Unicode
"ခွေးသူတောင်းစား"
"ငါ့ကို လွှတ်ပေး အခုချက်ချင်း လွှတ်ပေးစမ်း!!!"
အော်ဟစ်နေသော သံတိုင်ကြားထဲမှ အော်သံများဟာ သူ့ကို ခြောက်လန့်စေခဲ့သည်။
တုန်ရီနေသော လက်တစ်စုံဟာ သံကြိုးများ ချိတ်ခတ်ထားလျှက်။
သံတိုင်ထဲတွင် ဘဝ ပျက်နေသော အမိုက်သားများရဲ့ ပုံစံများဟာ တုန်လှုပ်စရာကောင်းအောင် ကြောက်ဖို့ သိပ်ကောင်းသည်။
"ဝင်တော့.."
*ဘုန်း*
တွန်းလွှတ်လိုက်သော လက်တစ်စုံကြောင့် သံတိုင် ကြားမှ အခန်းတွင်းထဲသို့ ဝပ်ဝပ်ပြားပြား လဲကျသွားလေသည်။
"ကျွန်တော်ကို လွှတ်ပေးပါ ကျွန်တော် တောင်းပန်ပါတယ်ဗျာ..ကျွန်တော် မှားပါတယ်.."
"ဟားဟား အမှားလုပ်ပြီးမှ မှားပါတယ်လို့ ပြောတိုင်း အရာအားလုံး ပြန်မကောင်းလာဘူး ကောင်လေး.."
လှောင်ရီသံများဟာ သူ့ကို အပြစ်သား တစ်ယောက်လို ခံစားစေသည်။အကျဥ်းသား တစ်ယောက်လို ခေါ်ဆောင်လာခဲ့သော ရဲများဟာ မြင်ကွင်းမှ ပျောက်တဲ့အထိ ထွက်သွားခဲ့သည်။
သွားပြီ..ကျွန်တော်ဘဝဟာ တကယ့်ကို ပြီးသွားပြီ..။
သံတိုင်များကို ပွတ်ဆွဲရင်း ကြမ်းပြင်ပေါ်ဆီ အားလျော့စွာ လဲကျသွားပြီး သွပ်သွပ်ခါ ရူးသွားသော ရီသံနက်နက် ဖြင့် အော်ရီလေသည်။
"ဟားဟား ဒါငါ့အမှား မဟုတ်ဘူး ဒါ သူ့အမှား ဟုတ်တယ် ဒါသူ့အမှား.."
နှုတ်ခမ်းက ရီသံများဟာ မျက်လုံးမှ မျက်ရည်များကို လှောင်ရီပြနေသယောင်။
သူ သည် ရီရင်းနဲ့ မျက်ရည်တွေကျနေတာပဲ။အိုး သူ ရူးသွားပြီ..ဟုတ်တယ် သူ သွပ်သွပ်ခါအောင် ရူးသွားပြီ..။
"ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော်တကယ်တောင်းပန်ပါတယ်.."
ဟော..အမှား မဟုတ်ဘူးလဲ ပြောသေးတယ် သူဟာ ထပ်ကာ တောင်းပန်နေပြန်ရော..။
ဟုတ်တယ် သူ ရူးသွားခဲ့ပြီ..။
တရားခွင် ရင်ဆိုင်တုန်းက အမေရဲ့ မျက်ရည်များဖြင့် စိတ်ပျက်သောတွေ လူအများရဲ့ ကဲ့ရဲ့သော အကြည့်တွေ သူမရဲ့ စူးနက်သော အကြည့်တွေ..ဒါတွေ..ဒါတွေကြောင့် သူ ရူးသွားခဲ့ရတာ..။
အကြည့်တွေဟာ သိပ်ကြောက်ဖို့ ကောင်းတာပဲ..။
"ဟားဟား သိပ်ကြောက်ဖို့ ကောင်းတယ်.."
သူ ရီနေတယ် ခံစားချက်မဲ့နေတဲ့ လူတစ်ယောက် အသွင်ဖြင့်..။
"အစာစားချိန်ရောက်ပြီ.."
ပွင့်ဟလာသော တံခါးကြောင့် မျက်ရည်များကို အစအနမကျန်အောင် လက်ရာဖျောက်လိုက်သည်။
"မြန်မြန်လာစမ်းပါ.."
သူ မနှစ်သတ်သော သံကြိုးတွေနဲ့ သူ့ကို ချိတ်နှောင်ကြပြန်တယ်။
တကယ် မနှစ်သက်ဘူး တကယ့်ကို မနှစ်သက်ဘူး..။
ကြိုးတွေကို ဆတ်ကနဲ ဆွဲလိုက်တိုင်း ရလာတဲ့ နာကျင်မှုကိုတော့ သူ နှစ်သက်ပြန်တယ်..။
နာကျင်မှုတွေကို နှစ်သက်တယ် ကြိုးတွေကိုတော့ မနှစ်သက်လေဘူး။
"ဆယ့်ငါးမိနစ်အချိန်ရတယ် ကောင်လေး.."
တွန်းထုပ်ခံလိုက်ရသောကြောင့် အရှိန်ဖြင့် အခန်းကြီး တစ်ခုဆီသို့ စိုက်စိုက်မြိုက်မြိုက် ဝင်ရောက်သွားလေသည်။
"သောက်ကျိုးနည်း မင်းသေချင်နေတာလား.."
"ခွေးကောင် မင်းတော့ ပါးကွဲတော့မယ်.."
ရန်သတ်သော စကားသံများဖြင့် ဖုံးလွှမ်းနေသော အခန်းကျယ်ကြီးဟာ သိပ်ကို တုန်လှုပ်စရာ ကောင်းလွန်းတယ်။
တန်းစီလိုရသော နေရာဆီသို့ သူ သွားခဲ့တယ်။အစီလိုက် စီထားတဲ့ ဗန်းကို ကိုင်ယူပြီး ဟင်းတွေ ထည့်ပေးနေတာကို စောင့်နေတဲ့ လူအတန်းကြီးဆီ သူ နောက်ဆုံးတွင် ဝင်စည်လိုက်တယ်..။
"ခွေးမသား ရှေ့က ဖယ်စမ်း.."
ကိုင်ထားသော ဗန်းကို ပစ်ထုပ်လိုက်ချိန် ကျယ်ပြန့်သွားသော ဗန်းကျသံ အနောက်ကိုလှည့်ကြည့်တော့ အဖွဲ့ ဖွဲ့ထားတဲ့ အတိုင်း ဗလအားကောင်းကောင်းနဲ့ လူ ငါးယောက်ဟာ သူ့ကို သတ်တော့မဲ့ အတိုင်း စိုက်ကြည့်နေကြတယ်။
ကျသွားသော ဗန်းကို အမြန်ပြန်ကောင်းရင်း သူတို့အတွက် နေရာဖယ်ပေးလိုက်သည်။
သူ ကြောက်တယ် တကယ့်ကို ကြောက်တာ။သူတို့တွေဟာ တုန်လှုပ်စရာ ကောင်းလောက်အောင် ကြောက်စရာကြီးတွေ။
"ဟက် ဒီလိုမှပေါ့.."
ထောင်သို့ ဝင်ဝင်ချင်း ညှပ်လိုက်ရသော ငတုံး ဆံပင်ပေါက် ပုံစံဖြင့် ဆံပင်ကေကို ဗလတောင့်တောင့်နဲ့ လူဟာ ပုတ်ရင်း ပြောလာသည်။
"ရပြီးရင် မြန်မြန်သွား.."
အတော်အတန်ကြာ စောင့်ပြီး သူ့အလှည့်ရောက်လာခဲ့သည်။
ရန်ဖြစ်နေသော လူအများရှိရာနေရာကို ဝေ့ကြည့်လိုက်တော့ မီတာအနည်းငယ်အကွာက ထောင်ကျကျနေရာငယ်လေး တစ်ခု။
ထိုနေရာလေးတွင် သူ သွားထိုင်ခဲ့သည်။
ဗန်းထဲက ဟင်းများကို ကြည့်ရင်း တစ်ချက်သက်ပြင်း ချမိသည်။
ကြက်ဥ၊ဂင်ချီ၊ကြက်သားတုံး နှစ်တုံး၊ထမင်းဆုပ်။
ကြက်ဥကို စားလိုက်စဥ်မှာ ငံလွန်းသော အငံဓာတ်ကို ရရှိခဲ့သည်။
"ထွီး ငံလိုက်တာ.."
"ခွေးမသား မင်းကငါ့နေရာကိုယူပြီး အမှိုက်ဖွနေတယ်ပေါ့လေ.."
*ဝုန်း!!*
တစ်စုံတစ်ယောက်ရဲ့ ကိုင်ပေါက်မှုကြောင့် ကြမ်းပြင်ခင်းပေါ်သို့ လွှင့်ကျသွားသော သူ၏ ကိုယ်ခန္ဓာ ။
*ခွပ်!!!"
ရုတ်တရက် ထပ်ကာ ဆွဲထိုးခံလိုက်ရပြီး မူးဝေသွားသော မြင်ကွင်းများရယ်ပါ။
"မင်းကို မမြင်ဖူးပါလား ဟားဟား လူသစ်လေးပဲ မင်းက လူသစ်ဆိုတော့ ငါခွင့်လွှတ်လိုက်မယ် အခု ဝေးဝေးသွားစမ်း.."
"ဝုန်း!!*
မထနိုင်ဖြစ်နေသော သူ၏ ဗိုက်သည် အကန်ခံလိုက်ရသ၍ ဗိုက်ဟာ အောင့်ထိုးသွားလေသည်။
အမာရွတ်များနဲ့ ယောကျာ်းရင့်မာရုပ်ရည်ရှိသော ထို ကောင်ရဲ့ ခုံမှ ဗန်းကို ယူပြီး နေရာ တစ်ခုကို အမြန်ပြောင်းခဲ့သည်။
နေရာရသွားစဥ် သူ၏ နှုတ်ခမ်းထောင့်မှ အနည်းငယ် ထွက်နေသော သွေးများကို လက်မဖြင့် သုပ်ယူလိုက်သည်။
လက်မ မှာ ပေနေသော သွေးများကို ကြည့်ရင်း သူအသံတိတ်ဖြင့် ရီမောခဲ့သည်။
"သောက်ချီးပဲ.."
---
ထိုနေ့ဟာ ရာသီဥတု သာယာနေသလောက် သူ့အတွက် ကံဆိုးမိုးမှောင်ကျခဲ့ရသော နေ့တစ်နေ့။
ရာသီဥတုဟာ အရင်နေ့များကလို အုပ်မှိုင်းမနေပဲ အနည်းငယ် သာယာနေသယောင် ရှိသည်။
"ချချ အဲ့ခွေးမသားကို ထိုး.."
နေ့တိုင်း ဖြစ်နေကျ ရှိသော ရန်သတ်ပွဲကြီးဟာ သိပ်ကို စိတ်ပျက်စရာကောင်းလှသည်။
အမြဲတမ်း သွေးသန်ရဲရဲများကို မြင်နေခဲ့ရတာ ရက်ပေါင်းဟာ မနည်းတော့ပေ။
ကိုယ်ကိုတိုင်ကလည်း သွေးထွက်ရတဲ့ ရက်တွေဟာ များပြားလျှက်။
"အဲ့ နှစ်ကောင်ထဲ ဘယ်သူနိုင်မယ် ထင်လဲ.."
ထောင်ထဲတွင် အယုံကြည်ရဆုံး သူ၏ သူငယ်ချင်းဟာ သူ့ကို မေးသည်။
ထိုးနေကြသော သူများက ဗလာတောင့်တောင့်နဲ့ လူမဲကောင်၊ဗလသိပ်မရှိတဲ့ အမေရိကန်ကောင်။
"အမေရိကန်ကောင်.."
"ဟမ် မင်းက ခန်းမှန်းတဲ့နေရာ တုံးလိုက်တာ လူမဲကောင်က ဗလတောင့်တောင့်နဲ့လေ ဟို သေးသေးကွေးကွေး အမေရိကန်ကောင်နဲ့ ယှဥ်လို့ကိုမရတာ.."
ထို အကောင် စကားကို သူဟာ ရီလိုက်သည် အကြောင်းအရင်းမဲ့စွာပေါ့..။
"ဒီပွဲမှာ အမေရိကန်ကောင် ရှုံးမှာသေချာပေမဲ့ စိတ်ဓာတ်မှာတော့ အမေရိကန်ကောင်က နိုင်မှာ အသေအချာပဲ ဟို လူမဲကောင်ကိုကြည့် ကစားနေတဲ့ပုံက လေးစားမှုကို မရှိဘူး.."
"ဟားဟား မင်းကတော့လေ ထောင်ထဲမှာတောင် လေးစားမှုတွေ ဘာတွေ ပြောနေသေးတယ်.."
အရှုံးကို အပြုအမူတွေက ဝန်ခံတတ်ကြပေမဲ့ ထိုလူတွေရဲ့ စိတ်ဓာတ်ကတော့ ဝန်မခံကြဘူး သူတို့က ရှုံးနေရင်တောင် အနိုင်ရအောင် ကြိုးစားတတ်ကြတာမို့။
"ရော့ နည်းနည်းသောက် မင်းကြည့်ရတာ ပူလွန်းနေတယ်.."
ထိုအကောင် ပေးသော ရေဗူးကို ယူရင်း သူ မော့ချပစ်လိုက်သည်။
ရင်တွင်းသို့ အေးမျှသွားသော ရေများဟာ ထောင်ထဲမှာ သိပ်ရှားလွန်းပါသည်။
ရေတောင်မှ ဝယ်သောက်ရတဲ့ ဘဝ။
"ငါ ရေသောက်တာများသွားပြီ..အပေါ့သွားလိုက်အုန်းမယ်.."
"ငါပါလိုက်မယ်.."
နှစ်ယောက်အတူ သန့်စင်ခန်းဆီသို့ ထွက်လာကြသည်။
ရင်ထဲတွင် ပူလောင်မှုကို ဖြေးဖြေးချင်း ခံစားလိုက်ရတာကို သူ သတိထားမိလာသည်။
ကိုယ်ခန္ဓာ ဟာ ပူဟိုက်လွန်းလာခဲ့သည်။လေအေးများ တိုက်ခတ်နေသော်လည်း ချွေးစီးများဟာ ပိုးပိုးပေါက်ပေါက်ကျလာသည်။
"မင်း အဆင်ပြေရဲ့လား ဘောထဲမှ ဒီလောက်အေးနေတာကို ချွေးတွေ ကျနေရတယ်လို့.."
ကျဆင်းလာသော ချွေးစက်များကို သုတ်ယူရင်း သန့်စင်ခန်းဆီသို့ အလျှင်အမြန်ပြေးဝင်ခဲ့သည်။
သန့်စင်ခန်း ရောက်သည်နဲ့ ရေကို မျက်နှာတွင် ပတ်ဖြန်းလိုက်ပေမဲ့ အပူဟာ လျော့မသွားခဲ့ပေ။
စိတ်ထဲ၊အသွေးသားထဲမှ တစ်ခုခုကို လိုချင်လာသော အတွေးများဟာ တစ်စိုက်တစ်မတ် ဝင်ရောက်လာလေသည်။
"ဟေ့ကောင် မင်း.မင်းဘာလုပ်တာလဲ.."
လက်ကို ကြိုးများနဲ့ လာရောက် ချည်နှောင်နေသော ထိုအကောင်ကို သူ ရှုန်းပေမဲ့လည်း တစ်ကိုယ်လုံးဟာ ပူလောင်နေပြီး အင်အားချည်းမဲ့နေခဲ့သည်။
"ဟား မင်းတို့ရောက်နေတာ စောလိုက်တာကွာ.."
သန့်စင်ခန်းအတွင်း ဝင်လာသော ယောကျာ်းသား ငါးဦး။ထို ယောကျာ်းသားများကို သူကောင်းကောင်းကြီး မှတ်မိနေသည်။
ရောက်ရောက်ချင်းမှာ ထိုးခံလိုက်ရပြီး သူ့ကို အမြဲတမ်း လိုက်နှောက်ယှက်နေသော သူများဟာ ထို ယောကျာ်းသားများ ဖြစ်သည်။
"ကဲ ခင်ဗျားပြောသလို ကျွန်တော်လုပ်ပြီးပြီး ပေးလိုက်တော့.."
သူငယ်ချင်း အဖြစ် ခင်တွယ်မိသော ထိုအကောင်ဟာ အမာရွတ်ဖြင့် ယုတ်မာသော ကောင် ပေးသော ပိုက်ဆံကို ငမ်းငမ်းတက်နေအောင် လှမ်းယူလိုက်သည်။
"မင်း..မင်း အား..!!"
ထောင်တတ်လာသော သူ၏ အရာကြောင့် သူ စိတ်များ တိုးတက်လာကာ အော်မိခဲ့လေသည်။
"ဟားဟား ဆေးအစွမ်းပြပြီထင်တယ် ၊ ငါတောင်းပန်ပါတယ်ကွာ မင်းသိတဲ့ အတိုင်း ဒီထောင်ထဲက လူတွေက ယုံရတာ မဟုတ်ဘူး ဒါပေမဲ့ မင်းက ငါ့ကို ယုံခဲ့ပေးလို့ ငါတကယ် ကျေးဇူးတင်တယ်ကွာ သိလား မင်းကတကယ့်ကို တုံးအတာပဲ ဟားဟား နောက်ဆုံး တစ်ခေါက်အနေနဲ့ ထပ် ကျေးဇူးတင်လိုက်မယ်နော် မင်းကြောင့် ငါပိုက်ဆံရတာ အဲ့အတွက် ကျေး ဇူး ပါ ၊ ကဲ ငါသွားပြီ ကောင်းကောင်း ပျော်ကြ.."
ထို အကောင် စကား အဆုံး သူမယုံကြည်နိုင် ဖြစ်သွားခဲ့သည်။
အရာအားလုံးကို ဆိုးတူကောင်းဖက် ရင်ဆိုင်ခဲ့သော သူငယ်ချင်းက သူ့ကို ဒီလိုလုပ်သွားတော့ သူ အရမ်းကို ခံပျင်းလှသည်။
"ဟာ့!! မင်းတို့ငါ့ကို..ငါ့ကို ဘာလုပ်ကြမှာလဲ.."
တင်းမခံနိုင်သော စိတ်ကြောင့် ကိုယ်ခန္ဓာ ဟာကြမ်းပြင် ဆီသို့ ခွေလဲကျသွားသည်။
တစ်ဖြေးဖြေး ရှေ့တိုးလာသော ထိုလူယုတ်မာများကြောင့် သူ နောက်သို့ အမြန်ပြန်ဆုပ်ခဲ့သည်။
ဆုပ်ပေမဲ့လည်း နောက်ဆုံးတွင် အဆုံးသတ်သွားခဲ့သည်။
သွားပြီ သွားပြီ..သူဘဝက ဒီတစ်ခါတော့ တစ်ကယ်သွားပြီ..။
"ဟားဟား မင်းကအလှလေးပဲ ကိုယ်တို့ နဲ့အတူ ပျော်စမ်းပါကွာ အားရပါးရ ဆောင့်ပေးမှာ.."
"ဟားဟားဟားဟား.."
လှောင်ရီနေသော အော်သံများကို ပင် မကြားနိုင်လောက်အောင် သူ၏ အမြင်များဟာ ဝေဝါးစိုစွတ်လာခဲ့သည်။
ကျလာခဲ့သော မျက်ရည်စက်များမှာပင် နာကျဥ်းခြင်းများ ပါဝင်ခဲ့တော့လေသည်။
ဒါတွေ အားလုံး နင့်ကြောင့် ငါဒီလို ဖြစ်ရတာ နင့်ကြောင့် နင့်အလှည့် ဒီထက်ဆိုးဆိုးဝါးဝါး ဖြစ်အောင် ငါလုပ်ပြမယ် ဂျန်းနီကင်...!!!!!
X
"ငါ..ငါ ဘယ်ရောက်နေတာလဲ.."
မျက်လုံးဖွင့်ရာတွင် အရာအားလုံးဟာ မှောင်မှိုက်နေခဲ့သည် ၊ မျက်လုံးများကို အဝတ်စဖြင့် စည်းထားသယောင်။
ခန္ဓာကိုယ် ကို လှုပ်ခါလိုက်စဥ် လက်မှ နာကျင်မှုကို ခံစားစေသည်။တစ်ယောက်ယောက်က သူမ လက်များကို ကြိုးဖြင့် ချည်နှောင်ထားပုံရသည်။
"အာ့..ဘာလဲဟ!!!"
သူမ နားမလည်စွာ အော်ခဲ့သည်။ မျက်လုံး ၊ လက်များသာမက ခြေထောက်များကိုပါ ကြိုးဖြင့် တင်းကျပ်စွာ ချည်ထားခဲ့လေသည်။
ဘာတွေ ဖြစ်ကုန်တာလဲ ၊ အစက သူမ ဆေးရုံမှာပါ အခု..အခု သူမဘယ်ကို ရောက်နေတာလဲ ။
"ဟားဟား နိုးလာပြီလား ကိုယ့်အသဲလေး ဂျန်းနီကင်.."
----------------------------------------------------
ညဥ်နက်မှ တင်မိလို့ တကယ်တောင်းပန်ပါတယ်နော်။ကိုယ့် စိတ်တွေ ဖျားနေလို့ ရေးချင်စိတ်တွေက ပုန်းနေတယ်။🥺🖤
အမှားပါရင် ခွင့်လွှတ်ပါ စာလုံး ပြန်မစစ်မိလို့><
-------------------------------------------------------
Zawgyi
Unicode
"ခွေးသူတောင်းစား"
"ဝင်တော့.."
*ဘုန်း*
"အစာစားချိန်ရောက်ပြီ.."
"မြန်မြန်လာစမ်းပါ.."
"ဟက် ဒီလိုမှပေါ့.."
"ထွီး ငံလိုက်တာ.."
*ဝုန်း!!*
*ခွပ်!!!"
"ဝုန်း!!*
"သောက်ချီးပဲ.."
---
"အမေရိကန်ကောင်.."
"ငါပါလိုက်မယ်.."
"မင်း..မင်း အား..!!"
"ဟားဟားဟားဟား.."
X
"ငါ..ငါ ဘယ်ရောက်နေတာလဲ.."
"အာ့..ဘာလဲဟ!!!"
----------------------------------------------------
-------------------------------------------------------