[ Unicode ]
ကောင်းကင်သည်မှိုင်းညှို့ကာ မိုးတဖွဲဖွဲရွာသွန်းနေသည်။ လမ်းမဘေးပလက်ဖောင်းထက်တွင် ပြေးလွှားနေကြသော သူများလည်းရှိသလို ထီးကိုခပ်ငိုက်ငိုက်ဆောင်းကာ သွက်သွက်လက်လက် သွားလာနေကြသူများလည်းရှိသည်။ လူတွေသာတဖြည်းဖြည်းပါးလာသည်၊ မိုးသည် သည်းသထက်သည်းလာဆဲ။
ထို့အတူ သူ့မျက်စိရှေ့ ဘက်စ်ကားမှတ်တိုင်တစ်နေရာတွင် ထိုင်နေသောကောင်လေးကလည်း မိုးအတိတ်ကိုစောင့်နေတာ မိနစ် ၃၀ လောက်တော့ ရှိပြီထင်၏။ အတွေးနှင့်အတူ ဘခ်ဟျွန်းသူ့နာရီကိုငုံ့ကြည့်လိုက်တော့ ညနေ ၅ နာရီခွဲနေပြီ။ ပုံမှန်ကျောင်းဆင်းချိန်ထက် သိသိသာသာနောက်ကျနေပြီမို့ သူပြန်မှဖြစ်တော့မည်။ ထီးလည်းပါရက်သားနှင့် စတိုးဆိုင်၏တံဆက်မြိတ်အောက်မှာ ဝင်ရပ်ရင်း ထိုမှတ်တိုင်ကကောင်လေးကို သူစိုက်ကြည့်နေမိတာ။
ထိုကောင်လေးကတော့ သူ့အကြည့်တို့ကို ခံစားမိပုံမပေါ်။ ဂုပ်ထောက်ဆံပင်ဘုတ်သိုက်ကြောင့် သိသိသာသာဖုံးအုပ်နေတတ်သော မျက်ဝန်းများနှင့် အရပ်ကြီးကလန်ကလားဖြစ်နေသလောက် ခေါင်းငိုက်စိုက်ချလမ်းလျှောက်တတ်သော ပုံရိပ်တွေက လျှက်တစ်ပြတ်ကြည့်လျှင်တောင် မည်သူ့ကိုမှ မဆွဲဆောင်နိုင်မှာ အသေချာပင်။ ဆိုသည့်တိုင် သူ့အာရုံကိုဆွဲဆောင်ထားနိုင်သည်က တလောကဖြစ်ခဲ့သည့် တိုက်ဆိုင်မှုကိစ္စတစ်ခုကြောင့်။
တိုက်ဆိုင်မှုဆိုသည်ကား ရန်ပွဲတစ်ခုသာဖြစ်၏။ ဘခ်ဟျွန်းသည် ရန်ပွဲတိုင်းနှင့် မစိမ်းဘဲဝင်ပါနေတတ်သည့် ခပ်ဆိုးဆိုးကျောင်းသားတွေထဲတော့ မပါ။ သို့တိုင် ရန်ပွဲဟုပင် ခေါ်၍မရသည်အထိ ကျောင်းသားလေးယောက်ထံမှ ချောင်ပိတ်အနိုင်ကျင့်ခံနေရသော ထိုပုံရိပ်က သူ့သွေးတွေဆူပွက်လာစေသည်တော့အမှန်ပင်။ လွယ်အိတ်ထဲမှ ပစ္စည်းပစ္စယမှန်သမျှ မောင်ပိုင်စီး ဖျက်စီးခံနေရသလို ရိုက်နှက်မှုမှန်သမျှကိုလည်း မခုခံဘဲ ကုပ်ကုပ်လေးငြိမ်ခံနေသည့် ကောင်လေးက ဘာတွေတွေးနေမလဲတော့မသိ။ အကြီးတစ်ယောက်ဖြစ်နေတာအပြင် ကျောင်း၏နာမည်ရကျောင်းသားမို့ ဘခ်ဟျွန်း တစ်ချက်လောက်ဟိန်းဟောက်ပေးလိုက်ရုံနှင့် ငြိမ်သွားကြသော်ငြား မကြည်ကြည့်ဖြင့်တော့ အကြည့်ခံလိုက်ရသည်မို့ ရှေ့လျှောက်အညှိုးခံရတော့မည်ကတော့ အသေချာပင်။
ထိုကောင်လေးကို ဆွဲထူပေးကာ အဆင်ပြေမပြေမေးသော်ငြား အဖြေပြန်မလာ၊ အကြည့်ချင်းပင်မဆုံသလို စကားတစ်ခွန်းတစ်ပါဒမှ မပြောဘဲ ပြေးထွက်သွားခြင်းဖြစ်သည်။ တစ်စွန်းတစ်စမြင်လိုက်ရသည့် အင်္ကျီရင်ဘတ်ပေါ်က ကျောင်းတံဆိပ်ကြောင့်သာ ကျောင်းတူမှန်းသိလိုက်ရတာ ထိုကောင်လေးကို ဘခ်ဟျွန်းကျောင်းတက်လာသမျှ နှစ်ပတ်လည်လုံးတစ်ကြိမ်တစ်ခါမျှပင် မတွေ့ဖူးပါချေ။ သို့တိုင် ထိုရက်တွေက သိပ်ပြီးစိတ်မဝင်စားခဲ့။
ဘခ်ဟျွန်း၏ အာရုံကိုဆွဲဆောင်နိုင်သွားသည်က တဖြည်းဖြည်းသူ့မြင်ကွင်းထဲ နေရာယူလာသောကောင်လေးကြောင့် ဖြစ်ပြီး မင်္သကာ၍အပေါင်းအပါတွေထံ မေးမြန်းပြန်တော့လည်း ကြားရသည်ကအထူးတဆန်းသိပ်မရှိ။
ငယ်စဥ်ကတည်းက ဒီရပ်ကွက်တွင်သာကြီးပြင်းလာသည့် ကောင်လေးဖြစ်သလို အတန်းထဲလည်း တော်တော်ငြိမ်တာအပြင် လူကြောက်တတ်တာကြောင့် လူသိနည်းတာဟုဆို၏။
သို့တိုင် ဘခ်ဟျွန်းကတော့ သတိထားမိခဲ့ပြီဖြစ်ပြီး ပို၍ပို၍သတိထားမိလာစေသည်က ထိုမျက်ဝန်းများ။ ကြည်တောက်နေသလောက် ရှုပ်ရှုပ်ပွပွဆံပင်တွေအောက် ဖုံးကွယ်နေတတ်သည့် ထိုမျက်ဝန်းဝိုင်းများက ဘခ်ဟျွန်းနှင့်အကြည့်ချင်းဆုံတိုင်း ချာကနဲနေအောင် လွှဲလွှဲသွားတာ။ အပြင်မှာ ကျောင်းတွင်းကိစ္စတစ်ချို့ကြောင့် နီးနီးကပ်ကပ် ဆုံတိုင်းလည်း ခိုးကြည့်နေတတ်တာ ဘခ်ဟျွန်းမသိတာမဟုတ်၊ အသည်းယားလာ၍ အကြည့်ချင်းဆုံပေးလိုက်ပြန်လျှင်လည်း ကပျက်ကချော်နှင့် ပြေးထွက်သွားတတ်သေးတာ။
အမြဲလိုလို ထိုပုံစံတွေနှင့် ကြုံတွေ့ရပါများတော့ ဘခ်ဟျွန်းစိတ်ဝင်စားမှုကလည်း ပိုသထက်ပိုလာသလို စုံစမ်းသိရှိမိသလောက်တော့ အမည်နာမသည် ပတ်ချန်းယောလ် ဟူ၍။ အတန်းထဲတွင် စာအတော်ဆုံးမဟုတ်သော်ငြား သူ့အဆင့်နှင့်သူတော့ တော်သည်တဲ့။ အေးသည်မို့ အနိုင်ကျင့်ခံရသည်ကလည်း ခပ်များများဖြစ်သလို များသောအားဖြင့် မည်သူကမှတော့ ထိုကောင်လေးကို ဂရုမစိုက်တတ်ကြဟူ၍။
ထိုအချက်ကတော့ အမှန်ပင်။
ဘခ်ဟျွန်းသတိထားမိပြီးနောက်ပိုင်း ပို၍ပင်သိလာရသည်ကား ထိုကောင်လေးသည် အမြဲလိုလိုသေးသေးမွှားမွှား ကိစ္စလေးများကအစ အနိုင်ကျင့်ခံရသည်။ အနိုင်ကျင့်ခံရလည်း မည်သို့မှတုန့်ပြန်တာမဟုတ်၍ တချို့ကျောင်းသားများက ပျင်းသည်ဆိုကာ အနိုင်မကျင့်ကြတော့သော်ငြား လမ်းတွေ့လျှင် စစနောက်နောက် ခေါင်းကိုရိုက်သွားကြသည်က အများသား။
ဘခ်ဟျွန်းကသာ မြင်နေရ၍ဒေါသထွက်နေရတာ၊ ထိုကောင်လေးကတော့ ခေါင်းထဲတောင် ထည့်ပုံမပေါ်။
သူ့အကြောင်းတွေ ဘာကြောင့်လိုက်စုံစမ်းနေသလဲဆို အကြောင်းပြချက်ကရှင်းသည်။ ဘခ်ဟျွန်းသူ့ကိုစိတ်ဝင်စားသည်။ ဤသည်ကို သတိပြုမိသည်နှင့် ဘခ်ဟျွန်းပထမဆုံး စဥ်းစားမိသည်က သူသည်ယောကျ်ားသားချင်း စိတ်ဝင်စားတတ်သလော ဟူ၍။ ဖြစ်ကောင်းဖြစ်နိုင်သည့်တိုင် သူ့အနေဖြင့် ဤသည်ကားပထမဆုံး သဘောကျမိသည့် ယောကျ်ားတစ်ယောက်ဖြစ်သည်မို့ တထစ်ချမဆုံးဖြတ်နိုင်သေး။
ကြိုက်သည်ဟုတော့ မသုံးနှုန်းချင်သည့်တိုင် ထိုကောင်လေးအပေါ် သူ့စိတ်က စိတ်ဝင်စားတာထက် ပိုနေပြီမှန်းတော့ သိသည်။ အကြောင်းသိသည်ကလည်း တစ်ပတ်သာရှိသေးသည်မို့ လွယ်လင့်တကူ ကောက်ချက်မချသေးတာဖြစ်ပြီး ယခုကားမှတ်တိုင်တွင် မိုးဆဲမည့်အချိန် ထိုင်စောင့်နေသောကောင်လေးကို ကြည့်နေရင်း သူ့စိတ်တွေက ပိုပြီးသေချာလာသလိုပါပင်။
နောက်ဆုံး အချိန်ကလည်းမလင့်တော့သည်နှင့် လွယ်အိတ်ဘေးက ခေါက်ထီးလေးအားဆွဲထုတ်ကာ ထိုမှတ်တိုင်ရှေ့အသာ လျှောက်သွားလိုက်သည်။ ထီးသည် တစ်ယောက်စာတည်းပင် လောက်လောက်ငှငှရှိရုံမို့ ထိုကောင်လေးအရပ်ကြီးနှင့် ကျိန်းသေပေါက်မဆံ့လောက်။ သို့တိုင် ထိုကောင်လေးကို သူဤနေရာတွင်လည်း တစ်ယောက်တည်းမထားခဲ့နိုင်ချေ။
ကားမှတ်တိုင်ရှေ့ ခေါင်းငိုက်စိုက်ချထိုင်နေသော ကောင်လေးအား ထီးအုံ့မိုးပေးလိုက်တော့ အရိပ်ကြောင့်ထင်၊ သူ့ကိုမော့ကြည့်လာ၏။ ညှင်းသိုးနေသော နေပုံထိုင်ပုံနှင့် မလိုက်ဖက်စွာပင် မျက်ဝန်းတို့က ပကတိ ကြည်လင်နေလျက်။
ဘခ်ဟျွန်းပြုံးပြလိုက်သည်။
"အတူတူပြန်မလား မိုးက တိတ်ဖို့ကြာဦးမယ့်ပုံပဲ"
ဘခ်ဟျွန်းပြောတာမှာ ဘယ်နားက အံ့ဩစရာပါသွားသလဲတော့ သူကိုယ်တိုင်လည်းမသိ၊ သို့တိုင် ထိုကောင်လေးကတော့ ထိုင်နေရာကနေ ဝုန်းကနဲထရပ်လိုက်သည်မှာ အုပ်မိုးထားသော ဘခ်ဟျွန်း၏ထီးကိုပင် ကျော်လွန်သွားသည်အထိ။
အနည်းငယ်တော့ အင်တင်တင်ဖြစ်သွားသည်က ရှည်လျားလွန်းသော ထိုအရပ်ကြီးကြောင့်။ ပြဿနာတော့မရှိ၊ ဘခ်ဟျွန်းစိတ်ဝင်စားမှုက သူ့ထက်ရှည်သည်။
အရပ်မညီမျှမှုကြောင့် မော့ကြည့်လိုက်ရတော့ သူ့ကိုမျက်လုံးပြူးကြည့်နေလျက်မို့ လွှတ်ကနဲရယ်မိသွားသည်။
"ဘာကိုကြည့်နေတာလဲ မင်းအိမ်က ငါတို့ရှေ့လမ်းတင်မဟုတ်လား"
စိတ်ဝင်စားမိကတည်းက အသေးစိတ်စုံစမ်းထားသော ဘခ်ဟျွန်းအဖို့ ဤသည်ကား ပမွှားကိစ္စ။ သူ့စကားကိုတော့ ခေါင်းညိတ်ပြလာသည်မို့ စကားနားလည်သားပဲ အတွေးနှင့်အတူ လက်ထဲကထီးကိုလွှဲပေးလိုက်သည်။
"မင်းကိုင်လိုက်"
"ဟုတ်"
ဟုတ်ဆိုပဲ။
ဒီလိုခေတ်မျိုးမှာ ဒီအရွယ်ထိတိုင် တဟုတ်ဟုတ်နှင့် လိမ္မာနေတတ်သည့်ကျောင်းသားမျိုး ရှိသေးသည်ပဲလား။ ဘခ်ဟျွန်းသဘောကျစိတ်ကြောင့် ကြိတ်ပြုံးမိသည်။
လက်ဖျားချင်း အဖျားခတ်ထိစုံသွားသည့် ခေတ္တခဏ ထိုလက်များမှ အေးစက်မှုကိုခံစားလိုက်ရပြီး အချမ်းဓာတ်ကြောင့်လားမသိ ရင်ထဲပါတစ်ချက်တုန်လှုပ်သွားရသည်။ ထိုကောင်လေးကတော့ သူ့စကားနားထောင်ကာ ထီးကိုလွှဲပြောင်းယူပေးရင်း လမ်းလျှောက်ထွက်လာ၏။
ထီးမျက်နှာပြင်ပေါ် မိုးကျသံတဖွဲဖွဲအောက် လေအရှိန်လည်းပါသည်မို့ ရေစက်လေးများက သူ့အင်္ကျီအနားများတွင် လာခိုတွယ်ကြသလို မြေသင်းနံ့ဟာလည်း ပြင်းပြလျက်။ အရပ်ကွာခြားမှုအား ပို၍သိသာနေစေသည်က မိုးရေစက်တို့အောက် ပူးကပ်နေရသော ပုခုံးနှစ်ဖက်ကြောင့်။ မြေသင်းနံ့ရောသည့် ထိုကောင်လေးအနံ့သည် မိုးရေထဲကြာကြာ ထိုင်နေ၍လားမသိ၊ မိုးနံ့လေနံ့ပါသင်းနေသည်။
ဘခ်ဟျွန်းတို့အိမ်နှင့်ကျောင်းသည် လမ်းလျှောက်ပြန်လျှင် မိနစ် ၂၀ မျှကြာပြီး ဘက်စ်ကားစီးသွား၍ရပါသည့်တိုင် တစ်စီးမှမလာသေးသည်ကြောင့်။ မိနစ် ၂၀ ကြာ လမ်းလျှောက်ရချိန်သည် မိုးရွာနေ၍ ခြေလှမ်းတို့အရှိန်လျှော့ရတော့ နာရီဝက်အကြာမျှ ထိုကောင်လေးဘေး အချိန်ဖြုန်းရသည်။
မည်သည့်စကားမျှမပြောဖြစ်ပါ။ ဘခ်ဟျွန်းတွင် ပြောစရာမြောက်များစွာ ရှိသည့်တိုင် မိုးကျသံတဖြောက်ဖြောက်အောက် စကားကိုအော်မပြောချင်သည့်အားလျော်စွာ ငြိမ်နေခြင်းပင်။ သို့တိုင် ကံတရားက သူ့ဘက်မှာရှိသည်။
နေသည် တဖြည်းဖြည်းထွက်လာ၏။ နွေရာသီဖြစ်၍ နေ့တာရှည်သည့်အားလျော်စွာ ထွက်ပေါ်လာသည့် နေရောင်ခပ်ဖျော့ဖျော့ကလည်း ဝင်ခါနီးအချိန်ဆဲဆဲမှာဖြစ်သည်။ ခပ်ပါးပါးနေရောင်ခြည်က မိုးရေအေးစိမ့်စိမ့်ထဲ စိတ်ကို လန်းဆန်းနွေးထွေးသွားစေသည်တော့ အမှန်ပင်။
မိုးသည်လည်း တဖြည်းဖြည်းတိတ်သွားပြီး လမ်းထဲအိုင်ထွန်းနေသော ရေတစ်ကွက်နှစ်ကွက်မျှသာ ကျန်တော့ပြီး လမ်းတစ်လျှောက် သစ်ပင်တို့မှ တပေါက်ပေါက်စီးဆင်းကျနေသော ရေစက်တို့ကြောင့်သာ ထီးကိုဆက်စောင်းထားဆဲ။
ထိုကောင်လေး ဘခ်ဟျွန်းဦးဆောင်သည့် ခြေလှမ်းတို့နောက် လိုက်နေတာသိသည်မို့ သူ့အိမ်ကို အရင်ဦးတည်ပေးလိုက်သည်။ လိပ်စာကိုသိပြီးသား ဆိုသည့်တိုင် မသိချင်ယောင်ဆောင်၏။
"ဒီလမ်းမလား"
"ဟုတ်"
ဟုတ် ပြန်ပြီ။
"ဘယ်အိမ်လဲ"
"ဟိုရှေ့နား"
ထီးကိုင်ထားသည့်လက်ဖြင့် ရှေ့ကိုညွှန်လိုက်ချိန်မှာပင် ဘခ်ဟျွန်းခေါင်းပေါ် ရေတစ်စက်ပေါက်ကနဲ ပြုတ်ကျသည်ကို သူမည်သို့သတိပြုသွားလဲတော့မသိ၊ ချက်ချင်းပင် ထီးကိုဘခ်ဟျွန်းပေါ် ပြန်မိုးပေးတော့၏။
"တောင်း - တောင်းပန်ပါတယ် ကျွန်တော်"
ဘခ်ဟျွန်းရယ်သံက သူ၏ကပြာကယာစိုးရိမ်သံကို လွှမ်းမိုးသည်။
"ဘာတောင်းပန်စရာလိုလို့လဲ ဒီအိမ်လား"
အိမ်၏အပြင်ပန်းသွင်ပြင်က ကြည့်လိုက်သည်နှင့်ပင် အိမ်ပိုင်ရှင်နှင့် ဆင်တူလှစွာ ခပ်မှိုင်းမှိုင်း။ ခြံစည်းရိုးကပ်လျက်တစ်လျှောက် ပန်းအိုးတွေရှိပေမယ့် အများစုဟာ ပြုစုမခံထားရမှန်းသိသာစွာပင် ညှိုးနွမ်းခြောက်ကပ်နေသည်မှာ နှစ်အချို့ကြာပြီထင်၏။ ကံကောင်းထောက်မစွာပင် အိမ်ကတော့ အဖြူရောင်ဆေး သုတ်ထားတာအပြင် သပ်ရပ်မှုရှိသည်မို့ သရဲအိမ်လိုခံစားချက်ကိုမပေး။ ခြောက်ကပ်အထီးကျန်နေသည့် ခံစားချက်ကိုသာ ပေးသည်။
ခြံတံခါးကိုဖွင့်ပြီး အထဲဝင်သွားချိန်အထိ ဘခ်ဟျွန်းပြန်မလှည့်လာဖြစ်သေး။ ထိုကောင်လေး အထဲဝင်သွားသည်အထိ ကြည့်နေမည်ဟု မသိစိတ်က ဆုံးဖြတ်သည့်အတိုင်း ရပ်နေမိခြင်းဖြစ်ပြီး ထိုကောင်လေးက အထဲမဝင်ခင် သူ့ကိုလှည့်ကြည့်ကာ ပြောလာ၏။
"ကျေးဇူးပါ"
ကြားထဲတွင် ခြံစည်းရိုးတစ်ခုသာခြားပြီး သူ့အရပ်သည် ဘခ်ဟျွန်းထက်ခေါင်းတစ်လုံးစာ မြင့်သည့်အားလျော်စွာ အတန်ငယ်တော့မော့ကြည့်နေရသည်။
"ဘာကိုကျေးဇူးတင်တာလဲ"
အပြုံးတစ်ပွင့်နှင့် ဘခ်ဟျွန်းမေးတော့ ထိုကောင်လေးက ခေတ္တခဏတော့ ကြောင်အသွားသေးသည်။
"ဟိုနေ့ကကိစ္စရော ... ဒီနေ့အတွက်ရော"
ဘခ်ဟျွန်းမျက်ခုံးပင့်မိသည်။ ထိုနေ့က ဝင်ကူပေးသွားသည့်ဘခ်ဟျွန်းကို သတိတော့ရသေးသားပင်။
"ကျေးဇူးကနှစ်ခုပေါ့"
ဘခ်ဟျွန်းစကားကို နားမလည်သည့်အလား မျက်လုံးများပြူးကာဖြင့် ကြည့်ပြန်သည်။ သို့တိုင်ပြန်ဖြေလာဆဲ။
"ဟုတ်"
"ကျေးဇူးကဗိုက်မပြည့်ဘူး"
"ဗျာ"
ဘခ်ဟျွန်းကွေ့ဝိုက်မနေတော့။
"ကျေးဇူးတင်ရင် ငါ့ကိုတစ်ခုခုဝယ်ကျွေး၊ နှစ်ခါနော်"
တစ်စက္ကန့်မျှ သူခဲသေသွားသည့်တိုင် ခေါင်းတော့ဆတ်ကနဲညိတ်ပြလာ၏။ နှုတ်ကတော့ ပြန်မဖြေနိုင်တော့ပုံပင်။
ဆက်စချင်သေးပေမယ့် ထိုအပြုအမူကိုကြည့်ရင်း ရယ်ချင်လာသည်မို့ ဘခ်ဟျွန်းနှုတ်က အသာလေးကြိတ်ပြုံးသွားရတော့သည်။
"ကောင်းပြီ မင်းငါ့ကိုနှစ်ခါကျွေးရမှာ မှတ်ထားတယ် အခုအထဲဝင်တော့လေ"
"ဟုတ်"
ဆိုပြီးသည်နှင့် ဒီတစ်ခေါက်တော့ ခပ်သွက်သွက်ပင် အထဲကိုပြေးသွားတော့၏။
ဘခ်ဟျွန်းအသံထွက်သည်အထိ ရယ်မောမိပြီးကာမှ သက်ပြင်းခပ်ဖွဖွချရသည်။ နှုတ်ကလည်း ပြုံးယောင်သမ်းလျက်။
သူထိုကောင်လေးကို သဘောကျနေတာ သေချာသွားပြီဖြစ်သည်။
___•°•°•°•
ဒါလည်း တစ်ပုဒ်လုံးက Bh pov နဲ့ပဲသွားမှာပါ
ခပ်ဆန်းဆန်းလေးရေးရတာ ခေါင်းခြောက်လာတိုင်း ခပ်ငြိမ့်ငြိမ့်လေးဘက်လှည့်မလို့ပါ :">
[ Zawgyi ]
ေကာင္းကင္သည္မိႈင္းၫွို႔ကာ မိုးတဖြဲဖြဲရြာသြန္းေနသည္။ လမ္းမေဘးပလက္ေဖာင္းထက္တြင္ ေျပးလႊားေနၾကေသာ သူမ်ားလည္းရိွသလို ထီးကိုခပ္ငိုက္ငိုက္ေဆာင္းကာ သြက္သြက္လက္လက္ သြားလာေနၾကသူမ်ားလည္းရိွသည္။ လူေတြသာတျဖည္းျဖည္းပါးလာသည္၊ မိုးသည္ သည္းသထက္သည္းလာဆဲ။
ထို႔အတူ သူ႔မ်က္စိေရ႔ွ ဘက္စ္ကားမွတ္တိုင္တစ္ေနရာတြင္ ထိုင္ေနေသာေကာင္ေလးကလည္း မိုးအတိတ္ကိုေစာင့္ေနတာ မိနစ္ ၃၀ ေလာက္ေတာ့ ရိွၿပီထင္၏။ အေတြးႏွင့္အတူ ဘခ္ဟြၽန္းသူ႔နာရီကိုငံု႔ၾကည့္လိုက္ေတာ့ ညေန ၅ နာရီခြဲေနၿပီ။ ပံုမွန္ေက်ာင္းဆင္းခ်ိန္ထက္ သိသိသာသာေနာက္က်ေနၿပီမို႔ သူျပန္မျွဖစ္ေတာ့မည္။ ထီးလည္းပါရက္သားႏွင့္ စတိုးဆိုင္၏တံဆက္ၿမိတ္ေအာက္မွာ ဝင္ရပ္ရင္း ထိုမွတ္တိုင္ကေကာင္ေလးကို သူစိုက္ၾကည့္ေနမိတာ။
ထိုေကာင္ေလးကေတာ့ သူ႔အၾကည့္တို႔ကို ခံစားမိပံုမေပၚ။ ဂုပ္ေထာက္ဆံပင္ဘုတ္သိုက္ေၾကာင့္ သိသိသာသာဖံုးအုပ္ေနတတ္ေသာ မ်က္ဝန္းမ်ားႏွင့္ အရပ္ႀကီးကလန္ကလားျဖစ္ေနသေလာက္ ေခါင္းငိုက္စိုက္ခ်လမ္းေလ်ွာက္တတ္ေသာ ပံုရိပ္ေတြက လ်ွက္တစ္ျပတ္ၾကၫ့္လ်ွင္ေတာင္ မည္သူ႔ကိုမွ မဆြဲေဆာင္ႏိုင္မွာ အေသခ်ာပင္။ ဆိုသည့္တိုင္ သူ႔အာရံုကိုဆြဲေဆာင္ထားႏိုင္သည္က တေလာကျဖစ္ခဲ့သည့္ တိုက္ဆိုင္မႈကိစၥတစ္ခုေၾကာင့္။
တိုက္ဆိုင္မႈဆိုသည္ကား ရန္ပြဲတစ္ခုသာျဖစ္၏။ ဘခ္ဟြၽန္းသည္ ရန္ပြဲတိုင္းႏွင့္ မစိမ္းဘဲဝင္ပါေနတတ္သည့္ ခပ္ဆိုးဆိုးေက်ာင္းသားေတြထဲေတာ့ မပါ။ သို႔တိုင္ ရန္ပြဲဟုပင္ ေခၚ၍မရသည္အထိ ေက်ာင္းသားေလးေယာက္ထံမွ ေခ်ာင္ပိတ္အႏိုင္က်င့္ခံေနရေသာ ထိုပံုရိပ္က သူ႔ေသြးေတြဆူပြက္လာေစသည္ေတာ့အမွန္ပင္။ လြယ္အိတ္ထဲမွ ပစၥည္းပစၥယမွန္သမ်ွ ေမာင္ပိုင္စီး ဖ်က္စီးခံေနရသလို ရိုက္ႏွက္မႈမွန္သမ်ွကိုလည္း မခုခံဘဲ ကုပ္ကုပ္ေလးၿငိမ္ခံေနသည့္ ေကာင္ေလးက ဘာေတြေတြးေနမလဲေတာ့မသိ။ အႀကီးတစ္ေယာက္ျဖစ္ေနတာအျပင္ ေက်ာင္း၏နာမည္ရေက်ာင္းသားမို႔ ဘခ္ဟြၽန္း တစ္ခ်က္ေလာက္ဟိန္းေဟာက္ေပးလိုက္ရံုႏွင့္ ၿငိမ္သြားၾကေသာ္ျငား မၾကည္ၾကည့္ျဖင့္ေတာ့ အၾကည့္ခံလိုက္ရသည္မို႔ ေရ႔ွေလ်ွာက္အၫွိုးခံရေတာ့မည္ကေတာ့ အေသခ်ာပင္။
ထိုေကာင္ေလးကို ဆြဲထူေပးကာ အဆင္ေျပမေျပေမးေသာ္ျငား အေျဖျပန္မလာ၊ အၾကည့္ခ်င္းပင္မဆံုသလို စကားတစ္ခြန္းတစ္ပါဒမွ မေျပာဘဲ ေျပးထြက္သြားျခင္းျဖစ္သည္။ တစ္စြန္းတစ္စျမင္လိုက္ရသည့္ အက်ႌရင္ဘတ္ေပၚက ေက်ာင္းတံဆိပ္ေၾကာင့္သာ ေက်ာင္းတူမွန္းသိလိုက္ရတာ ထိုေကာင္ေလးကို ဘခ္ဟြၽန္းေက်ာင္းတက္လာသမ်ွ ႏွစ္ပတ္လည္လံုးတစ္ႀကိမ္တစ္ခါမ်ွပင္ မေတြ့ဖူးပါေခ်။ သို႔တိုင္ ထိုရက္ေတြက သိပ္ၿပီးစိတ္မဝင္စားခဲ့။
ဘခ္ဟြၽန္း၏ အာရံုကိုဆြဲေဆာင္ႏိုင္သြားသည္က တျဖည္းျဖည္းသူ႔ျမင္ကြင္းထဲ ေနရာယူလာေသာေကာင္ေလးေၾကာင့္ ျဖစ္ၿပီး မသၤကာ၍အေပါင္းအပါေတြထံ ေမးျမန္းျပန္ေတာ့လည္း ၾကားရသည္ကအထူးတဆန္းသိပ္မရိွ။
ငယ္စဥ္ကတည္းက ဒီရပ္ကြက္တြင္သာႀကီးျပင္းလာသည့္ ေကာင္ေလးျဖစ္သလို အတန္းထဲလည္း ေတာ္ေတာ္ၿငိမ္တာအျပင္ လူေၾကာက္တတ္တာေၾကာင့္ လူသိနည္းတာဟုဆို၏။
သို႔တိုင္ ဘခ္ဟြၽန္းကေတာ့ သတိထားမိခဲ့ၿပီျဖစ္ၿပီး ပို၍ပို၍သတိထားမိလာေစသည္က ထိုမ်က္ဝန္းမ်ား။ ၾကည္ေတာက္ေနသေလာက္ ရႈပ္ရႈပ္ပြပြဆံပင္ေတြေအာက္ ဖံုးကြယ္ေနတတ္သည့္ ထိုမ်က္ဝန္းဝိုင္းမ်ားက ဘခ္ဟြၽန္းႏွင့္အၾကည့္ခ်င္းဆံုတိုင္း ခ်ာကနဲေနေအာင္ လႊဲလႊဲသြားတာ။ အျပင္မွာ ေက်ာင္းတြင္းကိစၥတစ္ခ်ိဳ႕ေၾကာင့္ နီးနီးကပ္ကပ္ ဆံုတိုင္းလည္း ခိုးၾကည့္ေနတတ္တာ ဘခ္ဟြၽန္းမသိတာမဟုတ္၊ အသည္းယားလာ၍ အၾကည့္ခ်င္းဆံုေပးလိုက္ျပန္လ်ွင္လည္း ကပ်က္ကေခ်ာ္ႏွင့္ ေျပးထြက္သြားတတ္ေသးတာ။
အၿမဲလိုလို ထိုပံုစံေတြႏွင့္ ႀကံဳေတြ့ရပါမ်ားေတာ့ ဘခ္ဟြၽန္းစိတ္ဝင္စားမႈကလည္း ပိုသထက္ပိုလာသလို စံုစမ္းသိရိွမိသေလာက္ေတာ့ အမည္နာမသည္ ပတ္ခ်န္းေယာလ္ ဟူ၍။ အတန္းထဲတြင္ စာအေတာ္ဆံုးမဟုတ္ေသာ္ျငား သူ႔အဆင့္ႏွင့္သူေတာ့ ေတာ္သည္တဲ့။ ေအးသည္မို႔ အႏိုင္က်င့္ခံရသည္ကလည္း ခပ္မ်ားမ်ားျဖစ္သလို မ်ားေသာအားျဖင့္ မည္သူကမွေတာ့ ထိုေကာင္ေလးကို ဂရုမစိုက္တတ္ၾကဟူ၍။
ထိုအခ်က္ကေတာ့ အမွန္ပင္။
ဘခ္ဟြၽန္းသတိထားမိၿပီးေနာက္ပိုင္း ပို၍ပင္သိလာရသည္ကား ထိုေကာင္ေလးသည္ အၿမဲလိုလိုေသးေသးမႊားမႊား ကိစၥေလးမ်ားကအစ အႏိုင္က်င့္ခံရသည္။ အႏိုင္က်င့္ခံရလည္း မည္သို႔မွတုန္႔ျပန္တာမဟုတ္၍ တခ်ိဳ႕ေက်ာင္းသားမ်ားက ပ်င္းသည္ဆိုကာ အႏိုင္မက်င့္ၾကေတာ့ေသာ္ျငား လမ္းေတြ့လ်ွင္ စစေနာက္ေနာက္ ေခါင္းကိုရိုက္သြားၾကသည္က အမ်ားသား။
ဘခ္ဟြၽန္းကသာ ျမင္ေနရ၍ေဒါသထြက္ေနရတာ၊ ထိုေကာင္ေလးကေတာ့ ေခါင္းထဲေတာင္ ထည့္ပံုမေပၚ။
သူ႔အေၾကာင္းေတြ ဘာေၾကာင့္လိုက္စံုစမ္းေနသလဲဆို အေၾကာင္းျပခ်က္ကရွင္းသည္။ ဘခ္ဟြၽန္းသူ႔ကိုစိတ္ဝင္စားသည္။ ဤသည္ကို သတိျပဳမိသည္ႏွင့္ ဘခ္ဟြၽန္းပထမဆံုး စဥ္းစားမိသည္က သူသည္ေယာက်္ားသားခ်င္း စိတ္ဝင္စားတတ္သေလာ ဟူ၍။ ျဖစ္ေကာင္းျဖစ္ႏိုင္သည့္တိုင္ သူ႔အေနျဖင့္ ဤသည္ကားပထမဆံုး သေဘာက်မိသည့္ ေယာက်္ားတစ္ေယာက္ျဖစ္သည္မို႔ တထစ္ခ်မဆံုးျဖတ္ႏိုင္ေသး။
ႀကိဳက္သည္ဟုေတာ့ မသံုးႏႈန္းခ်င္သည့္တိုင္ ထိုေကာင္ေလးအေပၚ သူ႔စိတ္က စိတ္ဝင္စားတာထက္ ပိုေနၿပီမွန္းေတာ့ သိသည္။ အေၾကာင္းသိသည္ကလည္း တစ္ပတ္သာရိွေသးသည္မို႔ လြယ္လင့္တကူ ေကာက္ခ်က္မခ်ေသးတာျဖစ္ၿပီး ယခုကားမွတ္တိုင္တြင္ မိုးဆဲမည့္အခ်ိန္ ထိုင္ေစာင့္ေနေသာေကာင္ေလးကို ၾကည့္ေနရင္း သူ႔စိတ္ေတြက ပိုၿပီးေသခ်ာလာသလိုပါပင္။
ေနာက္ဆံုး အခ်ိန္ကလည္းမလင့္ေတာ့သည္ႏွင့္ လြယ္အိတ္ေဘးက ေခါက္ထီးေလးအားဆြဲထုတ္ကာ ထိုမွတ္တိုင္ေရ႔ွအသာ ေလ်ွာက္သြားလိုက္သည္။ ထီးသည္ တစ္ေယာက္စာတည္းပင္ ေလာက္ေလာက္ငွငွရိွရံုမို႔ ထိုေကာင္ေလးအရပ္ႀကီးႏွင့္ က်ိန္းေသေပါက္မဆံ့ေလာက္။ သို႔တိုင္ ထိုေကာင္ေလးကို သူဤေနရာတြင္လည္း တစ္ေယာက္တည္းမထားခဲ့ႏိုင္ေခ်။
ကားမွတ္တိုင္ေရ႔ွ ေခါင္းငိုက္စိုက္ခ်ထိုင္ေနေသာ ေကာင္ေလးအား ထီးအံု႔မိုးေပးလိုက္ေတာ့ အရိပ္ေၾကာင့္ထင္၊ သူ႔ကိုေမာ့ၾကည့္လာ၏။ ၫွင္းသိုးေနေသာ ေနပံုထိုင္ပံုႏွင့္ မလိုက္ဖက္စြာပင္ မ်က္ဝန္းတို႔က ပကတိ ၾကည္လင္ေနလ်က္။
ဘခ္ဟြၽန္းၿပံဳးျပလိုက္သည္။
"အတူတူျပန္မလား မိုးက တိတ္ဖို႔ၾကာၪီးမယ့္ပံုပဲ"
ဘခ္ဟြၽန္းေျပာတာမွာ ဘယ္နားက အံ့ဩစရာပါသြားသလဲေတာ့ သူကိုယ္တိုင္လည္းမသိ၊ သို႔တိုင္ ထိုေကာင္ေလးကေတာ့ ထိုင္ေနရာကေန ဝုန္းကနဲထရပ္လိုက္သည္မွာ အုပ္မိုးထားေသာ ဘခ္ဟြၽန္း၏ထီးကိုပင္ ေက်ာ္လြန္သြားသည္အထိ။
အနည္းငယ္ေတာ့ အင္တင္တင္ျဖစ္သြားသည္က ရွည္လ်ားလြန္းေသာ ထိုအရပ္ႀကီးေၾကာင့္။ ျပႆနာေတာ့မရိွ၊ ဘခ္ဟြၽန္းစိတ္ဝင္စားမႈက သူ႔ထက္ရွည္သည္။
အရပ္မညီမ်ွမႈေၾကာင့္ ေမာ့ၾကည့္လိုက္ရေတာ့ သူ႔ကိုမ်က္လံုးျပဴးၾကည့္ေနလ်က္မို႔ လႊတ္ကနဲရယ္မိသြားသည္။
"ဘာကိုၾကည့္ေနတာလဲ မင္းအိမ္က ငါတို႔ေရ႔ွလမ္းတင္မဟုတ္လား"
စိတ္ဝင္စားမိကတည္းက အေသးစိတ္စံုစမ္းထားေသာ ဘခ္ဟြၽန္းအဖို႔ ဤသည္ကား ပမႊားကိစၥ။ သူ႔စကားကိုေတာ့ ေခါင္းညိတ္ျပလာသည္မို႔ စကားနားလည္သားပဲ အေတြးႏွင့္အတူ လက္ထဲကထီးကိုလႊဲေပးလိုက္သည္။
"မင္းကိုင္လိုက္"
"ဟုတ္"
ဟုတ္ဆိုပဲ။
ဒီလိုေခတ္မ်ိဳးမွာ ဒီအရြယ္ထိတိုင္ တဟုတ္ဟုတ္ႏွင့္ လိမၼာေနတတ္သည့္ေက်ာင္းသားမ်ိဳး ရိွေသးသည္ပဲလား။ ဘခ္ဟြၽန္းသေဘာက်စိတ္ေၾကာင့္ ႀကိတ္ၿပံဳးမိသည္။
လက္ဖ်ားခ်င္း အဖ်ားခတ္ထိစံုသြားသည့္ ေခတၲခဏ ထိုလက္မ်ားမွ ေအးစက္မႈကိုခံစားလိုက္ရၿပီး အခ်မ္းဓာတ္ေၾကာင့္လားမသိ ရင္ထဲပါတစ္ခ်က္တုန္လႈပ္သြားရသည္။ ထိုေကာင္ေလးကေတာ့ သူ႔စကားနားေထာင္ကာ ထီးကိုလႊဲေျပာင္းယူေပးရင္း လမ္းေလ်ွာက္ထြက္လာ၏။
ထီးမ်က္ႏွာျပင္ေပၚ မိုးက်သံတဖြဲဖြဲေအာက္ ေလအရိွန္လည္းပါသည္မို႔ ေရစက္ေလးမ်ားက သူ႔အက်ႌအနားမ်ားတြင္ လာခိုတြယ္ၾကသလို ေျမသင္းနံ႔ဟာလည္း ျပင္းျပလ်က္။ အရပ္ကြာျခားမႈအား ပို၍သိသာေနေစသည္က မိုးေရစက္တို႔ေအာက္ ပူးကပ္ေနရေသာ ပုခံုးႏွစ္ဖက္ေၾကာင့္။ ေျမသင္းနံ႔ေရာသည့္ ထိုေကာင္ေလးအနံ႔သည္ မိုးေရထဲၾကာၾကာ ထိုင္ေန၍လားမသိ၊ မိုးနံ႔ေလနံ႔ပါသင္းေနသည္။
ဘခ္ဟြၽန္းတို႔အိမ္ႏွင့္ေက်ာင္းသည္ လမ္းေလ်ွာက္ျပန္လ်ွင္ မိနစ္ ၂၀ မ်ွၾကာၿပီး ဘက္စ္ကားစီးသြား၍ရပါသည့္တိုင္ တစ္စီးမွမလာေသးသည္ေၾကာင့္။ မိနစ္ ၂၀ ၾကာ လမ္းေလ်ွာက္ရခ်ိန္သည္ မိုးရြာေန၍ ေျခလွမ္းတို႔အရိွန္ေလ်ွာ့ရေတာ့ နာရီဝက္အၾကာမ်ွ ထိုေကာင္ေလးေဘး အခ်ိန္ျဖဳန္းရသည္။
မည္သည့္စကားမ်ွမေျပာျဖစ္ပါ။ ဘခ္ဟြၽန္းတြင္ ေျပာစရာေျမာက္မ်ားစြာ ရိွသည့္တိုင္ မိုးက်သံတေျဖာက္ေျဖာက္ေအာက္ စကားကိုေအာ္မေျပာခ်င္သည့္အားေလ်ာ္စြာ ၿငိမ္ေနျခင္းပင္။ သို႔တိုင္ ကံတရားက သူ႔ဘက္မွာရိွသည္။
ေနသည္ တျဖည္းျဖည္းထြက္လာ၏။ ေနြရာသီျဖစ္၍ ေန့တာရွည္သည့္အားေလ်ာ္စြာ ထြက္ေပၚလာသည့္ ေနေရာင္ခပ္ေဖ်ာ့ေဖ်ာ့ကလည္း ဝင္ခါနီးအခ်ိန္ဆဲဆဲမွာျဖစ္သည္။ ခပ္ပါးပါးေနေရာင္ျခည္က မိုးေရေအးစိမ့္စိမ့္ထဲ စိတ္ကို လန္းဆန္းေနြးေထြးသြားေစသည္ေတာ့ အမွန္ပင္။
မိုးသည္လည္း တျဖည္းျဖည္းတိတ္သြားၿပီး လမ္းထဲအိုင္ထြန္းေနေသာ ေရတစ္ကြက္ႏွစ္ကြက္မ်ွသာ က်န္ေတာ့ၿပီး လမ္းတစ္ေလ်ွာက္ သစ္ပင္တို႔မွ တေပါက္ေပါက္စီးဆင္းက်ေနေသာ ေရစက္တို႔ေၾကာင့္သာ ထီးကိုဆက္ေစာင္းထားဆဲ။
ထိုေကာင္ေလး ဘခ္ဟြၽန္းၪီးေဆာင္သည့္ ေျခလွမ္းတို႔ေနာက္ လိုက္ေနတာသိသည္မို႔ သူ႔အိမ္ကို အရင္ၪီးတည္ေပးလိုက္သည္။ လိပ္စာကိုသိၿပီးသား ဆိုသည့္တိုင္ မသိခ်င္ေယာင္ေဆာင္၏။
"ဒီလမ္းမလား"
"ဟုတ္"
ဟုတ္ ျပန္ၿပီ။
"ဘယ္အိမ္လဲ"
"ဟိုေရ႔ွနား"
ထီးကိုင္ထားသည့္လက္ျဖင့္ ေရ႔ွကိုၫႊန္လိုက္ခ်ိန္မွာပင္ ဘခ္ဟြၽန္းေခါင္းေပၚ ေရတစ္စက္ေပါက္ကနဲ ျပဳတ္က်သည္ကို သူမည္သို႔သတိျပဳသြားလဲေတာ့မသိ၊ ခ်က္ခ်င္းပင္ ထီးကိုဘခ္ဟြၽန္းေပၚ ျပန္မိုးေပးေတာ့၏။
"ေတာင္း - ေတာင္းပန္ပါတယ္ ကြၽန္ေတာ္"
ဘခ္ဟြၽန္းရယ္သံက သူ၏ကျပာကယာစိုးရိမ္သံကို လႊမ္းမိုးသည္။
"ဘာေတာင္းပန္စရာလိုလို႔လဲ ဒီအိမ္လား"
အိမ္၏အျပင္ပန္းသြင္ျပင္က ၾကည့္လိုက္သည္ႏွင့္ပင္ အိမ္ပိုင္ရွင္ႏွင့္ ဆင္တူလွစြာ ခပ္မိႈင္းမိႈင္း။ ၿခံစည္းရိုးကပ္လ်က္တစ္ေလ်ွာက္ ပန္းအိုးေတြရိွေပမယ့္ အမ်ားစုဟာ ျပဳစုမခံထားရမွန္းသိသာစြာပင္ ၫွိုးႏြမ္းေျခာက္ကပ္ေနသည္မွာ ႏွစ္အခ်ိဳ႕ၾကာၿပီထင္၏။ ကံေကာင္းေထာက္မစြာပင္ အိမ္ကေတာ့ အျဖဴေရာင္ေဆး သုတ္ထားတာအျပင္ သပ္ရပ္မႈရိွသည္မို႔ သရဲအိမ္လိုခံစားခ်က္ကိုမေပး။ ေျခာက္ကပ္အထီးက်န္ေနသည့္ ခံစားခ်က္ကိုသာ ေပးသည္။
ၿခံတံခါးကိုဖြင့္ၿပီး အထဲဝင္သြားခ်ိန္အထိ ဘခ္ဟြၽန္းျပန္မလွည့္လာျဖစ္ေသး။ ထိုေကာင္ေလး အထဲဝင္သြားသည္အထိ ၾကည့္ေနမည္ဟု မသိစိတ္က ဆံုးျဖတ္သည့္အတိုင္း ရပ္ေနမိျခင္းျဖစ္ၿပီး ထိုေကာင္ေလးက အထဲမဝင္ခင္ သူ႔ကိုလွည့္ၾကည့္ကာ ေျပာလာ၏။
"ေက်းဇူးပါ"
ၾကားထဲတြင္ ၿခံစည္းရိုးတစ္ခုသာျခားၿပီး သူ႔အရပ္သည္ ဘခ္ဟြၽန္းထက္ေခါင္းတစ္လံုးစာ ျမင့္သည့္အားေလ်ာ္စြာ အတန္ငယ္ေတာ့ေမာ့ၾကၫ့္ေနရသည္။
"ဘာကိုေက်းဇူးတင္တာလဲ"
အၿပံဳးတစ္ပြင့္ႏွင့္ ဘခ္ဟြၽန္းေမးေတာ့ ထိုေကာင္ေလးက ေခတၲခဏေတာ့ ေၾကာင္အသြားေသးသည္။
"ဟိုေန့ကကိစၥေရာ ... ဒီေန့အတြက္ေရာ"
ဘခ္ဟြၽန္းမ်က္ခံုးပင့္မိသည္။ ထိုေန့က ဝင္ကူေပးသြားသည့္ဘခ္ဟြၽန္းကို သတိေတာ့ရေသးသားပင္။
"ေက်းဇူးကႏွစ္ခုေပါ့"
ဘခ္ဟြၽန္းစကားကို နားမလည္သည့္အလား မ်က္လံုးမ်ားျပဴးကာျဖင့္ ၾကည့္ျပန္သည္။ သို႔တိုင္ျပန္ေျဖလာဆဲ။
"ဟုတ္"
"ေက်းဇူးကဗိုက္မျပည့္ဘူး"
"ဗ်ာ"
ဘခ္ဟြၽန္းေကြ့ဝိုက္မေနေတာ့။
"ေက်းဇူးတင္ရင္ ငါ့ကိုတစ္ခုခုဝယ္ေကြၽး၊ ႏွစ္ခါေနာ္"
တစ္စကၠန္႔မ်ွ သူခဲေသသြားသည့္တိုင္ ေခါင္းေတာ့ဆတ္ကနဲညိတ္ျပလာ၏။ ႏႈတ္ကေတာ့ ျပန္မေျဖႏိုင္ေတာ့ပံုပင္။
ဆက္စခ်င္ေသးေပမယ့္ ထိုအျပဳအမူကိုၾကည့္ရင္း ရယ္ခ်င္လာသည္မို႔ ဘခ္ဟြၽန္းႏႈတ္က အသာေလးႀကိတ္ၿပံဳးသြားရေတာ့သည္။
"ေကာင္းၿပီ မင္းငါ့ကိုႏွစ္ခါေကြၽးရမွာ မွတ္ထားတယ္ အခုအထဲဝင္ေတာ့ေလ"
"ဟုတ္"
ဆိုၿပီးသည္ႏွင့္ ဒီတစ္ေခါက္ေတာ့ ခပ္သြက္သြက္ပင္ အထဲကိုေျပးသြားေတာ့၏။
ဘခ္ဟြၽန္းအသံထြက္သည္အထိ ရယ္ေမာမိၿပီးကာမွ သက္ျပင္းခပ္ဖြဖြခ်ရသည္။ ႏႈတ္ကလည္း ၿပံဳးေယာင္သမ္းလ်က္။
သူထိုေကာင္ေလးကို သေဘာက်ေနတာ ေသခ်ာသြားၿပီျဖစ္သည္။
___•°•°•°•
ဒါလည္း တစ္ပုဒ္လံုးက Bh pov နဲ႔ပဲသြားမွာပါ
ခပ္ဆန္းဆန္းေလးေရးရတာ ေခါင္းေျခာက္လာတိုင္း ခပ္ၿငိမ့္ၿငိမ့္ေလးဘက္လွည့္မလို႔ပါ :">