ကဗျာ ၂၀

20 2 0
                                    

Unicode

အရိုင်းဆန်သော ဖြစ်တည်မှု (Jan.2022)

ဘယ်ဘက်မျက်ဝန်းနက်နက်ထဲက

မှဲ့နက်လေးဟာ

ဖြစ်တည်မှုသေးသေးလေးဆိုသော်လည်း

အမြင်အာရုံကို နှောင့်ယှက်တတ်တဲ့အခါ

မျက်ဝန်းပြာပြာတွေနဲ့ အစားထိုးပစ်ချင်ပါရဲ့

ဘယ်ဖန်ဆင်းရှင်က လက်ဆောင်ပေးမှန်း မသိပေမဲ့

မလိုချင်ခဲ့ရိုး အမှန်ပါ

ရှုကြည့်ရာတိုင်း

မမြင်ချင်ပေမဲ့ ပေါ်နေတတ်တဲ့

ထိုမှဲ့နက်ကို ဖောက်ထုတ်ပစ်ချင်မိပါရဲ့

ဘယ်အချိန်ထိ လိုက်နှောင့်ယှက်နေမှာလဲ မသိတာမို့

ပိုင်ဆိုင်သော်လည်း မုန်းပါသည်

အမြင်အာရုံမှ ထိုအမည်းစက်လေးကို

ဖြစ်တည်မှုတိုင်းကို မြတ်နိုးသော်လည်း

အမည်းစက်လေးတစ်ခုကိုတော့ သဘောမကျခဲ့ပါ

သူဟာ သခင်ကို အလုပ်အကျွေးမပြု

အမြင်အာရုံကို ဝေဝါးစေတတ်ပြီး

စိတ်ကိုလည်း နှောင့်ယှက်တတ်ပြန်သေးသည်

ပိုင်ဆိုင်ထားတဲ့ ဖြစ်တည်မှုသေးသေးလေးဟာ

အရိုင်းဆန်တယ်

                  လွန်းတေး


Zawgyi

အရိုင္းဆန္ေသာ ျဖစ္တည္မွု (Jan.2022)

ဘယ္ဘက္မ်က္ဝန္းနက္နက္ထဲက

မွဲ႕နက္ေလးဟာ

ျဖစ္တည္မွုေသးေသးေလးဆိုေသာ္လည္း

အျမင္အာ႐ုံကို ေႏွာင့္ယွက္တတ္တဲ့အခါ

မ်က္ဝန္းျပာျပာေတြနဲ႔ အစားထိုးပစ္ခ်င္ပါရဲ့

ဘယ္ဖန္ဆင္းရွင္က လက္ေဆာင္ေပးမွန္း မသိေပမဲ့

မလိုခ်င္ခဲ့ရိုး အမွန္ပါ

ရွုၾကည့္ရာတိုင္း

မျမင္ခ်င္ေပမဲ့ ေပၚေနတတ္တဲ့

ထိုမွဲ႕နက္ကို ေဖာက္ထုတ္ပစ္ခ်င္မိပါရဲ့

ဘယ္အခ်ိန္ထိ လိုက္ေႏွာင့္ယွက္ေနမွာလဲ မသိတာမို႔

ပိုင္ဆိုင္ေသာ္လည္း မုန္းပါသည္

အျမင္အာ႐ုံမွ ထိုအမည္းစက္ေလးကို

ျဖစ္တည္မွုတိုင္းကို ျမတ္နိုးေသာ္လည္း

အမည္းစက္ေလးတစ္ခုကိုေတာ့ သေဘာမက်ခဲ့ပါ

သူဟာ သခင္ကို အလုပ္အေကၽြးမျပဳ

အျမင္အာ႐ုံကို ေဝဝါးေစတတ္ၿပီး

စိတ္ကိုလည္း ေႏွာင့္ယွက္တတ္ျပန္ေသးသည္

ပိုင္ဆိုင္ထားတဲ့ ျဖစ္တည္မွုေသးေသးေလးဟာ

အရိုင္းဆန္တယ္

                  လြန္းေတး

𝐊𝐚𝐛𝐲𝐚𝐫 𝐒𝐚𝐫 𝐎𝐚𝐤حيث تعيش القصص. اكتشف الآن