ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာ...

By BI_BI_DAA

360K 64K 1.4K

This is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Ti... More

Description
[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21.1]
[21.2]
[22.1]
[22.2]
[23.1]
[23.2]
[24.1]
[24.2]
[25.1]
[25.2]
[26.1]
[26.2]
[27.1]
[27.2]
[28.1]
[28.2]
[29.1]
[29.2]
[30.1]
[30.2]
[31.1]
[31.2]
[32.1]
[32.2]
[33.1]
[33.2]
[34.1]
[34.2]
[35.1]
[35.2]
[36.1]
[36.2]
[37.1]
[37.2]
[38.1]
[38.2]
[39]
[40]
[41]
[42]
[43]
[44]
[45]
[46]
[47]
[48]
[49.1]
[49.2]
[49.3]
[50]
[51]
[52]
[53.1]
[53.2]
[53.3]
[53.4]
[53.5]
[54]
[55]
[56]
[57]
[58]
[59]
[60]
[61]
[62]
[63]
[64]
[65]
[66]
[67]
[68]
[69]
[70]
[71]
[72]
[73]
[74]
[75]
[76]
[77]
[78]
[79]
[80]
[81]
[82]
[83]
[84]
[85]
[86]
[87]
[88]
[89]
[90]
[91]
[92]
[93]
[94]
[96]
[97]
EXTRA-1
EXTRA-2
EXTRA-3
EXTRA-4
EXTRA-5
EXTRA-6
EXTRA-7
EXTRA-8
EXTRA-9
EXTRA-10
EXTRA-11
EXTRA-12
EXTRA-13[END]

[95]

1.2K 217 2
By BI_BI_DAA

[Unicode]

အခန်း(၉၅):ဓါးစာခံ နှင့် ထူးဆန်းသော ကယ်တင်ခြင်းဖြင့် ကယ်တင်ခံရခြင်း


"မင်းကို XiLa ဟိုတယ်ကို ခေါ်သွားပေးရမလား?" ဟန်ဝေက ကားမောင်းရင်း မေးလိုက်သည်။

“ရပါတယ်။ အဲ့ကို မသွား​တော့ဘူး” ထန်​ရှောင်းယွီသည် ထိုဟိုတယ်တွင် အများအားဖြင့် နာမည်ကြီးများ တည်းခို​​လေ့ရှိသောကြောင့် ကမ်းလှမ်းချက်ကို အမြန်ငြင်းဆိုခဲ့သည်။

တစ်စုံတစ်ယောက်က ငါအဲဒီကိုသွားမှန်း သိသွားပြီး ချိုးကျီယန်ကိုပြောလိုက်ရင် ငါသေလိမ့်မယ်!

"ဘာလို့ ငါ့ နေရာမှာ လာမနေရတာလဲ?" လော့လီက ခေါင်းလှည့်ပြီး ထန်​ရှောင်းယွီကို မေးလိုက်သည်။

ဖာ့ခ်!ဆုနိုက ရှေ့မှာ မတ်မတ်ထိုင်လိုက်ပြီး လော့လီကို မျက်လုံးတွေနဲ့ စိုက်ကြည့်နေတော့ ထန်​ရှောင်းယွီမှာ ပါးစပ်ဖွင့်ဖို့ အချိန်တောင်မှ မရလိုက်ပေ။

ခင်ဗျားက ကျွန်တော့်ကို မျက်စိကျ​နေရုံတင်မကဘူး။ ကျွန်တော့်သူငယ်ချင်းကိုပါ လှည့်စားမလို့​ပေါ့​​လေ။ခင်ဗျား ဘယ်လောက်တောင် သတ္တိရှိနေတာလဲ!ဒီလူက တကယ်ကို ပြဿနာကောင်ပဲ!

“.......”

လော့လီသည် ဒီအချိန်မှာ​​တော့ စိတ်ရင်းမှန်ဖြင့် ငိုရမလား ရယ်ရမလား မသိတော့​ပေ။ထန်​ရှောင်းယွီကို သူ့အိမ်မှာ တစ်ညလောက်နေခိုင်းဖို့ စိတ်ကူးထားတာကလည်း သူက ကစားပွဲအတွက် များစွာကူညီခဲ့တာမို့​လေ။

"ကျွန်တော် ကြုံရာဟိုတယ်မှာပဲနေလိုက်ပါ့မယ်" ထန်​ရှောင်းယွီသည် လော့လီ၏အိမ်သို့လည်း မသွားချင်တာမို့ လမ်းဘေးရှိ ဟိုတယ်တစ်ခုကိုတွေ့တော့ ဟန်​ဝေအား ကားရပ်ရန် ပြောခဲ့သည်။

“ဒါဆို သတိထား” ဆုနို သူ့ကို သတိပေးလိုက်သည်။ "တစ်ခုခုဖြစ်ရင် ငါ့ကိုဖုန်းဆက်လိုက်နော်။မနက်​ဖြန်​ကျရင်လည်း ​စော​စော အိမ်​ပြန်​"

ထန်​ရှောင်းယွီသည် ခေါင်းညိတ်လိုက်ပြီး သူ့အိတ်ကို လော်ဘီထဲသို့ ဆွဲလာခဲ့သည်။

"မင်းကရော?" ဟန်ဝေက ဆုနိုဘက်ကို လှည့်ကြည့်လိုက်၏ “အစ်ကိုကြီးနဲ့အတူ အိမ်ပြန်မှာလား?”

မကြာခင်ကပင် ဆုနိုသည် မစ္စတာဒါရိုက်တာနှင့် ပြင်သစ်နမ်းနည်းကို မည်သိုနမ်းရမည်ဖြစ်​ကြောင်းနှင့် နမ်းနေစဉ်တွင် သူ့ရဲ့ abs တွေကို မည်သို့ထိရန် စဉ်းစားနေတာကြောင့် ဆုနိုသည် ချက်ချင်းပင် အဆင်မပြေဖြစ်သွားသည်။

"ဒါဆိုရင် အခု မင်းဘာကို စဉ်းစားနေတာလား?" ဟန်ဝေက မျက်မှောင်ကြုတ်လိုက်သည်။

"... ပိတ်ရက်မှာဆိုရင်​ရော ဘယ်လိုလဲ?" ဆုနိုက သွေးတိုးစမ်းကာ မေးလိုက်သည်။ ငါ့အစ်ကိုကြီးက အရမ်း..အရေးကြီးပေမယ့်လည်း မစ္စတာဒါရိုက်တာနဲ့ ငါက အိမ်ပြန်ရောက်ရင် ဂဏန်းချဥ်စပ်စားဖို့ ဆုံးဖြတ်ထားပြီးသားလေ။ဂဏန်းချဥ်စပ်ကိုသာ နောက်တစ်ခါထပ်လွဲ​ချော်သွားရင် ငါ သေသွားတော့မှာ သေချာပြီ!

လော့လီက သူ့ထိုင်ခုံပေါ်ကို မှီရင်း ရယ်မောလိုက်သည်။

ဒီနှာဘူး​ကောင်က ဘာလို့ အမြဲရယ်နေတာလဲ?ဆုနို အရမ်းဒေါသထွက်သွားရပြီး စိတ်ရှုပ်သွားသည်။

ဟန်ဝေသည် သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ဟုတ်ပါတယ်လေ။ ညီလေးတစ်ယောက် ကြီးပြင်းလာတဲ့အခါ သူ့ကို စစ်ဆေးဖို့ အရမ်းခက်တာပဲ!

ဒါကြောင့် ဟန်ဝေက ဆုနိုကို ပြန်သာခိုင်းလိုက်တော့သည်။

အိုးရန်လုံသည် စောစော အိမ်ပြန်ရောက်နေ၏။ ဆုနို ဧည့်ခန်းထဲကို ဝင်လာတော့ ဂဏန်းချဥ်စပ်ရဲ့အနံ့က အိမ်ထောင့်တိုင်းတွင် ပြည့်နေပြီ။

“အချစ်!” ဆုနိုသည် ကျေနပ်ပျော်ရွှင်သွားတဲ့ အရိပ်အယောင်နဲ့ ဂဏန်းကို အရင်ဦးဆုံးကိုက်ချင်နေတာဖြစ်ပြီး မီးဖိုခန်းထဲသို့ ပြေးသွားလိုက်သည်။

သို့သော်လည်း သူ့ကို မစ္စတာဒါရိုက်တာက တားလိုက်ပြီး ငါးမိနစ်ကြာ ပြင်သစ် အနမ်းပေးဖို့အတွက် ဆိုဖာပေါ် ဆွဲချခံလိုက်ရသည်။

ဤ foodie တစ်​ယောက်၏စိတ်ထဲမှာတော့ ကဏန်းချဥ်စပ်နှင့် နှိုင်းယှဉ်နိုင်သည့်တစ်ခုတည်းသောအရာမှာ ပြင်သစ်အနမ်းပင်ဖြစ်သည်။ထို့ကြောင့် ဆုနိုသည် မည်သည့်နောင်တမှ မခံစားရဘဲ မစ္စတာဒါရိုက်တာက သူ့ကို ထပ်ခါထပ်ခါ နမ်းလိုက်သည့်အတွက် အနည်းငယ်ကျေနပ်သွားတော့၏။

"အဲ့ဒါတွေကို မင်းကို ဘယ်တော့မှ လုပ်ခွင့်မပေးတော့ဘူး။" အိုးရန်လုံသည် ဆုနိုကို တင်းကျပ်စွာ ဖက်တွယ်ထားသည်။

"အဲလောက် မဆိုးပါဘူး။" ဆုနိုသည် အိုးရန်လုံ၏ ဆံပင်တွေကို သပ်လိုက်ပြီး သူ့နှလုံးသားထဲမှာတော့ အနည်းငယ် အရည်ပျော်သွားသည်။

"သူတို့ပြောနေကြတဲ့ ပေါက်ကွဲစေတဲ့ပစ္စည်းဆိုတာက​ရော ဘာလဲ?" အိုးရန်လုံက ထထိုင်လိုက်ပြီး ဆုနိုကို သူ့ပေါင်ပေါ်မှာ ထိုင်ခိုင်းလိုက်သည်။

"ချူဟန်က ပြဿနာရှာချင်နေတဲ့သူလေ။ ဒါပေမယ့် အခြေအနေက ကောင်းပါတယ်။ ကျွန်တော့်အစ်ကိုကြီးက အစကတည်းက အဆင်သင့် ပြင်ထားပြီး​နေပြီ။” ဆုနိုသည် အိုးရန်လုံ၏လည်ပင်းကို လက်နှစ်ဖက်ဖြင့် တင်လိုက်ကာ "စိတ်မပူပါနဲ့နော်"

အိုးရန်လုံက ဆုနို၏ပါးကို ကိုက်လိုက်ရင်း သူ အနည်းငယ် စိုးရိမ်နေသေးသည်။

"အို..ဟုတ်သား။ဒါရိုက်တာကြီးက လီကုန်းအဆောက်အဦးနားကို ဘယ်လိုရောက်လာတာလဲ?" ဆုနိုက ရုတ်တရက်ဖြစ်သွားသည့်အဖြစ်အပျက်ကို သတိရသွားသည်။

"မင်းအစ်ကိုကြီးက မပြောဘူးလား?"

"သူက ကျွန်တော့်ကိုမပြောဘူး။ ဒါကြောင့်မို့ ဒါရိုက်တာကြီးကိုမေးရမယ်လေ" ဆုနိုက အရမ်းသိချင်နေခဲ့တာပဲ ဖြစ်သည်။

“တကယ်တော့ ဘာမှ မဟုတ်ပါဘူး။မင်း ကာစီနိုကို သွားမယ်လို့ ကိုယ့်ကိုပြောတုန်းက မင်းအစ်ကိုကြီးနဲ့ အဆက်အသွယ်ရပြီး လိပ်စာတောင်းခဲ့တယ်" အိုးရန်လုံက အဓိကအချက်ကိုသာ ပြောပြခဲ့၏။

"အစ်ကိုကြီးကို ဆက်သွယ်လိုက်တာ ဘယ်အချိန်တုန်းကလဲ? ဒီအကြောင်းကို ဘယ်လို့ မပြောပြခဲ့တာလဲ?” ဆုနို အံ့သြသွားသည်။

"ကစားရင်းနဲ့ အာရုံလွဲသွားမှာကို ကိုယ် စိုးရိမ်မိလို့ မင်းကို မပြောပြခဲ့တာပါ" အိုးရန်လုံသည် ဆုနို၏ပါးကို နမ်းလိုက်ပြီး "စိတ်မဆိုးပါနဲ့။ ဟုတ်လား?"

ကျွန်တော် စိတ်မဆိုးပါဘူး!တကယ်တော့ ဒါရိုက်တာကြီး လုပ်ခဲ့တဲ့ကိစ္စကြောင့် ကျွန်တော့်ရင်ထဲ နည်းနည်းထိသွားသလို ခံစားရတယ်!အန္တရာယ်ရှိမှန်း သူသိပေမယ့် သူ ကျွန်တော့်ဘေးမှာ ရပ်တည်နေဆဲပဲ!ချူဟန်ရဲ့ လုပ်ကြံမှုအကြောင်းကိုတောင် ကြားခဲ့ရသေးတယ်။သူ့လူကြီးက တကယ်ကို ချောမောပြီး ဂရုစိုက်တတ်တာပဲ!

"ဂဏန်းချဥ်စပ် သွားစားရအောင်" အိုးရန်လုံက ဆုနိုကို ချီမကာ မီးဖိုခန်းထဲသို့ ခေါ်သွားသည်။

"ကျွန်တော်တို့ အပြင်ထွက်စားကြမယ်လို့ ထင်ခဲ့တာ" ဆုနိုသည် လေကို ပြင်းပြင်းထန်ထန် ရှုရှိုက်လိုက်ပြီး အရသာရှိတဲ့ အစားအစာကို ရှူရှိုက်လိုက်သည်။

"အိမ်မှာစားရတာ နည်းနည်းအဆင်ပြေတာမို့ ချက်ဖို့ပဲ ခေါ်လိုက်တာ" အိုးရန်လုံသည် သူ့ကို ကုလားထိုင်ပေါ်ချ​ပေးလိုက်ပြီး "ဒါ့အပြင် မင်း ဂရုမစိုက်ဘဲ စားလို့ရတယ်လေ"

နှစ်ယောက်သား ထမင်းစားနေရင်း ပြတင်းပေါက် အပြင်ဘက်မှာ မိုးရွာချလာသည်။သူတို့ဘဝတွေက ဒီထက်ပို သာယာပြီးအေးချမ်းမှု ဆိုတာ မရှိနိုင်တော့ပါဘူး။

အဲဒါနဲ့ ဆန့်ကျင်ဘက်ကတော့ ထန်​ရှောင်းယွီသည် ဟိုတယ်မှာ နည်းနည်း စိတ်ဓာတ်ကျသွားရသည်။ဟိုတယ်ရဲ့ စားသောက်ခန်းမကို ပြုပြင်မွမ်းမံနေတာကြောင့် ည​နေစာကို ထွက်ဝယ်လိုက်ရသည်။ ဒါပေမယ့် သူ့ဟင်း​​တွေက အေးပြီးမာနေတဲ့အတွက် ထန်​ရှောင်းယွီသည် နှစ်ချက်လောက်ကိုက်ပြီးနောက် သူ့တူကို ချလိုက်သည်။

“ဘေဘီ...” ချိုးကျီယန်က သူ့ဆီ ဖုန်း​ခေါ်လာခဲ့သည်။“အခု ဘာလုပ်နေတာလဲ?”

"အဘိုးနဲ့အိမ်မှာ.." ထန်​ရှောင်းယွီက ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး "အကိုကျီရန်ရော?"

“အခု​လေးတင်ပဲ ပွဲကို တက်ပြီးသွားပြီ။မိုင်ခယ့်နဲ့ အတူတူညစာ,စားနေတယ်,မင်းအိမ်မှာ နောက်ထပ်ရက်နည်းနည်းလောက်နေလိုက်ရင်​ရော ဘယ်လိုလဲ?" ချိုးကျီယန်က သူ့ကို စောစောပြန်လာစေချင်ပေမယ့်လည်း သူက သူ့ဆွေမျိုးတွေဆီ အလည်သွားတာ​လေ။သူ့အဘိုးဆီမှာ တစ်ရက်လောက်သာ သွား​နေခွင့်ပေးလိုက်ရင် တရားမျှတမှာမဟုတ်ဘူး။

“.......” ထန်​ရှောင်းယွီသည် အနည်းငယ်အံ့သြသွားပြီး, သူဘာလို့ ဒီလောက် ရက်ရောရတာလဲ?

"ဟုတ်ပြီလား?" ချိုးကျီယန်က မေးလိုက်သည်။

"ရပါတယ်။" ထန်​ရှောင်းယွီက သူ့ကို ဘာပြန်ပြောရမှန်း မသိတာကြောင့် မရေရာအဖြေကိုသာ ပေးလိုက်သည်။

"ဒါဆို ငါးရက်လောက်ကြာရင် ပြန်လာခဲ့" ချိုးကျီယန်က သူ့ကို ဖုန်းကတစ်ဆင့် နမ်းလိုက်ပြီး "နေကောင်းအောင်နေ​နော်,ပြီးရင် ကိုယ် မင်းကို လာကြိုမယ်"

"ဟုတ်ပြီ​လေ..." ထန်​ရှောင်းယွီသည် ကုတင်ပေါ်တွင် ခိုကိုးရာမဲ့ လှဲလျောင်းနေပြီး တီဗီကို ငါးရက်လုံး ကြည့်ရ​တော့မည်ဖြစ်သည်—သူ့အဘိုးကလည်း မကြာသေးမီက သက်ကြီးစက်ဘီးစီးအဖွဲ့တွင် ပါဝင်ခဲ့သည်၊ထို့ကြောင့် သူပြန်သွားလျှင်ပင် သူ့ကို အကြာကြီးတွေ့နိုင်မည်မဟုတ်ပေ။

ဖုန်းချပြီးနောက် ချိုးကျီယန်သည် သူ့ဘေးတွင်ထိုင်နေသည့် မိုင်ခယ့်အား ကန်ကာ “သွား!ဘေလ်သွားချေတော့”

"အရင်ဆုံး စိတ်အေးအေးထားပါ​ရ​စေအုံး!မင်း အခု ရှောင်းယွီနဲ့ ချိန်းတွေ့နေတာလား?ဒါက ဘယ်လိုဖြစ်သွားရတာလဲ?အန်တီကို ပြောပြရမယ်"

"ဒါဆို ငါ မင်းကို အ​ရေခွံခွာပစ်မယ်။" ချိုးကျီယန်သည် အလွန်တည်ငြိမ်လျက်။

"မိန်းကလေးတွေကို မင်းတကယ်မကြိုက်ဘူးလား?" မိုင်ခယ့်သည် မျက်ရည်များဝဲကာ ချိုးကျီယန်၏လက်တွေကို ဆုပ်ကိုင်ထားပြီး "အသားအရည် ချောမွေ့၊ ရင်သားကြီးကြီး ပျော့ပျောင်းတယ်​လေ!" ပိန်ပိန်ပါးပါးကောင်လေးထက် ပိုကောင်းတယ်!

“မကြိုက်ဘူး” ချိုးကျီယန်သည် သူ့စိတ်ကူးယဉ်မှုကို အေးစက်စွာ ချိုးဖျက်လိုက်ပြီး "ဒါပေမယ့် မင်းက ဒီလိုမိန်းကလေးမျိုးကို ကြိုက်တယ်ဆိုရင် ငါမင်းကို မိတ်ဆက်ပေးလို့ရတယ်။"

"ငါ D-cup မိန်းက​လေးတွေကို ကြိုက်တယ်။" မိုင်ခယ့်သည် ချိုးကျီယန်ကို နီနီရဲရဲ မျက်လုံးတွေဖြင့် သတိပေးလိုက်သည်။

“လုံလောက်ပြီ၊ လုံလောက်ပြီ။ အခု ဘေလ်သွားတောင်းတော့။" ချိုးကျီယန်သည် မိုးရွာတာကိုကြည့်ဖို့ရာ လက်ရန်းပေါ်ကို မှီပြီး "ပြီး​တော့ လက်ဖက်ရည်မှာလိုက်ဦး၊ဒီမှာ ခဏလောက်နေပြီးရင် အိမ်ပြန်ကြရအောင်" ပြန်သွားရင်တောင် အိမ်မှာ ဇနီးလေးမရှိဘူးလေ။အပြင်မှာ လေကောင်းလေသန့်ရှူရတာ ပိုကောင်းတယ်။

နှစ်နာရီကြာပြီးနောက် မိုင်ခယ့်သည် စားပွဲပေါ်တွင် ဟောက်နေပါတော့သည်။ချိုးကျီယန်သည် ညမြင်ကွင်းကို လုံလောက်စွာကြည့်ရှုခဲ့ပြီး ဗီဒီယိုဂိမ်းအချို့ကစားရန် မိုင်ခယ့်အား အိမ်သို့ ဆွဲခေါ်လာခဲ့သည်။

ထို့နောက် စားသောက်ဆိုင်မှ ထွက်လာပြီးနောက်တွင် ရင်းနှီးသော အသွင်ဆောင်သည့် အမျိုးသားငယ်တစ်ဦးသည် လမ်းတစ်ဖက်ခြမ်းရှိ fast-food စားသောက်ဆိုင်သို့ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။

"ဝမ်းကွဲအကို?" မိုင်ခယ့်က သူ့ကိုပုတ်လိုက်ပြီး ချိုးကျီယန်က ဘာကို စိုက်ကြည့်နေတာလဲလို့ တွေးမိသည်။ "ဘာဖြစ်လို့လဲ?"

“......ဘာမှ မဟုတ်ဘူး။” ချိုးကျီယန်က သူ့ကားသော့တွေကို မိုင်ခယ့်ဆီကို ပစ်ချလိုက်ပြီး "မင်းအရင်ပြန်သွားလို့ရပြီ"

"မင်းကရော?"

“သူငယ်ချင်းတစ်ယောက်နဲ့ တွေ့လိုက်လို့။အချိန် ကြာနိုင်တယ်။” ချိုးကျီယန်က လှည့်ပြီး fast-food စားသောက်ဆိုင်သို့ လျှောက်သွားခဲ့သည်။

သောက်ကျိုးနည်း!ငါ မသွားနိုင်ပါဘူး!ဒီနေရာမှာ တစ်ခုခုဖြစ်တော့မယ်ဆိုတာ အသိသာကြီး!

မိုင်ခယ့်သည် ချိုးကျီယန်၏နောက်သို့ လိုက်သွားပြီး အတင်းအဖျင်းစကားများကို ကြားချင်သည်။
fast-food စားသောက်ဆိုင်တွင် ထန်​ရှောင်းယွီသည် ဟမ်ဘာဂါကို စားနေ၏။တီဗီကြည့်ပြီးနောက် အိပ်ရာဝင်မယ်လို့ကြံရွယ်ထားသော်လည်း ဟိုတယ်က အရမ်းပြိုပျက်နေပုံရသည်။ wifi ပြတ်သွားပြီး ထန်​ရှောင်းယွီသည် သူ့အချိန်တွေကို ဘယ်လိုဆက်ဖြုန်းရမှန်းမသိတော့ဘူး။သူ လာထိုင်စားချင်ပေမယ့် တစ်နည်းနည်းနဲ့ ကမ္ဘာပေါ်က လူတွေအားလုံးထဲက မစ္စတာချိုးက သူ့ကို မြင်သွား​တော့မယ်လို့ထင်​နေတာပါပဲ။

တစ်နည်းဆိုရသော် ဘဝသည် အမြဲတမ်း ဒရမ်မာဖြစ်ပြီး ဒရမ်မာသည် ဘဝဖြစ်သည်။

ထန်​ရှောင်းယွီက​တော့ သူ့ရဲ့လိမ်ဆင်ကြီးကို ချိုးကျီယန်တစ်​ယောက် သိရှိပြီးပြီဖြစ်ကြောင်းကို သတိမထားမိဘဲ ဟမ်ဘာဂါစားပြီးသည်နှင့် တိတ်ဆိတ်သောလမ်းတစ်လျှောက် ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။မုန့်ဝယ်ပြီး ဟိုတယ်ကိုပြန်ယူဖို့ တွေးထားပေမယ့် သူကိုယ်တိုင် မသိလိုက်ဘဲ မှောင်မိုက်မဲနေတဲ့ လမ်းနောက်ဖေးမှာ လျှောက်သွားခဲ့၏။

"ရှောင်းယွီ!" ရုတ်တရက် တစ်စုံတစ်ယောက်က သူ့နာမည်ကို အော်ခေါ်လိုက်ပြီးနောက် ထိပ်ပြောင်တစ်ယောက် သူ့ဆီ ပြေးလာသည်။

"မင်း ဘာလို့ဒီကိုရောက်နေတာလဲ?" ထိုလူသည် မည်သူဖြစ်သည်ကို မြင်ပြီးနောက် ထန်​ရှောင်းယွီသည် အံ့သြသွားသည်။

ထန်​ရှောင်းယွီသည် ယခင်က ကာစီနိုလောင်းကစားရုံတစ်ခုတွင် ထိပ်ပြောင်နှင့် တွေ့ဆုံခဲ့ပြီး မကြာမီပင် သူတို့သည် သူငယ်ချင်းတွေဖြစ်ခဲ့ကြသည်။သူက ဟန်ဝေအတွက် ပြဿနာ ဖန်တီးထားခဲ့သောကြောင့် ထိပ်ပြောင်နဲ့ ခဏတာအဆက်သွယ်ပျက်သွားခဲ့ရသည်။ထန်​ရှောင်းယွီက ပြန်ဆုံတွေ့ရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။

"အဲဒါက ကံတရားကြီးမားစွာနဲ့ သြဇာကြီးမားသူတစ်ယောက်နဲ့ တွေ့ခဲ့ရတာကြောင့်ပဲ" ထိပ်ပြောင်သည် ထန်​ရှောင်းယွီ၏ပခုံးကိုဖက်လိုက်ပြီး "ဒါပေမယ့် နောက်တဖန် ငါ့ကံက မင်းနဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူး။ဟန်​ဝေဆီမှာ ပြဿနာအချို့ကို မင်းဖန်တီးခဲ့တာမဟုတ်ဘူးလား။မင်းက ဘယ်လိုဖြစ်လို့ အ​ကောင်းကြီးရှိ​​နေရတာလဲ!,ဒါ​ပေမယ့် ငါက​တော့ နေရာတကာ ပုန်းနေရတယ်။”

"ဘယ်လိုလူမျိုးနဲ့တွေ့ခဲရလို့လဲ?" ထန်​ရှောင်းယွီသည် ထိပ်​​ပြောင်၏လက်နှစ်ဖက်ကို လွတ်ချလိုက်သည်။

"ချူဟန်။ အစ်ကိုချူဟန်။ သူ့အကြောင်း ကြားဖူးလား?" ထိပ်ပြောင်၏လေသံမှာ အလွန်ဂုဏ်ယူနေပုံပင်။

"မင်း အခု သူနဲ့လက်တွဲနေတာလား?" ထန်​ရှောင်းယွီသည် မျက်မှောင်ကြုတ်လိုက်သည်။

“ဟုတ်တယ်။သူနဲ့အတူ ကောင်းမွန်တဲ့ နေ့ရက်တွေဆီ​ရှေ့ဆက်နေတယ်။ မင်းရော?"

“.....ငါက hardware စတိုးတစ်ခုမှာ အလုပ်သင်လုပ်​နေတယ်။” ထန်​ရှောင်းယွီသည် တက္ကစီတစ်စီးကို ငှားလိုက်ပြီး "ငါအရင်ပြန်လိုက်မယ် အချိန်ရရင် မင်းနဲ့အတူ သောက်ကြတာ​ပေါ့"

မထင်မှတ်ပဲ ထိပ်ပြောင်က သူ့ကို ပြန်ဆွဲထုတ်လိုက်သည်။

"မင်းဘာလုပ်တာလဲ?!" ထန်​ရှောင်းယွီ၏မျက်လုံးများက စူးရှသွားသည်။

“ဘာမှမဟုတ်ပါဘူး။သွားသောက်ကြရအောင်။" ထိပ်ပြောင်သည် သူ့လက်ကို ပတ်ကာ လမ်းကြားထဲသို့ ဆွဲခေါ်သွားပြန်သည်။

"ငါ့ကို လွှတ်!" ထန်​ရှောင်းယွီသည် ထိပ်​ပြောင်ကို သူ့လက်သီးတွေဖြင့် ထိုးချလိုက်သည်။

အဲဒီ​နောက် ထန်​ရှောင်းယွီက သူ့ခါးမှာ အေးစက်တဲ့ အရာတစ်ခုကပ်လာတာကို ခံစားလိုက်ရ၏။ဒါ ဓားတစ်လက်ပဲ!

ထန်​ရှောင်းယွီ၏နားကိုကပ်ကာ ထိပ်ပြောင်သည် အေးစက်စွာ ရယ်မောလိုက်ပြီး "မင်း ဆက်ရုန်းကန်နေမယ်ဆိုရင် ငါ့ကို ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့!"

"သောက်ကျိုးနည်း မင်း ဘာလိုချင်လို့လဲ!!" ထန်​ရှောင်းယွီ၏စိတ်ထဲတွင် ထိပ်ပြောင်သည် ဘာ့​ကြောင့် ဒီလိုလုပ်ရတာလဲ ဆိုသည်ကို ဖြစ်နိုင်ခြေတစ်သန်းကျော် အပြေးအလွှားစဥ်းစားနေသော်လည်း သူသေချာမသိသေးပေ။

"အသက်ရှင်ချင်ရင် ငြိမ်နေလိုက်တာ ပိုကောင်းမယ်" ထိပ်ပြောင်က သူ့ကို အမှောင်လမ်းထဲကို တွန်းပို့ပြီး မက်ဆေ့ခ်ျပို့ဖို့ သူ့ဖုန်းကို ထုတ်လိုက်သည်။

"ချူဟန်လား?" ထန်​ရှောင်းယွီက သူ့ကို မေးလိုက်သည်။

“မင်းက တော်တော် ဉာဏ်ကောင်းတာပဲ!” ထိပ်ပြောင်က ပြုံးသည်။

ထန်​ရှောင်းယွီ၏နှလုံးသားမှာ နစ်မြုပ်သွားပြီး ဤအခြေအနေမှလွတ်မြောက်ရန် နည်းလမ်းတွေကို တိတ်တဆိတ် တွေးတောကြံဆနေတော့သည်။

"မလှုပ်နဲ့!" ထန်​ရှောင်းယွီ ဘာတွေစီစဉ်နေလဲဆိုတာကို သတိထားမိပြီး ထိပ်ပြောင်တဲ့လူက ဖိအားအချို့ကို အသုံးချလိုက်၏။ဓားသည် ထန်​ရှောင်းယွီ၏ရှပ်အင်္ကျီနှင့် အရေပြားကို ချက်ချင်းဖြတ်သွားကာ စူးရှနာကျင်စေလိုက်သည်။

"ငါ ချူဟန်ကို ဘာမှမလုပ်ထားပါဘူး။ ဒါနဲ့ သူက ဘာလို့ ငါ့နောက်ကို လိုက်ခိုင်းရတာလဲ?" ထန်​ရှောင်းယွီက ဘာဖြစ်နေမှန်း မသိဟန်ဆောင်သည်။

"သရုပ်ဆောင်နေတာကို ရပ်လိုက်!ချူဟန်က မင်းပဲဆိုတာ အစကတည်းက သိတယ်။" ထိပ်ပြောင်က သူ့ကို နံရံမှာ တွန်းပြီး “မင်းကို ရှာရခက်မယ်လို့ ငါထင်နေခဲ့တာ၊ ဒါပေမယ့် မင်းကိုယ်တိုင် ထွက်လာမယ်လို့ ငါ မမျှော်လင့်ထားဘူး။လိမ္မာနေစမ်းပါ!အဲ့ဒါဆိုရင် သူ မင်းကို သနားကောင်းသနားလိမ့်မယ်"

ငါ ပေါ့လျော့ခဲ့လွန်းတာပဲ!

ထန်​ရှောင်းယွီသည် လက်သီးများကို ဆုပ်ထားသည်။

တစ်ချိန်တည်းမှာပင် fast-food စားသောက်ဆိုင်အပြင်ဘက်တွင် အနက်ရောင်နေကာမျက်မှန်တပ်ထားသည့် အမျိုးသားတစ်ဦးက အော်လိုက်သည်။

"အဲဒါ ချိုးကျီယန်ပဲ!"

"အား!!!!" လမ်းပေါ်ရှိ အမျိုးသမီးများအားလုံးက ဝမ်းသာအားရ အော်ဟစ်ကာ ညွှန်ပြနေသော လူကို ကြည့်လိုက်ကြသည်။

မစ္စတာချိုးသည် ချောမောခန့်ညားတဲ့အပြုံးဖြင့် လမ်းမီးတိုင်အောက်တွင် ရပ်နေရင်း သူ့လက်ကို အိတ်ကပ်ထဲ ထည့်ထားသည်။

"Ahhhhhhhhhh!" ကောင်မလေးတွေရဲ့ နှလုံးသားတွေ ခုန်ပေါက်လုမတတ်။တကယ့်ကို နာမည်အကြီးဆုံး အမျိုးသားသရုပ်ဆောင် မစ္စတာချိုးပဲ!

Fangirls တွေအားလုံးက မစ္စတာချိုးကို ဝိုင်းထားပြီး တစ်ချို့က ပွေ့ဖက်ပြီး လက်မှတ်တွေတောင် တောင်းကြသည်။ fast-food စားသောက်ဆိုင်တွင် လူအများအပြားရှိနေပြီဖြစ်သော်လည်း မစ္စတာချိုးကြောင့် ထိုနေရာသည် ပို၍ပင် စည်ကားလာသည်။

"ဒီနေ့ အရမ်းအေးတယ်မဟုတ်လား!" ချိုးကျီယန်က ကျယ်လောင်စွာ မေးလိုက်သည်။

“ဟုတ်!” Fangirls လေးတွေက အရမ်းပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

"ဒါဆို ငါ မင်းတို့နဲ့ ပြေးမယ်!" ချိုးကျီယန်က လှမ်းအော်လိုက်ပြန်သည်။

“ကောင်းပြီ!” ကောင်မလေးများက ဝိုင်းအော်ကြသည်။

ချိုးကျီယန်က လှည့်ပြီး နောက်ဖေးလမ်းကြားတွေဆီ ပြေးသွား၏။

Fangirls တွေက အော်ဟစ်ပြီး ချိုးကျီယန်ရဲ့နောက်ကို လိုက်ဖို့ တွန်းအားပေးကြပြီး အနက်ရောင်နေကာမျက်မှန်တပ်ထားတဲ့ အမျိုးသားကတောင် သူ့နောက်ကို လိုက်သွားပါသည်။ ထိုအမျိုးသားသည် သူ့မျက်နှာကို ဖုံးကွယ်ရန် ဦးထုပ်ကိုပင် ဆောင်းထားသေးသည်—တကယ်တော့ ထိုသူမှာ မလုပ်ချင်ဘဲလုပ်​နေရသည့် မန်နေဂျာမစ္စတာမိုင်ပင် ဖြစ်ပေသည်။

"ချိုးကျီယန် ငါတို့ မင်းကိုချစ်တယ်!!" မိုင်းခယ့်က သူ့အသံနဲ့ ခပ်ပါးပါးလေး ထအော်၏။ မိန်းကလေးတစ်ယောက်လို ပြုမူဖို့ ကြိုးစားရတာ တကယ်ကို ခက်ခဲပါတယ်။

"ချိုးကျီယန် ငါတို့မင်းကိုချစ်တယ်!!!!" ဖန်တွေကလည်း လိုက်လုပ်ကြသည်။

"ချိုးကျီယန် ငါတို့ မင်းကို လက်ထပ်ချင်တယ်!!" မိုင်ခယ်က သူ ဆီးသွားချင်လာသလိုပင် ခံစားလိုက်ရသည်။

"ချိုးကျီယန် ငါတို့ မင်းကို လက်ထပ်ချင်တယ်!!" ဖန်များ၏ အော်ဟစ်သံများနှင့်အတူ သံပြိုင်သံများကလည်း လမ်းမများပေါ်တွင် ပဲ့တင်ထပ်နေသည်။

ဘရိန်းဝှက်ရှ်ခံလိုက်ရသော ပရိသတ်များ ပိုမိုပေါ်လာပြီး ဘာဖြစ်နေသည်ကို မသိသော ခရီးသည်အချို့သည်လည်း အပြေးအလွှား ပါဝင်ခဲ့ကြသည်။ချိုးကျီယန်နောက်ကို လိုက်ပြေးသူ လူဦးရေသည် တစ်ရာနီးပါးထိပင် တိုးလာသည်။ထူးထူးဆန်းဆန်းမြင်ကွင်းသည် 'အိုလံပစ်အားကစားပွဲ ကျင်းပနေသည့် လူအုပ်ကြီး' နှင့်ပင်တူနေသည်။

လမ်းကြားရှိ ထိပ်ပြောင်သည် လမ်းမများထံမှ မည်ကဲ့သို့ ဆူညံသွားသည်ကို အံ့သြနေမိသည်။တစ်မိနစ်အကြာတွင် လူအုပ်စုကြီးသည် 'ငါတို့အားလုံး ချိုးကျီယန်ကိုချစ်တယ်' ဟု ကျယ်လောင်သောအသံဖြင့် မိုဘိုင်းဖုန်း flash သို့မဟုတ် ဓာတ်မီးကို ဝှေ့ယမ်းကာ ပြေးလာ​သော လူအုပ်စုကြီးမှ အကြောင်းရင်းကို သိသွားခဲ့သည်။

ထိပ်ပြောင်မှာ ချောက်ချားသွားသည်။သောက်ကျိုးနည်း ဘာဖြစ်နေတာလဲ?

ထန်​ရှောင်းယွီသည် အခွင့်အရေးကို မြင်ပြီး ထိပ်ပြောင်၏ညို့သကျည်းကို ကန်ထုတ်ကာ လူစည်ကားသော လမ်းမဆီသို့ ပြေးသွားလိုက်သည်။

"ဒီကိုပြန်လာခဲ့! !” ထိပ်ပြောင်သည် စိတ်တိုလာပြီး ထန်​ရှောင်းယွီနောက်သို့ အလျင်အမြန် လိုက်လာခဲ့သော်လည်း ချိုးကျီယန်၏နောက်မှ လိုက်နေ​သောမိန်းကလေးများဆီသို့ ပါသွားခဲ့သည်။

"ချိုးကျီယန်က တကယ်ကို ရှေ့တန်းမှာပဲ!" ဖန်ကောင်မလေးသည် သူမ၏မျက်လုံးထဲတွင် မျက်ရည်များဝဲကာ ထိပ်ပြောင်၏လက်မောင်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်။

ချိုးကျီယန်ကို လူကိုယ်တိုင်တွေ့ရတာ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ!

ထန်​ရှောင်းယွီကိုလည်း fangirls လေးများအလယ်တွင် ညှပ်မိခဲ့သော်လည်း မကြာမီ မိုင်ခယ့်က သူ့ကို တွေ့ရှိခဲ့ပြီး သူ့လက်ကို ဖမ်းဆုပ်ကာ လူအုပ်ထဲမှ နှစ်ယောက်သား ညှပ်ထွက်ရင်း ဆန့်ကျင်ဘက်ဆီသို့ ပြေးသွားခဲ့သည်။

"ချိုးကျီယန်ကကော!?" ထန်​ရှောင်းယွီက မေးသည်။

"သူဘာသာသူ အဆင်​ပြေသွားလိမ့်မယ်!" မိုင်ခယ့်က သူ့ကို တက္ကစီပေါ်တင်ပြီး "အိမ်အရင်သွားရအောင်!"




¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎
[Zawgyi]

အခန္း(၉၅):ဓါးစာခံ ႏွင့္ ထူးဆန္းေသာ ကယ္တင္ျခင္းျဖင့္ ကယ္တင္ခံရျခင္း

"မင္းကို XiLa ဟိုတယ္ကို ေခၚသြားေပးရမလား?" ဟန္ေဝက ကားေမာင္းရင္း ေမးလိုက္သည္။

“ရပါတယ္။ အဲ့ကို မသြား​ေတာ့ဘူး” ထန္​ေ႐ွာင္းယြီသည္ ထိုဟိုတယ္တြင္ အမ်ားအားျဖင့္ နာမည္ႀကီးမ်ား တည္းခို​​ေလ့႐ွိေသာေၾကာင့္ ကမ္းလွမ္းခ်က္ကို အျမန္ျငင္းဆိုခဲ့သည္။

တစ္စုံတစ္ေယာက္က ငါအဲဒီကိုသြားမွန္း သိသြားၿပီး ခ်ိဳးက်ီယန္ကိုေျပာလိုက္ရင္ ငါေသလိမ့္မယ္!

"ဘာလို႔ ငါ့ ေနရာမွာ လာမေနရတာလဲ?" ေလာ့လီက ေခါင္းလွည့္ၿပီး ထန္​ေ႐ွာင္းယြီကို ေမးလိုက္သည္။

ဖာ့ခ္!ဆုႏိုက ေ႐ွ႕မွာ မတ္မတ္ထိုင္လိုက္ၿပီး ေလာ့လီကို မ်က္လုံးေတြနဲ႔ စိုက္ၾကည့္ေနေတာ့ ထန္​ေ႐ွာင္းယြီမွာ ပါးစပ္ဖြင့္ဖို႔ အခ်ိန္ေတာင္မွ မရလိုက္ေပ။

ခင္ဗ်ားက ကြၽန္ေတာ္႕ကို မ်က္စိက်​ေန႐ုံတင္မကဘူး။ ကြၽန္ေတာ္႕သူငယ္ခ်င္းကိုပါ လွည့္စားမလို႔​ေပါ့​​ေလ။ခင္ဗ်ား ဘယ္ေလာက္ေတာင္ သတၱိ႐ွိေနတာလဲ!ဒီလူက တကယ္ကို ျပႆနာေကာင္ပဲ!

“.......”

ေလာ့လီသည္ ဒီအခ်ိန္မွာ​​ေတာ့ စိတ္ရင္းမွန္ျဖင့္ ငိုရမလား ရယ္ရမလား မသိေတာ့​ေပ။ထန္​ေ႐ွာင္းယြီကို သူ႕အိမ္မွာ တစ္ညေလာက္ေနခိုင္းဖို႔ စိတ္ကူးထားတာကလည္း သူက ကစားပြဲအတြက္ မ်ားစြာကူညီခဲ့တာမို႔​ေလ။

"ကြၽန္ေတာ္ ၾကဳံရာဟိုတယ္မွာပဲေနလိုက္ပါ့မယ္" ထန္​ေ႐ွာင္းယြီသည္ ေလာ့လီ၏အိမ္သို႔လည္း မသြားခ်င္တာမို႔ လမ္းေဘး႐ွိ ဟိုတယ္တစ္ခုကိုေတြ႕ေတာ့ ဟန္​ေဝအား ကားရပ္ရန္ ေျပာခဲ့သည္။

“ဒါဆို သတိထား” ဆုႏို သူ႕ကို သတိေပးလိုက္သည္။ "တစ္ခုခုျဖစ္ရင္ ငါ့ကိုဖုန္းဆက္လိုက္ေနာ္။မနက္​ျဖန္​က်ရင္လည္း ​ေစာ​ေစာ အိမ္​ျပန္​"

ထန္​ေ႐ွာင္းယြီသည္ ေခါင္းညိတ္လိုက္ၿပီး သူ႕အိတ္ကို ေလာ္ဘီထဲသို႔ ဆြဲလာခဲ့သည္။

"မင္းကေရာ?" ဟန္ေဝက ဆုႏိုဘက္ကို လွည့္ၾကည့္လိုက္၏ “အစ္ကိုႀကီးနဲ႔အတူ အိမ္ျပန္မွာလား?”

မၾကာခင္ကပင္ ဆုႏိုသည္ မစၥတာဒါ႐ိုက္တာႏွင့္ ျပင္သစ္နမ္းနည္းကို မည္သိုနမ္းရမည္ျဖစ္​ေၾကာင္းႏွင့္ နမ္းေနစဥ္တြင္ သူ႕ရဲ႕ abs ေတြကို မည္သို႔ထိရန္ စဥ္းစားေနတာေၾကာင့္ ဆုႏိုသည္ ခ်က္ခ်င္းပင္ အဆင္မေျပျဖစ္သြားသည္။

"ဒါဆိုရင္ အခု မင္းဘာကို စဥ္းစားေနတာလား?" ဟန္ေဝက မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"... ပိတ္ရက္မွာဆိုရင္​ေရာ ဘယ္လိုလဲ?" ဆုႏိုက ေသြးတိုးစမ္းကာ ေမးလိုက္သည္။ ငါ့အစ္ကိုႀကီးက အရမ္း..အေရးႀကီးေပမယ့္လည္း မစၥတာဒါ႐ိုက္တာနဲ႔ ငါက အိမ္ျပန္ေရာက္ရင္ ဂဏန္းခ်ဥ္စပ္စားဖို႔ ဆုံးျဖတ္ထားၿပီးသားေလ။ဂဏန္းခ်ဥ္စပ္ကိုသာ ေနာက္တစ္ခါထပ္လြဲ​ေခ်ာ္သြားရင္ ငါ ေသသြားေတာ့မွာ ေသခ်ာၿပီ!

ေလာ့လီက သူ႕ထိုင္ခုံေပၚကို မွီရင္း ရယ္ေမာလိုက္သည္။

ဒီႏွာဘူး​ေကာင္က ဘာလို႔ အၿမဲရယ္ေနတာလဲ?ဆုႏို အရမ္းေဒါသထြက္သြားရၿပီး စိတ္႐ႈပ္သြားသည္။

ဟန္ေဝသည္ သူ႕စိတ္ထဲတြင္ သက္ျပင္းခ်လိုက္သည္။ဟုတ္ပါတယ္ေလ။ ညီေလးတစ္ေယာက္ ႀကီးျပင္းလာတဲ့အခါ သူ႕ကို စစ္ေဆးဖို႔ အရမ္းခက္တာပဲ!

ဒါေၾကာင့္ ဟန္ေဝက ဆုႏိုကို ျပန္သာခိုင္းလိုက္ေတာ့သည္။

အိုးရန္လုံသည္ ေစာေစာ အိမ္ျပန္ေရာက္ေန၏။ ဆုႏို ဧည့္ခန္းထဲကို ဝင္လာေတာ့ ဂဏန္းခ်ဥ္စပ္ရဲ႕အနံ႔က အိမ္ေထာင့္တိုင္းတြင္ ျပည့္ေနၿပီ။

“အခ်စ္!” ဆုႏိုသည္ ေက်နပ္ေပ်ာ္႐ႊင္သြားတဲ့ အရိပ္အေယာင္နဲ႔ ဂဏန္းကို အရင္ဦးဆုံးကိုက္ခ်င္ေနတာျဖစ္ၿပီး မီးဖိုခန္းထဲသို႔ ေျပးသြားလိုက္သည္။

သို႔ေသာ္လည္း သူ႕ကို မစၥတာဒါ႐ိုက္တာက တားလိုက္ၿပီး ငါးမိနစ္ၾကာ ျပင္သစ္ အနမ္းေပးဖို႔အတြက္ ဆိုဖာေပၚ ဆြဲခ်ခံလိုက္ရသည္။

ဤ foodie တစ္​ေယာက္၏စိတ္ထဲမွာေတာ့ ကဏန္းခ်ဥ္စပ္ႏွင့္ ႏိႈင္းယွဥ္ႏိုင္သည့္တစ္ခုတည္းေသာအရာမွာ ျပင္သစ္အနမ္းပင္ျဖစ္သည္။ထို႔ေၾကာင့္ ဆုႏိုသည္ မည္သည့္ေနာင္တမွ မခံစားရဘဲ မစၥတာဒါ႐ိုက္တာက သူ႕ကို ထပ္ခါထပ္ခါ နမ္းလိုက္သည့္အတြက္ အနည္းငယ္ေက်နပ္သြားေတာ့၏။

"အဲ့ဒါေတြကို မင္းကို ဘယ္ေတာ့မွ လုပ္ခြင့္မေပးေတာ့ဘူး။" အိုးရန္လုံသည္ ဆုႏိုကို တင္းက်ပ္စြာ ဖက္တြယ္ထားသည္။

"အဲေလာက္ မဆိုးပါဘူး။" ဆုႏိုသည္ အိုးရန္လုံ၏ ဆံပင္ေတြကို သပ္လိုက္ၿပီး သူ႕ႏွလုံးသားထဲမွာေတာ့ အနည္းငယ္ အရည္ေပ်ာ္သြားသည္။

"သူတို႔ေျပာေနၾကတဲ့ ေပါက္ကြဲေစတဲ့ပစၥည္းဆိုတာက​ေရာ ဘာလဲ?" အိုးရန္လုံက ထထိုင္လိုက္ၿပီး ဆုႏိုကို သူ႕ေပါင္ေပၚမွာ ထိုင္ခိုင္းလိုက္သည္။

"ခ်ဴဟန္က ျပႆနာ႐ွာခ်င္ေနတဲ့သူေလ။ ဒါေပမယ့္ အေျခအေနက ေကာင္းပါတယ္။ ကြၽန္ေတာ့္အစ္ကိုႀကီးက အစကတည္းက အဆင္သင့္ ျပင္ထားၿပီး​ေနၿပီ။” ဆုႏိုသည္ အိုးရန္လုံ၏လည္ပင္းကို လက္ႏွစ္ဖက္ျဖင့္ တင္လိုက္ကာ "စိတ္မပူပါနဲ႔ေနာ္"

အိုးရန္လုံက ဆုႏို၏ပါးကို ကိုက္လိုက္ရင္း သူ အနည္းငယ္ စိုးရိမ္ေနေသးသည္။

"အို..ဟုတ္သား။ဒါ႐ိုက္တာႀကီးက လီကုန္းအေဆာက္အဦးနားကို ဘယ္လိုေရာက္လာတာလဲ?" ဆုႏိုက ႐ုတ္တရက္ျဖစ္သြားသည့္အျဖစ္အပ်က္ကို သတိရသြားသည္။

"မင္းအစ္ကိုႀကီးက မေျပာဘူးလား?"

"သူက ကြၽန္ေတာ္႕ကိုမေျပာဘူး။ ဒါေၾကာင့္မို႔ ဒါ႐ိုက္တာႀကီးကိုေမးရမယ္ေလ" ဆုႏိုက အရမ္းသိခ်င္ေနခဲ့တာပဲ ျဖစ္သည္။

“တကယ္ေတာ့ ဘာမွ မဟုတ္ပါဘူး။မင္း ကာစီႏိုကို သြားမယ္လို႔ ကိုယ့္ကိုေျပာတုန္းက မင္းအစ္ကိုႀကီးနဲ႔ အဆက္အသြယ္ရၿပီး လိပ္စာေတာင္းခဲ့တယ္" အိုးရန္လုံက အဓိကအခ်က္ကိုသာ ေျပာျပခဲ့၏။

"အစ္ကိုႀကီးကို ဆက္သြယ္လိုက္တာ ဘယ္အခ်ိန္တုန္းကလဲ? ဒီအေၾကာင္းကို ဘယ္လို႔ မေျပာျပခဲ့တာလဲ?” ဆုႏို အံ့ၾသသြားသည္။

"ကစားရင္းနဲ႔ အာ႐ုံလြဲသြားမွာကို ကိုယ္ စိုးရိမ္မိလို႔ မင္းကို မေျပာျပခဲ့တာပါ" အိုးရန္လုံသည္ ဆုႏို၏ပါးကို နမ္းလိုက္ၿပီး "စိတ္မဆိုးပါနဲ႔။ ဟုတ္လား?"

ကြၽန္ေတာ္ စိတ္မဆိုးပါဘူး!တကယ္ေတာ့ ဒါ႐ိုက္တာႀကီး လုပ္ခဲ့တဲ့ကိစၥေၾကာင့္ ကြၽန္ေတာ္႕ရင္ထဲ နည္းနည္းထိသြားသလို ခံစားရတယ္!အႏၲရာယ္႐ွိမွန္း သူသိေပမယ့္ သူ ကြၽန္ေတာ့္ေဘးမွာ ရပ္တည္ေနဆဲပဲ!ခ်ဴဟန္ရဲ႕ လုပ္ၾကံမႈအေၾကာင္းကိုေတာင္ ၾကားခဲ့ရေသးတယ္။သူ႕လူႀကီးက တကယ္ကို ေခ်ာေမာၿပီး ဂ႐ုစိုက္တတ္တာပဲ!

"ဂဏန္းခ်ဥ္စပ္ သြားစားရေအာင္" အိုးရန္လုံက ဆုႏိုကို ခ်ီမကာ မီးဖိုခန္းထဲသို႔ ေခၚသြားသည္။

"ကြၽန္ေတာ္တို႔ အျပင္ထြက္စားၾကမယ္လို႔ ထင္ခဲ့တာ" ဆုႏိုသည္ ေလကို ျပင္းျပင္းထန္ထန္ ႐ႈ႐ိႈက္လိုက္ၿပီး အရသာ႐ွိတဲ့ အစားအစာကို ႐ွဴ႐ိႈက္လိုက္သည္။

"အိမ္မွာစားရတာ နည္းနည္းအဆင္ေျပတာမို႔ ခ်က္ဖို႔ပဲ ေခၚလိုက္တာ" အိုးရန္လုံသည္ သူ႕ကို ကုလားထိုင္ေပၚခ်​ေပးလိုက္ၿပီး "ဒါ့အျပင္ မင္း ဂ႐ုမစိုက္ဘဲ စားလို႔ရတယ္ေလ"

ႏွစ္ေယာက္သား ထမင္းစားေနရင္း ျပတင္းေပါက္ အျပင္ဘက္မွာ မိုး႐ြာခ်လာသည္။သူတို႔ဘဝေတြက ဒီထက္ပို သာယာၿပီးေအးခ်မ္းမႈ ဆိုတာ မ႐ွိႏိုင္ေတာ့ပါဘူး။

အဲဒါနဲ႔ ဆန္႔က်င္ဘက္ကေတာ့ ထန္​ေ႐ွာင္းယြီသည္ ဟိုတယ္မွာ နည္းနည္း စိတ္ဓာတ္က်သြားရသည္။ဟိုတယ္ရဲ႕ စားေသာက္ခန္းမကို ျပဳျပင္မြမ္းမံေနတာေၾကာင့္ ည​ေနစာကို ထြက္ဝယ္လိုက္ရသည္။ ဒါေပမယ့္ သူ႕ဟင္း​​ေတြက ေအးၿပီးမာေနတဲ့အတြက္ ထန္​ေ႐ွာင္းယြီသည္ ႏွစ္ခ်က္ေလာက္ကိုက္ၿပီးေနာက္ သူ႕တူကို ခ်လိုက္သည္။

“ေဘဘီ...” ခ်ိဳးက်ီယန္က သူ႕ဆီ ဖုန္း​ေခၚလာခဲ့သည္။“အခု ဘာလုပ္ေနတာလဲ?”

"အဘိုးနဲ႔အိမ္မွာ.." ထန္​ေ႐ွာင္းယြီက ကုတင္ေပၚတြင္ လွဲေလ်ာင္းေနၿပီး "အကိုက်ီရန္ေရာ?"

“အခု​ေလးတင္ပဲ ပြဲကို တက္ၿပီးသြားၿပီ။မိုင္ခယ့္နဲ႔ အတူတူညစာ,စားေနတယ္,မင္းအိမ္မွာ ေနာက္ထပ္ရက္နည္းနည္းေလာက္ေနလိုက္ရင္​ေရာ ဘယ္လိုလဲ?" ခ်ိဳးက်ီယန္က သူ႕ကို ေစာေစာျပန္လာေစခ်င္ေပမယ့္လည္း သူက သူ႕ေဆြမ်ိဳးေတြဆီ အလည္သြားတာ​ေလ။သူ႕အဘိုးဆီမွာ တစ္ရက္ေလာက္သာ သြား​ေနခြင့္ေပးလိုက္ရင္ တရားမွ်တမွာမဟုတ္ဘူး။

“.......” ထန္​ေ႐ွာင္းယြီသည္ အနည္းငယ္အံ့ၾသသြားၿပီး, သူဘာလို႔ ဒီေလာက္ ရက္ေရာရတာလဲ?

"ဟုတ္ၿပီလား?" ခ်ိဳးက်ီယန္က ေမးလိုက္သည္။

"ရပါတယ္။" ထန္​ေ႐ွာင္းယြီက သူ႕ကို ဘာျပန္ေျပာရမွန္း မသိတာေၾကာင့္ မေရရာအေျဖကိုသာ ေပးလိုက္သည္။

"ဒါဆို ငါးရက္ေလာက္ၾကာရင္ ျပန္လာခဲ့" ခ်ိဳးက်ီယန္က သူ႕ကို ဖုန္းကတစ္ဆင့္ နမ္းလိုက္ၿပီး "ေနေကာင္းေအာင္ေန​ေနာ္,ၿပီးရင္ ကိုယ္ မင္းကို လာႀကိဳမယ္"

"ဟုတ္ၿပီ​ေလ..." ထန္​ေ႐ွာင္းယြီသည္ ကုတင္ေပၚတြင္ ခိုကိုးရာမဲ့ လွဲေလ်ာင္းေနၿပီး တီဗီကို ငါးရက္လုံး ၾကည့္ရ​ေတာ့မည္ျဖစ္သည္—သူ႕အဘိုးကလည္း မၾကာေသးမီက သက္ႀကီးစက္ဘီးစီးအဖြဲ႕တြင္ ပါဝင္ခဲ့သည္၊ထို႔ေၾကာင့္ သူျပန္သြားလွ်င္ပင္ သူ႕ကို အၾကာႀကီးေတြ႕ႏိုင္မည္မဟုတ္ေပ။

ဖုန္းခ်ၿပီးေနာက္ ခ်ိဳးက်ီယန္သည္ သူ႕ေဘးတြင္ထိုင္ေနသည့္ မိုင္ခယ့္အား ကန္ကာ “သြား!ေဘလ္သြားေခ်ေတာ့”

"အရင္ဆုံး စိတ္ေအးေအးထားပါ​ရ​ေစအုံး!မင္း အခု ေ႐ွာင္းယြီနဲ႔ ခ်ိန္းေတြ႕ေနတာလား?ဒါက ဘယ္လိုျဖစ္သြားရတာလဲ?အန္တီကို ေျပာျပရမယ္"

"ဒါဆို ငါ မင္းကို အ​ေရခြံခြာပစ္မယ္။" ခ်ိဳးက်ီယန္သည္ အလြန္တည္ၿငိမ္လ်က္။

"မိန္းကေလးေတြကို မင္းတကယ္မႀကိဳက္ဘူးလား?" မိုင္ခယ့္သည္ မ်က္ရည္မ်ားဝဲကာ ခ်ိဳးက်ီယန္၏လက္ေတြကို ဆုပ္ကိုင္ထားၿပီး "အသားအရည္ ေခ်ာေမြ႕၊ ရင္သားႀကီးႀကီး ေပ်ာ့ေပ်ာင္းတယ္​ေလ!" ပိန္ပိန္ပါးပါးေကာင္ေလးထက္ ပိုေကာင္းတယ္!

“မႀကိဳက္ဘူး” ခ်ိဳးက်ီယန္သည္ သူ႕စိတ္ကူးယဥ္မႈကို ေအးစက္စြာ ခ်ိဳးဖ်က္လိုက္ၿပီး "ဒါေပမယ့္ မင္းက ဒီလိုမိန္းကေလးမ်ိဳးကို ႀကိဳက္တယ္ဆိုရင္ ငါမင္းကို မိတ္ဆက္ေပးလို႔ရတယ္။"

"ငါ D-cup မိန္းက​ေလးေတြကို ႀကိဳက္တယ္။" မိုင္ခယ့္သည္ ခ်ိဳးက်ီယန္ကို နီနီရဲရဲ မ်က္လုံးေတြျဖင့္ သတိေပးလိုက္သည္။

“လုံေလာက္ၿပီ၊ လုံေလာက္ၿပီ။ အခု ေဘလ္သြားေတာင္းေတာ့။" ခ်ိဳးက်ီယန္သည္ မိုး႐ြာတာကိုၾကည့္ဖို႔ရာ လက္ရန္းေပၚကို မွီၿပီး "ၿပီး​ေတာ့ လက္ဖက္ရည္မွာလိုက္ဦး၊ဒီမွာ ခဏေလာက္ေနၿပီးရင္ အိမ္ျပန္ၾကရေအာင္" ျပန္သြားရင္ေတာင္ အိမ္မွာ ဇနီးေလးမ႐ွိဘူးေလ။အျပင္မွာ ေလေကာင္းေလသန္႔႐ွဴရတာ ပိုေကာင္းတယ္။

ႏွစ္နာရီၾကာၿပီးေနာက္ မိုင္ခယ့္သည္ စားပြဲေပၚတြင္ ေဟာက္ေနပါေတာ့သည္။ခ်ိဳးက်ီယန္သည္ ညျမင္ကြင္းကို လုံေလာက္စြာၾကည့္႐ႈခဲ့ၿပီး ဗီဒီယိုဂိမ္းအခ်ိဳ႕ကစားရန္ မိုင္ခယ့္အား အိမ္သို႔ ဆြဲေခၚလာခဲ့သည္။

ထို႔ေနာက္ စားေသာက္ဆိုင္မွ ထြက္လာၿပီးေနာက္တြင္ ရင္းႏွီးေသာ အသြင္ေဆာင္သည့္ အမ်ိဳးသားငယ္တစ္ဦးသည္ လမ္းတစ္ဖက္ျခမ္း႐ွိ fast-food စားေသာက္ဆိုင္သို႔ ေလွ်ာက္သြားသည္ကို ေတြ႕လိုက္ရသည္။

"ဝမ္းကြဲအကို?" မိုင္ခယ့္က သူ႕ကိုပုတ္လိုက္ၿပီး ခ်ိဳးက်ီယန္က ဘာကို စိုက္ၾကည့္ေနတာလဲလို႔ ေတြးမိသည္။ "ဘာျဖစ္လို႔လဲ?"

“......ဘာမွ မဟုတ္ဘူး။” ခ်ိဳးက်ီယန္က သူ႕ကားေသာ့ေတြကို မိုင္ခယ့္ဆီကို ပစ္ခ်လိုက္ၿပီး "မင္းအရင္ျပန္သြားလို႔ရၿပီ"

"မင္းကေရာ?"

“သူငယ္ခ်င္းတစ္ေယာက္နဲ႔ ေတြ႕လိုက္လို႔။အခ်ိန္ ၾကာႏိုင္တယ္။” ခ်ိဳးက်ီယန္က လွည့္ၿပီး fast-food စားေသာက္ဆိုင္သို႔ ေလွ်ာက္သြားခဲ့သည္။

ေသာက္က်ိဳးနည္း!ငါ မသြားႏိုင္ပါဘူး!ဒီေနရာမွာ တစ္ခုခုျဖစ္ေတာ့မယ္ဆိုတာ အသိသာႀကီး!

မိုင္ခယ့္သည္ ခ်ိဳးက်ီယန္၏ေနာက္သို႔ လိုက္သြားၿပီး အတင္းအဖ်င္းစကားမ်ားကို ၾကားခ်င္သည္။
fast-food စားေသာက္ဆိုင္တြင္ ထန္​ေ႐ွာင္းယြီသည္ ဟမ္ဘာဂါကို စားေန၏။တီဗီၾကည့္ၿပီးေနာက္ အိပ္ရာဝင္မယ္လို႔ၾကံ႐ြယ္ထားေသာ္လည္း ဟိုတယ္က အရမ္းၿပိဳပ်က္ေနပုံရသည္။ wifi ျပတ္သြားၿပီး ထန္​ေ႐ွာင္းယြီသည္ သူ႕အခ်ိန္ေတြကို ဘယ္လိုဆက္ျဖဳန္းရမွန္းမသိေတာ့ဘူး။သူ လာထိုင္စားခ်င္ေပမယ့္ တစ္နည္းနည္းနဲ႔ ကမ႓ာေပၚက လူေတြအားလုံးထဲက မစၥတာခ်ိဳးက သူ႕ကို ျမင္သြား​ေတာ့မယ္လို႔ထင္​ေနတာပါပဲ။

တစ္နည္းဆိုရေသာ္ ဘဝသည္ အၿမဲတမ္း ဒရမ္မာျဖစ္ၿပီး ဒရမ္မာသည္ ဘဝျဖစ္သည္။

ထန္​ေ႐ွာင္းယြီက​ေတာ့ သူ႕ရဲ႕လိမ္ဆင္ႀကီးကို ခ်ိဳးက်ီယန္တစ္​ေယာက္ သိ႐ွိၿပီးၿပီျဖစ္ေၾကာင္းကို သတိမထားမိဘဲ ဟမ္ဘာဂါစားၿပီးသည္ႏွင့္ တိတ္ဆိတ္ေသာလမ္းတစ္ေလွ်ာက္ ျဖည္းညႇင္းစြာ ေလွ်ာက္သြားခဲ့သည္။မုန္႔ဝယ္ၿပီး ဟိုတယ္ကိုျပန္ယူဖို႔ ေတြးထားေပမယ့္ သူကိုယ္တိုင္ မသိလိုက္ဘဲ ေမွာင္မိုက္မဲေနတဲ့ လမ္းေနာက္ေဖးမွာ ေလွ်ာက္သြားခဲ့၏။

"ေ႐ွာင္းယြီ!" ႐ုတ္တရက္ တစ္စုံတစ္ေယာက္က သူ႕နာမည္ကို ေအာ္ေခၚလိုက္ၿပီးေနာက္ ထိပ္ေျပာင္တစ္ေယာက္ သူ႕ဆီ ေျပးလာသည္။

"မင္း ဘာလို႔ဒီကိုေရာက္ေနတာလဲ?" ထိုလူသည္ မည္သူျဖစ္သည္ကို ျမင္ၿပီးေနာက္ ထန္​ေ႐ွာင္းယြီသည္ အံ့ၾသသြားသည္။

ထန္​ေ႐ွာင္းယြီသည္ ယခင္က ကာစီႏိုေလာင္းကစား႐ုံတစ္ခုတြင္ ထိပ္ေျပာင္ႏွင့္ ေတြ႕ဆုံခဲ့ၿပီး မၾကာမီပင္ သူတို႔သည္ သူငယ္ခ်င္းေတြျဖစ္ခဲ့ၾကသည္။သူက ဟန္ေဝအတြက္ ျပႆနာ ဖန္တီးထားခဲ့ေသာေၾကာင့္ ထိပ္ေျပာင္နဲ႔ ခဏတာအဆက္သြယ္ပ်က္သြားခဲ့ရသည္။ထန္​ေ႐ွာင္းယြီက ျပန္ဆုံေတြ႕ရမယ္လို႔ ဘယ္တုန္းကမွ မေတြးခဲ့မိဘူး။

"အဲဒါက ကံတရားႀကီးမားစြာနဲ႔ ၾသဇာႀကီးမားသူတစ္ေယာက္နဲ႔ ေတြ႕ခဲ့ရတာေၾကာင့္ပဲ" ထိပ္ေျပာင္သည္ ထန္​ေ႐ွာင္းယြီ၏ပခုံးကိုဖက္လိုက္ၿပီး "ဒါေပမယ့္ ေနာက္တဖန္ ငါ့ကံက မင္းနဲ႔ယွဥ္ရင္ ဘာမွမဟုတ္ပါဘူး။ဟန္​ေဝဆီမွာ ျပႆနာအခ်ိဳ႕ကို မင္းဖန္တီးခဲ့တာမဟုတ္ဘူးလား။မင္းက ဘယ္လိုျဖစ္လို႔ အ​ေကာင္းႀကီး႐ွိ​​ေနရတာလဲ!,ဒါ​ေပမယ့္ ငါက​ေတာ့ ေနရာတကာ ပုန္းေနရတယ္။”

"ဘယ္လိုလူမ်ိဳးနဲ႔ေတြ႕ခဲရလို႔လဲ?" ထန္​ေ႐ွာင္းယြီသည္ ထိပ္​​ေျပာင္၏လက္ႏွစ္ဖက္ကို လြတ္ခ်လိုက္သည္။

"ခ်ဴဟန္။ အစ္ကိုခ်ဴဟန္။ သူ႕အေၾကာင္း ၾကားဖူးလား?" ထိပ္ေျပာင္၏ေလသံမွာ အလြန္ဂုဏ္ယူေနပုံပင္။

"မင္း အခု သူနဲ႔လက္တြဲေနတာလား?" ထန္​ေ႐ွာင္းယြီသည္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

“ဟုတ္တယ္။သူနဲ႔အတူ ေကာင္းမြန္တဲ့ ေန႔ရက္ေတြဆီ​ေ႐ွ႕ဆက္ေနတယ္။ မင္းေရာ?"

“.....ငါက hardware စတိုးတစ္ခုမွာ အလုပ္သင္လုပ္​ေနတယ္။” ထန္​ေ႐ွာင္းယြီသည္ တကၠစီတစ္စီးကို ငွားလိုက္ၿပီး "ငါအရင္ျပန္လိုက္မယ္ အခ်ိန္ရရင္ မင္းနဲ႔အတူ ေသာက္ၾကတာ​ေပါ့"

မထင္မွတ္ပဲ ထိပ္ေျပာင္က သူ႕ကို ျပန္ဆြဲထုတ္လိုက္သည္။

"မင္းဘာလုပ္တာလဲ?!" ထန္​ေ႐ွာင္းယြီ၏မ်က္လုံးမ်ားက စူး႐ွသြားသည္။

“ဘာမွမဟုတ္ပါဘူး။သြားေသာက္ၾကရေအာင္။" ထိပ္ေျပာင္သည္ သူ႕လက္ကို ပတ္ကာ လမ္းၾကားထဲသို႔ ဆြဲေခၚသြားျပန္သည္။

"ငါ့ကို လႊတ္!" ထန္​ေ႐ွာင္းယြီသည္ ထိပ္​ေျပာင္ကို သူ႕လက္သီးေတြျဖင့္ ထိုးခ်လိုက္သည္။

အဲဒီ​ေနာက္ ထန္​ေ႐ွာင္းယြီက သူ႕ခါးမွာ ေအးစက္တဲ့ အရာတစ္ခုကပ္လာတာကို ခံစားလိုက္ရ၏။ဒါ ဓားတစ္လက္ပဲ!

ထန္​ေ႐ွာင္းယြီ၏နားကိုကပ္ကာ ထိပ္ေျပာင္သည္ ေအးစက္စြာ ရယ္ေမာလိုက္ၿပီး "မင္း ဆက္႐ုန္းကန္ေနမယ္ဆိုရင္ ငါ့ကို ႐ိုင္းစိုင္းတယ္လို႔ အျပစ္မတင္နဲ႔!"

"ေသာက္က်ိဳးနည္း မင္း ဘာလိုခ်င္လို႔လဲ!!" ထန္​ေ႐ွာင္းယြီ၏စိတ္ထဲတြင္ ထိပ္ေျပာင္သည္ ဘာ့​ေၾကာင့္ ဒီလိုလုပ္ရတာလဲ ဆိုသည္ကို ျဖစ္ႏိုင္ေျခတစ္သန္းေက်ာ္ အေျပးအလႊားစဥ္းစားေနေသာ္လည္း သူေသခ်ာမသိေသးေပ။

"အသက္႐ွင္ခ်င္ရင္ ၿငိမ္ေနလိုက္တာ ပိုေကာင္းမယ္" ထိပ္ေျပာင္က သူ႕ကို အေမွာင္လမ္းထဲကို တြန္းပို႔ၿပီး မက္ေဆ့ခ်္ပို႔ဖို႔ သူ႕ဖုန္းကို ထုတ္လိုက္သည္။

"ခ်ဴဟန္လား?" ထန္​ေ႐ွာင္းယြီက သူ႕ကို ေမးလိုက္သည္။

“မင္းက ေတာ္ေတာ္ ဉာဏ္ေကာင္းတာပဲ!” ထိပ္ေျပာင္က ျပဳံးသည္။

ထန္​ေ႐ွာင္းယြီ၏ႏွလုံးသားမွာ နစ္ျမဳပ္သြားၿပီး ဤအေျခအေနမွလြတ္ေျမာက္ရန္ နည္းလမ္းေတြကို တိတ္တဆိတ္ ေတြးေတာၾကံဆေနေတာ့သည္။

"မလႈပ္နဲ႔!" ထန္​ေ႐ွာင္းယြီ ဘာေတြစီစဥ္ေနလဲဆိုတာကို သတိထားမိၿပီး ထိပ္ေျပာင္တဲ့လူက ဖိအားအခ်ိဳ႕ကို အသုံးခ်လိုက္၏။ဓားသည္ ထန္​ေ႐ွာင္းယြီ၏႐ွပ္အက်ႌႏွင့္ အေရျပားကို ခ်က္ခ်င္းျဖတ္သြားကာ စူး႐ွနာက်င္ေစလိုက္သည္။

"ငါ ခ်ဴဟန္ကို ဘာမွမလုပ္ထားပါဘူး။ ဒါနဲ႔ သူက ဘာလို႔ ငါ့ေနာက္ကို လိုက္ခိုင္းရတာလဲ?" ထန္​ေ႐ွာင္းယြီက ဘာျဖစ္ေနမွန္း မသိဟန္ေဆာင္သည္။

"သ႐ုပ္ေဆာင္ေနတာကို ရပ္လိုက္!ခ်ဴဟန္က မင္းပဲဆိုတာ အစကတည္းက သိတယ္။" ထိပ္ေျပာင္က သူ႕ကို နံရံမွာ တြန္းၿပီး “မင္းကို ႐ွာရခက္မယ္လို႔ ငါထင္ေနခဲ့တာ၊ ဒါေပမယ့္ မင္းကိုယ္တိုင္ ထြက္လာမယ္လို႔ ငါ မေမွ်ာ္လင့္ထားဘူး။လိမၼာေနစမ္းပါ!အဲ့ဒါဆိုရင္ သူ မင္းကို သနားေကာင္းသနားလိမ့္မယ္"

ငါ ေပါ့ေလ်ာ့ခဲ့လြန္းတာပဲ!

ထန္​ေ႐ွာင္းယြီသည္ လက္သီးမ်ားကို ဆုပ္ထားသည္။

တစ္ခ်ိန္တည္းမွာပင္ fast-food စားေသာက္ဆိုင္အျပင္ဘက္တြင္ အနက္ေရာင္ေနကာမ်က္မွန္တပ္ထားသည့္ အမ်ိဳးသားတစ္ဦးက ေအာ္လိုက္သည္။

"အဲဒါ ခ်ိဳးက်ီယန္ပဲ!"

"အား!!!!" လမ္းေပၚ႐ွိ အမ်ိဳးသမီးမ်ားအားလုံးက ဝမ္းသာအားရ ေအာ္ဟစ္ကာ ၫႊန္ျပေနေသာ လူကို ၾကည့္လိုက္ၾကသည္။

မစၥတာခ်ိဳးသည္ ေခ်ာေမာခန္႔ညားတဲ့အျပဳံးျဖင့္ လမ္းမီးတိုင္ေအာက္တြင္ ရပ္ေနရင္း သူ႕လက္ကို အိတ္ကပ္ထဲ ထည့္ထားသည္။

"Ahhhhhhhhhh!" ေကာင္မေလးေတြရဲ႕ ႏွလုံးသားေတြ ခုန္ေပါက္လုမတတ္။တကယ့္ကို နာမည္အႀကီးဆုံး အမ်ိဳးသားသ႐ုပ္ေဆာင္ မစၥတာခ်ိဳးပဲ!

Fangirls ေတြအားလုံးက မစၥတာခ်ိဳးကို ဝိုင္းထားၿပီး တစ္ခ်ိဳ႕က ေပြ႕ဖက္ၿပီး လက္မွတ္ေတြေတာင္ ေတာင္းၾကသည္။ fast-food စားေသာက္ဆိုင္တြင္ လူအမ်ားအျပား႐ွိေနၿပီျဖစ္ေသာ္လည္း မစၥတာခ်ိဳးေၾကာင့္ ထိုေနရာသည္ ပို၍ပင္ စည္ကားလာသည္။

"ဒီေန႔ အရမ္းေအးတယ္မဟုတ္လား!" ခ်ိဳးက်ီယန္က က်ယ္ေလာင္စြာ ေမးလိုက္သည္။

“ဟုတ္!” Fangirls ေလးေတြက အရမ္းပူးေပါင္းေဆာင္႐ြက္ခဲ့ၾကသည္။

"ဒါဆို ငါ မင္းတို႔နဲ႔ ေျပးမယ္!" ခ်ိဳးက်ီယန္က လွမ္းေအာ္လိုက္ျပန္သည္။

“ေကာင္းၿပီ!” ေကာင္မေလးမ်ားက ဝိုင္းေအာ္ၾကသည္။

ခ်ိဳးက်ီယန္က လွည့္ၿပီး ေနာက္ေဖးလမ္းၾကားေတြဆီ ေျပးသြား၏။

Fangirls ေတြက ေအာ္ဟစ္ၿပီး ခ်ိဳးက်ီယန္ရဲ႕ေနာက္ကို လိုက္ဖို႔ တြန္းအားေပးၾကၿပီး အနက္ေရာင္ေနကာမ်က္မွန္တပ္ထားတဲ့ အမ်ိဳးသားကေတာင္ သူ႕ေနာက္ကို လိုက္သြားပါသည္။ ထိုအမ်ိဳးသားသည္ သူ႕မ်က္ႏွာကို ဖုံးကြယ္ရန္ ဦးထုပ္ကိုပင္ ေဆာင္းထားေသးသည္—တကယ္ေတာ့ ထိုသူမွာ မလုပ္ခ်င္ဘဲလုပ္​ေနရသည့္ မန္ေနဂ်ာမစၥတာမိုင္ပင္ ျဖစ္ေပသည္။

"ခ်ိဳးက်ီယန္ ငါတို႔ မင္းကိုခ်စ္တယ္!!" မိုင္းခယ့္က သူ႕အသံနဲ႔ ခပ္ပါးပါးေလး ထေအာ္၏။ မိန္းကေလးတစ္ေယာက္လို ျပဳမူဖို႔ ႀကိဳးစားရတာ တကယ္ကို ခက္ခဲပါတယ္။

"ခ်ိဳးက်ီယန္ ငါတို႔မင္းကိုခ်စ္တယ္!!!!" ဖန္ေတြကလည္း လိုက္လုပ္ၾကသည္။

"ခ်ိဳးက်ီယန္ ငါတို႔ မင္းကို လက္ထပ္ခ်င္တယ္!!" မိုင္ခယ္က သူ ဆီးသြားခ်င္လာသလိုပင္ ခံစားလိုက္ရသည္။

"ခ်ိဳးက်ီယန္ ငါတို႔ မင္းကို လက္ထပ္ခ်င္တယ္!!" ဖန္မ်ား၏ ေအာ္ဟစ္သံမ်ားႏွင့္အတူ သံၿပိဳင္သံမ်ားကလည္း လမ္းမမ်ားေပၚတြင္ ပဲ့တင္ထပ္ေနသည္။

ဘရိန္းဝွက္႐ွ္ခံလိုက္ရေသာ ပရိသတ္မ်ား ပိုမိုေပၚလာၿပီး ဘာျဖစ္ေနသည္ကို မသိေသာ ခရီးသည္အခ်ိဳ႕သည္လည္း အေျပးအလႊား ပါဝင္ခဲ့ၾကသည္။ခ်ိဳးက်ီယန္ေနာက္ကို လိုက္ေျပးသူ လူဦးေရသည္ တစ္ရာနီးပါးထိပင္ တိုးလာသည္။ထူးထူးဆန္းဆန္းျမင္ကြင္းသည္ 'အိုလံပစ္အားကစားပြဲ က်င္းပေနသည့္ လူအုပ္ႀကီး' ႏွင့္ပင္တူေနသည္။

လမ္းၾကား႐ွိ ထိပ္ေျပာင္သည္ လမ္းမမ်ားထံမွ မည္ကဲ့သို႔ ဆူညံသြားသည္ကို အံ့ၾသေနမိသည္။တစ္မိနစ္အၾကာတြင္ လူအုပ္စုႀကီးသည္ 'ငါတို႔အားလုံး ခ်ိဳးက်ီယန္ကိုခ်စ္တယ္' ဟု က်ယ္ေလာင္ေသာအသံျဖင့္ မိုဘိုင္းဖုန္း flash သို႔မဟုတ္ ဓာတ္မီးကို ေဝွ႔ယမ္းကာ ေျပးလာ​ေသာ လူအုပ္စုႀကီးမွ အေၾကာင္းရင္းကို သိသြားခဲ့သည္။

ထိပ္ေျပာင္မွာ ေခ်ာက္ခ်ားသြားသည္။ေသာက္က်ိဳးနည္း ဘာျဖစ္ေနတာလဲ?

ထန္​ေ႐ွာင္းယြီသည္ အခြင့္အေရးကို ျမင္ၿပီး ထိပ္ေျပာင္၏ညိဳ႕သက်ည္းကို ကန္ထုတ္ကာ လူစည္ကားေသာ လမ္းမဆီသို႔ ေျပးသြားလိုက္သည္။

"ဒီကိုျပန္လာခဲ့! !” ထိပ္ေျပာင္သည္ စိတ္တိုလာၿပီး ထန္​ေ႐ွာင္းယြီေနာက္သို႔ အလ်င္အျမန္ လိုက္လာခဲ့ေသာ္လည္း ခ်ိဳးက်ီယန္၏ေနာက္မွ လိုက္ေန​ေသာမိန္းကေလးမ်ားဆီသို႔ ပါသြားခဲ့သည္။

"ခ်ိဳးက်ီယန္က တကယ္ကို ေ႐ွ႕တန္းမွာပဲ!" ဖန္ေကာင္မေလးသည္ သူမ၏မ်က္လုံးထဲတြင္ မ်က္ရည္မ်ားဝဲကာ ထိပ္ေျပာင္၏လက္ေမာင္းကို တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ထားသည္။

ခ်ိဳးက်ီယန္ကို လူကိုယ္တိုင္ေတြ႕ရတာ အရမ္းစိတ္လႈပ္႐ွားဖို႔ေကာင္းတာပဲ!

ထန္​ေ႐ွာင္းယြီကိုလည္း fangirls ေလးမ်ားအလယ္တြင္ ညႇပ္မိခဲ့ေသာ္လည္း မၾကာမီ မိုင္ခယ့္က သူ႕ကို ေတြ႕႐ွိခဲ့ၿပီး သူ႕လက္ကို ဖမ္းဆုပ္ကာ လူအုပ္ထဲမွ ႏွစ္ေယာက္သား ညႇပ္ထြက္ရင္း ဆန္႔က်င္ဘက္ဆီသို႔ ေျပးသြားခဲ့သည္။

"ခ်ိဳးက်ီယန္ကေကာ!?" ထန္​ေ႐ွာင္းယြီက ေမးသည္။

"သူဘာသာသူ အဆင္​ေျပသြားလိမ့္မယ္!" မိုင္ခယ့္က သူ႕ကို တကၠစီေပၚတင္ၿပီး "အိမ္အရင္သြားရေအာင္!"

Continue Reading

You'll Also Like

360K 64K 135
This is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Title - Mr.Fashionable Original Author...
89.2K 15.4K 29
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
259K 16.8K 73
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...
212K 5.2K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်