[Unicode]
အခန်း(၉၆):တကယ် ဒေါသထွက်နေတယ်နှင့် ထွက်ပေါ်လာသည့် အကြံတစ်ခု
အထပ်မြင့်ကွန်ဒိုတစ်ခုတွင် ထန်ရှောင်းယွီသည် မိုင်ခယ့်ရဲ့လက်ထဲက ဆေးကိုယူပြီး သောက်ချလိုက်သည်။သူ အချိန်ကို လှမ်းကြည့်လိုက်ပြန်သည်။
"ဝမ်းကွဲအကိုက အခုပဲ ဖုန်းဆက်တယ်။ မြန်မြန်ပြန်လာခဲ့မယ်လို့ ပြောတယ်” မိုင်ခယ့်က သူ့ကို နှစ်သိမ့်ပေးရင်း “ဒီကိစ္စက ဒီလောက် ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့တာကြောင့် ထုံးစံအတိုင်း ညလုံးပေါက် သတင်းထောက်တွေက သူ့ကို အင်တာဗျူးတာတွေ ရှိမှာပဲ။မင်းအရမ်းစိတ်မပူနဲ့"
"ဒီလောက် ရုန်းရင်းဆန်ခတ်ဖြစ်ရတာ သူ့အတွက် မကောင်းဘူးမလား?" ထန်ရှောင်းယွီသည် အလွန်စိုးရိမ်မိသွားသည်။
“မဟုတ်ဘူး။ အဲဒါအတွက် ဆင်ခြေတွေ အများကြီးရှိပါတယ်။” မိုင်ခယ့်က သူ့အတွက် ခေါင်းအုံးလေးချ ပေးလိုက်ပြီး “ခဏနားလိုက်ဦး။မီဒီယာနဲ့ ညှိနှုန်းဖို့ ဖုန်း ကိုင်လိုက်ဦးမယ်”
ထန်ရှောင်းယွီသည် ခေါင်းညိတ်ပြလျက် အိပ်ခန်းထဲကနေ မိုင်ခယ့်ထွက်သွားတာကိုကြည့်နေလိုက်သည်။
သူ့ခါးက ဓားဒဏ်ရာက နာနေသေးပေမယ့် အဲဒီအချိန်တုန်းက ဒီအကြောင်းတွေကို သိပ်ပြီး မစဉ်းစားမိပေ။
ဒီတစ်ခါက သူ... သေတောင်သေသွားလိမ့်မယ်။
ထန်ရှောင်းယွီသည် စိတ်ဓာတ်ကျသွားပြီး ခေါင်းကို စောင်ထဲမှာ နှစ်မြှုပ်လိုက်သည်။
“ဟုတ်တာပေါ့!ဟုတ်တာပေါ့!သေချာတာပေါ့ဗျာ!ကျွန်တော်တို့က လူစုလူဝေးနဲ့ လေ့ကျင့်ခန်းလုပ်ဖို့ကို မြှင့်တင်ပေးဖို့ ကြိုးစားနေတာပါ” မိုင်ခယ့်သည် ဧည့်ခန်းထဲကနေ ဖုန်းကို ပြန်ဖြေပေးနေသည်။ “အခုလောလောဆယ်မှာတော့ ကျန်းမာရေးအဖွဲ့ခွဲတွေက ကော်လံဖြူ အလုပ်သမားတွေကနေ ကျောင်းသားတွေဆီ ဖြန့်ပေးပါတယ်။နေရောင်ခြည်လိုတောက်ပပြီး ကျန်းမာသန်စွမ်းတဲ့ Idol တစ်ယောက်အနေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေတဲ့ လေ့ကျင့်ခန်းတွေကို ခံစားခွင့်ပြုဖို့ တာဝန်ရှိပါတယ်... အဖိုးအခ?မင်းအရမ်းအတွေးလွန်နေပြီ။ ဒီကနေ စီးပွားရေးအတွက် တစ်စုံတစ်ရာမှအမြတ်မရရှိခဲ့ဘူးလို့ ကျွန်တော်တို့အာမခံပါတယ်။ဒါက အားကစားထုတ်ကုန်အတွက် ကြော်ငြာတစ်ခုမဟုတ်ပါဘူးဗျာ။”
ချိုးကျီယန်သည် မိုင်ခယ့်ကို ရွံရှာစွာ ကြည့်ရင်း သူ့ဖိနပ်ကို ပြောင်းစီးနေသည်။
မစ္စတာမန်နေဂျာသည် ထိုအကြည့်ကြောင့် အလွန်စိတ်ထိခိုက်ခဲ့ရသော်လည်း နောက်ဆုံးစကားကိုတော့ ကျွမ်းကျင်စွာ ပြီးဆုံးအောင် ပြောနေဆဲဖြစ်သည်။ထို့နောက် ဒေါသတကြီးဖြင့် ဖုန်းချလိုက်သည်။ "ဒီလိုမျက်လုံးမျိုးနဲ့ ငါ့ကို ဘာလို့ကြည့်ရတာလဲ!" ငါ့နှလုံးသားလေးက ဖန်ထည်လို အပိုင်းပိုင်းကွဲကြေသွားရပြီ!
"ရှောင်းယွီရဲ့အခြေအနေက ဘယ်လိုလဲ?" ချိုးကျီယန် မေးလိုက်သည်။
“လောလောဆယ် အိပ်ခန်းထဲမှာ အနားယူနေတယ်။ခါးက ဓားဒဏ်ရာက မစိုးရိမ်ရပါဘူး။ ချုပ်ဖို့ ဆေးရုံကို လိုက်ပို့ပေးထားတယ်။ရောင်ရမ်းတာကို သက်သာစေတဲ့ ဆေးဝါးတချို့ သောက်ပြီးရင် နေကောင်းလာလိမ့်မယ်လို့ ဆရာဝန်က ပြောတယ်"
ထိုစကားကိုကြားပြီးနောက် ချိုးကျီယန်သည် အနည်းငယ်စိတ်သက်သာရာရသွားသည်။ထို့နောက် အိပ်ခန်းတံခါးကို ဖွင့်လိုက်သည်။
ကုတင်ကြီးပေါ်မှာ ထန်ရှောင်းယွီသည် အိပ်ပျော်နေပြီး သူ့ခန္ဓာကိုယ်က ဘောလုံးလေးတစ်လုံးလို ကွေးလုံးနေ၏။
ချိုးကျီယန်သည် ကုတင်ဘေးတွင် ညင်သာစွာထိုင်ကာ တစ်ဖက်လူ၏မျက်နှာထက်မှ လွင့်တင်နေသည့်ဆံပင်တွေကို သပ်ပေးလိုက်သည်။
မိုင်းခယ့်သည် အပြင်ဘက်တွင် ငုတ်တုတ်ထိုင်ကာ တံခါးအဟကြားကနေ ချောင်းကြည့်ရင်း အနည်းငယ် ငြူစူနေမိ၏။ သူ့အစ်ကိုဝမ်းကွဲက သူနဲ့ဆိုခဏခဏ စိတ်တိုတတ်ပေမယ့် အခုချက်ချင်းကြီး အရမ်းကိုမှ နူးညံ့သွားတာပဲ။ဒါ မတရားဘူး!
ထန်ရှောင်းယွီ၏မျက်တောင်များသည် တုန်ယင်နေသော်လည်း သူ မထလာသေးပေ။
"ဘယ်လောက်ကြာအောင် အိပ်ချင်ယောင်ဆောင်နေမှာလဲ?" ချိုးကျီယန်က အေးစက်စွာမေးလိုက်သည်။
"........."
ထန်ရှောင်းယွီသည် အပြစ်ရှိစွာ မျက်လုံးကိုဖွင့်လိုက်သည်။
ချိုးကျီယန်သည် သူ့မျက်လုံးများနှင့် ဆုံမိသော်လည်း သူ့မျက်နှာမှာတော့ မည်သည့်အမူအရာမျိုးမှ မရှိပေ။
"တောင်းပန်ပါတယ်။" ထန်ရှောင်းယွီ၏အသံသည် အလွန်ပင် တိုးညင်းလို့နေသည်။
"အခုဆို မင်း ကိုယ့်ကို ဘယ်နှစ်ခါ လိမ်ပြီးပြီလဲ?" ချိုးကျီယန်က မေးလိုက်သည်။
ထန်ရှောင်းယွီသည် ခေတ္တမျှ မှင်တက်သွားပြီးနောက် သူ့နှလုံးသားများ နာကျင်လာပြီး မျက်လုံးများကလည်း နီရဲလာသည်။
“လောလောဆယ် ကောင်းကောင်းအနားယူ။” ချိုးကျီယန်က ဒီကိစ္စကိုထပ်ပြီး ဖိအားမပေးတော့ပေ။
“အစ်ကိုကြီးဟန်ကို နောက်ဆုံးကူညီပေးချင်တာပါ.....” သူ့စကားမဆုံးသေးသော်လည်း ချိုးကျီယန်ကား လှည့်ပြီး အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။
shit! မိုင်ခယ့်သည် ဆိုဖာဆီသို့ အမြန်ပြေးကာ မဂ္ဂဇင်းတစ်စောင်ကို အမြန်ဆွဲကိုင်ရင်း ဖြောင့်ဖြောင့်တန်းတန်းထိုင်လိုက်သည်။
တကယ့်ကို သဘာဝကျကျပါပဲ!
"မင်း ဇောက်ထိုး ကိုင်ထားတာ။" ချိုးကျီယန်က ရေခဲသေတ္တာတံခါးကို ဆွဲဖွင့်လိုက်သည်။
"........"
သေစမ်း!
မိုင်ခယ့်က မဂ္ဂဇင်းကို ကြောင်တောင်တောင်နိုင်စွာ ဖယ်ထားလိုက်နိုင်တော့သည်။ "မင်းတကယ် စိတ်ဆိုးနေတာလား?"
"မင်းအရက်ကို မြန်မြန်ပြီးအောင်သောက် ပြီးရင် အိမ်ကို စောစောပြန်တော့" ချိုးကျီယန်က သူ့ဆီ ဘီယာဘူးကို ပစ်ပေးလိုက်သည်။
ဘီယာက တကယ်အေးတာပဲ။
မိုင်ခယ့်က စိတ်ထဲမှာ မှတ်ချက်ပေးလိုက်သည်။
'ငါ့ရဲ့စိတ်ပျက်အားငယ်မှုကို မျိုချပစ်ဖို့အတွက် အရက်သောက်ဖို့ မလိုပါဘူး!'
"ငါပြောခဲ့တဲ့စကားမှာ အရေးကြီးဆုံးအချက်ကဘာလဲ မင်းသိလား?" ချိုးကျီယန်က သူ့ကို စိုက်ကြည့်နေ၏။
မိုင်ခယ့်၏မျက်နှာတွင် မျက်ရည်များပြည့်နှက်နေပြီး "သိပါတယ်"
ဘီယာသောက်တာက အရေးကြီးဆုံးအချက်မဟုတ်၊ အရေးကြီးဆုံးအချက်က 'အိမ်စောစောပြန်'ဆိုတာပါပဲ။
ဒါဟာ တကယ့်ကို ရက်စက်ကြမ်းကြုတ်လွန်းလှပါတယ်!
ထို့ကြောင့် ခါးသီးစွာဖြင့် မန်နေဂျာသည် နာခံစွာဖြင့် အိမ်မှထွက်ခွာသွားကာ သူ့ဝမ်းကွဲနှင့်...ဝမ်းကွဲယောကျ်ားအား အချိန်ပေးခဲ့လေတော့သည်။
အား..အား..အား.. အဲဒါကို တွေးကြည့်ရုံနဲ့ ထူးထူးဆန်းဆန်းကြီး ခံစားရတယ်!
"အစ်ကိုကျီရန်" မိုင်ခယ့် ထွက်သွားပြီးနောက် ထန်ရှောင်းယွီသည် အိပ်ခန်းတံခါးဝတွင်ရပ်ကာ သူ့ကိုခေါ်လိုက်သည်။
"ပြန်အိပ်တော့။" ချိုးကျီယန်သည် မဂ္ဂဇင်းကို ဆက်ဖတ်နေကာ ခေါင်းပြန်မမော့ပေ။
"အစ်ကိုကြီးဟန်ကို နောက်ဆုံးတစ်ခေါက်လောက် ကူညီချင်လို့ပါ။ ကျွန်တော်တို့နှစ်ယောက်လုံး ဘယ်သူ့ကိုမှ အကြွေးမတင်စေချင်ဘူး။" ထန်ရှောင်းယွီသည် သူ့ဘေးမှာထိုင်ပြီး "ကျွန်တော် အကိုကျီရန်ကိုလိမ်ဖို့မရည်ရွယ်ခဲ့ပါဘူး။ ဒီတစ်ကြိမ် ကျေးဇူးပြန်ဆပ်ပြီးရင် လောင်းကစားကို ဘယ်တော့မှ မထိတော့ဘူး။ကော...ကျွန်တော်ကို နောက်တစ်ကြိမ်ယုံပေးနိုင်မလား၊ ဒါနောက်ဆုံးအကြိမ်ပါပဲ" နောက်ဆုံးတော့ သူ့အသံက တဖြည်းဖြည်း ယုံကြည်မှု ပျောက်ဆုံးသွားခဲ့၏။
သူ့ကို လိမ်ခဲ့တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။တစ်ဖက်က ခံနိုင်ရည်ရှိရင်တောင် နောက်ဆုံးမှာတော့ သူ့ကို စိတ်ဆိုးသွားလိမ့်ဦးမှာပဲ။
ချိုးကျီယန်သည် သူ့လက်ထဲရှိ မဂ္ဂဇင်းကို ချလိုက်ပြီးနောက် လှည့်ကြည့်ကာ သူ့ကိုချီမလိုက်သည်။
ထန်ရှောင်းယွီရဲ့ ဦးနှောက်က နည်းနည်းလေးတော့ တောင့်တင်းသွားတယ်... သူလိုချင်နေတာလား?
ဒါ ရုတ်တရက်ကြီး!
အခန်းထဲကို ဝင်လာသည်နှင့်အမျှ သူသည် အလွန်အမင်းတွေးနေမှန်း သိသာထင်ရှားလှသည်၊အကြောင်းမှာ ချိုးကျီယန်က သူ့ကို အိပ်ယာပေါ်ပြန်တင်ချင်ရုံသာဖြစ်သည်။ "မင်းဒဏ်ရာတွေ ပြန်မကောင်းလာသေးတဲ့အထိ ကိုယ်တို့ ဒီကိစ္စကို မဆွေးနွေးချင်ဘူး"
ထန်ရှောင်းယွီသည် ပါးစပ်လှုပ်သွားသော်လည်း အဆုံးတွင် သူဘာမှပြန်မပြောလိုက်ပေ။
တစ်ညလုံး ချိုးကျီယန်သည် ဧည့်ခန်းထဲတွင် အိပ်ခဲ့ပြီး သူ့ဇနီးလေး၏ဝမ်းနည်းပူဆွေးမှုကို လုံးဝဂရုမစိုက်ခဲ့ပေ,သူ့နှလုံးသားသည် သံမဏိကဲ့သို့ပင်။
အဲဒီညမှာပဲ နောက်ထပ် ပြဿနာကြီးတစ်ခု ဖြစ်ခဲ့ပြန်၏။
နံနက် ၄ နာရီမှ ၅ နာရီခန့်တွင် တရားမဝင် ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင်လာသည့် ကုန်တင်ကားတစ်စီး မီးလောင်ကျွမ်းခဲ့သည်။အသေအပျောက် ရှင်းရှင်းလင်းလင်း မသိရချေ။
မနက်မိုးလင်းတော့ ပြတင်းပေါက်ကနေ နေရောင်ခြည်တို့ ဖြာထွက်လာ၏။ဆုနိုသည် 'ဟင်း...' အသံထွက်ပြီး သူ့မျက်နှာကို လက်နောက်ပြန်နဲ့ အုပ်လိုက်သည်။
"မအိပ်တော့ဘူးလား?" အိုးရန်လုံက သူ့နားရွက်လေးကို ကိုက်လိုက်၏။
“အိပ်မှာ....။” ဆုနိုသည် အိုးရန်လုံ၏ရင်ဘတ်ထဲသို့ သူ့မျက်နှာကို မြှုပ်ထားလိုက်သည်။သူ့ရဲ့ခန့်ညားချောမောတဲ့လူကြီး၏ရင်ခွင်ထဲတွင် အိပ်ရသည်မှာ အလွန်သက်တောင့်သက်သာရှိလွန်းသည်။
"မင်းအစ်ကိုကို ဖုန်းအရင်ခေါ်ချင်လား?" အိုးရန်လုံက သူ့ကို မေးလိုက်၏။
"အင်း?" ဆုနိုသည့် သူ့ခေါင်းကို အိပ်ချင်မူးတူးဖြင့် မော့လိုက်ပြီး "ကျွန်တော်အစ်ကိုကြီးကို ဘာလို့ဖုန်းခေါ်ရမှာလဲ?"
အိုးရန်လုံက သူ့ဖုန်းကို ထုတ်လိုက်ပြီး သတင်းကို ပြလိုက်သည်။
ဆုနိုသည် သူ့မျက်လုံးတွေကို ပွတ်သပ်ရင်း 'ပေါက်ကွဲခြင်း' ဆိုတဲ့ အနီရောင် စကားလုံးကြီးကို မြင်လိုက်ရပြီး ချက်ချင်း လန့်နိုးသွားကာ သူ ချက်ချင်း ထထိုင်လိုက်သည်။
"စိတ်မပူပါနဲ့" အိုးရန်လုံက သူ့ကို နှစ်သိမ့်ပေးလိုက်၏။ "မင်းအစ်ကိုကြီးကို ဖုန်းဆက်ပြီးပြီ၊အခင်းနေရာမှာ ရှိနေတာက တဖက်ကလူပဲ"
အဲဒါက အရမ်းကြောက်စရာကောင်းနေတုန်းပဲ!ဆုနိုသည် အလွန်တုန်လှုပ်နေပြီး သူ့လက်များပင် တုန်နေသည်။သူ့အစ်ကိုကြီးကို ဖုန်းခေါ်ဖို့ပင် မလွယ်နေပေ။
"မင်း ဘာလုပ်ချင်နေပြန်ပြီလဲ?" ဟန်ဝေက ဖုန်းခေါ်သူမှာ အိုးရန်လုံဟုထင်နေခြင်းပင်။
"အစ်ကိုကြီး!!!!!!!!!!" ဆုနိုရဲ့ အသံက တကယ်ကို ရမ်းကားကြမ်းတမ်းကာ စိတ်ကုန်စရာကောင်းလွန်းနေ၏။
"ဘာဖြစ်တာလဲ?" ဟန်ဝေက ထိုအသံကြောင့် အံ့သြသွားသည်။
"အဆင်ပြေရဲ့လား?!" ဆုနိုက အရမ်းစိတ်ပူနေ၏။
"အစ်ကိုကြီးက ဘာလို့ဖြစ်ရမှာလဲ?" ဟန်ဝေက ရယ်သည်။
"စိတ်ပူနေသေးတယ်၊အိမ်ကို အမြန်ပြန်လာခဲ့မယ်၊ကျွန်တော့်ကိုစောင့်နေ" ဆုနိုသည် သူ့အစ်ကိုကြီးကို စိတ်ပူနေတုန်းပင်, ဖုန်းချလိုက်တာနဲ့ သူ့အဝတ်အစားတွေကို အမြန်ဝတ်လိုက်သည်။
အိုးရန်လုံကတော့ သူ့ကို အိမ်ပြန်လိုက်ပို့ပေးရုံပါပဲ။
"အစ်ကိုကြီး!" အိမ်ထဲသို့ဝင်လိုက်တာနဲ့ ဆုနိုသည် ဟန်ဝေကို ပွေ့ဖက်ကာ တစ်ကိုယ်လုံးကို စစ်ဆေးပြီးနောက် စိုးရိမ်တကြီး မေးလိုက်သည်။ “အစ်ကိုကြီး နာနေလား?”
“အစ်ကိုကြီး ကိုယ်တိုင် မသွားပါဘူး။ဒါကြောင့်မို့ အစ်ကိုကြီးအတွက် ထိခိုက်စရာ ဘာအကြောင်းမှမရှိဘူး” ဟန်ဝေက သူ့ခေါင်းကို ပွတ်သပ်ရင်း “စိတ်မပူပါနဲ့ အစ်ကိုကြီး နေကောင်းပါတယ်”
"အခြေအနေက ဘယ်လိုလဲ?" ဆုနိုက စိတ်ရှုပ်နေ၏။
"ချူဟန်က တရားဥပဒေကို မလိုက်နာဘူးဆိုတာ အစ်ကိုကြီးသိတယ်။ ဒါကြောင့် သူ့ကို ပိုအာရုံစိုက်အောင်လုပ်ခဲ့တယ်။ အကြောင်းပြချက်မရှိဘဲ သူတို့နယ်မြေကို ဘယ်သူမှ ဖောက်ခွဲရေးပစ္စည်းတွေ လာပို့ပေးမှာ မဟုတ်ဘူး။ အဲဒါက အန္တရာယ်များပြီး မကောင်းတဲ့အတွက် တခြားနေရာက ဝယ်မယ်လို့ အစ်ကိုကြီး တွက်ဆမိတယ်။ ဒါကြောင့် ကြားလယ်ပွဲစားသမားတွေကို ရှာခဲ့တာ။ သူတို့တွေကလည်း လူနည်းစုမို့ စစ်ဆေးရတာ တကယ်ကို လွယ်ပါတယ်။ ”
"အဲ့တော့ရော ဘာဆက်ဖြစ်ခဲ့လဲ?"ဆုနိုက ဆက်မေး၏။
“သူ့ကို ဒီလောက်စိတ်မရှည်တတ်မှန်း မမျှော်လင့်ထားမိဘူး။ လောင်းကစားပွဲပြီးတာနဲ့ ဖောက်ခွဲရေးပစ္စည်းတွေက ထရပ်ကားပေါ်ကို ရောက်သွားတယ်လေ။” ဟန်ဝေသည် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး "အစ်ကိုကြီး သူ့ကို ခရီး(သေလမ်း)တစ်ခုကို သွားပို့လိုက်ဖို့ ဒီအခွင့်အရေးကို သုံးခဲ့တယ်"
"ချူဟန်လည်း ထရပ်ကားထဲမှာ ရှိနေတာလား?" ဆုနို အံ့သြသွားသည်။
“ရှိတယ်...” ဟန်ဝေက ခေါင်းညိတ်လိုက်သည်။
“......” ဒီသတင်းက နည်းနည်းတော့ ပြင်းလွန်းသွားတယ်။ဆုနိုသည် ဆိုဖာပေါ်တွင် ခဏထိုင်ကာ လုံးဝကို မိန်းမောသွားလေသည်။
"ခင်ဗျားတို့ဘက်ကရော ဘာပြသနာတွေဖြစ်စေမှာလဲ?" အိုးရန်လုံက မေးလိုက်သည်။
"ခေါင်းဆောင်ပေါ်မှာ မဟုတ်ဘူး။ ငါ့ဆီရောက်ဖို့လောက်တော့ ရှာနိုင်ကြမှာမဟုတ်ဘူး” ဟန်ဝေက သူ့ထိုင်ခုံကို နောက်ပြန်ဆုတ်လိုက်သည်။ "ပြောနေစရာတောင်မလိုတော့ဘူး။ ချူဟန်သေသွားတော့ တခြားလူတွေက သူ့အတွက် လက်စားချေမယ့်အစား အဲဒီထိုင်ခုံလွတ်အတွက် တိုက်ပွဲဝင်ကြလိမ့်မယ်"
"အစ်ကိုကြီး!" ဆုနိုသည် ရုတ်တရက်ကြီး ထကာ သူ့ကို ပွေ့ဖက်လိုက်သည်။
အိုးရန်လုံ၏မျက်ခုံးများက အနည်းငယ်လှုပ်သွားသည်။
"ဘာဖြစ်လို့လဲ?" ဟန်ဝေ သူ့ကျောကို လက်ဖြင့်ပုတ်ကာ ရယ်လိုက်သည်။
"ကျေးဇူးပြုပြီး ဒီလုပ်ငန်းကိုရပ်လိုက်ပါလား?" ဆုနိုသည် သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ပြီး သူ့အသံက အနည်းငယ် တုန်ရီနေသည်။
"မင်းက အစ်ကိုကြီးကိုစိတ်ပူနေတာလား?"
“ဟုတ်တယ်။”ဆုနို၏နှာသီးဝမှာ ရှုပ်တွတွဖြစ်သွားသည်။
သေခြင်းတရားသည် အမှန်တကယ် လွယ်ကူသော အရာဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူတို့၏မိဘများ မတော်တဆမှုတွင် သေဆုံးသွားခဲ့ပြီး သူ့မျက်လုံးထဲတွင် မျက်ရည်များ စီးကျလာသည်ကို ပြန်အမှတ်ရမိသည်။
ငါ့အစ်ကိုကြီးသာ နောက်တစ်ခါ မတော်တဆဖြစ်ရင် ငါသေမှာ သေချာတယ်!
“ငတုံးလေး..” ဟန်ဝေသည် တစ်ရှူးကို ထုတ်ကာ နှာခေါင်းကို သုတ်ပေးလိုက်ပြီး "ဘယ်အချိန် ရပ်ရမယ်ဆိုတာအစ်ကိုကြီးသိပါတယ်"
"မဟုတ်ဘူး။ အစ်ကိုကြီး ကျွန်တော့်ကို ကတိပေးရမယ်!" ဒီတစ်ခါမှာလည်း ဆုနိုက အရမ်းခေါင်းမာနေ၏။
“အစ်ကိုကြီးက ဒီလုပ်ငန်းကို တဖြည်းဖြည်းချင်း ရှင်းနေပါပြီ။ ဒါပေမယ့် ဒီလိုကိစ္စမျိုးကို အလျင်စလိုလုပ်လို့မရဘူးလေ” ဟန်ဝေက သူ့ကို စိတ်ရှည်ရှည်နဲ့ ရှင်းပြနေ၏။ “ရက်အနည်းငယ်ကြာရင် အစ်ကိုကြီး နိုင်ငံခြားကို ပြန်သွားရမယ်။မင်းမရီးက မွေးတော့မယ်လေ။"
"တကယ်လား?" ဆုနိုသည် သူ့နှာခေါင်းလေးက နီရဲနေလျက် ရယ်လိုက်သည်။ သူ့မရီးက ကလေးမွေးတော့မယ်!
"မငိုနဲ့တော့။" ဟန်ဝေသည် ဆုနို၏မျက်နှာပေါ်မှ မျက်ရည်များကို သုတ်လိုက်ပြီး "အစ်ကိုကြီး အရင်ကတည်းက စဉ်းစားထားပြီးသား။ကာစီနိုကို အစောဆုံးပိတ်ရင်တောင် နိုင်ငံရပ်ခြားကို ပြောင်းရွှေ့နိုင်တာကတော့ နောက်နှစ်ပဲ။ပြည်တွင်းက အသစ်ဖွင့်တဲ့ရုံးကိုတော့ လည်ပတ်ဖို့အတွက် ဒုဥက္ကဌကို လွှဲပေးပြီး အဲဒါကို စစ်ဆေးဖို့ ရံဖန်ရံခါ ပြန်လာလိုက်မယ်။”
"အစ်ကိုကြီးက နိုင်ငံရပ်ခြားမှာ အခြေချမှာလား?" ဆုနို အံ့သြသွားသည်။
“အင်း...” ဟန်ဝေက သူ့လည်ပင်းကို ကိုင်ထားပြီး "အရင်က အစ်ကိုကြီး မင်းကိုပါ ခေါ်သွားချင်ပေမယ့် အခုအခြေအနေကို ကြည့်လိုက်တော့ မဖြစ်နိုင်တော့ဘူးလို့ ထင်တယ်"
"ကျွန်တော် နိုနိုကို လာတွေ့ဖို့ မကြာခဏခေါ်ခဲ့ပါ့မယ်" အိုးရန်လုံသည် သူ့အရူးလေးကို သူ့ဘေးနားကို ဆွဲခေါ်လိုက်ပြီး "သူနေချင်ရင် သူ ကြိုက်သလောက် အဲ့ဒီမှာနေနိုင်တယ်"
"တကယ်လား?အဲဒါဆိုရင် နှစ်ဝက်လောက်နေချင်တယ်” ဆုနို၏မျက်လုံးများသည် နီရဲလာပြီး ချစ်လှစွာသော အစ်ကိုကြီးနှင့် ခွဲခွာရမည်ဟု တွေးလိုက်ရုံဖြင့် သည်းမခံနိုင်တော့ပေ။
".....ရှူး..နောင်မှာ ဒါတွေအကြောင်း ပြောကြရအောင်လေ” အိုးရန်လုံသည် အကြောင်းအရာကို ကျွမ်းကျင်စွာပြောင်းလိုက်ပြီး "မင်း ဗိုက်ဆာနေပြီမလား?မင်း မနက်စာ မစားရသေးဘူးလေ!" မေးခွန်းကို ရှောင်ဖယ်ပစ်လိုက်တာက တကယ်ကို စက်ဆုပ်စရာပဲ!
ဟန်ဝေ သူ့ကို မထီမဲ့မြင် ကြည့်နေသည်။
မစ္စတာဒါရိုက်တာသည် သူ့အကြည့်တွေကို လျစ်လျူရှုလိုက်သည်။
ဒါက တကယ့်အစစ်အမှန် topတစ်ယောက်ရဲ့ အရှိန်အဝါပဲ!
မနက်စာစားနေရင်း ထမင်းစားပွဲမှာ ဆုရှောင်းနိုသည့် သူ့ပါးပြင်ထဲကို ပေါက်စီတွေကို ထိုးထည့်နေ၏။ရုတ်တရက်ကြီး သူ့ဖုန်းမြည်လာကာ ဖုန်းခေါ်သူမှာ ထန်ရှောင်းယွီပင်။
"အစ်ကိုကြီးဟန် အဆင်ပြေရဲ့လား?" ထန်ရှောင်းယွီသည်လည်း သူ့ဖုန်းထဲမှာ ဒီမနက်သတင်းကိုတွေ့ပြီးနောက် ဆုနိုဆီကို အမြန်ဖုန်းဆက်လိုက်သည်။
"စိတ်မပူပါနဲ့။သူအဆင်ပြေပါတယ်။ အားလုံးကို နောက်မှ အသေးစိတ်ရှင်းပြမယ်။ မင်းအိမ်ပြန်ရောက်ပြီလား?" ဒီနေ့မနက်တင် အလျင်စလို နိုးလာရလို့ ညဘက်ကြီး မြို့ခံတွေ ပြေးကြတဲ့ အတင်းအဖျင်းသတင်းကို မတွေ့လိုက်ရသေးပေ။
"ကျွန်တော် ပြန်ရောက်နေပြီ။" ထန်ရှောင်းယွီက စိတ်ဓာတ်ကျနေပြီး "အစ်ကိုကျီရန်က ကျွန်တော် ကာစီနိုကို သွားတာကို သူသိသွားတယ်။ အခု သူ အရမ်းဒေါသထွက်နေတယ်။"
"အို?" ဆုနို အံ့အားသင့်သွားပြီး "ဒါကို သူဘယ်လိုလုပ်ပြီးသိတာလဲ?"
“ရှင်းပြရခက်တယ်။” ထန်ရှောင်းယွီသည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ့စိတ်အခြေအနေက တစ်ချိန်လုံး ကျဆင်းနေသည်။
"သူ ဒေါသထွက်ပြီး မင်းကိုဆဲဆိုကြိမ်းမောင်းနေတာလား?အဲတာဆိုရင် အလုပ်ကထွက်တော့!” ဆုနိုသည် ဖြောင့်မတ်မှန်ကန်လွန်းစွာဖြင့် "မင်းကို အလုပ်သစ်ရှာပေးမယ်။"
"........” ထန်ရှောင်းယွီသည်ကား ပြန်မဖြေပေ။
"ကြောက်နေတာလား?အဲတာဆိုရင် သူ့ကို ဖုန်းပေးလိုက် သူနဲ့ ဖုန်းပြောမယ်!”ဆုနိုသည် မညှာမတာပြောနေတုန်းပင်။ "မင်း စာချုပ်ချုပ်ထားရင်တောင် ငါ့အတွက် ပြဿနာမရှိဘူး။ လျော်ကြေးငွေကို ငါကူညီပေးနိုင်တယ်။ စာချုပ်ကိုကိုင်ပြီး သူ့မျက်နှာပေါ်ကို ရဲရဲတင်းတင်းတောင် ပစ်ပေါက်နိုင်တယ်!"
ဒီမြင်ကွင်းကို တွေးမိလိုက်ရုံနဲ့ ဆုနိုရဲ့ နှလုံးသားလေးက ရင်ခုန်စိတ်တွေနဲ့ ပြည့်နှက်နေတော့သည်။
"အခုပဲ ဖုန်းချလိုက်တော့မယ်" ထန်ရှောင်းယွီ စိတ်ဓာတ်ကျသွားသည်။
"ဖုန်းမချလိုက်နဲ့ ငါမင်းကိုတကယ်ကူညီပေးနိုင်ပါတယ်..." ဆုနိုသည် သူ့စကားမဆုံးခင် ဟန်ဝေက သူဖုန်းကိုဆွဲယူလိုက်သည်။ဆုနို စိတ်ရှုပ်ထွေးစွာဖြင့် "အစ်ကိုကြီး ဘာလုပ်တာလဲ?"
"ချိုးကျီယန်က မင်း ကာစီနိုကိုသွားမိလို့ စိတ်ဆိုးနေတာလား?" ဟန်ဝေက အသံနက်ကြီးဖြင့် မေးလိုက်သည်။
shit!ဆုနိုက သူ့အစ်ကိုကြီးကို လေးစားလွန်းသည့် အကြည့်လေး ပေးရုံမှလွဲပြီး ဘယ်လိုမှမတတ်နိုင်တော့ပေ!အတင်းအဖျင်းစကားတွေကို ကိုယ်ဟုတ်ကိုယ်မှန်အထာမျိုးနဲ့ ဘယ်လိုများ ပြောနေရတာလဲ!သူက တကယ့်ကို အားကြီးတဲ့ မြေအောက်လူ့အဖွဲ့အစည်းက လူပီသပါပေတယ်။
“အင်း။” ထန်ရှောင်းယွီသည် ဟန်ဝေက ဒီကိစ္စကို ဂရုစိုက်လိမ့်မယ်လို့ မမျှော်လင့်ထားပေ။
“ဒါဆို ကိုယ်လုံးတီးချွတ်ပြီး သူ့ကို သွေးဆောင်လိုက်” မစ္စတာဟန်၏စကားများသည် ရိုးရှင်းသော်လည်း ထိတ်လန့်စရာကောင်းလွန်းလှသည်။
"ဖူး...အဟွတ် .အဟွတ်..အဟွတ်!" ဆုနိုသည် တိုဟူးတစ်လုတ်ကို ထွေးထုတ်လိုက်ပြီး ရင်ကြပ်သေဆုံးလုနီးပါး ဖြစ်သွားတော့သည်။
“.....အစ်ကိုကြီးဟန်” ဖုန်းနဲ့ ဝေးကွာနေပေမယ့် ထန်ရှောင်းယွီရဲ့ မျက်နှာဟာ နီမြန်းနေဆဲပါပဲ။
ဟန်ဝေသည် သြဇာလွှမ်းမိုးလွန်းကြီးစွာ ဖုန်းချလိုက်သည်။
"အစ်ကိုကြီး ဘာလို့ သူ့ကို ဒီလိုမျိုးသင်ပေးရတာလဲ?" ဆုနို သူ့အစ်ကိုကြီးကို ပြစ်တင်ကြိမ်းမောင်းရင်း သူ့မျက်လုံးထဲတွင် မျက်ရည်ပူများဖြင့် ပြည့်နေသည်။
"ဒါက ဘာမှမဖြစ်ပါဘူး" မစ္စတာဒါရိုက်တာက ရေစက်လေးတွေကို သုတ်ပေးလိုက်သည်။ "ဒီလှည့်ကွက်က တကယ်အသုံးဝင်တယ်"
အမှန်တော့ ဒီစကားက အမှားအယွင်းမရှိပေမယ့် ဒါရိုက်တာကြီးနဲ့ကျွန်တော်၊ အစ်ကိုကြီးနဲ့မရီးတို့လို ချစ်သူတွေအနေနဲ့ပဲ ကန့်သတ်ထားတာလေ။ ဒါပေမယ့် ချိုးကျီယန် နဲ့ ထန်ရှောင်းယွီက.....shit!shit! ခဏလေး!!ဆုနို၏စိတ်ထဲတွင် ကြောက်မက်ဖွယ်ဖြစ်နိုင်ချေတစ်ခုကို ချက်ချင်းစဥ်းစားမိသွားတော့ ဆုနိုသည် ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။
"နောက်ဆုံးတော့ သိလိုက်ပြီလား?" အိုးရန်လုံက သူ့ကို အနီးကပ် ဆွဲယူလိုက်ရင်း ရယ်မောလိုက်သည်။
ခဏနေပါဦး! ဆုနိုသည် အေးစက်သောလေကို ပါးစပ်မှ တဝကြီးရှူရှိုက်ရင်း သူ့အစ်ကိုကြီးကို ထိတ်လန့်စွာ ကြည့်ကာ "အစ်ကိုကြီးလည်း ဒီလိုပဲ တွေးနေတာလား?"
"သူက အန္တရာယ်တွေကြားထဲက စွန့်စားပြီး အစ်ကိုကြီးနဲ့လာဆုံဖို့ လိုလားနေကတည်းက ထူးဆန်းနေပြီ။ မင်းက ဒါကို သတိမထားမိတဲ့သူပဲ"
အယ်ပါကာတစ်သောင်းသည် သူ့ရဲ့နှလုံးသားကို နင်းချေနေသလို,ဆုနို၏စိတ်အခြေအနေမှာ ရှုပ်ထွေးလွန်းသဖြင့် ဖော်ပြဖို့ရာ မဖြစ်နိုင်,ထမင်းစား,စားပွဲပေါ်တွင်သာ ကြေကွဲစွာ ခေါင်းစိုက်နေတော့သည်။
ဒီကမ္ဘာကြီးဟာ တကယ် တကယ့်ကို အသိတရား ဖျက်စီးနေတာပဲ!
သူ့တစ်ကိုယ်လုံး အသက်မဲ့လို့သွားသည်။
"မင်းသူငယ်ချင်းရဲ့ကိစ္စကို ကူပြီး မဖြေရှင်းပေးချင်ဘူးလား?" အိုးရန်လုံက သူ့ကို နောက်ပြောင်လိုက်သည်။
တကယ်ကြီး သူက ကြွက်သားကောင်နှင့် အတူတူနေ,နေတာပဲ... ဆုနိုက ဆုံးပိုင်းဖြတ်ပြီး ဖုန်းပြန်ခေါ်လိုက်သည်။
"ဘာလို့လဲ?" ထန်ရှောင်းယွီသည် ဖုန်းကို ကောက်ကိုင်လိုက်သည်။
"ငါ့မှာ တက္ကသိုလ်က အတန်းဖော်တစ်ယောက် ရှိတယ်" ဆုနိုက အရမ်းလေးနက်စွာဖြင့် "သူက အရမ်းချောတယ်၊သူ့မျက်လုံးတွေကလည်း စူးရှတယ်၊သူ့မျက်နှာကျကလည်း အရမ်းမိုက်၊အရပ်က 1.9 မီတာနော်၊ သူ့မှာ ကြွက်သားတွေရှိပြီး သူ့အသားအရည်ကလည်း ကြေးနီရောင်ပဲ။ရှပ်အင်္ကျီဝတ်လိုက်ရင် သူ့ကြွက်သားတွေက ကြယ်သီးတွေကိုတောင် ပြုတ်ထွက်လုမတက်ပဲ၊ သူ့ခြေထောက်မွှေးတွေကလည်း တကယ့်ကိုထူထူတွေ၊ နိဂုံးချုပ်အနေနဲ့ သူက တကယ့်ကို ယောက်ျားဆန်တယ်ကွာ၊ မင်းက ဘယ်လိုထင်လဲ?"
ဟန်ဝေသည် ဗိုက်နာသွားသည်အထိ ရယ်မိသည်။မစ္စတာဒါရိုက်တာ၏နှုတ်ခမ်းများကလည်း တွန့်ကွေးလို့သွားသည်။
"ကျွန်တော်...သူက အတော်လေး ကြည့်ကောင်းတယ်လို့ ထင်ပါတယ်...?" ထန်ရှောင်းယွီသည် အကြောင်းအရာကို အတိအကျ မသိသောကြောင့် သူနှင့်အတူ သံယောင်လိုက်,လိုက်သည်။
"ဒါဆို မင်းတို့နှစ်ယောက်ကို တွေ့ဖို့ ငါစီစဉ်ပေးလို့ရတယ်" ဆုနို ချက်ချင်းဆုံးဖြတ်လိုက်သည်။
"အမ်?" ထန်ရှောင်းယွီက အံ့သြသွားပြီး "ဘာလို့ ကျွန်တော်တို့နဲ့တွေ့ဖို့ စီစဉ်ရမှာလဲ?"
"မင်း ချိုးကျီယန်နဲ့ လမ်းခွဲဖို့ မစဉ်းစားချင်ဘူးလား?" ဆုနိုသည် နောက်ဆုံးမှာတော့ သူ့အတွေးတွေကို ကျယ်လောင်စွာ ထုတ်ပြောလိုက်သည်။
“.......” ထန်ရှောင်းယွီသည် သူ့မျက်နှာကို စောင်ထဲ နစ်မြှုပ်လိုက်ပြီး “အကိုဆုနို ဘာတွေပြောနေတာလဲ?ကျွန်တော် နားမလည်ဘူး။"
"အဲ့အကြောင်း ငါသိပြီးသား။" ဆုနိုက သူ့ကို ရက်ရက်စက်စက် ရိုက်ချိုးပစ်လိုက်တာ တကယ့်ကို ထက်မြက်လွန်းတယ်။
"ကျွန်တော် ကိုယ်တိုင်ဖြေရှင်းပါ့မယ်။" ထန်ရှောင်းယွီသည် တကယ်ပင် မူးမေ့လဲသွားချင်နေပြီ။ "အကိုဆုနို အဲဒါကို စိတ်ပူပေးနေစရာမလိုဘူး"
"ချိုးကျီယန်က ဘာကောင်းလို့လဲ?" ဆုနိုသည် သံမဏိဖြစ်မလာနိုင်သည့် သံကိုမုန်းတီးသည်*။
"ဘာကိစ္စမှမရှိတော့ဘူးဆိုရင် အခုပဲ ဖုန်းချလိုက်တော့မယ်နော်" ထန်ရှောင်းယွီသည် ဤကိစ္စကို သူနှင့် လုံးဝမဆွေးနွေးချင်ပေ။
"ဖုန်းမချနဲ့!" ဆုနိုသည် သူ့ဖုန်းကိုယူကာ လသာဆောင်ဆီသို့ ပြေးသွားသည်။
မင်း ဘယ်လိုများ ဖုန်းချချင်နေရတာလဲ။ ဒီလိုကိစ္စမျိုးဆိုတာ သုံးနာရီကြာအောင် အတင်းပြောရလည်း တကယ်တန်တယ်!
"ဒီအကြောင်းကို လျှို့ဝှက်ထားပေးနော်"ထန်ရှောင်းယွီ သူ့ကို သတိပေးလိုက်သည်။
"ဒါပေါ့! မင်းလည်း ငါ့အစ်ကို့ကိစ္စကို လျှို့ဝှက်ထားဖို့ ကူညီပေး!" ဆုနိုသည် လှုပ်ခါသည့်ကုလားထိုင်တွင် ထိုင်လိုက်သည်။ "ငါတို့ ကြေပြီ"
"အစ်ကိုကျီရန်က ဒီတစ်ခါတော့ အရမ်းဒေါသထွက်နေတာ" ထန်ရှောင်းယွီသည် စိတ်ဓာတ်ကျသွားသည်။ "အရင်က သူဘယ်လောက်ပဲ ဒေါသထွက်နေပါစေ ကျွန်တော့်ကို လျစ်လျူမရှုဘူး"
"မင်းသူ့ကို တကယ်ချစ်တာလား?" ဆုနိုက တကယ်ကိုစပ်စုနေ၏။
“အင်း” ထန်ရှောင်းယွီရဲ့ အသံက တကယ်ကိုနူးညံ့လို့နေ၏။ "ကျွန်တော် တကယ်တောင်းပန်ချင်ပေမယ့် သူက ကျွန်တော့်စကားကို နားမထောင်ချင်ဘူး"
မာဆယ်ကောင်တွေက တကယ်ကို သဘောထားသေးသိမ်တာပဲ!ဆုနိုက နှုတ်ခမ်းစူလိုက်သည်။
"အကိုဆုနိုနဲ့ အကိုဆုနိုရဲ့ချစ်သူ ရန်ဖြစ်ရင် ဘာလုပ်မလဲ?" ထန်ရှောင်းယွီက ရုတ်တရက် မေးလိုက်သည်။
ငါ့လား?
ဆုနိုက အဲဒီအကြောင်းကို တွေးနေ၏။ ငါဆိုရင် sexy ကျတဲ့ အတွင်းခံဘောင်းဘီ ၀တ်ထားမယ်။ ပြီးတော့ သူ့ဆီ ပြေးပြီး သူ့ကို သွေးဆောင်မယ်။ချစ်မိသွားတဲ့ နှစ်ယောက်အတွက် ဖာ့ခ်လုပ်တယ်ဆိုတာမျိုးက သက်တောင့်သက်သာရှိပြီး သည်းမခံနိုင်စရာပဲ။ဒါ့အပြင် ငါတို့ရဲ့ဆက်ဆံရေးကို တည်ငြိမ်စေဖို့အတွက်လည်း လွယ်ကူစေတယ်။အဲဒီနောက် တောင်းပန်ဖို့ အချိန်ကို ကောင်းကောင်းအသုံးချနိုင်ပြီး အောင်မြင်နိုင်မှုအခွင့်အလမ်းတွေက မြင့်မားလာမှာပဲ!
ဒီအမြင်ကနေဆိုရင်တော့....အစ်ကိုကြီးရဲ့ အကြံက မှားစရာမရှိပါဘူး!
¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎
[Zawgyi]
အခန္း(၉၆):တကယ္ ေဒါသထြက္ေနတယ္ႏွင့္ ထြက္ေပၚလာသည့္ အၾကံတစ္ခု
အထပ္ျမင့္ကြန္ဒိုတစ္ခုတြင္ ထန္ေ႐ွာင္းယြီသည္ မိုင္ခယ့္ရဲ႕လက္ထဲက ေဆးကိုယူၿပီး ေသာက္ခ်လိုက္သည္။သူ အခ်ိန္ကို လွမ္းၾကည့္လိုက္ျပန္သည္။
"ဝမ္းကြဲအကိုက အခုပဲ ဖုန္းဆက္တယ္။ ျမန္ျမန္ျပန္လာခဲ့မယ္လို႔ ေျပာတယ္” မိုင္ခယ့္က သူ႕ကို ႏွစ္သိမ့္ေပးရင္း “ဒီကိစၥက ဒီေလာက္ ႐ုန္းရင္းဆန္ခတ္ ျဖစ္သြားခဲ့တာေၾကာင့္ ထုံးစံအတိုင္း ညလုံးေပါက္ သတင္းေထာက္ေတြက သူ႕ကို အင္တာဗ်ဴးတာေတြ ႐ွိမွာပဲ။မင္းအရမ္းစိတ္မပူနဲ႔"
"ဒီေလာက္ ႐ုန္းရင္းဆန္ခတ္ျဖစ္ရတာ သူ႕အတြက္ မေကာင္းဘူးမလား?" ထန္ေ႐ွာင္းယြီသည္ အလြန္စိုးရိမ္မိသြားသည္။
“မဟုတ္ဘူး။ အဲဒါအတြက္ ဆင္ေျခေတြ အမ်ားႀကီး႐ွိပါတယ္။” မိုင္ခယ့္က သူ႕အတြက္ ေခါင္းအုံးေလးခ် ေပးလိုက္ၿပီး “ခဏနားလိုက္ဦး။မီဒီယာနဲ႔ ညႇိႏႈန္းဖို႔ ဖုန္း ကိုင္လိုက္ဦးမယ္”
ထန္ေ႐ွာင္းယြီသည္ ေခါင္းညိတ္ျပလ်က္ အိပ္ခန္းထဲကေန မိုင္ခယ့္ထြက္သြားတာကိုၾကည့္ေနလိုက္သည္။
သူ႕ခါးက ဓားဒဏ္ရာက နာေနေသးေပမယ့္ အဲဒီအခ်ိန္တုန္းက ဒီအေၾကာင္းေတြကို သိပ္ၿပီး မစဥ္းစားမိေပ။
ဒီတစ္ခါက သူ... ေသေတာင္ေသသြားလိမ့္မယ္။
ထန္ေ႐ွာင္းယြီသည္ စိတ္ဓာတ္က်သြားၿပီး ေခါင္းကို ေစာင္ထဲမွာ ႏွစ္ျမႇဳပ္လိုက္သည္။
“ဟုတ္တာေပါ့!ဟုတ္တာေပါ့!ေသခ်ာတာေပါ့ဗ်ာ!ကြၽန္ေတာ္တို႔က လူစုလူေဝးနဲ႔ ေလ့က်င့္ခန္းလုပ္ဖို႔ကို ျမႇင့္တင္ေပးဖို႔ ႀကိဳးစားေနတာပါ” မိုင္ခယ့္သည္ ဧည့္ခန္းထဲကေန ဖုန္းကို ျပန္ေျဖေပးေနသည္။ “အခုေလာေလာဆယ္မွာေတာ့ က်န္းမာေရးအဖြဲ႕ခြဲေတြက ေကာ္လံျဖဴ အလုပ္သမားေတြကေန ေက်ာင္းသားေတြဆီ ျဖန္႔ေပးပါတယ္။ေနေရာင္ျခည္လိုေတာက္ပၿပီး က်န္းမာသန္စြမ္းတဲ့ Idol တစ္ေယာက္အေနနဲ႔ ပရိသတ္ေတြကို ရယ္ေမာေပ်ာ္႐ႊင္ေစတဲ့ ေလ့က်င့္ခန္းေတြကို ခံစားခြင့္ျပဳဖို႔ တာဝန္႐ွိပါတယ္... အဖိုးအခ?မင္းအရမ္းအေတြးလြန္ေနၿပီ။ ဒီကေန စီးပြားေရးအတြက္ တစ္စုံတစ္ရာမွအျမတ္မရ႐ွိခဲ့ဘူးလို႔ ကြၽန္ေတာ္တို႔အာမခံပါတယ္။ဒါက အားကစားထုတ္ကုန္အတြက္ ေၾကာ္ျငာတစ္ခုမဟုတ္ပါဘူးဗ်ာ။”
ခ်ိဳးက်ီယန္သည္ မိုင္ခယ့္ကို ႐ြံ႐ွာစြာ ၾကည့္ရင္း သူ႕ဖိနပ္ကို ေျပာင္းစီးေနသည္။
မစၥတာမန္ေနဂ်ာသည္ ထိုအၾကည့္ေၾကာင့္ အလြန္စိတ္ထိခိုက္ခဲ့ရေသာ္လည္း ေနာက္ဆုံးစကားကိုေတာ့ ကြၽမ္းက်င္စြာ ၿပီးဆုံးေအာင္ ေျပာေနဆဲျဖစ္သည္။ထို႔ေနာက္ ေဒါသတႀကီးျဖင့္ ဖုန္းခ်လိုက္သည္။ "ဒီလိုမ်က္လုံးမ်ိဳးနဲ႔ ငါ့ကို ဘာလို႔ၾကည့္ရတာလဲ!" ငါ့ႏွလုံးသားေလးက ဖန္ထည္လို အပိုင္းပိုင္းကြဲေၾကသြားရၿပီ!
"ေ႐ွာင္းယြီရဲ႕အေျခအေနက ဘယ္လိုလဲ?" ခ်ိဳးက်ီယန္ ေမးလိုက္သည္။
“ေလာေလာဆယ္ အိပ္ခန္းထဲမွာ အနားယူေနတယ္။ခါးက ဓားဒဏ္ရာက မစိုးရိမ္ရပါဘူး။ ခ်ဳပ္ဖို႔ ေဆး႐ုံကို လိုက္ပို႔ေပးထားတယ္။ေရာင္ရမ္းတာကို သက္သာေစတဲ့ ေဆးဝါးတခ်ိဳ႕ ေသာက္ၿပီးရင္ ေနေကာင္းလာလိမ့္မယ္လို႔ ဆရာဝန္က ေျပာတယ္"
ထိုစကားကိုၾကားၿပီးေနာက္ ခ်ိဳးက်ီယန္သည္ အနည္းငယ္စိတ္သက္သာရာရသြားသည္။ထို႔ေနာက္ အိပ္ခန္းတံခါးကို ဖြင့္လိုက္သည္။
ကုတင္ႀကီးေပၚမွာ ထန္ေ႐ွာင္းယြီသည္ အိပ္ေပ်ာ္ေနၿပီး သူ႕ခႏၶာကိုယ္က ေဘာလုံးေလးတစ္လုံးလို ေကြးလုံးေန၏။
ခ်ိဳးက်ီယန္သည္ ကုတင္ေဘးတြင္ ညင္သာစြာထိုင္ကာ တစ္ဖက္လူ၏မ်က္ႏွာထက္မွ လြင့္တင္ေနသည့္ဆံပင္ေတြကို သပ္ေပးလိုက္သည္။
မိုင္းခယ့္သည္ အျပင္ဘက္တြင္ ငုတ္တုတ္ထိုင္ကာ တံခါးအဟၾကားကေန ေခ်ာင္းၾကည့္ရင္း အနည္းငယ္ ျငဴစူေနမိ၏။ သူ႕အစ္ကိုဝမ္းကြဲက သူနဲ႔ဆိုခဏခဏ စိတ္တိုတတ္ေပမယ့္ အခုခ်က္ခ်င္းႀကီး အရမ္းကိုမွ ႏူးညံ့သြားတာပဲ။ဒါ မတရားဘူး!
ထန္ေ႐ွာင္းယြီ၏မ်က္ေတာင္မ်ားသည္ တုန္ယင္ေနေသာ္လည္း သူ မထလာေသးေပ။
"ဘယ္ေလာက္ၾကာေအာင္ အိပ္ခ်င္ေယာင္ေဆာင္ေနမွာလဲ?" ခ်ိဳးက်ီယန္က ေအးစက္စြာေမးလိုက္သည္။
"........."
ထန္ေ႐ွာင္းယြီသည္ အျပစ္႐ွိစြာ မ်က္လုံးကိုဖြင့္လိုက္သည္။
ခ်ိဳးက်ီယန္သည္ သူ႕မ်က္လုံးမ်ားႏွင့္ ဆုံမိေသာ္လည္း သူ႕မ်က္ႏွာမွာေတာ့ မည္သည့္အမူအရာမ်ိဳးမွ မ႐ွိေပ။
"ေတာင္းပန္ပါတယ္။" ထန္ေ႐ွာင္းယြီ၏အသံသည္ အလြန္ပင္ တိုးညင္းလို႔ေနသည္။
"အခုဆို မင္း ကိုယ့္ကို ဘယ္ႏွစ္ခါ လိမ္ၿပီးၿပီလဲ?" ခ်ိဳးက်ီယန္က ေမးလိုက္သည္။
ထန္ေ႐ွာင္းယြီသည္ ေခတၱမွ် မွင္တက္သြားၿပီးေနာက္ သူ႕ႏွလုံးသားမ်ား နာက်င္လာၿပီး မ်က္လုံးမ်ားကလည္း နီရဲလာသည္။
“ေလာေလာဆယ္ ေကာင္းေကာင္းအနားယူ။” ခ်ိဳးက်ီယန္က ဒီကိစၥကိုထပ္ၿပီး ဖိအားမေပးေတာ့ေပ။
“အစ္ကိုႀကီးဟန္ကို ေနာက္ဆုံးကူညီေပးခ်င္တာပါ.....” သူ႕စကားမဆုံးေသးေသာ္လည္း ခ်ိဳးက်ီယန္ကား လွည့္ၿပီး အိပ္ခန္းထဲမွ ထြက္လာခဲ့သည္။
shit! မိုင္ခယ့္သည္ ဆိုဖာဆီသို႔ အျမန္ေျပးကာ မဂၢဇင္းတစ္ေစာင္ကို အျမန္ဆြဲကိုင္ရင္း ေျဖာင့္ေျဖာင့္တန္းတန္းထိုင္လိုက္သည္။
တကယ့္ကို သဘာဝက်က်ပါပဲ!
"မင္း ေဇာက္ထိုး ကိုင္ထားတာ။" ခ်ိဳးက်ီယန္က ေရခဲေသတၱာတံခါးကို ဆြဲဖြင့္လိုက္သည္။
"........"
ေသစမ္း!
မိုင္ခယ့္က မဂၢဇင္းကို ေၾကာင္ေတာင္ေတာင္ႏိုင္စြာ ဖယ္ထားလိုက္ႏိုင္ေတာ့သည္။ "မင္းတကယ္ စိတ္ဆိုးေနတာလား?"
"မင္းအရက္ကို ျမန္ျမန္ၿပီးေအာင္ေသာက္ ၿပီးရင္ အိမ္ကို ေစာေစာျပန္ေတာ့" ခ်ိဳးက်ီယန္က သူ႕ဆီ ဘီယာဘူးကို ပစ္ေပးလိုက္သည္။
ဘီယာက တကယ္ေအးတာပဲ။
မိုင္ခယ့္က စိတ္ထဲမွာ မွတ္ခ်က္ေပးလိုက္သည္။
'ငါ့ရဲ႕စိတ္ပ်က္အားငယ္မႈကို မ်ိဳခ်ပစ္ဖို႔အတြက္ အရက္ေသာက္ဖို႔ မလိုပါဘူး!'
"ငါေျပာခဲ့တဲ့စကားမွာ အေရးႀကီးဆုံးအခ်က္ကဘာလဲ မင္းသိလား?" ခ်ိဳးက်ီယန္က သူ႕ကို စိုက္ၾကည့္ေန၏။
မိုင္ခယ့္၏မ်က္ႏွာတြင္ မ်က္ရည္မ်ားျပည့္ႏွက္ေနၿပီး "သိပါတယ္"
ဘီယာေသာက္တာက အေရးႀကီးဆုံးအခ်က္မဟုတ္၊ အေရးႀကီးဆုံးအခ်က္က 'အိမ္ေစာေစာျပန္'ဆိုတာပါပဲ။
ဒါဟာ တကယ့္ကို ရက္စက္ၾကမ္းၾကဳတ္လြန္းလွပါတယ္!
ထို႔ေၾကာင့္ ခါးသီးစြာျဖင့္ မန္ေနဂ်ာသည္ နာခံစြာျဖင့္ အိမ္မွထြက္ခြာသြားကာ သူ႕ဝမ္းကြဲႏွင့္...ဝမ္းကြဲေယာက်္ားအား အခ်ိန္ေပးခဲ့ေလေတာ့သည္။
အား..အား..အား.. အဲဒါကို ေတြးၾကည့္႐ုံနဲ႔ ထူးထူးဆန္းဆန္းႀကီး ခံစားရတယ္!
"အစ္ကိုက်ီရန္" မိုင္ခယ့္ ထြက္သြားၿပီးေနာက္ ထန္ေ႐ွာင္းယြီသည္ အိပ္ခန္းတံခါးဝတြင္ရပ္ကာ သူ႕ကိုေခၚလိုက္သည္။
"ျပန္အိပ္ေတာ့။" ခ်ိဳးက်ီယန္သည္ မဂၢဇင္းကို ဆက္ဖတ္ေနကာ ေခါင္းျပန္မေမာ့ေပ။
"အစ္ကိုႀကီးဟန္ကို ေနာက္ဆုံးတစ္ေခါက္ေလာက္ ကူညီခ်င္လို႔ပါ။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံး ဘယ္သူ႕ကိုမွ အေႂကြးမတင္ေစခ်င္ဘူး။" ထန္ေ႐ွာင္းယြီသည္ သူ႕ေဘးမွာထိုင္ၿပီး "ကြၽန္ေတာ္ အကိုက်ီရန္ကိုလိမ္ဖို႔မရည္႐ြယ္ခဲ့ပါဘူး။ ဒီတစ္ႀကိမ္ ေက်းဇူးျပန္ဆပ္ၿပီးရင္ ေလာင္းကစားကို ဘယ္ေတာ့မွ မထိေတာ့ဘူး။ေကာ...ကြၽန္ေတာ္ကို ေနာက္တစ္ႀကိမ္ယုံေပးႏိုင္မလား၊ ဒါေနာက္ဆုံးအႀကိမ္ပါပဲ" ေနာက္ဆုံးေတာ့ သူ႕အသံက တျဖည္းျဖည္း ယုံၾကည္မႈ ေပ်ာက္ဆုံးသြားခဲ့၏။
သူ႕ကို လိမ္ခဲ့တာ ဒါပထမဆုံးအႀကိမ္ေတာ့ မဟုတ္ပါဘူး။တစ္ဖက္က ခံႏိုင္ရည္႐ွိရင္ေတာင္ ေနာက္ဆုံးမွာေတာ့ သူ႕ကို စိတ္ဆိုးသြားလိမ့္ဦးမွာပဲ။
ခ်ိဳးက်ီယန္သည္ သူ႕လက္ထဲ႐ွိ မဂၢဇင္းကို ခ်လိုက္ၿပီးေနာက္ လွည့္ၾကည့္ကာ သူ႕ကိုခ်ီမလိုက္သည္။
ထန္ေ႐ွာင္းယြီရဲ႕ ဦးေႏွာက္က နည္းနည္းေလးေတာ့ ေတာင့္တင္းသြားတယ္... သူလိုခ်င္ေနတာလား?
ဒါ ႐ုတ္တရက္ႀကီး!
အခန္းထဲကို ဝင္လာသည္ႏွင့္အမွ် သူသည္ အလြန္အမင္းေတြးေနမွန္း သိသာထင္႐ွားလွသည္၊အေၾကာင္းမွာ ခ်ိဳးက်ီယန္က သူ႕ကို အိပ္ယာေပၚျပန္တင္ခ်င္႐ုံသာျဖစ္သည္။ "မင္းဒဏ္ရာေတြ ျပန္မေကာင္းလာေသးတဲ့အထိ ကိုယ္တို႔ ဒီကိစၥကို မေဆြးေႏြးခ်င္ဘူး"
ထန္ေ႐ွာင္းယြီသည္ ပါးစပ္လႈပ္သြားေသာ္လည္း အဆုံးတြင္ သူဘာမွျပန္မေျပာလိုက္ေပ။
တစ္ညလုံး ခ်ိဳးက်ီယန္သည္ ဧည့္ခန္းထဲတြင္ အိပ္ခဲ့ၿပီး သူ႕ဇနီးေလး၏ဝမ္းနည္းပူေဆြးမႈကို လုံးဝဂ႐ုမစိုက္ခဲ့ေပ,သူ႕ႏွလုံးသားသည္ သံမဏိကဲ့သို႔ပင္။
အဲဒီညမွာပဲ ေနာက္ထပ္ ျပႆနာႀကီးတစ္ခု ျဖစ္ခဲ့ျပန္၏။
နံနက္ ၄ နာရီမွ ၅ နာရီခန္႔တြင္ တရားမဝင္ ေဖာက္ခြဲေရးပစၥည္းမ်ား သယ္ေဆာင္လာသည့္ ကုန္တင္ကားတစ္စီး မီးေလာင္ကြၽမ္းခဲ့သည္။အေသအေပ်ာက္ ႐ွင္း႐ွင္းလင္းလင္း မသိရေခ်။
မနက္မိုးလင္းေတာ့ ျပတင္းေပါက္ကေန ေနေရာင္ျခည္တို႔ ျဖာထြက္လာ၏။ဆုႏိုသည္ 'ဟင္း...' အသံထြက္ၿပီး သူ႕မ်က္ႏွာကို လက္ေနာက္ျပန္နဲ႔ အုပ္လိုက္သည္။
"မအိပ္ေတာ့ဘူးလား?" အိုးရန္လုံက သူ႕နား႐ြက္ေလးကို ကိုက္လိုက္၏။
“အိပ္မွာ....။” ဆုႏိုသည္ အိုးရန္လုံ၏ရင္ဘတ္ထဲသို႔ သူ႕မ်က္ႏွာကို ျမႇဳပ္ထားလိုက္သည္။သူ႕ရဲ႕ခန္႔ညားေခ်ာေမာတဲ့လူႀကီး၏ရင္ခြင္ထဲတြင္ အိပ္ရသည္မွာ အလြန္သက္ေတာင့္သက္သာ႐ွိလြန္းသည္။
"မင္းအစ္ကိုကို ဖုန္းအရင္ေခၚခ်င္လား?" အိုးရန္လုံက သူ႕ကို ေမးလိုက္၏။
"အင္း?" ဆုႏိုသည့္ သူ႕ေခါင္းကို အိပ္ခ်င္မူးတူးျဖင့္ ေမာ့လိုက္ၿပီး "ကြၽန္ေတာ္အစ္ကိုႀကီးကို ဘာလို႔ဖုန္းေခၚရမွာလဲ?"
အိုးရန္လုံက သူ႕ဖုန္းကို ထုတ္လိုက္ၿပီး သတင္းကို ျပလိုက္သည္။
ဆုႏိုသည္ သူ႕မ်က္လုံးေတြကို ပြတ္သပ္ရင္း 'ေပါက္ကြဲျခင္း' ဆိုတဲ့ အနီေရာင္ စကားလုံးႀကီးကို ျမင္လိုက္ရၿပီး ခ်က္ခ်င္း လန္႔ႏိုးသြားကာ သူ ခ်က္ခ်င္း ထထိုင္လိုက္သည္။
"စိတ္မပူပါနဲ႔" အိုးရန္လုံက သူ႕ကို ႏွစ္သိမ့္ေပးလိုက္၏။ "မင္းအစ္ကိုႀကီးကို ဖုန္းဆက္ၿပီးၿပီ၊အခင္းေနရာမွာ ႐ွိေနတာက တဖက္ကလူပဲ"
အဲဒါက အရမ္းေၾကာက္စရာေကာင္းေနတုန္းပဲ!ဆုႏိုသည္ အလြန္တုန္လႈပ္ေနၿပီး သူ႕လက္မ်ားပင္ တုန္ေနသည္။သူ႕အစ္ကိုႀကီးကို ဖုန္းေခၚဖို႔ပင္ မလြယ္ေနေပ။
"မင္း ဘာလုပ္ခ်င္ေနျပန္ၿပီလဲ?" ဟန္ေဝက ဖုန္းေခၚသူမွာ အိုးရန္လုံဟုထင္ေနျခင္းပင္။
"အစ္ကိုႀကီး!!!!!!!!!!" ဆုႏိုရဲ႕ အသံက တကယ္ကို ရမ္းကားၾကမ္းတမ္းကာ စိတ္ကုန္စရာေကာင္းလြန္းေန၏။
"ဘာျဖစ္တာလဲ?" ဟန္ေဝက ထိုအသံေၾကာင့္ အံ့ၾသသြားသည္။
"အဆင္ေျပရဲ႕လား?!" ဆုႏိုက အရမ္းစိတ္ပူေန၏။
"အစ္ကိုႀကီးက ဘာလို႔ျဖစ္ရမွာလဲ?" ဟန္ေဝက ရယ္သည္။
"စိတ္ပူေနေသးတယ္၊အိမ္ကို အျမန္ျပန္လာခဲ့မယ္၊ကြၽန္ေတာ္႕ကိုေစာင့္ေန" ဆုႏိုသည္ သူ႕အစ္ကိုႀကီးကို စိတ္ပူေနတုန္းပင္, ဖုန္းခ်လိုက္တာနဲ႔ သူ႕အဝတ္အစားေတြကို အျမန္ဝတ္လိုက္သည္။
အိုးရန္လုံကေတာ့ သူ႕ကို အိမ္ျပန္လိုက္ပို႔ေပး႐ုံပါပဲ။
"အစ္ကိုႀကီး!" အိမ္ထဲသို႔ဝင္လိုက္တာနဲ႔ ဆုႏိုသည္ ဟန္ေဝကို ေပြ႕ဖက္ကာ တစ္ကိုယ္လုံးကို စစ္ေဆးၿပီးေနာက္ စိုးရိမ္တႀကီး ေမးလိုက္သည္။ “အစ္ကိုႀကီး နာေနလား?”
“အစ္ကိုႀကီး ကိုယ္တိုင္ မသြားပါဘူး။ဒါေၾကာင့္မို႔ အစ္ကိုႀကီးအတြက္ ထိခိုက္စရာ ဘာအေၾကာင္းမွမ႐ွိဘူး” ဟန္ေဝက သူ႕ေခါင္းကို ပြတ္သပ္ရင္း “စိတ္မပူပါနဲ႔ အစ္ကိုႀကီး ေနေကာင္းပါတယ္”
"အေျခအေနက ဘယ္လိုလဲ?" ဆုႏိုက စိတ္႐ႈပ္ေန၏။
"ခ်ဴဟန္က တရားဥပေဒကို မလိုက္နာဘူးဆိုတာ အစ္ကိုႀကီးသိတယ္။ ဒါေၾကာင့္ သူ႕ကို ပိုအာ႐ုံစိုက္ေအာင္လုပ္ခဲ့တယ္။ အေၾကာင္းျပခ်က္မ႐ွိဘဲ သူတို႔နယ္ေျမကို ဘယ္သူမွ ေဖာက္ခြဲေရးပစၥည္းေတြ လာပို႔ေပးမွာ မဟုတ္ဘူး။ အဲဒါက အႏၲရာယ္မ်ားၿပီး မေကာင္းတဲ့အတြက္ တျခားေနရာက ဝယ္မယ္လို႔ အစ္ကိုႀကီး တြက္ဆမိတယ္။ ဒါေၾကာင့္ ၾကားလယ္ပြဲစားသမားေတြကို ႐ွာခဲ့တာ။ သူတို႔ေတြကလည္း လူနည္းစုမို႔ စစ္ေဆးရတာ တကယ္ကို လြယ္ပါတယ္။ ”
"အဲ့ေတာ့ေရာ ဘာဆက္ျဖစ္ခဲ့လဲ?"ဆုႏိုက ဆက္ေမး၏။
“သူ႕ကို ဒီေလာက္စိတ္မ႐ွည္တတ္မွန္း မေမွ်ာ္လင့္ထားမိဘူး။ ေလာင္းကစားပြဲၿပီးတာနဲ႔ ေဖာက္ခြဲေရးပစၥည္းေတြက ထရပ္ကားေပၚကို ေရာက္သြားတယ္ေလ။” ဟန္ေဝသည္ စီးကရက္တစ္လိပ္ကို မီးညႇိလိုက္ၿပီး "အစ္ကိုႀကီး သူ႕ကို ခရီး(ေသလမ္း)တစ္ခုကို သြားပို႔လိုက္ဖို႔ ဒီအခြင့္အေရးကို သုံးခဲ့တယ္"
"ခ်ဴဟန္လည္း ထရပ္ကားထဲမွာ ႐ွိေနတာလား?" ဆုႏို အံ့ၾသသြားသည္။
“႐ွိတယ္...” ဟန္ေဝက ေခါင္းညိတ္လိုက္သည္။
“......” ဒီသတင္းက နည္းနည္းေတာ့ ျပင္းလြန္းသြားတယ္။ဆုႏိုသည္ ဆိုဖာေပၚတြင္ ခဏထိုင္ကာ လုံးဝကို မိန္းေမာသြားေလသည္။
"ခင္ဗ်ားတို႔ဘက္ကေရာ ဘာျပသနာေတြျဖစ္ေစမွာလဲ?" အိုးရန္လုံက ေမးလိုက္သည္။
"ေခါင္းေဆာင္ေပၚမွာ မဟုတ္ဘူး။ ငါ့ဆီေရာက္ဖို႔ေလာက္ေတာ့ ႐ွာႏိုင္ၾကမွာမဟုတ္ဘူး” ဟန္ေဝက သူ႕ထိုင္ခုံကို ေနာက္ျပန္ဆုတ္လိုက္သည္။ "ေျပာေနစရာေတာင္မလိုေတာ့ဘူး။ ခ်ဴဟန္ေသသြားေတာ့ တျခားလူေတြက သူ႕အတြက္ လက္စားေခ်မယ့္အစား အဲဒီထိုင္ခုံလြတ္အတြက္ တိုက္ပြဲဝင္ၾကလိမ့္မယ္"
"အစ္ကိုႀကီး!" ဆုႏိုသည္ ႐ုတ္တရက္ႀကီး ထကာ သူ႕ကို ေပြ႕ဖက္လိုက္သည္။
အိုးရန္လုံ၏မ်က္ခုံးမ်ားက အနည္းငယ္လႈပ္သြားသည္။
"ဘာျဖစ္လို႔လဲ?" ဟန္ေဝ သူ႕ေက်ာကို လက္ျဖင့္ပုတ္ကာ ရယ္လိုက္သည္။
"ေက်းဇူးျပဳၿပီး ဒီလုပ္ငန္းကိုရပ္လိုက္ပါလား?" ဆုႏိုသည္ သူ႕ကို တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္လိုက္ၿပီး သူ႕အသံက အနည္းငယ္ တုန္ရီေနသည္။
"မင္းက အစ္ကိုႀကီးကိုစိတ္ပူေနတာလား?"
“ဟုတ္တယ္။”ဆုႏို၏ႏွာသီးဝမွာ ႐ႈပ္တြတြျဖစ္သြားသည္။
ေသျခင္းတရားသည္ အမွန္တကယ္ လြယ္ကူေသာ အရာျဖစ္သည္။ လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာက သူတို႔၏မိဘမ်ား မေတာ္တဆမႈတြင္ ေသဆုံးသြားခဲ့ၿပီး သူ႕မ်က္လုံးထဲတြင္ မ်က္ရည္မ်ား စီးက်လာသည္ကို ျပန္အမွတ္ရမိသည္။
ငါ့အစ္ကိုႀကီးသာ ေနာက္တစ္ခါ မေတာ္တဆျဖစ္ရင္ ငါေသမွာ ေသခ်ာတယ္!
“ငတုံးေလး..” ဟန္ေဝသည္ တစ္႐ွဴးကို ထုတ္ကာ ႏွာေခါင္းကို သုတ္ေပးလိုက္ၿပီး "ဘယ္အခ်ိန္ ရပ္ရမယ္ဆိုတာအစ္ကိုႀကီးသိပါတယ္"
"မဟုတ္ဘူး။ အစ္ကိုႀကီး ကြၽန္ေတာ္႕ကို ကတိေပးရမယ္!" ဒီတစ္ခါမွာလည္း ဆုႏိုက အရမ္းေခါင္းမာေန၏။
“အစ္ကိုႀကီးက ဒီလုပ္ငန္းကို တျဖည္းျဖည္းခ်င္း ႐ွင္းေနပါၿပီ။ ဒါေပမယ့္ ဒီလိုကိစၥမ်ိဳးကို အလ်င္စလိုလုပ္လို႔မရဘူးေလ” ဟန္ေဝက သူ႕ကို စိတ္႐ွည္႐ွည္နဲ႔ ႐ွင္းျပေန၏။ “ရက္အနည္းငယ္ၾကာရင္ အစ္ကိုႀကီး ႏိုင္ငံျခားကို ျပန္သြားရမယ္။မင္းမရီးက ေမြးေတာ့မယ္ေလ။"
"တကယ္လား?" ဆုႏိုသည္ သူ႕ႏွာေခါင္းေလးက နီရဲေနလ်က္ ရယ္လိုက္သည္။ သူ႕မရီးက ကေလးေမြးေတာ့မယ္!
"မငိုနဲ႔ေတာ့။" ဟန္ေဝသည္ ဆုႏို၏မ်က္ႏွာေပၚမွ မ်က္ရည္မ်ားကို သုတ္လိုက္ၿပီး "အစ္ကိုႀကီး အရင္ကတည္းက စဥ္းစားထားၿပီးသား။ကာစီႏိုကို အေစာဆုံးပိတ္ရင္ေတာင္ ႏိုင္ငံရပ္ျခားကို ေျပာင္းေ႐ႊ႕ႏိုင္တာကေတာ့ ေနာက္ႏွစ္ပဲ။ျပည္တြင္းက အသစ္ဖြင့္တဲ့႐ုံးကိုေတာ့ လည္ပတ္ဖို႔အတြက္ ဒုဥကၠဌကို လႊဲေပးၿပီး အဲဒါကို စစ္ေဆးဖို႔ ရံဖန္ရံခါ ျပန္လာလိုက္မယ္။”
"အစ္ကိုႀကီးက ႏိုင္ငံရပ္ျခားမွာ အေျခခ်မွာလား?" ဆုႏို အံ့ၾသသြားသည္။
“အင္း...” ဟန္ေဝက သူ႕လည္ပင္းကို ကိုင္ထားၿပီး "အရင္က အစ္ကိုႀကီး မင္းကိုပါ ေခၚသြားခ်င္ေပမယ့္ အခုအေျခအေနကို ၾကည့္လိုက္ေတာ့ မျဖစ္ႏိုင္ေတာ့ဘူးလို႔ ထင္တယ္"
"ကြၽန္ေတာ္ ႏိုႏိုကို လာေတြ႕ဖို႔ မၾကာခဏေခၚခဲ့ပါ့မယ္" အိုးရန္လုံသည္ သူ႕အ႐ူးေလးကို သူ႕ေဘးနားကို ဆြဲေခၚလိုက္ၿပီး "သူေနခ်င္ရင္ သူ ႀကိဳက္သေလာက္ အဲ့ဒီမွာေနႏိုင္တယ္"
"တကယ္လား?အဲဒါဆိုရင္ ႏွစ္ဝက္ေလာက္ေနခ်င္တယ္” ဆုႏို၏မ်က္လုံးမ်ားသည္ နီရဲလာၿပီး ခ်စ္လွစြာေသာ အစ္ကိုႀကီးႏွင့္ ခြဲခြာရမည္ဟု ေတြးလိုက္႐ုံျဖင့္ သည္းမခံႏိုင္ေတာ့ေပ။
".....႐ွဴး..ေနာင္မွာ ဒါေတြအေၾကာင္း ေျပာၾကရေအာင္ေလ” အိုးရန္လုံသည္ အေၾကာင္းအရာကို ကြၽမ္းက်င္စြာေျပာင္းလိုက္ၿပီး "မင္း ဗိုက္ဆာေနၿပီမလား?မင္း မနက္စာ မစားရေသးဘူးေလ!" ေမးခြန္းကို ေ႐ွာင္ဖယ္ပစ္လိုက္တာက တကယ္ကို စက္ဆုပ္စရာပဲ!
ဟန္ေဝ သူ႕ကို မထီမဲ့ျမင္ ၾကည့္ေနသည္။
မစၥတာဒါ႐ိုက္တာသည္ သူ႕အၾကည့္ေတြကို လ်စ္လ်ဴ႐ႈလိုက္သည္။
ဒါက တကယ့္အစစ္အမွန္ topတစ္ေယာက္ရဲ႕ အ႐ွိန္အဝါပဲ!
မနက္စာစားေနရင္း ထမင္းစားပြဲမွာ ဆုေ႐ွာင္းႏိုသည့္ သူ႕ပါးျပင္ထဲကို ေပါက္စီေတြကို ထိုးထည့္ေန၏။႐ုတ္တရက္ႀကီး သူ႕ဖုန္းျမည္လာကာ ဖုန္းေခၚသူမွာ ထန္ေ႐ွာင္းယြီပင္။
"အစ္ကိုႀကီးဟန္ အဆင္ေျပရဲ႕လား?" ထန္ေ႐ွာင္းယြီသည္လည္း သူ႕ဖုန္းထဲမွာ ဒီမနက္သတင္းကိုေတြ႕ၿပီးေနာက္ ဆုႏိုဆီကို အျမန္ဖုန္းဆက္လိုက္သည္။
"စိတ္မပူပါနဲ႔။သူအဆင္ေျပပါတယ္။ အားလုံးကို ေနာက္မွ အေသးစိတ္႐ွင္းျပမယ္။ မင္းအိမ္ျပန္ေရာက္ၿပီလား?" ဒီေန႔မနက္တင္ အလ်င္စလို ႏိုးလာရလို႔ ညဘက္ႀကီး ၿမိဳ႕ခံေတြ ေျပးၾကတဲ့ အတင္းအဖ်င္းသတင္းကို မေတြ႕လိုက္ရေသးေပ။
"ကြၽန္ေတာ္ ျပန္ေရာက္ေနၿပီ။" ထန္ေ႐ွာင္းယြီက စိတ္ဓာတ္က်ေနၿပီး "အစ္ကိုက်ီရန္က ကြၽန္ေတာ္ ကာစီႏိုကို သြားတာကို သူသိသြားတယ္။ အခု သူ အရမ္းေဒါသထြက္ေနတယ္။"
"အို?" ဆုႏို အံ့အားသင့္သြားၿပီး "ဒါကို သူဘယ္လိုလုပ္ၿပီးသိတာလဲ?"
“႐ွင္းျပရခက္တယ္။” ထန္ေ႐ွာင္းယြီသည္ ကုတင္ေပၚတြင္ လဲေလ်ာင္းေနၿပီး သူ႕စိတ္အေျခအေနက တစ္ခ်ိန္လုံး က်ဆင္းေနသည္။
"သူ ေဒါသထြက္ၿပီး မင္းကိုဆဲဆိုႀကိမ္းေမာင္းေနတာလား?အဲတာဆိုရင္ အလုပ္ကထြက္ေတာ့!” ဆုႏိုသည္ ေျဖာင့္မတ္မွန္ကန္လြန္းစြာျဖင့္ "မင္းကို အလုပ္သစ္႐ွာေပးမယ္။"
"........” ထန္ေ႐ွာင္းယြီသည္ကား ျပန္မေျဖေပ။
"ေၾကာက္ေနတာလား?အဲတာဆိုရင္ သူ႕ကို ဖုန္းေပးလိုက္ သူနဲ႔ ဖုန္းေျပာမယ္!”ဆုႏိုသည္ မညႇာမတာေျပာေနတုန္းပင္။ "မင္း စာခ်ဳပ္ခ်ဳပ္ထားရင္ေတာင္ ငါ့အတြက္ ျပႆနာမ႐ွိဘူး။ ေလ်ာ္ေၾကးေငြကို ငါကူညီေပးႏိုင္တယ္။ စာခ်ဳပ္ကိုကိုင္ၿပီး သူ႕မ်က္ႏွာေပၚကို ရဲရဲတင္းတင္းေတာင္ ပစ္ေပါက္ႏိုင္တယ္!"
ဒီျမင္ကြင္းကို ေတြးမိလိုက္႐ုံနဲ႔ ဆုႏိုရဲ႕ ႏွလုံးသားေလးက ရင္ခုန္စိတ္ေတြနဲ႔ ျပည့္ႏွက္ေနေတာ့သည္။
"အခုပဲ ဖုန္းခ်လိုက္ေတာ့မယ္" ထန္ေ႐ွာင္းယြီ စိတ္ဓာတ္က်သြားသည္။
"ဖုန္းမခ်လိုက္နဲ႔ ငါမင္းကိုတကယ္ကူညီေပးႏိုင္ပါတယ္..." ဆုႏိုသည္ သူ႕စကားမဆုံးခင္ ဟန္ေဝက သူဖုန္းကိုဆြဲယူလိုက္သည္။ဆုႏို စိတ္႐ႈပ္ေထြးစြာျဖင့္ "အစ္ကိုႀကီး ဘာလုပ္တာလဲ?"
"ခ်ိဳးက်ီယန္က မင္း ကာစီႏိုကိုသြားမိလို႔ စိတ္ဆိုးေနတာလား?" ဟန္ေဝက အသံနက္ႀကီးျဖင့္ ေမးလိုက္သည္။
shit!ဆုႏိုက သူ႕အစ္ကိုႀကီးကို ေလးစားလြန္းသည့္ အၾကည့္ေလး ေပး႐ုံမွလြဲၿပီး ဘယ္လိုမွမတတ္ႏိုင္ေတာ့ေပ!အတင္းအဖ်င္းစကားေတြကို ကိုယ္ဟုတ္ကိုယ္မွန္အထာမ်ိဳးနဲ႔ ဘယ္လိုမ်ား ေျပာေနရတာလဲ!သူက တကယ့္ကို အားႀကီးတဲ့ ေျမေအာက္လူ႕အဖြဲ႕အစည္းက လူပီသပါေပတယ္။
“အင္း။” ထန္ေ႐ွာင္းယြီသည္ ဟန္ေဝက ဒီကိစၥကို ဂ႐ုစိုက္လိမ့္မယ္လို႔ မေမွ်ာ္လင့္ထားေပ။
“ဒါဆို ကိုယ္လုံးတီးခြၽတ္ၿပီး သူ႕ကို ေသြးေဆာင္လိုက္” မစၥတာဟန္၏စကားမ်ားသည္ ႐ိုး႐ွင္းေသာ္လည္း ထိတ္လန္႔စရာေကာင္းလြန္းလွသည္။
"ဖူး...အဟြတ္ .အဟြတ္..အဟြတ္!" ဆုႏိုသည္ တိုဟူးတစ္လုတ္ကို ေထြးထုတ္လိုက္ၿပီး ရင္ၾကပ္ေသဆုံးလုနီးပါး ျဖစ္သြားေတာ့သည္။
“.....အစ္ကိုႀကီးဟန္” ဖုန္းနဲ႔ ေဝးကြာေနေပမယ့္ ထန္ေ႐ွာင္းယြီရဲ႕ မ်က္ႏွာဟာ နီျမန္းေနဆဲပါပဲ။
ဟန္ေဝသည္ ၾသဇာလႊမ္းမိုးလြန္းႀကီးစြာ ဖုန္းခ်လိုက္သည္။
"အစ္ကိုႀကီး ဘာလို႔ သူ႕ကို ဒီလိုမ်ိဳးသင္ေပးရတာလဲ?" ဆုႏို သူ႕အစ္ကိုႀကီးကို ျပစ္တင္ႀကိမ္းေမာင္းရင္း သူ႕မ်က္လုံးထဲတြင္ မ်က္ရည္ပူမ်ားျဖင့္ ျပည့္ေနသည္။
"ဒါက ဘာမွမျဖစ္ပါဘူး" မစၥတာဒါ႐ိုက္တာက ေရစက္ေလးေတြကို သုတ္ေပးလိုက္သည္။ "ဒီလွည့္ကြက္က တကယ္အသုံးဝင္တယ္"
အမွန္ေတာ့ ဒီစကားက အမွားအယြင္းမ႐ွိေပမယ့္ ဒါ႐ိုက္တာႀကီးနဲ႔ကြၽန္ေတာ္၊ အစ္ကိုႀကီးနဲ႔မရီးတို႔လို ခ်စ္သူေတြအေနနဲ႔ပဲ ကန္႔သတ္ထားတာေလ။ ဒါေပမယ့္ ခ်ိဳးက်ီယန္ နဲ႔ ထန္ေ႐ွာင္းယြီက.....shit!shit! ခဏေလး!!ဆုႏို၏စိတ္ထဲတြင္ ေၾကာက္မက္ဖြယ္ျဖစ္ႏိုင္ေခ်တစ္ခုကို ခ်က္ခ်င္းစဥ္းစားမိသြားေတာ့ ဆုႏိုသည္ ခ်က္ခ်င္းပင္ ထိတ္လန္႔သြားေတာ့သည္။
"ေနာက္ဆုံးေတာ့ သိလိုက္ၿပီလား?" အိုးရန္လုံက သူ႕ကို အနီးကပ္ ဆြဲယူလိုက္ရင္း ရယ္ေမာလိုက္သည္။
ခဏေနပါဦး! ဆုႏိုသည္ ေအးစက္ေသာေလကို ပါးစပ္မွ တဝႀကီး႐ွဴ႐ိႈက္ရင္း သူ႕အစ္ကိုႀကီးကို ထိတ္လန္႔စြာ ၾကည့္ကာ "အစ္ကိုႀကီးလည္း ဒီလိုပဲ ေတြးေနတာလား?"
"သူက အႏၲရာယ္ေတြၾကားထဲက စြန္႔စားၿပီး အစ္ကိုႀကီးနဲ႔လာဆုံဖို႔ လိုလားေနကတည္းက ထူးဆန္းေနၿပီ။ မင္းက ဒါကို သတိမထားမိတဲ့သူပဲ"
အယ္ပါကာတစ္ေသာင္းသည္ သူ႕ရဲ႕ႏွလုံးသားကို နင္းေခ်ေနသလို,ဆုႏို၏စိတ္အေျခအေနမွာ ႐ႈပ္ေထြးလြန္းသျဖင့္ ေဖာ္ျပဖို႔ရာ မျဖစ္ႏိုင္,ထမင္းစား,စားပြဲေပၚတြင္သာ ေၾကကြဲစြာ ေခါင္းစိုက္ေနေတာ့သည္။
ဒီကမ႓ာႀကီးဟာ တကယ္ တကယ့္ကို အသိတရား ဖ်က္စီးေနတာပဲ!
သူ႕တစ္ကိုယ္လုံး အသက္မဲ့လို႔သြားသည္။
"မင္းသူငယ္ခ်င္းရဲ႕ကိစၥကို ကူၿပီး မေျဖ႐ွင္းေပးခ်င္ဘူးလား?" အိုးရန္လုံက သူ႕ကို ေနာက္ေျပာင္လိုက္သည္။
တကယ္ႀကီး သူက ႂကြက္သားေကာင္ႏွင့္ အတူတူေန,ေနတာပဲ... ဆုႏိုက ဆုံးပိုင္းျဖတ္ၿပီး ဖုန္းျပန္ေခၚလိုက္သည္။
"ဘာလို႔လဲ?" ထန္ေ႐ွာင္းယြီသည္ ဖုန္းကို ေကာက္ကိုင္လိုက္သည္။
"ငါ့မွာ တကၠသိုလ္က အတန္းေဖာ္တစ္ေယာက္ ႐ွိတယ္" ဆုႏိုက အရမ္းေလးနက္စြာျဖင့္ "သူက အရမ္းေခ်ာတယ္၊သူ႕မ်က္လုံးေတြကလည္း စူး႐ွတယ္၊သူ႕မ်က္ႏွာက်ကလည္း အရမ္းမိုက္၊အရပ္က 1.9 မီတာေနာ္၊ သူ႕မွာ ႂကြက္သားေတြ႐ွိၿပီး သူ႕အသားအရည္ကလည္း ေၾကးနီေရာင္ပဲ။႐ွပ္အက်ႌဝတ္လိုက္ရင္ သူ႕ႂကြက္သားေတြက ၾကယ္သီးေတြကိုေတာင္ ျပဳတ္ထြက္လုမတက္ပဲ၊ သူ႕ေျခေထာက္ေမႊးေတြကလည္း တကယ့္ကိုထူထူေတြ၊ နိဂုံးခ်ဳပ္အေနနဲ႔ သူက တကယ့္ကို ေယာက်္ားဆန္တယ္ကြာ၊ မင္းက ဘယ္လိုထင္လဲ?"
ဟန္ေဝသည္ ဗိုက္နာသြားသည္အထိ ရယ္မိသည္။မစၥတာဒါ႐ိုက္တာ၏ႏႈတ္ခမ္းမ်ားကလည္း တြန္႔ေကြးလို႔သြားသည္။
"ကြၽန္ေတာ္...သူက အေတာ္ေလး ၾကည့္ေကာင္းတယ္လို႔ ထင္ပါတယ္...?" ထန္ေ႐ွာင္းယြီသည္ အေၾကာင္းအရာကို အတိအက် မသိေသာေၾကာင့္ သူႏွင့္အတူ သံေယာင္လိုက္,လိုက္သည္။
"ဒါဆို မင္းတို႔ႏွစ္ေယာက္ကို ေတြ႕ဖို႔ ငါစီစဥ္ေပးလို႔ရတယ္" ဆုႏို ခ်က္ခ်င္းဆုံးျဖတ္လိုက္သည္။
"အမ္?" ထန္ေ႐ွာင္းယြီက အံ့ၾသသြားၿပီး "ဘာလို႔ ကြၽန္ေတာ္တို႔နဲ႔ေတြ႕ဖို႔ စီစဥ္ရမွာလဲ?"
"မင္း ခ်ိဳးက်ီယန္နဲ႔ လမ္းခြဲဖို႔ မစဥ္းစားခ်င္ဘူးလား?" ဆုႏိုသည္ ေနာက္ဆုံးမွာေတာ့ သူ႕အေတြးေတြကို က်ယ္ေလာင္စြာ ထုတ္ေျပာလိုက္သည္။
“.......” ထန္ေ႐ွာင္းယြီသည္ သူ႕မ်က္ႏွာကို ေစာင္ထဲ နစ္ျမႇဳပ္လိုက္ၿပီး “အကိုဆုႏို ဘာေတြေျပာေနတာလဲ?ကြၽန္ေတာ္ နားမလည္ဘူး။"
"အဲ့အေၾကာင္း ငါသိၿပီးသား။" ဆုႏိုက သူ႕ကို ရက္ရက္စက္စက္ ႐ိုက္ခ်ိဳးပစ္လိုက္တာ တကယ့္ကို ထက္ျမက္လြန္းတယ္။
"ကြၽန္ေတာ္ ကိုယ္တိုင္ေျဖ႐ွင္းပါ့မယ္။" ထန္ေ႐ွာင္းယြီသည္ တကယ္ပင္ မူးေမ့လဲသြားခ်င္ေနၿပီ။ "အကိုဆုႏို အဲဒါကို စိတ္ပူေပးေနစရာမလိုဘူး"
"ခ်ိဳးက်ီယန္က ဘာေကာင္းလို႔လဲ?" ဆုႏိုသည္ သံမဏိျဖစ္မလာႏိုင္သည့္ သံကိုမုန္းတီးသည္*။
"ဘာကိစၥမွမ႐ွိေတာ့ဘူးဆိုရင္ အခုပဲ ဖုန္းခ်လိုက္ေတာ့မယ္ေနာ္" ထန္ေ႐ွာင္းယြီသည္ ဤကိစၥကို သူႏွင့္ လုံးဝမေဆြးေႏြးခ်င္ေပ။
"ဖုန္းမခ်နဲ႔!" ဆုႏိုသည္ သူ႕ဖုန္းကိုယူကာ လသာေဆာင္ဆီသို႔ ေျပးသြားသည္။
မင္း ဘယ္လိုမ်ား ဖုန္းခ်ခ်င္ေနရတာလဲ။ ဒီလိုကိစၥမ်ိဳးဆိုတာ သုံးနာရီၾကာေအာင္ အတင္းေျပာရလည္း တကယ္တန္တယ္!
"ဒီအေၾကာင္းကို လွ်ိဳ႕ဝွက္ထားေပးေနာ္"ထန္ေ႐ွာင္းယြီ သူ႕ကို သတိေပးလိုက္သည္။
"ဒါေပါ့! မင္းလည္း ငါ့အစ္ကို႔ကိစၥကို လွ်ိဳ႕ဝွက္ထားဖို႔ ကူညီေပး!" ဆုႏိုသည္ လႈပ္ခါသည့္ကုလားထိုင္တြင္ ထိုင္လိုက္သည္။ "ငါတို႔ ေၾကၿပီ"
"အစ္ကိုက်ီရန္က ဒီတစ္ခါေတာ့ အရမ္းေဒါသထြက္ေနတာ" ထန္ေ႐ွာင္းယြီသည္ စိတ္ဓာတ္က်သြားသည္။ "အရင္က သူဘယ္ေလာက္ပဲ ေဒါသထြက္ေနပါေစ ကြၽန္ေတာ္႕ကို လ်စ္လ်ဴမ႐ႈဘူး"
"မင္းသူ႕ကို တကယ္ခ်စ္တာလား?" ဆုႏိုက တကယ္ကိုစပ္စုေန၏။
“အင္း” ထန္ေ႐ွာင္းယြီရဲ႕ အသံက တကယ္ကိုႏူးညံ့လို႔ေန၏။ "ကြၽန္ေတာ္ တကယ္ေတာင္းပန္ခ်င္ေပမယ့္ သူက ကြၽန္ေတာ့္စကားကို နားမေထာင္ခ်င္ဘူး"
မာဆယ္ေကာင္ေတြက တကယ္ကို သေဘာထားေသးသိမ္တာပဲ!ဆုႏိုက ႏႈတ္ခမ္းစူလိုက္သည္။
"အကိုဆုႏိုနဲ႔ အကိုဆုႏိုရဲ႕ခ်စ္သူ ရန္ျဖစ္ရင္ ဘာလုပ္မလဲ?" ထန္ေ႐ွာင္းယြီက ႐ုတ္တရက္ ေမးလိုက္သည္။
ငါ့လား?
ဆုႏိုက အဲဒီအေၾကာင္းကို ေတြးေန၏။ ငါဆိုရင္ sexy က်တဲ့ အတြင္းခံေဘာင္းဘီ ၀တ္ထားမယ္။ ၿပီးေတာ့ သူ႕ဆီ ေျပးၿပီး သူ႕ကို ေသြးေဆာင္မယ္။ခ်စ္မိသြားတဲ့ ႏွစ္ေယာက္အတြက္ ဖာ့ခ္လုပ္တယ္ဆိုတာမ်ိဳးက သက္ေတာင့္သက္သာ႐ွိၿပီး သည္းမခံႏိုင္စရာပဲ။ဒါ့အျပင္ ငါတို႔ရဲ႕ဆက္ဆံေရးကို တည္ၿငိမ္ေစဖို႔အတြက္လည္း လြယ္ကူေစတယ္။အဲဒီေနာက္ ေတာင္းပန္ဖို႔ အခ်ိန္ကို ေကာင္းေကာင္းအသုံးခ်ႏိုင္ၿပီး ေအာင္ျမင္ႏိုင္မႈအခြင့္အလမ္းေတြက ျမင့္မားလာမွာပဲ!
ဒီအျမင္ကေနဆိုရင္ေတာ့....အစ္ကိုႀကီးရဲ႕ အၾကံက မွားစရာမ႐ွိပါဘူး!