𝐊𝐚𝐛𝐲𝐚𝐫 𝐒𝐚𝐫 𝐎𝐚𝐤

By Loon_Tay_03

611 38 0

ကဗျာ၊ စာတို 🤍 More

ကဗျာ ၂
ကဗျာ ၃
ကဗျာ ၄
ကဗျာ ၅
ကဗျာ ၆
ကဗျာ ၇
ကဗျာ ၈
ကဗျာ ၉
ကဗျာ ၁၀
ကဗျာ ၁၁
ကဗျာ ၁၂
ကဗျာ ၁၃
ကဗျာ ၁၄
ကဗျာ ၁၅
ကဗျာ ၁၆
ကဗျာ ၁၇
ကဗျာ ၁၈
ကဗျာ ၁၉
ကဗျာ ၂၀

ကဗျာ ၁

131 4 0
By Loon_Tay_03


Unicode

ထိုမျှလောက်သာ လောဘကြီးပါသည် (Nov.2021)

ဟာသမဲ့တဲ့ ရယ်မောခြင်းကို

ဘေးက အစွယ်လေးတွေ ပေါ်သည်အထိ

လှစ်ဟပြလိုက်တယ်
လှိုက်လှဲမှု မရှိတဲ့ ခြောက်ကပ်ကပ်ရယ်သံဟာ
အေးစက်မှုကို ဖော်ကျူးနေပြန်တယ်
အထီးကျန်မှုကိုတော့ တိုက်ဖျက်ပေးတယ်
တစ်စုံတစ်ရာ အကြောင်းပြချက်ကား
ရှာလို့မတွေ့
တစ်ကိုယ်တည်း အဖော်ရှိမနေခြင်းဟာ
ဘုံအမှန်တရား မည်သည်

သံပုရာရည်ပူနွေးနွေးလေးကို
ညဉ့်နက်မှ ထသောက်ပြီး
အဖော်မဲ့နေလေရဲ့

ကိုယ့်ဖြတ်သန်းမှု ကိုယ့်လမ်းမှာ
မည်သည့်လက်တစ်စုံမှ ပါမလာခြင်းအတွက်
ပြုံးပြရုံမှတပါး အခြားငါမတတ်နိုင်

ဝတ္ထုဆွေးဆွေးလေးကိုဖတ်ပြီး
မဆိုင်ပဲ ဝမ်းနည်းနေပြန်သတဲ့
ကိုယ်မဆိုင်ဖူးသော ထိုပိုင်ဆိုင်ခြင်းပြ
ချစ်ခြင်းပြယုဂ်လေး
ဇာတ်ကောင်လေးအား မောင်ပိုင်ဖြစ်စေချင်လျက်
ထိုမျှလောက်သာ လောဘကြီးပါသည်

                               လွန်းတေး


Zawgyi

ထိုမၽွေလာက္သာ ေလာဘႀကီးပါသည္ (Nov.2021)

ဟာသမဲ့တဲ့ ရယ္ေမာျခင္းကို

ေဘးက အစြယ္ေလးေတြ ေပၚသည္အထိ

လွစ္ဟျပလိုက္တယ္

လွိုက္လွဲမွု မရွိတဲ့ ေျခာက္ကပ္ကပ္ရယ္သံဟာ

ေအးစက္မွုကို ေဖာ္က်ဴးေနျပန္တယ္

အထီးက်န္မွုကိုေတာ့ တိုက္ဖ်က္ေပးတယ္

တစ္စုံတစ္ရာ အေၾကာင္းျပခ်က္ကား

ရွာလို႔မေတြ႕

တစ္ကိုယ္တည္း အေဖာ္ရွိမေနျခင္းဟာ

ဘုံအမွန္တရား မည္သည္

သံပုရာရည္ပူေႏြးေႏြးေလးကို

ညဉ့္နက္မွ ထေသာက္ၿပီး

အေဖာ္မဲ့ေနေလရဲ့

ကိုယ့္ျဖတ္သန္းမွု ကိုယ့္လမ္းမွာ

မည္သည့္လက္တစ္စုံမွ ပါမလာျခင္းအတြက္

ျပဳံးျပ႐ုံမွတပါး အျခားငါမတတ္နိုင္

ဝတၳဳေဆြးေဆြးေလးကိုဖတ္ၿပီး

မဆိုင္ပဲ ဝမ္းနည္းေနျပန္သတဲ့

ကိုယ္မဆိုင္ဖူးေသာ ထိုပိုင္ဆိုင္ျခင္းျပ

ခ်စ္ျခင္းျပယုဂ္ေလး

ဇာတ္ေကာင္ေလးအား ေမာင္ပိုင္ျဖစ္ေစခ်င္လ်က္

ထိုမၽွေလာက္သာ ေလာဘႀကီးပါသည္

                  လြန္းေတး

Continue Reading

You'll Also Like

12.3K 316 42
Just a few bits and pieces of poetry I've written over the years. |On-going|
1K 445 17
This poetry collection explores loneliness, theology, Biblical characters, depression, heartbreak, and disappointment. It's a good read for someone g...
12.5K 344 19
رواية تتكلم عن قصة خمس بنات وكيف كانت حياتهم مع اهلهم ف الديره وكيف بتكون حياتهم بعدين وكيف شخص حب وحده لكن الحياه تمنعهم عن بعض، و.....
1K 411 59
who would you be if your world ended? A collection of my freeverse and rhyming poetry in 4 chapters that form a journey. Punctuation is stylized. All...