Part 2

339 77 31
                                    

[ Unicode ]

ဘခ်ဟျွန်းအိမ်ပြန်ရောက်သည့်အချိန်တွင် အိမ်ရှေ့ဧည့်ခန်းတစ်ခုလုံး ဗီဗွီမှအစီအစဥ်အသံများဖြင့် ညံနေပြီး ကြည့်နေသည့်သူကား တစ်ယောက်မှမရှိ။ ရီမုကောက်ယူကာ အသံတိုးပြီးသည်နှင့် အနောက်ဘက်ထဲဝင်လာလိုက်တော့ စကားသံတစ်ချို့ကို ကြားရသည်။

တစ်ဆက်တည်းဆိုသလို နှာဖျားဝတိုးဝင်လာသော ဟင်းအနံ့တစ်ချို့။

"သားပြန်ရောက်ပြီ"

အနောက်ဖေးထဲရောက်သည်နှင့် မြင်လိုက်ရသော မြင်ကွင်းသည်လှပသည်။ မားက ဟင်းချက်နေပြီး ပါးသည်စားပွဲဝိုင်းတွင်ထိုင်ကာ ကြက်သွန်ဖြူတွေ နှေးတိနှေးတုံ့ခွာနေခြင်းဖြစ်သည်။ မျက်မှန်လေးကောင့်ကိုင်းနောက်က မျက်ခုံးများဟာလည်း တွန့်ချိုးထားသည်မှာ ကိစ္စကြီးတစ်ခုကို ဆောင်ရွက်နေရသလိုမျိုး။

ဘခ်ဟျွန်းနှုတ်ခမ်းထောင့်လေး ပြုံးယောင်သမ်းသွား၏။

"နောက်ကျလှချည်လား သား"

မား၏လေသံက ကရုဏာသံအမြဲပါသည်။ ဘခ်ဟျွန်းလိမ်မနေဘဲ တည့်သာပြောလိုက်သည်။

"ကျောင်းကကောင်လေးတစ်ယောက်ကို လိုက်ပို့ပေးနေတာနဲ့လေ"

"ဒီရပ်ကွက်ထဲ ကျောင်းကအသိရှိလို့လား"

မားက ဟင်းချက်နေရင်းလှည့်မေးလာ၏။ ဘခ်ဟျွန်းခေါင်းညိတ်ပြလိုက်သည်။

"အရှေ့လမ်းထဲက မား"

မားသည် ခေတ္တစဥ်းစားသွားပြီးနောက် ရေရွတ်သလိုပြောလာ၏။

"သြော် ... ဟိုကောင်လေးထင်တယ်"

ပါးကဝင်မေး၏။

"ဘယ်ကောင်လေးတုန်း"

"အရှေ့လမ်းဆို လူကုံထံတွေ နေတဲ့ဘက်ကျတယ်မလား အဲ့ဘက်မှာနေတဲ့ သားအရွယ်ကောင်လေးဆို အဲ့တစ်ယောက်ပဲရှိတာလေ အမြဲလိုလိုမှုန်ကုပ်ကုပ်နဲ့"

ဘခ်ဟျွန်းခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ် သူ"

"အဲ့ကောင်လေးက တစ်ယောက်တည်းနေတာဆို၊ သူ့အမေကနောက်အိမ်ထောင်နဲ့ လိုက်သွားတာဆိုလားပဲ ပိုက်ဆံတော့လစဥ် ထောက်ပံ့နေပုံရတယ်"

YEOUBIWhere stories live. Discover now