တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Co...

By zuriiiiii8

179K 28.9K 808

-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်န... More

Synopsis
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း (၂၁)(၁)
အခန်း(၂၁)(၂)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)(၁)
အခန်း(၃၉)(၂)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း (၆၉)
အခန်း(၇၀)
အခန်း (၇၁)
အခန်း(၇၂)
အခန်း (၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)(၁)
အခန်း(၇၇)(၂)
အခန်း(၇၈)
အခန်း(၇၉)(၁)
အခန်း(၇၉)(၂)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂) (ဇာတ်သိမ်း)
from author
farewell

အခန်း(၂၈)

2K 348 6
By zuriiiiii8

     <ချောင်းမြောင်းအလစ်ဖမ်းခံရခြင်း>

တစ်ခဏအတွင်း ဝမ်ရွှမ် နိုးနိုးကြားကြားဖြစ်
သွားရသည်။ လမ်းကြောင်းအားလုံးကိုကြည့်
မိရာ သူ့မျက်စိရှေ့မှအရာအားလုံးသည် ခင်း
ကျင်းထားသော အစီအရင်တစ်ခုဖြင့် ရှင်းရှ
င်းလင်းလင်း လှည့်ပြောင်းခံထားရပြီးဖြစ်သ
ည်။သစ်ပင်အားလုံးသည် တောင့်တင်းနေသောပုံစံတူများဖြစ်ကာ လမ်းဘေးနှစ်ဖက်တွ
င်ပိတ်ဆို့လျက် မြင်ကွင်းအစစ်အမှန်ကို ကွယ်
ဝှက်ထားသည်။

သူတို့နှစ်ဦးစလုံး မှော်အစီအရင်ထဲသို့ရောက်
နေသည်မှာ သေချာသလောက်ရှိလေပြီ။အရ
ည်အသွေးအရ ဤအစီအရင်ကို ခင်းကျင်း
ထားသူသည် ကျွမ်းကျင်အဆင့်မဟုတ်ဘဲ
လက်သင်အဆင့်လောက်သာ ဖြစ်ပုံရသည်။

သို့သော် ဝမ်ရွှမ်က အခြေခံတည်ထောင်ခြင်း
အဆင့်သို့ ပြန်ကျခဲ့ပြီး ကျန်းရီသည်လည်း ချီ
သန့်စင်ခြင်းအဆင့်တွင်သာ ရှိနေခြင်းကြောင့်
အခြေခံအဆင့် မှော်အစီအရင်ဖြစ်နေလျှင်
တောင် သူတို့နှစ်ဦးစလုံး ကိုင်တွယ်ဖြေရှင်းရ
န်လုံလောက်ပေသည်။

ဒါဘယ်သူလဲ?တမင်တကာအလစ်ဝင်ဖမ်း
တာလား မတော်တဆတိုက်ဆိုင်သွားတာလား?ငါတို့ကိုဖမ်းဖို့ထောင်ချောက်ဆင်ထား
တာ ဒါမှမဟုတ် လုယက်ပြီးသတ်ဖြတ်ယ့်
ရည်ရွယ်ချက်ပါရှိနေတာများလား?

ဝမ်ရွှမ်သတိကြီးစွာနောက်ဆုတ်ပြီး ပုံတူပွား
ထားသောကန္တာရနောက်ကွယ်မှ အစီအရင်
၏မူလဇစ်မြစ်နှင့် မည်သို့ချိုးဖျက်ရမည်ကို
ကြိုးပမ်းရှာဖွေလိုက်၏။

ဤအခိုက်အတန့်တွင် ဝမ်ရွှမ့်အစွမ်းအစကို
အလွန်အကျွံလှောင်ပြောင်နေသကဲ့သို့ ငြိမ့်
ညောင်းသော်လည်း အေးစက်မှုများရောစွက်
နေသည့်အမျိုးသမီးတစ်ဦး၏ရယ်သံကသစ်
ပင်များနောက်ကွယ်မှ ပေါ်ထွက်လာခဲ့သည်။
ဤရယ်သံကို အနည်းငယ်ရင်းနှီးနေသည့်အ
တွက် အသံပိုင်ရှင်မှာ ဝမ်ရွှမ်နှင့်ယခင်ကဆုံခဲ့
ဖူးသူသာဖြစ်လိမ့်မည်။

သို့သော် ဝမ်ရွှမ်သည် အသံပိုင်ရှင်ကိုစဥ်းစား
ရန်အတွက် သူ့မှတိဥာဏ်ကို နှိုက်နှိုက်ချွတ်
ချွတ်မွှေနှောက်ရန် အချိန်မရှိတော့ပေ။ပုံရိပ်
ယောင်က ရုတ်တရက်တုန်လှုပ်လာပြီးမြှားအ
စင်းပေါင်းမြောက်မြားစွာပေါ်ထွက်လာခဲ့သ
ည်။

အလွန်များပြားပြီးသိပ်သည်းကာ ကောင်းက
င်ယံကိုပင် ဖုံးကွယ်လျက် ကျယ်လောင်သော
လေချွန်သံနှင့်အတူ ဝမ်ရွှမ်နှင့်ကျန်းရီထံ ဦး
တည်ပစ်ခတ်လာကြသည်။

"ဆရာတူညီလေး သတိထား!"

ဝမ်ရွှမ့်အသွင်အပြင်ကရုတ်တရက်ပြောင်းလဲ
သွားခဲ့သည်။ခပ်မြန်မြန်နောက်ပြန်ဆုတ်ချိန်
တွင် သူ့ရှေ့၌ပိတ်ဆို့ထားရန် ဓားပျံရှေ့ပြေး
နိမိတ်ကို အလျင်စလိုဆင့်ခေါ်လိုက်၏။သို့
သော် မြှားအစင်းပေါင်းများစွာက ရှောင်ရှား
ရန်မဖြစ်နိုင်ဘဲ သူ့မြင်ကွင်းအားလုံး၏ရှုထောင့်များသို့ရောက်နှင့်ပြီးဖြစ်သည်။

ဝမ်ရွှမ့်ထိတ်လန့်မှုအလယ်တွင် ကျန်းရီက
မူလနေရာ၌ရပ်နေဆဲဖြစ်ပြီး ပျားလပို့ထဲမြှား
စိုက်ဝင်သကဲ့သို့ တစ်ကိုယ်လုံးမြှားစိုက်ခံတော့မည့်အလား ကြက်သေသေလျက်ရှိသ
ည်။

"ဆရာတူညီလေး!!"

ချက်ချင်းပင် ဝမ်ရွှမ့်မျက်နှာမှသွေးများစီးကျ
လာပြီး ကျန်းရီကိုလှမ်းဆွဲရန် လက်တစ်ဖက်
အလျင်စလိုဆန့်ထုတ်လိုက်၏။

သို့သော် ဤလှုပ်ရှားမှာအပြီးတွင် တစ်စုံတစ်
ရာကမှားယွင်းနေကြောင်း မသိစိတ်မှခံစားမိ
လေသည်။

ကျန်းရီကဘယ်လောက်တောင်လူရည်လည်
တဲ့ကောင်လေးလဲ?တစ်စုံတစ်ယောက်ရဲ့
ထောင်ချောက်ကိုမသိဘဲနင်းမိလို့အစမှာထိ
တ်လန့်သွားခဲ့မယ်ဆိုရင်တောင် ဘာကြောင့်
အခုထိမတုံ့ပြန်သေးတာလဲ?ဒီလိုအခြေအနေ
မျိုးနဲ့ရင်ဆိုင်နေရတာတောင်ရှောင်ရကောင်း
မှန်းသူမသိဘူးပေါ့?

ထို့အပြင် သူ့မျက်နှာထံလွင့်ပျံလာသော မြှား
အစင်းပေါင်းများစွာနှင့် မျက်နှာချင်းဆိုင်ရချိ
န်တွင် ကျန်းရီ၏ခန္ဓာကိုယ်မလှုပ်ရှားယုံသာ
မက မျက်နှာအမူအယာလည်းပြောင်းလဲသွား
ခြင်းအလျဥ်းမရှိပေ။

ထိုနေရာတွင် သစ်သားရုပ်ကဲ့သို့ တောင့်တင်း
စွာ ရပ်မြဲရပ်ဆဲဖြစ်သည်။

နောက်ဆုံးအခိုက်အတန့်တွင် ဝမ်ရွှမ်သည်ဆ
န့်တန်းထားသောလက်ကို ပြတ်ပြတ်သားသားပြန်ရုတ်လိုက်သည်။တစ်ချိန်တည်းမှာပင် သူ့ကိုယ်သူကာကွယ်ရန်သာ အာရုံစိုက်လျက် မြေကြီးကိုခြေဖျားဖြင့်ဖိနင်းပြီး အပြင်
ဘက်အကွာအဝေးအနည်းငယ်အထိ လွင့်မျောလိုက်၏။တကယ်တော့...ဒါကသူ့ရဲ့ဆရာတူညီလေးကျန်း မဟုတ်ဘူး။ပုံရိပ်ယော
င်ဆိုတာ 99 %လောက်ကိုသေချာတယ်။

ဖျူး ဖျူး ဖျူး!

လှိုင်းတံပိုးရိုက်ခတ်သကဲ့သို့ အဆက်မပြတ်
ဆူညံသံများနှင့်အတူ မြှားများကမြေပြင်ပေါ်
သက်ဆင်းလာကြသည်။ထိုမြှားအများစုက
ကျန်းရီ၏ခန္ဓာကိုယ်ပေါ် စိုက်သွားသော်လ
ည်း လုံးဝဖောက်ထွက်သွားခြင်းတော့မရှိပေ။

အဘယ်ကြောင့်ဆိုသော် ဤအစီအရင်ကိုခင်း
ကျင်းထားသူ၏ အစွမ်းအစကမမြင့်မားခြင်း
ကြောင့် ကျန်းရီ၏ပုံရိပ်နှင့်မြှားများက ဆက်
နွယ်မှုမရှိဘဲ သီးခြားအလွှာနှစ်ခုတွင်ရှိနေသ
ကဲ့သို့ အရာအားလုံးကိုရယ်စရာကောင်းသော
ပုံရိပ်မျိုးသာဖြစ်စေခဲ့သည်။

အရာအားလုံးသည် အတုအယောင်သာဖြစ်
ကြောင်းသိသော်လည်း ဤမြင်ကွင်းကိုမြင်ရ
ခြင်းကြောင့် ဝမ်ရွှမ်လည်းမတတ်သာဘဲသ
က်ပြင်းချလိုက်၏။အံ့အားသင့်စရာကောင်း
လောက်အောင် အလွန်အမင်းထိတ်လန့်ခဲ့ခြ
င်းကြောင့် သူ့ကျောပြင်တစ်လျှောက်လုံးချွေး
စေးများဖြင့်စိုစွတ်နေခဲ့သည်။သူ့ခြေထောက်
ရှေ့မှ မြှားတစ်ချောင်းကိုထိကြည့်သော်လ
ည်း ဤမြှားတောင်မှအတုအယောင်ဖြစ်နေခဲ့
သည်။

ဤအခိုက်အတန့်တွင် အမျိုးသမီးတစ်ဦး၏
အသံကထပ်မံပေါ်ထွက်လာခဲ့သည်။

"သူတို့ပြောကြတာတော့ တံခွန်တိမ်တိုက်ဂို
ဏ်းရဲ့ကျင့်ကြံသူဝမ်က ကြင်နာပြီးသဘော
ကောင်းတယ် ပြီးတော့သူ့ရဲ့နောက်လိုက်
ဆရာတူညီလေးတွေကိုလည်းအငဲ့ညာတတ်
ဆုံးပဲတဲ့...ရှင်ကဒီလောက်အထိအကြင်နာမဲ့
ပြီးသွေးအေးတတ်တဲ့လူမှန်းဘယ်သူကထင်
မိမှာလဲ!"

ဒီအတွက်အပြစ်တင်လို့ရမလား?မင်းရဲ့ပုံရိပ်
ယောင်အစီအရင်ကအရမ်းမပီမပြင်လွန်းလို့
လေ မဟုတ်ဘူးလား?

ဝမ်ရွှမ့်နှုတ်ခမ်းစွန်း တွန့်ကွေးသွားရသည်။ပြ
န်ဖြေဖို့တော့ သူစိတ်မဝင်စားပါချေ။

သို့သော် ဤစကားများကြောင့် နောက်ဆုံးတွ
င် ထိုလူဘယ်ကလာမှန်း သူမှတ်မိသွားလေပြီ။

"မြောက်ပိုင်းဖန်လိုင်ဂိုဏ်းက ကျင့်ကြံသူရွှယ်
လား?"

ထိုအမျိုးသမီးသည် ဆတ်ခနဲနှုတ်ဆက်သွား
ပြီး ချက်ချင်းဆိုသလို ဘာမှထပ်မပြောရဲတော့ပေ။

"ကျွန်တော့်ရဲ့ဆရာတူညီလေးနဲ့ကျွန်တော်က
ဖန်လိုင်ဂိုဏ်းနဲ့ဘာရန်ညှိုးမှမရှိဘူး အရင်တ
စ်ခေါက်တုန်းက ဆရာတူညီလေးကျန်းရဲ့
လက်ထဲမှာ ရှုံးနိမ့်မှုကိုခံစားခဲ့ရတာမင်းပဲ ဘာ
ကြောင့်လဲဆိုတော့ မင်းကမကောင်းတဲ့လုပ်ရ
ပ်တစ်ခုကို အရင်ဆုံးစလုပ်ခဲ့လို့ပဲ"

မျက်မှောင်ကြုံ့ရင်း ဝမ်ရွှမ်ကအသံမြှင့်လိုက်
၏။

"လက်စားချေချင်တာနဲ့ပဲ ကျွန်တော်တို့ခရီး
တစ်ဝက်မှာ အလစ်ဝင်တိုက်ဖို့တကယ်ပဲပြင်
ဆင်ခဲ့တာလား? ကျင်ကြံသူရွှယ် ဒါကကိုယ့်
ကျင့်တရားကောင်းတဲ့လူတွေရဲ့ လုပ်ရပ်မ
ဟုတ်ဘူးနော်"

"ရှင့်ရဲ့အရေးမပါတဲ့စကားတွေကိုဘယ်သူက
မေးနေလို့လဲ!"

ထိုအမျိုးသမီးက စိတ်ဆိုးမာန်ဆိုးဖြင့်အော်
ဟစ်လာခဲ့သည်။သံသယဖြစ်စရာပင်မလို
အောင် ထိုအမျိုးသမီးသည် မြောက်ပိုင်းဖန်
လိုင်ဂိုဏ်းမှ ရွှယ်ပင်အာပင်တည်း။

ထိုနေ့က သူမနှင့်ချင်ရှိယွီသည် ရှေးဟောင်းဗိ
မာန်ထဲတွင် ဝမ်ရွှမ်နှင့်ကျန်းရီဖြင့် ထိပ်တိုက်
ရင်ဆိုင်ရပြီး မျက်နှာတွင်အညစ်အကြေးများ
ပေရေမည်းတူးလျက် အရင်ဆုံးထွက်ခွာသွား
ခဲ့သည်။ထို့နောက် ဤကိစ္စတွင်ဖန်လိုင်ဂိုဏ်း
အနေနှင့်ပါဝင်ပတ်သတ်ခြင်းမရှိစေရန် ချင်ရှိ
ယွီက သူတို့နှစ်ဦးနှင့်ကတိစာချုပ်ပြုလုပ်ခဲ့သော်လည်း ထိုစာချုပ်က ရွှယ်ပင်းအာကိုယ်
တိုင်လက်စားလာချေခြင်းကိုတော့ တားဆီး
နိုင်ခဲ့ပုံမရပေ။

"ဟီးဟီးဟီး.....ရွှယ်မိန့်မိန် စိတ်မဆိုးနဲ့အုံး"

ဤအကြောင်းကိုတွေးရင်း အမျိုးသားတစ်ဦး
၏အသံကိုပါ ဝမ်ရွှမ်နားနှင့်ဆတ်ဆတ်ကြား
လိုက်ရသည်။

"ဒီကောင်ကအိုးထဲမှာလိပ်တစ်ကောင်လိုပိတ်
မိနေပြီပဲ သူပြောတာတွေကိုဘယ်သူကအာရုံ
စိုက်မှာလဲ"

(note/ mei mei =ညီမလေး )

ဒါဆိုရွှယ်ပင်းအာတစ်ယောက်ထဲရောက်လာ
တာမဟုတ်ဘူးပေါ့?

ဝမ်ရွှမ့်မျက်နှာဖြူဖျော့သွားရသည်။သူ့ရှေ့မှ
အခြေအနေက သူနဂိုခန့်မှန်းထားတာထက်
ပိုလို့တောင်ဆိုးရွားနေပုံပဲ။

ရွှယ်ပင်းအာနှင့်စကားပြောနေစဥ်မှာတောင်
ဤပုံရိပ်ယောင်အစီအရင်အား တစ်ချိန်လုံးစူး
စမ်းနေခြင်းကိုတော့မရပ်တန့်ခဲ့ပေ။

တောင့်တင်းနေသောရှုထောင့်ဖြင့်မြှားများ၊
တောင့်တင်းနေသောရှုထောင့်ဖြင့်ဆရာတူညီ
လေးကျန်း၊တောင့်တင်းနေသောရှုထောင့်ဖြင့်
ပုံတူပွားထားသောသစ်ပင်များ။ထိုပုံရိပ်ယော
င်ထဲတွင် သစ်ပင်တစ်ပင်တည်း၌သာ လေနှင်
ရာအတိုင်း ခပ်ဖြည်ဖြည်းယိမ်းယိုင်နေသော
သစ်ရွက်တစ်ရွက်ရှိ၏။

ဝမ်ရွှမ်သည်သူ့ပင်ကိုယ်နည်းစနစ်ကိုအလိုလို
လိုက်နာခဲ့သည်။လက်ချောင်းထိပ်ကိုတစ်ချက်ပွတ်ဆွဲလိုက်ယုံဖြင့် ရေခဲလွှာဓားသွားက
ချက်ချင်းလွင့်ထွက်လာပြီး ထိုသစ်ရွက်ကိုလျှပ်စီးကြောင်း၏အရှိန်နှုန်းဖြင့် တိတိပပ
ထိုးဖောက်သွားခဲ့သည်။

"ဝါး........."

အံ့အားသင့်သောအသံက သုံးဦးမြောက်ပုဂ္ဂို
လ်ထံမှထွက်ပေါ်လာခဲ့သည်။

ဝမ်ရွှမ့်နှလုံးသားလေးသည် ပမာဏအနည်း
ငယ်လောက်ပိုနစ်မြုပ်သွားသယောင်။ ထို့
​နောက် အပိုင်းပိုင်းကွဲထွက်သွားသောပုံရိပ်
ယောင်နှင့်အတူ သူ့မျက်စိရှေ့မှမြင်ကွင်းလ
ည်းတုန်ခါလျက် နောက်ဆုံးတွင် ပတ်ဝန်းကျ
င်အစစ်အမှန်ကပေါ်ထွက်လာခဲ့သည်။

မှန်းဆထားသည့်အတိုင်း ရွှယ်ပင်းအာက
လမ်းဘေးတွင်မတ်တပ်ရပ်နေပြီး သူမကို
တစ်ယောက်..နှစ်ယောက်..သုံးယောက်..
လေးယောက်.. စုစုပေါင်းအမျိုးသားလေးဦး
ကဝန်းရံထားသည်။ အတူရေတွက်ကြည့်မ
ည်ဆိုလျှင် အခြေခံတည်ထောင်ခြင်းအဆင့်
လူငါးဦးရောက်ရှိနေခြင်းပင်။ချင်ရှိယွီရောက်
မလာခြင်းကသာတစ်ခုတည်းသောအားသာ
ချက်ဖြစ်လေသည်။

ငါးယောက် နှစ်ယောက်?

ထိုလူအုပ်ကိုလှမ်းကြည့်ရင်း ဝမ်ရွှမ်ခါးခါး
သီးသီးပြုံးလိုက်၏။

မဟုတ်ဘူး...ဒါက ငါးယောက် တစ်ယောက်ပဲ

မြေပြင်အနှံပြန့်ကျဲနေသော မြှားအတုများ
ပျောက်ကွယ်သွားသည်နှင့် ချွန်မြနေသောဓားတစ်လက်က ဝမ်ရွှမ်နှင့်ကျန်းရီတို့ မူလက
ရပ်နေသော အမိုးခုံးဘေးမှမြေပြင်ပေါ်သို့ထိုး
စိုက်သွားခဲ့သည်။

ထိုချွန်မြသောဓားကထူထပ်ယုံသာမကရှည်
လည်းရှည်လျားပြီး ကျန်းရီမူလကရပ်နေ
သောနေရာသို့ထိုးစိုက်သွားခဲ့သည်။ ဝမ်ရွှမ်သာ ကျန်းရီသည်ပုံရိပ်ယောင်ဖြစ်ကြောင်းသတိမထားမိဘဲ ကယ်တင်ရန်ဆက်လက်
ကြိုးပမ်းပါက ထိုဓားဖြင့်ထုတ်ချင်းပေါက်
ထိုးမိလျက် သံသယဖြစ်ဖွယ်မရှိအောင် အ
သက်ပါပျောက်သွားပေမည်။

ထိုအမိုးခုံးသည် ဝမ်ရွှမ်မူလကရပ်နေသောနေရာတွင်ပေါ်ပေါက်လာခဲ့သည်။ထိုပစ္စည်း
နှစ်ခုက အစုံလိုက်ဖြစ်ကြောင်းထင်ရှားလှသ
ည်။ပုံရိပ်ယောင်ထဲတွင် ကျန်းရီလည်း ဝမ်ရွှမ်
သည်ရပ်မြဲအတိုင်းရပ်လျက် ကြက်သေသေ
နေဆဲဖြစ်ကြောင်းမြင်ခဲ့ရပြီး ထိုနေရာသို့အ
လျင်အမြန်ပြေးသွား​စေရန်ထောင်ချောက်ဆ
င်လျက် ကျန်းရီပြေးသွားသည်နှင့် အမိုးခုံးကချုပ်နှောင်လိုက်ပေမည်။အလွန်ကံဆိုးစွာဖြင့်
......သူတို့အောင်မြင်ခဲ့ကြသည်။

ထိုအမိုးခုံး၏ ရွှေရောင်ဖျော့ဖျော့အတွင်းပိုင်း
တွင် လုံခြုံစွာချုပ်နှောင်ခံထားရသောကျန်းရီ
ကိုဝမ်ရွှမ်လှမ်းမြင်လိုက်ရသည်။ ကျန်းရီက
ဒေါသတကြီးအံကြိတ်လျက်အသွင်အပြင်မှာ
မြင်မကောင်းရှုမကောင်းဖြစ်နေခဲ့သည်။

စိုးရိမ်စိတ်ကနှလုံးသားကိုကမောက်ကမဖြစ်စေတတ်သည်ဟု လူတွေကဆိုကြသည်။
ကျန်းရီသည် ဤအဆိုကမှန်ကန်ကြောင်း
ထောက်ခံသကဲ့သို့ ထောင်ချက်ထဲသက်ဆင်း
မိလေသည်။

ကျန်းရီက ထိုနေရာတွင်ထိုင်နေပြီးသေရမည့်
အချိန်ကိုစောင့်မနေပေ။လက်ရှိတွင် ဓားပျံကို
ကိုင်ဆောင်လျက် အမိုးခုံး၏မျက်နှာပြင်ကို
ဒေါသတကြီးထိုးဆွလျက်ရှိသည်။

"ဆရာတူညီလေးကျန်း"

"မင်းအဆင်ပြေရဲ့လား?"

ထိုပုံရိပ်ယောင်အစီအရင်သည် ယခင်ကတ
ည်းက လူနှစ်ဦး၏အသံကိုရှင်းလင်းစွာ ကန့်
သတ်ထားခဲ့သည်။ယခုအချိန်တွင် ကျန်းရီ
သည် သူ့ကိုလှမ်းခေါ်နေသောဝမ်ရွှမ့်အသံကို
ကြားသော်လည်း အမိုးခုံးကိုသာပို၍ကြမ်း
ကြမ်းတမ်းတမ်းထိုးဆွခဲ့သည်။သို့သော်
အမိုးခုံးကတော့ မပြောင်းမလဲမူလအတိုင်းရှိ
နေဆဲ။

"မင်းရဲ့စွမ်းရည်ကိုဖြုန်းတီးမနေစမ်းပါနဲ့"

သမင်ခေါင်းကဲ့သို့ဦးခေါင်း၊ကြွက်မျက်လုံးကဲ့
သို့မျက်လုံးများနှင့်ပုပုကွကွလူတစ်ယောက်ကရယ်မောလာခဲ့သည်။

"ဒီရွှေအိုရောင်ပုစဥ်းရင်ကွဲအမိုးခုံးကဘာမှ
အံ့သြစရာမဟုတ်ရင်တောင် ငါအခြေခံတည်
ထောင်ခြင်းအဆင့်ကိုရောက်ပြီးတော့ ငါ့ရဲ့
စွမ်းအားကိုအံ့သြစရာကောင်းလောက်အောင်
အသုံးချပြီးမှရှာတွေ့ခဲ့တာ မင်းလိုချီသန့်စင်
ခြင်းအဆင့်ပဲရှိသေးတဲ့ကောင်က ဒါကိုချိုး
နိုင်မယ်လို့များထင်နေလား?ဥာဏ်ရှိရှိတွေး
စမ်းပါ!"

(note/တကယ်ကြီးသမင်ခေါင်းနဲ့ကြွက်မျက်
လုံးမဟုတ်ဘူးနော် ရုပ်ဆိုးတာကိုသရုပ်ဖော်
ထားတာ😆)

ဤပုဂ္ဂိုလ်က လုံးဝန်းသောပုလဲတစ်လုံးကို
သူ့ရင်ဘတ်တွင်ချိတ်ဆွဲလျက် အဝါရောင်တောက်တောက် ကျင့်ကြံသူဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး သန်ရှင်းဂိုဏ်းမှလာသူဖြစ်
ကြောင်းဖော်ပြလျက်ရှိပေသည်။

ထိုစကားပြောပြီးသည်နှင့် အမိုးခုံး၏အရော
င်ကရုတ်တရက်ပြောင်းလဲသွားခဲ့သည်။အ
တွင်းပိုင်းမှ ခရမ်းရောင်လျှပ်စီးလုံးများထွက်
ပေါ်လာပြီး ကျန်းရီကို အညှာအတာမဲ့စွာရိုက်
ခတ်လာကြသည်။ကျန်းရီ၏တုံ့ပြန်မှုသည် အလွန်လျင်မြန်၏။ခုခံကာကွယ်ရေးမှော်လ
လက်နက်များကို ချက်ချင်းထုတ်၍ သူ့ကိုယ်
သူအပြည့်အဝကာကွယ်လိုက်လေသည်။

ထိုအချိန်တွင် ဝမ်ရွှမ်သည် သိသာပေါ်လွင်ခြ
င်းမရှိသော သူ့ဓား၏အရိပ်*ကိုစေလွှတ်ခဲ့သ
ည်။သူ့ဓားပျံရှေ့ပြေးနိမိတ်လည်း ချက်ချင်း
ပေါ်ထွက်လာပြီး အမိုးခုံး၏အပြင်ဘက်ကို
ကြမ်းတမ်းစွာရိုက်ခတ်သွားခဲ့သည်။

(note/*ဓားရဲ့အလင်းကနေပုံရိပ်ယောင်အ
ဖြစ်ဖန်တီးတာကို E translator ကဒီအပိုင်းက
စပြီး'အရိပ်'လို့ပဲသုံးတာမို့zuriလည်းလိုက်
ပြောင်းထားပါတယ်)

သို့သော် ဓားပျံရှေ့ပြေးနိမိတ်သည်ဓားပျံရှေ့
ပြေးနိမိတ်ဖြစ်ဆဲပင်။အခြေခံတည်ထောင်ခြ
င်းအဆင့်သို့ ပြန်ကျခဲ့ခြင်းကြောင့် ဝမ်ရွှမ်
အားနည်းနေလျှင်တောင် ဓားကတော့အားပြ
င်းခိုင်မာသော လက်နက်တစ်လက်ဖြစ်နေသေးသည်။အကြိမ်ရေအနည်းငယ်လောက်ပို
ရိုက်နိုင်သရွေ့ အမိုးခုံးကိုဖြိုခွင်းခြင်းကအ
ဆုံးသတ်တွင်တကယ်ဖြစ်လာလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ဆန့်ကျင်ဘက်တွင်ရပ်နေ
သောလူငါးဦးက ကျန်းရီကိုကယ်ထုတ်ခြင်း
အား မျက်လုံးအပြူးသားဖြင့်မလှုပ်မယှက်
ကြည့်နေမည်လော?

သူတို့ထဲမှနှစ်ဦးက ဓားကိုမြှောက်၍ ကွဲပြား
သောရှုထောင့်များမှတဆင့် ဝမ်ရွှမ့်ကိုအတူ
တကွစတင်တိုက်ခိုက်လာကြသည်။ဘယ်၊
ညာ ရှောင်တိမ်းစေရန်ဖိအားပေးလျက်ရှိပြီး
အလွန်အလုပ်ရှုပ်လှသည်အတွက် အခြား
မည်သည့်ကိစ္စကိုမှ အာရုံမစိုက်နိုင်တော့ပေ။

ထိုလူနှစ်ဦးတွင် တစ်ဦးကအရပ်ရှည်၍ခန္ဓာ
ကိုယ်တောင့်တင်းပြီး ကျန်တစ်ဦးကပိန်သွယ်
သွယ်ဖြစ်၏။သူတို့ဝတ်ထားသောဝတ်ရုံက
ရွှယ်ပင်းအာဝတ်ထားသောဝတ်ရုံနှင့် အလွန်
ဆင်တူလှသည်။သူတို့နှစ်ဦးသည် ရွှယ်ပင်း
အာခေါ်လာသော မြှောက်ပိုင်းဖန်လိုင်ဂိုဏ်းမှ
အကူနှစ်ဦးဖြစ်ကြောင်းသိသာပေသည်။

"ဟားဟား ကျင့်ကြံသူဝမ်ကတကယ်ပဲကျွမ်း
ကျင်လှပါတယ်"

နားသယ်စပ်မှဆံနွယ်များကို လက်ချောင်းဖြ
င့်လိမ်ရစ်ကစားရင်း ရွှယ်ပင်းအာကကြောက်
စရာကောင်းစွာရယ်မောလာသည်။

"ကျွန်မတို့တွေးထားတာ ရှင့်ကိုအနိုင်ယူပြီး
အဲ့ဒီကောင်စုတ်ကို ညှဥ်းပန်းမလို့လေ ကျွန်မ
တွက်ထားတာမှားလိမ့်မယ်လို့ ဘယ်သူကထင်ပါ့မလဲ"

"ဟီးဟီးဟီး အခုအခြေအနေနဲ့သူ့ကိုတည့်တိုး
နှိမ်နင်းတာကဘာများကွာသေးလို့လဲ?တစ်
ဆင့်လောက်ပိုလုပ်ရယုံပဲ ဒါပဲလေ"

မြေခွေးတစ်ကောင်ကိုမျက်ဝန်းများနှင့် အန
ည်းငယ်ကြည့်ကောင်းသော အမျိုးသားနော
က်တစ်ဦးကပါးစပ်ဟလိုက်သည်နှင့် ဝါးမတ
တ်စားမတတ်ပုံစံဖြင့်ပြောလာခဲ့သည်။သူ
သည်လည်း ကောက်ကျစ်စဥ်းလဲ၍ ယုတ်မာ
သူတစ်ဦးဖြစ်ကြောင်းထင်ရှားသည်။

ဤလူသည် ကော်လာပေါ်တွင်ငှက်မွှေးရင်
ထိုးတပ်ဆင်ထားသော ကြက်သွေးရောင်ဝတ်
ရုံကိုဝတ်ဆင်ထားပြီး 'မိုးပြာတောင်ပံ'ဂိုဏ်းမှ
လာသူဖြစ်သည်။

ဝမ်ရွှမ် နှစ်ယောက်၊တစ်ယောက်ရင်ဆိုင်နေစ
ဥ်တစ်ချိန်တည်းတွင် ထိုလူငါးဦးစလုံးကို
အေးစက်စက်မျက်ဝန်းများဖြင့် လေ့လာခဲ့သ
ည်။ထို့နောက် နှာခေါင်းရှုံ့​လျက်

"မိုးပြာတောင်ပံဂိုဏ်း၊သန်ရှင်းဂိုဏ်း၊မြောက်
ပိုင်းဖန်လိုင်ဂိုဏ်း။ အဲ့ဒီတော့မင်းတို့ အပြင်
မျိုးနွယ်စုသုံးခုလုံးဒီနေ့လာဆုံကြတယ်ပေါ့?"

ဖန်လိုင်ဂိုဏ်းတွင်မြောက်ပိုင်းဖန်လိုင်ဂိုဏ်းခွဲ
ရှိပြီး သန်ရှင်းဂိုဏ်းတွင်လည်း အပြင်ဘက်
သန်ရှင်းဂိုဏ်းခွဲရှိသည်။ယခု​တော့ ခရမ်း
တောင်ပံဂိုဏ်း၏ဂိုဏ်းခွဲဖြစ်သော မိုးပြာတောင်ပံဂိုဏ်းပါ ပါလာချေပြီ။

၎င်းတို့အားလုံးသည် ဗဟိုရှန်ပြည်ထောင်၏
ကျင့်ကြံရေးဂိုဏ်းကြီးများမှ မြောက်ပိုင်းနင်
ပြည်ထောင်တွင်ဖြန့်ကျက်ရန်အသုံးပြုထား
သောရွက်ဖျင်တဲများပမာ။ထိုဂိုဏ်းအားလုံးကို မြောက်ပိုင်းနင်ပြည်ထောင်၏ အပြင်မျိုး
နွယ်သုံးစုဟုခေါ်ကြသည်။

တစ်ချိန်တည်းတွင် တိမ်ခွန်တိမ်တိုက်ဂိုဏ်းကို
ခေါင်းဆောင်အနေဖြင့်သတ်မှတ်၍ မြောက်
ပိုင်းနင်ပြည်ထောင်မှသက်ဆင်းလာသော
အခြားဂိုဏ်းများကိုတော့ အတွင်းမျိုးနွယ်
လေးစုဟုခေါ်ဆိုကြသည်။

ထိုမျိုးနွယ်ဟုအားလုံးကို မြောက်ပိုင်းနင်ပြ
ည်ထောင်၏ 'လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းခုနစ်
သွယ်'ဟုခေါ်ဆိုကြလေသည်။နှိုင်းယှဥ်ရမ
ည်ဆိုလျှင် အတွင်းမျိုးနွယ်လေးစုမှတပည့်
များက အတော်နှိမ့်ချ၍နေတတ်ကြပြီးဂူပိတ်
ကျင့်ကြံခြင်းကိုနှစ်သက်ကြသည်။အပြင်
လောကသို့ခရီးထွက်၍ အတွေ့အကြုံရှာလို
လျှင်တောင် ပြသနာရှာခြင်းကိုမကြိုက်သူ
များသာဖြစ်သည်။

အပြင်မျိုးနွယ်သုံးစုကတော့ ၎င်းတို့၏အဓိ
ကဂိုဏ်းများနှင့်သဏ္ဍာန်တူပြီး လူတွင်ကျယ်
များဖြစ်ကြသည်။သူတို့၏ဖြစ်တည်မှုကချန်
ထားခဲ့သော ကျော်ကြားမှုများကို နေရာအနှံ့တွေ့နိုင်ပေသည်။

"ဘာအပြင်မျိုးနွယ်သုံးစုလဲ?ဒီအချိန်ကလော
ကုတ္တရာကိစ္စတွေကို ခွဲခြားနေရမယ့်အချိန်လား? ဒီနေ့ ငါတို့ဂိုဏ်းရဲ့နာမည်နဲ့လာကြတာ
မဟုတ်ဘူး"

မြေခွေးမျက်လုံးနှင့်အမျိုးသားက ပြုံးရင်းဆ
က်ပြောလာသည်။

"ဒါကပန်းလေးလိုလှတဲ့အသွင်နဲ့လဝန်းလေးလိုချစ်စရာကောင်းတဲ့မျက်နှာ၊သိမ်မွေ့​​ပြီးညှို့ငင်တတ်တဲ့ရွှယ်မိန့်မိန်ကြောင့်ပဲ ပြီးတော့ငါ
တို့လိုယောကျာ်းသားတွေအနေနဲ့ သူမအနိုင်
ကျင့်ခံခဲ့ရတာကို သည်းမခံနိုင်လို့ သူမနဲ့အတူအဖော်လိုက်လာပေးကြတာ ဒီလောက်ပဲ"

တစ်နည်းဆိုရသော် ဤပြသနာသည်ဂိုဏ်းများနှင့်မဆိုင်ဘဲ ရွှယ်ပင်းအာ၏ကိုယ်ရေး
ကိုယ်တာကိစ္စကြောင့်ပင်။

"အစ်ကိုကျောက် သူ့ကိုဘာကိစ္စဒီအကြောင်း
တွေပြောနေတာလဲ"

ရွှယ်ပင်းအာကမကျေမနပ်ဆိုလာသည်။

"သူဒီကလွတ်သွားပြီးအစ်ကို့ရဲ့ဂိုဏ်းကိုတိုင်
တာ ဒါမှမဟုတ် တစ်ခုခုလုပ်မှာကိုကြောက်နေတာလား?"

သူမပြောပြီးသည်နှင့် 'ချန်း'ဟူသောမြည်သံ
တစ်ခုထွက်ပေါ်လာသည်။ထိုအချိန်လေးအ
တွင်း ဝမ်ရွှမ်သည်ပြိုင်ဘက်တစ်ဦး၏ဓားကို
ထက်ပိုင်းချိုးလိုက်၏။

ရွှယ်ပင်းအာ၏မျက်နှာသည်ချက်ချင်းမည်းမှောင်သွားရသည်။ 'ဘယ်လိုအရှုံးသမားတွေ
လဲ' ဟုသာတိတ်တဆိတ်ကျိန်ဆဲလျက် သူမ
၏ငွေပိုးထည်စကိုထုတ်ကာ တိုက်ပွဲအတွင်း
သို့ခုန်ဆင်းလာခဲ့သည်။

(note/လက်မောင်းမှာချည်ထားတာမျိုးပါရှ
င့် တွေ့ဖူးကြမယ်ထင်ပါတယ် နောက်မှပုံရှာပြီးထည့်ပေးထားပါမယ်)

ဝမ်ရွှမ်က လူပေါင်းများစွာ၏တိုက်ခိုက်မှုကို
ရှောင်ရှားရန်ဓားကိုအသုံးပြုခဲ့ပြီး ထိုတိုက်ခို
က်မှုအလယ်တွင် အခွင့်အရေးကိုအသုံးချ၍
ရေခဲလွှာဓားသွားကိုဆင့်ခေါ်ပြီးပြန်ရိုက်နှက်
ခဲ့သည်။လူအများကြီးနှင့်တစ်ဦးတည်း ရင်
ဆိုင်ရချိန်တွင်တောင် သူ့ကိုယ်သူဆိုးကျိုးတ
စ်ခုမှရှာမတွေ့ခဲ့ပေ။

အဆုံးသတ်တွင် ဝမ်ရွှမ်သည်ယွမ်စုစည်းခြင်းအဆင့်မှပြန်ကျခဲ့သော်လည်း ထိုးထွင်းသိမြ
င်မှု၊အတွေ့အကြုံနှင့်စွမ်းရည်ကိုကျွမ်းကျင်စွာအသုံးချတတ်မှုများပင်လျှင် အခြေခံတည်
ထောင်ခြင်းအဆင့်ကျင့်ကြံသူတစ်ဦး ယှဥ်နိုင်သောအရာမျိုးမဟုတ်ပေ။

ဒါပေမယ့်ငါးယောက်၊တစ်ယောက်ယှဥ်နေရ
တာ ဘယ်လောက်ကြာကြာတောင့်ခံနိုင်ပါ့
မလဲ?

ဝမ်ရွှမ် တဖြည်းဖြည်းပင်ပန်းလေပြီ။သူ့ခန္ဓာမှ ပင်ပန်းနွယ်နယ်မှုကို သတိပြုမိသော်လည်း
အကြည့်များကို အဆက်မပြတ်ရွေ့လျား၍
ကျန်းရီကို အမိုးခုံးထဲမှကယ်ထုတ်ရန် အခွင့်
အလမ်းရှာနေဆဲပင်။လတ်တလောတွင် ထို
အရာကသာ သူတို့အသက်ရှင်နိုင်မည့်တစ်ခု
တည်းသော လမ်းကြောင်းဖြစ်ပေသည်။

               ..................××................

T/N : <1> ဒီnovelထဲပါတဲ့ဂိုဏ်းတွေက

1.တံခွန်တိမ်တိုက်ဂိုဏ်း
2.မြောက်ပိုင်းဖန်လိုင်ဂိုဏ်း(ဖန်လိုင်ဂိုဏ်း၏
              ဂိုဏ်းခွဲ၊ရွှယ်ပင်းအာနှင့်ချင်ရှိယွီ)
3.သန်ရှင်းဂိုဏ်း
4.မိုးပြာတောင်ပံဂိုဏ်း(ခရမ်းတောင်ပံဂိုဏ်း
၏ဂိုဏ်းခွဲ)

တကယ်တော့ဂိုဏ်းက4ဂိုဏ်းထဲပါ။အခွဲတွေ
ပါထည့်ရှင်းတော့နည်းနည်းရှုပ်သလိုဖြစ်
သွားမှာစိုးလို့ပါရှင့်။

<2> ကျန်းရီအဖမ်းခံရတာ ဝမ်ရွှမ့်ပုံရိပ်ယော
င်ဆီပြေးသွားမိလို့ပါ။ဝမ်ရွှမ့်ကိုတွေ့တာနဲ့သူ့စိတ်တွေပျာလောင်ခတ်ပြီးအတုဆိုတာကိုတောင်မေ့သွားပုံပါပဲ။

.................................................................

<ေခ်ာင္းေျမာင္းအလစ္ဖမ္းခံရျခင္း>

တစ္ခဏအတြင္း ဝမ္႐ႊမ္ နိုးနိုးၾကားၾကားျဖစ္
သြားရသည္။ လမ္းေၾကာင္းအားလုံးကိုၾကည့္
မိရာ သူ႕မ်က္စိေရွ႕မွအရာအားလုံးသည္ ခင္း
က်င္းထားေသာ အစီအရင္တစ္ခုျဖင့္ ရွင္းရွ
င္းလင္းလင္း လွည့္ေျပာင္းခံထားရၿပီးျဖစ္သ
ည္။သစ္ပင္အားလုံးသည္ ေတာင့္တင္းေနေသာပုံစံတူမ်ားျဖစ္ကာ လမ္းေဘးႏွစ္ဖက္တြ
င္ပိတ္ဆို႔လ်က္ ျမင္ကြင္းအစစ္အမွန္ကို ကြယ္
ဝွက္ထားသည္။

သူတို႔ႏွစ္ဦးစလုံး ေမွာ္အစီအရင္ထဲသို႔ေရာက္
ေနသည္မွာ ေသခ်ာသေလာက္ရွိေလၿပီ။အရ
ည္အေသြးအရ ဤအစီအရင္ကို ခင္းက်င္း
ထားသူသည္ ကြၽမ္းက်င္အဆင့္မဟုတ္ဘဲ
လက္သင္အဆင့္ေလာက္သာ ျဖစ္ပုံရသည္။

သို႔ေသာ္ ဝမ္႐ႊမ္က အေျခခံတည္ေထာင္ျခင္း
အဆင့္သို႔ ျပန္က်ခဲ့ၿပီး က်န္းရီသည္လည္း ခ်ီ
သန့္စင္ျခင္းအဆင့္တြင္သာ ရွိေနျခင္းေၾကာင့္
အေျခခံအဆင့္ ေမွာ္အစီအရင္ျဖစ္ေနလွ်င္
ေတာင္ သူတို႔ႏွစ္ဦးစလုံး ကိုင္တြယ္ေျဖရွင္းရ
န္လုံေလာက္ေပသည္။

ဒါဘယ္သူလဲ?တမင္တကာအလစ္ဝင္ဖမ္း
တာလား မေတာ္တဆတိုက္ဆိုင္သြားတာလား?ငါတို႔ကိုဖမ္းဖို႔ေထာင္ေခ်ာက္ဆင္ထား
တာ ဒါမွမဟုတ္ လုယက္ၿပီးသတ္ျဖတ္မယ့္
ရည္႐ြယ္ခ်က္ပါရွိေနတာမ်ားလား?

ဝမ္႐ႊမ္သတိႀကီးစြာေနာက္ဆုတ္ၿပီး ပုံတူပြား
ထားေသာကႏၱာရေနာက္ကြယ္မွ အစီအရင္
၏မူလဇစ္ျမစ္ႏွင့္ မည္သို႔ခ်ိဳးဖ်က္ရမည္ကို
ႀကိဳးပမ္းရွာေဖြလိုက္၏။

ဤအခိုက္အတန့္တြင္ ဝမ္႐ႊမ့္အစြမ္းအစကို
အလြန္အကြၽံေလွာင္ေျပာင္ေနသကဲ့သို႔ ၿငိမ့္
ေညာင္းေသာ္လည္း ေအးစက္မႈမ်ားေရာစြက္
ေနသည့္အမ်ိဳးသမီးတစ္ဦး၏ရယ္သံကသစ္
ပင္မ်ားေနာက္ကြယ္မွ ေပၚထြက္လာခဲ့သည္။
ဤရယ္သံကို အနည္းငယ္ရင္းႏွီးေနသည့္အ
တြက္ အသံပိုင္ရွင္မွာ ဝမ္႐ႊမ္ႏွင့္ယခင္ကဆုံခဲ့
ဖူးသူသာျဖစ္လိမ့္မည္။

သို႔ေသာ္ ဝမ္႐ႊမ္သည္ အသံပိုင္ရွင္ကိုစဥ္းစား
ရန္အတြက္ သူ႕မွတိဥာဏ္ကို ႏွိုက္ႏွိုက္ခြၽတ္
ခြၽတ္ေမႊႏွောက္ရန္ အခ်ိန္မရွိေတာ့ေပ။ပုံရိပ္
ေယာင္က ႐ုတ္တရက္တုန္လႈပ္လာၿပီးျမႇားအ
စင္းေပါင္းေျမာက္ျမားစြာေပၚထြက္လာခဲ့သ
ည္။

အလြန္မ်ားျပားၿပီးသိပ္သည္းကာ ေကာင္းက
င္ယံကိုပင္ ဖုံးကြယ္လ်က္ က်ယ္ေလာင္ေသာ
ေလခြၽန္သံႏွင့္အတူ ဝမ္႐ႊမ္ႏွင့္က်န္းရီထံ ဦး
တည္ပစ္ခတ္လာၾကသည္။

"ဆရာတူညီေလး သတိထား!"

ဝမ္႐ႊမ့္အသြင္အျပင္က႐ုတ္တရက္ေျပာင္းလဲ
သြားခဲ့သည္။ခပ္ျမန္ျမန္ေနာက္ျပန္ဆုတ္ခ်ိန္
တြင္ သူ႕ေရွ႕၌ပိတ္ဆို႔ထားရန္ ဓားပ်ံေရွ႕ေျပး
နိမိတ္ကို အလ်င္စလိုဆင့္ေခၚလိုက္၏။သို႔
ေသာ္ ျမႇားအစင္းေပါင္းမ်ားစြာက ေရွာင္ရွား
ရန္မျဖစ္နိုင္ဘဲ သူ႕ျမင္ကြင္းအားလုံး၏ရႈေထာင့္မ်ားသို႔ေရာက္ႏွင့္ၿပီးျဖစ္သည္။

ဝမ္႐ႊမ့္ထိတ္လန့္မႈအလယ္တြင္ က်န္းရီက
မူလေနရာ၌ရပ္ေနဆဲျဖစ္ၿပီး ပ်ားလပို႔ထဲျမႇား
စိုက္ဝင္သကဲ့သို႔ တစ္ကိုယ္လုံးျမႇားစိုက္ခံေတာ့မည့္အလား ၾကက္ေသေသလ်က္ရွိသ
ည္။

"ဆရာတူညီေလး!!"

ခ်က္ခ်င္းပင္ ဝမ္႐ႊမ့္မ်က္ႏွာမွေသြးမ်ားစီးက်
လာၿပီး က်န္းရီကိုလွမ္းဆြဲရန္ လက္တစ္ဖက္
အလ်င္စလိုဆန့္ထုတ္လိုက္၏။

သို႔ေသာ္ ဤလႈပ္ရွားမွာအၿပီးတြင္ တစ္စုံတစ္
ရာကမွားယြင္းေနေၾကာင္း မသိစိတ္မွခံစားမိ
ေလသည္။

က်န္းရီကဘယ္ေလာက္ေတာင္လူရည္လည္
တဲ့ေကာင္ေလးလဲ?တစ္စုံတစ္ေယာက္ရဲ႕
ေထာင္ေခ်ာက္ကိုမသိဘဲနင္းမိလို႔အစမွာထိ
တ္လန့္သြားခဲ့မယ္ဆိုရင္ေတာင္ ဘာေၾကာင့္
အခုထိမတုံ႕ျပန္ေသးတာလဲ?ဒီလိုအေျခအေန
မ်ိဳးနဲ႕ရင္ဆိုင္ေနရတာေတာင္ေရွာင္ရေကာင္း
မွန္းသူမသိဘူးေပါ့?

ထို႔အျပင္ သူ႕မ်က္ႏွာထံလြင့္ပ်ံလာေသာ ျမႇား
အစင္းေပါင္းမ်ားစြာႏွင့္ မ်က္ႏွာခ်င္းဆိုင္ရခ်ိ
န္တြင္ က်န္းရီ၏ခႏၶာကိုယ္မလႈပ္ရွားယုံသာ
မက မ်က္ႏွာအမူအယာလည္းေျပာင္းလဲသြား
ျခင္းအလ်ဥ္းမရွိေပ။

ထိုေနရာတြင္ သစ္သား႐ုပ္ကဲ့သို႔ ေတာင့္တင္း
စြာ ရပ္ၿမဲရပ္ဆဲျဖစ္သည္။

ေနာက္ဆုံးအခိုက္အတန့္တြင္ ဝမ္႐ႊမ္သည္ဆ
န့္တန္းထားေသာလက္ကို ျပတ္ျပတ္သားသားျပန္႐ုတ္လိုက္သည္။တစ္ခ်ိန္တည္းမွာပင္ သူ႕ကိုယ္သူကာကြယ္ရန္သာ အာ႐ုံစိုက္လ်က္ ေျမႀကီးကိုေျခဖ်ားျဖင့္ဖိနင္းၿပီး အျပင္
ဘက္အကြာအေဝးအနည္းငယ္အထိ လြင့္ေမ်ာလိုက္၏။တကယ္ေတာ့...ဒါကသူ႕ရဲ႕ဆရာတူညီေလးက်န္း မဟုတ္ဘူး။ပုံရိပ္ေယာ
င္ဆိုတာ 99 %ေလာက္ကိုေသခ်ာတယ္။

ဖ်ဴး ဖ်ဴး ဖ်ဴး!

လွိုင္းတံပိုးရိုက္ခတ္သကဲ့သို႔ အဆက္မျပတ္
ဆူညံသံမ်ားႏွင့္အတူ ျမႇားမ်ားကေျမျပင္ေပၚ
သက္ဆင္းလာၾကသည္။ထိုျမႇားအမ်ားစုက
က်န္းရီ၏ခႏၶာကိုယ္ေပၚ စိုက္သြားေသာ္လ
ည္း လုံးဝေဖာက္ထြက္သြားျခင္းေတာ့မရွိေပ။

အဘယ္ေၾကာင့္ဆိုေသာ္ ဤအစီအရင္ကိုခင္း
က်င္းထားသူ၏ အစြမ္းအစကမျမင့္မားျခင္း
ေၾကာင့္ က်န္းရီ၏ပုံရိပ္ႏွင့္ျမႇားမ်ားက ဆက္
ႏြယ္မႈမရွိဘဲ သီးျခားအလႊာႏွစ္ခုတြင္ရွိေနသ
ကဲ့သို႔ အရာအားလုံးကိုရယ္စရာေကာင္းေသာ
ပုံရိပ္မ်ိဳးသာျဖစ္ေစခဲ့သည္။

အရာအားလုံးသည္ အတုအေယာင္သာျဖစ္
ေၾကာင္းသိေသာ္လည္း ဤျမင္ကြင္းကိုျမင္ရ
ျခင္းေၾကာင့္ ဝမ္႐ႊမ္လည္းမတတ္သာဘဲသ
က္ျပင္းခ်လိဳက္၏။အံ့အားသင့္စရာေကာင္း
ေလာက္ေအာင္ အလြန္အမင္းထိတ္လန့္ခဲ့ျခ
င္းေၾကာင့္ သူ႕ေက်ာျပင္တစ္ေလွ်ာက္လုံးေခြၽး
ေစးမ်ားျဖင့္စိုစြတ္ေနခဲ့သည္။သူ႕ေျခေထာက္
ေရွ႕မွ ျမႇားတစ္ေခ်ာင္းကိုထိၾကည့္ေသာ္လ
ည္း ဤျမႇားေတာင္မွအတုအေယာင္ျဖစ္ေနခဲ့
သည္။

ဤအခိုက္အတန့္တြင္ အမ်ိဳးသမီးတစ္ဦး၏
အသံကထပ္မံေပၚထြက္လာခဲ့သည္။

"သူတို႔ေျပာၾကတာေတာ့ တံခြန္တိမ္တိုက္ဂို
ဏ္းရဲ႕က်င့္ႀကံသူဝမ္က ၾကင္နာၿပီးသေဘာ
ေကာင္းတယ္ ၿပီးေတာ့သူ႕ရဲ႕ေနာက္လိုက္
ဆရာတူညီေလးေတြကိုလည္းအငဲ့ညာတတ္
ဆုံးပဲတဲ့...ရွင္ကဒီေလာက္အထိအၾကင္နာမဲ့
ၿပီးေသြးေအးတတ္တဲ့လူမွန္းဘယ္သူကထင္
မိမွာလဲ!"

ဒီအတြက္အျပစ္တင္လို႔ရမလား?မင္းရဲ႕ပုံရိပ္
ေယာင္အစီအရင္ကအရမ္းမပီမျပင္လြန္းလို႔
ေလ မဟုတ္ဘူးလား?

ဝမ္႐ႊမ့္ႏႈတ္ခမ္းစြန္း တြန့္ေကြးသြားရသည္။ျပ
န္ေျဖဖို႔ေတာ့ သူစိတ္မဝင္စားပါေခ်။

သို႔ေသာ္ ဤစကားမ်ားေၾကာင့္ ေနာက္ဆုံးတြ
င္ ထိုလူဘယ္ကလာမွန္း သူမွတ္မိသြားေလၿပီ။

"ေျမာက္ပိုင္းဖန္လိုင္ဂိုဏ္းက က်င့္ႀကံသူ႐ႊယ္
လား?"

ထိုအမ်ိဳးသမီးသည္ ဆတ္ခနဲႏႈတ္ဆက္သြား
ၿပီး ခ်က္ခ်င္းဆိုသလို ဘာမွထပ္မေျပာရဲေတာ့ေပ။

"ကြၽန္ေတာ့္ရဲ႕ဆရာတူညီေလးနဲ႕ကြၽန္ေတာ္က
ဖန္လိုင္ဂိုဏ္းနဲ႕ဘာရန္ညွိုးမွမရွိဘူး အရင္တ
စ္ေခါက္တုန္းက ဆရာတူညီေလးက်န္းရဲ႕
လက္ထဲမွာ ရႈံးနိမ့္မႈကိုခံစားခဲ့ရတာမင္းပဲ ဘာ
ေၾကာင့္လဲဆိုေတာ့ မင္းကမေကာင္းတဲ့လုပ္ရ
ပ္တစ္ခုကို အရင္ဆုံးစလုပ္ခဲ့လို႔ပဲ"

မ်က္ေမွာင္ႀကဳံ႕ရင္း ဝမ္႐ႊမ္ကအသံျမႇင့္လိုက္
၏။

"လက္စားေခ်ခ်င္တာနဲ႕ပဲ ကြၽန္ေတာ္တို႔ခရီး
တစ္ဝက္မွာ အလစ္ဝင္တိုက္ဖို႔တကယ္ပဲျပင္
ဆင္ခဲ့တာလား? က်င္ႀကံသူ႐ႊယ္ ဒါကကိုယ့္
က်င့္တရားေကာင္းတဲ့လူေတြရဲ႕ လုပ္ရပ္မ
ဟုတ္ဘူးေနာ္"

"ရွင့္ရဲ႕အေရးမပါတဲ့စကားေတြကိုဘယ္သူက
ေမးေနလို႔လဲ!"

ထိုအမ်ိဳးသမီးက စိတ္ဆိုးမာန္ဆိုးျဖင့္ေအာ္
ဟစ္လာခဲ့သည္။သံသယျဖစ္စရာပင္မလို
ေအာင္ ထိုအမ်ိဳးသမီးသည္ ေျမာက္ပိုင္းဖန္
လိုင္ဂိုဏ္းမွ ႐ႊယ္ပင္အာပင္တည္း။

ထိုေန႕က သူမႏွင့္ခ်င္ရွိယြီသည္ ေရွးေဟာင္းဗိ
မာန္ထဲတြင္ ဝမ္႐ႊမ္ႏွင့္က်န္းရီျဖင့္ ထိပ္တိုက္
ရင္ဆိုင္ရၿပီး မ်က္ႏွာတြင္အညစ္အေၾကးမ်ား
ေပေရမည္းတူးလ်က္ အရင္ဆုံးထြက္ခြာသြား
ခဲ့သည္။ထို႔ေနာက္ ဤကိစၥတြင္ဖန္လိုင္ဂိုဏ္း
အေနႏွင့္ပါဝင္ပတ္သတ္ျခင္းမရွိေစရန္ ခ်င္ရွိ
ယြီက သူတို႔ႏွစ္ဦးႏွင့္ကတိစာခ်ဳပ္ျပဳလုပ္ခဲ့ေသာ္လည္း ထိုစာခ်ဳပ္က ႐ႊယ္ပင္းအာကိုယ္
တိုင္လက္စားလာေခ်ျခင္းကိုေတာ့ တားဆီး
နိုင္ခဲ့ပုံမရေပ။

"ဟီးဟီးဟီး.....႐ႊယ္မိန့္မိန္ စိတ္မဆိုးနဲ႕အုံး"

ဤအေၾကာင္းကိုေတြးရင္း အမ်ိဳးသားတစ္ဦး
၏အသံကိုပါ ဝမ္႐ႊမ္နားႏွင့္ဆတ္ဆတ္ၾကား
လိုက္ရသည္။

"ဒီေကာင္ကအိုးထဲမွာလိပ္တစ္ေကာင္လိုပိတ္
မိေနၿပီပဲ သူေျပာတာေတြကိုဘယ္သူကအာ႐ုံ
စိုက္မွာလဲ"

(note/ mei mei =ညီမေလး )

ဒါဆို႐ႊယ္ပင္းအာတစ္ေယာက္ထဲေရာက္လာ
တာမဟုတ္ဘူးေပါ့?

ဝမ္႐ႊမ့္မ်က္ႏွာျဖဴေဖ်ာ့သြားရသည္။သူ႕ေရွ႕မွ
အေျခအေနက သူနဂိုခန့္မွန္းထားတာထက္
ပိုလို႔ေတာင္ဆိုး႐ြားေနပုံပဲ။

႐ႊယ္ပင္းအာႏွင့္စကားေျပာေနစဥ္မွာေတာင္
ဤပုံရိပ္ေယာင္အစီအရင္အား တစ္ခ်ိန္လုံးစူး
စမ္းေနျခင္းကိုေတာ့မရပ္တန့္ခဲ့ေပ။

ေတာင့္တင္းေနေသာရႈေထာင့္ျဖင့္ျမႇားမ်ား၊
ေတာင့္တင္းေနေသာရႈေထာင့္ျဖင့္ဆရာတူညီ
ေလးက်န္း၊ေတာင့္တင္းေနေသာရႈေထာင့္ျဖင့္
ပုံတူပြားထားေသာသစ္ပင္မ်ား။ထိုပုံရိပ္ေယာ
င္ထဲတြင္ သစ္ပင္တစ္ပင္တည္း၌သာ ေလႏွင္
ရာအတိုင္း ခပ္ျဖည္ျဖည္းယိမ္းယိုင္ေနေသာ
သစ္႐ြက္တစ္႐ြက္ရွိ၏။

ဝမ္႐ႊမ္သည္သူ႕ပင္ကိုယ္နည္းစနစ္ကိုအလိုလို
လိုက္နာခဲ့သည္။လက္ေခ်ာင္းထိပ္ကိုတစ္ခ်က္ပြတ္ဆြဲလိုက္ယုံျဖင့္ ေရခဲလႊာဓားသြားက
ခ်က္ခ်င္းလြင့္ထြက္လာၿပီး ထိုသစ္႐ြက္ကိုလွ်ပ္စီးေၾကာင္း၏အရွိန္ႏႈန္းျဖင့္ တိတိပပ
ထိုးေဖာက္သြားခဲ့သည္။

"ဝါး........."

အံ့အားသင့္ေသာအသံက သုံးဦးေျမာက္ပုဂၢို
လ္ထံမွထြက္ေပၚလာခဲ့သည္။

ဝမ္႐ႊမ့္ႏွလုံးသားေလးသည္ ပမာဏအနည္း
ငယ္ေလာက္ပိုနစ္ျမဳပ္သြားသေယာင္။ ထို႔
ေနာက္ အပိုင္းပိုင္းကြဲထြက္သြားေသာပုံရိပ္
ေယာင္ႏွင့္အတူ သူ႕မ်က္စိေရွ႕မွျမင္ကြင္းလ
ည္းတုန္ခါလ်က္ ေနာက္ဆုံးတြင္ ပတ္ဝန္းက်
င္အစစ္အမွန္ကေပၚထြက္လာခဲ့သည္။

မွန္းဆထားသည့္အတိုင္း ႐ႊယ္ပင္းအာက
လမ္းေဘးတြင္မတ္တပ္ရပ္ေနၿပီး သူမကို
တစ္ေယာက္..ႏွစ္ေယာက္..သုံးေယာက္..
ေလးေယာက္.. စုစုေပါင္းအမ်ိဳးသားေလးဦး
ကဝန္းရံထားသည္။ အတူေရတြက္ၾကည့္မ
ည္ဆိုလွ်င္ အေျခခံတည္ေထာင္ျခင္းအဆင့္
လူငါးဦးေရာက္ရွိေနျခင္းပင္။ခ်င္ရွိယြီေရာက္
မလာျခင္းကသာတစ္ခုတည္းေသာအားသာ
ခ်က္ျဖစ္ေလသည္။

ငါးေယာက္ ႏွစ္ေယာက္?

ထိုလူအုပ္ကိုလွမ္းၾကည့္ရင္း ဝမ္႐ႊမ္ခါးခါး
သီးသီးၿပဳံးလိုက္၏။

မဟုတ္ဘူး...ဒါက ငါးေယာက္ တစ္ေယာက္ပဲ

ေျမျပင္အႏွံျပန့္က်ဲေနေသာ ျမႇားအတုမ်ား
ေပ်ာက္ကြယ္သြားသည္ႏွင့္ ခြၽန္ျမေနေသာဓားတစ္လက္က ဝမ္႐ႊမ္ႏွင့္က်န္းရီတို႔ မူလက
ရပ္ေနေသာ အမိုးခုံးေဘးမွေျမျပင္ေပၚသို႔ထိုး
စိုက္သြားခဲ့သည္။

ထိုခြၽန္ျမေသာဓားကထူထပ္ယုံသာမကရွည္
လည္းရွည္လ်ားၿပီး က်န္းရီမူလကရပ္ေန
ေသာေနရာသို႔ထိုးစိုက္သြားခဲ့သည္။ ဝမ္႐ႊမ္သာ က်န္းရီသည္ပုံရိပ္ေယာင္ျဖစ္ေၾကာင္းသတိမထားမိဘဲ ကယ္တင္ရန္ဆက္လက္
ႀကိဳးပမ္းပါက ထိုဓားျဖင့္ထုတ္ခ်င္းေပါက္
ထိုးမိလ်က္ သံသယျဖစ္ဖြယ္မရွိေအာင္ အ
သက္ပါေပ်ာက္သြားေပမည္။

ထိုအမိုးခုံးသည္ ဝမ္႐ႊမ္မူလကရပ္ေနေသာေနရာတြင္ေပၚေပါက္လာခဲ့သည္။ထိုပစၥည္း
ႏွစ္ခုက အစုံလိုက္ျဖစ္ေၾကာင္းထင္ရွားလွသ
ည္။ပုံရိပ္ေယာင္ထဲတြင္ က်န္းရီလည္း ဝမ္႐ႊမ္
သည္ရပ္ၿမဲအတိုင္းရပ္လ်က္ ၾကက္ေသေသ
ေနဆဲျဖစ္ေၾကာင္းျမင္ခဲ့ရၿပီး ထိုေနရာသို႔အ
လ်င္အျမန္ေျပးသြားေစရန္ေထာင္ေခ်ာက္ဆ
င္လ်က္ က်န္းရီေျပးသြားသည္ႏွင့္ အမိုးခုံးကခ်ဳပ္ႏွောင္လိုက္ေပမည္။အလြန္ကံဆိုးစြာျဖင့္
......သူတို႔ေအာင္ျမင္ခဲ့ၾကသည္။

ထိုအမိုးခုံး၏ ေ႐ႊေရာင္ေဖ်ာ့ေဖ်ာ့အတြင္းပိုင္း
တြင္ လုံၿခဳံစြာခ်ဳပ္ႏွောင္ခံထားရေသာက်န္းရီ
ကိုဝမ္႐ႊမ္လွမ္းျမင္လိုက္ရသည္။ က်န္းရီက
ေဒါသတႀကီးအံႀကိတ္လ်က္အသြင္အျပင္မွာ
ျမင္မေကာင္းရႈမေကာင္းျဖစ္ေနခဲ့သည္။

စိုးရိမ္စိတ္ကႏွလုံးသားကိုကေမာက္ကမျဖစ္ေစတတ္သည္ဟု လူေတြကဆိုၾကသည္။
က်န္းရီသည္ ဤအဆိုကမွန္ကန္ေၾကာင္း
ေထာက္ခံသကဲ့သို႔ ေထာင္ခ်က္ထဲသက္ဆင္း
မိေလသည္။

က်န္းရီက ထိုေနရာတြင္ထိုင္ေနၿပီးေသရမည့္
အခ်ိန္ကိုေစာင့္မေနေပ။လက္ရွိတြင္ ဓားပ်ံကို
ကိုင္ေဆာင္လ်က္ အမိုးခုံး၏မ်က္ႏွာျပင္ကို
ေဒါသတႀကီးထိုးဆြလ်က္ရွိသည္။

"ဆရာတူညီေလးက်န္း"

"မင္းအဆင္ေျပရဲ႕လား?"

ထိုပုံရိပ္ေယာင္အစီအရင္သည္ ယခင္ကတ
ည္းက လူႏွစ္ဦး၏အသံကိုရွင္းလင္းစြာ ကန့္
သတ္ထားခဲ့သည္။ယခုအခ်ိန္တြင္ က်န္းရီ
သည္ သူ႕ကိုလွမ္းေခၚေနေသာဝမ္႐ႊမ့္အသံကို
ၾကားေသာ္လည္း အမိုးခုံးကိုသာပို၍ၾကမ္း
ၾကမ္းတမ္းတမ္းထိုးဆြခဲ့သည္။သို႔ေသာ္
အမိုးခုံးကေတာ့ မေျပာင္းမလဲမူလအတိုင္းရွိ
ေနဆဲ။

"မင္းရဲ႕စြမ္းရည္ကိုျဖဳန္းတီးမေနစမ္းပါနဲ႕"

သမင္ေခါင္းကဲ့သို႔ဦးေခါင္း၊ႂကြက္မ်က္လုံးကဲ့
သို႔မ်က္လုံးမ်ားႏွင့္ပုပုကြကြလူတစ္ေယာက္ကရယ္ေမာလာခဲ့သည္။

"ဒီေ႐ႊအိုေရာင္ပုစဥ္းရင္ကြဲအမိုးခုံးကဘာမွ
အံ့ၾသစရာမဟုတ္ရင္ေတာင္ ငါအေျခခံတည္
ေထာင္ျခင္းအဆင့္ကိုေရာက္ၿပီးေတာ့ ငါ့ရဲ႕
စြမ္းအားကိုအံ့ၾသစရာေကာင္းေလာက္ေအာင္
အသုံးခ်ၿပီးမွရွာေတြ႕ခဲ့တာ မင္းလိုခ်ီသန့္စင္
ျခင္းအဆင့္ပဲရွိေသးတဲ့ေကာင္က ဒါကိုခ်ိဳး
နိုင္မယ္လို႔မ်ားထင္ေနလား?ဥာဏ္ရွိရွိေတြး
စမ္းပါ!"

(note/တကယ္ႀကီးသမင္ေခါင္းနဲ႕ႂကြက္မ်က္
လုံးမဟုတ္ဘူးေနာ္ ႐ုပ္ဆိုးတာကိုသ႐ုပ္ေဖာ္
ထားတာ😆)

ဤပုဂၢိုလ္က လုံးဝန္းေသာပုလဲတစ္လုံးကို
သူ႕ရင္ဘတ္တြင္ခ်ိတ္ဆြဲလ်က္ အဝါေရာင္ေတာက္ေတာက္ က်င့္ႀကံသူဝတ္႐ုံရွည္ကိုဝတ္ဆင္ထားၿပီး သန္ရွင္းဂိုဏ္းမွလာသူျဖစ္
ေၾကာင္းေဖာ္ျပလ်က္ရွိေပသည္။

ထိုစကားေျပာၿပီးသည္ႏွင့္ အမိုးခုံး၏အေရာ
င္က႐ုတ္တရက္ေျပာင္းလဲသြားခဲ့သည္။အ
တြင္းပိုင္းမွ ခရမ္းေရာင္လွ်ပ္စီးလုံးမ်ားထြက္
ေပၚလာၿပီး က်န္းရီကို အညွာအတာမဲ့စြာရိုက္
ခတ္လာၾကသည္။က်န္းရီ၏တုံ႕ျပန္မႈသည္ အလြန္လ်င္ျမန္၏။ခုခံကာကြယ္ေရးေမွာ္လ
လက္နက္မ်ားကို ခ်က္ခ်င္းထုတ္၍ သူ႕ကိုယ္
သူအျပည့္အဝကာကြယ္လိုက္ေလသည္။

ထိုအခ်ိန္တြင္ ဝမ္႐ႊမ္သည္ သိသာေပၚလြင္ျခ
င္းမရွိေသာ သူ႕ဓား၏အရိပ္*ကိုေစလႊတ္ခဲ့သ
ည္။သူ႕ဓားပ်ံေရွ႕ေျပးနိမိတ္လည္း ခ်က္ခ်င္း
ေပၚထြက္လာၿပီး အမိုးခုံး၏အျပင္ဘက္ကို
ၾကမ္းတမ္းစြာရိုက္ခတ္သြားခဲ့သည္။

(note/*ဓားရဲ႕အလင္းကေနပုံရိပ္ေယာင္အ
ျဖစ္ဖန္တီးတာကို E translator ကဒီအပိုင္းက
စၿပီး'အရိပ္'လို႔ပဲသုံးတာမို႔zuriလည္းလိုက္
ေျပာင္းထားပါတယ္)

သို႔ေသာ္ ဓားပ်ံေရွ႕ေျပးနိမိတ္သည္ဓားပ်ံေရွ႕
ေျပးနိမိတ္ျဖစ္ဆဲပင္။အေျခခံတည္ေထာင္ျခ
င္းအဆင့္သို႔ ျပန္က်ခဲ့ျခင္းေၾကာင့္ ဝမ္႐ႊမ္
အားနည္းေနလွ်င္ေတာင္ ဓားကေတာ့အားျပ
င္းခိုင္မာေသာ လက္နက္တစ္လက္ျဖစ္ေနေသးသည္။အႀကိမ္ေရအနည္းငယ္ေလာက္ပို
ရိုက္နိုင္သေ႐ြ႕ အမိုးခုံးကိုၿဖိဳခြင္းျခင္းကအ
ဆုံးသတ္တြင္တကယ္ျဖစ္လာလိမ့္မည္။

မည္သို႔ပင္ျဖစ္ေစ ဆန့္က်င္ဘက္တြင္ရပ္ေန
ေသာလူငါးဦးက က်န္းရီကိုကယ္ထုတ္ျခင္း
အား မ်က္လုံးအျပဴးသားျဖင့္မလႈပ္မယွက္
ၾကည့္ေနမည္ေလာ?

သူတို႔ထဲမွႏွစ္ဦးက ဓားကိုျမႇောက္၍ ကြဲျပား
ေသာရႈေထာင့္မ်ားမွတဆင့္ ဝမ္႐ႊမ့္ကိုအတူ
တကြစတင္တိုက္ခိုက္လာၾကသည္။ဘယ္၊
ညာ ေရွာင္တိမ္းေစရန္ဖိအားေပးလ်က္ရွိၿပီး
အလြန္အလုပ္ရႈပ္လွသည္အတြက္ အျခား
မည္သည့္ကိစၥကိုမွ အာ႐ုံမစိုက္နိုင္ေတာ့ေပ။

ထိုလူႏွစ္ဦးတြင္ တစ္ဦးကအရပ္ရွည္၍ခႏၶာ
ကိုယ္ေတာင့္တင္းၿပီး က်န္တစ္ဦးကပိန္သြယ္
သြယ္ျဖစ္၏။သူတို႔ဝတ္ထားေသာဝတ္႐ုံက
႐ႊယ္ပင္းအာဝတ္ထားေသာဝတ္႐ုံႏွင့္ အလြန္
ဆင္တူလွသည္။သူတို႔ႏွစ္ဦးသည္ ႐ႊယ္ပင္း
အာေခၚလာေသာ ျမႇောက္ပိုင္းဖန္လိုင္ဂိုဏ္းမွ
အကူႏွစ္ဦးျဖစ္ေၾကာင္းသိသာေပသည္။

"ဟားဟား က်င့္ႀကံသူဝမ္ကတကယ္ပဲကြၽမ္း
က်င္လွပါတယ္"

နားသယ္စပ္မွဆံႏြယ္မ်ားကို လက္ေခ်ာင္းျဖ
င့္လိမ္ရစ္ကစားရင္း ႐ႊယ္ပင္းအာကေၾကာက္
စရာေကာင္းစြာရယ္ေမာလာသည္။

"ကြၽန္မတို႔ေတြးထားတာ ရွင့္ကိုအနိုင္ယူၿပီး
အဲ့ဒီေကာင္စုတ္ကို ညွဥ္းပန္းမလို႔ေလ ကြၽန္မ
တြက္ထားတာမွားလိမ့္မယ္လို႔ ဘယ္သူကထင္ပါ့မလဲ"

"ဟီးဟီးဟီး အခုအေျခအေနနဲ႕သူ႕ကိုတည့္တိုး
ႏွိမ္နင္းတာကဘာမ်ားကြာေသးလို႔လဲ?တစ္
ဆင့္ေလာက္ပိုလုပ္ရယုံပဲ ဒါပဲေလ"

ေျမေခြးတစ္ေကာင္ကိုမ်က္ဝန္းမ်ားႏွင့္ အန
ည္းငယ္ၾကည့္ေကာင္းေသာ အမ်ိဳးသားေနာ
က္တစ္ဦးကပါးစပ္ဟလိုက္သည္ႏွင့္ ဝါးမတ
တ္စားမတတ္ပုံစံျဖင့္ေျပာလာခဲ့သည္။သူ
သည္လည္း ေကာက္က်စ္စဥ္းလဲ၍ ယုတ္မာ
သူတစ္ဦးျဖစ္ေၾကာင္းထင္ရွားသည္။

ဤလူသည္ ေကာ္လာေပၚတြင္ငွက္ေမႊးရင္
ထိုးတပ္ဆင္ထားေသာ ၾကက္ေသြးေရာင္ဝတ္
႐ုံကိုဝတ္ဆင္ထားၿပီး 'မိုးျပာေတာင္ပံ'ဂိုဏ္းမွ
လာသူျဖစ္သည္။

ဝမ္႐ႊမ္ ႏွစ္ေယာက္၊တစ္ေယာက္ရင္ဆိုင္ေနစ
ဥ္တစ္ခ်ိန္တည္းတြင္ ထိုလူငါးဦးစလုံးကို
ေအးစက္စက္မ်က္ဝန္းမ်ားျဖင့္ ေလ့လာခဲ့သ
ည္။ထို႔ေနာက္ ႏွာေခါင္းရႈံ႕လ်က္

"မိုးျပာေတာင္ပံဂိုဏ္း၊သန္ရွင္းဂိုဏ္း၊ေျမာက္
ပိုင္းဖန္လိုင္ဂိုဏ္း။ အဲ့ဒီေတာ့မင္းတို႔ အျပင္
မ်ိဳးႏြယ္စုသုံးခုလုံးဒီေန႕လာဆုံၾကတယ္ေပါ့?"

ဖန္လိုင္ဂိုဏ္းတြင္ေျမာက္ပိုင္းဖန္လိုင္ဂိုဏ္းခြဲ
ရွိၿပီး သန္ရွင္းဂိုဏ္းတြင္လည္း အျပင္ဘက္
သန္ရွင္းဂိုဏ္းခြဲရွိသည္။ယခုေတာ့ ခရမ္း
ေတာင္ပံဂိုဏ္း၏ဂိုဏ္းခြဲျဖစ္ေသာ မိုးျပာေတာင္ပံဂိုဏ္းပါ ပါလာေခ်ၿပီ။

၎တို႔အားလုံးသည္ ဗဟိုရွန္ျပည္ေထာင္၏
က်င့္ႀကံေရးဂိုဏ္းႀကီးမ်ားမွ ေျမာက္ပိုင္းနင္
ျပည္ေထာင္တြင္ျဖန့္က်က္ရန္အသုံးျပဳထား
ေသာ႐ြက္ဖ်င္တဲမ်ားပမာ။ထိုဂိုဏ္းအားလုံးကို ေျမာက္ပိုင္းနင္ျပည္ေထာင္၏ အျပင္မ်ိဳး
ႏြယ္သုံးစုဟုေခၚၾကသည္။

တစ္ခ်ိန္တည္းတြင္ တိမ္ခြန္တိမ္တိုက္ဂိုဏ္းကို
ေခါင္းေဆာင္အေနျဖင့္သတ္မွတ္၍ ေျမာက္
ပိုင္းနင္ျပည္ေထာင္မွသက္ဆင္းလာေသာ
အျခားဂိုဏ္းမ်ားကိုေတာ့ အတြင္းမ်ိဳးႏြယ္
ေလးစုဟုေခၚဆိုၾကသည္။

ထိုမ်ိဳးႏြယ္ဟုအားလုံးကို ေျမာက္ပိုင္းနင္ျပ
ည္ေထာင္၏ 'လွ်ို႔ဝွက္ဆန္းၾကယ္ဂိုဏ္းခုနစ္
သြယ္'ဟုေခၚဆိုၾကေလသည္။ႏွိုင္းယွဥ္ရမ
ည္ဆိုလွ်င္ အတြင္းမ်ိဳးႏြယ္ေလးစုမွတပည့္
မ်ားက အေတာ္ႏွိမ့္ခ်၍ေနတတ္ၾကၿပီးဂူပိတ္
က်င့္ႀကံျခင္းကိုႏွစ္သက္ၾကသည္။အျပင္
ေလာကသို႔ခရီးထြက္၍ အေတြ႕အႀကဳံရွာလို
လွ်င္ေတာင္ ျပသနာရွာျခင္းကိုမႀကိဳက္သူ
မ်ားသာျဖစ္သည္။

အျပင္မ်ိဳးႏြယ္သုံးစုကေတာ့ ၎တို႔၏အဓိ
ကဂိုဏ္းမ်ားႏွင့္သ႑ာန္တူၿပီး လူတြင္က်ယ္
မ်ားျဖစ္ၾကသည္။သူတို႔၏ျဖစ္တည္မႈကခ်န္
ထားခဲ့ေသာ ေက်ာ္ၾကားမႈမ်ားကို ေနရာအႏွံ႕ေတြ႕နိုင္ေပသည္။

"ဘာအျပင္မ်ိဳးႏြယ္သုံးစုလဲ?ဒီအခ်ိန္ကေလာ
ကုတၱရာကိစၥေတြကို ခြဲျခားေနရမယ့္အခ်ိန္လား? ဒီေန႕ ငါတို႔ဂိုဏ္းရဲ႕နာမည္နဲ႕လာၾကတာ
မဟုတ္ဘူး"

ေျမေခြးမ်က္လုံးႏွင့္အမ်ိဳးသားက ၿပဳံးရင္းဆ
က္ေျပာလာသည္။

"ဒါကပန္းေလးလိုလွတဲ့အသြင္နဲ႕လဝန္းေလးလိုခ်စ္စရာေကာင္းတဲ့မ်က္ႏွာ၊သိမ္ေမြ႕ၿပီးညွို႔ငင္တတ္တဲ့႐ႊယ္မိန့္မိန္ေၾကာင့္ပဲ ၿပီးေတာ့ငါ
တို႔လိုေယာက်ာ္းသားေတြအေနနဲ႕ သူမအနိုင္
က်င့္ခံခဲ့ရတာကို သည္းမခံနိုင္လို႔ သူမနဲ႕အတူအေဖာ္လိုက္လာေပးၾကတာ ဒီေလာက္ပဲ"

တစ္နည္းဆိုရေသာ္ ဤျပသနာသည္ဂိုဏ္းမ်ားႏွင့္မဆိုင္ဘဲ ႐ႊယ္ပင္းအာ၏ကိုယ္ေရး
ကိုယ္တာကိစၥေၾကာင့္ပင္။

"အစ္ကိုေက်ာက္ သူ႕ကိုဘာကိစၥဒီအေၾကာင္း
ေတြေျပာေနတာလဲ"

႐ႊယ္ပင္းအာကမေက်မနပ္ဆိုလာသည္။

"သူဒီကလြတ္သြားၿပီးအစ္ကို႔ရဲ႕ဂိုဏ္းကိုတိုင္
တာ ဒါမွမဟုတ္ တစ္ခုခုလုပ္မွာကိုေၾကာက္ေနတာလား?"

သူမေျပာၿပီးသည္ႏွင့္ 'ခ်န္း'ဟူေသာျမည္သံ
တစ္ခုထြက္ေပၚလာသည္။ထိုအခ်ိန္ေလးအ
တြင္း ဝမ္႐ႊမ္သည္ၿပိဳင္ဘက္တစ္ဦး၏ဓားကို
ထက္ပိုင္းခ်ိဳးလိုက္၏။

႐ႊယ္ပင္းအာ၏မ်က္ႏွာသည္ခ်က္ခ်င္းမည္းေမွာင္သြားရသည္။ 'ဘယ္လိုအရႈံးသမားေတြ
လဲ' ဟုသာတိတ္တဆိတ္က်ိန္ဆဲလ်က္ သူမ
၏ေငြပိုးထည္စကိုထုတ္ကာ တိုက္ပြဲအတြင္း
သို႔ခုန္ဆင္းလာခဲ့သည္။

(note/လက္ေမာင္းမွာခ်ည္ထားတာမ်ိဳးပါရွ
င့္ ေတြ႕ဖူးၾကမယ္ထင္ပါတယ္ ေနာက္မွပုံရွာၿပီးထည့္ေပးထားပါမယ္)

ဝမ္႐ႊမ္က လူေပါင္းမ်ားစြာ၏တိုက္ခိုက္မႈကို
ေရွာင္ရွားရန္ဓားကိုအသုံးျပဳခဲ့ၿပီး ထိုတိုက္ခို
က္မႈအလယ္တြင္ အခြင့္အေရးကိုအသုံးခ်၍
ေရခဲလႊာဓားသြားကိုဆင့္ေခၚၿပီးျပန္ရိုက္ႏွက္
ခဲ့သည္။လူအမ်ားႀကီးႏွင့္တစ္ဦးတည္း ရင္
ဆိုင္ရခ်ိန္တြင္ေတာင္ သူ႕ကိုယ္သူဆိုးက်ိဳးတ
စ္ခုမွရွာမေတြ႕ခဲ့ေပ။

အဆုံးသတ္တြင္ ဝမ္႐ႊမ္သည္ယြမ္စုစည္းျခင္းအဆင့္မွျပန္က်ခဲ့ေသာ္လည္း ထိုးထြင္းသိျမ
င္မႈ၊အေတြ႕အႀကဳံႏွင့္စြမ္းရည္ကိုကြၽမ္းက်င္စြာအသုံးခ်တတ္မႈမ်ားပင္လွ်င္ အေျခခံတည္
ေထာင္ျခင္းအဆင့္က်င့္ႀကံသူတစ္ဦး ယွဥ္နိုင္ေသာအရာမ်ိဳးမဟုတ္ေပ။

ဒါေပမယ့္ငါးေယာက္၊တစ္ေယာက္ယွဥ္ေနရ
တာ ဘယ္ေလာက္ၾကာၾကာေတာင့္ခံနိုင္ပါ့
မလဲ?

ဝမ္႐ႊမ္ တျဖည္းျဖည္းပင္ပန္းေလၿပီ။သူ႕ခႏၶာမွ ပင္ပန္းႏြယ္နယ္မႈကို သတိျပဳမိေသာ္လည္း
အၾကည့္မ်ားကို အဆက္မျပတ္ေ႐ြ႕လ်ား၍
က်န္းရီကို အမိုးခုံးထဲမွကယ္ထုတ္ရန္ အခြင့္
အလမ္းရွာေနဆဲပင္။လတ္တေလာတြင္ ထို
အရာကသာ သူတို႔အသက္ရွင္နိုင္မည့္တစ္ခု
တည္းေသာ လမ္းေၾကာင္းျဖစ္ေပသည္။

               ..................................

T/N : <1> ဒီnovelထဲပါတဲ့ဂိုဏ္းေတြက

1.တံခြန္တိမ္တိုက္ဂိုဏ္း
2.ေျမာက္ပိုင္းဖန္လိုင္ဂိုဏ္း(ဖန္လိုင္ဂိုဏ္း၏
              ဂိုဏ္းခြဲ၊႐ႊယ္ပင္းအာႏွင့္ခ်င္ရွိယြီ)
3.သန္ရွင္းဂိုဏ္း
4.မိုးျပာေတာင္ပံဂိုဏ္း(ခရမ္းေတာင္ပံဂိုဏ္း
၏ဂိုဏ္းခြဲ)

တကယ္ေတာ့ဂိုဏ္းက4ဂိုဏ္းထဲပါ။အခြဲေတြ
ပါထည့္ရွင္းေတာ့နည္းနည္းရႈပ္သလိုျဖစ္
သြားမွာစိုးလို႔ပါရွင့္။

<2> က်န္းရီအဖမ္းခံရတာ ဝမ္႐ႊမ့္ပုံရိပ္ေယာ
င္ဆီေျပးသြားမိလို႔ပါ။ဝမ္႐ႊမ့္ကိုေတြ႕တာနဲ႕သူ႕စိတ္ေတြပ်ာေလာင္ခတ္ၿပီးအတုဆိုတာကိုေတာင္ေမ့သြားပုံပဲ

Continue Reading

You'll Also Like

16K 2K 6
Original author-象八亿 English translator-8oni I got the permission from the English translator. I don't own any part of this story.This is just fun t...
80.5K 8.9K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
179K 28.9K 89
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian T...
2.3M 315K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...