မုန္း /မုန်း (Complete)

By Khinlay-Nyan

10.1K 731 46

မုန္းသည္... ထို႔ထက္ပို၍ ခ်စ္ျမတ္ႏိုးသည္... မုန်းသည်... ထို့ထက်ပို၍ ချစ်မြတ်နိုးသည်... More

Episode (2)
Episode (3)
Episode (4)
Episode (5)
Episode (6)
Episode (7)
Episode (8)
Episode (9)
Final Episode (10)

Episode (1)

3.3K 106 0
By Khinlay-Nyan

ေနနိုင္ သူ့လက္ထဲတြင္ကိုင္ထားသည့္ ဖုန္း၏မ်က္ႏွာျပင္ကို လက္ႏွင့္တစ္ခ်က္ခ်င္းစီ ဆြဲၾကည့္ေနမိသည္ ။ ဖုန္းကိုၾကည့္ေနသည့္ ေနနိုင္၏ မ်က္ႏွာသြင္ျပင္သည္ ေရေသအိုင္တစ္ခုလို တည္ၿငိမ္ေန၏ ။
ဝမ္းနည္းေနလား ။ သို႔တည္းမဟုတ္ ဝမ္းသာေနလားဆိုသည္ကို ေနနိုင္ တစ္ေယာက္သာ သိေပလိမ့္မည္ ။ တဂ်စ္ဂ်စ္အသံျမည္ေနေသာ ပန္ကာကို ခဏတာမွ်တစ္ခ်က္ၾကည့္လိုက္ၿပီး သက္ျပင္းေလးေလးျကီးခ်မိသြားသည္ ။  ပန္ကာသံက အေတာ္ေလးကို နားၿငီးတာပဲ ။ နားၿငီးသက္သာေအာင္ ပိတ္ထားမည္ဆိုေတာ့လည္း ပူအိုက္သည့္ဒဏ္က သိပ္ဆိုးဝါး၏ ။ နားၿငီးခံမလား...အပူဒဏ္ခံမလား
။ ထိုႏွစ္ခုထဲက တစ္ခုကို ေ႐ြးရမည္ဆိုလွ်င္ျဖင့္ ေနနိုင္ကေတာ့ နားၿငီးသာ ခံလိုက္ေတာ့မည္ ။ ေရေႏြးထဲထည့္ျပဳတ္ထားသက့ဲသို႔ ပူေလာင္လွသည့္ တိုက္ခန္းက်ဥ္းက်ဥ္းထဲမွာ ထိုပန္ကာရိွေန၍သာ ေနထိုင္ႏိုင္ျခင္းျဖစ္သည္ ။

ပလပ္ႀကိဳးကိုတစ္ခါတည္းထိုးၿပီး ဖုန္းကို ၾကည့္ေနသည္မွာ အခ်ိန္ပင္ အေတာ္လင့္သြား၏ ။  အျပင္ဘက္တြင္ အလင္းေရာင္ပင္ မရွိေတာ့ေခ် ။ ေနနိုင္ လက္ထဲမွဖုန္းကို စားပြဲခုံေပၚတင္လိုက္ၿပီး မတ္တတ္ထရပ္၍ အေညာင္းေျပေစရန္ ခႏၶာကိုယ္ကို ဟိုဘက္သည္ဘက္ ခဏမ်ွလႈပ္ရွားလိုက္ၿပီးမွ ဝရန္တာဘက္ဆီကို ထြက္လိုက္ေတာ့ ဆူညံေနသည့္ အသံမ်ားက နားအတြင္းသို႔ မရပ္မနား ဝင္လာေတာ့သည္ ။

စိတ္ရႈပ္ဖို႔ေကာင္းလိုက္တာ ။ ျမင္ေနရတ့ဲ ကားေတြကလဲ စိတ္ရႈပ္ဖို႔ေကာင္းသလို လွုပ္ရွားသြားလာေနတ့ဲလူေတြက ပိုၿပီးစိတ္ရႈပ္ဖို႔ေကာင္းတယ္ ။ ထိုလူမ်ားသည္ သူတို႔၏ မိသားစုမ်ားရွိေနသည့္ ရပ္ဝန္းဆီသို႔ အျမန္ျပန္ေနျခင္း ျဖစ္ေပလိမ့္မည္ ။ တြယ္တာရမည့္မိသားစုရွိေနသူမ်ားသည္ သိပ္ကံေကာင္း၏ ။ ထိုအေၾကာင္းကို စဥ္းစားလိုက္သည္ႏွင့္ ေခါင္းမူးလာသည္ ။ နံနက္ကတည္းက မည္သည့္အရာကိုမွ ေရေရရာရာ မစားရေသး၍ ျဖစ္ေပလိမ့္မည္ ။

တစ္ခုခုေတာ့ စားမွျဖစ္မယ္ ။ မဟုတ္ရင္ ေနနိုင္ လုပ္ခ်င္တာေတြ မလုပ္ရေတာ့ဘဲ အနိစၥသေဘာန႔ဲ ကိစၥေခ်ာသြားမွာ ။ နံရံမွာတပ္ဆင္ထားသည့္ မီးခလုတ္ကိုဖြင့္လိုက္ေတာ့မွ အခန္းထဲတြင္ ျဖဴ ေဖြးေသာမီးေရာင္မ်ား လင္းထိန္သြားသည္ ။

ထိုအလင္းေရာင္ေၾကာင့္ တိုက္ခန္းနံရံမွာ ကပ္ထားသည့္ လူငယ္ေလးတစ္ေယာက္၏ ဓာတ္ပံုမ်ားကိုပါ ထင္ရွားစြာျမင္ေတြ႕ရသည္ ။ တစ္ေယာက္တည္း၏ပုံမ်ားျဖစ္ေသာ္လည္း ဆံပင္အေရာင္မ်ားကေတာ့ ေတာ္ေတာ္စုံ၏ ။

ခရမ္းရင့္ေရာင္ ၊ အဝါေရာင္ေတာက္ေတာက္ ၊ အစိမ္းေရာင္ ၊ မီးခိုးေရာင္ အစရွိေသာအေရာင္မ်ားကို ဆံပင္တြင္ဆိုးထားေသာ္လည္း
႐ုပ္မဆိုးဘဲ ၾကည့္ေကာင္းလွသည္ ။ ထိုေကာင္ေလး၏အသားက
သိပ္ျဖဴ ေသာေၾကာင့္လည္းပါသလို ႏုဖတ္ေခ်ာေမာလွသည့္ မ်က္ႏွာေလးေၾကာင့္လည္း ပါေပလိမ့္မည္ ။ ထိုေကာင္ေလး၏ ဝတ္စားပုံကို ၾကည့္လိုက္သည္ႏွင့္ကို ေငြေၾကးဥစၥာျပည့္စုံခ်မ္းသာမွန္း သိသာလြန္းလွသည္ ။ ထိုေကာင္ေလးသည္ ေယာက္်ားေလးခ်င္းပင္ ေငးၾကည့္ရေအာင္ကို ေခ်ာေမာျပည္စုံလွသည္ဟု ေျပာရမည္ ။

ေနနိုင္ ထိုပုံမ်ားကို အခ်ိန္ခဏမွ်ရပ္ၾကည့္ၿပီး မီးဖိုခန္းဘက္သို႔ ဆက္ေလွ်ာက္သြားလိုက္သည္ ။ ဗိုက္ထဲကို တစ္ခုခုထည့္ရန္အတြက္ မ်က္လံုးကစားမိေတာ့ ေခါက္ဆြဲေျခာက္ထုပ္ႏွစ္ထုပ္ကိုသာ ထမင္းအိုးေဘးတြင္ ေတြ႕ရသည္ ။ ေခါက္ဆြဲေျခာက္ကို ပန္းကန္တစ္ခုထဲေဖာက္ထည့္ၿပီး ဓာတ္ဘူးထဲမွေရေႏြးကို ပန္းကန္ထဲင့ဲထည့္လိုက္ေတာ့ အပူေငြ႕အနည္းငယ္မ်ွပင္ ရိွမေနေခ်  ။ ေခါက္ဆြဲကို ေရေအးန့ဲ ေဖ်ာ္စားသလိုပဲ ျဖစ္ေနေတာ့မွာ ။ မတတ္နိုင္ ။ ရိွတာကိုပဲ ဗိုက္ျပည့္ေအာင္စားရမွာေလ ။

ေခါက္ဆြဲပန္းကန္ကိုယူ၍ အိမ္ေရွ႕ခန္းသို႔ ျပန္ထြက္လာလိုက္ၿပီး ၾကမ္းျပင္မွာထိုင္ခ်လိဳက္၏ ။ ထို့ေနာက္မွ ေခါက္ဆြဲကို တစ္ဇြန္းၿပီးတစ္ဇြန္းခပ္စားေနေသာ္လည္း အၾကည့္ကေတာ့ နံရံေပၚမွာ ကပ္ထားသည့္ ဓာတ္ပံုမ်ားဆီတြင္သာ ။ စား၍ကုန္သြားသည့္ ပန္းကန္အလြတ္ကို ေဘးတြင္ခ်၍ ၾကမ္းျပင္ေပၚကို လဲခ်လိုက္၏ ။ အၾကည့္ကေတာ့ ထိုဓာတ္ပံုမ်ားဆီကေန တစ္လက္မမွ မခြာေပ ။

ေနနိုင္ ထိုေကာင္ေလး၏ဓာတ္ပုံတစ္ပုံခ်င္းစီကို စူးနစ္စြာ ၾကည့္ၿပီး
ႏႈတ္မွ " မနက္ျဖန္က်ရင္ မင္းကို မ်က္ဝါးထင္ထင္ေတြ႕ရေတာ့မယ္
လင္းသန႔္ထည္ဝါ ၊ အျပင္မွာေတြ့ရမ့ဲ မင္းပုံစံက ဘယ္လိုျဖစ္ေနမလဲ  " ဟု တိုးသက္စြာ ေရရြတ္ေနမိသည္ ။

ဗိုက္ထဲကို အစာဝင္သြား၍ျဖစ္မည္ ။ ေနရသည္က ပိုအဆင္ေျပလာသလိုပင္ ။ အသုံးအေဆာင္ပစၥည္း အနည္းငယ္သာ ရွိသည့္ တိုက္ခန္း၏ ဧည့္ခန္းကို မ်က္လုံးေဝ့ၾကည့္ၿပီး ေနနိုင္ ရယ္မိသြားသည္ ။ တစ္ေယာက္တည္း...ေနနိုင္ တစ္ေယာက္တည္းပဲ ။ အနားတြင္ သက္ရွိဆို၍ ေၾကာင္တစ္ေကာင္ေတာင္ မရိွေခ် ။ ထိုအခ်ိန္ ေျခရင္းဘက္နံရံေပၚတြင္ ေတြ႕လိုက္ရသည့္ အိမ္ေျမႇာင္တစ္ေကာင္ ။ မဆိုးပါဘူး ။ အသက္ရိွေနတ့ဲ အိမ္ေျမွာင္တစ္ေကာင္ရွိေနေသးတာပဲ ။ ေနရာအနွ့ံ ေလွ်ာက္ၾကည့္ေနေသာအခ်ိန္တြင္ပင္ မ်က္လံုးမ်ားက ေမွးစင္းလာသည္ ။ စားပြဲေဘးမွာ လိပ္ၿပီးေထာင္ထားသည့္ ဖ်ာကိုပင္ ထယူျပီးမခင္းခ်င္ေတာ့ ။

ဒီအတိုင္းေလးပဲ ခဏအိပ္လိုက္ခ်င္ၿပီ ။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္မေပ်ာ္ခ့ဲတ့ဲရက္ေတြကလဲ မ်ားလာၿပီဆိုေတာ့ အခုခဏေလး အိပ္လိုက္ေတာ့မယ္ ။ ပက္လက္လွဲေနရာမွ ဓာတ္ပုံမ်ားကပ္ထားသည့္နံရံဘက္ကို ေစာင္းလိုက္ေတာ့ ရင္ထဲတြင္ တစ္ခ်က္ေအာင့္မ်က္သြားရသည္ ။ သို့ေပမ့ဲ အၾကည့္မခြာမိ ။ ထိုပုံမ်ားကို မ်က္လံုးထဲ ၊ ဦးေႏွာက္ထဲ ၊ ႏွလုံးသားထဲတြင္ စြဲၿမဲေနေအာင္ မွတ္ထားရမည္ေလ ။

***************
ခုနစ္ေပအျမင့္ခန႔္ရွိမည့္ အုတ္တံတိုင္းခတ္ထားသည့္ ၿခံအက်ယ္ႀကီးေရွ႕ ေနနိုင္ မတ္တတ္ရပ္ေနမိသည္ ။ နံနက္အေစာဆယ္နာရီခန႔္သာရွိေသးေသာ္လည္း ရန္ကုန္၏ေနအပူရွိန္ေၾကာင့္ ေနနိုင္၏ ခႏၶာကိုယ္အႏွ့ံ ေခြၽးမ်ားစိုရႊဲေနသည္ ။

မ်က္ႏွာရွိေခြၽးမ်ားကို ဝတ္ဆင္ထားသည့္ အက်ႌေအာက္နားျဖင့္သုတ္လိုက္ျပီး အသက္ဝေအာင္ရွုသြင္းလိုက္သည္ ။ထို႔ေနာက္  တပ္ဆင္ထားသည့္ ဘဲလ္ကိုႏွစ္ခ်က္တီးလိုက္၏ ။ ခဏအၾကာ လူဝင္တံခါးအေသး ပြင့္လာၿပီး အသက္ငါးဆယ္ခန႔္ရွိမည့္လူႀကီးတစ္ေယာက္က အျပင္သို႔ထြက္လာ၍

" ဘာကိစၥရွိလို႔လဲကြဲ႕ "

" ကြၽန္ေတာ္ကို ဦးမိ်ုးေက်ာ္ လႊတ္လိုက္တာပါ ၊ လင္းသန္႔ထည္ဝါရ႕ဲ
ကားဒရိုင္ဘာအျဖစ္ လုပ္ရမ့ဲသူပါ "

ထိုလူႀကီးက ေနနိုင့္ကို ေခါင္းအစေျခအဆုံးၾကည့္လိုက္ၿပီးမွ

" ဆရာမ်ိဳး လႊတ္လိုက္တာကိုး ၊ ဆရာမ်ိဳးလဲ ဖုန္းဆက္ထားပါတယ္ ၊ ဒါန့ဲ ေမာင္ရင္ရ႕ဲ နာမည္က "

" ေနနိုင္ပါ ၊ မွတ္ပုံတင္နံပါတ္က ၁၂/လမန******"

" ဟုတ္ၿပီ...ဟုတ္ၿပီ ၊ ေသခ်ာေအာင္လို႔ ေမးရတာပါ ၊ ေခတ္ႀကီးက မေကာင္းဘူးေလ ၊ သားထည္က ေရကူးေနတယ္ ၊ ခဏေတာ့
ေစာင့္ေပးရမယ္ ၊ လာ...လာ...အထဲဝင္ "

ထိုလူႀကီး ဦးေဆာင္ေခၚသြားသည့္ေနာက္မွကပ္၍ လမ္းေလွ်ာက္ေနၿပီး ျမင္သမွ်ကို ေသခ်ာၾကည့္ေနမိသည္ ။ မွန္မ်ားႏွင့္အဓိက ေဆာက္လုပ္ထားသည့္ ႏွစ္ထပ္တိုက္က လင္းသန႔္ထည္ဝါ၏ ခ်မ္းသာႂကြယ္ဝမႈကို သက္ေသျပေန၏ ။ ေရကူးေနသည္ဟုဆိုေသာ္လည္း အိမ္၏ ေရွ႕ဘက္တြင္ေတာ့ ေရကူးကန္ရွိမေနေခ် ။ ေလွ်ာက္ေနရင္းႏွင့္ အိမ္၏ေနာက္ဘက္သို႔ ေရာက္လာသည့္အခ်ိန္တြင္ ေရသံအခ်ိဳ႕ကို အရင္ၾကားလိုက္ရသည္ ။ ထို႔ေနာက္တြင္ေတာ့ ႀကီးမားလွသည့္ ေရကူးကန္ကိုပါတစ္ဆက္တည္း ေတြ႕လိုက္ရသည္ ။ ေနနိုင့္ကို ေရကူးကန္ဆီသို႔ ေခၚေဆာင္လာေပးသည့္လူႀကီးက

" ခဏေတာ့ေစာင့္ေနအံုးေနာ္...ေမာင္ရင္ ၊ ဒါန့ဲ ေမာင္ရင့္နာမည္ကို ဘာလို့ေျပာခ့ဲတာလဲ ၊ အသက္ႀကီးေတာ့ မွတ္ဥာဏ္က သိပ္မေကာင္းခ်င္ေတာ့ဘူး "

စကားလည္းေျပာ ရယ္လည္းရယ္လိုက္သည့္ လူႀကီးကို ေနနိုင္ တစ္ခ်က္ၾကည့္လိုက္ၿပီး

" ေနနိုင္ပါ "

" အင္း...အင္း ...ေနနိုင္ ၊  မတ္တတ္္ရပ္ေနရရင္ေညာင္းေနလိမ့္မယ္ ၊ ဟိုခုံေတြမွာ ထိုင္လို႔ရတယ္ေနာ္ ၊ ဦးေလးက သားထည္ေရကူးၿပီးရင္ ေသာက္ဖို႔ ေဖ်ာ္ရည္သြားယူရအံုးမွာ ၊ ထိုင္ေစာင့္ေနလိုက္ပါလား "

ထိုလူႀကီး လက္ညႇိဳးၫႊန္ျပသည္က စီစီရီရီခ်ထားသည့္ သစ္သားကုလားထိုင္ ငါးခုဆီသို့ပင္ ။ ေနနိုင္ ေခါင္းခါလိုက္ၿပီး

" ကြၽန္ေတာ္ မတ္တတ္ရပ္ၿပီးပဲ ေစာင့္ေနပါမယ္ "

ထိုလူႀကီးက အိမ္ဘက္သို႔ျပန္ထြက္သြားသည့္အခါ ေနနိုင္ႏွင့္ လင္းသန႔္ထည္ဝါ ႏွစ္ေယာက္သာ က်န္ေနခ့ဲေတာ့၏ ။ ေနနိုင္ ေရကူးကန္ထဲမွာ ေရကူးေနသည့္ လင္းသန႔္ထည္ဝါကို မမွိတ္မသုန္စိုက္ၾကည့္ေနမိသည္ ။

အခ်ိန္ခဏၾကာေတာ့ အေစာတုန္းက လူႀကီးသည္ အေအးခြက္တင္ထားသည့္လင္ပန္းကိုကိုင္၍ ေရကူးကန္ဆီသို႔ ေလွ်ာက္လာ၏ ။
ထိုအခ်ိန္မွာပဲ ေရကူးကန္ေပၚသို႔္ တက္လာသည့္ လင္းသန႔္ထည္ဝါ ။ Boxer အနက္ေရာင္ကိုဝတ္ထားသျဖင့္ အသားက ပိုျဖဴ ေနသလို ထင္ရသည္ ။ အျဖဴေရာင္ဆိုးေဆးက အျခားသူမ်ားဆိုးထားလွ်င္ လိုက္ဖက္ခ်င္မွ လိုက္ဖက္နိုင္ေသာ္လည္း လင္းသန႔္ထည္ဝါႏွင့္ေတာ့ ေတာ္ေတာ္လိုက္ဖက္လွ၏ ။ ဆံပင္ပိုရွည္လာတာပဲ ။လူျမင္ကြင္းမွ ေပ်ာက္သြားသည့္လအနည္းငယ္အတြင္း  ပိုလည္းပိန္သြားသည္ ။ ခ်ပ္ရပ္ပိန္သြယ္ၿပီး ရွည္လ်ားေသာအရပ္ပိုင္ရွင္က ေနနိုင္တို႔ဆီကို တည့္တည့္မတ္မတ္ေလွ်ာက္လာၿပီး ခုံေပၚမွာ အဆင္သင့္တင္ထားသည့္ တဘက္အျဖဴ ေရာင္အႀကီးတစ္ထည္ကိုယူ၍ သူ႕ခါးမွာပတ္လိုက္၏ ။ ေနာက္ၿပီးေတာ့မွ သူေရွ႕မွာ ရိုရိက်ိဳးက်ိဳးရပ္ေနသည့္လူႀကီးကို

" သူက ဘယ္သူလဲ... ဦးထြန္း "

" ဆရာမ်ိဳး ေျပာထားတ့ဲသူပါ သားထည္ ၊ ေမာင္ေနနိိုင္တ့ဲ "

" ဒရိုင္ဘာေပါ့ ၊ အိုေကေလ...ဦးထြန္းလုပ္စရာရွိတာ သြားလုပ္ပါ ၊
ကြၽန္ေတာ္ သူ႕ကို အင္တာဗ်ဴ းလိုက္အံုးမယ္ "

" ဦးထြန္း မီးဖိုဘက္မွာပဲ ရွိေနမယ္ေနာ္ ၊ သားထည္ တစ္ခုခုလိုရင္
ဦးထြန္းကို လွမ္းေခၚလိုက္ "

လင္းသန႔္ထည္ဝါ ေခါင္းသာ ညိတ္ျပလိုက္သည္ ။ ဦးထြန္း ယူလာေပးသည့္ အေအးကို ျဖည္းျဖည္းခ်င္းေသာက္ၿပီး ေက်ာက္ရုပ္က့ဲသို့ ထီးထီးႀကီးရပ္ေနသည့္ ေနနိုင္ဆိုသူကို တစ္ခ်က္ၾကည့္လိုက္မိသည္ ။ အၾကည့္ႏွစ္ခုက စကၠန႔္ပိုင္းမွ် ဆံုသြား၏ ။ ထိုသူ၏ အၾကည့္စူးစူးေျကာင့္ လင္းသန္႔ထည္ဝါ အလိုမက်ျဖစ္သြားမိျပီး ပံုေဖာ္ထားသက႔ဲသို႔ အခ်ိဳးက်လွသည္႔ မ်က္ခံုးနက္နက္နွစ္ခုက ထိစပ္လုမတတ္ နီးကပ္သြားသည္ ။ ဘာလဲဟ... ဒီလူအၾကည့္ကရဲလိုက္တာ ။ ဒါေပမ့ဲ အဲဒီလူရ႕ဲအၾကည့္က အဓိပၸါယ္ေဖာ္ဖို႔ ခက္ေနသလိုပဲ ။

ထိုအခ်ိန္၌ အာရံုမစိုက္မိ၍ လင္းသန္႔ထည္ဝါ အေအးသီးသြားၿပီး ေခ်ာင္းတဟြတ္ဟြတ္ဆိုးသြားသည္ ။ ေတာ္ေတာ္ေလးေခ်ာင္းဆိုးလိုက္ရ၍ မ်က္ရည္မ်ားပင္ထြက္လာ၏ ။ သို႔ရာတြင္ ေနႏိုင္ဆိုသူက ယခုထိကို မလႈပ္႐ွားေသးေခ် ။ ကိုယ့္အလုပ္႐ွင္ျဖစ္လာမည့္သူကို အနည္းအက်ဥ္းေတာ့ ဂ႐ုစိုက္သင့္သည္ေလ ။ အခုလိုမ်ိဳး ျဖစ္ခ်င္ရာျဖစ္ဆိုၿပီး မျမင္ဟန္ေဆာင္ေနတာကိုေတာ့ မ်က္မုန္းက်ိဳးမိသြားၿပီ ။ လင္းသန္႔ထည္ဝါဆိုတာ အနားမွာရိွတ့ဲသူတိုင္းက ဖူးဖူးမႈတ္ အလိုလိုက္ၿပီး မ်က္ႏွာမညိဳရေအာင္ ဂ႐ုစိုက္ခံရတ့ဲ လူသားတစ္ေယာက္ေလ ။

ခံုေပၚမွာထိုင္ၿပီး အသည္းအသန္ေခ်ာင္းဆိုးေနသည့္ လင္းသန္႔ထည္ဝါကို ေနနိုင္ ဤအတိုင္းသာ ၾကည့္ေနမိသည္ ။  ဆံပင္မ်ားတြင္ ခိုသီးေနေသာေရမ်ားက ယခုထိကို ခႏၶာကိုယ္ေပၚ
က်ေနဆဲပင္ ။ ေရကူးထား၍ အနည္းငယ္နီေနေသာ မ်က္ဝန္းတစ္စံုက  ေခ်ာင္းဆိုးလိုက္ေသာေျကာင့္ ပိုၿပီးနီရဲသြားသည္ ။ နီေစြးေနေသာ ႏႈတ္ခမ္းႏုေထြးေထြးကလည္း သြားျဖဴ ျဖဴ ႏွင့္ဖိကိုက္ခံလိုက္ရ၍ ပိုၿပီးနီရဲလာ၏ ။ ေနႏိုင္ကိုလွမ္းၾကည့္လာသည့္ အၾကည့္မ်ားကလည္း သားရဲတစ္ေကာင္က့ဲသို႔ ေသြးဆာေနသည္ ။

ျဖဴ သြယ္႐ွည္လ်ားသည့္လက္ညိဳွးကို ေနႏိုင္ဆီသို႔ ဦးတည္ၿပီး

" ခင္ဗ်ား လူတစ္ေယာက္လံုး ဒီေလာက္ေခ်ာင္းဆိုးေနတာကို တစ္ခုခုလုပ္ေပးဖို႔ အစီအစဥ္မရိွဘူးလား ၊ ကိုယ္က ခင္ဗ်ားရ႕ဲ အလုပ္႐ွင္ေနာ္ "

ထိုသူ၏ တိတ္ဆိတ္ေနျခင္းေၾကာင့္ ပိုပိုၿပီးစိတ္ဆိုးလာမိသည္ ။တစ္ခုခုဆိုလ်ွင္ ေဒါသမထိန္းႏိုင္သည့္သူပီပီ ႐ုတ္တရက္ပင္ ထိုလူရပ္ေနသည့္ေနရာဆီကို ေရာက္ရိွသြားၿပီး ထိုလူ၏ မ်က္ဝန္းမ်ားကို တည့္တည့္စိုက္ၾကည့္လိုက္ရင္း

" ခင္ဗ်ား... နားပင္းေနလား  ၊ နားကႏွစ္ဖက္စလံုးကန္းေနတာလား ၊ ဒီေလာက္ေျပာေနတာကိုေတာင္ ေသမလိုရပ္ေနရလား ၊ ဦးမ်ိဳးကလဲ ဘယ္လိုလူမ်ိဳးကို လႊတ္လိုက္လဲမသိဘူး ၊ ဒီေလာက္ေျပာထားရက္န႔ဲ ၊ ဒါေလးကိုေတာင္ အဆင္ေျပေအာင္မစီစဥ္ေပးႏိုင္ဘူး ၊အား...စိတ္တိုလိုက္တာကြာ ၊ ေစာေစာစီးစီး အကုသိုလ္ေတြပဲ ၊
ဒီမွာ ကိုယ္ တစ္ခါတည္းေျပာလိုက္မယ္ ၊ ဒီေလာက္လစာေကာင္းတ့ဲ အလုပ္ကိုျမဲေနခ်င္ရင္ ကိုယ္န႔ဲ အဆင္ေျပေအာင္ေနမွ ရမွာ ၊ အခုလိုေခ်မိုးေနတ့ဲပံုစံန႔ဲဆိုရင္ေတာ့ လာရာလမ္းက ျပန္လွည့္ၿပီး...
ဒိုးလိုက္ေတာ့ "

ေဒါသအျပည့္ႏွင့္စကားေျပာေနျခင္းေၾကာင့္ လင္းသန္႔ထည္ဝါ၏ ဆံပင္မွ ေရအခ်ိဳ႕က ေနႏိုင့္ကိုယ္လံုးကို လာစင္သည္ ။ ခႏၶာကိုယ္ႏွစ္ခုက နီးကပ္လြန္းေန၍ လင္းသန္႔ထည္ဝါ၏ ဘယ္ဘက္ပါးျပင္ေပၚတြင္ ရိွေနသည့္ မွ့ဲနက္သံုးလံုးကိုပါ ထင္ထင္႐ွား႐ွားျမင္ေနရသည္ ။ အသားျဖဴ လြန္းသျဖင့္ ထိုမွ့ဲနက္မ်ားက ပိုၿပီးထင္႐ွားေန၏ ။

ေနႏိုင္ လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္ထားၿပီး

" ကြၽန္ေတာ္ ဆင္ျခင္ပါ့မယ္... ကိုလင္းသန္႔ထည္ဝါ ၊ ကြၽန္ေတာ္က
လူမႈဆက္ဆံေရးညံ့လို႔ပါ ၊ ေနာက္တစ္ခါ ကိုလင္းသန္႔ထည္ဝါ စိတ္အေႏွာင့္အယွက္ျဖစ္မ့ဲကိစၥေတြ ထပ္မျဖစ္ေစရပါဘူး ၊ ကြၽန္ေတာ္ကတိေပးပါတယ္ "

ေနႏိုင္ ထိုသို႔ေျပာလိုက္မွသာ ေက်နပ္သြားဟန္ရၿပီး

" ကိုယ့္ဆီမွာ အလုပ္လုပ္လို႔ ခင္ဗ်ား မနစ္နာေစရပါဘူး ၊ ကိုယ့္အေပၚကိုသာ သစၥာရိွရိွ အလုပ္လုပ္ေပး ၊ လစာအျပင္ အပိုေဘာက္ဆူးပါ ကိုယ္ေပးမယ္ "

ဟုတ္တာေပါ့ ။ လင္းသန္႔ထည္ဝါက အရာရာကို ပိုက္ဆံန႔ဲပဲ ေျဖ႐ွင္းတတ္တ့ဲ လူတစ္ေယာက္ေလ ။ ဘယ္လိုအရာမ်ိဳးကို လင္းသန္႔ထည္ဝါ လုပ္လိုက္သည္ျဖစ္ပါေစ ေနာက္ကေန လိုက္ၿပီးေျဖ႐ွင္းေပးမည့္ လူအား ၊ ေငြအားက လင္းသန္႔ထည္ဝါတြင္ အျပည့္ေပ ။

အရပ္ခ်င္း မတိမ္းမယိမ္းျဖစ္ေသာ္လည္း ကိုယ္လံုးခ်င္းကေတာ့ ကြာဟလွ၏ ။ လင္းသန္႔ထည္ဝါက ဖေယာင္း႐ုပ္ေလးက့ဲသို႔ ေပ်ာ့ေျပာင္းလွသည့္ခႏၶာကိုယ္ကို ပိုင္ဆိုင္ၿပီး ေနႏိုင္ကေတာ့ ေတာင့္တင္းသန္မာသည့္ကိုယ္လံုးမ်ိဳးကို ပိုင္ဆိုင္သည္ ။

လင္းသန္႔ထည္ဝါက ေနႏိုင္၏ပခံုးကို တစ္ခ်က္ပုတ္လိုက္ၿပီး

" ကိုယ္ ဦးထြန္းကို လႊတ္လိုက္မယ္ ၊ ခင္ဗ်ားေနရမ့ဲေနရာကို သူျပေပးလိမ့္မယ္ ၊ ကိုယ္က ပ်မ္းမ်ွ မနက္ဆယ္နာရီေလာက္မွ ႏိုးတတ္တယ္ ၊ အဲဒီအခ်ိန္ေလာက္ ခင္ဗ်ားပါ ႏိုးေနရင္ရၿပီ ၊ မနက္ျဖန္ကစၿပီး ခင္ဗ်ား အလုပ္ဝင္ေပါ့ ၊ လိုအပ္တာေတြေတာ့ ေနာက္မွ ကိုယ္ေျပာျပမယ္ "

ေက်ာခိုင္းလွည့္ထြက္သြားသည့္ လင္းသန္႔ထည္ဝါ ။ ထိုအခါမွသာ ေနႏိုင္ ကိုယ့္ပခံုးကို လက္ႏွင့္ အၾကမ္းပတမ္းသုတ္လိုက္မိသည္ ။ မႀကိဳက္ဘူး ။ လံုးဝမႀကိဳက္ဘူး ။

လင္းသန္႔ထည္ဝါက သူ႔ကို အခုလိုမ်ိဳး ထိကိုင္လိုက္တာကိုလဲ မႀကိဳက္ ။

ထိုေကာင္ေလး၏ အေငြ႔အသက္မ်ားရေနသည္ကိုလည္း ဘယ္လိုမွ သေဘာမေတြ႔ေခ် ။

ခက္ခဲလွ၏ ။

Unicode

နေနိုင် သူ့လက်ထဲတွင်ကိုင်ထားသည့် ဖုန်း၏မျက်နှာပြင်ကို လက်နှင့်တစ်ချက်ချင်းစီ ဆွဲကြည့်နေမိသည် ။ ဖုန်းကိုကြည့်နေသည့် နေနိုင်၏ မျက်နှာသွင်ပြင်သည် ရေသေအိုင်တစ်ခုလို တည်ငြိမ်နေ၏ ။
ဝမ်းနည်းနေလား ။ သို့တည်းမဟုတ် ဝမ်းသာနေလားဆိုသည်ကို နေနိုင် တစ်ယောက်သာ သိပေလိမ့်မည် ။ တဂျစ်ဂျစ်အသံမြည်နေသော ပန္ကာကို ခဏတာမျှတစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းလေးလေးကြီးချမိသွားသည် ။  ပန္ကာသံက အတော်လေးကို နားငြီးတာပဲ ။ နားငြီးသက်သာအောင် ပိတ်ထားမည်ဆိုတော့လည်း ပူအိုက်သည့်ဒဏ်က သိပ္ဆိုးဝါး၏ ။ နားငြီးခံမလား...အပူဒဏ္ခံမလား
။ ထိုနှစ်ခုထဲက တစ္ခုကို ရွေးရမည်ဆိုလျှင်ဖြင့် နေနိုင်ကတော့ နားငြီးသာ ခံလိုက်တော့မည် ။ ရေနွေးထဲထည့်ပြုတ်ထားသက့ဲသို့ ပူလောင်လှသည့် တိုက်ခန်းကျဉ်းကျဉ်းထဲမှာ ထိုပန်ကာရှိနေ၍သာ နေထိုင်နိုင်ခြင်းဖြစ်သည် ။

ပလပ်ကြိုးကိုတစ်ခါတည်းထိုးပြီး ဖုန်းကို ကြည့်နေသည်မှာ အချိန်ပင် အတော်လင့်သွား၏ ။  အပြင်ဘက်တွင် အလင်းရောင်ပင် မရှိတော့ချေ ။ နေနိုင် လက်ထဲမှဖုန်းကို စားပွဲခုံပေါ်တင်လိုက်ပြီး မတ်တတ်ထရပ်၍ အညောင်းပြေစေရန် ခန္ဓာကိုယ်ကို ဟိုဘက်သည်ဘက် ခဏမျှလှုပ်ရှားလိုက်ပြီးမှ ဝရန္တာဘက္ဆီကို ထွက်လိုက်တော့ ဆူညံနေသည့် အသံမ်ားက နားအတွင်းသို့ မရပ္မနား ဝင်လာတော့သည် ။

စိတ်ရှုပ်ဖို့ကောင်းလိုက်တာ ။ မြင်နေရတ့ဲ ကားတွေကလဲ စိတ်ရှုပ်ဖို့ကောင်းသလို လှုပ်ရှားသွားလာနေတ့ဲလူတွေက ပိုပြီးစိတ်ရှုပ်ဖို့ကောင်းတယ် ။ ထိုလူများသည် သူတို့၏ မိသားစုများရှိနေသည့် ရပ်ဝန်းဆီသို့ အမြန်ပြန်နေခြင်း ဖြစ်ပေလိမ့်မည် ။ တွယ်တာရမည့်မိသားစုရှိနေသူများသည် သိပ်ကံကောင်း၏ ။ ထိုအကြောင်းကို စဉ်းစားလိုက်သည်နှင့် ခေါင်းမူးလာသည် ။ နံနက်ကတည်းက မည်သည့်အရာကိုမှ ရေရေရာရာ မစားရေသး၍ ဖြစ်ပေလိမ့်မည် ။

တစ်ခုခုတော့ စားမှဖြစ်မယ် ။ မဟုတ်ရင် နေနိုင် လုပ်ချင်တာတွေ မလုပ်ရတော့ဘဲ အနိစ္စသဘောန့ဲ ကိစ္စချောသွားမှာ ။ နံရံမှာတပ်ဆင်ထားသည့် မီးခလုတ်ကိုဖွင့်လိုက်တော့မှ အခန်းထဲတွင် ဖြူ ဖွေးသောမီးရောင်များ လင်းထိန်သွားသည် ။

ထိုအလင်းရောင်ကြောင့် တိုက်ခန်းနံရံမှာ ကပ်ထားသည့် လူငယ်လေးတစ်ယောက်၏ ဓာတ်ပုံများကိုပါ ထင်ရှားစွာမြင်တွေ့ရသည် ။ တစ်ယောက်တည်း၏ပုံများဖြစ်သော်လည်း ဆံပင်အရောင်များကတော့ တော်တော်စုံ၏ ။

ခရမ်းရင့်ရောင် ၊ အဝါရောင်တောက်တောက် ၊ အစိမ်းရောင် ၊ မီးခိုးရောင် အစရှိသောအရောင်များကို ဆံပင်တွင်ဆိုးထားသော်လည်း
ရုပ်မဆိုးဘဲ ကြည့်ကောင်းလှသည် ။ ထိုကောင်လေး၏အသားက
သိပ်ဖြူ သောကြောင့်လည်းပါသလို နုဖတ်ချောမောလှသည့် မျက်နှာလေးကြောင့်လည်း ပါပေလိမ့်မည် ။ ထိုကောင်လေး၏ ဝတ္စားပုံကို ကြည့်လိုက်သည်နှင့်ကို ငွေကြေးဥစ္စာပြည့်စုံချမ်းသာမှန်း သိသာလွန်းလှသည် ။ ထိုကောင်လေးသည် ယောက်ျားလေးချင်းပင် ငေးကြည့်ရအောင်ကို ချောမောပြည်စုံလှသည်ဟု ပြောရမည် ။

နေနိုင် ထိုပုံမ်ားကို အချိန်ခဏမျှရပ်ကြည့်ပြီး မီးဖိုခန်းဘက်သို့ ဆက်လျှောက်သွားလိုက်သည် ။ ဗိုက်ထဲကို တစ်ခုခုထည့်ရန်အတွက် မျက်လုံးကစားမိတော့ ခေါက်ဆွဲခြောက်ထုပ်နှစ်ထုပ်ကိုသာ ထမင်းအိုးဘေးတွင် တွေ့ရသည် ။ ခေါက်ဆွဲခြောက်ကို ပန်းကန်တစ်ခုထဲဖောက်ထည့်ပြီး ဓာတ်ဘူးထဲမှရေနွေးကို ပန်းကန်ထဲင့ဲထည့်လိုက်တော့ အပူငွေ့အနည်းငယ်မျှပင် ရှိမနေချေ  ။ ခေါက်ဆွဲကို ရေအေးန့ဲ ဖျော်စားသလိုပဲ ဖြစ်နေတော့မှာ ။ မတတ်နိုင် ။ ရှိတာကိုပဲ ဗိုက်ပြည့်အောင်စားရမှာလေ ။

ခေါက်ဆွဲပန်းကန်ကိုယူ၍ အိမ်ရှေ့ခန်းသို့ ပြန်ထွက်လာလိုက်ပြီး ကြမ်းပြင်မှာထိုင်ချလိုက်၏ ။ ထို့နောက်မှ ခေါက်ဆွဲကို တစ်ဇွန်းပြီးတစ်ဇွန်းခပ်စားနေသော်လည်း အကြည့်ကတော့ နံရံပေါ်မှာ ကပ်ထားသည့် ဓာတ်ပုံများဆီတွင်သာ ။ စား၍ကုန်သွားသည့် ပန်းကန်အလွတ်ကို ဘေးတွင်ချ၍ ကြမ်းပြင်ပေါ်ကို လဲချလိုက်၏ ။ အကြည့်ကတော့ ထိုဓာတ်ပုံများဆီကနေ တစ်လက်မမှ မခွာပေ ။

နေနိုင် ထိုကောင်လေး၏ဓာတ်ပုံတစ်ပုံချင်းစီကို စူးနစ္စြာ ကြည့်ပြီး
နှုတ်မှ " မနက်ဖြန်ကျရင် မင်းကို မျက်ဝါးထင်ထင်တွေ့ရတော့မယ်
လင်းသန့်ထည်ဝါ ၊ အပြင်မှာတွေ့ရမ့ဲ မင်းပုံစံက ဘယ်လိုဖြစ်နေမလဲ  " ဟု တိုးသက္စြာ ရေရွတ်နေမိသည် ။

ဗိုက်ထဲကို အစာဝင်သွား၍ဖြစ်မည် ။ နေရသည်က ပိုအဆင်ပြေလာသလိုပင် ။ အသုံးအဆောင်ပစ္စည်း အနည်းငယ်သာ ရှိသည့် တိုက်ခန်း၏ ဧည့်ခန်းကို မျက်လုံးဝေ့ကြည့်ပြီး နေနိုင် ရယ်မိသွားသည် ။ တစ်ယောက်တည်း...နေနိုင် တစ်ယောက်တည်းပဲ ။ အနားတွင် သက်ရှိဆို၍ ကြောင်တစ်ကောင်တောင် မရှိချေ ။ ထိုအချိန် ခြေရင်းဘက်နံရံပေါ်တွင် တွေ့လိုက်ရသည့် အိမ်မြှောင်တစ်ကောင် ။ မဆိုးပါဘူး ။ အသက်ရှိနေတ့ဲ အိမ်မြှောင်တစ်ကောင်ရှိနေသေးတာပဲ ။ နေရာအန့ှံ လျှောက်ကြည့်နေသောအချိန်တွင်ပင် မျက်လုံးများက မှေးစင်းလာသည် ။ စားပွဲဘေးမှာ လိပ်ပြီးထောင်ထားသည့် ဖျာကိုပင် ထယူပြီးမခင်းချင်တော့ ။

ဒီအတိုင်းလေးပဲ ခဏအိပ်လိုက်ချင်ပြီ ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခ့ဲတ့ဲရက်တွေကလဲ များလာပြီဆိုတော့ အခုခဏေလး အိပ်လိုက်တော့မယ် ။ ပက်လက်လှဲနေရာမှ ဓာတ်ပုံများကပ်ထားသည့်နံရံဘက်ကို စောင်းလိုက်တော့ ရင်ထဲတွင် တစ်ချက်အောင့်မျက်သွားရသည် ။ သို့ပေမ့ဲ အကြည့်မခွာမိ ။ ထိုပုံမ်ားကို မျက်လုံးထဲ ၊ ဦးနှောက်ထဲ ၊ နှလုံးသားထဲတွင် စွဲမြဲနေအောင် မှတ်ထားရမည်လေ ။

***************
ခုနစ်ပေအမြင့်ခန့်ရှိမည့် အုတ်တံတိုင်းခတ်ထားသည့် ခြံအကျယ်ကြီးရှေ့ နေနိုင် မတ်တတ်ရပ်နေမိသည် ။ နံနက်အစောဆယ်နာရီခန့်သာရှိသေးသော်လည်း ရန်ကုန်၏နေအပူရှိန်ကြောင့် နေနိုင်၏ ခန္ဓာကိုယ်အန့ှံ ချွေးများစိုရွှဲနေသည် ။

မျက်နှာရှိချွေးများကို ဝတ်ဆင်ထားသည့် အကျႌအောက်နားဖြင့်သုတ်လိုက်ပြီး အသက်ဝအောင်ရှုသွင်းလိုက်သည် ။ထို့နောက်  တပ်ဆင်ထားသည့် ဘဲလ်ကိုနှစ်ချက်တီးလိုက်၏ ။ ခဏအကြာ လူဝင်တံခါးအသေး ပွင့်လာပြီး အသက်ငါးဆယ်ခန့်ရှိမည့်လူကြီးတစ်ယောက်က အပြင်သို့ထွက်လာ၍

" ဘာကိစ္စရှိလို့လဲကွဲ့ "

" ကျွန်တော်ကို ဦးမိျုးကျော် လွှတ်လိုက်တာပါ ၊ လင်းသန့်ထည်ဝါရ့ဲ
ကားဒရိုင်ဘာအဖြစ် လုပ်ရမ့ဲသူပါ "

ထိုလူကြီးက နေနိုင့်ကို ခေါင်းအစခြေအဆုံးကြည့်လိုက်ပြီးမှ

" ဆရာမျိုး လွှတ်လိုက်တာကိုး ၊ ဆရာမျိုးလဲ ဖုန်းဆက်ထားပါတယ် ၊ ဒါန့ဲ မောင်ရင်ရ့ဲ နာမည်က "

" နေနိုင်ပါ ၊ မှတ်ပုံတင်နံပါတ်က ၁၂/လမန******"

" ဟုတ်ပြီ...ဟုတ်ပြီ ၊ သေချာအောင်လို့ မေးရတာပါ ၊ ခေတ်ကြီးက မကောင်းဘူးလေ ၊ သားထည်က ရေကူးနေတယ် ၊ ခဏေတာ့
စောင့်ပေးရမယ် ၊ လာ...လာ...အထဲဝင် "

ထိုလူကြီး ဦးဆောင်ခေါ်သွားသည့်နောက်မှကပ်၍ လမ်းလျှောက်နေပြီး မြင်သမျှကို သေချာကြည့်နေမိသည် ။ မှန်များနှင့်အဓိက ဆောက်လုပ်ထားသည့် နှစ်ထပ်တိုက်က လင်းသန့်ထည်ဝါ၏ ချမ်းသာကြွယ်ဝမှုကို သက်သေပြနေ၏ ။ ရေကူးနေသည်ဟုဆိုသော်လည်း အိမ်၏ ရှေ့ဘက်တွင်တော့ ရေကူးကန်ရှိမနေချေ ။ လျှောက်နေရင်းနှင့် အိမ်၏နောက်ဘက်သို့ ရောက်လာသည့်အချိန်တွင် ရေသံအချို့ကို အရင်ကြားလိုက်ရသည် ။ ထို့နောက်တွင်တော့ ကြီးမားလှသည့် ရေကူးကန်ကိုပါတစ်ဆက်တည်း တွေ့လိုက်ရသည် ။ နေနိုင့်ကို ရေကူးကန်ဆီသို့ ခေါ်ဆောင်လာပေးသည့်လူကြီးက

" ခဏတော့စောင့်နေအုံးနော်...မောင်ရင် ၊ ဒါန့ဲ မောင်ရင့်နာမည်ကို ဘာလို့ပြောခ့ဲတာလဲ ၊ အသက်ကြီးတော့ မှတ်ဉာဏ်က သိပ်မကောင်းချင်တော့ဘူး "

စကားလည်းပြော ရယ်လည်းရယ်လိုက်သည့် လူကြီးကို နေနိုင် တစ်ချက်ကြည့်လိုက်ပြီး

" နေနိုင်ပါ "

" အင်း...အင်း ...နေနိုင် ၊  မတ်တတ််ရပ်နေရရင်ညောင်းနေလိမ့်မယ် ၊ ဟိုခုံတွေမှာ ထိုင်လို့ရတယ်နော် ၊ ဦးလေးက သားထည်ရေကူးပြီးရင် သောက်ဖို့ ဖျော်ရည်သွားယူရအုံးမှာ ၊ ထိုင်စောင့်နေလိုက်ပါလား "

ထိုလူကြီး လက်ညှိုးညွှန်ပြသည်က စီစီရီရီချထားသည့် သစ်သားကုလားထိုင် ငါးခုဆီသို့ပင် ။ နေနိုင် ခေါင်းခါလိုက်ပြီး

" ကျွန်တော် မတ်တတ်ရပ်ပြီးပဲ စောင့်နေပါမယ် "

ထိုလူကြီးက အိမ်ဘက်သို့ပြန်ထွက်သွားသည့်အခါ နေနိုင်နှင့် လင်းသန့်ထည်ဝါ နှစ်ယောက်သာ ကျန်နေခ့ဲတော့၏ ။ နေနိုင် ရေကူးကန်ထဲမှာ ရေကူးနေသည့် လင်းသန့်ထည်ဝါကို မမှိတ်မသုန်စိုက်ကြည့်နေမိသည် ။

အချိန်ခဏကြာတော့ အစောတုန်းက လူကြီးသည် အအေးခွက်တင်ထားသည့်လင်ပန်းကိုကိုင်၍ ရေကူးကန်ဆီသို့ လျှောက်လာ၏ ။
ထိုအချိန်မှာပဲ ရေကူးကန်ပေါ်သို့် တက်လာသည့် လင်းသန့်ထည်ဝါ ။ Boxer အနက်ရောင်ကိုဝတ်ထားသဖြင့် အသားက ပိုဖြူ နေသလို ထင်ရသည် ။ အဖြူရောင်ဆိုးဆေးက အခြားသူများဆိုးထားလျှင် လိုက်ဖက်ချင်မှ လိုက်ဖက်နိုင်သော်လည်း လင်းသန့်ထည်ဝါနှင့်တော့ တော်တော်လိုက်ဖက်လှ၏ ။ ဆံပင်ပိုရှည်လာတာပဲ ။လူမြင်ကွင်းမှ ပျောက်သွားသည့်လအနည်းငယ်အတွင်း  ပိုလည်းပိန်သွားသည် ။ ချပ်ရပ်ပိန်သွယ်ပြီး ရှည်လျားသောအရပ်ပိုင်ရှင်က နေနိုင်တို့ဆီကို တည့်တည့်မတ်မတ်လျှောက်လာပြီး ခုံပေါ်မှာ အဆင်သင့်တင်ထားသည့် တဘက်အဖြူ ရောင်အကြီးတစ်ထည်ကိုယူ၍ သူ့ခါးမှာပတ်လိုက်၏ ။ နောက်ပြီးတော့မှ သူရှေ့မှာ ရိုရိကျိုးကျိုးရပ်နေသည့်လူကြီးကို

" သူက ဘယ္သူလဲ... ဦးထွန်း "

" ဆရာမျိုး ပြောထားတ့ဲသူပါ သားထည် ၊ မောင်နေနိိုင်တ့ဲ "

" ဒရိုင်ဘာပေါ့ ၊ အိုကေလေ...ဦးထွန်းလုပ်စရာရှိတာ သွားလုပ်ပါ ၊
ကျွန်တော် သူ့ကို အင်တာဗျူ းလိုက်အုံးမယ် "

" ဦးထွန်း မီးဖိုဘက်မှာပဲ ရှိနေမယ်နော် ၊ သားထည် တစ်ခုခုလိုရင်
ဦးထွန်းကို လှမ်းခေါ်လိုက် "

လင်းသန့်ထည်ဝါ ခေါင်းသာ ညိတ်ပြလိုက်သည် ။ ဦးထွန်း ယူလာပေးသည့် အေအးကို ဖြည်းဖြည်းချင်းသောက်ပြီး ကျောက်ရုပ်က့ဲသို့ ထီးထီးကြီးရပ်နေသည့် နေနိုင်ဆိုသူကို တစ်ချက်ကြည့်လိုက်မိသည် ။ အကြည့်နှစ်ခုက စက္ကန့်ပိုင်းမျှ ဆုံသွား၏ ။ ထိုသူ၏ အကြည့်စူးစူးကြောင့် လင်းသန့်ထည်ဝါ အလိုမကျဖြစ်သွားမိပြီး ပုံဖော်ထားသက့ဲသို့ အချိုးကျလှသည့် မျက်ခုံးနက်နက်နှစ်ခုက ထိစပ်လုမတတ် နီးကပ်သွားသည် ။ ဘာလဲဟ... ဒီလူအကြည့်ကရဲလိုက်တာ ။ ဒါပေမ့ဲ အဲဒီလူရ့ဲအကြည့်က အဓိပ္ပါယ်ဖော်ဖို့ ခက်နေသလိုပဲ ။

ထိုအချိန်၌ အာရုံမစိုက်မိ၍ လင်းသန့်ထည်ဝါ အအေးသီးသွားပြီး ချောင်းတဟွတ်ဟွတ်ဆိုးသွားသည် ။ တော်တော်လေးချောင်းဆိုးလိုက်ရ၍ မျက်ရည်များပင်ထွက်လာ၏ ။ သို့ရာတွင် နေနိုင်ဆိုသူက ယခုထိကို မလှုပ်ရှားသေးချေ ။ ကိုယ့်အလုပ်ရှင်ဖြစ်လာမည့်သူကို အနည်းအကျဉ်းတော့ ဂရုစိုက်သင့်သည်လေ ။ အခုလိုမျိုး ဖြစ်ချင်ရာဖြစ်ဆိုပြီး မမြင်ဟန်ဆောင်နေတာကိုတော့ မျက်မုန်းကျိုးမိသွားပြီ ။ လင်းသန့်ထည်ဝါဆိုတာ အနားမှာရှိတ့ဲသူတိုင်းက ဖူးဖူးမှုတ် အလိုလိုက်ပြီး မျက်နှာမညိုရအောင် ဂရုစိုက်ခံရတ့ဲ လူသားတစ်ယောက်လေ ။

ခုံပေါ်မှာထိုင်ပြီး အသည်းအသန်ချောင်းဆိုးနေသည့် လင်းသန့်ထည်ဝါကို နေနိုင် ဤအတိုင်းသာ ကြည့်နေမိသည် ။  ဆံပင်များတွင် ခိုသီးနေသောရေများက ယခုထိကို ခန္ဓာကိုယ်ပေါ်
ကျနေဆဲပင် ။ ရေကူးထား၍ အနည်းငယ်နီနေသော မျက်ဝန်းတစ်စုံက  ချောင်းဆိုးလိုက်သောကြောင့် ပိုပြီးနီရဲသွားသည် ။ နီစွေးနေသော နှုတ်ခမ်းနုထွေးထွေးကလည်း သွားဖြူ ဖြူ နှင့်ဖိကိုက်ခံလိုက်ရ၍ ပိုပြီးနီရဲလာ၏ ။ နေနိုင်ကိုလှမ်းကြည့်လာသည့် အကြည့်များကလည်း သားရဲတစ်ကောင်က့ဲသို့ သွေးဆာနေသည် ။

ဖြူ သွယ်ရှည်လျားသည့်လက်ညိုှးကို နေနိုင်ဆီသို့ ဦးတည်ပြီး

" ခင်ဗျား လူတစ်ယောက်လုံး ဒီလောက်ချောင်းဆိုးနေတာကို တစ်ခုခုလုပ်ပေးဖို့ အစီအစဉ်မရှိဘူးလား ၊ ကိုယ္က ခင်ဗျားရ့ဲ အလုပ်ရှင်နော် "

ထိုသူ၏ တိတ်ဆိတ်နေခြင်းကြောင့် ပိုပိုပြီးစိတ်ဆိုးလာမိသည် ။တစ်ခုခုဆိုလျှင် ဒေါသမထိန်းနိုင်သည့်သူပီပီ ရုတ်တရက်ပင် ထိုလူရပ်နေသည့်နေရာဆီကို ရောက်ရှိသွားပြီး ထိုလူ၏ မျက်ဝန်းများကို တည့်တည့်စိုက်ကြည့်လိုက်ရင်း

" ခင်ဗျား... နားပင်းနေလား  ၊ နားကနှစ်ဖက်စလုံးကန်းနေတာလား ၊ ဒီလောက်ပြောနေတာကိုတောင် သေမလိုရပ်နေရလား ၊ ဦးမျိုးကလဲ ဘယ်လိုလူမျိုးကို လွှတ်လိုက်လဲမသိဘူး ၊ ဒီလောက်ပြောထားရက်န့ဲ ၊ ဒါလေးကိုတောင် အဆင်ပြေအောင်မစီစဉ်ပေးနိုင်ဘူး ၊အား...စိတ္တိုလိုက္တာကြာ ၊ စောစောစီးစီး အကုသိုလ်တွေပဲ ၊
ဒီမွာ ကိုယ် တစ်ခါတည်းပြောလိုက်မယ် ၊ ဒီလောက်လစာကောင်းတ့ဲ အလုပ်ကိုမြဲနေချင်ရင် ကိုယ်န့ဲ အဆင်ပြေအောင်နေမှ ရမွာ ၊ အခုလိုချေမိုးနေတ့ဲပုံစံန့ဲဆိုရင်တော့ လာရာလမ်းက ပြန်လှည့်ပြီး...
ဒိုးလိုက်တော့ "

ဒေါသအပြည့်နှင့်စကားပြောနေခြင်းကြောင့် လင်းသန့်ထည်ဝါ၏ ဆံပင်မှ ရေအချို့က နေနိုင့်ကိုယ်လုံးကို လာစင်သည် ။ ခန္ဓာကိုယ်နှစ်ခုက နီးကပ်လွန်းနေ၍ လင်းသန့်ထည်ဝါ၏ ဘယ်ဘက်ပါးပြင်ပေါ်တွင် ရှိနေသည့် မ့ှဲနက်သုံးလုံးကိုပါ ထင်ထင်ရှားရှားမြင်နေရသည် ။ အသားဖြူ လွန်းသဖြင့် ထိုမ့ှဲနက်များက ပိုပြီးထင်ရှားနေ၏ ။

နေနိုင် လက္သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး

" ကျွန်တော် ဆင်ခြင်ပါ့မယ်... ကိုလင်းသန့်ထည်ဝါ ၊ ကျွန်တော်က
လူမှုဆက်ဆံရေးညံ့လို့ပါ ၊ နောက်တစ်ခါ ကိုလင်းသန့်ထည်ဝါ စိတ်အနှောင့်အယှက်ဖြစ်မ့ဲကိစ္စတွေ ထပ်မဖြစ်စေရပါဘူး ၊ ကျွန်တော်ကတိပေးပါတယ် "

နေနိုင် ထိုသို့ပြောလိုက်မှသာ ကျေနပ်သွားဟန်ရပြီး

" ကိုယ့်ဆီမှာ အလုပ်လုပ်လို့ ခင်ဗျား မနစ်နာစေရပါဘူး ၊ ကိုယ့်အပေါ်ကိုသာ သစ္စာရှိရှိ အလုပ်လုပ်ပေး ၊ လစာအပြင် အပိုဘောက်ဆူးပါ ကိုယ်ပေးမယ် "

ဟုတ်တာပေါ့ ။ လင်းသန့်ထည်ဝါက အရာရာကို ပိုက်ဆံန့ဲပဲ ဖြေရှင်းတတ်တ့ဲ လူတစ်ယောက်လေ ။ ဘယ်လိုအရာမျိုးကို လင်းသန့်ထည်ဝါ လုပ်လိုက်သည်ဖြစ်ပါစေ နောက်ကနေ လိုက်ပြီးဖြေရှင်းပေးမည့် လူအား ၊ ငွေအားက လင်းသန့်ထည်ဝါတွင် အပြည့်ပေ ။

အရပ်ချင်း မတိမ်းမယိမ်းဖြစ်သော်လည်း ကိုယ်လုံးချင်းကတော့ ကြာဟလွ၏ ။ လင်းသန့်ထည်ဝါက ဖယောင်းရုပ်လေးက့ဲသို့ ပျော့ပြောင်းလှသည့်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး နေနိုင်ကတော့ တောင့်တင်းသန်မာသည့်ကိုယ်လုံးမျိုးကို ပိုင်ဆိုင်သည် ။

လင်းသန့်ထည်ဝါက နေနိုင်၏ပခုံးကို တစ်ချက်ပုတ်လိုက်ပြီး

" ကိုယ် ဦးထွန်းကို လွှတ်လိုက်မယ် ၊ ခင်ဗျားနေရမ့ဲနေရာကို သူပြပေးလိမ့်မယ် ၊ ကိုယ္က ပျမ်းမျှ မနက်ဆယ်နာရီလောက်မှ နိုးတတ်တယ် ၊ အဲဒီအချိန်လောက် ခင်ဗျားပါ နိုးနေရင်ရပြီ ၊ မနက်ဖြန်ကစပြီး ခင်ဗျား အလုပ်ဝင်ပေါ့ ၊ လိုအပ်တာတွေတော့ နောက်မှ ကိုယ်ပြောပြမယ် "

ကျောခိုင်းလှည့်ထွက်သွားသည့် လင်းသန့်ထည်ဝါ ။ ထိုအခါမွသာ နေနိုင် ကိုယ့်ပခုံးကို လက်နှင့် အကြမ်းပတမ်းသုတ်လိုက်မိသည် ။ မကြိုက်ဘူး ။ လုံးဝမကြိုက်ဘူး ။

လင်းသန့်ထည်ဝါက သူ့ကို အခုလိုမျိုး ထိကိုင်လိုက်တာကိုလဲ မကြိုက် ။

ထိုကောင်လေး၏ အငွေ့အသက်များရနေသည်ကိုလည်း ဘယ္လိုမွ သဘောမတွေ့ချေ ။

ခက်ခဲလှ၏ ။

Continue Reading

You'll Also Like

400K 9.7K 84
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
116K 4.7K 57
❤ဆူးခင်းလမ်းတွေဖြစ်နေပါစေ အချစ်စစ်မှန်ရင်တည်မြဲပါတယ်❤
228K 24.4K 56
သီချင်းတစ်ပုဒ်အတွက် ဘယ်အရာ​တွေ ​ပေါင်းစပ်ကာမှ ပြည့်စုံသလဲ...။ ကျွန်​တော့်အတွက် အစ်ကိုဟာ ပြည့်စုံခြင်းတစ်ခုပဲ...။ သီခ်င္းတစ္ပုဒ္အတြက္ ဘယ္အရာ​ေတြ ​ေပါင...
310K 7.5K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်