For Unicode
" To do list?? "
" ဟုတ်သဗျာ "
နမ်ဂျွန်းရဲ့ ပြောပုံကြောင့် ဆော့ဂျင် ခေါင်းလှန်ကာ ရယ်ချလိုက်ပြီး စာရွက်ဖြူလေး ပေါ်က ခပ်သော့သော့ လက်ရေးတစ်ချို့ကို ဖတ်လိုက်သည်။
" ဟင်? နောက်ဘ၀မှာလုပ်ရန် ဟုတ်လား "
အထိတ်ထိတ်အပြာပြာဖြစ်သွားတဲ့ ဆော့ဂျင်ကိုကြည့်ရင်း ဒီတစ်ခါတော့ နမ်ဂျွန်းက ရယ်သည်။
သူကတော့ တကယ်ထိတ်လန့်သွားတဲ့ဟာကို။
" မောင် ခင်ဗျားက တကယ့်လူပဲ
စာဖတ်ကြည့်အုံးလေ "
သူ့လက်ထဲက စာရွက်ဖြူလေးကို နမ်ဂျွန်းကမေးငေါ့ပြရင်း သူ့ပါးကို လှမ်းနမ်းဖို့ပြင်သည်။
ဆော့ဂျင် ရှောင်လိုက်ရင်း အိပ်ယာပေါ်လှဲနေရာမှ ထကာ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်သို့ ထိုင်ချလိုက်သည်။
နောက်ကတစ်ဖဝါး မကွာလိုက်လာတဲ့ နမ်ဂျွန်းက ကြောင်လေးတစ်ကောင်လို သူ့ပေါင်ပေါ် တိုးဝှေ့ကာ ခေါင်းတင်၍ အိပ်ဖို့ပြင်နေသည်။
အလုပ်မရှိတဲ့ ကျောင်းပိတ်ရက်မို့ နမ်ဂျွန်းသဘောကျ သူအလိုလိုက်ပေးထားတာလဲ ပါမည်။
To do list!(နောက်ဘ၀မှာလုပ်ရန်)
1။ သက်တူရွယ်တူဖြစ်ရန်
ထိုအချက်ကို အော်ဖတ်လိုက်ရင်း ဆော့ဂျင် နမ်ဂျွန်းရဲ့ နှဖူးကို ခပ်ဆဆတောက်လိုက်သည်။
" ဒါက ကြိုစီမံနိုင်တာလဲ မဟုတ်ပဲနဲ့ "
မျက်လုံးတွေမှိတ်ထားသော်ငြား ပြုံးနေဆဲ နမ်ဂျွန်းက
" မသိဘူးဗျာ...သူ့အလိုလိုဖြစ်သွားလိမ့်မယ် "
2။ အတန်းတူတူ တတ်ရန်
" ဒါက ဘာလို့လဲ ? "
" ဟင်း ကျွန်တော့်မှာ ငယ်ငယ်တုန်းက မောင်တို့အတန်းထဲ ဘယ်လောက်တောင် စာ၀င်သင်ချင်ခဲ့ရသလဲ...ခင်ဗျားမသိဘူးမှလား? သိပ်တော့မမှတ်မိပေမယ့် မောင်နဲ့ အတူတူ တစ်တန်းထဲ စာသင်ချင်ခဲ့တာ "
" မင်း အရွယ်လေးနဲ့ "
" ကျွန်တော်က ခင်ဗျားကို နှစ်ရှည်စီမံကိန်းနဲ့ ကြံတာလေ ဘာဖြစ်ချင်လဲ "
နီထူထူနှုတ်ခမ်းတွေကို အသည်းယားစွာ ဆွဲလိုက်တော့ လက်ဖဝါးကို အတင်းလိုက်နမ်းနေပြန်သည်။
ဒီကောင်လေးဟာလေ...
3။ စက်ဘီးတူတူ စီးရန်
"ဒါက နောင်ဘ၀ထိ စောင့်ရမှာလား?"
" မောင် ခင်ဗျား ကိုယ့်အကြောင်းကိုယ်မသိဘူးလား "
" ဟားဟား ဆောရီး.."
စက်ဘီးစီးဘယ်လိုမှသင်ခိုင်းလို့မရတဲ့ ဆော့ဂျင်ကို နမ်ဂျွန်းက သင်မပေးပဲ လက်လျှော့လိုက်တာကြာပြီ။
သူလဲ တကယ်သင်ချင်ပေမယ့်
အချိန်မရှိတာက ခက်သည်။
ပြီးတော့ ဒီအရွယ်မှာ ဟိုယိုင်ဒီယိုင်စီးပြီး ကလေးလို အစီးမသင်ချင်တော့တာလဲ ပါတယ်ပဲ ထားပါတော့။
4။ ချစ်မိသွားတဲ့ အချိန်ဟာ တစ်ချိန်တည်းဖြစ်ရန်
ဆက်ဖတ်ရင်း နားမလည်နိုင်ဖြစ်ကာ နမ်ဂျွန်းရဲ့ စင်းမြမြနှာတံကို အသာအယာဆွဲလိုက်သည်။
စိတ်ကူးယဉ်မှုတစ်ဖက်ကို သူ့ကလေးလေး လွန်နေပြီပဲ။
" နံပါတ် လေး အချက်ကိုနားမလည်ဘူးမှလား? "
" ကဲ ရှင်းစမ်းပါအုံး "
ဒီတစ်ခါတော့ နမ်ဂျွန်းက သူ့ပေါင်ပေါ်လှဲလျောင်းနေရာကနေ ထလာကာ ဆော့ဂျင်အား မျက်နှာချင်းဆိုင် ကြည့်လာသည်။
" ဒီလိုလေဗျာ...ကျွန်တော်က မောင့်ကို ငယ်ငယ်ကတည်းက ချစ်တယ်။ မောင်က ကျွန်တော့်ကို အရွယ်ရောက်မှ ချစ်တယ်...
မောင့်နဲ့ပတ်သတ်တဲ့ ဘယ်အချက်၊ ဘယ်ပုံရိပ်၊ ဘယ်အကျင့်ကြောင့် ချစ်မိသွားတယ်ဆိုတာမျိုးမရှိဘူး...မောင်လဲ အလားတူပဲမှလား"
" အင်း "
" ကျွန်တော်ဖြစ်ချင်တာလေးက
မိုးရွာတဲ့နေ့မှာ ထီးတစ်ချောင်းလာပေးလို့ ချစ်မိသွားတာပဲ ဖြစ်ဖြစ်၊ စာကြည့်တိုက်မှာ ၀င်တိုက်ရင်း ချစ်မိသွားတာဖြစ်ဖြစ်...အဲ့လိုဗျာ သိလား။ အချိန်လေးတစ်ခုမှာပေါ့...အဲ့အချိန်လေးမှာ နှစ်ယောက်လုံး ချစ်မိသွားတာမျိုး "
" အော် အင်း အင်း မောင်သိပြီ။
အရမ်းတွေးလွန်းနေတယ် မထင်ဘူးလား?"
" လုံး၀ပဲ "
5။ Happy Ending
နံပါတ် ငါး အချက်မှာပဲ Happy Endingဟု ရေးကာ အဆုံးသတ်သွားတာကြောင့် ဆော့ဂျင် စာရွက်ကို အလံဝှေ့သလိုဝှေ့ကာ ယမ်းပြရင်း မေးဆတ်ပြလိုက်သည်။
" ပြီးပြီလေ...ပျော်ရွှင်တဲ့ အဆုံးသတ်လေးနဲ့ "
" ဒါတွေကို ဘာလို့ နောင်ဘ၀မှလုပ်မှာလဲ? "
မေးတတ်ရန်ကော ဟူသည့် အမူအယာဖြင့် နမ်ဂျွန်းက သူ့ကို စိုက်ကြည့်ရင်း
" ဒီဘ၀မှာမရတော့ဘူးလေ...ကျွန်တော်က ခင်ဗျားထက် ဆယ်နှစ်ငယ်ပြီး မွေးလာရတယ်၊ ဒီတော့ အတန်းလဲမတူဘူး။ ဟော စက်ဘီးတူတူစီးချင်ပေမယ့် ခင်ဗျားက မစီးတတ်ဘူး...ချစ်မိတဲ့ အချိန်ဆိုတာမသေချာခင် ကျွန်တော်တို့က တွဲပြီးနေပြီ မဟုတ်ဘူးလား? "
ဆော့ဂျင် သူ့လက်ထဲက စာရွက်အား ခပ်ဖွဖွခေါက်ချိုးကာ
" နံပါတ် ငါးအချက် ကျန်သေးတယ်လေ...အဲ့တာကမဖြစ်နိုင်လို့လား? "
ထိုအခါမှ နမ်ဂျွန်းက လှုပ်လှုပ်ရှားရှားဖြစ်လာကာ
" ဟာ မောင်ကလည်း မဦးမချွတ်!
ကျွန်တော် မေ့သွားလို့ ဟာကို...
သေချာပေါက် အဲ့အချက်ကတော့ ဒီဘ၀နဲ့ ငြိကိုငြိတယ် အဟင်း "
သူ့ကို တင်းကြပ်နေအောင် ဖက်ထားတဲ့ နမ်ဂျွန်းရဲ့ လက်တွေကို ဆော့ဂျင် ပြန်ဖက်တွယ်လိုက်ကာ နူးညံ့ညင်သက်သော ရင်ခုန်သံကို နားထောင်နေမိသည်။
" နောင်ဘ၀ကျရင် မောင်ကလူဆိုးလေးလုပ်မယ်။ မင်းဆိုးခဲ့သမျှ လက်စားပြန်ချေပစ်မှာ "
" တကယ်? မောင် ဆိုးမဲ့ပုံလေးကို ကြည့်ချင်နေပြီ အဟွန်း "
သူနဲ့ နမ်ဂျွန်း အကြာကြီး ထွေးဖက်ထားရင်းကနေ တစ်ယောက်မျက်၀န်းတွေကို တစ်ယောက် ငြိမ်းအေးစွာစိုက်ကြည့်နေမိသည်။
ဒါက နိဗ္ဗာန်ဘုံလေးလိုပဲ။
အခိုးငွေ့တစ်မျိုး ရစ်သိုင်းနေတတ်တဲ့ ပင်လယ်လိုမျက်၀န်းတွေဆီမှာ သူ့စိတ်ဝိညာဉ်တစ်ခုလုံး အပ်နှံပြီး ကူးခတ်နေရသလို တစ်ကိုယ်လုံးကို နူးညံ့တဲ့ ရေလှိုင်းတွေက ခပ်ဖွဖွ ထိတွေ့နေသလို....အို အစုံပါပဲလေ။
" နမ်ဂျွန်း "
" ဗျာ "
" ငါတို့တွေသာ တစ်စုံတစ်ယောက်ရဲ့ အတိတ်ဘ၀တွေ ဖြစ်လာမယ်လို့ တွေးကြည့်...သိပ်လှလွန်းတယ်မထင်ဘူးလား? "
" အဟွန်း ဟုတ်တယ်နော်။
ကျွန်တော်တို့က တစ်စုံတစ်ယောက်ရဲ့ အတိတ်တွေ ဖြစ်လာခဲ့ရင်......"
သူအတွေးနစ်မြောနေတုန်းမှာပဲ နမ်ဂျွန်းရဲ့ နှုတ်ခမ်းတွေဟာ ခပ်ဖော့ဖော့ ချဉ်းကပ်လာရင်း နူးညံ့ရီဝေစွာပဲ ဆော့ဂျင်ရဲ့ နှုတ်ခမ်းလွှာတွေကို တိုက်စစ်ဆင်တယ်။
" မှတ်ထား...အဲ့အခါကျရင်လည်း ကျွန်တော်က ခင်ဗျားကို ဒီလိုနမ်းမှာ "
ခနအကြာ ပြတ်လပ်သွားတဲ့ လေကို ရှိုက်သွင်းရင်း သူ့ကို ပြုံးကြည့်နေတဲ့ နမ်ဂျွန်းရဲ့ ရင်အုပ်တောင့်တောင့်ဆီကို လက်ဖြင့် ခပ်ဆောင့်ဆောင့် တွန်းထုတ်လိုက်သည်။
" အကောင်းပြောလို့ကိုမရဘူး "
တမင်လုပ်သံကြီးနဲ့ နာကျင်ပြနေတဲ့ နမ်ဂျွန်းကြောင့် သူရယ်ရပြန်တာပါပဲ။
ဆိုးတယ် ဆိုးတယ်....
လူဆိုးလေးတွေဆိုတာ သိပ်ချစ်ဖို့ကောင်းကြောင်း ငယ်စဉ်က ယဉ်ကျေးမှုဆရာမကို အထွန့်သွားတတ်ချင်မိရဲ့။
____________________________
အရင်တစ်ခါကအဖြစ်အပျက်တွေ အပြီးမှာ ဒိုယောင်းက ကုမ္ပဏီကိုသိပ်မလာတော့။
ဌာနကလူတစ်ချို့ကလည်း ဒိုယောင်းရဲ့ ပျက်ကွက်မှုအပေါ် ငြိုငြင်တာမျိုး၊ အရေးတယူ ပြောဆိုတာမျိုးလည်း ရှိမနေတာကြောင့် ဆော့ဂျင်လဲ ဖာသိဖာသာဘဲ နေလိုက်ရတော့သည်။
တစ်ခါတစ်လေတော့လည်း လူ့ဘ၀ဟာအတော်ပျင်းစရာကောင်းသာဟူ၍လည်းတွေးမိသား။
ပညာတွေကို ဘ၀တစ်၀က်လောက်ဖိသင်လာရပြီး ဒီပညာတွေနဲ့ပဲ ကျန်တဲ့ဘ၀တစ်၀က်လောက်ကို အသုံးချအလုပ်လုပ်ရင်း ဖြတ်သန်းနေရတာ....
ဘ၀အကြောင်းတွေးမိမှ ရုတ်တရပ်ဆိုသလို မေမေ့ကို တောင် လွမ်းလာသလိုပဲ။ ဘာပဲဖြစ်ဖြစ် ဒီတပါတ်ပိတ်ရက်မှာတော့ ဂွမ်ဂျူကို ပြန်ဖြစ်အောင်ပြန်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
" ဆော့ဂျင်ရေ ညနေ ညစာစားပွဲရှိတယ်နော်။ အလုပ်တွေမြန်မြန်ဖြတ်ထား "
" ဗျာ...ဟိုလိုက်မှရမှာလား "
စီနီယာအစ်မကြီးက ကော်ဖီကို ငွေရောင်ဇွန်းလေးဖြင့်မွှေနေရာကနေ မျက်စောင်းထိုး၍ ကြည့်ရင်း
" အေးပေါ့ဟဲ့...ကိုယ့်ဌာနကမှ လူလေးနည်းနည်းရှိတာကို မလိုက်လို့ ဖြစ်ပါ့မလား...."
" အာ ဟုတ်ကဲ့ "
သက်ပြင်းကို ခိုးချရင်း ညနေ နမ်ဂျွန်းကို လာမကြိုဖို့ မက်ဆေ့ ပို့လိုက်သည်။
တစ်ဖက်က ချက်ချင်း အငိုမျက်နှာ အီမိုဂျီလေးတစ်ခုရောက်လာတာကြောင့် စိတ်ရှုပ်နေသည့် ကြားထဲက သူ့မှာ ပြုံးဖြစ်အောင် ပြုံးမိသွားရသည်။
.
.
.
ညနေခင်းမှာတော့ အတော်လေးခမ်းခမ်းနားနားရှိတဲ့ စားသောက်ဆိုင်တစ်ခုကို ဌာနမှုးက ဦးဆောင်၍ ခေါ်သွားသည်။
ထိုစားသောက်ဆိုင်ထဲမှာ သူမသိသည့် တစ်ခြားဌာနက ၀န်ထမ်းများလည်းရှိနေသည်။
ကျန်တဲ့သူတွေ မရှိပုံထောက်ရင် ထိုစားသောက်ဆိုင်တစ်ခုလုံးကို သူတို့ကုမ္ပဏီကအဖွဲ့သားတွေ သီးသန့်စားသောက်နိုင်အောင် ငှားထားပုံရ၏။
" ဆော့ဂျင်တို့ ဒီလာထိုင်လေ "
သွားဖို့ပြင်နေတဲ့ စီနီယာအစ်မရဲ့လက်ကို ဆော့ဂျင်ဆွဲလိုက်ရင်း
" အစ်မပဲသွားလိုက်တော့ ကျွန်တော်ဒီဝိုင်းပဲ ထိုင်တော့မယ် "
အသက်အနည်းငယ်ကြီးသော ခပ်ဖိုင့်ဖိုင့်လူကြီးနှစ်ယောက် ထိုင်နေတဲ့ ဝိုင်းမှာသာ ဆော့ဂျင် ၀င်ထိုင်လိုက်သည်။
ဟိုဘက်ဝိုင်းကိုသွားရင် အလကားနေ လူကြီးတွေနဲ့ အလိုက်သင့်စကားတွေ မပြောချင်လည်းပြောနေရတော့မှာ သူသိနေတာမို့။
ပြီးတော့ သူဒီညစာစားပွဲမှာလည်း အကြာကြီးမနေချင်။
လာချပေးသော ဟင်းပွဲတွေက စားချင့်စဖွယ် ဖြစ်သော်လည်း မဆာသေးတာကြောင့်ထင်သည် သိပ်အရသာမတွေ့လှ။
သက်ပြင်းကို တဟူးဟူးချရင်း တို့တိတို့တိစားနေတဲ့ သူ့ကို တစ်ဝိုင်းထဲထိုင်နေသော လူတစ်ချို့ကလည်း စကားမပြောရဲပဲ အကဲခတ်သလို ကြည့်နေကြသည်။
* မောင် အများကြီးသောက်နေတာလား?*
စိတ်အိုက်လူအိုက်ဖြစ်နေစဉ် ရောက်လာတဲ့ စာတိုလေးကြောင့် ခနတာတင်းကြပ်တဲ့ ပတ်၀န်းကျင်နေကနေ မြောလွင့်သွားသည်။
* ဝိုင်လေး တစ်ခွက်တောင် မကုန်သေးပါဘူးကွာ.....ထမင်းစားပြီးပြီလား *
* နိုး အစောကြီးရှိသေးတယ်!
အများကြီးမသောက်နဲ့...လာကြိုရမယ်ဆိုဖုန်းဆက် *
* အင်း ချစ်တယ် *
* ဟုတ် *
" ချစ်သူလားဗျ "
သူပြုံးစိစိနဲ့ စာရိုက်နေတာကို သတိထားမိပုံရတဲ့ တစ်ခြားဌာနကဖြစ်ပုံရသော လူကြီးက ရယ်လျှက်မေးလာသည်။
" အာ ဟုတ်ကဲ့ဗျ "
" အရမ်းပျော်နေတဲ့ပုံပဲ
မြင်ရတာ အားကျတယ်ဗျ နော "
သူ့ကိုပြောသလိုလိုနဲ့ ဘေးကလူကြီးတစ်ယောက်ကို ပြောနေခြင်းဖြစ်သည်။
သူကတော့အလိုက်သင့်သာ ပြုံးနေလိုက်သည်။
စကား၀င်ေပြာရမှာ စိတ်အိုက်အိုက်နဲ့ ဝိုင်တွေသာ တစ်ခွက်ပြီး တစ်ခွက် သောက်နေမိတော့ သူ့တွင် ဝိုင်ရေချိန်ကများလာသလို လူကလည်း အနည်းငယ် မူးစပြုလာပြီ ကို သတိထားမိလာသည်။
* မောင့်ကို လာကြို *
နမ်ဂျွန်းဆီကို မက်ဆေ့တစ်စောင်ပို့လိုက်ရင်း လက်ကျန်ဝိုင်ကို မော့သောက်လိုက်သည်။
သူတကယ်တော့ ထိန်းပြီး ပြန်နိုင်ပါသေးသည်။
ဒါပေမယ့် နမ်ဂျွန်းကို မူးနေတော့ ပိုတွေ့ချင်လာမိလို့......ချစ်ရတဲ့ လူရဲ့ ဂရုတစိုက်လာကြိုခြင်းကို ခံရတာ လည်း နေပျော်စရာ ကိစ္စလေးတစ်ခုပဲ မဟုတ်လား။
" အစ်မကျွန်တော် ပြန်နှင့်တော့မယ်နော် "
တစ်ဖက်ဝိုင်းကို ကူးကာ စီနီယာ အစ်မထံ သူပြန်မည့်အကြောင်း အသိပေးလိုက်သည်။
စားသောက်ဆိုင်အပြင်ဘက်မှာ အလှလုပ်ထားသော သစ်ပင်ငယ်များနဲ့ ထိုင်ခုံလေးတွေရှိသည်။
ဝိုင်နံ့ရောတဲ့ လေထုကနေ လွတ်မြောက်လာပြီး နူးညံ့လတ်ဆက်တဲ့ လေပြေသွေးတို့ကြောင့် သူ့စိတ်နှလုံးက ပြန်ပြီး လန်းဆန်းလာ၏။
" အစ်ကိုဆော့ဂျင် "
အနက်ရောင် suitနဲ့ ဒိုယောင်းက သာမာန်လူငယ်ဆန်ဆန်ပုံရိပ်ကနေ ကွဲထွက်နေသည်။
အရင်လို ငယ်သွေးကြွ စူးစမ်းလိုဟန် မျက်လုံးတွေကနေ ထက်မြတ်တဲ့ ကျားတစ်ကောင်လို စူးရဲတဲ့ မျက်လုံးတွေနဲ့...
လက်ကြားထဲမှာ အငွေ့မသေသေးသော ဆေးလိပ်တစ်လိပ်ကို ညှပ်ထားသေးသည်။
" ပြန်တော့မှာတော့မဟုတ်ပါဘူးနော်?
ကျွန်တော် တောင်အခုမှရောက်တာ "
" အင်း ကိုယ်ကရောက်တာကြာပြီမို့..
ဒါဆို ၀င်တော့လေ "
စကားစဖြတ်ကာ ရပ်ထားသည့်ကားရှိရာသို့အလှမ်း ဒိုယောင်းက သူ့လက်တွေကို လှမ်းဆွဲလိုက်သည်။
မသိစိတ်၏တုန့်ပြန်မှုကြောင့် သူခပ်ကြမ်းကြမ်းဆွဲဖယ်လိုက်တော့ ဒိုယောင်းက ခနမျှ အံ့ဩသွားပုံရပြီး တဟားဟားရယ်သည်။
" အဲ့လောက်ထိတောင်ပဲလား?
ဒါဆို ကျွန်တော့်စိတ်ကိုရိပ်မိပြီဆိုတဲ့သဘောပေါ့ ဟင် "
" ကိုယ့်အဖြေကိုလည်း ဒိုယောင်းရိပ်မိမှာပါ "
မျှော်လင့်ချက်တွေ ပဲ့ကြွေသွားသလို မျက်လုံးတွေ နဲ့ ဒိုယောင်းအကြည့်တွေကို သူတစ်ဖန်ကျောခိုင်းလိုက်တယ်။
အမှန်အမှားဆိုတာထက် ကိုယ်မပေးနိုင်တဲ့ မေတ္တာမျိုးတွေ အတွက် မပြတ်မသားလုပ်ချင်စိတ်သူ့မှာ မရှိဘူး။
ချစ်ခြင်းမေတ္တာတွေနဲ့ အမျိုးမျိုးသော ပညတ်ချက်တွေအကုန် အမျိုးသားလေးတစ်ဦးဆီ မြှပ်နှံခဲ့ပြီမို့ သူ့စိတ်သူရှင်းချင်သည်။
" မသွားရဘူး "
သူ့ရှေ့ကို လာပိတ်ကာ ဒေါသတကြီး ဆိုလာတဲ့ ဒိုယောင်းကို သူ စိတ်ပျက်စွာပဲ ကြည့်လိုက်ရတယ်။
" ကိုယ်ရန်မဖြစ်ချင်ဘူး အလားတူ ကိုယ့်ကောင်လေးကိုလည်း မင်းကြောင့် ရန်မဖြစ်စေချင်ဘူး "
" ကင်မ်နမ်ဂျွန်း? သူက ကျွန်တော့်ထက်ဘာသာလို့လဲ ဟမ်....အခု အစ်ကိုလုပ်နေတဲ့ ကုမ္ပဏီက ကျွန်တော့်အဖေပိုင်တာ..!
စည်းစိမ်၊ အာဏာ ကျွန်တော်အကုန်သူ့ထက်သာတယ် "
စည်းလွတ်ဘောင်လွတ်ဖြစ်လာတဲ့ စကားတွေမှာ နမ်ဂျွန်းကို ပုတ်ခတ်မှုတွေပါလာတော့ သူ ဒေါသတွေ တရှိန်းရှိန်းသွေးကြောတွေကနေ ဖြာထွက်လာသည်။
"ကိုယ်အလုပ်ကအချိန်မရွေးထွက်လို့ရတယ်။
စည်းစိမ်၊ အာဏာ ဘာလုပ်မှာလဲ? ကိုယ်တို့မလိုပါဘူး "
သူတို့အခြေအတင်ဖြစ်နေစဉ်မှာပဲ နံဘေး နံရံထောင့်အမှောင်ရိပ်ထဲမှ ရယ်သံသဲ့သဲ့လေးထွက်လာသည်။
ဟူဒီ အမည်းခေါင်းစွပ်ကို ၀တ်ထားတဲ့ နမ်ဂျွန်းမည်သော အမျိုးသားငယ်က လရောင်ကင်းတဲ့ညမှာ အောင်နိုင်သူအရှင်တစ်ယောက်လို ပြုံးလို့။
" မောင် ဒီကိုလာလေ "
ကလေးလေးတွေခေါ်သလို လက်ကို နူးညံ့စွာယပ်ခေါ်ပြီး တစ်ဖက်က ဒိုယောင်းဆီသို့ မိုက်တိမိုက်ကန်းအကြည့်တွေနဲ့ ပြုံးထေ့ထေ့ကြည့်သည်။
ထို့နောက် အနားရောက်လာတဲ့ ဆော့ဂျင်ရဲ့ ပုခုံးကို ဆွဲဖက်ကာ
" ငါဘာပိုင်လဲ? အမ်းးး မင်းလိုကောင်ဘယ်တော့မှ မပိုင်နိုင်တဲ့ မောင့်ရဲ့အချစ်တွေကို ပိုင်တယ်လေ...စိတ်မကောင်းပေမယ့် အစောကတည်းက မင်းကငါ့ပြိုင်ဘက်မှမဟုတ်တာ "
ဒိုယောင်းက ဟန်မပျက်မျက်နှာကိုတင်းထားရပေမယ့် မေးကြောတွေထောင်ထနေအောင် အံကို ကြိတ်ထားတာတွေ့ရသည်။
နမ်ဂျွန်းက သူ့လက်ကိုဆွဲရင်း ရပ်ထားသော ကားရှိရာဆီသို့ ခေါ်လာ၏။
ကားအနားရောက်မှ ဆော့ဂျင်ပုခုံးပေါ်သို့ ခေါင်းကို မှီချကာ တသိမ့်သိမ့်ရယ်သည်။
" သိပ်ရယ်စရာကောင်းနေလား ဟမ်"
သူမာန်မဲလိုက်မှ နမ်ဂျွန်းက ရယ်နေတာရပ်ကာ ဆော့ဂျင်အား တင်းတင်းကြပ်ကြပ်ပွေ့ဖက်လာသည်။
" ကျေးဇူးပါဗျာ "
" ဘာကိုလဲ?"
" ကျွန်တော့်ကို ချစ်ပေးလို့ "
" မင်းဟာလေ ကဲ လာ ပြန်ကြမယ်"
ပြန်ကြမယ်ဆိုတာကို နမ်ဂျွန်းကသူ့အား ကားတံခါးဖွင့်ခွင့်မပေးပဲ မျက်နှာကို ပင့်မကာ အနမ်းတစ်ချို့ ရီဝေစွာကြဲချလာ၏။
" မောင် ခင်ဗျားသိလား?
ကျွန်တော်သိပ်ပျော်တာပဲဗျာ "
For Zawgyi
" To do list?? "
" ဟုတ္သဗ်ာ "
နမ္ဂြၽန္းရဲ႕ ေျပာပုံေၾကာင့္ ေဆာ့ဂ်င္ ေခါင္းလွန္ကာ ရယ္ခ်လိဳက္ၿပီး စာ႐ြက္ျဖဴေလး ေပၚက ခပ္ေသာ့ေသာ့ လက္ေရးတစ္ခ်ိဳ႕ကို ဖတ္လိုက္သည္။
" ဟင္? ေနာက္ဘ၀မွာလုပ္ရန္ ဟုတ္လား "
အထိတ္ထိတ္အျပာျပာျဖစ္သြားတဲ့ ေဆာ့ဂ်င္ကိုၾကည့္ရင္း ဒီတစ္ခါေတာ့ နမ္ဂြၽန္းက ရယ္သည္။
သူကေတာ့ တကယ္ထိတ္လန႔္သြားတဲ့ဟာကို။
" ေမာင္ ခင္ဗ်ားက တကယ့္လူပဲ
စာဖတ္ၾကည့္အုံးေလ "
သူ႕လက္ထဲက စာ႐ြက္ျဖဴေလးကို နမ္ဂြၽန္းကေမးေငါ့ျပရင္း သူ႕ပါးကို လွမ္းနမ္းဖို႔ျပင္သည္။
ေဆာ့ဂ်င္ ေရွာင္လိုက္ရင္း အိပ္ယာေပၚလွဲေနရာမွ ထကာ ဧည့္ခန္းထဲရွိ ဆိုဖာေပၚသို႔ ထိုင္ခ်လိဳက္သည္။
ေနာက္ကတစ္ဖဝါး မကြာလိုက္လာတဲ့ နမ္ဂြၽန္းက ေၾကာင္ေလးတစ္ေကာင္လို သူ႕ေပါင္ေပၚ တိုးေဝွ႕ကာ ေခါင္းတင္၍ အိပ္ဖို႔ျပင္ေနသည္။
အလုပ္မရွိတဲ့ ေက်ာင္းပိတ္ရက္မို႔ နမ္ဂြၽန္းသေဘာက် သူအလိုလိုက္ေပးထားတာလဲ ပါမည္။
To do list!(ေနာက္ဘ၀မွာလုပ္ရန္)
1။ သက္တူ႐ြယ္တူျဖစ္ရန္
ထိုအခ်က္ကို ေအာ္ဖတ္လိုက္ရင္း ေဆာ့ဂ်င္ နမ္ဂြၽန္းရဲ႕ ႏွဖူးကို ခပ္ဆဆေတာက္လိုက္သည္။
" ဒါက ႀကိဳစီမံနိုင္တာလဲ မဟုတ္ပဲနဲ႕ "
မ်က္လုံးေတြမွိတ္ထားေသာ္ျငား ၿပဳံးေနဆဲ နမ္ဂြၽန္းက
" မသိဘူးဗ်ာ...သူ႕အလိုလိုျဖစ္သြားလိမ့္မယ္ "
2။ အတန္းတူတူ တတ္ရန္
" ဒါက ဘာလို႔လဲ ? "
" ဟင္း ကြၽန္ေတာ့္မွာ ငယ္ငယ္တုန္းက ေမာင္တို႔အတန္းထဲ ဘယ္ေလာက္ေတာင္ စာ၀င္သင္ခ်င္ခဲ့ရသလဲ...ခင္ဗ်ားမသိဘူးမွလား? သိပ္ေတာ့မမွတ္မိေပမယ့္ ေမာင္နဲ႕ အတူတူ တစ္တန္းထဲ စာသင္ခ်င္ခဲ့တာ "
" မင္း အ႐ြယ္ေလးနဲ႕ "
" ကြၽန္ေတာ္က ခင္ဗ်ားကို ႏွစ္ရွည္စီမံကိန္းနဲ႕ ႀကံတာေလ ဘာျဖစ္ခ်င္လဲ "
နီထူထူႏႈတ္ခမ္းေတြကို အသည္းယားစြာ ဆြဲလိုက္ေတာ့ လက္ဖဝါးကို အတင္းလိုက္နမ္းေနျပန္သည္။
ဒီေကာင္ေလးဟာေလ...
3။ စက္ဘီးတူတူ စီးရန္
"ဒါက ေနာင္ဘ၀ထိ ေစာင့္ရမွာလား?"
" ေမာင္ ခင္ဗ်ား ကိုယ့္အေၾကာင္းကိုယ္မသိဘူးလား "
" ဟားဟား ေဆာရီး.."
စက္ဘီးစီးဘယ္လိုမွသင္ခိုင္းလို႔မရတဲ့ ေဆာ့ဂ်င္ကို နမ္ဂြၽန္းက သင္မေပးပဲ လက္ေလွ်ာ့လိုက္တာၾကာၿပီ။
သူလဲ တကယ္သင္ခ်င္ေပမယ့္
အခ်ိန္မရွိတာက ခက္သည္။
ၿပီးေတာ့ ဒီအ႐ြယ္မွာ ဟိုယိုင္ဒီယိုင္စီးၿပီး ကေလးလို အစီးမသင္ခ်င္ေတာ့တာလဲ ပါတယ္ပဲ ထားပါေတာ့။
4။ ခ်စ္မိသြားတဲ့ အခ်ိန္ဟာ တစ္ခ်ိန္တည္းျဖစ္ရန္
ဆက္ဖတ္ရင္း နားမလည္နိုင္ျဖစ္ကာ နမ္ဂြၽန္းရဲ႕ စင္းျမျမႏွာတံကို အသာအယာဆြဲလိုက္သည္။
စိတ္ကူးယဥ္မႈတစ္ဖက္ကို သူ႕ကေလးေလး လြန္ေနၿပီပဲ။
" နံပါတ္ ေလး အခ်က္ကိုနားမလည္ဘူးမွလား? "
" ကဲ ရွင္းစမ္းပါအုံး "
ဒီတစ္ခါေတာ့ နမ္ဂြၽန္းက သူ႕ေပါင္ေပၚလွဲေလ်ာင္းေနရာကေန ထလာကာ ေဆာ့ဂ်င္အား မ်က္ႏွာခ်င္းဆိုင္ ၾကည့္လာသည္။
" ဒီလိုေလဗ်ာ...ကြၽန္ေတာ္က ေမာင့္ကို ငယ္ငယ္ကတည္းက ခ်စ္တယ္။ ေမာင္က ကြၽန္ေတာ့္ကို အ႐ြယ္ေရာက္မွ ခ်စ္တယ္...
ေမာင့္နဲ႕ပတ္သတ္တဲ့ ဘယ္အခ်က္၊ ဘယ္ပုံရိပ္၊ ဘယ္အက်င့္ေၾကာင့္ ခ်စ္မိသြားတယ္ဆိုတာမ်ိဳးမရွိဘူး...ေမာင္လဲ အလားတူပဲမွလား"
" အင္း "
" ကြၽန္ေတာ္ျဖစ္ခ်င္တာေလးက
မိုး႐ြာတဲ့ေန႕မွာ ထီးတစ္ေခ်ာင္းလာေပးလို႔ ခ်စ္မိသြားတာပဲ ျဖစ္ျဖစ္၊ စာၾကည့္တိုက္မွာ ၀င္တိုက္ရင္း ခ်စ္မိသြားတာျဖစ္ျဖစ္...အဲ့လိုဗ်ာ သိလား။ အခ်ိန္ေလးတစ္ခုမွာေပါ့...အဲ့အခ်ိန္ေလးမွာ ႏွစ္ေယာက္လုံး ခ်စ္မိသြားတာမ်ိဳး "
" ေအာ္ အင္း အင္း ေမာင္သိၿပီ။
အရမ္းေတြးလြန္းေနတယ္ မထင္ဘူးလား?"
" လုံး၀ပဲ "
5။ Happy Ending
နံပါတ္ ငါး အခ်က္မွာပဲ Happy Endingဟု ေရးကာ အဆုံးသတ္သြားတာေၾကာင့္ ေဆာ့ဂ်င္ စာ႐ြက္ကို အလံေဝွ႕သလိုေဝွ႕ကာ ယမ္းျပရင္း ေမးဆတ္ျပလိုက္သည္။
" ၿပီးၿပီေလ...ေပ်ာ္႐ႊင္တဲ့ အဆုံးသတ္ေလးနဲ႕ "
" ဒါေတြကို ဘာလို႔ ေနာင္ဘ၀မွလုပ္မွာလဲ? "
ေမးတတ္ရန္ေကာ ဟူသည့္ အမူအယာျဖင့္ နမ္ဂြၽန္းက သူ႕ကို စိုက္ၾကည့္ရင္း
" ဒီဘ၀မွာမရေတာ့ဘူးေလ...ကြၽန္ေတာ္က ခင္ဗ်ားထက္ ဆယ္ႏွစ္ငယ္ၿပီး ေမြးလာရတယ္၊ ဒီေတာ့ အတန္းလဲမတူဘူး။ ေဟာ စက္ဘီးတူတူစီးခ်င္ေပမယ့္ ခင္ဗ်ားက မစီးတတ္ဘူး...ခ်စ္မိတဲ့ အခ်ိန္ဆိုတာမေသခ်ာခင္ ကြၽန္ေတာ္တို႔က တြဲၿပီးေနၿပီ မဟုတ္ဘူးလား? "
ေဆာ့ဂ်င္ သူ႕လက္ထဲက စာ႐ြက္အား ခပ္ဖြဖြေခါက္ခ်ိဳးကာ
" နံပါတ္ ငါးအခ်က္ က်န္ေသးတယ္ေလ...အဲ့တာကမျဖစ္နိုင္လို႔လား? "
ထိုအခါမွ နမ္ဂြၽန္းက လႈပ္လႈပ္ရွားရွားျဖစ္လာကာ
" ဟာ ေမာင္ကလည္း မဦးမခြၽတ္!
ကြၽန္ေတာ္ ေမ့သြားလို႔ ဟာကို...
ေသခ်ာေပါက္ အဲ့အခ်က္ကေတာ့ ဒီဘ၀နဲ႕ ၿငိကိုၿငိတယ္ အဟင္း "
သူ႕ကို တင္းၾကပ္ေနေအာင္ ဖက္ထားတဲ့ နမ္ဂြၽန္းရဲ႕ လက္ေတြကို ေဆာ့ဂ်င္ ျပန္ဖက္တြယ္လိုက္ကာ ႏူးညံ့ညင္သက္ေသာ ရင္ခုန္သံကို နားေထာင္ေနမိသည္။
" ေနာင္ဘ၀က်ရင္ ေမာင္ကလူဆိုးေလးလုပ္မယ္။ မင္းဆိုးခဲ့သမွ် လက္စားျပန္ေခ်ပစ္မွာ "
" တကယ္? ေမာင္ ဆိုးမဲ့ပုံေလးကို ၾကည့္ခ်င္ေနၿပီ အဟြန္း "
သူနဲ႕ နမ္ဂြၽန္း အၾကာႀကီး ေထြးဖက္ထားရင္းကေန တစ္ေယာက္မ်က္၀န္းေတြကို တစ္ေယာက္ ၿငိမ္းေအးစြာစိုက္ၾကည့္ေနမိသည္။
ဒါက နိဗၺာန္ဘုံေလးလိုပဲ။
အခိုးေငြ႕တစ္မ်ိဳး ရစ္သိုင္းေနတတ္တဲ့ ပင္လယ္လိုမ်က္၀န္းေတြဆီမွာ သူ႕စိတ္ဝိညာဥ္တစ္ခုလုံး အပ္ႏွံၿပီး ကူးခတ္ေနရသလို တစ္ကိုယ္လုံးကို ႏူးညံ့တဲ့ ေရလွိုင္းေတြက ခပ္ဖြဖြ ထိေတြ႕ေနသလို....အို အစုံပါပဲေလ။
" နမ္ဂြၽန္း "
" ဗ်ာ "
" ငါတို႔ေတြသာ တစ္စုံတစ္ေယာက္ရဲ႕ အတိတ္ဘ၀ေတြ ျဖစ္လာမယ္လို႔ ေတြးၾကည့္...သိပ္လွလြန္းတယ္မထင္ဘူးလား? "
" အဟြန္း ဟုတ္တယ္ေနာ္။
ကြၽန္ေတာ္တို႔က တစ္စုံတစ္ေယာက္ရဲ႕ အတိတ္ေတြ ျဖစ္လာခဲ့ရင္......"
သူအေတြးနစ္ေျမာေနတုန္းမွာပဲ နမ္ဂြၽန္းရဲ႕ ႏႈတ္ခမ္းေတြဟာ ခပ္ေဖာ့ေဖာ့ ခ်ဥ္းကပ္လာရင္း ႏူးညံ့ရီေဝစြာပဲ ေဆာ့ဂ်င္ရဲ႕ ႏႈတ္ခမ္းလႊာေတြကို တိုက္စစ္ဆင္တယ္။
" မွတ္ထား...အဲ့အခါက်ရင္လည္း ကြၽန္ေတာ္က ခင္ဗ်ားကို ဒီလိုနမ္းမွာ "
ခနအၾကာ ျပတ္လပ္သြားတဲ့ ေလကို ရွိုက္သြင္းရင္း သူ႕ကို ၿပဳံးၾကည့္ေနတဲ့ နမ္ဂြၽန္းရဲ႕ ရင္အုပ္ေတာင့္ေတာင့္ဆီကို လက္ျဖင့္ ခပ္ေဆာင့္ေဆာင့္ တြန္းထုတ္လိုက္သည္။
" အေကာင္းေျပာလို႔ကိုမရဘူး "
တမင္လုပ္သံႀကီးနဲ႕ နာက်င္ျပေနတဲ့ နမ္ဂြၽန္းေၾကာင့္ သူရယ္ရျပန္တာပါပဲ။
ဆိုးတယ္ ဆိုးတယ္....
လူဆိုးေလးေတြဆိုတာ သိပ္ခ်စ္ဖို႔ေကာင္းေၾကာင္း ငယ္စဥ္က ယဥ္ေက်းမႈဆရာမကို အထြန႔္သြားတတ္ခ်င္မိရဲ႕။
____________________________
အရင္တစ္ခါကအျဖစ္အပ်က္ေတြ အၿပီးမွာ ဒိုေယာင္းက ကုမၸဏီကိုသိပ္မလာေတာ့။
ဌာနကလူတစ္ခ်ိဳ႕ကလည္း ဒိုေယာင္းရဲ႕ ပ်က္ကြက္မႈအေပၚ ၿငိဳျငင္တာမ်ိဳး၊ အေရးတယူ ေျပာဆိုတာမ်ိဳးလည္း ရွိမေနတာေၾကာင့္ ေဆာ့ဂ်င္လဲ ဖာသိဖာသာဘဲ ေနလိုက္ရေတာ့သည္။
တစ္ခါတစ္ေလေတာ့လည္း လူ႕ဘ၀ဟာအေတာ္ပ်င္းစရာေကာင္းသာဟူ၍လည္းေတြးမိသား။
ပညာေတြကို ဘ၀တစ္၀က္ေလာက္ဖိသင္လာရၿပီး ဒီပညာေတြနဲ႕ပဲ က်န္တဲ့ဘ၀တစ္၀က္ေလာက္ကို အသုံးခ်အလုပ္လုပ္ရင္း ျဖတ္သန္းေနရတာ....
ဘ၀အေၾကာင္းေတြးမိမွ ႐ုတ္တရပ္ဆိုသလို ေမေမ့ကို ေတာင္ လြမ္းလာသလိုပဲ။ ဘာပဲျဖစ္ျဖစ္ ဒီတပါတ္ပိတ္ရက္မွာေတာ့ ဂြမ္ဂ်ဴကို ျပန္ျဖစ္ေအာင္ျပန္မည္ဟု ဆုံးျဖတ္ခ်က္ခ်လိဳက္သည္။
" ေဆာ့ဂ်င္ေရ ညေန ညစာစားပြဲရွိတယ္ေနာ္။ အလုပ္ေတြျမန္ျမန္ျဖတ္ထား "
" ဗ်ာ...ဟိုလိုက္မွရမွာလား "
စီနီယာအစ္မႀကီးက ေကာ္ဖီကို ေငြေရာင္ဇြန္းေလးျဖင့္ေမႊေနရာကေန မ်က္ေစာင္းထိုး၍ ၾကည့္ရင္း
" ေအးေပါ့ဟဲ့...ကိုယ့္ဌာနကမွ လူေလးနည္းနည္းရွိတာကို မလိုက္လို႔ ျဖစ္ပါ့မလား...."
" အာ ဟုတ္ကဲ့ "
သက္ျပင္းကို ခိုးခ်ရင္း ညေန နမ္ဂြၽန္းကို လာမႀကိဳဖို႔ မက္ေဆ့ ပို႔လိုက္သည္။
တစ္ဖက္က ခ်က္ခ်င္း အငိုမ်က္ႏွာ အီမိုဂ်ီေလးတစ္ခုေရာက္လာတာေၾကာင့္ စိတ္ရႈပ္ေနသည့္ ၾကားထဲက သူ႕မွာ ၿပဳံးျဖစ္ေအာင္ ၿပဳံးမိသြားရသည္။
.
.
.
ညေနခင္းမွာေတာ့ အေတာ္ေလးခမ္းခမ္းနားနားရွိတဲ့ စားေသာက္ဆိုင္တစ္ခုကို ဌာနမႈးက ဦးေဆာင္၍ ေခၚသြားသည္။
ထိုစားေသာက္ဆိုင္ထဲမွာ သူမသိသည့္ တစ္ျခားဌာနက ၀န္ထမ္းမ်ားလည္းရွိေနသည္။
က်န္တဲ့သူေတြ မရွိပုံေထာက္ရင္ ထိုစားေသာက္ဆိုင္တစ္ခုလုံးကို သူတို႔ကုမၸဏီကအဖြဲ႕သားေတြ သီးသန႔္စားေသာက္နိုင္ေအာင္ ငွားထားပုံရ၏။
" ေဆာ့ဂ်င္တို႔ ဒီလာထိုင္ေလ "
သြားဖို႔ျပင္ေနတဲ့ စီနီယာအစ္မရဲ႕လက္ကို ေဆာ့ဂ်င္ဆြဲလိုက္ရင္း
" အစ္မပဲသြားလိုက္ေတာ့ ကြၽန္ေတာ္ဒီဝိုင္းပဲ ထိုင္ေတာ့မယ္ "
အသက္အနည္းငယ္ႀကီးေသာ ခပ္ဖိုင့္ဖိုင့္လူႀကီးႏွစ္ေယာက္ ထိုင္ေနတဲ့ ဝိုင္းမွာသာ ေဆာ့ဂ်င္ ၀င္ထိုင္လိုက္သည္။
ဟိုဘက္ဝိုင္းကိုသြားရင္ အလကားေန လူႀကီးေတြနဲ႕ အလိုက္သင့္စကားေတြ မေျပာခ်င္လည္းေျပာေနရေတာ့မွာ သူသိေနတာမို႔။
ၿပီးေတာ့ သူဒီညစာစားပြဲမွာလည္း အၾကာႀကီးမေနခ်င္။
လာခ်ေပးေသာ ဟင္းပြဲေတြက စားခ်င့္စဖြယ္ ျဖစ္ေသာ္လည္း မဆာေသးတာေၾကာင့္ထင္သည္ သိပ္အရသာမေတြ႕လွ။
သက္ျပင္းကို တဟူးဟူးခ်ရင္း တို႔တိတို႔တိစားေနတဲ့ သူ႕ကို တစ္ဝိုင္းထဲထိုင္ေနေသာ လူတစ္ခ်ိဳ႕ကလည္း စကားမေျပာရဲပဲ အကဲခတ္သလို ၾကည့္ေနၾကသည္။
* ေမာင္ အမ်ားႀကီးေသာက္ေနတာလား?*
စိတ္အိုက္လူအိုက္ျဖစ္ေနစဥ္ ေရာက္လာတဲ့ စာတိုေလးေၾကာင့္ ခနတာတင္းၾကပ္တဲ့ ပတ္၀န္းက်င္ေနကေန ေျမာလြင့္သြားသည္။
* ဝိုင္ေလး တစ္ခြက္ေတာင္ မကုန္ေသးပါဘူးကြာ.....ထမင္းစားၿပီးၿပီလား *
* နိုး အေစာႀကီးရွိေသးတယ္!
အမ်ားႀကီးမေသာက္နဲ႕...လာႀကိဳရမယ္ဆိုဖုန္းဆက္ *
* အင္း ခ်စ္တယ္ *
* ဟုတ္ *
" ခ်စ္သူလားဗ် "
သူၿပဳံးစိစိနဲ႕ စာရိုက္ေနတာကို သတိထားမိပုံရတဲ့ တစ္ျခားဌာနကျဖစ္ပုံရေသာ လူႀကီးက ရယ္လွ်က္ေမးလာသည္။
" အာ ဟုတ္ကဲ့ဗ် "
" အရမ္းေပ်ာ္ေနတဲ့ပုံပဲ
ျမင္ရတာ အားက်တယ္ဗ် ေနာ "
သူ႕ကိုေျပာသလိုလိုနဲ႕ ေဘးကလူႀကီးတစ္ေယာက္ကို ေျပာေနျခင္းျဖစ္သည္။
သူကေတာ့အလိုက္သင့္သာ ၿပဳံးေနလိုက္သည္။
စကား၀င္ေျပာရမွာ စိတ္အိုက္အိုက္နဲ႕ ဝိုင္ေတြသာ တစ္ခြက္ၿပီး တစ္ခြက္ ေသာက္ေနမိေတာ့ သူ႕တြင္ ဝိုင္ေရခ်ိန္ကမ်ားလာသလို လူကလည္း အနည္းငယ္ မူးစျပဳလာၿပီ ကို သတိထားမိလာသည္။
* ေမာင့္ကို လာႀကိဳ *
နမ္ဂြၽန္းဆီကို မက္ေဆ့တစ္ေစာင္ပို႔လိုက္ရင္း လက္က်န္ဝိုင္ကို ေမာ့ေသာက္လိုက္သည္။
သူတကယ္ေတာ့ ထိန္းၿပီး ျပန္နိုင္ပါေသးသည္။
ဒါေပမယ့္ နမ္ဂြၽန္းကို မူးေနေတာ့ ပိုေတြ႕ခ်င္လာမိလို႔......ခ်စ္ရတဲ့ လူရဲ႕ ဂ႐ုတစိုက္လာႀကိဳျခင္းကို ခံရတာ လည္း ေနေပ်ာ္စရာ ကိစၥေလးတစ္ခုပဲ မဟုတ္လား။
" အစ္မကြၽန္ေတာ္ ျပန္ႏွင့္ေတာ့မယ္ေနာ္ "
တစ္ဖက္ဝိုင္းကို ကူးကာ စီနီယာ အစ္မထံ သူျပန္မည့္အေၾကာင္း အသိေပးလိုက္သည္။
စားေသာက္ဆိုင္အျပင္ဘက္မွာ အလွလုပ္ထားေသာ သစ္ပင္ငယ္မ်ားနဲ႕ ထိုင္ခုံေလးေတြရွိသည္။
ဝိုင္နံ႕ေရာတဲ့ ေလထုကေန လြတ္ေျမာက္လာၿပီး ႏူးညံ့လတ္ဆက္တဲ့ ေလေျပေသြးတို႔ေၾကာင့္ သူ႕စိတ္ႏွလုံးက ျပန္ၿပီး လန္းဆန္းလာ၏။
" အစ္ကိုေဆာ့ဂ်င္ "
အနက္ေရာင္ suitနဲ႕ ဒိုေယာင္းက သာမာန္လူငယ္ဆန္ဆန္ပုံရိပ္ကေန ကြဲထြက္ေနသည္။
အရင္လို ငယ္ေသြးႂကြ စူးစမ္းလိုဟန္ မ်က္လုံးေတြကေန ထက္ျမတ္တဲ့ က်ားတစ္ေကာင္လို စူးရဲတဲ့ မ်က္လုံးေတြနဲ႕...
လက္ၾကားထဲမွာ အေငြ႕မေသေသးေသာ ေဆးလိပ္တစ္လိပ္ကို ညွပ္ထားေသးသည္။
" ျပန္ေတာ့မွာေတာ့မဟုတ္ပါဘူးေနာ္?
ကြၽန္ေတာ္ ေတာင္အခုမွေရာက္တာ "
" အင္း ကိုယ္ကေရာက္တာၾကာၿပီမို႔..
ဒါဆို ၀င္ေတာ့ေလ "
စကားစျဖတ္ကာ ရပ္ထားသည့္ကားရွိရာသို႔အလွမ္း ဒိုေယာင္းက သူ႕လက္ေတြကို လွမ္းဆြဲလိုက္သည္။
မသိစိတ္၏တုန႔္ျပန္မႈေၾကာင့္ သူခပ္ၾကမ္းၾကမ္းဆြဲဖယ္လိုက္ေတာ့ ဒိုေယာင္းက ခနမွ် အံ့ဩသြားပုံရၿပီး တဟားဟားရယ္သည္။
" အဲ့ေလာက္ထိေတာင္ပဲလား?
ဒါဆို ကြၽန္ေတာ့္စိတ္ကိုရိပ္မိၿပီဆိုတဲ့သေဘာေပါ့ ဟင္ "
" ကိုယ့္အေျဖကိုလည္း ဒိုေယာင္းရိပ္မိမွာပါ "
ေမွ်ာ္လင့္ခ်က္ေတြ ပဲ့ေႂကြသြားသလို မ်က္လုံးေတြ နဲ႕ ဒိုေယာင္းအၾကည့္ေတြကို သူတစ္ဖန္ေက်ာခိုင္းလိုက္တယ္။
အမွန္အမွားဆိုတာထက္ ကိုယ္မေပးနိုင္တဲ့ ေမတၱာမ်ိဳးေတြ အတြက္ မျပတ္မသားလုပ္ခ်င္စိတ္သူ႕မွာ မရွိဘူး။
ခ်စ္ျခင္းေမတၱာေတြနဲ႕ အမ်ိဳးမ်ိဳးေသာ ပညတ္ခ်က္ေတြအကုန္ အမ်ိဳးသားေလးတစ္ဦးဆီ ျမႇပ္ႏွံခဲ့ၿပီမို႔ သူ႕စိတ္သူရွင္းခ်င္သည္။
" မသြားရဘူး "
သူ႕ေရွ႕ကို လာပိတ္ကာ ေဒါသတႀကီး ဆိုလာတဲ့ ဒိုေယာင္းကို သူ စိတ္ပ်က္စြာပဲ ၾကည့္လိုက္ရတယ္။
" ကိုယ္ရန္မျဖစ္ခ်င္ဘူး အလားတူ ကိုယ့္ေကာင္ေလးကိုလည္း မင္းေၾကာင့္ ရန္မျဖစ္ေစခ်င္ဘူး "
" ကင္မ္နမ္ဂြၽန္း? သူက ကြၽန္ေတာ့္ထက္ဘာသာလို႔လဲ ဟမ္....အခု အစ္ကိုလုပ္ေနတဲ့ ကုမၸဏီက ကြၽန္ေတာ့္အေဖပိုင္တာ..!
စည္းစိမ္၊ အာဏာ ကြၽန္ေတာ္အကုန္သူ႕ထက္သာတယ္ "
စည္းလြတ္ေဘာင္လြတ္ျဖစ္လာတဲ့ စကားေတြမွာ နမ္ဂြၽန္းကို ပုတ္ခတ္မႈေတြပါလာေတာ့ သူ ေဒါသေတြ တရွိန္းရွိန္းေသြးေၾကာေတြကေန ျဖာထြက္လာသည္။
"ကိုယ္အလုပ္ကအခ်ိန္မေ႐ြးထြက္လို႔ရတယ္။
စည္းစိမ္၊ အာဏာ ဘာလုပ္မွာလဲ? ကိုယ္တို႔မလိုပါဘူး "
သူတို႔အေျခအတင္ျဖစ္ေနစဥ္မွာပဲ နံေဘး နံရံေထာင့္အေမွာင္ရိပ္ထဲမွ ရယ္သံသဲ့သဲ့ေလးထြက္လာသည္။
ဟူဒီ အမည္းေခါင္းစြပ္ကို ၀တ္ထားတဲ့ နမ္ဂြၽန္းမည္ေသာ အမ်ိဳးသားငယ္က လေရာင္ကင္းတဲ့ညမွာ ေအာင္နိုင္သူအရွင္တစ္ေယာက္လို ၿပဳံးလို႔။
" ေမာင္ ဒီကိုလာေလ "
ကေလးေလးေတြေခၚသလို လက္ကို ႏူးညံ့စြာယပ္ေခၚၿပီး တစ္ဖက္က ဒိုေယာင္းဆီသို႔ မိုက္တိမိုက္ကန္းအၾကည့္ေတြနဲ႕ ၿပဳံးေထ့ေထ့ၾကည့္သည္။
ထို႔ေနာက္ အနားေရာက္လာတဲ့ ေဆာ့ဂ်င္ရဲ႕ ပုခုံးကို ဆြဲဖက္ကာ
" ငါဘာပိုင္လဲ? အမ္းးး မင္းလိုေကာင္ဘယ္ေတာ့မွ မပိုင္နိုင္တဲ့ ေမာင့္ရဲ႕အခ်စ္ေတြကို ပိုင္တယ္ေလ...စိတ္မေကာင္းေပမယ့္ အေစာကတည္းက မင္းကငါ့ၿပိဳင္ဘက္မွမဟုတ္တာ "
ဒိုေယာင္းက ဟန္မပ်က္မ်က္ႏွာကိုတင္းထားရေပမယ့္ ေမးေၾကာေတြေထာင္ထေနေအာင္ အံကို ႀကိတ္ထားတာေတြ႕ရသည္။
နမ္ဂြၽန္းက သူ႕လက္ကိုဆြဲရင္း ရပ္ထားေသာ ကားရွိရာဆီသို႔ ေခၚလာ၏။
ကားအနားေရာက္မွ ေဆာ့ဂ်င္ပုခုံးေပၚသို႔ ေခါင္းကို မွီခ်ကာ တသိမ့္သိမ့္ရယ္သည္။
" သိပ္ရယ္စရာေကာင္းေနလား ဟမ္"
သူမာန္မဲလိုက္မွ နမ္ဂြၽန္းက ရယ္ေနတာရပ္ကာ ေဆာ့ဂ်င္အား တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္လာသည္။
" ေက်းဇူးပါဗ်ာ "
" ဘာကိုလဲ?"
" ကြၽန္ေတာ့္ကို ခ်စ္ေပးလို႔ "
" မင္းဟာေလ ကဲ လာ ျပန္ၾကမယ္"
ျပန္ၾကမယ္ဆိုတာကို နမ္ဂြၽန္းကသူ႕အား ကားတံခါးဖြင့္ခြင့္မေပးပဲ မ်က္ႏွာကို ပင့္မကာ အနမ္းတစ္ခ်ိဳ႕ ရီေဝစြာႀကဲခ်လာ၏။
" ေမာင္ ခင္ဗ်ားသိလား?
ကြၽန္ေတာ္သိပ္ေပ်ာ္တာပဲဗ်ာ "