1.3M 53K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
1.1M 19.3K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
38.6K 2.9K 26
Jennie - လူတစ်ယောက်ကအမြဲတမ်း ဆိုးသွမ်းနေမယ်ဆိုတာမဖြစ်နိုင် ဘူးလေမဟုတ်ဘူးလား Chaeyoung - Ruby ကို ကိုယ်အမြဲချစ်နေမယ်ဆိုတာ ကတော့ ဖြစ်နိုင်ပါတယ် Jennie...