Unicode
အခန်း(၃၁၆) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
လင်ရွှမ်းဇီက တင်ပလ္လင်ခွေ ထိုင်ချလိုက်ပြီး သန့်စင်သည့် ကုန်ကြမ်းများ ထုတ်ယူလိုက်ကာ တစ်ခုပြီးတစ်ခု လေ့လာလိုက်သည်။
ထိုပစ္စည်းများသည် အမျိုးအစား စုံလင်လှပြီး ပုံစံအမျိုးမျိုး ကွဲပြားကြသည်။ ကွဲပြားတဲ့ အစီအစဉ်များနဲ့ ပေါင်းစပ်မှုအပြင် မတူညီတဲ့ သန့်စင်မှု နည်းလမ်းများ အသုံးပြုလိုက်သောအခါ ထူးခြားတဲ့ ဂုဏ်သတ္တိနဲ့ အသုံးဝင်မှုများရှိသော မှော်ရတနာများ ဖြစ်လာနိုင်သည်။
ဘာသန့်စင်ရမလဲ?
အားဟန်လည်း အခုတစ်လော ဘာမှ လိုအပ်ပုံမပေါ်ဘူး...ဒါပေမဲ့ အားလုံးကို အစားထိုးဖို့ အချိန်တန်နေတဲ့ပုံလည်း ပေါ်တယ်
ဆံထိုး၊ အဝတ်အစား၊လက်ကောက်တွေနဲ့ သိုလှောင်အိတ်တွေ လိုမျိုး.....
အင်း, ကြည့်ရတာ သူ့လက်ရှိ စွမ်းရည်နဲ့ဆိုရင် သိုလှောင်အိတ်တော့ မလုပ်နိုင်လောက်သေးဘူး
လင်ရွှမ်းဇီက မေးခွန်းများကို စဉ်းစားပြီးနောက်မှာ အဆုံးတွင် ယန်ထျန်းဟန်အတွက် အဆိပ်ဆေးလုံးများ သန့်စင်ရာတွင် အထူးတလှယ် အသုံးပြုနိုင်သည့် ဆေးလုံးမီးဖို ထွင်းထုရန် ဆုံးဖြတ်လိုက်သည်။
သူတို့တောင်အောက် ဆင်းတုန်းက လင်ရွှမ်းဇီသည် ချင်းကျူအား ထိုဆေးလုံးမီးဖိုမျိုးကို ရှာဖွေခိုင်းခဲ့သော်လည်း ကောင်းမွန်တဲ့ ဆေးလုံးမီးဖိုမျိုးက အလွယ်တကူ မရောင်းချပေ။ လေလံပွဲများမှာ ရောင်းချတဲ့ ဆေးလုံးမီးဖိုများ၏ စတင်ဈေးနှုန်းသည်လည်း လင်ရွှမ်းဇီတတ်နိုင်တာမျိုးမဟုတ်
ထို့ကြောင့်လင်ရွှမ်းဇီက ဆေးလုံးမီးဖို သန့်စင်ရာတွင် လိုအပ်သည့် ပစ္စည်းများကိုသာ ဝယ်ယူခဲ့လိုက်တော့သည်။
ယန်ထျန်းဟန်အတွက် အစောပိုင်းတုန်းက ထွင်းထုပေးခဲ့သည့် ဆေးလုံးမီးဖိုမျိုးကိုတော့ သူသန့်စင်ပေးလို့ မဖြစ်တော့ပေ။ အရင်တစ်ခေါက် သူသန့်စင်ခဲ့သည့် ဆေးလုံးမီးဖိုက အဂ္ဂီရတ်ပညာရှင် အများစုအတွက် အလွန် အဆင်ပြေသော်လည်း ယင်မီးဖိုကိုသာ အသုံးပြုရမယ့် ယန်ထျန်းဟန်အတွက်တော့ မသင့်တော်ဘူးဖြစ်နေသည်။
အပြာရောင်အလင်းဖျော့ဖျော့လေး လင်းနေသည့် ယမ်းစိမ်းရေခဲ၊ နှစ်ထောင်ပေါင်းများစွာ ကန်အောက်ခြေတွင် အမှုန်များ စုဝေးရင်း ဖြစ်ပေါ်လာသည့် သံရဲ့ အနှစ်သာရအပိုင်းအစတစ်ခု၊ အစုလိုက်အပြုံလိုက်သင်္ချိုင်းတွင်းမှ ညစ်ညမ်းသော သွေးများတွင် စိမ်ထားသော ကြက်သွေးရောင် ရွှံ့နွံများနှင့် အဆိပ်ရှိသော အရာ ၄၉ မျိုးမှ အဆိပ်များ။
ရိုးရိုးသားသားပြောရရင် လင်ရွှမ်းဇီက ဒီလိုမျိုး ယင်ချီစွမ်းအင်တွေ ပြည့်နှက်နေသည့် အဆိပ်ပြင်းလှသော အော်ရာများကို မနှစ်သက်ပေ။ အကြောင်းကတော့ သူ့ခန္တာကိုယ်ထဲက ဝိညာဉ်ချီများသည် ယန်စွမ်းအင် သဘာဝ ရှိနေသည့်အပြင် အလွန်သန့်စင်သည့် ယန်စွမ်းအင် ဖြစ်တာကြောင့် ဒီလိုယင်ချီအပြည့်ဖြစ်နေသည့် ပစ္စည်းများကို အလိုအလျောက် ငြင်းဆန်လိမ့်မည်။
သို့သော်လည်း ယန်ထျန်းဟန်အတွက် သူကြိုးစားကြည့်ချင်သည်။
ကုန်ကြမ်းများကို ရွေးထုတ်ပြီးနောက် လင်ရွှမ်းဇီက ကျန်တဲ့ပစ္စည်းများအား သူ့သိုလှောင်အိတ်ထဲ ပြန်ထည့်ထားလိုက်သည်။
လင်ရွှမ်းဇီက သူ့နှလုံးသားကို အေးချမ်းငြိမ်သက်စေရန် ထိန်းလိုက်သည်။ သူ့လက်များကြားထဲက လေလယ်မှာ မျောလွင့်နေသည့် ကုန်ကြမ်းများကို ဖြတ်ကျော်မြင်နိုင်သလိုမျိုး တုပပုံထွင်းကလောင်ရဲ့ ရေးထိုးချက်များအောက်မှာ ပုံသဏ္ဍာန်များ ဖော်ဆောင်၍ ကျောက်တုန်းတုများမှ ဝိညာဉ်ချီများကို စုပ်ယူနေသည်။ ထိုအချိန်မှာ ယန်ထျန်းဟန်ရဲ့ တောက်ပပြီး ချစ်စရာကောင်းလှသော အပြုံးကို မြင်နေရသည်။
ဘယ်အရာကမှ အားဟန်လောက် အရေးမကြီးဘူး
လင်ရွှမ်းဇီသည် ထိုတာဝန်ထဲမှာ သူ့နှလုံးသားနှင့် ဝိညာဉ်ကို မြှုပ်နှံထားသည်။ သူ့ကိုယ်သူရော လောကကြီးကိုပါ မေ့ပျောက်ပြီး ဗလာဖြစ်သည့် အခြေအနေသို့ ရောက်ရှိသွား၏။ သူက ဓားကို လေ့ကျင့်စဉ်ကထက်ပင် ပိုမို လေးနက်နေသည်။
အပြင်ဘက်မှာ မိုးကြိုးဘယ်အချိန် ပစ်သွားမလဲ သူမသိတော့ဘူး
မိုးကြိုးတိမ်တိုက်တွေ ဘယ်အချိန် ပျောက်ကွယ်သွားမလဲ ဆိုတာလည်း သူမသိတော့ဘူး
သူ့မျက်လုံးထဲမှာ ဆေးလုံးမီးဖို တစ်ခုတည်းသာ ကျန်ရစ်သည်။
သတိလက်လွတ်ဖြင့်ပင် သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးပြန်ကြောများနှင့် သွေးကြောစုံမှတ်များ နှစ်ဆ ကျယ်လာသလိုမျိုး ခံစားလာရသည်။ လင်ရွှမ်းဇီက အနည်းငယ် လန့်သွားခဲ့သော်လည်း မကြာခင်မှာ ထိုနားမလည်နိုင်သည့် သိပ်မနာသော တိုးတက်မှုများအကြောင်း အတွေးစများကို သူ့စိတ်အနောက်ထဲ ပစ်ထည့်လိုက်ပြီး သန့်စင်ခြင်းမှာသာ အပြည့်အဝ အာရုံစိုက်နေလိုက်သည်။
ဒီဆေးလုံးမီးဖိုနဲ့ဆိုရင် အားဟန်က စာရွက်ပေါ်မှာ သီအိုရီတွေ ဆွေးနွေးနေတာထက် သူကိုယ်တိုင် အဆိပ် ဆေးလုံးသန့်စင်နိုင်လိမ့်မယ်
ဒါ့အပြင် ယင်စွမ်းအင်တွေ ပြည့်နှက်နေတဲ့ ဆေးလုံးမီးဖိုကြောင့် မီးဖိုပေါက်ကွဲမယ့် အန္တာရယ်တွေကို အားဟန်စိတ်ပူနေစရာ မလိုတော့ဘူး
လင်ရွှမ်းဇီသည် သူ၏နောက်ဆုံးဘဝတွင် အဆိပ်ဆေးများကို သန့်စင်သည့် အထူးပြုဆေးလုံးမီးဖိုကို တစ်ခါမျှ မဖန်တီးဖူးသော်လည်း ဝိညာဉ်ပြားနှင့် စကားစမြည်ပြောဆိုစဉ် အဆိပ်ဆေးမီးဖိုများပြုလုပ်သည့် လုပ်ငန်းစဉ်အကြောင်းကို တစ်ချိန်က သိရှိခဲ့ရသည်။
အဆိပ်ဆေးမီးဖို ပြုလုပ်ရာတွင် အတွင်းနှင့်အပြင် မျက်နှာပြင်များကို ယင်ဂုဏ်သတ္တိများ ပြည့်နှက်နေသည့် ပစ္စည်းများ အသုံးပြု၍ တိုက်ရိုက် သန့်စင်ရန် လိုအပ်သော်လည်း ဖန်တီးမှု လုပ်ငန်းစဉ်အတွင်းမှာ အဆိပ်ငါးမျိုး နွယ်ပင်နှင့် အဆိပ်ငါးမျိုး ကင်းမြီးကောက်လိုမျိုး အပင်တွေ တိရိစ္ဆာန်တွေကိုပါ ထည့်သွင်းရန် လိုအပ်သည်။
မျှော်မှန်းချက်များနှင့် ဆန့်ကျင်ဘက်တွင် ဂုဏ်သတ္တိများများထည့်လေ ပြန်လည် ပြင်ဆင်ဖို့အတွက် ပိုမို လွယ်ကူလေလေ ဖြစ်သည်။ အကယ်၍ အဆိပ်ဆေးလုံး သန့်စင်ဖို့အတွက် လိုအပ်သည့် ကုန်ကြမ်းက ဆေးလုံးမီးဖိုထဲမှာ ထည့်ထားတဲ့ အဆိပ်တစ်ခုခုနဲ့ ကိုက်ညီမှု ရှိသွားမယ်ဆိုရင် ကြိုးစားမှု တစ်ဝက်လောက်ဖြင့်ပင် ရလဒ်နှစ်ဆ ရရှိနိုင်မည်ဖြစ်သည်။
လင်ရွှမ်းဇီသည် အဆိပ်မီးဖိုထဲကို လက်မှုပညာရှင်တွေက အဆိပ်ဘယ်လောက် အမျိုးအစားထိ ထည့်လဲ မသိပေ။ အတိုချုပ်ပြောရရင်တော့ သူက သူရှာတွေ့ထားတဲ့ အဆိပ်တွေအကုန်လုံးကို ဓါတ်ငွေ့အခြေအနေ ဖြစ်စေရန် သူ့ဝိညာဉ်မီးဖြင့် အပူပေး၍ ကျောက်တုံးတုများရဲ့ ဝိညာဉ်ချီနဲ့ ရောစပ်ကာ ပေါ်ထွက်လာတဲ့ အရာအား ဆေးလုံးမီးဖိုထဲ ထည့်လိုက်ခြင်းသာ။
သတိလက်လွတ်ဖြင့်ပင် အချိန်ကာလတစ်ခု ကုန်ဆုံးသွားသည်။ ရုတ်တရက် လင်ရွှမ်းဇီ၏ ဝိညာဉ်ပင်လယ်ထဲရှိ ဝိညာဉ်ပုတီးစေ့လေးသည် မမျှော်လင့်ပဲ ဝိညာဉ်ပြားအဆင့်သို့ ပြန်လည်ရောက်ရှိသွားသည်။ ကြည့်ရတာသူက ဝိညာဉ်ချီ အများအပြားကို သိပ်သည်းလှစွာနဲ့ စုပ်ယူလိုက်ရတာကြောင့် သို့မဟုတ် လင်ရွှမ်းဇီရဲ့ ဝိညာဉ်က အမြင့်ဆုံးအထိ လုံလောက်သော အဆင့်တစ်ခုကို ရောက်ရှိသွားတာကြောင့် ဖြစ်လိမ့်မည်။
ဝိညာဉ်ပြားလေးက အလွန် စိတ်လှုပ်ရှားနေတာကြောင့် လင်ရွှမ်းဇီအား စကားပြောရန် ဆွဲခေါ်ချင်သော်လည်း လင်ရွှမ်းဇီက ဗလာဖြစ်ခြင်း ဘုံအဆင့်ထဲသို့ ဝင်ရောက်နေပြီဖြစ်သည်။ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါသည် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။ အပြင်ဘက်တွင် ကျောက်တုံးအပိုင်းအစများ ပြိုပျက်နေသော်လည်း သူနဲ့တစ်မီတာ အကွာအဝေးမှာ ပျံသန်းနေသည့် သူဝိညာဉ်ချီများကြောင့် နောက်ထပ် အပိုင်းအစ သေးသေးလေးများအဖြစ် ထပ်ကွဲကုန်သေးသည်။
တစ်ဟုန်းဟုန်းထနေသည့် စွမ်းအင်များထဲမှာ လင်ရွှမ်းဇီက အရာအားလုံးကို တစ်ချက်ထဲနဲ့ ပြီးမြောက်စေရန် ကြိုးစားနေသော်လည်း သန့်စင်သည့် လုပ်ငန်းစဉ်အတွင်းမှာ အတားအဆီးတစ်ချို့ရှိနေသည်။
ဒါပေမဲ့လည်း သူတစ်ယောက်တည်း မဟုတ်ဘူး ပြီးတော့ အဲ့ဒါကို သူသိတယ်
"ဘာလို့ ဒီအဆိပ်အတောက်တွေကို ပေါင်းစပ်ဖို့ အမြဲတမ်း ခက်ခဲနေရတာလဲ?"
ဝိညာဉ်ပုတီးစေ့....အာ မဟုတ်ဘူး အခုက ဝိညာဉ်ပြားလို့ ခေါ်ရမှာပေါ့... သူက ပြန်ဖြေသည်။
"မင်းသူတို့ရဲ့ ဂုဏ်သတ္တိတွေအရ ထားသိုတဲ့အစဉ်ကို ပြောင်းလဲကြည့်ဖို့ ကြိုးစားရင်ရော? သစ်သားက မီးကို မွေးထုတ်တယ်၊ မီးက မြေဆီကို မွေးထုတ်တယ်၊ မြေဆီကရွှေကို မွေးထုတ်တယ်၊ ရွှေက ရေကိုမွေးထုတ်တယ်၊ ပြီးတော့ ရေက သစ်သားကို မွေးထုတ်တယ်, မင်းအဲ့ဒါတွေကို ပြောင်းပြန်မလုပ်သင့်ဘူး"
လင်ရွှမ်းဇီက သူပြောသလို လုပ်ကြည့်တဲ့အခါ ပိုလွယ်ကူသွားတာကို ရှာတွေ့သွားသည်။
"ဒီအဆိပ်ငါးမျိုးကို အပြင်ဘက်မှာ ထုပ်ပိုးတာနဲ့ မီးဖိုထဲမှာ တိုက်ရိုက်သန့်စင်တာ—ဘယ်တစ်ခုက ပိုကောင်းမယ်ထင်လဲ?"
"မင်းသူ့ရဲ့ မူလအခြေအနေကို ထိန်းသိမ်းပြီး အပြင်ဘက်နံရံမှာ တိုက်ရိုက်သန့်စင်လို့ရတယ်"
"အကြံကောင်းပဲ"
ထို့ကြောင့် အတွင်းပိုင်း မျက်နှာပြင်ပေါ်မှာ ထင်းထွက်နေသလို ဖြစ်နေသည့် အဆိပ်ငါးမျိုး နွယ်ပင်နှင့် အလှဆင်ထားသော ပုံစံများသည် ဆေးမီးဖို၏ အပြင်ဘက်နံရံမှာ ပတ်လည်ဝိုင်းသွားသည်။ အရောင်က အလွန်လှပတဲ့ အနီရောင်ဖြစ်ပြီး ၎င်းပေါ်တွင် ပန်းရောင် အသီးအနှံသေးသေးလေးများကို ဖန်တီးနိုင်သည်။ ၎င်းမှာ အမှန်တကယ် လှပပြီး ချစ်စရာကောင်းလှပေသည်။
လင်ရွှမ်းဇီက သူ့ဒီဇိုင်းကို အလွန်ကျေနပ်နေသည်။
ယန်ထျန်းဟန်က သေချာပေါက် ကြိုက်လိမ့်မယ်
လင်ရွှမ်းဇီက သူ့ပါးစပ်ကို နောက်တစ်ဖန် ဖွင့်လိုက်သော်လည်း ဝိညာဉ်ပြားက ချက်ချင်း ဖြတ်ပြောသည်။
"မင်းငါ့ကို မေးခွန်းသုံးဆယ်ကျော်လောက် မေးပြီးနေပြီ, ဘယ်လိုဖြစ်လို့ မေးခွန်းတွေ ထပ်ရှိနေရသေးတာလဲ? ပြီးတော့ ဒါက နောက်ဆုံးအဆင့်တောင် ရောက်နေပြီဟာကို, ဒါက မင်းကိုယ်မင်း စိတ်ပူရမယ့်အလှည်ပဲ ငါလည်း မင်းကို မကူညီနိုင်ဘူး"
လင်ရွှမ်းဇီက ရပ်တန့်သွားပြီးမှ ပြုံးလိုက်သည်.
"ကျွန်တော်ပြောချင်တာက ခင်ဗျားနဲ့စကားပြောနေရင်းနဲ့တောင် ကျွန်တော်မှော်ရတနာကို လုပ်လို့ရနေတယ် ဆိုတာကို သတိပြုမိလားလို့ မေးချင်တာ?"
ဝိညာဉ်ပြား, "......"
"မင်းမပြောမချင်း သတိမထားမိဘူး"
သို့ရာတွင် အဆင့်တစ်ခုသို့ ရောက်ရှိပြီးသော လက်မှုပညာရှင်အားလုံးသည် အခြေခံအားဖြင့် အလုပ်မျိုးစုံကို တစ်ပြိုင်နက်တည်း လုပ်ရန် သင်ယူနိုင်ကြလေပြီ။ တစ်ခုတည်းသော ခြားနားချက်က သူတို့တွေ အဲ့ဒီအပေါ်မှာ ဘယ်လောက်ကောင်းတယ် ဘယ်လောက် ဆိုးဝါးတယ် ဆိုတာသာရှိသည်။ လင်ရွှမ်းဇီ၏ လက်များက တစ်ခဏတောင် မရပ်နားပဲ ကျွမ်းကျွမ်းကျင်ကျင်ဖြင့် ထုလုပ်နေရင်း သက်တောင့်သက်သာ စကားပြောဆိုနေတဲ့ ပုံစံက လင်ရွှမ်းဇီသည် အလုပ်များစွာကို တစ်ပြိုင်နက်တည်း လုပ်နိုင်သည့် လက်မှုပညာရှင်အဖြစ် လုံးဝပြောင်းလဲသွားပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်သည်။
ဝိညာဉ်ပြားလေးက အနည်းငယ် ဂုဏ်ယူမိသည်။
ဒါက တကယ့်ကို သူရွေးချယ်ထားတဲ့ ဆက်ခံသူပဲ
ထို့နောက် လင်ရွှမ်းဇီက အံ့အားသင့်စွာ မေးလာသည်။
"ခင်ဗျားဘယ်တုန်းက ဒီပုံစံဖြစ်သွားတာလဲ?"
ဝိညာဉ်ပြားလေးက အနည်းငယ် မကျေမနပ်ဖြစ်သွားပြီး လျော့ရဲရဲ အသံဖြင့် ပြောလာသည်။
"မင်းတကယ်ကြီး အခုမှ သတိပြုမိတယ်ပေါ့လေ? ဒါတော့နည်းနည်း များသွားပြီ"
လင်ရွှမ်းဇီက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချသည်။ သူနောက်ဆုံးတော့ ဝိညာဉ်ပြားကို ဝိညာဉ်ပြားအဖြစ်နဲ့ နောက်တစ်ဖန်မြင်ရပြီ။
ဒါ့အပြင် ဝိညာဉ်ပြားရဲ့ အခြေအနေက အိပ်ဆောင်နယ်မြေ လုပ်လို့ရနေပြီ ဆိုတဲ့သဘောပဲ
ဝိညာဉ်ပြားလေးက လင်ရွှမ်းဇီ၏ အတွေးကို ခံစားလို့ရတာကြောင့် မနေနိုင်စွာဖြင့် ငိုယိုအော်ဟစ်တော့သည်။
"စဉ်းတောင်မစဉ်းစားနဲ့ — ဒါက ငါအသျှင်သခင်ရဲ့ နယ်မြေကွ!"
လင်ရွှမ်းဇီက ပြုံးလိုက်ပြီး စိတ်ရှည်လက်ရှည်ဖြင့် စနစ်တကျ ချော့မော့သည်။
"ဒီလို မဖြစ်ပါနဲ့; ဒီနယ်မြေက ခင်ဗျားဟာဆိုပေမယ့် ပေါင်းပင်တစ်ချို့နဲ့ ကန္တာရတစ်ချို့ဖြစ်ပေါ်ပြီး လုံးဝ စွန့်ပစ်နေရာလို ဖြစ်သွားမှာ စိုးရိမ်လို့လေ, နောက်နှစ်အနည်းငယ်လောက်မှာ ကျွန်တော့ကို ပြုပြင်ခွင့်ပေးလိုက်ရင် ခင်ဗျားရဲ့နေရာက ဝိညာဉ်ပင်တွေ ကျောက်တုန်းတုတွေနဲ့ ပြည့်နှက်နေပြီး နတ်ဆိုးသားရဲအနည်းငယ်လောက် မွေးမြူမယ်ဆိုရင်တောင် မဖြစ်နိုင်တာ မရှိတော့ဘူး"
ဝိညာဉ်ပြားလေးသည် အနည်းငယ် သွေးဆောင်ခံလိုက်ရသည်။ သူ့နယ်မြေထဲမှာ တကယ့်ကို ပေါင်းပင်များနဲ့ ပြည့်နှက်နေသည်။ သူဝိညာဉ်ပုတီးစေ့လေး ဘဝကတော့ သိပ်မသိသာသေးသော်လည်း အခု သူ့နေရာလွတ်က ပွင့်လာပြီး ကျယ်ပြန့်လာပြီဖြစ်တာကြောင့် ပေါင်းပင်တွေက ပိုပိုပြီး မျက်စိနောက်စရာ ကောင်းနေသည်ဟု ခံစားလာရသည်။
အကယ်၍ ဒီထဲမှာ သက်ရှိတွေ ရှိလာရင်လည်း သိပ်တော့ မဆိုးသလိုပဲလားလို့?
ဝိညာဉ်ပြားလေးက ခဏလောက် စဉ်းစားလိုက်သည်။
"ဒီအသျှင်သခင်က သေသေချာချာ စဉ်းစားလိုက်ဦးမယ်, ကောင်စုတ်လေး, မင်းငါ့အပေါ် ဘယ်လိုမျိုး မျက်နှာသာရအောင် လုပ်မလဲ ဆိုတာ အရင်ကြည့်ဦးမယ် — မမေ့နဲ့ဦးနော် မင်းအခု ဒီအသျှင်သခင်ရဲ့ ကျောက်တုံးတုတွေအကုန်လုံးကို ဒီသောက်တုံး မီးဖိုလုပ်ဖို့ သုံးပစ်လိုက်ပြီလေ!"
လင်ရွှမ်းဇီက ပြုံးလိုက်သော်လည်း စကားမပြန်တော့ပေ။ သူက ဆေးလုံးမီးဖိုအား အပြီးသတ်ထိတွေ့မှုကိုသာ ဆက်လုပ်နေလိုက်သည်။
တောင်ပေါ်အတွင်းပိုင်းမှာ ရှိနေသည့်သူများ အတွက်ကတော့ နေ့လားညလား မပြောနိုင်ပေ။
လေပြင်းတောင်စွန်းက သေးငယ်ပြီး မမှီခိုသည့် ကမ္ဘာငယ်လေးတစ်ခုဖြစ်သည်။ အပြင်ဘက်က လူများသည်လည်း အထဲမှာ ဘာဖြစ်နေမလဲဆိုတာ မသိနိုင်။
လေပြင်းတောင်စွန်းရဲ့ အပြင်ဘက်မှာတော့ ယန်ထျန်းဟန်က ကျောက်တုံးရုပ်ထုတောင် ဖြစ်တော့မည်။
"အားဟန် စားဖို့အချိန်လေ" သွမ့်ယွီယန်က အနားရောက်လာပြီး ယန်ထျန်းဟန်ရဲ့ ပုခုံးလေးကို ပုတ်ပေးသည်။
ယန်ထျန်းဟန်က ပန်ဒါမျက်လုံးဝိုင်းတစ်စုံဖြင့် သွမ့်ယွီယွမ်ဘက်ကို ကြောင်တောင်တောင် လှည့်ကြည့်လာသည်။ သူ့ပုံစံက ကြီးမားလှတဲ့ အနတ္တတရားကို ဖြတ်ကျော်ကာ စိတ်ပိုင်းဆိုင်ရာ ခရီးသွားနေရသည့် သူတစ်ယောက်နဲ့ ဆင်တူနေသည်။
သွမ့်ယွီယန်က ကူကယ်ရာမဲ့စွာနဲ့ သက်ပြင်းချလိုက်ပြီး ယန်ထျန်းဟန်ရဲ့ ခေါင်းလေးကို ပွတ်ပေးလိုက်သည်။
"အားဟန်, မင်းနေ့တိုင်း ဒီလိုကြီးပဲ သွားလို့မဖြစ်ဘူးလေ, မင်းအကိုကြီးက ဘယ်အချိန်ထွက်လာမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး, သူထွက်လာတဲ့အချိန်မှာ မင်းကိုဒီလိုပုံစံနဲ့ မြင်စေချင်လို့လား?"
ယန်ထျန်းဟန်ရဲ့ အာရုံက နောက်ဆုံးတော့ ပြန်စုစည်းသွားပြီး ထိတ်လန့်တကြား ထခုန်မိမတတ် ဖြစ်သွားသည်။ သူက ကြောင်အစွာဖြင့် ထအော်မိ၏။
"ကိုကိုယွီယန်? ဘယ်လို ရောက်လာတာလဲ..... ဘယ်တုန်းက ပြန်ရောက်လာတာလဲ?"
"ငါဒီနေ့မှ နက်ရှိုင်းကောင်းကင်ဂိုဏ်းကို လာတာ, မူလကတော့ မင်းရဲ့အကိုထျန်းဝမ်နဲ့ ကျိုးပျက်ဓားတောင်ထွတ်ဆီသွားပြီး သူ့ဆရာကို ဂါရဝပြုမလို့ပဲ, မမျှော်လင့်ပဲ ဒီမတော်တဆ အကြောင်းကြားလိုက်လို့ အဲ့ဒီမှာ မရပ်တော့ပဲ ဒီကို ပြေးလာလိုက်တာ"
"ဒါဆို ယွမ်ထျန်းဝမ်ကရော?"
"သူက သူ့ဆရာကို အရင်သွားတွေ့တယ်, သူက အဝေးကိုရောက်နေတာ နှစ်လလောက် ဖြစ်သွားပြီဆိုတော့ ကျိုးပျက်ဓား တောင်ထွတ်မှာ သူကိုယ်တွယ်ဖို့ လိုအပ်တာတွေ အများကြီးဖြစ်နေပြီလေ"
သွမ့်ယွီယန်က ပြောနေရင်းဖြင့် သူ့မျက်နှာက မဲမှောင်သွားကာ သူ့မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ယန်ထျန်းဟန်ကို စိုက်ကြည့်သည်။
"ကောင်စုတ်လေး ငါကြားတာတော့ မင်းကိုယ်မင်း နှိပ်စက်တိုင်း ကစားနေတယ်ဆို? ဘာလဲ,ပျော်ဖို့ကောင်းလို့လား?"
ယန်ထျန်းဟန်က သူ့ခေါင်းလေးကို ကုတ်၍ အနည်းငယ် အနေခက်စွာ ပြန်ဖြေသည်။
"ကျွန်တော့ကိုယ်ကျွန်တော် နှိပ်စက်နေတာ မဟုတ်ပါဘူး, အကိုကြီးကို အရမ်းစိတ်ပူနေလို့ အခုတစ်လော စားချင်စိတ်ပျောက်နေတာ"
"မင်းက အဲ့ဒါကို စားချင်စိတ်ပျောက်တယ်လို့ ခေါ်တယ်ပေါ့လေ?"
မဟာအကြီးအကဲဟွိုင်ယွီရဲ့ အမူအယာက အိုးဖင်ကဲ့သို့ မဲမှောင်နေသည်။ သူက ယန်ထျန်းဟန်ရဲ့ နောက်ကျော ကော်လာအား ဆွဲကိုင်လိုက်လေသည်။
"မင်းဖင်ကို ဒီနေရာကရွှေ့ပြီး လောင်ဇီအတွက် သွားစားစမ်း, ဒီနေရာမှာ အကျိုးမရှိ မင်းစိတ်တွေကို လျှောက်တွေးမနေနဲ့"
ယန်ထျန်းဟန်ရဲ့ နှုတ်ခမ်းများ ရှုံ့တွသွားရပြီး အနည်းငယ် စိတ်ဓာတ်ကျသွားပုံပေါ်သည်။
သွမ့်ယွီယန်က မဟာအကြီးအကဲ ဟွိုင်ယွီအား လှမ်းကြည့်လိုက်သည်။ ယန်ထျန်းဟန်က ဆရာတစ်ယောက် လက်ခံလိုက်ကြောင်းကို သူလည်း ကြားထားသည်။ ယန်ထျန်းဟန်အပေါ်ထားတဲ့ မဟာအကြီးအကဲ ဟွိုင်ယွီ၏ စိတ်ပူပန်မှုက အတုအယောင် မဟုတ်ကြောင်း မြင်သောအခါ သူ့မှာ အလွန်စိတ်သက်သာရာ ရသွားလေသည်။
ယန်ထျန်းဟန်က သူ့ရဲ့ ခြောက်သွေ့နေသော အစာအိမ်လေးကို ထိကြည့်လိုက်ပြီး သူတစ်ခုခု စားဖို့လိုနေသည်ဟု အမှန်တကယ် ခံစားလိုက်ရသည်။ သူက မတ်တပ်ထရပ်လိုက်၏။
"ဆရာ, ကိုကိုယွီယန်, ကျွန်တော်နဲ့ တစ်ခုခု သွားစားရအောင်လေ"
ဟွိုင်ယွီက သူ့အား မျက်လုံးလှန်ပြသည်။
"ငါအစောကြီးကတည်းက စားပြီးသွားပြီ; မင်းတို့နှစ်ယောက် သွားလိုက်ကြ"
ထို့ကြောင့် သွမ့်ယွီယန်က ယန်ထျန်းဟန်အား ဆွဲခေါ်သွားပြီး နီးစပ်ရာ အဆောက်အဦး ရှိရာသို့ လျှောက်သွားလိုက်တော့သည်။
ဝမ်ရိထုန်က အရသာရှိတဲ့ အစားအသောက်များစွာအား ချက်ပြုတ်နေ၏။ သွမ့်ယွီယန်နဲ့ ယန်ထျန်းဟန်အား မြင်သောအခါ မျက်တောင်ခတ်၍ ကြည့်လာသည်။
"လာ, ဒီစီနီယာအကိုကြီးရဲ့ ကျွမ်းကျင်မှုတွေကို လာမြည်းကြည့်, ဒီတစ်ယောက်က....."
"သွမ့်ယွီယန်" သွမ့်ယွီယန်က ပြတ်သားစွာဖြေသည်။
ဝမ်ရိထုန်က ရပ်တန့်သွားပြီးမှ သူ့ကိုစိုက်ကြည့်လာလေသည်။
"အဲ့ဒီတော့ မင်းက သွမ့်ယွီယန်ပေါ့, ငါမင်းကို နာမည်ပဲ ကြားဘူးတာ ဒီနေ့မှာပဲ အကောင်လိုက် မြင်ဘူးတော့တယ်"
သွမ့်ယွီယန်က အံ့အားသင့်သွားရသည်။
"ကျွန်တော်က အဲဒီလောက် နာမည်ကျော်ကြားနေတာလား?"
မဖြစ်နိုင်တာ? ဒီနေ့ခေတ်မှာ သူ့လိုမျိုး နှိမ့်နှိမ့်ချချနေတတ်တဲ့သူက အရမ်းရှားသွားပြီဟာကို
ဝမ်ရိထုန်က အဓိပ္ပါယ်ပြည့်ဝစွာ ပြောသည်။
"နက်ရှိုင်းကောင်းကင်ဂိုဏ်းက ယွမ်ထျန်းဝမ်ရဲ့ အဆင့်အတန်းက ဒီအတိုင်း 'မြင့်တယ်' ဆိုတာထက်ပိုတယ်လေ, ပြီးတော့ သူ့ကို တိတ်တခိုးကြိုက်နေကြတဲ့ ဂိုဏ်းတူ ညီအစ်ကို မောင်နှမ တွေအရေအတွက်ကတည်း ဒီအတိုင်း 'အများကြီး' ဆိုတာမျိုးမှ မဟုတ်တာ, ဒါ့အပြင် သူက မင်းအတွက်နဲ့ ဟန်ယူရန်ကို တိုက်ခိုက်ခဲ့တာလည်း ရှိခဲ့တော့ အဲ့ဒါက လူအများကြီး သိသွားကြတယ်, လူကြီးမင်းလေးသွမ့်အနေနဲ့ နာမည်မကြီးဖို့တောင် ခက်ခဲမှာပဲ ကြောက်မိပါတယ်"
သွမ့်ယွီယန်က ပြဿနာရှာမယ့် အပြုံးမျိုးပြုံးသည်။
"အရမ်းကြင်နာလွန်းနေပါပြီ, အရမ်းကြင်နာလွန်းနေပါပြီ"
ဝမ်ရိထုန်, "..."
ဒါကလည်း ဆန်းကြယ်မှုတစ်ခုလို့ သူထင်တယ် ။
ယန်ထျန်းဟန်သည် သွမ့်ယွီယန်အား မြင်သောအခါ သူမှီခိုအားထားရမယ့် တစ်စုံတစ်ယောက် ရှိသွားရသည်။ ထမင်းအနည်းငယ်လောက် စားပြီးနောက်မှာ အရမ်းအရသာ ရှိတယ်လို့ တွေးမိတာကြောင့် များများပိုစားမိတော့၏။
ဝမ်ရိထုန်က သူ့မေးစေ့ကို ထိလိုက်သည်။
"အငယ်ဆုံး သိုင်းတူညီလေးက တံခါးပိတ်တံရားကျင့်ကြံနေတာ တစ်လတောင်ဖြစ်သွားပြီ; သူအခု ဘယ်လိုနေမလဲ မသိဘူး"
ယန်ထျန်းဟန်မှာ တစ်ဖန် နွမ်းလျသွားပြီး စားချင်စိတ် ပျောက်သွားပြန်သည်။
သွမ့်ယွီယန်က မျက်မှောင်ကျုံ့သွားသည်။
"ခင်ဗျား လင်ရွှမ်းဇီအကြောင်း မပြောသင့်ဘူး"
ဝမ်ရိထုန်က သူ့အမှားကို ဝန်ခံသည်။
"ငါ့အပြစ်ပါ"
ယန်ထျန်းဟန်က သက်ပြင်းချလေသည်။
"အကိုကြီး အခုဘယ်လိုနေမလဲ ကျွန်တော်လည်း မသိဘူး"
ဝမ်ရိထုန်က နှစ်သိမ့်ပေးသည်။
"သူအဆင်ပြေမှာပါ, မဟုတ်ရင် ဆရာက ဒီအတိုင်း ဘယ်ထိုင်နေပါ့မလဲ, ဒါပေမဲ့, သူ့ရဲ့ တံခါးပိတ်ကျင့်ကြံမှုက အဆုံးသတ်ဖို့ ဘယ်လောက်ထိ စောင့်ရမလဲ ဆိုတာ ငါတို့ မသိနိုင်ဘူး, မင်းအပြင်ဘက်မှာ နေ့တိုင်းလာစောင့်မနေသင့်ဘူး"
"ဟုတ်တယ်" သွမ့်ယွီယန်က ခေါင်းညိတ်သည်။
"တံခါးပိတ်ကျင့်ကြံတာက နောက်တစ်ဆင့်ကို တက်ဖို့လုပ်တာထက် မပိုဘူးမှတ်လား? အဲ့ဒါတောင် မင်းက အသေအကြေ စိုးရိမ်နေသေးတယ်; မင်းအကိုကြီးတော့ အဲ့ဒီစကားကိုကြားရင် သေချာပေါက် ရယ်မှာပဲ"
"ကျွန်တော်သိပါတယ်" ယန်ထျန်းဟန်က အတော်လေး စိတ်ဓာတ်ကျနေဟန်ဖြင့် သူ့ခေါင်းလေးကို ဆုပ်ကိုင်လိုက်သည်။
"ဒါပေမဲ့ ကျွန်တော်က ဒီအတိုင်း စိတ်မငြိမ်နိုင်ဘူးလေ"
28.11.2021
================
Next Episode
ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
================
Zawgyi
အခန္း(၃၁၆) - ေဆးလံုးမီးဖိုသန္႔စင္ျခင္း
လင္ရႊမ္းဇီက တင္ပလႅင္ေခြ ထိုင္ခ်လိုက္ၿပီး သန္႔စင္သည့္ ကုန္ၾကမ္းမ်ား ထုတ္ယူလိုက္ကာ တစ္ခုၿပီးတစ္ခု ေလ့လာလိုက္သည္။
ထိုပစၥည္းမ်ားသည္ အမ်ိဳးအစား စံုလင္လွၿပီး ပံုစံအမ်ိဳးမ်ဳိး ကြဲျပားၾကသည္။ ကြဲျပားတဲ့ အစီအစဥ္မ်ားနဲ႔ ေပါင္းစပ္မႈအျပင္ မတူညီတဲ့ သန္႔စင္မႈ နည္းလမ္းမ်ား အသံုးျပဳလိုက္ေသာအခါ ထူးျခားတဲ့ ဂုဏ္သတၱိနဲ႔ အသံုးဝင္မႈမ်ားရွိေသာ ေမွာ္ရတနာမ်ား ျဖစ္လာႏိုင္သည္။
ဘာသန္႔စင္ရမလဲ?
အားဟန္လည္း အခုတစ္ေလာ ဘာမွ လိုအပ္ပံုမေပၚဘူး...ဒါေပမဲ့ အားလံုးကို အစားထိုးဖို႔ အခ်ိန္တန္ေနတဲ့ပံုလည္း ေပၚတယ္
ဆံထိုး၊ အဝတ္အစား၊လက္ေကာက္ေတြနဲ႔ သိုေလွာင္အိတ္ေတြ လိုမ်ိဳး.....
အင္း, ၾကည့္ရတာ သူ႔လက္ရွိ စြမ္းရည္နဲ႔ဆိုရင္ သိုေလွာင္အိတ္ေတာ့ မလုပ္ႏိုင္ေလာက္ေသးဘူး
လင္ရႊမ္းဇီက ေမးခြန္းမ်ားကို စဥ္းစားၿပီးေနာက္မွာ အဆံုးတြင္ ယန္ထ်န္းဟန္အတြက္ အဆိပ္ေဆးလံုးမ်ား သန္႔စင္ရာတြင္ အထူးတလွယ္ အသံုးျပဳႏိုင္သည့္ ေဆးလံုးမီးဖို ထြင္းထုရန္ ဆံုးျဖတ္လိုက္သည္။
သူတို႔ေတာင္ေအာက္ ဆင္းတုန္းက လင္ရႊမ္းဇီသည္ ခ်င္းက်ဴအား ထိုေဆးလံုးမီးဖိုမ်ိဳးကို ရွာေဖြခိုင္းခဲ့ေသာ္လည္း ေကာင္းမြန္တဲ့ ေဆးလံုးမီးဖိုမ်ိဳးက အလြယ္တကူ မေရာင္းခ်ေပ။ ေလလံပြဲမ်ားမွာ ေရာင္းခ်တဲ့ ေဆးလံုးမီးဖိုမ်ား၏ စတင္ေစ်းႏႈန္းသည္လည္း လင္ရႊမ္းဇီတတ္ႏိုင္တာမ်ိဳးမဟုတ္
ထို႔ေၾကာင့္လင္ရႊမ္းဇီက ေဆးလံုးမီးဖို သန္႔စင္ရာတြင္ လိုအပ္သည့္ ပစၥည္းမ်ားကိုသာ ဝယ္ယူခဲ့လိုက္ေတာ့သည္။
ယန္ထ်န္းဟန္အတြက္ အေစာပိုင္းတုန္းက ထြင္းထုေပးခဲ့သည့္ ေဆးလံုးမီးဖိုမ်ိဳးကိုေတာ့ သူသန္႔စင္ေပးလို႔ မျဖစ္ေတာ့ေပ။ အရင္တစ္ေခါက္ သူသန္႔စင္ခဲ့သည့္ ေဆးလံုးမီးဖိုက အဂၢီရတ္ပညာရွင္ အမ်ားစုအတြက္ အလြန္ အဆင္ေျပေသာ္လည္း ယင္မီးဖိုကိုသာ အသံုးျပဳရမယ့္ ယန္ထ်န္းဟန္အတြက္ေတာ့ မသင့္ေတာ္ဘူးျဖစ္ေနသည္။
အျပာေရာင္အလင္းေဖ်ာ့ေဖ်ာ့ေလး လင္းေနသည့္ ယမ္းစိမ္းေရခဲ၊ ႏွစ္ေထာင္ေပါင္းမ်ားစြာ ကန္ေအာက္ေျခတြင္ အမွဳန္မ်ား စုေဝးရင္း ျဖစ္ေပၚလာသည့္ သံရဲ႔ အႏွစ္သာရအပိုင္းအစတစ္ခု၊ အစုလိုက္အၿပဳံလိုက္သခ်ႋဳင္းတြင္းမွ ညစ္ညမ္းေသာ ေသြးမ်ားတြင္ စိမ္ထားေသာ ၾကက္ေသြးေရာင္ ႐ႊံ႕ႏြံမ်ားႏွင့္ အဆိပ္ရွိေသာ အရာ ၄၉ မ်ိဳးမွ အဆိပ္မ်ား။
႐ိုး႐ိုးသားသားေျပာရရင္ လင္ရႊမ္းဇီက ဒီလိုမ်ိဳး ယင္ခ်ီစြမ္းအင္ေတြ ျပည့္ႏွက္ေနသည့္ အဆိပ္ျပင္းလွေသာ ေအာ္ရာမ်ားကို မႏွစ္သက္ေပ။ အေၾကာင္းကေတာ့ သူ႔ခႏာၱကိုယ္ထဲက ဝိညာဥ္ခ်ီမ်ားသည္ ယန္စြမ္းအင္ သဘာဝ ရွိေနသည့္အျပင္ အလြန္သန္႔စင္သည့္ ယန္စြမ္းအင္ ျဖစ္တာေၾကာင့္ ဒီလိုယင္ခ်ီအျပည့္ျဖစ္ေနသည့္ ပစၥည္းမ်ားကို အလိုအေလ်ာက္ ျငင္းဆန္လိမ့္မည္။
သို႔ေသာ္လည္း ယန္ထ်န္းဟန္အတြက္ သူႀကိဳးစားၾကည့္ခ်င္သည္။
ကုန္ၾကမ္းမ်ားကို ေရြးထုတ္ၿပီးေနာက္ လင္ရႊမ္းဇီက က်န္တဲ့ပစၥည္းမ်ားအား သူ႔သိုေလွာင္အိတ္ထဲ ျပန္ထည့္ထားလိုက္သည္။
လင္ရႊမ္းဇီက သူ႔ႏွလံုးသားကို ေအးခ်မ္းၿငိမ္သက္ေစရန္ ထိန္းလိုက္သည္။ သူ႔လက္မ်ားၾကားထဲက ေလလယ္မွာ ေမ်ာလြင့္ေနသည့္ ကုန္ၾကမ္းမ်ားကို ျဖတ္ေက်ာ္ျမင္ႏိုင္သလိုမ်ိဳး တုပပံုထြင္းကေလာင္ရဲ႔ ေရးထိုးခ်က္မ်ားေအာက္မွာ ပံုသ႑ာန္မ်ား ေဖာ္ေဆာင္၍ ေက်ာက္တုန္းတုမ်ားမွ ဝိညာဥ္ခ်ီမ်ားကို စုပ္ယူေနသည္။ ထိုအခ်ိန္မွာ ယန္ထ်န္းဟန္ရဲ႔ ေတာက္ပၿပီး ခ်စ္စရာေကာင္းလွေသာ အျပံဳးကို ျမင္ေနရသည္။
ဘယ္အရာကမွ အားဟန္ေလာက္ အေရးမႀကီးဘူး
လင္ရႊမ္းဇီသည္ ထိုတာဝန္ထဲမွာ သူ႔ႏွလုံးသားႏွင့္ ဝိညာဥ္ကို ျမႇဳပ္ႏွံထားသည္။ သူ႔ကိုယ္သူေရာ ေလာကႀကီးကိုပါ ေမ့ေပ်ာက္ၿပီး ဗလာျဖစ္သည့္ အေျခအေနသို႔ ေရာက္ရွိသြား၏။ သူက ဓားကို ေလ့က်င့္စဥ္ကထက္ပင္ ပိုမို ေလးနက္ေနသည္။
အျပင္ဘက္မွာ မိုးႀကိဳးဘယ္အခ်ိန္ ပစ္သြားမလဲ သူမသိေတာ့ဘူး
မိုးႀကိဳးတိမ္တိုက္ေတြ ဘယ္အခ်ိန္ ေပ်ာက္ကြယ္သြားမလဲ ဆိုတာလည္း သူမသိေတာ့ဘူး
သူ႔မ်က္လံုးထဲမွာ ေဆးလံုးမီးဖို တစ္ခုတည္းသာ က်န္ရစ္သည္။
သတိလက္လြတ္ျဖင့္ပင္ သူ႔ခႏၶာကိုယ္တစ္ခုလုံးရွိ ေသြးျပန္ေၾကာမ်ားႏွင့္ ေသြးေၾကာစံုမွတ္မ်ား ႏွစ္ဆ က်ယ္လာသလိုမ်ိဳး ခံစားလာရသည္။ လင္ရႊမ္းဇီက အနည္းငယ္ လန္႔သြားခဲ့ေသာ္လည္း မၾကာခင္မွာ ထိုနားမလည္ႏိုင္သည့္ သိပ္မနာေသာ တိုးတက္မႈမ်ားအေၾကာင္း အေတြးစမ်ားကို သူ႔စိတ္အေနာက္ထဲ ပစ္ထည့္လိုက္ၿပီး သန္႔စင္ျခင္းမွာသာ အျပည့္အဝ အာရံုစိုက္ေနလိုက္သည္။
ဒီေဆးလံုးမီးဖိုနဲ႔ဆိုရင္ အားဟန္က စာရြက္ေပၚမွာ သီအိုရီေတြ ေဆြးေႏြးေနတာထက္ သူကိုယ္တိုင္ အဆိပ္ ေဆးလံုးသန္႔စင္ႏိုင္လိမ့္မယ္
ဒါ့အျပင္ ယင္စြမ္းအင္ေတြ ျပည့္ႏွက္ေနတဲ့ ေဆးလံုးမီးဖိုေၾကာင့္ မီးဖိုေပါက္ကြဲမယ့္ အႏာၱရယ္ေတြကို အားဟန္စိတ္ပူေနစရာ မလိုေတာ့ဘူး
လင္ရႊမ္းဇီသည္ သူ၏ေနာက္ဆုံးဘဝတြင္ အဆိပ္ေဆးမ်ားကို သန႔္စင္သည့္ အထူးျပဳေဆးလံုးမီးဖိုကို တစ္ခါမွ် မဖန္တီးဖူးေသာ္လည္း ဝိညာဥ္ျပားႏွင့္ စကားစျမည္ေျပာဆိုစဥ္ အဆိပ္ေဆးမီးဖိုမ်ားျပဳလုပ္သည့္ လုပ္ငန္းစဥ္အေၾကာင္းကို တစ္ခ်ိန္က သိရွိခဲ့ရသည္။
အဆိပ္ေဆးမီးဖို ျပဳလုပ္ရာတြင္ အတြင္းႏွင့္အျပင္ မ်က္ႏွာျပင္မ်ားကို ယင္ဂုဏ္သတၱိမ်ား ျပည့္ႏွက္ေနသည့္ ပစၥည္းမ်ား အသံုးျပဳ၍ တိုက္႐ိုက္ သန္႔စင္ရန္ လိုအပ္ေသာ္လည္း ဖန္တီးမႈ လုပ္ငန္းစဥ္အတြင္းမွာ အဆိပ္ငါးမ်ိဳး ႏြယ္ပင္ႏွင့္ အဆိပ္ငါးမ်ိဳး ကင္းၿမီးေကာက္လိုမ်ိဳး အပင္ေတြ တိရိစာၦန္ေတြကိုပါ ထည့္သြင္းရန္ လိုအပ္သည္။
ေမွ်ာ္မွန္းခ်က္မ်ားႏွင့္ ဆန႔္က်င္ဘက္တြင္ ဂုဏ္သတၱိမ်ားမ်ားထည့္ေလ ျပန္လည္ ျပင္ဆင္ဖို႔အတြက္ ပိုမို လြယ္ကူေလေလ ျဖစ္သည္။ အကယ္၍ အဆိပ္ေဆးလံုး သန္႔စင္ဖို႔အတြက္ လိုအပ္သည့္ ကုန္ၾကမ္းက ေဆးလံုးမီးဖိုထဲမွာ ထည့္ထားတဲ့ အဆိပ္တစ္ခုခုနဲ႔ ကိုက္ညီမွဳ ရွိသြားမယ္ဆိုရင္ ႀကိဳးစားမႈ တစ္ဝက္ေလာက္ျဖင့္ပင္ ရလဒ္ႏွစ္ဆ ရရွိႏိုင္မည္ျဖစ္သည္။
လင္ရႊမ္းဇီသည္ အဆိပ္မီးဖိုထဲကို လက္မႈပညာရွင္ေတြက အဆိပ္ဘယ္ေလာက္ အမ်ိဳးအစားထိ ထည့္လဲ မသိေပ။ အတိုခ်ဳပ္ေျပာရရင္ေတာ့ သူက သူရွာေတြ႕ထားတဲ့ အဆိပ္ေတြအကုန္လံုးကို ဓါတ္ေငြ႕အေျခအေန ျဖစ္ေစရန္ သူ႔ဝိညာဥ္မီးျဖင့္ အပူေပး၍ ေက်ာက္တုံုးတုမ်ားရဲ႔ ဝိညာဥ္ခ်ီနဲ႔ ေရာစပ္ကာ ေပၚထြက္လာတဲ့ အရာအား ေဆးလံုးမီးဖိုထဲ ထည့္လိုက္ျခင္းသာ။
သတိလက္လြတ္ျဖင့္ပင္ အခ်ိန္ကာလတစ္ခု ကုန္ဆံုးသြားသည္။ ႐ုတ္တရက္ လင္ရႊမ္းဇီ၏ ဝိညာဥ္ပင္လယ္ထဲရွိ ဝိညာဥ္ပုတီးေစ့ေလးသည္ မေမွ်ာ္လင့္ပဲ ဝိညာဥ္ျပားအဆင့္သို႔ ျပန္လည္ေရာက္ရွိသြားသည္။ ၾကည့္ရတာသူက ဝိညာဥ္ခ်ီ အမ်ားအျပားကို သိပ္သည္းလွစြာနဲ႔ စုပ္ယူလိုက္ရတာေၾကာင့္ သို႔မဟုတ္ လင္ရႊမ္းဇီရဲ႔ ဝိညာဥ္က အျမင့္ဆံုးအထိ လံုေလာက္ေသာ အဆင့္တစ္ခုကို ေရာက္ရွိသြားတာေၾကာင့္ ျဖစ္လိမ့္မည္။
ဝိညာဥ္ျပားေလးက အလြန္ စိတ္လႈပ္ရွားေနတာေၾကာင့္ လင္ရႊမ္းဇီအား စကားေျပာရန္ ဆြဲေခၚခ်င္ေသာ္လည္း လင္ရႊမ္းဇီက ဗလာျဖစ္ျခင္း ဘံုအဆင့္ထဲသို႔ ဝင္ေရာက္ေနၿပီျဖစ္သည္။ေၾကာက္မက္ဖြယ္ေကာင္းေသာ ေရာင္ဝါသည္ သူ႔တစ္ကိုယ္လုံးကို လႊမ္းၿခဳံထားသည္။ အျပင္ဘက္တြင္ ေက်ာက္တံုးအပိုင္းအစမ်ား ၿပိဳပ်က္ေနေသာ္လည္း သူနဲ႔တစ္မီတာ အကြာအေဝးမွာ ပ်ံသန္းေနသည့္ သူဝိညာဥ္ခ်ီမ်ားေၾကာင့္ ေနာက္ထပ္ အပိုင္းအစ ေသးေသးေလးမ်ားအျဖစ္ ထပ္ကြဲကုန္ေသးသည္။
တစ္ဟုန္းဟုန္းထေနသည့္ စြမ္းအင္မ်ားထဲမွာ လင္ရႊမ္းဇီက အရာအားလံုးကို တစ္ခ်က္ထဲနဲ႔ ၿပီးေျမာက္ေစရန္ ႀကိဳးစားေနေသာ္လည္း သန္႔စင္သည့္ လုပ္ငန္းစဥ္အတြင္းမွာ အတားအဆီးတစ္ခ်ိဳ႔ရွိေနသည္။
ဒါေပမဲ့လည္း သူတစ္ေယာက္တည္း မဟုတ္ဘူး ၿပီးေတာ့ အဲ့ဒါကို သူသိတယ္
"ဘာလို႔ ဒီအဆိပ္အေတာက္ေတြကို ေပါင္းစပ္ဖို႔ အၿမဲတမ္း ခက္ခဲေနရတာလဲ?"
ဝိညာဥ္ပုတီးေစ့....အာ မဟုတ္ဘူး အခုက ဝိညာဥ္ျပားလို႔ ေခၚရမွာေပါ့... သူက ျပန္ေျဖသည္။
"မင္းသူတို႔ရဲ႔ ဂုဏ္သတၱိေတြအရ ထားသိုတဲ့အစဥ္ကို ေျပာင္းလဲၾကည့္ဖို႔ ႀကိဳးစားရင္ေရာ? သစ္သားက မီးကို ေမြးထုတ္တယ္၊ မီးက ေျမဆီကို ေမြးထုတ္တယ္၊ ေျမဆီကေရႊကို ေမြးထုတ္တယ္၊ ေရႊက ေရကိုေမြးထုတ္တယ္၊ ၿပီးေတာ့ ေရက သစ္သားကို ေမြးထုတ္တယ္, မင္းအဲ့ဒါေတြကို ေျပာင္းျပန္မလုပ္သင့္ဘူး"
လင္ရႊမ္းဇီက သူေျပာသလို လုပ္ၾကည့္တဲ့အခါ ပိုလြယ္ကူသြားတာကို ရွာေတြ႕သြားသည္။
"ဒီအဆိပ္ငါးမ်ိဳးကို အျပင္ဘက္မွာ ထုပ္ပိုးတာနဲ႔ မီးဖိုထဲမွာ တိုက္႐ိုက္သန္႔စင္တာ—ဘယ္တစ္ခုက ပိုေကာင္းမယ္ထင္လဲ?"
"မင္းသူ႔ရဲ႔ မူလအေျခအေနကို ထိန္းသိမ္းၿပီး အျပင္ဘက္နံရံမွာ တိုက္႐ိုက္သန္႔စင္လို႔ရတယ္"
"အၾကံေကာင္းပဲ"
ထို႔ေၾကာင့္ အတြင္းပိုင္း မ်က္ႏွာျပင္ေပၚမွာ ထင္းထြက္ေနသလို ျဖစ္ေနသည့္ အဆိပ္ငါးမ်ိဳး ႏြယ္ပင္ႏွင့္ အလွဆင္ထားေသာ ပံုစံမ်ားသည္ ေဆးမီးဖို၏ အျပင္ဘက္နံရံမွာ ပတ္လည္ဝိုင္းသြားသည္။ အေရာင္က အလြန္လွပတဲ့ အနီေရာင္ျဖစ္ၿပီး ၎ေပၚတြင္ ပန္းေရာင္ အသီးအႏွံေသးေသးေလးမ်ားကို ဖန္တီးႏိုင္သည္။ ၎မွာ အမွန္တကယ္ လွပၿပီး ခ်စ္စရာေကာင္းလွေပသည္။
လင္ရႊမ္းဇီက သူ႔ဒီဇိုင္းကို အလြန္ေက်နပ္ေနသည္။
ယန္ထ်န္းဟန္က ေသခ်ာေပါက္ ႀကိဳက္လိမ့္မယ္
လင္ရႊမ္းဇီက သူ႔ပါးစပ္ကို ေနာက္တစ္ဖန္ ဖြင့္လိုက္ေသာ္လည္း ဝိညာဥ္ျပားက ခ်က္ခ်င္း ျဖတ္ေျပာသည္။
"မင္းငါ့ကို ေမးခြန္းသံုးဆယ္ေက်ာ္ေလာက္ ေမးၿပီးေနၿပီ, ဘယ္လိုျဖစ္လို႔ ေမးခြန္းေတြ ထပ္ရွိေနရေသးတာလဲ? ၿပီးေတာ့ ဒါက ေနာက္ဆံုးအဆင့္ေတာင္ ေရာက္ေနၿပီဟာကို, ဒါက မင္းကိုယ္မင္း စိတ္ပူရမယ့္အလွည္ပဲ ငါလည္း မင္းကို မကူညီႏိုင္ဘူး"
လင္ရႊမ္းဇီက ရပ္တန္႔သြားၿပီးမွ ျပံဳးလိုက္သည္.
"ကၽြန္ေတာ္ေျပာခ်င္တာက ခင္ဗ်ားနဲ႔စကားေျပာေနရင္းနဲ႔ေတာင္ ကၽြန္ေတာ္ေမွာ္ရတနာကို လုပ္လို႔ရေနတယ္ ဆိုတာကို သတိျပဳမိလားလို႔ ေမးခ်င္တာ?"
ဝိညာဥ္ျပား, "......"
"မင္းမေျပာမခ်င္း သတိမထားမိဘူး"
သို႔ရာတြင္ အဆင့္တစ္ခုသို႔ ေရာက္ရွိၿပီးေသာ လက္မႈပညာရွင္အားလံုးသည္ အေျခခံအားျဖင့္ အလုပ္မ်ိဳးစံုကို တစ္ၿပိဳင္နက္တည္း လုပ္ရန္ သင္ယူႏိုင္ၾကေလၿပီ။ တစ္ခုတည္းေသာ ျခားနားခ်က္က သူတို႔ေတြ အဲ့ဒီအေပၚမွာ ဘယ္ေလာက္ေကာင္းတယ္ ဘယ္ေလာက္ ဆိုးဝါးတယ္ ဆိုတာသာရွိသည္။ လင္ရႊမ္းဇီ၏ လက္မ်ားက တစ္ခဏေတာင္ မရပ္နားပဲ ကၽြမ္းကၽြမ္းက်င္က်င္ျဖင့္ ထုလုပ္ေနရင္း သက္ေတာင့္သက္သာ စကားေျပာဆိုေနတဲ့ ပံုစံက လင္ရႊမ္းဇီသည္ အလုပ္မ်ားစြာကို တစ္ၿပိဳင္နက္တည္း လုပ္ႏိုင္သည့္ လက္မႈပညာရွင္အျဖစ္ လံုးဝေျပာင္းလဲသြားၿပီျဖစ္ေၾကာင္း ရွင္းရွင္းလင္းလင္း သိႏိုင္သည္။
ဝိညာဥ္ျပားေလးက အနည္းငယ္ ဂုဏ္ယူမိသည္။
ဒါက တကယ့္ကို သူေရြးခ်ယ္ထားတဲ့ ဆက္ခံသူပဲ
ထို႔ေနာက္ လင္ရႊမ္းဇီက အံ့အားသင့္စြာ ေမးလာသည္။
"ခင္ဗ်ားဘယ္တုန္းက ဒီပံုစံျဖစ္သြားတာလဲ?"
ဝိညာဥ္ျပားေလးက အနည္းငယ္ မေက်မနပ္ျဖစ္သြားၿပီး ေလ်ာ့ရဲရဲ အသံျဖင့္ ေျပာလာသည္။
"မင္းတကယ္ႀကီး အခုမွ သတိျပဳမိတယ္ေပါ့ေလ? ဒါေတာ့နည္းနည္း မ်ားသြားၿပီ"
လင္ရႊမ္းဇီက ခံစားခ်က္အျပည့္ျဖင့္ သက္ျပင္းခ်သည္။ သူေနာက္ဆံုးေတာ့ ဝိညာဥ္ျပားကို ဝိညာဥ္ျပားအျဖစ္နဲ႔ ေနာက္တစ္ဖန္ျမင္ရၿပီ။
ဒါ့အျပင္ ဝိညာဥ္ျပားရဲ႔ အေျခအေနက အိပ္ေဆာင္နယ္ေျမ လုပ္လို႔ရေနၿပီ ဆိုတဲ့သေဘာပဲ
ဝိညာဥ္ျပားေလးက လင္ရႊမ္းဇီ၏ အေတြးကို ခံစားလို႔ရတာေၾကာင့္ မေနႏိုင္စြာျဖင့္ ငိုယိုေအာ္ဟစ္ေတာ့သည္။
"စဥ္းေတာင္မစဥ္းစားနဲ႔ — ဒါက ငါအသွ်င္သခင္ရဲ႔ နယ္ေျမကြ!"
လင္ရႊမ္းဇီက ျပံဳးလိုက္ၿပီး စိတ္ရွည္လက္ရွည္ျဖင့္ စနစ္တက် ေခ်ာ့ေမာ့သည္။
"ဒီလို မျဖစ္ပါနဲ႔; ဒီနယ္ေျမက ခင္ဗ်ားဟာဆိုေပမယ့္ ေပါင္းပင္တစ္ခ်ိဳ႔နဲ႔ ကႏာၱရတစ္ခ်ိဳ႔ျဖစ္ေပၚၿပီး လံုးဝ စြန္႔ပစ္ေနရာလို ျဖစ္သြားမွာ စိုးရိမ္လို႔ေလ, ေနာက္ႏွစ္အနည္းငယ္ေလာက္မွာ ကၽြန္ေတာ့ကို ျပဳျပင္ခြင့္ေပးလိုက္ရင္ ခင္ဗ်ားရဲ႔ေနရာက ဝိညာဥ္ပင္ေတြ ေက်ာက္တုန္းတုေတြနဲ႔ ျပည့္ႏွက္ေနၿပီး နတ္ဆိုးသားရဲအနည္းငယ္ေလာက္ ေမြးျမဴမယ္ဆိုရင္ေတာင္ မျဖစ္ႏိုင္တာ မရွိေတာ့ဘူး"
ဝိညာဥ္ျပားေလးသည္ အနည္းငယ္ ေသြးေဆာင္ခံလိုက္ရသည္။ သူ႔နယ္ေျမထဲမွာ တကယ့္ကို ေပါင္းပင္မ်ားနဲ႔ ျပည့္ႏွက္ေနသည္။ သူဝိညာဥ္ပုတီးေစ့ေလး ဘဝကေတာ့ သိပ္မသိသာေသးေသာ္လည္း အခု သူ႔ေနရာလြတ္က ပြင့္လာၿပီး က်ယ္ျပန္႔လာၿပီျဖစ္တာေၾကာင့္ ေပါင္းပင္ေတြက ပိုပိုၿပီး မ်က္စိေနာက္စရာ ေကာင္းေနသည္ဟု ခံစားလာရသည္။
အကယ္၍ ဒီထဲမွာ သက္ရွိေတြ ရွိလာရင္လည္း သိပ္ေတာ့ မဆိုးသလိုပဲလားလို႔?
ဝိညာဥ္ျပားေလးက ခဏေလာက္ စဥ္းစားလိုက္သည္။
"ဒီအသွ်င္သခင္က ေသေသခ်ာခ်ာ စဥ္းစားလိုက္ဦးမယ္, ေကာင္စုတ္ေလး, မင္းငါ့အေပၚ ဘယ္လိုမ်ိဳး မ်က္ႏွာသာရေအာင္ လုပ္မလဲ ဆိုတာ အရင္ၾကည့္ဦးမယ္ — မေမ့နဲ႔ဦးေနာ္ မင္းအခု ဒီအသွ်င္သခင္ရဲ႔ ေက်ာက္တုံုးတုေတြအကုန္လံုးကို ဒီေသာက္တံုး မီးဖိုလုပ္ဖို႔ သံုးပစ္လိုက္ၿပီေလ!"
လင္ရႊမ္းဇီက ျပံဳးလိုက္ေသာ္လည္း စကားမျပန္ေတာ့ေပ။ သူက ေဆးလံုးမီးဖိုအား အၿပီးသတ္ထိေတြ႕မႈကိုသာ ဆက္လုပ္ေနလိုက္သည္။
ေတာင္ေပၚအတြင္းပိုင္းမွာ ရွိေနသည့္သူမ်ား အတြက္ကေတာ့ ေန႔လားညလား မေျပာႏိုင္ေပ။
ေလျပင္းေတာင္စြန္းက ေသးငယ္ၿပီး မမွီခိုသည့္ ကမာၻငယ္ေလးတစ္ခုျဖစ္သည္။ အျပင္ဘက္က လူမ်ားသည္လည္း အထဲမွာ ဘာျဖစ္ေနမလဲဆိုတာ မသိႏိုင္။
ေလျပင္းေတာင္စြန္းရဲ႔ အျပင္ဘက္မွာေတာ့ ယန္ထ်န္းဟန္က ေက်ာက္တံုး႐ုပ္ထုေတာင္ ျဖစ္ေတာ့မည္။
"အားဟန္ စားဖို႔အခ်ိန္ေလ" သြမ့္ယြီယန္က အနားေရာက္လာၿပီး ယန္ထ်န္းဟန္ရဲ႔ ပုခံုးေလးကို ပုတ္ေပးသည္။
ယန္ထ်န္းဟန္က ပန္ဒါမ်က္လံုးဝိုင္းတစ္စံုျဖင့္ သြမ့္ယြီယြမ္ဘက္ကို ေၾကာင္ေတာင္ေတာင္ လွည့္ၾကည့္လာသည္။ သူ႔ပံုစံက ႀကီးမားလွတဲ့ အနတၱတရားကို ျဖတ္ေက်ာ္ကာ စိတ္ပိုင္းဆိုင္ရာ ခရီးသြားေနရသည့္ သူတစ္ေယာက္နဲ႔ ဆင္တူေနသည္။
သြမ့္ယြီယန္က ကူကယ္ရာမဲ့စြာနဲ႔ သက္ျပင္းခ်လိုက္ၿပီး ယန္ထ်န္းဟန္ရဲ႔ ေခါင္းေလးကို ပြတ္ေပးလိုက္သည္။
"အားဟန္, မင္းေန႔တိုင္း ဒီလိုႀကီးပဲ သြားလို႔မျဖစ္ဘူးေလ, မင္းအကိုႀကီးက ဘယ္အခ်ိန္ထြက္လာမလဲ ဆိုတာ ဘယ္သူမွ မသိႏိုင္ဘူး, သူထြက္လာတဲ့အခ်ိန္မွာ မင္းကိုဒီလိုပံုစံနဲ႔ ျမင္ေစခ်င္လို႔လား?"
ယန္ထ်န္းဟန္ရဲ႔ အာရံုက ေနာက္ဆံုးေတာ့ ျပန္စုစည္းသြားၿပီး ထိတ္လန္႔တၾကား ထခုန္မိမတတ္ ျဖစ္သြားသည္။ သူက ေၾကာင္အစြာျဖင့္ ထေအာ္မိ၏။
"ကိုကိုယြီယန္? ဘယ္လို ေရာက္လာတာလဲ..... ဘယ္တုန္းက ျပန္ေရာက္လာတာလဲ?"
"ငါဒီေန႔မွ နက္႐ွိဳင္းေကာင္းကင္ဂိုဏ္းကို လာတာ, မူလကေတာ့ မင္းရဲ႔အကိုထ်န္းဝမ္နဲ႔ က်ိဳးပ်က္ဓားေတာင္ထြတ္ဆီသြားၿပီး သူ႔ဆရာကို ဂါရဝျပဳမလို႔ပဲ, မေမွ်ာ္လင့္ပဲ ဒီမေတာ္တဆ အေၾကာင္းၾကားလိုက္လို႔ အဲ့ဒီမွာ မရပ္ေတာ့ပဲ ဒီကို ေျပးလာလိုက္တာ"
"ဒါဆို ယြမ္ထ်န္းဝမ္ကေရာ?"
"သူက သူ႔ဆရာကို အရင္သြားေတြ႕တယ္, သူက အေဝးကိုေရာက္ေနတာ ႏွစ္လေလာက္ ျဖစ္သြားၿပီဆိုေတာ့ က်ိဳးပ်က္ဓား ေတာင္ထြတ္မွာ သူကိုယ္တြယ္ဖို႔ လိုအပ္တာေတြ အမ်ားႀကီးျဖစ္ေနၿပီေလ"
သြမ့္ယြီယန္က ေျပာေနရင္းျဖင့္ သူ႔မ်က္ႏွာက မဲေမွာင္သြားကာ သူ႔မ်က္လံုးမ်ားက က်ဥ္းေျမာင္းသြားၿပီး ယန္ထ်န္းဟန္ကို စိုက္ၾကည့္သည္။
"ေကာင္စုတ္ေလး ငါၾကားတာေတာ့ မင္းကိုယ္မင္း ႏွိပ္စက္တိုင္း ကစားေနတယ္ဆို? ဘာလဲ,ေပ်ာ္ဖို႔ေကာင္းလို႔လား?"
ယန္ထ်န္းဟန္က သူ႔ေခါင္းေလးကို ကုတ္၍ အနည္းငယ္ အေနခက္စြာ ျပန္ေျဖသည္။
"ကၽြန္ေတာ့ကိုယ္ကၽြန္ေတာ္ ႏွိပ္စက္ေနတာ မဟုတ္ပါဘူး, အကိုႀကီးကို အရမ္းစိတ္ပူေနလို႔ အခုတစ္ေလာ စားခ်င္စိတ္ေပ်ာက္ေနတာ"
"မင္းက အဲ့ဒါကို စားခ်င္စိတ္ေပ်ာက္တယ္လို႔ ေခၚတယ္ေပါ့ေလ?"
မဟာအႀကီးအကဲဟြိဳင္ယြီရဲ႔ အမူအယာက အိုးဖင္ကဲ့သို႔ မဲေမွာင္ေနသည္။ သူက ယန္ထ်န္းဟန္ရဲ႔ ေနာက္ေက်ာ ေကာ္လာအား ဆြဲကိုင္လိုက္ေလသည္။
"မင္းဖင္ကို ဒီေနရာကေရႊ႕ၿပီး ေလာင္ဇီအတြက္ သြားစားစမ္း, ဒီေနရာမွာ အက်ိဳးမရွိ မင္းစိတ္ေတြကို ေလွ်ာက္ေတြးမေနနဲ႔"
ယန္ထ်န္းဟန္ရဲ႔ ႏႈတ္ခမ္းမ်ား ရွံဳ႔တြသြားရၿပီး အနည္းငယ္ စိတ္ဓာတ္က်သြားပံုေပၚသည္။
သြမ့္ယြီယန္က မဟာအႀကီးအကဲ ဟြိဳင္ယြီအား လွမ္းၾကည့္လိုက္သည္။ ယန္ထ်န္းဟန္က ဆရာတစ္ေယာက္ လက္ခံလိုက္ေၾကာင္းကို သူလည္း ၾကားထားသည္။ ယန္ထ်န္းဟန္အေပၚထားတဲ့ မဟာအႀကီးအကဲ ဟြိဳင္ယြီ၏ စိတ္ပူပန္မႈက အတုအေယာင္ မဟုတ္ေၾကာင္း ျမင္ေသာအခါ သူ႔မွာ အလြန္စိတ္သက္သာရာ ရသြားေလသည္။
ယန္ထ်န္းဟန္က သူ႔ရဲ႔ ေျခာက္ေသြ႕ေနေသာ အစာအိမ္ေလးကို ထိၾကည့္လိုက္ၿပီး သူတစ္ခုခု စားဖို႔လိုေနသည္ဟု အမွန္တကယ္ ခံစားလိုက္ရသည္။ သူက မတ္တပ္ထရပ္လိုက္၏။
"ဆရာ, ကိုကိုယြီယန္, ကၽြန္ေတာ္နဲ႔ တစ္ခုခု သြားစားရေအာင္ေလ"
ဟြိဳင္ယြီက သူ႔အား မ်က္လံုးလွန္ျပသည္။
"ငါအေစာႀကီးကတည္းက စားၿပီးသြားၿပီ; မင္းတို႔ႏွစ္ေယာက္ သြားလိုက္ၾက"
ထို႔ေၾကာင့္ သြမ့္ယြီယန္က ယန္ထ်န္းဟန္အား ဆြဲေခၚသြားၿပီး နီးစပ္ရာ အေဆာက္အဦး ရွိရာသို႔ ေလွ်ာက္သြားလိုက္ေတာ့သည္။
ဝမ္ရိထုန္က အရသာရွိတဲ့ အစားအေသာက္မ်ားစြာအား ခ်က္ျပဳတ္ေန၏။ သြမ့္ယြီယန္နဲ႔ ယန္ထ်န္းဟန္အား ျမင္ေသာအခါ မ်က္ေတာင္ခတ္၍ ၾကည့္လာသည္။
"လာ, ဒီစီနီယာအကိုႀကီးရဲ႔ ကၽြမ္းက်င္မႈေတြကို လာျမည္းၾကည့္, ဒီတစ္ေယာက္က....."
"သြမ့္ယြီယန္" သြမ့္ယြီယန္က ျပတ္သားစြာေျဖသည္။
ဝမ္ရိထုန္က ရပ္တန္႔သြားၿပီးမွ သူ႔ကိုစိုက္ၾကည့္လာေလသည္။
"အဲ့ဒီေတာ့ မင္းက သြမ့္ယြီယန္ေပါ့, ငါမင္းကို နာမည္ပဲ ၾကားဘူးတာ ဒီေန႔မွာပဲ အေကာင္လိုက္ ျမင္ဘူးေတာ့တယ္"
သြမ့္ယြီယန္က အံ့အားသင့္သြားရသည္။
"ကၽြန္ေတာ္က အဲဒီေလာက္ နာမည္ေက်ာ္ၾကားေနတာလား?"
မျဖစ္ႏိုင္တာ? ဒီေန႔ေခတ္မွာ သူ႔လိုမ်ိဳး ႏွိမ့္ႏွိမ့္ခ်ခ်ေနတတ္တဲ့သူက အရမ္းရွားသြားၿပီဟာကို
ဝမ္ရိထုန္က အဓိပၸါယ္ျပည့္ဝစြာ ေျပာသည္။
"နက္႐ွိဳင္းေကာင္းကင္ဂိုဏ္းက ယြမ္ထ်န္းဝမ္ရဲ႔ အဆင့္အတန္းက ဒီအတိုင္း 'ျမင့္တယ္' ဆိုတာထက္ပိုတယ္ေလ, ၿပီးေတာ့ သူ႔ကို တိတ္တခိုးႀကိဳက္ေနၾကတဲ့ ဂိုဏ္းတူ ညီအစ္ကို ေမာင္ႏွမ ေတြအေရအတြက္ကတည္း ဒီအတိုင္း 'အမ်ားႀကီး' ဆိုတာမ်ိဳးမွ မဟုတ္တာ, ဒါ့အျပင္ သူက မင္းအတြက္နဲ႔ ဟန္ယူရန္ကို တိုက္ခိုက္ခဲ့တာလည္း ရွိခဲ့ေတာ့ အဲ့ဒါက လူအမ်ားႀကီး သိသြားၾကတယ္, လူႀကီးမင္းေလးသြမ့္အေနနဲ႔ နာမည္မႀကီးဖို႔ေတာင္ ခက္ခဲမွာပဲ ေၾကာက္မိပါတယ္"
သြမ့္ယြီယန္က ျပႆနာရွာမယ့္ အျပံဳးမ်ိဳးျပံဳးသည္။
"အရမ္းၾကင္နာလြန္းေနပါၿပီ, အရမ္းၾကင္နာလြန္းေနပါၿပီ"
ဝမ္ရိထုန္, "..."
ဒါကလည္း ဆန္းၾကယ္မႈတစ္ခုလို႔ သူထင္တယ္ ။
ယန္ထ်န္းဟန္သည္ သြမ့္ယြီယန္အား ျမင္ေသာအခါ သူမွီခိုအားထားရမယ့္ တစ္စံုတစ္ေယာက္ ရွိသြားရသည္။ ထမင္းအနည္းငယ္ေလာက္ စားၿပီးေနာက္မွာ အရမ္းအရသာ ရွိတယ္လို႔ ေတြးမိတာေၾကာင့္ မ်ားမ်ားပိုစားမိေတာ့၏။
ဝမ္ရိထုန္က သူ႔ေမးေစ့ကို ထိလိုက္သည္။
"အငယ္ဆံုး သိုင္းတူညီေလးက တံခါးပိတ္တံရားက်င့္ၾကံေနတာ တစ္လေတာင္ျဖစ္သြားၿပီ; သူအခု ဘယ္လိုေနမလဲ မသိဘူး"
ယန္ထ်န္းဟန္မွာ တစ္ဖန္ ႏြမ္းလ်သြားၿပီး စားခ်င္စိတ္ ေပ်ာက္သြားျပန္သည္။
သြမ့္ယြီယန္က မ်က္ေမွာင္က်ံဳ႔သြားသည္။
"ခင္ဗ်ား လင္ရႊမ္းဇီအေၾကာင္း မေျပာသင့္ဘူး"
ဝမ္ရိထုန္က သူ႔အမွားကို ဝန္ခံသည္။
"ငါ့အျပစ္ပါ"
ယန္ထ်န္းဟန္က သက္ျပင္းခ်ေလသည္။
"အကိုႀကီး အခုဘယ္လိုေနမလဲ ကၽြန္ေတာ္လည္း မသိဘူး"
ဝမ္ရိထုန္က ႏွစ္သိမ့္ေပးသည္။
"သူအဆင္ေျပမွာပါ, မဟုတ္ရင္ ဆရာက ဒီအတိုင္း ဘယ္ထိုင္ေနပါ့မလဲ, ဒါေပမဲ့, သူ႔ရဲ႔ တံခါးပိတ္က်င့္ၾကံမႈက အဆံုးသတ္ဖို႔ ဘယ္ေလာက္ထိ ေစာင့္ရမလဲ ဆိုတာ ငါတို႔ မသိႏိုင္ဘူး, မင္းအျပင္ဘက္မွာ ေန႔တိုင္းလာေစာင့္မေနသင့္ဘူး"
"ဟုတ္တယ္" သြမ့္ယြီယန္က ေခါင္းညိတ္သည္။
"တံခါးပိတ္က်င့္ၾကံတာက ေနာက္တစ္ဆင့္ကို တက္ဖို႔လုပ္တာထက္ မပိုဘူးမွတ္လား? အဲ့ဒါေတာင္ မင္းက အေသအေၾက စိုးရိမ္ေနေသးတယ္; မင္းအကိုႀကီးေတာ့ အဲ့ဒီစကားကိုၾကားရင္ ေသခ်ာေပါက္ ရယ္မွာပဲ"
"ကၽြန္ေတာ္သိပါတယ္" ယန္ထ်န္းဟန္က အေတာ္ေလး စိတ္ဓာတ္က်ေနဟန္ျဖင့္ သူ႔ေခါင္းေလးကို ဆုပ္ကိုင္လိုက္သည္။
"ဒါေပမဲ့ ကၽြန္ေတာ္က ဒီအတိုင္း စိတ္မၿငိမ္ႏိုင္ဘူးေလ"
28.11.2021
================
Next Episode
ေဆးလံုးမီးဖို ျဖစ္တည္ျခင္း
================