Unicode
အခန်း(၃၂၅) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
သွမ့်ယွီယန်က သူ့မျက်လုံးကို မြှင့်လိုက်ပြီး ယွမ်ထျန်းဝမ်အား ပြုံးကြည့်လိုက်သည်။
"အမှန်ပဲ, လောင်ဇီက အခု သွမ့်မိသားစုရဲ့ ခေါင်းဆောင်ပဲ, ကျွန်တော့မျိုးဆက်သစ်က ဘယ်သူကမှ ကျွန်တော့လောက် မတော်မှာပဲ စိုးမိတယ်, ဟုတ်တယ်နော်?"
အခုချိန်မှာ လင်ရွှမ်းဇီနဲ့ ယွမ်ထျန်းဝမ်လိုမျိုး သူနဲ့မျိုးဆက်တူတဲ့ သူတွေက အများဆုံးမှ သခင်လေးတွေပဲရှိသေးတာလေ, သူတို့အထက်မှာ မိသားစုခေါင်းဆောင်တွေ အကြီးအကဲ တွေရှိသေးတယ်, အခုတော့သူက ပထမအဆင့် မိသားစုတစ်ခုရဲ့ ခေါင်းဆောင်သခင်ကြီး ဆိုတဲ့ ဂုဏ်ထူးကို ကိုင်ဆောင်ထားနိုင်နေပြီ, အကယ်၍ အဲ့ဒီစကားလုံးသာ အပြင်မှာ ပျံ့သွားရင် သူ့ကို လေးစားအားကျတဲ့လူတွေ ဘယ်လောက်တောင်များမလဲ ဘယ်သူသိမှာလဲ
"တိမ်တိုင်းမှာ ငွေရောင်အလွာတွေရှိတယ်" ဆိုတာက ဒါပဲလေ
ယန်ထျန်းဟန်ရဲ့ မျက်လုံးက တောက်ပနေသည်။
"ဂုဏ်ယူပါတယ် ကိုကိုယွီယန်! အခုတော့ အကိုက သွမ့်မိသားစုကို အုပ်စိုးနိုင်သွားပြီပေါ့, ထပ်ပြီး အနိုင်ကျင့်ခံရမှာ မဟုတ်တော့ဘူး!"
"သေချာတာပေါ့" ယွမ်ထျန်းဝမ်က ယုံကြည်မှု လွန်ကဲစွာဖြင့် ပြောလာသည်။
"ကိုယ်တို့ယွမ်မိသားစုရဲ့ ဇနီးလေးက တစ်ခြားသူတွေ အနိုင်ကျင့်ခံရမယ့် ဖြစ်နိုင်ခြေမျိုး ဘယ်တော့မှ မဖြစ်စေရဘူး, သွမ့်မိသားစုတစ်ခုလုံးက ကိုယ့်အဖေနှစ်ယောက်ရဲ့ ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်တစ်ခု သက်သက်ပဲ, အနာဂတ်မှာဆိုရင် ယွမ်မိသားစုရဲ့ အရာအားလုံးက မင်းဟာပဲ"
သွမ့်ယွီယန်မှာတော့ ပါးစပ်အပြည့် ချိုမြိန်မှုများ သွပ်သွင်းခံလိုက်ရတာကြောင့် နင်လုနီးပါး ဖြစ်သွားရသည်။ သူက ယွမ်ထျန်းဝမ်အား တွန်းလိုက်ပြီ တမင်သက်သက် မျက်နှာတည်တည် ထားလိုက်သည်။
"သွားစမ်း, သွားစမ်း, ဘယ်လိုပေါက်ကရ စကားတွေ လာပြောနေတာလဲ?"
ယွမ်ထျန်းဝမ်ကတော့ ပြုံးနေသည်။
ယန်ထျန်းဟန်သည် သူတို့တွေ အရမ်းကို ချိုချိုမြိန်မြိန်လေး ဖြစ်နေတာမြင်တော့ အထင်မကြီးပဲ မနေနိုင်တော့ပေ။ သူနဲ့သူ့အကိုကြီးရော ဘယ်အချိန်မှများ ဒီလိုမျိုး သူတို့အဖေတွေ အတူတူ ကောင်းချီးပေးတာမျိုးကို ခံရနိုင်မလဲ မသိဘူး။
လင်ရွှမ်းဇီက ယန်ထျန်းဟန်ရဲ့ ရင်ထဲက အားကျတဲ့ အမူအယာကို မှတ်သားမိတာကြောင့် သူ့လက်ကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်ပြီး စိတ်ချစေရန်အတွက် ဖြစ်ညှစ်ပေးလိုက်သည်။
"ငါတို့တွေ နယ်မြေကြီးကိုးခုကိုရောက်ရင် ပထမဆုံးလုပ်မယ့်အရာက ပါးပါးကို သွားရှာဖို့ပဲ"
ယန်ထျန်းဟန်က အံသြတကြီးမေးသည်။
"အကိုကြီး, ကျွန်တော် အဖေ့အကြောင်း တွေးမိသွားတယ်ဆိုတာလည်း ပြောနိုင်တာပဲလား?"
လင်ရွှမ်းဇီက ခပ်ဖျော့ဖျော့ပြုံး၏။
"မင်းဘာပဲ စဉ်းစားနေပါစေ မျက်နှာမှာ အကုန်ရေးထားတဲ့ဟာကို ဘယ်လိုလုပ် မမြင်ပဲနေမှာလဲ?"
ယန်ထျန်းဟန်က သူ့မျက်နှာလေးကို ပွတ်သပ်လိုက်တော့သည်။
သွမ့်ယွီယန်က ထိုမြင်ကွင်းကိုမြင်သော လှမ်းနောက်သည်။
"ငါစိုးရိမ်မိတာကတော့ မင်းတို့နှစ်ယောက် ကိစ္စကို ဦးလေးလင် သိသွားလို့ တစ်စုံတစ်ယောက်ကို ရိုက်နှက်ချင်ရင်တောင် သူရိုက်ချင်တဲ့ တစ်စုံတစ်ယောက်က လင်ရွှမ်းဇီပဲ ဖြစ်လိမ့်မယ် မင်းတော့မဟုတ်ဘူး"
လင်ရွှမ်းဇီက ခေါင်းညိတ်သည်။
"အရမ်းဖြစ်နိုင်တယ်"
ယွမ်ထျန်းဝမ်က ခပ်ဖျော့ဖျော့ မျက်မှောင်ကျုံ့လေသည်။
"အကယ်၍ ငါ့မှာ မေးခွင့်ရှိမယ်ဆိုရင် မင်းအဖေ, သူ....."
လင်ရွှမ်းဇီက ပြန်ဖြေသည်။
"သူအသက်ရှင်နေတုန်းပဲ ပြီးတော့ သူအခု နယ်မြေကြီးကိုးခုမှာ ရှိနေတာ ဖြစ်လိမ့်မယ်, အဲ့ဒီကိစ္စက တိုက်ကြီးငါးတိုက်ရဲ့ တစ်သီးတစ်သန့်မိသားစုတွေ ပါဝင်ပတ်သတ်နေတယ်, အဲ့ဒါကို အခန်းထဲမှာပြောတာ ပိုကောင်းလိမ့်မယ်"
"အမှန်ပဲ" ယွမ်ထျန်းဝမ်က သဘောတူသည်။
"ယွီယန်ရဲ့ ခန္တာကိုယ်ကလည်း အကြာကြီးရပ်ဖို့ မသင့်တော်ဘူး, အရင်ဆုံး အထဲဝင်ကြရအောင်"
လှပတဲ့ အုတ်ကြွပ်မျိုးများဖြင့် ပြည့်နှက်နေသော တောင်သခင်လေးယွမ်၏ ခမ်းနားထည်ဝါလှသည့် ကိုယ်ပိုင် အဆောက်အဦး ရှိရာသို့ လူအုပ်လိုက် ချီတက်သွားကြသည်။
လင်ရွှမ်းဇီသည် ဒီရက်ပိုင်းအတွင်း သူ့အတွေ့အကြုံများ အကြောင်းကို ရိုးရိုးရှင်းရှင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် ပြောပြလိုက်သည်။ သူ့အတွက်တော့ သွမ့်ယွီယန်နဲ့ ယွမ်ထျန်းဝမ်တို့ နှစ်ယောက်လုံးက ယုံကြည်ထိုက်သူတွေပင်။ သွမ့်ယွီယန်ကတော့ ပြောနေစရာတောင် မလိုအပ်ဘူး။ အရင်ဘဝမှာတုန်းက သွမ့်ယွီယန်က အဆုံးထိတိုင်အောင် ယန်ထျန်းဟန်ကို ဘယ်သောအခါမှ သစ္စာမဖောက်ခဲ့သလို ယွမ်ထျန်းဝမ်ကလည်း နတ်ဘုရားလို ရိုးသားလှတဲ့ မိန်းမစကား မြေဝယ်မကျ နားထောင်သူ ခင်ပွန်းသည်တစ်ယောက်ဖြစ်ကြောင်း လင်ရွှမ်းဇီသိသည်။
ယန်ထျန်းဟန်က လင်ရွှမ်းဇီ တံခါးပိတ်တရားကျင့်နေစဉ်အတွင်း ကိစ္စတစ်ချို့အား သွမ့်ယွီယန်ကို ပြောပြခဲ့သော်လည်း ကျယ်ကျယ်ပြန့်ပြန့်တော့ မဟုတ်သေးပေ။
"လျှိုနဲ့ကျန်းမိသားစု — သူတို့တွေ တစ်သီးတစ်သန့် နေရာကနေ ရုတ်တရက် ထွက်လာပြီး နက်ရှိုင်းကောင်းကင်ဂိုဏ်းထဲ ဝင်လာတာက ဘာမှကောင်းတာ မရှိဘူးဆိုတာတော့ ငါသိတယ်" ယွမ်ထျန်းဝမ်က သူ့မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
"အကယ်၍ သူတို့သာ အရေးကြီးတဲ့ ကိစ္စတွေမှာ မပါဝင်ခဲ့ဘူးဆိုရင် ဘယ်လိုများ ငါတို့သိထားတဲ့ တစ်သီးတစ်သန့် မိသားစု နှစ်ခုလုံးက တစ်ပြိုင်နက်တည်း ထွက်လာကြမှာလဲ?" သွမ့်ယွီယန်က လက်ဖက်ရည်စားပွဲအား ခေါက်ရင်း တွေးတွေးဆဆပြောသည်။
"သူတို့ရဲ့ ရည်ရွယ်ချက်က တိုက်ကြီးငါးတိုက်မှာ ရှိနေတဲ့ နယ်မြေအဆီးအတားလား ဒါမှမဟုတ် ဦးလေးလင်နဲ့ အားဟန်လားဆိုတာတော့ မရှင်းလင်းဘူး"
"နှစ်ခုလုံးလည်း ဖြစ်နိုင်တယ်" လင်ရွှမ်းဇီက ယန်ထျန်းဟန်အား ကြည့်လိုက်သည်။
"ဒါပေမဲ့ သူတို့တွေ အားဟန်ကို ချဉ်းကပ်ဖို့အတွက် ငါအခွင့်အရေး ပေးမှာ မဟုတ်ဘူး"
ယန်ထျန်းဟန်က မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ပြန်ပြောလာ၏။
"ကျွန်တော်ကလည်း တကယ့်ကို ဂရုမစိုက်ပါဘူး, သူတို့ကို ကျွန်တော်တွေ့တဲ့ အချိန်တိုင်းမှာ သူတို့က ကျွန်တော့ကို မမြင်သလိုပဲ ဟန်ဆောင်နေကြတာ, ပြီးတော့ ကျွန်တော်အမြဲတမ်း ခံစားနေရတာက လျှိုကျောက်ယွဲ့နဲ့ ကျန်းယွင်ရှီရဲ့ မျက်လုံးထဲမှာ သူတို့အချင်းချင်းပဲ ရှိနေကြတာ"
လင်ရွှမ်းဇီက ခဏလောက် စဉ်းစားပြီးနောက် တကယ့်ကို 'မှန်ကန်' နေသည်။
သွမ့်ယွီယန်ကတော့ အနည်းငယ် သိချင်နေမိလေသည်။
"ငါကြားတာတော့ မင်းအဲ့ဒီ တစ်သီးတစ်သန့် မိသားစုက တပည့်နှစ်ယောက်ကို ခြံဝင်း ရှင်းခိုင်းထားတယ်ဆို? သူတို့က မင်းကို တကယ်ကြီး ဒုက္ခမပေးကြဘူးလား? "
"ငါ့ကြယ်ဖမ်းစံအိမ်ရဲ့ နေရာတော်တော်များများကတော့ နေ့တိုင်း ဖျတ်ဆီးခံနေရတာပဲ, သူတို့နှစ်ယောက်လုံးက ငါ့အိမ်တော်ကို သူတို့လေ့ကျင့်ကွင်းလို့ သတ်မှတ်ထားတာ ဖြစ်လိမ့်မယ်" လင်ရွှမ်းဇီက တည်ငြိမ်စွာ ပြန်ဖြေသည်။
"ဒါပေမဲ့, ငါသူတို့နဲ့ အကြိုသဘောတူညီမှုတွေ လုပ်ပြီးသားပါ, နှစ်ယောက်လုံး သူတို့ဖျတ်ဆီးသမျှ အရာအားလုံးအတွက် နှစ်ဆပြန်လျော်ပေးပြီး မူရင်းပုံစံ အခြေအနေ ပြန်ဖြစ်ဖို့အတွက် နည်းလမ်းရှာကြလိမ့်မယ်"
သွမ့်ယွီယန်ရဲ့ မျက်လုံးများ ပြန်လှည့်လာပြီး ချက်ချင်းပင် ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။ သူက သူ့ပေါင်သူ ရိုက်လိုက်လေသည်။
"မင်းက တကယ်တော်တာပဲ, သူတို့ကို အလုပ်ရှုပ်အောင် လုပ်ထားလိုက်တော့ မင်းသူတို့အတွက် တာဝန်တွေ ခွဲပေးဖို့ကို အားစိုက်ထုတ်နေစရာတောင် မလိုတော့ဘူး, သူတို့ဘာသာပဲ ပြဿနာတွေ အများကြီးတက်နေကြလိမ့်မယ်"
လင်ရွှမ်းဇီက ပြုံးလိုက်ပြီး စကားမဆိုပေ။
ယွမ်ထျန်းဝမ်သည် မူလက အတွေးထဲနစ်နေတာဖြစ်သော်လည်း သူက လင်ရွှမ်းဇီအား ကြည့်လာသည်။
"တစ်သီးတစ်သန့် မိသားစုရဲ့ အကြီးအကဲတွေကတောင် တိုက်ကြီးငါးတိုက်ကို မဖြတ်သန်းနိုင်ကြဘူး, ကြည့်ရတာ တိုက်ကြီးငါးတိုက်က တကယ့်ကို စည်းတံဆိပ် ခတ်ခံထားရပုံပဲ"
လင်ရွှမ်းဇီက သာမာန်ကာလျှံကာသာ ပြောသည်။
"အမြဲတမ်း အဖြေဆိုတာ ရှိပါတယ်, အချိန်မကျသေးတာပဲရှိတာ"
သူ့အတိတ်ဘဝတုန်းကတော့ တိုက်ကြီးငါးတိုက်ရဲ့ နယ်မြေအတားအဆီးက အမှန်တကယ်ကို လျော့ရဲခဲ့ပြီး လင်ရွှမ်းဇီကိုယ်တိုင်ပင် ချိုးဖြတ်နိုင်မယ့် နည်းလမ်း ရှာတွေ့ခဲ့သည်။ သို့သော် အဲ့ဒီအချိန်မှာသူက ဝိညာဉ်အခြေအနေ ဖြစ်နေပြီဖြစ်တဲ့အပြင် သူ့ရဲ့ ကျဆင်းနေတဲ့ နှလုံးသားက ကမ္ဘာပြောင်းမှန်အား ပြန်ပြင်ရန်သာ ဆန္ဒရှိနေခဲ့သည်။ သဘာဝကျကျပဲ သူအဲ့ဒါကို စိတ်ထဲထားဖို့ ပျင်းရိနေခဲ့၏။
ဒီဘဝမှာ အရာအားလုံး ခြားနားခဲ့ပြီ
သူအခု တိုက်ကြီးငါးတိုက်ရဲ့ နယ်မြေအဆီးအတားကို ချိုးဖြတ်ရုံတင်မကဘူး ယန်ထျန်းဟန်ကိုပါ သူနဲ့အတူ နယ်မြေကြီးကိုးခုဆီ ပြန်ခေါ်သွားပြီး ယန်ထျန်းဟန် ရသင့်တဲ့ အရာအားလုံးကို ပြန်ယူပေးမယ်
သွမ့်ယွီယန်က မေးသည်။
"အကိုထျန်းဝမ်, ယွမ်မိသားစုထဲမှာ တိုက်ကြီးငါးတိုက်ကနေ နောက်ဆုံးလက်ခံနိုင်တဲ့ ကျင့်ကြံဆင့်ထိ မြင့်နေတဲ့ အကြီးအကဲများ ရှိသလား?"
ယွမ်ထျန်းဝမ်က ခေါင်းခါပြသည်။
"ယွမ်မိသားစုရဲ့ အင်အားအကြီးဆုံး အကြီးအကဲက တံခါးပိတ် တရားကျင့်နေတုန်းပဲ, သူတံခါးပိတ် တရားမကျင့်ခင် နောက်ဆုံး ကျင့်ကြံဆင့်က နက်ရှိုင်းဘုံအဆင့်ရဲ့ ဝိညာဉ်စုစည်းမှုအထွတ်အထိပ် အဆင့်ပဲ, တကယ်တမ်းတော့ ငါတောင် သူ့လက်ရှိ ကျင့်ကြံဆင့်က ဘယ်လောက်ဖြစ်နေပြီလဲ မသိဘူး"
သူက လင်ရွှမ်းဇီအား လှမ်းကြည့်သည်။
"မင်းမိသားစုမှာလည်း လောလောဆယ် တံခါးပိတ်တရားကျင့်နေတဲ့ ပထမအကြီးအကဲ ရှိတယ်မဟုတ်ဘူးလား?"
လင်ရွှမ်းဇီရဲ့ မျက်လုံးထဲကို နက်မှောင်တဲ့ အရောင်တစ်ချက် ဖြတ်ပြေးသွားသည်။
"ငါအခု သံသယဝင်နေမိတာက ပထမအကြီးအကဲက တိမ်းပါးသွားခဲ့ပြီထင်တယ်"
သူ့မှန်းဆချက်သည်လည်း မျှတသည်။ တကယ်တော့ သူ့အရင်ဘဝမှာတုန်းက လင်မိသားစု ပြိုလဲသွားခဲ့ပြီးတာတောင် ထိုပထမအကြီးအကဲက တံခါးပိတ် တရားကျင့်ရာကနေ ထွက်လာတာမျိုး ဘယ်တုန်းကမှ မမြင်ခဲ့ရပေ။
ဒီကမ္ဘာပေါ်မှာ မိသားစုတစ်ခုလုံး ပြိုကွဲနေခြင်းထက် ပိုပြီးအရေးကြီးတဲ့အရာက အထွတ်အထိပ်ကို ရောက်ပြီး အထက်ဘုံကို တက်လှမ်းနိုင်မယ့် အရေးကြီးသော အခိုက်အတန့် တစ်ခုတည်းသာရှိသည်။ သို့သော်လည်း ထိုအချိန်မှာ ကောင်းကင်နှင့်မြေကြီးတွင် ကွဲလွဲမှု လက္ခဏာများ မပေါ်ပေါက်ခဲ့ပေ။ ပထမအကြီးအကဲက သူ့ကိုယ်သူ ဖြည့်ဆည်းဖို့အတွက် မိသားစုတစ်ခုလုံးကို စတေးရမယ့် အဆင့်ထိ မရောက်သေးသည်မှာ ထင်ရှားသည်။ ရလဒ်ကတော့ သူတိမ်းပါးသွားပြီဆိုတာကလွဲလို့ တစ်ခြားအကြောင်းပြချက် မရှိတော့ဘူး။
သွမ့်ယွီယန်က လေအေးများ ရှုရှိက်လိုက်မိသည်။
"အကယ်၍ ပထမအကြီးအကဲသာ တကယ်သေဆုံးသွားပြီဆိုရင် လင်မိသားစုတော့ ကမောက်ကမ ဖြစ်ကုန်ပြီပဲ"
"ဟုတ်တယ်" လင်ရွှမ်းဇီက အနည်းငယ် လေးနက်စွာဖြင့် ခေါင်းညိတ်သည်။
"အဲ့ဒါကြောင့် ငါတို့ထဲက ဘယ်သူမှ ဒီကိစ္စကို ထပ်ပြောဖို့ မလိုတော့ဘူး"
အခန်းထဲက တစ်ခြားသူများလည်း ခေါင်းညိတ်ကြသည်။ နက်ရှိုင်းလှတဲ့ အဓိပ္ပါယ်တစ်ခုနဲ့အတူ ယွမ်ထျန်းဝမ်က သတိပေးလေသည်
"မင်းလည်း ကြိုတင် စီစဉ်ထားသင့်ပြီ"
လင်ရွှမ်းဇီကသက်ပြင်းချ၏။
"သေချာပေါက်ပေါ့ကွာ"
လေးယောက်သား လျှိုနဲ့ကျန်းမိသားစုရဲ့ အစကနေ အဆုံးထိ သစ္စာသမာဓိ မရှိမှုများအပေါ် မကျေမနပ်ပြောကြတော့လေသည်။ အချိန်အများစုမှာတော့ ယန်ထျန်းဟန်က သူ့ဒေါသနဲ့ မကျေနပ်မှုများကို ဖော်ပြနေသည်။
လျှိုကျောက်ယွဲ့နဲ့ ကျန်းယွင်ရှီရဲ့ အဆိုအရဆိုရင် အဲ့ဒီအချိန်တုန်းက သူတို့မိသားစုရဲ့ ခွန်အားကြီး လူတွေ အနီးအနားမှာ ပုန်းအောင်း နေခဲ့ကြသည်လေ။ သူတို့က တကယ်တမ်း ဝင်မတိုက်ခဲ့ပေမယ့်လည်း သေချာပေါက် သူတို့ ကိုယ်ကျိုးအတွက် အခြေအနေကို အခွင့်ကောင်းယူဖို့တော့ အကြံရှိနေကြမှာပဲ။ အကယ်၍ လင်ကျန်သာ ကံကောင်းပြီး ကျဉ်းကျဉ်းမြောင်းမြောင်း လွတ်မြောက်သွားခဲ့ရင် အဲ့ဒီမိသားစုနှစ်ခုက သူ့ရဲ့ ဆိုးဝါးတဲ့ အခြေအနေကို အခွင့်ကောင်း ယူမယူ အာမမခံနိုင်ဘူး
ထို့ကြောင့် လင်ရွှမ်းဇီက ထိုတစ်သီးတစ်သန့် မိသားစုက ကောင်လေးနှစ်ယောက်ကို အတော်လေး သဘောမကျပေ။
သို့ပေမယ့် သူတို့ကို မောင်းထုတ်မှာတော့ မဟုတ်ဘူး။ နစ်မြှုပ်ဓားတောင်ထွတ်ရဲ့ အလုံးစုံ ခွန်အားအတွက်ပဲဖြစ်ဖြစ် ဒီကောင်လေးနှစ်ယောက်ကို နစ်မြှုပ်ဓားတောင်ထွတ်ရဲ့ နာမည်အောက်မှာ စာရင်းသွင်းထားဖို့ လိုအပ်နေသေးတယ်။
သူတို့တွေ တစ်သီးတစ်သန့် မိသားစုအား လှောင်ပြောင်သရော်လို့ ပြီးသည့်နောက် ခေါင်းစဉ်က သွမ့်ယွီယန်ဆီသို့ နောက်တစ်ဖန် ပြန်ရောက်သွားပြန်သည်။
လင်ရွှမ်းဇီက မေးသည်။
"နတ်ဆိုးသားရဲအသင်္ချေ တောအုပ်ကို ကိုယ်တိုင်သွားဖို့ ရည်ရွယ်ထားသေးလား?"
ယွမ်ထျန်းဝမ်ရဲ့ မျက်ခုံးက လှုပ်ရှားသွားသည်။
"သေချာပေါက် အစီအစဉ်ရှိတာပေါ့ , အကယ်၍ ငါတို့တွေ တစ်ခြားလူကို အားကိုးလို့ မရဘူးဆိုရင် ကိုယ့်ဘာသာကိုယ် သွားဖို့ပဲရှိတော့တယ်လေ, ဒါပေမဲ့ ငါ့အဖေက ရှင်းရှင်းလင်းလင်း မပြောသေးဘူး, သူပြောတာတော့ ငါတို့နည်းနည်းကြာကြာ စောင့်သင့်တယ်တဲ့"
သွမ့်ယွီယန်သည်လည်း ခေါင်းညိတ်သည်
"အမှန်ပဲ, တကယ်တော့လည်း စွန့်စားမှုက အရမ်းမြင့်မားတယ်လေ ပြီးတော့ ကလေးလေး မွေးလာဖို့ကလည်း နှစ်ဝက်လောက် ကျန်နေသေးတယ်, ငါအလျင်မလိုပါဘူး, ဒီအချိန်အတောအတွင်း ငါ့ကျင့်ကြံဆင့်ကို အရင်ဆုံး မြင့်တက်လာအောင် လုပ်လိုက်ဦးမယ်, အဲ့ဒါမှ ပိုပြီး ယုံကြည်ချက်တွေ ရှိလာမှာ"
လင်ရွှမ်းဇီက ပြောသည်။
"မင်းတို့ထွက်ခွာဖို့ စီစဉ်ဖြစ်တာနဲ့ ငါ့ကိုပါခေါ်သွားပေး"
ယွမ်ထျန်းဝမ်က အံ့အားသင့်သွားမိသည်။
"မင်းပါ သွားချင်လို့လား?"
လင်ရွှမ်းဇီက အမှုမဲ့အမှတ်မဲ့ပဲ ကောက်ချက်ချသည်။
"လူများလေ ပိုကောင်းလေပဲလေ"
ယွမ်ထျန်းဝမ်က သူ့လက်ကို အုပ်၍ အရိုအသေပေးတော့၏။
"ဒါဆို ငါမင်းကို ကြိုပြီး ကျေးဇူးတင်ထားပါရစေ"
အကြောင်းအရင်းက ဘာပဲဖြစ်ဖြစ် သူတကယ်သွားချင်သည်ဖြစ်စေ မသွားချင်သည်ဖြစ်စေ ဒီလိုအချိန်မှာ လင်ရွှမ်းဇီက ဒီလိုစကားမျိုး ပြောတယ် ဆိုကတည်းက ယွမ်ထျန်းဝမ်အနေနဲ့ ထိုကျေးဇူးတရားကို လက်ခံရမယ်ဆိုတဲ့ သဘောပင်။
ယန်ထျန်းဟန်က မျက်တောင်ခတ်သည်။
"အကယ်လို့ အကိုကြီးသွားရင် ကျွန်တော်လည်း သွားမယ်"
သွမ့်ယွီယန်က မျက်မှောင်ကျုံ့လေသည်
"မင်းကဘာကို ဝင်ပါမှာလဲ? ကလေးငယ်တွေက အိမ်မှာပဲ ကစားနေရမှာ — ကျိုးပျက်ဓားတောင်ထွတ်မှာပဲ လိမ်မာတဲ့ ကလေးလေးလိုမျိုး ကောင်းကောင်းကျင့်ကြံပြီးနေခဲ့"
ယန်ထျန်းဟန်က နှုတ်ခမ်းဆူသည်။
"ကျွန်တော်က ဆယ့်လေးနှစ်တောင် ပြည့်တော့မှာပါနော်"
သွမ့်ယွီယန်က ခေါင်းညိတ်သည်။
"အဲ့ဒီတော့ မင်းကိုယ်မင်း ဆယ့်လေး မပြည့်သေးဘူး ဆိုတာကိုတော့ သိသေးတယ်ပေါ့"
ယန်ထျန်းဟန်, "..."
လင်ရွှမ်းဇီကပြုံးသည်။
"ဒီကိစ္စကို ပြီးမှဆက်ပြောကြတာပေါ့, ငါမင်းကို ခေါ်သွားမလား မခေါ်သွားဘူးလား ဆိုတာက အဲ့ဒီအချိန်မှာ မင်းရဲ့ကျင့်ကြံဆင့် ဘယ်လောက်ရောက်နေပြီလဲ ဆိုတဲ့အပေါ် မူတည်တယ်, အကယ်၍ အားဟန်ရဲ့ ကျင့်ကြံဆင့်က ရပ်တန့်နေတယ် ဆိုရင်တော့ မင်းကိုဒီလို အန္တာရယ်များတဲ့နေရာမျိုး မခေါ်သွားနိုင်ဘူး"
ယန်ထျန်းဟန်က အနည်းငယ် စိတ်ပူပန်နေမိသည်
"ဒါပေမဲ့ ကျွန်တော်က လေ့ကျင့်မယ်ဆိုတာနဲ့ နတ်ဆိုးလမ်းကြောင်းကို ကျင့်ကြံမှဖြစ်မှာ, တစ်နေ့မှာ လုံးဝနတ်ဆိုးတစ်ကောင် ဖြစ်သွားမှာကြောက်တယ်"
လင်ရွှမ်းဇီကတော့ အမှုမထားဟန်ဖြေသည်။
"အဲ့ဒီတော့ရော? အားဟန်, ကျင့်ကြံမှုဆိုတာ ကိုယ့်နှလုံးသားရဲ့ စေရာအတိုင်း လိုက်ပါပြီး သဘာဝအတိုင်း လွှတ်ထားပေးရမှာ,..... အကယ်၍မင်းက နတ်ဆိုးတစ်ကောင် ဖြစ်သွားတယ်ဆိုရင်တောင် ဒီကမ္ဘာပေါ်မှာ အကြင်နာဆုံးနဲ့ ချစ်စရာအကောင်းဆုံး နတ်ဆိုးလေးပဲဖြစ်မှာ, မင်းမှာ အကိုကြီးရှိနေတဲ့ဟာကို ဘာတွေကြောက်နေတာလဲ?"
ယန်ထျန်းဟန်က သူ့ပါးစပ်လေးကို ပိတ်လိုက်ဖွင့်လိုက်ဖြင့် အကြိမ်ပေါင်းများစွာ လုပ်နေမိကာ လင်ရွှမ်းဇီရဲ့ ကြည်လင်တောက်ပပြီး ညင်သာနူးညံ့နေတဲ့ မျက်လုံးတစ်စုံအား စိုက်ကြည့်ရင်း သူ့နှလုံးသားက ပြင်းစွာခုန်ပေါက်လာသည်။
ဟုတ်တယ်, ဘာကိုကြောက်နေရမှာလဲ?
အကယ်၍ လင်ရွှမ်ဇီတောင် သူဘယ်လိုပြောင်းလဲသွားမလဲ ဆိုတာကို စိတ်ထဲမထားရင် သူကရော ဘာလို့သူ့ကိုယ်ပိုင် အတွေးအခေါ်မှားတွေကြောင့် ကျင့်ကြံဆင့်တိုးတက်ဖို့ကို တွန့်ဆုတ်နေရမှာလဲ?
ပေါင်းပင်တွေနှုတ်တာက သူ့ကျင့်ကြံဆင့်ကို တိုးတက်စေနိုင်တယ် ဆိုပေမယ့်လည်း အမှန်ကန်ဆုံး နည်းလမ်းတော့ မဟုတ်သေးဘူးလေ။ ပိုပြီးအရေးကြီးတာက ပေါင်းပင်တွေနှုတ်နေလို့ တိုက်ခိုက်မှု စွမ်းရည် မတိုးတက်လာနိုင်ဘူး
တိုက်ခိုက်ရေးစွမ်းရည်က ဘယ်လောက်ထိ အရေးကြီးလဲ? လင်ရွှမ်ဇီကိုသာ ကြည့်တော့
သူအခုလို အဆင့်တူ ကျင့်ကြံသူများကြားထဲမှာ အလွန်စွမ်းအားကြီးနေခြင်းသည် သူ့ကိုယ်ပိုင် ထူးကဲတဲ့ ပါရမီစွမ်းရည်ကြောင့်တင်မကပဲ သီအိုရီသာလေ့လာ၍ ကိုယ်တိုင်မလေ့ကျင့်သော ခပ်တုံတုံးအမှားများကို ဘယ်သောအခါမှ မကျူးလွန်သောကြောင့်ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်းမှာလည်း အပြင်ဘက်ထွက်၍ အတွေ့အကြုံများရယူပြီး သူ့ကိုယ်သူ လေ့ကျင့်မှုပေးရန် ဘယ်သောအခါမှ မလျော့ခဲ့ပေ။
ယန်ထျန်းဟန်က ခိုင်မာတဲ့ ဆန္ဒမရှိတဲ့အပြင် လင်ရွှမ်းဇီရဲ့ သြဇာလွှမ်းမိုးမှုကို အလွယ်တကူခံရသည်။ အရင်ကတော့ ကျင့်ကြံချင်စိတ် မရှိတာကြောင့် 《အင်ပါယာအလောင်းနည်းပညာ》နှင့် 《ရှေးခေတ်စေတန်နတ်ဆိုးအက》ကို သူ့ခေါင်းနောက်သို့ လွှင့်ပစ်ထားခဲ့သည်။ အခု လင်ရွှမ်းဇီက သူ့ကို တစ်ခေါက်တည်းသာ အားပေးလိုက်တာနဲ့ ချက်ချင်းပင် စိတ်ပြန်ပြောင်းသွားခဲ့ပြီး ကျိုးပျက်ဓားတောင်ထွတ်ဆီ ပြန်ရောက်တာနဲ့ ပြင်းစွာအာရုံစူစိုက် ကျင့်ကြံရန် ဆုံးဖြတ်ချက်ချလိုက်လေသည်။
ထို့ကြောင့် ယန်ထျန်းဟန်က အားတက်သရော ခေါင်းညိတ်ပြသည်။
"အကိုကြီး ကျွန်တော် အားကုကိုပါ တောင်ပေါ်ခေါ်သွားပြီ ကျွန်တော်တို့ကျင့်ကြံဆင့်တွေကို အတူတူတိုးတက်အောင် ကြိုးစားကြမယ်"
လင်ရွှမ်းဇီက ပျော်ရွှင်နေတဲ့ အမူအယာလေး ပြလာသည်။
"ဒီအချိန်အတောအတွင်း ငါမင်းနဲ့အတူ ကျိုးပျက်ဓားတောင်ထွတ်ဆီ လိုက်ခဲ့မယ်"
"မဟာအကြီးအကဲလန်ယွဲ့က လွှတ်ပေးပါ့မလား?"
လင်ရွှမ်းဇီကပြန်မေးသည်။
"အကယ်၍သူငါ့ကို သွားခွင့်မပေးဘူးဆိုရင် ငါ့ကို နစ်မြှုပ်ဓားတောင်ထွတ်ဆီမှာနေခိုင်းပြီး လျှိုကျောက်ယွဲ့နဲ့ ကျန်းယွင်ရှီတို့ကို နေ့တိုင်းဆုံးမခိုင်းမှာလား?"
ယန်ထျန်းဟန်, "..."
ဒါလည်းဟုတ်တာပဲ
လေးယောက်သား အချိန်အတော်ကြာသည်အထိ စကားစမည်ပြောနေကြသည်။ လင်ရွှမ်းဇီက ယန်ထျန်းဟန်နဲ့အတူ ပြန်ဖို့ အဆင်သင့်ဖြစ်နေတဲ့အချိန်မှာ ဟန်ကျင်းလျှောက်လာသည်ကို တွေ့လိုက်၏။
ထိုကလေးငယ်လေးက သူ့လက်ထဲမှာ သစ်သားဓားကို ကိုင်ထားပြီး သူ့ရဲ့ နူးညံ့သိမ်မွေ့သော မျက်နှာအသွင်အပြင်တွင် အသက်အရွယ်နှင့် မလိုက်ဖက်သော တည်ငြိမ်အေးဆေးမှုကို ထိန်းထားသည်။
ဟန်ကျင်းက လင်ရွှမ်းဇီအားမြင်သောအခါ သိသိသာသာ အံ့အားသင့်သွားသေ်ာလည်း မကြာခင်မှာ သူ့ခြေလှမ်းများကို မြန်ဆန်လိုက်၍ ယွမ်ထျန်းဝမ်ဆီ လျှောက်သွားလိုက်သည်။
"သခင်လေး, ဒိနေ့ပေးထားတဲ့ တာဝန်တွေကို ပြီးမြောက်ခဲ့ပါပြီ"
ယွမ်ထျန်းဝမ်က အမိန့်ပေးသည်။
" 《အခြေခံဓားနည်းစနစ်များ》ကို နောက်တစ်ခေါက် ထပ်သွားပြီး လေ့ကျင့်"
ဟန်ကျင်းက ရပ်တန့်သွားပြီးနောက် ယွမ်ထျန်းဝမ်အား လှမ်းကြည့်သည်။
"ဒါပေမဲ့ ကျွန်တော်ပြီးသွားပြီ"
ယွမ်ထျန်းဝမ်ကမေးသည်။
"အဲ့ဒီတော့?"
ဟန်ကျင်း, "..."
သူ့မှာနေ့တိုင်း တာဝန်တွေ မြောက်မြားစွာ ရှိနေသည်။ အသက်ခုနှစ်နှစ် ရှစ်နှစ်သာ ရှိသေးသော ကလေးတစ်ယောက် အတွက်ကတော့ လုံးဝကို ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုပင်။ သူ့မှာ သူ့ကို ယွမ်ထျန်းဝမ်ပေးသမျှ အကျိုးအကြောင်းမသင့်သည့် တာဝန်များအားလုံးကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်ရုံမျှသာရှိသည်။ မူလကတော့ အိပ်ယာပေါ်မှာ လှဲပြီး ဘာမှမလုပ်ချင်တော့ပေမယ့် မမျှော်လင့်ပဲ ယွမ်ထျန်းဝမ်က သူ့ကိုထပ်ပြီးတာဝန်ပေးချင်နေတယ်!
သွမ့်ယွီယန်က အရာအားလုံးကို တိတ်တိတ်လေး ခံယူနေသည့် ဟန်ကျင်းရဲ့ မျက်နှာလေးကို ကြည့်လိုက်သည်။ အခုတစ်လော အပြည့်အဝ ပေါက်ဖွားလာတဲ့ သူ့မိခင်စိတ်ကြောင့်လားတော့မသိသော်လည်း သူက နူးနူးညံ့ညံ့ပြောလိုက်လေသည်။
"အကိုထျန်းဝမ်, တစ်လှမ်းခြင်းဆီသွားရအောင်ပါ, အားကျင်းလည်း ပင်ပန်းနေပြီ....."
ယွမ်ထျန်းဝမ်က ဟန်ကျင်းအား ငုံ့ကြည့်ပြီးမေးသည်။
"ပင်ပန်းနေပြီလား?"
ဟန်ကျင်းက ရင်ထဲမှာသာ မျက်လုံးလှန်လိုက်တော့သည်။
ယွမ်ထျန်းဝမ်က သူ့နှဖူးပေါ်က ချွေးသီးတွေကို မမြင်ဘူးလား? သူ့အဝတ်တွေတောင် စိုရွှဲနေပြီ!
ဟန်ကျင်းက ခေါင်းညိတ်ပြလိုက်သည်။
11.12.2021
===============
Zawgyi
အခန္း(၃၂၅) - မိသားစုေခါင္းေဆာင္အျဖစ္ ထိုက္တန္စြာ ရာထူးတက္သြားျခင္း
သြမ့္ယြီယန္က သူ႔မ်က္လံုးကို ႁမွင့္လိုက္ၿပီး ယြမ္ထ်န္းဝမ္အား ျပံဳးၾကည့္လိုက္သည္။
"အမွန္ပဲ, ေလာင္ဇီက အခု သြမ့္မိသားစုရဲ႔ ေခါင္းေဆာင္ပဲ, ကၽြန္ေတာ့မ်ိဳးဆက္သစ္က ဘယ္သူကမွ ကၽြန္ေတာ့ေလာက္ မေတာ္မွာပဲ စိုးမိတယ္, ဟုတ္တယ္ေနာ္?"
အခုခ်ိန္မွာ လင္ရႊမ္းဇီနဲ႔ ယြမ္ထ်န္းဝမ္လိုမ်ိဳး သူနဲ႔မ်ိဳးဆက္တူတဲ့ သူေတြက အမ်ားဆံုးမွ သခင္ေလးေတြပဲရွိေသးတာေလ, သူတို႔အထက္မွာ မိသားစုေခါင္းေဆာင္ေတြ အႀကီးအကဲ ေတြရွိေသးတယ္, အခုေတာ့သူက ပထမအဆင့္ မိသားစုတစ္ခုရဲ႔ ေခါင္းေဆာင္သခင္ႀကီး ဆိုတဲ့ ဂုဏ္ထူးကို ကိုင္ေဆာင္ထားႏိုင္ေနၿပီ, အကယ္၍ အဲ့ဒီစကားလံုးသာ အျပင္မွာ ပ်ံ႔သြားရင္ သူ႔ကို ေလးစားအားက်တဲ့လူေတြ ဘယ္ေလာက္ေတာင္မ်ားမလဲ ဘယ္သူသိမွာလဲ
"တိမ္တိုင္းမွာ ေငြေရာင္အလြာေတြရွိတယ္" ဆိုတာက ဒါပဲေလ
ယန္ထ်န္းဟန္ရဲ႔ မ်က္လံုးက ေတာက္ပေနသည္။
"ဂုဏ္ယူပါတယ္ ကိုကိုယြီယန္! အခုေတာ့ အကိုက သြမ့္မိသားစုကို အုပ္စိုးႏိုင္သြားၿပီေပါ့, ထပ္ၿပီး အႏိုင္က်င့္ခံရမွာ မဟုတ္ေတာ့ဘူး!"
"ေသခ်ာတာေပါ့" ယြမ္ထ်န္းဝမ္က ယံုၾကည္မႈ လြန္ကဲစြာျဖင့္ ေျပာလာသည္။
"ကိုယ္တို႔ယြမ္မိသားစုရဲ႔ ဇနီးေလးက တစ္ျခားသူေတြ အႏိုင္က်င့္ခံရမယ့္ ျဖစ္ႏိုင္ေျခမ်ိဳး ဘယ္ေတာ့မွ မျဖစ္ေစရဘူး, သြမ့္မိသားစုတစ္ခုလံုးက ကိုယ့္အေဖႏွစ္ေယာက္ရဲ႔ ပထမဆံုးေတြ႕ဆံုျခင္းလက္ေဆာင္တစ္ခု သက္သက္ပဲ, အနာဂတ္မွာဆိုရင္ ယြမ္မိသားစုရဲ႔ အရာအားလံုးက မင္းဟာပဲ"
သြမ့္ယြီယန္မွာေတာ့ ပါးစပ္အျပည့္ ခ်ိဳၿမိန္မႈမ်ား သြပ္သြင္းခံလိုက္ရတာေၾကာင့္ နင္လုနီးပါး ျဖစ္သြားရသည္။ သူက ယြမ္ထ်န္းဝမ္အား တြန္းလိုက္ၿပီ တမင္သက္သက္ မ်က္ႏွာတည္တည္ ထားလိုက္သည္။
"သြားစမ္း, သြားစမ္း, ဘယ္လိုေပါက္ကရ စကားေတြ လာေျပာေနတာလဲ?"
ယြမ္ထ်န္းဝမ္ကေတာ့ ျပံဳးေနသည္။
ယန္ထ်န္းဟန္သည္ သူတို႔ေတြ အရမ္းကို ခ်ိဳခ်ိဳၿမိန္ၿမိန္ေလး ျဖစ္ေနတာျမင္ေတာ့ အထင္မႀကီးပဲ မေနႏိုင္ေတာ့ေပ။ သူနဲ႔သူ႔အကိုႀကီးေရာ ဘယ္အခ်ိန္မွမ်ား ဒီလိုမ်ိဳး သူတို႔အေဖေတြ အတူတူ ေကာင္းခ်ီးေပးတာမ်ိဳးကို ခံရႏိုင္မလဲ မသိဘူး။
လင္ရႊမ္းဇီက ယန္ထ်န္းဟန္ရဲ႔ ရင္ထဲက အားက်တဲ့ အမူအယာကို မွတ္သားမိတာေၾကာင့္ သူ႔လက္ကို တိတ္တဆိတ္ ဆုပ္ကိုင္လိုက္ၿပီး စိတ္ခ်ေစရန္အတြက္ ျဖစ္ၫွစ္ေပးလိုက္သည္။
"ငါတို႔ေတြ နယ္ေျမႀကီးကိုးခုကိုေရာက္ရင္ ပထမဆံုးလုပ္မယ့္အရာက ပါးပါးကို သြားရွာဖို႔ပဲ"
ယန္ထ်န္းဟန္က အံၾသတႀကီးေမးသည္။
"အကိုႀကီး, ကၽြန္ေတာ္ အေဖ့အေၾကာင္း ေတြးမိသြားတယ္ဆိုတာလည္း ေျပာႏိုင္တာပဲလား?"
လင္ရႊမ္းဇီက ခပ္ေဖ်ာ့ေဖ်ာ့ျပံဳး၏။
"မင္းဘာပဲ စဥ္းစားေနပါေစ မ်က္ႏွာမွာ အကုန္ေရးထားတဲ့ဟာကို ဘယ္လိုလုပ္ မျမင္ပဲေနမွာလဲ?"
ယန္ထ်န္းဟန္က သူ႔မ်က္ႏွာေလးကို ပြတ္သပ္လိုက္ေတာ့သည္။
သြမ့္ယြီယန္က ထိုျမင္ကြင္းကိုျမင္ေသာ လွမ္းေနာက္သည္။
"ငါစိုးရိမ္မိတာကေတာ့ မင္းတို႔ႏွစ္ေယာက္ ကိစၥကို ဦးေလးလင္ သိသြားလို႔ တစ္စံုတစ္ေယာက္ကို ႐ိုက္ႏွက္ခ်င္ရင္ေတာင္ သူ႐ိုက္ခ်င္တဲ့ တစ္စံုတစ္ေယာက္က လင္ရႊမ္းဇီပဲ ျဖစ္လိမ့္မယ္ မင္းေတာ့မဟုတ္ဘူး"
လင္ရႊမ္းဇီက ေခါင္းညိတ္သည္။
"အရမ္းျဖစ္ႏိုင္တယ္"
ယြမ္ထ်န္းဝမ္က ခပ္ေဖ်ာ့ေဖ်ာ့ မ်က္ေမွာင္က်ံဳ႔ေလသည္။
"အကယ္၍ ငါ့မွာ ေမးခြင့္ရွိမယ္ဆိုရင္ မင္းအေဖ, သူ....."
လင္ရႊမ္းဇီက ျပန္ေျဖသည္။
"သူအသက္ရွင္ေနတုန္းပဲ ၿပီးေတာ့ သူအခု နယ္ေျမႀကီးကိုးခုမွာ ရွိေနတာ ျဖစ္လိမ့္မယ္, အဲ့ဒီကိစၥက တိုက္ႀကီးငါးတိုက္ရဲ႔ တစ္သီးတစ္သန္႔မိသားစုေတြ ပါဝင္ပတ္သတ္ေနတယ္, အဲ့ဒါကို အခန္းထဲမွာေျပာတာ ပိုေကာင္းလိမ့္မယ္"
"အမွန္ပဲ" ယြမ္ထ်န္းဝမ္က သေဘာတူသည္။
"ယြီယန္ရဲ႔ ခႏာၱကိုယ္ကလည္း အၾကာႀကီးရပ္ဖို႔ မသင့္ေတာ္ဘူး, အရင္ဆံုး အထဲဝင္ၾကရေအာင္"
လွပတဲ့ အုတ္ႂကြပ္မ်ိဳးမ်ားျဖင့္ ျပည့္ႏွက္ေနေသာ ေတာင္သခင္ေလးယြမ္၏ ခမ္းနားထည္ဝါလွသည့္ ကိုယ္ပိုင္ အေဆာက္အဦး ရွိရာသို႔ လူအုပ္လိုက္ ခ်ီတက္သြားၾကသည္။
လင္ရႊမ္းဇီသည္ ဒီရက္ပိုင္းအတြင္း သူ႔အေတြ႕အၾကံဳမ်ား အေၾကာင္းကို ႐ိုး႐ိုးရွင္းရွင္းႏွင့္ က်ယ္က်ယ္ျပန္႔ျပန္႔ ေျပာျပလိုက္သည္။ သူ႔အတြက္ေတာ့ သြမ့္ယြီယန္နဲ႔ ယြမ္ထ်န္းဝမ္တို႔ ႏွစ္ေယာက္လံုးက ယံုၾကည္ထိုက္သူေတြပင္။ သြမ့္ယြီယန္ကေတာ့ ေျပာေနစရာေတာင္ မလိုအပ္ဘူး။ အရင္ဘဝမွာတုန္းက သြမ့္ယြီယန္က အဆံုးထိတိုင္ေအာင္ ယန္ထ်န္းဟန္ကို ဘယ္ေသာအခါမွ သစၥာမေဖာက္ခဲ့သလို ယြမ္ထ်န္းဝမ္ကလည္း နတ္ဘုရားလို ႐ိုးသားလွတဲ့ မိန္းမစကား ေျမဝယ္မက် နားေထာင္သူ ခင္ပြန္းသည္တစ္ေယာက္ျဖစ္ေၾကာင္း လင္ရႊမ္းဇီသိသည္။
ယန္ထ်န္းဟန္က လင္ရႊမ္းဇီ တံခါးပိတ္တရားက်င့္ေနစဥ္အတြင္း ကိစၥတစ္ခ်ိဳ႔အား သြမ့္ယြီယန္ကို ေျပာျပခဲ့ေသာ္လည္း က်ယ္က်ယ္ျပန္႔ျပန္႔ေတာ့ မဟုတ္ေသးေပ။
"လွ်ိဳနဲ႔က်န္းမိသားစု — သူတို႔ေတြ တစ္သီးတစ္သန္႔ ေနရာကေန ႐ုတ္တရက္ ထြက္လာၿပီး နက္႐ွိဳင္းေကာင္းကင္ဂိုဏ္းထဲ ဝင္လာတာက ဘာမွေကာင္းတာ မရွိဘူးဆိုတာေတာ့ ငါသိတယ္" ယြမ္ထ်န္းဝမ္က သူ႔မ်က္လံုးမ်ားကို က်ဥ္းေျမာင္းလိုက္သည္။
"အကယ္၍ သူတို႔သာ အေရးႀကီးတဲ့ ကိစၥေတြမွာ မပါဝင္ခဲ့ဘူးဆိုရင္ ဘယ္လိုမ်ား ငါတို႔သိထားတဲ့ တစ္သီးတစ္သန္႔ မိသားစု ႏွစ္ခုလံုးက တစ္ၿပိဳင္နက္တည္း ထြက္လာၾကမွာလဲ?" သြမ့္ယြီယန္က လက္ဖက္ရည္စားပြဲအား ေခါက္ရင္း ေတြးေတြးဆဆေျပာသည္။
"သူတို႔ရဲ႔ ရည္ရြယ္ခ်က္က တိုက္ႀကီးငါးတိုက္မွာ ရွိေနတဲ့ နယ္ေျမအဆီးအတားလား ဒါမွမဟုတ္ ဦးေလးလင္နဲ႔ အားဟန္လားဆိုတာေတာ့ မရွင္းလင္းဘူး"
"ႏွစ္ခုလံုးလည္း ျဖစ္ႏိုင္တယ္" လင္ရႊမ္းဇီက ယန္ထ်န္းဟန္အား ၾကည့္လိုက္သည္။
"ဒါေပမဲ့ သူတို႔ေတြ အားဟန္ကို ခ်ဥ္းကပ္ဖို႔အတြက္ ငါအခြင့္အေ၇း ေပးမွာ မဟုတ္ဘူး"
ယန္ထ်န္းဟန္က မ်က္ေတာင္ ပုတ္ခတ္ပုတ္ခတ္ လုပ္ရင္း ျပန္ေျပာလာ၏။
"ကၽြန္ေတာ္ကလည္း တကယ့္ကို ဂ႐ုမစိုက္ပါဘူး, သူတို႔ကို ကၽြန္ေတာ္ေတြ႕တဲ့ အခ်ိန္တိုင္းမွာ သူတို႔က ကၽြန္ေတာ့ကို မျမင္သလိုပဲ ဟန္ေဆာင္ေနၾကတာ, ၿပီးေတာ့ ကၽြန္ေတာ္အၿမဲတမ္း ခံစားေနရတာက လွ်ိဳေက်ာက္ယြဲ႔နဲ႔ က်န္းယြင္ရွီရဲ႔ မ်က္လံုးထဲမွာ သူတို႔အခ်င္းခ်င္းပဲ ရွိေနၾကတာ"
လင္ရႊမ္းဇီက ခဏေလာက္ စဥ္းစားၿပီးေနာက္ တကယ့္ကို 'မွန္ကန္' ေနသည္။
သြမ့္ယြီယန္ကေတာ့ အနည္းငယ္ သိခ်င္ေနမိေလသည္။
"ငါၾကားတာေတာ့ မင္းအဲ့ဒီ တစ္သီးတစ္သန္႔ မိသားစုက တပည့္ႏွစ္ေယာက္ကို ျခံဝင္း ရွင္းခိုင္းထားတယ္ဆို? သူတို႔က မင္းကို တကယ္ႀကီး ဒုကၡမေပးၾကဘူးလား? "
"ငါ့ၾကယ္ဖမ္းစံအိမ္ရဲ႔ ေနရာေတာ္ေတာ္မ်ားမ်ားကေတာ့ ေန႔တိုင္း ဖ်တ္ဆီးခံေနရတာပဲ, သူတို႔ႏွစ္ေယာက္လံုးက ငါ့အိမ္ေတာ္ကို သူတို႔ေလ့က်င့္ကြင္းလို႔ သတ္မွတ္ထားတာ ျဖစ္လိမ့္မယ္" လင္ရႊမ္းဇီက တည္ၿငိမ္စြာ ျပန္ေျဖသည္။
"ဒါေပမဲ့, ငါသူတို႔နဲ႔ အႀကိဳသေဘာတူညီမႈေတြ လုပ္ၿပီးသားပါ, ႏွစ္ေယာက္လံုး သူတို႔ဖ်တ္ဆီးသမွ် အရာအားလံုးအတြက္ ႏွစ္ဆျပန္ေလ်ာ္ေပးၿပီး မူရင္းပံုစံ အေျခအေန ျပန္ျဖစ္ဖို႔အတြက္ နည္းလမ္းရွာၾကလိမ့္မယ္"
သြမ့္ယြီယန္ရဲ႔ မ်က္လံုးမ်ား ျပန္လွည့္လာၿပီး ခ်က္ခ်င္းပင္ ဝမ္းေျမာက္ဝမ္းသာျဖစ္သြားသည္။ သူက သူ႔ေပါင္သူ ႐ိုက္လိုက္ေလသည္။
"မင္းက တကယ္ေတာ္တာပဲ, သူတို႔ကို အလုပ္ရႈပ္ေအာင္ လုပ္ထားလိုက္ေတာ့ မင္းသူတို႔အတြက္ တာဝန္ေတြ ခြဲေပးဖို႔ကို အားစိုက္ထုတ္ေနစရာေတာင္ မလိုေတာ့ဘူး, သူတို႔ဘာသာပဲ ျပႆနာေတြ အမ်ားႀကီးတက္ေနၾကလိမ့္မယ္"
လင္ရႊမ္းဇီက ျပံဳးလိုက္ၿပီး စကားမဆိုေပ။
ယြမ္ထ်န္းဝမ္သည္ မူလက အေတြးထဲနစ္ေနတာျဖစ္ေသာ္လည္း သူက လင္ရႊမ္းဇီအား ၾကည့္လာသည္။
"တစ္သီးတစ္သန္႔ မိသားစုရဲ႔ အႀကီးအကဲေတြကေတာင္ တိုက္ႀကီးငါးတိုက္ကို မျဖတ္သန္းႏိုင္ၾကဘူး, ၾကည့္ရတာ တိုက္ႀကီးငါးတိုက္က တကယ့္ကို စည္းတံဆိပ္ ခတ္ခံထားရပံုပဲ"
လင္ရႊမ္းဇီက သာမာန္ကာလွ်ံကာသာ ေျပာသည္။
"အၿမဲတမ္း အေျဖဆိုတာ ရွိပါတယ္, အခ်ိန္မက်ေသးတာပဲရွိတာ"
သူ႔အတိတ္ဘဝတုန္းကေတာ့ တိုက္ႀကီးငါးတိုက္ရဲ႔ နယ္ေျမအတားအဆီးက အမွန္တကယ္ကို ေလ်ာ့ရဲခဲ့ၿပီး လင္ရႊမ္းဇီကိုယ္တိုင္ပင္ ခ်ိဳးျဖတ္ႏိုင္မယ့္ နည္းလမ္း ရွာေတြ႕ခဲ့သည္။ သို႔ေသာ္ အဲ့ဒီအခ်ိန္မွာသူက ဝိညာဥ္အေျခအေန ျဖစ္ေနၿပီျဖစ္တဲ့အျပင္ သူ႔ရဲ႔ က်ဆင္းေနတဲ့ ႏွလံုးသားက ကမာၻေျပာင္းမွန္အား ျပန္ျပင္ရန္သာ ဆႏၵရွိေနခဲ့သည္။ သဘာဝက်က်ပဲ သူအဲ့ဒါကို စိတ္ထဲထားဖို႔ ပ်င္းရိေနခဲ့၏။
ဒီဘဝမွာ အရာအားလုံး ျခားနားခဲ့ၿပီ
သူအခု တိုက္ႀကီးငါးတိုက္ရဲ႔ နယ္ေျမအဆီးအတားကို ခ်ိဳးျဖတ္ရံုတင္မကဘူး ယန္ထ်န္းဟန္ကိုပါ သူနဲ႔အတူ နယ္ေျမႀကီးကိုးခုဆီ ျပန္ေခၚသြားၿပီး ယန္ထ်န္းဟန္ ရသင့္တဲ့ အရာအားလံုးကို ျပန္ယူေပးမယ္
သြမ့္ယြီယန္က ေမးသည္။
"အကိုထ်န္းဝမ္, ယြမ္မိသားစုထဲမွာ တိုက္ႀကီးငါးတိုက္ကေန ေနာက္ဆံုးလက္ခံႏိုင္တဲ့ က်င့္ၾကံဆင့္ထိ ျမင့္ေနတဲ့ အႀကီးအကဲမ်ား ရွိသလား?"
ယြမ္ထ်န္းဝမ္က ေခါင္းခါျပသည္။
"ယြမ္မိသားစုရဲ႔ အင္အားအႀကီးဆံုး အႀကီးအကဲက တံခါးပိတ္ တရားက်င့္ေနတုန္းပဲ, သူတံခါးပိတ္ တရားမက်င့္ခင္ ေနာက္ဆံုး က်င့္ၾကံဆင့္က နက္႐ွိဳင္းဘံုအဆင့္ရဲ႔ ဝိညာဥ္စုစည္းမႈအထြတ္အထိပ္ အဆင့္ပဲ, တကယ္တမ္းေတာ့ ငါေတာင္ သူ႔လက္ရွိ က်င့္ၾကံဆင့္က ဘယ္ေလာက္ျဖစ္ေနၿပီလဲ မသိဘူး"
သူက လင္ရႊမ္းဇီအား လွမ္းၾကည့္သည္။
"မင္းမိသားစုမွာလည္း ေလာေလာဆယ္ တံခါးပိတ္တရားက်င့္ေနတဲ့ ပထမအႀကီးအကဲ ရွိတယ္မဟုတ္ဘူးလား?"
လင္ရႊမ္းဇီရဲ႔ မ်က္လံုးထဲကို နက္ေမွာင္တဲ့ အေရာင္တစ္ခ်က္ ျဖတ္ေျပးသြားသည္။
"ငါအခု သံသယဝင္ေနမိတာက ပထမအႀကီးအကဲက တိမ္းပါးသြားခဲ့ၿပီထင္တယ္"
သူ႔မွန္းဆခ်က္သည္လည္း မွ်တသည္။ တကယ္ေတာ့ သူ႔အရင္ဘဝမွာတုန္းက လင္မိသားစု ၿပိဳလဲသြားခဲ့ၿပီးတာေတာင္ ထိုပထမအႀကီးအကဲက တံခါးပိတ္ တရားက်င့္ရာကေန ထြက္လာတာမ်ိဳး ဘယ္တုန္းကမွ မျမင္ခဲ့ရေပ။
ဒီကမာၻေပၚမွာ မိသားစုတစ္ခုလံုး ၿပိဳကြဲေနျခင္းထက္ ပိုၿပီးအေရးႀကီးတဲ့အရာက အထြတ္အထိပ္ကို ေရာက္ၿပီး အထက္ဘံုကို တက္လွမ္းႏိုင္မယ့္ အေရးႀကီးေသာ အခိုက္အတန္႔ တစ္ခုတည္းသာရွိသည္။ သို႔ေသာ္လည္း ထိုအခ်ိန္မွာ ေကာင္းကင္ႏွင့္ေျမႀကီးတြင္ ကြဲလြဲမွဳ လကၡဏာမ်ား မေပၚေပါက္ခဲ့ေပ။ ပထမအႀကီးအကဲက သူ႔ကိုယ္သူ ျဖည့္ဆည္းဖို႔အတြက္ မိသားစုတစ္ခုလံုးကို စေတးရမယ့္ အဆင့္ထိ မေရာက္ေသးသည္မွာ ထင္ရွားသည္။ ရလဒ္ကေတာ့ သူတိမ္းပါးသြားၿပီဆိုတာကလြဲလို႔ တစ္ျခားအေၾကာင္းျပခ်က္ မရွိေတာ့ဘူး။
သြမ့္ယြီယန္က ေလေအးမ်ား ရွဳရွိက္လိုက္မိသည္။
"အကယ္၍ ပထမအႀကီးအကဲသာ တကယ္ေသဆံုးသြားၿပီဆိုရင္ လင္မိသားစုေတာ့ ကေမာက္ကမ ျဖစ္ကုန္ၿပီပဲ"
"ဟုတ္တယ္" လင္ရႊမ္းဇီက အနည္းငယ္ ေလးနက္စြာျဖင့္ ေခါင္းညိတ္သည္။
"အဲ့ဒါေၾကာင့္ ငါတို႔ထဲက ဘယ္သူမွ ဒီကိစၥကို ထပ္ေျပာဖို႔ မလိုေတာ့ဘူး"
အခန္းထဲက တစ္ျခားသူမ်ားလည္း ေခါင္းညိတ္ၾကသည္။ နက္႐ွိဳင္းလွတဲ့ အဓိပၸါယ္တစ္ခုနဲ႔အတူ ယြမ္ထ်န္းဝမ္က သတိေပးေလသည္
"မင္းလည္း ႀကိဳတင္ စီစဥ္ထားသင့္ၿပီ"
လင္ရႊမ္းဇီကသက္ျပင္းခ်၏။
"ေသခ်ာေပါက္ေပါ့ကြာ"
ေလးေယာက္သား လွ်ိဳနဲ႔က်န္းမိသားစုရဲ႔ အစကေန အဆံုးထိ သစၥာသမာဓိ မရွိမႈမ်ားအေပၚ မေက်မနပ္ေျပာၾကေတာ့ေလသည္။ အခ်ိန္အမ်ားစုမွာေတာ့ ယန္ထ်န္းဟန္က သူ႔ေဒါသနဲ႔ မေက်နပ္မႈမ်ားကို ေဖာ္ျပေနသည္။
လွ်ိဳေက်ာက္ယြဲ႔နဲ႔ က်န္းယြင္ရွီရဲ႔ အဆိုအရဆိုရင္ အဲ့ဒီအခ်ိန္တုန္းက သူတို႔မိသားစုရဲ႔ ခြန္အားႀကီး လူေတြ အနီးအနားမွာ ပုန္းေအာင္း ေနခဲ့ၾကသည္ေလ။ သူတို႔က တကယ္တမ္း ဝင္မတိုက္ခဲ့ေပမယ့္လည္း ေသခ်ာေပါက္ သူတို႔ ကိုယ္က်ိဳးအတြက္ အေျခအေနကို အခြင့္ေကာင္းယူဖို႔ေတာ့ အၾကံရွိေနၾကမွာပဲ။ အကယ္၍ လင္က်န္သာ ကံေကာင္းၿပီး က်ဥ္းက်ဥ္းေျမာင္းေျမာင္း လြတ္ေျမာက္သြားခဲ့ရင္ အဲ့ဒီမိသားစုႏွစ္ခုက သူ႔ရဲ႔ ဆိုးဝါးတဲ့ အေျခအေနကို အခြင့္ေကာင္း ယူမယူ အာမမခံႏိုင္ဘူး
ထို႔ေၾကာင့္ လင္ရႊမ္းဇီက ထိုတစ္သီးတစ္သန္႔ မိသားစုက ေကာင္ေလးႏွစ္ေယာက္ကို အေတာ္ေလး သေဘာမက်ေပ။
သို႔ေပမယ့္ သူတို႔ကို ေမာင္းထုတ္မွာေတာ့ မဟုတ္ဘူး။ နစ္ႁမွဳပ္ဓားေတာင္ထြတ္ရဲ႔ အလံုးစံု ခြန္အားအတြက္ပဲျဖစ္ျဖစ္ ဒီေကာင္ေလးႏွစ္ေယာက္ကို နစ္ႁမွဳပ္ဓားေတာင္ထြတ္ရဲ႔ နာမည္ေအာက္မွာ စာရင္းသြင္းထားဖို႔ လိုအပ္ေနေသးတယ္။
သူတို႔ေတြ တစ္သီးတစ္သန္႔ မိသားစုအား ေလွာင္ေျပာင္သေရာ္လို႔ ၿပီးသည့္ေနာက္ ေခါင္းစဥ္က သြမ့္ယြီယန္ဆီသို႔ ေနာက္တစ္ဖန္ ျပန္ေရာက္သြားျပန္သည္။
လင္ရႊမ္းဇီက ေမးသည္။
"နတ္ဆိုးသားရဲအသေခ်ၤ ေတာအုပ္ ကို ကိုယ္တိုင္သြားဖို႔ ရည္ရြယ္ထားေသးလား?"
ယြမ္ထ်န္းဝမ္ရဲ႔ မ်က္ခံုးက လႈပ္ရွားသြားသည္။
"ေသခ်ာေပါက္ အစီအစဥ္ရွိတာေပါ့ , အကယ္၍ ငါတို႔ေတြ တစ္ျခားလူကို အားကိုးလို႔ မရဘူးဆိုရင္ ကိ္ုယ့္ဘာသာကိုယ္ သြားဖို႔ပဲရွိေတာ့တယ္ေလ, ဒါေပမဲ့ ငါ့အေဖက ရွင္းရွင္းလင္းလင္း မေျပာေသးဘူး, သူေျပာတာေတာ့ ငါတို႔နည္းနည္းၾကာၾကာ ေစာင့္သင့္တယ္တဲ့"
သြမ့္ယြီယန္သည္လည္း ေခါင္းညိတ္သည္
"အမွန္ပဲ, တကယ္ေတာ့လည္း စြန္႔စားမႈက အရမ္းျမင့္မားတယ္ေလ ၿပီးေတာ့ ကေလးေလး ေမြးလာဖို႔ကလည္း ႏွစ္ဝက္ေလာက္ က်န္ေနေသးတယ္, ငါအလ်င္မလိုပါဘူး, ဒီအခ်ိန္အေတာအတြင္း ငါ့က်င့္ၾကံဆင့္ကို အရင္ဆုံး ျမင့္တက္လာေအာင္ လုပ္လိုက္ဦးမယ္, အဲ့ဒါမွ ပိုၿပီး ယံုၾကည္ခ်က္ေတြ ရွိလာမွာ"
လင္ရႊမ္းဇီက ေျပာသည္။
"မင္းတို႔ထြက္ခြာဖို႔ စီစဥ္ျဖစ္တာနဲ႔ ငါ့ကိုပါေခၚသြားေပး"
ယြမ္ထ်န္းဝမ္က အံ့အားသင့္သြားမိသည္။
"မင္းပါ သြားခ်င္လို႔လား?"
လင္ရႊမ္းဇီက အမွဳမဲ့အမွတ္မဲ့ပဲ ေကာက္ခ်က္ခ်သည္။
"လူမ်ားေလ ပိုေကာင္းေလပဲေလ"
ယြမ္ထ်န္းဝမ္က သူ႔လက္ကို အုပ္၍ အ႐ိုအေသေပးေတာ့၏။
"ဒါဆို ငါမင္းကို ႀကိဳၿပီး ေက်းဇူးတင္ထားပါရေစ"
အေၾကာင္းအရင္းက ဘာပဲျဖစ္ျဖစ္ သူတကယ္သြားခ်င္သည္ျဖစ္ေစ မသြားခ်င္သည္ျဖစ္ေစ ဒီလိုအခ်ိန္မွာ လင္ရႊမ္းဇီက ဒီလိုစကားမ်ဳိး ေျပာတယ္ ဆိုကတည္းက ယြမ္ထ်န္းဝမ္အေနနဲ႔ ထိုေက်းဇူးတရားကို လက္ခံရမယ္ဆိုတဲ့ သေဘာပင္။
ယန္ထ်န္းဟန္က မ်က္ေတာင္ခတ္သည္။
"အကယ္လို႔ အကိုႀကီးသြားရင္ ကၽြန္ေတာ္လည္း သြားမယ္"
သြမ့္ယြီယန္က မ်က္ေမွာင္က်ံဳ႔ေလသည္
"မင္းကဘာကို ဝင္ပါမွာလဲ? ကေလးငယ္ေတြက အိမ္မွာပဲ ကစားေနရမွာ — က်ိဳးပ်က္ဓားေတာင္ထြတ္မွာပဲ လိမ္မာတဲ့ ကေလးေလးလိုမ်ိဳး ေကာင္းေကာင္းက်င့္ၾကံၿပီးေနခဲ့"
ယန္ထ်န္းဟန္က ႏႈတ္ခမ္းဆူသည္။
"ကၽြန္ေတာ္က ဆယ့္ေလးႏွစ္ေတာင္ ျပည့္ေတာ့မွာပါေနာ္"
သြမ့္ယြီယန္က ေခါင္းညိတ္သည္။
"အဲ့ဒီေတာ့ မင္းကိုယ္မင္း ဆယ့္ေလး မျပည့္ေသးဘူး ဆိုတာကိုေတာ့ သိေသးတယ္ေပါ့"
ယန္ထ်န္းဟန္, "..."
လင္ရႊမ္းဇီကျပံဳးသည္။
"ဒီကိစၥကို ၿပီးမွဆက္ေျပာၾကတာေပါ့, ငါမင္းကို ေခၚသြားမလား မေခၚသြားဘူးလား ဆိုတာက အဲ့ဒီအခ်ိန္မွာ မင္းရဲ႔က်င့္ၾကံဆင့္ ဘယ္ေလာက္ေရာက္ေနၿပီလဲ ဆိုတဲ့အေပၚ မူတည္တယ္, အကယ္၍ အားဟန္ရဲ႔ က်င့္ၾကံဆင့္က ရပ္တန္႔ေနတယ္ ဆိုရင္ေတာ့ မင္းကိုဒီလို အႏာၱရယ္မ်ားတဲ့ေနရာမ်ိဳး မေခၚသြားႏိုင္ဘူး"
ယန္ထ်န္းဟန္က အနည္းငယ္ စိတ္ပူပန္ေနမိသည္
"ဒါေပမဲ့ ကၽြန္ေတာ္က ေလ့က်င့္မယ္ဆိုတာနဲ႔ နတ္ဆိုးလမ္းေၾကာင္းကို က်င့္ၾကံမွျဖစ္မွာ, တစ္ေန႔မွာ လံုးဝနတ္ဆိုးတစ္ေကာင္ ျဖစ္သြားမွာေၾကာက္တယ္"
လင္ရႊမ္းဇီကေတာ့ အမွဳမထားဟန္ေျဖသည္။
"အဲ့ဒီေတာ့ေရာ? အားဟန္, က်င့္ၾကံမႈဆိုတာ ကိုယ့္ႏွလံုးသားရဲ႔ ေစရာအတိုင္း လိုက္ပါၿပီး သဘာဝအတိုင္း လႊတ္ထားေပးရမွာ,..... အကယ္၍မင္းက နတ္ဆိုးတစ္ေကာင္ ျဖစ္သြားတယ္ဆိုရင္ေတာင္ ဒီကမာၻေပၚမွာ အၾကင္နာဆံုးနဲ႔ ခ်စ္စရာအေကာင္းဆံုး နတ္ဆိုးေလးပဲျဖစ္မွာ, မင္းမွာ အကိုႀကီးရွိေနတဲ့ဟာကို ဘာေတြေၾကာက္ေနတာလဲ?"
ယန္ထ်န္းဟန္က သူ႔ပါးစပ္ေလးကို ပိတ္လိုက္ဖြင့္လိုက္ျဖင့္ အႀကိမ္ေပါင္းမ်ားစြာ လုပ္ေနမိကာ လင္ရႊမ္းဇီရဲ႔ ၾကည္လင္ေတာက္ပၿပီး ညင္သာႏူးညံ့ေနတဲ့ မ်က္လံုးတစ္စံုအား စိုက္ၾကည့္ရင္း သူ႔ႏွလံုးသားက ျပင္းစြာခုန္ေပါက္လာသည္။
ဟုတ္တယ္, ဘာကိုေၾကာက္ေနရမွာလဲ?
အကယ္၍ လင္ရႊမ္ဇီေတာင္ သူဘယ္လိုေျပာင္းလဲသြားမလဲ ဆိုတာကို စိတ္ထဲမထားရင္ သူကေရာ ဘာလို႔သူ႔ကိုယ္ပိုင္ အေတြးအေခၚမွားေတြေၾကာင့္ က်င့္ၾကံဆင့္တိုးတက္ဖို႔ကို တြန္႔ဆုတ္ေနရမွာလဲ?
ေပါင္းပင္ေတြႏွဳတ္တာက သူ႔က်င့္ၾကံဆင့္ကို တိုးတက္ေစႏိုင္တယ္ ဆိုေပမယ့္လည္း အမွန္ကန္ဆံုး နည္းလမ္းေတာ့ မဟုတ္ေသးဘူးေလ။ ပိုၿပီးအေ၇းႀကီးတာက ေပါင္းပင္ေတြႏႈတ္ေနလို႔ တိုက္ခိုက္မႈ စြမ္းရည္ မတိုးတက္လာႏိုင္ဘူး
တိုက္ခိုက္ေ၇းစြမ္းရည္က ဘယ္ေလာက္ထိ အေရးႀကီးလဲ? လင္ရႊမ္ဇီကိုသာ ၾကည့္ေတာ့
သူအခုလို အဆင့္တူ က်င့္ၾကံသူမ်ားၾကားထဲမွာ အလြန္စြမ္းအားႀကီးေနျခင္းသည္ သူ႔ကိုယ္ပိုင္ ထူးကဲတဲ့ ပါရမီစြမ္းရည္ေၾကာင့္တင္မကပဲ သီအိုရီသာေလ့လာ၍ ကိုယ္တိုင္မေလ့က်င့္ေသာ ခပ္တံုတံုးအမွားမ်ားကို ဘယ္ေသာအခါမွ မက်ဴးလြန္ေသာေၾကာင့္ျဖစ္သည္။ ႏွစ္စဥ္ႏွစ္တိုင္းမွာလည္း အျပင္ဘက္ထြက္၍ အေတြ႕အၾကံဳမ်ားရယူၿပီး သူ႔ကိုယ္သူ ေလ့က်င့္မႈေပးရန္ ဘယ္ေသာအခါမွ မေလ်ာ့ခဲ့ေပ။
ယန္ထ်န္းဟန္က ခိုင္မာတဲ့ ဆႏၵမရွိတဲ့အျပင္ လင္ရႊမ္းဇီရဲ႔ ၾသဇာလႊမ္းမိုးမႈကို အလြယ္တကူခံရသည္။ အရင္ကေတာ့ က်င့္ၾကံခ်င္စိတ္ မရွိတာေၾကာင့္ 《အင္ပါယာအေလာင္းနည္းပညာ》ႏွင့္ 《ေရွးေခတ္ေစတန္နတ္ဆိုးအက》ကို သူ႔ေခါင္းေနာက္သို႔ လႊင့္ပစ္ထားခဲ့သည္။ အခု လင္ရႊမ္းဇီက သူ႔ကို တစ္ေခါက္တည္းသာ အားေပးလိုက္တာနဲ႔ ခ်က္ခ်င္းပင္ စိတ္ျပန္ေျပာင္းသြားခဲ့ၿပီး က်ိဳးပ်က္ဓားေတာင္ထြတ္ဆီ ျပန္ေရာက္တာနဲ႔ ျပင္းစြာအာရံုစူစိုက္ က်င့္ၾကံရန္ ဆံုးျဖတ္ခ်က္ခ်လိုက္ေလသည္။
ထို႔ေၾကာင့္ ယန္ထ်န္းဟန္က အားတက္သေရာ ေခါင္းညိတ္ျပသည္။
"အကိုႀကီး ကၽြန္ေတာ္ အားကုကိုပါ ေတာင္ေပၚေခၚသြားၿပီ ကၽြန္ေတာ္တို႔က်င့္ၾကံဆင့္ေတြကို အတူတူတိုးတက္ေအာင္ ႀကိဳးစားၾကမယ္"
လင္ရႊမ္းဇီက ေပ်ာ္ရႊင္ေနတဲ့ အမူအယာေလး ျပလာသည္။
"ဒီအခ်ိန္အေတာအတြင္း ငါမင္းနဲ႔အတူ က်ိဳးပ်က္ဓားေတာင္ထြတ္ဆီ လိုက္ခဲ့မယ္"
"မဟာအႀကီးအကဲလန္ယြဲ႔က လႊတ္ေပးပါ့မလား?"
လင္ရႊမ္းဇီကျပန္ေမးသည္။
"အကယ္၍သူငါ့ကို သြားခြင့္မေပးဘူးဆိုရင္ ငါ့ကို နစ္ႁမွဳပ္ဓားေတာင္ထြတ္ဆီမွာေနခိုင္းၿပီး လွ်ိဳေက်ာက္ယြဲ႔နဲ႔ က်န္းယြင္ရွီတို႔ကို ေန႔တိုင္းဆံုးမခိုင္းမွာလား?"
ယန္ထ်န္းဟန္, "..."
ဒါလည္းဟုတ္တာပဲ
ေလးေယာက္သား အခ်ိန္အေတာ္ၾကာသည္အထိ စကားစမည္ေျပာေနၾကသည္။ လင္ရႊမ္းဇီက ယန္ထ်န္းဟန္နဲ႔အတူ ျပန္ဖို႔ အဆင္သင့္ျဖစ္ေနတဲ့အခ်ိန္မွာ ဟန္က်င္းေလွ်ာက္လာသည္ကို ေတြ႕လိုက္၏။
ထိုကေလးငယ္ေလးက သူ႔လက္ထဲမွာ သစ္သားဓားကို ကိုင္ထားၿပီး သူ႔ရဲ႔ ႏူးညံ့သိမ္ေမြ႕ေသာ မ်က္ႏွာအသြင္အျပင္တြင္ အသက္အ႐ြယ္ႏွင့္ မလိုက္ဖက္ေသာ တည္ၿငိမ္ေအးေဆးမႈကို ထိန္းထားသည္။
ဟန္က်င္းက လင္ရႊမ္းဇီအားျမင္ေသာအခါ သိသိသာသာ အံ့အားသင့္သြားေသ္ာလည္း မၾကာခင္မွာ သူ႔ေျခလွမ္းမ်ားကို ျမန္ဆန္လိုက္၍ ယြမ္ထ်န္းဝမ္ဆီ ေလွ်ာက္သြားလိုက္သည္။
"သခင္ေလး, ဒိေန႔ေပးထားတဲ့ တာဝန္ေတြကို ၿပီးေျမာက္ခဲ့ပါၿပီ"
ယြမ္ထ်န္းဝမ္က အမိန္႔ေပးသည္။
" 《အေျခခံဓားနည္းစနစ္မ်ား》ကို ေနာက္တစ္ေခါက္ ထပ္သြားၿပီး ေလ့က်င့္"
ဟန္က်င္းက ရပ္တန္႔သြားၿပီးေနာက္ ယြမ္ထ်န္းဝမ္အား လွမ္းၾကည့္သည္။
"ဒါေပမဲ့ ကၽြန္ေတာ္ၿပီးသြားၿပီ"
ယြမ္ထ်န္းဝမ္ကေမးသည္။
"အဲ့ဒီေတာ့?"
ဟန္က်င္း, "..."
သူ႔မွာေန႔တိုင္း တာဝန္ေတြ ေျမာက္ျမားစြာ ရွိေနသည္။ အသက္ခုႏွစ္ႏွစ္ ရွစ္ႏွစ္သာ ရွိေသးေသာ ကေလးတစ္ေယာက္ အတြက္ကေတာ့ လံုးဝကို ႀကီးမားတဲ့ ဝန္ထုပ္ဝန္ပိုးတစ္ခုပင္။ သူ႔မွာ သူ႔ကို ယြမ္ထ်န္းဝမ္ေပးသမွ် အက်ိဳးအေၾကာင္းမသင့္သည့္ တာဝန္မ်ားအားလံုးကို ၿပီးေျမာက္ေအာင္ စြမ္းေဆာင္ႏိုင္ရံုမွ်သာရွိသည္။ မူလကေတာ့ အိပ္ယာေပၚမွာ လွဲၿပီး ဘာမွမလုပ္ခ်င္ေတာ့ေပမယ့္ မေမွ်ာ္လင့္ပဲ ယြမ္ထ်န္းဝမ္က သူ႔ကိုထပ္ၿပီးတာဝန္ေပးခ်င္ေနတယ္!
သြမ့္ယြီယန္က အရာအားလံုးကို တိတ္တိတ္ေလး ခံယူေနသည့္ ဟန္က်င္းရဲ႔ မ်က္ႏွာေလးကို ၾကည့္လိုက္သည္။ အခုတစ္ေလာ အျပည့္အဝ ေပါက္ဖြားလာတဲ့ သူ႔မိခင္စိတ္ေၾကာင့္လားေတာ့မသိေသာ္လည္း သူက ႏူးႏူးညံ့ညံ့ေျပာလိုက္ေလသည္။
"အကိုထ်န္းဝမ္, တစ္လွမ္းျခင္းဆီသြားရေအာင္ပါ, အားက်င္းလည္း ပင္ပန္းေနၿပီ....."
ယြမ္ထ်န္းဝမ္က ဟန္က်င္းအား ငံု႔ၾကည့္ၿပီးေမးသည္။
"ပင္ပန္းေနၿပီလား?"
ဟန္က်င္းက ရင္ထဲမွာသာ မ်က္လံုးလွန္လိုက္ေတာ့သည္။
ယြမ္ထ်န္းဝမ္က သူ႔ႏွဖူးေပၚက ေခၽြးသီးေတြကို မျမင္ဘူးလား? သူ႔အဝတ္ေတြေတာင္ စိုရႊဲေနၿပီ!
ဟန္က်င္းက ေခါင္းညိတ္ျပလိုက္သည္။
11.12.2021
===============