"မင်းတကယ် ငါ့ကိုချစ်လာရင်ကောင်းမယ်"
အိပ်နေတဲ့ရိပေါ်ရဲ့နဖူးကိုဖိနမ်းပြီးနဖူးပေါ်ဝဲကျနေတဲ့ဆံပင်လေးတွေကိုသပ်တင်ပေးရင်းရေရွတ်မိသည်။
ရှောင်းကျန့်ရဲ့ဘဝမှာ လူတစ်ယောက်ကိုရင်ခုန်ပြီးချစ်တယ်ဆိုတာ ရိပေါ်နဲ့ကျမှဖြစ်တည်လာတာမို့ ရိပေါ်ကိုအပိုင်လိုချင်ပါသည်။ဒါပေမယ့် သူပျော်ဖို့ထက်ရိပေါ်ပျော်ဖို့ကသာအဓိကလို့ သတ်မှတ်ထားသည့်သူ့အတွက် ရိပေါ်ရဲ့ဆန္ဒအတိုင်းတစ်သွေမတိုင်းလိုက်နာဖို့အသင့်ပင်။
"မင်းသာလိုအပ်ရင် ငါရဲ့အသွေးအသားတွေထိအကုန်ပေးနိုင်တယ် ဝမ်...... ဒါပေမယ့် မင်းကတော့ ငါ့ကိုပွင့်လင်းဖို့လိုမယ်"
သူများအမြင်တွင်တော့ ရယ်စရာကောင်းချ
င်ကောင်း
နေလိမ့်မည်။မြင်မြင်ချင်းအချစ်တဲ့လား ယောကျာ်းအချင်းချင်း လျှောက်အာချောင်နေတာ ဒါမျိုးတွေပေါ့။ကိုယ်ခံစားနေရတာ ကိုယ်တိုင်ပဲသိတာ မလို့ ကိုချစ်တဲ့လူအတွက်ကလွှဲရင် ဘယ်သူ့ကိုမှထုတ်မပြချင်တာအမှန်။ကိုယ်တိုင်လည်းတစ်လလောက်ကိုယ့်ကိုစမ်းသပ်ပြီးသေချာပြီဆိုမှ ရိပေါ်ရဲ့အနီးအနားကပ်သည်မို့။
"သားးးထမင်းစားဖို့သား သူငယ်ချင်းကိုအောက်ခေါ်ခဲ့လေ"
တံခါးကိုခေါက်ရင်းမားမားကအသံပေးတယ်။အိပ်နေတဲ့အကောင်ပေါက်ကမျက်ခုံးတွေတွန့်ချိုးသွားတာကြောင့်လက်ကအလိုလိုနားတွေကိုပိတ်ပေးမိလျက်သား။မျက်ခုံးလေးတွေပြေလျော့ခါမှ ခြေသံဖွဖွနဲ့အခန်းတံခါးဆီပြေးကာ မားမားနားသွားရတယ်။
"ရတယ် မားးးသားဗိုက်မဆာသေးဘူးး"
"မင်းမဆာလည်းး မင်းသူငယ်ချင်းးး"
"ရှူးးးးးးရှုးးးမား ရိပေါ်အိပ်နေတယ်"
ရိပေါ်နိုးမှာကြောက်လို့သူကအသံတိုးတိုးလေးပြောပါတယ်ဆိုမားကအကျယ်ကြီးထအော်တော့ သူ့မှာမားပါးစပ်ကိုပိတ်လို့အမြန်တားရသည်။
"မားကိုကြိုမှမပြောတာ ဖယ်ဉီးး မား အိပ်နေတာလေးကြည့်ချင်လို့"
သူ့တစ်ကိုယ်လုံးကိုတွန်းတိုက်ပြီးမားကအခန်းထဲဝင်သွားတယ်။ရိပေါ်အိပ်နေတဲ့ကုတင်ဘေးနားဝင်ထိုင်ကာ ရိပေါ်ရဲ့ပါးလေးတွေကိုလက်ညိုးလေးနဲ့ထိုးကြည့်လိုက် ဖွဖွလေးလက်နဲ့ကိုင်လိုက်နဲ့ တစ်ယောက်တည်းအလုပ်ရှုပ်နေသည်။
"မားးးး.....ဘာလုပ်နေတာလဲ"
"သူ့နာမည်ဘာတဲ့.... မား မမှတ်မိတော့လို့"
မေးတာပြန်မဖြေဘဲ ရိပေါ်ရဲ့ပါးကိုဖွဖွလေးဆွဲလို့ သူ့ကိုပြန်မေးနေတယ်။တကယ်ပဲမား ကဘာဖြစ်နေတာတုန်း....
"ဝမ်ရိပေါ်"
"ဝမ်ရိပေါ်တဲ့လားးးးး နာမည်လေးနဲ့လူနဲ့လိုက်ချက်တော့ ချစ်စရာလေးး...."
"မားးးနိုးသွားမယ်"
ပါးစပ် လေးလှုပ်စိလှုပ်စိဖြစ်လာတာမလို့ မားကိုအမြန်ဟန့်ရတယ်။
"အေးပါ သားကလည်းအဖြစ်သည်းလိုက်တာ မားကချစ်လို့ကို"
သူစိမ်းဆိုတော်ရုံမခင်တွယ်တတ်တဲ့မားကဒီလိုပြောလာတော့လည်းအံ့သြရပြန်သည်။ဝမ်ရိပေါ်မှာ ဘာpowerတွေများရှိနေပါလိမ့်။
"သားးး သူလေးကလေ သား10နှစ်သားတုန်းက ကစားကွင်းမှာလမ်းပျောက်လို့အော်ငိုနေတဲ့ကလေးလေးကိုမှတ်မိလား"
"မမှတ်မိဘူးးဘာလို့လဲ မား"
"အဲ့ကလေးနဲ့ဆင်သလားလို့ ပါးဖောင်းဖောင်းလေးတွေရယ် ပြီးတော့ ဒီနှာခေါင်းလုံးလုံးလေး နဲ့နူတ်ခမ်းဆူထော်ထော်လေးတွေကတော်တော်ကိုတူတာ"
"ကျွန်တော် မမှတ်မိတော့ဘူးး"
"ထားပါလေ အတိတ်ကဟာတွေကပြန်ပြောလို့လည်း ဘာမှမထူးလာဘူး"
"........."
"ဒါဆိုလည်း သူနိုးလာရင် သားနဲ့အတူတူစားဖို့မားး ချန်ထားပေးမယ် မားသွား
တော့မယျ"
"ဟုတ် မား"
လှည့်ကြည့်လှည့်ကြည့်နဲ့မားကအခန်းပြင်ထွက်သွားသည်။သူလည်းအခန်းတံခါးကိုသေချာlockချကာ ရိပေါ်ဘေးဝင်လှဲလိုက်တယ်။ရိပေါ်ဘက်ခေါင်းစောင်းအိပ်နေတဲ့အနေအထားတွင် ပက်လက်အိပ်နေတဲ့ရိပေါ်ကပါ သူ့ဘက်ကိုစောင်းလာတော့မျက်နှာချင်းဆိုင်သွားသည်။တစ်ယောက်ရဲ့ဝင်လေထွက်လေပါခံစားနေမိတဲ့အခိုက်အတန့်လေးမှာရှောင်းကျန့်ဟာ ရရင်ရသလိုအခွင့်အရေးကိုယူချင်ပါသည်။ရိပေါ်ရဲ့ခေါင်းအောက်ကိုလက်လျှိုသွင်းလိုက်ပြီးခန္တာကိုယ်ကိုရိပေါ်ဘက်တဖြည်းဖြည်းတိုးသွားလိုက်သည်။ပြီးနောက်ရိပေါ်ရဲ့ခါးလေးကိုဖက်ပြီးသူလည်းအိပ်စက်ခြင်းဆီသို့။
************************************
"မားး ! မား! မားးး!!ကျန့်ကျန့် ဟိုဟာ ဆော့ချင်တယ် ဟိုဟာ"
မားမားရဲ့လက်ကိုဆွဲကာ ပူဖောင်းလေးတွေကိုဖောက်ပြီးအရုပ်ယူရတဲ့နေရာလေးကိုလက်ညိုးညွှန်ပြနေတဲ့ရှောင်းကျန့်လေး။ဒီနေ့ကကျောင်းပိတ်ရက်ဖြစ်တာကတစ်ကြောင်း ရုံးပိတ်ရက်လည်းဖြစ်တာကြောင့် ကစားကွင်းတွင်လူငယ်လူရွယ်ပေါင်းစုံပြည့်နှက်နေသည်။
"အီးးးဟီးးးးဟင့် မားမားး မားမားး!!!"
ရှောင်းကျန့်တို့ရဲ့မလှမ်းမကမ်း အာသာပူစီ ဆိုင်ရှေ့လေးတွင် ရေခဲမုန့်လေးကိုင်ကာ အော်ငိုနေသောကလေးတစ်ယောက်။ပါးဖောင်းဖောင်းနဲ့အစိမ်းလုံးလေးကတကယ်ကိုချစ်ဖို့ကောင်းသည်။အရမ်းတက်ကြွေနေတဲ့ရှောင်းကျန့်လေးခမျာ ထိုကလေးကိုမြင်လည်းမြင်ရောပူဖောင်းဆိုင်ဆီဉီးတည်နေရာကနေ ထိုကလေးလေးဆီသို့။
"ညီလေးးးးညီလေးးးဘာဖြစ်လို့လည်း "
မားမားရဲ့လက်ကိုဖြုတ်ကာ ညီလေးဆီလှုပ်တုတ်လှုပ်တုတ်နဲ့ပြေးသွားတဲ့ ရှောင်းကျန့်ကိုကြည့်ရင်းမားမားမှာ မျက်နှာမှာအပြုံးပန်းလေးတွေဝေဆါလို့ ။ကျန့်ကျန့်လေးတော င်ရအရွယ်ရောက်လာပြီပဲ။
ကလေးလေးက ရှောင်းကျန့်ကိုမြင်တော့အငိုတိတ်ကာ တခစ်ခစ်ရယ်တယ်။
"ခစ်ခစ်.....တိုတိုက သွားး ကြီးကြီး ပဲ"
သူ့ကိုလည်းမြင်ရောတခစ်ခစ်နဲ့ရယ်လာတဲ့ ကလေးပေါက်လေးကြောင့် ရှောင်းကျန့်ပါရောယောင်လို့လိုက်ပြုံးမိသွားတယ်။
"တိုတို က သွားကြီးကြီးပဲ"
ကစားကွင်းထဲကဒန်းလေးပေါ်ထိုင်နေရင်းလည်းကလေးပါက်က သူ့ကိုဒီစကားတစ်ခွန်းပဲပြောတယ်။
"ညီလေးးးညီလေးးရဲ့ မားမားရော..."
"ဘူးးးးးးးးးခစ်ခစ်....အားးးဟီးးဟီးး"
နူတ်ခမ်းကိုဘူးကနဲလုပ်ကာတံတွေးတွေဆော့နေသောကလေးပေါက်က တော်တော်ကိုအူမြူးနေပုံရသည်။တခစ်ခစ်ရယ်နေပုံကပါးဖောင်းဖောင်းတွေကိုဆွဲကိုက်ပစ်ချင်စရာ။
"တိုတို ခေါ်....တိုတို ခေါ်"
လက်ဆန့်တန်းကာခေါ်ခိုင်းနေတာကြောင့်ကလေးပေါက်ကို ချီပြီး ပေါင်ပေါ်
ထိုင်ခိုင်းလိုက်သည်။
"တိုတို.... တိုတိုနူတ်ခမ်းအောက်မှာ ချောကလက်ဖက်ကြီးကပ်နေတယ်....သားသားစားလိုက်မယ်"
နူတ်ခမ်းအောက်ကိုလျှာနဲ့ယက်ကာသွားနဲ့ပါကိုက်နေသေးသည်။
"မဟူတ်ဘူးးး အဲ့တာမှဲ့....ညီလေးရဲ့....မှဲ့"
"ဟုတ်ရား"
"အင်းးး"
"သားးးးဝမ်လေးးး"
"အီးးးးဗြဲ...."
သူ့မားအသံကြားလို့ထင် သူ့ရင်ခွင်ထဲက ကလေးပေါက်က အော်ငိုလာသည်။
"သားး တောင်းပန်ပါတယ်နော်.... မားမား သားလက်ကိုမဆွဲထားမိတာ"
"တိုတို....တိုတို....တိုတို..."
သူ့မားမား လက်ထဲရောက်သွားတာနဲ့ လက်သေးသေးလေးတွေကိုဆုပ်ချည်ဖြန့်ချည်လုပ်ကာ ရှောင်းကျန့်ဆီလက်လှမ်းနေတယ်။လက်သေးသေးလေးတွေကို ဆုပ်ကိုင်ပေးလိုက်တော့သူ့မားမားလက်ထဲကရုန်းပြီးးသူ့ပေါ် ကုပ်ကပ်တက်နေ၏ယ
"သားးးကိုကိုက ပြန်ရဉီးမှာလေ"
"အီးးးဟီးးးတိုတို...ဟင့်အင်းးးတိုတို........"
"ကဲပါ ညီမရယ် ညီမလည်းအချိန်ရှိတယ်ဆိုရင် ကျဲတို့သားအမိနှစ်ယောက်နဲ့အတူတူလည်ကြတာပေါ့ ကလေးတွေလည်းပျော်သွားအောင်"
"ဒါဆိုရင် အားနာစရာဖြစ်ကုန်ပြီ"
************************************