Welcome to Omegaverse (Comple...

By Sandi_Bear

552K 57.3K 1.5K

Kim Taehyung Γ— Jeon Jungkook Both zawgyi & unicode Taekook makes me happy. More

Intro
Part ~ 1
Part ~ 2
Part ~ 3
Part ~ 4
Part ~ 5
Part ~ 6
Part ~ 7
Part ~ 8
Part ~ 9
Part ~ 10
Part ~ 11
Part ~ 12
Part ~ 13
Part ~ 14
Part ~ 15
Part ~ 16
Part ~ 17
Part ~ 19
Part ~ 20
Part ~ 21
Part ~ 22
Part ~ 23
Part ~ 24
Part ~ 25
Part ~ 26
Part ~ 27
Part ~ 28
Part ~ 29
Part ~ 30 (final)
Another Kim Taehyung

Part ~ 18

14.9K 1.7K 50
By Sandi_Bear

zawgyi

စာၾကည့္စားပြဲ၌ ထိုင္ေနသည့္ ကင္မ္ထယ္ေယာင္း ။
သူ စာလုပ္ေနေပမယ့္ စိတ္တို႔က ဂ်ီဟြန္းနွင့္ ေတြ႕ခဲ့စဥ္တုန္းက ၾကားခဲ့သည့္ အေၾကာင္းအရာတစ္ခ်ိဳ႕ကို ခဏခဏ ျပန္ေအာက္ေမ့ေနမိသည္ ။

ကလပ္??..
ထယ္ေယာင္းကေတာ့ အခုထိ ကလပ္ကို တစ္ခါမ်ွ မေရာက္ဖူးေသးဘူး ။

ၿပီးေတာ့ ဂ်ပန္??..

ေသခ်ာစဥ္းစားၾကည့္ရင္ ေက်ာင္းတက္လက္စႀကီးနဲ႔ကို ဒီကမာၻက ကင္မ္ထယ္ေယာင္းက ဂ်ပန္သြားဖို႔ စီစဥ္ခဲ့ေသးတာလား??..
ဘာလို႔လဲ??...

" အာ... "

ထယ္ေယာင္း စဥ္းစားမရစြာ ဆံႏြယ္ေကာက္ေကာက္တို႔ကို လက္နွင့္ထိုးဖြမိလိုက္သည္ ။

သူ ဖုန္းscreenထက္က နာရီကို တစ္ခ်က္ၾကည့္မိလ်ွင္ ညေန၅နာရီရွိၿပီ ။

ထို႔ေၾကာင့္ ပန္းပင္မ်ားကို ေရေလာင္းရန္အတြက္ ၿခံ၀င္းထဲသို႔ ဆင္းလာခဲ့လိုက္သည္ ။

" ဘာလို႔ ဒါေတြ လုပ္ေနေသးတာလဲ... စာေမးပြဲနီးၿပီ မဟုတ္ဘူးလား.. "

ေရပိုက္နွင့္ ပန္းပင္မ်ားကို ပက္ျဖန္းေနသည့္ ထယ္ေယာင္းထံ ေဘာင္းဘီအိတ္ကပ္ထဲ လက္ထည့္ထားလ်က္ ေလ်ွာက္လမ္းလာပါသည့္ ဂြၽန္သခင္ေလး ။

" ဒီအခ်ိန္ခဏေလးက ဘာမွ မျဖစ္ပါဘူး.. ကြၽန္ေတာ္လည္း ေခါင္းေဆးဖို႔ အခ်ိန္လိုတယ္ေလ.. ၿပီးေတာ့ စာေတြက လိုက္နိုင္ေနပါၿပီ.. ကြၽန္ေတာ့္မွာ အခ်ိန္ရတယ္.. "

" အခ်ိန္ရရင္ ဘာလို႔ ငါနဲ႔ အတူမေနလဲ.."

ဂြၽန္သခင္ေလး အေျပာေၾကာင့္ ထယ္ေယာင္း မ်က္နွာရဲတက္သြားလ်က္ ဘုၾကည့္ၾကည့္မိလိုက္သည္ ။

" စာေမးပြဲ မၿပီးမခ်င္း မရဘူး.. "

" ဒါဆိုလည္း စာေမးပြဲ မၿပီးမခ်င္း မင္း အလုပ္ေတြ မလုပ္ရဘူး.. "

" အာ.. ကြၽန္ေတာ္က ဒီၾကားထဲ အလကားေနေနသလို ျဖစ္ေနလို႔ အားနာေနရတဲ့ဟာ.. "

" က်စ္.. ဘာလို႔ အဲ့လိုေတြ လိုက္ေတြးေနတာလဲ.. မင္းေျပာေတာ့ ငါ့ကို သေဘာက်တယ္ဆို.. ကင္မ္ထယ္ေယာင္း.. "

" သေဘာက်တာနဲ႔ အလကားေနတာနဲ႔က ဘာမွမဆိုင္ဘူးေလ.. ဂြၽန္သခင္ေလး.. "

ပန္းပင္ေတြကိုသာ ေရဆက္ေလာင္းေနသည့္ Omegaေၾကာင့္ ေဂ်ာင္ကု စူပုပ္သြားရသည္ ။

Omegaကို သူက ေ႐ႊေပၚျမတင္ ထားခ်င္တာဆိုေပမယ့္ သက္ေသာင့္သက္သာ မေနသည့္ Omegaက အိမ္အလုပ္ေတြမွာ ပါ၀င္ကူညီရင္း သူ႔လက္သူ႔ေျခေတြခ်ည္း ။

ညေရာက္ေတာ့လည္း ေဂ်ာင္ကုအခန္းကို ၀ီစကီပုလင္း စိမ္ထားသည့္ ေရခဲပံုးေလးကိုဆြဲကာ ယူလာေပးသည့္ Omega ။

" ဂြၽန္သခင္ေလး.. ကြၽန္ေတာ့္ကို ဂြၽန္သခင္ေလးရဲ႕ Wolf form ထပ္မျပခ်င္ဘူးလား..."

တစ္ခါသာ ေတြ႕ဖူးေသးသည့္ ဂြၽန္သခင္ေလး၏ Wolf formက ခန္႔ညားၾကည့္ေကာင္းလွသည္မို႔ ထယ္ေယာင္း ထပ္မံေတာင္းဆိုၾကည့္မိသည္ ။

" ငါနဲ႔ အတူတူေနရင္ ျပမယ္ေလ.. "

" ေတာ္ပါၿပီ.. ၀ီစကီသာ ေသာက္ပါေတာ့ ဂြၽန္သခင္ေလး.."

ထယ္ေယာင္း၏ ျငင္းဆိုမႈေၾကာင့္ ဂြၽန္သခင္ေလးက ရႈတည္တည္ ၾကည့္လာသည္ကို ထယ္ေယာင္း မသိခ်င္ေယာင္သာ ေဆာင္လိုက္သည္ ။

" ကြၽန္ေတာ္ စာေမးပြဲ နီးၿပီမို႔ အေဖာ္မလုပ္ေပးေတာ့ဘူးေနာ္ ဂြၽန္သခင္ေလး.."

အခန္းထဲမွ လွည့္ထြက္ရန္ ျပင္လိုက္စဥ္ နွာမႈတ္သံ ၾကားလိုက္ရသည္ေၾကာင့္ ထယ္ေယာင္း ျပန္လွည့္ၾကည့္မိလ်ွင္ ဂြၽန္သခင္ေလး၏ မဟူရာ Wolf formကို ေတြ႕လိုက္ရသည္မို႔ ထယ္ေယာင္း မ်က္၀န္းအစံုက ၀ိုင္းစက္သြားရကာ ရယ္ျမဴးရိပ္ သန္းသြားရသည္ ။

ထိုခဏ၌ စာလုပ္ဖို႔ အေတြးေတြပင္ လႊင့္စင္သြားခဲ့လ်က္ ဂြၽန္သခင္ေလး၏ Wolf formကို အေျပးတပိုင္း သြားေရာက္ပြတ္သပ္ေပးမိလိုက္သည္ ။

ၾကမ္းျပင္ထက္၌ ထိုင္ခ်ကာ ဂြၽန္သခင္ေလး၏ Wolf formကို တယုတယ ပြတ္သပ္ေပးေနသည့္ ထယ္ေယာင္း နႈတ္ခမ္းပါးတို႔က ေကြးၫႊတ္ေနသည္ ။

" ဂြၽန္သခင္ေလးရဲ႕ Wolf formကို ကြၽန္ေတာ္ အရမ္း သေဘာက်တာပဲ.. "

" Wolf formကိုပဲလား.. ငါ့ကို က်ေတာ့ေရာ.. "

လူအသြင္ ျပန္ေျပာင္းလာသည့္ ဂြၽန္သခင္ေလးက မႈန္ကုပ္ကုပ္နွင့္ အေမးရွိလာပါလ်ွင္ ထယ္ေယာင္း နွာေခါင္းေလး ရႈံ႕မိလိုက္သည္ ။

ဂြၽန္သခင္ေလးရဲ႕ Wolf formကို ထယ္ေယာင္း ထပ္ေတြ႕ခ်င္ေသးတဲ့ဟာကို ။

" ေျဖေလ.. ငါ့ကို က်ေတာ့ေရာလို႔.. "

" ဂြၽန္သခင္ေလးကိုလည္း သေဘာက်ပါတယ္.. ဒါေပမယ့္ ဂြၽန္သခင္ေလးရဲ႕ Wolf formက ပိုၾကည့္ေကာင္းတယ္လို႔ ထင္တယ္.. "

" ဘာ!?... "

သိသိသာသာ မႈန္ကုပ္သြားသည့္ ဂြၽန္သခင္ေလးေၾကာင့္ ထယ္ေယာင္း သေဘာတက် ၿပံဳးမိသြားရကာ ဂြၽန္သခင္ေလး၏ နႈတ္ခမ္းပါးကို ထိကပ္ရံုမ်ွ အနမ္းေပးလိုက္မိသည္ ။

" ကြၽန္ေတာ္ စာသြားလုပ္ေတာ့မယ္... ၀ီစကီကိုလည္း သိပ္မေသာက္ပါနဲ႔.. တန္ရင္ေဆး.. လြန္ရင္ေဘးဆိုတဲ့ စကားလည္းရွိတာ သိတယ္မလား.."

ၾကမ္းျပင္မွထကာ အခန္းထဲကေန ထြက္သြားပါသည့္ Omegaက ေဂ်ာင္ကုကို အၿပံဳးလွလွေလး ေပးသြားသည္မို႔ ေဂ်ာင္ကု နႈတ္ခမ္းပါးက ေကာ့တက္သြားရသည္ ။

သူ႔စိတ္အေျခအေနက အေတာ္ေလး ေကာင္းမြန္သြားၿပီေလ ။
.
.
.

ေက်ာင္းေဆာင္အတြင္းရွိ Lockerမ်ားအေရွ႕တြင္ ေျခစံုရပ္လိုက္သည့္ ထယ္ေယာင္း ။
မိမိ၏ Lockerကို ဖြင့္လိုက္ကာ ေက်ာပိုးအိတ္ထဲမွ စာအုပ္တစ္ခ်ိဳ႕ကို Lockerထဲ ထည့္သိမ္းလိုက္သည္ ။

ၿပီးေနာက္ Lockerထဲက အကုန္မေမႊရေသးသည့္ စာအုပ္နွင့္ ပစၥည္းပစၥယတစ္ခ်ိဳ႕ေၾကာင့္ သူ ခဏတန္႔သြားရၿပီး ျပန္လွည့္မထြက္ေသးဘဲ စာအုပ္တို႔ကို ထုတ္ၾကည့္လိုက္သည္ ။

မွတ္စုစာအုပ္အခ်ိဳ႕က ထယ္ေယာင္းအတြက္ အသံုး၀င္သည္မို႔ အိမ္ယူသြားရန္ စဥ္းစားလိုက္ၿပီး ေက်ာပိုးအိတ္ထဲထည့္ရန္ ျပင္လိုက္စဥ္ စာအုပ္ထဲကေန ထြက္က်လာပါသည့္ Ticketတစ္ေစာင္ ။

" ဘာပါလိမ့္... "

ထယ္ေယာင္း ထိုticketကို ေကာက္ယူၾကည့္လိုက္လ်ွင္ ဂ်ပန္ခရီးစဥ္ flight ticketတစ္ေစာင္ ျဖစ္ေနသျဖင့္ မ်က္လံုး၀ိုင္းသြားရသည္ ။

" ေလယာဥ္လက္မွတ္က စာအုပ္ထဲ ဘာလို႔ ေရာက္ေနတာလဲ??.. "

ticketကို အေသအခ်ာ ဖတ္ၾကည့္မိလ်ွင္ လြန္ခဲ့တဲ့ ၇လေက်ာ္ေလာက္တုန္းက dateနွင့္ ျဖစ္ေနသည္ ။

" အာ... ဂ်ီဟြန္းနဲ႔ ေျပာတုန္းက ဂ်ပန္သြားမယ္ဆိုတဲ့ ticketျဖစ္ရမယ္.."

ထယ္ေယာင္း dateကို ၾကည့္ေနမိရင္းမွ ေခါင္းထဲ၀င္လာသည့္ အေၾကာင္းအရာ ။

ခဏ.. လြန္ခဲ့တဲ့ ၇လ??..
ဒီကမာၻက ကင္မ္ထယ္ေယာင္းက ကိုယ့္ကိုကိုယ္ ေသေၾကာင္းႀကံစည္ခဲ့တာက ဘယ္အခ်ိန္ေလာက္တုန္းကလဲ??..

ထယ္ေယာင္းက ေန႔ရက္ကို အေသအခ်ာ မသိတာမို႔ ဘိုဂမ္ကို ေမးၾကည့္ရန္သာ ဆံုးျဖတ္လိုက္သည္ ။

ထို႔ေၾကာင့္ Lockerကို ျပန္ပိတ္လိုက္ၿပီး အတန္းဆီ ဦးတည္၀င္လာခဲ့လ်ွင္ ဘိုဂမ္က သူ႔အေပါင္းအသင္းတစ္ခ်ိဳ႕နွင့္ ရယ္ရယ္ေမာေမာ စကားေဖာင္ဖြဲ႕ေနသည္ ။

" ဘိုဂမ္... "

" ဟင္??.. "

" ငါ မင္းကို ေမးစရာေလးရွိလို႔.. "

ထယ္ေယာင္း၏ အေျပာေၾကာင့္ ဘိုဂမ္က သူ႔အေပါင္းအသင္းမ်ားနွင့္ စကားစကို ျဖတ္လိုက္ကာ ထယ္ေယာင္းနွင့္အတူ စာသင္ခံုမွာ ၀င္ထိုင္လာသည္ ။

" ဘာေမးမလို႔လဲ.. စာလား.. "

" စာေတာ့မဟုတ္ဘူး.. ဟို.. ငါက တစ္ခ်ိဳ႕အေၾကာင္းအရာေတြကို လံုး၀ မမွတ္မိေတာ့ဘူးဆိုတာ မင္းလည္း သိတယ္မလား.. "

" အင္းေလ.. "

" အဲ့ဒါ.. ငါ ကိုယ့္ကိုကိုယ္ ေသေၾကာင္းႀကံစည္ခဲ့တာကေလ.. ဘယ္ေန႔ဘယ္ရက္ကလည္းဆိုတာ မင္း မွတ္မိလား... "

ထယ္ေယာင္း၏ အေမးေၾကာင့္ ဘိုဂမ္မ်က္၀န္းတို႔က အဓိပၸါယ္ေဖာ္ရခက္သည့္ အရိပ္တစ္ခ်ိဳ႕ ျဖတ္ေျပးသြားသည္ ။

" မင္း တစ္ခုခု မွတ္မိလာလို႔လား.. ထယ္ေယာင္း.. "

" အာ.. အဲ့လို မဟုတ္ပါဘူး.. ငါက သိခ်င္ရံုပါ.. ငါ အဲ့ဒီလို လုပ္မိခဲ့တဲ့ ေန႔ရက္ကို.. မင္း မွတ္မိလား.."

" အင္း.. ဆိုပါေတာ့.. မင္းရဲ႕ကိစၥက အႀကီးအက်ယ္ပဲေလ.. ေက်ာင္းက လူတိုင္းနီးပါးသိတာပဲ.. "

" မင္းမွတ္မိတယ္ဆိုရင္ ငါ့ကို ေျပာျပပါလား.. အဲ့ဒီ့ ရက္စြဲအတိအက်ကို.. "

" ခဏေနာ္... "

ဘိုဂမ္က သူ႔ဖုန္းကိုထုတ္ရင္း calendarကို တစ္ခ်က္ စစ္ေဆးသည္ ။

" အဲ့ဒီ့ေန႔က ေက်ာင္းရဲ႕ဆုေပးပြဲ အခမ္းအနားရွိတဲ့ေန႔ပဲ.. ဆုရေက်ာင္းသားေတြရဲ႕ မိသားစု၀င္ေတြေရာ ပညာသင္ဆု ေပးၾကတဲ့ လူႀကီးတစ္ခ်ိဳ႕ေတြေရာ တက္ေရာက္က်လို႔ ေက်ာင္း၀င္းထဲ လူစည္ကားခဲ့တာ.. ၈လပိုင္း ၁၇ရက္ေန႔.."

" ေက်းဇူးပဲ.. ဘိုဂမ္... "

" မလိုပါဘူး.. ဒါနဲ႔ မင္းက မမွတ္မိဘူးလည္း ေျပာေသးတယ္.. ဘာလို႔ သိခ်င္သြားရတာလဲ.. "

" ဒီအတိုင္းပါပဲ..."

ထယ္ေယာင္း အၿပံဳးတစ္ခုနွင့္သာ စကားလမ္းေၾကာင္းကို တန္႔လိုက္လ်ွင္ ဘိုဂမ္က တစ္မ်ိဳးတစ္မည္ ျဖစ္သြားၿပီးမွ အၿပံဳးခ်ိဳခ်ိဳနွင့္သာ တံု႔ျပန္လိုက္သည္ ။

" ငါ အရင္သြားနွင့္ၿပီေနာ္ ဘိုဂမ္.. မနက္ျဖန္မွ ေတြ႕မယ္... "

" ေအာ... ေကာင္းေကာင္းျပန္ေနာ္.  ထယ္ေယာင္း.. "

" အင္း..."

အတန္းဆင္းသည့္အခါေတာ့ သူ႔အား နႈတ္ဆက္ၿပီး အရင္ထြက္သြားပါသည့္ ထယ္ေယာင္းကို အၿပံဳးနွင့္ နႈတ္ဆက္လိုက္သည့္ ပတ္ခ္ဘိုဂမ္ ။

ျမင္ကြင္းထဲကေန ထယ္ေယာင္း ေပ်ာက္ကြယ္သြားၿပီဆိုမွ တည္တင္းသြားသည့္ သူ႔၏နႈတ္ခမ္းပါးနွင့္အတူ မ်က္၀န္းအစံုကလည္း ေအးစက္သြားခဲ့လ်က္ ။
.
.
.

" ဟင္.. ခ်န္းမင္းေဟ်ာင္းက ဒီေန႔လည္း မပါလာဘူးလား.. ဂြၽန္သခင္ေလး.. "

" တမင္သက္သက္ ထားခဲ့တာ.. "

ထယ္ေယာင္းကို ဂြၽန္သခင္ေလး ကိုယ္တိုင္ကိုယ္က် လာလာႀကိဳေနသည္မွာ ရက္ေပါင္းအေတာ္ ၾကာခဲ့ၿပီျဖစ္သည္ ။

အစကေတာ့ ထယ္ေယာင္းက ခ်န္းမင္းေဟ်ာင္း မအားလို႔ ဂြၽန္သခင္ေလးကိုယ္တိုင္ ကားေမာင္းေနရတယ္ ထင္ခဲ့တာ ။

" ဘာလို႔လဲ..."

" မင္းကေရာ ဘာလို႔ ေမးတာလဲ.. "

" မဟုတ္ပါဘူး.. ကြၽန္ေတာ္က ဂြၽန္သခင္ေလး တကူးတက လာႀကိဳေနရမွာ စိုးလို႔ပါ.."

" ဒီအတိုင္း လမ္းႀကံဳလို႔ ၀င္ႀကိဳရံုပဲ.. "

" အဲ့ဒါဆိုရင္ေတာ့ ေတာ္ေသးတာေပါ့... "

ကားေရွ႕ခန္းမွာ ထယ္ေယာင္း ၀င္ထိုင္လိုက္ၿပီး လံုၿခံဳေရးခါးပတ္ ပတ္ၿပီးသည္နွင့္ ေဂ်ာင္ကု ကားစက္နႈိးကာ ေမာင္းထြက္ခဲ့လိုက္သည္ ။

ထယ္ေယာင္း အခန္းထဲျပန္ေရာက္သည္နွင့္ ေက်ာပိုးအိတ္ကို ဇစ္ဖြင့္ကာ flight ticketကို ထုတ္ၾကည့္လိုက္သည္ ။

ticket dateက ၈လပိုင္း ၁၈ရက္ေန႔ ။

ဒီကမာၻက ကင္မ္ထယ္ေယာင္း ေသေၾကာင္းႀကံစည္ခဲ့တာက ၈လပိုင္း ၁၇ရက္ေန႔ ။

အမ္??...
ဂ်ပန္သြားဖို႔ စီစဥ္ထားတဲ့သူက ဘာလို႔ ရုတ္တရက္ႀကီး ေသေၾကာင္းႀကံစည္ရတာလဲ??...

ဒီကမာၻက ကင္မ္ထယ္ေယာင္းက ဂြၽန္သခင္ေလးနားကေန ထြက္သြားခ်င္တာကေတာ့ Sketch bookမွာ ေရးျခစ္ထားေသာ ခံစားခ်က္ အပိုင္းအစမ်ားကေန ထယ္ေယာင္း သိပါသည္ ။

" အာ.. ငါက ငါဆိုေပမယ့္ ငါက ငါ မဟုတ္ေတာ့ ဘာမွ ေတြးေတာမရဘူးပဲ..."

ဒီကမာၻႀကီးက ထယ္ေယာင္း ေနထိုင္ႀကီးျပင္းလာရတဲ့ ကမာၻႀကီးနဲ႔ မတူညီတာမို႔ ဒီကမာၻႀကီးမွာ ရွင္သန္ေနထိုင္ခဲ့ရတဲ့ ကင္မ္ထယ္ေယာင္းကလည္း ထယ္ေယာင္းနဲ႔ အရာရာ ထပ္တူက်နိုင္ဖို႔ဆိုတာက ျဖစ္မွမျဖစ္နိုင္ပဲ ။

ဒါနဲ႔.. သူ႔ရဲ႕Wolf formက ဘယ္လိုပံုစံမ်ိဳး ျဖစ္ေလာက္မလဲ??

တကယ္ ေျပာင္းၾကည့္ခ်င္လိုက္တာ..။

ထယ္ေယာင္း စာၾကည့္စားပြဲ၌ မထိုင္ခင္ အရင္ဆံုး ကိုယ္လက္သန္႔စင္ရန္အတြက္ ေရခ်ိဳးခန္းသို႔ ဦးတည္လိုက္လ်ွင္ ေရွ႕သို႔ဟပ္ထိုး လဲၿပိဳသြားရသည္ ။

ဟင္!!??...

ထယ္ေယာင္း မ်က္စိေရွ႕က အေမႊးျဖဴျဖဴေလးနွင့္ ေျခလက္တစ္စံု ။

သူ ဇေ၀ဇဝါ ျဖစ္သြားရင္းမွ ထရပ္ၾကည့္လိုက္လ်ွင္ Wolf form ေျပာင္းသြားၿပီျဖစ္ေသာေၾကာင့္ အသားမက်ပဲ ၾကမ္းျပင္၌ လဲၿပိဳက်သြားရျပန္သည္ ။

ဘာလဲ??!!..
ငါက Wolf formေျပာင္းသြားလို႔ ရၿပီပဲ!!
.
.
.

Sandi Bear
Taekook makes me happy.

unicode

စာကြည့်စားပွဲ၌ ထိုင်နေသည့် ကင်မ်ထယ်ယောင်း ။
သူ စာလုပ်နေပေမယ့် စိတ်တို့က ဂျီဟွန်းနှင့် တွေ့ခဲ့စဉ်တုန်းက ကြားခဲ့သည့် အကြောင်းအရာတစ်ချို့ကို ခဏခဏ ပြန်အောက်မေ့နေမိသည် ။

ကလပ်??..
ထယ်ယောင်းကတော့ အခုထိ ကလပ်ကို တစ်ခါမျှ မရောက်ဖူးသေးဘူး ။

ပြီးတော့ ဂျပန်??..

သေချာစဉ်းစားကြည့်ရင် ကျောင်းတက်လက်စကြီးနဲ့ကို ဒီကမ္ဘာက ကင်မ်ထယ်ယောင်းက ဂျပန်သွားဖို့ စီစဉ်ခဲ့သေးတာလား??..
ဘာလို့လဲ??...

" အာ... "

ထယ်ယောင်း စဉ်းစားမရစွာ ဆံနွယ်ကောက်ကောက်တို့ကို လက်နှင့်ထိုးဖွမိလိုက်သည် ။

သူ ဖုန်းscreenထက်က နာရီကို တစ်ချက်ကြည့်မိလျှင် ညနေ၅နာရီရှိပြီ ။

ထို့ကြောင့် ပန်းပင်များကို ရေလောင်းရန်အတွက် ခြံဝင်းထဲသို့ ဆင်းလာခဲ့လိုက်သည် ။

" ဘာလို့ ဒါတွေ လုပ်နေသေးတာလဲ... စာမေးပွဲနီးပြီ မဟုတ်ဘူးလား.. "

ရေပိုက်နှင့် ပန်းပင်များကို ပက်ဖြန်းနေသည့် ထယ်ယောင်းထံ ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ထားလျက် လျှောက်လမ်းလာပါသည့် ဂျွန်သခင်လေး ။

" ဒီအချိန်ခဏလေးက ဘာမှ မဖြစ်ပါဘူး.. ကျွန်တော်လည်း ခေါင်းဆေးဖို့ အချိန်လိုတယ်လေ.. ပြီးတော့ စာတွေက လိုက်နိုင်နေပါပြီ.. ကျွန်တော့်မှာ အချိန်ရတယ်.. "

" အချိန်ရရင် ဘာလို့ ငါနဲ့ အတူမနေလဲ.."

ဂျွန်သခင်လေး အပြောကြောင့် ထယ်ယောင်း မျက်နှာရဲတက်သွားလျက် ဘုကြည့်ကြည့်မိလိုက်သည် ။

" စာမေးပွဲ မပြီးမချင်း မရဘူး.. "

" ဒါဆိုလည်း စာမေးပွဲ မပြီးမချင်း မင်း အလုပ်တွေ မလုပ်ရဘူး.. "

" အာ.. ကျွန်တော်က ဒီကြားထဲ အလကားနေနေသလို ဖြစ်နေလို့ အားနာနေရတဲ့ဟာ.. "

" ကျစ်.. ဘာလို့ အဲ့လိုတွေ လိုက်တွေးနေတာလဲ.. မင်းပြောတော့ ငါ့ကို သဘောကျတယ်ဆို.. ကင်မ်ထယ်ယောင်း.. "

" သဘောကျတာနဲ့ အလကားနေတာနဲ့က ဘာမှမဆိုင်ဘူးလေ.. ဂျွန်သခင်လေး.. "

ပန်းပင်တွေကိုသာ ရေဆက်လောင်းနေသည့် Omegaကြောင့် ဂျောင်ကု စူပုပ်သွားရသည် ။

Omegaကို သူက ရွှေပေါ်မြတင် ထားချင်တာဆိုပေမယ့် သက်သောင့်သက်သာ မနေသည့် Omegaက အိမ်အလုပ်တွေမှာ ပါဝင်ကူညီရင်း သူ့လက်သူ့ခြေတွေချည်း ။

ညရောက်တော့လည်း ဂျောင်ကုအခန်းကို ၀ီစကီပုလင်း စိမ်ထားသည့် ရေခဲပုံးလေးကိုဆွဲကာ ယူလာပေးသည့် Omega ။

" ဂျွန်သခင်လေး.. ကျွန်တော့်ကို ဂျွန်သခင်လေးရဲ့ Wolf form ထပ်မပြချင်ဘူးလား..."

တစ်ခါသာ တွေ့ဖူးသေးသည့် ဂျွန်သခင်လေး၏ Wolf formက ခန့်ညားကြည့်ကောင်းလှသည်မို့ ထယ်ယောင်း ထပ်မံတောင်းဆိုကြည့်မိသည် ။

" ငါနဲ့ အတူတူနေရင် ပြမယ်လေ.. "

" တော်ပါပြီ.. ၀ီစကီသာ သောက်ပါတော့ ဂျွန်သခင်လေး.."

ထယ်ယောင်း၏ ငြင်းဆိုမှုကြောင့် ဂျွန်သခင်လေးက ရှုတည်တည် ကြည့်လာသည်ကို ထယ်ယောင်း မသိချင်ယောင်သာ ဆောင်လိုက်သည် ။

" ကျွန်တော် စာမေးပွဲ နီးပြီမို့ အဖော်မလုပ်ပေးတော့ဘူးနော် ဂျွန်သခင်လေး.."

အခန်းထဲမှ လှည့်ထွက်ရန် ပြင်လိုက်စဉ် နှာမှုတ်သံ ကြားလိုက်ရသည်ကြောင့် ထယ်ယောင်း ပြန်လှည့်ကြည့်မိလျှင် ဂျွန်သခင်လေး၏ မဟူရာ Wolf formကို တွေ့လိုက်ရသည်မို့ ထယ်ယောင်း မျက်ဝန်းအစုံက ၀ိုင်းစက်သွားရကာ ရယ်မြူးရိပ် သန်းသွားရသည် ။

ထိုခဏ၌ စာလုပ်ဖို့ အတွေးတွေပင် လွှင့်စင်သွားခဲ့လျက် ဂျွန်သခင်လေး၏ Wolf formကို အပြေးတပိုင်း သွားရောက်ပွတ်သပ်ပေးမိလိုက်သည် ။

ကြမ်းပြင်ထက်၌ ထိုင်ချကာ ဂျွန်သခင်လေး၏ Wolf formကို တယုတယ ပွတ်သပ်ပေးနေသည့် ထယ်ယောင်း နှုတ်ခမ်းပါးတို့က ကွေးညွှတ်နေသည် ။

" ဂျွန်သခင်လေးရဲ့ Wolf formကို ကျွန်တော် အရမ်း သဘောကျတာပဲ.. "

" Wolf formကိုပဲလား.. ငါ့ကို ကျတော့ရော.. "

လူအသွင် ပြန်ပြောင်းလာသည့် ဂျွန်သခင်လေးက မှုန်ကုပ်ကုပ်နှင့် အမေးရှိလာပါလျှင် ထယ်ယောင်း နှာခေါင်းလေး ရှုံ့မိလိုက်သည် ။

ဂျွန်သခင်လေးရဲ့ Wolf formကို ထယ်ယောင်း ထပ်တွေ့ချင်သေးတဲ့ဟာကို ။

" ဖြေလေ.. ငါ့ကို ကျတော့ရောလို့.. "

" ဂျွန်သခင်လေးကိုလည်း သဘောကျပါတယ်.. ဒါပေမယ့် ဂျွန်သခင်လေးရဲ့ Wolf formက ပိုကြည့်ကောင်းတယ်လို့ ထင်တယ်.. "

" ဘာ!?... "

သိသိသာသာ မှုန်ကုပ်သွားသည့် ဂျွန်သခင်လေးကြောင့် ထယ်ယောင်း သဘောတကျ ပြုံးမိသွားရကာ ဂျွန်သခင်လေး၏ နှုတ်ခမ်းပါးကို ထိကပ်ရုံမျှ အနမ်းပေးလိုက်မိသည် ။

" ကျွန်တော် စာသွားလုပ်တော့မယ်... ၀ီစကီကိုလည်း သိပ်မသောက်ပါနဲ့.. တန်ရင်ဆေး.. လွန်ရင်ဘေးဆိုတဲ့ စကားလည်းရှိတာ သိတယ်မလား.."

ကြမ်းပြင်မှထကာ အခန်းထဲကနေ ထွက်သွားပါသည့် Omegaက ဂျောင်ကုကို အပြုံးလှလှလေး ပေးသွားသည်မို့ ဂျောင်ကု နှုတ်ခမ်းပါးက ကော့တက်သွားရသည် ။

သူ့စိတ်အခြေအနေက အတော်လေး ကောင်းမွန်သွားပြီလေ ။
.
.
.

ကျောင်းဆောင်အတွင်းရှိ Lockerများအရှေ့တွင် ခြေစုံရပ်လိုက်သည့် ထယ်ယောင်း ။
မိမိ၏ Lockerကို ဖွင့်လိုက်ကာ ကျောပိုးအိတ်ထဲမှ စာအုပ်တစ်ချို့ကို Lockerထဲ ထည့်သိမ်းလိုက်သည် ။

ပြီးနောက် Lockerထဲက အကုန်မမွှေရသေးသည့် စာအုပ်နှင့် ပစ္စည်းပစ္စယတစ်ချို့ကြောင့် သူ ခဏတန့်သွားရပြီး ပြန်လှည့်မထွက်သေးဘဲ စာအုပ်တို့ကို ထုတ်ကြည့်လိုက်သည် ။

မှတ်စုစာအုပ်အချို့က ထယ်ယောင်းအတွက် အသုံးဝင်သည်မို့ အိမ်ယူသွားရန် စဉ်းစားလိုက်ပြီး ကျောပိုးအိတ်ထဲထည့်ရန် ပြင်လိုက်စဉ် စာအုပ်ထဲကနေ ထွက်ကျလာပါသည့် Ticketတစ်စောင် ။

" ဘာပါလိမ့်... "

ထယ်ယောင်း ထိုticketကို ကောက်ယူကြည့်လိုက်လျှင် ဂျပန်ခရီးစဉ် flight ticketတစ်စောင် ဖြစ်နေသဖြင့် မျက်လုံးဝိုင်းသွားရသည် ။

" လေယာဉ်လက်မှတ်က စာအုပ်ထဲ ဘာလို့ ရောက်နေတာလဲ??.. "

ticketကို အသေအချာ ဖတ်ကြည့်မိလျှင် လွန်ခဲ့တဲ့ ၇လကျော်လောက်တုန်းက dateနှင့် ဖြစ်နေသည် ။

" အာ... ဂျီဟွန်းနဲ့ ပြောတုန်းက ဂျပန်သွားမယ်ဆိုတဲ့ ticketဖြစ်ရမယ်.."

ထယ်ယောင်း dateကို ကြည့်နေမိရင်းမှ ခေါင်းထဲဝင်လာသည့် အကြောင်းအရာ ။

ခဏ.. လွန်ခဲ့တဲ့ ၇လ??..
ဒီကမ္ဘာက ကင်မ်ထယ်ယောင်းက ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ခဲ့တာက ဘယ်အချိန်လောက်တုန်းကလဲ??..

ထယ်ယောင်းက နေ့ရက်ကို အသေအချာ မသိတာမို့ ဘိုဂမ်ကို မေးကြည့်ရန်သာ ဆုံးဖြတ်လိုက်သည် ။

ထို့ကြောင့် Lockerကို ပြန်ပိတ်လိုက်ပြီး အတန်းဆီ ဦးတည်ဝင်လာခဲ့လျှင် ဘိုဂမ်က သူ့အပေါင်းအသင်းတစ်ချို့နှင့် ရယ်ရယ်မောမော စကားဖောင်ဖွဲ့နေသည် ။

" ဘိုဂမ်... "

" ဟင်??.. "

" ငါ မင်းကို မေးစရာလေးရှိလို့.. "

ထယ်ယောင်း၏ အပြောကြောင့် ဘိုဂမ်က သူ့အပေါင်းအသင်းများနှင့် စကားစကို ဖြတ်လိုက်ကာ ထယ်ယောင်းနှင့်အတူ စာသင်ခုံမှာ ၀င်ထိုင်လာသည် ။

" ဘာမေးမလို့လဲ.. စာလား.. "

" စာတော့မဟုတ်ဘူး.. ဟို.. ငါက တစ်ချို့အကြောင်းအရာတွေကို လုံးဝ မမှတ်မိတော့ဘူးဆိုတာ မင်းလည်း သိတယ်မလား.. "

" အင်းလေ.. "

" အဲ့ဒါ.. ငါ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ခဲ့တာကလေ.. ဘယ်နေ့ဘယ်ရက်ကလည်းဆိုတာ မင်း မှတ်မိလား... "

ထယ်ယောင်း၏ အမေးကြောင့် ဘိုဂမ်မျက်ဝန်းတို့က အဓိပ္ပါယ်ဖော်ရခက်သည့် အရိပ်တစ်ချို့ ဖြတ်ပြေးသွားသည် ။

" မင်း တစ်ခုခု မှတ်မိလာလို့လား.. ထယ်ယောင်း.. "

" အာ.. အဲ့လို မဟုတ်ပါဘူး.. ငါက သိချင်ရုံပါ.. ငါ အဲ့ဒီလို လုပ်မိခဲ့တဲ့ နေ့ရက်ကို.. မင်း မှတ်မိလား.."

" အင်း.. ဆိုပါတော့.. မင်းရဲ့ကိစ္စက အကြီးအကျယ်ပဲလေ.. ကျောင်းက လူတိုင်းနီးပါးသိတာပဲ.. "

" မင်းမှတ်မိတယ်ဆိုရင် ငါ့ကို ပြောပြပါလား.. အဲ့ဒီ့ ရက်စွဲအတိအကျကို.. "

" ခဏနော်... "

ဘိုဂမ်က သူ့ဖုန်းကိုထုတ်ရင်း calendarကို တစ်ချက် စစ်ဆေးသည် ။

" အဲ့ဒီ့နေ့က ကျောင်းရဲ့ဆုပေးပွဲ အခမ်းအနားရှိတဲ့နေ့ပဲ.. ဆုရကျောင်းသားတွေရဲ့ မိသားစုဝင်တွေရော ပညာသင်ဆု ပေးကြတဲ့ လူကြီးတစ်ချို့တွေရော တက်ရောက်ကျလို့ ကျောင်းဝင်းထဲ လူစည်ကားခဲ့တာ.. ၈လပိုင်း ၁၇ရက်နေ့.."

" ကျေးဇူးပဲ.. ဘိုဂမ်... "

" မလိုပါဘူး.. ဒါနဲ့ မင်းက မမှတ်မိဘူးလည်း ပြောသေးတယ်.. ဘာလို့ သိချင်သွားရတာလဲ.. "

" ဒီအတိုင်းပါပဲ..."

ထယ်ယောင်း အပြုံးတစ်ခုနှင့်သာ စကားလမ်းကြောင်းကို တန့်လိုက်လျှင် ဘိုဂမ်က တစ်မျိုးတစ်မည် ဖြစ်သွားပြီးမှ အပြုံးချိုချိုနှင့်သာ တုံ့ပြန်လိုက်သည် ။

" ငါ အရင်သွားနှင့်ပြီနော် ဘိုဂမ်.. မနက်ဖြန်မှ တွေ့မယ်... "

" အော... ကောင်းကောင်းပြန်နော်.  ထယ်ယောင်း.. "

" အင်း..."

အတန်းဆင်းသည့်အခါတော့ သူ့အား နှုတ်ဆက်ပြီး အရင်ထွက်သွားပါသည့် ထယ်ယောင်းကို အပြုံးနှင့် နှုတ်ဆက်လိုက်သည့် ပတ်ခ်ဘိုဂမ် ။

မြင်ကွင်းထဲကနေ ထယ်ယောင်း ပျောက်ကွယ်သွားပြီဆိုမှ တည်တင်းသွားသည့် သူ့၏နှုတ်ခမ်းပါးနှင့်အတူ မျက်ဝန်းအစုံကလည်း အေးစက်သွားခဲ့လျက် ။
.
.
.

" ဟင်.. ချန်းမင်းဟျောင်းက ဒီနေ့လည်း မပါလာဘူးလား.. ဂျွန်သခင်လေး.. "

" တမင်သက်သက် ထားခဲ့တာ.. "

ထယ်ယောင်းကို ဂျွန်သခင်လေး ကိုယ်တိုင်ကိုယ်ကျ လာလာကြိုနေသည်မှာ ရက်ပေါင်းအတော် ကြာခဲ့ပြီဖြစ်သည် ။

အစကတော့ ထယ်ယောင်းက ချန်းမင်းဟျောင်း မအားလို့ ဂျွန်သခင်လေးကိုယ်တိုင် ကားမောင်းနေရတယ် ထင်ခဲ့တာ ။

" ဘာလို့လဲ..."

" မင်းကရော ဘာလို့ မေးတာလဲ.. "

" မဟုတ်ပါဘူး.. ကျွန်တော်က ဂျွန်သခင်လေး တကူးတက လာကြိုနေရမှာ စိုးလို့ပါ.."

" ဒီအတိုင်း လမ်းကြုံလို့ ၀င်ကြိုရုံပဲ.. "

" အဲ့ဒါဆိုရင်တော့ တော်သေးတာပေါ့... "

ကားရှေ့ခန်းမှာ ထယ်ယောင်း ၀င်ထိုင်လိုက်ပြီး လုံခြုံရေးခါးပတ် ပတ်ပြီးသည်နှင့် ဂျောင်ကု ကားစက်နှိုးကာ မောင်းထွက်ခဲ့လိုက်သည် ။

ထယ်ယောင်း အခန်းထဲပြန်ရောက်သည်နှင့် ကျောပိုးအိတ်ကို ဇစ်ဖွင့်ကာ flight ticketကို ထုတ်ကြည့်လိုက်သည် ။

ticket dateက ၈လပိုင်း ၁၈ရက်နေ့ ။

ဒီကမ္ဘာက ကင်မ်ထယ်ယောင်း သေကြောင်းကြံစည်ခဲ့တာက ၈လပိုင်း ၁၇ရက်နေ့ ။

အမ်??...
ဂျပန်သွားဖို့ စီစဉ်ထားတဲ့သူက ဘာလို့ ရုတ်တရက်ကြီး သေကြောင်းကြံစည်ရတာလဲ??...

ဒီကမ္ဘာက ကင်မ်ထယ်ယောင်းက ဂျွန်သခင်လေးနားကနေ ထွက်သွားချင်တာကတော့ Sketch bookမှာ ရေးခြစ်ထားသော ခံစားချက် အပိုင်းအစများကနေ ထယ်ယောင်း သိပါသည် ။

" အာ.. ငါက ငါဆိုပေမယ့် ငါက ငါ မဟုတ်တော့ ဘာမှ တွေးတောမရဘူးပဲ..."

ဒီကမ္ဘာကြီးက ထယ်ယောင်း နေထိုင်ကြီးပြင်းလာရတဲ့ ကမ္ဘာကြီးနဲ့ မတူညီတာမို့ ဒီကမ္ဘာကြီးမှာ ရှင်သန်နေထိုင်ခဲ့ရတဲ့ ကင်မ်ထယ်ယောင်းကလည်း ထယ်ယောင်းနဲ့ အရာရာ ထပ်တူကျနိုင်ဖို့ဆိုတာက ဖြစ်မှမဖြစ်နိုင်ပဲ ။

ဒါနဲ့.. သူ့ရဲ့Wolf formက ဘယ်လိုပုံစံမျိုး ဖြစ်လောက်မလဲ??

တကယ် ပြောင်းကြည့်ချင်လိုက်တာ..။

ထယ်ယောင်း စာကြည့်စားပွဲ၌ မထိုင်ခင် အရင်ဆုံး ကိုယ်လက်သန့်စင်ရန်အတွက် ရေချိုးခန်းသို့ ဦးတည်လိုက်လျှင် ရှေ့သို့ဟပ်ထိုး လဲပြိုသွားရသည် ။

ဟင်!!??...

ထယ်ယောင်း မျက်စိရှေ့က အမွှေးဖြူဖြူလေးနှင့် ခြေလက်တစ်စုံ ။

သူ ဇဝေဇဝါ ဖြစ်သွားရင်းမှ ထရပ်ကြည့်လိုက်လျှင် Wolf form ပြောင်းသွားပြီဖြစ်သောကြောင့် အသားမကျပဲ ကြမ်းပြင်၌ လဲပြိုကျသွားရပြန်သည် ။

ဘာလဲ??!!..
ငါက Wolf formပြောင်းသွားလို့ ရပြီပဲ!!
.
.
.

Sandi Bear
Taekook makes me happy.

Continue Reading

You'll Also Like

1.3K 126 13
In family meeting, A prince fall in love with a princess and princess too. Everything was going good but suddenly something happened which changed...
3.2K 145 14
In the electrifying world of K-pop, renowned choreographer Bada Lee leads her dance crew BEBE to victory in the fierce competition of Street Woman Fi...
2.4K 114 55
We're back at it again with another edition of these idiots answering your questions and doing your silly dares! Gadies and Lentlemen, I introduce t...
13.3K 93 41
just shameless gif series hope you enjoy. Fiona Lip Ian Debbie Carl Micky Mandy Veronica Kevin And maybe frank. I do not own shameless