Unicode
လူတိုင်းလူတိုင်း သူတို့ ပြိုလဲသွားတဲ့အချိန် နားခိုလို့ရမယ့် ရင်ခွင်တစ်စုံတော့ ပိုင်ဆိုင်ချင်ကြမှာပဲလေ ။
ဒါပေါ့...။ မောင်လည်း ပိုင်ဆိုင်ချင်ခဲ့တာပေါ့ ။
ပြိုလဲမိတိုင်း မောင်ရဲ့ အနောက်ကို ပြန်ကြည့်လိုက်တယ် ။ဟုတ်တယ် ။ ဘယ်သူမှ မရှိဘူး ။ ထူပေးမယ့်သူ ဘယ်သူမှ မရှိခဲ့ဘူး ။
ဒါပေမဲ့ မောင့်ကို ကံတရားက အဲ့လောက်ကြီး မရက်စက်ချင်ဘူး ထင်ပါရဲ့ ။
မောင့်အတွက် ရင်ခွင်တစ်ခုကို ဖန်ဆင်း ပေးတယ် ။
နားခိုခွင့် အပြည့်အဝ ရှိမယ့် ရင်ခွင်ပေါ့ ။
ခိုလုံရတာတောင် ခဏလေးပဲ ရှိသေးတယ်... အဲဲဒီ ရင်ခွင်နွေးနွေးလေးကို စွန့်ခွာရက်ပါ့မလား ...
တတ်နိုင်သလောက် ဖမ်းဆုပ်ထားမှာပေါ့...
ဒါကြောင့် လက်လျှော့ချင်နေခဲ့တဲ့ မောင့်ရဲ့ဘဝ... ၊ အသက်...၊ စိတ်ဒဏ်ရာ.... အရာရာကို သူနဲ့အတူ ရင်ဆိုင်ဖို့ မောင် ရွေးချယ်လိုက်တော့တယ်....
....
"မောင် လမ်းလျှောက်လို့ မရသေးဘူးလား "
"အင်း "
"ကျောက်ပတ်တီးကို လက်ရော... ခြေထောက်ကို အတူတူဖြည်တာပါ...
ဒါပေမယ့် ဖြည်ပြီးကတည်းက လက်ကိုကျ လှုပ်ခိုင်းပြီး ခြေထောက်ကိုကျ လမ်းမလျှောက်ခိုင်းတာ ၁လလောက် ရှိနေပြီနော် ဦးရိပ်...
ဒါ ပုံမှန်မဖြစ်နိုင်ဘူး "
မောင်၏ ကျောပြင်နှင့် ဒူးေကာက်ကွေးမှ မပြီးချီထားသော လောင်းရိပ်၏ လည်တိုင်ကို လက်တစ်ဖက်ဖြင့် ချိတ်တွယ်ထားနေရင်းကနေ မယုံသလိုလိုဖြင့် စိုက်ကြည့်နေသည် ။
"တကယ်ပေါ့ ကိုယ်က ဆရာဝန်ပဲလေ ဆရာဝန်က ညာစရာလား "
အနိမ့်အမြင့် အတက်အကျ မညီသော စကားသံ နှင့် မျက်လုံးချင်း ဆုံအောင်မကြည့်ဘဲ ပြောနေသည်က လောင်းရိပ်ကို ပို၍ သံသယဝင်စေပါသည် ။
"တကယ်လား "
" တကယ်ပါဆို...နေ..."
"အဲ့တာဆိုလည်း ပြီးတာပါပဲ အခုတော့ ရေချိုးတော့မှာမလို့ ရေချိုးခန်းထဲက ထွက်ပေးတော့ "
"ကိုယ် ချိုးပေးလို့ မရဘူးလား "
မျက်နှာချိုသွေး၍ ပြောနေသော လောင်းရိပ်အား ခပ်တည်တည်ဖြင့်သာ ကြည့်လိုက်ပြီး
"မရပါဘူး... ဦးရိပ် အကြံကို မောင် မသိဘူးများ မှတ်နေလား...
အခုထွက်တော့ "
"မောင်ကလည်းကွာ"
"မထွက်သေးဘူးလား "
"ဟုတ်ပါပြီ ထွက်ပါ့မယ် ရွှေစိတ်တော်တော့ မဆိုးလိုက်ပါနဲ့"
မောင်ရေချိုးလျှင် ထိုင်လျက်အတိုင်း ချိုးပေးရသဖြင့် အသင့်ရှိနေသော ခုံပေါ်သို့ အသာချပေးလိုက်သည်။
စုတ်ဖွားဖြစ်နေသော မောင့်ဆံပင်လေးအား ထပ်မံ ဖွလိုက်ပြီး ရေချိုးခန်းထဲမှ ထွက်လာလိုက်ပါ၏ ။
"ဦးရိပ် တံခါးပိတ်ပေးဦးလေ "
ရေချိုးခန်း တံခါးအဝတွင် ရပ်ကြည့်နေသေးသော လောင်းရိပ်ကို ပြောရပြန်သည်။
"ဖွင့်ထားလို့ မရဘူးလား "
"မရဘူး "
"အင်းပါ "
တံခါးပိတ်ခါနီးမှ တံခါးအဝ ခေါင်းလေးပြူကြည့်ပြန်ကာ
"တကယ် ပိတ်ရမှာလား "
"တကယ်ပိတ်ရမှာ.... "
"တကယ်ကြီးလား "
"ဦးရိပ်"
"Ok ပိတ်ပြီ ပိတ်လိုက်ပါပြီ "
မောင်၏ စူပုပ်ပုပ်ဖြင့် ပြောသည့် လေသံကြားမှသာ အတည်ပိတ်သွားသော တံခါးကို ကြည့်ရင်း ခေါင်းကို အသာယမ်းမိသည် ။ လောင်းရိပ် မမြင်လိုက်ရသည့် မျက်နှာပေါ်က အပြုံးတို့ကလည်း အခုထိ မကွယ်ပျောက်သေး ။
မောင့်ကို အပျောက်မခံ ဖြစ်နေသည့် လောင်းရိပ်က တဖြေးဖြေး ချစ်ဖို့ ပိုကောင်းလာပါသည်။
"မောင်ရေ "
"ဗျာ"
"မပြီးသေးဘူးလား"
"ဆပ်ပြာတိုက်တုန်း"
"ကိုယ်တိုက်ပေးရမလား"
"ရတယ် ကိုယ့်ဘာသာ တိုက်နိုင်တယ် "
"ခေါင်းလျှော်ပေးရဦးမလား "
"မနေ့ကမှ လျှော်ထားတာလေဗျာ "
"ဪ အင်း"
တဖန် ငြိမ်သွားပြန်သည် ။ ပြီးမှ အလန့်တကြားပြန်ခေါ်ပါလိမ့်ဦးမည်။
"မောင်ရေ "
"ဗျာ...."
"မပြီးသေးဘူးလား "
"ပြီးပါပြီဗျ "
စကားသံနှင့် အတူ လူပါ တံခါးမှ ထွက်လာသော မောင်အား မှင်သေသေဖြင့် ရပ်ကြည့်နေသည့် လောင်းရိပ် ။
တဘတ်ကို ခါးမှာပတ်ပြီး ရေသီးလေးများ ရှိနေသေးသော လက်အစုံက ခါးကို ထောက်ထားသည့် မောင့်ကို မျက်တောင်မခတ်ဘဲ ကြည့်နေသည့် လောင်းရိပ်ကြောင့် မောင့် မျက်နှာပင် နီလာသည် ။
ထိုသူကတော့ အကြည့်မလွဲသေး ။
"အဟမ်း... ခြေထောက်က တော်တော်ကောင်းနေပြီပဲ ဒေါက်တာကြီးရဲ့ ဒီမှာ ကောင်းကောင်း ထောက်ပြီး လမ်းလျှောက်နိုင်ပြီ "
"ဟုတ်သားပဲ ရက်တွက်တာ နည်းနည်းလွဲသွားတယ်.ထင်တယ် "
"ဘယ်နှရက်လဲ "
"၂၉ရက် "
"လွန်ခဲ့တဲ့ ၂၉ရက်ကတည်းက လမ်းလျှောက်လို့ရနေတာပဲ....
ဦးရိပ် တော်တော် လူလည်ကျတယ်နော် "
ပြောလည်း ပြော ကုတင်ပေါ်တွင် အသင့်တင်ထားသော အကျီနှင့် ဘောင်းဘီအား ဝတ်နေလိုက်သည် ။
အကြည့်စိမ်းကြီးများဖြင့် ကြည့်နေသည့် လောင်းရိပ်အား ကြာလာရင် ထိန်းဖို့ ခက်မည်လေ ။ ကြိုတင်ကာကွယ်သည့် အနေဖြင့် အလျှင်အမြန် အဝတ်ဝတ်ထားမှ တော်ကာကျပေလိမ့်မည် ။
"ကြည့်လို့ပြီးရင်လည်း ထမင်းစားရအောင်ဦးရိပ် ဗိုက်မဆာသေးဘူးလား မောင်တော့ တော်တော်ဆာနေပြီ"
"ကိုယ်က မောင့်ကို စားချင်တာ "
"ပြီးမှ ရေနွေးအိုးတည်ပြီး ပြုတ်ကျွေးမယ်လေ... ကြက်သွန်မြိတ်တို့ ဂျင်းတို့ သံပုရာသီးတို့ပါ ရောလိုက်...
အင်း.......
အခုတော့ ထမင်းအရင် စားကြတာပေါ့လေ "
"ဟမ်?"
ခပ်တည်တည်ဖြင့် ရွှတ်နောက်နောက် ပြောသွားသော မောင့်စကားကို ကြားပြီး မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေသော လောင်းရိပ်ကို ကြည့်ရင်း.ရယ်ချင်စိတ်က ထိန်းမရ ။
ပြုံးစိစိဖြစ်သွားသော မျက်နှာပေးဖြင့် လောင်းရိပ်ကို မခေါ်တော့ဘဲ အခန်းထဲမှ အမြန်ထွက်လာခဲ့ပါသည် ။
"ဒီကလေးလေးက လူကြီးကို နောက်တယ်ပေါ့လေ "
မောင် တံခါးအဝ ရောက်မှ အနောက်ကနေ လိုက်ဖမ်းတော့မည့် လောင်းရိပ်ကို မမိစေရန် အိမ်အတွင်း လှည့်ပတ်ပြေးပါတော့၏ ။ လောင်းရိပ်အား ပြောင်စပ်စပ် လုပ်ပြကာ ရယ်မောပြီး ပြေးလွှားနေသော မောင့်ကို အမိဖမ်းမည့် လောင်းရိပ်ကတော့ အသည်းအသန် လိုက်နေလေသည် ။
မိသွားရင်တော့ ကလိထိုးခြင်းမှ ကင်းဝေးရန် ဆုတောင်းနေရသည်မှ တစ်ပါး....။
....
"ကိုကိုရေ....အာ...."
ဆရာဝန်များ နားနေခန်းထဲ မုန့်ခွံ့ကျွေးလိုက် ရေတိုက်လိုက်ဖြင့် နှစ်ယောက်တစ်ကမ္ဘာတည်ဆောက်နေကြသော မြင့်မိုရ်နှင့် သော်တာအား ဘေးတစ်နေရာမှ လက်ပိုက်ကာ ကြည့်နေရသူမှာတော့ ထက်မြက် ။
"ငါ အတွဲတွေကို တော်တော် စိတ်ကုန်နေပြီ "
"စိတ်ကုန်ရင် တောထွက်လိုက်တော့ ဘွားတော်ရေ "
ထက်မြက်ဘက်ကိုတောင် နည်းနည်းလေးမှ လှည့်မကြည့်ဘဲ စကားလုံးအကြီးကြီး ပစ်သွင်းလိုက်သော မြင့်မိုရ်၏ မိုးပေါ်သို့ ထောင်နေသော ဆံပင်ငုပ်စိကို ကပ်ကြေးနှင့်သာ ညှပ်ပစ်လိုက်ချင်တော့သည် ။
"စိတ်ထိန်း စိတ်ထိန်း "
ကိုယ့်ကိုယ်ကိုယ် စိတ်လျှော့ဖို့ သတိပေးလိုက်ပြီး မြင့်မိုရ်တို့ စားနေသော ကိတ်မုန့်ကို ဇတ်ကနဲ ကောက်စားပစ်လိုက်သည် ။
"ဝိုး....အရသာ ရှိသားပဲ "
"စားလေ မမ အများကြီး ရှိသေးတယ် "
"ချာတိတ်လေး သူ့ကို ကျွေးမနေနဲ့ ကိုကိုတို့ကို မနာလိုဖြစ်ပြီး လာရှုပ်နေတာ "
အားမနာ လျှာမကျိုး ပြောနေသော မြင့်မိုရ်၏ ဆံပင်ငုပ်စိကို ဆွဲနုတ်ချင်စိတ်က တဖွားဖွား....။
"ဝဠါမြင့်မိုရ်..... "
"ပြောကြည့်ကြည့် "
"တော်ပြီ တော်ပြီ ....
ကလေးရှေ့ကို ငါ့ရဲ့ ရင့်ကျက်မှုတွေကိုပဲ ပြရမယ်...ငါ male ward ထဲပဲ သွားတော့မယ် နင်လည်း စားပြီးရင် ဂျူတီဝင်တော့ "
"အေးဆေးပေါ့ OPT မဟုတ်သရွေ့ အလုပ်မများဘူး "
ပြင်ပလူနာဌာနက အခြား ward တွေထပ် လူနာပိုများသလို အလုပ်လည်း များပါသည် ။
"မမ"
တံခါးဝမှ ခေါင်းလေးပြူကာ ခေါ်နေသည့် ကောင်ကလေးတစ်ယောက် ။
"ဇွဲနိုင်မလား "
နာမည်သိသော သော်တာက ထိုကောင်လေးအား ခေါ်လိုက်လေတော့ ပန်းစည်းလေး ကိုင်ကာ ဝင်လာလေသည် ။
"ဘယ်သူ့ခေါ်ေနတာလဲ ဇွဲနိုင် "
"ဒီက မမ ဒေါက်တာ ထက်မြက်ချိုကိုပါဗျ "
"ဘယ်လို ဘယ်လို "
မြင့်မိုရ်၏ မုန့်နင်နေသည့် အသံကြီးက ခပ်သြသြကြီး ထွက်လာသဖြင့် သော်တာ့ခမျာ ရေဘူးကို အလျှင်အမြန် ပေးလိုက်ရလေသည် ။
"ဟုတ်တယ် ကျွန်တော် မမကို ချစ်တယ် ဒါကြောင့် ကျွန်တော့်ကို ပြန်ချစ် "
"တို့မွေးမှ တို့သားလောက်လေး ရှိတဲ့ ကောင်လေးကို ပြန်ချစ်စရာလား "
"ချစ်မှာပါ ကျွန်တော်က ချောတော့ ကျွန်တော့် ရုပ်ကို နေ့တိုင်းတွေ့နေရတော့မှာဆိုတော့ မမ တဖြေးဖြေးနဲ့ ကျွန်တော့်ကို လက်ခံလာမှာ "
Confidence level so high နေသော ဇွဲနိုင်ကို ကြည့်ရင်း ထက်မြက်ချို ခေါင်းယမ်းလိုက်ကာ ပြောလေသည် ။
"မင်းတော့ ဆရာဝန်နဲ့ ပြသင့်ပြီ "
"အင်း ဟုတ်တယ်.. မမက ဆရာဝန်ပဲ ကျွန်တော့်ကို ကုပေးပေါ့နော် "
"မနိုင်တော့ဘူးပဲ "
"ဟုတ်တယ် အဲ့ဒါကြောင့် မမက ကျွန်တော့်ကို ကုပေးပါတော့လို့ "
"ဘာလေးလဲကွာ "
မျက်လုံးပြူးကာ တအံ့တသြဖြင့် ထက်မြက်ချိုက အရှေ့ကနေ သွက်သွက်လျှောက်သလို ဇွဲနိုင်ကလည်း.ပန်းစည်းကြီးကို ကိုင်ကာ ထက်မြက်ချို ခြေလှမ်းအတိုင်း လိုက်လေသည် ။
"အပျိုကြီးတော့ ဒီနှစ်ကုန်ရင် စွံတော့မယ် ထင်တယ် ချာတိတ်လေးရေ "
မိမိရှေ့တွင် ထိုင်နေသော သော်တာ၏ ဆံပင်လေးအား ဖွလိုက်တော့
"ကိုကို့ကို ဆံပင်မဖွပါနဲ့လို့ ဘယ်နှစ်ခါပြောရမှာလဲ "
"ချစ်လို့လေကွာ မရဘူးလား "
"ရပါတယ် ချစ်လို့ ခွင့်ပြုလိုက်မယ် "
ထိုအခါမှ လက်နှစ်ဖက်ဖြင့် သော်တာ့ ဆံပင်ကို အားရပါးရ ဖွချလိုက်သည် ။
ရှုပ်ပွသွားသော ဆံပင်များက ဖွစာကျဲ ။
"ဦးဝဠာမြင့်မိုရ်..... "
ရေဆူအမှတ်သို့ ရောက်သွားပြီ ဖြစ်သည့် သော်တာ၏ ဒေါသကိုတော့ မြင့်မိုရ် ဘယ်လို ဖြေလျှော့မှာပါလိမ့် ။
....
"မောင်...ခုဏတုန်းက ဘုန်းမြင့်မြတ်နဲ့ ဘာတွေ ပြောနေတာလဲ "
အိမ်ထဲရှိ ဧည့်ခန်းမှ ဘုန်းမြင့်မြတ်ထွက်သွားပြီ သေချာမှ မောင်အနားသို့ ကပ်ရသည် ။
လောင်းရိပ်က နောက်ဖေးသို့ ရောက်နေသောကြောင့် ဘုန်းမြင့်မြတ် အိမ်ထဲဝင်လာသည်ကို မသိလိုက် ။
မသိရသည့် အပြင် မောင်ကပါ အသိလာမပေးသောကြောင့် မျက်ခုံးတို့က အနည်းငယ် တွန့်ချိုးချင်နေပြီ ဖြစ်သည် ။
" အချုပ်ထဲမှာ မလဲ့ရည်ထက် အဆင်ပြေတယ်ဆိုတာ လာပြောပြတာပါ "
"ဪ"
လက်မထပ်ရသေးဘဲ အတူတူနေရာမှ ကိုယ်ဝန်ရှိသွားသော လဲ့ရည်ထက်က သူမ၏ ချစ်သူကို လက်ထပ်ရန် ပြောသည် ။အင်းမလုပ် အဲမလုပ်ဖြင့် အချိန်အကြာကြီးဆွဲနေသဖြင့် ရန်ဖြစ်စကားများရာမှ လက်လွန်သွားလေသည် ။
လူသတ်မှုဟု မဆိုနိုင်သော်လည်း လူသေမှု မည်သဖြင့် ထောင်ကျရလေ၏ ။
"အခုထိ အဲ့ nurseကို စိတ်မချနိုင်သေးဘူးလား "
"သူလည်း သူ့အသက်ကို လက်လွတ်စဖယ် လုပ်တော့မှာ မဟုတ်ပါဘူး "
"သေချာတယ်ပေါ့လေ "
"အင်း သေသေချာချာကို ကတိပေးလိုက်တာ "
"ဟုတ်ပါပြီဗျာ"
လောင်းရိပ်၏ ပခုံးပေါ်သို့ မေးတင်လာသော မောင့်ကို ဆွဲယူလိုက်ကာ ပေါင်ပေါ်တွင် ထိုင်စေပြီး ရင်ခွင်ထဲ ထည့်ပစ်လိုက်သည် ။
"ဦးရိပ်ရဲ့ ရင်ခွင်က အမြဲ နွေးနေတာပဲ "
ခေါင်းလေးကို တိုးဝှေ့နေသလို တစ်ချက်တစ်ချက် ခိုးခိုးနမ်းနေသည်ကိုလည်း လောင်းရိပ် သတိထားမိလိုက်သည် ။
" မွှေးလည်း မွှေးတယ်ထင်တယ် ကောင်လေးတစ်ယောက် ခိုးခိုးနမ်းနေတယ် "
အနမ်းသူခိုးလေး လူမိသွားသဖြင့် ဇတ်ကလေး ပုကာ ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေး နေနေလေတော့သည်။
"ဟော...သူခိုးလေး ငြိမ်သွားပြီ ဘယ်ရောက်သွားတာပါလိမ့်..... ရင်ခွင်ထဲကများ ဆင်းသွားတာလား "
"မဆင်းပါဘူး ရှိသေးတယ် ပုန်းနေတာ "
ပြောလည်းပြော မျက်နှာလေးကိုလည်း လက်ကလေးဖြင့် အုပ်ထားလေသည်.။
"ဪ...ပုန်းနေတာကိုး "
"အင်း"
"ဟုတ်ပါပြီ ဆက်ပုန်း ဆက်ပုန်း "
"မရှာတော့ဘူးလား "
လက်ချောင်းကြားလေးထဲမှ မျက်လုံးလေးကို ဖော်ပြီး ကြည့်နေသည့် ကောင်လေးကို သည်းမခံနိုင်တော့ပေ ။
လက်ဖမိုး နုနုလေးများပေါ်သို့ မရပ်နားသော အနမ်းတို့ကို ခြွေချမိလေတော့သည်။
"ကိုယ့်ကို ချွဲနေတယ်ပေါ့လေ ... မကြောက်ဘူးပေါ့လေ ဟုတ်လား "
အုပ်ထားသော လက်များကို ဖြည်ကာ အပြည့်အဝပေါ်လာသော မျက်နှာလေးက ရယ်ရွှင်မြူးနေလေ၏ ။
မျက်ဝန်းတို့က တောက်ပနေသည် ။ ပါးချိုင့်လေးတစ်ဖက်ကလည်း နစ်ဝင်နေသည်အထိ ပြုံးနေသည် ။
ထို့အတူ သွားဖြူတန်းလေး ပေါ်အောင် ရယ်ပြနေသော နှုတ်ခမ်းဖူးဖူးလေးကလည်း စိုပြေလှ၏ ။
"ကြောက်တယ်လို့ ပြောရင် လိမ်ရာ ကျမလားနော် "
"မကြောက်ဘူးပေါ့လေ "
"ဘာလို့ ကြောက်ရမှာလဲ "
စကားသံဆုံးဆုံးချင်း လောင်းရိပ်၏ လည်တိုင်ကို ဆွဲဲလိုက်ယူသည်။
ထို့နောက် မထူမပါးသော နှုတ်ခမ်းတို့ပေါ်သို့ မောင်၏ နှုတ်ခမ်းတို့ ဖိကပ်ပစ်လိုက်၏ ။
ပွင့်ဟလာသော လောင်းရိပ်၏ နှုတ်ခမ်းတို့ကို အမြတ်တနိုး နမ်းရှိုက်နေသော်လည်း လောင်းရိပ်ဘက်မှ တုန့်ပြန်အနမ်းတို့ မရရှိသေးပေ။
"ဘာ...ဘာဖြစ်လို့လဲဟင် ဦးရိပ် "
စိုးရိမ်တတ်သည့် စိတ်ကလေးက သိပ်သည်းဆ များစွာရောက်ရှိလာသဖြင့် မောင်၏ မျက်နှာလေးက သိပ်မလန်းချင်တော့ ။
"ဘာလို့ ရုတ်တရတ်ကြီး နမ်းရတာလဲ ကိုယ့်က လန့်သွားတာပေါ့လို့ "
"စိတ်ဆိုးသွားတယ် ထင်နေတာ "
"ဒီကလေးလေးကတော့ ဘယ်လိုပြောပြောကို မမှတ်မိဘူးပဲ...
ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို တစ်ခါမှ လာမနမ်းစဖူး နမ်းတာကို စိတ်ဆိုးစရာလား...
ပိုပြီးတော့တောင် ချစ်လာသေးတယ် ...သိရဲ့လား... "
မောင်၏ ပါးဖောင်းဖောင်လေးကို ဖျစ်လိုက်ပြီး နှုတ်ခမ်းပေါ်သို့ ခဏတာ အနမ်းလေးတစ်ခု ပေးလိုက်သည် ။
"မဝသေးဘူး ထပ်နမ်းပေးဦး "
နှုတ်ခမ်းလေး စူပြီး ခေါင်းလေးကိုမော့ကာ လောင်းရိပ် လာနမ်းသည်ကို စောင့်နေသည့် မောင့်ကို တော်တော် အသည်းယားနေလေပြီ ။
နှုတ်ခမ်းထက်က အပြုံးတို့ကလည်း ခွာချတောင် ရတော့မည်မထင် ။
မောင်၏ အလိုအတိုင်း တစိုက်မတ်မတ် အနမ်းတို့က ရပ်နားသွားခြင်း မရှိတော့ ။ တဖြေးဖြေးသာ သိပ်သည်းလာပါတော့၏ ။
မြတ်နိုးလွန်းလှသည့် အနမ်းတို့က ချိုမြလွန်းသည် ။
မွှေးပျံ့လွန်းပါသည် ။
ချစ်ခြင်းမေတ္တာဟူသည် လူတိုင်းနှင့် ထိုက်တန်သည်ဆိုတာ မောင်ကိုယ်တိုင် တွေ့ကြုံလာခဲ့ပြီမို့ မောင် နားလည်လာနိုင်လောက်ပါ၏ ။
မောင် ပျော်နေပါသည်...
သူနားခိုခွင့် ရခဲ့တဲ့ ရင်ခွင်ထဲမှာ ပြုံးပျော်နေတတ်လာပါတော့သည် ။
(ပြီးပါပြီ)
****
ဇာတ်သိမ်းပိုင်းလေး တင်ဖို့အရေး အပျင်းတစ်နေတာကြောင့် ကြာသွားတာပါ ဟီး။
ဒီ plot လေး.ရခဲ့တာက ကျွန်တော့်အသက် ၁၃ နှစ်က ဆေးရုံဆရာဝန်ကြီးရဲ့ သား(ဆရာဝန်လောင်းလေး)ကို မြင်ပြီး ရသွားတာပေါ့နော် ။ (အဲ့တုန်းကတော့ bl မဟုတ်သေးဘူးပေါ့ )
နောက်ဆုံးတော့ တဝဲလည်လည် ဖြစ်နေတဲ့ plot လေးဟာ ဆိုရင်ဖြင့် ၅ နှစ်ကြာတဲ့အခါမှ ပုံဖော်ပြီးသွားခဲ့ပါပြီ ။
ဖြောင်းဖြောင်းဖြောင်း ။
(ဦးနှောက်လေး.ပေါ့သွားလို့😁 )
အဆုံးထိ လိုက်ဖတ်ပေးကြတဲ့သူတွေရော vote ပေးတဲ့ သူလေးတွေရော ၊ comments တွေ မန့်တဲ့အတွက်ရော ကျေးဇူးအများကြီး တင်ပါတယ်ဗျ ။
Bye bye.....
********************************
Zawgyi
လူတိုင္းလူတိုင္း သူတို႔ ၿပိဳလဲသြားတဲ့အခ်ိန္ နားခိုလို႔ရမယ့္ ရင္ခြင္တစ္စုံေတာ့ ပိုင္ဆိုင္ခ်င္ၾကမွာပဲေလ ။
ဒါေပါ့...။ ေမာင္လည္း ပိုင္ဆိုင္ခ်င္ခဲ့တာေပါ့ ။
ၿပိဳလဲမိတိုင္း ေမာင္ရဲ႕ အေနာက္ကို ျပန္ၾကည့္လိုက္တယ္ ။ဟုတ္တယ္ ။ ဘယ္သူမွ မရွိဘူး ။ ထူေပးမယ့္သူ ဘယ္သူမွ မရွိခဲ့ဘူး ။
ဒါေပမဲ့ ေမာင့္ကို ကံတရားက အဲ့ေလာက္ႀကီး မရက္စက္ခ်င္ဘူး ထင္ပါရဲ႕ ။
ေမာင့္အတြက္ ရင္ခြင္တစ္ခုကို ဖန္ဆင္း ေပးတယ္ ။
နားခိုခြင့္ အျပည့္အဝ ရွိမယ့္ ရင္ခြင္ေပါ့ ။
ခိုလုံရတာေတာင္ ခဏေလးပဲ ရွိေသးတယ္... အဲဲဒီ ရင္ခြင္ႏြေးႏြေးေလးကို စြန့္ခြာရက္ပါ့မလား ...
တတ္နိုင္သေလာက္ ဖမ္းဆုပ္ထားမွာေပါ့...
ဒါေၾကာင့္ လက္ေလွ်ာ့ခ်င္ေနခဲ့တဲ့ ေမာင့္ရဲ႕ဘဝ... ၊ အသက္...၊ စိတ္ဒဏ္ရာ.... အရာရာကို သူနဲ႕အတူ ရင္ဆိုင္ဖို႔ ေမာင္ ေ႐ြးခ်ယ္လိုက္ေတာ့တယ္....
....
"ေမာင္ လမ္းေလွ်ာက္လို႔ မရေသးဘူးလား "
"အင္း "
"ေက်ာက္ပတ္တီးကို လက္ေရာ... ေျခေထာက္ကို အတူတူျဖည္တာပါ...
ဒါေပမယ့္ ျဖည္ၿပီးကတည္းက လက္ကိုက် လႈပ္ခိုင္းၿပီး ေျခေထာက္ကိုက် လမ္းမေလွ်ာက္ခိုင္းတာ ၁လေလာက္ ရွိေနၿပီေနာ္ ဦးရိပ္...
ဒါ ပုံမွန္မျဖစ္နိုင္ဘူး "
ေမာင္၏ ေက်ာျပင္ႏွင့္ ဒူးေကာက္ေကြးမွ မၿပီးခ်ီထားေသာ ေလာင္းရိပ္၏ လည္တိုင္ကို လက္တစ္ဖက္ျဖင့္ ခ်ိတ္တြယ္ထားေနရင္းကေန မယုံသလိုလိုျဖင့္ စိုက္ၾကည့္ေနသည္ ။
"တကယ္ေပါ့ ကိုယ္က ဆရာဝန္ပဲေလ ဆရာဝန္က ညာစရာလား "
အနိမ့္အျမင့္ အတက္အက် မညီေသာ စကားသံ ႏွင့္ မ်က္လုံးခ်င္း ဆုံေအာင္မၾကည့္ဘဲ ေျပာေနသည္က ေလာင္းရိပ္ကို ပို၍ သံသယဝင္ေစပါသည္ ။
"တကယ္လား "
" တကယ္ပါဆို...ေန..."
"အဲ့တာဆိုလည္း ၿပီးတာပါပဲ အခုေတာ့ ေရခ်ိဳးေတာ့မွာမလို႔ ေရခ်ိဳးခန္းထဲက ထြက္ေပးေတာ့ "
"ကိုယ္ ခ်ိဳးေပးလို႔ မရဘူးလား "
မ်က္ႏွာခ်ိဳေသြး၍ ေျပာေနေသာ ေလာင္းရိပ္အား ခပ္တည္တည္ျဖင့္သာ ၾကည့္လိုက္ၿပီး
"မရပါဘူး... ဦးရိပ္ အႀကံကို ေမာင္ မသိဘူးမ်ား မွတ္ေနလား...
အခုထြက္ေတာ့ "
"ေမာင္ကလည္းကြာ"
"မထြက္ေသးဘူးလား "
"ဟုတ္ပါၿပီ ထြက္ပါ့မယ္ ေ႐ႊစိတ္ေတာ္ေတာ့ မဆိုးလိုက္ပါနဲ႕"
ေမာင္ေရခ်ိဳးလွ်င္ ထိုင္လ်က္အတိုင္း ခ်ိဳးေပးရသျဖင့္ အသင့္ရွိေနေသာ ခုံေပၚသို႔ အသာခ်ေပးလိုက္သည္။
စုတ္ဖြားျဖစ္ေနေသာ ေမာင့္ဆံပင္ေလးအား ထပ္မံ ဖြလိုက္ၿပီး ေရခ်ိဳးခန္းထဲမွ ထြက္လာလိုက္ပါ၏ ။
"ဦးရိပ္ တံခါးပိတ္ေပးဦးေလ "
ေရခ်ိဳးခန္း တံခါးအဝတြင္ ရပ္ၾကည့္ေနေသးေသာ ေလာင္းရိပ္ကို ေျပာရျပန္သည္။
"ဖြင့္ထားလို႔ မရဘူးလား "
"မရဘူး "
"အင္းပါ "
တံခါးပိတ္ခါနီးမွ တံခါးအဝ ေခါင္းေလးျပဴၾကည့္ျပန္ကာ
"တကယ္ ပိတ္ရမွာလား "
"တကယ္ပိတ္ရမွာ.... "
"တကယ္ႀကီးလား "
"ဦးရိပ္"
"Ok ပိတ္ၿပီ ပိတ္လိုက္ပါၿပီ "
ေမာင္၏ စူပုပ္ပုပ္ျဖင့္ ေျပာသည့္ ေလသံၾကားမွသာ အတည္ပိတ္သြားေသာ တံခါးကို ၾကည့္ရင္း ေခါင္းကို အသာယမ္းမိသည္ ။ ေလာင္းရိပ္ မျမင္လိုက္ရသည့္ မ်က္ႏွာေပၚက အၿပဳံးတို႔ကလည္း အခုထိ မကြယ္ေပ်ာက္ေသး ။
ေမာင့္ကို အေပ်ာက္မခံ ျဖစ္ေနသည့္ ေလာင္းရိပ္က တေျဖးေျဖး ခ်စ္ဖို႔ ပိုေကာင္းလာပါသည္။
"ေမာင္ေရ "
"ဗ်ာ"
"မၿပီးေသးဘူးလား"
"ဆပ္ျပာတိုက္တုန္း"
"ကိုယ္တိုက္ေပးရမလား"
"ရတယ္ ကိုယ့္ဘာသာ တိုက္နိုင္တယ္ "
"ေခါင္းေလွ်ာ္ေပးရဦးမလား "
"မေန႕ကမွ ေလွ်ာ္ထားတာေလဗ်ာ "
"ဪ အင္း"
တဖန္ ၿငိမ္သြားျပန္သည္ ။ ၿပီးမွ အလန့္တၾကားျပန္ေခၚပါလိမ့္ဦးမည္။
"ေမာင္ေရ "
"ဗ်ာ...."
"မၿပီးေသးဘူးလား "
"ၿပီးပါၿပီဗ် "
စကားသံႏွင့္ အတူ လူပါ တံခါးမွ ထြက္လာေသာ ေမာင္အား မွင္ေသေသျဖင့္ ရပ္ၾကည့္ေနသည့္ ေလာင္းရိပ္ ။
တဘတ္ကို ခါးမွာပတ္ၿပီး ေရသီးေလးမ်ား ရွိေနေသးေသာ လက္အစုံက ခါးကို ေထာက္ထားသည့္ ေမာင့္ကို မ်က္ေတာင္မခတ္ဘဲ ၾကည့္ေနသည့္ ေလာင္းရိပ္ေၾကာင့္ ေမာင့္ မ်က္ႏွာပင္ နီလာသည္ ။
ထိုသူကေတာ့ အၾကည့္မလြဲေသး ။
"အဟမ္း... ေျခေထာက္က ေတာ္ေတာ္ေကာင္းေနၿပီပဲ ေဒါက္တာႀကီးရဲ႕ ဒီမွာ ေကာင္းေကာင္း ေထာက္ၿပီး လမ္းေလွ်ာက္နိုင္ၿပီ "
"ဟုတ္သားပဲ ရက္တြက္တာ နည္းနည္းလြဲသြားတယ္.ထင္တယ္ "
"ဘယ္ႏွရက္လဲ "
"၂၉ရက္ "
"လြန္ခဲ့တဲ့ ၂၉ရက္ကတည္းက လမ္းေလွ်ာက္လို႔ရေနတာပဲ....
ဦးရိပ္ ေတာ္ေတာ္ လူလည္က်တယ္ေနာ္ "
ေျပာလည္း ေျပာ ကုတင္ေပၚတြင္ အသင့္တင္ထားေသာ အက်ီႏွင့္ ေဘာင္းဘီအား ဝတ္ေနလိုက္သည္ ။
အၾကည့္စိမ္းႀကီးမ်ားျဖင့္ ၾကည့္ေနသည့္ ေလာင္းရိပ္အား ၾကာလာရင္ ထိန္းဖို႔ ခက္မည္ေလ ။ ႀကိဳတင္ကာကြယ္သည့္ အေနျဖင့္ အလွ်င္အျမန္ အဝတ္ဝတ္ထားမွ ေတာ္ကာက်ေပလိမ့္မည္ ။
"ၾကည့္လို႔ၿပီးရင္လည္း ထမင္းစားရေအာင္ဦးရိပ္ ဗိုက္မဆာေသးဘူးလား ေမာင္ေတာ့ ေတာ္ေတာ္ဆာေနၿပီ"
"ကိုယ္က ေမာင့္ကို စားခ်င္တာ "
"ၿပီးမွ ေရႏြေးအိုးတည္ၿပီး ျပဳတ္ေကြၽးမယ္ေလ... ၾကက္သြန္ၿမိတ္တို႔ ဂ်င္းတို႔ သံပုရာသီးတို႔ပါ ေရာလိုက္...
အင္း.......
အခုေတာ့ ထမင္းအရင္ စားၾကတာေပါ့ေလ "
"ဟမ္?"
ခပ္တည္တည္ျဖင့္ ႐ႊတ္ေနာက္ေနာက္ ေျပာသြားေသာ ေမာင့္စကားကို ၾကားၿပီး မ်က္လုံးအျပဴးသားျဖင့္ ေၾကာင္ၾကည့္ေနေသာ ေလာင္းရိပ္ကို ၾကည့္ရင္း.ရယ္ခ်င္စိတ္က ထိန္းမရ ။
ၿပဳံးစိစိျဖစ္သြားေသာ မ်က္ႏွာေပးျဖင့္ ေလာင္းရိပ္ကို မေခၚေတာ့ဘဲ အခန္းထဲမွ အျမန္ထြက္လာခဲ့ပါသည္ ။
"ဒီကေလးေလးက လူႀကီးကို ေနာက္တယ္ေပါ့ေလ "
ေမာင္ တံခါးအဝ ေရာက္မွ အေနာက္ကေန လိုက္ဖမ္းေတာ့မည့္ ေလာင္းရိပ္ကို မမိေစရန္ အိမ္အတြင္း လွည့္ပတ္ေျပးပါေတာ့၏ ။ ေလာင္းရိပ္အား ေျပာင္စပ္စပ္ လုပ္ျပကာ ရယ္ေမာၿပီး ေျပးလႊားေနေသာ ေမာင့္ကို အမိဖမ္းမည့္ ေလာင္းရိပ္ကေတာ့ အသည္းအသန္ လိုက္ေနေလသည္ ။
မိသြားရင္ေတာ့ ကလိထိုးျခင္းမွ ကင္းေဝးရန္ ဆုေတာင္းေနရသည္မွ တစ္ပါး....။
....
"ကိုကိုေရ....အာ...."
ဆရာဝန္မ်ား နားေနခန္းထဲ မုန့္ခြံ႕ေကြၽးလိုက္ ေရတိုက္လိုက္ျဖင့္ ႏွစ္ေယာက္တစ္ကမၻာတည္ေဆာက္ေနၾကေသာ ျမင့္မိုရ္ႏွင့္ ေသာ္တာအား ေဘးတစ္ေနရာမွ လက္ပိုက္ကာ ၾကည့္ေနရသူမွာေတာ့ ထက္ျမက္ ။
"ငါ အတြဲေတြကို ေတာ္ေတာ္ စိတ္ကုန္ေနၿပီ "
"စိတ္ကုန္ရင္ ေတာထြက္လိုက္ေတာ့ ဘြားေတာ္ေရ "
ထက္ျမက္ဘက္ကိုေတာင္ နည္းနည္းေလးမွ လွည့္မၾကည့္ဘဲ စကားလုံးအႀကီးႀကီး ပစ္သြင္းလိုက္ေသာ ျမင့္မိုရ္၏ မိုးေပၚသို႔ ေထာင္ေနေသာ ဆံပင္ငုပ္စိကို ကပ္ေၾကးႏွင့္သာ ညွပ္ပစ္လိုက္ခ်င္ေတာ့သည္ ။
"စိတ္ထိန္း စိတ္ထိန္း "
ကိုယ့္ကိုယ္ကိုယ္ စိတ္ေလွ်ာ့ဖို႔ သတိေပးလိုက္ၿပီး ျမင့္မိုရ္တို႔ စားေနေသာ ကိတ္မုန့္ကို ဇတ္ကနဲ ေကာက္စားပစ္လိုက္သည္ ။
"ဝိုး....အရသာ ရွိသားပဲ "
"စားေလ မမ အမ်ားႀကီး ရွိေသးတယ္ "
"ခ်ာတိတ္ေလး သူ႕ကို ေကြၽးမေနနဲ႕ ကိုကိုတို႔ကို မနာလိုျဖစ္ၿပီး လာရႈပ္ေနတာ "
အားမနာ လွ်ာမက်ိဳး ေျပာေနေသာ ျမင့္မိုရ္၏ ဆံပင္ငုပ္စိကို ဆြဲႏုတ္ခ်င္စိတ္က တဖြားဖြား....။
"ဝဠါျမင့္မိုရ္..... "
"ေျပာၾကည့္ၾကည့္ "
"ေတာ္ၿပီ ေတာ္ၿပီ ....
ကေလးေရွ႕ကို ငါ့ရဲ႕ ရင့္က်က္မႈေတြကိုပဲ ျပရမယ္...ငါ male ward ထဲပဲ သြားေတာ့မယ္ နင္လည္း စားၿပီးရင္ ဂ်ဴတီဝင္ေတာ့ "
"ေအးေဆးေပါ့ OPT မဟုတ္သေ႐ြ႕ အလုပ္မမ်ားဘူး "
ျပင္ပလူနာဌာနက အျခား ward ေတြထပ္ လူနာပိုမ်ားသလို အလုပ္လည္း မ်ားပါသည္ ။
"မမ"
တံခါးဝမွ ေခါင္းေလးျပဴကာ ေခၚေနသည့္ ေကာင္ကေလးတစ္ေယာက္ ။
"ဇြဲနိုင္မလား "
နာမည္သိေသာ ေသာ္တာက ထိုေကာင္ေလးအား ေခၚလိုက္ေလေတာ့ ပန္းစည္းေလး ကိုင္ကာ ဝင္လာေလသည္ ။
"ဘယ္သူ႕ေခၚေနတာလဲ ဇြဲနိုင္ "
"ဒီက မမ ေဒါက္တာ ထက္ျမက္ခ်ိဳကိုပါဗ် "
"ဘယ္လို ဘယ္လို "
ျမင့္မိုရ္၏ မုန့္နင္ေနသည့္ အသံႀကီးက ခပ္ၾသၾသႀကီး ထြက္လာသျဖင့္ ေသာ္တာ့ခမ်ာ ေရဘူးကို အလွ်င္အျမန္ ေပးလိုက္ရေလသည္ ။
"ဟုတ္တယ္ ကြၽန္ေတာ္ မမကို ခ်စ္တယ္ ဒါေၾကာင့္ ကြၽန္ေတာ့္ကို ျပန္ခ်စ္ "
"တို႔ေမြးမွ တို႔သားေလာက္ေလး ရွိတဲ့ ေကာင္ေလးကို ျပန္ခ်စ္စရာလား "
"ခ်စ္မွာပါ ကြၽန္ေတာ္က ေခ်ာေတာ့ ကြၽန္ေတာ့္ ႐ုပ္ကို ေန႕တိုင္းေတြ႕ေနရေတာ့မွာဆိုေတာ့ မမ တေျဖးေျဖးနဲ႕ ကြၽန္ေတာ့္ကို လက္ခံလာမွာ "
Confidence level so high ေနေသာ ဇြဲနိုင္ကို ၾကည့္ရင္း ထက္ျမက္ခ်ိဳ ေခါင္းယမ္းလိုက္ကာ ေျပာေလသည္ ။
"မင္းေတာ့ ဆရာဝန္နဲ႕ ျပသင့္ၿပီ "
"အင္း ဟုတ္တယ္.. မမက ဆရာဝန္ပဲ ကြၽန္ေတာ့္ကို ကုေပးေပါ့ေနာ္ "
"မနိုင္ေတာ့ဘူးပဲ "
"ဟုတ္တယ္ အဲ့ဒါေၾကာင့္ မမက ကြၽန္ေတာ့္ကို ကုေပးပါေတာ့လို႔ "
"ဘာေလးလဲကြာ "
မ်က္လုံးျပဴးကာ တအံ့တၾသျဖင့္ ထက္ျမက္ခ်ိဳက အေရွ႕ကေန သြက္သြက္ေလွ်ာက္သလို ဇြဲနိုင္ကလည္း.ပန္းစည္းႀကီးကို ကိုင္ကာ ထက္ျမက္ခ်ိဳ ေျခလွမ္းအတိုင္း လိုက္ေလသည္ ။
"အပ်ိဳႀကီးေတာ့ ဒီႏွစ္ကုန္ရင္ စြံေတာ့မယ္ ထင္တယ္ ခ်ာတိတ္ေလးေရ "
မိမိေရွ႕တြင္ ထိုင္ေနေသာ ေသာ္တာ၏ ဆံပင္ေလးအား ဖြလိုက္ေတာ့
"ကိုကို႔ကို ဆံပင္မဖြပါနဲ႕လို႔ ဘယ္ႏွစ္ခါေျပာရမွာလဲ "
"ခ်စ္လို႔ေလကြာ မရဘူးလား "
"ရပါတယ္ ခ်စ္လို႔ ခြင့္ျပဳလိုက္မယ္ "
ထိုအခါမွ လက္ႏွစ္ဖက္ျဖင့္ ေသာ္တာ့ ဆံပင္ကို အားရပါးရ ဖြခ်လိဳက္သည္ ။
ရႈပ္ပြသြားေသာ ဆံပင္မ်ားက ဖြစာက်ဲ ။
"ဦးဝဠာျမင့္မိုရ္..... "
ေရဆူအမွတ္သို႔ ေရာက္သြားၿပီ ျဖစ္သည့္ ေသာ္တာ၏ ေဒါသကိုေတာ့ ျမင့္မိုရ္ ဘယ္လို ေျဖေလွ်ာ့မွာပါလိမ့္ ။
....
"ေမာင္...ခုဏတုန္းက ဘုန္းျမင့္ျမတ္နဲ႕ ဘာေတြ ေျပာေနတာလဲ "
အိမ္ထဲရွိ ဧည့္ခန္းမွ ဘုန္းျမင့္ျမတ္ထြက္သြားၿပီ ေသခ်ာမွ ေမာင္အနားသို႔ ကပ္ရသည္ ။
ေလာင္းရိပ္က ေနာက္ေဖးသို႔ ေရာက္ေနေသာေၾကာင့္ ဘုန္းျမင့္ျမတ္ အိမ္ထဲဝင္လာသည္ကို မသိလိုက္ ။
မသိရသည့္ အျပင္ ေမာင္ကပါ အသိလာမေပးေသာေၾကာင့္ မ်က္ခုံးတို႔က အနည္းငယ္ တြန့္ခ်ိဳးခ်င္ေနၿပီ ျဖစ္သည္ ။
" အခ်ဳပ္ထဲမွာ မလဲ့ရည္ထက္ အဆင္ေျပတယ္ဆိုတာ လာေျပာျပတာပါ "
"ဪ"
လက္မထပ္ရေသးဘဲ အတူတူေနရာမွ ကိုယ္ဝန္ရွိသြားေသာ လဲ့ရည္ထက္က သူမ၏ ခ်စ္သူကို လက္ထပ္ရန္ ေျပာသည္ ။အင္းမလုပ္ အဲမလုပ္ျဖင့္ အခ်ိန္အၾကာႀကီးဆြဲေနသျဖင့္ ရန္ျဖစ္စကားမ်ားရာမွ လက္လြန္သြားေလသည္ ။
လူသတ္မႈဟု မဆိုနိုင္ေသာ္လည္း လူေသမႈ မည္သျဖင့္ ေထာင္က်ရေလ၏ ။
"အခုထိ အဲ့ nurseကို စိတ္မခ်နိဳင္ေသးဘူးလား "
"သူလည္း သူ႕အသက္ကို လက္လြတ္စဖယ္ လုပ္ေတာ့မွာ မဟုတ္ပါဘူး "
"ေသခ်ာတယ္ေပါ့ေလ "
"အင္း ေသေသခ်ာခ်ာကို ကတိေပးလိုက္တာ "
"ဟုတ္ပါၿပီဗ်ာ"
ေလာင္းရိပ္၏ ပခုံးေပၚသို႔ ေမးတင္လာေသာ ေမာင့္ကို ဆြဲယူလိုက္ကာ ေပါင္ေပၚတြင္ ထိုင္ေစၿပီး ရင္ခြင္ထဲ ထည့္ပစ္လိုက္သည္ ။
"ဦးရိပ္ရဲ႕ ရင္ခြင္က အၿမဲ ႏြေးေနတာပဲ "
ေခါင္းေလးကို တိုးေဝွ႕ေနသလို တစ္ခ်က္တစ္ခ်က္ ခိုးခိုးနမ္းေနသည္ကိုလည္း ေလာင္းရိပ္ သတိထားမိလိုက္သည္ ။
" ေမႊးလည္း ေမႊးတယ္ထင္တယ္ ေကာင္ေလးတစ္ေယာက္ ခိုးခိုးနမ္းေနတယ္ "
အနမ္းသူခိုးေလး လူမိသြားသျဖင့္ ဇတ္ကေလး ပုကာ ရင္ခြင္ထဲမွာ ၿငိမ္ၿငိမ္ေလး ေနေနေလေတာ့သည္။
"ေဟာ...သူခိုးေလး ၿငိမ္သြားၿပီ ဘယ္ေရာက္သြားတာပါလိမ့္..... ရင္ခြင္ထဲကမ်ား ဆင္းသြားတာလား "
"မဆင္းပါဘူး ရွိေသးတယ္ ပုန္းေနတာ "
ေျပာလည္းေျပာ မ်က္ႏွာေလးကိုလည္း လက္ကေလးျဖင့္ အုပ္ထားေလသည္.။
"ဪ...ပုန္းေနတာကိုး "
"အင္း"
"ဟုတ္ပါၿပီ ဆက္ပုန္း ဆက္ပုန္း "
"မရွာေတာ့ဘူးလား "
လက္ေခ်ာင္းၾကားေလးထဲမွ မ်က္လုံးေလးကို ေဖာ္ၿပီး ၾကည့္ေနသည့္ ေကာင္ေလးကို သည္းမခံနိုင္ေတာ့ေပ ။
လက္ဖမိုး ႏုႏုေလးမ်ားေပၚသို႔ မရပ္နားေသာ အနမ္းတို႔ကို ေႁခြခ်မိေလေတာ့သည္။
"ကိုယ့္ကို ခြၽဲေနတယ္ေပါ့ေလ ... မေၾကာက္ဘူးေပါ့ေလ ဟုတ္လား "
အုပ္ထားေသာ လက္မ်ားကို ျဖည္ကာ အျပည့္အဝေပၚလာေသာ မ်က္ႏွာေလးက ရယ္႐ႊင္ျမဴးေနေလ၏ ။
မ်က္ဝန္းတို႔က ေတာက္ပေနသည္ ။ ပါးခ်ိဳင့္ေလးတစ္ဖက္ကလည္း နစ္ဝင္ေနသည္အထိ ၿပဳံးေနသည္ ။
ထို႔အတူ သြားျဖဴတန္းေလး ေပၚေအာင္ ရယ္ျပေနေသာ ႏႈတ္ခမ္းဖူးဖူးေလးကလည္း စိုေျပလွ၏ ။
"ေၾကာက္တယ္လို႔ ေျပာရင္ လိမ္ရာ က်မလားေနာ္ "
"မေၾကာက္ဘူးေပါ့ေလ "
"ဘာလို႔ ေၾကာက္ရမွာလဲ "
စကားသံဆုံးဆုံးခ်င္း ေလာင္းရိပ္၏ လည္တိုင္ကို ဆြဲဲလိုက္ယူသည္။
ထို႔ေနာက္ မထူမပါးေသာ ႏႈတ္ခမ္းတို႔ေပၚသို႔ ေမာင္၏ ႏႈတ္ခမ္းတို႔ ဖိကပ္ပစ္လိုက္၏ ။
ပြင့္ဟလာေသာ ေလာင္းရိပ္၏ ႏႈတ္ခမ္းတို႔ကို အျမတ္တနိုး နမ္းရွိုက္ေနေသာ္လည္း ေလာင္းရိပ္ဘက္မွ တုန့္ျပန္အနမ္းတို႔ မရရွိေသးေပ။
"ဘာ...ဘာျဖစ္လို႔လဲဟင္ ဦးရိပ္ "
စိုးရိမ္တတ္သည့္ စိတ္ကေလးက သိပ္သည္းဆ မ်ားစြာေရာက္ရွိလာသျဖင့္ ေမာင္၏ မ်က္ႏွာေလးက သိပ္မလန္းခ်င္ေတာ့ ။
"ဘာလို႔ ႐ုတ္တရတ္ႀကီး နမ္းရတာလဲ ကိုယ့္က လန့္သြားတာေပါ့လို႔ "
"စိတ္ဆိုးသြားတယ္ ထင္ေနတာ "
"ဒီကေလးေလးကေတာ့ ဘယ္လိုေျပာေျပာကို မမွတ္မိဘူးပဲ...
ကိုယ္ခ်စ္ရတဲ့သူက ကိုယ့္ကို တစ္ခါမွ လာမနမ္းစဖူး နမ္းတာကို စိတ္ဆိုးစရာလား...
ပိုၿပီးေတာ့ေတာင္ ခ်စ္လာေသးတယ္ ...သိရဲ႕လား... "
ေမာင္၏ ပါးေဖာင္းေဖာင္ေလးကို ဖ်စ္လိုက္ၿပီး ႏႈတ္ခမ္းေပၚသို႔ ခဏတာ အနမ္းေလးတစ္ခု ေပးလိုက္သည္ ။
"မဝေသးဘူး ထပ္နမ္းေပးဦး "
ႏႈတ္ခမ္းေလး စူၿပီး ေခါင္းေလးကိုေမာ့ကာ ေလာင္းရိပ္ လာနမ္းသည္ကို ေစာင့္ေနသည့္ ေမာင့္ကို ေတာ္ေတာ္ အသည္းယားေနေလၿပီ ။
ႏႈတ္ခမ္းထက္က အၿပဳံးတို႔ကလည္း ခြာခ်ေတာင္ ရေတာ့မည္မထင္ ။
ေမာင္၏ အလိုအတိုင္း တစိုက္မတ္မတ္ အနမ္းတို႔က ရပ္နားသြားျခင္း မရွိေတာ့ ။ တေျဖးေျဖးသာ သိပ္သည္းလာပါေတာ့၏ ။
ျမတ္နိုးလြန္းလွသည့္ အနမ္းတို႔က ခ်ိဳျမလြန္းသည္ ။
ေမႊးပ်ံ့လြန္းပါသည္ ။
ခ်စ္ျခင္းေမတၱာဟူသည္ လူတိုင္းႏွင့္ ထိုက္တန္သည္ဆိုတာ ေမာင္ကိုယ္တိုင္ ေတြ႕ႀကဳံလာခဲ့ၿပီမို႔ ေမာင္ နားလည္လာနိုင္ေလာက္ပါ၏ ။
ေမာင္ ေပ်ာ္ေနပါသည္...
သူနားခိုခြင့္ ရခဲ့တဲ့ ရင္ခြင္ထဲမွာ ၿပဳံးေပ်ာ္ေနတတ္လာပါေတာ့သည္ ။
(ၿပီးပါၿပီ)
****
ဇာတ္သိမ္းပိုင္းေလး တင္ဖို႔အေရး အပ်င္းတစ္ေနတာေၾကာင့္ ၾကာသြားတာပါ ဟီး။
ဒီ plot ေလး.ရခဲ့တာက ကြၽန္ေတာ့္အသက္ ၁၃ ႏွစ္က ေဆး႐ုံဆရာဝန္ႀကီးရဲ႕ သား(ဆရာဝန္ေလာင္းေလး)ကို ျမင္ၿပီး ရသြားတာေပါ့ေနာ္ ။ (အဲ့တုန္းကေတာ့ bl မဟုတ္ေသးဘူးေပါ့ )
ေနာက္ဆုံးေတာ့ တဝဲလည္လည္ ျဖစ္ေနတဲ့ plot ေလးဟာ ဆိုရင္ျဖင့္ ၅ ႏွစ္ၾကာတဲ့အခါမွ ပုံေဖာ္ၿပီးသြားခဲ့ပါၿပီ ။
ေျဖာင္းေျဖာင္းေျဖာင္း ။
(ဦးႏွောက္ေလး.ေပါ့သြားလို႔😁 )
အဆုံးထိ လိုက္ဖတ္ေပးၾကတဲ့သူေတြေရာ vote ေပးတဲ့ သူေလးေတြေရာ ၊ comments ေတြ မန့္တဲ့အတြက္ေရာ ေက်းဇူးအမ်ားႀကီး တင္ပါတယ္ဗ် ။
Bye bye.....