မောင့်မူပိုင် (Completed)

By TommyBell92

2.4M 179K 5.4K

Marriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပု... More

Part 1*
Part 2*
Part 3*
Part 4*
Part 5*
Part 6*
Part 7*
Part 8*
Part 9*
Part 10*
Part 11*
Part 12*
Part 13*
Author Note💛
Part 14*
Part 15*
Part 16*
Part 17*
Part 18*
Part 19*
Part 20*
Part 21*
Part 22*
Part 23*
Part 24*
Part 25*
Part 26*
Part 27*
Part 28*
Part 29*
Part 30*
Part 31*
Part 32*
Part 33*
Part 34*
Part 35*
Part 37*
Part 38*
Part 39* ( Final)
ကျေးဇူးတင်လွှာ*
Extra*
Extra**
Extra***
Dear Readers❤
New Fic*
Extra****
Chibi❤
စျေးဗန်း
Extra*****
Extra******
Full Moon Day *
Must Read*
Notice!
Book!
Book Detail!!!!
Book Preorder!!!

Part 36*

37.9K 2.8K 39
By TommyBell92

" မောင့်ကို လွမ်းတယ် "

စကားကလေးက ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် သီဟရင်ထဲဝယ် ဗြောင်းဆန်သွားသည်။ ချစ်တယ်၊လွမ်းတယ်ဆိုတဲ့စကားကို လွယ်လွယ်မပြောတတ်တဲ့သူက အခုတော့ လွမ်းသည်တဲ့။ မျက်ရည်ကျခဲတဲ့သူကလွမ်းလို့ဆိုကာမျက်ရည်ကျနေပြန်သည်။

ရူးအောင်များပြုစားနေသလားချစ်ရသူ။

" သဲငယ်ကွာ! "

" ငါ့ကိုရော လွမ်းရဲ့လား "

" ဘယ်လိုများမေးလိုက်တာလဲ၊ ဒီကောင်ကသေမတတ်လွမ်းနေရတာ၊ အချစ်ရဲ့ မောင်ဆိုတဲ့ခေါ်သံကြောင့်မလာအောင်ထိန်းချုပ်ထားရတာ "

" ငါ ငါဘာဖြစ်မှန်းမသိဘူး၊ ငါ မောင့်ကိုလွမ်းတယ် "

" မငိုပါနဲ့ဗျာ၊ အရမ်းများပင်ပန်းနေလား၊ မောင်ဆက်လုပ်လိုက်ရမလား "

" ဟင့်အင်း ငါ့ဘာသာငါအဆုံးသတ်လိုက်မယ်"

" ဟိုကိစကိုခေါင်းထဲကထုတ်လိုက်တော့နော်၊ မောင်ရှင်းပေးမယ်"

" အင်း "

မျက်နှာလေးငယ်ကာ မြင်ရသည်မို့ ပြေးကာသွားတွေ့ချင်မိသည်။ မျက်နှာထက်ကမျက်ရည်တွေကိုလည်း ကိုယ်တိုင်ဖယ်ရှားပေးချင်မိသည်။ ချစ်ရသူရဲ့မျက်ရည်အား ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ်မမြင်လိုပါ။

" နားဉီးလေ ပင်ပန်းလာတယ်မလား "

" မောင် အိပ်ချင်လို့လား "

" မဟုတ်ပါဘူး သဲငယ်ပင်ပန်းနေတယ်ထင်လို့၊ မောင်စောင့်ဆိုစောင့်ပေးမယ်လေ "

" အင်း စောင့်ပေး"

ထိုစကားကြောင့် သီဟ အသည်းယားလာသည်။ ခွဲနေရတဲ့အချိန်လေးမှာ ချစ်ရသူစီက မကြားဖူးတာတွေကြားနေရသည်။

" မောင်! "

" ဗျာ "

" မောင် ငါ့ကို လှောင်နေတာမလား "

" ဟောဗျာ မလှောင်ရပါဘူး၊ "

" အဲ့တာဆို ဘာလို့ပြုံးနေတာလဲ "

" သဲငယ်ကိုချစ်လို့ "

" ဟမ် ဘာဆိုင်လို့"

" အချစ်တွေကြောင့် ပြုံးမိတာပေါ့ဗျာ၊ သဲငယ်သိလား မောင်ကလေ အရင်ကလူဆိုးလူကြမ်းပေါ့၊ ဒါပေမယ့် သဲငယ်နဲ့တွေ့ရပြီးနောက်ပိုင်း မောင်လူဆိုးလူကြမ်းလုပ်ရတယ်ထက် သဲငယ်ကိုသဘောကျရတဲ့အလုပ်ကို ပိုပြီးသဘောကျတယ်"

" မောင်! "

" မောင် တကယ်ပြောတာ၊ သဲငယ်ကိုပြောတဲ့စကားတွေကလည်း မောင့်နှလုံးသားကတိုက်ရိုက်လာတဲ့စကားတွေပဲ၊ "

" ဒါဆို ငါပဲလူဆိုးဖြစ်နေတာပဲ "

" ဘယ်သူပြောလဲ လူဆိုးလို့၊ အချစ်ဆိုးရင် မောင်လည်းလိုက်ဆိုးမှာပေါ့၊ အချစ်ကလူဆိုးမဟုတ်ပါဘူးကွာ၊ မောင့်ရဲ့ခင်ပွန်း"

" မောင် မပြောရဲတဲ့စကားကိုမရှိဘူးနော်"

" မပြောရဲစရာစကားဆိုတာရှိမလားကွာ သဲငယ်ကြောင့်ဖြစ်တည်လာတဲ့ကိုယ်ပိုင်စကားတွေကို "

" ............."

" နေ့လည်စာစားတော့လေ အဆာလွန်နေမယ် "

" စားမယ် ရှိုင်းသန့်ပြင်ပေးနေတယ် "

" .............. "

" မောင် "

" ဗျာ့ "

" ........... "

" ပြောလေ သဲငယ် "

" ဘာမှမဟုတ်ဘူး "

" ဘာမှမဟုတ်ရင်လည်း ပြီးရော "

အမှတ်တကယ်တော့ သီဟစီမှာ (ဗျာ) ဆိုတဲ့ထူးသံကိုကြားချင်၍ခေါ်လိုက်ခြင်းဖြစ်သည်။ သိူ့သော်လည်းပွင့်ပွင့်လင်းလင်းမပြောပြချင်ပါ။ ပြောလိုက်ရင်မောင်က စပေဉီးမည်။

" မောင် မအိပ်တော့ဘူးလား "

" မအိပ်တော့ပါဘူး ခနနေရင်ပဲ ၆နာရီထိုးတော့မှာ "

" အချိန်တွေကအဲ့လောက်တောင်ဖြစ်သွားပြီလား "

" ဟုတ်တယ်၊ စားစား သဲငယ် "

" မောင်လည်း လုပ်စရာရှိတာလုပ်လေ၊ ငါဖုန်းချလိုက်တော့မယ် "

" သဲငယ်သဘောပါဗျာ၊ ချစ်တယ် "

..............................

အလုပ်ရဲ့ဖိအားကတစ်မျိုး ချစ်ရသူကပေးတဲ့ပြသနာကတစ်မျိုးနဲ့ ထွဋ်ခေါင် ဒေါသတွေထွက်နေမိသည်။ မနက်က ဖုန်းပြောပြီးကတည်းက အခုချိန်ထိဆက်သွယ်၍မရသေးပေ။

မင်းဝေအား ဆက်သွယ်ကြည့်တော့လည်းမရသည်မို့ ပို၍ပင်စိတ်တိုမိသည်။ မိဘအိမ်ကိုလည်းဖုန်းဆက်ပြီးအပူတွေမပေးချင်။

" သခင်လေး Meeting "

ဘာမှပြန်မဖြေပဲ မျက်မှောင်ကျုံ့ကာ ထိုင်နေရာမှထလာသူအား ရှိုင်းသန့်ဘာမှမပြောရဲပေ။ ခြေလှမ်းကျဲကြီးများဖြင့်ထွက်သွားသူနောက်အပြေးလိုက်ရသည်။

* Boss တော့ မိုးကြိုးအပစ်ခံရတော့မှာပဲ*

Meeting လုပ်တော့လည်း အဆင်မပြေမှုများနဲ့သာပြီးသွား၍ပို၍စိတ်ပင်ပန်းမိသည်။

" ငါ နားပြီ ဘာမှလာမပြောနဲ့တော့ " ဆိုကာ ရှိုင်းသန့်အားပြောပြီး အခန်းတံခါးကိုပိတ်ကာ အိပ်ရာပေါ်လှဲချလိုက်သည်။ ဒေါသတွေကြောင့် စိတ်ကမပြေနိုင်သေးပေ။

.......................

ထွဋ်ခေါင် ပါးပေါ်တွင်လေးလံမှုတစ်ခုကိုခံစားရတာကြောင့် နိုးလာသည်။ မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကာကြည့်မိတော့

" မောင်! "

" နိုးသွားတာလား Sorry မောင်က နမ်းချင်လာလို့ "

" ဖယ်စမ်း မင်း! "

သီဟအား အတင်းတွန်းထုတ်ကာ နှင်လွှတ်နေသည်မို့အနည်းငယ်ကြောင်သွားသည်။

" သဲငယ် ဘာဖြစ်လို့လဲ၊ မောင်ဘာလုပ်မိလို့လဲ "

" အခုမှ ဘာမှလာမပြောနဲ့၊ ငါဖုန်းခေါ်နေတာ မင်းမကိုင်ဘူးလေ၊ ငါဘယ်လောက်စိတ်ပူသွားရလဲ မင်းမသိဘူးမလား! "

ဒီကိုလာဖို့အမြန်စီစဉ်လိုက်ရသည်မို့ ဘာမှမပြောဖြစ်။ အံ့သြသွားအောင်လုပ်လိုက်ပေမယ့် ချစ်ရသူကစိတ်ဆိုးနေချေသည်။

" အချစ်ကို အံ့သြစေချင်လို့ပါကွာ၊ စိတ်ပူစေမိလို့တောင်းပန်ပါတယ်၊ စိတ်မဆိုးနဲ့တော့နော် "

" ငါ့ကို မထိနဲ့ သီဟမင်းထင်!"

" အားးးးး ဒီအသံလေးမကြားရတာဘယ်လောက်ကြာပြီလဲ "

" မင်း...မင်းက "

" စိတ်မဆိုးပါနဲ့တော့ကွာ၊ မောင် ပင်ပန်းလာတာနော် "

" ငါ့အပူလား၊ ငါပင်ပန်းတာမှမဟုတ်တာ!"

" အချစ်ကကွာ မောင့်ကိုချစ်ရဲ့သားနဲ့ "

" မချစ်ဘူး! "

" ချစ်တယ်တော့လုပ်၊ အခုမှပဲ အလွမ်းပြေတော့တယ်ကွာ "

" အရူးကောင်! ကျက်သရေတုံးတဲ့ကောင်! "

" နာမည်တွေပါအသစ်တိုးလာပါလား "

" ............... "

" မျက်ခုံးတွေမတွန့်ထားနဲ့၊ သဲငယ်နဲ့မလိုက်ဘူး၊ မောင်နှိပ်ပေးမယ်"

" မထိနဲ့...အွန့် "

စိတ်ဆိုးနေတဲ့သူအား ပို၍ပင်အသည်းယားမိလာတာမို့ သီဟ ထွဋ်ခေါင်ရဲ့နှုတ်ခမ်းအား ချိတ်ပိတ်မိတော့သည်။

အလွမ်းဓာတ်တွေကြောင့် မလွှတ်ပေးမိသည်က ခံစားချက်တစ်ခုကို ဖြစ်ထွန်းစေသည်။

" မောင်~ "

မောဟိုက်နေခြင်းကို လျစ်လျူရှုကာ တိုးညှင်းသောလေသံလေးကြောင့် ကြက်သီးများပင်ထလာ၏။

" ငါ...ငါတို့ "

" အချစ် အဆင်သင့်မဖြစ်သေးရင် ရတယ်"

" ............ "

" ချစ်လို့နမ်းတာ"

" ငါ....ငါ အဆင်သင့်ဖြစ်တယ်"

" ဟမ်....သဲငယ်! "

" ငါ..ငါ့ကို အဲ့...လိုမကြည့်နဲ့ "

" အချစ်ဉီးဆောင်မလား! "

" မ...မသိဘူး! "

" မောင့်ကိုကြည့်၊ အချစ်ရဲ့သဘောအတိုင်းမောင်လိုက်လျောပေးမှာမို့..... "

စကားကိုဆုံးအောင်နားမထောင်ပဲ နှုတ်ခမ်းအား ထပ်တူကျအောင် လာနမ်းပြန်၏။ ပြီးနောက် နှစ်လိုဖွယ်အပြုံးတစ်ခုကိုပြုံးပြလာသည်။

* မောင့်မူပိုင်လေးက သိပ်အသည်းယားဖို့ကောင်းတာ*

.......................

Update က Part 35 နဲ့ 36 ပါ။ တပိုင်းတည်းဖတ်မိမှာစိုးလို့သတိပေးတာပါရှင့်။ စိတ်အနည်းငယ်အပန်းပြေသွားရင်ပဲရပါပြီ💛

~~~~~~~~~~~

Zawgyi!!!!

" ေမာင့္ကို လြမ္းတယ္ "

စကားကေလးက ဘာမွမဟုတ္ဘူးလို႔ထင္ရေပမယ့္ သီဟရင္ထဲဝယ္ ေျဗာင္းဆန္သြားသည္။ ခ်စ္တယ္၊လြမ္းတယ္ဆိုတဲ့စကားကို လြယ္လြယ္မေျပာတတ္တဲ့သူက အခုေတာ့ လြမ္းသည္တဲ့။ မ်က္ရည္က်ခဲတဲ့သူကလြမ္းလို႔ဆိုကာမ်က္ရည္က်ေနျပန္သည္။

႐ူးေအာင္မ်ားျပဳစားေနသလားခ်စ္ရသူ။

" သဲငယ္ကြာ! "

" ငါ့ကိုေရာ လြမ္းရဲ႕လား "

" ဘယ္လိုမ်ားေမးလိုက္တာလဲ၊ ဒီေကာင္ကေသမတတ္လြမ္းေနရတာ၊ အခ်စ္ရဲ႕ ေမာင္ဆိုတဲ့ေခၚသံေၾကာင့္မလာေအာင္ထိန္းခ်ဳပ္ထားရတာ "

" ငါ ငါဘာျဖစ္မွန္းမသိဘူး၊ ငါ ေမာင့္ကိုလြမ္းတယ္ "

" မငိုပါနဲ႕ဗ်ာ၊ အရမ္းမ်ားပင္ပန္းေနလား၊ ေမာင္ဆက္လုပ္လိုက္ရမလား "

" ဟင့္အင္း ငါ့ဘာသာငါအဆုံးသတ္လိုက္မယ္"

" ဟိုကိစကိုေခါင္းထဲကထုတ္လိုက္ေတာ့ေနာ္၊ ေမာင္ရွင္းေပးမယ္"

" အင္း "

မ်က္ႏွာေလးငယ္ကာ ျမင္ရသည္မို႔ ေျပးကာသြားေတြ႕ခ်င္မိသည္။ မ်က္ႏွာထက္ကမ်က္ရည္ေတြကိုလည္း ကိုယ္တိုင္ဖယ္ရွားေပးခ်င္မိသည္။ ခ်စ္ရသူရဲ႕မ်က္ရည္အား ဘယ္အေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္မျမင္လိုပါ။

" နားဉီးေလ ပင္ပန္းလာတယ္မလား "

" ေမာင္ အိပ္ခ်င္လို႔လား "

" မဟုတ္ပါဘူး သဲငယ္ပင္ပန္းေနတယ္ထင္လို႔၊ ေမာင္ေစာင့္ဆိုေစာင့္ေပးမယ္ေလ "

" အင္း ေစာင့္ေပး"

ထိုစကားေၾကာင့္ သီဟ အသည္းယားလာသည္။ ခြဲေနရတဲ့အခ်ိန္ေလးမွာ ခ်စ္ရသူစီက မၾကားဖူးတာေတြၾကားေနရသည္။

" ေမာင္! "

" ဗ်ာ "

" ေမာင္ ငါ့ကို ေလွာင္ေနတာမလား "

" ေဟာဗ်ာ မေလွာင္ရပါဘူး၊ "

" အဲ့တာဆို ဘာလို႔ၿပဳံးေနတာလဲ "

" သဲငယ္ကိုခ်စ္လို႔ "

" ဟမ္ ဘာဆိုင္လို႔"

" အခ်စ္ေတြေၾကာင့္ ၿပဳံးမိတာေပါ့ဗ်ာ၊ သဲငယ္သိလား ေမာင္ကေလ အရင္ကလူဆိုးလူၾကမ္းေပါ့၊ ဒါေပမယ့္ သဲငယ္နဲ႕ေတြ႕ရၿပီးေနာက္ပိုင္း ေမာင္လူဆိုးလူၾကမ္းလုပ္ရတယ္ထက္ သဲငယ္ကိုသေဘာက်ရတဲ့အလုပ္ကို ပိုၿပီးသေဘာက်တယ္"

" ေမာင္! "

" ေမာင္ တကယ္ေျပာတာ၊ သဲငယ္ကိုေျပာတဲ့စကားေတြကလည္း ေမာင့္ႏွလုံးသားကတိုက္ရိုက္လာတဲ့စကားေတြပဲ၊ "

" ဒါဆို ငါပဲလူဆိုးျဖစ္ေနတာပဲ "

" ဘယ္သူေျပာလဲ လူဆိုးလို႔၊ အခ်စ္ဆိုးရင္ ေမာင္လည္းလိုက္ဆိုးမွာေပါ့၊ အခ်စ္ကလူဆိုးမဟုတ္ပါဘူးကြာ၊ ေမာင့္ရဲ႕ခင္ပြန္း"

" ေမာင္ မေျပာရဲတဲ့စကားကိုမရွိဘူးေနာ္"

" မေျပာရဲစရာစကားဆိုတာရွိမလားကြာ သဲငယ္ေၾကာင့္ျဖစ္တည္လာတဲ့ကိုယ္ပိုင္စကားေတြကို "

" ............."

" ေန႕လည္စာစားေတာ့ေလ အဆာလြန္ေနမယ္ "

" စားမယ္ ရွိုင္းသန့္ျပင္ေပးေနတယ္ "

" .............. "

" ေမာင္ "

" ဗ်ာ့ "

" ........... "

" ေျပာေလ သဲငယ္ "

" ဘာမွမဟုတ္ဘူး "

" ဘာမွမဟုတ္ရင္လည္း ၿပီးေရာ "

အမွတ္တကယ္ေတာ့ သီဟစီမွာ (ဗ်ာ) ဆိုတဲ့ထူးသံကိုၾကားခ်င္၍ေခၚလိုက္ျခင္းျဖစ္သည္။ သိူ႕ေသာ္လည္းပြင့္ပြင့္လင္းလင္းမေျပာျပခ်င္ပါ။ ေျပာလိုက္ရင္ေမာင္က စေပဉီးမည္။

" ေမာင္ မအိပ္ေတာ့ဘူးလား "

" မအိပ္ေတာ့ပါဘူး ခနေနရင္ပဲ ၆နာရီထိုးေတာ့မွာ "

" အခ်ိန္ေတြကအဲ့ေလာက္ေတာင္ျဖစ္သြားၿပီလား "

" ဟုတ္တယ္၊ စားစား သဲငယ္ "

" ေမာင္လည္း လုပ္စရာရွိတာလုပ္ေလ၊ ငါဖုန္းခ်လိဳက္ေတာ့မယ္ "

" သဲငယ္သေဘာပါဗ်ာ၊ ခ်စ္တယ္ "

..............................

အလုပ္ရဲ႕ဖိအားကတစ္မ်ိဳး ခ်စ္ရသူကေပးတဲ့ျပသနာကတစ္မ်ိဳးနဲ႕ ထြဋ္ေခါင္ ေဒါသေတြထြက္ေနမိသည္။ မနက္က ဖုန္းေျပာၿပီးကတည္းက အခုခ်ိန္ထိဆက္သြယ္၍မရေသးေပ။

မင္းေဝအား ဆက္သြယ္ၾကည့္ေတာ့လည္းမရသည္မို႔ ပို၍ပင္စိတ္တိုမိသည္။ မိဘအိမ္ကိုလည္းဖုန္းဆက္ၿပီးအပူေတြမေပးခ်င္။

" သခင္ေလး Meeting "

ဘာမွျပန္မေျဖပဲ မ်က္ေမွာင္က်ဳံ႕ကာ ထိုင္ေနရာမွထလာသူအား ရွိုင္းသန့္ဘာမွမေျပာရဲေပ။ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ထြက္သြားသူေနာက္အေျပးလိုက္ရသည္။

* Boss ေတာ့ မိုးႀကိဳးအပစ္ခံရေတာ့မွာပဲ*

Meeting လုပ္ေတာ့လည္း အဆင္မေျပမႈမ်ားနဲ႕သာၿပီးသြား၍ပို၍စိတ္ပင္ပန္းမိသည္။

" ငါ နားၿပီ ဘာမွလာမေျပာနဲ႕ေတာ့ " ဆိုကာ ရွိုင္းသန့္အားေျပာၿပီး အခန္းတံခါးကိုပိတ္ကာ အိပ္ရာေပၚလွဲခ်လိဳက္သည္။ ေဒါသေတြေၾကာင့္ စိတ္ကမေျပနိုင္ေသးေပ။

.......................

ထြဋ္ေခါင္ ပါးေပၚတြင္ေလးလံမႈတစ္ခုကိုခံစားရတာေၾကာင့္ နိုးလာသည္။ မ်က္လုံးကိုျဖည္းျဖည္းခ်င္းဖြင့္ကာၾကည့္မိေတာ့

" ေမာင္! "

" နိုးသြားတာလား Sorry ေမာင္က နမ္းခ်င္လာလို႔ "

" ဖယ္စမ္း မင္း! "

သီဟအား အတင္းတြန္းထုတ္ကာ ႏွင္လႊတ္ေနသည္မို႔အနည္းငယ္ေၾကာင္သြားသည္။

" သဲငယ္ ဘာျဖစ္လို႔လဲ၊ ေမာင္ဘာလုပ္မိလို႔လဲ "

" အခုမွ ဘာမွလာမေျပာနဲ႕၊ ငါဖုန္းေခၚေနတာ မင္းမကိုင္ဘူးေလ၊ ငါဘယ္ေလာက္စိတ္ပူသြားရလဲ မင္းမသိဘူးမလား! "

ဒီကိုလာဖို႔အျမန္စီစဥ္လိုက္ရသည္မို႔ ဘာမွမေျပာျဖစ္။ အံ့ၾသသြားေအာင္လုပ္လိုက္ေပမယ့္ ခ်စ္ရသူကစိတ္ဆိုးေနေခ်သည္။

" အခ်စ္ကို အံ့ၾသေစခ်င္လို႔ပါကြာ၊ စိတ္ပူေစမိလို႔ေတာင္းပန္ပါတယ္၊ စိတ္မဆိုးနဲ႕ေတာ့ေနာ္ "

" ငါ့ကို မထိနဲ႕ သီဟမင္းထင္!"

" အားးးးး ဒီအသံေလးမၾကားရတာဘယ္ေလာက္ၾကာၿပီလဲ "

" မင္း...မင္းက "

" စိတ္မဆိုးပါနဲ႕ေတာ့ကြာ၊ ေမာင္ ပင္ပန္းလာတာေနာ္ "

" ငါ့အပူလား၊ ငါပင္ပန္းတာမွမဟုတ္တာ!"

" အခ်စ္ကကြာ ေမာင့္ကိုခ်စ္ရဲ႕သားနဲ႕ "

" မခ်စ္ဘူး! "

" ခ်စ္တယ္ေတာ့လုပ္၊ အခုမွပဲ အလြမ္းေျပေတာ့တယ္ကြာ "

" အ႐ူးေကာင္! က်က္သေရတုံးတဲ့ေကာင္! "

" နာမည္ေတြပါအသစ္တိုးလာပါလား "

" ............... "

" မ်က္ခုံးေတြမတြန့္ထားနဲ႕၊ သဲငယ္နဲ႕မလိုက္ဘူး၊ ေမာင္ႏွိပ္ေပးမယ္"

" မထိနဲ႕...အြန့္ "

စိတ္ဆိုးေနတဲ့သူအား ပို၍ပင္အသည္းယားမိလာတာမို႔ သီဟ ထြဋ္ေခါင္ရဲ႕ႏႈတ္ခမ္းအား ခ်ိတ္ပိတ္မိေတာ့သည္။

အလြမ္းဓာတ္ေတြေၾကာင့္ မလႊတ္ေပးမိသည္က ခံစားခ်က္တစ္ခုကို ျဖစ္ထြန္းေစသည္။

" ေမာင္~ "

ေမာဟိုက္ေနျခင္းကို လ်စ္လ်ဴရႈကာ တိုးညွင္းေသာေလသံေလးေၾကာင့္ ၾကက္သီးမ်ားပင္ထလာ၏။

" ငါ...ငါတို႔ "

" အခ်စ္ အဆင္သင့္မျဖစ္ေသးရင္ ရတယ္"

" ............ "

" ခ်စ္လို႔နမ္းတာ"

" ငါ....ငါ အဆင္သင့္ျဖစ္တယ္"

" ဟမ္....သဲငယ္! "

" ငါ..ငါ့ကို အဲ့...လိုမၾကည့္နဲ႕ "

" အခ်စ္ဉီးေဆာင္မလား! "

" မ...မသိဘူး! "

" ေမာင့္ကိုၾကည့္၊ အခ်စ္ရဲ႕သေဘာအတိုင္းေမာင္လိုက္ေလ်ာေပးမွာမို႔..... "

စကားကိုဆုံးေအာင္နားမေထာင္ပဲ ႏႈတ္ခမ္းအား ထပ္တူက်ေအာင္ လာနမ္းျပန္၏။ ၿပီးေနာက္ ႏွစ္လိုဖြယ္အၿပဳံးတစ္ခုကိုၿပဳံးျပလာသည္။

* ေမာင့္မူပိုင္ေလးက သိပ္အသည္းယားဖို႔ေကာင္းတာ*

.......................

Update က Part 35 နဲ႕ 36 ပါ။ တပိုင္းတည္းဖတ္မိမွာစိုးလို႔သတိေပးတာပါရွင့္။ စိတ္အနည္းငယ္အပန္းေျပသြားရင္ပဲရပါၿပီ💛

~~~~~~~~~~~

Continue Reading

You'll Also Like

1.1M 48.5K 60
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
197K 14.3K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
1.5M 104K 41
ချစ်ခင်မြတ်နိုး အားကိုးရတဲ့... ချစ်သူစကား တန်ဖိုးထားပါ့မယ်.. အဆိုးအကောင်း အကျိုးအကြောင်း.. ပိုင်းခြားဆုံးဖြတ် ဝေဖန်တတ်အောင်.. လမ်းပြဆောင်တဲ့ မင်း...
48.5K 1.1K 1
A tragic love story during Spring Revolution of Burma. "ဒီမိုကရေစီ ပြန်ရရင် မင်း ဘာလုပ်မလဲ...ကောင်လေး..." "အကို့ကို တင်းတင်းကြပ်ကြပ် ဖက်ထားဖြစ်မယ်...