ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ...

By Kay_Wine

108K 19.4K 960

Title - I and My Husband Sleep in a Coffin Author - Wu Shui Bu Du [无水不渡] Chapters - 93 chapters (Complete) E... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter- 43
Chapter 44

Chapter 37

1.5K 351 20
By Kay_Wine

{Zawgyi}

ေကာင္ေလးတစ္ေယာက္ တံခါးလာဖြင့္ေပးတယ္။ သူက မိုးေရေတြ ေသြးေတြ ႐ႊဲေနၿပီး အုတ္ဂူထဲက အခုတင္ တြားသြားၿပီးထြက္လာတဲ့ မေကာင္းဆိုးဝါးေတြလိုျဖစ္ေနတဲ့ လူႏွစ္ေယာက္ကိုၾကည့္ကာ ေအာ္မိသြားတယ္။ ဝမ္ဖုန္းက်င္က ေကာင္ေလးကို လွမ္းဆြဲလိုက္တာေၾကာင့္ သူ႔ရဲ႕ေသြးေတြ ေကာင္ေလးကိုယ္ေပၚ အစက္ထင္သြားေတာ့တယ္။

"သမားေတာ္ကို ေခၚ! ငါ့ရဲ႕ရွစ္ရႈန္း... မ်န္တ်န္းရွစ္ရႈန္း၊ သူ ဒဏ္ရာအႀကီးအက်ယ္ရထားတယ္..."

"မ်န္တ်န္းရွစ္ရႈန္း?!" ေက်ာင္းေတာ္ရဲ႕ မ်န္တ်န္းရွစ္ရႈန္းကို ေကာင္ေလးသိထားတယ္။ ေၾကာက္ေနေပမယ့္ ေျမျပင္ေပၚမွာ လွဲေနရတဲ့ဝမ္ေရွာင္းမ်ယ္ကို တစ္ခ်က္လွမ္းၾကည့္လိုက္တယ္။ ႐ႊဲစိုေနတဲ့ဆံပင္နဲ႔ ေျခာက္ေသြ႕ေနတဲ့ေသြးေတြ ဖုံးလႊမ္းထားတဲ့မ်က္ႏွာကို သတိျပဳမိခ်ိန္မွာ တအံ့တဩေျပာလာတယ္ "အာ! မ်န္တ်န္းရွစ္ရႈန္းပဲ!"

"ကြၽန္ေတာ့္ကို ေစာင့္အုံးေနာ္၊ အကူအညီသြားေခၚလိုက္အုံးမယ္!"

ေကာင္ေလးက အထဲကို သုတ္တီးသုတ္ျပာ ေျပးသြားေတာ့တယ္။

ဝမ္ဖုန္းက်င္က ဂိတ္ေပါက္ကို မွီကာ ထိုင္ခ်လိုက္တယ္။ ဝမ္ေရွာင္းမ်ယ္ကိုလည္း သူ႔လက္ေမာင္းေတြၾကား ဆြဲသြင္းထားတယ္။ တံခါးတံစက္ၿမိတ္က မိုးေရကို ကာေပးတယ္။

သူ႔လက္ေခ်ာင္းေတြက ေတာင့္ေတာင့္ႀကီးျဖစ္ေနေပမယ့္ အညင္သာဆုံးေသာ လႈပ္ရွားမႈေလးနဲ႔ ဝမ္ေရွာင္းမ်ယ္မ်က္ႏွာေပၚက စိုေနတဲ့ဆံပင္ေတြကို ရွင္းေပးၿပီး ေခါင္းကို သူ႔ရင္ဘတ္မွာ မွီထားေစတယ္။ သူ႔ပါးကိုလည္း သူ႔(ဝမ္ေရွာင္းမ်ယ္)ႏွဖူးမွာ အသာေလး ဖိကပ္ထားတယ္။

"မၾကာခင္ သက္သာသြားမွာပါ နည္းနည္းေလာက္ပဲ သည္းခံေပးပါေနာ္၊ အဲ့လူေတြက ကြၽန္ေတာ့္ကို မုန္းေပမယ့္ ရွစ္ရႈန္းကိုေတာ့ ကူညီၾကအုံးမွာပါ..."

'... မင္းက်ေတာ့ေရာ?'

'... ဒီခႏၶာကိုယ္က အနက္ေရာင္အေစာင့္ေတြရဲ႕ ႏွိပ္စက္တာကို သည္းခံႏိုင္ၿပီး ဒီေတာင္ကေန ထြက္သြားႏိုင္မွာ မို႔လို႔လား?'

'... မင္းတစ္ေယာက္တည္း ေသဖို႔လုပ္ေနတာ အသိသာႀကီး!'

ဝမ္ေရွာင္းမ်ယ္က ဝမ္ဖုန္းက်င္ရဲ႕အက်ီကို အားနဲ႔ဆြဲထားဖို႔လုပ္ေပးမယ့္ မ်က္လုံးကို ဆက္ၿပီးဖြင့္ထားႏိုင္ဖို႔ေတာင္ အားမရွိျဖစ္ေနတယ္။ ဝမ္ဖုန္းက်င္က သူ႔ကို ေပြ႕ထားၿပီး ေျပာလိုက္တယ္ "ရွစ္ရႈန္း အသက္ရွင္ႏိုင္မယ္ဆိုသေ႐ြ႕ ကြၽန္ေတာ္ ဘာမဆိုလုပ္ႏိုင္တယ္..."

'မရဘူး!' ဝမ္ေရွာင္းမ်ယ္ ေနာက္ဆုံးေသာအင္အားနဲ႔ ေခါင္းကို အသာေလးယမ္း႐ုံသာ တတ္ႏိုင္တယ္။ သူ႔ရဲ႕အာ႐ုံ ေျပေလ်ာ့လာတာနဲ႔အမွ် ပါးျပင္ေပၚ မ်က္ရည္ေတြ လိမ့္ဆင္းက်လာတယ္။ အင္အားမဲ့မႈကို ခံစားရင္း ေနာက္ဆုံးမွာ မ်က္လုံးကို မွိတ္ခ်လိုက္တယ္။

သို႔ေပမယ့္ သူတို႔ႏွစ္ေယာက္စလုံး မွားသြားခဲ့ၾကတယ္။ ထိုေန႔မွာ ႏွစ္ေယာက္လုံး ေက်ာင္းေတာ္ႀကီးဆီက ဘာအကူအညီမွ မရခဲ့ဘူး။

ေကာင္ေလးက အကူအညီသြားေခၚခဲ့ေပမယ့္ သူေခၚလိုက္တဲ့လူက ဌာနမႉးျဖစ္ေနခဲ့တယ္။ သူက ဝမ္ဖုန္းက်င္နဲ႔ သူတစ္ခ်ိန္က မ်က္ႏွာသာေပးခဲ့ဖူးတဲ့ တပည့္ကို စာနာမႈကင္းမဲ့စြာ ၾကည့္လိုက္တယ္။

"ငါ အရင္က ေျပာခဲ့ၿပီးသား၊ မင္း ဒီတံခါးကို ထြက္သြားၿပီဆိုတာနဲ႔ ငါ့ရဲ႕တပည့္မဟုတ္ေတာ့ဘူးလို႔!"

ဖြင့္ထားတဲ့တံခါးႀကီး ေနာက္တစ္ႀကိမ္ ျပန္ပိတ္လာေတာ့တယ္။ ဝမ္ဖုန္းက်င္ ေပါက္ကြဲသြားၿပီး တံခါးကို လက္သီးဆုပ္ေတြနဲ႔ ထုႏွက္လိုက္တယ္။ တစ္ခ်က္ခ်င္းစီတိုင္းက တံခါးမွာ ေသြးရာက်န္ရစ္ေစတယ္။

"သူ႔ကို ကယ္ေပး! သူက ခင္ဗ်ားတို႔ရဲ႕ရွစ္ရႈန္း မဟုတ္ဘူးလား?! သူ႔ကို ကယ္ေပးပါ၊ ေတာင္းဆိုပါတယ္..."

ဝမ္ဖုန္းက်င္ ပိတ္ေနတဲ့တံခါးကို ကယ္ရာမဲ့စြာၾကည့္ရင္း ဒူးေထာက္က်သြားတယ္...

"သူ႔ကို ကယ္ေပးပါ"

ခံ့ညားလွတဲ့ဦးေခါင္းက ႐ြံ႕ေျမကို ထိသြားတဲ့အခါ တံခါးကလည္း (ပိတ္ေနရာက) ရပ္သြားတယ္။

ဌာနမႉးရဲ႕ ႏႈတ္ခမ္းေထာင့္စြန္းက ေျဖးေျဖးခ်င္း ေကာ့တက္လာတယ္။ သူ႔ေနာက္မွာရွိေနတဲ့ေကာင္ေလးက ဆက္ၿပီး ၾကည့္မေနႏိုင္ေတာ့ဘူး။

"ဆရာ ရွစ္ရႈန္းက သူ..."

"ဟမ့္" ဌာနမႉးက လက္ကို ခါပစ္လိုက္တယ္။ သူ လွည့္ကာ တစ္ခ်က္သေရာ္ၿပီး ထြက္သြားေတာ့တယ္။

သူတို႔ၾကားက တံခါးႀကီးကလည္း 'ဘန္း'ခနဲ ပိတ္က်သြားတယ္။

ေအးစိမ့္ေနတဲ့မိုးစက္တို႔က အကန႔္အသတ္မရွိ သည္းထန္စြာ႐ြာေနဆဲ။

သူ႔ခႏၶာကိုယ္အႏွံ႔ရွိေနတဲ့ဒဏ္ရာေတြက ျပင္းထန္စြာနာက်င္ေနၿပီး အရွက္တကြဲျဖစ္မႈအျပင္ ေမွ်ာ္လင့္ခ်က္ေလးကိုပါ အၾကင္နာတရားမဲ့စြာ ျငင္းခ်ခံလိုက္ရတယ္...

ဝမ္ဖုန္းက်င္ ေခါင္းကိုသာ ဆက္ငုံ႔ထားတယ္။ သူ႔လက္ေခ်ာင္းေတြက မာေတာင့္ေနတဲ့ေျမႀကီးကို ကုတ္ျခစ္လိက္တာေၾကာင့္ ေသြးေတြနဲ႔ ကုတ္ရာႀကီးက်န္ရစ္ခဲ့တယ္! ခိုကိုးရာမဲ့အေျခအေနမွာ သူ႔မ်က္ႏွာေပၚ တြန႔္ခ်ိဳးၿပီးစိတၱဇဆန္တဲ့အၿပဳံးတစ္ပြင့္က ေပၚထြက္လာၿပီး တမူထူးျခားတဲ့အနက္ေရာင္မ်က္လုံးသူငယ္အိမ္ေတြက ေသြးနီေရာင္ေျပာင္းလဲသြားတယ္။

ထိုေန႔မွာပဲ သူ႔ရဲ႕လူသားဆန္မႈက လုံးဝေပ်ာက္ကြယ္သြားေတာ့တယ္။ က်န္ခဲ့တာဆိုလို႔ ေခ်ာက္ကမ္းပါးစြန္းကို တြန္းပို႔ခံလိုက္ရတဲ့ မူမမွန္တဲ့ဝိဉာဥ္တစ္ခုသာ။

"ခင္ဗ်ားတို႔ေတြကို ဘယ္သူမွ အလြတ္မေပးဘူး..." ဝမ္ဖုန္းက်င္ ဝမ္ေရွာင္းမ်ယ္ကို ဖက္လိုက္တယ္။ သူက အႏၲရာယ္ျပဳေတာ့မယ့္အၿပဳံးတစ္ပြင့္နဲ႔ တံခါးကို တည့္တည့္ၾကည့္ကာ "ေသခ်ာေပါက္ ခင္ဗ်ားတို႔ကို ေထာက္ထားညႇာတာမႈေပးမွာမဟုတ္ဘူး!"

"Ah Ah Ha ha ha! က်ဳပ္ေသသြားရင္ေတာင္မွ ဒီေန႔ က်ဳပ္ရဲ႕ရွစ္ရႈန္းနဲ႔ က်ဳပ္ရလိုက္တဲ့ ေလွာင္ေျပာင္သေရာ္မႈေတြကို မွတ္ထားမယ္! ခင္ဗ်ားတို႔ အားလုံးကို သတ္ပစ္မွာ! _ ခင္ဗ်ားတို႔ တစ္ေယာက္ခ်င္းစီတိုင္းကို!!!"

"ခင္ဗ်ားတို႔အားလုံးကို က်ဳပ္ရွစ္ရႈန္းရယ္ က်ဳပ္ရယ္နဲ႔အတူ ေပါင္းျမႇဳပ္ပစ္ခ်င္တယ္!"

သူ႔မ်က္လုံးေတြထဲ နက္ရႈိင္းစြာနစ္ျမဳပ္ေနတဲ့ စိတ္ပ်က္အားငယ္မႈက အခုေတာ့ ရဲေတာက္လို႔ေနၿပီ။ တံခါးကိုစိုက္ၾကည့္ရင္း ခ်ိဳးဖြင့္ခ်င္ေနတာနဲ႔အမွ် မ်က္ရည္ေတြကလည္း က်ဆင္းလာတယ္။

သူ တစ္ခြန္းခ်င္း ေျပာလိုက္တယ္ "က်ဳပ္သာ အသက္ရွင္ခဲ့ရင္ ဒီမွာရွိေနတဲ့ တစ္ေယာက္ခ်င္းစီတိုင္းကို ေသေအာင္လုပ္ေပးမယ္! ဘယ္ေတာ့မွ ၾကင္နာမႈကို ထပ္ၿပီးထုတ္မျပေတာ့ဘူး၊ က်ဳပ္ရဲ႕နာက်င္မႈကို တစ္တိုင္းျပည္လုံး ခံစားရေစ့မယ္!"

"Ahhh_"

ဝမ္ေရွာင္းမ်ယ္က ႀကိမ္းဝါးေနတဲ့ ဝမ္ဖုန္းက်င္ကို အထက္ပိုင္းကေန တဝဲလည္လည္ၾကည့္ေနမိတယ္။ သူ႔ႏႈတ္ခမ္းေတြက တဆတ္ဆတ္တုန္ေနေပမယ့္ စကားလုံးေတြ ထြက္မလာႏိုင္ဘူး။ မ်က္ရည္ေတြကိုလည္း ထိန္းမထားႏိုင္ေတာ့ဘဲ မ်က္လုံးေတြထဲကေန လိမ့္ဆင္းလာေတာ့တယ္...

ဒါေတြက သူ႔ရဲ႕မွတ္ဉာဏ္ေတြပဲ။ ၾကင္နာမႈကင္းမဲ့တဲ့ အမွန္တရားေတြ။

ထိုႏွစ္ေတြက ခါးသက္လြန္းတယ္။ သူတို႔ေတြ အခ်င္းခ်င္းအမွီသဟဲျပဳခဲ့တာေတာင္မွ ေလာကႀကီးရဲ႕ရန္လိုမႈနဲ႔ ေျပာင္းလဲလြယ္တဲ့ လူ႔ႏွလုံးသားေၾကာင့္ မရွင္သန္ႏိုင္ခဲ့ဘူး။

ထိုႏွစ္မွာ အားလုံးရဲ႕စြန႔္ပစ္ျခင္း ေမ့ေလ်ာ့ျခင္း ခံခဲ့ရတဲ့ အေဖာ္မဲ့ဝမ္ေရွာင္းမ်ယ္က ေရွးေခတ္အခ်ိန္ကို ေရာက္သြားခဲ့တယ္။ ကံတရားေၾကာင့္ ေလာကႀကီးရဲ႕ အထင္အျမင္ေသးျခင္းခံရၿပီး တသီးတသန႔္ျဖစ္ေနခဲ့တဲ့ ဝမ္ဖုန္းက်င္နဲ႔ ဆုံေတြ႕ခဲ့တယ္။ ဝမ္းနည္းေနတဲ့ ဝိဉာဥ္ႏွစ္ခုက အခ်င္းခ်င္းရဲ႕ဒဏ္ရာေတြကို အားေပးရင္း ေႏြးေထြးမႈေတြ ဖလွယ္ခဲ့တယ္။ ဝမ္းနည္းစရာေကာင္းစြာနဲ႔ သူတို႔ရဲ႕ေနာက္ဆုံးလက္က်န္ ေမွ်ာ္လင့္ခ်က္ေလးတစ္ခု မကြဲပ်က္သြားေအာင္ ေက်ာ္ျဖတ္လို႔မႏိုင္ခဲ့ဘူး...

သူ႔ေရွ႕က မွတ္ဉာဏ္ေတြက ဒီ့ထက္ပိုေဝးတဲ့ဆီ ထပ္ေျပာင္းသြားတယ္။

ဝမ္ေရွာင္းမ်ယ္ ခါးသက္သက္အနံ႔ေတြျပည့္ေနတဲ့ အခန္းတစ္ခုထဲမွာ ႏိုးလာခဲ့တယ္။

ေနာက္ဆုံးေတာ့ သူတို႔ေတြ အသက္ရွင္ႏိုင္ခဲ့တယ္။

ေနာက္ပိုင္း ဝမ္ဖုန္းက်င္ သူ႔ကို ေျပာျပခဲ့တာက ထိုေန႔မွာ သူတို႔ေတြ ေသၾကရေတာ့မွာဆိုေပမယ့္ ကံၾကမၼာက တျခားအႀကံအစည္ရပုံေပၚတယ္။ မုယီ၊ မုအာ့နဲ႔ မုဆန္းတို႔က သူတို႔ဆီကို အခ်ိန္မွီ ေရာက္လာတယ္။ သူတို႔က ဧကရာဇ္ရဲ႕အနက္ေရာင္အေစာင့္ေတြကို သတ္ပစ္လိုက္ၿပီး အေကာင္းဆုံးေဆးကို သုံးကာ သူတို႔ကို ကုသေပးခဲ့တယ္။

ဝမ္ဖုန္းက်င္ေရာ သူပါ အတြင္းက်က်ဒဏ္ရာရခဲ့ေပမယ့္ ဝမ္ဖုန္းက်င္က ႀကံ့ခိုင္တဲ့ခႏၶာကိုယ္ဖြဲ႕စည္းပုံရွိတာေၾကာင့္ အခ်ိန္တခ်ိဳ႕ေလာက္သာ သတိလစ္သြားခဲ့တာျဖစ္တယ္။ ဝမ္ေရွာင္းမ်ယ္အတြက္ကေတာ့ မတူဘူး။ သူက က်န္းမာေရးခ်ိဳ႕တဲ့ကာ စစခ်င္းတည္းက အားနည္းတဲ့ၾကက္ေပါက္ေလးျဖစ္တယ္။ တစ္လေလာက္ သတိလစ္ခဲ့ၿပီးေနာက္ သူႏိုးလာရင္ေတာင္မွ ကယ္တင္ႏိုင္မွာမဟုတ္ေလာက္ဘူး။

သူႏိုးလာတဲ့ေန႔မွာ ဝမ္ဖုန္းက်င္က သူ႔မ်က္ႏွာေပၚကို တိတ္ဆိတ္စြာ လက္ကိုတင္လာတယ္။ ထိုအခိုက္အတန႔္ ဝမ္ဖုန္းက်င္ ေျပာင္းလဲသြားၿပီဆိုတာ ဝမ္ေရွာင္းမ်ယ္ သိလိုက္တယ္။

သူ႔ရဲ႕လည္ပင္း၊ ေခါင္းနဲ႔ လက္ေခ်ာင္းေတြမွာ ပတ္တီးေတြစည္းထားရတယ္။ သူက ခ်ိဳသာစြာၿပဳံးၿပီး ဝမ္ေရွာင္းမ်ယ္ကို ေျပာလိုက္တယ္ "ရွစ္ရႈန္း၊ ကြၽန္ေတာ့္ကို ကလဲ့စားေခ်ခြင့္ျပဳပါ..."

"..."

ထို႔ေနာက္ ေျခာက္လအၾကာမွာ ဝမ္ဖုန္းက်င္က ဂ႐ုတစိုက္နဲ႔ ဝမ္ေရွာင္းမ်ယ္ကို ေက်ာက္နင္းျပားေတြကေန တက္တဲ့အေပၚ အေဖာ္ျပဳရင္း ေက်ာင္းေတာ္ႀကီးဆီ ေနာက္တစ္ႀကိမ္ျပန္ေရာက္လာတယ္။ သို႔ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ သူတို႔ရဲ႕အေနအထားက ေျပာင္းျပန္ျဖစ္သြားၿပီ။ သူတို႔က ေဝါယာဥ္ခုံအျမင့္ေတြေပၚကေန မေရမတြက္ႏိုင္တဲ့အသက္ေတြ ဆြဲႀကိဳးခ် ေသရဖို႔ ေစာင့္ေနတာကို ၾကည့္ေနရတယ္။

ထိုေန႔မွာ ေက်ာင္းေတာ္ထဲရွိ ထိုလူေတြဆီက အကူအညီမဲ့ေနတဲ့ငိုယိုသံေတြကို နားေထာင္ရတဲ့သူေတြက သူတို႔သာျဖစ္ေနခဲ့တယ္။

ဌာနမႉးကိုေတာ့ ဝမ္ဖုန္းက်င္ကိုယ္တိုင္ ေနာက္ဆုံးထြက္သက္အထိ ညႇင္းပန္းႏွိပ္စက္ခဲ့တယ္။

ေၾကာက္စရာေကာင္းတဲ့ အေျခအေနမွာ ဝမ္ေရွာင္းမ်ယ္ တုန္ယင္ေနၿပီး မ်က္လုံးေတြနားေတြကို ပိတ္ထားရတယ္။ ေသဖို႔အတြက္ အမိန႔္ခ်ခံထားရတဲ့ မ်က္ႏွာေတြကို သူမၾကည့္ႏိုင္ဘူး။ ဝမ္ဖုန္းက်င္တစ္ေယာက္သာ ရယ္ေမာရင္း ငရဲခန္းကို ေထာပနာျပဳေနတယ္။

ထိုကေန ဝမ္ဖုန္းက်င္အေပၚ သူ႔ရဲ႕ေၾကာက္႐ြံ႕မႈ စတင္လာတယ္။

သူတို႔ကို ႏွိပ္စက္ခဲ့တဲ့လူေတြကို မုန္းေပမယ့္ ဒါက မဆင္မျခင္နဲ႔အစုလိုက္အၿပဳံလိုက္ လူသတ္တာျဖစ္တယ္၊ အသတ္ခံရတဲ့အထဲ အျပစ္ကင္းတဲ့လူေတြက ပိုမ်ားတယ္။ ၿပီးေတာ့ ေက်ာင္းေတာ္ႀကီးမွာရွိတဲ့ မသိနားမလည္ေသးတဲ့ကေလးေတြကေရာ? ဒါကို ဝမ္ေရွာင္းမ်ယ္ လက္မခံႏိုင္ဘူး။

မ်ားမၾကာမီ ဝမ္ဖုန္းက်င္က သူ႔ရဲ႕အတိုက္အခံျပဳမႈနဲ႔ ေၾကာက္႐ြံ႕မႈကို သတိထားမိလာတယ္။

ဒီအခ်ိန္မွာ ဝမ္ဖုန္းက်င္က သူ႔အေပၚ ႏူးညံ့မႈနဲ႔ နာခံမႈဆိုတာ မရွိေတာ့ဘူး။ အျပစ္မဲ့သူေတြရဲ႕ မေရမတြက္ႏိုင္တဲ့အသက္ေတြကို ႏႈတ္ယူဖို႔ တာဝန္ခ်တဲ့အေပၚမွာ သူက အစြန္းေရာက္၊ ပိုင္စိုးပိုင္နင္းႏိုင္ကာ အညႇာအတာမဲ့လွတယ္။ အမုန္းတရားေၾကာင့္ မ်က္ကန္းတေစၦျဖစ္ကာ ဝမ္ေရွာင္းမ်ယ္ရဲ႕စကားလုံးေတြက သူ႔ကိုတားျမစ္လို႔မရေတာ့ဘူး။

ေနာက္ၿပီး ဝမ္ေရွာင္းမ်ယ္ရဲ႕ အာခံမႈနဲ႔ ထြက္သြားဖို႔ဆိုတဲ့ ဆုံးျဖတ္ခ်က္ေၾကာင့္ ဝမ္ဖုန္းက်င္လည္း မတတ္သာတဲ့အဆုံး သူ႔ကို ပိတ္ေလွာင္ထားရေတာ့တယ္။

ဝမ္ေရွာင္းမ်ယ္မွာ (အခ်ိန္)မ်ားမ်ားစားစား မရွိေတာ့ဘူး။ ေန႔တိုင္း ေဆးေကြၽးၾကေပမယ့္ ပမာဏတစ္ခုခ်င္းစီမွာ ေဆးရဲ႕အာနိသင္သက္ေရာက္မႈ ေလ်ာ့နည္းသြားတယ္။ တျဖည္းျဖည္း သမားေတာ္ေတြလည္း ဘာလုပ္လို႔ဘာကိုင္ရမွန္း မသိျဖစ္ကုန္တယ္။ သူ႔ကို လႊတ္ေပးဖို႔ အခ်ိန္က်ၿပီ...

ဒါေတာင္ ဝမ္ဖုန္းက်င္က သူ႔ကို ဒီလိုလုပ္ရက္ေသးတယ္...

သူ႔ရဲ႕မွတ္ဉာဏ္ေတြထဲမွာ သူၾကည့္ေနတဲ့ ဝမ္ေရွာင္းမ်ယ္က ေဒါသေၾကာင့္ နီတက္လာၿပီး အံကိုႀကိတ္ကာ အံ့အားတႀကီးေျပာလိုက္တယ္ "အရွက္မရွိလိုက္တာ!"

အခု အဲ့တာက အရင္ကျဖစ္ခဲ့တာေၾကာင့္ (ၾကည့္ေနတဲ့)ဝမ္ေရွာင္းမ်ယ္လည္း စိတ္ထဲသိပ္မထားေတာ့ဘူး။ သို႔ေပမယ့္ ထိုစဥ္အခ်ိန္တုန္းကေတာ့ သူတို႔ႏွစ္ေယာက္က အဆင္မေျပျဖစ္ေနခဲ့ၾကကာ ဝမ္ဖုန္းက်င္ရဲ႕ ျခယ္လွယ္လြန္းတဲ့လုပ္ရပ္က ေနာက္ဆုံးေသာ ေကာက္႐ိုးစေလးကိုပါ လုံးဝပ်က္ေတာက္သြားေစတယ္။

ထို႔ေနာက္မွာ သူလည္း ေသအံ့ဆဲဆဲ အိပ္ရာထဲလဲေနခဲ့တာေၾကာင့္ ဘာျဖစ္ခဲ့တယ္ဆိုတာက သူ႔အတြက္ ဝိုးတဝါးပဲ။

ထို႔ေနာက္ ေနာက္ထပ္မွတ္ဉာဏ္တစ္ခု ေပၚလာၿပီး ေနာက္ဆုံးမွာ ယန္ခြၽမ္းကို အရင္က ျမင္ဖူးတယ္ဆိုတာ မွတ္မိသြားတယ္။ သို႔ေပမယ့္ သူျမင္ခဲ့ဖူးတဲ့ ယန္ခြၽမ္းက ဒီလိုပုံစံမ်ိဳး ဟုတ္မေနဘူး။

သူက အလြန္တရာလွပၿပီး ဆြဲေဆာင္မႈရွိကာ ဂုဏ္သေရျမင့္လွတယ္။ သူက ေသအံ့ဆဲဆဲ ဝမ္ေရွာင္းမ်ယ္ကို ေမာက္မာစြာၾကည့္ၿပီး ဝမ္ေရွာင္းမ်ယ္ မၾကားႏိုင္တဲ့ တစ္စုံတစ္ရာကို တိုးတိုးေလးကပ္ေျပာသြားတယ္။ ထို႔ေနာက္ ဝမ္ဖုန္းက်င္ရဲ႕ ဦးေဆာင္မႈနဲ႔အတူ ထြက္သြားေတာ့တယ္။

ထိုေတြ႕ဆုံမႈၿပီးတဲ့ေနာက္ ဝမ္ဖုန္းက်င္က ထာဝရရွင္သန္ျခင္းျပဒါးလုံးကို ရလာခဲ့တယ္။

ဒါက ေသဖို႔ကို ေစာင့္ေနရတဲ့လူတစ္ေယာက္ရဲ႕ ဉာဥ္လည္းျဖစ္ေလာက္တယ္။ ဝမ္ေရွာင္းမ်ယ္ အိပ္ရာထဲမွာ မလႈပ္မယွက္လွဲရင္းနဲ႔ ဝမ္ဖုန္းက်င္နဲ႔ အခ်ိန္ျဖဳန္းခဲ့တာေတြ သူတို႔ေတြအတူတူ ျဖတ္ေက်ာ္ခဲ့တာေတြကို ျပန္ေတြးမိလာတယ္။ တကယ္ေတာ့ အရင္တည္းက သူ ဝမ္ဖုန္းက်င္ကို မမုန္းခဲ့ဘူး။

ေသဆုံးျခင္းက နီးကပ္လာၿပီး သူ႔ႏွလုံးသားက ၾကည္လင္သထက္ၾကည္လင္လာတယ္။

ေသေရးရွင္ေရးမွာ ဟိုးအရင္တည္းက သူ႔ရဲ႕တာဝန္ကို ၿပီးဆုံးေအာင္လုပ္ဖို႔ က်ရႈံးခဲ့တာေၾကာင့္ ရလဒ္က သူ႔ရဲ႕ေသဆုံးျခင္းျဖစ္ေၾကာင္း systemက အဆုံးအျဖတ္ေပးခဲ့ၿပီးတာ ၾကာၿပီျဖစ္တယ္။

ထို႔ေၾကာင့္ ဝမ္ဖုန္းက်င္က သူ႔ကိုျပဒါးလုံး တိုက္လာတာေတာင္မွ သူ႔ကိုပဲ ျပန္ေပးခဲ့လိုက္တယ္။

ဝမ္ဖုန္းက်င္ရဲ႕ ႐ူးမေလာက္ျဖစ္သြားတဲ့အၾကည့္ကို ထပ္ေတြ႕ရခ်ိန္မွာ ဝမ္ေရွာင္းမ်ယ္က သူ႔ရဲ႕ဒုကၡကို ရွင္းျပဖို႔ ႀကိဳးစားလိုက္ေပမယ့္ ေနာက္စကၠန႔္မွာတင္ systemက သူ႔ရဲ႕မွတ္ဉာဏ္ေတြကို ဖ်က္ၿပီး ထိုကမာၻထဲက သူ႔ကို ဖယ္ရွားလိုက္တယ္...

ျမင္ကြင္းကအခု အေမွာင္ထဲမွာ ေမွးမွိန္သြားေတာ့တယ္။

လြင့္ေျမာေနတဲ့ဝမ္ေရွာင္းမ်ယ္ သူ႔ဖာသာ ေတြးမိတယ္ : 'ငါေသသြားၿပီးတဲ့ေနာက္ ေရွာင္ဝမ္းက်စ္က ငါသူ႔ကို ျပဒါးလုံးေပးခဲ့တာ အျပစ္ေပးတဲ့အေနနဲ႔လို႔ ထင္သြားမွာ ေသခ်ာတယ္'

*သက္ျပင္းခ်*

ဝမ္ေရွာင္းမ်ယ္လည္း ေလထုထဲမွာ အေၾကာဆန႔္ၿပီးေနာက္ မ်က္လုံးေတြမွိတ္ကာ ဒုတိယအႀကိမ္ေသဖို႔ကို ေစာင့္ေနလိုက္တယ္။

အလင္းေရာင္ေတြ ခ်ဳပ္ၿငိမ္းသြားၿပီဆိုေတာ့ ၾကည့္ရတာ သူေသေတာ့မယ့္ပုံပဲ။

အခ်ိန္တခ်ိဳ႕ၾကာၿပီးေနာက္...

လြင့္ေျမာေနတဲ့ဝမ္ဖုန္းက်င္ အေမွာင္ထဲမွာ မ်က္ေမွာင္ၾကဳတ္မိသြားတယ္။

အခ်ိန္တခ်ိဳ႕ ထပ္ၾကာၿပီးေနာက္...

ဝမ္ေရွာင္းမ်ယ္လည္း မေနသာေတာ့ဘဲ ေခါင္းေလး တစ္ခ်က္ကုပ္လိုက္တယ္။

အခ်ိန္တခ်ိဳ႕ ထပ္ထပ္ၾကာၿပီးေနာက္...

ဝမ္ေရွာင္းမ်ယ္ : 'ဘာလားဟ?! ဒီႏွစ္ရဲ႕ေသမင္းက အလုပ္ကို ေကာင္းေကာင္းမလုပ္ဘူးပဲ! ငါဒီမွာတင္ တစ္သက္လုံး ေလလြင့္ေနရေတာ့မယ္! ဘာလို႔ မေခၚေသးတာလဲလို႔?! ငါက ေသရာက ျပန္ရွင္သြားလို႔ ၿပီးေတာ့ ဖုတ္ေကာင္တစ္ေကာင္ျဖစ္ေနလို႔ ခင္ဗ်ားရဲ႕ ဝန္ေဆာင္မႈနဲ႔ မထိုက္တန္တာလား?!!!'

'မေကာင္းတဲ့reviewပဲရမယ္!!!'

'ဟမ္? ဒီနားမွာ ဘာလို႔ ေဆးနံ႔တစ္ခု ရေနတာလဲ? အနံ႔က ရင္းႏွီးေနတယ္'

ရင္းႏွီးတဲ့အနံ႔ကို ရႈရင္း ဝမ္ေရွာင္းမ်ယ္ အသိစိတ္တို႔ ေဝဝါးလာတယ္။

"ကြၽတ္ ကြၽတ္ ကြၽတ္ ဘယ္လိုေတာင္ ခ်စ္ေနလိုက္တာလဲ" က်န္းပိုင္က ႀကီးမားတဲ့သစ္ပင္ႀကီးမွာ ခြၽန္ျမတဲ့လက္နက္တစ္ခုနဲ႔ လက္ေတြကို တံစို႔႐ိုက္ခံထားရတဲ့လူကို ၾကည့္လိုက္တယ္။

သူနဲ႔ကပ္လ်က္မွာ လိန္းက်ဲ႕နဲ႔ ေရွာင္လ်ိဳ႕တို႔ျဖစ္ၿပီး ႏွစ္ေယာက္စလုံး ေျမႀကီးေပၚ လဲေနၾကတယ္။ သူတို႔ေအာက္မွာ ေသြးအိုင္ႀကီးတစ္ခုရွိၿပီး သူတို႔ကံၾကမၼာက မေသခ်ာလွဘူး။

ယန္ခြၽမ္း လွဲေနခဲ့တဲ့ေနရာမွာ က်န္ခဲ့တာဆိုလို႔ အဝတ္စုတ္ပုံႀကီးတစ္ခုနဲ႔ သဲျဖဴလို ခပ္ဆင္ဆင္အရာသာျဖစ္တယ္။

ဝမ္ေရွာင္းမ်ယ္က ေခါင္းတလားႀကီးကိုမွီကာ မ်က္လုံးေတြပိတ္ေနၿပီး ႏႈတ္ခမ္းမွာလည္း ေသြးေတြေပက်ံေနတယ္။ သူ႔အေရျပားကို ျပတ္သြားေစတဲ့ ရင္ဘတ္ေပၚက က်ည္ဆန္ဒဏ္ရာက အခုျပန္လည္အသားတက္လာၿပီျဖစ္တယ္။

"အဲ့ဒီ့စပ္စုတဲ့ေခြးမေၾကာင့္သာမဟုတ္ရင္ ဒီက်ည္ဆန္ႏွစ္ခုထဲမွာ တစ္ခုက သူ႔ေခါင္းခြံကို ခြဲသြားၿပီး ေနာက္တစ္ခုက သူ႔ထဲကို ဝင္သြားမွာ"

"ဒါေပမယ့္ ခင္ဗ်ားက တကယ့္ကို မေသမ်ိဳးလို႔ ေခၚထိုက္ပါေပတယ္၊ ယန္ခြၽမ္းနဲ႔တိုက္ၿပီး ေသြးေပးခဲ့ၿပီးတာေတာင္မွ ကြၽန္ေတာ့္ကို ဒဏ္ရာရေအာင္ လုပ္ႏိုင္ေသးတယ္"

က်န္းပိုင္ရယ္လိုက္ၿပီး သူ႔ရင္ဘတ္ထဲက ဆန္တက္လာတဲ့ ေသြးေတြကို ပါးစပ္အျပည့္တစ္လုတ္ ေထြးထုတ္လိုက္တယ္။ သူ ေျခေထာက္တစ္ေခ်ာင္းက်ိဳးၿပီး ဘယ္ဘက္ရင္ဘတ္မွာ ခ်ိဳင့္ဝင္ေနတဲ့ဒဏ္ရာႀကီးတစ္ခု ရွိေပမယ့္ သူက အေတာ့္ကိုႏိုးႏိုးၾကားၾကားရွိေနဆဲျဖစ္ၿပီး သူ႔လက္နက္ကို ေထာက္မွီထားတယ္။

ဒီလက္နက္က ေၾကးသြန္းထားတဲ့ ကိရိယာရွည္တစ္ခုျဖစ္တယ္။ ေသနတ္ေျပာင္းက ႐ိုင္ဖယ္လိုမ်ိဳးျဖစ္ၿပီး တစ္ဖက္အဆုံးမွာ လက္ဖဝါးအ႐ြယ္ စလင္ဒါပုံသတၱဳတစ္ခု တြဲေနကာ ရွည္လ်ားတဲ့လက္ကိုင္နဲ႔ အခ်ိဳးမက်တဲ့တူတစ္ေခ်ာင္းလို ဆင္တူေနတယ္။

ဒီလိုထူးျခားတဲ့လက္နက္နဲ႔ အ႐ူးယန္ခြၽမ္းတို႔ ေက်းဇူးေၾကာင့္ ႐ြံစရာေကာင္းတဲ့မေကာင္းဆိုးဝါးႏွစ္ေကာင္ကို အႀကီးအက်ယ္ဒဏ္ရာရေအာင္ ေအာင္ေအာင္ျမင္ျမင္လုပ္ႏိုင္ခဲ့တယ္။

"ကြၽန္ေတာ္သိတာေပါ့ ~ ဟ ~ ခင္ဗ်ားတို႔လို အမ်ိဳးအစားေတြရဲ႕ ေသေစေလာက္တဲ့အားနည္းခ်က္ကို သိတာေပါ့၊ ခင္ဗ်ားတို႔လို မေကာင္းဆိုးဝါးေတြအတြက္ အသည္းႏွလုံးဆိုတာ မရွိမျဖစ္အေရးအပါဆုံးဆိုတာ သိတာေပါ့... ဒါေပမယ့္ အံ့ဩမိတယ္၊ ကြၽန္ေတာ့္ရဲ႕တိုက္ခိုက္မႈေတြကို ေတာင့္ခံထားၿပီးေတာ့ေတာင္ ခင္ဗ်ားအသက္ကိုစြန႔္ၿပီး သူ႔ကို ခင္ဗ်ားရဲ႕ေသြးနဲ႔ ယန္ခြၽမ္းရဲ႕ႏွလုံးကို ေကြၽးလိုက္ေသးတယ္ေနာ္... ခင္ဗ်ားတုံးလို႔သာ ကြၽန္ေတာ္ ကံေကာင္းသြားရတာ၊ မဟုတ္လို႔ကေတာ့ ခင္ဗ်ားကို ႏိုင္ဖို႔ဆိုတာ မျဖစ္ႏိုင္သေလာက္ပဲ..."

သူက ဒဏ္ရာမရွိတဲ့ေျခေထာက္ကို လႊဲကာ မတ္မတ္ရပ္လိုက္ၿပီး လက္နက္ကို သစ္ပင္မွာ အခ်ဳပ္ခံထားရတဲ့လူရဲ႕ ရင္ဘတ္ေပၚ ဖိကပ္လိုက္တယ္။

"က်ဳပ္ေျပာတာ မွန္တယ္ေနာ္ ဝမ္ဖုန္းက်င္..."

"..."

ဝမ္ဖုန္းက်င္ရဲ႕လက္ေတြက ထူထဲတဲ့သံမႈိႀကီးႏွစ္ခုနဲ႔ သစ္ပင္မွာ အစိုက္ခံထားရတယ္။ သရဖူအနီေရာင္ေလးလည္း က်ိဳးပဲ့သြားၿပီး အဝတ္အစားေတြ ဖ႐ိုဖရဲျဖစ္ေနတယ္။ မီးေသြးတမွ်နက္ေမွာင္တဲ့ သူ႔ရဲ႕ဆံပင္ရွည္ႀကီးက အခုေတာ့ ႏွင္းခဲလို ျဖဴစြတ္ေနတယ္!!!

ဝမ္ဖုန္းက်င္ ခ်ည့္နဲ႔စြာ ေခါင္းေမာ့လိုက္ေတာ့ ျဖဴစြတ္ေနတဲ့ဆံပင္ေတြက သူ႔ရဲ႕ေဖ်ာ့ေတာ့ေနတဲ့ပါးျပင္ေပၚ က်လာတယ္။ သူ႔ဆီမွာ တစ္ခုတည္းေသာ က်န္တဲ့အေရာင္က မ်က္လုံးနီနီေတြနဲ႔ ႏွဖူးေပၚက အနီေရာင္လက္ေနတဲ့ အမွတ္အသားသာျဖစ္တယ္။

သူ႔ေလႁပြန္သူ ႀကီးႀကီးမားမား ထိခိုက္ေစခဲ့တာက သူ႔ကိုစကားေျပာရခက္ေစတယ္။

"လူသားေတြဆိုတာ အလိုႀကီးၾကတယ္၊ ကမာၻေပၚမွာ ကြၽန္ေတာ့္လိုလူမ်ိဳးေတြနဲ႔ ျပည့္ေနတာ ေၾကာင္သူေတာ္၊ တစ္ကိုယ္ေကာင္းဆန္ၿပီး ကိုယ္က်ိဳးအတြက္ တျခားသူကို ထိခိုက္ေအာင္လုပ္ဖို႔ တြန႔္ဆုတ္မေနတာမ်ိဳးေပါ့" မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ က်န္းပိုင္ သူ႔ကို စိုက္ၾကည့္ေနတယ္။ သူ႔ရဲ႕ႏႈတ္ခမ္းေထာင့္စြန္းေတြက အၿငိဳးႀကီးတဲ့လုပ္ၿပဳံးႀကီးတစ္ခုအျဖစ္ ျပန႔္ကားသြားၿပီး နား႐ြက္ေတြဆီေတာင္ ေရာက္လုနီးပါးပဲ။ သူ ခါးကိုကိုင္းခ်ကာ မႏွစ္ၿမိဳ႕ဖြယ္အသံနဲ႔ ေျပာလိုက္တယ္ "ေအးေအးခ်မ္းခ်မ္း အနားယူလိုက္ပါ၊ ဒီသခ်ႋဳင္းထဲမွာ ရွိသမွ်အားလုံးက ကြၽန္ေတာ့္အပိုင္ ျဖစ္သြားၿပီ... ၿပီးေတာ့ ခင္ဗ်ားတို႔ႏွစ္ေယာက္ကေရာ?"

"ခင္ဗ်ားက ယန္ခြၽမ္းလိုပဲ ဖုန္မႈန႔္အျဖစ္ေျပာင္းသြားမွာ၊ ၿပီးေတာ့ ခင္ဗ်ားရဲ႕ရွစ္ရႈန္းေရာပဲ!"

[ မူရင္းေရးသားသူ၏ ဘာျဖစ္ခဲ့သည္ဆိုတာကို ရွင္းလင္းခ်က္ : ဝမ္ေရွာင္းမ်ယ္က ႏွစ္ႀကိမ္အပစ္ခံလိုက္ရတယ္။ ဦးေႏွာက္ဆီ လာတာက လိန္းက်ဲ႕ကာေပးလိုက္လို႔ မဟုတ္ရင္ သူ တကယ္ႂကြသြားမွာ။ ေနာက္တစ္ခ်က္က သူ႔ႏွလုံးရွိတဲ့ရင္ဘတ္ကို။ အဲ့လိုေၾကာင့္ ယန္ခြၽမ္းရဲ႕ႏွလုံးတစ္ခုတည္းက သူ႔ကိုကယ္လို႔မရေတာ့လို႔ ဝမ္ဖုန္းက်င္က သူ႔လည္ပင္းသူ လွီးၿပီး သူ႔ေသြးကို ေပးခဲ့တယ္။ ဒါကို အရွက္မဲ့တဲ့က်န္းပိုင္ရဲ႕ တိုက္ခိုက္မႈေတြကို ေတာင့္ခံရင္း လုပ္ရတာ။ ဒါၿပီးသြားေတာ့ ႏွစ္ေယာက္လုံး တိုက္ၾကေပမယ့္ ဝမ္ဖုန္းက်င္က ေသြးေတြအမ်ားႀကီးဆုံးရႈံးထားၿပီး ဒဏ္ရာေတြလည္း ရထားေသးေတာ့ က်န္းပိုင္က အသာစီးရသြားၿပီး သူ႔ကို သစ္ပင္မွာ စို႔႐ိုက္လိုက္တာ ]

_____

{Unicode}

ကောင်လေးတစ်ယောက် တံခါးလာဖွင့်ပေးတယ်။ သူက မိုးရေတွေ သွေးတွေ ရွှဲနေပြီး အုတ်ဂူထဲက အခုတင် တွားသွားပြီးထွက်လာတဲ့ မကောင်းဆိုးဝါးတွေလိုဖြစ်နေတဲ့ လူနှစ်ယောက်ကိုကြည့်ကာ အော်မိသွားတယ်။ ဝမ်ဖုန်းကျင်က ကောင်လေးကို လှမ်းဆွဲလိုက်တာကြောင့် သူ့ရဲ့သွေးတွေ ကောင်လေးကိုယ်ပေါ် အစက်ထင်သွားတော့တယ်။

"သမားတော်ကို ခေါ်! ငါ့ရဲ့ရှစ်ရှုန်း... မျန်တျန်းရှစ်ရှုန်း၊ သူ ဒဏ်ရာအကြီးအကျယ်ရထားတယ်..."

"မျန်တျန်းရှစ်ရှုန်း?!" ကျောင်းတော်ရဲ့ မျန်တျန်းရှစ်ရှုန်းကို ကောင်လေးသိထားတယ်။ ကြောက်နေပေမယ့် မြေပြင်ပေါ်မှာ လှဲနေရတဲ့ဝမ်ရှောင်းမျယ်ကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ ရွှဲစိုနေတဲ့ဆံပင်နဲ့ ခြောက်သွေ့နေတဲ့သွေးတွေ ဖုံးလွှမ်းထားတဲ့မျက်နှာကို သတိပြုမိချိန်မှာ တအံ့တဩပြောလာတယ် "အာ! မျန်တျန်းရှစ်ရှုန်းပဲ!"

"ကျွန်တော့်ကို စောင့်အုံးနော်၊ အကူအညီသွားခေါ်လိုက်အုံးမယ်!"

ကောင်လေးက အထဲကို သုတ်တီးသုတ်ပြာ ပြေးသွားတော့တယ်။

ဝမ်ဖုန်းကျင်က ဂိတ်ပေါက်ကို မှီကာ ထိုင်ချလိုက်တယ်။ ဝမ်ရှောင်းမျယ်ကိုလည်း သူ့လက်မောင်းတွေကြား ဆွဲသွင်းထားတယ်။ တံခါးတံစက်မြိတ်က မိုးရေကို ကာပေးတယ်။

သူ့လက်ချောင်းတွေက တောင့်တောင့်ကြီးဖြစ်နေပေမယ့် အညင်သာဆုံးသော လှုပ်ရှားမှုလေးနဲ့ ဝမ်ရှောင်းမျယ်မျက်နှာပေါ်က စိုနေတဲ့ဆံပင်တွေကို ရှင်းပေးပြီး ခေါင်းကို သူ့ရင်ဘတ်မှာ မှီထားစေတယ်။ သူ့ပါးကိုလည်း သူ့(ဝမ်ရှောင်းမျယ်)နှဖူးမှာ အသာလေး ဖိကပ်ထားတယ်။

"မကြာခင် သက်သာသွားမှာပါ နည်းနည်းလောက်ပဲ သည်းခံပေးပါနော်၊ အဲ့လူတွေက ကျွန်တော့်ကို မုန်းပေမယ့် ရှစ်ရှုန်းကိုတော့ ကူညီကြအုံးမှာပါ..."

'... မင်းကျတော့ရော?'

'... ဒီခန္ဓာကိုယ်က အနက်ရောင်အစောင့်တွေရဲ့ နှိပ်စက်တာကို သည်းခံနိုင်ပြီး ဒီတောင်ကနေ ထွက်သွားနိုင်မှာ မို့လို့လား?'

'... မင်းတစ်ယောက်တည်း သေဖို့လုပ်နေတာ အသိသာကြီး!'

ဝမ်ရှောင်းမျယ်က ဝမ်ဖုန်းကျင်ရဲ့အကျီကို အားနဲ့ဆွဲထားဖို့လုပ်ပေးမယ့် မျက်လုံးကို ဆက်ပြီးဖွင့်ထားနိုင်ဖို့တောင် အားမရှိဖြစ်နေတယ်။ ဝမ်ဖုန်းကျင်က သူ့ကို ပွေ့ထားပြီး ပြောလိုက်တယ် "ရှစ်ရှုန်း အသက်ရှင်နိုင်မယ်ဆိုသရွေ့ ကျွန်တော် ဘာမဆိုလုပ်နိုင်တယ်..."

'မရဘူး!' ဝမ်ရှောင်းမျယ် နောက်ဆုံးသောအင်အားနဲ့ ခေါင်းကို အသာလေးယမ်းရုံသာ တတ်နိုင်တယ်။ သူ့ရဲ့အာရုံ ပြေလျော့လာတာနဲ့အမျှ ပါးပြင်ပေါ် မျက်ရည်တွေ လိမ့်ဆင်းကျလာတယ်။ အင်အားမဲ့မှုကို ခံစားရင်း နောက်ဆုံးမှာ မျက်လုံးကို မှိတ်ချလိုက်တယ်။

သို့ပေမယ့် သူတို့နှစ်ယောက်စလုံး မှားသွားခဲ့ကြတယ်။ ထိုနေ့မှာ နှစ်ယောက်လုံး ကျောင်းတော်ကြီးဆီက ဘာအကူအညီမှ မရခဲ့ဘူး။

ကောင်လေးက အကူအညီသွားခေါ်ခဲ့ပေမယ့် သူခေါ်လိုက်တဲ့လူက ဌာနမှူးဖြစ်နေခဲ့တယ်။ သူက ဝမ်ဖုန်းကျင်နဲ့ သူတစ်ချိန်က မျက်နှာသာပေးခဲ့ဖူးတဲ့ တပည့်ကို စာနာမှုကင်းမဲ့စွာ ကြည့်လိုက်တယ်။

"ငါ အရင်က ပြောခဲ့ပြီးသား၊ မင်း ဒီတံခါးကို ထွက်သွားပြီဆိုတာနဲ့ ငါ့ရဲ့တပည့်မဟုတ်တော့ဘူးလို့!"

ဖွင့်ထားတဲ့တံခါးကြီး နောက်တစ်ကြိမ် ပြန်ပိတ်လာတော့တယ်။ ဝမ်ဖုန်းကျင် ပေါက်ကွဲသွားပြီး တံခါးကို လက်သီးဆုပ်တွေနဲ့ ထုနှက်လိုက်တယ်။ တစ်ချက်ချင်းစီတိုင်းက တံခါးမှာ သွေးရာကျန်ရစ်စေတယ်။

"သူ့ကို ကယ်ပေး! သူက ခင်ဗျားတို့ရဲ့ရှစ်ရှုန်း မဟုတ်ဘူးလား?! သူ့ကို ကယ်ပေးပါ၊ တောင်းဆိုပါတယ်..."

ဝမ်ဖုန်းကျင် ပိတ်နေတဲ့တံခါးကို ကယ်ရာမဲ့စွာကြည့်ရင်း ဒူးထောက်ကျသွားတယ်...

"သူ့ကို ကယ်ပေးပါ"

ခံ့ညားလှတဲ့ဦးခေါင်းက ရွံ့မြေကို ထိသွားတဲ့အခါ တံခါးကလည်း (ပိတ်နေရာက) ရပ်သွားတယ်။

ဌာနမှူးရဲ့ နှုတ်ခမ်းထောင့်စွန်းက ဖြေးဖြေးချင်း ကော့တက်လာတယ်။ သူ့နောက်မှာရှိနေတဲ့ကောင်လေးက ဆက်ပြီး ကြည့်မနေနိုင်တော့ဘူး။

"ဆရာ ရှစ်ရှုန်းက သူ..."

"ဟမ့်" ဌာနမှူးက လက်ကို ခါပစ်လိုက်တယ်။ သူ လှည့်ကာ တစ်ချက်သရော်ပြီး ထွက်သွားတော့တယ်။

သူတို့ကြားက တံခါးကြီးကလည်း 'ဘန်း'ခနဲ ပိတ်ကျသွားတယ်။

အေးစိမ့်နေတဲ့မိုးစက်တို့က အကန့်အသတ်မရှိ သည်းထန်စွာရွာနေဆဲ။

သူ့ခန္ဓာကိုယ်အနှံ့ရှိနေတဲ့ဒဏ်ရာတွေက ပြင်းထန်စွာနာကျင်နေပြီး အရှက်တကွဲဖြစ်မှုအပြင် မျှော်လင့်ချက်လေးကိုပါ အကြင်နာတရားမဲ့စွာ ငြင်းချခံလိုက်ရတယ်...

ဝမ်ဖုန်းကျင် ခေါင်းကိုသာ ဆက်ငုံ့ထားတယ်။ သူ့လက်ချောင်းတွေက မာတောင့်နေတဲ့မြေကြီးကို ကုတ်ခြစ်လိက်တာကြောင့် သွေးတွေနဲ့ ကုတ်ရာကြီးကျန်ရစ်ခဲ့တယ်! ခိုကိုးရာမဲ့အခြေအနေမှာ သူ့မျက်နှာပေါ် တွန့်ချိုးပြီးစိတ္တဇဆန်တဲ့အပြုံးတစ်ပွင့်က ပေါ်ထွက်လာပြီး တမူထူးခြားတဲ့အနက်ရောင်မျက်လုံးသူငယ်အိမ်တွေက သွေးနီရောင်ပြောင်းလဲသွားတယ်။

ထိုနေ့မှာပဲ သူ့ရဲ့လူသားဆန်မှုက လုံးဝပျောက်ကွယ်သွားတော့တယ်။ ကျန်ခဲ့တာဆိုလို့ ချောက်ကမ်းပါးစွန်းကို တွန်းပို့ခံလိုက်ရတဲ့ မူမမှန်တဲ့ဝိဉာဉ်တစ်ခုသာ။

"ခင်ဗျားတို့တွေကို ဘယ်သူမှ အလွတ်မပေးဘူး..." ဝမ်ဖုန်းကျင် ဝမ်ရှောင်းမျယ်ကို ဖက်လိုက်တယ်။ သူက အန္တရာယ်ပြုတော့မယ့်အပြုံးတစ်ပွင့်နဲ့ တံခါးကို တည့်တည့်ကြည့်ကာ "သေချာပေါက် ခင်ဗျားတို့ကို ထောက်ထားညှာတာမှုပေးမှာမဟုတ်ဘူး!"

"Ah Ah Ha ha ha! ကျုပ်သေသွားရင်တောင်မှ ဒီနေ့ ကျုပ်ရဲ့ရှစ်ရှုန်းနဲ့ ကျုပ်ရလိုက်တဲ့ လှောင်ပြောင်သရော်မှုတွေကို မှတ်ထားမယ်! ခင်ဗျားတို့ အားလုံးကို သတ်ပစ်မှာ! _ ခင်ဗျားတို့ တစ်ယောက်ချင်းစီတိုင်းကို!!!"

"ခင်ဗျားတို့အားလုံးကို ကျုပ်ရှစ်ရှုန်းရယ် ကျုပ်ရယ်နဲ့အတူ ပေါင်းမြှုပ်ပစ်ချင်တယ်!"

သူ့မျက်လုံးတွေထဲ နက်ရှိုင်းစွာနစ်မြုပ်နေတဲ့ စိတ်ပျက်အားငယ်မှုက အခုတော့ ရဲတောက်လို့နေပြီ။ တံခါးကိုစိုက်ကြည့်ရင်း ချိုးဖွင့်ချင်နေတာနဲ့အမျှ မျက်ရည်တွေကလည်း ကျဆင်းလာတယ်။

သူ တစ်ခွန်းချင်း ပြောလိုက်တယ် "ကျုပ်သာ အသက်ရှင်ခဲ့ရင် ဒီမှာရှိနေတဲ့ တစ်ယောက်ချင်းစီတိုင်းကို သေအောင်လုပ်ပေးမယ်! ဘယ်တော့မှ ကြင်နာမှုကို ထပ်ပြီးထုတ်မပြတော့ဘူး၊ ကျုပ်ရဲ့နာကျင်မှုကို တစ်တိုင်းပြည်လုံး ခံစားရစေ့မယ်!"

"Ahhh_"

ဝမ်ရှောင်းမျယ်က ကြိမ်းဝါးနေတဲ့ ဝမ်ဖုန်းကျင်ကို အထက်ပိုင်းကနေ တဝဲလည်လည်ကြည့်နေမိတယ်။ သူ့နှုတ်ခမ်းတွေက တဆတ်ဆတ်တုန်နေပေမယ့် စကားလုံးတွေ ထွက်မလာနိုင်ဘူး။ မျက်ရည်တွေကိုလည်း ထိန်းမထားနိုင်တော့ဘဲ မျက်လုံးတွေထဲကနေ လိမ့်ဆင်းလာတော့တယ်...

ဒါတွေက သူ့ရဲ့မှတ်ဉာဏ်တွေပဲ။ ကြင်နာမှုကင်းမဲ့တဲ့ အမှန်တရားတွေ။

ထိုနှစ်တွေက ခါးသက်လွန်းတယ်။ သူတို့တွေ အချင်းချင်းအမှီသဟဲပြုခဲ့တာတောင်မှ လောကကြီးရဲ့ရန်လိုမှုနဲ့ ပြောင်းလဲလွယ်တဲ့ လူ့နှလုံးသားကြောင့် မရှင်သန်နိုင်ခဲ့ဘူး။

ထိုနှစ်မှာ အားလုံးရဲ့စွန့်ပစ်ခြင်း မေ့လျော့ခြင်း ခံခဲ့ရတဲ့ အဖော်မဲ့ဝမ်ရှောင်းမျယ်က ရှေးခေတ်အချိန်ကို ရောက်သွားခဲ့တယ်။ ကံတရားကြောင့် လောကကြီးရဲ့ အထင်အမြင်သေးခြင်းခံရပြီး တသီးတသန့်ဖြစ်နေခဲ့တဲ့ ဝမ်ဖုန်းကျင်နဲ့ ဆုံတွေ့ခဲ့တယ်။ ဝမ်းနည်းနေတဲ့ ဝိဉာဉ်နှစ်ခုက အချင်းချင်းရဲ့ဒဏ်ရာတွေကို အားပေးရင်း နွေးထွေးမှုတွေ ဖလှယ်ခဲ့တယ်။ ဝမ်းနည်းစရာကောင်းစွာနဲ့ သူတို့ရဲ့နောက်ဆုံးလက်ကျန် မျှော်လင့်ချက်လေးတစ်ခု မကွဲပျက်သွားအောင် ကျော်ဖြတ်လို့မနိုင်ခဲ့ဘူး...

သူ့ရှေ့က မှတ်ဉာဏ်တွေက ဒီ့ထက်ပိုဝေးတဲ့ဆီ ထပ်ပြောင်းသွားတယ်။

ဝမ်ရှောင်းမျယ် ခါးသက်သက်အနံ့တွေပြည့်နေတဲ့ အခန်းတစ်ခုထဲမှာ နိုးလာခဲ့တယ်။

နောက်ဆုံးတော့ သူတို့တွေ အသက်ရှင်နိုင်ခဲ့တယ်။

နောက်ပိုင်း ဝမ်ဖုန်းကျင် သူ့ကို ပြောပြခဲ့တာက ထိုနေ့မှာ သူတို့တွေ သေကြရတော့မှာဆိုပေမယ့် ကံကြမ္မာက တခြားအကြံအစည်ရပုံပေါ်တယ်။ မုယီ၊ မုအာ့နဲ့ မုဆန်းတို့က သူတို့ဆီကို အချိန်မှီ ရောက်လာတယ်။ သူတို့က ဧကရာဇ်ရဲ့အနက်ရောင်အစောင့်တွေကို သတ်ပစ်လိုက်ပြီး အကောင်းဆုံးဆေးကို သုံးကာ သူတို့ကို ကုသပေးခဲ့တယ်။

ဝမ်ဖုန်းကျင်ရော သူပါ အတွင်းကျကျဒဏ်ရာရခဲ့ပေမယ့် ဝမ်ဖုန်းကျင်က ကြံ့ခိုင်တဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိတာကြောင့် အချိန်တချို့လောက်သာ သတိလစ်သွားခဲ့တာဖြစ်တယ်။ ဝမ်ရှောင်းမျယ်အတွက်ကတော့ မတူဘူး။ သူက ကျန်းမာရေးချို့တဲ့ကာ စစချင်းတည်းက အားနည်းတဲ့ကြက်ပေါက်လေးဖြစ်တယ်။ တစ်လလောက် သတိလစ်ခဲ့ပြီးနောက် သူနိုးလာရင်တောင်မှ ကယ်တင်နိုင်မှာမဟုတ်လောက်ဘူး။

သူနိုးလာတဲ့နေ့မှာ ဝမ်ဖုန်းကျင်က သူ့မျက်နှာပေါ်ကို တိတ်ဆိတ်စွာ လက်ကိုတင်လာတယ်။ ထိုအခိုက်အတန့် ဝမ်ဖုန်းကျင် ပြောင်းလဲသွားပြီဆိုတာ ဝမ်ရှောင်းမျယ် သိလိုက်တယ်။

သူ့ရဲ့လည်ပင်း၊ ခေါင်းနဲ့ လက်ချောင်းတွေမှာ ပတ်တီးတွေစည်းထားရတယ်။ သူက ချိုသာစွာပြုံးပြီး ဝမ်ရှောင်းမျယ်ကို ပြောလိုက်တယ် "ရှစ်ရှုန်း၊ ကျွန်တော့်ကို ကလဲ့စားချေခွင့်ပြုပါ..."

"..."

ထို့နောက် ခြောက်လအကြာမှာ ဝမ်ဖုန်းကျင်က ဂရုတစိုက်နဲ့ ဝမ်ရှောင်းမျယ်ကို ကျောက်နင်းပြားတွေကနေ တက်တဲ့အပေါ် အဖော်ပြုရင်း ကျောင်းတော်ကြီးဆီ နောက်တစ်ကြိမ်ပြန်ရောက်လာတယ်။ သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ သူတို့ရဲ့အနေအထားက ပြောင်းပြန်ဖြစ်သွားပြီ။ သူတို့က ဝေါယာဉ်ခုံအမြင့်တွေပေါ်ကနေ မရေမတွက်နိုင်တဲ့အသက်တွေ ဆွဲကြိုးချ သေရဖို့ စောင့်နေတာကို ကြည့်နေရတယ်။

ထိုနေ့မှာ ကျောင်းတော်ထဲရှိ ထိုလူတွေဆီက အကူအညီမဲ့နေတဲ့ငိုယိုသံတွေကို နားထောင်ရတဲ့သူတွေက သူတို့သာဖြစ်နေခဲ့တယ်။

ဌာနမှူးကိုတော့ ဝမ်ဖုန်းကျင်ကိုယ်တိုင် နောက်ဆုံးထွက်သက်အထိ ညှင်းပန်းနှိပ်စက်ခဲ့တယ်။

ကြောက်စရာကောင်းတဲ့ အခြေအနေမှာ ဝမ်ရှောင်းမျယ် တုန်ယင်နေပြီး မျက်လုံးတွေနားတွေကို ပိတ်ထားရတယ်။ သေဖို့အတွက် အမိန့်ချခံထားရတဲ့ မျက်နှာတွေကို သူမကြည့်နိုင်ဘူး။ ဝမ်ဖုန်းကျင်တစ်ယောက်သာ ရယ်မောရင်း ငရဲခန်းကို ထောပနာပြုနေတယ်။

ထိုကနေ ဝမ်ဖုန်းကျင်အပေါ် သူ့ရဲ့ကြောက်ရွံ့မှု စတင်လာတယ်။

သူတို့ကို နှိပ်စက်ခဲ့တဲ့လူတွေကို မုန်းပေမယ့် ဒါက မဆင်မခြင်နဲ့အစုလိုက်အပြုံလိုက် လူသတ်တာဖြစ်တယ်၊ အသတ်ခံရတဲ့အထဲ အပြစ်ကင်းတဲ့လူတွေက ပိုများတယ်။ ပြီးတော့ ကျောင်းတော်ကြီးမှာရှိတဲ့ မသိနားမလည်သေးတဲ့ကလေးတွေကရော? ဒါကို ဝမ်ရှောင်းမျယ် လက်မခံနိုင်ဘူး။

များမကြာမီ ဝမ်ဖုန်းကျင်က သူ့ရဲ့အတိုက်အခံပြုမှုနဲ့ ကြောက်ရွံ့မှုကို သတိထားမိလာတယ်။

ဒီအချိန်မှာ ဝမ်ဖုန်းကျင်က သူ့အပေါ် နူးညံ့မှုနဲ့ နာခံမှုဆိုတာ မရှိတော့ဘူး။ အပြစ်မဲ့သူတွေရဲ့ မရေမတွက်နိုင်တဲ့အသက်တွေကို နှုတ်ယူဖို့ တာဝန်ချတဲ့အပေါ်မှာ သူက အစွန်းရောက်၊ ပိုင်စိုးပိုင်နင်းနိုင်ကာ အညှာအတာမဲ့လှတယ်။ အမုန်းတရားကြောင့် မျက်ကန်းတစ္ဆေဖြစ်ကာ ဝမ်ရှောင်းမျယ်ရဲ့စကားလုံးတွေက သူ့ကိုတားမြစ်လို့မရတော့ဘူး။

နောက်ပြီး ဝမ်ရှောင်းမျယ်ရဲ့ အာခံမှုနဲ့ ထွက်သွားဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ဝမ်ဖုန်းကျင်လည်း မတတ်သာတဲ့အဆုံး သူ့ကို ပိတ်လှောင်ထားရတော့တယ်။

ဝမ်ရှောင်းမျယ်မှာ (အချိန်)များများစားစား မရှိတော့ဘူး။ နေ့တိုင်း ဆေးကျွေးကြပေမယ့် ပမာဏတစ်ခုချင်းစီမှာ ဆေးရဲ့အာနိသင်သက်ရောက်မှု လျော့နည်းသွားတယ်။ တဖြည်းဖြည်း သမားတော်တွေလည်း ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဖြစ်ကုန်တယ်။ သူ့ကို လွှတ်ပေးဖို့ အချိန်ကျပြီ...

ဒါတောင် ဝမ်ဖုန်းကျင်က သူ့ကို ဒီလိုလုပ်ရက်သေးတယ်...

သူ့ရဲ့မှတ်ဉာဏ်တွေထဲမှာ သူကြည့်နေတဲ့ ဝမ်ရှောင်းမျယ်က ဒေါသကြောင့် နီတက်လာပြီး အံကိုကြိတ်ကာ အံ့အားတကြီးပြောလိုက်တယ် "အရှက်မရှိလိုက်တာ!"

အခု အဲ့တာက အရင်ကဖြစ်ခဲ့တာကြောင့် (ကြည့်နေတဲ့)ဝမ်ရှောင်းမျယ်လည်း စိတ်ထဲသိပ်မထားတော့ဘူး။ သို့ပေမယ့် ထိုစဉ်အချိန်တုန်းကတော့ သူတို့နှစ်ယောက်က အဆင်မပြေဖြစ်နေခဲ့ကြကာ ဝမ်ဖုန်းကျင်ရဲ့ ခြယ်လှယ်လွန်းတဲ့လုပ်ရပ်က နောက်ဆုံးသော ကောက်ရိုးစလေးကိုပါ လုံးဝပျက်တောက်သွားစေတယ်။

ထို့နောက်မှာ သူလည်း သေအံ့ဆဲဆဲ အိပ်ရာထဲလဲနေခဲ့တာကြောင့် ဘာဖြစ်ခဲ့တယ်ဆိုတာက သူ့အတွက် ဝိုးတဝါးပဲ။

ထို့နောက် နောက်ထပ်မှတ်ဉာဏ်တစ်ခု ပေါ်လာပြီး နောက်ဆုံးမှာ ယန်ချွမ်းကို အရင်က မြင်ဖူးတယ်ဆိုတာ မှတ်မိသွားတယ်။ သို့ပေမယ့် သူမြင်ခဲ့ဖူးတဲ့ ယန်ချွမ်းက ဒီလိုပုံစံမျိုး ဟုတ်မနေဘူး။

သူက အလွန်တရာလှပပြီး ဆွဲဆောင်မှုရှိကာ ဂုဏ်သရေမြင့်လှတယ်။ သူက သေအံ့ဆဲဆဲ ဝမ်ရှောင်းမျယ်ကို မောက်မာစွာကြည့်ပြီး ဝမ်ရှောင်းမျယ် မကြားနိုင်တဲ့ တစ်စုံတစ်ရာကို တိုးတိုးလေးကပ်ပြောသွားတယ်။ ထို့နောက် ဝမ်ဖုန်းကျင်ရဲ့ ဦးဆောင်မှုနဲ့အတူ ထွက်သွားတော့တယ်။

ထိုတွေ့ဆုံမှုပြီးတဲ့နောက် ဝမ်ဖုန်းကျင်က ထာဝရရှင်သန်ခြင်းပြဒါးလုံးကို ရလာခဲ့တယ်။

ဒါက သေဖို့ကို စောင့်နေရတဲ့လူတစ်ယောက်ရဲ့ ဉာဉ်လည်းဖြစ်လောက်တယ်။ ဝမ်ရှောင်းမျယ် အိပ်ရာထဲမှာ မလှုပ်မယှက်လှဲရင်းနဲ့ ဝမ်ဖုန်းကျင်နဲ့ အချိန်ဖြုန်းခဲ့တာတွေ သူတို့တွေအတူတူ ဖြတ်ကျော်ခဲ့တာတွေကို ပြန်တွေးမိလာတယ်။ တကယ်တော့ အရင်တည်းက သူ ဝမ်ဖုန်းကျင်ကို မမုန်းခဲ့ဘူး။

သေဆုံးခြင်းက နီးကပ်လာပြီး သူ့နှလုံးသားက ကြည်လင်သထက်ကြည်လင်လာတယ်။

သေရေးရှင်ရေးမှာ ဟိုးအရင်တည်းက သူ့ရဲ့တာဝန်ကို ပြီးဆုံးအောင်လုပ်ဖို့ ကျရှုံးခဲ့တာကြောင့် ရလဒ်က သူ့ရဲ့သေဆုံးခြင်းဖြစ်ကြောင်း systemက အဆုံးအဖြတ်ပေးခဲ့ပြီးတာ ကြာပြီဖြစ်တယ်။

ထို့ကြောင့် ဝမ်ဖုန်းကျင်က သူ့ကိုပြဒါးလုံး တိုက်လာတာတောင်မှ သူ့ကိုပဲ ပြန်ပေးခဲ့လိုက်တယ်။

ဝမ်ဖုန်းကျင်ရဲ့ ရူးမလောက်ဖြစ်သွားတဲ့အကြည့်ကို ထပ်တွေ့ရချိန်မှာ ဝမ်ရှောင်းမျယ်က သူ့ရဲ့ဒုက္ခကို ရှင်းပြဖို့ ကြိုးစားလိုက်ပေမယ့် နောက်စက္ကန့်မှာတင် systemက သူ့ရဲ့မှတ်ဉာဏ်တွေကို ဖျက်ပြီး ထိုကမ္ဘာထဲက သူ့ကို ဖယ်ရှားလိုက်တယ်...

မြင်ကွင်းကအခု အမှောင်ထဲမှာ မှေးမှိန်သွားတော့တယ်။

လွင့်မြောနေတဲ့ဝမ်ရှောင်းမျယ် သူ့ဖာသာ တွေးမိတယ် : 'ငါသေသွားပြီးတဲ့နောက် ရှောင်ဝမ်းကျစ်က ငါသူ့ကို ပြဒါးလုံးပေးခဲ့တာ အပြစ်ပေးတဲ့အနေနဲ့လို့ ထင်သွားမှာ သေချာတယ်'

*သက်ပြင်းချ*

ဝမ်ရှောင်းမျယ်လည်း လေထုထဲမှာ အကြောဆန့်ပြီးနောက် မျက်လုံးတွေမှိတ်ကာ ဒုတိယအကြိမ်သေဖို့ကို စောင့်နေလိုက်တယ်။

အလင်းရောင်တွေ ချုပ်ငြိမ်းသွားပြီဆိုတော့ ကြည့်ရတာ သူသေတော့မယ့်ပုံပဲ။

အချိန်တချို့ကြာပြီးနောက်...

လွင့်မြောနေတဲ့ဝမ်ဖုန်းကျင် အမှောင်ထဲမှာ မျက်မှောင်ကြုတ်မိသွားတယ်။

အချိန်တချို့ ထပ်ကြာပြီးနောက်...

ဝမ်ရှောင်းမျယ်လည်း မနေသာတော့ဘဲ ခေါင်းလေး တစ်ချက်ကုပ်လိုက်တယ်။

အချိန်တချို့ ထပ်ထပ်ကြာပြီးနောက်...

ဝမ်ရှောင်းမျယ် : 'ဘာလားဟ?! ဒီနှစ်ရဲ့သေမင်းက အလုပ်ကို ကောင်းကောင်းမလုပ်ဘူးပဲ! ငါဒီမှာတင် တစ်သက်လုံး လေလွင့်နေရတော့မယ်! ဘာလို့ မခေါ်သေးတာလဲလို့?! ငါက သေရာက ပြန်ရှင်သွားလို့ ပြီးတော့ ဖုတ်ကောင်တစ်ကောင်ဖြစ်နေလို့ ခင်ဗျားရဲ့ ဝန်ဆောင်မှုနဲ့ မထိုက်တန်တာလား?!!!'

'မကောင်းတဲ့reviewပဲရမယ်!!!'

'ဟမ်? ဒီနားမှာ ဘာလို့ ဆေးနံ့တစ်ခု ရနေတာလဲ? အနံ့က ရင်းနှီးနေတယ်'

ရင်းနှီးတဲ့အနံ့ကို ရှုရင်း ဝမ်ရှောင်းမျယ် အသိစိတ်တို့ ဝေဝါးလာတယ်။

"ကျွတ် ကျွတ် ကျွတ် ဘယ်လိုတောင် ချစ်နေလိုက်တာလဲ" ကျန်းပိုင်က ကြီးမားတဲ့သစ်ပင်ကြီးမှာ ချွန်မြတဲ့လက်နက်တစ်ခုနဲ့ လက်တွေကို တံစို့ရိုက်ခံထားရတဲ့လူကို ကြည့်လိုက်တယ်။

သူနဲ့ကပ်လျက်မှာ လိန်းကျဲ့နဲ့ ရှောင်လျို့တို့ဖြစ်ပြီး နှစ်ယောက်စလုံး မြေကြီးပေါ် လဲနေကြတယ်။ သူတို့အောက်မှာ သွေးအိုင်ကြီးတစ်ခုရှိပြီး သူတို့ကံကြမ္မာက မသေချာလှဘူး။

ယန်ချွမ်း လှဲနေခဲ့တဲ့နေရာမှာ ကျန်ခဲ့တာဆိုလို့ အဝတ်စုတ်ပုံကြီးတစ်ခုနဲ့ သဲဖြူလို ခပ်ဆင်ဆင်အရာသာဖြစ်တယ်။

ဝမ်ရှောင်းမျယ်က ခေါင်းတလားကြီးကိုမှီကာ မျက်လုံးတွေပိတ်နေပြီး နှုတ်ခမ်းမှာလည်း သွေးတွေပေကျံနေတယ်။ သူ့အရေပြားကို ပြတ်သွားစေတဲ့ ရင်ဘတ်ပေါ်က ကျည်ဆန်ဒဏ်ရာက အခုပြန်လည်အသားတက်လာပြီဖြစ်တယ်။

"အဲ့ဒီ့စပ်စုတဲ့ခွေးမကြောင့်သာမဟုတ်ရင် ဒီကျည်ဆန်နှစ်ခုထဲမှာ တစ်ခုက သူ့ခေါင်းခွံကို ခွဲသွားပြီး နောက်တစ်ခုက သူ့ထဲကို ဝင်သွားမှာ"

"ဒါပေမယ့် ခင်ဗျားက တကယ့်ကို မသေမျိုးလို့ ခေါ်ထိုက်ပါပေတယ်၊ ယန်ချွမ်းနဲ့တိုက်ပြီး သွေးပေးခဲ့ပြီးတာတောင်မှ ကျွန်တော့်ကို ဒဏ်ရာရအောင် လုပ်နိုင်သေးတယ်"

ကျန်းပိုင်ရယ်လိုက်ပြီး သူ့ရင်ဘတ်ထဲက ဆန်တက်လာတဲ့ သွေးတွေကို ပါးစပ်အပြည့်တစ်လုတ် ထွေးထုတ်လိုက်တယ်။ သူ ခြေထောက်တစ်ချောင်းကျိုးပြီး ဘယ်ဘက်ရင်ဘတ်မှာ ချိုင့်ဝင်နေတဲ့ဒဏ်ရာကြီးတစ်ခု ရှိပေမယ့် သူက အတော့်ကိုနိုးနိုးကြားကြားရှိနေဆဲဖြစ်ပြီး သူ့လက်နက်ကို ထောက်မှီထားတယ်။

ဒီလက်နက်က ကြေးသွန်းထားတဲ့ ကိရိယာရှည်တစ်ခုဖြစ်တယ်။ သေနတ်ပြောင်းက ရိုင်ဖယ်လိုမျိုးဖြစ်ပြီး တစ်ဖက်အဆုံးမှာ လက်ဖဝါးအရွယ် စလင်ဒါပုံသတ္တုတစ်ခု တွဲနေကာ ရှည်လျားတဲ့လက်ကိုင်နဲ့ အချိုးမကျတဲ့တူတစ်ချောင်းလို ဆင်တူနေတယ်။

ဒီလိုထူးခြားတဲ့လက်နက်နဲ့ အရူးယန်ချွမ်းတို့ ကျေးဇူးကြောင့် ရွံစရာကောင်းတဲ့မကောင်းဆိုးဝါးနှစ်ကောင်ကို အကြီးအကျယ်ဒဏ်ရာရအောင် အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့တယ်။

"ကျွန်တော်သိတာပေါ့ ~ ဟ ~ ခင်ဗျားတို့လို အမျိုးအစားတွေရဲ့ သေစေလောက်တဲ့အားနည်းချက်ကို သိတာပေါ့၊ ခင်ဗျားတို့လို မကောင်းဆိုးဝါးတွေအတွက် အသည်းနှလုံးဆိုတာ မရှိမဖြစ်အရေးအပါဆုံးဆိုတာ သိတာပေါ့... ဒါပေမယ့် အံ့ဩမိတယ်၊ ကျွန်တော့်ရဲ့တိုက်ခိုက်မှုတွေကို တောင့်ခံထားပြီးတော့တောင် ခင်ဗျားအသက်ကိုစွန့်ပြီး သူ့ကို ခင်ဗျားရဲ့သွေးနဲ့ ယန်ချွမ်းရဲ့နှလုံးကို ကျွေးလိုက်သေးတယ်နော်... ခင်ဗျားတုံးလို့သာ ကျွန်တော် ကံကောင်းသွားရတာ၊ မဟုတ်လို့ကတော့ ခင်ဗျားကို နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ..."

သူက ဒဏ်ရာမရှိတဲ့ခြေထောက်ကို လွှဲကာ မတ်မတ်ရပ်လိုက်ပြီး လက်နက်ကို သစ်ပင်မှာ အချုပ်ခံထားရတဲ့လူရဲ့ ရင်ဘတ်ပေါ် ဖိကပ်လိုက်တယ်။

"ကျုပ်ပြောတာ မှန်တယ်နော် ဝမ်ဖုန်းကျင်..."

"..."

ဝမ်ဖုန်းကျင်ရဲ့လက်တွေက ထူထဲတဲ့သံမှိုကြီးနှစ်ခုနဲ့ သစ်ပင်မှာ အစိုက်ခံထားရတယ်။ သရဖူအနီရောင်လေးလည်း ကျိုးပဲ့သွားပြီး အဝတ်အစားတွေ ဖရိုဖရဲဖြစ်နေတယ်။ မီးသွေးတမျှနက်မှောင်တဲ့ သူ့ရဲ့ဆံပင်ရှည်ကြီးက အခုတော့ နှင်းခဲလို ဖြူစွတ်နေတယ်!!!

ဝမ်ဖုန်းကျင် ချည့်နဲ့စွာ ခေါင်းမော့လိုက်တော့ ဖြူစွတ်နေတဲ့ဆံပင်တွေက သူ့ရဲ့ဖျော့တော့နေတဲ့ပါးပြင်ပေါ် ကျလာတယ်။ သူ့ဆီမှာ တစ်ခုတည်းသော ကျန်တဲ့အရောင်က မျက်လုံးနီနီတွေနဲ့ နှဖူးပေါ်က အနီရောင်လက်နေတဲ့ အမှတ်အသားသာဖြစ်တယ်။

သူ့လေပြွန်သူ ကြီးကြီးမားမား ထိခိုက်စေခဲ့တာက သူ့ကိုစကားပြောရခက်စေတယ်။

"လူသားတွေဆိုတာ အလိုကြီးကြတယ်၊ ကမ္ဘာပေါ်မှာ ကျွန်တော့်လိုလူမျိုးတွေနဲ့ ပြည့်နေတာ ကြောင်သူတော်၊ တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်ကျိုးအတွက် တခြားသူကို ထိခိုက်အောင်လုပ်ဖို့ တွန့်ဆုတ်မနေတာမျိုးပေါ့" မျက်တောင်တစ်ချက်မခတ်ဘဲ ကျန်းပိုင် သူ့ကို စိုက်ကြည့်နေတယ်။ သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းတွေက အငြိုးကြီးတဲ့လုပ်ပြုံးကြီးတစ်ခုအဖြစ် ပြန့်ကားသွားပြီး နားရွက်တွေဆီတောင် ရောက်လုနီးပါးပဲ။ သူ ခါးကိုကိုင်းချကာ မနှစ်မြို့ဖွယ်အသံနဲ့ ပြောလိုက်တယ် "အေးအေးချမ်းချမ်း အနားယူလိုက်ပါ၊ ဒီသင်္ချိုင်းထဲမှာ ရှိသမျှအားလုံးက ကျွန်တော့်အပိုင် ဖြစ်သွားပြီ... ပြီးတော့ ခင်ဗျားတို့နှစ်ယောက်ကရော?"

"ခင်ဗျားက ယန်ချွမ်းလိုပဲ ဖုန်မှုန့်အဖြစ်ပြောင်းသွားမှာ၊ ပြီးတော့ ခင်ဗျားရဲ့ရှစ်ရှုန်းရောပဲ!"

[ မူရင်းရေးသားသူ၏ ဘာဖြစ်ခဲ့သည်ဆိုတာကို ရှင်းလင်းချက် : ဝမ်ရှောင်းမျယ်က နှစ်ကြိမ်အပစ်ခံလိုက်ရတယ်။ ဦးနှောက်ဆီ လာတာက လိန်းကျဲ့ကာပေးလိုက်လို့ မဟုတ်ရင် သူ တကယ်ကြွသွားမှာ။ နောက်တစ်ချက်က သူ့နှလုံးရှိတဲ့ရင်ဘတ်ကို။ အဲ့လိုကြောင့် ယန်ချွမ်းရဲ့နှလုံးတစ်ခုတည်းက သူ့ကိုကယ်လို့မရတော့လို့ ဝမ်ဖုန်းကျင်က သူ့လည်ပင်းသူ လှီးပြီး သူ့သွေးကို ပေးခဲ့တယ်။ ဒါကို အရှက်မဲ့တဲ့ကျန်းပိုင်ရဲ့ တိုက်ခိုက်မှုတွေကို တောင့်ခံရင်း လုပ်ရတာ။ ဒါပြီးသွားတော့ နှစ်ယောက်လုံး တိုက်ကြပေမယ့် ဝမ်ဖုန်းကျင်က သွေးတွေအများကြီးဆုံးရှုံးထားပြီး ဒဏ်ရာတွေလည်း ရထားသေးတော့ ကျန်းပိုင်က အသာစီးရသွားပြီး သူ့ကို သစ်ပင်မှာ စို့ရိုက်လိုက်တာ ]


_____


Thanks 🌹


Continue Reading

You'll Also Like

311K 28.3K 64
ကိုယ့်ရဲ့ ဖြစ်တည်မှုကို နောင်တမရ။အကြင်သူကို တစိမ့်စိမ့်မြတ်နိုးရခြင်းကိုသာ ခုံမင်သည်။ ကိုယ့္ရဲ့ ျဖစ္တည္မႈကို ေနာင္တမရ။အၾကင္သူကို တစိမ့္စိမ့္ျမတ္ႏိုးရ...
236K 32.9K 103
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...
140K 24.1K 110
နဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသ...
124K 15.2K 113
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...