Part ~ 19

15.4K 1.7K 84
                                    

zawgyi

" ဂျွန်သခင်လေး!!.. ကျွန်တော်လည်း Wolf formပြောင်းနိုင်သွားပြီ!!.."

ဂျွန်ဂျောင်ကု၏ အခန်းကို တံခါးခေါက်ပြီး ဒုန်းဆိုင်းဝင်ပြေးလာပါသည့် Omegaက မြူးထူးမှုကြောင့် မျက်ဝန်းလှလှက ပြုံးရိပ်သမ်းနေကာ စိတ်လှုပ်ရှားမှုကြောင့် ခြေထောက်လေးက ခုန်ဆွခုန်ဆွ ။

အလုပ်စားပွဲမှာ ထိုင်နေသည့် ဂျောင်ကုရှေ့မှာ အပြေးတပိုင်း ရပ်လာသည့် Omegaကြောင့် ဂျောင်ကု စစ်ဆေးလက်စ စာရွက်စာတမ်းများကို စားပွဲထက် ချလိုက်သည် ။

" ဟုတ်လား... "

" အော.. ကြည့်ထားနော်.. ကျွန်တော် ပြောင်းပြမယ်.. "

ထယ်ယောင်း Wolf formပြောင်းပြလိုက်လျှင် ဂျောင်ကု မျက်နှာထားက တစ်မျိုးတစ်မည် ဖြစ်သွားရသည် ။

ဖြူစွတ်စွတ် အမွှေးအမျှင်များနှင့် ပိစိသေးသေး အကောင်ပေါက်လေးက စားပွဲ၏ အောက်မှာ နစ်မြှပ်သွားသည်မို့ သူ ကုန်းရုန်းထပြီး ကြည့်လိုက်ရသည် ။

လမ်းလျှောက်တာကို ကျင့်သားမရသေးသည်ကြောင့် ထိုပိစိသေးသေး အကောင်ပေါက်လေးက ကြမ်းပြင်ထက် လှိမ့်နေသည် ။

ချစ်ဖို့ကောင်းလှသည့် အကောင်ပေါက်လေးက ဂျောင်ကုရှေ့မှာ လူးလှိမ့်ပြပြီးနောက် လမ်းလျှောက်ဖို့ အဆင်မပြေသေးသဖြင့် လူပုံစံလေး ပြန်ပြောင်းလာသည် ။

" တွေ့တယ်မလား.. ဂျွန်သခင်လေး.. ကျွန်တော့်ရဲ့ Wolf formက ဘယ်လောက် ခန့်ညားလည်းဆိုတာ.. "

ကြမ်းပြင်ထက်မှ ထရပ်လာသည့် ထယ်ယောင်း ၀မ်းသာမြူးထူးစွာ ဆိုလိုက်လျှင် ဂျွန်သခင်လေးက အလုပ်စားပွဲကနေ ထွက်လာပြီး ထယ်ယောင်း ခန္ဓာကိုယ်ကို ဆွေ့ခနဲ ပင့်'မ'ချီကာ အလုပ်စားပွဲပေါ် တင်လိုက်လျှင် ထယ်ယောင်း အလန့်တကြားဖြင့် ဂျွန်သခင်လေး ပခုံးနှစ်ဖက်ကို လက်နှင့်အားပြုလိုက်ရသည် ။

ဘာလို့ ဂျွန်သခင်လေးက သူ့ကို အလုပ်စားပွဲပေါ် ပစ်တင်တာမှန်း ထယ်ယောင်း မမှန်းဆနိုင်ခင် ထယ်ယောင်း၏ နှုတ်ခမ်းသားက အကြမ်းပတမ်း အနမ်းခံလိုက်ရသည် ။

အနောက်သို့ပင် ယိမ်းယိုင်သွားရသည့် ထယ်ယောင်း၏ ဦးခေါင်းကို ဂျွန်သခင်လေးက လက်နှင့်ထိန်းကိုင်ပေးထားပြီး ကျန်လက်တစ်ဖက်က ထယ်ယောင်း၏ ခါးသွယ်သွယ်ကို တင်းကြပ်စွာ ရစ်ပတ်ထားသည် ။

Welcome to Omegaverse (Complete)Where stories live. Discover now