တိတ်စမ်း ကီကိုက ငါ့အတွက်ပါဆို..။
ရှီဇုခုက ဘယ်ဘတ်ရင်အုံကို ခပ်ဖွဖွရိုက်ကာ စိတ်ထဲကနေ ပြောလိုက်သည် ။
" ကီကို ဒီကလူကြီးက မင်းကို ချစ်လွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ ''
" ဂျွမ်းထိုးနေလိုက်လေ ''
ရုတ်တရက် ထွက်ပေါ်လာတဲ့ စကားသံက စိတ်ကူးယဉ်ဖို့ အစပျိုးနေသော လူပျိုကြီးရှီဇုခုကို လန့်သွားစေသည့်အပြင် အတွေးတွေပါ လွင့်သွားစေသည်။
" အမလေး..ကုလားမ..''
" ဘာ..ကုလားမလဲ..''
" မဟုတ်ဘူး ကုလား...''
"..ဘာကွ! !''
" မှားလို့ မှားလို့ ဖေဖေက ဘာလာလုပ်ပြန်တာလဲ အလုပ်ပြီးရင် ကျွန်တော် လာပြောမယ်လို့ ပြောထားတယ်လေ ''
မစ္စတာအီရိက ရှီဇုခုကို စိတ်ပျက်သလိုကြည့်ကာ မနိုင်ဘူးဆိုတဲ့သဘောနဲ့ ခေါင်းခါသည်။
" မင်းအလုပ်လုပ်နေတာက ဒါလား တော်တော်ဈာန်ဝင်နေတာပဲနော် ''
" အဟမ်း လုပ်တော့မှာပါ ဖေဖေကလည်း ..ဘာကိစ္စရှိလို့ ပြန်လာတာလဲ ''
" အင်း သတိလာပေးတာ လာမယ့် ရက်သတ္တပတ်မှာ မင်းကို နေရာလွှဲပေးမယ်လို့ ငါပြောထားတာလေ အဲ့ဒါ ဒီနေ့ အလုပ်တွေပြီးအောင်လုပ် မနက်ဖြန်ကစပြီး ကျင့်ဝတ်တွေသင်ယူရမယ် ''
" ဖေဖေ ''
အသက်၃၄နှစ် အရွယ် လူပျိုသိုးကြီးက အခု သူ့ကို့ချွဲနေတာလား ။ အားယိုး ဘယ်လိုတောင် လင်စိတ်သားစိတ်ကုန်ချင်စရာကြီးလဲ ။ ရုပ်ခံလေးရှိလို့သာတော်သေးရဲ့ ၊ ဒါတောင် သွားလေသူ သူ့အမေနဲ့ ငါ့ရဲ့ ရုပ်ရည်လေးအမွေရထားလို့ ၊ မဟုတ်ရင် လူကြမ်းရုပ်နဲ့လမ်းဘေးက အမှိုက်ပုံးထဲ ခေါင်းစိုက်ပြီး အစာရှာစားတဲ့အရူးနဲ့ နင်လား ငါလား ဖြစ်နေတော့မှာ ။
မစ္စတာအီရိက တွေးနေရင်း တစ်ခါတည်း မျက်စိထဲတွင် ပုံဖော်ကြည့်ပြီး ဟက်ခနဲ ရယ်လိုက်မိကာ ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်သည်။
သားဖြစ်သူ ကျပ်မပြည့်တဲ့ Alpha က သူ့အား အထူးတဆန်း ကြည့်နေပြန်တာမို့ မျက်နှာပိုးပြန်သတ်ရသည်။
" အဟမ်း ဘာကြည့်တာလဲ အလုပ်ပြီးအောင်လုပ် ငါကတော့ ဆုံးဖြတ်ချက် မပြင်နိုင်ဘူး ''
ထွက်သွားတဲ့ ဖေဖေ့ကို ကြည့်ကာ ရှီဇုခုက သက်ပြင်းချပြီး အလုပ်ဆက်လုပ်နေလိုက်သည် ။
လောလောဆယ်တော့ ကီကိုကို မေ့ထားအုန်းမယ် ။ နောက်မှ အတိုးချပြီး လွမ်းမယ် ။
.........................
" ကီကို! ! ! !...''
အိမ်အဝင်ပေါက်ကနေ နားထင်ကို နိုပ်နယ်ကာ ခေါ်လာတဲ့အသံက အိမ်တော်တစ်ခုလုံး တုန်သွားသလားအောက်မေ့ရတယ် ။ ဧည့်ခန်းထဲက ဆိုဖာမှာ ထိုင်ကာ အချစ်ဒရမ်မာ ကာတွန်းကားကို ကြည့်နေတဲ့ ကီကို့ရဲ့ လက်ထဲက အာလူးကြော်အငံဘူးလေးတောင် ဂွက်ခနဲ မြည်သံပေးလို့ ပြုတ်ကျသွားသည်။
" ဖေဖေ ''
သွားဖြဲကာ ခေါ်လာတဲ့ ကီကိုက မျက်နှာချိုသွေးလို့ ။
" အမယ်လေး.. သခင်လေးရယ် ပြောစမ်းပါအုန်း...ဖေဖေ့မျက်နှာကို အမဲဆီသုတ်ရတဲ့အကြောင်းအရင်းလေး..''
အနားက ဆိုဖာလွတ်တစ်ခုံပေါ်မှာ ဝင်ထိုင်ပြီး မျက်လုံးတွေကို မှေးကျဉ်းကာ ကြည့်နေတဲ့ ဖေဖေက အတော်လေး စိတ်ညစ်နေပုံပါပဲ ။ ဒါ့ကြောင့် ဖြေရှင်းဖို့ စကားရှာလိုက်ရတယ်။ သူက ဖေဖေ့မျက်နှာကို ဘယ်တုန်းက အမဲဆီသုတ်ဖူးလို့လဲ ထိတောင်မထိဖူးတဲ့ဟာပဲကို။
" ဟို ..ကီကို မသုတ်ပါဘူးနော် အမဲဆီမပြောနဲ့ အိုးမဲတောင် ကီကိုက အပေမခံပါဘူး ဖေဖေရယ် ဖေဖေ ဘယ်မှာ သွားဆော့ပြီး အမဲဆီပေလာတာလဲမသိပေမယ့်
ကီကို ကို အပြစ်မပုံချသင့်ပါဘူး ''
အမြန်ရှင်းပြလိုက်ပေမယ့် ဒေါသခိုးတွေ လုံးနေအောင် ထွက်လာတဲ့ ဖေဖေက စိတ်ကို ထိန်းကာ ဆိုလာသည်။
" ဒီဖေ...ကီကို ငါပြောလိုက်ရင်မကောင်းဘူးရှိတော့မယ် ''
" မကောင်းရင် မပြောပါနဲ့ ဖေဖေ ''
"သွေးတက်အောင်လုပ်ပြီး ငါ့ကို သေအောင် ကြံစည်နေတာလား..ကီကို ရယ်
ဟမ် ဟိုနေ့က တွေ့ပေးတဲ့ Alpha ကို ဘယ်လိုလုပ်လိုက်တာလဲ ''
" ဘယ်လိုမှ မလုပ်ပါဘူး သူကဘာပြောလို့လဲ ဖေဖေ ''
" မင်းကို မယူနိုင်ပါဘူးတဲ့လေ ''
" အော် ဖေဖေရယ် မယူချင်လို့ မယူဘူးပြောတာပဲ ဘာဖြစ်လဲလို့.. ကီကိုလည်း သူ့ကို သဘောမကျပါဘူး အူကြောင်ကြောင်နဲ့ အလကား Alpha ''
" အ..အလကား.. Alpha ဟုတ်လား ''
" မဟုတ်ဘူးလား ''
" အဲ့တာ ဘုရင်ခံရဲ့သားကွ ''
" ဘယ်လို ဘုရင်ခံရဲ့သား ဟုတ်လား ဖေဖေ ''
" ဘာလဲ နောင်တရတယ် ပေါ့ ဟုတ်လား ''
တအံ့တသြ မေးလာတဲ့ ကီကိုကို ခပ်ချေချေနဲ့ မစ္စတာဟာကူက မေးလိုက်သည် ။
" ဟင့်အင်း ဘုရင်ခံရဲ့သားကလည်း သိပ်ပြီး ကျပ်ပြည့်ပုံမပေါ်ပါဘူး သူ့ကို မရွေးချယ်မိတာ ကံကောင်းတာပဲ ''
ထပ်ပြီးသွေးတက်စရာအဖြေကို ရလာမယ်မှန်းမသိလို့ပါ ။ နောက်ဆို မပြောတော့ပါဘူး ။
ရင်ခေါင်းသံကြီးဖြင့် မစ္စတာဟာကူက အတွင်းစိတ်ထဲမှာ အော်ဟစ်ကာ ငိုကျွေးနေမိသည်။
လူလိမ္မာလူယဉ်ကျေး သောက်ကလေးကတော့ ဖင်ခါပြီး အိမ်ပေါ်တက်သွားလေပြီ..။
...................
အခန်းထဲကိုရောက်ရောက်ချင်းကြည့်မိတာကတော့ ကုတင်ပေါ်ပါပဲ ။
ငနာလေး Kitty က အိပ်ကောင်းနေတုန်းပါပဲ ။
" သခင် ''
" အော် ငါက သေနေပြီ မှတ်တာ ''
နှာခေါင်းရှုံ့ကာ ဆိုလာတဲ့ သခင့်ကို မျက်နှာကြီးကို ဦးစားပေးအနေဖြင့်သာ ကြောင်လက်သည်းတွေသုံးပြီး ပရိုမိုးရှင်း လုပ်တဲ့အနေနဲ့ အားရပါးရကုပ်ဖဲ့ပေးလိုက်ချင်ပါရဲ့ ။
" ဟေ့ သားလေး ဒီဖေဖေကို ကြည့်နေတဲ့အကြည့်တွေပြန်ပြင်လိုက်ပါကွယ် ''
" သခင် ငါ ဗိုက်ဆာတယ် ''
" ကျွေးမယ် စားမလား ''
ရှောင်းကျန့်က ညစ်ကျယ်ကျယ်ပြုံးကာ ဘောင်းဘီ ချွတ်လိုက်ရင်း ဆိုသည်။
" ထွီ!!! သခင်စားလေ''
" ဟမ် ငါက ချိစ်ဟော့ဒေါ့ကျွေးမယ်ပြောတာ ''
" အဲ့တာဆို ဘာလို့ ဘောင်းဘီချွတ်နေတာလဲ ''
" အို..ငါက အင်ကျီတွေကိုပါချွတ်နေတာပါနော် အမ်...Kitty မင်း ဘာတွေတွေးနေတာလဲ အဟမ့် ငါက ရေချိုးမလို့ပါကွာ ''
" ဒါ..ဒါဆို ခုနက မျက်နှာက ဘာ.. သဘောလဲ ''
" အော်ဟော်... အဆုံးထိ တွေးပစ်လိုက်တာပေါ့လေ..အဲ့ဒါက အကြံရသွားလို့..ကဲ မင်းစားမယ်မလား ခဏစောင့်ပါ ပြီးရင် မင်းကို အပြင်ခေါ်သွားမယ် ''
Kitty ကတော့ ကြောင်တစ်ကောင်မို့သာ တော်သေးသည်လို့ ပြောရမည်။
လူသာဆိုရင် သူ့မျက်နှာနဲ့ ခန္ဓာကိုယ်လေး နီရဲနေမှာအသေအချာပင် ။
................
ကြောင်လေးကို ပွေ့ကာ ထွက်လာတဲ့ ကောင်လေးက သူ့အနောက်ကနေ လိုက်နေတဲ့ လူသုံးယောက် ကို သတိထားမိ၍ ခဏလေးရပ်ကာ လှည့်ကြည့်လိုက်သည် ။
" လာလေ ဘာလုပ်နေကြတာလဲ ''
တောင်ငေးမြောက်ငေး လူ၃ယောက်က မသိချင်ယောင်ဆောင်နေတာမို့ ရှောင်းကျန့်က ခေါ်လိုက်သည်။
".......''
" ဘာလုပ်နေတာလဲ လာလေ...နားမပါဘူးလားဟမ် ''
" ဟုတ်..ဟုတ်ကဲ့ ''
လူ၃ယောက်ထဲမှ ခေါင်းဆောင်ဖြစ်ဟန်ရှိသည့် လူက နာခံကာ သူ့အနားကို ရောက်လာသည်။ ကျန်နှစ်ယောက်ကလည်း အနောက်ကနေအသာလိုက်လာလေသည်။
" ပြော..ဘာလိုက်လုပ်တာတုန်း ''
" ဟို..အဲ့တာက ဆရာက ခိုင်းလို့ပါ ''
" ဖေဖေ??''
" ......''
" ကောင်းပြီ အဝေးကြီးကတော့ မလိုက်နဲ့ လာ အတူတူသွားကြတာပေါ့ ကီကိုက ဟော့ဒေါ့သွားစားမလို့ ဦလေးကြီးတို့ကိုလည်း ဝယ်ကျွေးမယ် ''
ဆရာကတော်လောင်းက တန်းစီပြီး ပြောသွားလိုက်တာ သူတို့ပြန်ဖြေချိန်တောင်မရလိုက်ဘူး ။ တော်သေးတယ် စတီးလက်ကောက်ဝတ်ပြီး ဝက်စာမံမံတွေနဲ့ ညားတော့မယ် ထင်နေတာ..။
Bodyguard ၃ယောက်လည်း ခပ်တည်တည်နဲ့ ဆရာကတော်လောင်းရဲ့အနောက်ကနေလိုက်သွားလိုက်တော့သည်။
.....................
အပြာရောင် အမျိုးသားရိုးရာဝတ်စုံနဲ့ ဆူဇူကီကို အဖြူရောင်ဝတ်စုံပြည့်နဲ့ အာဆာနိုက ငေးကြည့်နေမိသည်။
" အာဆာနို မပြီးသေးဘူးလား ကြည့်လို့ ''
" အာ..ပြီးပြီ ''
ဖြေပြီးမှ ရှက်သွားကာ ခေါင်းကို ငုံ့လို့ ရှေ့ကနေ အရင်ထွက်လာခဲ့သည်။
" အာဆာနို ''
" ဟုတ်ကဲ့ ''
ရိုးရာကန်တော့ပွဲ ပြီးပြီမို့ သူတို့နှစ်ဦးက အိမ်နှစ်ဆောင်ကြားက ဆက်ထားတဲ့ သစ်သားတံတားရှည်လေးပေါ်မှာ ထိုင်နေကြသည်။
လူကြီးတွေကလည်း ပင်ပန်းထားတာမို့ အနားယူတဲ့သူကယူ ၊ မိသားစုဆွေမျိုးတွေစုံတုန်းမို့ စကားပြောသူကပြော ရှိနဲ့နေကြသည်။
ဆောင်းလဆန်းစအချိန်မို့ အိုရင့်နေသောအရွက်တစ်ချို့က လွင့်ကျနေသည်။ လေကအနည်းငယ် အေးနေပြီး သူတို့၏ ဆံတွေနဲ့ အင်ကျီတွေကို ဖြတ်တိုက်နေသည်။
" အစ်ကို ပြောစရာရှိတယ် ဆိုရင် ပြောပါ ''
" အစ်ကို မင်းကို တောင်းပန်ချင်တယ် ''
" ဘာအတွက်လဲ ''
ဆူဇူကီက ဘာမှ မပြောဘဲ ငြိမ်သက်ကာ အဝေးကို ဆက်ငေးနေလိုက်သည်။
ပြောဖို့ အချိန်မကျသေးဘူး ထင်ပါရဲ့ ။
##########
Zawgyi
တိတ္စမ္း ကီကိုက ငါ့အတြက္ပါဆို..။
ရွီဇုခုက ဘယ္ဘတ္ရင္အုံကို ခပ္ဖြဖြရိုက္ကာ စိတ္ထဲကေန ေျပာလိုက္သည္ ။
" ကီကို ဒီကလူႀကီးက မင္းကို ခ်စ္လြန္းလို႔ ဘယ္လိုလုပ္ရပါ့မလဲ ''
" ဂြၽမ္းထိုးေနလိုက္ေလ ''
႐ုတ္တရက္ ထြက္ေပၚလာတဲ့ စကားသံက စိတ္ကူးယဥ္ဖို႔ အစပ်ိဳးေနေသာ လူပ်ိဳႀကီးရွီဇုခုကို လန့္သြားေစသည့္အျပင္ အေတြးေတြပါ လြင့္သြားေစသည္။
" အမေလး..ကုလားမ..''
" ဘာ..ကုလားမလဲ..''
" မဟုတ္ဘူး ကုလား...''
"..ဘာကြ! !''
" မွားလို႔ မွားလို႔ ေဖေဖက ဘာလာလုပ္ျပန္တာလဲ အလုပ္ၿပီးရင္ ကြၽန္ေတာ္ လာေျပာမယ္လို႔ ေျပာထားတယ္ေလ ''
မစၥတာအီရိက ရွီဇုခုကို စိတ္ပ်က္သလိုၾကည့္ကာ မနိုင္ဘူးဆိုတဲ့သေဘာနဲ႕ ေခါင္းခါသည္။
" မင္းအလုပ္လုပ္ေနတာက ဒါလား ေတာ္ေတာ္ဈာန္ဝင္ေနတာပဲေနာ္ ''
" အဟမ္း လုပ္ေတာ့မွာပါ ေဖေဖကလည္း ..ဘာကိစၥရွိလို႔ ျပန္လာတာလဲ ''
" အင္း သတိလာေပးတာ လာမယ့္ ရက္သတၱပတ္မွာ မင္းကို ေနရာလႊဲေပးမယ္လို႔ ငါေျပာထားတာေလ အဲ့ဒါ ဒီေန႕ အလုပ္ေတြၿပီးေအာင္လုပ္ မနက္ျဖန္ကစၿပီး က်င့္ဝတ္ေတြသင္ယူရမယ္ ''
" ေဖေဖ ''
အသက္၃၄ႏွစ္ အ႐ြယ္ လူပ်ိဳသိုးႀကီးက အခု သူ႕ကို႔ခြၽဲေနတာလား ။ အားယိုး ဘယ္လိုေတာင္ လင္စိတ္သားစိတ္ကုန္ခ်င္စရာႀကီးလဲ ။ ႐ုပ္ခံေလးရွိလို႔သာေတာ္ေသးရဲ႕ ၊ ဒါေတာင္ သြားေလသူ သူ႕အေမနဲ႕ ငါ့ရဲ႕ ႐ုပ္ရည္ေလးအေမြရထားလို႔ ၊ မဟုတ္ရင္ လူၾကမ္း႐ုပ္နဲ႕လမ္းေဘးက အမွိုက္ပုံးထဲ ေခါင္းစိုက္ၿပီး အစာရွာစားတဲ့အ႐ူးနဲ႕ နင္လား ငါလား ျဖစ္ေနေတာ့မွာ ။
မစၥတာအီရိက ေတြးေနရင္း တစ္ခါတည္း မ်က္စိထဲတြင္ ပုံေဖာ္ၾကည့္ၿပီး ဟက္ခနဲ ရယ္လိုက္မိကာ ကိုယ့္ကိုယ္ကို ျပန္ထိန္းလိုက္သည္။
သားျဖစ္သူ က်ပ္မျပည့္တဲ့ Alpha က သူ႕အား အထူးတဆန္း ၾကည့္ေနျပန္တာမို႔ မ်က္ႏွာပိုးျပန္သတ္ရသည္။
" အဟမ္း ဘာၾကည့္တာလဲ အလုပ္ၿပီးေအာင္လုပ္ ငါကေတာ့ ဆုံးျဖတ္ခ်က္ မျပင္နိုင္ဘူး ''
ထြက္သြားတဲ့ ေဖေဖ့ကို ၾကည့္ကာ ရွီဇုခုက သက္ျပင္းခ်ၿပီး အလုပ္ဆက္လုပ္ေနလိုက္သည္ ။
ေလာေလာဆယ္ေတာ့ ကီကိုကို ေမ့ထားအုန္းမယ္ ။ ေနာက္မွ အတိုးခ်ၿပီး လြမ္းမယ္ ။
.........................
" ကီကို! ! ! !...''
အိမ္အဝင္ေပါက္ကေန နားထင္ကို နိုပ္နယ္ကာ ေခၚလာတဲ့အသံက အိမ္ေတာ္တစ္ခုလုံး တုန္သြားသလားေအာက္ေမ့ရတယ္ ။ ဧည့္ခန္းထဲက ဆိုဖာမွာ ထိုင္ကာ အခ်စ္ဒရမ္မာ ကာတြန္းကားကို ၾကည့္ေနတဲ့ ကီကို႔ရဲ႕ လက္ထဲက အာလူးေၾကာ္အငံဘူးေလးေတာင္ ဂြက္ခနဲ ျမည္သံေပးလို႔ ျပဳတ္က်သြားသည္။
" ေဖေဖ ''
သြားၿဖဲကာ ေခၚလာတဲ့ ကီကိုက မ်က္ႏွာခ်ိဳေသြးလို႔ ။
" အမယ္ေလး.. သခင္ေလးရယ္ ေျပာစမ္းပါအုန္း...ေဖေဖ့မ်က္ႏွာကို အမဲဆီသုတ္ရတဲ့အေၾကာင္းအရင္းေလး..''
အနားက ဆိုဖာလြတ္တစ္ခုံေပၚမွာ ဝင္ထိုင္ၿပီး မ်က္လုံးေတြကို ေမွးက်ဥ္းကာ ၾကည့္ေနတဲ့ ေဖေဖက အေတာ္ေလး စိတ္ညစ္ေနပုံပါပဲ ။ ဒါ့ေၾကာင့္ ေျဖရွင္းဖို႔ စကားရွာလိုက္ရတယ္။ သူက ေဖေဖ့မ်က္ႏွာကို ဘယ္တုန္းက အမဲဆီသုတ္ဖူးလို႔လဲ ထိေတာင္မထိဖူးတဲ့ဟာပဲကို။
" ဟို ..ကီကို မသုတ္ပါဘူးေနာ္ အမဲဆီမေျပာနဲ႕ အိုးမဲေတာင္ ကီကိုက အေပမခံပါဘူး ေဖေဖရယ္ ေဖေဖ ဘယ္မွာ သြားေဆာ့ၿပီး အမဲဆီေပလာတာလဲမသိေပမယ့္
ကီကို ကို အျပစ္မပုံခ်သင့္ပါဘူး ''
အျမန္ရွင္းျပလိုက္ေပမယ့္ ေဒါသခိုးေတြ လုံးေနေအာင္ ထြက္လာတဲ့ ေဖေဖက စိတ္ကို ထိန္းကာ ဆိုလာသည္။
" ဒီေဖ...ကီကို ငါေျပာလိုက္ရင္မေကာင္းဘူးရွိေတာ့မယ္ ''
" မေကာင္းရင္ မေျပာပါနဲ႕ ေဖေဖ ''
"ေသြးတက္ေအာင္လုပ္ၿပီး ငါ့ကို ေသေအာင္ ႀကံစည္ေနတာလား..ကီကို ရယ္
ဟမ္ ဟိုေန႕က ေတြ႕ေပးတဲ့ Alpha ကို ဘယ္လိုလုပ္လိုက္တာလဲ ''
" ဘယ္လိုမွ မလုပ္ပါဘူး သူကဘာေျပာလို႔လဲ ေဖေဖ ''
" မင္းကို မယူနိုင္ပါဘူးတဲ့ေလ ''
" ေအာ္ ေဖေဖရယ္ မယူခ်င္လို႔ မယူဘူးေျပာတာပဲ ဘာျဖစ္လဲလို႔.. ကီကိုလည္း သူ႕ကို သေဘာမက်ပါဘူး အူေၾကာင္ေၾကာင္နဲ႕ အလကား Alpha ''
" အ..အလကား.. Alpha ဟုတ္လား ''
" မဟုတ္ဘူးလား ''
" အဲ့တာ ဘုရင္ခံရဲ႕သားကြ ''
" ဘယ္လို ဘုရင္ခံရဲ႕သား ဟုတ္လား ေဖေဖ ''
" ဘာလဲ ေနာင္တရတယ္ ေပါ့ ဟုတ္လား ''
တအံ့တၾသ ေမးလာတဲ့ ကီကိုကို ခပ္ေခ်ေခ်နဲ႕ မစၥတာဟာကူက ေမးလိုက္သည္ ။
" ဟင့္အင္း ဘုရင္ခံရဲ႕သားကလည္း သိပ္ၿပီး က်ပ္ျပည့္ပုံမေပၚပါဘူး သူ႕ကို မေ႐ြးခ်ယ္မိတာ ကံေကာင္းတာပဲ ''
ထပ္ၿပီးေသြးတက္စရာအေျဖကို ရလာမယ္မွန္းမသိလို႔ပါ ။ ေနာက္ဆို မေျပာေတာ့ပါဘူး ။
ရင္ေခါင္းသံႀကီးျဖင့္ မစၥတာဟာကူက အတြင္းစိတ္ထဲမွာ ေအာ္ဟစ္ကာ ငိုေကြၽးေနမိသည္။
လူလိမၼာလူယဥ္ေက်း ေသာက္ကေလးကေတာ့ ဖင္ခါၿပီး အိမ္ေပၚတက္သြားေလၿပီ..။
...................
အခန္းထဲကိုေရာက္ေရာက္ခ်င္းၾကည့္မိတာကေတာ့ ကုတင္ေပၚပါပဲ ။
ငနာေလး Kitty က အိပ္ေကာင္းေနတုန္းပါပဲ ။
" သခင္ ''
" ေအာ္ ငါက ေသေနၿပီ မွတ္တာ ''
ႏွာေခါင္းရႈံ႕ကာ ဆိုလာတဲ့ သခင့္ကို မ်က္ႏွာႀကီးကို ဦးစားေပးအေနျဖင့္သာ ေၾကာင္လက္သည္းေတြသုံးၿပီး ပရိုမိုးရွင္း လုပ္တဲ့အေနနဲ႕ အားရပါးရကုပ္ဖဲ့ေပးလိုက္ခ်င္ပါရဲ႕ ။
" ေဟ့ သားေလး ဒီေဖေဖကို ၾကည့္ေနတဲ့အၾကည့္ေတြျပန္ျပင္လိုက္ပါကြယ္ ''
" သခင္ ငါ ဗိုက္ဆာတယ္ ''
" ေကြၽးမယ္ စားမလား ''
ေရွာင္းက်န့္က ညစ္က်ယ္က်ယ္ၿပဳံးကာ ေဘာင္းဘီ ခြၽတ္လိုက္ရင္း ဆိုသည္။
" ထြီ!!! သခင္စားေလ''
" ဟမ္ ငါက ခ်ိစ္ေဟာ့ေဒါ့ေကြၽးမယ္ေျပာတာ ''
" အဲ့တာဆို ဘာလို႔ ေဘာင္းဘီခြၽတ္ေနတာလဲ ''
" အို..ငါက အင္က်ီေတြကိုပါခြၽတ္ေနတာပါေနာ္ အမ္...Kitty မင္း ဘာေတြေတြးေနတာလဲ အဟမ့္ ငါက ေရခ်ိဳးမလို႔ပါကြာ ''
" ဒါ..ဒါဆို ခုနက မ်က္ႏွာက ဘာ.. သေဘာလဲ ''
" ေအာ္ေဟာ္... အဆုံးထိ ေတြးပစ္လိုက္တာေပါ့ေလ..အဲ့ဒါက အႀကံရသြားလို႔..ကဲ မင္းစားမယ္မလား ခဏေစာင့္ပါ ၿပီးရင္ မင္းကို အျပင္ေခၚသြားမယ္ ''
Kitty ကေတာ့ ေၾကာင္တစ္ေကာင္မို႔သာ ေတာ္ေသးသည္လို႔ ေျပာရမည္။
လူသာဆိုရင္ သူ႕မ်က္ႏွာနဲ႕ ခႏၶာကိုယ္ေလး နီရဲေနမွာအေသအခ်ာပင္ ။
................
ေၾကာင္ေလးကို ေပြ႕ကာ ထြက္လာတဲ့ ေကာင္ေလးက သူ႕အေနာက္ကေန လိုက္ေနတဲ့ လူသုံးေယာက္ ကို သတိထားမိ၍ ခဏေလးရပ္ကာ လွည့္ၾကည့္လိုက္သည္ ။
" လာေလ ဘာလုပ္ေနၾကတာလဲ ''
ေတာင္ေငးေျမာက္ေငး လူ၃ေယာက္က မသိခ်င္ေယာင္ေဆာင္ေနတာမို႔ ေရွာင္းက်န့္က ေခၚလိုက္သည္။
".......''
" ဘာလုပ္ေနတာလဲ လာေလ...နားမပါဘူးလားဟမ္ ''
" ဟုတ္..ဟုတ္ကဲ့ ''
လူ၃ေယာက္ထဲမွ ေခါင္းေဆာင္ျဖစ္ဟန္ရွိသည့္ လူက နာခံကာ သူ႕အနားကို ေရာက္လာသည္။ က်န္ႏွစ္ေယာက္ကလည္း အေနာက္ကေနအသာလိုက္လာေလသည္။
" ေျပာ..ဘာလိုက္လုပ္တာတုန္း ''
" ဟို..အဲ့တာက ဆရာက ခိုင္းလို႔ပါ ''
" ေဖေဖ??''
" ......''
" ေကာင္းၿပီ အေဝးႀကီးကေတာ့ မလိုက္နဲ႕ လာ အတူတူသြားၾကတာေပါ့ ကီကိုက ေဟာ့ေဒါ့သြားစားမလို႔ ဦေလးႀကီးတို႔ကိုလည္း ဝယ္ေကြၽးမယ္ ''
ဆရာကေတာ္ေလာင္းက တန္းစီၿပီး ေျပာသြားလိုက္တာ သူတို႔ျပန္ေျဖခ်ိန္ေတာင္မရလိုက္ဘူး ။ ေတာ္ေသးတယ္ စတီးလက္ေကာက္ဝတ္ၿပီး ဝက္စာမံမံေတြနဲ႕ ညားေတာ့မယ္ ထင္ေနတာ..။
Bodyguard ၃ေယာက္လည္း ခပ္တည္တည္နဲ႕ ဆရာကေတာ္ေလာင္းရဲ႕အေနာက္ကေနလိုက္သြားလိုက္ေတာ့သည္။
.....................
အျပာေရာင္ အမ်ိဳးသားရိုးရာဝတ္စုံနဲ႕ ဆူဇူကီကို အျဖဴေရာင္ဝတ္စုံျပည့္နဲ႕ အာဆာနိုက ေငးၾကည့္ေနမိသည္။
" အာဆာနို မၿပီးေသးဘူးလား ၾကည့္လို႔ ''
" အာ..ၿပီးၿပီ ''
ေျဖၿပီးမွ ရွက္သြားကာ ေခါင္းကို ငုံ႕လို႔ ေရွ႕ကေန အရင္ထြက္လာခဲ့သည္။
" အာဆာနို ''
" ဟုတ္ကဲ့ ''
ရိုးရာကန္ေတာ့ပြဲ ၿပီးၿပီမို႔ သူတို႔ႏွစ္ဦးက အိမ္ႏွစ္ေဆာင္ၾကားက ဆက္ထားတဲ့ သစ္သားတံတားရွည္ေလးေပၚမွာ ထိုင္ေနၾကသည္။
လူႀကီးေတြကလည္း ပင္ပန္းထားတာမို႔ အနားယူတဲ့သူကယူ ၊ မိသားစုေဆြမ်ိဳးေတြစုံတုန္းမို႔ စကားေျပာသူကေျပာ ရွိနဲ႕ေနၾကသည္။
ေဆာင္းလဆန္းစအခ်ိန္မို႔ အိုရင့္ေနေသာအ႐ြက္တစ္ခ်ိဳ႕က လြင့္က်ေနသည္။ ေလကအနည္းငယ္ ေအးေနၿပီး သူတို႔၏ ဆံေတြနဲ႕ အင္က်ီေတြကို ျဖတ္တိုက္ေနသည္။
" အစ္ကို ေျပာစရာရွိတယ္ ဆိုရင္ ေျပာပါ ''
" အစ္ကို မင္းကို ေတာင္းပန္ခ်င္တယ္ ''
" ဘာအတြက္လဲ ''
ဆူဇူကီက ဘာမွ မေျပာဘဲ ၿငိမ္သက္ကာ အေဝးကို ဆက္ေငးေနလိုက္သည္။
ေျပာဖို႔ အခ်ိန္မက်ေသးဘူး ထင္ပါရဲ႕ ။
##########