(Book-2)အမြင့်မြတ်ဆုံး ကောင်း...

By Xiao_Yiii

713K 153K 8.6K

ပါရမီရွင္အျဖစ္ေမြးဖြားလာသူ လင္႐ႊမ္းဇီသည္ သူ႔အတိတ္ဘဝမွာ ကမာၻၾကီးကို မလႊမ္းမိုးခဲ့ေသာ္လည္း ယန္ထ်န္းဟန္အေပၚ သစၥာ... More

Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း
Chapter(200) - ညီမျှတဲ့လဲလှယ်မှု
Chapter(201) - အရူးဟွမ်ဖူ
Chapter(202) - ကူညီလက်ကမ်းပေးခြင်း
Chapter(203) - မက်မွန်ပန်းလေး
Chapter(204) - ပြောဖို့ခက်တယ်
Chapter(205) - တော်တော်လေးမသင့်တော်ဘူး
Chapter(206) -ငါတကယ်မလုပ်ဘူး
Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု
Chapter(208) - မြေခွေးပေါက်လေး
Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်
Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်
Chapter(211) - The Reason Within
Chapter(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ
Chapter(213) - သခင်မလေးရှန်
Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်
Chapter(215) - အရာအားလုံးပြန်ပေးမယ်
Chapter(216) - မိုးရေထဲမှာလမ်းခွဲ
Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ
Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား
Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။
Chapter(220) - သူဆန္ဒမရှိဘူး
Chapter(221) - ကြေးမုံထဲကအသွင်အပြင်
Chapter(222) - ယန္တရားအသက်ဝင်လာပြီ
Chapter(223) - ပိတ်မိခြင်း
Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း
Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု
Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်
Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး
Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး
Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်
Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်
Chapter(231) - ယွီယန်ရဲ့သဘောထား
Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း
Chapter(233) - အာကာသအဆင့်ဆေးလုံး
Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု
Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်
Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု
Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်
Chapter(238) - ဒီငှက်,အဲ့ဒီငှက်
Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ
Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ
Chapter(241) - အထီးကျန်ကြယ်
Chapter(242) - အမှားအယွင်း
Chapter(243) - Even More Exposed
Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ
Chapter(245) - လင်မိသားစုသို့အပြန်
Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်
Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု
Chapter(248) - သေတာတောင်နောင်တမရဘူး
Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း
Chapter(250) - အားဟန်ရဲ့နောက်ခံ
Chapter(251) - Escape Through the Night
Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်
Chapter(253) - နေရာလေးခု
Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု
Chapter(255) - အချိန်မီကယ်ဆယ်
Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု
Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု
Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး
Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ
Chapter(260) - အားကောင်းတဲ့နောက်ခံ
Chapter(261) - တစ်ခြား 'အမေ'
Chapter(262) - လင်မိသားစုရဲ့သခင်လေး
Chapter(263) - သခင်လေးဟုခေါ်သည်။
Chapter(264) - တောင်သခင်လေးကျန်း
Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်
Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်
Chapter(267) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
Chapter(268) - အားဟန်ရဲ့ကံကြမ္မာ
Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်
Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း
Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း
Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
Chapter(274) - ပေ့ရှီနဲ့လျှန်လျှန်
Chapter(275) - ဆရာလက်ဆောင်ပေးတဲ့ဓား
Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း
Chapter(277) - ကျင့်ကြံခြင်းမြေပြင်
Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း
Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(280) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
Chapter(281) - တစ်ခြားတောင်ထွတ်
Chapter(282) - ဥခိုးမှုကျရှုံးခြင်း
Chapter(283) - အမြင်ကျဉ်းမြောင်းတယ်
Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု
Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ
Chapter(286) -《Profound Book of Poisons》
Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း
Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး
Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်
Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု
Chapter(291) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်
Chapter(293) - အားကုရဲ့ ငိုကြွေးမှု
Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
Chapter(295) - ချင်းကျူရဲ့အတိတ်
Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်
Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်
Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု
Chapter(299) - တိမ်ထွတ်ဖျား
Chapter(300) - အမြစ်ကနေဖယ်ရှား
Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ
Chapter(302) - သဘောတူညီမှုရပြီ
Chapter(303) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု
Chapter(304) - ထူးချွန်တဲ့တပည့်
Chapter(305) - သီးသန့်မိသားစုမှတပည့်များ
Chapter(306) - ဆက်ဆံရေးအချို့
Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း
Chapter(308) - တစ်သီးတစ်သန့်မိသားစုများ
Chapter(309) - အရှက်မဲ့လွန်းတယ်
Chapter(310) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း
Chapter(311) - နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်
Chapter(312) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》
Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု
Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်
Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို
Chapter(320) - ကြာပင်လယ်တံလျှပ်
Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်
Chapter(322) - အပြန်အလှန် မယုံကြည်မှု
Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း
Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
Chapter(326) - ချီယွင်ရဲ့သတင်း
Chapter(327) - ချင်းကျူရဲ့ အတိတ်
Chapter(328) - အရမ်းရက်စက်တယ်
Chapter(329) - ဆိုင်ရှင်များကို အနိုင်ယူပါ။
Chapter(330) - မောက်မောက်အား အသုံးချခြင်း
Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်
Chapter(332) - ငါ့အမှားပါ, ငါ့အမှား
Chapter(333) - ဆေးလုံးသန့်စင်ခြင်း
Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်
Chapter(335) - မျက်နှာသာမပေးဘူး
Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ
Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်
Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့
Chapter(339) - Falling Out
Chapter(340) - မြက်စားပိုးကောင်
Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း
Chapter(342) - ညမိုးချုပ် သတ်ဖြတ်ခြင်း
Chapter(343) - ကုပိုးသခင် ကျွော်ယဲ့
Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်
Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း
Chapter(346) - မျက်နှာသာ မပေးဘူး
Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု
Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ
Chapter(349) - အားကုကို ရှာဖွေခြင်း
Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》
Chapter(351) - စိတ်ထဲက သံသယများ
Chapter(352) - အေျမာက္အမ်ားဝယ္ယူ
Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း
Chapter(354) - ဟွိုင်ယွီနိုးလာပြီ
Chapter(355) - စာဝိညာဉ်အပိုင်းလေး
Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ
Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။
Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း
Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း
Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်
Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။
Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း
Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်
Paid Group
Chapter(366) - မက်မွန်သီးလက်ဆောင်
Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
Chapter(368) - မျိုးစိတ်အသစ်
Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ
Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ
Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်
Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ
Chapter(373) - လျှိုမိသားစုကလူ
Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ
Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ
Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း
Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း
Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ
Chapter(380) - အားကျူ၏သတိပေးမှု
Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ
Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ
Chapter(384) - အမြီးကိုးချောင်းမြေခွေး
Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်
Chapter(386) - ဖြေဆေးသန့်စင်ခြင်း
Chapter(387) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
Chapter(388) - အချိန်မှီကယ်ဆယ်
Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ
Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း
Chapter(391) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
Chapter(392) - အနောက်ဘက်စွန်း
Chapter(393) - အတိတ်ဘဝဆက်ဆံရေး
Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း
Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ
Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်
Chapter(397) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
Let's go to book (3)

Chapter(324) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ

3.2K 686 24
By Xiao_Yiii

Unicode

အခန်း(၃၂၄) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ

ချိုးဖြတ်ဓားတောင်ထွတ်ရဲ့ သခင်က တံခါးပိတ်တရားကျင့်ကြံမှုကိုသာ စွဲလမ်းနေခဲ့ပြီး သူ့တောင်ရဲ့ ကိစ္စအဝဝကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ပေ။ ယွမ်ထျန်းဝမ်က ကလေးဘဝကတည်းက ယွမ်မိသားစုရဲ့ အမွေဆက်ခံသူ တစ်ယောက်အဖြစ် လေ့ကျင့်ပျိုးထောင်ခြင်း ခံခဲ့ရတာကြောင့် ငယ်ရွယ်စဉ်ကတည်းက တောင်ထွတ်ကိစ္စများကို ကိုင်တွယ်ရာမှာ ကျွမ်းကျင်လာခဲ့သည်။

ဒါ့အပြင် ယွမ်ကျုံနဲ့ဆုမိုတို့ကလည်း သူ့ကိုကူညီပေးနိုင်မယ့် လက်အောက်ငယ်သားများ စေလွှတ်ပေးတာကြောင့် ယွမ်ထျန်းဝမ်က အစောပိုင်းထဲက ချိုးဖြတ်ဓားတောင်ထွတ်ရဲ့ မျက်နှာစာဖြစ်လာခဲ့၏။

ပုံမှန်အခြေအနေမှာဆိုရင်တော့ ယွမ်ထျန်းဝမ်ရဲ့ စကားတစ်ခွန်းက ချိုးဖြတ်ဓားတောင်ထွတ်မှာ အကြီးမြတ်ဆုံး အာဏာကို ကိုင်ဆွဲထားနိုင်သည်။ ငြိမ်သက်တိတ်ဆိတ်မှုကိုသာ နှစ်သက်သည့် တာအိုအရှင် ချင်းယွင်ကလည်း  အမည်ခံ တောင်သခင်တစ်ယောက် ဖြစ်လာရန်သာ ဆန္ဒရှိနေသည်လေ။

သို့ပေမယ့်လည်း တောင်ထိပ်သုံးလုံးမှာ နစ်မြှုပ်ဓားတောင်ထွတ်ရဲ့ တောင်သခင် မဟာအကြီးအကဲလန်ယွဲ့က သူသဘောကျ နှစ်ခြိုက်ရတဲ့ တပည့်များကို အမြဲတမ်း 'ကောက်ယူ' ရခြင်းအား သဘောကျပြီး ထိုတပည့်များရဲ့ မူလအရင်းအမြစ် မသေးငယ်တာကလည်း အမှန်တရားပင်။

ကျိုးပျက်ဓားတောင်ထွတ်ရဲ့ တောင်သခင် တာအိုအရှင်ရီသောက် ရွေးချယ်ခဲ့သည့် တပည့်အများစုကတော့ အောင်မြင်ကျော်ကြားသည့် မိသားစုက ဖြစ်နေတတ်သည်။ ချိုးဖြတ်ဓားတောင်ထွတ် တစ်လုံးတည်းကသာ သူတို့ရဲ့ နောက်ခံကိုမကြည့်ပဲ ကျား၊မကို ကြည့်၍ ရွေးချယ်ခြင်းဖြစ်သည်။

ဒီအချက်မှာတော့ ယွမ်ထျန်းဝမ်က တကယ့်ကို ကောင်းမွန်လှသည်။

ဒါက သူနာမည်ကျော်ကြားခြင်းရဲ့ အကြောင်းအရင်းပဲလေ။

သို့သော်လည်း ယွမ်ထျန်းဝမ်က သွမ့်ယွီယန်အား တာအိုအဖော်အဖြစ် တောင်ပေါ်ခေါ်လာခဲ့ပြီးနောက်မှာ ယွမ်ထျန်းဝမ်က ယောကျာ်းလေးများကိုသာ နှစ်သက်ပြီး အမျိုးသမီးများကို မကြိုက်တာကြောင့် အမျိုးသမီးတပည့် လက်မခံခြင်းဖြစ်ကြောင်း ကောလဟာလများက နက်ရှိုင်းကောင်းကင်ဂိုဏ်းမှာ ထွက်ပေါ်လာခဲ့သည်။

တာအိုအရှင် ချင်းယွင်ကလည်း ယောကျာ်းလေးများကိုသာ နှစ်သက်တယ် ဆိုတဲ့ ကောလဟာလလည်း ရှိနေပြန်သည်။

ယွမ်ထျန်းဝမ်က ထိုသတင်းများကို ကြားတဲ့အချိန်မှာ မျက်လုံးသာလှန်၍ အပိုမှတ်ချက်တွေ ချမနေပဲ 'ပေါက်ကရ' တွေဆိုတဲ့ စကားသာပြန်ပြောခဲ့သည်လေ။

ခြေလှမ်းအနည်းငယ်လောက် လှမ်းပြီးနောက်မှာ လင်ရွှမ်းဇီနဲ့ ယန်ထျန်းဟန်သည် သွမ့်ယွီယန်အား ဆွဲနေသည့် ယွမ်ထျန်းဝမ်ကို မြင်လိုက်ရပြီး သူ့တို့နောက်မှာ ကျားပေါက်လေး နှစ်ကောင်က လဝန်းဂိတ်ပေါက်ကနေ လိုက်ပါလာသည်။

ထိုခဏမှာ ယွမ်ထျန်းဝမ်ရဲ့ မျက်နှာက အခြေအနေသိပ်မကောင်းပဲ သွမ့်ယွီယန်သည်လည်း မှောင်မိုက်တဲ့ မျက်နှာထားနဲ့ဖြစ်နေသည်။ အကြိမ်တော်တော်များများမှာ သူက ယွမ်ထျန်းဝမ်ရဲ့လက်ကို ဖြုတ်ချချင်သော်လည်း တစ်ဖက်လူရဲ့ ပိုမိုတင်းကျပ်သော ဆုပ်ကိုင်မှုကိုသာ ခံနေရ၏။

အကောင်ပေါက်လေးနှစ်ကောင်က ယန်ထျန်းဟန်ကို မြင်တာနဲ့တင် ဝမ်းသာအားရစွာဖြင့် စတင်အော်ဟစ်ကြပြီး သူ့လက်မောင်းထဲသို့ အလျင်စလို ပြေးဝင်ကြလေသည်။

ယွမ်ထျန်းဝမ်က သူ့နှဖူးအား လက်ဖြင့်အုပ်လိုက်သည်။

"မင်းတို့တွေ ဒီအကောင်ပေါက်နှစ်ကောင်ကို မြန်မြန်ခေါ်သွားသင့်တယ်, သူတို့တွေက အရမ်းဆူညံပြီး ယွီယန်ကိုပဲ ပြုတ်ကျလုနီးပါး အခေါက်ခေါက် အခါခါ တိုက်နေကြတာ, ယွီယန်ကလည်း သူတို့အမွှေးနဲ့ တည့်ပုံမရဘူး"

သွမ့်ယွီယန်က မျက်လုံးလှန်လိုက်ပြီး မှုန်ကုပ်ကုပ်ပြောသည်။

"ခင်ဗျားက ကျွန်တော့ကိုဖန်သားလို ဆက်ဆံနေတုန်းပဲလား? ကျွန်တော်က ဗိုက်ပဲကြီးနေတာလေ ဘာဖြစ်လို့ဒီလောက် ရင်တုန်နေရတာလဲ? ပြီးတော့လည်း ဒီအကောင်ပေါက်လေးနှစ်ကောင်က ဘယ်လောက်ထိ အားကောင်းနိုင်မှာလဲ? သူတို့က ကျွန်တော်နဲ့ ကစားနေတာပါဆို"

ယွမ်ထျန်းဝမ်က အခိုင်အမာပြောသည်။

"မဟုတ်ဘူး, ကိုယ်ကတော့ စိတ်မချနိုင်ဘူး"

သွမ့်ယွီယန်က ဆွံ့အသွားရသည်။

"ကျွန်တော်တော့ ခင်ဗျားကို တကယ်စိတ်ကုန်နေပြီ"

ယွမ်ထျန်းဝမ်ရဲ့ မျက်နှာက ဇွဲကောင်းမှုအပြည့်အဝပင်။

ယန်ထျန်းဟန်က အားပိုင်ရဲ့ နောက်ကျောလေးအား ပုတ်ပေးရင်း ခေါင်းညိတ်သည်။

"အားပိုင်နဲ့ဟူပိုက တကယ့်ကို နည်းနည်း ဗရုတ်သုတ်ခနိုင်တယ်, ကျွန်တော်သူတို့ကို ဖြေရှင်းဖို့ အချိန်မရှိဖြစ်နေခဲ့တာ, ခင်ဗျားအတွက် တကယ့်ကို ဒုက္ခများသွားမှာပဲ"

မူလက ယန်ထျန်းဟန်သည် မဟာအကြီးအကဲ ဟွိုင်ယွီနဲ့အတူ နစ်မြှုပ်ဓားတောင်ထွတ်ကို လိုက်ပါတဲ့အချိန်မှာ အားပိုင်နဲ့ဟူပိုအား ချန်ထားရစ်ခဲသည်။ သို့သော် နောက်ပိုင်းမှာ ယန်ထျန်းဟန်က နစ်မြှုပ်ဓားတောင်ထွတ်မှာသာ နေပြီး ကျင့်ကြုံမှုများပြုလုပ်၍ လင်ရွှမ်းဇီ နဲ့အတူ လိုက်ပါဖို့ ဆုံးဖြတ်ချက်ချခဲ့၏။ မဟာအကြီးအကဲ ဟွိုင်ယွီက သူ့ဘာသာသူ ပြန်သွားခဲ့ရသည်လေ။

ရလဒ်ကတော့ မဟာအကြီးအကဲ ဟွိုင်ယွီ တောင်ထွတ်ပေါ် ပြန်ရောက်တဲ့အချိန်မှာ ကိုယ့်ဘာသာကိုယ်တောင် ဘာလုပ်ရမှန်း မသိကြတဲ့ ဒီကျားပေါက်လေးနှစ်ကောင်က သူ့ဝိညာဉ်စိုက်ခင်းတွေကို ကြိတ်ခြေ ဝါးစားထားကြတာကို တွေ့သွားရသည်။

မဟာအကြီးအကဲ ဟွိုုင်ယွီက ဒေါသအမျက်ခြောင်းခြောင်းထွက်၍ ကျားပေါက်လေးနှစ်ကောင်အား ချက်ချင်းဖမ်းယူပြီး နစ်မြှုပ်ဓားတောင်ထွတ်ဆီ ပစ်ချခဲ့လေရဲ့။

ကျားပေါက်လေးနှစ်ကောင်က သွမ့်ယွီယန် ပြန်လာတဲ့အချိန်အထိ ထိန်းချုပ်မရလုနီးပါး ဖြစ်နေကြ၏။ သူက ထိုသနားစရာ အကောင်ပေါက်လေး နှစ်ကောင်သည် လစ်လျူရှုခံရပြီး ဘယ်သူမှ မလိုချင်သလို ဖြစ်နေတာကိုမြင်တော့ ချိုးဖြတ်ဓားတောင်ထွတ်ဆီ ခေါ်သွားပေးခဲ့သည်။ မမျှော်လင့်ပဲ ယွမ်ထျန်းဝမ်က သူတို့ကြောင့် ဒေါသထွက်ရပြန်ပါလေရော။

ထိုအချိန်မှာ သွမ့်ယွီယန်ကတော့ ယွမ်ထျန်းဝမ်က တစ်နေ့တစ်ခြား ကလေးဆန်လာတယ်ဆိုတာ သိသွားရသည်။

"ရပါတယ်" သွမ့်ယွီယန်က ယွမ်ထျန်းဝမ်အား တစ်ချက်ကြည့်လိုက်သည်။

"သူ့ကိုဂရုစိုက်မနေနဲ့,  အားပိုင်နဲ့ ဟူပိုတို့က ငါ့ဘာသာပဲ ဂရုစိုက်ပေးနေတာ, သူက အခုတစ်လော စိတ်ဖိစီးနေတာလေ, သူ့ကိုဘာက စိတ်ဆိုးစေတာလဲ ဘယ်သူသိမှာလဲ"

ယွမ်ထျန်းဝမ်က မျက်မှောင်ကျုံ့သည်။

"ဒီကျားဖြူလေးနှစ်ကောင်က အရမ်းတွယ်ကပ်တယ်, သူတို့ကို ပြန်ခေါ်လာပြီးကတည်းက သူတို့အိပ်တဲ့အချိန်တောင် ယွီယန်ကို တွက်တက်နေကြတာ, သူတို့က နတ်ဆိုးသားရဲတွေလေ, အကယ်၍ မင်းသူတို့ကို ဒီလိုမျိုးသာ ဆက်ပြီး ပျိုးထောင်နေမယ်ဆိုရင် အရှုံးသမားလေးတွေအဖြစ် ပျိုးထောင်မိသွားလိမ့်မယ်"

ယန်ထျန်းဟန်သည် အားပိုင်နဲ့ဟူတို့တို့ကို ဒီလိုပြောကြသည်အား တစ်ကြိမ်ထက်မက ကြားဖူးသည်။ ပြသနာက လေးနက်ပုံပေါ်ကြောင်း သူစတင် သဘောပေါက်လာ၏။

ဒီကျားပေါက်လေးနှစ်ကောင်က သူ့ကိုမတွေ့တာ ရက်အနည်းငယ်ပဲ ရှိသေးပေမယ့် မဟာအကြီးအကဲ ဟွိုင်ယွီရဲ့ ဝိညာဉ်ပင်စိုက်ခင်းကို ဖျတ်ဆီးပြီး သူ့ကိုဒေါသထွက်အောင် လုပ်ခဲ့တယ်

ယန်ထျန်းဟန်သည် သူတို့ရဲ့ ဆိုးသွမ်းမှုများကို ကြားရသောအခါ အားပိုင်နဲ့ဟူပိုက သူတို့ရဲ့ နေ့ရက်တွေကို သာမာန်ကျလွန်းစွာနဲ့ အလိုလိုက်ခံရမှုအား ကျင့်သားရလွန်းနေတယ်ဟု ခံစားလိုက်ရသည်။

လင်ရွှမ်းဇီက ယန်ထျန်းဟန်ရဲ့ လက်မောင်းကြားက ကျားပေါက်လေးနှစ်ကောင်ကို တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"သူတို့ဘယ်သွားသင့်လဲဆိုတာ ငါစဉ်းစားပြီးသွားပြီ"

ယွမ်ထျန်းဝမ်က မေးလာသည်။

"မင်းမှာ ဘာအတွေးတွေရှိလဲ?"

လင်ရွှမ်းဇီက အကောင်ပေါက်လေးများကို တစ်ချက်ကြည့်လိုက်ပြီး အဖြေကို တိုက်ရိုက်မပေးပေ။

"မင်းသိပ်မကြာခင် အနောက်ဘက် တိုက်မကြီးရဲ့ နတ်ဆိုးသားရဲအသင်္ချေ တောအုပ် ကိုသွားပြီး ရေခဲနှလုံးသား ရေကြာပန်းနဲ့ ရောင်စုံခူမြက်ကိုသွားရှာမယ်လို့ ဦးလေးဆုဆီကကြားတယ်"

ယွမ်ထျန်းဝမ်က ခေါင်းညိတ်ပြီး သူ့အမူအယာက အနည်းငယ် လေးနက်နေသည်။

"ငါတို့ ကြေးစားအုပ်စုတွေ အများကြီး ရှာခဲ့တယ်, ဒါပေမဲ့ ငါ့အဖေက ဈေးနှုန်းကို အဆမတန် တိုးပေးတာတောင် ဘယ်သူကမှ ဒီတာဝန်ကို လက်ခံချင်စိတ် မရှိကြဘူး, ယွမ်မိသားစုက မွေးမြူထားတဲ့ သေမင်းတမာန် စစ်သားတွေလည်း နတ်ဆိုးသားရဲအသင်္ချေ တောအုပ် ထဲကို ဝင်သွားကြတယ်, ဒါပေမဲ့ သူတို့တွေ ဝင်သွားပြီးကတည်းက သူတို့ဆီက ဘာသတင်းမှ မကြားရတော့တဲ့အပြင် ဘယ်သူမှလည်း ထွက်မလာနိုင်ကြသေးဘူး"

ယန်ထျန်းဟန်က မနေနိုင်စွာပင် အသက်ပြင်းပြင်းရှုမိသည်။

"အနောက်ဘက် တိုက်မကြီးရဲ့နတ်ဆိုးသားရဲအသင်္ချေ တောအုပ် က တကယ့်ကို အဲ့ဒီလောက် ကြောက်စရာကောင်းတာလား?"

လင်ရွှမ်းဇီက ခေါင်းညိတ်ပြသည်။

"ဒီတိုက်ကြီးငါးတိုက်မှာ နက်ရှိုင်းဘုံအဆင့် ကျင့်ကြံသူတွေတောင် အလွယ်တကူ မသွားရဲတဲ့ သေမင်းဇုန်ငါးခုရှိတယ်, တိုက်ကြီးငါးတိုက်ရဲ့ အရှေ့ဘက်၊ အနောက်ဘက်၊မြောက်ဘက်နဲ့ တောင်ဘက်တွေမှာ တစ်ခုဆီရှိပြီး အနောက်ဘက်တိုက်မကြီးရဲ့ သေမင်းဇုန်ကတော့ နတ်ဆိုးသားရဲအသင်္ချေ တောအုပ် ပေါ့, ပြောကြတာတော့ အဲ့ဒီမှာ နတ်ဆိုးသားရဲတွေတင်မကပဲ မိစ္စာပင်တွေလည်းရှိတယ်တဲ့, ဒါတောင် မနှစ်မြို့စရာကောင်းတဲ့ အဆိပ်ငွေ့တွေ ရှိနေတာကို မပြောသေးဘူး, နေနဲ့လ တစ်လှည့်စီ ဖြစ်နေတဲ့ အချိန်မှာ လူတွေအလွယ်တကူ ခွဲခြားမရနိုင်တဲ့ လှည့်စားမှု ပုံရိပ်ယောင်တွေ ရှိနေတာမို့လို့ အဲ့ဒါက တကယ့်ကို သေမင်းဇုန်တစ်ခုပဲ"

လင်ရွှမ်းဇီရဲ့ စကားဆုံးပြီးနောက်မှာ သွမ့်ယွီယန်နဲ့ ယွမ်ထျန်းဝမ်ရဲ့ အမူအယာက ပိုပြီးဆိုးဝါးသွားရသည်။

သွမ့်ယွီယန်က အတော်လေး တုန်လှုပ်သွားသည်။

"ရေခဲနှလုံးရေကြာပန်းနဲ့ ရောင်စုံခူမြက်က အနောက်ဘက်တိုက်မကြီးရဲ့နတ်ဆိုးသားရဲအသင်္ချေ တောအုပ် ထဲမှာပဲ တွေ့နိုင်တာ, ပြီးတော့ ဈေးကွက်ထဲမှာ ရှာတွေ့စရာလည်း အကြောင်းမရှီဘူး မဟုတ်ရင် ဘယ်သူက ဒီလောက် ကြောက်စရာကောင်းတဲ့နေရာကို ချဉ်းကပ်ချင်မှာလဲ?"

ယွမ်ထျန်းဝမ်က နှစ်သိမ့်ပေးသည်။

"ယွီယန်, စိတ်မဆိုးနဲ့, ကိုယ်တို့ သေချာပေါက် ဖြေဆေးရမှာပါ"

သွမ့်ယွီယန်က အသက်ကို ပြင်းပြင်းရှုလိုက်သည်။

"ကျွန်တော်တော့ အဲ့ဒီခွေးမကိုပဲ သေအောင် ခုတ်ပစ်ချင်တယ်"

ယန်ထျန်းဟန်ကလည်း ခေါင်းညိတ်သည်။

"ဟုတ်ပ, အဲ့ဒီ သွမ့်သခင်မက တကယ့်ကို ရက်စက်လွန်းတယ်"

သွမ့်ယွီယန်ကို အချိန်အကြာကြီး အဆိပ်ခတ်ခဲ့တဲ့ သွမ့်သခင်မကြောင့်သာ မဟုတ်ဘူးဆိုရင် သွမ့်ယွီယန်ရဲ့ ခန္တာကိုယ်ကလည်း ဒီလိုအခြေအနေ ဖြစ်နေမှာ မဟုတ်ဘူး

လင်ရွှမ်းဇီက မေးလာသည်။

"သွမ့်မိသားစုနဲ့ ပြဿနာကို ဘယ်လိုမျိုး အဆုံးသတ် ဖြေရှင်းလိုက်လဲ?"

ထိုစကားကို ကြားတော့ သွမ့်ယွီယန်ဆီမှာ ကြီးမားပြီး ပျော်ရွှင်ဝမ်းမြောက်နေတဲ့ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

"မင်းတို့မသိလောက်ဘူး — မင်းချင်မြို့ကနေ ထွက်သွားပြီးနောက်မှာ ပါးပါးက သွမ့်မိသားစုရဲ့ စီးပွားရေး ပိုင်ဆိုင်မှုတွေကို ဖိနှိပ်ဖို့အတွက် တစ်ယောက်ယောက်ကို စေလွှတ်လိုက်တယ်, တစ်လတောင် မကြာသေးဘူး သွမ့်မိသားစုသခင်က သူ့တရားမဝင်သားကို ခေါ်လာပြီး လူကိုယ်တိုင် အသနားလာခံတယ်လေ, ဒါပေမဲ့ ငါနဲ့ပါးပါးတို့ အတူတူထိုင်နေတာကို မြင်တဲ့အချိန်မှာ သွမ့်မိသားစုသခင်က ငါ့ကိုသေအောင် ညှစ်သတ်ပစ်ချင်တယ်လို့ အကျယ်ကြီး အော်ဟစ်ကျိန်ဆဲခဲ့တာ"

သွမ့်ယွီယန်က သူ့နှုတ်ခမ်းများကို ကွေးညွှတ်လိုက်ပြီး သူ့မှာ ပျော်ရွှင်မှုတစ်ခုတည်းသာ ရှိနေတာ သိသာလှသည်။

ဒါ့အပြင် သွမ့်ယွီယန်က ထိုလူကို သွမ့်မိသားစုရဲ့ သခင်လို့သာ အမည်တပ်တာကို မြင်တာနဲ့တင် သွမ့်ယွီယန်ရဲ့ စိတ်ထဲမှာ ထိုလူက အဖေတစ်ယောက်အဖြစ် ခေါ်ဆိုသမုတ်ဖို့ အရည်အချင်း မပြည့်မှီတော့ဘူးဆိုတာအား လင်ရွှမ်းဇီနဲ့ ယန်ထျန်းဟန်တို့ သိရှိနိုင်နေပြီဖြစ်သည်။

ယွမ်ထျန်းဝမ်သည် ထိုနေ့မြင်ကွင်းအား ပြန်စဉ်းစားမိတော့ စိတ်သက်သာရာရသလို ခံစားရသည်။ ထို့နောက် သွမ့်ယွီယန်က စကားဆက်၏။

"သွမ့်ကျုံတဲ့ရဲ့ စကားတွေကို နားထောင်ပြီးတဲ့အချိန်မှာ ပါးပါးကပြောတယ်, ခင်ဗျားရဲ့ ဘိုးဘေးတွေက ခင်ဗျားကိုဘယ်လို နာမည်ပေးရမလဲ သိတာပဲတဲ့ ; သူတို့က ခင်ဗျားချို့တဲ့နေတဲ့အရာကို အတိအကျ နာမည်ပေးခဲ့တယ်, သူတို့က ခင်ဗျားကို သီလသမာဓိ ရှိစေချင်ပေမယ့် တကယ်တော့ လူယုတ်မာလို့ ခေါ်တာက ပိုပြီးသင့်တော်မယ် ထင်တယ်....ဆိုပြီးတော့"

ထိုအချိန်တုန်းက ဆုမိုသည် လက်တစ်ဖက်က အခါးရည်ကြမ်းခွက်အား တင့်တယ်လှစွာ သက်တောင့်သက်သာ ကိုင်ထားပြီး ကျန်လက်တစ်ဖက်က အဖုံးအား မထားကာ လက်ဖက်ရွက်များအား သက်တောင့်သက်သာ မှုတ်၍ လူတွေကို ဒေါသပေါက်ကွဲစေနိုင်မယ့် စကားအား ပြောနေခဲ့သည်။ နောက်ကြောင်း ပြန်စဉ်းစားကြည့်တိုင်း သွမ့်ယွီယန်အနေနဲ့ သူ့ကို လက်ခုပ်မတီးပဲ မနေနိုင်ပေ။

ဆုမိုက သူ့လူတွေ အနိုင်ကျင့်ခံရတာကို သည်မခံနိုင်ဘူး, အထူးသဖြင့် အရမ်းကို သနားစရာကောင်းအောင် အနိုင်ကျင့်ခံရရင်ပေါ့။

သွမ့်ကျုံတဲ့က အလွန်အမင်း စိတ်ဆိုးနေမိသည်။ သူစကားမပြောနိုင်သေးခင်မှာပဲ ဆုမိုက ထပ်ပေါင်းပြောလာ၏။

"သွမ့်ကျုံတဲ့, ကျုပ်ထင်တာတော့ ခင်ဗျားက တစ္စေဝင်ပူးနေတယ်နဲ့တူတယ်, ခင်ဗျားက တကယ်တော့ အမျိုးသမီးအစစ်အမှန်ကို တွေ့ခဲ့သင့်တာ, ဒါပေမဲ့ ဘာလို့များ ဒီလို တောရိုင်းစာတစ်ခုကို စားချင်တာနဲ့ ဖရဲသီးကို ခွဲပြီး ဆီးသီးကို ကွဲထွက်စေမယ့် အရာမျိုးလုပ်ပစ်ရတာလဲ? အဲ့ဒါက အရသာမရှိဘူးလို့ မထင်ဘူးလား? ခင်ဗျားက ကိုယ့်ဇနီးသည်ကို ဖောက်ပြန်ခဲ့တယ်, ခင်ဗျားနဲ့ ဆုယွီလျှန်နဲ့ အချိန်အကြာကြီး တွဲခဲ့တဲ့အပြင် အရင်သားထက် အသက်ပိုကြီးနေတဲ့ သားတစ်ယောက်တောင် မွေးထားခဲ့တာ, ဒီလိုညစ်ပတ်တဲ့ ကိစ္စများကို လူသိအောင် လုပ်ဖို့ သတ္တိရှိသလား?"

ဒီဖြစ်ရပ်ကို လုံးဝမသိထားတဲ့ သွမ့်ယွီယန်က သူ့အဖေဖြစ်သူအား မယုံကြည်နိုင်ဟန် ကြည့်မိသည်။

သူ့အဖေက ဆုယွီလျှန်ကို အမြဲတမ်း ချစ်ခင်ခဲ့ပေမယ့်လည်း ဆုမိုဆီကနေ ထပ်တလဲလဲ ဒေါသတကြီး ကြိမ်းမောင်းခံရပြီးနောက်မှာတော့ အကူအညီ တောင်းခံချင်သည့် သူ့ရည်ရွယ်ချက်က အားလျော့သွားခဲ့သည်။ ဆုမိသားစုက သွမ့်ယွီယန်ကြောင့် သူ့မိသားစုကို ပစ်မှတ်ထားနေမှန်း သူသိသည်လေ။

ထို့ကြောင့် သွမ့်ကျုံတဲ့က ဘာကိုမှဆက်ပြီး မဖုန်းကွယ်ထားတော့။

"ခင်ဗျားဘာသိလို့လဲ? ရှောင်းလျှန်နဲ့ ကျုပ်က တစ်ယောက်နဲ့တစ်ယောက် တကယ် ချစ်ကြတာ, ကျုပ်တို့ရဲ့ မိသားစု အရေးကိစ္စမှာ ခင်ဗျားဝင်ပါစရာ မလိုပါဘူး"

ထို့နောက်သူက သွမ့်ယွီယန်ဘက်လှည့်၍ တည်တည်ငြိမ်ငြိမ် ဆက်ပြောသည်။

"သွမ့်ယွီယန်, ငါတို့ သွမ့်မိသားစုက မင်းလို မျက်လုံးဖြူဝံပုလွေတစ်ကောင်ကို ဘာမှမဟုတ်ပဲ ပျိုးထောင်ပေးခဲ့ရတာပဲ သွမ့်မိသားစုရဲ့ တရားဝင် သားတစ်ယောက် ဖြစ်တာတောင်မင်းက ကံကြမ္မာကို ဆန့်ကျင်ပြီး ကိုယ်ဝန်ရတဲ့ ညစ်ပတ်တဲ့ အလုပ်မျိုးကို လုပ်ရဲတယ်, ငါတို့သွမ့်မိသားစုက မင်းလိုလူမျိုးကို ဘယ်တုန်းကမှ သည်းမခံခဲ့ဘူး! အစတုန်းကတော့ မင်းနောင်တရပြီး ဒီခွေးကောင်လေးကို ဖယ်ပစ်လိုက်မယ်ဆိုရင် မင်းကို ခွင့်လွှတ်ဖို့ လုပ်ခဲ့ပေမယ့်လည်း မင်းက ဒီအတွက် စိတ်မကောင်းဖြစ်ပုံမရဘူး, အဲ့ဒီတော့ ငါတို့အဖေနဲ့သား ချစ်ခင်မှုကို လစ်လျှူရှုလိုက်တဲ့အတွက် ငါ့ကိုအပြစ်မတင်နဲ့, ငါပြန်ရောက်ပြီးတာနဲ့ မင်းကို ငါတို့သွမ့်မိသားစု ဘိုးဘေးခန်းမရဲ့ မျိုးရိုးစဉ်ဆက် ဇယားကနေ ဖြတ်ချပစ်မယ်!"

သွမ့်ယွီယန်က အစောကတည်းက ဒါကိုခန့်မှန်းပြီးသားပင်။ သူက မထီမဲ့မြင်ဟန် ပြုံးလိုက်သည်။

"ကျွန်တော်က ခင်ဗျားရဲ့ တံခါးအပြင်ဘက်ကို ထွက်လာကတည်းက သွမ့်မိသားစုက မဟုတ်တော့ဘူး, အဲ့တော့ ကြိုက်သလိုသာလုပ်"

"ဘယ်လိုလုပ် သူဒီလို သာမာန်ကာလျှံကာ လုပ်နိုင်မှာလဲ?" ဆုမိုကပြုံးရင်း စကားဆက်သည်။
"သွမ့်ကျုံတဲ့, ခင်ဗျားနဲ့ နှစ်(၂၀) ကျော် အတူတူ အိပ်ခဲ့တဲ့ ဆုယွီလျှန်က လူကောင်းတစ်ယောက်လို့ ခင်ဗျားတကယ် ထင်နေတာလား? သူမက ဟိုတုန်းကတည်းက တစ်ခြားသူတွေနဲ့ အတူနေခဲ့ပြီး ခင်ဗျားကိုတော့ ဇနီးသည်ကို ဖောက်ပြန်တဲ့ ခင်ပွန်းတစ်ယောက်ဖြစ်အောင် လုပ်ခဲ့တာ, ယွီဟောင်က ခင်ဗျားသားအရင်း မဟုတ်မှာတောင်စိုးမိတယ်"

သွမ့်ကျုံတဲ့က အလွန်အကျူး ဒေါသပေါက်ကွဲသွားခဲ့ပြီး သူ့ဂုဏ်သိက္ခာကို ထိပါးတယ်ဟုဆိုတာ ဆုမိုကို အော်ဟစ်ပြောလေသည်။

ထိုစကားကိုကြားတော့ လင်ရွှမ်းဇီက မေးသည်။

"ဆုယွီလျှန်က တစ်ခြားတစ်ယောက်နဲ့ ညိစွန်းဖူးတာလား?"

ယွမ်ထျန်းဝမ်က မျက်နှာသေဖြင့် ပြန်ဖြေသည်။

"အဲ့ဒါကလိမ်လိုက်တာ, ငါ့အဖေက ကိစ္စတွေကို သေသေချာချာ စီစဉ်ထားခဲ့တယ်, သူပြောတာတော့ အဲ့ဒါက ဆုယွီလျှန်လို လူမျိုးကို ဖြေရှင်းရမယ့်နည်းလမ်းတဲ့, ငါ့အဖေက ရေညှောင့်ကောင်နဲ့ ဂုံးကောင်တွေ ရန်ဖြစ်တာကို အမြဲ ကြည့်ရတာ သဘောကျတယ်လေ, ဒါပေမဲ့ ငါးဖမ်းသမားကတော့ သူတို့နှစ်ကောင်လုံးကို ဖမ်းတာပဲ, အကယ်၍သူက လူတစ်ယောက်ကို အပြစ်ပေးချင်တယ်ဆိုရင် ဘယ်တော့တိုက်ခိုက်ပြီး သူ့ကိုယ်သူ သတ်မှာမဟုတ်ဘူး"

ဆုမိုအပေါ် ကိုးကွယ်သည့် ယန်ထျန်းဟန်ရဲ့ လေးစားမှုက ပိုမိုမြင့်မားလာသည်။

ဆုမိုက ကစားပွဲတစ်ခု လုပ်ချင်ပြီး
တစ်ခြားသူများကို ဘောင်ခတ်ပစ်ချင်တာကြောင့် သူ့အပိုင်းသူ သဘာဝကျကျ လုပ်ဆောင်ခြင်းပင်။

"ငါ့အဖေက ဆုယွီလျှန်ရဲ့ ကိုယ်ပိုင်အစေခံကို ရှာပြီး ဆုယွီလျှန် အပြင်သွားတဲ့အကြိမ်တိုင်း ပြောပြဖို့ ခြိမ်းခြောက်ထားခဲ့တယ်, သူက ထူးဆန်းတဲ့ အမျိုးသားတွေနဲ့ တွေ့ဆုံတဲ့ အခွင့်အရေးကို သုံးကြိမ်သုံးလိုက်ပြီး အကုန်လုံးကို စာအုပ်တစ်အုပ်ထဲ စုဆောင်းထားလိုက်တာ" ယွမ်ထျန်းဝမ်က အေးစက်စက် နှာမှုတ်သည်။

"သွမ့်ကျုံတဲ့နဲ့ ဆုယွီလျှန်ကလည်း တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတယ်, ငါ့အဖေ ခေါ်ထုတ်လာခဲ့တဲ့ ဆုယွီလျှန်ရဲ့ ချစ်သူက ဆုယွီလျှန်ရဲ့ ကိုယ်ပေါ်က မွေးအမှတ်တွေတောင် အများကြီး မပြောပြရသေးဘူး သွမ့်ကျုံတဲ့က ဒေါသပေါက်ကွဲတော့တာပဲ"

ယန်ထျန်းဟန်က အဲ့ဒါကို မယုံနိုင်စရာကောင်းတယ်လို့ တွေးမိပြီး မေးလိုက်သည်။

"သွမ့်ကျုံတဲ့က အဲ့ဒီစကားတွေကို တကယ်ကြီး ယုံတာပဲလား?"

"သေချာပေါက် အဲ့ဒီလောက်တော့ ဘယ်ရိုးရှင်းမလဲ?" သွမ့်ယွီယန်က ပြုံးသည်။

"သွမ့်ကျုံတဲ့နဲ့ ဆုယွီလျှန်ကို တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ဘက်ဖြစ်သွားစေတဲ့ တကယ့်အရာက သွမ့်ယွီဟောင်ရဲ့ သွေးပဲ, ပါးပါးက ဘယ်လိုနည်းလမ်းမျိုး သုံးလိုက်လဲ မသိပေမယ့် သွမ့်ယွီဟောင်ရဲ့ အမွေသွေးဆက်က မမျှော်လင့်ပဲ သွမ့်မိသားစုက မဟုတ်ဘူးဖြစ်နေတယ်, ရုတ်တရက်ပဲ သွမ့်ကျုံတဲ့က ဆုယွီလျှန်ကို သွမ့်မိသားစုရဲ့ အနောက်ဘက်တောင်မှာ ချုပ်ထားချင်သွားရော"

သွမ့်ယွီယန်ရဲ့မျက်လုံးများက နစ်မြှုပ်လာပြီး သူ့မျက်နှာက မဲမှောင်လာသည်။

"အဲ့ဒီမှာအရင်တုန်းက ငါ့အမေကို ချုပ်ထားခဲ့တာလေ, ဆုယွီလျှန်ရဲ့ ကိုယ်ပိုင်အစေခံဆီက လေ့လာရသလောက် ကတော့ငါ့အမေက တကယ့်ကို ဆုယွီလျှန်ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာ"

ယွမ်ထျန်းဝမ်က သွမ့်ယွီယန်ရဲ့ လက်မောင်းကို ဆုပ်ကိုင်ပေးထားလိုက်သည်။

"အခုတော့ ဆုယွီလျှန်က တောင်အနောက်မှာ နေ့ရောညပါ ညှင်းပန်းနှိပ်စက်ခံနေရတယ်, သွမ့်ကျုံတဲ့ကလည်း စိတ်ပျက်မှုကြောင့် သွမ့်မိသားစုအပေါ် အာဏာကို လွှတ်ချလိုက်တယ်, သွမ့်ယွီဟောင်ကလည်း သွမ့်မိသားစု ဂိတ်ပေါက်ကနေ မောင်းထုတ်ခံရပြီး သွမ့်မိသားစုရဲ့ အမွေခံဆိုတဲ့ ခေါင်းစဉ်ကို ဆုံးရှုံးသွားတယ်, အခုတော့မင်းက သွမ့်မိသားစုရဲ့ တကယ့်ပိုင်ရှင်အစစ် ဖြစ်လာပြီလေ, ဒါက တော်တော်လေး ကျေနပ်အားရဖို့ ကောင်းပါတယ်"

ဒီဖြစ်စဉ်မှာ သွမ့်ယွီယန်လည်း အတော်လေး ထိခိုက်ခဲ့ပေမယ့်ပေါ့

10.12.2021

=============

Translator' Note

 ရေညှောင့်ကောင်နဲ့ ဂုံးကောင်ရန်ဖြစ်တယ်ဆိုတဲ့ စကားပုံက တစ်နေ့မှာ ရေညှောင့်ကောင်တစ်ကောင်က ဂုံးအသားကို စားချင်တာကြောင့် နှုတ်သီးနဲ့ အခွံကို ခွာပေမယ့် ဂုံးကလည်း သူ့အခွံနဲ့ နှုတ်သီးကို ပြန်ညှပ်ထားတယ်။ အဲ့ဒီလို နှစ်ဖက်လုံး သူမသာ ကိုယ်မသာ ရန်ဖြစ်နေတဲ့အချိန်မှာ ကြားက ငါးဖမ်းသမားက နှစ်ကောင်လုံးကို ဖမ်းဆီးလိုက်တဲ့ ပုံပြင်ပါ။[ 鹬 蚌 相 争渔 人 得 利 ] လို့ခေါ်ပါတယ်။  ကြားလူအမြတ်ထွက်သွားတယ် ဆိုတဲ့ အဓိပ္ပါယ်ပေါ့

=============

Next Episode

မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း

=============

Zawgyi

အခန္း(၃၂၄) - သြမ့္မိသားစုက သခင္ေျပာင္းသြားၿပီ

ခ်ိဳးျဖတ္ဓားေတာင္ထြတ္ရဲ႔ သခင္က တံခါးပိတ္တရားက်င့္ၾကံမႈကိုသာ စြဲလမ္းေနခဲ့ၿပီး သူ႔ေတာင္ရဲ႔ ကိစၥအဝဝကို ဘယ္တုန္းကမွ စိတ္မဝင္စားခဲ့ေပ။ ယြမ္ထ်န္းဝမ္က ကေလးဘဝကတည္းက ယြမ္မိသားစုရဲ႔ အေမြဆက္ခံသူ တစ္ေယာက္အျဖစ္ ေလ့က်င့္ပ်ိဳးေထာင္ျခင္း ခံခဲ့ရတာေၾကာင့္ ငယ္ရြယ္စဥ္ကတည္းက ေတာင္ထြတ္ကိစၥမ်ားကို ကိုင္တြယ္ရာမွာ ကၽြမ္းက်င္လာခဲ့သည္။

ဒါ့အျပင္ ယြမ္က်ံဳနဲ႔ဆုမိုတို႔ကလည္း သူ႔ကိုကူညီေပးႏိုင္မယ့္ လက္ေအာက္ငယ္သားမ်ား ေစလႊတ္ေပးတာေၾကာင့္ ယြမ္ထ်န္းဝမ္က အေစာပိုင္းထဲက ခ်ိဳးျဖတ္ဓားေတာင္ထြတ္ရဲ႔ မ်က္ႏွာစာျဖစ္လာခဲ့၏။

ပံုမွန္အေျခအေနမွာဆိုရင္ေတာ့ ယြမ္ထ်န္းဝမ္ရဲ႔ စကားတစ္ခြန္းက ခ်ိဳးျဖတ္ဓားေတာင္ထြတ္မွာ အႀကီးျမတ္ဆံုး အာဏာကို ကိုင္ဆြဲထားႏိုင္သည္။ ၿငိမ္သက္တိတ္ဆိတ္မႈကိုသာ ႏွစ္သက္သည့္ တာအိုအရွင္ ခ်င္းယြင္ကလည္း  အမည္ခံ ေတာင္သခင္တစ္ေယာက္ ျဖစ္လာရန္သာ ဆႏၵရွိေနသည္ေလ။

သို႔ေပမယ့္လည္း ေတာင္ထိပ္သံုးလံုးမွာ နစ္ႁမွဳပ္ဓားေတာင္ထြတ္ရဲ႔ ေတာင္သခင္ မဟာအႀကီးအကဲလန္ယြဲ႔က သူသေဘာက် ႏွစ္ၿခိဳက္ရတဲ့ တပည့္မ်ားကို အၿမဲတမ္း 'ေကာက္ယူ' ရျခင္းအား သေဘာက်ၿပီး ထိုတပည့္မ်ားရဲ႔ မူလအရင္းအျမစ္ မေသးငယ္တာကလည္း အမွန္တရားပင္။

က်ိဳးပ်က္ဓားေတာင္ထြတ္ရဲ႔ ေတာင္သခင္ တာအိုအရွင္ရီေသာက္ ေရြးခ်ယ္ခဲ့သည့္ တပည့္အမ်ားစုကေတာ့ ေအာင္ျမင္ေက်ာ္ၾကားသည့္ မိသားစုက ျဖစ္ေနတတ္သည္။ ခ်ိဳးျဖတ္ဓားေတာင္ထြတ္ တစ္လံုးတည္းကသာ သူတို႔ရဲ႔ ေနာက္ခံကိုမၾကည့္ပဲ က်ား၊မကို ၾကည့္၍ ေရြးခ်ယ္ျခင္းျဖစ္သည္။

ဒီအခ်က္မွာေတာ့ ယြမ္ထ်န္းဝမ္က တကယ့္ကို ေကာင္းမြန္လွသည္။

ဒါက သူနာမည္ေက်ာ္ၾကားျခင္းရဲ႔ အေၾကာင္းအရင္းပဲေလ။

သို႔ေသာ္လည္း ယြမ္ထ်န္းဝမ္က သြမ့္ယြီယန္အား တာအိုအေဖာ္အျဖစ္ ေတာင္ေပၚေခၚလာခဲ့ၿပီးေနာက္မွာ ယြမ္ထ်န္းဝမ္က ေယာက်ာ္းေလးမ်ားကိုသာ ႏွစ္သက္ၿပီး အမ်ိဳးသမီးမ်ားကို မႀကိဳက္တာေၾကာင့္ အမ်ိဳးသမီးတပည့္ လက္မခံျခင္းျဖစ္ေၾကာင္း ေကာလဟာလမ်ားက နက္႐ွိဳင္းေကာင္းကင္ဂိုဏ္းမွာ ထြက္ေပၚလာခဲ့သည္။

တာအိုအရွင္ ခ်င္းယြင္ကလည္း ေယာက်ာ္းေလးမ်ားကိုသာ ႏွစ္သက္တယ္ ဆိုတဲ့ ေကာလဟာလလည္း ရွိေနျပန္သည္။

ယြမ္ထ်န္းဝမ္က ထိုသတင္းမ်ားကို ၾကားတဲ့အခ်ိန္မွာ မ်က္လံုးသာလွန္၍ အပိုမွတ္ခ်က္ေတြ ခ်မေနပဲ 'ေပါက္ကရ' ေတြဆိုတဲ့ စကားသာျပန္ေျပာခဲ့သည္ေလ။

ေျခလွမ္းအနည္းငယ္ေလာက္ လွမ္းၿပီးေနာက္မွာ လင္ရႊမ္းဇီနဲ႔ ယန္ထ်န္းဟန္သည္ သြမ့္ယြီယန္အား ဆြဲေနသည့္ ယြမ္ထ်န္းဝမ္ကို ျမင္လိုက္ရၿပီး သူ႔တို႔ေနာက္မွာ က်ားေပါက္ေလး ႏွစ္ေကာင္က လဝန္းဂိတ္ေပါက္ကေန လိုက္ပါလာသည္။

ထိုခဏမွာ ယြမ္ထ်န္းဝမ္ရဲ႔ မ်က္ႏွာက အေျခအေနသိပ္မေကာင္းပဲ သြမ့္ယြီယန္သည္လည္း ေမွာင္မိုက္တဲ့ မ်က္ႏွာထားနဲ႔ျဖစ္ေနသည္။ အႀကိမ္ေတာ္ေတာ္မ်ားမ်ားမွာ သူက ယြမ္ထ်န္းဝမ္ရဲ႔လက္ကို ျဖဳတ္ခ်ခ်င္ေသာ္လည္း တစ္ဖက္လူရဲ႕ ပိုမိုတင္းက်ပ္ေသာ ဆုပ္ကိုင္မႈကိုသာ ခံေနရ၏။

အေကာင္ေပါက္ေလးႏွစ္ေကာင္က ယန္ထ်န္းဟန္ကို ျမင္တာနဲ႔တင္ ဝမ္းသာအားရစြာျဖင့္ စတင္ေအာ္ဟစ္ၾကၿပီး သူ႔လက္ေမာင္းထဲသို႔ အလ်င္စလို ေျပးဝင္ၾကေလသည္။

ယြမ္ထ်န္းဝမ္က သူ႔ႏွဖူးအား လက္ျဖင့္အုပ္လိုက္သည္။

"မင္းတို႔ေတြ ဒီအေကာင္ေပါက္ႏွစ္ေကာင္ကို ျမန္ျမန္ေခၚသြားသင့္တယ္, သူတို႔ေတြက အရမ္းဆူညံၿပီး ယြီယန္ကိုပဲ ျပဳတ္က်လုနီးပါး အေခါက္ေခါက္ အခါခါ တိုက္ေနၾကတာ, ယြီယန္ကလည္း သူတို႔အေမႊးနဲ႔ တည့္ပံုမရဘူး"

သြမ့္ယြီယန္က မ်က္လံုးလွန္လိုက္ၿပီး မႈန္ကုပ္ကုပ္ေျပာသည္။

"ခင္ဗ်ားက ကၽြန္ေတာ့ကိုဖန္သားလို ဆက္ဆံေနတုန္းပဲလား? ကၽြန္ေတာ္က ဗိုက္ပဲႀကီးေနတာေလ ဘာျဖစ္လို႔ဒီေလာက္ ရင္တုန္ေနရတာလဲ? ၿပီးေတာ့လည္း ဒီအေကာင္ေပါက္ေလးႏွစ္ေကာင္က ဘယ္ေလာက္ထိ အားေကာင္းႏိုင္မွာလဲ? သူတို႔က ကၽြန္ေတာ္နဲ႔ ကစားေနတာပါဆို"

ယြမ္ထ်န္းဝမ္က အခိုင္အမာေျပာသည္။

"မဟုတ္ဘူး, ကိုယ္ကေတာ့ စိတ္မခ်ႏိုင္ဘူး"

သြမ့္ယြီယန္က ဆြံ႔အသြားရသည္။

"ကၽြန္ေတာ္ေတာ့ ခင္ဗ်ားကို တကယ္စိတ္ကုန္ေနၿပီ"

ယြမ္ထ်န္းဝမ္ရဲ႔ မ်က္ႏွာက ဇြဲေကာင္းမႈအျပည့္အဝပင္။

ယန္ထ်န္းဟန္က အားပိုင္ရဲ႔ ေနာက္ေက်ာေလးအား ပုတ္ေပးရင္း ေခါင္းညိတ္သည္။

"အားပိုင္နဲ႔ဟူပိုက တကယ့္ကို နည္းနည္း ဗ႐ုတ္သုတ္ခႏိုင္တယ္, ကၽြန္ေတာ္သူတို႔ကို ေျဖရွင္းဖို႔ အခ်ိန္မရွိျဖစ္ေနခဲ့တာ, ခင္ဗ်ားအတြက္ တကယ့္ကို ဒုကၡမ်ားသြားမွာပဲ"

မူလက ယန္ထ်န္းဟန္သည္ မဟာအႀကီးအကဲ ဟြိဳင္ယြီနဲ႔အတူ နစ္ႁမွဳပ္ဓားေတာင္ထြတ္ကို လိုက္ပါတဲ့အခ်ိန္မွာ အားပိုင္နဲ႔ဟူပိုအား ခ်န္ထားရစ္ခဲသည္။ သို႔ေသာ္ ေနာက္ပိုင္းမွာ ယန္ထ်န္းဟန္က နစ္ႁမွဳပ္ဓားေတာင္ထြတ္မွာသာ ေနၿပီး က်င့္ၾကံဳမႈမ်ားျပဳလုပ္၍ လင္ရႊမ္းဇီ နဲ႔အတူ လိုက္ပါဖို႔ ဆံုးျဖတ္ခ်က္ခ်ခဲ့၏။ မဟာအႀကီးအကဲ ဟြိဳင္ယြီက သူ႔ဘာသာသူ ျပန္သြားခဲ့ရသည္ေလ။

ရလဒ္ကေတာ့ မဟာအႀကီးအကဲ ဟြိဳင္ယြီ ေတာင္ထြတ္ေပၚ ျပန္ေရာက္တဲ့အခ်ိန္မွာ ကိုယ့္ဘာသာကိုယ္ေတာင္ ဘာလုပ္ရမွန္း မသိၾကတဲ့ ဒီက်ားေပါက္ေလးႏွစ္ေကာင္က သူ႔ဝိညာဥ္စိုက္ခင္းေတြကို ႀကိတ္ေျခ ဝါးစားထားၾကတာကို ေတြ႕သြားရသည္။

မဟာအႀကီးအကဲ ဟြိဳုင္ယြီက ေဒါသအမ်က္ေျခာင္းေျခာင္းထြက္၍ က်ားေပါက္ေလးႏွစ္ေကာင္အား ခ်က္ခ်င္းဖမ္းယူၿပီး နစ္ႁမွဳပ္ဓားေတာင္ထြတ္ဆီ ပစ္ခ်ခဲ့ေလရဲ႔။

က်ားေပါက္ေလးႏွစ္ေကာင္က သြမ့္ယြီယန္ ျပန္လာတဲ့အခ်ိန္အထိ ထိန္းခ်ဳပ္မရလုနီးပါး ျဖစ္ေနၾက၏။ သူက ထိုသနားစရာ အေကာင္ေပါက္ေလး ႏွစ္ေကာင္သည္ လစ္လ်ဴရႈခံရၿပီး ဘယ္သူမွ မလိုခ်င္သလို ျဖစ္ေနတာကိုျမင္ေတာ့ ခ်ိဳးျဖတ္ဓားေတာင္ထြတ္ဆီ ေခၚသြားေပးခဲ့သည္။ မေမွ်ာ္လင့္ပဲ ယြမ္ထ်န္းဝမ္က သူတို႔ေၾကာင့္ ေဒါသထြက္ရျပန္ပါေလေရာ။

ထိုအခ်ိန္မွာ သြမ့္ယြီယန္ကေတာ့ ယြမ္ထ်န္းဝမ္က တစ္ေန႔တစ္ျခား ကေလးဆန္လာတယ္ဆိုတာ သိသြားရသည္။

"ရပါတယ္" သြမ့္ယြီယန္က ယြမ္ထ်န္းဝမ္အား တစ္ခ်က္ၾကည့္လိုက္သည္။

"သူ႔ကိုဂ႐ုစိ္ုက္မေနနဲ႔,  အားပိုင္နဲ႔ ဟူပိုတို႔က ငါ့ဘာသာပဲ ဂ႐ုစိုက္ေပးေနတာ, သူက အခုတစ္ေလာ စိတ္ဖိစီးေနတာေလ, သူ႔ကိုဘာက စိတ္ဆိုးေစတာလဲ ဘယ္သူသိမွာလဲ"

ယြမ္ထ်န္းဝမ္က မ်က္ေမွာင္က်ံဳ႔သည္။

"ဒီက်ားျဖဴေလးႏွစ္ေကာင္က အရမ္းတြယ္ကပ္တယ္, သူတို႔ကို ျပန္ေခၚလာၿပီးကတည္းက သူတို႔အိပ္တဲ့အခ်ိန္ေတာင္ ယြီယန္ကို တြက္တက္ေနၾကတာ, သူတို႔က နတ္ဆိုးသားရဲေတြေလ, အကယ္၍ မင္းသူတို႔ကို ဒီလိုမ်ိဳးသာ ဆက္ၿပီး ပ်ိဳးေထာင္ေနမယ္ဆိုရင္ အရွံဳးသမားေလးေတြအျဖစ္ ပ်ိဳးေထာင္မိသြားလိမ့္မယ္"

ယန္ထ်န္းဟန္သည္ အားပိုင္နဲ႔ဟူတို႔တို႔ကို ဒီလိုေျပာၾကသည္အား တစ္ႀကိမ္ထက္မက ၾကားဖူးသည္။ ျပသနာက ေလးနက္ပံုေပၚေၾကာင္း သူစတင္ သေဘာေပါက္လာ၏။

ဒီက်ားေပါက္ေလးႏွစ္ေကာင္က သူ႔ကိုမေတြ႕တာ ရက္အနည္းငယ္ပဲ ရွိေသးေပမယ့္ မဟာအႀကီးအကဲ ဟြိဳင္ယြီရဲ႔ ဝိညာဥ္ပင္စိုက္ခင္းကို ဖ်တ္ဆီးၿပီး သူ႔ကိုေဒါသထြက္ေအာင္ လုပ္ခဲ့တယ္

ယန္ထ်န္းဟန္သည္ သူတို႔ရဲ႔ ဆိုးသြမ္းမႈမ်ားကို ၾကားရေသာအခါ အားပိုင္နဲ႔ဟူပိုက သူတို႔ရဲ႔ ေန႔ရက္ေတြကို သာမာန္က်လြန္းစြာနဲ႔ အလိုလိုက္ခံရမႈအား က်င့္သားရလြန္းေနတယ္ဟု ခံစားလိုက္ရသည္။

လင္ရႊမ္းဇီက ယန္ထ်န္းဟန္ရဲ႔ လက္ေမာင္းၾကားက က်ားေပါက္ေလးႏွစ္ေကာင္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေပါ့ေပါ့ပါးပါး ေျပာလိုက္သည္။

"သူတို႔ဘယ္သြားသင့္လဲဆိုတာ ငါစဥ္းစားၿပီးသြားၿပီ"

ယြမ္ထ်န္းဝမ္က ေမးလာသည္။

"မင္းမွာ ဘာအေတြးေတြရွိလဲ?"

လင္ရႊမ္းဇီက အေကာင္ေပါက္ေလးမ်ားကို တစ္ခ်က္ၾကည့္လိုက္ၿပီး အေျဖကို တိုက္႐ိုက္မေပးေပ။

"မင္းသိပ္မၾကာခင္ အေနာက္ဘက္ တိုက္မႀကီးရဲ ႔နတ္ဆိုးသားရဲအသေခ်ၤ ေတာအုပ္ ကိုသြားၿပီး ေရခဲႏွလံုးသား ေရၾကာပန္းနဲ႔ ေရာင္စံုခူျမက္ကိုသြားရွာမယ္လို႔ ဦးေလးဆုဆီကၾကားတယ္"

ယြမ္ထ်န္းဝမ္က ေခါင္းညိတ္ၿပီး သူ႔အမူအယာက အနည္းငယ္ ေလးနက္ေနသည္။

"ငါတို႔ ေၾကးစားအုပ္စုေတြ အမ်ားႀကီး ရွာခဲ့တယ္, ဒါေပမဲ့ ငါ့အေဖက ေစ်းႏႈန္းကို အဆမတန္ တိုးေပးတာေတာင္ ဘယ္သူကမွ ဒီတာဝန္ကို လက္ခံခ်င္စိတ္ မရွိၾကဘူး, ယြမ္မိသားစုက ေမြးျမဴထားတဲ့ ေသမင္းတမာန္ စစ္သားေတြလည္း နတ္ဆိုးသားရဲအသေခ်ၤ ေတာအုပ္  ထဲကို ဝင္သြားၾကတယ္, ဒါေပမဲ့ သူတို႔ေတြ ဝင္သြားၿပီးကတည္းက သူတို႔ဆီက ဘာသတင္းမွ မၾကားရေတာ့တဲ့အျပင္ ဘယ္သူမွလည္း ထြက္မလာႏိုင္ၾကေသးဘူး"

ယန္ထ်န္းဟန္က မေနႏိုင္စြာပင္ အသက္ျပင္းျပင္းရွဳမိသည္။

"အေနာက္ဘက္ တိုက္မႀကီးရဲ႔ နတ္ဆိုးသားရဲအသေခ်ၤ ေတာအုပ္ က တကယ့္ကို အဲ့ဒီေလာက္ ေၾကာက္စရာေကာင္းတာလား?"

လင္ရႊမ္းဇီက ေခါင္းညိတ္ျပသည္။

"ဒီတိုက္ႀကီးငါးတိုက္မွာ နက္႐ွိဳင္းဘံုအဆင့္ က်င့္ၾကံသူေတြေတာင္ အလြယ္တကူ မသြားရဲတဲ့ ေသမင္းဇုန္ငါးခုရွိတယ္, တိုက္ႀကီးငါးတိုက္ရဲ႔ အေရွ႕ဘက္၊ အေနာက္ဘက္၊ေျမာက္ဘက္နဲ႔ ေတာင္ဘက္ေတြမွာ တစ္ခုဆီရွိၿပီး အေနာက္ဘက္တိုက္မႀကီးရဲ႔ ေသမင္းဇုန္ကေတာ့ နတ္ဆိုးသားရဲအသေခ်ၤ ေတာအုပ္ ေပါ့, ေျပာၾကတာေတာ့ အဲ့ဒီမွာ နတ္ဆိုးသားရဲေတြတင္မကပဲ မိစၥာပင္ေတြလည္းရွိတယ္တဲ့, ဒါေတာင္ မႏွစ္ၿမိဳ႔စရာေကာင္းတဲ့ အဆိပ္ေငြ႕ေတြ ရွိေနတာကို မေျပာေသးဘူး, ေနနဲ႔လ တစ္လွည့္စီ ျဖစ္ေနတဲ့ အခ်ိန္မွာ လူေတြအလြယ္တကူ ခြဲျခားမရႏိုင္တဲ့ လွည့္စားမႈ ပံုရိပ္ေယာင္ေတြ ရွိေနတာမို႔လို႔ အဲ့ဒါက တကယ့္ကို ေသမင္းဇုန္တစ္ခုပဲ"

လင္ရႊမ္းဇီရဲ႔ စကားဆံုးၿပီးေနာက္မွာ သြမ့္ယြီယန္နဲ႔ ယြမ္ထ်န္းဝမ္ရဲ႔ အမူအယာက ပိုၿပီးဆိုးဝါးသြားရသည္။

သြမ့္ယြီယန္က အေတာ္ေလး တုန္လွဳပ္သြားသည္။

"ေရခဲႏွလံုးေရၾကာပန္းနဲ႔ ေရာင္စံုခူျမက္က အေနာက္ဘက္တိုက္မႀကီး နတ္ဆိုးသားရဲအသေခ်ၤ ေတာအုပ္ ထဲမွာပဲ ေတြ႕ႏိုင္တာ, ၿပီးေတာ့ ေစ်းကြက္ထဲမွာ ရွာေတြ႕စရာလည္း အေၾကာင္းမရွီဘူး မဟုတ္ရင္ ဘယ္သူက ဒီေလာက္ ေၾကာက္စရာေကာင္းတဲ့ေနရာကို ခ်ဥ္းကပ္ခ်င္မွာလဲ?"

ယြမ္ထ်န္းဝမ္က ႏွစ္သိမ့္ေပးသည္။

"ယြီယန္, စိတ္မဆိုးနဲ႔, ကိုယ္တို႔ ေသခ်ာေပါက္ ေျဖေဆးရမွာပါ"

သြမ့္ယြီယန္က အသက္ကို ျပင္းျပင္းရွဳလိုက္သည္။

"ကၽြန္ေတာ္ေတာ့ အဲ့ဒီေခြးမကိုပဲ ေသေအာင္ ခုတ္ပစ္ခ်င္တယ္"

ယန္ထ်န္းဟန္ကလည္း ေခါင္းညိတ္သည္။

"ဟုတ္ပ, အဲ့ဒီ သြမ့္သခင္မက တကယ့္ကို ရက္စက္လြန္းတယ္"

သြမ့္ယြီယန္ကို အခ်ိန္အၾကာႀကီး အဆိပ္ခတ္ခဲ့တဲ့ သြမ့္သခင္မေၾကာင့္သာ မဟုတ္ဘူးဆိုရင္ သြမ့္ယြီယန္ရဲ႔ ခႏာၱကိုယ္ကလည္း ဒီလိုအေျခအေန ျဖစ္ေနမွာ မဟုတ္ဘူး

လင္ရႊမ္းဇီက ေမးလာသည္။

"သြမ့္မိသားစုနဲ႔ ျပႆနာကို ဘယ္လိုမ်ိဳး အဆံုးသတ္ ေျဖရွင္းလိုက္လဲ?"

ထိုစကားကို ၾကားေတာ့ သြမ့္ယြီယန္ဆီမွာ ႀကီးမားၿပီး ေပ်ာ္ရႊင္ဝမ္းေျမာက္ေနတဲ့ အျပံဳးတစ္ခု ျဖစ္ေပၚလာသည္။

"မင္းတို႔မသိေလာက္ဘူး — မင္းခ်င္ၿမိဳ႔ကေန ထြက္သြားၿပီးေနာက္မွာ ပါးပါးက သြမ့္မိသားစုရဲ႔ စီးပြားေရး ပိုင္ဆိုင္မႈေတြကို ဖိႏွိပ္ဖို႔အတြက္ တစ္ေယာက္ေယာက္ကို ေစလႊတ္လိုက္တယ္, တစ္လေတာင္ မၾကာေသးဘူး သြမ့္မိသားစုသခင္က သူ႔တရားမဝင္သားကို ေခၚလာၿပီး လူကိုယ္တိုင္ အသနားလာခံတယ္ေလ, ဒါေပမဲ့ ငါနဲ႔ပါးပါးတို႔ အတူတူထိုင္ေနတာကို ျမင္တဲ့အခ်ိန္မွာ သြမ့္မိသားစုသခင္က ငါ့ကိုေသေအာင္ ၫွစ္သတ္ပစ္ခ်င္တယ္လို႔ အက်ယ္ႀကီး ေအာ္ဟစ္က်ိန္ဆဲခဲ့တာ"

သြမ့္ယြီယန္က သူ႔ႏႈတ္ခမ္းမ်ားကို ေကြးၫႊတ္လိုက္ၿပီး သူ႔မွာ ေပ်ာ္ရႊင္မႈတစ္ခုတည္းသာ ရွိေနတာ သိသာလွသည္။

ဒါ့အျပင္ သြမ့္ယြီယန္က ထိုလူကို သြမ့္မိသားစုရဲ႔ သခင္လို႔သာ အမည္တပ္တာကို ျမင္တာနဲ႔တင္ သြမ့္ယြီယန္ရဲ႔ စိတ္ထဲမွာ ထိုလူက အေဖတစ္ေယာက္အျဖစ္ ေခၚဆိုသမုတ္ဖို႔ အရည္အခ်င္း မျပည့္မွီေတာ့ဘူးဆိုတာအား လင္ရႊမ္းဇီနဲ႔ ယန္ထ်န္းဟန္တို႔ သိရွိႏိုင္ေနၿပီျဖစ္သည္။

ယြမ္ထ်န္းဝမ္သည္ ထိုေန႔ျမင္ကြင္းအား ျပန္စဥ္းစားမိေတာ့ စိတ္သက္သာရာရသလို ခံစားရသည္။ ထို႔ေနာက္ သြမ့္ယြီယန္က စကားဆက္၏။

"သြမ့္က်ံဳတဲ့ရဲ႔ စကားေတြကို နားေထာင္ၿပီးတဲ့အခ်ိန္မွာ ပါးပါးကေျပာတယ္, ခင္ဗ်ားရဲ႔ ဘိုးေဘးေတြက ခင္ဗ်ားကိုဘယ္လို နာမည္ေပးရမလဲ သိတာပဲတဲ့ ; သူတို႔က ခင္ဗ်ားခ်ိဳ႔တဲ့ေနတဲ့အရာကို အတိအက် နာမည္ေပးခဲ့တယ္, သူတို႔က ခင္ဗ်ားကို သီလသမာဓိ ရွိေစခ်င္ေပမယ့္ တကယ္ေတာ့ လူယုတ္မာလို႔ ေခၚတာက ပိုၿပီးသင့္ေတာ္မယ္ ထင္တယ္....ဆိုၿပီးေတာ့"

ထိုအခ်ိန္တုန္းက ဆုမိုသည္ လက္တစ္ဖက္က အခါးရည္ၾကမ္းခြက္အား တင့္တယ္လွစြာ သက္ေတာင့္သက္သာ ကိုင္ထားၿပီး က်န္လက္တစ္ဖက္က အဖံုးအား မထားကာ လက္ဖက္ရြက္မ်ားအား သက္ေတာင့္သက္သာ မွဳတ္၍ လူေတြကို ေဒါသေပါက္ကြဲေစႏိ္ုင္မယ့္ စကားအား ေျပာေနခဲ့သည္။ ေနာက္ေၾကာင္း ျပန္စဥ္းစားၾကည့္တိုင္း သြမ့္ယြီယန္အေနနဲ႔ သူ႔ကို လက္ခုပ္မတီးပဲ မေနႏိုင္ေပ။

ဆုမိုက သူ႔လူေတြ အႏိုင္က်င့္ခံရတာကို သည္မခံႏိုင္ဘူး, အထူးသျဖင့္ အရမ္းကို သနားစရာေကာင္းေအာင္ အႏိုင္က်င့္ခံရရင္ေပါ့။

သြမ့္က်ံဳတဲ့က အလြန္အမင္း စိတ္ဆိုးေနမိသည္။ သူစကားမေျပာႏိုင္ေသးခင္မွာပဲ ဆုမိုက ထပ္ေပါင္းေျပာလာ၏။

"သြမ့္က်ံဳတဲ့, က်ဳပ္ထင္တာေတာ့ ခင္ဗ်ားက တေစၥဝင္ပူးေနတယ္နဲ႔တူတယ္, ခင္ဗ်ားက တကယ္ေတာ့ အမ်ိဳးသမီးအစစ္အမွန္ကို ေတြ႕ခဲ့သင့္တာ, ဒါေပမဲ့ ဘာလို႔မ်ား ဒီလို ေတာ႐ိုင္းစာတစ္ခုကို စားခ်င္တာနဲ႔ ဖရဲသီးကို ခြဲၿပီး ဆီးသီးကို ကြဲထြက္ေစမယ့္ အရာမ်ဳိးလုပ္ပစ္ရတာလဲ? အဲ့ဒါက အရသာမရွိဘူးလို႔ မထင္ဘူးလား? ခင္ဗ်ားက ကိုယ့္ဇနီးသည္ကို ေဖာက္ျပန္ခဲ့တယ္, ခင္ဗ်ားနဲ႔ ဆုယြီလွ်န္နဲ႔ အခ်ိန္အၾကာႀကီး တြဲခဲ့တဲ့အျပင္ အရင္သားထက္ အသက္ပိုႀကီးေနတဲ့ သားတစ္ေယာက္ေတာင္ ေမြးထားခဲ့တာ, ဒီလိုညစ္ပတ္တဲ့ ကိစၥမ်ားကို လူသိေအာင္ လုပ္ဖို႔ သတၱိရွိသလား?"

ဒီျဖစ္ရပ္ကို လံုးဝမသိထားတဲ့ သြမ့္ယြီယန္က သူ႔အေဖျဖစ္သူအား မယံုၾကည္ႏိုင္ဟန္ ၾကည့္မိသည္။

သူ႔အေဖက ဆုယြီလွ်န္ကို အၿမဲတမ္း ခ်စ္ခင္ခဲ့ေပမယ့္လည္း ဆုမိုဆီကေန ထပ္တလဲလဲ ေဒါသတႀကီး ႀကိမ္းေမာင္းခံရၿပီးေနာက္မွာေတာ့ အကူအညီ ေတာင္းခံခ်င္သည့္ သူ႔ရည္ရြယ္ခ်က္က အားေလ်ာ့သြားခဲ့သည္။ ဆုမိသားစုက သြမ့္ယြီယန္ေၾကာင့္ သူ႔မိသားစုကို ပစ္မွတ္ထားေနမွန္း သူသိသည္ေလ။

ထို႔ေၾကာင့္ သြမ့္က်ံဳတဲ့က ဘာကိုမွဆက္ၿပီး မဖုန္းကြယ္ထားေတာ့။

"ခင္ဗ်ားဘာသိလို႔လဲ? ေရွာင္းလွ်န္နဲ႔ က်ဳပ္က တစ္ေယာက္နဲ႔တစ္ေယာက္ တကယ္ ခ်စ္ၾကတာ, က်ဳပ္တို႔ရဲ႔ မိသားစု အေရးကိစၥမွာ ခင္ဗ်ားဝင္ပါစရာ မလိုပါဘူး"

ထို႔ေနာက္သူက သြမ့္ယြီယန္ဘက္လွည့္၍ တည္တည္ၿငိမ္ၿငိမ္ ဆက္ေျပာသည္။

"သြမ့္ယြီယန္, ငါတို႔ သြမ့္မိသားစုက မင္းလို မ်က္လံုးျဖဴဝံပုေလြတစ္ေကာင္ကို ဘာမွမဟုတ္ပဲ ပ်ိဳးေထာင္ေပးခဲ့ရတာပဲ သြမ့္မိသားစုရဲ႔ တရားဝင္ သားတစ္ေယာက္ ျဖစ္တာေတာင္မင္းက ကံၾကမၼာကို ဆန္႔က်င္ၿပီး ကိုယ္ဝန္ရတဲ့ ညစ္ပတ္တဲ့ အလုပ္မ်ိဳးကို လုပ္ရဲတယ္, ငါတို႔သြမ့္မိသားစုက မင္းလိုလူမ်ိဳးကို ဘယ္တုန္းကမွ သည္းမခံခဲ့ဘူး! အစတုန္းကေတာ့ မင္းေနာင္တရၿပီး ဒီေခြးေကာင္ေလးကို ဖယ္ပစ္လိုက္မယ္ဆိုရင္ မင္းကို ခြင့္လႊတ္ဖို႔ လုပ္ခဲ့ေပမယ့္လည္း မင္းက ဒီအတြက္ စိတ္မေကာင္းျဖစ္ပံုမရဘူး, အဲ့ဒီေတာ့ ငါတို႔အေဖနဲ႔သား ခ်စ္ခင္မႈကို လစ္လွ်ဴရွဳလိုက္တဲ့အတြက္ ငါ့ကိုအျပစ္မတင္နဲ႔, ငါျပန္ေရာက္ၿပီးတာနဲ႔ မင္းကို ငါတို႔သြမ့္မိသားစု ဘိုးေဘးခန္းမရဲ႔ မ်ိဳး႐ိုးစဥ္ဆက္ ဇယားကေန ျဖတ္ခ်ပစ္မယ္!"

သြမ့္ယြီယန္က အေစာကတည္းက ဒါကိုခန္႔မွန္းၿပီးသားပင္။ သူက မထီမဲ့ျမင္ဟန္ ျပံဳးလိုက္သည္။

"ကၽြန္ေတာ္က ခင္ဗ်ားရဲ႔ တံခါးအျပင္ဘက္ကို ထြက္လာကတည္းက သြမ့္မိသားစုက မဟုတ္ေတာ့ဘူး, အဲ့ေတာ့ ႀကိဳက္သလိုသာလုပ္"

"ဘယ္လိုလုပ္ သူဒီလို သာမာန္ကာလွ်ံကာ လုပ္ႏိုင္မွာလဲ?" ဆုမိုကျပံဳးရင္း စကားဆက္သည္။
"သြမ့္က်ံဳတဲ့, ခင္ဗ်ားနဲ႔ ႏွစ္(၂၀) ေက်ာ္ အတူတူ အိပ္ခဲ့တဲ့ ဆုယြီလွ်န္က လူေကာင္းတစ္ေယာက္လို႔ ခင္ဗ်ားတကယ္ ထင္ေနတာလား? သူမက ဟိုတုန္းကတည္းက တစ္ျခားသူေတြနဲ႔ အတူေနခဲ့ၿပီး ခင္ဗ်ားကိုေတာ့ ဇနီးသည္ကို ေဖာက္ျပန္တဲ့ ခင္ပြန္းတစ္ေယာက္ျဖစ္ေအာင္ လုပ္ခဲ့တာ, ယြီေဟာင္က ခင္ဗ်ားသားအရင္း မဟုတ္မွာေတာင္စိုးမိတယ္"

သြမ့္က်ံဳတဲ့က အလြန္အက်ဴး ေဒါသေပါက္ကြဲသြားခဲ့ၿပီး သူ႔ဂုဏ္သိကၡာကို ထိပါးတယ္ဟုဆိုတာ ဆုမိုကို ေအာ္ဟစ္ေျပာေလသည္။

ထိုစကားကိုၾကားေတာ့ လင္ရႊမ္းဇီက ေမးသည္။

"ဆုယြီလွ်န္က တစ္ျခားတစ္ေယာက္နဲ႔ ညိစြန္းဖူးတာလား?"

ယြမ္ထ်န္းဝမ္က မ်က္ႏွာေသျဖင့္ ျပန္ေျဖသည္။

"အဲ့ဒါကလိမ္လိုက္တာ, ငါ့အေဖက ကိစၥေတြကို ေသေသခ်ာခ်ာ စီစဥ္ထားခဲ့တယ္, သူေျပာတာေတာ့ အဲ့ဒါက ဆုယြီလွ်န္လို လူမ်ိဳးကို ေျဖရွင္းရမယ့္နည္းလမ္းတဲ့, ငါ့အေဖက ေရေၫွာင့္ေကာင္နဲ႔ ဂံုးေကာင္ေတြ ရန္ျဖစ္တာကို အၿမဲ ၾကည့္ရတာ သေဘာက်တယ္ေလ, ဒါေပမဲ့ ငါးဖမ္းသမားကေတာ့ သူတို႔ႏွစ္ေကာင္လံုးကို ဖမ္းတာပဲ, အကယ္၍သူက လူတစ္ေယာက္ကို အျပစ္ေပးခ်င္တယ္ဆိုရင္ ဘယ္ေတာ့တိုက္ခိုက္ၿပီး သူ႔ကိုယ္သူ သတ္မွာမဟုတ္ဘူး"

ဆုမိုအေပၚ ကိုးကြယ္သည့္ ယန္ထ်န္းဟန္ရဲ႔ ေလးစားမႈက ပိုမိုျမင့္မားလာသည္။

ဆုမိုက ကစားပြဲတစ္ခု လုပ္ခ်င္ၿပီး
တစ္ျခားသူမ်ားကို ေဘာင္ခတ္ပစ္ခ်င္တာေၾကာင့္ သူ႔အပိုင္းသူ သဘာဝက်က် လုပ္ေဆာင္ျခင္းပင္။

"ငါ့အေဖက ဆုယြီလွ်န္ရဲ႔ ကိုယ္ပိုင္အေစခံကို ရွာၿပီး ဆုယြီလွ်န္ အျပင္သြားတဲ့အႀကိမ္တိုင္း ေျပာျပဖို႔ ၿခိမ္းေျခာက္ထားခဲ့တယ္, သူက ထူးဆန္းတဲ့ အမ်ိဳးသားေတြနဲ႔ ေတြ႕ဆံုတဲ့ အခြင့္အေရးကို သံုးႀကိမ္သံုးလိုက္ၿပီး အကုန္လံုးကို စာအုပ္တစ္အုပ္ထဲ စုေဆာင္းထားလိုက္တာ" ယြမ္ထ်န္းဝမ္က ေအးစက္စက္ ႏွာမႈတ္သည္။

"သြမ့္က်ံဳတဲ့နဲ႔ ဆုယြီလွ်န္ကလည္း တကယ့္ကို စိတ္ဝင္စားဖို႔ေကာင္းတယ္, ငါ့အေဖ ေခၚထုတ္လာခဲ့တဲ့ ဆုယြီလွ်န္ရဲ႔ ခ်စ္သူက ဆုယြီလွ်န္ရဲ႔ ကိုယ္ေပၚက ေမြးအမွတ္ေတြေတာင္ အမ်ားႀကီး မေျပာျပရေသးဘူး သြမ့္က်ံဳတဲ့က ေဒါသေပါက္ကြဲေတာ့တာပဲ"

ယန္ထ်န္းဟန္က အဲ့ဒါကို မယံုႏိုင္စရာေကာင္းတယ္လို႔ ေတြးမိၿပီး ေမးလိုက္သည္။

"သြမ့္က်ံုတဲ့က အဲ့ဒီစကားေတြကို တကယ္ႀကီး ယံုတာပဲလား?"

"ေသခ်ာေပါက္ အဲ့ဒီေလာက္ေတာ့ ဘယ္႐ိုးရွင္းမလဲ?" သြမ့္ယြီယန္က ျပံဳးသည္။

"သြမ့္က်ံုတဲ့နဲ႔ ဆုယြီလွ်န္ကို တစ္ေယာက္နဲ႔တစ္ေယာက္ ဆန္႔က်င္ဘက္ျဖစ္သြားေစတဲ့ တကယ့္အရာက သြမ့္ယြီေဟာင္ရဲ႔ ေသြးပဲ, ပါးပါးက ဘယ္လိုနည္းလမ္းမ်ိဳး သံုးလိုက္လဲ မသိေပမယ့္ သြမ့္ယြီေဟာင္ရဲ႔ အေမြေသြးဆက္က မေမွ်ာ္လင့္ပဲ သြမ့္မိသားစုက မဟုတ္ဘူးျဖစ္ေနတယ္, ႐ုတ္တရက္ပဲ သြမ့္က်ံုတဲ့က ဆုယြီလွ်န္ကို သြမ့္မိသားစုရဲ႔ အေနာက္ဘက္ေတာင္မွာ ခ်ဳပ္ထားခ်င္သြားေရာ"

သြမ့္ယြီယန္ရဲ႔မ်က္လံုးမ်ားက နစ္ႁမွဳပ္လာၿပီး သူ႔မ်က္ႏွာက မဲေမွာင္လာသည္။

"အဲ့ဒီမွာအရင္တုန္းက ငါ့အေမကို ခ်ဳပ္ထားခဲ့တာေလ, ဆုယြီလွ်န္ရဲ႔ ကိုယ္ပိုင္အေစခံဆီက ေလ့လာရသေလာက္ ကေတာ့ငါ့အေမက တကယ့္ကို ဆုယြီလွ်န္ရဲ႔ သတ္ျဖတ္ျခင္းကို ခံခဲ့ရတာ"

ယြမ္ထ်န္းဝမ္က သြမ့္ယြီယန္ရဲ႔ လက္ေမာင္းကို ဆုပ္ကိုင္ေပးထားလိုက္သည္။

"အခုေတာ့ ဆုယြီလွ်န္က ေတာင္အေနာက္မွာ ေန႔ေရာညပါ ၫွင္းပန္းႏွိပ္စက္ခံေနရတယ္, သြမ့္က်ံုတဲ့ကလည္း စိတ္ပ်က္မႈေၾကာင့္ သြမ့္မိသားစုအေပၚ အာဏာကို လႊတ္ခ်လိုက္တယ္, သြမ့္ယြီေဟာင္ကလည္း သြမ့္မိသားစု ဂိတ္ေပါက္ကေန ေမာင္းထုတ္ခံရၿပီး သြမ့္မိသားစုရဲ႔ အေမြခံဆိုတဲ့ ေခါင္းစဥ္ကို ဆံုးရွံုးသြားတယ္, အခုေတာ့မင္းက သြမ့္မိသားစုရဲ႔ တကယ့္ပိုင္ရွင္အစစ္ ျဖစ္လာၿပီေလ, ဒါက ေတာ္ေတာ္ေလး ေက်နပ္အားရဖို႔ ေကာင္းပါတယ္"

ဒီျဖစ္စဥ္မွာ သြမ့္ယြီယန္လည္း အေတာ္ေလး ထိခိုက္ခဲ့ေပမယ့္ေပါ့

10.12.2021

=============

Translator' Note

 ေရေညႇာင့္ေကာင္နဲ႔ ဂုံးေကာင္ရန္ျဖစ္တယ္ဆိုတဲ့ စကားပုံက တစ္ေန႔မွာ ေရေညႇာင့္ေကာင္တစ္ေကာင္က ဂုံးအသားကို စားခ်င္တာေၾကာင့္ ႏႈတ္သီးနဲ႔ အခြံကို ခြာေပမယ့္ ဂုံးကလည္း သူ႔အခြံနဲ႔ ႏႈတ္သီးကို ျပန္ညႇပ္ထားတယ္။ အဲ့ဒီလို ႏွစ္ဖက္လုံး သူမသာ ကိုယ္မသာ ရန္ျဖစ္ေနတဲ့အခ်ိန္မွာ ၾကားက ငါးဖမ္းသမားက ႏွစ္ေကာင္လုံးကို ဖမ္းဆီးလိုက္တဲ့ ပုံျပင္ပါ။ [ 鹬 蚌 相 争渔 人 得 利 ] လို႔ေခၚပါတယ္။ ၾကားလူအျမတ္ထြက္သြားတယ္ ဆိုတဲ့ အဓိပၸါယ္ေပါ့

Next Episode

မိသားစုေခါင္းေဆာင္အျဖစ္ ထိုက္တန္စြာ ရာထူးတက္သြားျခင္း

=============

Continue Reading

You'll Also Like

104K 12.7K 56
ကျောင်း၏idolများဖြစ်ကြသော ကောင်ချောလေးနှစ်ယောက်မှာ ရန်ဖက်များဖြစ်ကြသလို..အကြိုက်ချင်းကလည်းတူနေကြပြန်သေးသည်..တစ်နေ့သောအခါဝယ် ရုတ်တရက်ဆိုသလို best frie...
464K 65.9K 51
အသက္ ၂၂ နွစ္မွာ ရွန္ခ်န္လင္တစ္ေယာက္ အေကာင္းဆံုး အမ်ိဳးသားဇာတ္ေဆာင္ဆုကို ရရွိခဲ့တယ္။ ဆုကိုကိုင္ မ်က္ရည္ေလး၀ဲျပီး ေက်းဇူးတင္စကားေျပာေနခ်ိန္မွာပဲ မ်က္နွ...
12.7K 1K 8
sequel of "ရှီပိုင်ကုန်းလွဲ့"(ဗီလိန်ဗျူဟာ) Total: 8chapters အဓိကဇာတ်ဆောင်: ကျန်းရွှင်းယီ || မင်းသား: မိစ္ဆာဘုရင်ရွှမ်လီ၊ ယွင်ရှဲ့။ ဒါက"ရှီပိုင်ကုန်းလ...
100K 12.5K 106
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...