Chapter (4)
တိတ်ဆိတ်ငြိမ်သက်နေသောအခန်းငယ်လေးတစ်ခန်းထဲတွင် ကောင်လေးနှစ်ယောက် ရဲ့ လှပသော အပြုံးလေးနဲ့တန်ဆာ ဆင်ထားလို့နေသည်။
" ညီ အဆင်ပြေရဲ့လား နောက်ပိုင်းဓာတ်ကုထုံးတွေကပိုဆိုးလာမှာနော် Side Effect တွေလည်းအများကြီးပဲ ညီခေါင်း ကောကိုက်နေသေးလား နောက်ပြီးတော့အဆင်မပြေတာရှိရင် ဘေးနားကခလုပ်ကိုအချိန်မရွေးသာနှိပ်လိုက်နော်"
"ဟုတ်ကဲ့ဒေါက်တာ ကျွန်တော်အဆင်ပြေပါတယ် ကျွန်တော်မေးကြည့်ချင်တာက ကျွန်တော် Laptop နဲ့စာရေးလို့ရမလားတစ်ရက်မှာ ၁နာရီလောက်ပါ"
"အင်း..မရဘူးလို့တော့ပြောချင်ပေမယ့် ညီရေးချင်သပဆိုလည်းရေး ၁ နာရီပဲနော် ပိုမရဘူး ကြာရင်ခေါင်းကိုက်လိမ့်မယ် "
"ကျွန်တော်ပြီးပြတ်ချင်တဲ့ဝတ္တုလေးတစ်ပုဒ်ရှိလို့ပါဒေါက်တာရယ်"
"ဟုတ်ပါပြီဗျာ ရေးပြီးရင်တော့ အကို့ကို အရင်ပေးဖတ်လှည့်ဟုတ်ပြီလား"
"အင်း "
"ဒါဆို အကိုသွားတော့မယ် Duty ဝင်စရာရှိသေးလို့"
ရှိန်းနေမင်းခကနှုတ်ဆက်ကာထွက်သွားသည်။ကုတင်ပေါ်၌ထိုင်နေသောကောင်လေးမှာတော့သူဘေးနားကပြတင်းပေါက်ငယ်မှာရပ်နေသော ငှက်လေးနှစ်ကောင်ကိုကြည့်၍အတွေးလွန်နေလေပြီ။
အင်း ငါလည်းမကြာခင်လွတ်လပ်တဲ့ငှက်လေးတစ်ကောင်ဖြစ်ရတော့မှာပါလားနော်။တစ်နေကုန်လဲလျောင်းနေပြီးမိုးသားညိုတစ်ယောက်ပျင်း၍ အခန်းပြင်ဘက်သို့လမ်းလျှောက်ထွက်လာသည်။ သူနာပြုဆရာမတစ်ချို့နှင့် ဆရာဝန်မလေးတစ်ချို့ကမိုးသားကိုကြည့်ကာပြုံးပြီး ပြောနေသည်။
"သူကအခန်းနံပါတ်528 ကကောင်လေးလေ အရမ်းချောတာပဲနော်"
"အေးဟုတ်တယ်မနက်ကမှဆေးရုံစတက်တာ ဦးနှောက်အကြိတ်ကင်ဆာတဲ့လေ အသက်ကလည်း ၂၀ ကျော်ကျော်ပဲရှိသေးတယ်သနားလိုက်တယ်ဟယ်ပြီးတော့ရုပ်ကလည်းနင်မြင်တဲ့အတိုင်းချောလွန်းလို့ ရောဂါသည်လို့တောင်မထင်ရဘူး"
သူတို့ပြောတဲ့အတိုင်းပင်မိုးသားကတကယ်ကိုချစ်ဖို့ကောင်းလှသည်။ဆံပင်ကအညိုရောင်လေးနဲ့မျက်လုံးကလည်းအရောင်တစ်လက်လက်နှင့်အတူနူးညံဖြူဖွေးတဲ့အသားရောင်လေးတို့နဲ့ပေါင်းစပ်ထားပုံမှာအရုပ်ကလေးအလားပင်......
"ဟုတ်ပါ့ဟယ် ကြည့်ကြည့်ငါတို့ဘက်ကိုလာနေပြီ"
မိုးသားကသူတို့နှစ်ဦးဘက်သို့ပြုံးကာလာသည်။
"မင်္ဂလာပါဗျ ကျွန်တော်ကမိုးသားညိုပါ နောက်မကြာခင်ဆေးရုံမှာအမြဲတွေ့နေရတော့မှာဆိုတော့လာမိတ်ဆက်တာပါ"
"ဟုတ်..ဟုတ်..အမတို့ကိုလည်းမောင်လေးအကူညီလိုရင်အချိန်မရွေးလာတောင်းလို့ရတယ်နော် အမက မြတ်နိုး၊ဟိုဘက်ကတော့အပုလေးလို့သာခေါ်လို့ရတယ် အမတို့က ဒီမှာ ၂၄ နာရီရှိတယ်သိလား"
"ကျေးဇူးတင်ပါတယ်ဒါဆိုသွားခွင့်ပြုပါအုံးနော်"
မိုးသားညိုတစ်ယောက်မိတ်ဆက်ပြီးနောက်ထိုနေရာမှထွက်သွားလေသည်။နောက်ကနှစ်ယောက်ကတော့ဂုဏ်ဆာသောအပြုံးလေးနဲ့ကျန်ရစ်ခဲ့သည်။
မိုးသားညိုတစ်ယောက်တည်း သူရဲ့ချစ်လှစွာသောအကိုရှိရာနေရာလေးသို့သူဦးတည်နေသည်။အခန်းတံခါးကလည်းအနည်းငယ်ပွင့်လို့နေပုံပေါက်တာကြောင့် ထိုအဝနားလေးမှာအထဲကပြောနေတဲ့စကားသံအချို့ကိုသူကြားလိုက်ရသည်။
ကြားပြီးတဲ့နောက်မှာတော့သူရဲ့ရင်ထဲဗလောင်ဆူသွားခဲ့သည်။သူနားနှင့်သာမကြားရင်ဒီစကားလုံးတွေကို သူချစ်တဲ့ အကိုက ပြောတယ်ဆိုတာယုံနိုင်ဖွင့်မရှိပါ။
"........."
"မဟုတ်တာလမင်းကလည်းသူက မောင့်သူငယ်ချင်းရဲ့မောင်လေးတစ်ယောက်မို့ကူညီပေးနေတာလေ"
"........."
"လမင်းကလည်းမောင့်ကို ဂေးလို့ထင်နေတာလား မောင်ကလေ ဒီကမ္ဘာမှာလမင်းတစ်ယောက်တည်းကိုအချစ်ဆုံးဟုတ်ပြီလား ဟိုက သေခါနီး လူနာတစ်ယောက် အဲ့တော့ဒီတိုင်းနုနုရွရွဆက်ဆံပေးရုံပဲ"
"........"
"ဟုတ်ပါပြီဒါဆိုဒါပဲနော် ပြင်သစ်ကပြန်လာရင်မောင်နဲ့လက်ထပ်ကြမယ်"
ဤကား မိုးသားညိုကြားခဲ့ရသောစကားများပင်ဖြစ်သည်။သူနားထောင်နေသောအခန်းဝလေးမှာတင်သူပြိုလဲလုနီးပါးဖြစ်သွားခဲ့သည်။စတောင်မစရသေးတဲ့ဇာတ်လေးတစ်ပုဒ်ကအပိုင်း တစ် မှာ ပင် ဇာတ်သိမ်းခဲ့သည်။
ဆောက်တည်ရာမရဖြစ်နေသောထိုကောင်လေးမှာအလာတုန်းကပြုံးပန်းဝေဆာနေပေမယ့်သူရဲ့အပြန်လမ်းလေးကတော့မသာယာတော့ပါ။သို့သော် အကို့ကိုသူချစ်သည်ကိုတော့လက်မလျော့ခဲ့ပါ။
သူချစ်ရဆုံးသူရဲ့ချစ်သူချစ်တာထက်ကိုသူပိုချစ်တယ် လမင်းထက်တော့တစ်ပြားမှပိုလျော့မည်မဟုတ်ပါ။သူချစ်ခဲ့တယ်ဆိုတာစိတ်ကစားပြီးအပျော်ချစ်ခဲ့တာမှမဟုတ်တာလေ။
ထိုနေ့မှစ၍နှစ်ပတ်ကြာပြီးသည်အထိ မိုးသားညိုဆီသို့သူရဲ့ချစ်လှစွာသောအကိုက မလာခဲ့ပါ ။သို့သော်လည်း သူ(မိုး)အားသည့်အချိန်တိုင်း လူနာတွေကိုဆေးကုသပြီးပြုံးရယ်နေတဲ့ သူ့အကိုရဲ့ ဆေးကုသခန်းလေးနားကိုတော့နေတိုင်းမပျက်သွားချောင်းလေ့ရှိတာကိုတော့သူမပျက်ခဲ့ပါ။
သူခံယူထားတာရှိတယ် အချစ်ဆိုတာကရယူခြင်း၊ ပိုင်ဆိုင်ခြင်းမှမဟုတ်ပဲ အဝေးကနေကိုယ်ချစ်ရတဲ့သူပျော်နေတာကိုမြင်ပြီးအဝေးကနေချစ်နေရင်လည်း အချစ်ပဲမဟုတ်ဘူးလား~
ဒီနေ့လည်းဓာတ်ရောင်ခြည်ကုသမှုကိုခံယူကာအနားယူပြီးနောက်မှာတော့ သူ့ အကိုရှိရာ အခန်းလေးဘက်သို့ဦးတည်လာပြန်သည်။
သူချစ်တဲ့အချစ်ကိုတော့ အကိုသိမသိ မသိနိုင်ပေမယ့် သူကိုအမြဲ တွေ့နေရတဲ့သူနာပြုကောင်မလေးနှစ်ယောက်ကတော့ မိုးသားညိုဆိုတဲ့ကောင်ငယ်လေးက သူတို့ရဲ့ဆရာဝန်လေး ရှိန်းနေမင်းခကိုခံစားချက်တွေရှိတယ်ဆိုတာကိုသိနေခဲ့သည်။
"မောင်လေးမိုး ဒီနေ့ဘယ်လိုလဲအဆင်ပြေရဲ့လား"
မိုးသားကပါးချိုင့်လေးပေါ်အောင်ပြုံးရယ်လိုက်ပြီး
"ဟုတ်မမပု ကျွန်တော်ပြေတယ်ဗျ"
"မောင်လေးမိုးရဲ့အပြုံးကြောင့်ဒီအပုမှအရည်ပျော်ရပါပြီ"
ဘေးကမြတ်နိုးက ဂျပုမရဲ့ခေါင်းကိုခေါက်လိုက်ကာ
"ဟဲ့နင်သာအရည်ပျော်သွားရင် နင်မရှည်တဲ့အရပ်ကနေပိုပုသွားမှာပေါ့ဟ"
မိုးသားညိုသူ့ရှေ့ကရန်ဖြစ်ပြီးစနောက်နေကြတဲ့ကောင်မလေးနှစ်ယောက်ကိုကြည့်ကာရယ်ပြီးခေါင်းခါကာ အကိုရှိတဲ့ အခန်းလေးသို့လျှောက်လှမ်းသွားခဲ့သည်။
နေတာကြာလာတာနဲ့အမျှ ထိုသူနာပြုနှစ်ယာက်ကိုလည်းသူခင်တွယ်မိပါ၏သူနေဖို့အချိန်မရှိတော့တာနဲ့အမျှသူပိုခင်တွယ်လာတတ်သည်။
ဖြစ်နိုင်တာကတော့ငယ်ငယ်ကတည်းမေတ္တာငတ်လာခဲ့တာကြောင့်ဖြစ်မယ်။