ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာ...

By BI_BI_DAA

361K 64K 1.4K

This is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Ti... More

Description
[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21.1]
[21.2]
[22.1]
[22.2]
[23.1]
[23.2]
[24.1]
[24.2]
[25.1]
[25.2]
[26.1]
[26.2]
[27.1]
[27.2]
[28.1]
[28.2]
[29.1]
[29.2]
[30.1]
[30.2]
[31.1]
[31.2]
[32.1]
[32.2]
[33.1]
[33.2]
[34.1]
[34.2]
[35.1]
[35.2]
[36.1]
[36.2]
[37.1]
[37.2]
[38.1]
[38.2]
[39]
[40]
[41]
[42]
[43]
[44]
[45]
[46]
[47]
[48]
[49.1]
[49.2]
[49.3]
[50]
[51]
[52]
[53.1]
[53.2]
[53.3]
[53.4]
[53.5]
[54]
[55]
[56]
[57]
[58]
[59]
[60]
[61]
[62]
[63]
[64]
[65]
[66]
[67]
[68]
[69]
[70]
[71]
[72]
[73]
[74]
[75]
[76]
[77]
[78]
[79]
[80]
[81]
[82]
[83]
[84]
[85]
[86]
[87]
[88]
[89]
[90]
[91]
[92]
[93]
[95]
[96]
[97]
EXTRA-1
EXTRA-2
EXTRA-3
EXTRA-4
EXTRA-5
EXTRA-6
EXTRA-7
EXTRA-8
EXTRA-9
EXTRA-10
EXTRA-11
EXTRA-12
EXTRA-13[END]

[94]

1.3K 201 0
By BI_BI_DAA

[Unicode]

အခန်း(၉၄):လောင်းကစား စားပွဲထက်က Mischief နှင့် တိုက်ဆိုင်မှုများ


နေ့ရက်တွေက တဖျပ်ဖျပ် ဖြတ်ကျော်လာပြီး နောက်ဆုံးတော့ ကာစီနိုကစားရမယ့်နေ့ရက်ကို ရောက်လာခဲ့ပါပြီ.......။

"မင်းကို အိမ်ပြန်လိုက်ပို့​ပေးဖို့ တကယ်မလိုဘူးလား?" ချိုးကျီယန်သည် အိပ်ခန်းတံခါးဝတွင် ရပ်ကာ ထန်​ရှောင်းယွီတစ်​ယောက် အထုပ်တွေထုပ်နေသည်ကို ကြည့်နေသည်။

"အဆင်ပြေတယ်။ကျွန်တော် ရထားနဲ့ပဲစီးသွားလိုက်မယ်။မနက်ဖြန် အကိုကျီရန်ရဲ့ပွဲအတွက် အာရုံမစိုက်နေမှာကိုပဲ စိတ်ပူမိတယ်" ထန်​ရှောင်းယွီသည် သူ့ခရီးဆောင်အိတ်ကို ဇစ်တပ်ပြီးနောက် မတ်တပ်ထရပ်လိုက်သည်။ "ဒါက သိပ်မဝေးပါဘူး။ကျွန်တော် နှစ်ရက်နေရင်ပြန်လာခဲ့မယ်။"

"ကောင်းပါပြီ၊မင်းသ​ဘောပါပဲ" ချိုးကျီယန်သည် သူ့​ရှေ့​ရောက်လာပြီး သူ့ကို ပွေ့ဖက်လိုက်သည်။ "မင်းအဘိုးရှေ့မှာ ကိုယ့်ရဲ့​ကောင်းသတင်းတွေကို ပြော​ပေးရမယ်​နော်"

ထန်​ရှောင်းယွီသည် ချိုးကျီယန်၏နှာခေါင်းကို အသာအယာဖိညစ်လိုက်ပြီး မပြုံးနိုင်ဘဲမနေနိုင်ပေ။

"မင်း ရေချိုးတော့မှာမလား?" ချိုးကျီယန်က သူ့ကို ကောက်ပွေ့လိုက်သည်။

"မချိုးဘူး!" ထန်​ရှောင်းယွီသည် အငြင်းစကားလုံးဖြင့် ပြတ်ပြတ်သားသား ပြောလိုက်သည်။အတူတူရေချိုးလိုက်ရင် ဘာဖြစ်သွားမယ်ဆိုတာ ဘုရားသခင်ပဲသိလိမ့်မယ်။မနက်ဖြန်မှာ အဆင်ပြေရင် အားလုံးအဆင်ပြေနိုင်ပေမယ့် တိုက်ခိုက်ကြမယ့် အခွင့်အခါမျိုးရှိလာခဲ့ရင် ခါးနာပြီးခြေသလုံးတွေ နာကျင်ကိုက်ခဲနေတဲ့ သူအ​နေနဲ့ ဒုက္ခတွေဝေနေမယ့် မြင်ကွင်းတစ်ခု ဖြစ်လာမှာ အသေချာပါပဲ။

"ဘာလို့လဲ?" ချိုးကျီယန်သည် သူ့ကို လွယ်လွယ်နဲ့ လွှတ်ပေးလိုက်ဖို့ အစီအစဉ်မရှိပေ။

"ကျွန်တော် ပြန်လာတဲ့အထိစောင့်။" ထိုညကို ငြိမ်းချမ်းစွာ ဖြတ်သန်းရရေးအတွက် ထန်​ရှောင်းယွီသည် ပူးပေါင်းဆောင်ရွက်မှုမျိုးကို ရရှိရန် မျှော်လင့်ချက်ဖြင့် ဖြစ်လာမည့်အရာများကို ဖော်ပြရန်မှတပါး တခြားရွေးချယ်စရာမရှိပေ။

"ကောင်းပြီလေ...ဒါဆို မင်းပြန်လာတဲ့အခါ ကိုယ့်တောင်းဆိုချက်အားလုံးကို နားထောင်ပေးရမယ်။" ချိုးကျီယန်သည် သူ့ကို ကုတင်ပေါ်မှာ ဖိထားရင်း သူ့နား,နားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

ထန်​ရှောင်းယွီ၏မျက်နှာသည် ချက်ချင်းပင် မီးတောက်သွားတော့သည်။

ဒီလူက ဘာလိုများ အရှက်မဲ့ရတာလဲ!

"သဘောတူတယ်မလား?" ထန်​ရှောင်းယွီ၏လည်ပင်းတွင် ဟက်ကီထင်းထင်းကို ဖန်တီးရန်အတွက် ချိုးကျီယန်က တောင်းဆိုခဲ့ပြီး သူ့ရဲ့မရိုးသားသည့်လက်တွေက အောက်ဘက်ဆီသို့ လျှောတိုက်ဝင်သွားကာ ပစ်မှတ်ဆီသို့ဦးတည်​နေ၏။

ထန်​ရှောင်းယွီသည် သူ့ခေါင်းသူ ဖိနှိပ်လိုက်ရင်း အနည်းငယ် စိတ်ရှုပ်လာရသလို ရယ်လည်းရယ်ချင်လာမိသည်။

"ဟင်.....လက်ခံတယ်မလား?" ချိုးကျီယန်သည် သူ့လက်ကို အနည်းငယ် ဖြေလျှော့လိုက်ပြီး ဆွဲဆောင်မှုရှိတဲ့ မျက်လုံးတွေနဲ့ သူ့ကို စေ့​စေ့ကြည့်လိုက်သည်။

"အင်း" ထန်​ရှောင်းယွီသည် သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် ပွေ့ပတ်ထားကာ သူ့ပါးပြင်တွေက နီမြန်းလာသည်။

အား.....ရှက်စရာကောင်းလိုက်တာ!

ချိုးကျီယန်သည် ထန်​ရှောင်းယွီ၏ပါးပြင်ကို သူ့လက်​ချောင်းတွေဖြင့် ညင်သာစွာ ပွတ်သပ်ပြီး နက်ရှိုင်းစွာ နမ်းရှိုက်လိုက်သည်။

လက်ချောင်းတွေက ရောယှက်နေပြီး နှုတ်ခမ်းတွေကလည်း ထိတွေ့​နေသည်။သူတို့ရဲ့ စိတ်အားထက်သန်မှုတွေက လွန်ကဲလွန်းလို့ သူတို့ပတ်ဝန်းကျင်က လေတွေတောင် နွေးထွေးနေတာပဲ။

____________________

"ကျွန်တော် နည်းနည်းတော့ စိတ်လှုပ်ရှားနေတယ်!" တခြားတစ်ဖက် မြင်ကွင်းတစ်ခုတွင် ဆု​ရှောင်းနိုသည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ လေးနက်စွာပြောခဲ့သည်။

"ဒါဆို မသွားနဲ့။" အိုးရန်လုံက သူ့ဆံပင်တွေကို ခြောက်အောင်မှုတ်ပေး​နေရင်း ပြန်ဖြေလိုက်သည်။ "မနက်ဖြန် ကိုယ်တို့ ဖက်ထုပ်သွားစားကြမယ်"

".........."

ဆု​ရှောင်းနိုသည် သူ့ကိုဝေဖန်အပြစ်တင်ဖို့ အကြည့်တစ်ချက်ပေးလိုက်သည်။ "ဘယ်လိုများ ဒီလို​ပြောရတာလဲ!နည်းနည်းလေး နူးနူးညံ့ညံ့သိမ်သိမ်​မွေ့မွေ့နဲ့ 'ဘေဘီ၊ မကြောက်နဲ့။မင်းက အကောင်းဆုံးပါပဲ!မင်းသူတို့ကို အနိုင်ပိုင်းလိုက်လို့ရပါတယ်။'ဆိုပြီး ပြောလို့မရဘူးလား? အားပေးစကားတွေ မပြောရင်​တောင် ဆိုး​လှနေပြီကို ကြည်လင်တောက်ပတဲ့ မုန့်လွှာနဲ့ မွှေးကြိုင်တဲ့ဖက်ထုပ်ကြော်တွေရဲ့ အတွင်းပိုင်းမှာ အသား​​တွေထည့်ထားတဲ့ စွပ်ပြုတ်တွေနဲ့တောင် ဆွဲဆောင်နေလိုက်သေးတယ်!"

မှန်ပါတယ်!foodie သမားတစ်ယောက်က ရိုးရှင်းတဲ့ စကားလုံးနှစ်လုံးပါတဲ့ အစားအစာ "ဖက်ထုပ်ကြော်" ကို ခန်းနားကြီးကျယ်တဲ့ ဖော်ပြချက်အဖြစ် ချက်ခြင်း ပြောင်းလဲနိုင်ပါသည်။

"အဲဒီအ​ပေါ်မှာ အရမ်းကြီးမ​တွေးနဲ့။အနားယူတော့​လေ။" ဆုနို၏ ညဝတ်အင်္ကျီကို ပြန်ဖြန့်​ပေးလိုက်ပြီး အိုးရန်လုံက ပြောလိုက်သည်။

"မြန်မြန်လေး ခွန်အားဖြည့်ပေးနော်" ဆုနိုသည် အ​ရေပြားမှာ ပတ်တီးပတ်ထားသကဲ့သို့ဖြစ်နေပြီး ကပ်တွယ်နေသည်။

မစ္စတာ CFO က သူ့မျက်နှာကို နမ်းလိုက်၏။

လက်​တွေ့လုပ်ရပ်တွေကို မသုံးနဲ့နော်၊ဒါရိုက်တာကြီးရဲ့ စကားလုံးချိုချို​လေးတွေကိုပဲ သုံး!

ထို့​ကြောင့် ဆုနိုသည် ဗျူဟာကျကျ မေးလိုက်သည်- "ကျွန်တော်က လွှမ်းမိုးနိုင်တယ်လို့ ဒါရိုက်တာကြီး ထင်လား?"

အိုးရန်လုံသည် သူ့အပြုံးကိုမနည်းမျိုသိပ်ထားရသည်။

"မြန်မြန်ဖြေနော်!" ဆု​ရှောင်းနိုသည် သူ့ရဲ့ညဝတ်အင်္ကျီကော်လံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။

မစ္စတာ CFO သည် သူ့ရဲ့ယောက်ျားပီသမှုနှင့် ရဲစွမ်းသတ္တိကို ချီးမွမ်းရန် စကားလုံးငါးထောင်တိတိကို ချက်ချင်းအသုံးပြုကာ "တောက်လောင်နေတဲ့ မီးတောက်များကြားတွင် မြို့ရိုးကို ကုတ်တွယ်တက်ခြင်းနှင့် ညအချိန်ပင်လယ်ပြင်ကို တွန်းလှန်ရင်ဆိုင်ခြင်း" ကဲ့သို့သော ခမ်းနားထည်ဝါသော စကားစုများလည်းအပါဝင်ပင် ပြောလိုက်သည်။

ကံမကောင်းစွာပဲ ဤချီးကျူးမှုများသည် ဆု​ရှောင်းနို၏စိတ်ကူးယဉ်ရုပ်ပုံများသာ။

အမှန်က သူ ပြင်သစ်အနမ်းကိုရလိုက်တာပါပဲ!ထို့အပြင် အိုးရန်လုံသည် ဆု​ရှောင်းနိုကို မသိမသာဖြင့် ဆက်လက်၍ ပရောပရည်လုပ်ပြန်သည်။

"... ဒါရိုက်တာကြီးက...တော်တော် ဆိုးတာပဲ!" ဆု​ရှောင်းနိုသည် ဒေါသတကြီးဖြင့် သူ့လက်နှစ်ဖက်ရော ခြေထောက်နှစ်ဖက်နဲ့ပါ အိုးရန်လုံကို အတင်းတွန်းထုတ်ကာ ဘောင်းဘီကို ဆွဲတင်လိုက်သည်။

ဒါဟာ သူ့ရဲ့ ယောက်ျားဂုဏ်သိက္ခာအတွက် သံသယဖြစ်စရာ စိန်ခေါ်မှုတစ်ခုပါပဲ။

"မနက်ဖြန်ကျရင် သတိထားရမယ်နော်။' အိုးရန်လုံသည် သူ့ရဲ့ပရောပရည်ကျတဲ့ အပြုံးကို ထိန်းထားပြီး သူ့ကို ပွေ့ဖက်ထားလိုက်သည်။

"ကျွန်တော်သိပါတယ်။" ဆု​ရှောင်းနိုသည် သူ့ကိုယ်သူ သက်တောင့်သက်သာရှိသော အနေအထားသို့ ပြန်လည်ပြင်ဆင်လိုက်ပြီး ဆက်ပြောလိုက်သည်။
"အစ်ကိုကြီးလည်း မနက်ဖြန် အဲဒီမှာပဲ ရှိနေလိမ့်မယ်။ဘာပြဿနာမှ ရှိလာမှာမဟုတ်ပါဘူး။"

"ဒီလောင်းကစားကြေးဆယ်ခုလောက်ကို ပေါင်းထည့်ပေးရင်တောင် မင်းတစ်ယောက်ထက် အရေးမကြီးဘူး။" အိုးရန်လုံသည် သူ့လက်တွေကို သူ့လက်ဖဝါးထဲမှာ ဆုပ်ကိုင်လိုက်ပြီး ထွေး​ပွေ့ထားလိုက်သည်။ "အဲဒါဆိုရင်​​တောင် ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်,ဟုတ်ပြီလား?""

အိုးမိုင်​ဂေါ့!ဒီမြတ်နိုးတွယ်တာဖွယ်စကားလုံး​တွေက အမှန်တကယ်ကို ရင်ထဲလှုပ်ရှားစေတာပဲ!

ဆုနို၏စိတ်ထဲတွင် တလက်လက်တောက်ပနေတဲ့ မီးရှူးမီးပန်းများ ချက်ချင်း ထွက်ပေါ်လာတော့သည်။သူ့ရဲ့လူကြီးက ယောက်ျားပီသတဲ့အပြင် နူးညံ့သိမ်မွေ့သေးတယ်-အမျိုးသားတွေကြားထဲက ရှားပါးယောက်ျားပဲ။
သူ့မှာ သံမဏိလိုတောင့်​တောင့်တင်းတင်း​ခန္ဓာကိုယ်ရှိရုံသာမက ချစ်ခြင်းမေတ္တာစကားကိုလည်း ပြောဆိုနိုင်သေးတယ်။ဒီလို ပြည့်စုံမှုမျိုးက!သူ့မှာမနက်ဖြန်လုပ်စရာတွေရှိနေသေးတာမို့လို့ ကံမကောင်းလိုက်တာ၊မဟုတ်ရင် 'ချက်ချင်းကို အိပ်ယာပေါ်တက်ပြီး ခဏခဏမလုပ်လိုက်ရတာကမှ' ရှက်စရာဖြစ်နေလိမ့်မယ်။

"ကောင်းသောညပါ ဘေဘီ" အိုးရန်လုံသည် သူ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားသည်။

"ဂွတ်နိုက်!" သူ့အသံက ထူးထူးခြားခြား နူးညံ့လို့​နေ၏။ ဆုနိုသည် အိပ်မပျော်နိုင်လောက်အောင် လှုပ်လှုပ်ရွရွ ဖြစ်နေသေးသည်။

သူသည် အလုပ်ကိစ္စနဲ့ပတ်သတ်ပြီး မတက်မကြွဖြစ်နေချိန်မှာတောင် အိုးရန်လုံရဲ့ absကို ကောင်းကောင်းခံစားနေလိုက်သေးသည်။

"အရမ်းကြီး မလှုပ်နေနဲ့လေ။" အိုးရန်လုံသည် သူ့လက်တွေကို ဖိချထားလိုက်သည်။

"ကျွန်တော် အိပ်မပျော်ဘူးလေ" ဆုနိုသည် အမှောင်ထဲတွင် သူ့ကို စိုက်ကြည့်နေ၏။

"မနက်ဖြန်မှာ စိတ်ကြည်လင်ပြီး သတိရှိရှိ ဖြစ်ဖို့အတွက် အိပ်ရေးဝအောင် အိပ်ထားဖို့လိုတယ်။" အိုးရန်လုံသည် ဆုနိုကို သူ့ရင်ဘတ်ပေါ်သို့ ဆွဲတင်လိုက်သည်။

"မျက်လုံးမှိတ်ထား။"

ငါ့လူကြီးက သြဇာရှိပြီး ဆွဲ​ဆောင်မှုရှိလွန်းတယ်။ဆု​ရှောင်းနိုသည် သူ့ရင်ဘတ်ကို လက်ညှိုးလေးဖြင့် ထိုးလိုက်သည်။

သူကို like ပေးသင့်တယ်!

"မင်းအတွက် ဘဲကောင်ရေကို ရေတွက်ပေးစေချင်လား?" အိုးရန်လုံက မေးလိုက်သည်။

"ဘာလို့ သိုးကောင်ရေကို မ​ရေတွက်တာလဲ?" ဆုနိုက စိတ်ရှုပ်စွာနဲ့ မေးလိုက်သည်။

"မင်းက ဘဲက​လေးနဲ့ ပိုတူလို့။" အိုးရန်လုံသည် သူ့ခေါင်းထိပ်လေးကို နမ်းလိုက်၏။

"ဟင်း....ကောင်းပြီလေ။" ဆုနိုသည် လိုက်လျောညီထွေစွာ မျက်လုံးကိုမှိတ်လိုက်သည်။

"ဘဲက​လေးတစ်ကောင်၊ ဘဲက​လေးနှစ်ကောင်......." မစ္စတာစီအီးအို၏အသံသည် သံလိုက်ကဲ့သို့ ဆွဲငင်​စေပြီး တိုးညင်းကာ ယစ်မူး​စေသည်။

ပိန်းဥဘဲသားကြော်က သောက်ရမ်းအရသာရှိတယ်! ဂျင်းဘဲသားကြော်ကလည်း အရသာရှိပ!
ဘီယာဆော့စ်ထဲမှာစိမ်ထားတဲ့ဘဲရင်အုံသားက ပိုမွှေးပြီး ရတနာဆော့စ်ရှစ်မျိုးနဲ့ နှပ်ထားတဲ့ ဘဲသားပူပူကိုဖွင့်လိုက်တာနဲ့ ဟင်းခတ်အမွှေးအကြိုင်ဆန်ရှစ်မျိုးနဲ့ ပြောင်လက်နေအောင်စိမ်ထားတဲ့အသားကို တွေ့ရမှာဖြစ်ပြီး မွှေးပျံ့ ကြွပ်ရွနေတဲ့ ပြောင်းဖူးအပိုင်းအစတွေက အပေါ်ကနေ ဖြန့်ဖြူးကျဲနေ....ခံတွင်း​တွေ့ရုံသာမက သွားရည်ပါယို​လောက်တယ်!
ဆု​ရှောင်းနိုသည် သွားရည်တောင် မထိန်းနိုင်တော့။ တိတ်ဆိတ်ငြိမ်သက်သောညတွင် ဝမ်းကျိုက်သံ(ဂလု)က သိသိသာသာ ပေါ်ထွက်လို့သွားသည်။

အိုးရန်လုံ:.......

"ဟန်နီ...." ဆုနိုသည် ကုတင်ပေါ်တွင် လှိမ့်လိုက် လှည့်ပတ်လိုက်ရင်း သူ့ကို ပွေ့ဖက်လိုက်သည်။

အခု ပိုတောင် ဗိုက်ဆာနေပြီ!အိပ်ပျော်ဖို့ မဖြစ်နိုင်ဘူး! ဒါတင်မကသေးဘဲ "မွှေးကြိုင်တဲ့ ကဏန်းချဥ်စပ်ဟင်းကို ဆုံးရှုံးခဲ့ရခြင်း" ရဲ့ နာကျင်စရာအမှတ်ရမှုကြီးကိုလည်း သတိရလိုက်မိပါသေးသည်။

"လိမ္မာပါတယ်ကွာ။ကိုယ် ရေချိုးခန်း သုံးလိုက်ဦးမယ်"အိုးရန်လုံသည် သူ့ကို ဘေးမှာချထားလိုက်ပြီး ကုတင်ဘေးက မီးခွက်ကိုဖွင့်လိုက်သည်။

ဆု​ရှောင်းနိုသည် ခွေးကလေးကဲ့သို့ အရှက်မရှိ ကုတင်ပေါ်တွင် လှဲလျောင်းနေကာ ခေါင်းအုံးကို ပွေ့ဖက်ထားရင်း မျက်နှာသည်လည်းနီရဲလာပြီး မျက်လုံးတွေကလည်း တလက်လက်တောက်ပနေသည်။

မစ္စတာ CEO သည် စိတ်ထဲက​နေ သက်ပြင်းတစ်ချက်ချကာ ဟန်​ဝေဆီကို ဖုန်းခေါ်ဆိုခဲ့သည်။

"ဒီအချိန်ကြီး မင်းက ဘာလို့ ငါ့ဆီကိုဖုန်းဆက်ရတာလဲ?" ဟန်ဝေက အံ့သြစွာ မေးလိုက်သည်။

"နိုနိုက အရမ်းစိတ်လှုပ်ရှားနေပြီး စိတ်အားထက်သန်နေတဲ့ပုံရတဲ့အပြင် နည်းနည်းလေးလည်း ရမ္မက်ထနေပုံရတယ်,ဘာပဲဖြစ်ဖြစ် သူအိပ်မှာမဟုတ်တော့ဘူး။" အိုးရန်လုံသည် အနည်းငယ် ကူကယ်ရာမဲ့သွားသလို ခံစားရသည်။

ဟန်ဝေသည် သူ့နားထင်ကို နှိပ်နယ်လိုက်သည်။

"သူ့ကို အိပ်ပျော်အောင်လုပ်ဖို့ နည်းလမ်းရှိလား?" အိုးရန်လုံသည် ဟန်ဝေထံ အကူအညီတောင်းရန် ရှားသော်လည်း ယခုအချိန်မှာ​တော့ အမှန်တကယ်ပင် စဥ်းစားရန် ဉာဏ်မမီတော့ပေ။ဟန်​ဝေကလည်း
ဆုနို၏အရင်းနှီးဆုံးမိသားစုဝင်မလား။

"အဆင်ပြေတယ်။သူ့ကိုဒီအတိုင်းသာထားလိုက်။အဆိုးဆုံးအခြေအနေဆိုရင်တောင် သူ တစ်ညလုံးဒီအတိုင်း​နေသွားရုံပဲရှိမယ်။ဒါက သူ့ကို အများကြီး ထိခိုက်စေမှာ မဟုတ်ဘူး။ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်ခင်တုန်းက​တောင် တစ်ညလုံး အိပ်မပျော်ဘဲ တစ်ညလုံး စန္ဒယားတီးခဲ့​သေးတယ်။ဒါ​တောင် သူ့ကျောင်းတစ်ကျောင်းလုံးမှာ နံပါတ် ၃ နေရာမှာ ရပ်တည်နိုင်နေတုန်းပါပဲ။"

"..........."

ဒါက ဘယ်လိုရောဂါမျိုးလဲ!

အိုးရန်လုံသည် ရှုပ်ထွေးပွေလီစွာဖြင့် ဖုန်းကိုချလိုက်ပြီး အိပ်ခန်းထဲသို့ ပြန်ဝင်သွားကာ ဆုနိုသည်ကား အတင်းအဖျင်း မဂ္ဂဇင်းကို လေးနက်စွာ စစ်ဆေးကြည့်​နေ၏။

"မင်းက တုံးတာလား ဉာဏ်ကောင်းတာလားဆိုတာ ကိုယ်တကယ်မသိတော့ဘူး" အိုးရန်လုံသည် သူ့လည်ပင်းကို ကိုက်လိုက်သည်။သူသည် တုံးတုံးအအ အရုပ်​လေးလို ဖြစ်နေသည်မှာ ထင်ရှားသော်လည်း အချို့နေရာများတွင် သူသည် အလွန်အမင်း မယုံနိုင်လောက်အောင် တော်​နေ​သေးသည်။

ဆုနိုသည် သူ့ကို နှာတစ်ချက်မှုတ်ကာရှောင်လိုက်ပြီး ကုတင်ပေါ်မှာ ဆက်အိပ်နေကာ ချိုးကျီယန်ကို bowties တပ်​​ပေး​နေလိုက်သည်။

အိုးရန်လုံသည် မရယ်ဘဲ မနေနိုင်တော့​ပေ,သူသည် စာအုပ်တစ်အုပ်ကို ဆွဲယူကာ တစ်ညလုံး သူနှင့်အတူ အ​ဖော်ပြု​ပေးခဲ့သည်။

ဆုနိုသည် မိုးလင်းခါနီးတွင် အိပ်ပျော်သွားတော့သည်။အိုးရန်လုံက မဂ္ဂဇင်းစာအုပ်ကို ယူလိုက်ပြီး စောင်ဖြင့် ညင်သာစွာခြုံ​ပေးလိုက်သည်။

"ဟန်နီ....." ဆုနိုသည် နိုးတစ်ဝက်အိပ်တစ်ဝက်အ​နေအထားတွင် အိုးရန်လုံ၏လက်ကို ဆုပ်ကိုင်လို့ထားသည်။

"ကိုယ် ဒီမှာရှိတယ်..။" အိုးရန်လုံသည် မီးကို ပိတ်လိုက်သည်။

"ဟန်နီ......" သူ့ရဲ့ ညည်းတွားသံ​လေးနှင့် အိပ်​ယောင်စုပ်ဖွှား အသံ​လေးသည် အလွန်ချစ်စရာကောင်းနေ၏။

"ကိုယ် ဒီမှာရှိတယ်လေ။" အိုးရန်လုံသည် သူ့ရယ်မောသံကို ထိန်းလိုက်သည်။သူ အိပ်ပျော်နေချိန်မှာ ဘယ်လိုအလိုလိုက်​ပေး ပြုမူရမယ်ဆိုတာ သိသည်။

"ကဏန်းချဥ်စပ်စားချင်တယ်...." သူ ဒီအကြောင်းကို ဆက်တွေး​နေ​သေးတာပဲ!

"ကောင်းပြီ..."အိုးရန်လုံသည် သူ့ကို ပွေ့ဖက်လိုက်သည်။ "မင်းပြန်လာရင် ကိုယ်တို့ ကဏန်းချဥ်စပ်ကို သွားစားကြမယ်။ပြီးတော့ အမဲသားစတူးလည်းစားရမယ်။"

ဆုနိုသည် ကျေနပ်အားရစွာ ရှည်လျားတဲ့ ဟောက်သံလေးတွေပင် ထွက်လာတော့သည်။အိုးရန်လုံသည် သူ့နှုတ်ခမ်းပေါ်သို့ နူးညံ့သိမ်မွေ့တဲ့ အနမ်းတစ်ခုပေးဖို့ရာ ခေါင်းငုံ့လိုက်၏။

နောက်တစ်နေ့မွန်းတည့်အချိန်၌ ကားသမားသည် ဆုနိုနှင့်ထန်​ရှောင်းယွီကို ချိန်းထားသည့် နေရာတွင် သွားခေါ်ခဲ့ပြီး မြို့တွင်းမှ အတူတကွ ထွက်ခွာသွားကြသည်။

ထန်​ရှောင်းယွီသည် ချိုးကျီယန်၏သတင်းများကို ဖုန်းထဲက​နေတစ်ဆင့် ရှာဖွေနေသည်။သူ့အင်္ကျီကော်လံကို အနည်းငယ်ဖွင့်ဟ​နေတာ​ကြောင့် မှေးမှိန်မှိန်အနီရောင်အမှတ်တစ်ခုက နှင်းဖြူရောင်လို အသားရည်ထက်တွင် ထင်း​နေ​လေသည်။

"အမ်... မင်းလည်ပင်းက ဘာဖြစ်တာလဲ?" ဆုနိုသည် စူးစမ်းချင်စိတ်ကြောင့် အနီးကပ်ကြည့်လိုက်သည်။

"ဘာမှမဟုတ်ပါဘူး။" ထန်​ရှောင်းယွီသည် အလျင်အမြန် အမှတ်အသားကို ဖုံးအုပ်လိုက်သည်။

'ဘာလို့ ဒီလောက်ထိ ကပ်​စေးနဲ​နေရတာလဲ?' ဆုနိုတစ်​ယောက် စိတ်ဆိုးစွာဖြင့် နှုတ်ခမ်းသည် ထော်လန်သွားရသည်။သခင်ယေရှုရယ်,ဒါ လည်ပင်းလေးပါပဲ!စစ်မှန်တဲ့ယောက်ျားသားက သူ့ရဲ့ရင်ဘတ်ကိုဖွင့်ဟပြီး သူ့ရဲ့ ရင်ဘတ်အမွှေးတွေကိုတောင် လေထဲမှာ လွှင်​စေချင်လိမ့်မယ်။

ငါ့မှာလည်း အံ့သြစရာကောင်းလောက်အောင်ကို ရင်ဘတ်အမွေးမရှိကြောင်း ပြောရတာ​တော့ နောင်တရမိပါတယ်!
ဆု​ရှောင်းနိုသည် လေးပင်စွာ သက်ပြင်းချလိုက်သည်။

တရားမျှတဖို့အတွက် ထည့်သွင်းစဉ်းစားရာတွင် ဟန်ဝေ၏ကာစီနိုကစားရုံတွင် မကစားကြဘဲ အခြားနေရာ၌သာ ချိန်းဆိုခဲ့သည်။

လက်ရှိ VIP အခန်းထဲတွင် မျက်လုံးပြာပြာ,ရွှေရောင်ဆံပင်ရှိတဲ့ အမျိုးသား သုံးယောက်နှင့်အတူ လက်ဖက်ရည်သောက်နေသည့် ချူဟန်တို့ ထိုင်နေကြသည်။

"သူတို့ရဲ့ ဇာစ်မြစ်တွေကို သိလား?" ကင်းထောက်စခရင်ရှေ့တွင် ရပ်နေရင်း ဟန်ဝေသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"သူတို့ကို အမေရိက,ကနေခေါ်ထားတာကိုပဲ ငါတို့ သိတယ်။အဲဒါကလွဲလို့ ကျန်တာဘာမှမသိရဘူး။သူတို့က ကစားဖို့ သက်သက်သာ ဒီမှာရှိနေတာဆိုရင် ဘယ်သူပဲဖြစ်ဖြစ် အရေးမကြီးဘူး။သူတို့မှာ ယုတ်မာတဲ့ ရည်ရွယ်ချက်တွေ ရှိနေမှာကိုပဲ ငါစိုးရိမ်မိတယ်။"

"စိတ်မပူပါနဲ့။ငါဘာလုပ်ရမယ်ဆိုတာ ငါသိတယ်။" ဟန်ဝေက သူ့ပုခုံးပေါ် လက်တင်လိုက်သည်။

"သွားကြရအောင်။ဒါက ဦးလေးချန်ရဲ့ နယ်မြေ။ငါတို့ သူ့ကို လေးစားမှု ပေးရမယ်။"

နာရီဝက်အကြာတွင် ဆုနိုနှင့် ထန်​ရှောင်းယွီသည် ကာစီနိုသို့ရောက်ရှိလာသည်။

"စိတ်မပူပါနဲ့။" ဟန်ဝေက စကားသိပ်မပြောတော့​ပေ။ "သုံးယောက်မှာ နှစ်ယောက်နိုင်ရင် ရပြီ။မကြာသေးခင်ကမှ အလုပ်များနေလို့ မနေ့ကမှ ရောက်လာတဲ့ Duke လို့ ခေါ်တဲ့ နောက်ထပ်လူတစ်ယောက် ရှိပါသေးတယ်။"

"မင်္ဂလာပါ။" တစ်ဖက်က အရပ်ရှည်ပြီး ကြွက်သားအပြည့်နဲ့ ဖြူဖွေးတဲ့ အမျိုးသားတစ်ဦးပင်။

အတိုချုံးမိတ်ဆက်ပေးပြီးနောက် အဖွဲ့တစ်ခုလုံးသည် ကာစီနိုဆိုက်ထဲသို့ တိုက်ရိုက်ဝင်သွားကြသည်။

ကာစီနိုပိုင်ရှင်သည် အသိုင်းအဝိုင်းအတွင်းရှိ ဂုဏ်သိက္ခာမြင့်မားသည့် အကြီးအကဲတစ်ဦးဖြစ်သည်။သူရဲ့ ကိုယ်ကျင့်တရားကို ဂရုမစိုက်ဘူးလို့ပဲ ပြောပြော အနည်းဆုံးတော့ အပေါ်ယံမှာတော့ ဟန်​ဝေနဲ့ ချူဟန်က သူ့ကို လေးစားသမှု​တော့ ပြသရလိမ့်မည်။ဒါမှ လောင်းကစားပွဲ၏တရားမျှတမှုကိုအာမခံပေးနိုင်လိမ့်မည်။

"ဒီမှာ မင်းကဘာလုပ်နေတာလဲ?" ချူဟန်သည် လော့လီကို အေးစက်စွာ ရှုတ်ချခဲ့သည်။သူ့လေသံက မနှစ်မြို့နေ။

"ပွဲကို ရှူ့စားဖို့​လေ။ငါအဲဒီလိုလုပ်လို့မရဘူးလို့ မပြောနဲ့။" လော့လီ၏ နှုတ်ခမ်းများက ကွေးညွတ်သွားသည်။ "ဦး​လေးချန် နဲ့ အား​ဝေက​တောင် ဘာမှမပြောရသေးဘူး,မင်းက အရမ်းစိတ်ဝင်စား​နေတာပဲ။"

သူ့ဦးလေး၏နာမည်ဂုဏ်သတင်းနဲ့ယှဥ်ပြီး ကောင်းကောင်းကြီးချေပနိုင်ခြင်း မရှိသည့်အတွက် ချူဟန်သည် ဒေါသတကြီးဖြင့်သာ သူ့ထိုင်ခုံဆီသို့ ပြန်သွားနိုင်သည်။

ကစားပွဲက ပိုမိုရှုပ်ထွေးလေ၊လိမ်လည်လှည့်စားဖို့က ပိုမိုလွယ်ကူလေဖြစ်သောကြောင့် ယခုတစ်ကြိမ်တွင် သူတို့သည် အရိုးရှင်းဆုံးသော Blackjack ကိုသာ ၎င်းတို့၏ရွေးချယ်မှုဂိမ်းအဖြစ် ရွေးချယ်လိုက်ပြီဖြစ်သည်။နှစ်ဖက်စလုံးမှ ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်မည်ဖြစ်ပြီး တစ်ဦးလျှင် chips ပြားတန်ဖိုး ဒေါ်လာတစ်သောင်းစီရမည်ဖြစ်သည်။အရင်ရှုံးတဲ့သူက ထွက်သွားရလိမ့်မယ်။

၎င်းသည် ရိုးရှင်းပြီး အချိန်ကုန်သက်သာသည့် ဂိမ်းတစ်ခုဖြစ်သော်လည်း ဒေါ်လာသန်းပေါင်းများစွာတန်သည့် စီးပွားရေးစာချုပ်တစ်ခု၏ ရလဒ်ကို ဆုံးဖြတ်ပေးမည့်ဂိမ်းဖြစ်သည်။ဒါကို ဘယ်သူကမှ ပေါ့ပေါ့ဆဆ ခံယူမှာ မဟုတ်ပါဘူး။

ပထမပွဲစဉ်က DUKE ဖြစ်ပြီး ဒုတိယကတော့ ထန်​ရှောင်းယွီနဲ့ တတိယကတော့ ဆုနို ဖြစ်သည်။

တစ်နေ့တာ၏ပွဲစဥ်တွင် ဟန်ဝေ၏အစီအစဉ်သည် တစ်ကိုယ်ကောင်းဆန်ဆန်အ​နေအထား အနည်းငယ်ရှိနေသည်။ပထမလူနှစ်ယောက်အနိုင်ရပါက ဆုနိုသည် လောင်းကစား,စားပွဲသို့သွားစရာမလိုပါ။လောင်းကစားသည် မူးယစ်ဆေးဝါးနှင့်တူ၏။၎င်းနှင့် ထိတွေ့မှုနည်းလေလေ ပိုကောင်းလေပင်။

ဟောကွမ်းသည် ဦးလေးချန်၏ဆွေမျိုးတစ်ဦးပင်။သူမ၏ကြီးမားဝိုင်းစက်သည့်မျက်လုံးတွေ၊ဆံပင်ကို ခပ်မြင့်မြင့်မြှောက်စည်းထားပြီး တောက်ပတဲ့အပြုံးဖြင့် သူမသည် ကောလိပ်ကျောင်းသူလေးတစ်ယောက်လိုပင်။

"အခြားတစ်ခုခုလုပ်လို့ရရဲ့သားနဲ့ ဘာလို့ဒီမှာ လာလုပ်ရတာလဲ?" ဆုနိုက ဝမ်းနည်းဖွယ်လေသံဖြင့် ပြောလိုက်၏။ "သူမ ကျောင်းသွားတက်ရမှာ။"

ထန်​ရှောင်းယွီက ဘာမှပြန်မ​ပြော​ပေ။

"အာ!ငါ အဲဒီအဓိပ္ပါယ်မျိုး ပြောလိုက်တာမဟုတ်ပါဘူး" ဆုနိုသည် သူ​ပြောပြီးမှ သတိရမိသွားသည်။ထန်​ရှောင်းယွီသည်လည်း လောင်းကစားလုပ်ရန်အတွက် ကျောင်းမှထွက်ခဲ့သဖြင့် ဆုနိုသည် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။

"ရပါတယ်။" ထန်​ရှောင်းယွီက တိတ်တဆိတ်ပဲ ပြောလိုက်သည်။ "ဒါက ပိုကောင်းအောင်မလုပ်နိုင်တဲ့ ကျွန်တော့်အပြစ်ပါပဲ။ကျွန်တော့်လုပ်ရပ်ရဲ့အကျိုးဆက်ကို ကျွန်တော်ပေးဆပ်ရမယ်လေ။"

"ဒါပေမယ့် မင်းအခု ကောင်းနေပြီလေ။" ဆုနိုသည် သူ့လက်ကို ဆုပ်ကိုင်ထားပြီး "ဒီအသိုင်းအဝိုင်းထဲက​နေ အနားယူပြီးတာတောင် အစ်ကိုကြီးကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်"

Mask တပ်ထား​တောင်မှ ထန်​ရှောင်းယွီသည် သူ့ဘက်လှည့်ပြီး ပြုံးပြနေတုန်းပါပဲ။

သူ့မျက်လုံးများသည် လကွေးခြမ်းသို့ ကွေးညွတ်လို့သွားသည်။

လော့လီသည် ဦးလေးချန်၏ ထိုင်ခုံနောက်တွင်ရပ်နေလျက် သူ့ပခုံးများကို နှိပ်နယ်ပေးရင်း စိတ်ရှုပ်သွားကာသက်ပြင်းချလိုက်မိသည်;သူတို့တွေ ဒီလိုအချိန်မှာတောင် တွတ်ထိုးနေကြတုန်းပဲလား!

ပထမပွဲစဥ်စတင်နေပြီဖြစ်ပြီး ကစားသမားနှစ်ဦး၏ရှေ့တွင် အပြာရောင် chipsပြား များ အမြောက်အမြားရောက်ရှိ​နေပြီဖြစ်သည်။

"DUKE ရဲ့နောက်ခံကဘာလဲ?" ထန်​ရှောင်းယွီသည် ကစားပွဲကိုကြည့်ရင်း ဆုနိုကို တိတ်တဆိတ် မေးလိုက်သည်။ဟန်ဝေ၏ အစီအစဉ်အရ ထန်​ရှောင်းယွီသည် ယနေ့ကစားပွဲကို အနိုင်ယူ​ပေးရုံသာမက တစ်ဖက်အဖွဲ့က မလှည့်စားနိုင်ဖို့အတွက်ပါ စောင့်ကြည့်ရမည်ဖြစ်သည်။

"သူကို လာ့စ်ဗီးဂတ်စ်က​နေ အထူးဖိတ်ကြားထားပြီး သူ့ရဲ့နေရာမှာ​တော့ ကျွမ်းကျင်တယ်လို့ သတင်းရထားတယ်။သူက အရမ်းဒုက္ခရောက်နေခဲ့ပြီး ထိပ်တန်းစာရင်းမှာတောင် ပါခဲ့သေးတယ်။ ဒါ​ကြောင့်မို့ အစ်ကိုကြီးက သူ့အခက်အခဲတွေကို ဖြေရှင်းပေးမယ်လို့ ကတိပေးလိုက်ပြီး အ​ပေးအယူကတော့ သူ ဒီလောင်းကစားပွဲကို အနိုင်ရအောင် လုပ်​ပေးဖို့ပဲ"

ထန်​ရှောင်းယွီသည် ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးတွေက​တော့ ကစားပွဲဆီကိုသာ အာရုံစိုက်နေဆဲပင်။

လှည့်စားခြင်းသာမပါဝင်ပါက Blackjack သည် သင်္ချာပညာရှင်များအတွက် ကောင်းကင်ဘုံပင်ဖြစ်သည်။ရှိရင်းစွဲ တွက်ချက်မှုပုံစံများနှင့် ပြသထားတဲ့ ကတ်တွေကို အခြေခံပြီး​တော့ အတွေ့အကြုံရှိ ကစားသမားတွေက ဟောကွမ်း၏ကတ်​တွေထဲမှာ အမြင့်ဆုံးကတ်တွေ မည်မျှကျန်ရှိနေသေးမည်ကို တွက်ချက်ပြီး လက်ရှိအခြေအ​နေက အခွင့်ကောင်းလား သို့မဟုတ် မိမိကိုယ်ကို ထိခိုက်စေခြင်းရှိမရှိ ဆုံးဖြတ်ရမည်ဖြစ်သည်။

ဟောကွမ်းသည် ကတ်​တွေကို ရေ​လောင်းချသလို နည်းစနစ်ဖြင့် ရှပ်တိုက်ပြီး Duke နှင့် သူ၏ပြိုင်ဘက်ဖြစ်သည့် ထိပ်ပြောင်လူ အား ထုတ်ဖော်ပြသထားသည့် ကတ်တစ်ခုစီနှင့် ဖုံးကွယ်ထားသည့် ကတ်တစ်ခုစီကို ပေးခဲ့သည်။

"ရှပ်တိုက်လိုက်တုန်းက တစ်ခုခုများ ရှိလိုက်​သေးသလား?" ဆုနိုက ဟန်ဝေကို မေးလိုက်သည်။

ဟန်ဝေ ခေါင်းခါလိုက်ကာ။ "ဒါဟာ ပုံမှန် ရှပ်တိုက်မှု နည်းလမ်းတစ်ခုပါပဲ"

ဆုနိုသည်အနည်းငယ် စိတ်သက်သာရာရသွားသည်။ရိုးရိုးသားသားပြောရရင် ရှုံးရမှာကို တကယ်ကြောက်နေတာပဲ ဖြစ်သည်။ကစားလို့ သက်သက်သာမက လှည့်စားခြင်းကြောင့်လည်း ရှုံးနိုင်သည်လေ။

"စိတ်မပူပါနဲ့။" ဟန်ဝေသည် သူ့လည်ကုတ်ကို ညစ်လိုက်သည်။ "မင်းက အစ်ကိုကြီးရဲ့ဖိုးကံကောင်းလေး mascot ပဲလေ။အစ်ကိုကြီးတို့အနိုင်ရမှာသေချာတယ်။"

ဘာကို ကံကောင်းတဲ့ mascot လဲ !ဆု​ရှောင်းနိုသည် စိတ်ဆိုးစွာဖြင့် ငြီးတွားလိုက်သည်။

[Mascot ဆိုတာ အောက်က​နေတစ်ကိုယ်လုံးစွပ်ပြီး အရုပ်ဝတ်စုံကြီးဝတ်ထားတဲ့ သူ​တွေကို ပြောတာပါ]

ကြားလိုက်ရုံနဲ့ နူးညံ့ပြီးပွေ့ဖက်နေတတ်တဲ့ သားမွေးလုံးလေးကို သတိရလိုက်မိသည်။ဒါက လုံးဝ ယောက်ျားဆန်စေတာ မဟုတ်ပါဘူး။

ကံကောင်းတဲ့ mascot လို့ တံဆိပ်မကပ်ချင်ပေမယ့် ရူးလောက်တဲ့အချက်ကတော့ တကယ်ကို သက်ရောက်မှုရှိနေတာပါပဲ။

ဘာလို့လဲဆိုတော့ DUKE က အသည်းအသန်ဆော့ကစားလိုက်ရတာမျိုးမရှိဘဲ မထင်မှတ်စွာ အနိုင်ရခဲ့သည်။

လောင်းကစားစားပွဲမှ ထွက်ခွာသွားသောအခါတွင် သူ၏ပြိုင်ဘက်သည် အတည်​ပေါက်ကြီး ကျိန်ဆဲခဲ့သည်မှာ သိသာထင်ရှား၏။

ချူဟန်၏မျက်နှာမှာ အနည်းငယ် မှောင်မိုက်လို့သွားသည်။

နောက်တစ်ဆင့်ကို ဆယ်မိနစ်အတွင်း စတင်မည် ဖြစ်ကာ နှစ်ဖက်စလုံးက "စိတ်​လျှော့ရန်" ဟူသည့် စိတ်အ​ခြေအ​နေကို နှလုံးသွင်းကာ အသီးသီး မိမိတို့၏နားနေခန်းသို့ သွားကြသည်။

Duke သည် သူ၏တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့တာ​ကြောင့် ကြည်နူးစရာကောင်းသည့် ခံစားချက်ဖြင့် နံရံကို မှီ၍ ဆေးပြင်းလိပ်ကို မီးညှိလိုက်သည်။

"အဲဒါ ဘယ်လိုနေလဲ?" ဟန်ဝေက ထန်​ရှောင်းယွီကို မေးလိုက်ခြင်းသာ။

"ဒီပွဲက ဘာမှမမှားပါဘူး၊ ဒါပေမယ့် တစ်ခုခုတော့ လွဲနေပြီလို့ ကျွန်တော် ခံစားရတယ်။" ထန်​ရှောင်းယွီသည် မျက်ခုံးကျုံ့လိုက်ပြီး "ဘာကိုလည်း ဆိုတာကို​တော့ မ​ပြောတတ်ဘူး"

"ထူးဆန်းတာလား?" ဆုနိုသည် အနည်းငယ် အံသြသွားသည်။ "ဘာမှမှားတာ မတွေ့ပါဘူး။"

"မင်းက ကာစီနိုတွေမှာ ပုံမှန်ပွဲထွက်လေ့မရှိတာကြောင့် ဘာကိုမှ မသိတာ​လေ,ပြီးတော့ blackjack ကစားတဲ့အခါတိုင်း အမြဲအနိုင်ရပြီး ဘယ်တော့မှ မရှုံးတာကြောင့်လည်းပါတယ်။" ဟန်ဝေသည် သူ့ဆံပင်ကို ပြန်ပြင်ပေးလိုက်သည်။ "တကယ့် လောင်းကစားပွဲဆိုတာက ဒီလို မဖြစ်သင့်ဘူး"

"ဒါဆို ဘယ်လိုဖြစ်ရတာလဲ?" ဆုနိုသည် သူ နားထောင်လေလေ သူပို၍ အံ့သြမိလေလေပင်"

"ဒီနည်းကိုပဲကြည့်၊ DUKE က အခုတင်ပဲ ချောချောမွေ့မွေ့နဲ့ အနိုင်ရခဲ့တာ။ပြိုင်ဘက်က အပေါ်ယံမှာတော့ သတိထားနေပေမယ့် သေးငယ်တဲ့အမှားတွေကို ဆက်တိုက်လုပ်ခဲ့တယ်။ချူဟန် အထူးတလည်ဖိတ်ထားမယ့်သူရဲ့ အဆင့်နဲ့ မတူဘူး။"

ဆုနိုက နားမလည်သေးပေ။

"ဒီကိစ္စတွေအတွက် စိတ်ပူနေစရာ မလိုပါဘူး။မင်းလုပ်စရာရှိတာကိုလုပ်ပြီး ကျန်တာတွေကို အစ်ကိုကြီးဆီကိုသာ ထားလိုက်။"

"ကောင်းပြီလေ...." ဆုနိုသည် သူ့ကိုယ်သူ စိတ်သက်သာရာရရန်အတွက် အသက်ခပ်ပြင်းပြင်းရှူလိုက်သည်။

"အကောင်းဆုံးကို လုပ်။" ဟန်​ဝေသည် ထန်​ရှောင်းယွီ၏ပုခုံးကို ပုတ်ကာ ပြင်းပြင်းထန်ထန် ဖိညစ်လိုက်သည်။

ထန်​ရှောင်းယွီသည် သူနှင့် အကြည့်ချင်းဖလှယ်ကာ ထူးထူးခြားခြား ဘာမှမပြောပေ။

ဆယ်မိနစ်အချိန်သည် ခပ်မြန်မြန်ပင်ကုန်သွားတော့သည်။ကာစီနိုအတွင်းပိုင်းမှာ​တော့ ချူဟန်သည် ဆိုးရွားတဲ့စိတ်အ​ခြေအ​နေတွင်​ရှိ​နေလျက် ဖြစ်ကာ ပထမအချီတွင် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။သူ့အကြည့်တွေက အရင်ကထက် ပိုလို့တောင် ရန်စ​နေဟန်ရှိသည်။

"သူဘာတွေ ဖြစ်နေတာလဲ?" ဆုနိုသည် တိုးတိုးလေးပြောလိုက်သည်။ "သူ့ရဲ့သရုပ်​ဆောင်ချက်ကြီးက အပေါ်ယံ ဗလာသက်သက်ကြီးပဲ"
သူ့ကို ကျုံးလီဖုန်းပိုင်ဆီမှာ သုံးလကြာ လေ့ကျင့်ပေးသင့်တယ်။

ထန်​ရှောင်းယွီသည် chips ပြားများကို ယူကာ ကစားပွဲဆီသို့ သွားခဲ့သည်။

"DUKE ရော ဘယ်မှာလဲ?" ဆုနိုသည် ပတ်ဝန်းကျင်ကို စပ်စပ်စုစု ကြည့်နေသည်။

"သူ့ပိုက်ဆံတွေကို ယူသွားပြီး ပြန်ပြီ။" ဟန်ဝေက ပြန်ဖြေလိုက်သည်။

ဆုနိုတစ်​ယောက် အံ့သြလျက်။ "Damn!သူက တကယ့်သမားပဲ!"

"သူ့ရဲ့ပန်းတိုင်က ပထမနေရာရဲ့ ပိုက်ဆံလေ။သူ့တာဝန်ပြီးမြောက်ပြီးရင် သူထွက်သွားမှာပဲ" ဟန်ဝေက ပြုံးလိုက်သည်။ "လူတိုင်းကို ပိုက်ဆံကိုသိပ်အလေးမထားတဲ့ မင်းနဲ့ တူတယ်လို့ ထင်​နေတာလား!"

"..........."

ပိုက်ဆံကို ဂရုမစိုက်ဘူးလို့ ဘယ်သူပြောလဲ?ကျွန်တော်က ငွေကို ကြိုက်တဲ့သူဆိုတာ အသိသာကြီးကို။ကျွန်တော် အထက်တန်းကျောင်းပြီးကတည်းက လျှို့ဝှက်ပြီး ငွေတွေစုနေခဲ့တာ​။အစ်ကိုကြီးက ဒီကိစ္စကိုမှ သေချာမသိတာ​လေ။

ဆုနိုသည် စိတ်ထဲက​နေ သူ့ကိုယ်သူ ချီးမွမ်းလိုက်မိသည်။သူ့အစ်ကိုကြီးရဲ့ စူပါကြီးကြပ်မှုကနေ လွတ်မြောက်ပြီး သူ့ဘာသာသူ ငွေစုနိုင်ခဲ့တယ်လေ။God!သူက တကယ့်ကောင်ပဲ!

"မင်းရဲ့ စိတ်​တွေ ယောက်ယက်ခတ်​နေ​အောင် လျှောက်မတွေးနဲ့​လေ" ဟန်ဝေက သူ့​ခေါင်း​လေးကို ပုတ်​ပေးလိုက်သည်။

ဆုနိုသည် တည့်တည့်မတ်မတ်သာထိုင်လိုက်ပြီး ကံကောင်းစေတဲ့ လပ်ကီး mascot အဖြစ် ဆက်လက်သရုပ်ဆောင်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

"ရှောင်းယွီကို ကြည့်ရတာ အရမ်းကိုစိတ်ပူနေပုံမရဘူးလား?" ကစားပွဲအကြိမ်​ရေအနည်းငယ်ကိုကြည့်ပြီးနောက် ဆုနိုသည် သူ့အစ်ကိုကြီးကို အံ့ဩစွာ မေးလိုက်သည်။ "သူ ဒီလိုပုံစံမျိုးနဲ့ ဒီလောက်စိတ်လွတ်နေရတာလဲ?"

ဟန်ဝေသည် မျက်ခုံးတွန့်ကာ စကားတစ်ခွန်းမှ မပြောပေ။

Duke နှင့် နှိုင်းယှဉ်လျှင် ဤပွဲသည် သာမန်ထက်ပိုသည်။ ကတ်တွေနှင့်နှစ်ဖက်စလုံး၏စွမ်းဆောင်ရည်ကို မခွဲခြားရင် ၎င်းသည် ပုံမှန်ကစားပွဲတစ်ခုသာဖြစ်သည်။

"သခင်လေး..နောက်ထပ်ကတ်ကိုလိုချင်ပါသလား?" ဟောကွမ်းသည်ချိုသာစွာ အပြုံးလေး​ဖြင့် ပြောလိုက်သည်။

ထန်​ရှောင်းယွီသည် တုံ့ဆိုင်းသွားသည်။သူ့ရဲ့လက်ညိုးသည် လှုပ်ရှားမှု သို့မဟုတ် ကြိုတင်​ပြောကြားခြင်းမရှိ စားပွဲခုံပေါ်တွင် ဆက်လက်ရှိနေပါသည်။

ဟောကွမ်းကလည်း တည်ငြိမ်နေဆဲဖြစ်ပြီး နောက်ထပ်ကတ်ကို မ​တောင်းခင်,စားပွဲပေါ်ကို လက်သံတိုးတိုးလေး လာခေါက်တဲ့အထိ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေ၏။

ထန်​ရှောင်းယွီသည် ကတ်ပြားကို ဖြည်းညှင်းစွာ ဖော်လိုက်ပြီး နံပါတ် ၂ [2 of spades]ကို မြင်လိုက်ရသည်။သူ့မျက်နှာမှာ အမူအရာတွေ အများကြီးမရှိလိုက်ပေမယ့် စိတ်အတွင်းထဲမှာတော့ အကြာကြီး ထိန်းထားရတဲ့ အသက်ကိုရှုထုတ်လိုက်၏။

မိမိတွက်ချက်မှုအရ ပြိုင်ဘက်သည် အားသာချက်ရှိ​နေလိမ့်မယ်လို့​ပေါ့။ဒါပေမယ့် တက်တူးထိုးထားတဲ့ အမျိုးသားက ဒီကစားပွဲကို အံ့အားသင့်စရာ အ​ရှုံး​မျိုး ပေးလိုက်​လေသည်။

အလျှော့အတင်း chip တစ်ခုကို သူအနိုင်ရခဲ့သော်လည်း ထန်​ရှောင်းယွီသည် စိတ်မလျှော့ထားနိုင်ပေ။တစ်ခုခုမှားနေပြီဟု သူအရင်ကထက်ပို၍ ထင်လာမိသည်၊အများအားဖြင့် သာမန်လူများသည် တစ်စုံတစ်ဦးကို လှည့်စားခြင်းရှိမရှိဆိုတာ မမြင်နိုင်ပေ။လောင်းကစားသမားတစ်ဦးပင်လျှင် ကစားပွဲတစ်ခုတွင် လှည့်စားမှုရှိမရှိ ရှင်းမပြနိုင်ပေ။သို့သော် ကာစီနိုတွင် ပုံမှန်ဆော့ကစားသူတစ်ဦးအတွက် ဗီဇအပေါ်အခြေခံ၍ တစ်စုံတစ်ခုမှားယွင်းမှုရှိမရှိ ဆုံးဖြတ်နိုင်သည်။

ဆုနိုသည် တစ်စုံတစ်ခု ဖြစ်သွားသည်ဟု ခံစားလိုက်ရပြီး လျှပ်စီးကြောင်း၏အရှိန်ဖြင့် စိတ်ပိုင်းဆိုင်ရာ တွက်ချက်မှုကို ပြုလုပ်ခဲ့သည်။သူဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ထန်​ရှောင်းယွီသည် 21 မှတ်ကျော်တက်သွားဖို့ နီးပါးဖြစ်​နေပြီး ရှုံးထွက်ဖို့ အခွင့်အရေးအလွန်မြင့်မားနေ၏။ဒါတောင် သူ့ပြိုင်ဘက်က သူ့ကို မရိုက်ချနိုင်သေးဘူး။

ဟန်ဝေသည် စိတ်​ငြိမ်​ငြိမ်ထားသင့်သည်ကို ပြရန် သူ့ပခုံးကို ပုတ်လိုက်သည်။

ဆုနို၏ကြိုတင်တွေး​ခေါ်မှု​တွေကို အတည်ပြုပေးလိုက်သကဲ့သို့ နောက်အချီအနည်းငယ်တွင် ကံကောင်းစေတဲ့ အမျိုးသမီးငယ်သည် ပြိုင်ဘက်အပေါ်တွင် ထွန်းလင်းစပြုလာပုံရပြီး မျက်စိတစ်မှိတ်အတွင်းတွင် သူ(ပြိုင်ဘက်)သည် chips များအားလုံးကို အနိုင်ယူသွားခဲ့သည်။

ဒီပွဲမှာ ငါတို့ရှုံးသွားပြီလား?ဆုနိုက အံ့အားသင့်စွာ ကြည့်လိုက်သည်။

ချူဟန်၏ စိတ်အ​ခြေအ​နေသည် နောက်ဆုံးမှာ​တော့ အနည်းငယ် တိုးတက်လာပြီ။ကြီးကြီးမားမားအပြုံးကြီးဖြင့် သူသည် တက်တူးထိုးထားသည့် အမျိုးသား၏ပခုံးကို ပုတ်လိုက်သည်။

"အစ်ကိုကြီးဟန် တောင်းပန်ပါတယ်" ထန်​ရှောင်းယွီသည် စိတ်ဓါတ်ကျကာ စိတ်ပျက်လက်ပျက် အသံဖြင့် ပြောလိုက်၏။

တကယ်တော့ အဲဒါက သိပ်မဆိုးပါဘူး။ငါတို့မှာ တစ်ပွဲနိုင်ထားပြီပြီပဲ,ပြီး​တော့ အခု ငါ ရှိနေ​​သေးတယ်လေ။ဆုနိုသည် သူ့ကိုယ်သူ အလွန်အမင်း အထင်ကြီးနေသောကြောင့် လုံးဝစိတ်မပူပေ။

တစ်ဖက်ထောင့်မှ ချူဟန်က ရယ်မောလိုက်သည်။သူသည် သူတို့ကို လှည့်စားနေသည်မှာ ထင်ရှားသည်။

သူ့ရယ်​​နေရင်း ချောင်းဆိုးသွားမှာကို သူစိတ်​မပူ​တော့ဘူးလား?
ဆုနိုသည် နောက်ဆုံးတွင် တစ်စုံတစ်ယောက်ကို ကျိန်ဆဲရန် အခွင့်အရေးရခဲ့ပြီ။ထန်​ရှောင်းယွီကို နှစ်သိမ့်ပြီး ဧည့်ခန်းမှာ သောက်ဖို့ လိုအပ်လားဟုမေးတော့ ဟန်​ဝေသည် ရုတ်တရက် ခြေထောက်ကို မြှောက်လိုက်ပြီး ထန်​ရှောင်းယွီကို ပြင်းပြင်းထန်ထန် ကန်ကျောက်လိုက်ပါသည်။

"အသုံးမကျတဲ့ အမှိုက်!"

ထန်​ရှောင်းယွီသည် အငိုက်မိသွားကာ ကြမ်းပြင်ပေါ်လဲကျသွားသည်။စားပွဲခုံ​စောင်းကိုတိုက်မိသွားပြီး လဲကျလုနီးပါး ဖြစ်သွားသည်။

"အစ်ကိုကြီး ဘာလုပ်လိုက်တာလဲ?" ဆုနိုသည် ထိတ်လန့်သွားပြီး ရှောင်းယွီကို ကူညီဖို့ရာ အမြန်သွားခဲ့သည်။

"တောင်းပန်ပါတယ်။" ထန်​ရှောင်းယွီသည် မတ်တပ်တောင် ဖြောင့်ဖြောင့်မရပ်နိုင်ပေ၊မတ်တပ်ရပ်ဖို့ကြိုးစားနေရင်း သူ့လက်ကို သူ့ဗိုက်ပေါ် ဖိကိုင်ထားသည်။

အရမ်းနာသွားခဲ့ရတာဖြစ်မယ်!

"အဆင်ပြေရဲ့လား?" ဆုနိုက စိုးရိမ်တကြီးမေးသည်။သူ့အစ်ကိုကြီးက ဘာလို့ ဒီလိုလုပ်တာလဲ?

"ရပါတယ်။" ထန်​ရှောင်းယွီသည် ဆိုဖာရဲ့အကူအညီဖြင့်သာ တည့်တည့်ရပ်နိုင်​လေသည်။ "အကိုဆုနို​ သွားပြီးတော့ ပြင်ဆင်တော့​လေ။ကျွန်တော် တကယ်အဆင်ပြေပါတယ်။"

ထိုမြင်ကွင်းကို ကြည့်ပြီးနောက် ပြိုင်ဘက်၏ရယ်သံသည် ပို၍ ထင်ရှားလာသည်။

"သွားတော့..." ဟန်ဝေက ဆုနိုကို လက်ဖြင့်ပုတ်လိုက်သည်။

"ဟွန့်...." ဆုနိုသည် ဒေါသတကြီးဖြင့် သူ့အစ်ကိုကြီး၏လက်ကို လွှဲချလိုက်သည်။

အကြမ်းဖက်မှုကို အသုံးချတတ်သူတွေဟာ စက်ဆုပ်စရာပဲ!

"ကျွန်တော်တကယ်အဆင်ပြေပါတယ်။" ထန်​ရှောင်းယွီသည် သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး "သွားပြီးတော့ ဒီပွဲကို အနိုင်ယူလိုက်ပါ။ဒါဆို အစ်ကိုကြီးဟန်က ကျွန်တော့်ကို ခွင့်လွှတ်ပေးလိမ့်မယ်"

".....နေလို့မကောင်းတော့ရင် ဆေးရုံသွားရမယ်နော်။" ဆုနိုသည် ကစားပွဲဆီ မတက်ခင် သူ့ကို ကုလားထိုင်ပေါ် ထိုင်နိုင်ရန် ကူညီပေးလိုက်သည်။

တတိယပွဲသည် အရေးကြီးဆုံးဖြစ်ကာ အဆုံးအဖြတ်​ပေးမည့် ကစားပွဲဖြစ်သဖြင့် လူတိုင်းသည် အသက်ရှူသံကိုထိန်းသွားကြရပြန်သည်။

ဒီပွဲကို ငါအနိုင်ရရမယ်။ဆုနိုသည် မသိမသာဖြင့် လက်သီးဆုပ်လိုက်သည်။

ငါက သံမဏိလူသားပဲ!ငါမရှုံးစေရဘူး!

တစ်သောင်းဆိုတဲ့ chips ပြားတွေက အများကြီးမဟုတ်ပါဘူး။အများကြီးမဟုတ်တဲ့အတွက် အချိန်က တို​တောင်းမှာပဲ။

အကြိမ်အနည်းငယ်ဆော့ပြီးနောက် ဆုနိုသည် သူ့အစ်ကိုကြီးနှင့် ထန်​ရှောင်းယွီတို့​ပြောတဲ့ "တစ်ခုခုတော့လွဲနေပြီ" ကို အကြမ်းဖျင်းနားလည်ခဲ့သည်။

ပြိုင်ဘက်သည် သူ့ရဲ့ဝှက်ထားသည့်ကတ်က မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ သိနေပုံရသည်။

ဉာဏ်ကြီးရှင်တစ်ယောက်တောင် လှည့်စားတဲ့သူကို မကာကွယ်နိုင်ပါဘူး။သို့သော် အားနည်းချက်ကို မတွေ့နိုင်ပေ။ဆုနိုသည် မျက်ခုံးပင့်လိုက်သည်။ဟန်​ဝေနှင့်ထန်​ရှောင်းယွီ တို့ကို တစ်ချက်ကြည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် ထန်​ရှောင်းယွီ၏အာရုံကြောများက စုစည်းနေပြီဖြစ်သည်။

လောင်းကစား စားပွဲပေါ်တွင် လိမ်လည်လှည့်ဖြားမှုတစ်ခု ရှိနေသည်မှာ သေချာသော်လည်း သူမည်မျှပင် ခက်ခက်ခဲခဲ ကြိုးစားနေစေကာမူ ပြဿနာသည် မည်သည့်နေရာတွင် ဖြစ်ပေါ်လာသည်ကို မမြင်နိုင်ပေ။ကတ်တွေကိုပေးတဲ့နေရာမှာလည်း မဖြစ်နိုင်ဘူး၊ကစားပွဲ၏ကတ္တီပါအခင်းစ​ပေါ်မှာလည်း ဘာမှမမှားပေ၊ကတ်ကိုင်ဆောင်ထားသူကိုလည်း မြင်နေရပြီး ကတ်ပြားသည် အနက်ရောင်မျက်နှာပြင်ပေါ်တွင် ရှိနေသောကြောင့် ရောင်ပြန်ဟပ်ဖို့ကလည်း မဖြစ်နိုင်ဘူး,ကျန်တဲ့အစိတ်အပိုင်းအားလုံးကို ဖယ်လိုက်တော့ ဖြစ်နိုင်ခြေတစ်ခုသာ ကျန်ရှိတော့သည်၊၎င်းမှာ ဟောကွမ်းတွင် တစ်ခုခု မှားယွင်းနေတာများလား?

ထန်​ရှောင်းယွီသည် သူ့ကိုယ်ပိုင်ယူဆချက်ကြောင့် ထိတ်လန့်သွားသည်။ဟောကွမ်းသည် ဦးလေးချန်၏ဆွေမျိုးဖြစ်သည်။စည်းကမ်းပိုင်းအရပြောရလျှင် သူမသည် မည်သည့်ဘက်ခြမ်းတွင် မရပ်တည်သင့်ပေ၊သူမသည် ရပ်တည်​ပေးတယ်ဆိုလျှင်တောင် ကတ်များကို ဝေ​ပေးသည့်အခါတွင် တစ်ချက်မကြည့်ခဲ့ပေ။နှစ်ဖက်စလုံးရဲ့ လျှို့ဝှက်ကတ်တွေက ဘာတွေလဲဆိုတာ သူမ ဘယ်လိုသိနိုင်ပါ့မလဲ?

ဟန်ဝေသည် သူ့ဘေးတွင်ထိုင်ကာ ဆိုဖာပေါ်ကို မသိစိတ်ကနေ လက်ချောင်းများဖြင့် ထောက်​နေလိုက်သည်။

မကြာခင်မှာပဲ ဆုနိုက ရှုံးသွားပြန်သည်။ထန်​ရှောင်းယွီက သူ့ကိုယ်ပိုင်ယူဆချက်ကို ထပ်လောင်း အတည်ပြုလိုက်ပါတော့သည်။

ဆုနို၏အဆင့်ဖြင့် ဤလောက်အကြိမ်များစွာကို သူရှုံးဖို့ နည်းလမ်းမရှိပါ။တစ်ခုတည်းသော ရှင်းလင်းချက်မှာ လှည့်စားမှုများ ပါဝင်နေခြင်းပင်။ဒါပေမယ့် ဒီအချက်တွေကို ထုတ်ပြောလို့ မဖြစ်နိုင်ပါဘူး။သူ၏ယူဆချက်တွေကို အထောက်အထားမရှိဘဲ ပြောလိုက်ရင် အရာအားလုံးသည် အချည်းနှီးပင် ဖြစ်လာလိမ့်မည်။

ထန်​ရှောင်းယွီသည် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင်ပြောပြီး သူ့အတွေးတွေကို အမြန်ပြန်စီလိုက်သည်။

အခြေအနေများစွာတွင် သွေးရူး​သွေးတန်းသမားတစ်​ယောက် နှင့် အေးဆေးတည်ငြိမ်သည့် သူတစ်​ယောက် တစ်ခုခုလုပ်ရာတွင် မတူညီသည့်ရလဒ်တွေ ရလိမ့်မည်။

စတင်ရာတွင် မိနစ်အနည်းငယ်ကြာပြီး​နောက် နောက်ဆုံးတော့ ထန်​ရှောင်းယွီသည် ဟောကွမ်းက ကတ်တစ်ခုဝေပေးပြီးတိုင်း သူမသည် အကျင့်အတိုင်း လက်ညှိုးကိုယက်ပြီး ကတ်ပြားကို ကြမ်းပြင်ပေါ်မှ ယူသွားသည်ကို တွေ့ရှိခဲ့သည်။

ပုံမှန်အားဖြင့်တော့ ဒီလုပ်ဆောင်ချက်က ဘာမှမမှားပါဘူး။ကတ်တွေက အလွန်ဟောင်းနေပြီဖြစ်တာကြောင့် ကတ်တွေကို ကိုင်တွယ်တဲ့အခါမှာ ကတ်တွေကို ထုတ်ယူရလွယ်ကူစေဖို့အတွက် တံတွေးနှင့် စွတ်ခြင်းသည် ပုံမှန်သာဖြစ်သည်။သို့သော်လည်း ကတ်တွေကို ကိုင်တွယ်ပြီးတိုင်း သူမသည် သေးငယ်သော လှုပ်ရှားမှုတစ်ခုကို လျှို့ဝှက်စွာ လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း ထန်​ရှောင်းယွီမှ တွေ့ရှိခဲ့ပြီး ထိုကဲ့သို့ ပြုလုပ်လိုက်တိုင်း ပြိုင်ဘက်၏အကြည့်သည် သူမအပေါ်သို့ ရောက်သွားမည်ဖြစ်သည်။

နှစ်ဖက်စလုံးပါဝင်ထားသည့် ဤသေးငယ်တဲ့ လှုပ်ရှားမှုသည် အလွန်လျှို့ဝှက်စွာလုပ်ဆောင်ခဲ့ကြသောကြောင့် ထန်​ရှောင်းယွီသည် ၎င်းတို့၏လှည့်စားမှုကို ရှာဖွေတွေ့ရှိခဲ့လျှင်ပင် ၎င်းကို ယုံကြည်စိတ်ချစွာဖြင့် ချက်ချင်းအတည်ပြုနိုင်မည်မဟုတ်ပေ။ဆုနိုသည် နောက်ဆုံး chips ပြားကို ဆုံးရှုံးသွားသည့်တိုင်အောင် ဟန်ဝေအား ခေါင်းညိတ်ပြကာ သူ့နားထဲသို့ စကားအနည်းငယ် တိုးတိုးလေး ကပ်ပြောလိုက်သည်။

ဟန်ဝေသည် အေးစက်စွာ ပြုံးပြီး သူ့လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ကာ နေရာအနှံ့ လက်ဖက်ရည်ကို ပက်ကျဲသွား​စေသည်။

အနီးနားရှိ လက်အောက်ငယ်သားများသည် ချက်ချင်းထ၍ သေနတ်များကို ဆွဲထုတ်ကာ ကစားပွဲကို ဝိုင်းထားကြသည်။

ဆုနိုသည် မူလက ရှုံးပြီးနောက် စိတ်ဓာတ်ကျနေသော်လည်း ကစားပွဲတွင် ပြဿနာရှိနေသည်ကို သိရှိပြီးနောက် လောင်းကစား,စားပွဲမှ ချက်ချင်းခုန်ဆင်းကာ လိမ္မာပါးနပ်သည့် ယုန်တစ်ကောင်လို သူ့အစ်ကိုကြီးဘက်သို့ ပြေးသွားခဲ့သည်။

မိမိကိုယ်မိမိ ကာကွယ်ခြင်း အနုပညာကို အမှန်တကယ် နားလည်တာပဲ!

ထန်​ရှောင်းယွီသည် သူ့ဘေးနားတွင် အကာအကွယ်ပေးထားသည်။

"အား​ဝေ!" ဦးလေးချန်သည် ယင်းလှည့်စားထား
သည့်အဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်း မခန့်မှန်းနိုင်ပေ။သူ့လေသံက အတိုင်းအဆမရှိ ဒေါသတွေ လွှမ်းခြုံသွားသည်။ "ဒါက ဘာကိုဆိုလိုတာလဲ။မင်းက ငါ့ကို အကြီးအကဲအဖြစ် ရွေးထားပြီးကတည်းက မင်း ငါ့ကို ယုံကြည်မှုမရှိဘူးလား?"

"ဦးလေးချန်..ဒါ ကျွန်တော့်အပြစ်ပါ" ဟန်ဝေသည် သူ့ကို လေးလေးစားစား ကြည့်နေသော်လည်း ချူဟန်ဘက်ကိုတော့ ရွံရှာစရာကဲ့သို့ ကြည့်လိုက်သည်။ "တစ်ယောက်ယောက်က လှည့်စားနေတယ်လို့ သံသယရှိလို့ပါ။"

"မင်းဘာတွေ လိမ်နေတာလဲ?" တစ်ဖက်က စွပ်စွဲချက်တွေကို ကြားတာနဲ့ စားပွဲတွေကို ရိုက်ချပြီး ဟစ်အော်ကာ "ဒါဟာ အရှုံးတွေကို ဝန်မခံနိုင်တဲ့ အရှုံးသမားတွေပဲ" နဲ့ "အကြီးအကဲတွေကို လေးစားမှုတောင် မပြတတ်ဘူး" ဆိုတဲ့ ဒေါသဆွ​ပေးတဲ့စကားလုံး​တွေကို ပြော​တော့သည်။

ဦးလေးချန်း၏မျက်နှာသည် ဒေါသများဖြင့် နီရဲနေပြီး ဟန်ဝေအား ယခုစက္ကန့်ပိုင်းအတွင်း လက်နက်ချရန် မျှော်လင့်နေပုံရသည်။

"ဦးလေးချန် မြင်တယ်မလား?သေနတ်ကို အရင်ထုတ်တာက သူ့လူတွေပဲ။ကျွန်တော်တို့ဘက်က ဓားတောင်မထုတ်ထားဘူး" ချူဟန်သည် ဟန်ဝေကို စောင်းငဲ့ကြည့်ကာ စိုက်ကြည့်နေသည်။

"မင်းမှာ အရည်အချင်းမရှိရင် ဒီမှာ မနေနဲ့လေ"

"လိမ်လည်လှည့်စားသည်ဖြစ်စေ၊မလိမ်သည်ဖြစ်စေ မင်းကိုယ်မင်း သိပါတယ်" ဟန်ဝေ၏လေသံသည် အေးစက်စက်နိုင်လွန်းလို့ မီးတောင်ခဲသွားနိုင်သည်။ "သေနတ်တွေက သက်သေအထောက်အထားတွေကို ဖျက်ဆီးဖို့ အခွင့်အရေးမရှိဖို့ပဲ,မရိုသေမှုကို ပြတာမဟုတ်ဘူး။"

"အထောက်အထား?" ဟန်ဝေ၏စွပ်စွဲချက်ကို ကြားသောအခါ ချူဟန်က ရယ်မောလိုက်သည်။ "ဒီမှာရှိတဲ့ အရာအားလုံးက ဦး​လေးချန် ပိုင်တယ်။ဟောကွမ်း​တောင် ဦးလေးချန်ရဲ့လူပဲ။ဒါက ဘာကိုဆိုလိုတာလဲ?"

"တော်ပြီ!" ဦးလေးချန်သည် ပို၍ပင် ဒေါသထွက်နေပုံပေါ်သည်။

"ဖဲချပ်ကတ်တွေမှာ တစ်ခုခု မှားနေတယ်လို့ ကျွန်တော် သံသယရှိတယ်။" ထန်​ရှောင်းယွီက ဟန်​ဝေဘက်တွင် ရပ်ကာ ပြောလိုက်သည်။

"စောက်ရူး!ဒီနာမည်မရှိတဲ့​ကောင်က ဘယ်ကရောက်လာတာလဲ? မင်း ဒီမှာ စကားပြောပိုင်ခွင့်ရှိတယ်လို့ မင်းကိုယ်မင်းထင်နေလား?"
ချူဟန်၏အမူအရာမှာ တစ်ဖက်ကို ဒုက္ခရောက်​စေလို​သော ဆန္ဒများဖြင့်ပြည့်နေသည်။

"ကျွန်တော်ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။အရေးကြီးတာက ဒီဖဲချပ်မှာ ပြဿနာရှိနေတာ သေချာနေတာပဲ။" ထန်​ရှောင်းယွီသည် စကားလုံးတွေကို တစ်လုံးပြီးတစ်လုံး ဖွင့်ဟလိုက်သည်။

"ဘိုဇို(stupid).....ဒီကတ်ပြားတွေက အန်ကယ်ချန်းရဲ့ ကတ်​တွေပဲ!" ချူဟန်သည် အားလုံးကို ရန်စလှုံ့ဆော်ရန် တမင်ကြိုးစားခဲ့သည်။ "မင်းပြောတာက ဦးလေးချန်ကို လာဘ်ထိုးတယ်လို့ သံသယရှိတာလား?"

လေထုသည် လျှပ်တစ်ပြက်အတွင်း နက်ရှိုင်းလို့လာသည်။နှစ်ဖက်စလုံးက ရန်လိုသည့်သဘောဖြင့် လက်နက်များထုတ်ထားပြီး ဦးလေးချန်းသည်လည်း ဒေါသအထွတ်အထိပ်သို့ရောက်နေပုံရသည်။

"ကျွန်တော့်ကို ဖဲချပ်ကတ်တွေ ပေး!" ထန်​ရှောင်းယွီသည် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

"ဒါက ပိုကာချပ်​တွေထဲကမှ အ​ခြေခံအကျဆုံး ဖဲချပ်ကတ်တွေပဲလေ။ဒါတွေကို လမ်းပေါ်တွေမှာတောင် တွေ့နိုင်တယ်။ဘာလဲ!သံလိုက်အမှုန့်အတွက် ခြစ်ချင်တာလား ဒါမှမဟုတ် အပူပေးချင်လို့လား?" ချူဟန်သည် ဆက်လက် ရန်စနေသည်။

ထန်​ရှောင်းယွီသည် ကတ်ပြားများကို သူ့လက်ထဲသို့ ကိုင်လိုက်သည်။၎င်းသည် အမှန်တကယ် အခြေခံအကျဆုံး HoneyBee ဖဲချပ်များသာ ဖြစ်သည်။

"ဒီနေ့အတွက် မင်းငါ့ကို ရှင်းပြရမယ်!" ဦးလေးချန်သည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး သူ့လေသံမှာ ဒေါသများဖြင့် စွန်းထင်းသွားသည်။ဟန်ဝေကို အလွန်မ​ကျေနပ်​နေကြောင်း ထင်ရှားသည်။

"စစ်ကြည့်လိုက်စမ်း!မင်းကို မီးခြစ်တစ်လုံး ငှားပေးဖို့လိုသေးလား?" ချူဟန်သည် မီးခြစ်ကို ပစ်လိုက်သည်မှာ ဆုနို၏မျက်နှာကို ထိလုနီးပါးပင်။

shit!ဆုနိုသည် ချူဟန်ကို ဒေါသတကြီး ကြည့်လိုက်သည်။

"ပြဿနာက ဘာလဲ?" ဟန်ဝေက ထန်​ရှောင်းယွီကို လှည့်ကြည့်လိုက်သည်။

အောင်ပွဲနဲ့ရှုံးနိမ့်မှု အားလုံးဟာ ဒီအခိုက်အတန့်ပေါ်မှာ မူတည်နေ၏။ထန်​ရှောင်းယွီသည် ခေါင်းငုံ့ကာ ဖဲချပ်များ၏နံဘေးကို အနံ့ခံလိုက်သည်။

ရှောင်းယွီ၏ လုပ်ရပ်သည် ခွေးကလေးတစ်ကောင်နှင့် အလွန်တူနေသဖြင့် ဦးလေးချန်၏နောက်ကွယ်တွင် တစ်ချိန်လုံး တိတ်တဆိတ် ရပ်နေသော လော့လီသည် ရယ်သံကို မခံနိုင်တော့ပေ။သို့သော် ချူဟန်၏မျက်နှာအရောင်သည် ချက်ချင်းပင် ပိုဆိုးလို့သွားသည်။

"ဘာလဲ? ကြောက်လို့လား?" ဟန်ဝေသည် ချူဟန်၏မျက်နှာပေါ်တွင် စူးစိုက်စိုက် ကြည့်နေပြီး စိတ်ခံစားမှုများ ပြောင်းလဲလာသည်ကို မြင်သည်နှင့် သူ့ရင်တွင်းရှိ အစိုင်အခဲကြီးသည် ချက်ချင်းပင် ငြိမ်သက်သွားခဲ့သည်။

"ကတ်တွေမှာ'အရသာ'ရှိနေတယ်။" ထန်​ရှောင်းယွီသည် ဖဲချပ်ကတ်အနည်းငယ်ကိုယူကာ ဦး​လေးချန်ထံ ပေးလိုက်သည်။

"အခါး၊ အချို၊ အငန်၊ အချဉ်အားလုံးက ကတ်တွေရဲ့ နံပါတ်အပိုင်းများနှင့် သက်ဆိုင်နေတယ်။ကတ်ကို​ဝေ​ပေးတဲ့အခါ ကိုယ်စားလှယ်က သူမရဲ့လက်ချောင်းတွေကို မကြာခဏ လျှာနဲ့လျက်ပြီး 'အော' ဒါမှမဟုတ် 'ရပ်' ဖို့အတွက် တစ်ဖက်သူကို အသိပေးဖို့ အချက်ပြတယ်။ဆံပင်ကို သပ်တာက နံပါတ်နိမ့်ကတ်တစ်ခုဖြစ်ပြီး လက်ညှိုးကိုထိတာက နံပါတ်မြင့်ကတ်တစ်ခုဖြစ်တယ်လို့ ဆိုလိုတာပဲ,အခြားအချက်ပြတွေကို​တော့ အသံသွင်းထားတာ​တွေကို အကြိမ်အနည်းငယ်ပြန်လည်သုံးသပ်ပြီးရင်​တော့ သူတို့​တွေ ဘာကို တိတိကျကျဆိုလိုမလဲ ဆိုတာကို ကျွန်တော်သေချာပေါက် သိပါလိမ့်မယ်"

ထိတ်လန့်ခြင်းမှလွဲ၍ ဆုနိုသည်လည်း အလွန်အမင်း ကြည်ညိုလေးစားမှုကို ခံစားခဲ့ရသည်။ဒီလိုမျိုး ရဲရင့်မှုကြီးက!

ဦးလေးချန်သည် ကတ်များကို သံသယစိတ်ဖြင့် ကိုင်ကာ လက်ညှိုးကို စွတ်ပြီး စမ်းသပ်လိုက်သည်။ဟုတ်ပါတယ်! အရသာက သူ့ပါးစပ်ထဲမှာ ချိုမြိန်လွန်ကဲစွာ ကွဲထွက်နေသည်။ ပွဲက ကစားထားတယ်ဆိုတဲ့ သက်သေပါပဲ!

"ဘာတွေဖြစ်နေတာလဲ!" သူသည် ကတ်ပြားတွေကို ကြမ်းပြင်ပေါ် ကြမ်းကြမ်းတမ်းတမ်း လွှင့်ပစ်လိုက်သည်။

ဟောကွမ်းသည် တုန်တုန်ယင်ယင်ဖြစ်ကာ ကြောက်လန့်တကြား မတ်တပ်တောင် မရပ်နိုင်လောက်အောင် ဖြစ်နေသည်။ တစ်စုံတစ်ယောက်က သူမကို ကော်လံက​နေဆွဲပြီး ကြမ်းပြင်ပေါ်ပစ်ချလိုက်သည်။

"ရှင်းပြစမ်း!" ဦးလေးချန်သည် ဒေါသကြောင့် အသက်ပြင်းပြင်းရှူနေပြီး။ "ငါ့ကာစီနိုမှာ ဒီလိုမျိုး ဘာကြောင့်ဖြစ်ရတာလဲ!"

ဟောကွမ်းသည် စကားတစ်ခွန်းတောင် မပြောနိုင်ဘဲ ဆက်ငိုပြီး ခေါင်းကို ခါလိုက်ရုံသာ။လောင်းကစားသမားတွေနှင့် ပေါင်းသင်းဆက်ဆံခြင်း၏အကျိုးဆက်များမှာ ကြီးမားသည်။ဘယ်လောက်ပဲ ရဲရင့်နေပါစေ ဟောကွမ်းဟာ မိန်းကလေးငယ်တစ်ယောက်သာ ဖြစ်နေဆဲပါ။သူမ အရမ်းကြောက်နေပြီမို့ မူးလဲသွားတော့မလိုပင် ပေါက်​နေသည်။

"လွှတ်လိုက်ပါ။သူက မိန်းကလေးပဲလေ။" လော့လီသည် ဦး​လေးချန်ကို ထိုင်ခုံသို့ ပြန်ပို့ပေးရန် ကူညီပေးလိုက်သည်။ "သူမကို မေးတာထက် တခြားတစ်ယောက်,ယောက်ကို မေးတာက ပိုမ​ကောင်းဘူးလား?"

ဘယ်သူ့ကို မေးရမယ်ဆိုတာ အသိသာကြီးပါပဲ!

"အားဟန်.." ဦးလေးချန်က သူ့စကားကို ကောင်းကောင်းနားလည်၏။

"ကျွန်တော်က ဘယ်လိုလုပ်ပြီး သိမှာလဲ?" လှည့်စားမှုကို ဖော်ထုတ်ခံလိုက်ရသည်ကို မြင်လိုက်ရသဖြင့် ချူဟန်သည် အရှက်ကင်းမဲ့သော အနေအထားသို့ ချက်ချင်းပြောင်းလိုက်သည်။ "ကတ်တွေက အရသာရှိနေတာ ကျွန်တော့်အပြစ်လား?"

"မင်းကိုအနိုင်ယူဖို့ ငါက ရည်ရွယ်ချက်ရှိရှိ လှည့်စားတယ်လို့ မင်းပြောနေတာလား?" ဟန်ဝေက အေးစက်စွာ ပြုံးလိုက်သည်။

"ဘယ်သူပြောနိုင်မှာလဲ?" ချူဟန်က မျက်ခုံးပင့်လိုက်သည်။ "ဦး​လေးချန်ရှေ့မှာ ငါ့ကို တမင်တကာချောင်ပိတ်ဖို့ မင်း ကြံစည်နေတာလည်း ဖြစ်နိုင်တာပဲ"

ဟောကွမ်း နှင့် ပစ္စည်းတာဝန်ခံမန်နေဂျာကြား လာဘ်ထိုးရန် သူစိမ်းတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ အစားထိုးအသုံးချခဲ့သည်။သူ ဖော်ထုတ်ခံလိုက်ရမည်ကို မကြောက်။အမေရိကားက သုံးယောက်နဲ့ ပတ်သက်ရင် သူတို့အားလုံးမှာ သြဇာတိက္ကမ ရှိတဲ့သူတွေပဲမလို့ သူတို့ကို ဘယ်သူကမှ ပေါ့ပေါ့ဆဆ ကိုင်တွယ်ရဲကြမှာ မဟုတ်ဘူး။

ချူဟန်သည် တစ်ကိုယ်ကောင်းဆန်ဆန် ပြူမူ​နေသည်မှာ သူသည် အညှာကို သိထားသောကြောင့် ပင်။

ဆုနိုသည် အရေထူလွန်းသည့် ချူဟန်ကို ဦးညွှတ်
သင့်နေပြီဖြစ်သည်။နှိုင်းယှဥ်ကြည့်မယ်ဆိုရင် သူကိုယ်တိုင်တောင် အာ့​လောက် အ​ရေမထူ​ပေ။

"ခင်ဗျားက အရမ်းတုံးတာပဲ!"

ဒီစကားလုံးက နည်းနည်းရိုးစင်းလွန်းပေမယ့် သူ့မှာ အကြောင်းပြချက်တွေရှိ၏။

"မင်း ဘာပြောလိုက်တာလဲ?!" ချူဟန်သည် ဒေါသထွက်ကာ အော်လိုက်သည်။

"ဒါ အမှန်တရားပဲလေ။" သူ့ဘေးနားတွင် ချစ်လှစွာသော အစ်ကိုကြီးရှိ​နေတာ​ကြောင့် ဆုနိုသည် အနည်းငယ်မျှ မကြောက်ချေ။ "ဒီနေရာတိုင်းမှာ ကင်မရာတွေရှိတယ်။ခင်ဗျားရဲ့အမူအရာ​တွေကို လူတိုင်းမြင်အောင် အခုပဲထုတ်လွှင့်စေချင်လား? တော်တော်စိတ်ဝင်စားဖို့ကောင်းသွားမှာပဲ။"

ဟန်ဝေသည် သူ၏အပြုံးကို မျိုချလိုက်ရင်း သူ့မေးစေ့ကို ထိလိုက်သည်။

ချူဟန်၏မျက်နှာမှာ တောင့်တင်းသွားပြီး ပြန်မဖြေပေ။

"ကတ်တွေ တစ်ခုခု မှားနေမှန်း ခင်ဗျားသာမသိရင် သူ ကတ်​တွေကိုလျက်​နေတုန်း ခင်ဗျားဘာလို့ စိတ်လှုပ်ရှားနေရတာလဲ?။" ဆုနိုသည် သူ့အသံကို တမင်တကာ နက်ရှိုင်းစွာ ဖိ​ပြောလိုက်သည်။

တစ် ဟန်ဆောင်ဖို့၊နှစ် ယောကျ်ားပီသဖို့!

"သွားပြီးတော့ ဗီဒီယိုကို ယူလာခဲ့။" ဦးလေးချန်က သူ့လက်အောက်ငယ်သားတွေကို အမိန့်ပေးလိုက်သည်။

ချူဟန်သည် အခုမှ စိတ်ရှုပ်နေသလို ခံစားလာရ၏။ ရိုးရိုးသားသားပြောရရင် တစ်ဖက်က ကတ်ကို ယက်လိုက်တဲ့အခါ သူဘယ်လိုအမူအရာမျိုးဖြစ်ခဲ့တယ်ဆိုတာ မမှတ်မိဘူး။ဦးလေးချန်က ထိုအပိုင်းတွင် လေးစားထိုက်သူဖြစ်သည်။ခိုင်မာတဲ့သက်သေတွေနဲ့ ရင်ဆိုင်ရရင် အားလုံးကို ဖယ်ရှားနိုင်ဖို့ နည်းနည်းခက်၏။

အလွန်လျင်မြန်စွာဖြင့် ဗီဒီယိုကော်ပီနှင့် လက်ပ်တော့တစ်လုံးကို ပရိသတ်ရှေ့တွင် ချထားခဲ့သည်။

"ခင်ဗျား ဒီကိစ္စကြီး ဒီလိုပြီးသွားမယ်လို့ မတွေးခဲ့ဘူးမလား?" ဆုနိုသည် သူ့ကို တမင်တကာဒေါသစနေသေးသည်။ "ငါးကနေ စရေတွက်ကြည့်ရအောင်!"

". ..ငမိုက်!" စက္ကန့်အနည်းငယ်အတွင်း ချူဟန်သည် ရုတ်တရက် လှည့်လိုက်ပြီး သူ့လက်အောက်ငယ်သားတစ်ဦး၏ မျက်နှာကိုရိုက်ချလိုက်သည်။ "မင်း ငါ့နောက်မှာ ဒီလိုလုပ်လိုက်တာလား။ရှင်းပြစမ်း!"

ဟန်ဝေ၏ နှုတ်ခမ်းများ ကွေးညွတ်ကာ အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"အစ်ကိုချူး....ကျွန်တော့်ကို ခွင့်လွှတ်ပါ!" ထိုလူသည် ချူဟန်၏အမူအရာကို ရှင်းရှင်းလင်းလင်းဖတ်နိုင်ပြီး ကြမ်းပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်ထိုင်ချလိုက်ပြီး သူ့ကိုယ်သူ ထပ်ခါထပ်ခါ ပါးရိုက်လိုက်ကာ စိတ်ပျက်အားငယ်စွာဖြင့် ငိုကြွေးနေလေသည်။ "ကျွန်တော့်ရဲ့ မိုက်မဲတဲ့အ​တွေး​ကြောင့် အစ်ကိုချူး မသိ​အောင် ဒီကောင်မလေးကိုရှာဖို့ သွားခဲ့တာပါ။အစ်ကိုချူး ကျွန်တော် မှားခဲ့တယ်ဆိုတာ သိပါပြီ။"

ဆုနိုသည် အံ့သြစွာ မျက်လုံးပြူးသွားသည်။ဒါကို မင်းသားတွေကြားထဲကမှ မင်းသားလို့ ခေါ်တာ။ကျုံးလီဖုန်းပိုင်က သူ့ကို သေချာပေါက် သ​ဘောကျလိမ့်မယ်။သူ့အတွက် ရုပ်ရှင်တစ်ကားတောင် ဖန်တီးဖြစ်နိုင်တယ်!

"ဦးလေးချန် ပြန်ရောက်တဲ့အခါ ကျွန်တော် သူ့ကို သေချာဆုံးမလိုက်ပါ့မယ်" ဒရမ်မာက ပြီးသွားပြီ။ချူဟန်သည် နှိမ့်ချတတ်သည့် အနေအထားသို့ ပြောင်းလဲသွားလေသည်။ "ကျွန်တော့်ရဲ့ ပေါ့လျော့မှုကြောင့် နယ်မြေစာချုပ်ကို အား​ဝေကို ပေးပါ့မယ်"

ဒီစကားများသည် ရှုံးနိမ့်ခြင်းကြောင့် အပေးအယူလုပ်ခြင်း၏ စကားများဖြစ်နေပြီဖြစ်သည်။ ဦးလေးချန်သည် ဟန်ဝေ၏အမြင်ကို သိလိုဟန်တူသည်။

"ဦး​လေးချန်ဆုံးဖြတ်သမျှကို နားထောင်ပါ့မယ်။" ဟန်ဝေက သူ့ကို အရမ်းလေးစားနေပြီ ဖြစ်သည်။

"ဒါဆို အားချူ ပြောတဲ့အတိုင်း ငါတို့လုပ်မယ်။" ဦးလေးချန်က လက်ခုပ်တီးပြီး သဘောတူညီချက်ကို တံဆိပ်ခတ်လိုက်သည်။ "ဒီအခြေအနေက ဒီမှာတင် ပြီးသွားတယ်။အနာဂတ်မှာ မင်းရဲ့လက်အောက်ငယ်သားတွေကို ကောင်းကောင်းစီမံခန့်ခွဲပါ။"

ချူဟန်သည် သူ့ဒေါသကို မျိုချလိုက်ပြီး သူ့လူများနှင့်အတူ မထွက်ခွာခင် နှုတ်ဆက်လိုက်သည်။

"အဲဒါက အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်။" ဧည့်ခန်းထဲတွင် ထိုင်နေစဉ် ဆုနို၏နှလုံးသားသည် အရူးအမူးခုန်နေသေးသည်။

ထန်​ရှောင်းယွီ၏လက်များမှာလည်း အေးစက်စက်ချွေးများဖြင့် စိုရွဲနေသည်။

"အို...ဟုတ်သားပဲ!မင်း အဆင်​​ပြေရဲ့လား?" ဆုနိုသည် ဟန်​ဝေ၏ကန်ချက်အတွက် စိုးရိမ်နေဆဲဖြစ်ပြီး ထန်​ရှောင်းယွီ၏အင်္ကျီကို အမြန်မတင်လိုက်သည်။

"ကျွန်တော် အဆင်​ပြေပါတယ်, ဒီကိစ္စမှာလည်း အစ်ကိုကြီးဟန်နဲ့ ကျွန်တော် ပူးပေါင်းခဲ့တာပါ" ထန်​ရှောင်းယွီက သူ့ကိုနှစ်သိမ့်ပေးလိုက်သည်။ "သူက အားတွေ အများကြီး မသုံးထားပါဘူး။အခွင့်အရေးကို အသုံးချပြီး ကြမ်းပြင်ပေါ်ကို လဲကျလိုက်တာပါ"

"သရုပ်​ဆောင်လိုက်တာလား?" ဆုနိုသည် ဤတုံ့ပြန်မှုကြောင့် နားမလည်နိုင် ဖြစ်သွားရသည်။

"အစ်ကိုကြီးဟန်နဲ့ ကျွန်တော် နှစ်ယောက်စလုံးက တစ်ဖက်မှာ တစ်ခုခု မှားနေပြီဆိုတာသိခဲ့တယ်လေ၊ ဒါကြောင့် ပြိုင်ဘက်ကို စိတ်ရှုပ်သွားအောင်လို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဒီရှိုးကို ကျွန်တော်တို့ လုပ်ခဲ့တာပါ။ဒီလိုနည်းနဲ့ သူတို့ရဲ့သတိ​တွေကို လွတ်​စေပြီး သူတို့ရဲ့လှည့်ကွက်တွေကို ဖော်ထုတ်ဖို့ ပိုလွယ်ကူသွားစေတယ်လေ။" ထန်​ရှောင်းယွီက ရှင်းပြသည်။

"မင်းတို့ ဒီဟာကို ဘယ်တုန်းက ဆွေးနွေးခဲ့တာလဲ?" ဆုနိုက တအံ့တသြနဲ့ အော်လိုက်မိသည်။

"တစ်ချို့ အကြောင်းအရာတွေအများကြီးကို အကျယ်ကြီးပြောဖို့ မလိုဘူးလေ။အမူအရာတစ်ခုက ဥာဏ်ကောင်းတဲ့သူ တစ်ဦးတစ်ယောက် နားလည်ဖို့ လုံလောက်တဲ့ စကားအသုံးအနှုန်းတစ်ခုပဲ" ဟန်ဝေက သူ့ခေါင်းလေးကို ပွတ်လိုက်သည်။ "မင်းနားလည်မှာ မဟုတ်ပါဘူး။"

"ဒါဆို ကျွန်တော်က ဉာဏ်မမီဘူးလို့ အစ်ကိုကြီး ပြောနေတာလား?" ဆုနိုသည် ချက်ချင်းပင် စိတ်မချမ်းသာဖြစ်ကာ အလွန်ဒေါသထွက်လာသည်။
လော့လီက ရယ်မောမိသွားပြန်သည်။သူ့အမူအရာလေးတွေက ချစ်စရာကောင်းတယ်!

"ဒါ ခင်ဗျားနဲ့မဆိုင်ဘူး!" ဆုနိုက စိတ်တိုတိုနဲ့ သူ့ကို စိုက်ကြည့်နေ၏။

"ဘယ်ဟုတ်မလဲ။နိုနိုက ထက်မြက်တာပဲကို!" ဟန်ဝေက အဆင်သင့်ဖြေလိုက်သည်။

"ဟုတ်တယ်!မင်းက အရမ်းဉာဏ်ကောင်းတယ်" ထန်​ရှောင်းယွီကလည်း သဘောတူသည်။

လော့လီသည် ကလေးကို ချော့နေသည့် မိဘတစ်ဦး၏မြင်ကွင်း​ကြောင့် အံ့သြသွားမိသည်။

ဆုနို၏ခေါင်းသည် ခွဲခြားဆက်ဆံခံရသကဲ့သို့ ဆူညံသံများဖြင့် အုံနေသည်။

ဒီလိုအချိန်မျိုးမှာ သူ့ချစ်သူကို ဖုန်းခေါ်ရမယ့်အချိန်ပါပဲ!

"နိုနို...." အိုးရန်လုံက ချက်ချင်းပြန်ဖြေ၏။ "ကိုယ် မင်းကို ဖုန်းခေါ်တော့မလို့။ဘာတွေ ထူးလဲ?"

သူတို့၏ဝိညာဉ်တွေက ဆက်စပ်နေတာပဲ! သူတို့ ဒီည လုပ်ဖြစ်ကြမှာ သေချာတယ်!အနည်းငယ်ရှက်စရာကောင်းပေမယ့်လည်း ရိုးသားစွာ တက်ကြွနေပါသည်။

"ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ပတ်သက်ပြီး တစ်ခုခုကို ပြော​နေရင်း စတိုးဆိုင်က​နေ လူယုတ်မာတွေ အများကြီး ဖြတ်သွားကြတယ်။ကိုယ် သူတို့နောက်ကို လီကုန်းအဆောက်အဦးကနေလိုက်သွားခဲ့တယ်။ ခေါင်းဆောင်က တစ်​ခေါင်းလုံး အနီရောင်ဆိုးထားတဲ့ ဆံပင်နဲ့။သူ မင်းနဲ့ ပတ်သတ်တာ တစ်ခုခုရှိထားလား?"

"အမ်...ကျွန်တော် လီကုန်းအဆောက်အဦးမှာရှိနေတာ ဒါရိုက်တာကြီးဘယ်လိုသိလဲ။ဆံပင်အနီနဲ့​ကောင်က ကိုယ့်တိုင်ကိုယ်ကျ သူ့ဖင်ကို ချူဟန်လက်ထဲ အပ်ပေးလိုက်တဲ့ လူမိုက်၊ဒါပေမယ့် ဒါက အရေးမကြီးသေးဘူး။" ဆုနိုက အံ့အားသင့်ပြီး "ဖောက်ခွဲရေးပစ္စည်းလား?"

ဟန်ဝေက မျက်လုံးပြူးသွားပြီး သူ့လက်ထဲက ဖုန်းကို ယူလိုက်သည်။

"အစ်ကိုကြီးဟန်..." ထန်​ရှောင်းယွီက စိတ်လှုပ်ရှားလာသည်။

လော့လီက သူ့ပခုံးကို ပုတ်လိုက်ပြီး စိတ်တည်ငြိမ်ဖို့ အချက်ပြလိုက်သည်။

တစ်မိနစ်အကြာတွင် ဟန်ဝေသည် ဖြူဖပ်ဖြူရော်မျက်နှာဖြင့် ဖုန်းချလိုက်သည်။

"ဘာဖြစ်နေတာလဲ?" လော့လီက မေးလိုက်၏။

"ငါ မှန်းဆရမယ်ဆိုရင် ချူဟန်က ငါတို့ကို ဒီစာချုပ် လွယ်လွယ်ကူကူ ပေးဖို့ ဆန္ဒရှိမှာ မဟုတ်ဘူး။ဒီညတော့ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ဖို့ သူ့လူတွေကို နယ်မြေဆီ ပို့လိမ့်မယ်သေချာပေါက် အာဏာပိုင်တွေပါ ပါဝင်စေမယ့် အန္တရာယ်ရှိတဲ့ ဗုံးခွဲမှု အခင်းအကျင်းကို ဖန်တီးမှာပဲ။အချည်းနှီးဖြစ်တဲ့ နိုင်ပွဲနဲ့ ငါတို့အဆုံးသတ်ရလိမ့်မယ်။"

ကုမ္ပဏီအသစ်တစ်ခု ထူထောင်ထားပြီးဖြစ်သော်လည်း နောက်ခံအခြေအနေမှာ မရှင်းလင်းသေး​ပေ။ထို့အပြင် ထိုကဲ့သို့ စွန့်ပစ်ထားသည့် အဆောက်အအုံတွင် အစောင့်များ ရှိနေနိုင်သည်။တကယ်ပဲ ဗုံးခွဲခဲ့မယ်ဆိုရင် နောက်ဆက်တွဲနဲ့ တုံ့ပြန်မှုတွေက တွေးတောင်မတွေးဝံ့စရာပါပဲ။

"ဒါက ရက်စက်လွန်းတယ်။" လော့လီက တောက်​ခေါက်လိုက်သည်။
"ဦး​လေးချန်ကို အကြောင်းကြားချင်လား?"

"ဦး​လေးက ဖျန်ဖြေပေးသူသက်သက်ပဲ​လေ။ မျှတတဲ့ လောင်းကစားပွဲကို လိုချင်လို့ သူ့ကို စပြီးဖိတ်လိုက်တာ။ဒီကိစ္စနှင့် ပတ်သက်ပြီး ချူဟန်က သူ့ကို လုံလောက်သော မျက်နှာသာပေးထားပြီးပြီ။အပြင်မှာ ပြဿနာရှာဖို့ ဆုံးဖြတ်ထားတာကို ဦး​လေးချန်က နောက်တစ်ကြိမ် ပါဝင်လာခဲ့ရင် သူ့ကိုပါ ဒုက္ခ ရောက်ဖို့လုပ်လိုက်လိမ့်မယ်,စိတ်မပူပါနဲ့။ငါ ကိုင်တွယ်လိုက်မယ်။"

"အစ်ကိုကြီးဘာသာ ကိုင်တွယ်မယ်ဆိုတာ ဘာကို​ပြောတာလဲ!"ဆုနိုသည် ဒေါသတကြီး အော်လိုက်သည်။အခု ကျွန်တော်တို့ပြောနေတာ ဖောက်ခွဲရေးပစ္စည်းတွေအ​ကြောင်း​နော်!

"စိတ်မပူပါနဲ့။" ဟန်ဝေသည် ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ "သွားကြရအောင်။အစ်ကိုကြီး မင်းကိုအိမ်အရင်လိုက်ပို့ပေးမယ်။"

"မဟုတ်ဘူး!အစ်ကိုကြီး ကျွန်တော့်ကို အရင်ပြောပြရမယ်!" ဆုနိုသည် အလွန်ခေါင်းမာနေသည်။အထူးသဖြင့် သူ့အစ်ကိုကြီးရဲ့လုံခြုံရေးနဲ့ ပတ်သက်နေတယ်!

"အစ်ကိုကြီး ချူဟန်နောက်လိုက်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်ထားပြီးပြီ" ဟန်ဝေသည် သူ့ညီလေး၏ခေါင်းမာမှုကို မခံနိုင်သောကြောင့် ဝန်ခံလိုက်ရသည်။

"သူ့နောက်ကိုလိုက်တာလား?" ဆုနိုက အံ့သြစွာမေးလိုက်သည်။
"သူ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်တော့မယ်ဆိုတာ ကြိုသိထားတာလား?"

"အစ်ကိုကြီး မသိပါဘူး၊ဒါပေမယ့် သူဒီအတိုက်း​တော့ လွယ်လွယ် စွန့်လွှတ်မှာမဟုတ်ဘူးဆိုတာကို​တော့သေချာသိတယ် စိတ်မပူပါနဲ့။သူ အစ်ကိုကြီးကို ဒုက္ခမပေးနိုင်ပါဘူး။"

"ဒါဆိုလည်း အစ်ကိုကြီးသတိထားရမယ်နော်" ဆုနိုက သူ့ကို ထပ်ခါထပ်ခါ တတွတ်တွတ်ပြောလိုက်သေးသည်။

"သွားကြရအောင်။အိမ်ကို လိုက်ပို့ပေးမယ်။" ဟန်ဝေက သူ့ကုတ်အင်္ကျီကို ယူလိုက်သည်။

"ခဏ..ခဏ" ဆုနိုသည် ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ "ခုနက ဖုန်းခေါ်တာ...သူ အနီးနားက?!"
ဒါက အဓိပ္ပါယ်မရှိဘူး!

"သူအနားမှာရှိနေပေမယ့် မင်းကို လာမခေါ်နိုင်ဘူး" ဟန်ဝေက သူ့နားက​နေ ဆွဲလိုက်သည်။ "တစ်ယောက်ယောက်က ငါတို့ကို နှောင့်ယှက်လိုက်မှာကို စိုးရိမ်တယ်။အားလုံး ငါ့ကားထဲကို ဝင်လာကြ။"

"ဘာလို့ သူက အနီးနားမှာရှိနေတာလဲ?" ဆုနိုသည် ကိစ္စများကို သူ့ထံမှ ရည်ရွယ်ချက်ရှိရှိ ဝှက်ထားကြောင်း ခံစားလိုက်ရသည်။သူ့အစ်ကိုကြီးက သူ့ချစ်သူနဲ့ မထင်မှတ်ပဲ ပူ​ပေါင်းနေကြတယ်!

ဒါက အရမ်းလေးနက်လွန်းတယ်! မူလတန်းပြဆရာက မိဘနှင့်ပူးပေါင်းနေသကဲ့သို့ပင်။

"မင်း သူ့ကိုနောက်မှမေးရင်လည်း သိလာမှာပါ" ဟန်ဝေသည် mask တပ်ပေးလိုက်သည်။ "သွားကြရအောင်။"

ဆုနိုသည် 'ဟွန့်' တစ်ချက်​ပေးကာ လမ်းလျှောက်လာသည်။

ဒီလိုမျိုး ဘာလို့လုပ်ကြတာလဲ!

လွန်လွန်းတယ်!

"မင်းက အိမ်အရင်ပြန်။နောက်​ယောင်ခံ မလိုက်စေဖို့ သတိထား။" ဟန်ဝေက လမ်းလျှောက်ရင်း အိုးရန်လုံဆီကို ဖုန်းခေါ်လိုက်သည်။သူက အမြီးဆွဲခံရဖို့ ဖြစ်နိုင်ခြေနည်းပေမယ့်လည်း သူက သူ့ညီလေးရဲ့ ချစ်သူဖြစ်တာကြောင့် ဟန်​ဝေသည် လိုအပ်တဲ့ သတိပေးချက်တွေပြောဖို့ လိုအပ်နေပါသေး၏။

"ဒါဘယ်သူ့ဖုန်းလဲ?" လော့လီသည် ဆုနိုကို နောက်ပြောင်နေသေးသည်။

ဆုနိုက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေ၏။

"ဘာလို့ မျက်နှာနီနေရတာလဲ?" လော့လီက အရိုက်ခံရတော့မလို့ လေသံနဲ့မေးလိုက်သည်။

ဟန်ဝေသည် ဖုန်းခေါ်ဆိုမှုကို ဆိုင်းငံ့လိုက်ပြီး ဆုနိုကို သူ့နောက်သို့ ပို့လိုက်စဉ် လော့လီကို စူးရဲစွာ စိုက်ကြည့်နေသည်။

မစ္စတာအမာရွက် သည် အလွန်ရွှင်မြူးနေ၏။ "ကြောင်ကလေးငယ်ကို ကာကွယ်ပေးတဲ့ ကြောင်တစ်ကောင်ကို မြင်ဖူးကြလား?"

ဆုနိုက ပေါက်ကွဲသွားပြီ။ သူ့အစ်ကိုကြီးက ဘာလို့ ဒီလိုင​ကြောင်ကောင်နဲ့ အဆက်အသွယ်မဖြတ်ရ​သေးတာလဲ?

သူကို မြင်ရတာက -င်ထဲက နာရသလိုပဲ!

ထန်​ရှောင်းယွီသည် လော့လီ၏အနီးတစ်ဝိုက်တွင် ခိုး​ကြောင်ခိုးဝှက်​ဖြင့် အသာစီးရယူနိုင်ရန်လှည့်နေကာ ဆုနိုအနားတွင် ရပ်နေခဲ့သည်။

"မင်း သူ့ကို စိတ်​အ​နှောက်​အယှက်​ မဖြစ်​ဘူးလား?" ဆုနိုသည် တိုက်ပွဲဝင်ရဲဘော်၏လက်ကို ဆုပ်ကိုင်ထားသည်။

ထန်​ရှောင်းယွီက ခေါင်းညိတ်လိုက်သည်။

လော့လီသည် ထိုကဲ့သို့သော ထိုးနှက်ချက်မျိုး တစ်ခါမျှ မကြုံဖူးပေ။
အခုခေတ်ကလေးတွေက လုံးဝကို မဖော်ရွေကြတာပဲ!

"မင်းကို အိမ်အရင်လိုက်ပို့ပေးရမလား?" ဆုနိုက ထန်​ရှောင်းယွီ ကားပေါ်တက်လာပြီးနောက် mask ကို ဖြုတ်ရင်း မေးလိုက်သည်။

"မဟုတ်ဘူး၊ရတယ်။ကျွန်တော်ကို ဟိုတယ်မှာ ထားခဲ့ရုံပဲ။ကျွန်​​တော်​က အကိုကျီရန်ကို ကျွန်​​တော့်​ဇာတိမြို့ကိုသွားလည်​ဖို့ဆိုပြီး ခွင့်ယူခဲ့တာ,မနက်​ဖြန်​မနက်​ထိ မပြန်​​လာ​သေးဘူး​ပြောခဲ့တယ်​။"

ဟန်ဝေသည် ခေါင်းညိတ်ပြရင်း အရှိန်မြှင့်လီဗာကို နင်းကာ မြို့ပြင်တွင် အနည်းငယ် ပတ်ဝိုင်းပြီးမောင်းလိုက်သည်။

"မင်းကို နောက်ယောင်ခံလိုက်မယ့်သူ မရှိဘူး။မင်း အရမ်းကြီးကို သတိမလွန်​နေဘူးလား?" လော့လီက မေးသည်။

"မင်းတစ်​ယောက်တည်းသာ ကားပေါ်မှာ ရှိနေရင် ငါ့ကို ပိုက်ဆံပေးရင်​တောင် ဒီလို ပတ်မောင်းနေမှာ မဟုတ်ဘူး!" ဟန်ဝေသည် ရှေ့ကို စူးစူးစိုက်စိုက် ကြည့်နေသည်။ " မင်း အရိုက်ခံရရင်တောင် ထိုက်တန်တယ်။"

"မင်းဒီလောက် ကြမ်းတမ်းနေဖို့ မလိုပါဘူးကွာ။" မစ္စတာအမာရွတ်သည် ရန်ငြိုးဖွဲ့စကားဆိုရင်း နှုတ်ခမ်း ကော့တက်သွားသည်။

"ဘယ်ဟိုတယ်ကို သွားမှာလဲ?။"ဆုနိုက ထန်​ရှောင်းယွီကို မေးလိုက်၏။

"ဘယ်ဟိုတယ်မဆို အဆင်ပြေပါတယ်။ကျွန်တော် တစ်ညလောက်ပဲ နေမှာပါ"

ရိုးရိုးသားသားပြောရလျှင် ဆု​ရှောင်းနို၏ထုံးစံအတိုင်း ရင်းနှီးမှုနှင့် ဧည့်ဝတ်ကျေပွန်မှုအရ သူ့ကို အိမ်သို့ ထက်ထက်သန်သန် ဖိတ်ခေါ်ပြီး ချိုးကျီယန်အကြောင်း အတင်းအဖျင်းပြောနေပေလိမ့်မည်။အဲဒါကို တွေးကြည့်ရုံနဲ့ ကျေနပ်မှုရစေတယ်! သို့သော်လည်း မစ္စတာ CEO နှင့် သူ၏ဆက်ဆံရေးသည် မည်သို့ဘယ်ပုံရှိမည်ကို မသိသေးသောကြောင့် ယခုအခြေအနေမှာ ငြိမ်​နေရမည်။အရေးအကြီးဆုံးကတော့ ဒီလိုညမျိုးမှာ ပြင်သစ်အနမ်း​လေးနဲ့ သူ့ချစ်သူကို နမ်းတာက ပိုအရေးကြီးတယ်လေ!

ထို့ကြောင့် ခင်မင်ရင်းနှီးမှုထက် လိင်ဆက်ဆံဖို့ကသာ အ​ရေးကြီးတာမို့ ဆု​ရှောင်းနိုသည် ပါးစပ်ကို ပိတ်ထားခဲ့သည်။

¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎

[Zawgyi]

အခန္း(၉၄):ေလာင္းကစား စားပြဲထက္က Mischief ႏွင့္ တိုက္ဆိုင္မႈမ်ား


ေန႔ရက္ေတြက တဖ်ပ္ဖ်ပ္ ျဖတ္ေက်ာ္လာၿပီး ေနာက္ဆုံးေတာ့ ကာစီႏိုကစားရမယ့္ေန႔ရက္ကို ေရာက္လာခဲ့ပါၿပီ.......။

"မင္းကို အိမ္ျပန္လိုက္ပို႔​ေပးဖို႔ တကယ္မလိုဘူးလား?" ခ်ိဳးက်ီယန္သည္ အိပ္ခန္းတံခါးဝတြင္ ရပ္ကာ ထန္​ေ႐ွာင္းယြီတစ္​ေယာက္ အထုပ္ေတြထုပ္ေနသည္ကို ၾကည့္ေနသည္။

"အဆင္ေျပတယ္။ကြၽန္ေတာ္ ရထားနဲ႔ပဲစီးသြားလိုက္မယ္။မနက္ျဖန္ အကိုက်ီရန္ရဲ႕ပြဲအတြက္ အာ႐ုံမစိုက္ေနမွာကိုပဲ စိတ္ပူမိတယ္" ထန္​ေ႐ွာင္းယြီသည္ သူ႕ခရီးေဆာင္အိတ္ကို ဇစ္တပ္ၿပီးေနာက္ မတ္တပ္ထရပ္လိုက္သည္။ "ဒါက သိပ္မေဝးပါဘူး။ကြၽန္ေတာ္ ႏွစ္ရက္ေနရင္ျပန္လာခဲ့မယ္။"

"ေကာင္းပါၿပီ၊မင္းသ​ေဘာပါပဲ" ခ်ိဳးက်ီယန္သည္ သူ႕​ေ႐ွ႕​ေရာက္လာၿပီး သူ႕ကို ေပြ႕ဖက္လိုက္သည္။ "မင္းအဘိုးေ႐ွ႕မွာ ကိုယ့္ရဲ႕​ေကာင္းသတင္းေတြကို ေျပာ​ေပးရမယ္​ေနာ္"

ထန္​ေ႐ွာင္းယြီသည္ ခ်ိဳးက်ီယန္၏ႏွာေခါင္းကို အသာအယာဖိညစ္လိုက္ၿပီး မျပဳံးႏိုင္ဘဲမေနႏိုင္ေပ။

"မင္း ေရခ်ိဳးေတာ့မွာမလား?" ခ်ိဳးက်ီယန္က သူ႕ကို ေကာက္ေပြ႕လိုက္သည္။

"မခ်ိဳးဘူး!" ထန္​ေ႐ွာင္းယြီသည္ အျငင္းစကားလုံးျဖင့္ ျပတ္ျပတ္သားသား ေျပာလိုက္သည္။အတူတူေရခ်ိဳးလိုက္ရင္ ဘာျဖစ္သြားမယ္ဆိုတာ ဘုရားသခင္ပဲသိလိမ့္မယ္။မနက္ျဖန္မွာ အဆင္ေျပရင္ အားလုံးအဆင္ေျပႏိုင္ေပမယ့္ တိုက္ခိုက္ၾကမယ့္ အခြင့္အခါမ်ိဳး႐ွိလာခဲ့ရင္ ခါးနာၿပီးေျခသလုံးေတြ နာက်င္ကိုက္ခဲေနတဲ့ သူအ​ေနနဲ႔ ဒုကၡေတြေဝေနမယ့္ ျမင္ကြင္းတစ္ခု ျဖစ္လာမွာ အေသခ်ာပါပဲ။

"ဘာလို႔လဲ?" ခ်ိဳးက်ီယန္သည္ သူ႕ကို လြယ္လြယ္နဲ႔ လႊတ္ေပးလိုက္ဖို႔ အစီအစဥ္မ႐ွိေပ။

"ကြၽန္ေတာ္ ျပန္လာတဲ့အထိေစာင့္။" ထိုညကို ၿငိမ္းခ်မ္းစြာ ျဖတ္သန္းရေရးအတြက္ ထန္​ေ႐ွာင္းယြီသည္ ပူးေပါင္းေဆာင္႐ြက္မႈမ်ိဳးကို ရ႐ွိရန္ ေမွ်ာ္လင့္ခ်က္ျဖင့္ ျဖစ္လာမည့္အရာမ်ားကို ေဖာ္ျပရန္မွတပါး တျခားေ႐ြးခ်ယ္စရာမ႐ွိေပ။

"ေကာင္းၿပီေလ...ဒါဆို မင္းျပန္လာတဲ့အခါ ကိုယ့္ေတာင္းဆိုခ်က္အားလုံးကို နားေထာင္ေပးရမယ္။" ခ်ိဳးက်ီယန္သည္ သူ႕ကို ကုတင္ေပၚမွာ ဖိထားရင္း သူ႕နား,နားသို႔ကပ္ကာ တိုးတိုးေလးေျပာလိုက္သည္။

ထန္​ေ႐ွာင္းယြီ၏မ်က္ႏွာသည္ ခ်က္ခ်င္းပင္ မီးေတာက္သြားေတာ့သည္။

ဒီလူက ဘာလိုမ်ား အ႐ွက္မဲ့ရတာလဲ!

"သေဘာတူတယ္မလား?" ထန္​ေ႐ွာင္းယြီ၏လည္ပင္းတြင္ ဟက္ကီထင္းထင္းကို ဖန္တီးရန္အတြက္ ခ်ိဳးက်ီယန္က ေတာင္းဆိုခဲ့ၿပီး သူ႕ရဲ႕မ႐ိုးသားသည့္လက္ေတြက ေအာက္ဘက္ဆီသို႔ ေလွ်ာတိုက္ဝင္သြားကာ ပစ္မွတ္ဆီသို႔ဦးတည္​ေန၏။

ထန္​ေ႐ွာင္းယြီသည္ သူ႕ေခါင္းသူ ဖိႏွိပ္လိုက္ရင္း အနည္းငယ္ စိတ္႐ႈပ္လာရသလို ရယ္လည္းရယ္ခ်င္လာမိသည္။

"ဟင္.....လက္ခံတယ္မလား?" ခ်ိဳးက်ီယန္သည္ သူ႕လက္ကို အနည္းငယ္ ေျဖေလွ်ာ့လိုက္ၿပီး ဆြဲေဆာင္မႈ႐ွိတဲ့ မ်က္လုံးေတြနဲ႔ သူ႕ကို ေစ့​ေစ့ၾကည့္လိုက္သည္။

"အင္း" ထန္​ေ႐ွာင္းယြီသည္ သူ႕လည္ပင္းကို လက္ႏွစ္ဖက္ျဖင့္ ေပြ႕ပတ္ထားကာ သူ႕ပါးျပင္ေတြက နီျမန္းလာသည္။

အား.....႐ွက္စရာေကာင္းလိုက္တာ!

ခ်ိဳးက်ီယန္သည္ ထန္​ေ႐ွာင္းယြီ၏ပါးျပင္ကို သူ႕လက္​ေခ်ာင္းေတြျဖင့္ ညင္သာစြာ ပြတ္သပ္ၿပီး နက္႐ိႈင္းစြာ နမ္း႐ိႈက္လိုက္သည္။

လက္ေခ်ာင္းေတြက ေရာယွက္ေနၿပီး ႏႈတ္ခမ္းေတြကလည္း ထိေတြ႕​ေနသည္။သူတို႔ရဲ႕ စိတ္အားထက္သန္မႈေတြက လြန္ကဲလြန္းလို႔ သူတို႔ပတ္ဝန္းက်င္က ေလေတြေတာင္ ေႏြးေထြးေနတာပဲ။

____________________

"ကြၽန္ေတာ္ နည္းနည္းေတာ့ စိတ္လႈပ္႐ွားေနတယ္!" တျခားတစ္ဖက္ ျမင္ကြင္းတစ္ခုတြင္ ဆု​ေ႐ွာင္းႏိုသည္ ကုတင္ေပၚတြင္ တင္ပ်ဥ္ေခြထိုင္ကာ ေလးနက္စြာေျပာခဲ့သည္။

"ဒါဆို မသြားနဲ႔။" အိုးရန္လုံက သူ႕ဆံပင္ေတြကို ေျခာက္ေအာင္မႈတ္ေပး​ေနရင္း ျပန္ေျဖလိုက္သည္။ "မနက္ျဖန္ ကိုယ္တို႔ ဖက္ထုပ္သြားစားၾကမယ္"

".........."

ဆု​ေ႐ွာင္းႏိုသည္ သူ႕ကိုေဝဖန္အျပစ္တင္ဖို႔ အၾကည့္တစ္ခ်က္ေပးလိုက္သည္။ "ဘယ္လိုမ်ား ဒီလို​ေျပာရတာလဲ!နည္းနည္းေလး ႏူးႏူးညံ့ညံ့သိမ္သိမ္​ေမြ႕ေမြ႕နဲ႔ 'ေဘဘီ၊ မေၾကာက္နဲ႔။မင္းက အေကာင္းဆုံးပါပဲ!မင္းသူတို႔ကို အႏိုင္ပိုင္းလိုက္လို႔ရပါတယ္။'ဆိုၿပီး ေျပာလို႔မရဘူးလား? အားေပးစကားေတြ မေျပာရင္​ေတာင္ ဆိုး​လွေနၿပီကို ၾကည္လင္ေတာက္ပတဲ့ မုန္႔လႊာနဲ႔ ေမႊးႀကိဳင္တဲ့ဖက္ထုပ္ေၾကာ္ေတြရဲ႕ အတြင္းပိုင္းမွာ အသား​​ေတြထည့္ထားတဲ့ စြပ္ျပဳတ္ေတြနဲ႔ေတာင္ ဆြဲေဆာင္ေနလိုက္ေသးတယ္!"

မွန္ပါတယ္!foodie သမားတစ္ေယာက္က ႐ိုး႐ွင္းတဲ့ စကားလုံးႏွစ္လုံးပါတဲ့ အစားအစာ "ဖက္ထုပ္ေၾကာ္" ကို ခန္းနားႀကီးက်ယ္တဲ့ ေဖာ္ျပခ်က္အျဖစ္ ခ်က္ျခင္း ေျပာင္းလဲႏိုင္ပါသည္။

"အဲဒီအ​ေပၚမွာ အရမ္းႀကီးမ​ေတြးနဲ႔။အနားယူေတာ့​ေလ။" ဆုႏို၏ ညဝတ္အက်ႌကို ျပန္ျဖန္႔​ေပးလိုက္ၿပီး အိုးရန္လုံက ေျပာလိုက္သည္။

"ျမန္ျမန္ေလး ခြန္အားျဖည့္ေပးေနာ္" ဆုႏိုသည္ အ​ေရျပားမွာ ပတ္တီးပတ္ထားသကဲ့သို႔ျဖစ္ေနၿပီး ကပ္တြယ္ေနသည္။

မစၥတာ CFO က သူ႕မ်က္ႏွာကို နမ္းလိုက္၏။

လက္​ေတြ႕လုပ္ရပ္ေတြကို မသုံးနဲ႔ေနာ္၊ဒါ႐ိုက္တာႀကီးရဲ႕ စကားလုံးခ်ိဳခ်ိဳ​ေလးေတြကိုပဲ သုံး!

ထို႔​ေၾကာင့္ ဆုႏိုသည္ ဗ်ဴဟာက်က် ေမးလိုက္သည္- "ကြၽန္ေတာ္က လႊမ္းမိုးႏိုင္တယ္လို႔ ဒါ႐ိုက္တာႀကီး ထင္လား?"

အိုးရန္လုံသည္ သူ႕အျပဳံးကိုမနည္းမ်ိဳသိပ္ထားရသည္။

"ျမန္ျမန္ေျဖေနာ္!" ဆု​ေ႐ွာင္းႏိုသည္ သူ႕ရဲ႕ညဝတ္အက်ႌေကာ္လံကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထား၏။

မစၥတာ CFO သည္ သူ႕ရဲ႕ေယာက်္ားပီသမႈႏွင့္ ရဲစြမ္းသတၱိကို ခ်ီးမြမ္းရန္ စကားလုံးငါးေထာင္တိတိကို ခ်က္ခ်င္းအသုံးျပဳကာ "ေတာက္ေလာင္ေနတဲ့ မီးေတာက္မ်ားၾကားတြင္ ၿမိဳ႕႐ိုးကို ကုတ္တြယ္တက္ျခင္းႏွင့္ ညအခ်ိန္ပင္လယ္ျပင္ကို တြန္းလွန္ရင္ဆိုင္ျခင္း" ကဲ့သို႔ေသာ ခမ္းနားထည္ဝါေသာ စကားစုမ်ားလည္းအပါဝင္ပင္ ေျပာလိုက္သည္။

ကံမေကာင္းစြာပဲ ဤခ်ီးက်ဴးမႈမ်ားသည္ ဆု​ေ႐ွာင္းႏို၏စိတ္ကူးယဥ္႐ုပ္ပုံမ်ားသာ။

အမွန္က သူ ျပင္သစ္အနမ္းကိုရလိုက္တာပါပဲ!ထို႔အျပင္ အိုးရန္လုံသည္ ဆု​ေ႐ွာင္းႏိုကို မသိမသာျဖင့္ ဆက္လက္၍ ပေရာပရည္လုပ္ျပန္သည္။

"... ဒါ႐ိုက္တာႀကီးက...ေတာ္ေတာ္ ဆိုးတာပဲ!" ဆု​ေ႐ွာင္းႏိုသည္ ေဒါသတႀကီးျဖင့္ သူ႕လက္ႏွစ္ဖက္ေရာ ေျခေထာက္ႏွစ္ဖက္နဲ႔ပါ အိုးရန္လုံကို အတင္းတြန္းထုတ္ကာ ေဘာင္းဘီကို ဆြဲတင္လိုက္သည္။

ဒါဟာ သူ႕ရဲ႕ ေယာက်္ားဂုဏ္သိကၡာအတြက္ သံသယျဖစ္စရာ စိန္ေခၚမႈတစ္ခုပါပဲ။

"မနက္ျဖန္က်ရင္ သတိထားရမယ္ေနာ္။' အိုးရန္လုံသည္ သူ႕ရဲ႕ပေရာပရည္က်တဲ့ အျပဳံးကို ထိန္းထားၿပီး သူ႕ကို ေပြ႕ဖက္ထားလိုက္သည္။

"ကြၽန္ေတာ္သိပါတယ္။" ဆု​ေ႐ွာင္းႏိုသည္ သူ႕ကိုယ္သူ သက္ေတာင့္သက္သာ႐ွိေသာ အေနအထားသို႔ ျပန္လည္ျပင္ဆင္လိုက္ၿပီး ဆက္ေျပာလိုက္သည္။
"အစ္ကိုႀကီးလည္း မနက္ျဖန္ အဲဒီမွာပဲ ႐ွိေနလိမ့္မယ္။ဘာျပႆနာမွ ႐ွိလာမွာမဟုတ္ပါဘူး။"

"ဒီေလာင္းကစားေၾကးဆယ္ခုေလာက္ကို ေပါင္းထည့္ေပးရင္ေတာင္ မင္းတစ္ေယာက္ထက္ အေရးမႀကီးဘူး။" အိုးရန္လုံသည္ သူ႕လက္ေတြကို သူ႕လက္ဖဝါးထဲမွာ ဆုပ္ကိုင္လိုက္ၿပီး ေထြး​ေပြ႕ထားလိုက္သည္။ "အဲဒါဆိုရင္​​ေတာင္ ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ရမယ္,ဟုတ္ၿပီလား?""

အိုးမိုင္​ေဂါ့!ဒီျမတ္ႏိုးတြယ္တာဖြယ္စကားလုံး​ေတြက အမွန္တကယ္ကို ရင္ထဲလႈပ္႐ွားေစတာပဲ!

ဆုႏို၏စိတ္ထဲတြင္ တလက္လက္ေတာက္ပေနတဲ့ မီး႐ွဴးမီးပန္းမ်ား ခ်က္ခ်င္း ထြက္ေပၚလာေတာ့သည္။သူ႕ရဲ႕လူႀကီးက ေယာက်္ားပီသတဲ့အျပင္ ႏူးညံ့သိမ္ေမြ႕ေသးတယ္-အမ်ိဳးသားေတြၾကားထဲက ႐ွားပါးေယာက်္ားပဲ။
သူ႕မွာ သံမဏိလိုေတာင့္​ေတာင့္တင္းတင္း​ခႏၶာကိုယ္႐ွိ႐ုံသာမက ခ်စ္ျခင္းေမတၱာစကားကိုလည္း ေျပာဆိုႏိုင္ေသးတယ္။ဒီလို ျပည့္စုံမႈမ်ိဳးက!သူ႕မွာမနက္ျဖန္လုပ္စရာေတြ႐ွိေနေသးတာမို႔လို႔ ကံမေကာင္းလိုက္တာ၊မဟုတ္ရင္ 'ခ်က္ခ်င္းကို အိပ္ယာေပၚတက္ၿပီး ခဏခဏမလုပ္လိုက္ရတာကမွ' ႐ွက္စရာျဖစ္ေနလိမ့္မယ္။

"ေကာင္းေသာညပါ ေဘဘီ" အိုးရန္လုံသည္ သူ႕ကို တင္းတင္းက်ပ္က်ပ္ ဖက္ထားသည္။

"ဂြတ္ႏိုက္!" သူ႕အသံက ထူးထူးျခားျခား ႏူးညံ့လို႔​ေန၏။ ဆုႏိုသည္ အိပ္မေပ်ာ္ႏိုင္ေလာက္ေအာင္ လႈပ္လႈပ္႐ြ႐ြ ျဖစ္ေနေသးသည္။

သူသည္ အလုပ္ကိစၥနဲ႔ပတ္သတ္ၿပီး မတက္မႂကြျဖစ္ေနခ်ိန္မွာေတာင္ အိုးရန္လုံရဲ႕ absကို ေကာင္းေကာင္းခံစားေနလိုက္ေသးသည္။

"အရမ္းႀကီး မလႈပ္ေနနဲ႔ေလ။" အိုးရန္လုံသည္ သူ႕လက္ေတြကို ဖိခ်ထားလိုက္သည္။

"ကြၽန္ေတာ္ အိပ္မေပ်ာ္ဘူးေလ" ဆုႏိုသည္ အေမွာင္ထဲတြင္ သူ႕ကို စိုက္ၾကည့္ေန၏။

"မနက္ျဖန္မွာ စိတ္ၾကည္လင္ၿပီး သတိ႐ွိ႐ွိ ျဖစ္ဖို႔အတြက္ အိပ္ေရးဝေအာင္ အိပ္ထားဖို႔လိုတယ္။" အိုးရန္လုံသည္ ဆုႏိုကို သူ႕ရင္ဘတ္ေပၚသို႔ ဆြဲတင္လိုက္သည္။

"မ်က္လုံးမွိတ္ထား။"

ငါ့လူႀကီးက ၾသဇာ႐ွိၿပီး ဆြဲ​ေဆာင္မႈ႐ွိလြန္းတယ္။ဆု​ေ႐ွာင္းႏိုသည္ သူ႕ရင္ဘတ္ကို လက္ညိႇဳးေလးျဖင့္ ထိုးလိုက္သည္။

သူကို like ေပးသင့္တယ္!

"မင္းအတြက္ ဘဲေကာင္ေရကို ေရတြက္ေပးေစခ်င္လား?" အိုးရန္လုံက ေမးလိုက္သည္။

"ဘာလို႔ သိုးေကာင္ေရကို မ​ေရတြက္တာလဲ?" ဆုႏိုက စိတ္႐ႈပ္စြာနဲ႔ ေမးလိုက္သည္။

"မင္းက ဘဲက​ေလးနဲ႔ ပိုတူလို႔။" အိုးရန္လုံသည္ သူ႕ေခါင္းထိပ္ေလးကို နမ္းလိုက္၏။

"ဟင္း....ေကာင္းၿပီေလ။" ဆုႏိုသည္ လိုက္ေလ်ာညီေထြစြာ မ်က္လုံးကိုမွိတ္လိုက္သည္။

"ဘဲက​ေလးတစ္ေကာင္၊ ဘဲက​ေလးႏွစ္ေကာင္......." မစၥတာစီအီးအို၏အသံသည္ သံလိုက္ကဲ့သို႔ ဆြဲငင္​ေစၿပီး တိုးညင္းကာ ယစ္မူး​ေစသည္။

ပိန္းဥဘဲသားေၾကာ္က ေသာက္ရမ္းအရသာ႐ွိတယ္! ဂ်င္းဘဲသားေၾကာ္ကလည္း အရသာ႐ွိပ!
ဘီယာေဆာ့စ္ထဲမွာစိမ္ထားတဲ့ဘဲရင္အုံသားက ပိုေမႊးၿပီး ရတနာေဆာ့စ္႐ွစ္မ်ိဳးနဲ႔ ႏွပ္ထားတဲ့ ဘဲသားပူပူကိုဖြင့္လိုက္တာနဲ႔ ဟင္းခတ္အေမႊးအႀကိဳင္ဆန္႐ွစ္မ်ိဳးနဲ႔ ေျပာင္လက္ေနေအာင္စိမ္ထားတဲ့အသားကို ေတြ႕ရမွာျဖစ္ၿပီး ေမႊးပ်ံ႕ ႂကြပ္႐ြေနတဲ့ ေျပာင္းဖူးအပိုင္းအစေတြက အေပၚကေန ျဖန္႔ျဖဴးက်ဲေန....ခံတြင္း​ေတြ႕႐ုံသာမက သြားရည္ပါယို​ေလာက္တယ္!
ဆု​ေ႐ွာင္းႏိုသည္ သြားရည္ေတာင္ မထိန္းႏိုင္ေတာ့။ တိတ္ဆိတ္ၿငိမ္သက္ေသာညတြင္ ဝမ္းက်ိဳက္သံ(ဂလု)က သိသိသာသာ ေပၚထြက္လို႔သြားသည္။

အိုးရန္လုံ:.......

"ဟန္နီ...." ဆုႏိုသည္ ကုတင္ေပၚတြင္ လွိမ့္လိုက္ လွည့္ပတ္လိုက္ရင္း သူ႕ကို ေပြ႕ဖက္လိုက္သည္။

အခု ပိုေတာင္ ဗိုက္ဆာေနၿပီ!အိပ္ေပ်ာ္ဖို႔ မျဖစ္ႏိုင္ဘူး! ဒါတင္မကေသးဘဲ "ေမႊးႀကိဳင္တဲ့ ကဏန္းခ်ဥ္စပ္ဟင္းကို ဆုံး႐ႈံးခဲ့ရျခင္း" ရဲ႕ နာက်င္စရာအမွတ္ရမႈႀကီးကိုလည္း သတိရလိုက္မိပါေသးသည္။

"လိမၼာပါတယ္ကြာ။ကိုယ္ ေရခ်ိဳးခန္း သုံးလိုက္ဦးမယ္"အိုးရန္လုံသည္ သူ႕ကို ေဘးမွာခ်ထားလိုက္ၿပီး ကုတင္ေဘးက မီးခြက္ကိုဖြင့္လိုက္သည္။

ဆု​ေ႐ွာင္းႏိုသည္ ေခြးကေလးကဲ့သို႔ အ႐ွက္မ႐ွိ ကုတင္ေပၚတြင္ လွဲေလ်ာင္းေနကာ ေခါင္းအုံးကို ေပြ႕ဖက္ထားရင္း မ်က္ႏွာသည္လည္းနီရဲလာၿပီး မ်က္လုံးေတြကလည္း တလက္လက္ေတာက္ပေနသည္။

မစၥတာ CEO သည္ စိတ္ထဲက​ေန သက္ျပင္းတစ္ခ်က္ခ်ကာ ဟန္​ေဝဆီကို ဖုန္းေခၚဆိုခဲ့သည္။

"ဒီအခ်ိန္ႀကီး မင္းက ဘာလို႔ ငါ့ဆီကိုဖုန္းဆက္ရတာလဲ?" ဟန္ေဝက အံ့ၾသစြာ ေမးလိုက္သည္။

"ႏိုႏိုက အရမ္းစိတ္လႈပ္႐ွားေနၿပီး စိတ္အားထက္သန္ေနတဲ့ပုံရတဲ့အျပင္ နည္းနည္းေလးလည္း ရမၼက္ထေနပုံရတယ္,ဘာပဲျဖစ္ျဖစ္ သူအိပ္မွာမဟုတ္ေတာ့ဘူး။" အိုးရန္လုံသည္ အနည္းငယ္ ကူကယ္ရာမဲ့သြားသလို ခံစားရသည္။

ဟန္ေဝသည္ သူ႕နားထင္ကို ႏွိပ္နယ္လိုက္သည္။

"သူ႕ကို အိပ္ေပ်ာ္ေအာင္လုပ္ဖို႔ နည္းလမ္း႐ွိလား?" အိုးရန္လုံသည္ ဟန္ေဝထံ အကူအညီေတာင္းရန္ ႐ွားေသာ္လည္း ယခုအခ်ိန္မွာ​ေတာ့ အမွန္တကယ္ပင္ စဥ္းစားရန္ ဉာဏ္မမီေတာ့ေပ။ဟန္​ေဝကလည္း
ဆုႏို၏အရင္းႏွီးဆုံးမိသားစုဝင္မလား။

"အဆင္ေျပတယ္။သူ႕ကိုဒီအတိုင္းသာထားလိုက္။အဆိုးဆုံးအေျခအေနဆိုရင္ေတာင္ သူ တစ္ညလုံးဒီအတိုင္း​ေနသြား႐ုံပဲ႐ွိမယ္။ဒါက သူ႕ကို အမ်ားႀကီး ထိခိုက္ေစမွာ မဟုတ္ဘူး။ေကာလိပ္ဝင္ခြင့္စာေမးပြဲမတိုင္ခင္တုန္းက​ေတာင္ တစ္ညလုံး အိပ္မေပ်ာ္ဘဲ တစ္ညလုံး စႏၵယားတီးခဲ့​ေသးတယ္။ဒါ​ေတာင္ သူ႕ေက်ာင္းတစ္ေက်ာင္းလုံးမွာ နံပါတ္ ၃ ေနရာမွာ ရပ္တည္ႏိုင္ေနတုန္းပါပဲ။"

"..........."

ဒါက ဘယ္လိုေရာဂါမ်ိဳးလဲ!

အိုးရန္လုံသည္ ႐ႈပ္ေထြးေပြလီစြာျဖင့္ ဖုန္းကိုခ်လိုက္ၿပီး အိပ္ခန္းထဲသို႔ ျပန္ဝင္သြားကာ ဆုႏိုသည္ကား အတင္းအဖ်င္း မဂၢဇင္းကို ေလးနက္စြာ စစ္ေဆးၾကည့္​ေန၏။

"မင္းက တုံးတာလား ဉာဏ္ေကာင္းတာလားဆိုတာ ကိုယ္တကယ္မသိေတာ့ဘူး" အိုးရန္လုံသည္ သူ႕လည္ပင္းကို ကိုက္လိုက္သည္။သူသည္ တုံးတုံးအအ အ႐ုပ္​ေလးလို ျဖစ္ေနသည္မွာ ထင္႐ွားေသာ္လည္း အခ်ိဳ႕ေနရာမ်ားတြင္ သူသည္ အလြန္အမင္း မယုံႏိုင္ေလာက္ေအာင္ ေတာ္​ေန​ေသးသည္။

ဆုႏိုသည္ သူ႕ကို ႏွာတစ္ခ်က္မႈတ္ကာေ႐ွာင္လိုက္ၿပီး ကုတင္ေပၚမွာ ဆက္အိပ္ေနကာ ခ်ိဳးက်ီယန္ကို bowties တပ္​​ေပး​ေနလိုက္သည္။

အိုးရန္လုံသည္ မရယ္ဘဲ မေနႏိုင္ေတာ့​ေပ,သူသည္ စာအုပ္တစ္အုပ္ကို ဆြဲယူကာ တစ္ညလုံး သူႏွင့္အတူ အ​ေဖာ္ျပဳ​ေပးခဲ့သည္။

ဆုႏိုသည္ မိုးလင္းခါနီးတြင္ အိပ္ေပ်ာ္သြားေတာ့သည္။အိုးရန္လုံက မဂၢဇင္းစာအုပ္ကို ယူလိုက္ၿပီး ေစာင္ျဖင့္ ညင္သာစြာျခဳံ​ေပးလိုက္သည္။

"ဟန္နီ....." ဆုႏိုသည္ ႏိုးတစ္ဝက္အိပ္တစ္ဝက္အ​ေနအထားတြင္ အိုးရန္လုံ၏လက္ကို ဆုပ္ကိုင္လို႔ထားသည္။

"ကိုယ္ ဒီမွာ႐ွိတယ္..။" အိုးရန္လုံသည္ မီးကို ပိတ္လိုက္သည္။

"ဟန္နီ......" သူ႕ရဲ႕ ညည္းတြားသံ​ေလးႏွင့္ အိပ္​ေယာင္စုပ္ဖႊား အသံ​ေလးသည္ အလြန္ခ်စ္စရာေကာင္းေန၏။

"ကိုယ္ ဒီမွာ႐ွိတယ္ေလ။" အိုးရန္လုံသည္ သူ႕ရယ္ေမာသံကို ထိန္းလိုက္သည္။သူ အိပ္ေပ်ာ္ေနခ်ိန္မွာ ဘယ္လိုအလိုလိုက္​ေပး ျပဳမူရမယ္ဆိုတာ သိသည္။

"ကဏန္းခ်ဥ္စပ္စားခ်င္တယ္...." သူ ဒီအေၾကာင္းကို ဆက္ေတြး​ေန​ေသးတာပဲ!

"ေကာင္းၿပီ..."အိုးရန္လုံသည္ သူ႕ကို ေပြ႕ဖက္လိုက္သည္။ "မင္းျပန္လာရင္ ကိုယ္တို႔ ကဏန္းခ်ဥ္စပ္ကို သြားစားၾကမယ္။ၿပီးေတာ့ အမဲသားစတူးလည္းစားရမယ္။"

ဆုႏိုသည္ ေက်နပ္အားရစြာ ႐ွည္လ်ားတဲ့ ေဟာက္သံေလးေတြပင္ ထြက္လာေတာ့သည္။အိုးရန္လုံသည္ သူ႕ႏႈတ္ခမ္းေပၚသို႔ ႏူးညံ့သိမ္ေမြ႕တဲ့ အနမ္းတစ္ခုေပးဖို႔ရာ ေခါင္းငုံ႔လိုက္၏။

ေနာက္တစ္ေန႔မြန္းတည့္အခ်ိန္၌ ကားသမားသည္ ဆုႏိုႏွင့္ထန္​ေ႐ွာင္းယြီကို ခ်ိန္းထားသည့္ ေနရာတြင္ သြားေခၚခဲ့ၿပီး ၿမိဳ႕တြင္းမွ အတူတကြ ထြက္ခြာသြားၾကသည္။

ထန္​ေ႐ွာင္းယြီသည္ ခ်ိဳးက်ီယန္၏သတင္းမ်ားကို ဖုန္းထဲက​ေနတစ္ဆင့္ ႐ွာေဖြေနသည္။သူ႕အက်ႌေကာ္လံကို အနည္းငယ္ဖြင့္ဟ​ေနတာ​ေၾကာင့္ ေမွးမွိန္မွိန္အနီေရာင္အမွတ္တစ္ခုက ႏွင္းျဖဴေရာင္လို အသားရည္ထက္တြင္ ထင္း​ေန​ေလသည္။

"အမ္... မင္းလည္ပင္းက ဘာျဖစ္တာလဲ?" ဆုႏိုသည္ စူးစမ္းခ်င္စိတ္ေၾကာင့္ အနီးကပ္ၾကည့္လိုက္သည္။

"ဘာမွမဟုတ္ပါဘူး။" ထန္​ေ႐ွာင္းယြီသည္ အလ်င္အျမန္ အမွတ္အသားကို ဖုံးအုပ္လိုက္သည္။

'ဘာလို႔ ဒီေလာက္ထိ ကပ္​ေစးနဲ​ေနရတာလဲ?' ဆုႏိုတစ္​ေယာက္ စိတ္ဆိုးစြာျဖင့္ ႏႈတ္ခမ္းသည္ ေထာ္လန္သြားရသည္။သခင္ေယ႐ႈရယ္,ဒါ လည္ပင္းေလးပါပဲ!စစ္မွန္တဲ့ေယာက်္ားသားက သူ႕ရဲ႕ရင္ဘတ္ကိုဖြင့္ဟၿပီး သူ႕ရဲ႕ ရင္ဘတ္အေမႊးေတြကိုေတာင္ ေလထဲမွာ လႊင္​ေစခ်င္လိမ့္မယ္။

ငါ့မွာလည္း အံ့ၾသစရာေကာင္းေလာက္ေအာင္ကို ရင္ဘတ္အေမြးမ႐ွိေၾကာင္း ေျပာရတာ​ေတာ့ ေနာင္တရမိပါတယ္!
ဆု​ေ႐ွာင္းႏိုသည္ ေလးပင္စြာ သက္ျပင္းခ်လိုက္သည္။

တရားမွ်တဖို႔အတြက္ ထည့္သြင္းစဥ္းစားရာတြင္ ဟန္ေဝ၏ကာစီႏိုကစား႐ုံတြင္ မကစားၾကဘဲ အျခားေနရာ၌သာ ခ်ိန္းဆိုခဲ့သည္။

လက္႐ွိ VIP အခန္းထဲတြင္ မ်က္လုံးျပာျပာ,ေ႐ႊေရာင္ဆံပင္႐ွိတဲ့ အမ်ိဳးသား သုံးေယာက္ႏွင့္အတူ လက္ဖက္ရည္ေသာက္ေနသည့္ ခ်ဴဟန္တို႔ ထိုင္ေနၾကသည္။

"သူတို႔ရဲ႕ ဇာစ္ျမစ္ေတြကို သိလား?" ကင္းေထာက္စခရင္ေ႐ွ႕တြင္ ရပ္ေနရင္း ဟန္ေဝသည္ မ်က္ေမွာင္ၾကဳတ္ကာ ေျပာလိုက္သည္။

"သူတို႔ကို အေမရိက,ကေနေခၚထားတာကိုပဲ ငါတို႔ သိတယ္။အဲဒါကလြဲလို႔ က်န္တာဘာမွမသိရဘူး။သူတို႔က ကစားဖို႔ သက္သက္သာ ဒီမွာ႐ွိေနတာဆိုရင္ ဘယ္သူပဲျဖစ္ျဖစ္ အေရးမႀကီးဘူး။သူတို႔မွာ ယုတ္မာတဲ့ ရည္႐ြယ္ခ်က္ေတြ ႐ွိေနမွာကိုပဲ ငါစိုးရိမ္မိတယ္။"

"စိတ္မပူပါနဲ႔။ငါဘာလုပ္ရမယ္ဆိုတာ ငါသိတယ္။" ဟန္ေဝက သူ႕ပုခုံးေပၚ လက္တင္လိုက္သည္။

"သြားၾကရေအာင္။ဒါက ဦးေလးခ်န္ရဲ႕ နယ္ေျမ။ငါတို႔ သူ႕ကို ေလးစားမႈ ေပးရမယ္။"

နာရီဝက္အၾကာတြင္ ဆုႏိုႏွင့္ ထန္​ေ႐ွာင္းယြီသည္ ကာစီႏိုသို႔ေရာက္႐ွိလာသည္။

"စိတ္မပူပါနဲ႔။" ဟန္ေဝက စကားသိပ္မေျပာေတာ့​ေပ။ "သုံးေယာက္မွာ ႏွစ္ေယာက္ႏိုင္ရင္ ရၿပီ။မၾကာေသးခင္ကမွ အလုပ္မ်ားေနလို႔ မေန႔ကမွ ေရာက္လာတဲ့ Duke လို႔ ေခၚတဲ့ ေနာက္ထပ္လူတစ္ေယာက္ ႐ွိပါေသးတယ္။"

"မဂၤလာပါ။" တစ္ဖက္က အရပ္႐ွည္ၿပီး ႂကြက္သားအျပည့္နဲ႔ ျဖဴေဖြးတဲ့ အမ်ိဳးသားတစ္ဦးပင္။

အတိုခ်ံဳးမိတ္ဆက္ေပးၿပီးေနာက္ အဖြဲ႕တစ္ခုလုံးသည္ ကာစီႏိုဆိုက္ထဲသို႔ တိုက္႐ိုက္ဝင္သြားၾကသည္။

ကာစီႏိုပိုင္႐ွင္သည္ အသိုင္းအဝိုင္းအတြင္း႐ွိ ဂုဏ္သိကၡာျမင့္မားသည့္ အႀကီးအကဲတစ္ဦးျဖစ္သည္။သူရဲ႕ ကိုယ္က်င့္တရားကို ဂ႐ုမစိုက္ဘူးလို႔ပဲ ေျပာေျပာ အနည္းဆုံးေတာ့ အေပၚယံမွာေတာ့ ဟန္​ေဝနဲ႔ ခ်ဴဟန္က သူ႕ကို ေလးစားသမႈ​ေတာ့ ျပသရလိမ့္မည္။ဒါမွ ေလာင္းကစားပြဲ၏တရားမွ်တမႈကိုအာမခံေပးႏိုင္လိမ့္မည္။

"ဒီမွာ မင္းကဘာလုပ္ေနတာလဲ?" ခ်ဴဟန္သည္ ေလာ့လီကို ေအးစက္စြာ ႐ႈတ္ခ်ခဲ့သည္။သူ႕ေလသံက မႏွစ္ၿမိဳ႕ေန။

"ပြဲကို ႐ွဴ႕စားဖို႔​ေလ။ငါအဲဒီလိုလုပ္လို႔မရဘူးလို႔ မေျပာနဲ႔။" ေလာ့လီ၏ ႏႈတ္ခမ္းမ်ားက ေကြးၫြတ္သြားသည္။ "ဦး​ေလးခ်န္ နဲ႔ အား​ေဝက​ေတာင္ ဘာမွမေျပာရေသးဘူး,မင္းက အရမ္းစိတ္ဝင္စား​ေနတာပဲ။"

သူ႕ဦးေလး၏နာမည္ဂုဏ္သတင္းနဲ႔ယွဥ္ၿပီး ေကာင္းေကာင္းႀကီးေခ်ပႏိုင္ျခင္း မ႐ွိသည့္အတြက္ ခ်ဴဟန္သည္ ေဒါသတႀကီးျဖင့္သာ သူ႕ထိုင္ခုံဆီသို႔ ျပန္သြားႏိုင္သည္။

ကစားပြဲက ပိုမို႐ႈပ္ေထြးေလ၊လိမ္လည္လွည့္စားဖို႔က ပိုမိုလြယ္ကူေလျဖစ္ေသာေၾကာင့္ ယခုတစ္ႀကိမ္တြင္ သူတို႔သည္ အ႐ိုး႐ွင္းဆုံးေသာ Blackjack ကိုသာ ၎တို႔၏ေ႐ြးခ်ယ္မႈဂိမ္းအျဖစ္ ေ႐ြးခ်ယ္လိုက္ၿပီျဖစ္သည္။ႏွစ္ဖက္စလုံးမွ ကိုယ္စားလွယ္တစ္ဦးကို ေ႐ြးခ်ယ္မည္ျဖစ္ၿပီး တစ္ဦးလွ်င္ chips ျပားတန္ဖိုး ေဒၚလာတစ္ေသာင္းစီရမည္ျဖစ္သည္။အရင္႐ႈံးတဲ့သူက ထြက္သြားရလိမ့္မယ္။

၎သည္ ႐ိုး႐ွင္းၿပီး အခ်ိန္ကုန္သက္သာသည့္ ဂိမ္းတစ္ခုျဖစ္ေသာ္လည္း ေဒၚလာသန္းေပါင္းမ်ားစြာတန္သည့္ စီးပြားေရးစာခ်ဳပ္တစ္ခု၏ ရလဒ္ကို ဆုံးျဖတ္ေပးမည့္ဂိမ္းျဖစ္သည္။ဒါကို ဘယ္သူကမွ ေပါ့ေပါ့ဆဆ ခံယူမွာ မဟုတ္ပါဘူး။

ပထမပြဲစဥ္က DUKE ျဖစ္ၿပီး ဒုတိယကေတာ့ ထန္​ေ႐ွာင္းယြီနဲ႔ တတိယကေတာ့ ဆုႏို ျဖစ္သည္။

တစ္ေန႔တာ၏ပြဲစဥ္တြင္ ဟန္ေဝ၏အစီအစဥ္သည္ တစ္ကိုယ္ေကာင္းဆန္ဆန္အ​ေနအထား အနည္းငယ္႐ွိေနသည္။ပထမလူႏွစ္ေယာက္အႏိုင္ရပါက ဆုႏိုသည္ ေလာင္းကစား,စားပြဲသို႔သြားစရာမလိုပါ။ေလာင္းကစားသည္ မူးယစ္ေဆးဝါးႏွင့္တူ၏။၎ႏွင့္ ထိေတြ႕မႈနည္းေလေလ ပိုေကာင္းေလပင္။

ေဟာကြမ္းသည္ ဦးေလးခ်န္၏ေဆြမ်ိဳးတစ္ဦးပင္။သူမ၏ႀကီးမားဝိုင္းစက္သည့္မ်က္လုံးေတြ၊ဆံပင္ကို ခပ္ျမင့္ျမင့္ေျမႇာက္စည္းထားၿပီး ေတာက္ပတဲ့အျပဳံးျဖင့္ သူမသည္ ေကာလိပ္ေက်ာင္းသူေလးတစ္ေယာက္လိုပင္။

"အျခားတစ္ခုခုလုပ္လို႔ရရဲ႕သားနဲ႔ ဘာလို႔ဒီမွာ လာလုပ္ရတာလဲ?" ဆုႏိုက ဝမ္းနည္းဖြယ္ေလသံျဖင့္ ေျပာလိုက္၏။ "သူမ ေက်ာင္းသြားတက္ရမွာ။"

ထန္​ေ႐ွာင္းယြီက ဘာမွျပန္မ​ေျပာ​ေပ။

"အာ!ငါ အဲဒီအဓိပၸါယ္မ်ိဳး ေျပာလိုက္တာမဟုတ္ပါဘူး" ဆုႏိုသည္ သူ​ေျပာၿပီးမွ သတိရမိသြားသည္။ထန္​ေ႐ွာင္းယြီသည္လည္း ေလာင္းကစားလုပ္ရန္အတြက္ ေက်ာင္းမွထြက္ခဲ့သျဖင့္ ဆုႏိုသည္ အနည္းငယ္ အျပစ္႐ွိသလို ခံစားလိုက္ရသည္။

"ရပါတယ္။" ထန္​ေ႐ွာင္းယြီက တိတ္တဆိတ္ပဲ ေျပာလိုက္သည္။ "ဒါက ပိုေကာင္းေအာင္မလုပ္ႏိုင္တဲ့ ကြၽန္ေတာ္႕အျပစ္ပါပဲ။ကြၽန္ေတာ္႕လုပ္ရပ္ရဲ႕အက်ိဳးဆက္ကို ကြၽန္ေတာ္ေပးဆပ္ရမယ္ေလ။"

"ဒါေပမယ့္ မင္းအခု ေကာင္းေနၿပီေလ။" ဆုႏိုသည္ သူ႕လက္ကို ဆုပ္ကိုင္ထားၿပီး "ဒီအသိုင္းအဝိုင္းထဲက​ေန အနားယူၿပီးတာေတာင္ အစ္ကိုႀကီးကို ကူညီေပးလို႔ ေက်းဇူးတင္ပါတယ္"

Mask တပ္ထား​ေတာင္မွ ထန္​ေ႐ွာင္းယြီသည္ သူ႕ဘက္လွည့္ၿပီး ျပဳံးျပေနတုန္းပါပဲ။

သူ႕မ်က္လုံးမ်ားသည္ လေကြးျခမ္းသို႔ ေကြးၫြတ္လို႔သြားသည္။

ေလာ့လီသည္ ဦးေလးခ်န္၏ ထိုင္ခုံေနာက္တြင္ရပ္ေနလ်က္ သူ႕ပခုံးမ်ားကို ႏွိပ္နယ္ေပးရင္း စိတ္႐ႈပ္သြားကာသက္ျပင္းခ်လိုက္မိသည္;သူတို႔ေတြ ဒီလိုအခ်ိန္မွာေတာင္ တြတ္ထိုးေနၾကတုန္းပဲလား!

ပထမပြဲစဥ္စတင္ေနၿပီျဖစ္ၿပီး ကစားသမားႏွစ္ဦး၏ေ႐ွ႕တြင္ အျပာေရာင္ chipsျပား မ်ား အေျမာက္အျမားေရာက္႐ွိ​ေနၿပီျဖစ္သည္။

"DUKE ရဲ႕ေနာက္ခံကဘာလဲ?" ထန္​ေ႐ွာင္းယြီသည္ ကစားပြဲကိုၾကည့္ရင္း ဆုႏိုကို တိတ္တဆိတ္ ေမးလိုက္သည္။ဟန္ေဝ၏ အစီအစဥ္အရ ထန္​ေ႐ွာင္းယြီသည္ ယေန႔ကစားပြဲကို အႏိုင္ယူ​ေပး႐ုံသာမက တစ္ဖက္အဖြဲ႕က မလွည့္စားႏိုင္ဖို႔အတြက္ပါ ေစာင့္ၾကည့္ရမည္ျဖစ္သည္။

"သူကို လာ့စ္ဗီးဂတ္စ္က​ေန အထူးဖိတ္ၾကားထားၿပီး သူ႕ရဲ႕ေနရာမွာ​ေတာ့ ကြၽမ္းက်င္တယ္လို႔ သတင္းရထားတယ္။သူက အရမ္းဒုကၡေရာက္ေနခဲ့ၿပီး ထိပ္တန္းစာရင္းမွာေတာင္ ပါခဲ့ေသးတယ္။ ဒါ​ေၾကာင့္မို႔ အစ္ကိုႀကီးက သူ႕အခက္အခဲေတြကို ေျဖ႐ွင္းေပးမယ္လို႔ ကတိေပးလိုက္ၿပီး အ​ေပးအယူကေတာ့ သူ ဒီေလာင္းကစားပြဲကို အႏိုင္ရေအာင္ လုပ္​ေပးဖို႔ပဲ"

ထန္​ေ႐ွာင္းယြီသည္ ေခါင္းညိတ္လိုက္ၿပီး သူ႕မ်က္လုံးေတြက​ေတာ့ ကစားပြဲဆီကိုသာ အာ႐ုံစိုက္ေနဆဲပင္။

လွည့္စားျခင္းသာမပါဝင္ပါက Blackjack သည္ သခ်ၤာပညာ႐ွင္မ်ားအတြက္ ေကာင္းကင္ဘုံပင္ျဖစ္သည္။႐ွိရင္းစြဲ တြက္ခ်က္မႈပုံစံမ်ားႏွင့္ ျပသထားတဲ့ ကတ္ေတြကို အေျခခံၿပီး​ေတာ့ အေတြ႕အၾကဳံ႐ွိ ကစားသမားေတြက ေဟာကြမ္း၏ကတ္​ေတြထဲမွာ အျမင့္ဆုံးကတ္ေတြ မည္မွ်က်န္႐ွိေနေသးမည္ကို တြက္ခ်က္ၿပီး လက္႐ွိအေျခအ​ေနက အခြင့္ေကာင္းလား သို႔မဟုတ္ မိမိကိုယ္ကို ထိခိုက္ေစျခင္း႐ွိမ႐ွိ ဆုံးျဖတ္ရမည္ျဖစ္သည္။

ေဟာကြမ္းသည္ ကတ္​ေတြကို ေရ​ေလာင္းခ်သလို နည္းစနစ္ျဖင့္ ႐ွပ္တိုက္ၿပီး Duke ႏွင့္ သူ၏ၿပိဳင္ဘက္ျဖစ္သည့္ ထိပ္ေျပာင္လူ အား ထုတ္ေဖာ္ျပသထားသည့္ ကတ္တစ္ခုစီႏွင့္ ဖုံးကြယ္ထားသည့္ ကတ္တစ္ခုစီကို ေပးခဲ့သည္။

"႐ွပ္တိုက္လိုက္တုန္းက တစ္ခုခုမ်ား ႐ွိလိုက္​ေသးသလား?" ဆုႏိုက ဟန္ေဝကို ေမးလိုက္သည္။

ဟန္ေဝ ေခါင္းခါလိုက္ကာ။ "ဒါဟာ ပုံမွန္ ႐ွပ္တိုက္မႈ နည္းလမ္းတစ္ခုပါပဲ"

ဆုႏိုသည္အနည္းငယ္ စိတ္သက္သာရာရသြားသည္။႐ိုး႐ိုးသားသားေျပာရရင္ ႐ႈံးရမွာကို တကယ္ေၾကာက္ေနတာပဲ ျဖစ္သည္။ကစားလို႔ သက္သက္သာမက လွည့္စားျခင္းေၾကာင့္လည္း ႐ႈံးႏိုင္သည္ေလ။

"စိတ္မပူပါနဲ႔။" ဟန္ေဝသည္ သူ႕လည္ကုတ္ကို ညစ္လိုက္သည္။ "မင္းက အစ္ကိုႀကီးရဲ႕ဖိုးကံေကာင္းေလး mascot ပဲေလ။အစ္ကိုႀကီးတို႔အႏိုင္ရမွာေသခ်ာတယ္။"

ဘာကို ကံေကာင္းတဲ့ mascot လဲ !ဆု​ေ႐ွာင္းႏိုသည္ စိတ္ဆိုးစြာျဖင့္ ၿငီးတြားလိုက္သည္။

[Mascot ဆိုတာ ေအာက္က​ေနတစ္ကိုယ္လုံးစြပ္ၿပီး အ႐ုပ္ဝတ္စုံႀကီးဝတ္ထားတဲ့ သူ​ေတြကို ေျပာတာပါ]

ၾကားလိုက္႐ုံနဲ႔ ႏူးညံ့ၿပီးေပြ႕ဖက္ေနတတ္တဲ့ သားေမြးလုံးေလးကို သတိရလိုက္မိသည္။ဒါက လုံးဝ ေယာက်္ားဆန္ေစတာ မဟုတ္ပါဘူး။

ကံေကာင္းတဲ့ mascot လို႔ တံဆိပ္မကပ္ခ်င္ေပမယ့္ ႐ူးေလာက္တဲ့အခ်က္ကေတာ့ တကယ္ကို သက္ေရာက္မႈ႐ွိေနတာပါပဲ။

ဘာလို႔လဲဆိုေတာ့ DUKE က အသည္းအသန္ေဆာ့ကစားလိုက္ရတာမ်ိဳးမ႐ွိဘဲ မထင္မွတ္စြာ အႏိုင္ရခဲ့သည္။

ေလာင္းကစားစားပြဲမွ ထြက္ခြာသြားေသာအခါတြင္ သူ၏ၿပိဳင္ဘက္သည္ အတည္​ေပါက္ႀကီး က်ိန္ဆဲခဲ့သည္မွာ သိသာထင္႐ွား၏။

ခ်ဴဟန္၏မ်က္ႏွာမွာ အနည္းငယ္ ေမွာင္မိုက္လို႔သြားသည္။

ေနာက္တစ္ဆင့္ကို ဆယ္မိနစ္အတြင္း စတင္မည္ ျဖစ္ကာ ႏွစ္ဖက္စလုံးက "စိတ္​ေလွ်ာ့ရန္" ဟူသည့္ စိတ္အ​ေျခအ​ေနကို ႏွလုံးသြင္းကာ အသီးသီး မိမိတို႔၏နားေနခန္းသို႔ သြားၾကသည္။

Duke သည္ သူ၏တာဝန္ကို ေအာင္ျမင္စြာ ၿပီးေျမာက္ခဲ့တာ​ေၾကာင့္ ၾကည္ႏူးစရာေကာင္းသည့္ ခံစားခ်က္ျဖင့္ နံရံကို မွီ၍ ေဆးျပင္းလိပ္ကို မီးညႇိလိုက္သည္။

"အဲဒါ ဘယ္လိုေနလဲ?" ဟန္ေဝက ထန္​ေ႐ွာင္းယြီကို ေမးလိုက္ျခင္းသာ။

"ဒီပြဲက ဘာမွမမွားပါဘူး၊ ဒါေပမယ့္ တစ္ခုခုေတာ့ လြဲေနၿပီလို႔ ကြၽန္ေတာ္ ခံစားရတယ္။" ထန္​ေ႐ွာင္းယြီသည္ မ်က္ခုံးက်ံဳ႕လိုက္ၿပီး "ဘာကိုလည္း ဆိုတာကို​ေတာ့ မ​ေျပာတတ္ဘူး"

"ထူးဆန္းတာလား?" ဆုႏိုသည္ အနည္းငယ္ အံၾသသြားသည္။ "ဘာမွမွားတာ မေတြ႕ပါဘူး။"

"မင္းက ကာစီႏိုေတြမွာ ပုံမွန္ပြဲထြက္ေလ့မ႐ွိတာေၾကာင့္ ဘာကိုမွ မသိတာ​ေလ,ၿပီးေတာ့ blackjack ကစားတဲ့အခါတိုင္း အၿမဲအႏိုင္ရၿပီး ဘယ္ေတာ့မွ မ႐ႈံးတာေၾကာင့္လည္းပါတယ္။" ဟန္ေဝသည္ သူ႕ဆံပင္ကို ျပန္ျပင္ေပးလိုက္သည္။ "တကယ့္ ေလာင္းကစားပြဲဆိုတာက ဒီလို မျဖစ္သင့္ဘူး"

"ဒါဆို ဘယ္လိုျဖစ္ရတာလဲ?" ဆုႏိုသည္ သူ နားေထာင္ေလေလ သူပို၍ အံ့ၾသမိေလေလပင္"

"ဒီနည္းကိုပဲၾကည့္၊ DUKE က အခုတင္ပဲ ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ အႏိုင္ရခဲ့တာ။ၿပိဳင္ဘက္က အေပၚယံမွာေတာ့ သတိထားေနေပမယ့္ ေသးငယ္တဲ့အမွားေတြကို ဆက္တိုက္လုပ္ခဲ့တယ္။ခ်ဴဟန္ အထူးတလည္ဖိတ္ထားမယ့္သူရဲ႕ အဆင့္နဲ႔ မတူဘူး။"

ဆုႏိုက နားမလည္ေသးေပ။

"ဒီကိစၥေတြအတြက္ စိတ္ပူေနစရာ မလိုပါဘူး။မင္းလုပ္စရာ႐ွိတာကိုလုပ္ၿပီး က်န္တာေတြကို အစ္ကိုႀကီးဆီကိုသာ ထားလိုက္။"

"ေကာင္းၿပီေလ...." ဆုႏိုသည္ သူ႕ကိုယ္သူ စိတ္သက္သာရာရရန္အတြက္ အသက္ခပ္ျပင္းျပင္း႐ွဴလိုက္သည္။

"အေကာင္းဆုံးကို လုပ္။" ဟန္​ေဝသည္ ထန္​ေ႐ွာင္းယြီ၏ပုခုံးကို ပုတ္ကာ ျပင္းျပင္းထန္ထန္ ဖိညစ္လိုက္သည္။

ထန္​ေ႐ွာင္းယြီသည္ သူႏွင့္ အၾကည့္ခ်င္းဖလွယ္ကာ ထူးထူးျခားျခား ဘာမွမေျပာေပ။

ဆယ္မိနစ္အခ်ိန္သည္ ခပ္ျမန္ျမန္ပင္ကုန္သြားေတာ့သည္။ကာစီႏိုအတြင္းပိုင္းမွာ​ေတာ့ ခ်ဴဟန္သည္ ဆိုး႐ြားတဲ့စိတ္အ​ေျခအ​ေနတြင္​႐ွိ​ေနလ်က္ ျဖစ္ကာ ပထမအခ်ီတြင္ ႐ႈံးနိမ့္ခဲ့ျခင္းေၾကာင့္ ျဖစ္ႏိုင္သည္။သူ႕အၾကည့္ေတြက အရင္ကထက္ ပိုလို႔ေတာင္ ရန္စ​ေနဟန္႐ွိသည္။

"သူဘာေတြ ျဖစ္ေနတာလဲ?" ဆုႏိုသည္ တိုးတိုးေလးေျပာလိုက္သည္။ "သူ႕ရဲ႕သ႐ုပ္​ေဆာင္ခ်က္ႀကီးက အေပၚယံ ဗလာသက္သက္ႀကီးပဲ"
သူ႕ကို က်ံဳးလီဖုန္းပိုင္ဆီမွာ သုံးလၾကာ ေလ့က်င့္ေပးသင့္တယ္။

ထန္​ေ႐ွာင္းယြီသည္ chips ျပားမ်ားကို ယူကာ ကစားပြဲဆီသို႔ သြားခဲ့သည္။

"DUKE ေရာ ဘယ္မွာလဲ?" ဆုႏိုသည္ ပတ္ဝန္းက်င္ကို စပ္စပ္စုစု ၾကည့္ေနသည္။

"သူ႕ပိုက္ဆံေတြကို ယူသြားၿပီး ျပန္ၿပီ။" ဟန္ေဝက ျပန္ေျဖလိုက္သည္။

ဆုႏိုတစ္​ေယာက္ အံ့ၾသလ်က္။ "Damn!သူက တကယ့္သမားပဲ!"

"သူ႕ရဲ႕ပန္းတိုင္က ပထမေနရာရဲ႕ ပိုက္ဆံေလ။သူ႕တာဝန္ၿပီးေျမာက္ၿပီးရင္ သူထြက္သြားမွာပဲ" ဟန္ေဝက ျပဳံးလိုက္သည္။ "လူတိုင္းကို ပိုက္ဆံကိုသိပ္အေလးမထားတဲ့ မင္းနဲ႔ တူတယ္လို႔ ထင္​ေနတာလား!"

"..........."

ပိုက္ဆံကို ဂ႐ုမစိုက္ဘူးလို႔ ဘယ္သူေျပာလဲ?ကြၽန္ေတာ္က ေငြကို ႀကိဳက္တဲ့သူဆိုတာ အသိသာႀကီးကို။ကြၽန္ေတာ္ အထက္တန္းေက်ာင္းၿပီးကတည္းက လွ်ိဳ႕ဝွက္ၿပီး ေငြေတြစုေနခဲ့တာ​။အစ္ကိုႀကီးက ဒီကိစၥကိုမွ ေသခ်ာမသိတာ​ေလ။

ဆုႏိုသည္ စိတ္ထဲက​ေန သူ႕ကိုယ္သူ ခ်ီးမြမ္းလိုက္မိသည္။သူ႕အစ္ကိုႀကီးရဲ႕ စူပါႀကီးၾကပ္မႈကေန လြတ္ေျမာက္ၿပီး သူ႕ဘာသာသူ ေငြစုႏိုင္ခဲ့တယ္ေလ။God!သူက တကယ့္ေကာင္ပဲ!

"မင္းရဲ႕ စိတ္​ေတြ ေယာက္ယက္ခတ္​ေန​ေအာင္ ေလွ်ာက္မေတြးနဲ႔​ေလ" ဟန္ေဝက သူ႕​ေခါင္း​ေလးကို ပုတ္​ေပးလိုက္သည္။

ဆုႏိုသည္ တည့္တည့္မတ္မတ္သာထိုင္လိုက္ၿပီး ကံေကာင္းေစတဲ့ လပ္ကီး mascot အျဖစ္ ဆက္လက္သ႐ုပ္ေဆာင္ရန္မွတပါး ေ႐ြးခ်ယ္စရာမ႐ွိေပ။

"ေ႐ွာင္းယြီကို ၾကည့္ရတာ အရမ္းကိုစိတ္ပူေနပုံမရဘူးလား?" ကစားပြဲအႀကိမ္​ေရအနည္းငယ္ကိုၾကည့္ၿပီးေနာက္ ဆုႏိုသည္ သူ႕အစ္ကိုႀကီးကို အံ့ဩစြာ ေမးလိုက္သည္။ "သူ ဒီလိုပုံစံမ်ိဳးနဲ႔ ဒီေလာက္စိတ္လြတ္ေနရတာလဲ?"

ဟန္ေဝသည္ မ်က္ခုံးတြန္႔ကာ စကားတစ္ခြန္းမွ မေျပာေပ။

Duke ႏွင့္ ႏိႈင္းယွဥ္လွ်င္ ဤပြဲသည္ သာမန္ထက္ပိုသည္။ ကတ္ေတြႏွင့္ႏွစ္ဖက္စလုံး၏စြမ္းေဆာင္ရည္ကို မခြဲျခားရင္ ၎သည္ ပုံမွန္ကစားပြဲတစ္ခုသာျဖစ္သည္။

"သခင္ေလး..ေနာက္ထပ္ကတ္ကိုလိုခ်င္ပါသလား?" ေဟာကြမ္းသည္ခ်ိဳသာစြာ အျပဳံးေလး​ျဖင့္ ေျပာလိုက္သည္။

ထန္​ေ႐ွာင္းယြီသည္ တုံ႔ဆိုင္းသြားသည္။သူ႕ရဲ႕လက္ညိဳးသည္ လႈပ္႐ွားမႈ သို႔မဟုတ္ ႀကိဳတင္​ေျပာၾကားျခင္းမ႐ွိ စားပြဲခုံေပၚတြင္ ဆက္လက္႐ွိေနပါသည္။

ေဟာကြမ္းကလည္း တည္ၿငိမ္ေနဆဲျဖစ္ၿပီး ေနာက္ထပ္ကတ္ကို မ​ေတာင္းခင္,စားပြဲေပၚကို လက္သံတိုးတိုးေလး လာေခါက္တဲ့အထိ စိတ္႐ွည္႐ွည္နဲ႔ ေစာင့္ဆိုင္းေန၏။

ထန္​ေ႐ွာင္းယြီသည္ ကတ္ျပားကို ျဖည္းညႇင္းစြာ ေဖာ္လိုက္ၿပီး နံပါတ္ ၂ [2 of spades]ကို ျမင္လိုက္ရသည္။သူ႕မ်က္ႏွာမွာ အမူအရာေတြ အမ်ားႀကီးမ႐ွိလိုက္ေပမယ့္ စိတ္အတြင္းထဲမွာေတာ့ အၾကာႀကီး ထိန္းထားရတဲ့ အသက္ကို႐ႈထုတ္လိုက္၏။

မိမိတြက္ခ်က္မႈအရ ၿပိဳင္ဘက္သည္ အားသာခ်က္႐ွိ​ေနလိမ့္မယ္လို႔​ေပါ့။ဒါေပမယ့္ တက္တူးထိုးထားတဲ့ အမ်ိဳးသားက ဒီကစားပြဲကို အံ့အားသင့္စရာ အ​႐ႈံး​မ်ိဳး ေပးလိုက္​ေလသည္။

အေလွ်ာ့အတင္း chip တစ္ခုကို သူအႏိုင္ရခဲ့ေသာ္လည္း ထန္​ေ႐ွာင္းယြီသည္ စိတ္မေလွ်ာ့ထားႏိုင္ေပ။တစ္ခုခုမွားေနၿပီဟု သူအရင္ကထက္ပို၍ ထင္လာမိသည္၊အမ်ားအားျဖင့္ သာမန္လူမ်ားသည္ တစ္စုံတစ္ဦးကို လွည့္စားျခင္း႐ွိမ႐ွိဆိုတာ မျမင္ႏိုင္ေပ။ေလာင္းကစားသမားတစ္ဦးပင္လွ်င္ ကစားပြဲတစ္ခုတြင္ လွည့္စားမႈ႐ွိမ႐ွိ ႐ွင္းမျပႏိုင္ေပ။သို႔ေသာ္ ကာစီႏိုတြင္ ပုံမွန္ေဆာ့ကစားသူတစ္ဦးအတြက္ ဗီဇအေပၚအေျခခံ၍ တစ္စုံတစ္ခုမွားယြင္းမႈ႐ွိမ႐ွိ ဆုံးျဖတ္ႏိုင္သည္။

ဆုႏိုသည္ တစ္စုံတစ္ခု ျဖစ္သြားသည္ဟု ခံစားလိုက္ရၿပီး လွ်ပ္စီးေၾကာင္း၏အ႐ွိန္ျဖင့္ စိတ္ပိုင္းဆိုင္ရာ တြက္ခ်က္မႈကို ျပဳလုပ္ခဲ့သည္။သူဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ ထန္​ေ႐ွာင္းယြီသည္ 21 မွတ္ေက်ာ္တက္သြားဖို႔ နီးပါးျဖစ္​ေနၿပီး ႐ႈံးထြက္ဖို႔ အခြင့္အေရးအလြန္ျမင့္မားေန၏။ဒါေတာင္ သူ႕ၿပိဳင္ဘက္က သူ႕ကို မ႐ိုက္ခ်ႏိုင္ေသးဘူး။

ဟန္ေဝသည္ စိတ္​ၿငိမ္​ၿငိမ္ထားသင့္သည္ကို ျပရန္ သူ႕ပခုံးကို ပုတ္လိုက္သည္။

ဆုႏို၏ႀကိဳတင္ေတြး​ေခၚမႈ​ေတြကို အတည္ျပဳေပးလိုက္သကဲ့သို႔ ေနာက္အခ်ီအနည္းငယ္တြင္ ကံေကာင္းေစတဲ့ အမ်ိဳးသမီးငယ္သည္ ၿပိဳင္ဘက္အေပၚတြင္ ထြန္းလင္းစျပဳလာပုံရၿပီး မ်က္စိတစ္မွိတ္အတြင္းတြင္ သူ(ၿပိဳင္ဘက္)သည္ chips မ်ားအားလုံးကို အႏိုင္ယူသြားခဲ့သည္။

ဒီပြဲမွာ ငါတို႔႐ႈံးသြားၿပီလား?ဆုႏိုက အံ့အားသင့္စြာ ၾကည့္လိုက္သည္။

ခ်ဴဟန္၏ စိတ္အ​ေျခအ​ေနသည္ ေနာက္ဆုံးမွာ​ေတာ့ အနည္းငယ္ တိုးတက္လာၿပီ။ႀကီးႀကီးမားမားအျပဳံးႀကီးျဖင့္ သူသည္ တက္တူးထိုးထားသည့္ အမ်ိဳးသား၏ပခုံးကို ပုတ္လိုက္သည္။

"အစ္ကိုႀကီးဟန္ ေတာင္းပန္ပါတယ္" ထန္​ေ႐ွာင္းယြီသည္ စိတ္ဓါတ္က်ကာ စိတ္ပ်က္လက္ပ်က္ အသံျဖင့္ ေျပာလိုက္၏။

တကယ္ေတာ့ အဲဒါက သိပ္မဆိုးပါဘူး။ငါတို႔မွာ တစ္ပြဲႏိုင္ထားၿပီၿပီပဲ,ၿပီး​ေတာ့ အခု ငါ ႐ွိေန​​ေသးတယ္ေလ။ဆုႏိုသည္ သူ႕ကိုယ္သူ အလြန္အမင္း အထင္ႀကီးေနေသာေၾကာင့္ လုံးဝစိတ္မပူေပ။

တစ္ဖက္ေထာင့္မွ ခ်ဴဟန္က ရယ္ေမာလိုက္သည္။သူသည္ သူတို႔ကို လွည့္စားေနသည္မွာ ထင္႐ွားသည္။

သူ႕ရယ္​​ေနရင္း ေခ်ာင္းဆိုးသြားမွာကို သူစိတ္​မပူ​ေတာ့ဘူးလား?
ဆုႏိုသည္ ေနာက္ဆုံးတြင္ တစ္စုံတစ္ေယာက္ကို က်ိန္ဆဲရန္ အခြင့္အေရးရခဲ့ၿပီ။ထန္​ေ႐ွာင္းယြီကို ႏွစ္သိမ့္ၿပီး ဧည့္ခန္းမွာ ေသာက္ဖို႔ လိုအပ္လားဟုေမးေတာ့ ဟန္​ေဝသည္ ႐ုတ္တရက္ ေျခေထာက္ကို ေျမႇာက္လိုက္ၿပီး ထန္​ေ႐ွာင္းယြီကို ျပင္းျပင္းထန္ထန္ ကန္ေက်ာက္လိုက္ပါသည္။

"အသုံးမက်တဲ့ အမိႈက္!"

ထန္​ေ႐ွာင္းယြီသည္ အငိုက္မိသြားကာ ၾကမ္းျပင္ေပၚလဲက်သြားသည္။စားပြဲခုံ​ေစာင္းကိုတိုက္မိသြားၿပီး လဲက်လုနီးပါး ျဖစ္သြားသည္။

"အစ္ကိုႀကီး ဘာလုပ္လိုက္တာလဲ?" ဆုႏိုသည္ ထိတ္လန္႔သြားၿပီး ေ႐ွာင္းယြီကို ကူညီဖို႔ရာ အျမန္သြားခဲ့သည္။

"ေတာင္းပန္ပါတယ္။" ထန္​ေ႐ွာင္းယြီသည္ မတ္တပ္ေတာင္ ေျဖာင့္ေျဖာင့္မရပ္ႏိုင္ေပ၊မတ္တပ္ရပ္ဖို႔ႀကိဳးစားေနရင္း သူ႕လက္ကို သူ႕ဗိုက္ေပၚ ဖိကိုင္ထားသည္။

အရမ္းနာသြားခဲ့ရတာျဖစ္မယ္!

"အဆင္ေျပရဲ႕လား?" ဆုႏိုက စိုးရိမ္တႀကီးေမးသည္။သူ႕အစ္ကိုႀကီးက ဘာလို႔ ဒီလိုလုပ္တာလဲ?

"ရပါတယ္။" ထန္​ေ႐ွာင္းယြီသည္ ဆိုဖာရဲ႕အကူအညီျဖင့္သာ တည့္တည့္ရပ္ႏိုင္​ေလသည္။ "အကိုဆုႏို​ သြားၿပီးေတာ့ ျပင္ဆင္ေတာ့​ေလ။ကြၽန္ေတာ္ တကယ္အဆင္ေျပပါတယ္။"

ထိုျမင္ကြင္းကို ၾကည့္ၿပီးေနာက္ ၿပိဳင္ဘက္၏ရယ္သံသည္ ပို၍ ထင္႐ွားလာသည္။

"သြားေတာ့..." ဟန္ေဝက ဆုႏိုကို လက္ျဖင့္ပုတ္လိုက္သည္။

"ဟြန္႔...." ဆုႏိုသည္ ေဒါသတႀကီးျဖင့္ သူ႕အစ္ကိုႀကီး၏လက္ကို လႊဲခ်လိုက္သည္။

အၾကမ္းဖက္မႈကို အသုံးခ်တတ္သူေတြဟာ စက္ဆုပ္စရာပဲ!

"ကြၽန္ေတာ္တကယ္အဆင္ေျပပါတယ္။" ထန္​ေ႐ွာင္းယြီသည္ သူ႕လက္ကို ဆုပ္ကိုင္လိုက္ၿပီး "သြားၿပီးေတာ့ ဒီပြဲကို အႏိုင္ယူလိုက္ပါ။ဒါဆို အစ္ကိုႀကီးဟန္က ကြၽန္ေတာ္႕ကို ခြင့္လႊတ္ေပးလိမ့္မယ္"

".....ေနလို႔မေကာင္းေတာ့ရင္ ေဆး႐ုံသြားရမယ္ေနာ္။" ဆုႏိုသည္ ကစားပြဲဆီ မတက္ခင္ သူ႕ကို ကုလားထိုင္ေပၚ ထိုင္ႏိုင္ရန္ ကူညီေပးလိုက္သည္။

တတိယပြဲသည္ အေရးႀကီးဆုံးျဖစ္ကာ အဆုံးအျဖတ္​ေပးမည့္ ကစားပြဲျဖစ္သျဖင့္ လူတိုင္းသည္ အသက္႐ွဴသံကိုထိန္းသြားၾကရျပန္သည္။

ဒီပြဲကို ငါအႏိုင္ရရမယ္။ဆုႏိုသည္ မသိမသာျဖင့္ လက္သီးဆုပ္လိုက္သည္။

ငါက သံမဏိလူသားပဲ!ငါမ႐ႈံးေစရဘူး!

တစ္ေသာင္းဆိုတဲ့ chips ျပားေတြက အမ်ားႀကီးမဟုတ္ပါဘူး။အမ်ားႀကီးမဟုတ္တဲ့အတြက္ အခ်ိန္က တို​ေတာင္းမွာပဲ။

အႀကိမ္အနည္းငယ္ေဆာ့ၿပီးေနာက္ ဆုႏိုသည္ သူ႕အစ္ကိုႀကီးႏွင့္ ထန္​ေ႐ွာင္းယြီတို႔​ေျပာတဲ့ "တစ္ခုခုေတာ့လြဲေနၿပီ" ကို အၾကမ္းဖ်င္းနားလည္ခဲ့သည္။

ၿပိဳင္ဘက္သည္ သူ႕ရဲ႕ဝွက္ထားသည့္ကတ္က ျမင့္သည္ျဖစ္ေစ၊ နိမ့္သည္ျဖစ္ေစ သိေနပုံရသည္။

ဉာဏ္ႀကီး႐ွင္တစ္ေယာက္ေတာင္ လွည့္စားတဲ့သူကို မကာကြယ္ႏိုင္ပါဘူး။သို႔ေသာ္ အားနည္းခ်က္ကို မေတြ႕ႏိုင္ေပ။ဆုႏိုသည္ မ်က္ခုံးပင့္လိုက္သည္။ဟန္​ေဝႏွင့္ထန္​ေ႐ွာင္းယြီ တို႔ကို တစ္ခ်က္ၾကည့္လိုက္သည္။

တစ္ခ်ိန္တည္းမွာပင္ ထန္​ေ႐ွာင္းယြီ၏အာ႐ုံေၾကာမ်ားက စုစည္းေနၿပီျဖစ္သည္။

ေလာင္းကစား စားပြဲေပၚတြင္ လိမ္လည္လွည့္ျဖားမႈတစ္ခု ႐ွိေနသည္မွာ ေသခ်ာေသာ္လည္း သူမည္မွ်ပင္ ခက္ခက္ခဲခဲ ႀကိဳးစားေနေစကာမူ ျပႆနာသည္ မည္သည့္ေနရာတြင္ ျဖစ္ေပၚလာသည္ကို မျမင္ႏိုင္ေပ။ကတ္ေတြကိုေပးတဲ့ေနရာမွာလည္း မျဖစ္ႏိုင္ဘူး၊ကစားပြဲ၏ကတၱီပါအခင္းစ​ေပၚမွာလည္း ဘာမွမမွားေပ၊ကတ္ကိုင္ေဆာင္ထားသူကိုလည္း ျမင္ေနရၿပီး ကတ္ျပားသည္ အနက္ေရာင္မ်က္ႏွာျပင္ေပၚတြင္ ႐ွိေနေသာေၾကာင့္ ေရာင္ျပန္ဟပ္ဖို႔ကလည္း မျဖစ္ႏိုင္ဘူး,က်န္တဲ့အစိတ္အပိုင္းအားလုံးကို ဖယ္လိုက္ေတာ့ ျဖစ္ႏိုင္ေျခတစ္ခုသာ က်န္႐ွိေတာ့သည္၊၎မွာ ေဟာကြမ္းတြင္ တစ္ခုခု မွားယြင္းေနတာမ်ားလား?

ထန္​ေ႐ွာင္းယြီသည္ သူ႕ကိုယ္ပိုင္ယူဆခ်က္ေၾကာင့္ ထိတ္လန္႔သြားသည္။ေဟာကြမ္းသည္ ဦးေလးခ်န္၏ေဆြမ်ိဳးျဖစ္သည္။စည္းကမ္းပိုင္းအရေျပာရလွ်င္ သူမသည္ မည္သည့္ဘက္ျခမ္းတြင္ မရပ္တည္သင့္ေပ၊သူမသည္ ရပ္တည္​ေပးတယ္ဆိုလွ်င္ေတာင္ ကတ္မ်ားကို ေဝ​ေပးသည့္အခါတြင္ တစ္ခ်က္မၾကည့္ခဲ့ေပ။ႏွစ္ဖက္စလုံးရဲ႕ လွ်ိဳ႕ဝွက္ကတ္ေတြက ဘာေတြလဲဆိုတာ သူမ ဘယ္လိုသိႏိုင္ပါ့မလဲ?

ဟန္ေဝသည္ သူ႕ေဘးတြင္ထိုင္ကာ ဆိုဖာေပၚကို မသိစိတ္ကေန လက္ေခ်ာင္းမ်ားျဖင့္ ေထာက္​ေနလိုက္သည္။

မၾကာခင္မွာပဲ ဆုႏိုက ႐ႈံးသြားျပန္သည္။ထန္​ေ႐ွာင္းယြီက သူ႕ကိုယ္ပိုင္ယူဆခ်က္ကို ထပ္ေလာင္း အတည္ျပဳလိုက္ပါေတာ့သည္။

ဆုႏို၏အဆင့္ျဖင့္ ဤေလာက္အႀကိမ္မ်ားစြာကို သူ႐ႈံးဖို႔ နည္းလမ္းမ႐ွိပါ။တစ္ခုတည္းေသာ ႐ွင္းလင္းခ်က္မွာ လွည့္စားမႈမ်ား ပါဝင္ေနျခင္းပင္။ဒါေပမယ့္ ဒီအခ်က္ေတြကို ထုတ္ေျပာလို႔ မျဖစ္ႏိုင္ပါဘူး။သူ၏ယူဆခ်က္ေတြကို အေထာက္အထားမ႐ွိဘဲ ေျပာလိုက္ရင္ အရာအားလုံးသည္ အခ်ည္းႏွီးပင္ ျဖစ္လာလိမ့္မည္။

ထန္​ေ႐ွာင္းယြီသည္ သူ႕ကိုယ္သူ စိတ္တည္ၿငိမ္ေအာင္ေျပာၿပီး သူ႕အေတြးေတြကို အျမန္ျပန္စီလိုက္သည္။

အေျခအေနမ်ားစြာတြင္ ေသြး႐ူး​ေသြးတန္းသမားတစ္​ေယာက္ ႏွင့္ ေအးေဆးတည္ၿငိမ္သည့္ သူတစ္​ေယာက္ တစ္ခုခုလုပ္ရာတြင္ မတူညီသည့္ရလဒ္ေတြ ရလိမ့္မည္။

စတင္ရာတြင္ မိနစ္အနည္းငယ္ၾကာၿပီး​ေနာက္ ေနာက္ဆုံးေတာ့ ထန္​ေ႐ွာင္းယြီသည္ ေဟာကြမ္းက ကတ္တစ္ခုေဝေပးၿပီးတိုင္း သူမသည္ အက်င့္အတိုင္း လက္ညိႇဳးကိုယက္ၿပီး ကတ္ျပားကို ၾကမ္းျပင္ေပၚမွ ယူသြားသည္ကို ေတြ႕႐ွိခဲ့သည္။

ပုံမွန္အားျဖင့္ေတာ့ ဒီလုပ္ေဆာင္ခ်က္က ဘာမွမမွားပါဘူး။ကတ္ေတြက အလြန္ေဟာင္းေနၿပီျဖစ္တာေၾကာင့္ ကတ္ေတြကို ကိုင္တြယ္တဲ့အခါမွာ ကတ္ေတြကို ထုတ္ယူရလြယ္ကူေစဖို႔အတြက္ တံေတြးႏွင့္ စြတ္ျခင္းသည္ ပုံမွန္သာျဖစ္သည္။သို႔ေသာ္လည္း ကတ္ေတြကို ကိုင္တြယ္ၿပီးတိုင္း သူမသည္ ေသးငယ္ေသာ လႈပ္႐ွားမႈတစ္ခုကို လွ်ိဳ႕ဝွက္စြာ လုပ္ေဆာင္လိမ့္မည္ျဖစ္ေၾကာင္း ထန္​ေ႐ွာင္းယြီမွ ေတြ႕႐ွိခဲ့ၿပီး ထိုကဲ့သို႔ ျပဳလုပ္လိုက္တိုင္း ၿပိဳင္ဘက္၏အၾကည့္သည္ သူမအေပၚသို႔ ေရာက္သြားမည္ျဖစ္သည္။

ႏွစ္ဖက္စလုံးပါဝင္ထားသည့္ ဤေသးငယ္တဲ့ လႈပ္႐ွားမႈသည္ အလြန္လွ်ိဳ႕ဝွက္စြာလုပ္ေဆာင္ခဲ့ၾကေသာေၾကာင့္ ထန္​ေ႐ွာင္းယြီသည္ ၎တို႔၏လွည့္စားမႈကို ႐ွာေဖြေတြ႕႐ွိခဲ့လွ်င္ပင္ ၎ကို ယုံၾကည္စိတ္ခ်စြာျဖင့္ ခ်က္ခ်င္းအတည္ျပဳႏိုင္မည္မဟုတ္ေပ။ဆုႏိုသည္ ေနာက္ဆုံး chips ျပားကို ဆုံး႐ႈံးသြားသည့္တိုင္ေအာင္ ဟန္ေဝအား ေခါင္းညိတ္ျပကာ သူ႕နားထဲသို႔ စကားအနည္းငယ္ တိုးတိုးေလး ကပ္ေျပာလိုက္သည္။

ဟန္ေဝသည္ ေအးစက္စြာ ျပဳံးၿပီး သူ႕လက္ဖက္ရည္ခြက္ကို စားပြဲေပၚသို႔ ျပင္းျပင္းထန္ထန္ ႐ိုက္ခ်လိုက္ကာ ေနရာအႏွံ႔ လက္ဖက္ရည္ကို ပက္က်ဲသြား​ေစသည္။

အနီးနား႐ွိ လက္ေအာက္ငယ္သားမ်ားသည္ ခ်က္ခ်င္းထ၍ ေသနတ္မ်ားကို ဆြဲထုတ္ကာ ကစားပြဲကို ဝိုင္းထားၾကသည္။

ဆုႏိုသည္ မူလက ႐ႈံးၿပီးေနာက္ စိတ္ဓာတ္က်ေနေသာ္လည္း ကစားပြဲတြင္ ျပႆနာ႐ွိေနသည္ကို သိ႐ွိၿပီးေနာက္ ေလာင္းကစား,စားပြဲမွ ခ်က္ခ်င္းခုန္ဆင္းကာ လိမၼာပါးနပ္သည့္ ယုန္တစ္ေကာင္လို သူ႕အစ္ကိုႀကီးဘက္သို႔ ေျပးသြားခဲ့သည္။

မိမိကိုယ္မိမိ ကာကြယ္ျခင္း အႏုပညာကို အမွန္တကယ္ နားလည္တာပဲ!

ထန္​ေ႐ွာင္းယြီသည္ သူ႕ေဘးနားတြင္ အကာအကြယ္ေပးထားသည္။

"အား​ေဝ!" ဦးေလးခ်န္သည္ ယင္းလွည့္စားထား
သည့္အျဖစ္အပ်က္ကို ႐ွင္း႐ွင္းလင္းလင္း မခန္႔မွန္းႏိုင္ေပ။သူ႕ေလသံက အတိုင္းအဆမ႐ွိ ေဒါသေတြ လႊမ္းျခဳံသြားသည္။ "ဒါက ဘာကိုဆိုလိုတာလဲ။မင္းက ငါ့ကို အႀကီးအကဲအျဖစ္ ေ႐ြးထားၿပီးကတည္းက မင္း ငါ့ကို ယုံၾကည္မႈမ႐ွိဘူးလား?"

"ဦးေလးခ်န္..ဒါ ကြၽန္ေတာ္႕အျပစ္ပါ" ဟန္ေဝသည္ သူ႕ကို ေလးေလးစားစား ၾကည့္ေနေသာ္လည္း ခ်ဴဟန္ဘက္ကိုေတာ့ ႐ြံ႐ွာစရာကဲ့သို႔ ၾကည့္လိုက္သည္။ "တစ္ေယာက္ေယာက္က လွည့္စားေနတယ္လို႔ သံသယ႐ွိလို႔ပါ။"

"မင္းဘာေတြ လိမ္ေနတာလဲ?" တစ္ဖက္က စြပ္စြဲခ်က္ေတြကို ၾကားတာနဲ႔ စားပြဲေတြကို ႐ိုက္ခ်ၿပီး ဟစ္ေအာ္ကာ "ဒါဟာ အ႐ႈံးေတြကို ဝန္မခံႏိုင္တဲ့ အ႐ႈံးသမားေတြပဲ" နဲ႔ "အႀကီးအကဲေတြကို ေလးစားမႈေတာင္ မျပတတ္ဘူး" ဆိုတဲ့ ေဒါသဆြ​ေပးတဲ့စကားလုံး​ေတြကို ေျပာ​ေတာ့သည္။

ဦးေလးခ်န္း၏မ်က္ႏွာသည္ ေဒါသမ်ားျဖင့္ နီရဲေနၿပီး ဟန္ေဝအား ယခုစကၠန္႔ပိုင္းအတြင္း လက္နက္ခ်ရန္ ေမွ်ာ္လင့္ေနပုံရသည္။

"ဦးေလးခ်န္ ျမင္တယ္မလား?ေသနတ္ကို အရင္ထုတ္တာက သူ႕လူေတြပဲ။ကြၽန္ေတာ္တို႔ဘက္က ဓားေတာင္မထုတ္ထားဘူး" ခ်ဴဟန္သည္ ဟန္ေဝကို ေစာင္းငဲ့ၾကည့္ကာ စိုက္ၾကည့္ေနသည္။

"မင္းမွာ အရည္အခ်င္းမ႐ွိရင္ ဒီမွာ မေနနဲ႔ေလ"

"လိမ္လည္လွည့္စားသည္ျဖစ္ေစ၊မလိမ္သည္ျဖစ္ေစ မင္းကိုယ္မင္း သိပါတယ္" ဟန္ေဝ၏ေလသံသည္ ေအးစက္စက္ႏိုင္လြန္းလို႔ မီးေတာင္ခဲသြားႏိုင္သည္။ "ေသနတ္ေတြက သက္ေသအေထာက္အထားေတြကို ဖ်က္ဆီးဖို႔ အခြင့္အေရးမ႐ွိဖို႔ပဲ,မ႐ိုေသမႈကို ျပတာမဟုတ္ဘူး။"

"အေထာက္အထား?" ဟန္ေဝ၏စြပ္စြဲခ်က္ကို ၾကားေသာအခါ ခ်ဴဟန္က ရယ္ေမာလိုက္သည္။ "ဒီမွာ႐ွိတဲ့ အရာအားလုံးက ဦး​ေလးခ်န္ ပိုင္တယ္။ေဟာကြမ္း​ေတာင္ ဦးေလးခ်န္ရဲ႕လူပဲ။ဒါက ဘာကိုဆိုလိုတာလဲ?"

"ေတာ္ၿပီ!" ဦးေလးခ်န္သည္ ပို၍ပင္ ေဒါသထြက္ေနပုံေပၚသည္။

"ဖဲခ်ပ္ကတ္ေတြမွာ တစ္ခုခု မွားေနတယ္လို႔ ကြၽန္ေတာ္ သံသယ႐ွိတယ္။" ထန္​ေ႐ွာင္းယြီက ဟန္​ေဝဘက္တြင္ ရပ္ကာ ေျပာလိုက္သည္။

"ေစာက္႐ူး!ဒီနာမည္မ႐ွိတဲ့​ေကာင္က ဘယ္ကေရာက္လာတာလဲ? မင္း ဒီမွာ စကားေျပာပိုင္ခြင့္႐ွိတယ္လို႔ မင္းကိုယ္မင္းထင္ေနလား?"
ခ်ဴဟန္၏အမူအရာမွာ တစ္ဖက္ကို ဒုကၡေရာက္​ေစလို​ေသာ ဆႏၵမ်ားျဖင့္ျပည့္ေနသည္။

"ကြၽန္ေတာ္ဘယ္သူလဲဆိုတာ အေရးမႀကီးပါဘူး။အေရးႀကီးတာက ဒီဖဲခ်ပ္မွာ ျပႆနာ႐ွိေနတာ ေသခ်ာေနတာပဲ။" ထန္​ေ႐ွာင္းယြီသည္ စကားလုံးေတြကို တစ္လုံးၿပီးတစ္လုံး ဖြင့္ဟလိုက္သည္။

"ဘိုဇို(stupid).....ဒီကတ္ျပားေတြက အန္ကယ္ခ်န္းရဲ႕ ကတ္​ေတြပဲ!" ခ်ဴဟန္သည္ အားလုံးကို ရန္စလႈံ႕ေဆာ္ရန္ တမင္ႀကိဳးစားခဲ့သည္။ "မင္းေျပာတာက ဦးေလးခ်န္ကို လာဘ္ထိုးတယ္လို႔ သံသယ႐ွိတာလား?"

ေလထုသည္ လွ်ပ္တစ္ျပက္အတြင္း နက္႐ိႈင္းလို႔လာသည္။ႏွစ္ဖက္စလုံးက ရန္လိုသည့္သေဘာျဖင့္ လက္နက္မ်ားထုတ္ထားၿပီး ဦးေလးခ်န္းသည္လည္း ေဒါသအထြတ္အထိပ္သို႔ေရာက္ေနပုံရသည္။

"ကြၽန္ေတာ္႕ကို ဖဲခ်ပ္ကတ္ေတြ ေပး!" ထန္​ေ႐ွာင္းယြီသည္ သူ႕လက္ကို ဆန္႔ထုတ္လိုက္သည္။

"ဒါက ပိုကာခ်ပ္​ေတြထဲကမွ အ​ေျခခံအက်ဆုံး ဖဲခ်ပ္ကတ္ေတြပဲေလ။ဒါေတြကို လမ္းေပၚေတြမွာေတာင္ ေတြ႕ႏိုင္တယ္။ဘာလဲ!သံလိုက္အမႈန္႔အတြက္ ျခစ္ခ်င္တာလား ဒါမွမဟုတ္ အပူေပးခ်င္လို႔လား?" ခ်ဴဟန္သည္ ဆက္လက္ ရန္စေနသည္။

ထန္​ေ႐ွာင္းယြီသည္ ကတ္ျပားမ်ားကို သူ႕လက္ထဲသို႔ ကိုင္လိုက္သည္။၎သည္ အမွန္တကယ္ အေျခခံအက်ဆုံး HoneyBee ဖဲခ်ပ္မ်ားသာ ျဖစ္သည္။

"ဒီေန႔အတြက္ မင္းငါ့ကို ႐ွင္းျပရမယ္!" ဦးေလးခ်န္သည္ ျဖည္းညႇင္းစြာ မတ္တပ္ရပ္လိုက္ၿပီး သူ႕ေလသံမွာ ေဒါသမ်ားျဖင့္ စြန္းထင္းသြားသည္။ဟန္ေဝကို အလြန္မ​ေက်နပ္​ေနေၾကာင္း ထင္႐ွားသည္။

"စစ္ၾကည့္လိုက္စမ္း!မင္းကို မီးျခစ္တစ္လုံး ငွားေပးဖို႔လိုေသးလား?" ခ်ဴဟန္သည္ မီးျခစ္ကို ပစ္လိုက္သည္မွာ ဆုႏို၏မ်က္ႏွာကို ထိလုနီးပါးပင္။

shit!ဆုႏိုသည္ ခ်ဴဟန္ကို ေဒါသတႀကီး ၾကည့္လိုက္သည္။

"ျပႆနာက ဘာလဲ?" ဟန္ေဝက ထန္​ေ႐ွာင္းယြီကို လွည့္ၾကည့္လိုက္သည္။

ေအာင္ပြဲနဲ႔႐ႈံးနိမ့္မႈ အားလုံးဟာ ဒီအခိုက္အတန္႔ေပၚမွာ မူတည္ေန၏။ထန္​ေ႐ွာင္းယြီသည္ ေခါင္းငုံ႔ကာ ဖဲခ်ပ္မ်ား၏နံေဘးကို အနံ႔ခံလိုက္သည္။

ေ႐ွာင္းယြီ၏ လုပ္ရပ္သည္ ေခြးကေလးတစ္ေကာင္ႏွင့္ အလြန္တူေနသျဖင့္ ဦးေလးခ်န္၏ေနာက္ကြယ္တြင္ တစ္ခ်ိန္လုံး တိတ္တဆိတ္ ရပ္ေနေသာ ေလာ့လီသည္ ရယ္သံကို မခံႏိုင္ေတာ့ေပ။သို႔ေသာ္ ခ်ဴဟန္၏မ်က္ႏွာအေရာင္သည္ ခ်က္ခ်င္းပင္ ပိုဆိုးလို႔သြားသည္။

"ဘာလဲ? ေၾကာက္လို႔လား?" ဟန္ေဝသည္ ခ်ဴဟန္၏မ်က္ႏွာေပၚတြင္ စူးစိုက္စိုက္ ၾကည့္ေနၿပီး စိတ္ခံစားမႈမ်ား ေျပာင္းလဲလာသည္ကို ျမင္သည္ႏွင့္ သူ႕ရင္တြင္း႐ွိ အစိုင္အခဲႀကီးသည္ ခ်က္ခ်င္းပင္ ၿငိမ္သက္သြားခဲ့သည္။

"ကတ္ေတြမွာ'အရသာ'႐ွိေနတယ္။" ထန္​ေ႐ွာင္းယြီသည္ ဖဲခ်ပ္ကတ္အနည္းငယ္ကိုယူကာ ဦး​ေလးခ်န္ထံ ေပးလိုက္သည္။

"အခါး၊ အခ်ိဳ၊ အငန္၊ အခ်ဥ္အားလုံးက ကတ္ေတြရဲ႕ နံပါတ္အပိုင္းမ်ားႏွင့္ သက္ဆိုင္ေနတယ္။ကတ္ကို​ေဝ​ေပးတဲ့အခါ ကိုယ္စားလွယ္က သူမရဲ႕လက္ေခ်ာင္းေတြကို မၾကာခဏ လွ်ာနဲ႔လ်က္ၿပီး 'ေအာ' ဒါမွမဟုတ္ 'ရပ္' ဖို႔အတြက္ တစ္ဖက္သူကို အသိေပးဖို႔ အခ်က္ျပတယ္။ဆံပင္ကို သပ္တာက နံပါတ္နိမ့္ကတ္တစ္ခုျဖစ္ၿပီး လက္ညိႇဳးကိုထိတာက နံပါတ္ျမင့္ကတ္တစ္ခုျဖစ္တယ္လို႔ ဆိုလိုတာပဲ,အျခားအခ်က္ျပေတြကို​ေတာ့ အသံသြင္းထားတာ​ေတြကို အႀကိမ္အနည္းငယ္ျပန္လည္သုံးသပ္ၿပီးရင္​ေတာ့ သူတို႔​ေတြ ဘာကို တိတိက်က်ဆိုလိုမလဲ ဆိုတာကို ကြၽန္ေတာ္ေသခ်ာေပါက္ သိပါလိမ့္မယ္"

ထိတ္လန္႔ျခင္းမွလြဲ၍ ဆုႏိုသည္လည္း အလြန္အမင္း ၾကည္ညိဳေလးစားမႈကို ခံစားခဲ့ရသည္။ဒီလိုမ်ိဳး ရဲရင့္မႈႀကီးက!

ဦးေလးခ်န္သည္ ကတ္မ်ားကို သံသယစိတ္ျဖင့္ ကိုင္ကာ လက္ညိႇဳးကို စြတ္ၿပီး စမ္းသပ္လိုက္သည္။ဟုတ္ပါတယ္! အရသာက သူ႕ပါးစပ္ထဲမွာ ခ်ိဳၿမိန္လြန္ကဲစြာ ကြဲထြက္ေနသည္။ ပြဲက ကစားထားတယ္ဆိုတဲ့ သက္ေသပါပဲ!

"ဘာေတြျဖစ္ေနတာလဲ!" သူသည္ ကတ္ျပားေတြကို ၾကမ္းျပင္ေပၚ ၾကမ္းၾကမ္းတမ္းတမ္း လႊင့္ပစ္လိုက္သည္။

ေဟာကြမ္းသည္ တုန္တုန္ယင္ယင္ျဖစ္ကာ ေၾကာက္လန္႔တၾကား မတ္တပ္ေတာင္ မရပ္ႏိုင္ေလာက္ေအာင္ ျဖစ္ေနသည္။ တစ္စုံတစ္ေယာက္က သူမကို ေကာ္လံက​ေနဆြဲၿပီး ၾကမ္းျပင္ေပၚပစ္ခ်လိုက္သည္။

"႐ွင္းျပစမ္း!" ဦးေလးခ်န္သည္ ေဒါသေၾကာင့္ အသက္ျပင္းျပင္း႐ွဴေနၿပီး။ "ငါ့ကာစီႏိုမွာ ဒီလိုမ်ိဳး ဘာေၾကာင့္ျဖစ္ရတာလဲ!"

ေဟာကြမ္းသည္ စကားတစ္ခြန္းေတာင္ မေျပာႏိုင္ဘဲ ဆက္ငိုၿပီး ေခါင္းကို ခါလိုက္႐ုံသာ။ေလာင္းကစားသမားေတြႏွင့္ ေပါင္းသင္းဆက္ဆံျခင္း၏အက်ိဳးဆက္မ်ားမွာ ႀကီးမားသည္။ဘယ္ေလာက္ပဲ ရဲရင့္ေနပါေစ ေဟာကြမ္းဟာ မိန္းကေလးငယ္တစ္ေယာက္သာ ျဖစ္ေနဆဲပါ။သူမ အရမ္းေၾကာက္ေနၿပီမို႔ မူးလဲသြားေတာ့မလိုပင္ ေပါက္​ေနသည္။

"လႊတ္လိုက္ပါ။သူက မိန္းကေလးပဲေလ။" ေလာ့လီသည္ ဦး​ေလးခ်န္ကို ထိုင္ခုံသို႔ ျပန္ပို႔ေပးရန္ ကူညီေပးလိုက္သည္။ "သူမကို ေမးတာထက္ တျခားတစ္ေယာက္,ေယာက္ကို ေမးတာက ပိုမ​ေကာင္းဘူးလား?"

ဘယ္သူ႕ကို ေမးရမယ္ဆိုတာ အသိသာႀကီးပါပဲ!

"အားဟန္.." ဦးေလးခ်န္က သူ႕စကားကို ေကာင္းေကာင္းနားလည္၏။

"ကြၽန္ေတာ္က ဘယ္လိုလုပ္ၿပီး သိမွာလဲ?" လွည့္စားမႈကို ေဖာ္ထုတ္ခံလိုက္ရသည္ကို ျမင္လိုက္ရသျဖင့္ ခ်ဴဟန္သည္ အ႐ွက္ကင္းမဲ့ေသာ အေနအထားသို႔ ခ်က္ခ်င္းေျပာင္းလိုက္သည္။ "ကတ္ေတြက အရသာ႐ွိေနတာ ကြၽန္ေတာ္႕အျပစ္လား?"

"မင္းကိုအႏိုင္ယူဖို႔ ငါက ရည္႐ြယ္ခ်က္႐ွိ႐ွိ လွည့္စားတယ္လို႔ မင္းေျပာေနတာလား?" ဟန္ေဝက ေအးစက္စြာ ျပဳံးလိုက္သည္။

"ဘယ္သူေျပာႏိုင္မွာလဲ?" ခ်ဴဟန္က မ်က္ခုံးပင့္လိုက္သည္။ "ဦး​ေလးခ်န္ေ႐ွ႕မွာ ငါ့ကို တမင္တကာေခ်ာင္ပိတ္ဖို႔ မင္း ၾကံစည္ေနတာလည္း ျဖစ္ႏိုင္တာပဲ"

ေဟာကြမ္း ႏွင့္ ပစၥည္းတာဝန္ခံမန္ေနဂ်ာၾကား လာဘ္ထိုးရန္ သူစိမ္းတစ္ေယာက္ကို ရည္႐ြယ္ခ်က္႐ွိ႐ွိ အစားထိုးအသုံးခ်ခဲ့သည္။သူ ေဖာ္ထုတ္ခံလိုက္ရမည္ကို မေၾကာက္။အေမရိကားက သုံးေယာက္နဲ႔ ပတ္သက္ရင္ သူတို႔အားလုံးမွာ ၾသဇာတိကၠမ ႐ွိတဲ့သူေတြပဲမလို႔ သူတို႔ကို ဘယ္သူကမွ ေပါ့ေပါ့ဆဆ ကိုင္တြယ္ရဲၾကမွာ မဟုတ္ဘူး။

ခ်ဴဟန္သည္ တစ္ကိုယ္ေကာင္းဆန္ဆန္ ျပဴမူ​ေနသည္မွာ သူသည္ အညႇာကို သိထားေသာေၾကာင့္ ပင္။

ဆုႏိုသည္ အေရထူလြန္းသည့္ ခ်ဴဟန္ကို ဦးၫႊတ္
သင့္ေနၿပီျဖစ္သည္။ႏိႈင္းယွဥ္ၾကည့္မယ္ဆိုရင္ သူကိုယ္တိုင္ေတာင္ အာ့​ေလာက္ အ​ေရမထူ​ေပ။

"ခင္ဗ်ားက အရမ္းတုံးတာပဲ!"

ဒီစကားလုံးက နည္းနည္း႐ိုးစင္းလြန္းေပမယ့္ သူ႕မွာ အေၾကာင္းျပခ်က္ေတြ႐ွိ၏။

"မင္း ဘာေျပာလိုက္တာလဲ?!" ခ်ဴဟန္သည္ ေဒါသထြက္ကာ ေအာ္လိုက္သည္။

"ဒါ အမွန္တရားပဲေလ။" သူ႕ေဘးနားတြင္ ခ်စ္လွစြာေသာ အစ္ကိုႀကီး႐ွိ​ေနတာ​ေၾကာင့္ ဆုႏိုသည္ အနည္းငယ္မွ် မေၾကာက္ေခ်။ "ဒီေနရာတိုင္းမွာ ကင္မရာေတြ႐ွိတယ္။ခင္ဗ်ားရဲ႕အမူအရာ​ေတြကို လူတိုင္းျမင္ေအာင္ အခုပဲထုတ္လႊင့္ေစခ်င္လား? ေတာ္ေတာ္စိတ္ဝင္စားဖို႔ေကာင္းသြားမွာပဲ။"

ဟန္ေဝသည္ သူ၏အျပဳံးကို မ်ိဳခ်လိုက္ရင္း သူ႕ေမးေစ့ကို ထိလိုက္သည္။

ခ်ဴဟန္၏မ်က္ႏွာမွာ ေတာင့္တင္းသြားၿပီး ျပန္မေျဖေပ။

"ကတ္ေတြ တစ္ခုခု မွားေနမွန္း ခင္ဗ်ားသာမသိရင္ သူ ကတ္​ေတြကိုလ်က္​ေနတုန္း ခင္ဗ်ားဘာလို႔ စိတ္လႈပ္႐ွားေနရတာလဲ?။" ဆုႏိုသည္ သူ႕အသံကို တမင္တကာ နက္႐ိႈင္းစြာ ဖိ​ေျပာလိုက္သည္။

တစ္ ဟန္ေဆာင္ဖို႔၊ႏွစ္ ေယာက်္ားပီသဖို႔!

"သြားၿပီးေတာ့ ဗီဒီယိုကို ယူလာခဲ့။" ဦးေလးခ်န္က သူ႕လက္ေအာက္ငယ္သားေတြကို အမိန္႔ေပးလိုက္သည္။

ခ်ဴဟန္သည္ အခုမွ စိတ္႐ႈပ္ေနသလို ခံစားလာရ၏။ ႐ိုး႐ိုးသားသားေျပာရရင္ တစ္ဖက္က ကတ္ကို ယက္လိုက္တဲ့အခါ သူဘယ္လိုအမူအရာမ်ိဳးျဖစ္ခဲ့တယ္ဆိုတာ မမွတ္မိဘူး။ဦးေလးခ်န္က ထိုအပိုင္းတြင္ ေလးစားထိုက္သူျဖစ္သည္။ခိုင္မာတဲ့သက္ေသေတြနဲ႔ ရင္ဆိုင္ရရင္ အားလုံးကို ဖယ္႐ွားႏိုင္ဖို႔ နည္းနည္းခက္၏။

အလြန္လ်င္ျမန္စြာျဖင့္ ဗီဒီယိုေကာ္ပီႏွင့္ လက္ပ္ေတာ့တစ္လုံးကို ပရိသတ္ေ႐ွ႕တြင္ ခ်ထားခဲ့သည္။

"ခင္ဗ်ား ဒီကိစၥႀကီး ဒီလိုၿပီးသြားမယ္လို႔ မေတြးခဲ့ဘူးမလား?" ဆုႏိုသည္ သူ႕ကို တမင္တကာေဒါသစေနေသးသည္။ "ငါးကေန စေရတြက္ၾကည့္ရေအာင္!"

". ..ငမိုက္!" စကၠန္႔အနည္းငယ္အတြင္း ခ်ဴဟန္သည္ ႐ုတ္တရက္ လွည့္လိုက္ၿပီး သူ႕လက္ေအာက္ငယ္သားတစ္ဦး၏ မ်က္ႏွာကို႐ိုက္ခ်လိုက္သည္။ "မင္း ငါ့ေနာက္မွာ ဒီလိုလုပ္လိုက္တာလား။႐ွင္းျပစမ္း!"

ဟန္ေဝ၏ ႏႈတ္ခမ္းမ်ား ေကြးၫြတ္ကာ ေအးစက္ေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္သည္။

"အစ္ကိုခ်ဴး....ကြၽန္ေတာ္႕ကို ခြင့္လႊတ္ပါ!" ထိုလူသည္ ခ်ဴဟန္၏အမူအရာကို ႐ွင္း႐ွင္းလင္းလင္းဖတ္ႏိုင္ၿပီး ၾကမ္းျပင္ေပၚသို႔ ခ်က္ခ်င္း ဒူးေထာက္ထိုင္ခ်လိုက္ၿပီး သူ႕ကိုယ္သူ ထပ္ခါထပ္ခါ ပါး႐ိုက္လိုက္ကာ စိတ္ပ်က္အားငယ္စြာျဖင့္ ငိုေႂကြးေနေလသည္။ "ကြၽန္ေတာ္႕ရဲ႕ မိုက္မဲတဲ့အ​ေတြး​ေၾကာင့္ အစ္ကိုခ်ဴး မသိ​ေအာင္ ဒီေကာင္မေလးကို႐ွာဖို႔ သြားခဲ့တာပါ။အစ္ကိုခ်ဴး ကြၽန္ေတာ္ မွားခဲ့တယ္ဆိုတာ သိပါၿပီ။"

ဆုႏိုသည္ အံ့ၾသစြာ မ်က္လုံးျပဴးသြားသည္။ဒါကို မင္းသားေတြၾကားထဲကမွ မင္းသားလို႔ ေခၚတာ။က်ံဳးလီဖုန္းပိုင္က သူ႕ကို ေသခ်ာေပါက္ သ​ေဘာက်လိမ့္မယ္။သူ႕အတြက္ ႐ုပ္႐ွင္တစ္ကားေတာင္ ဖန္တီးျဖစ္ႏိုင္တယ္!

"ဦးေလးခ်န္ ျပန္ေရာက္တဲ့အခါ ကြၽန္ေတာ္ သူ႕ကို ေသခ်ာဆုံးမလိုက္ပါ့မယ္" ဒရမ္မာက ၿပီးသြားၿပီ။ခ်ဴဟန္သည္ ႏွိမ့္ခ်တတ္သည့္ အေနအထားသို႔ ေျပာင္းလဲသြားေလသည္။ "ကြၽန္ေတာ္႕ရဲ႕ ေပါ့ေလ်ာ့မႈေၾကာင့္ နယ္ေျမစာခ်ဳပ္ကို အား​ေဝကို ေပးပါ့မယ္"

ဒီစကားမ်ားသည္ ႐ႈံးနိမ့္ျခင္းေၾကာင့္ အေပးအယူလုပ္ျခင္း၏ စကားမ်ားျဖစ္ေနၿပီျဖစ္သည္။ ဦးေလးခ်န္သည္ ဟန္ေဝ၏အျမင္ကို သိလိုဟန္တူသည္။

"ဦး​ေလးခ်န္ဆုံးျဖတ္သမွ်ကို နားေထာင္ပါ့မယ္။" ဟန္ေဝက သူ႕ကို အရမ္းေလးစားေနၿပီ ျဖစ္သည္။

"ဒါဆို အားခ်ဴ ေျပာတဲ့အတိုင္း ငါတို႔လုပ္မယ္။" ဦးေလးခ်န္က လက္ခုပ္တီးၿပီး သေဘာတူညီခ်က္ကို တံဆိပ္ခတ္လိုက္သည္။ "ဒီအေျခအေနက ဒီမွာတင္ ၿပီးသြားတယ္။အနာဂတ္မွာ မင္းရဲ႕လက္ေအာက္ငယ္သားေတြကို ေကာင္းေကာင္းစီမံခန္႔ခြဲပါ။"

ခ်ဴဟန္သည္ သူ႕ေဒါသကို မ်ိဳခ်လိုက္ၿပီး သူ႕လူမ်ားႏွင့္အတူ မထြက္ခြာခင္ ႏႈတ္ဆက္လိုက္သည္။

"အဲဒါက အရမ္းစိတ္လႈပ္႐ွားစရာေကာင္းတယ္။" ဧည့္ခန္းထဲတြင္ ထိုင္ေနစဥ္ ဆုႏို၏ႏွလုံးသားသည္ အ႐ူးအမူးခုန္ေနေသးသည္။

ထန္​ေ႐ွာင္းယြီ၏လက္မ်ားမွာလည္း ေအးစက္စက္ေခြၽးမ်ားျဖင့္ စို႐ြဲေနသည္။

"အို...ဟုတ္သားပဲ!မင္း အဆင္​​ေျပရဲ႕လား?" ဆုႏိုသည္ ဟန္​ေဝ၏ကန္ခ်က္အတြက္ စိုးရိမ္ေနဆဲျဖစ္ၿပီး ထန္​ေ႐ွာင္းယြီ၏အက်ႌကို အျမန္မတင္လိုက္သည္။

"ကြၽန္ေတာ္ အဆင္​ေျပပါတယ္, ဒီကိစၥမွာလည္း အစ္ကိုႀကီးဟန္နဲ႔ ကြၽန္ေတာ္ ပူးေပါင္းခဲ့တာပါ" ထန္​ေ႐ွာင္းယြီက သူ႕ကိုႏွစ္သိမ့္ေပးလိုက္သည္။ "သူက အားေတြ အမ်ားႀကီး မသုံးထားပါဘူး။အခြင့္အေရးကို အသုံးခ်ၿပီး ၾကမ္းျပင္ေပၚကို လဲက်လိုက္တာပါ"

"သ႐ုပ္​ေဆာင္လိုက္တာလား?" ဆုႏိုသည္ ဤတုံ႔ျပန္မႈေၾကာင့္ နားမလည္ႏိုင္ ျဖစ္သြားရသည္။

"အစ္ကိုႀကီးဟန္နဲ႔ ကြၽန္ေတာ္ ႏွစ္ေယာက္စလုံးက တစ္ဖက္မွာ တစ္ခုခု မွားေနၿပီဆိုတာသိခဲ့တယ္ေလ၊ ဒါေၾကာင့္ ၿပိဳင္ဘက္ကို စိတ္႐ႈပ္သြားေအာင္လို႔ ရည္႐ြယ္ခ်က္႐ွိ႐ွိနဲ႔ ဒီ႐ိႈးကို ကြၽန္ေတာ္တို႔ လုပ္ခဲ့တာပါ။ဒီလိုနည္းနဲ႔ သူတို႔ရဲ႕သတိ​ေတြကို လြတ္​ေစၿပီး သူတို႔ရဲ႕လွည့္ကြက္ေတြကို ေဖာ္ထုတ္ဖို႔ ပိုလြယ္ကူသြားေစတယ္ေလ။" ထန္​ေ႐ွာင္းယြီက ႐ွင္းျပသည္။

"မင္းတို႔ ဒီဟာကို ဘယ္တုန္းက ေဆြးေႏြးခဲ့တာလဲ?" ဆုႏိုက တအံ့တၾသနဲ႔ ေအာ္လိုက္မိသည္။

"တစ္ခ်ိဳ႕ အေၾကာင္းအရာေတြအမ်ားႀကီးကို အက်ယ္ႀကီးေျပာဖို႔ မလိုဘူးေလ။အမူအရာတစ္ခုက ဥာဏ္ေကာင္းတဲ့သူ တစ္ဦးတစ္ေယာက္ နားလည္ဖို႔ လုံေလာက္တဲ့ စကားအသုံးအႏႈန္းတစ္ခုပဲ" ဟန္ေဝက သူ႕ေခါင္းေလးကို ပြတ္လိုက္သည္။ "မင္းနားလည္မွာ မဟုတ္ပါဘူး။"

"ဒါဆို ကြၽန္ေတာ္က ဉာဏ္မမီဘူးလို႔ အစ္ကိုႀကီး ေျပာေနတာလား?" ဆုႏိုသည္ ခ်က္ခ်င္းပင္ စိတ္မခ်မ္းသာျဖစ္ကာ အလြန္ေဒါသထြက္လာသည္။
ေလာ့လီက ရယ္ေမာမိသြားျပန္သည္။သူ႕အမူအရာေလးေတြက ခ်စ္စရာေကာင္းတယ္!

"ဒါ ခင္ဗ်ားနဲ႔မဆိုင္ဘူး!" ဆုႏိုက စိတ္တိုတိုနဲ႔ သူ႕ကို စိုက္ၾကည့္ေန၏။

"ဘယ္ဟုတ္မလဲ။ႏိုႏိုက ထက္ျမက္တာပဲကို!" ဟန္ေဝက အဆင္သင့္ေျဖလိုက္သည္။

"ဟုတ္တယ္!မင္းက အရမ္းဉာဏ္ေကာင္းတယ္" ထန္​ေ႐ွာင္းယြီကလည္း သေဘာတူသည္။

ေလာ့လီသည္ ကေလးကို ေခ်ာ့ေနသည့္ မိဘတစ္ဦး၏ျမင္ကြင္း​ေၾကာင့္ အံ့ၾသသြားမိသည္။

ဆုႏို၏ေခါင္းသည္ ခြဲျခားဆက္ဆံခံရသကဲ့သို႔ ဆူညံသံမ်ားျဖင့္ အုံေနသည္။

ဒီလိုအခ်ိန္မ်ိဳးမွာ သူ႕ခ်စ္သူကို ဖုန္းေခၚရမယ့္အခ်ိန္ပါပဲ!

"ႏိုႏို...." အိုးရန္လုံက ခ်က္ခ်င္းျပန္ေျဖ၏။ "ကိုယ္ မင္းကို ဖုန္းေခၚေတာ့မလို႔။ဘာေတြ ထူးလဲ?"

သူတို႔၏ဝိညာဥ္ေတြက ဆက္စပ္ေနတာပဲ! သူတို႔ ဒီည လုပ္ျဖစ္ၾကမွာ ေသခ်ာတယ္!အနည္းငယ္႐ွက္စရာေကာင္းေပမယ့္လည္း ႐ိုးသားစြာ တက္ႂကြေနပါသည္။

"ေဖာက္ခြဲေရးပစၥည္းေတြနဲ႔ ပတ္သက္ၿပီး တစ္ခုခုကို ေျပာ​ေနရင္း စတိုးဆိုင္က​ေန လူယုတ္မာေတြ အမ်ားႀကီး ျဖတ္သြားၾကတယ္။ကိုယ္ သူတို႔ေနာက္ကို လီကုန္းအေဆာက္အဦးကေနလိုက္သြားခဲ့တယ္။ ေခါင္းေဆာင္က တစ္​ေခါင္းလုံး အနီေရာင္ဆိုးထားတဲ့ ဆံပင္နဲ႔။သူ မင္းနဲ႔ ပတ္သတ္တာ တစ္ခုခု႐ွိထားလား?"

"အမ္...ကြၽန္ေတာ္ လီကုန္းအေဆာက္အဦးမွာ႐ွိေနတာ ဒါ႐ိုက္တာႀကီးဘယ္လိုသိလဲ။ဆံပင္အနီနဲ႔​ေကာင္က ကိုယ့္တိုင္ကိုယ္က် သူ႕ဖင္ကို ခ်ဴဟန္လက္ထဲ အပ္ေပးလိုက္တဲ့ လူမိုက္၊ဒါေပမယ့္ ဒါက အေရးမႀကီးေသးဘူး။" ဆုႏိုက အံ့အားသင့္ၿပီး "ေဖာက္ခြဲေရးပစၥည္းလား?"

ဟန္ေဝက မ်က္လုံးျပဴးသြားၿပီး သူ႕လက္ထဲက ဖုန္းကို ယူလိုက္သည္။

"အစ္ကိုႀကီးဟန္..." ထန္​ေ႐ွာင္းယြီက စိတ္လႈပ္႐ွားလာသည္။

ေလာ့လီက သူ႕ပခုံးကို ပုတ္လိုက္ၿပီး စိတ္တည္ၿငိမ္ဖို႔ အခ်က္ျပလိုက္သည္။

တစ္မိနစ္အၾကာတြင္ ဟန္ေဝသည္ ျဖဴဖပ္ျဖဴေရာ္မ်က္ႏွာျဖင့္ ဖုန္းခ်လိုက္သည္။

"ဘာျဖစ္ေနတာလဲ?" ေလာ့လီက ေမးလိုက္၏။

"ငါ မွန္းဆရမယ္ဆိုရင္ ခ်ဴဟန္က ငါတို႔ကို ဒီစာခ်ဳပ္ လြယ္လြယ္ကူကူ ေပးဖို႔ ဆႏၵ႐ွိမွာ မဟုတ္ဘူး။ဒီညေတာ့ ေဖာက္ခြဲေရးပစၥည္းေတြ တပ္ဆင္ဖို႔ သူ႕လူေတြကို နယ္ေျမဆီ ပို႔လိမ့္မယ္ေသခ်ာေပါက္ အာဏာပိုင္ေတြပါ ပါဝင္ေစမယ့္ အႏၲရာယ္႐ွိတဲ့ ဗုံးခြဲမႈ အခင္းအက်င္းကို ဖန္တီးမွာပဲ။အခ်ည္းႏွီးျဖစ္တဲ့ ႏိုင္ပြဲနဲ႔ ငါတို႔အဆုံးသတ္ရလိမ့္မယ္။"

ကုမၸဏီအသစ္တစ္ခု ထူေထာင္ထားၿပီးျဖစ္ေသာ္လည္း ေနာက္ခံအေျခအေနမွာ မ႐ွင္းလင္းေသး​ေပ။ထို႔အျပင္ ထိုကဲ့သို႔ စြန္႔ပစ္ထားသည့္ အေဆာက္အအုံတြင္ အေစာင့္မ်ား ႐ွိေနႏိုင္သည္။တကယ္ပဲ ဗုံးခြဲခဲ့မယ္ဆိုရင္ ေနာက္ဆက္တြဲနဲ႔ တုံ႔ျပန္မႈေတြက ေတြးေတာင္မေတြးဝံ့စရာပါပဲ။

"ဒါက ရက္စက္လြန္းတယ္။" ေလာ့လီက ေတာက္​ေခါက္လိုက္သည္။
"ဦး​ေလးခ်န္ကို အေၾကာင္းၾကားခ်င္လား?"

"ဦး​ေလးက ဖ်န္ေျဖေပးသူသက္သက္ပဲ​ေလ။ မွ်တတဲ့ ေလာင္းကစားပြဲကို လိုခ်င္လို႔ သူ႕ကို စၿပီးဖိတ္လိုက္တာ။ဒီကိစၥႏွင့္ ပတ္သက္ၿပီး ခ်ဴဟန္က သူ႕ကို လုံေလာက္ေသာ မ်က္ႏွာသာေပးထားၿပီးၿပီ။အျပင္မွာ ျပႆနာ႐ွာဖို႔ ဆုံးျဖတ္ထားတာကို ဦး​ေလးခ်န္က ေနာက္တစ္ႀကိမ္ ပါဝင္လာခဲ့ရင္ သူ႕ကိုပါ ဒုကၡ ေရာက္ဖို႔လုပ္လိုက္လိမ့္မယ္,စိတ္မပူပါနဲ႔။ငါ ကိုင္တြယ္လိုက္မယ္။"

"အစ္ကိုႀကီးဘာသာ ကိုင္တြယ္မယ္ဆိုတာ ဘာကို​ေျပာတာလဲ!"ဆုႏိုသည္ ေဒါသတႀကီး ေအာ္လိုက္သည္။အခု ကြၽန္ေတာ္တို႔ေျပာေနတာ ေဖာက္ခြဲေရးပစၥည္းေတြအ​ေၾကာင္း​ေနာ္!

"စိတ္မပူပါနဲ႔။" ဟန္ေဝသည္ ေခါင္းကို ပြတ္သပ္ေပးလိုက္သည္။ "သြားၾကရေအာင္။အစ္ကိုႀကီး မင္းကိုအိမ္အရင္လိုက္ပို႔ေပးမယ္။"

"မဟုတ္ဘူး!အစ္ကိုႀကီး ကြၽန္ေတာ္႕ကို အရင္ေျပာျပရမယ္!" ဆုႏိုသည္ အလြန္ေခါင္းမာေနသည္။အထူးသျဖင့္ သူ႕အစ္ကိုႀကီးရဲ႕လုံျခဳံေရးနဲ႔ ပတ္သက္ေနတယ္!

"အစ္ကိုႀကီး ခ်ဴဟန္ေနာက္လိုက္ဖို႔ တစ္ေယာက္ေယာက္ကို ေစလႊတ္ထားၿပီးၿပီ" ဟန္ေဝသည္ သူ႕ညီေလး၏ေခါင္းမာမႈကို မခံႏိုင္ေသာေၾကာင့္ ဝန္ခံလိုက္ရသည္။

"သူ႕ေနာက္ကိုလိုက္တာလား?" ဆုႏိုက အံ့ၾသစြာေမးလိုက္သည္။
"သူ ေဖာက္ခြဲေရးပစၥည္းေတြ တပ္ဆင္ေတာ့မယ္ဆိုတာ ႀကိဳသိထားတာလား?"

"အစ္ကိုႀကီး မသိပါဘူး၊ဒါေပမယ့္ သူဒီအတိုက္း​ေတာ့ လြယ္လြယ္ စြန္႔လႊတ္မွာမဟုတ္ဘူးဆိုတာကို​ေတာ့ေသခ်ာသိတယ္ စိတ္မပူပါနဲ႔။သူ အစ္ကိုႀကီးကို ဒုကၡမေပးႏိုင္ပါဘူး။"

"ဒါဆိုလည္း အစ္ကိုႀကီးသတိထားရမယ္ေနာ္" ဆုႏိုက သူ႕ကို ထပ္ခါထပ္ခါ တတြတ္တြတ္ေျပာလိုက္ေသးသည္။

"သြားၾကရေအာင္။အိမ္ကို လိုက္ပို႔ေပးမယ္။" ဟန္ေဝက သူ႕ကုတ္အက်ႌကို ယူလိုက္သည္။

"ခဏ..ခဏ" ဆုႏိုသည္ ႐ုတ္တရက္ တစ္ခုခုကို သတိရသြားသည္။ "ခုနက ဖုန္းေခၚတာ...သူ အနီးနားက?!"
ဒါက အဓိပၸါယ္မ႐ွိဘူး!

"သူအနားမွာ႐ွိေနေပမယ့္ မင္းကို လာမေခၚႏိုင္ဘူး" ဟန္ေဝက သူ႕နားက​ေန ဆြဲလိုက္သည္။ "တစ္ေယာက္ေယာက္က ငါတို႔ကို ေႏွာင့္ယွက္လိုက္မွာကို စိုးရိမ္တယ္။အားလုံး ငါ့ကားထဲကို ဝင္လာၾက။"

"ဘာလို႔ သူက အနီးနားမွာ႐ွိေနတာလဲ?" ဆုႏိုသည္ ကိစၥမ်ားကို သူ႕ထံမွ ရည္႐ြယ္ခ်က္႐ွိ႐ွိ ဝွက္ထားေၾကာင္း ခံစားလိုက္ရသည္။သူ႕အစ္ကိုႀကီးက သူ႕ခ်စ္သူနဲ႔ မထင္မွတ္ပဲ ပူ​ေပါင္းေနၾကတယ္!

ဒါက အရမ္းေလးနက္လြန္းတယ္! မူလတန္းျပဆရာက မိဘႏွင့္ပူးေပါင္းေနသကဲ့သို႔ပင္။

"မင္း သူ႕ကိုေနာက္မွေမးရင္လည္း သိလာမွာပါ" ဟန္ေဝသည္ mask တပ္ေပးလိုက္သည္။ "သြားၾကရေအာင္။"

ဆုႏိုသည္ 'ဟြန္႔' တစ္ခ်က္​ေပးကာ လမ္းေလွ်ာက္လာသည္။

ဒီလိုမ်ိဳး ဘာလို႔လုပ္ၾကတာလဲ!

လြန္လြန္းတယ္!

"မင္းက အိမ္အရင္ျပန္။ေနာက္​ေယာင္ခံ မလိုက္ေစဖို႔ သတိထား။" ဟန္ေဝက လမ္းေလွ်ာက္ရင္း အိုးရန္လုံဆီကို ဖုန္းေခၚလိုက္သည္။သူက အၿမီးဆြဲခံရဖို႔ ျဖစ္ႏိုင္ေျခနည္းေပမယ့္လည္း သူက သူ႕ညီေလးရဲ႕ ခ်စ္သူျဖစ္တာေၾကာင့္ ဟန္​ေဝသည္ လိုအပ္တဲ့ သတိေပးခ်က္ေတြေျပာဖို႔ လိုအပ္ေနပါေသး၏။

"ဒါဘယ္သူ႕ဖုန္းလဲ?" ေလာ့လီသည္ ဆုႏိုကို ေနာက္ေျပာင္ေနေသးသည္။

ဆုႏိုက သူ႕ကို စူးစူးရဲရဲ စိုက္ၾကည့္ေန၏။

"ဘာလို႔ မ်က္ႏွာနီေနရတာလဲ?" ေလာ့လီက အ႐ိုက္ခံရေတာ့မလို႔ ေလသံနဲ႔ေမးလိုက္သည္။

ဟန္ေဝသည္ ဖုန္းေခၚဆိုမႈကို ဆိုင္းငံ့လိုက္ၿပီး ဆုႏိုကို သူ႕ေနာက္သို႔ ပို႔လိုက္စဥ္ ေလာ့လီကို စူးရဲစြာ စိုက္ၾကည့္ေနသည္။

မစၥတာအမာ႐ြက္ သည္ အလြန္႐ႊင္ျမဴးေန၏။ "ေၾကာင္ကေလးငယ္ကို ကာကြယ္ေပးတဲ့ ေၾကာင္တစ္ေကာင္ကို ျမင္ဖူးၾကလား?"

ဆုႏိုက ေပါက္ကြဲသြားၿပီ။ သူ႕အစ္ကိုႀကီးက ဘာလို႔ ဒီလိုင​ေၾကာင္ေကာင္နဲ႔ အဆက္အသြယ္မျဖတ္ရ​ေသးတာလဲ?

သူကို ျမင္ရတာက -င္ထဲက နာရသလိုပဲ!

ထန္​ေ႐ွာင္းယြီသည္ ေလာ့လီ၏အနီးတစ္ဝိုက္တြင္ ခိုး​ေၾကာင္ခိုးဝွက္​ျဖင့္ အသာစီးရယူႏိုင္ရန္လွည့္ေနကာ ဆုႏိုအနားတြင္ ရပ္ေနခဲ့သည္။

"မင္း သူ႕ကို စိတ္​အ​ေႏွာက္​အယွက္​ မျဖစ္​ဘူးလား?" ဆုႏိုသည္ တိုက္ပြဲဝင္ရဲေဘာ္၏လက္ကို ဆုပ္ကိုင္ထားသည္။

ထန္​ေ႐ွာင္းယြီက ေခါင္းညိတ္လိုက္သည္။

ေလာ့လီသည္ ထိုကဲ့သို႔ေသာ ထိုးႏွက္ခ်က္မ်ိဳး တစ္ခါမွ် မၾကဳံဖူးေပ။
အခုေခတ္ကေလးေတြက လုံးဝကို မေဖာ္ေ႐ြၾကတာပဲ!

"မင္းကို အိမ္အရင္လိုက္ပို႔ေပးရမလား?" ဆုႏိုက ထန္​ေ႐ွာင္းယြီ ကားေပၚတက္လာၿပီးေနာက္ mask ကို ျဖဳတ္ရင္း ေမးလိုက္သည္။

"မဟုတ္ဘူး၊ရတယ္။ကြၽန္ေတာ္ကို ဟိုတယ္မွာ ထားခဲ့႐ုံပဲ။ကြၽန္​​ေတာ္​က အကိုက်ီရန္ကို ကြၽန္​​ေတာ့္​ဇာတိၿမိဳ႕ကိုသြားလည္​ဖို႔ဆိုၿပီး ခြင့္ယူခဲ့တာ,မနက္​ျဖန္​မနက္​ထိ မျပန္​​လာ​ေသးဘူး​ေျပာခဲ့တယ္​။"

ဟန္ေဝသည္ ေခါင္းညိတ္ျပရင္း အ႐ွိန္ျမႇင့္လီဗာကို နင္းကာ ၿမိဳ႕ျပင္တြင္ အနည္းငယ္ ပတ္ဝိုင္းၿပီးေမာင္းလိုက္သည္။

"မင္းကို ေနာက္ေယာင္ခံလိုက္မယ့္သူ မ႐ွိဘူး။မင္း အရမ္းႀကီးကို သတိမလြန္​ေနဘူးလား?" ေလာ့လီက ေမးသည္။

"မင္းတစ္​ေယာက္တည္းသာ ကားေပၚမွာ ႐ွိေနရင္ ငါ့ကို ပိုက္ဆံေပးရင္​ေတာင္ ဒီလို ပတ္ေမာင္းေနမွာ မဟုတ္ဘူး!" ဟန္ေဝသည္ ေ႐ွ႕ကို စူးစူးစိုက္စိုက္ ၾကည့္ေနသည္။ " မင္း အ႐ိုက္ခံရရင္ေတာင္ ထိုက္တန္တယ္။"

"မင္းဒီေလာက္ ၾကမ္းတမ္းေနဖို႔ မလိုပါဘူးကြာ။" မစၥတာအမာ႐ြတ္သည္ ရန္ၿငိဳးဖြဲ႕စကားဆိုရင္း ႏႈတ္ခမ္း ေကာ့တက္သြားသည္။

"ဘယ္ဟိုတယ္ကို သြားမွာလဲ?။"ဆုႏိုက ထန္​ေ႐ွာင္းယြီကို ေမးလိုက္၏။

"ဘယ္ဟိုတယ္မဆို အဆင္ေျပပါတယ္။ကြၽန္ေတာ္ တစ္ညေလာက္ပဲ ေနမွာပါ"

႐ိုး႐ိုးသားသားေျပာရလွ်င္ ဆု​ေ႐ွာင္းႏို၏ထုံးစံအတိုင္း ရင္းႏွီးမႈႏွင့္ ဧည့္ဝတ္ေက်ပြန္မႈအရ သူ႕ကို အိမ္သို႔ ထက္ထက္သန္သန္ ဖိတ္ေခၚၿပီး ခ်ိဳးက်ီယန္အေၾကာင္း အတင္းအဖ်င္းေျပာေနေပလိမ့္မည္။အဲဒါကို ေတြးၾကည့္႐ုံနဲ႔ ေက်နပ္မႈရေစတယ္! သို႔ေသာ္လည္း မစၥတာ CEO ႏွင့္ သူ၏ဆက္ဆံေရးသည္ မည္သို႔ဘယ္ပုံ႐ွိမည္ကို မသိေသးေသာေၾကာင့္ ယခုအေျခအေနမွာ ၿငိမ္​ေနရမည္။အေရးအႀကီးဆုံးကေတာ့ ဒီလိုညမ်ိဳးမွာ ျပင္သစ္အနမ္း​ေလးနဲ႔ သူ႕ခ်စ္သူကို နမ္းတာက ပိုအေရးႀကီးတယ္ေလ!

ထို႔ေၾကာင့္ ခင္မင္ရင္းႏွီးမႈထက္ လိင္ဆက္ဆံဖို႔ကသာ အ​ေရးႀကီးတာမို႔ ဆု​ေ႐ွာင္းႏိုသည္ ပါးစပ္ကို ပိတ္ထားခဲ့သည္။

Continue Reading

You'll Also Like

221K 5.4K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
307K 34.8K 35
Title - A contractual marriage with the best leading actor Author - Gu Zheng (故筝) Genre- Comedy ,Drama ,Romance , Shounen Ai Slice of Life, Yaoi S...
10.1K 1.3K 6
ရွမ်ယန် တစ်ယောက် အလုပ်သစ်ရတော့ သူ့ဥက္ကဋ္ဌကို အရပ်ရှည်ရှည် ခပ်ဖြောင့်ဖြောင့် သူဌေးတစ်ယောက်၊ အထူးသဖြင့် Mary Sue တစ်ယောက်လိုဖြစ်လိမ့်မယ်လို့ မှန်းထားခဲ...
574K 57K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...