ချစ်သူ့ရွှေစင် သူ့ရုပ်သွင်ကို...

By Khin_Maykha

90.5K 6.8K 1K

ကျွန်မတို့ ရာဇဝင်ဘက်ကို တစ်‌ခါ‌ေလာက်အတူသွားကြရအောင်လား။ကြၽန္မတို႔ ရာဇဝင္ဘက္ကို တစ္‌ခါ‌ေလာက္အတူသြားၾကရေအာင္လား။ More

Intro
Chapter 1
Chapter 2
Chapter 4
Chapter 3
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Final

Chapter 25

1.1K 102 13
By Khin_Maykha

"ကိုယ်တော့် ဝမ်ကို အပစ်ပုံရအောင်ထိ မယ်မင်းက သိပ်ကိုအတင့်ရဲနေပါရောလား...."

စစ်ဆေးရာနေရာအထိ လိုက်လာတဲ့ ရှောင်းဘုရင်ကြောင့် အခန်းတွင်းရှိသူအကုန် ထိတ်လန့်ကြောက်ရွံ့နေရသလို မိဘုရားခေါင်ကြီး ယန်လီမှာလဲ အံ့ဩစိတ်တို့ဖြစ်နေရသည်။

"မောင်တော်..."

ယန်လီခပ်တိုးတိုးခေါ်လိုက်တော့

"အ‌မတော် အသာနေ...."

အခုလိုအော်ဟစ်ဖို့ဝေးစွ။လေသံမာမာနဲ့တောင်မဆိုခဲ့ဘူးတဲ့ မောင်တော်မင်းကြီးကြောင့် ယန်လီဝမ်းနည်းစိတ်တို့ ဖိတ်လျှံလာရ၏။

"‌မှန်ရာကိုဖြေမလား....အသက်အသေခံမလား...."

လက်သုံး‌တော်ဓါးကို ဆွဲထုတ်ကာ နန်းတွင်းသူလေးရဲ့လည်ပင်းပေါ်တင်လို့ မေးမြန်းနေတဲ့ မောင်တော့်အား ယန်လီမမြင်ဖူးသူတယောက်လိုသာ ငေးကြည့်နေမိသည်။

"စိုး...စိုးရွံ့လှပါတယ်....အရှင်....အသက်...အသက်ချမ်းသာပေးပါ...."

ရှောင်းဘုရင်ရဲ့ အမျက်ဒေါသကြောင့် တုန်တုန်ယင်ယင်နဲ့ အသက်ဘေးလွတ်ဖို့ရာသာ တောင်းပန်ခယနေသူ အပျိုတော်အား

"ဖြေစမ်း....ဘယ်သူပြောခိုင်း လုပ်ခိုင်းတာ...."

တခွန်းမေးလိုက်တိုင်း လည်တိုင်မှာတချက်နစ်ဝင်သွားတဲ့ဓါးချက်ကြောင့်ရော ရေမြေ့သခင်ရဲ့ ပြင်းရှလှတဲ့ အာဏာစက်ကြောင့် သေခါမှ သေရောဆိုတဲ့စကားရပ်ကို နှလုံးမူလို့

"မြောက်ဆောင်တော်မယ်မယ်ပြောခိုင်းလို့ပါ....ကျနော်မျိုးမကိုအသက်ချမ်းသာပေးပါ....သေလောက်တဲ့ ပစ်မှုကြီး ကျူးလွန်မိပါတယ် အရှင်မင်းကြီးဘုရား...."

နန်းတွင်းသူလေးရဲ့ စကားသံအဆုံး စူးရှလှတဲ့ ရှောင်းအရှင်ရဲ့ ဒေါသမျက်ဝန်းတို့က ယန်လီနောက်မှာ ရပ်နေတဲ့ ရွှင်လီထံဆိုက်ရောက်လာသည်။ ကာယကံရှင်ရွှင်လီ မဆိုထားနဲ့ ဒီအရေးနဲ့ဘာမှမသက်ဆိုင်တဲ့ နန်းမတော်ကြီး ယန်လီပင် ရှောင်းဘုရင်ရဲ့ စူးရဲလှတဲ့ မျက်ဝန်းများကြောင့် ထိတ်လန့်တုန်လှုပ်သွားရသည်။ ရွှင်လီမှာမူ ပြောဖွယ်ရာမရှိ။အလန့်ကြီးလန့်သွားရကာ နန်းမတော်ကြီးနောက်ကို ကွယ်‌လိုက်မိသည်။

"ဟုတ်တာပေါ့ သေလောက်တဲ့ပစ်မှုကြီးဆိုတော့ မယ်မင်းသေလိုက်တော့...."

စစ်‌ေဆးရေးခန်း‌ေလထုက တမဟုတ်ချင်းအေးစက်သွားရသလို ခံစားလိုက်ကြရသည်။ခပ်ပြုံးပြုံးဆိုလိုက်ရင်း  နန်းတွင်းသူရဲ့ လည်ပင်းကို တိခနဲနေအောင် ဓါးနဲ့ ပိုင်းဖြတ်ချလိုက်တဲ့ ရှောင်းဘုရင်ရဲ့ အပြုမူက ဘယ်သူမှ ထင်မှတ်မထားတာမို့ အကုန်မှင်သက်စွာ ရပ်ကြည့်နေမိခိုက်

"အရှင်....."

အရှင့်နောက်ကို အပြေးလိုက်လာပေမဲ့ ရိပေါ်အလာနှောင်းသွားခဲ့ရချေပြီ။အခန်းဝမှာတင် ရပ်တန့်မိကာ ရိပေါ် အရှင့်ကို ကြောက်လန့်တကြားနဲ့ အော်ခေါ်မိလိုက်‌တော့

"ဝမ်...."

လက်သုံးတော်ဓါးဦးထိပ်စီမှ သွေးစက်တို့က တစက်စက်ကျဆင်းနေသလို ရိပေါ်ဘက်ကိုလှည့်ကြည့်လာတဲ့ ရှောင်းအရှင်ရဲ့ မျက်နှာတော်ထပ်မှာလဲ သွေးစက်တို့က စွန်းထင်းပေကျံလျက်။

"ဘာလို့လဲ....ဘာလို့သတ်လိုက်ရတာလဲ...."

မျက်ရည်ကြည်တို့က ပြည့်ဝိုင်းလျက် နီတျာတျာနှုတ်ခမ်းဖူးလေးများပင် တဆတ်ဆတ်တုန်ယင်သည်အထိ ထိတ်လန့်နေရှာတဲ့ ကြင်ယာတော်လေးဆီမှ တိုးသဲ့သဲ့စကားသံတို့‌ကြောင့်

"အကုန်လုံးမှတ်မိအောင် ဒီဥပမာကိုကြည့်ထားကြ....မြောက်နန်းကြင်ယာတော်ကို ထိခိုက်အောင်လုပ်ဖို့ မပြောနဲ့....မျက်စောင်းတချက်ရွယ်တဲ့သူရှိ‌ရင်တောင် ကိုယ်တော့်လက်သူံးတော်ဓါးက လည်ပင်းမရွေးဘူး....."

အခန်းတွင်းရှိလူအားလူံးကို ဝေ့ဝဲကြည့်ရင်း ရှောင်းကျန့်ပြောလိုက်မိသည်။

ခုနကဘုရင်တပါးရဲ့ ဘုန်းရှိန်ဝါတွေနဲ့ အမိန့်စကားပြောကြားခဲ့တဲ့ အရှင်က မတူခြားနားစွာနဲ့ လူစားလဲခံလိုက်ရသည့်နှယ့်။

အခန်းဝမှာတင် တောင့်တောင့်လေးရပ်နေတဲ့ ကြောက်လန့်မှုကြောင့် လက်ဖျားလေးတွေပင် အေးစက်နေသော ကြင်ယာတော်လေးကို တယုတယဖက်ထွေးထားလိုက်ပြီးမှ

"မြောက်ဆောင်တော်မိဘုရားကို ဆွဲထုတ်သွားကြစမ်း....အဆောင်တွင်းအကျယ်ချုပ်နဲ့ တလ ချိတ်ပိတ်ထားလိုက်.....ဘယ်သူနဲ့မှ အဆက်ဆံမရှိစေနဲ့....."

ရွှင်လီကို ဒေါသမျက်ဝန်းများနဲ့ စိုက်ကြည့်ကာ အမိန့်ပေးစေခိုင်းလာတဲ့ ရှောင်းဘုရင်ရဲ့ အသွင်က တကယ့်နတ်ဆိုးတပါးလိုပင်။ရွှင်လီခမျာ ကြောက်ဒူးတွေ တဆတ်ဆတ်တုန်ကာ ဘာစကားမှ မဆိူနိုင်ထိ ထိတ်လန့်တုန်လှုပ်နေရပေသည်။

မြောက်နန်းကြင်ယာတော်ရဲ့ကိုယ်လေးကို ပွေ့မချီရုံတမယ် ထွေးဖက်ကာ ပြန်လည်ကြွချီသွားတဲ့ အရှင်မင်းကြီးရဲ့ ကျောပြင်ကျယ်ကြီးက မောင်တော်အပေါ်ကိုမှ အချစ်ကြီး ချစ်ရသူယန်လီရဲ့ နှလုံးအိမ်ကို အစိမ်းလိုက်ဓါးနဲ့မွှန်းသွားသလို နာကြင်လွန်းလှပေသည်။သွေးစိမ်းရှင်ရှင်ကျနေတဲ့ နှလုံးအိမ်ကနေ မျက်ရည်အဖြစ်သို့ ရွာသွန်းရမိပေတော့သည်။

*အဲ့သလောက်တောင် ချစ်မြတ်နိုးရတယ်လား မောင်တော်ရယ်....မှတ်မိအောင်ကြည့်ထားကြတဲ့လား....လောကမှာ မိန်းမသားဆိုတဲ့ အမျိုးက ကိုယ့်ကိုနာကြင်စေတဲ့ မှတ်ဉာဏ်တွေကို တယုတယသိမ်းဆည်းထားတက်ကြတာကိုရော မောင်တော်မသိနိုင်ဘူးလား....အမတော်ရင်‌‌တွေ နာလွန်းလှပြီ မောင်တော်ရယ်....*

လည်ချောင်းမှ တဆင့်ထိုးတက်လာတဲ့ အပူလူံးကြီးကြောင့် နှုတ်ဖျားကနေ ပွင့်ဟထွက်မလာခင် ခက်ခဲပင်ပန်းစွာနဲ့ မျိုချလိုက်ရပေသည်။

"အမတော်...."

တုန်တုန်ခိုက်ခိုက်ရှိလွန်းလှတဲ့ ရွှင်လီအသံကြားမှ နာကြင်စရာအတွေးစိတ်တို့ကနေ ယန်လီရုန်းထွက်လာမိသည်။

"ကယ်တင်ပါဦးအမတော်....အရှင်မင်းကြီးရဲ့ အမျက်ဒေါသကနေ ကယ်တင်‌ပါဦး...."

အခုမှ ကြောက်လန့်တကြားငိုကြွေးကာ မိမိဝတ်ရုံအနားစကိုဆွဲကိုင် ဒူးထောက်ရင်း အကူညီတောင်းနေတဲ့ ရွှင်လီလက်တို့ကို ဖယ်လိုက်ပြီး စိတ်ပျက်သလိုတချက်ကြည့်ကာ ယန်လီထိုနေရာမှ ထွက်လာခဲ့မိတော့၏။

         ✨✨✨✨✨✨

ရှောင်းကျန့်ခေါ်ဆောင်ရာနောက်ကို ငြိမ်ငြိမ်လေးလိုက်ပါလာတဲ့ ကြင်ယာတော်ငယ်လေးက သူစံစားရာ ရီခွန်းနန်းဆောင်ရောက်သည်အထိ အသိစိတ်မဲ့နေသူလို မျက်ရည်တွေသာစီးကြနေပေသည်။

"ဝမ်....."

ချယ်ရီပွင့်လွာလေးများလို နူးညံ့သိမ်မွေ့လွန်းလှတဲ့ ကြင်ယာတော်လေးကို နူးနူးညံ့ညံ့နဲ့ ရှောင်းကျန့်ခေါ်လိုက်ကာ မေးဖျားလေးကို ပင့်မော့စေလိုက်မှ ဖန်ရည်ရောင် မျက်ဝန်းလဲ့လဲ့လေးတွေနဲ့ပြန်ကြည့်လာသည်။

"သိပ်ထိတ်လန့်သွားသလား ဝမ်ငယ်....ဟင်..."

ပါးပြင်ဥဥပေါ်မှာ မျက်ရည်စတို့ကို လက်နဲ့အသာဖယ်သုတ်ပေးရင်း မေးလိုက်ပေမဲ့ ကြင်ယာတော်လေးကတော့ အသံတိတ်လျက်သာ။

အရှင်က သူ့ကို နူးညံ့ညင်သာစွာ ပြောဆိုယုယနေပေမဲ့ ခုနက ပုံရိပ်တို့က ရိပေါ်မျက်လုံးထဲကမထွက်နိုင်သည်အထိ စိုး‌ေကြာက်နေရသည်။ဒါကိုသိနေတဲ့အရှင်က

"ကိုယ်တော်က ဝမ်ငယ်ကို မြတ်နိုးလွန်းတာမို့ ဘယ်သူ့ရဲ့အပစ်တင်အပြောအဆိုအကြည့်အရူကိုမှ မခံနိုင်ဘူး...."

အရှင်ပီသစွာနဲ့ သူ့အတ္တကိုသာရှေ့တန်းတင်နေပြန်တဲ့ အရှင့်အား

"ဘာလို့သတ်လိုက်ရတာလဲ....လူ့အသက်တချောင်းက အဲ့လောက်တောင် တန်ဖိုးမဲ့လွန်းနေရပြီလား...."

ရိပေါ်မော့ကြည့်ရင်း ရှိုက်သံတစွန်းတစနဲ့မေးမိတော့

"ဘာလို့သတ်လဲ ဟုတ်လား....ဝမ့်ကို အပစ်ပုံချနေတာကို ကိုယ်တော်က ဒီအတိုင်းကြည့်နေရမှာလား....အပစ်ရှိတဲ့သူမို့ အပစ်ပေးတာလေ...."

"သတ်လိုက်မှဖြစ်မှာလား.....ဖြေရှင်းလို့မရ‌နိုင်လို့လား အရှင်...."

ရိပေါ်ရဲ့ ဝမ်းနည်းစိတ်နဲ့ ဆိုလိုက်တဲ့ တိုးသဲ့သဲ့စကားသံကြောင့် ရှောင်းအရှင်က

"တော်တော့ ဝမ်....ဘာမဟုတ်တဲ့ မိန်းမသူတယောက်ကြောင့် ဝမ်းနည်းမျက်ရည်ကြနေတဲ့ ဖြစ်ရပ်ကို တော်လိုက်တော့....ဒီလိုပုံစံမျိုးနဲ့ဆို အနောက်ဆောင်ကို ဝမ်ဘယ်လိုကိုင်တွယ်မလဲ....ဒါဟာဥပမာပေးလိုက်တာ....ဒါမှနောက်တခါ ဝမ့်ကိုဘယ်သူမှမထိပါးရဲမှာ....."

ဒေါသသံနဲ့ ခပ်ပြတ်ပြတ်မိန့်လာတဲ့ အရှင်က သလွန်ပေါ်ထိုင်နေရာမှ ထရပ်လိုက်ပြီး

"ဝမ်ပင်ပန်းနေပြီ....အေးအေးဆေးဆေးအနားယူလိုက်ဦး...."

အရှင်ထထွက်သွားသည်အထိ ရိပေါ် သလွန်ထက်မှာ ထိုင်နေမိတုန်းပင်။

*အရှင့်စိတ်ကို ရိပေါ်နားလည်ပါတယ်....ရိပေါ်ကို ချစ်မြတ်နိုးလို့ ပြုမူခဲ့တာဆိုပေမဲ့ သတ်ပစ်တဲ့အထိ ကျူးလွန်လိုက်တာက ဆိုးရွားလွန်းလှတယ် အရှင်....ရိပေါ်အရှင့်ကို ကြောက်တယ်....ချစ်လဲချစ်တယ်.....*

ကြင်ယာတော်ဝမ်တယောက် စိတ်ရှုပ်ထွေးစွာနဲ့ သလွန်ပေါ်လှဲချလိုက်မိတော့သည်။

ချစ်ခြင်းအားဖြင့်

Khin Maykha

(Zawgyi)

"ကိုယ္ေတာ့္ ဝမ္ကို အပစ္ပုံရေအာင္ထိ မယ္မင္းက သိပ္ကိုအတင့္ရဲေနပါေရာလား...."

စစ္ေဆးရာေနရာအထိ လိုက္လာတဲ့ ေရွာင္းဘုရင္ေၾကာင့္ အခန္းတြင္းရွိသူအကုန္ ထိတ္လန႔္ေၾကာက္႐ြံ႕ေနရသလို မိဘုရားေခါင္ႀကီး ယန္လီမွာလဲ အံ့ဩစိတ္တို႔ျဖစ္ေနရသည္။

"ေမာင္ေတာ္..."

ယန္လီခပ္တိုးတိုးေခၚလိုက္ေတာ့

"အ‌မေတာ္ အသာေန...."

အခုလိုေအာ္ဟစ္ဖို႔ေဝးစြ။ေလသံမာမာနဲ႕ေတာင္မဆိုခဲ့ဘူးတဲ့ ေမာင္ေတာ္မင္းႀကီးေၾကာင့္ ယန္လီဝမ္းနည္းစိတ္တို႔ ဖိတ္လွ်ံလာရ၏။

"‌မွန္ရာကိုေျဖမလား....အသက္အေသခံမလား...."

လက္သုံးေတာ္ဓါးကို ဆြဲထုတ္ကာ နန္းတြင္းသူေလးရဲ႕လည္ပင္းေပၚတင္လို႔ ေမးျမန္းေနတဲ့ ေမာင္ေတာ့္အား ယန္လီမျမင္ဖူးသူတေယာက္လိုသာ ေငးၾကည့္ေနမိသည္။

"စိုး...စိုး႐ြံ႕လွပါတယ္....အရွင္....အသက္...အသက္ခ်မ္းသာေပးပါ...."

ေရွာင္းဘုရင္ရဲ႕ အမ်က္ေဒါသေၾကာင့္ တုန္တုန္ယင္ယင္နဲ႕ အသက္ေဘးလြတ္ဖို႔ရာသာ ေတာင္းပန္ခယေနသူ အပ်ိဳေတာ္အား

"ေျဖစမ္း....ဘယ္သူေျပာခိုင္း လုပ္ခိုင္းတာ...."

တခြန္းေမးလိုက္တိုင္း လည္တိုင္မွာတခ်က္နစ္ဝင္သြားတဲ့ဓါးခ်က္ေၾကာင့္ေရာ ေရေျမ့သခင္ရဲ႕ ျပင္းရွလွတဲ့ အာဏာစက္ေၾကာင့္ ေသခါမွ ေသေရာဆိုတဲ့စကားရပ္ကို ႏွလုံးမူလို႔

"ေျမာက္ေဆာင္ေတာ္မယ္မယ္ေျပာခိုင္းလို႔ပါ....က်ေနာ္မ်ိဳးမကိုအသက္ခ်မ္းသာေပးပါ....ေသေလာက္တဲ့ ပစ္မႈႀကီး က်ဴးလြန္မိပါတယ္ အရွင္မင္းႀကီးဘုရား...."

နန္းတြင္းသူေလးရဲ႕ စကားသံအဆုံး စူးရွလွတဲ့ ေရွာင္းအရွင္ရဲ႕ ေဒါသမ်က္ဝန္းတို႔က ယန္လီေနာက္မွာ ရပ္ေနတဲ့ ႐ႊင္လီထံဆိုက္ေရာက္လာသည္။ ကာယကံရွင္႐ႊင္လီ မဆိုထားနဲ႕ ဒီအေရးနဲ႕ဘာမွမသက္ဆိုင္တဲ့ နန္းမေတာ္ႀကီး ယန္လီပင္ ေရွာင္းဘုရင္ရဲ႕ စူးရဲလွတဲ့ မ်က္ဝန္းမ်ားေၾကာင့္ ထိတ္လန႔္တုန္လႈပ္သြားရသည္။ ႐ႊင္လီမွာမူ ေျပာဖြယ္ရာမရွိ။အလန႔္ႀကီးလန႔္သြားရကာ နန္းမေတာ္ႀကီးေနာက္ကို ကြယ္‌လိုက္မိသည္။

"ဟုတ္တာေပါ့ ေသေလာက္တဲ့ပစ္မႈႀကီးဆိုေတာ့ မယ္မင္းေသလိုက္ေတာ့...."

စစ္‌ေဆးေရးခန္း‌ေလထုက တမဟုတ္ခ်င္းေအးစက္သြားရသလို ခံစားလိုက္ၾကရသည္။ခပ္ၿပဳံးၿပဳံးဆိုလိုက္ရင္း  နန္းတြင္းသူရဲ႕ လည္ပင္းကို တိခနဲေနေအာင္ ဓါးနဲ႕ ပိုင္းျဖတ္ခ်လိဳက္တဲ့ ေရွာင္းဘုရင္ရဲ႕ အျပဳမူက ဘယ္သူမွ ထင္မွတ္မထားတာမို႔ အကုန္မွင္သက္စြာ ရပ္ၾကည့္ေနမိခိုက္

"အရွင္....."

အရွင့္ေနာက္ကို အေျပးလိုက္လာေပမဲ့ ရိေပၚအလာေႏွာင္းသြားခဲ့ရေခ်ၿပီ။အခန္းဝမွာတင္ ရပ္တန႔္မိကာ ရိေပၚ အရွင့္ကို ေၾကာက္လန႔္တၾကားနဲ႕ ေအာ္ေခၚမိလိုက္‌ေတာ့

"ဝမ္...."

လက္သုံးေတာ္ဓါးဦးထိပ္စီမွ ေသြးစက္တို႔က တစက္စက္က်ဆင္းေနသလို ရိေပၚဘက္ကိုလွည့္ၾကည့္လာတဲ့ ေရွာင္းအရွင္ရဲ႕ မ်က္ႏွာေတာ္ထပ္မွာလဲ ေသြးစက္တို႔က စြန္းထင္းေပက်ံလ်က္။

"ဘာလို႔လဲ....ဘာလို႔သတ္လိုက္ရတာလဲ...."

မ်က္ရည္ၾကည္တို႔က ျပည့္ဝိုင္းလ်က္ နီတ်ာတ်ာႏႈတ္ခမ္းဖူးေလးမ်ားပင္ တဆတ္ဆတ္တုန္ယင္သည္အထိ ထိတ္လန႔္ေနရွာတဲ့ ၾကင္ယာေတာ္ေလးဆီမွ တိုးသဲ့သဲ့စကားသံတို႔‌ေၾကာင့္

"အကုန္လုံးမွတ္မိေအာင္ ဒီဥပမာကိုၾကည့္ထားၾက....ေျမာက္နန္းၾကင္ယာေတာ္ကို ထိခိုက္ေအာင္လုပ္ဖို႔ မေျပာနဲ႕....မ်က္ေစာင္းတခ်က္႐ြယ္တဲ့သူရွိ‌ရင္ေတာင္ ကိုယ္ေတာ့္လက္သူံးေတာ္ဓါးက လည္ပင္းမေ႐ြးဘူး....."

အခန္းတြင္းရွိလူအားလူံးကို ေဝ့ဝဲၾကည့္ရင္း ေရွာင္းက်န႔္ေျပာလိုက္မိသည္။

ခုနကဘုရင္တပါးရဲ႕ ဘုန္းရွိန္ဝါေတြနဲ႕ အမိန႔္စကားေျပာၾကားခဲ့တဲ့ အရွင္က မတူျခားနားစြာနဲ႕ လူစားလဲခံလိုက္ရသည့္ႏွယ့္။

အခန္းဝမွာတင္ ေတာင့္ေတာင့္ေလးရပ္ေနတဲ့ ေၾကာက္လန႔္မႈေၾကာင့္ လက္ဖ်ားေလးေတြပင္ ေအးစက္ေနေသာ ၾကင္ယာေတာ္ေလးကို တယုတယဖက္ေထြးထားလိုက္ၿပီးမွ

"ေျမာက္ေဆာင္ေတာ္မိဘုရားကို ဆြဲထုတ္သြားၾကစမ္း....အေဆာင္တြင္းအက်ယ္ခ်ဳပ္နဲ႕ တလ ခ်ိတ္ပိတ္ထားလိုက္....."

႐ႊင္လီကို ေဒါသမ်က္ဝန္းမ်ားနဲ႕ စိုက္ၾကည့္ကာ အမိန႔္ေပးေစခိုင္းလာတဲ့ ေရွာင္းဘုရင္ရဲ႕ အသြင္က တကယ့္နတ္ဆိုးတပါးလိုပင္။႐ႊင္လီခမ်ာ ေၾကာက္ဒူးေတြ တဆတ္ဆတ္တုန္ကာ ဘာစကားမွ မဆိူနိုင္ထိ ထိတ္လန႔္တုန္လႈပ္ေနရေပသည္။

ေျမာက္နန္းၾကင္ယာေတာ္ရဲ႕ကိုယ္ေလးကို ေပြ႕မခ်ီ႐ုံတမယ္ ေထြးဖက္ကာ ျပန္လည္ႂကြခ်ီသြားတဲ့ အရွင္မင္းႀကီးရဲ႕ ေက်ာျပင္က်ယ္ႀကီးက ေမာင္ေတာ္အေပၚကိုမွ အခ်စ္ႀကီး ခ်စ္ရသူယန္လီရဲ႕ ႏွလုံးအိမ္ကို အစိမ္းလိုက္ဓါးနဲ႕မႊန္းသြားသလို နာၾကင္လြန္းလွေပသည္။ေသြးစိမ္းရွင္ရွင္က်ေနတဲ့ ႏွလုံးအိမ္ကေန မ်က္ရည္အျဖစ္သို႔ ႐ြာသြန္းရမိေပေတာ့သည္။

*အဲ့သေလာက္ေတာင္ ခ်စ္ျမတ္နိုးရတယ္လား ေမာင္ေတာ္ရယ္....မွတ္မိေအာင္ၾကည့္ထားၾကတဲ့လား....ေလာကမွာ မိန္းမသားဆိုတဲ့ အမ်ိဳးက ကိုယ့္ကိုနာၾကင္ေစတဲ့ မွတ္ဉာဏ္ေတြကို တယုတယသိမ္းဆည္းထားတက္ၾကတာကိုေရာ ေမာင္ေတာင္မသိနိုင္ဘူးလား....အမေတာ္ရင္‌‌ေတြ နာလြန္းလွၿပီ ေမာင္ေတာ္ရယ္....*

လည္ေခ်ာင္းမွ တဆင့္ထိုးတက္လာတဲ့ အပူလူံးႀကီးေၾကာင့္ ႏႈတ္ဖ်ားကေန ပြင့္ဟထြက္မလာခင္ ခက္ခဲပင္ပန္းစြာနဲ႕ မ်ိဳခ်လိဳက္ရေပသည္။

"အမေတာ္...."

တုန္တုန္ခိုက္ခိုက္ရွိလြန္းလွတဲ့ ႐ႊင္လီအသံၾကားမွ နာၾကင္စရာအေတြးစိတ္တို႔ကေန ယန္လီ႐ုန္းထြက္လာမိသည္။

"ကယ္တင္ပါဦးအမေတာ္....အရွင္မင္းႀကီးရဲ႕ အမ်က္ေဒါသကေန ကယ္တင္‌ပါဦး...."

အခုမွ ေၾကာက္လန႔္တၾကားငိုေႂကြးကာ မိမိဝတ္႐ုံအနားစကိုဆြဲကိုင္ ဒူးေထာက္ရင္း အကူညီေတာင္းေနတဲ့ ႐ႊင္လီလက္တို႔ကို ဖယ္ယုတ္လိုက္ၿပီး စိတ္ပ်က္သလိုတခ်က္ၾကည့္ကာ ယန္လီထိုေနရာမွ ထြက္လာခဲ့မိေတာ့၏။

         ✨✨✨✨✨✨

ေရွာင္းက်န႔္ေခၚေဆာင္ရာေနာက္ကို ၿငိမ္ၿငိမ္ေလးလိုက္ပါလာတဲ့ ၾကင္ယာေတာ္ငယ္ေလးက သူစံစားရာ ရီခြန္းနန္းေဆာင္ေရာက္သည္အထိ အသိစိတ္မဲ့ေနသူလို မ်က္ရည္ေတြသာစီးၾကေနေပသည္။

"ဝမ္....."

ခ်ယ္ရီပြင့္လြာေလးမ်ားလို ႏူးညံ့သိမ္ေမြ႕လြန္းလွတဲ့ ၾကင္ယာေတာ္ေလးကို ႏူးႏူးညံ့ညံ့နဲ႕ ေရွာင္းက်န႔္ေခၚလိုက္ကာ ေမးဖ်ားေလးကို ပင့္ေမာ့ေစလိုက္မွ ဖန္ရည္ေရာင္ မ်က္ဝန္းလဲ့လဲ့ေလးေတြနဲ႕ျပန္ၾကည့္လာသည္။

"သိပ္ထိတ္လန႔္သြားသလား ဝမ္ငယ္....ဟင္..."

ပါးျပင္ဥဥေပၚမွာ မ်က္ရည္စတို႔ကို လက္နဲ႕အသာဖယ္သုတ္ေပးရင္း ေမးလိုက္ေပမဲ့ ၾကင္ယာေတာ္ေလးကေတာ့ အသံတိတ္လ်က္သာ။

အရွင္က သူ႕ကို ႏူးညံ့ညင္သာစြာ ေျပာဆိုယုယေနေပမဲ့ ခုနက ပုံရိပ္တို႔က ရိေပၚမ်က္လုံးထဲကမထြက္နိုင္သည္အထိ စိုး‌ေၾကာက္ေနရသည္။ဒါကိုသိေနတဲ့အရွင္က

"ကိုယ္ေတာ္က ဝမ္ငယ္ကို ျမတ္နိုးလြန္းတာမို႔ ဘယ္သူ႕ရဲ႕အပစ္တင္အေျပာအဆိုအၾကည့္အ႐ူကိုမွ မခံနိုင္ဘူး...."

အရွင္ပီသစြာနဲ႕ သူ႕အတၱကိုသာေရွ႕တန္းတင္ေနျပန္တဲ့ အရွင့္အား

"ဘာလို႔သတ္လိုက္ရတာလဲ....လူ႕အသက္တေခ်ာင္းက အဲ့ေလာက္ေတာင္ တန္ဖိုးမဲ့လြန္းေနရၿပီလား...."

ရိေပၚေမာ့ၾကည့္ရင္း ရွိုက္သံတစြန္းတစနဲ႕ေမးမိေတာ့

"ဘာလို႔သတ္လဲ ဟုတ္လား....ဝမ့္ကို အပစ္ပုံခ်ေနတာကို ကိုယ္ေတာ္က ဒီအတိုင္းၾကည့္ေနရမွာလား....အပစ္ရွိတဲ့သူမို႔ အပစ္ေပးတာေလ...."

"သတ္လိုက္မွျဖစ္မွာလား.....ေျဖရွင္းလို႔မရ‌နိုင္လို႔လား အရွင္...."

ရိေပၚရဲ႕ ဝမ္းနည္းစိတ္နဲ႕ ဆိုလိုက္တဲ့ တိုးသဲ့သဲ့စကားသံေၾကာင့္ ေရွာင္းအရွင္က

"ေတာ္ေတာ့ ဝမ္....ဘာမဟုတ္တဲ့ မိန္းမသူတေယာက္ေၾကာင့္ ဝမ္းနည္းမ်က္ရည္ၾကေနတဲ့ ျဖစ္ရပ္ကို ေတာ္လိုက္ေတာ့....ဒီလိုပုံစံမ်ိဳးနဲ႕ဆို အေနာက္ေဆာင္ကို ဝမ္ဘယ္လိုကိုင္တြယ္မလဲ....ဒါဟာဥပမာေပးလိုက္တာ....ဒါမွေနာက္တခါ ဝမ့္ကိုဘယ္သူမွမထိပါးရဲမွာ....."

ေဒါသသံနဲ႕ ခပ္ျပတ္ျပတ္မိန႔္လာတဲ့ အရွင္က သလြန္ေပၚထိုင္ေနရာမွ ထရပ္လိုက္ၿပီး

"ဝမ္ပင္ပန္းေနၿပီ....ေအးေအးေဆးေဆးအနားယူလိုက္ဦး...."

အရွင္ထထြက္သြားသည္အထိ ရိေပၚ သလြန္ထက္မွာ ထိုင္ေနမိတုန္းပင္။

*အရွင့္စိတ္ကို ရိေပၚနားလည္ပါတယ္....ရိေပၚကို ခ်စ္ျမတ္နိုးလို႔ ျပဳမူခဲ့တာဆိုေပမဲ့ သတ္ပစ္တဲ့အထိ က်ဴးလြန္လိုက္တာက ဆိုး႐ြားလြန္းလွတယ္ အရွင္....ရိေပၚအရွင့္ကို ေၾကာက္တယ္....ခ်စ္လဲခ်စ္တယ္.....*

ၾကင္ယာေတာ္ဝမ္တေယာက္ စိတ္ရႈပ္ေထြးစြာနဲ႕ သလြန္ေပၚလွဲခ်လိဳက္မိေတာ့သည္။

ခ်စ္ျခင္းအားျဖင့္

Khin Maykha

Continue Reading

You'll Also Like

22.2K 1.4K 34
Xello ဒီ Story မှာ ကိုယ်ရေးဖူးသမျှ Oneshort Fiction အားလုံး စုပေးပါမယ်ဗျ 💚🦋
52.2K 3.1K 44
ရှောင်းတိုင်းပြည်က မင်းကြီးကသွေးအေးလွန်းတယ် သို့သော်ကြင်ယာတော်လေးကိုကျ သိပ်ချစ်မြတ်နိုးတယ်တဲ့ ေရွာင္းတိုင္းျပည္က မင္းႀကီးကေသြးေအးလြန္းတယ္ သို႔ေသာ္ၾကင...
41.6K 2.9K 10
one shot❣️ ZhanYi ❤️💚
35.7K 2.7K 20
Zhanyi ရေသူလေးကို လူသားလေးက အသက်ထက်ချစ်မြတ်နိုးပါတယ် 🧜‍♂️🧎 Zhanyi ေရသူေလးကို လူသားေလးက အသက္ထက္ခ်စ္ျမတ္ႏိုးပါတယ္ 🧜‍♂️