Peculiarly System [Completed ]
By MaLaKaoYa
854K 90.3K 2.7K
Start date ... September 17 .2021 End date .....July 30.2023 System ဆိုတာ စိတ်ကူးယဉ်ကမ္ဘာတဲ့ သူကပြောတယ် ငါ့... More
Start With System
Arc(1.1) Parin
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)End
Arc(2.1) Zhang Xu Guang
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)End
Arc(3.1)Jason
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)End
Arc(4.1) Jon San
Arc(4.2)
Arc(4.3)
Arc(4.4)
Arc(4.5)
Arc(4.6)
Arc(4.7)
Arc(4.8)
Arc(4.9)
Arc(4.10)End
Arc(5.1) Zhou Wei Feng
Arc(5.2)
Arc(5.3)
Arc(5.4)
Arc(5.5)
Arc(5.6)
Arc(5.7)
Arc(5.8)
Arc(5.9)
Arc(5.10)
Arc(5.11)
Arc(5.12)End
Arc(6.1) LuYuYuan
Arc(6.2)
Arc(6.3)
Arc(6.4)
Arc(6.5)
Arc(6.6)
Arc(6.7)
Arc(6.8)
Arc(6.9)
Arc(6.10)
Arc(6.11)
Arc(6.12)End
Arc(7.1)KiKo
Arc(7.2)
Arc(7.3)
Arc(7.4)
Arc(7.5)
Arc(7.6)
Arc(7.7)
Arc(7.8)
Arc(7.9)
Arc(7.10)
Arc(8.1)Adam
Arc(8.2)
Arc(8.3)
Arc(8.4)
Arc(8.5)
Arc(8.6)
Arc(8.7)
Arc(8.8)
Arc(8.9)
Arc(8.10)
Arc(8.11)End
Arc(9.1)Aqua
Arc(9.2)
Arc(9.3)
Arc(9.4)
Arc(9.5)
Arc(9.6)
Arc(9.7)
Arc(9.8)
Arc(9.9)
Arc(9.10)
Arc(9.11)
Arc(9.12)
Arc(9.13)End
Arc(10.1)XiaoZhan
Arc(10.2)
Arc(10.3)
Arc(10.4)
Arc(10.5)
Arc(10.6)
Arc(10.7)
Arc(10.8)
Arc(10.9)
Arc(10.10)
Arc(10.11)
Arc(10.12)End
Arc(11.1) Saw Minn Latt
Arc(11.2)
Arc(11.3)
Arc(11.4)
Arc(11.5)
Arc(11.6)
Arc(11.7)
Arc(11.8)
Arc(11.9)End
Arc(12.1) Ben
Arc(12.2)
Arc(12.3)
Arc(12.4)
Arc(12.5)
Arc(12.6)
Arc(12.7)
Arc(12.8)
Arc(12.9)
Arc(12.10)
Arc(12.11)End
Arc(13.1) Cristan Gabriel
Arc(13.2)
Arc (13.3)
Arc(13.4)
Arc(13.5)
Arc(13.6)
Arc(13.7)
Arc(13.8)
Arc(13.9)
Arc(13.10)
Arc(13.11)
Arc(13.12)End
Real Life (1)
Real Life (1)End
Real Life (2)
Real Life Ending Up (Truly End)
Arc(7.11)End
6.6K 642 23
By MaLaKaoYa
" အဆင်ပြေရဲ့လား ''
" ဟင့်အင်း ''
ဆူဇူကီက ငိုရှုံ့ငိုရှုံ့နဲ့ ပြောလာတဲ့အာဆာနိုကို ကြည့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားရသည် ။
" ခင်ဗျားမကောင်းဘူး..ကျွန်တော်က စေတနာနဲ့ အိမ်ပြန်ပို့ပေးတာကို...''
ပြောရင်းနဲ့ ထငိုပါသော အာဆာနိုကို ဆူဇူကီက ရင်ခွင်ထဲ ထည့်ကာ ချော့လိုက်သည်။ အာဆာနိုက သူ့ကြောင့် အိမ်မပြန
သူမှားပြီးပြီ။ အဲ့တော့ တာဝန်ယူရမယ်မဟုတ်လား ။ ကီကို နဲ့တော့ တစ်သက်လုံး ဝေးရပြီပေါ့..။
အတွေးတွေကို ရပ်ကာ အာဆာနိုကို ပွေ့ရင်း သက်ပြင်းချမိတော့သည်။
" ကိုယ်က တာဝန်ယူမှာမို့ မင်းက ငိုမနေနဲ့တော့ ဟုတ်ပြီလား ''
အာဆာနိုက ဆူဇူကီ မမြင်ရမှန်းသိတာကြောင့် ရင်ခွင်ထဲကနေ ခိုးပြုံးရင်းတွေးလိုက်သည်။
မြို့တော်ဝန်ရှီဇုခုကို ကျေးဇူးမမေ့ပါဘူး ။
.....................
" ကီကို !!!! ''
အိမ်ထဲဝင်ဝင်ချင်း အောင်လွန်းတဲ့ အသံနဲ့အော်ခေါ်လိုက်တဲ့ ဖေဖေကြောင့် ကီကိုလန့်ဖျတ်သွားရသည်။
" ဒီမှာ မစ္စတာဟာကူ... ''
" ဟိုမှာ ကီကိုနဲ့ မင်းက ရှီဇုခု ငါသိတယ် ''
ရှီဇုခုက နင်သွားရသည် ။ ပြောမယ့်စကားတွေကို တစ်လုံးချင်းအစပြန်ရှာကြည့်နေရသည်။
မစ္စတာဟာကူက ဝင်ဖောက်လိုက်တော့ လည်ချောင်းထဲက စကားလုံးတွေက အနောက်ဥရောပထိ အလည်သွားကြလေသလားမသိအောင် ရှီဇုခု အနေနဲ့ ဘာပြောရမှန်းမသိတော့။
" ဖေဖေ..''
" အခုမှ ဘာမျက်နှာနဲ့လာပြီး ဖေဖေခေါ်နေတာလဲ ဒီအိုကြီးအိုမနဲ့ လူကို.. ''
" မစ္စတာဟာကူ ကျွန်တော်က အိုကြီးအိုမဆိုပေမယ့် ​ ဘယ်လောက်တောင်လက်သွက်ပြီး သက်လုံကောင်းတယ်ဆိုတာ ခင်ဗျားရဲ့သားလေးက အသိဆုံးပဲ ''
ဖြတ်ပြောလာသော ရှီဇုခုစကားကြောင့် မစ္စတာဟာကူ သွေးတက်သွားရသည်။ မျက်နှာကြီးက နီရဲလာကာ မင်း..ဆိုတာပဲ ပြောပြီး မျက်လုံးမှိတ်သွားသည်။
သားအလိမ္မာလေးက သူ့အနားလာပြီး ဖေဖေဘာဖြစ်တာလဲ အဆင်ပြေရဲ့လား  လို့ လာမေးလိမ့်မယ်.... ထင်နေတာလား ။
မစ္စတာဟာကူက မျက်လုံးကို ဖြေးဖြေးချင်းဖွင့်ကြည့်လိုက်တော့ ကြိုဆိုနေတဲ့ မြင်ကွင်းက..
အမယ်လေးဗျာ မွေးရကျိုးနပ်လိုက်တဲ့ သားလေးက သူ့လင်က လွဲရင် ငါ့တောင် လူထင်ရဲ့လားပဲ ။ မင်းသားနဲ့မင်းသား အချစ်ရည်ရွှန်းတဲ့မျက်ဝန်းလဲ့ပြာပြာတွေလုပ်နေကြတယ် သောက်ကျိုးနည်း ..သူ့လင်မျက်နှာကို တစ်ကမ္ဘာထင်နေတဲ့ အကြည့်ကြီးနဲ့...။
" မစ္စတာဟာကူ ခင်ဗျားသဘောတူတူ မတူတူ ကျွန်တော်က ကီကိုလေးကို ပိုင်ဆိုင်သွားပြီ အမှတ်လည်း ပေးပြီးပြီ ။ ကျွန်တော်က ကီကိုကို လက်ထပ်မှာ ''
မစ္စတာဟာကူရဲ့အကြည့်ကို သတိထားမိသွားတဲ့ ရှီဇုခုက ခပ်မာမာပဲပြောလာပါသည်။
ဒါက ဘယ်လိုအကျိုးနည်းမှုကြီးလဲ ။ အရပ်ကတို့ မြင်တော်မူကြရဲ့လား..။
ဘယ်သမက်က အဲ့လိုတွေ ဆက်ဆံလို့လဲ သူ့ကျမှ အမယ်လေး အိမ်ကသားလေးကလည်း ငါ့သားလေးတယ်တော်တယ်တော် ဒင်းလင်နဲ့ပေါင်းပြီး တစ်ကြိတ်တည်းတစ်ဉာဏ်တည်း ငါ့ကို သွေးတက်အောင်ကြံဆောင်နေကြတာ..။
မြန်မြန်ကိစ္စတုံးပြီးတာပဲ ။
" အဟမ်း... ငါက မင်းတို့နှစ်ယောက်ကို..''
" ဖေဖေသဘောမတူရင်လည်း သားတို့က ယူမှာ ''
ဟင်း..ဒီသောက်ကလေးကတော့ ငါ့ကို စကားဆုံးတဲ့အထိပြောခွင့်မပေးဘူး..။
ခပ်ချဉ်ချဉ်ပဲ မစ္စတာဟာကူ တွေးလိုက်သည်။
" ဟုတ်တယ် ခင်ဗျားသဘောတူပေးမလား မတူလည်းရတယ် ကလေးနဲ့ ကျွန်တော်က မဖြစ်ဖြစ်အောင် လက်ထပ်မှာ ''
သြော် ..ဒီနှစ်ကောင်နဲ့တော့ ငါ့စကားလေးဆုံးတဲ့အထိနားထောင်ပေးရင် မင်းတို့နားတွေ ခွေးကိုက်မှာမို့လို့လား ။
မစ္စတာဟာကူက အခုချိန်မှာ  သူကိုယ်သူ
သေခါနီး ဆန့်ငင်ဆန့်ငင်ဖြစ်နေတုန်း အမွေလာတောင်းတဲ့ သားသမီးတွေကြောင့် ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေတဲ့ အဖိုးကြီးလိုခံစားရသည်။
" တော်ကြပါတော့ သဘောတူတယ် သဘောတူတာမို့ ငါ့ကို အရေးမလုပ်ဘဲ မြန်မြန်လေး ဒီနေရာနဲ့ဝေးဝေးမှာသွားနေပေးကြပါလား ''
ရှီဇုခု''.....''
ကီကို ''...''
" သွားကြလေ!!!..''
အော်လိုက်မှ ထွက်သွားတဲ့နှစ်ယောက်ကိုကြည့်ကာ..မစ္စတာဟာကူ သက်ပြင်းချလိုက်သည် ။
"တော်ပါသေးရဲ့.. ငါသူတို့ကြောင့်အသက်မထွက်တာ..အတော်ကံကောင်းတယ်ပြောရမယ်။''
.........
၂ပတ်လောက်အကြာမှာ ဘုရားကျောင်းတစ်ခု၌ မင်္ဂလာပွဲ ကျင်းပပြီး အကြင်လင်ခင်ပွန်းဘဝသို့ ရောက်ရှိခဲ့ကြသည်။
Omega တစ်ယောက်ရဲ့ ထုံးစံအတိုင်း ကီကိုက ရှီဇုခုအတွက် တာဝန်ကျေပွန်တဲ့ အိမ်ထောင်ဖက်ဖြစ်လာသည်။
နိုင်ငံ၏  စံပြပုဂ္ဂိုလ်မြို့တော်ဝန် အဖြစ် ရှီဇုခုက သမိုင်းတွင်သည်။ ကီကိုသည်လည်း Alpha သားနှစ်ယောက်ကို လိမ္မာရေးခြားရှိသည့် လူသားတွေဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သည်။
အာဆာနိုနဲ့ ဗိုလ်ချုပ်ဆူဇူကီက သမီး Alpha နဲ့ Omega သားလေးတစ်ယောက်ထွန်းကားခဲ့သည်။ ဆူဇူကီက မူလဇာတ်လမ်းအတိုင်း Q နိုင်ငံရဲ့ စစ်ဦးစီးချုပ်ကြီးဖြစ်လာသည်။
ဒီကမ္ဘာမှာ ရှောင်းကျန့်က အချိန်ကြာကြီး ချစ်သူနဲ့နေခဲ့သည်။  အသက် ၅၅ နှစ်အရွယ် မှာပဲ အသက်၁၆နှစ်ပိုကြီးတဲ့ ချစ်သူနဲ့အတူ နေဝင်ဆည်းဆာကိုငေးကြည့်ရင်း အိမ်ဖြူတော်ရဲ့ ဝရံတာမှာ သေဆုံးခဲ့ကြသည်။
မြို့တော်ဝန်ရှီဇုခု နဲ့ ဇနီး Omega လေးရဲ့ ချစ်ခြင်းက Q နိုင်ငံ တစ်ခုလုံးရှိ ပြည်သူများ၏ နူတ်ဖျားတွင်  အချစ်ကြီးတဲ့ ချစ်သူနှစ်ယောက်အဖြစ် ပုံပြင်ပေါင်း များစွာ နဲ့ ဂုဏ်ပြုခံရသည်။
...............
" Kitty ''
" အင်း ''
အဖြူရောင်ရှပ်အင်ကျီနဲ့ Style pants အနက်လေးကိုဝတ်ထားတဲ့  ကောင်လေးက ရှောင်းကျန့်ကို လှည့်ကြည့်ပြီး ထူးသည်။
" ငါ..မစ်ရှင်တစ်ဝက်ကျရှုံးတယ် အဲ့တော့ ''
" အင်း.. ပြစ်ဒဏ်ကမ္ဘာစီစဉ်ထားတယ် ဒါပေမယ့်  မစ်ရှစ်တဝက်အောင်ထားတဲ့အတွက်ကြောင့်မခက်ခဲပါဘူး..ကျွန်တော့်ကိုယုံပါ အစ်ကိုရှောင်း ''
" ငါက မင်းကိုယုံပါတယ် Kitty ..ဒါပေမယ့် ပင်မဗဟို System က Controller တွေကို မယုံကြည်ရဲဘူး ''
" စိတ်မပူပါနဲ့ အစ်ကိုရှောင်း ကျွန်တော်ကူညီပေးမယ် ''
" အင်း... ''
ရှောင်းကျန့်က ခေါင်းညိတ်ပြသည်။ထို့နောက် Kitty က သေစေနိုင်လောက်တဲ့ သကြားခဲတွေ မျိုချထားသလို အပြုံးကြီးပြုံးကာ စကားဆိုလာသည်။
" နောက်တစ်ကမ္ဘာကိုသွားကြတော့မလား အစ်ကိုရှောင်း ''
" အင်..အင်း...''
ကမ္ဘာကူးပြောင်းခြင်း..စတင်..။
Loading...1....50....75...98...100%.. (Completed)
ရှောင်းကျန့်က ရောက်ရောက်ချင်း အေးစက်မှောင်မဲသော နေရာတစ်ခုဆီ ရောက်နေမှန်း သိလိုက်ရသည် ။
အေးစက်သော မိုးစက်တွေက တစ်စက်စက်ကျဆင်းနေကာ သူ့ကိုယ်ပေါ်မှာ အနည်းငယ် စွတ်စိုစပြုနေပြီ။
လှိုင်တက်နေတဲ့ ညှီစို့စို့အနံ့တွေက နှာဖျားမှာ အပြုံလိုက်တိုးဝှေ့ဝင်ရောက်နေပြီး ပတ်ဝန်းကျင်က အပင်တွေရဲ့ လေတိုက်တိုင်း လှုပ်ရှားနေမှုကလည်း မကောင်းဆိုးဝါး အော်သံကြီးကဲ့သို့ ခြောက်ခြားဖွယ်ရာဖြစ်နေသည်။
ရုတ်တရက် ကြားလိုက်ရတဲ့ ခြေသံတွေကြောင့် ရှောင်းကျန့်က အသက်မရှုရဲနိုင်အောင်ဖြစ်သွားသည်။
'Kitty မင်းကို ယုံမိတဲ့ငါကပဲ ငါ့ကိုယ်ငါ ပါးရိုက်ပစ်တော့မယ် ဘာမှန်းမသိတဲ့နေရာကြီးမှာ ငါလေးက ရောက်ရောက်ချင်း သေရတော့မှာလား '
########
T/N ..Arc(7) ကို ရေးတုန်းက AOB သိပ်မကျွမ်းတဲ့ ကျွန်တော့်အတွက် အခက်အခဲတွေရှိပါတယ် ။ လိုအပ်ချက်တွေလည်းရှိနေမယ်ဆိုတာ ကျွန်တော်သိပါတယ် ။ အားပေးပြီး ဖတ်ပေးကြတဲ့ မင်းတို့ကို ကျေးဇူးအများကြီးတင်ပါတယ် ။
Arc(8) ကတော့ Horror ပုံစံဖြစ်နေနိုင်ပါတယ်။
စကားမစပ်ဗျာ အခုချိန်က  အားလုံးအတွက်အရမ်းအရေးကြီးတဲ့အချိန်​ဖြစ်လို့ ဂရုစိုက်ကြပါ ။
မြင်နေရတဲ့ မြန်မာပြည်က သတင်းတွေကအရမ်း မွန်းကျပ်စရာကောင်းနေတယ် ။
ကျန်းမာရေး ရော တခြားဟာတွေရော ဂရုစိုက်ပါဗျာ ။
စာအရမ်းရှည်သွားလို့ တောင်းပန်ပါတယ်ဗျ။
Zawgyi
" အဆင်ပြေရဲ့လား ''
" ဟင့်အင်း ''
.....................
" ကီကို !!!! ''
" ဒီမှာ မစ္စတာဟာကူ... ''
" ဖေဖေ..''
ရှီဇုခု''.....''
ကီကို ''...''
" သွားကြလေ!!!..''
.........
...............
" Kitty ''
" အင်း ''
" အင်း... ''
" အင်..အင်း...''
########
Continue Reading
You'll Also Like
367K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.7M 70.1K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
398K 50.5K 38
Hey ! Let me be your wrong person . . . .
288K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...