Commando🍁(Complete)

By NandarMyintMoh

38.1K 3K 276

Zawgyi~ #Seke &Seke -ဘုန္းဆက္ရိွန္ဝါ (Zeus) -ညီေစမင္းေသာ္(Dragon) ဤဇာတ္လမ္းပါအေၾကာင္းအရာမ်ားသည္စာေရးသူ၏စိတ္... More

Author Content
P - 1🍁
P - 2🍁
P - 3🍁
M /P - 4🍁
P - 5🍁
P - 6🍁
P - 7🍁
P - 8🍁
P - 9🍁
P - 10🍁
P - 11🍁
P - 12🍁
P - 13🍁
P - 14🍁
P - 15🍁
P - 16🍁
P - 17🍁
P - 18🍁
P - 19🍁
P - 20🍁
M/ P - 21🍁
P - 22🍁
R 🚨 /P - 23🍁
P - 24🍁
P - 25🍁
M / P - 26🍁
P - 27 🍁
Not Update🍀တောင်းပန်စာ
P - 28🍁
R🚨 / P - 29 🍁
R🚨/ P - 30🍁
P - 31🍁
P - 32 🍁
P - 33🍁
P - 34🍁
P - 35🍁
P -36🍁 {Zawgyi}
P - 36🍁{Unicode}
M/ P - 37🍁
P - 38🍁
10k Goal...
P - 39 🍁
P - 41🍁
P - 42 🍁
P - 43 🍁
P - 44 🍁
P - 45 🍁
P - 46 🍁
P - 47 🍁Unicode -(Final)
P - 47🍁Zawgyi (Final)

P - 40 🍁

349 24 7
By NandarMyintMoh

Zawgyi

"တီ...တီ..တီ!!!!!!"

စားပြဲမွာထိုင္ေနတဲ့သူေတြအားလံုးရဲ့ဘယ္ဘက္လက္ကေန တူညီတဲ့အခ်က္ေပးသံထြက္ေပၚလာမႈေၾကာင့္ အားလံုးလႈပ္လႈပ္ရွားရွားျဖစ္သြားသည္။

"အခုပို႔တဲ့အသံကေန ေျခရာခံစက္ဖြင့္ၿပီး ေျခရာခံလိုက္၊ ဘယ္မွာဆိုတာသိရရင္တည္ေနရာ ငါ့ကိုပို႔လိုက္ ..အဲ့ေနရာကို အဖြဲ႔သားေတြေခၚၿပီးသြားႏွင့္ လက္ႏွက္အပိုေတြပါယူခဲ့ ငါတို႔နဲ႔အဲ့မွာဆံုမယ္"

Logoက computerကိုင္တဲ့ကေလးေတြဆီကိုသတင္းအျမန္ပို႔ၿပီး လူေတြကလဲခံုကေနထကာ ကားဆီကိုသာေရာက္ေအာင္သြားၾကသည္။ သူတို႔ကားထဲအေရာက္မွာ တည္ေနရာျပေျမပံုတစ္ခုေရာက္လာမယ္ဆိုတာ သိၿပီးသားျဖစ္သည္။

"ကြၽန္ေတာ္ဆိုင္ကယ္နဲ႔ပဲေနာက္ကလိုက္ခဲ့မယ္"

"​မင္းအဆင္ေျပလား Zeus၊ တအားစိတ္ပူမေနပါနဲ႔ သူတို႔အဆင္ေျပမွာပါ ၊ Dragonနဲ႔Kelvinက သာမာန္Commandoေတြမွမဟုတ္တာ ဆိုင္ကယ္ကိုသာဂရုစိုက္ေမာင္းခဲ့"

ကိုသက္ေနာင္နဲ႔ကိုႀကီးေအာင္တို႔က ကားထဲအလ်ွင္အျမန္ဝင္သြားၿပီး ဖုန္းမ်က္ႏွာျပင္ေပၚရိွ ​တည္ေနရာအမွတ္အသားျပေနတဲ့ ေနရာကိုေရာက္ဖို႔သာ ကားကိုအလ်ွင္အျမန္ေမာင္းသြားေတာ့သည္။
ကားေဘးကေနေမာင္းထြက္သြားသည့္တိုင္ အခ်က္ျပသံကဘယ္ကေရာက္လာတယ္ဆိုတာ သူေတာ္ေတာ္ေတြးယူလိုက္ရသည္။
သူကအခ်က္ေပးသံရယ္ ၊ကိုသက္ေနာင္တို႔စိုးရိမ္တႀကီး ထသြားလို႔သာလိုက္လာတာ ၊
ထိုအထိဘယ္သူ႔ဆီကဆိုတာသူ​​ေသခ်ာမသိေသးပါ၊ အခုကိုသက္ေနာင္ေျပာခဲ့တဲ့Commando Dragon နဲ႔Kelvinဆိုမွ သူ႔ႏွလံုးသားေတြတင္းက်ပ္သြားသလိုခံစားလိုက္ရၿပီး ဆိုင္ကယ္ေပၚကိုအလ်ွင္အျမန္တက္ခြကာ ေလထက္ပိုျမန္ေသာအလ်ွင္ႏႈန္းႏွင့္ေမာင္းႏွင္လိုက္ခဲ့သည္။

မာန္ျပည့္အေမကို လက္ထပ္ခြင့္ေတာင္းသည့္ေနရာမွာရိွေနေစခ်င္ေသာေၾကာင့္သြားေခၚေနသည့္လမ္းတြင္ Kristနဲ႔မာန္ျပည့္မွာလဲ အခ်က္ျပသံျမည္လာေတာ့လူကတုန္ခိုက္သြားရသည္။ အေရးေပၚMissionေပါင္းမ်ားစြာကို ခ်က္ခ်င္းလုပ္ေဆာင္ရန္ေခၚသည့္ အခါေပါင္းမ်ားစြာမွာ သည္အခ်က္ျပသံကိုၾကားဖူးေနၾကျဖစ္သည္။
ဒါေပမယ့္ သည္ေန့လို ေပ်ာ္ရႊင္ၾကည္ႏူးမႈနဲ႔အတူ ရင္ခုန္စိတ္လႈပ္ရွားေနသည့္အခ်ိန္မွာ အခ်က္ေပးသံၾကားလိုက္ရသည့္အတြက္လား ၊ ဒါမွမဟုတ္ ႏွလံုးသားခ်င္းဆက္ႏြယ္မႈေၾကာင့္ စိတ္ေတြေလးလံလာလို႔ သည္တစ္ခါအခ်က္ေပးသံက ထိတ္လန္႔စရာေကာင္းေနသည္လား သူတို႔ႏွစ္ေယာက္လံုး မသဲကြဲေတာ့ပါ ၊

ခ်က္ခ်င္းတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္မိၿပီး ေရာက္ေနသည့္လမ္းတစ္ဝက္မွာပင္ ဖုန္းထဲေရာက္လာသည့္ တည္ေနရာရိွရာသို႔သာ ကားကိုအရိွန္ကုန္ေမာင္းႏွင္လိုက္ခဲ့ေတာ့သည္။

🍁🍁🍁🍁🍁

တည္ေနရာျပထားသည့္ေနရာႏွင့္မနီးမေဝးေနရာကပင္ ေသနတ္သံမ်ားကိုၾကားေနရသည္။ တစ္စတစ္စနီးကပ္လာေလ ရင္ဘတ္ထဲကႏွလံုးသားကအ​ျပင္ဘက္သို႔ျပဳတ္ထြက္လာေတာ့မည့္အလား ခုန္လႈပ္ေနေတာ့သည္၊

ညီ ဘာမွမျဖစ္ပါေစနဲ႔လို႔သာဆုေတာင္းရင္းဆိုင္ကယ္အရိွန္ကို အျမင့္ဆံုးတင္မိသည္။တစ္ခါမွမဆုေတာင္းဖူးေပမယ့္အခုသူ႔အေနနဲ႔ သူ႔ႏွလံုးသားကိုကာကြယ္ဖို႔ရာ ဆုေတာင္းေနရသည္။
ကိုသက္ေနာင္တို႔ကားနဲ႔ေရ႔ွဆင့္ေနာက္ဆင့္ေရာက္လာတဲ့ ဘုန္းဆက္ (Zeus)ေကာ ကားေပၚကအလ်ွင္အျမန္ဆင္းၿပီး မနီးမေဝးက​အခင္းျဖစ္ရာေနရာကိုအျမန္အကဲခတ္လိုက္ရသည္။
ရန္သူအဖြဲ႔နဲ႔ Logoကအဖြဲ႔သားေတြက မ်က္ႏွာခ်င္းဆိုင္ အခ်င္းခ်င္းျပစ္ခတ္ေနၾကသည္။
မည္သည့္ၾကားခံနယ္အကာအကြယ္ပစၥည္းမရိွသည့္ဟင္းလင္းျပင္တာလမ္းမထက္မွာပင္ ကားမ်ားကိုအကာအကြယ္လုပ္ရင္း  ျပစ္ခတ္ေနၾကသည္။

က်ည္သံတစ္ဒိုင္းဒိုင္းနဲ႔ယမ္းေငြေတြၾကားက တစ္ခ်က္တစ္ခ်က္ျမင္ရတဲ့ အလင္းေရာင္မရိွတဲ့လမ္းမီးတိုင္ကိုကာၿပီး ေရ႔ွကိုသာသည္းႀကီးမည္းႀကီး ျပစ္ခတ္ေနတဲ့ညီ့ကို သြားကယ္ရမည္။ညီနဲ႔မလွမ္းမကမ္းမွာေတာ့ ဝမ္းဗိုက္ပိုင္းကေသြးထြက္ေနတဲ့ဒဏ္ရာကို ဖိႏိွပ္ထားရင္း လဲေလ်ာင္းေနတဲ့ မင္းထက္ကို ညီရဲ့ခ်စ္ျမတ္ႏိုးလွစြာေသာ ဆိုင္ကယ္အနီရဲရဲႀကီးက ေကာင္းေကာင္းကာကြယ္ေပးထားသည္။

ဘုန္းဆက္ရဲ့ေျခလွမ္းစလွမ္းသည္ႏွင့္ ဘုန္းဆက္ဘာကိုလုပ္ေတာ့မယ္ဆိုတာ သိသည့္အလား ကိုသက္ေနာင္ကလက္ကိုလွမ္းဆြဲၿပီးတားထားသည္။

"Zeus ငါတို႔ေအးေဆးျဖတ္ေက်ာ္ႏိုင္မွာပါ မင္းအဲ့ကျဖတ္ၿပီး Dragonဆီေရာက္ဖို႔ဆိုတာ မလြယ္ကူဘူးကြ!!"

"ခင္ဗ်ား ကြၽန္ေတာ့္ကိုကာျပစ္ေပးပါ ၊ ကြၽန္ေတာ္ ညီတို႔ဆီသြားမယ္"

"ဟုတ္ၿပီ..

ႏွစ္ေယာက္သား ေသနတ္ႏွစ္လက္စီကိုလက္ႏွစ္ဖက္လံုးကိုင္ၿပီး ယမ္းေငြ့တစ္လူလူနဲ႔ေသနတ္သံတစ္ဒိုင္းဒိုင္းၾကားက ညီေစတို႔ ဆီကို လက္ႏွစ္ဖက္လံုးအလုပ္ေပးၿပီး ေရ႔ွကိုပဲေရာက္ေအာင္တိုးသြားမိသည္။

ေရ႔ွကကာျပစ္ေပးေနတဲ့ကိုသက္ေနာင္နဲ႔Logoကအဖြဲ႔သားေတြေၾကာင့္ ညီေစတို႔အနားကို ေရာက္ဖို႔ကသိပ္မခက္လွပါ၊ ညီေစကလဲလက္ထဲကေသနတ္ႏွစ္လက္ကိုၿမဲျမဲကိုင္ထားၿပီး လက္ေျဖာင့္စႏိုက္ပါသမားတို႔ရဲ့ ထံုးစံအတိုင္းတစ္ေယာက္ကိုက်ည္ဆံတစ္ေထာင့္ႏႈန္းနဲ႔ျပန္လည္ျပစ္ခတ္ေနသည္။မင္းထက္ရဲ့မ်က္ဝန္းေတြကေတာ့ ေဒါသမာန္ဟုန္ထၿပီး စူးရဲတဲ့အၾကည့္ေတြနဲ႔ရန္သူကို မီးကင္ျပစ္ခ်င္ေနတဲ့ ညီေစ့ကိုသာ လိုက္ၾကည့္ေနသည္။

အရမ္းႀကီးနီးကပ္ေနတဲ့အကြာအေဝးမဟုတ္တဲ့အျပင္ ေသနတ္ျပစ္ခတ္မႈေၾကာင့္ မထိမွန္ေအာင္ေရွာင္တိမ္းရသည္ႏွင့္ တစ္ခါတစ္ခါဝပ္ဝပ္ခ်ထားၿပီး ျပန္လည္ျပစ္ရတဲ့အခါမ်ိဳးေတြလဲရိွေနေတာ့ နီးရက္ႏွင့္ေဝးသလို ညီတို႔အနားမေရာက္ခင္မွာပင္ ေရ႔ွနားကို လက္ျပစ္ဗံုးတစ္လံုးက်ေရာက္လာသည္။

"အုန္း!!! ....ဒိုင္း ဒိုင္း ဒိုင္း ...."

ဘုန္းဆက္နဲ႔ ကိုသက္ေနာင္ ရဲ့ေရ႔ွတည့္တည့္မွာ လာက်တဲ့ လက္ျပစ္ဗံုးၾကာင့္အလ်ွင္အျမန္ခုန္ရင္း ဝတ္ခ်လိုက္ရသည္။ ဗံုးေပါက္ကြဲသံနဲ႔အတူ ထိုေနရာကိုပဲ ဆက္တိုက္ဆိုသလို ျပစ္ခတ္ေနေတာ့ ဝတ္ခ်ထားတဲ့အတိုင္းနဲ႔ တစ္ဖက္ကိုလဲျပန္ျပစ္ေနရသည္​။

ဗံုးခ်ၿပီးၿပီးခ်င္း ထက္ျမတ္နဲ႔ လူသံုးေယာက္က ေသနတ္ကိုအဆက္မျပတ္ျပစ္ရင္း ေရ႔ွကိုပဲမဲေနၿပီး ယမ္းေငြ့ေတြေၾကာင့္အျမင္မသဲကြဲေနသည္ကိုအခြင့္ေကာင္းယူၿပီး  ညီေစမင္းေသာ္ေနာက္တည့္တည့္သြားၿပီး ဇက္ပိုးကိုသံတုတ္နဲ႔ေျဖာင္းကနဲျမည္ေအာက္ရိုက္ခ်လိုက္ေတာ့ ေဒါသတႀကီး ေနာက္လွည့္ၾကည့္လာတဲ့ ညီေစမင္းေသာ္မ်က္လံုးေတြက စူးရဲၿပီး အားမာန္အျပည့္ရိွစြာ မ်က္လံုးျခင္းဆံုၾကည့္ဖို႔ရန္ေတာင္ ရိွန္ေစသည့္ဩဇာအာဏာ အျပည့္ရိွသည့္မာန္ဖီးေနတဲ့က်ားတစ္ေကာင္ပမာ ရဲရင့္လြန္းလွသည္။

"ေသာက္ေခြးမသား !! မင္းကမ်ား ရာရာစစ ဒိုင္း!!ဒိုင္း!!!ဒိုင္း!! "

လက္ထဲကေသနတ္ႏွစ္လက္ကိုအလုပ္ေပးလိုက္ေတာ့ ထက္ျမတ္ေနာက္ကႏွစ္ေယာက္လံုး နဖူးအေပါက္ႏွစ္ေပါက္ေပါက္သြားၿပီး အသက္ စိဝိန္ခ်ဳပ္သြားရွာသည္။
ေရ႔ွကရပ္ေနတဲ့ ထက္ျမတ္ရဲ့ နားအံုကိုအားျပင္းျပင္းတစ္ခ်က္ရိုက္လိုက္ၿပီး  ခႏၶာကိုယ္အလယ္ပိုင္းကိုပါ ေျခစံုျဖတ္ကန္လိုက္ေတာ့ ေနာက္ကိုယိုင္က်သြားတဲ့ထက္ျမတ္ကို သူ႔တပည့္ကြၽဲ ေလးေကာင္ကအလ်ွင္အျမန္ဝင္ထိန္းထားသည္။

"အဟင္း...ေသာက္ေၾကာကတင္းေနေသးတယ္ ၊ေျဖာင္း!!! ခြပ္!! ဒုတ္ !!

လံုးဝလဲက်မသြားတဲ့ထက္ျမတ္က ေဘးကေကာင္ရဲ့လက္ထဲက သံတုတ္ကိုအလ်ွင္အျမန္ဆြဲယူလိုက္ၿပီး  ညီေစ့ရဲ့ ေခါင္းကိုတစ္ခ်က္အားျပင္းျပင္းနဲ႔ရိုက္ခ်ေပးလိုက္ေတာ့ ေခါင္းငိုက္စိုက္နဲ႔ ေခါင္းေတြခ်ာခ်ာလည္ေအာင္မူးေနာက္သြားသည္။ခႏၶာကိုယ္ကိုအရိွန္ျပန္ထိန္းေနတုန္း
ထက္ျမတ္ရဲ့ေနာက္ပါကြၽဲေတြက လက္ႏွစ္ဖက္ကို ခ်ဳပ္ကိုင္ၿပီး ၾကမ္းၾကမ္းတမ္းတမ္းခံႏိုင္လြန္းတဲ့အေၾကာတင္းေကာင္ကို အဆင္သင့္ေဆာင္လာတဲ့ ေမ့ေဆးသုပ္ထားၿပီးသားလက္ကိုင္ပုဝါ သံုးလိုက္မွသာ ေသာက္ေၾကာတင္းေလးက ေမ့သြားေတာ့သည္။
ထိုမွသာ ​​​ေမ့​ေန​ေသာ​ေကာင္းက်ိဳးမ​​ေပးသည့္အေကာင္ကိုသူ႔အေနာက္ကလူေတြကိုဆြဲေခၚသြားခိုင္းလိုက္သည္။

"ေဟ့ေကာင္ေတြ ေခၚသြားစမ္း!! ေသာက္ေၾကာတင္းတဲ့ေကာင္ အိမ္ေရာက္မွအခြံႏႊာျပစ္အံုးမယ္"" "

ေၾသာ္..ရာဇဝင္ရိုင္းလိုက္တာ ၊ သူမ်ားေတြသံုးေနၾကအကြက္ျဖစ္တဲ့ေမ့ေဆးအုပ္တာကိုမသံုးဘူးလို႔ဆံုးျဖတ္ထားေပမယ့္ အခုလိုေသာက္ေၾကာတင္းတဲ့ေကာင္အတြက္က်ေတာ့လဲ ဒါမ်ိဳးနဲ႔မွအဆင္ေျပတာကိုး... မဆိုးပါဘူး စီနီယာ့ စီနီယာေတြက ဒါေၾကာင့္လဲ စီနီယာျဖစ္ေနတာကိုး..
အဟင္း...ထက္ျမတ္က လူစိတ္တစ္စက္က​ေလးမွမရိွတဲ့ၪီးေကာင္းျမတ္ရဲ့သားဆိုတာကို Daddyကေမ့ေနတယ္ထင္ပ....

လိုခ်င္တဲ့လူရၿပီဆိုမွေတာ့ သူ႔လူေတြကိုဆက္စေတးစရာမလိုေတာ့ပါ ၊ဒါေၾကာင့္ပဲမ်က္ရည္ယိုဗံုးျပစ္ခ်ထားခဲ့ၿပီး လူအနည္းငယ္ကိုခ်န္ထားခဲ့ကာ အသာေလးကားကိုေမာင္းထြက္ခဲ့ေတာ့သည္။က်န္ခဲ့တဲ့လူေတြအဖို႔ေတာ့ ေရစက္ခ်အမ်ွေဝလိုက္ပါၿပီ အဓိက,က အဓိကပဲေလ ...
ဆက္လက္ျပစ္ခတ္ေနဆဲျဖစ္တဲ့ေသနတ္သံေတြက ေမာင္းထြက္သြားတဲ့ကားသံကိုဖံုးလႊမ္းေပးထားသည္။

ဝမ္းဗိုက္ကဒဏ္ရာကေသြးထြက္မ်ားလာေတာ့ လူကမူးေဝလာၿပီးအျမင္ေတြဝိုးတဝါးျဖစ္လို႔လာသည္။ ဒါေပမယ့္ သူေတာင့္ခံထားရမယ္၊ သူ႔အဖြဲ႔သားေတြေရာက္လာေပမယ့္သူတို႔က ညီေစ့ကို ေခၚထုပ္မသြားေသးဘူး ၊သူ ညီေစ့ကိုကြၽဲေတြလက္ထဲမပါေစရဘူးလို႔ ညီေစ့ကိုကတိေပးထားတယ္ ၊
တစ္ခ်က္ကေလးမ်က္လံုးမိွတ္က်သြားၿပီး ျပန္ပြင့္လာေတာ့ ညီေစ့ကိုဆြဲေခၚသြားတာကိုဝိုးတစ္ဝါးျမင္ေနရသည္။
ကိုဘုန္းဆက္ လာေခၚသြားတာလား ၊ မဟုတ္ရင္ ဟိုေခြးသူေတာင္းစားေတြ ညီေစ့ကိုေခၚသြားတာလား ၊
မိွတ္ၾကခ်င္ေနတဲ့မ်က္လံုးကိုအားယူၿပီး ညီေစ့ကိုဆြဲေခၚသြားတဲ့လူေတြဆီကိုသာၾကည့္ေနရင္းဝိုးတစ္ဝါးျမင္ေနရတဲ့မ်က္လံုးကိုလဲ အားမလိုအားမရျဖစ္ရျခင္းနဲ႔အတူ ေဒါသေတြလဲထြက္ရသည္။ကိုဘုန္းဆက္ကလဲ ခုထိအနားမေရာက္ေသးဘူးလား...

"Kelvin အဆင္ေျပလား အကိုတို႔ေရာက္ၿပီ အားတင္းထား အဆင္ေျပသြားမွာ "

မ်က္ရည္ယိုဗံုးေၾကာင့္ ခဏအတြင္းသူတို႔အတြက္ အဆင္ေျပေအာင္အ​ခ်ိန္ယူလိုက္ရၿပီးမွ ၾကည့္လိုက္ေတာ့ ေစာနက သည္းႀကီးမည္းႀကီးျပစ္ခတ္မႈေတြနဲ႔ျပည့္ေနတဲ့ လမ္းမႀကီးက ခဏအတြင္းမွာပင္ ထိခိုက္ဒဏ္ရာရသူ၊ အသက္ေသဆံုးသြားသူေတြႏွင့္ တိတ္ဆိတ္သြားေတာ့သည္။
မင္းထက္ (Kelvin )ဆီကိုအလ်ွင္အျမန္ေျပးသြားၿပီး ေကာက္ေပြ့လိုက္ေတာ့ ေနရာမွေသြးေတြကအေတာ္ထြက္ေနၿပီးဒဏ္ရာက ဆိုးရိမ္ရသည့္အေျခအေနေရာက္ေနသည္။

"Dragon ဆီကိုသြား  Zeus  "

"ညီ ညီေကာ ညီဘယ္ေရာက္သြားတာလဲ"

ဘုန္းဆက္နဲ႔ကိုသက္ေနာင္ရဲ့စိုးရိမ္တႀကီးေခၚေနတဲ့အသံေတြကိုလဲမၾကားစြာ မ်က္ဝန္းေတြကေတာ့ေမာင္းထြက္သြားတဲ့ကားကိုသာ မ်က္လံုးမလႊဲပဲၾကည့္ေနသည္ေၾကာင့္ ဘုန္းဆက္တို႔လဲ သူၾကည့္ရာေနရာကိုျပန္ၾကည့္ေနလိုက္သည္။ ေမာင္းထြက္သြားတဲ့ကားက ရန္သူေတြဘက္ကကားျဖစ္သည္။

"Dragon.. ညီေစ ...ညီေစ က.. ဟိုကားေပၚပါသြားတယ္"

"ဘာ!!.."

ေသြးတစ္စက္စက္က်ေနတဲ့လက္ေမာင္းကိုတစ္ဖက္ကဖိကိုင္ထားရင္း ထဖို႔ အားယူတဲ့အခါ ဝမ္းဗိုက္ကနာက်င္မႈေၾကာင့္ ျပန္လဲက်သြားေတာ့  လက္ကိုသာအားယူၿပီးေမာင္းထြက္သြားတဲ့ကားကိုလက္ၫွိုးထိုးျပကာ ႏႈတ္ခမ္းလႈပ္ယံုမ်ွအသံထြက္ႏိုင္ၿပီး ႀကိဳးစားေျပာရင္း မင္းထက္ (Kelvin )က လက္ေမာင္းကနာက်င္မႈဒဏ္ရယ္ ဝမ္းဗိုက္ကနာက်င္မႈဒဏ္ရယ္ကိုမခံစားႏိုင္ေတာ့စြာ တစ္ခဏတာအိပ္ေပ်ာ္သြားေတာ့သည္။

"မင္းထက္ !!မင္းထက္ !!မင္းဘာမွမျဖစ္ရဘူး ေဟ့ေရာင္!! မင္းထက္ Kelvin သတိထားပါအံုးကြာ!!"

Kristနဲ႔မာန္ျပည့္ေရာက္လာေတာ့ ေနရာကတိတ္ဆိတ္ေနၿပီး အျပင္းအထန္ျပစ္ခတ္မႈျဖစ္ထားသည္ဆိုသည့္သက္ေသအျဖစ္  ေနရာမွာ အတံုးအရံုးလဲက်ေနတဲ့ လူေတြနဲ႔ ဒဏ္ရာရထားက်တဲ့ သူတို႔Logoအဖြဲ႔ကအဖြဲ႔သားေတြလဲေတြ့ျမင္ရသည္။

ဒီျမင္ကြင္းကဘယ္လိုေတာင္က်က္သေရအျဖာျဖာတံုးရတာလဲ !!!
လဲက်ေနတဲ့ မင္းထက္(Kelvin)ကိုေပြ့ခ်ီထားရင္း မတ္တပ္ရပ္ရင္း အသိစိတ္လြတ္ေနသလိုျဖစ္ေနတဲ့ ကိုဘုန္းဆက္ကို စကားလွမ္းေျပာေနတဲ့ ကိုသက္ေနာင္ဆီကိုအလ်ွင္အျမန္ေျပးသြားရသည္။

"Kelvin.. Kelvin အဆင္ေျပလား ေဟ့ေရာင္အိပ္မသြားနဲ႔အံုး ေဟ့ေရာင္!!..မာန္...မာန္ျပည့္!!"

"Jole.. မာန္ျပည့္ မာန္ျပည့္... ေမာင္းထြက္သြားတဲ့ကားကိုေျခရာခံလိုက္"

ကိုသက္ေနာင္ဆီက မင္းထက္ကိုလက္လႊဲယူရင္း ဘာလုပ္လို႔လုပ္ရမယ္မွန္းမသိေတာ့ပဲ ေၾကာင္အစြာ ရပ္က်န္ေနခဲ့တဲ့ မာန္ျပည့္(Jole)ကို သတိေပးလိုက္မွ မာန္ျပည့္(Jole)က ေဘးက  ကားထဲကLaptopကိုယူၿပီး ကားေနာက္ပိုင္းကျမင္လိုက္ရတဲ့ နံပါတ္ျပားမွ နံပါတ္တစ္ခ်ိဳ႕ရိုက္ခ်ၿပီး ယခုသူတို႔ ေရာက္ေနတဲ့ေနရာမွစ၍ ကားသြားရာလမ္းတစ္ေလ်ွာက္တည္ေနရာကို ရွာၾကည့္ေနသည္။

ကားသြားရာလမ္းတစ္ေလ်ွာက္ကို အမွတ္ျပေနသည့္အမွတ္ကေလးကိုသာ ရင္တစ္ထိတ္ထိတ္ေစာင့္ေနၾကရင္း တိတ္ဆိတ္ေနၾကသည္။

"ရပ္သြားၿပီ!!..

"သြားမယ္!! အဲ့ေနရာကိုအခုသြားမယ္!"

မာန္ျပည့္( Jole)ဆီက အသံထြက္လာမွ မတ္တပ္ရပ္ရင္း အသိစိတ္လြတ္ေနသူ ဘုန္းဆက္ဆီမွ စကားသံအက်ယ္ႀကီးထြက္လာသည္။
တစ္ကယ္ေတာ့ သူေၾကာင္,အၿပီး အသိစိတ္လြတ္ေနတာမဟုတ္ဘူး ၊ ညီ့ကိုအႏၲရာယ္မျဖစ္ေစပဲ အဲ့ကြၽဲလိုေကာင္ေတြဆီကေန ဘယ္လိုထုပ္ရမယ္ဆိုတာ ေတြးေနတာ ၊ ေနာက္ၿပီး တည္ေနရာ ၾကည့္ေနတဲ့ မာန္ျပည့္(Jole)ကိုအာရံုမေနာက္ေစဖို႔အတြက္ အသံတိတ္ေပးေနတာ ၊

မာန္ျပည့္(Jole)စကားက ဘုန္းဆက္ကိုအသက္ျပန္သြင္းေပးလိုက္သလိုပင္၊
ေဒါသမာန္ဟုန္ထၿပီး ေမးရိုေတြထင္းထြက္ေန​ကာ ေသြးေၾကာေတြ ေထာင္းထေနေအာင္ ေဒါသထြက္ေနၿပီး ေသြးရူးေသြးတန္း ထရပ္ကာ အခုခ်က္ခ်င္းလိုက္သြားဖို႔ျပင္ၿပီးဆိုင္ကယ္ေပၚေရာက္ေနၿပီျဖစ္တဲ့ ဘုန္းဆက္ရိွန္ဝါ (ေခၚ )မတရားမႈေတြရိွလာလ်ွင္ ဘယ္သူ႔ကိုမွမၫွာမတာ သတ္ျဖတ္တတ္ၿပီး ရက္စက္ျပတ္သားလွတဲ့ လူသတ္နတ္ဘုရား Zeus ကို ကိုသက္ေနာင္က အလ်ွင္အျမန္တားထားရသည္။

"Zeus အဲ့လိုလုပ္လို႔ဘယ္ရမလဲကြ!!မင္းစိတ္ကိုနည္းနည္းေလး ေလ်ွာ့ပါအံုးကြာ...Dragonကအခု အဲ့လူေတြလက္ထဲမွာဆိုတာ မင္းသတိရအံုးေလ"

"အဲ့ဒါေၾကာင့္လဲအခုလိုက္သြားရမွာေပါ့!! ညီက အဲ့မွာေလ အခုသြားမယ္ ခင္ဗ်ားတို႔ရဲ့Commando Dragonကအဲ့မွာေလ!! အခုရန္သူ႔လက္ထဲမွာေရာက္ေနတာကို ခင္ဗ်ားက စိတ္ေလ်ွာ့ခိုင္းေနတယ္ဟုတ္လား!!ခင္ဗ်ားက ေသလဲေသပါေစဆိုၿပီး လႊတ္ထားတာလား!!"

ဆိုင္ကယ္ေပၚကေန ျပန္ဆင္းလာၿပီး ကိုသက္ေနာင္လို႔ပဲေခၚလာၿပီး စကားကိုေတာင္ ယဥ္ယဥ္ေက်းေက်းေျပာဆိုတတ္တဲ့ ဘုန္းဆက္ (Zeus)က အခုအခါမွာေတာ့ ေမးရိုးေတြထင္းထေနတဲ့အထိေဒါသေတြထြက္ၿပီး ခ်က္ခ်င္းလက္ငင္း ေတြ့သမ်ွအကုန္သတ္ျပစ္ခ်င္ေလာက္သည္အထိ ေဒါသထြက္ကာ ကိုသက္ေနာင္ရဲ့ အက်ႌေကာ္လံကိုဆြဲကာ လက္သီးကိုတင္းတင္းဆုပ္လို႔ နားထင္ေၾကာေတြေထာင္ထလာသည္အထိ ေအာ္ဟစ္ေျပာဆိုေနေတာ့သည္။

"မဟုတ္ဘူး Zeus အခု မလိုက္သြားဖို႔ပဲေျပာတာ ၿပီးေတာ့တည္ေနရာကိုပဲငါတို႔သိေသးတာ ၊အဲ့ေနရာ အတိအက်ကို Screenနဲ႔ ခ်ိတ္ဆက္ၾကည့္ၿပီး ပိုေသခ်ာသိဖို႔အတြက္နဲ႔ လက္နက္ေတြလူအင္အားေတျြပင္ဆင္ဖို႔အတြက္လိုအပ္တယ္ဆိုတာကို မင္းလဲအသိပဲ.. Dragonဆိုတာလဲ ငါတို႔နဲ႔ေသေဖာ္ေသဖက္ ညီအကိုပါပဲ ၊ေသမင္းကတြင္းဝက​ေန​ တစ္ေယာက္လက္တစ္ေယာက္ဆြဲထူၿပီး ကာကြယ္ေပးခဲ့ၾကတဲ့ညီအကိုေတြပါပဲ.. ညီေစမင္းေသာ္က မင္းခ်စ္သူျဖစ္လို႔ မင္းစိတ္ပူသလို ၊ ငါတို႔Logoအတြက္လဲ Dragonက မိသားစုဝင္ပဲကြ!!"

"ကြၽန္ေတာ္ ညီ့ကိုစိတ္ပူၿပီး အမွားလုပ္မိသြားတယ္ ကြၽန္ေတာ့္မွာ ညီ ပဲရိွေတာ့တာ ၊ညီသာတစ္ခုခုျဖစ္သြားရင္ ကြၽန္ေတာ္က ကြၽန္ေတာ္ႏွလံုးသားကိုေတာင္ မကာကြယ္ႏိုင္တဲ့ လူမဟုတ္တဲ့တိရစၧာန္တစ္ေကာင္ျဖစ္သြားၿပီ ၊ ကြၽန္ေတာ္ခ်စ္တဲ့မိသားစုကိုလဲမကာကြယ္ႏိုင္ခဲ့ဘူး ၊ အခု ခ်စ္ျမတ္ႏိုးရတဲ့ ညီ့ကိုပါမကာကြယ္လိုက္ႏိုင္ရင္... "

"Zeusရာ Dragonကလြယ္လြယ္ရွင္းပစ္လို႔ရတဲ့လူမ်ိဳးမွမဟုတ္တာ ငါတို႔ဘက္ကေသခ်ာေအာင္လုပ္ၿပီးရင္အဲ့ "ျမတ္"တစ္ခုလံုးကိုမီးေလာင္တိုက္သြင္းျပစ္လို႔ရတယ္ကြာ ၊ ခုေတာ့ညည့္လဲနက္ေနၿပီ မင္းCondoကိုျပန္လိုက္ေတာ့ မနက္မွLogoကိုလာခဲ့ တစ္ခါတည္းထြက္ၾကမယ္"

"အခုတစ္ခါတည္းသြားၾကည့္ၿပီးစီစဥ္လို႔လဲရတာပဲ!!"

ၿငိမ္ဝတ္ၿပီးငုပ္လ်ိႈးသြားၿပီးသား ေဒါသေတြကတစ္ဖန္ျပန္ထြက္လာျပန္သည့္
ဘုန္းဆက္(Zeus)က ထပ္ၿပီး ေဒါသတႀကီး ေအာ္ဟစ္ရင္းစိတ္ထင္ရာလုပ္ျပစ္ဖို႔ႀကံရြယ္ေနသည္။

"မဟုတ္ေသးဘူးေလ Zeusရာ၊ မင္းၾကည့္ပါအံုး Logoက အဖြဲ႔သားေတြဘယ္ေလာက္ပန္းၿပီး အထိနာထားလဲဆိုတာ ၊ ငါတို႔ေသခ်ာျပင္ဆင္ၿပီး သူတို႔ရဲ့ဟာကြက္ကိုရွာရအံုးမယ္ေလ ၊ ေနာက္ၿပီး မင္းစဥ္းစားၾကည့္  Dragonကိုသာအေသသတ္ခ်င္တာဆိုရင္ အခုဒီေနရာမွာကတည္းက သတ္သြားလို႔ရတယ္ ဒါေပမယ့္ သူတို႔ေခၚသြားတယ္ ၊ဒါကအသိသာႀကီးေလ Dragonကိုမေသေစခ်င္ေသးပဲ အထက္လူဆီေခၚသြားရမွာမလို႔ေပါ့ "

ကိုသက္ေနာင္ဆိုတာ Logoရဲ့တည္ေထာင္သူ ၊ အငယ္သားေတြအားလံုးကို အုပ္ခ်ဳပ္ႏိုင္တဲ့ေခါင္းေဆာင္ေကာင္းတစ္ေယာက္ဆိုတာ ပီသပါေပတယ္၊ေဒါသထြက္ေနခ်ိန္မွာ လူတိုင္းဟာအမွားလုပ္တတ္ၾကစၿမဲျဖစ္သည္။ ဘုန္းဆက္(Zeus)က ေဒါသတႀကီးသူ႔ကိုထိုးဖို႔က်ိတ္ဖို႔လုပ္ေနတာေတာင္ သူ႔အေနနဲ႔ ေဒါသလဲမထြက္သလို ၊ ဒဏ္ရာအနာတရ ရေနတဲ့သူအဖြဲ႔သားေတြ ၊ေသလုေျမာပါးဒဏ္ရာရေနတဲ့ သူ႔ရဲ့ Commando မင္းထက္(Kelvin)တို႔အခုလိုအေျခအေနေရာက္ေနတာေတာင္ သူဟာ အမွားအမွန္နဲ႔ လုပ္သင့္လုပ္ထိုက္တာကိုသာစဥ္းစားေတြးေခၚၿပီး ေလေျပေအးေအးေလးနဲ႔လဲနားဝင္ေအာင္ေျပာႏိုင္ေသးသည္။
ကိုသက္ေနာင္ဟာ ေခါင္းေဆာင္ေကာင္းပီသပါေပသည္။

"ဘယ္သူလဲ!!"

"ဘယ္သူရိွရမွာလဲ ငါတို႔ကို တာဝန္ေပးထားတဲ့ "ျမတ္"လုပ္ငန္းစုႀကီးနဲ႔မူးယစ္ရာဇာ လူအမိႈက္ လူ႔မိစၧာႀကီး ၪီးေကာင္းျမတ္ေပါ့ !!"

ေမးရိုးေတြထင္းထြက္သြားသည္အထိ အံကိုတင္းတင္းက်ိတ္ရင္း လက္သီးျပင္းျပင္းတစ္ခ်က္ကိုကားအမိုးေပၚထိုးခ်လိုက္ၿပီး ဆိုင္ကယ္ကိုပါအားျပင္းျပင္းတစ္ခ်က္ကန္ထုပ္လိုက္ၿပီး ဘုန္းဆက္က သူ႔ရဲ့ေဒါသကိုေျဖေလ်ာ့ျပစ္လိုက္သည္။

"ညီ ညီအႏၲရာယ္ကင္းမွာပါေနာ္"

"ေသခ်ာေပါက္အႏၲရာယ္ကင္းမွာပါကြာ ညီက အရမ္းကံေကာင္းတဲ့ေကာင္ေလးပါ "

Logoဘက္ကအထူးတပ္သားေတြဟာ မလာခင္ကတည္းကအကာအကြယ္အက်ႌဝတ္ထားက်တာျဖစ္လို႔ ထိခိုက္ဒါဏ္ရာရသူႏွင့္ ေျခေထာက္
ႏွင့္ေပါင္ပိုင္းေလာက္ထိမွန္သူသာရိွသည္။
ဆိုးဆိုးဝါးဝါး ဗံုးဒဏ္ထိမွန္တဲ့ အဖြဲ႔ထဲက ေလးငါးေယာက္ကို က်န္သည့္အဖြဲ႔သားေတြရဲ့အကူအညီနဲ႔ ကိုႀကီးေအာင္ကၪီးေဆာင္ျပန္ေခၚသြားသည္။

မာန္ျပည့္ (Jole)နဲ႔ ဘုန္းဆက္ (Zeus)ကေတာ့ computerသမားေတြကိုLogoကိုလာခဲ့ဖို႔ဖုန္းဆက္ၿပီး တည္ေနရာအတိအက်ကို ရွာေဖြဖို႔ရာ Logoကို ခ်ီတက္သြားၾကသည္။

မင္းထက္ (Kelvin )ကိုေတာ့ Kristနဲ႔ကိုသက္ေနာင္ကပဲတာဝန္ယူၿပီး အထူးကုေဆးရံုႀကီးဆီကို ေခၚသြားၿပီး ေသမင္းနဲ႔အၿပိဳင္ ခြဲစိတ္ခန္းေရ႔ွမွာရပ္ရင္းမင္းထက္(Kelvin)အႏၲရာယ္ကင္းကင္းနဲ႔ ခြဲစိတ္မႈအဆင္ေျပေအာင္သာ  ဆုေတာင္းေနရေတာ့သည္။

လက္ထပ္ခြင့္ေတာင္းဖို႔ရန္ စီစဥ္ထားသည့္ ေနရာေလးမွာေတာ့ ျပင္ဆင္ေနစဥ္ကေပ်ာ္ရႊင္ၾကည္ႏူးေနသည့္ အရိပ္အေယာင္ေတျြပည့္ႏွက္ခဲ့သေလာက္ အခုခ်ိန္မွာေတာ့ ႏွစ္ေယာက္တြဲပံုေလးေတြဟာ ေလႏွင့္အတူယိမ္းႏြဲ႔ေနၾကရင္း အစားအစာေတြနဲ႔ေသာက္စရာေတြကလဲ ေအးစက္ကုန္ကာ  ဆိုးရြားလွတဲ့ အေမွာင္ယံညအခ်ိန္ကို အထီးက်န္စြာ ျဖတ္သန္းေနေတာ့သည္။

#1.12.2021
#Nandar Myint Moh

I really want your Feedback and Voting💙

(A/N အဟီးဟီးးးးးးActionပိုင္းေလးကိုမဆီေလ်ာ္တဲ့ေနရာမ်ားရိွရင္ ေဝဖန္ေထာက္ျပႏိုင္ပါတယ္ေနာ္ )

Unicode

"တီ...တီ..တီ!!!!!!"

စားပွဲမှာထိုင်နေတဲ့သူတွေအားလုံးရဲ့ဘယ်ဘက်လက်ကနေ တူညီတဲ့အချက်ပေးသံထွက်ပေါ်လာမှုကြောင့် အားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

"အခုပို့တဲ့အသံကနေ ခြေရာခံစက်ဖွင့်ပြီး ခြေရာခံလိုက်၊ ဘယ်မှာဆိုတာသိရရင်တည်နေရာ ငါ့ကိုပို့လိုက် ..အဲ့နေရာကို အဖွဲ့သားတွေခေါ်ပြီးသွားနှင့် လက်နှက်အပိုတွေပါယူခဲ့ ငါတို့နဲ့အဲ့မှာဆုံမယ်"

Logoက computerကိုင်တဲ့ကလေးတွေဆီကိုသတင်းအမြန်ပို့ပြီး လူတွေကလဲခုံကနေထကာ ကားဆီကိုသာရောက်အောင်သွားကြသည်။ သူတို့ကားထဲအရောက်မှာ တည်နေရာပြမြေပုံတစ်ခုရောက်လာမယ်ဆိုတာ သိပြီးသားဖြစ်သည်။

"ကျွန်တော်ဆိုင်ကယ်နဲ့ပဲနောက်ကလိုက်ခဲ့မယ်"

"​မင်းအဆင်ပြေလား Zeus၊ တအားစိတ်ပူမနေပါနဲ့ သူတို့အဆင်ပြေမှာပါ ၊ Dragonနဲ့Kelvinက သာမာန်Commandoတွေမှမဟုတ်တာ ဆိုင်ကယ်ကိုသာဂရုစိုက်မောင်းခဲ့"

ကိုသက်နောင်နဲ့ကိုကြီးအောင်တို့က ကားထဲအလျှင်အမြန်ဝင်သွားပြီး ဖုန်းမျက်နှာပြင်ပေါ်ရှိ ​တည်နေရာအမှတ်အသားပြနေတဲ့ နေရာကိုရောက်ဖို့သာ ကားကိုအလျှင်အမြန်မောင်းသွားတော့သည်။
ကားဘေးကနေမောင်းထွက်သွားသည့်တိုင် အချက်ပြသံကဘယ်ကရောက်လာတယ်ဆိုတာ သူတော်တော်တွေးယူလိုက်ရသည်။
သူကအချက်ပေးသံရယ် ၊ကိုသက်နောင်တို့စိုးရိမ်တကြီး ထသွားလို့သာလိုက်လာတာ ၊
ထိုအထိဘယ်သူ့ဆီကဆိုတာသူ​​သေချာမသိသေးပါ၊ အခုကိုသက်နောင်ပြောခဲ့တဲ့Commando Dragon နဲ့Kelvinဆိုမှ သူ့နှလုံးသားတွေတင်းကျပ်သွားသလိုခံစားလိုက်ရပြီး ဆိုင်ကယ်ပေါ်ကိုအလျှင်အမြန်တက်ခွကာ လေထက်ပိုမြန်သောအလျှင်နှုန်းနှင့်မောင်းနှင်လိုက်ခဲ့သည်။

မာန်ပြည့်အမေကို လက်ထပ်ခွင့်တောင်းသည့်နေရာမှာရှိနေစေချင်သောကြောင့်သွားခေါ်နေသည့်လမ်းတွင် Kristနဲ့မာန်ပြည့်မှာလဲ အချက်ပြသံမြည်လာတော့လူကတုန်ခိုက်သွားရသည်။ အရေးပေါ်Missionပေါင်းများစွာကို ချက်ချင်းလုပ်ဆောင်ရန်ခေါ်သည့် အခါပေါင်းများစွာမှာ သည်အချက်ပြသံကိုကြားဖူးနေကြဖြစ်သည်။
ဒါပေမယ့် သည်နေ့လို ပျော်ရွှင်ကြည်နူးမှုနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားနေသည့်အချိန်မှာ အချက်ပေးသံကြားလိုက်ရသည့်အတွက်လား ၊ ဒါမှမဟုတ် နှလုံးသားချင်းဆက်နွယ်မှုကြောင့် စိတ်တွေလေးလံလာလို့ သည်တစ်ခါအချက်ပေးသံက ထိတ်လန့်စရာကောင်းနေသည်လား သူတို့နှစ်ယောက်လုံး မသဲကွဲတော့ပါ ၊

ချက်ချင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိပြီး ရောက်နေသည့်လမ်းတစ်ဝက်မှာပင် ဖုန်းထဲရောက်လာသည့် တည်နေရာရှိရာသို့သာ ကားကိုအရှိန်ကုန်မောင်းနှင်လိုက်ခဲ့တော့သည်။

🍁🍁🍁🍁🍁

တည်နေရာပြထားသည့်နေရာနှင့်မနီးမဝေးနေရာကပင် သေနတ်သံများကိုကြားနေရသည်။ တစ်စတစ်စနီးကပ်လာလေ ရင်ဘတ်ထဲကနှလုံးသားကအ​ပြင်ဘက်သို့ပြုတ်ထွက်လာတော့မည့်အလား ခုန်လှုပ်နေတော့သည်၊

ညီ ဘာမှမဖြစ်ပါစေနဲ့လို့သာဆုတောင်းရင်းဆိုင်ကယ်အရှိန်ကို အမြင့်ဆုံးတင်မိသည်။တစ်ခါမှမဆုတောင်းဖူးပေမယ့်အခုသူ့အနေနဲ့ သူ့နှလုံးသားကိုကာကွယ်ဖို့ရာ ဆုတောင်းနေရသည်။
ကိုသက်နောင်တို့ကားနဲ့ရှေ့ဆင့်နောက်ဆင့်ရောက်လာတဲ့ ဘုန်းဆက် (Zeus)ကော ကားပေါ်ကအလျှင်အမြန်ဆင်းပြီး မနီးမဝေးက​အခင်းဖြစ်ရာနေရာကိုအမြန်အကဲခတ်လိုက်ရသည်။
ရန်သူအဖွဲ့နဲ့ Logoကအဖွဲ့သားတွေက မျက်နှာချင်းဆိုင် အချင်းချင်းပြစ်ခတ်နေကြသည်။
မည်သည့်ကြားခံနယ်အကာအကွယ်ပစ္စည်းမရှိသည့်ဟင်းလင်းပြင်တာလမ်းမထက်မှာပင် ကားများကိုအကာအကွယ်လုပ်ရင်း  ပြစ်ခတ်နေကြသည်။

ကျည်သံတစ်ဒိုင်းဒိုင်းနဲ့ယမ်းငွေတွေကြားက တစ်ချက်တစ်ချက်မြင်ရတဲ့ အလင်းရောင်မရှိတဲ့လမ်းမီးတိုင်ကိုကာပြီး ရှေ့ကိုသာသည်းကြီးမည်းကြီး ပြစ်ခတ်နေတဲ့ညီ့ကို သွားကယ်ရမည်။ညီနဲ့မလှမ်းမကမ်းမှာတော့ ဝမ်းဗိုက်ပိုင်းကသွေးထွက်နေတဲ့ဒဏ်ရာကို ဖိနှိပ်ထားရင်း လဲလျောင်းနေတဲ့ မင်းထက်ကို ညီရဲ့ချစ်မြတ်နိုးလှစွာသော ဆိုင်ကယ်အနီရဲရဲကြီးက ကောင်းကောင်းကာကွယ်ပေးထားသည်။

ဘုန်းဆက်ရဲ့ခြေလှမ်းစလှမ်းသည်နှင့် ဘုန်းဆက်ဘာကိုလုပ်တော့မယ်ဆိုတာ သိသည့်အလား ကိုသက်နောင်ကလက်ကိုလှမ်းဆွဲပြီးတားထားသည်။

"Zeus ငါတို့အေးဆေးဖြတ်ကျော်နိုင်မှာပါ မင်းအဲ့ကဖြတ်ပြီး Dragonဆီရောက်ဖို့ဆိုတာ မလွယ်ကူဘူးကွ!!"

"ခင်ဗျား ကျွန်တော့်ကိုကာပြစ်ပေးပါ ၊ ကျွန်တော် ညီတို့ဆီသွားမယ်"

"ဟုတ်ပြီ..

နှစ်ယောက်သား သေနတ်နှစ်လက်စီကိုလက်နှစ်ဖက်လုံးကိုင်ပြီး ယမ်းငွေ့တစ်လူလူနဲ့သေနတ်သံတစ်ဒိုင်းဒိုင်းကြားက ညီစေတို့ ဆီကို လက်နှစ်ဖက်လုံးအလုပ်ပေးပြီး ရှေ့ကိုပဲရောက်အောင်တိုးသွားမိသည်။

ရှေ့ကကာပြစ်ပေးနေတဲ့ကိုသက်နောင်နဲ့Logoကအဖွဲ့သားတွေကြောင့် ညီစေတို့အနားကို ရောက်ဖို့ကသိပ်မခက်လှပါ၊ ညီစေကလဲလက်ထဲကသေနတ်နှစ်လက်ကိုမြဲမြဲကိုင်ထားပြီး လက်ဖြောင့်စနိုက်ပါသမားတို့ရဲ့ ထုံးစံအတိုင်းတစ်ယောက်ကိုကျည်ဆံတစ်ထောင့်နှုန်းနဲ့ပြန်လည်ပြစ်ခတ်နေသည်။မင်းထက်ရဲ့မျက်ဝန်းတွေကတော့ ဒေါသမာန်ဟုန်ထပြီး စူးရဲတဲ့အကြည့်တွေနဲ့ရန်သူကို မီးကင်ပြစ်ချင်နေတဲ့ ညီစေ့ကိုသာ လိုက်ကြည့်နေသည်။

အရမ်းကြီးနီးကပ်နေတဲ့အကွာအဝေးမဟုတ်တဲ့အပြင် သေနတ်ပြစ်ခတ်မှုကြောင့် မထိမှန်အောင်ရှောင်တိမ်းရသည်နှင့် တစ်ခါတစ်ခါဝပ်ဝပ်ချထားပြီး ပြန်လည်ပြစ်ရတဲ့အခါမျိုးတွေလဲရှိနေတော့ နီးရက်နှင့်ဝေးသလို ညီတို့အနားမရောက်ခင်မှာပင် ရှေ့နားကို လက်ပြစ်ဗုံးတစ်လုံးကျရောက်လာသည်။

"အုန်း!!! ....ဒိုင်း ဒိုင်း ဒိုင်း ...."

ဘုန်းဆက်နဲ့ ကိုသက်နောင် ရဲ့ရှေ့တည့်တည့်မှာ လာကျတဲ့ လက်ပြစ်ဗုံးကြာင့်အလျှင်အမြန်ခုန်ရင်း ဝတ်ချလိုက်ရသည်။ ဗုံးပေါက်ကွဲသံနဲ့အတူ ထိုနေရာကိုပဲ ဆက်တိုက်ဆိုသလို ပြစ်ခတ်နေတော့ ဝတ်ချထားတဲ့အတိုင်းနဲ့ တစ်ဖက်ကိုလဲပြန်ပြစ်နေရသည်​။

ဗုံးချပြီးပြီးချင်း ထက်မြတ်နဲ့ လူသုံးယောက်က သေနတ်ကိုအဆက်မပြတ်ပြစ်ရင်း ရှေ့ကိုပဲမဲနေပြီး ယမ်းငွေ့တွေကြောင့်အမြင်မသဲကွဲနေသည်ကိုအခွင့်ကောင်းယူပြီး  ညီစေမင်းသော်နောက်တည့်တည့်သွားပြီး ဇက်ပိုးကိုသံတုတ်နဲ့ဖြောင်းကနဲမြည်အောက်ရိုက်ချလိုက်တော့ ဒေါသတကြီး နောက်လှည့်ကြည့်လာတဲ့ ညီစေမင်းသော်မျက်လုံးတွေက စူးရဲပြီး အားမာန်အပြည့်ရှိစွာ မျက်လုံးခြင်းဆုံကြည့်ဖို့ရန်တောင် ရှိန်စေသည့်ဩဇာအာဏာ အပြည့်ရှိသည့်မာန်ဖီးနေတဲ့ကျားတစ်ကောင်ပမာ ရဲရင့်လွန်းလှသည်။

"သောက်ခွေးမသား !! မင်းကများ ရာရာစစ ဒိုင်း!!ဒိုင်း!!!ဒိုင်း!! "

လက်ထဲကသေနတ်နှစ်လက်ကိုအလုပ်ပေးလိုက်တော့ ထက်မြတ်နောက်ကနှစ်ယောက်လုံး နဖူးအပေါက်နှစ်ပေါက်ပေါက်သွားပြီး အသက် စိဝိန်ချုပ်သွားရှာသည်။
ရှေ့ကရပ်နေတဲ့ ထက်မြတ်ရဲ့ နားအုံကိုအားပြင်းပြင်းတစ်ချက်ရိုက်လိုက်ပြီး  ခန္ဓာကိုယ်အလယ်ပိုင်းကိုပါ ခြေစုံဖြတ်ကန်လိုက်တော့ နောက်ကိုယိုင်ကျသွားတဲ့ထက်မြတ်ကို သူ့တပည့်ကျွဲ လေးကောင်ကအလျှင်အမြန်ဝင်ထိန်းထားသည်။

"အဟင်း...သောက်ကြောကတင်းနေသေးတယ် ၊ဖြောင်း!!! ခွပ်!! ဒုတ် !!

လုံးဝလဲကျမသွားတဲ့ထက်မြတ်က ဘေးကကောင်ရဲ့လက်ထဲက သံတုတ်ကိုအလျှင်အမြန်ဆွဲယူလိုက်ပြီး  ညီစေ့ရဲ့ ခေါင်းကိုတစ်ချက်အားပြင်းပြင်းနဲ့ရိုက်ချပေးလိုက်တော့ ခေါင်းငိုက်စိုက်နဲ့ ခေါင်းတွေချာချာလည်အောင်မူးနောက်သွားသည်။ခန္ဓာကိုယ်ကိုအရှိန်ပြန်ထိန်းနေတုန်း
ထက်မြတ်ရဲ့နောက်ပါကျွဲတွေက လက်နှစ်ဖက်ကို ချုပ်ကိုင်ပြီး ကြမ်းကြမ်းတမ်းတမ်းခံနိုင်လွန်းတဲ့အကြောတင်းကောင်ကို အဆင်သင့်ဆောင်လာတဲ့ မေ့ဆေးသုပ်ထားပြီးသားလက်ကိုင်ပုဝါ သုံးလိုက်မှသာ သောက်ကြောတင်းလေးက မေ့သွားတော့သည်။
ထိုမှသာ ​​​မေ့​နေ​သော​ကောင်းကျိုးမ​​ပေးသည့်အကောင်ကိုသူ့အနောက်ကလူတွေကိုဆွဲခေါ်သွားခိုင်းလိုက်သည်။

"ဟေ့ကောင်တွေ ခေါ်သွားစမ်း!! သောက်ကြောတင်းတဲ့ကောင် အိမ်ရောက်မှအခွံနွှာပြစ်အုံးမယ်"" "

သြော်..ရာဇဝင်ရိုင်းလိုက်တာ ၊ သူများတွေသုံးနေကြအကွက်ဖြစ်တဲ့မေ့ဆေးအုပ်တာကိုမသုံးဘူးလို့ဆုံးဖြတ်ထားပေမယ့် အခုလိုသောက်ကြောတင်းတဲ့ကောင်အတွက်ကျတော့လဲ ဒါမျိုးနဲ့မှအဆင်ပြေတာကိုး... မဆိုးပါဘူး စီနီယာ့ စီနီယာတွေက ဒါကြောင့်လဲ စီနီယာဖြစ်နေတာကိုး..
အဟင်း...ထက်မြတ်က လူစိတ်တစ်စက်က​လေးမှမရှိတဲ့ဦးကောင်းမြတ်ရဲ့သားဆိုတာကို Daddyကမေ့နေတယ်ထင်ပ....

လိုချင်တဲ့လူရပြီဆိုမှတော့ သူ့လူတွေကိုဆက်စတေးစရာမလိုတော့ပါ ၊ဒါကြောင့်ပဲမျက်ရည်ယိုဗုံးပြစ်ချထားခဲ့ပြီး လူအနည်းငယ်ကိုချန်ထားခဲ့ကာ အသာလေးကားကိုမောင်းထွက်ခဲ့တော့သည်။ကျန်ခဲ့တဲ့လူတွေအဖို့တော့ ရေစက်ချအမျှဝေလိုက်ပါပြီ အဓိက,က အဓိကပဲလေ ...
ဆက်လက်ပြစ်ခတ်နေဆဲဖြစ်တဲ့သေနတ်သံတွေက မောင်းထွက်သွားတဲ့ကားသံကိုဖုံးလွှမ်းပေးထားသည်။

ဝမ်းဗိုက်ကဒဏ်ရာကသွေးထွက်များလာတော့ လူကမူးဝေလာပြီးအမြင်တွေဝိုးတဝါးဖြစ်လို့လာသည်။ ဒါပေမယ့် သူတောင့်ခံထားရမယ်၊ သူ့အဖွဲ့သားတွေရောက်လာပေမယ့်သူတို့က ညီစေ့ကို ခေါ်ထုပ်မသွားသေးဘူး ၊သူ ညီစေ့ကိုကျွဲတွေလက်ထဲမပါစေရဘူးလို့ ညီစေ့ကိုကတိပေးထားတယ် ၊
တစ်ချက်ကလေးမျက်လုံးမှိတ်ကျသွားပြီး ပြန်ပွင့်လာတော့ ညီစေ့ကိုဆွဲခေါ်သွားတာကိုဝိုးတစ်ဝါးမြင်နေရသည်။
ကိုဘုန်းဆက် လာခေါ်သွားတာလား ၊ မဟုတ်ရင် ဟိုခွေးသူတောင်းစားတွေ ညီစေ့ကိုခေါ်သွားတာလား ၊
မှိတ်ကြချင်နေတဲ့မျက်လုံးကိုအားယူပြီး ညီစေ့ကိုဆွဲခေါ်သွားတဲ့လူတွေဆီကိုသာကြည့်နေရင်းဝိုးတစ်ဝါးမြင်နေရတဲ့မျက်လုံးကိုလဲ အားမလိုအားမရဖြစ်ရခြင်းနဲ့အတူ ဒေါသတွေလဲထွက်ရသည်။ကိုဘုန်းဆက်ကလဲ ခုထိအနားမရောက်သေးဘူးလား...

"Kelvin အဆင်ပြေလား အကိုတို့ရောက်ပြီ အားတင်းထား အဆင်ပြေသွားမှာ "

မျက်ရည်ယိုဗုံးကြောင့် ခဏအတွင်းသူတို့အတွက် အဆင်ပြေအောင်အ​ချိန်ယူလိုက်ရပြီးမှ ကြည့်လိုက်တော့ စောနက သည်းကြီးမည်းကြီးပြစ်ခတ်မှုတွေနဲ့ပြည့်နေတဲ့ လမ်းမကြီးက ခဏအတွင်းမှာပင် ထိခိုက်ဒဏ်ရာရသူ၊ အသက်သေဆုံးသွားသူတွေနှင့် တိတ်ဆိတ်သွားတော့သည်။
မင်းထက် (Kelvin )ဆီကိုအလျှင်အမြန်ပြေးသွားပြီး ကောက်ပွေ့လိုက်တော့ နေရာမှသွေးတွေကအတော်ထွက်နေပြီးဒဏ်ရာက ဆိုးရိမ်ရသည့်အခြေအနေရောက်နေသည်။

"Dragon ဆီကိုသွား  Zeus  "

"ညီ ညီကော ညီဘယ်ရောက်သွားတာလဲ"

ဘုန်းဆက်နဲ့ကိုသက်နောင်ရဲ့စိုးရိမ်တကြီးခေါ်နေတဲ့အသံတွေကိုလဲမကြားစွာ မျက်ဝန်းတွေကတော့မောင်းထွက်သွားတဲ့ကားကိုသာ မျက်လုံးမလွှဲပဲကြည့်နေသည်ကြောင့် ဘုန်းဆက်တို့လဲ သူကြည့်ရာနေရာကိုပြန်ကြည့်နေလိုက်သည်။ မောင်းထွက်သွားတဲ့ကားက ရန်သူတွေဘက်ကကားဖြစ်သည်။

"Dragon.. ညီစေ ...ညီစေ က.. ဟိုကားပေါ်ပါသွားတယ်"

"ဘာ!!.."

သွေးတစ်စက်စက်ကျနေတဲ့လက်မောင်းကိုတစ်ဖက်ကဖိကိုင်ထားရင်း ထဖို့ အားယူတဲ့အခါ ဝမ်းဗိုက်ကနာကျင်မှုကြောင့် ပြန်လဲကျသွားတော့  လက်ကိုသာအားယူပြီးမောင်းထွက်သွားတဲ့ကားကိုလက်ညှိုးထိုးပြကာ နှုတ်ခမ်းလှုပ်ယုံမျှအသံထွက်နိုင်ပြီး ကြိုးစားပြောရင်း မင်းထက် (Kelvin )က လက်မောင်းကနာကျင်မှုဒဏ်ရယ် ဝမ်းဗိုက်ကနာကျင်မှုဒဏ်ရယ်ကိုမခံစားနိုင်တော့စွာ တစ်ခဏတာအိပ်ပျော်သွားတော့သည်။

"မင်းထက် !!မင်းထက် !!မင်းဘာမှမဖြစ်ရဘူး ဟေ့ရောင်!! မင်းထက် Kelvin သတိထားပါအုံးကွာ!!"

Kristနဲ့မာန်ပြည့်ရောက်လာတော့ နေရာကတိတ်ဆိတ်နေပြီး အပြင်းအထန်ပြစ်ခတ်မှုဖြစ်ထားသည်ဆိုသည့်သက်သေအဖြစ်  နေရာမှာ အတုံးအရုံးလဲကျနေတဲ့ လူတွေနဲ့ ဒဏ်ရာရထားကျတဲ့ သူတို့Logoအဖွဲ့ကအဖွဲ့သားတွေလဲတွေ့မြင်ရသည်။

ဒီမြင်ကွင်းကဘယ်လိုတောင်ကျက်သရေအဖြာဖြာတုံးရတာလဲ !!!
လဲကျနေတဲ့ မင်းထက်(Kelvin)ကိုပွေ့ချီထားရင်း မတ်တပ်ရပ်ရင်း အသိစိတ်လွတ်နေသလိုဖြစ်နေတဲ့ ကိုဘုန်းဆက်ကို စကားလှမ်းပြောနေတဲ့ ကိုသက်နောင်ဆီကိုအလျှင်အမြန်ပြေးသွားရသည်။

"Kelvin.. Kelvin အဆင်ပြေလား ဟေ့ရောင်အိပ်မသွားနဲ့အုံး ဟေ့ရောင်!!..မာန်...မာန်ပြည့်!!"

"Jole.. မာန်ပြည့် မာန်ပြည့်... မောင်းထွက်သွားတဲ့ကားကိုခြေရာခံလိုက်"

ကိုသက်နောင်ဆီက မင်းထက်ကိုလက်လွှဲယူရင်း ဘာလုပ်လို့လုပ်ရမယ်မှန်းမသိတော့ပဲ ကြောင်အစွာ ရပ်ကျန်နေခဲ့တဲ့ မာန်ပြည့်(Jole)ကို သတိပေးလိုက်မှ မာန်ပြည့်(Jole)က ဘေးက  ကားထဲကLaptopကိုယူပြီး ကားနောက်ပိုင်းကမြင်လိုက်ရတဲ့ နံပါတ်ပြားမှ နံပါတ်တစ်ချို့ရိုက်ချပြီး ယခုသူတို့ ရောက်နေတဲ့နေရာမှစ၍ ကားသွားရာလမ်းတစ်လျှောက်တည်နေရာကို ရှာကြည့်နေသည်။

ကားသွားရာလမ်းတစ်လျှောက်ကို အမှတ်ပြနေသည့်အမှတ်ကလေးကိုသာ ရင်တစ်ထိတ်ထိတ်စောင့်နေကြရင်း တိတ်ဆိတ်နေကြသည်။

"ရပ်သွားပြီ!!..

"သွားမယ်!! အဲ့နေရာကိုအခုသွားမယ်!"

မာန်ပြည့်( Jole)ဆီက အသံထွက်လာမှ မတ်တပ်ရပ်ရင်း အသိစိတ်လွတ်နေသူ ဘုန်းဆက်ဆီမှ စကားသံအကျယ်ကြီးထွက်လာသည်။
တစ်ကယ်တော့ သူကြောင်,အပြီး အသိစိတ်လွတ်နေတာမဟုတ်ဘူး ၊ ညီ့ကိုအန္တရာယ်မဖြစ်စေပဲ အဲ့ကျွဲလိုကောင်တွေဆီကနေ ဘယ်လိုထုပ်ရမယ်ဆိုတာ တွေးနေတာ ၊ နောက်ပြီး တည်နေရာ ကြည့်နေတဲ့ မာန်ပြည့်(Jole)ကိုအာရုံမနောက်စေဖို့အတွက် အသံတိတ်ပေးနေတာ ၊

မာန်ပြည့်(Jole)စကားက ဘုန်းဆက်ကိုအသက်ပြန်သွင်းပေးလိုက်သလိုပင်၊
ဒေါသမာန်ဟုန်ထပြီး မေးရိုတွေထင်းထွက်နေ​ကာ သွေးကြောတွေ ထောင်းထနေအောင် ဒေါသထွက်နေပြီး သွေးရူးသွေးတန်း ထရပ်ကာ အခုချက်ချင်းလိုက်သွားဖို့ပြင်ပြီးဆိုင်ကယ်ပေါ်ရောက်နေပြီဖြစ်တဲ့ ဘုန်းဆက်ရှိန်ဝါ (ခေါ် )မတရားမှုတွေရှိလာလျှင် ဘယ်သူ့ကိုမှမညှာမတာ သတ်ဖြတ်တတ်ပြီး ရက်စက်ပြတ်သားလှတဲ့ လူသတ်နတ်ဘုရား Zeus ကို ကိုသက်နောင်က အလျှင်အမြန်တားထားရသည်။

"Zeus အဲ့လိုလုပ်လို့ဘယ်ရမလဲကွ!!မင်းစိတ်ကိုနည်းနည်းလေး လျှော့ပါအုံးကွာ...Dragonကအခု အဲ့လူတွေလက်ထဲမှာဆိုတာ မင်းသတိရအုံးလေ"

"အဲ့ဒါကြောင့်လဲအခုလိုက်သွားရမှာပေါ့!! ညီက အဲ့မှာလေ အခုသွားမယ် ခင်ဗျားတို့ရဲ့Commando Dragonကအဲ့မှာလေ!! အခုရန်သူ့လက်ထဲမှာရောက်နေတာကို ခင်ဗျားက စိတ်လျှော့ခိုင်းနေတယ်ဟုတ်လား!!ခင်ဗျားက သေလဲသေပါစေဆိုပြီး လွှတ်ထားတာလား!!"

ဆိုင်ကယ်ပေါ်ကနေ ပြန်ဆင်းလာပြီး ကိုသက်နောင်လို့ပဲခေါ်လာပြီး စကားကိုတောင် ယဥ်ယဥ်ကျေးကျေးပြောဆိုတတ်တဲ့ ဘုန်းဆက် (Zeus)က အခုအခါမှာတော့ မေးရိုးတွေထင်းထနေတဲ့အထိဒေါသတွေထွက်ပြီး ချက်ချင်းလက်ငင်း တွေ့သမျှအကုန်သတ်ပြစ်ချင်လောက်သည်အထိ ဒေါသထွက်ကာ ကိုသက်နောင်ရဲ့ အင်္ကျီကော်လံကိုဆွဲကာ လက်သီးကိုတင်းတင်းဆုပ်လို့ နားထင်ကြောတွေထောင်ထလာသည်အထိ အော်ဟစ်ပြောဆိုနေတော့သည်။

"မဟုတ်ဘူး Zeus အခု မလိုက်သွားဖို့ပဲပြောတာ ပြီးတော့တည်နေရာကိုပဲငါတို့သိသေးတာ ၊အဲ့နေရာ အတိအကျကို Screenနဲ့ ချိတ်ဆက်ကြည့်ပြီး ပိုသေချာသိဖို့အတွက်နဲ့ လက်နက်တွေလူအင်အားတွေပြင်ဆင်ဖို့အတွက်လိုအပ်တယ်ဆိုတာကို မင်းလဲအသိပဲ.. Dragonဆိုတာလဲ ငါတို့နဲ့သေဖော်သေဖက် ညီအကိုပါပဲ ၊သေမင်းကတွင်းဝက​နေ​ တစ်ယောက်လက်တစ်ယောက်ဆွဲထူပြီး ကာကွယ်ပေးခဲ့ကြတဲ့ညီအကိုတွေပါပဲ.. ညီစေမင်းသော်က မင်းချစ်သူဖြစ်လို့ မင်းစိတ်ပူသလို ၊ ငါတို့Logoအတွက်လဲ Dragonက မိသားစုဝင်ပဲကွ!!"

"ကျွန်တော် ညီ့ကိုစိတ်ပူပြီး အမှားလုပ်မိသွားတယ် ကျွန်တော့်မှာ ညီ ပဲရှိတော့တာ ၊ညီသာတစ်ခုခုဖြစ်သွားရင် ကျွန်တော်က ကျွန်တော်နှလုံးသားကိုတောင် မကာကွယ်နိုင်တဲ့ လူမဟုတ်တဲ့တိရစ္ဆာန်တစ်ကောင်ဖြစ်သွားပြီ ၊ ကျွန်တော်ချစ်တဲ့မိသားစုကိုလဲမကာကွယ်နိုင်ခဲ့ဘူး ၊ အခု ချစ်မြတ်နိုးရတဲ့ ညီ့ကိုပါမကာကွယ်လိုက်နိုင်ရင်... "

"Zeusရာ Dragonကလွယ်လွယ်ရှင်းပစ်လို့ရတဲ့လူမျိုးမှမဟုတ်တာ ငါတို့ဘက်ကသေချာအောင်လုပ်ပြီးရင်အဲ့ "မြတ်"တစ်ခုလုံးကိုမီးလောင်တိုက်သွင်းပြစ်လို့ရတယ်ကွာ ၊ ခုတော့ညည့်လဲနက်နေပြီ မင်းCondoကိုပြန်လိုက်တော့ မနက်မှLogoကိုလာခဲ့ တစ်ခါတည်းထွက်ကြမယ်"

"အခုတစ်ခါတည်းသွားကြည့်ပြီးစီစဥ်လို့လဲရတာပဲ!!"

ငြိမ်ဝတ်ပြီးငုပ်လျှိုးသွားပြီးသား ဒေါသတွေကတစ်ဖန်ပြန်ထွက်လာပြန်သည့်
ဘုန်းဆက်(Zeus)က ထပ်ပြီး ဒေါသတကြီး အော်ဟစ်ရင်းစိတ်ထင်ရာလုပ်ပြစ်ဖို့ကြံရွယ်နေသည်။

"မဟုတ်သေးဘူးလေ Zeusရာ၊ မင်းကြည့်ပါအုံး Logoက အဖွဲ့သားတွေဘယ်လောက်ပန်းပြီး အထိနာထားလဲဆိုတာ ၊ ငါတို့သေချာပြင်ဆင်ပြီး သူတို့ရဲ့ဟာကွက်ကိုရှာရအုံးမယ်လေ ၊ နောက်ပြီး မင်းစဥ်းစားကြည့်  Dragonကိုသာအသေသတ်ချင်တာဆိုရင် အခုဒီနေရာမှာကတည်းက သတ်သွားလို့ရတယ် ဒါပေမယ့် သူတို့ခေါ်သွားတယ် ၊ဒါကအသိသာကြီးလေ Dragonကိုမသေစေချင်သေးပဲ အထက်လူဆီခေါ်သွားရမှာမလို့ပေါ့ "

ကိုသက်နောင်ဆိုတာ Logoရဲ့တည်ထောင်သူ ၊ အငယ်သားတွေအားလုံးကို အုပ်ချုပ်နိုင်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ ပီသပါပေတယ်၊ဒေါသထွက်နေချိန်မှာ လူတိုင်းဟာအမှားလုပ်တတ်ကြစမြဲဖြစ်သည်။ ဘုန်းဆက်(Zeus)က ဒေါသတကြီးသူ့ကိုထိုးဖို့ကျိတ်ဖို့လုပ်နေတာတောင် သူ့အနေနဲ့ ဒေါသလဲမထွက်သလို ၊ ဒဏ်ရာအနာတရ ရနေတဲ့သူအဖွဲ့သားတွေ ၊သေလုမြောပါးဒဏ်ရာရနေတဲ့ သူ့ရဲ့ Commando မင်းထက်(Kelvin)တို့အခုလိုအခြေအနေရောက်နေတာတောင် သူဟာ အမှားအမှန်နဲ့ လုပ်သင့်လုပ်ထိုက်တာကိုသာစဥ်းစားတွေးခေါ်ပြီး လေပြေအေးအေးလေးနဲ့လဲနားဝင်အောင်ပြောနိုင်သေးသည်။
ကိုသက်နောင်ဟာ ခေါင်းဆောင်ကောင်းပီသပါပေသည်။

"ဘယ်သူလဲ!!"

"ဘယ်သူရှိရမှာလဲ ငါတို့ကို တာဝန်ပေးထားတဲ့ "မြတ်"လုပ်ငန်းစုကြီးနဲ့မူးယစ်ရာဇာ လူအမှိုက် လူ့မိစ္ဆာကြီး ဦးကောင်းမြတ်ပေါ့ !!"

မေးရိုးတွေထင်းထွက်သွားသည်အထိ အံကိုတင်းတင်းကျိတ်ရင်း လက်သီးပြင်းပြင်းတစ်ချက်ကိုကားအမိုးပေါ်ထိုးချလိုက်ပြီး ဆိုင်ကယ်ကိုပါအားပြင်းပြင်းတစ်ချက်ကန်ထုပ်လိုက်ပြီး ဘုန်းဆက်က သူ့ရဲ့ဒေါသကိုဖြေလျော့ပြစ်လိုက်သည်။

"ညီ ညီအန္တရာယ်ကင်းမှာပါနော်"

"သေချာပေါက်အန္တရာယ်ကင်းမှာပါကွာ ညီက အရမ်းကံကောင်းတဲ့ကောင်လေးပါ "

Logoဘက်ကအထူးတပ်သားတွေဟာ မလာခင်ကတည်းကအကာအကွယ်အင်္ကျီဝတ်ထားကျတာဖြစ်လို့ ထိခိုက်ဒါဏ်ရာရသူနှင့် ခြေထောက်
နှင့်ပေါင်ပိုင်းလောက်ထိမှန်သူသာရှိသည်။
ဆိုးဆိုးဝါးဝါး ဗုံးဒဏ်ထိမှန်တဲ့ အဖွဲ့ထဲက လေးငါးယောက်ကို ကျန်သည့်အဖွဲ့သားတွေရဲ့အကူအညီနဲ့ ကိုကြီးအောင်ကဦးဆောင်ပြန်ခေါ်သွားသည်။

မာန်ပြည့် (Jole)နဲ့ ဘုန်းဆက် (Zeus)ကတော့ computerသမားတွေကိုLogoကိုလာခဲ့ဖို့ဖုန်းဆက်ပြီး တည်နေရာအတိအကျကို ရှာဖွေဖို့ရာ Logoကို ချီတက်သွားကြသည်။

မင်းထက် (Kelvin )ကိုတော့ Kristနဲ့ကိုသက်နောင်ကပဲတာဝန်ယူပြီး အထူးကုဆေးရုံကြီးဆီကို ခေါ်သွားပြီး သေမင်းနဲ့အပြိုင် ခွဲစိတ်ခန်းရှေ့မှာရပ်ရင်းမင်းထက်(Kelvin)အန္တရာယ်ကင်းကင်းနဲ့ ခွဲစိတ်မှုအဆင်ပြေအောင်သာ  ဆုတောင်းနေရတော့သည်။

လက်ထပ်ခွင့်တောင်းဖို့ရန် စီစဥ်ထားသည့် နေရာလေးမှာတော့ ပြင်ဆင်နေစဥ်ကပျော်ရွှင်ကြည်နူးနေသည့် အရိပ်အယောင်တွေပြည့်နှက်ခဲ့သလောက် အခုချိန်မှာတော့ နှစ်ယောက်တွဲပုံလေးတွေဟာ လေနှင့်အတူယိမ်းနွဲ့နေကြရင်း အစားအစာတွေနဲ့သောက်စရာတွေကလဲ အေးစက်ကုန်ကာ  ဆိုးရွားလှတဲ့ အမှောင်ယံညအချိန်ကို အထီးကျန်စွာ ဖြတ်သန်းနေတော့သည်။

#1.12.2021
#Nandar Myint Moh

I really want your Feedback and Voting💙

(A/N အဟီးဟီးးးးးးActionပိုင်းလေးကိုမဆီလျော်တဲ့နေရာများရှိရင် ဝေဖန်ထောက်ပြနိုင်ပါတယ်နော် )

Continue Reading

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...