A letter to A boy who is not...

By ThomasFionaMo

67K 4.3K 230

စာတစ်စောင်ရောက်တယ်တဲ့။ ယောကျ်ားလေးတွေချည်းနေတဲ့အိမ်ကို ကောင်လေးမဟုတ်တဲ့ ကောင်လေးဆိုတဲ့နာမည်နဲ့။ " ...... " စာ... More

part 1(unicode)
Part 2(Unicode )
Part 3(unicode) 18+
Part 4(Unicode )
Part 5(Unicode )
part 6(Unicode )
Part 7(Unicode)
Part 8(Unicode)
Part 9(unicode)
Part 10(Unicode )
Part 11(Unicode )
Part 12(Unicode )
part 13(Unicode )
Part 14(Unicode )
Part -15(Unicode )
A letter to A boy who is not a boy
Part 16(Unicode )
Part 17(Unicode )
Part 18(unicode)
Part 20(Unicode )
Final (unicode )
Extra(Unicode )
part 1(zawgyi)
part 2(zawgyi)
Part3(zawgyi)18+
Part 4 (zawgyi)
Part 5(Zawgyi)
Part 6(zawgyi)
Part 7(Zawgyi)
part 8(zawgyi)
part 9(zawgyi)
part 10(zawgyi)
Part 11(Zawgyi )
Part 12(zawgyicode )
part 13(Zawgyi )
Part 14(Zawgyi )
Part 15(Zawgyi )
Part16(Zawgyi )
Part -17(Zawgyi )
Part 18(Zawgyi )
Part19(Zawgyi )
Part20(Zawgyi )
Final(Zawgyi )
Extra (zawgyi )

Part 19(unicode )

1.3K 120 6
By ThomasFionaMo

ယုယငယ် ရုတ်ခြည်းပျောက်သွားလို့ တဲ့။

ဖြစ်ပုံကဒီလိုပါ။
အာကာမင်းထက်၊ စူးရှထက်သာ နဲ့ ယုယငယ် အဖမ်းခံရပြီး
စကားအခြေအတင်ဖြစ်နေချိန် ပြည်သူ့ရဲတပ်ဖွဲ့ရောက်လာခဲ့သည်။

လီရှန့်ဝေက သေနတ်ဖြင့် အာကာမင်းထက်ကိုချိန်ရွယ်နေခဲ့ချိန်၊ လီရှန့်ဝေ ၏ အပေါင်းအပါတွေကလည်း နေရာယူထားကြပြီးဖြစ်သော ရဲတပ်ဖွဲ့ များအား ပြန်လည်ပစ်ခတ်ရန်အဆင်သင့်ဖြစ်နေခဲ့ချိန်
တစ်စုံတစ်ယောက်ထံမှ သေနတ်သံထွက်ပေါ်လာသည်။

ရုတ်တရက် သေနတ်သံကြောင့်ရယ်၊ ရောဂါအခံရယ်ကြောင့် ယုယငယ် လန့်သွားကာ သတိလစ်သွားခဲ့သည်။

ပစ်လိုက်သောသူမှာ အခြားလူမဟုတ် လီရှန့်ဝေ၏ တပည့်များထဲက လူငယ်တစ်ယောက်သာဖြစ်သည်။
အကြောင်းပြချက်အား သူတို့နောက်မှသိခဲ့ရသည်။

လီရှန့်ဝေ လဲကျသွားကာ အသက်ယဲ့ယဲ့ကျန်နေသေးသောကြောင့် ဆေးရုံရောက်ခဲ့သည်။
သက်သေခံ ပစ္စည်းများနှင့်တကွ အားလုံးကိုဖမ်းမိခဲ့ပြီး
အာကာမင်းထက်က လီရှန့်ဝေ သတိပြန်ရလာစေရန် ဆုတောင်းနေခဲ့ရသည်မှာ အကြိမ်ကြိမ်။

လီရှန့်ဝေ၏ တရားမဝင် ကူးသန်းရောင်းဝယ်မှု၊ လူကုန်ကူးအကြမ်းဖက်မှု၊ မုဒိမ်းမှု ၊ စသောစသော အကြောင်းများကြောင့် အသက်ရှင်ခဲ့လျင်တောင်
သေဒဏ် ကျနိုင်သည့်အခြေအနေ။
သို့သော်လည်း အာကာမင်းထက်က လီရှန့်ဝေဆီမှ အရေးကြီးကိစ္စသိရန်ရှိသည်ဟုဆိုသောကြောင့်
ဆေးရုံတင်ကာ ကုသမှူပေးထားရသည်။

ဒီကြားထဲ ယုယငယ်အား အဖော်ပြု ပေးနေရသည်မှာ စူးရှတစ်ယောက်ထဲသာ။

အဖေနှစ်ယောက်နှင့် လင်းလတ်အပါအဝင် အားလုံးလည်း
အာကာမင်းထက် အတိတ်ကိုသတိရလာသည်ကိုသိရသောကြောင့်
အရင်ကမိသားစုအကြောင်းကို သိသူမှာ လီရှန့်ဝေသာရှိသောကြောင့် အာကာမင်းထက် ဘေးနား ရှိပေးကြသည်။

ထိုနေ့က လီရှန့်ဝေသတိရလာသောနေ့ဖြစ်၏။
ယုယငယ်မှာ ဆေးရုံတွင်သာ လဲနေရကာ သေဆုံးမည့်နေ့ကိုစောင့်နေရသူတစ်ဦးလို
မျှော်လင့်ချက်မဲ့နေသည်။
သို့သော်လည်း ယုယငယ် အရင်လို မဟုတ်
အားလုံးကိုလက်လျှော့ချထားဟန် တစ်ခုခုကိုစိတ်ချသွားသည့်ဟန် မျက်ဝန်းတွေကတည်ငြိမ်နေသည်။

လီရှန့်ဝေထံမှ မိသားစုအကြောင်းကို လည်ပင်းညစ်ရုံတမယ်မေးပေမယ့်လီရှန့်ဝေသည် ကောက်ကျစ်စဥ်းလဲသော ပုံစံဖြင့်
ရယ်သည်။

တရားရုံး၌ လီရှန့်ဝေအား သေနတ်ဖြင့်ပစ်သူ တနည်းအားဖြင့်လီရှန့်ဝေ၏ တပည့်ဖြစ်သူအား
စစ်ဆေးခဲ့ချိန်က
ထိုကောင်လေးသည် တစ်ချိန်က အာကာမင်းထက်နှင့်အတူ ဝါးလုံးထောင်တွင် ခင်ခဲ့သော ၁၄နှစ်သားကောင်လေးဖြစ်သည်တဲ့။

အာကာမင်းထက်ထွက်သွားပြီး
မကြာခင် ရဲတွေစီးနင်းမှုကြောင့်သူတို့အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။
သေဆုံးသူအများအပြားရှိပြီး ဖမ်းလာခဲ့သည့်လူတွေအား ဒိုင်းအဖြစ်ကာသည်။
အသက်ရှန်လျက်ကျန်နေသော ထိုကောင်လေးအား
လီရှန့်ဝေခေါ်ယူကာ အစာပေး၍တပည့်အဖြစ်မွေးသည်။

အခွင့်ကောင်းကိုစောင့်နေခဲ့သော သူသည်
ထိုနေ့က နေ့ရက်သာခဲ့သည်ဟုထင်ခဲ့ခြင်းဖြစ်မည်။

"လီရှန့်ဝေဆီကဘာထူးလဲ"

အဖေမှာ ခေါင်းရမ်းပြသည်။
စူးရှသည် ယုယငယ်အားအိပ်ပျော်နေချိန် နက်စ်ဖြင့် ခဏထားခဲ့ပြီး
အကိုကြီးဖြစ်သူဆီ လာသည်။
လီရှန့်ဝေဘေးတွင် မအိပ်မစားရှိနေသောကြောင့်
အာကာမင်းထက်ကိုကြည့်ကာ စိတ်မကောင်းဖြစ်ရသည်။

" ဒီမှာ ခင်များဖြေသည်ဖြစ်စေမဖြေသည်ဖြစ်စေ ခင်များဘဝက အဆုံးသတ်သွားပြီပဲ"

လင်းလတ်က ကျိန်းသည်။
လီရှန့်ဝေရယ်သည်။ သူ့ရယ်ပုံက သေလည်းသေပျော်တယ်ဆိုသည့် သဘောဖြင့်။

"ကျွန်တော်တောင်းပန်ပါတယ်။ကျွန်တော့်မိသားစုဘယ်မှာလဲ ပြောပြပေးပါ"

လီရှန့်ဝေ မျက်နှာလွှဲ လိုက်သည်။
သူ့ဘေးထိုင်ကာ မျက်နှာငယ်ဖြင့် ဒူးထောက်ရုံတမယ် ရိုကျို့နေသော ထိုကောင်လေးအား
ဂရုဏာသက်မိလာသည်။

အရင်က ပိုက်ဆံတွေအများကြီးပေးပြီးဝယ်လာတဲ့ဒီကောင်လေးတဲ့လား။

သူ့ညီမဖြစ်သူ ငယ်ငယ်လေးနဲ့ကင်ဆာဖြစ်လို့ ဆေးကုန်ပေးရန်ဟုဆိုကာ
အမေနဲ့အဖေလုပ်သူက ဘယ်ကဘယ်လိုကြားပြီး သူ့ဆီရောက်လာတယ်မသိ ငွေလာချေးသည်။
ချေးပါများလာတော့ သားလုပ်သူ အေးစက်စက် ကောင်လေးကို
သဘောကျစိတ်ဖြစ်လာတာနှင့် မွေးစားသည့်ဟန်ဖြင့်
ငွေဖြင့်ဝယ်ယူခဲ့သည်။

ပြောစကားနားထောင်လျှင် အနားအမြဲခေါ်ထားချင်သော်လည်း ခေါင်းမာသောကြောင့်လက်ပါခဲ့ရသည်။
အမြဲထွက်ပြေးဖို့ကြိုးစားနေသည်မို့ ဆက်မကိုင်တွယ်ချင်တော့တာနဲ့ လူကုန်ကူးမည့်အဖွဲ့ထဲ ရောပါသွားခြင်းဖြစ်သည်။

"မင်း.. အမေနဲ့အဖေက..."

လီရှန့်ဝေစကားကိုဖြည်းငြင်းစွာပြောလာသည်။
သူတို့အားလုံးအာရုံစိုက်နားထောင်နေ
ခဲ့သည်။

ထိုကောင်လေးစခန်းကထွက်ပြေးပြီးနောက် စခန်းကိုရဲတွေဝင်စီးကာ သူတို့စီးပွားရေးပျက်သွားခဲ့ပြီး ဝရန်းပြေးဘဝဖြင့် လီရှန့်ဝေ နှစ်အတော်ကြာ ပုန်းအောင်းနေခဲ့ရသည်။

အမှုသေသွားသည့်အချိန်ရောက်မှ မည်ပြောင်းကာ ပြန်ပေါ်လာခဲ့သည်။
ကောင်လေးတွေက စောက်ကောင်းကျိုးမပေးတာကြောင့်
တကိုယ်ရေတကိုယ်တာအတွက် မိန်းမငယ်တွေခေါ်ယူခဲ့သည်။

မကုန်သောရေစက်က မိန်းမငယ်တွေထဲ ယုယငယ်ဆိုသောကောင်မလေးပါလာခဲ့ခြင်းဖြစ်သည်။
ထိုရောဂါသည်မလေးသည် ငယ်စဥ်က လီရှန့်ဝေပေးခဲ့သော ငွေတွေဖြင့် ဆေးကုသမှု ခံယူခဒ့သော်လည်း အကင်းပျောက်အောင်မဟုတ်ခဲ့။
မိဘတွေက မတော်တဆ မှုကြောင့်ဆုံးသွားချိန် ဆေးကုသမှုရပ်တန့်သွားခဲ့သည်။

သူတို့စခန်းရဲတွေရောက်လာသည့် အဓိက တရားခံမှာ အာကာမင်းထက်အားခေါ်သွားသော လူနှစ်ယောက်ဖြစ်ပြီး
ကောင်လေးအား မွေးစားကာ ထိုင်းနိုင်ငံတွင် ခြေရာဖျောက်သွားခဲ့ကြသည်။

ဒီကြားထဲ သူ့အကြောင်းတွေကြားခဲ့သည်။
စာရေးဆရာဖြစ်နေတယ်ဆိုတာမျိုး၊ မွေးစားမိဘတွေက အဖေတွေမှာလိင်တူလက်ထပ်ထားဆိုတာမျိုး။
အဓိကက ညီမအရင်းဖြစ်သူ ယုယငယ်ကိုမမှတ်မိတာကအစပေါ့
လီရှန့်ဝေအားလုံးပြန်ကြားခဲ့သည်။

ယုယငယ်က အကိုလုပ်သူကို ရှာနေသည်ကို သိရပြီးနောက်
လီရှန့်ဝေ အိမ်မက်တွေပိုနီးစပ်လာခဲ့သည်။

ခုတော့
ယုယငယ်ကိုပြောပြခဲ့ပြီးပြီ။
ဒီကောင်လေး...

"မင်းမိဘတွေ ရှေ့ဆင့်နောက်ဆင့်ဆုံးသွားကြပြီ"

လီရှန့်ဝေစကားအဆုံးမှာ အာကာမင်းထက် အရုပ်ကြိုးပြတ် ဖြစ်သွားသည်။
ဝေ့တက်သည့်မျက်ရည်တို့ကအတိုင်းအဆမဲ့။

"နောက်တစ်ယောက်ကိုမေးရအုံးမယ်မလာ"

ဖြည်းညင်းစွာမေးလာသော လီရှန့်ဝေ စကားက
အာကာမင်းထက်ကို ရောကျန်လူတွေကိုပါ
မျှော်လင့်ခြင်းရောင်ခြည်လေးဖြစ်လာသည်။

" ညီ.. ညီမလေး.. အသက်ရှင်လျက်ရှိနေသေးတယ်လား"

လီရှန့်ဝေ အဓိပ္ပာယ် ပါပါ ရယ်သည်။
အောက်ဆီဂျင်ပိုက်တန်းလန်းနှင့်
သူသည် အသက်ကို ခက်ခဲစွာရှူနေရသော်လည်း
မာန်ကမလျှော့။
စကားပြောရလွန်းလို့ မောနေဟန်ရှိသည်။ ရင်ဘက်က ဖောင်းလိုက်ပိန်လိုက်နှင့် ငေးကြည့်သူကိုစိတ်မရှည်ချင်စရာ။

ထိုအခန်းထဲ၌ လဲလျောင်းနေသောလီရှန့်ဝေ၊ အာကာမင်းထက်၊ လင်းလတ်ထက်သာ ၊ စူးရှထက်သာနှင့် အဖေနှစ်ယောက်၊ စခန်းမှူးနှင့် နောက်ထပ် ရဲတစ်ယောက် ဆရာဝန်လည်းရှိနေသည်။

" မင်းဘေးမှာပဲ.. သူလည်းသူ့အကိုရှာဖို့ ငါ့ဆီမှာမင်းလိုလာလုပ်ပြီး
ပိုက်ဆံရှာနေတယ် အဟတ်"

လီရှန့်ဝေစကားကြောင့် လင်းလတ်ထောင်းခနဲစိတ်တိုသွား၏။
အာကာမင်းထက်က ကျန်တာ နားမလည် မင်းဘေးမှာပဲ ဆိုသည့်စကားကို စဥ်းစားနေသည်။

"ညီ.. ညီမလေး ယုယငယ်?"

"အဟတ်"

သူတို့အားလုံးမျက်လုံးပြူးသွားကြသည်။
ဒါဆို ညီမလေးက သူ့အား အကိုမှန်းသိသွားပြီပေါ့။

သူယုယငယ်ရှိရာဆေးရုံကိုအပြေးလာခဲ့သည်။
သို့ပေမယ့်နောက်ကျသွားခဲ့ပြီ။
စူးရှထွက်သွားပြီးထဲက ယုယငယ် ဆေးရုံကခိုးဆင်းသွားခဲ့ပြီ။
သူတို့လိုက်ရှာနေခဲ့တာ နှစ်ရက်ရှိခဲ့ပြီဖြစ်သည်။

ဘာလို့ထွက်ပြေးသွားတာပါလိမ့်။
သွားတက်သည့်နေရာများ၊ အရင်တိုက်ခန်းနှင့် ဖြိုးဝေတို့အိမ်ပါမက လမ်းပေါ်က ကလေးများ အားလုံးလိုက်မေးသော်လည်း သတင်းအစအန မကြားရ။

ဒီလိုပဲ
လူပျောက်ရှာနေရတော့မှာလား။

စူးရှ ရင်တွေပူလာသည်။
လေနဲ့မှုတ်ရင်တောင်လဲကျနိုင်လုဆဲဆဲ ယုယငယ်က ဘယ်လိုစိတ်နဲ့များ ဆေးရုံကထွက်ပြေးရတာလဲ ဘယ်သူမှစဥ်းစားမရ။

ကျေးဇူးပြုပြီး ပြန်လာပေးပါအမိ။

စူးရှနှင့် ယုယငယ်က ပူပူနွေးနွေး သမီးရည်းစားတွေမလား။
ဒါမှမဟုတ် အဲ့တာက အတည်လားမတည်လားစူးရှမသိပေမယ့်
ယုယငယ်ကို ဘယ်နည်းနဲ့မှ အဆုံးရှုံးမခံနိုင်တာတော့ သေချာသည်ထက်ပိုသေချာလာသည်။

ဖုန်းဆက်လို့လည်းမရ။

ဘယ်တွေများရောက်နေခဲ့လဲ။
ဘာတွေများစဥ်းစားနေရတာလဲ။

*******

ယုယငယ်ကိုရှာမတွေ့တာ တစ်လလောက်ရှိတော့မည်။
သတင်းစာ ထဲထည့်ပေမယ့်မထူး။
စပျောက်ကာစက သူတို့ ရှာရသည့်နေရာတစ်ခုလပ်နေခဲ့သည်။
လေဆိပ်။

သူတို့ လေဆိပ်တွေ အဝေးပြေးကားဂိတ်တွေကိုသူ အမြန်ရှာခဲ့လျင် ဒီလောက်ခက်လိမ့်မည်မထင်ပါ။

ခုတော့အရာအားလုံးနောက်ကျခဲ့ပြီ။

*စူးရှ... *

အမအွန်မ်နှင့်စကားပြောနေရတာ သက်တောင့်သက်မရှိ။
လူလိမ်တစ်ယောက်လိုခံစားရသည်။
ယုယငယ်ပျောက်သွားခြင်းကို သူမလည်းသိနှင့်ပြီးဖြစ်၏။

"စူးရှ သူ့ကို အမအွန်မ်ထက်ပိုချစ်သွားခဲ့တာပဲ"

"ကျွန်တော် တောင်းပန်ပါတယ် ။ ဒါပေမယ့် အမအွန်မ်ကိုရောချစ်ပါတယ် မှန်ကန်တဲ့ စကားပါ"

စကားနိုင်ထိုးနေသည်မဟုတ်ပေမယ့် ကိုယ့်အပစ်နဲ့ကိုယ် စူးရှ မလုံမလံခံစားရသည်။
အမအွန်မ်မှာ ဘာအပစ်မှ မရှိပဲ။
နောက် အမအွန်မ်ကိုရော စူးရှတကယ်ချစ်ပါသည်။
ချစ်သည်လို့လည်းထင်သည်။

"စူးရှ "

အလေးအနက်ခေါ်သည်မို့ သူလေးလေးစားစားမော့ကြည့်လိုက်သည်။

"ဘန်ကောက်ကိုလာခဲ့ပါလား"

"ကျွန်တော် သူ့ကိုရှာရအုံးမယ်"

အွန်မ်စင် ပြုံးလိုက်သလားပဲ။
စူးရှထိုအပြုံးကို အဓိပ္ပာယ် မဖွင့်နိုင်။

" အမအွန်မ်ဆီလာမလား၊ အဲ့မှာပဲ သူ့ကိုဆက်ရှာနေမှာလား"

စူးရှ မျက်မှောင်ကြုတ် လိုက်သည်။
အမအွန်မ် ဘာလို့ ဒီလိုပြောရတာပါလိမ့်။
တစ်ခါမှ သဝန်တို မနာလို ရွေးချယ် ခိုင်းတာမျိုးမရှိသည့် လူကလေ။

"တောင်းပန်ပါတယ် အမအွန်မ် "

ဒီအချိန်မှာ ယုယငယ်ကို ရှာတွေ့ဖို့ ပိုအရေးကြီးသယ်ဟုထင်သည်။
ယုယငယ်က ရောဂါ လည်းရှိသူလေ။
နောက်ပြီး မောင်နှမ နှစ်ယောက်ဆုံရအုံးမည်ပဲ။

" အမအွန်မ် က စူးရှကို ယုယငယ်နဲ့ ပေးတွေ့မယ်ဆိုရင်ရော"

စူးရှ မျက်ဝန်းတို့ မယုံကြည်နိုင်စွာဝင်းလဲ့လာသည်။

နေ့ချင်းညချင်း ဘန်ကောက်သွားရန် လေယာဉ်လက်မှတ်ဖြတ်ခဲ့ပြီးပြီ။

အချစ်သည် အရာရာကို ပြောင်းလဲပစ်နိုင်စွမ်းရှိသည်။
အချစ်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး စွမ်းအင်အကြီးဆုံး ဖြစ်သည်။
အချစ်သည် အရာရာကို ဖန်တီးနိုင်သည်။

Continue Reading

You'll Also Like

850K 8.4K 68
𝐢𝐧𝐜𝐥𝐮𝐝𝐞𝐬 𝐚𝐥𝐥 𝐨𝐟 𝐭𝐡𝐞 𝐛𝐨𝐲𝐬 ✦ .  ⁺   . ✦ .  ⁺   . ✦ don't forget to vote, share and comment. 🤍
3.4M 38.8K 31
Diana is an 18 year old girl about to start her senior year until she bumps into a woman at the bookstore who has quite the personality. The woman ta...
280K 19.2K 57
ABHIMANYU RATHORE :- Rude , workaholic CEO of Rathore Empire .Devilesing hot , every girls drools over him .But loves his family to dearest . . SAKS...