ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်...

By OpalHawthorn28

548K 78.1K 5.6K

ဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။ More

Description
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (1.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (1.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (2.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (2.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (4.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (4.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (5.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (5.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (6)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (7)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (8)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (9.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (9.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (10)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (11)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (12.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (12.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (13.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (13.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (14.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (14.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (15.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (15.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (17)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (18)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ်( 19)
အခန်း (20) လူငယ်ပြုစုပျိူးထောင်ခြင်းလက်စွဲ(2)
အခန်း (21) လူငယ်ပြုစုပျိူးထောင်ခြင်းလက်စွဲ(3)
အခန်း (22) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ (3)
အခန်း (23) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (24) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (25) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (26)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (27) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
Ch27 Zawgyi
အခန်း (28)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (29) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (30)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (31)
အခန်း (32)
အခန်း (33)
အခန်း (34.1)
အခန်း (34.2)
အခန်း (35)
အခန်း (36)
အခန်း (37)ငါလေးက Daddyရဲ့ သားအရင်းမဟုတ်ဘူး!!
အခန်း (38)
အခန်း (39.1)
အခန်း (39.2)
အခန်း (40)
အခန်း (41)
အခန်း (42)
အခန်း (43)
အခန်း (44)
အခန်း (45)
အခန်း (46.1)
အခန်း (46.2)
အခန်း (47)
အခန်း (48)
အခန်း (49.1)
အခန်း (49.2)
အခန်း (50)
အခန်း (51)
အခန်း (52)
အခန်း (53)
အခန်း (54)
ဝေဖန်မယ် လေကန်မယ် ခဏနေရင်ပြန်ဖျက်မယ်
CH (55.1)
CH 55
CH. 56
CH (57)
CH 58
Ch 59
CH 60
CH 61
CH 62
CH 63
CH 64
CH 65
CH 66
CH 67
CH 68
CH 69
CH 70
CH 71
CH 72.1
CH 72.2
CH 73
CH 74
CH 75
CH 76
CH 77
CH 78
CH 79
CH 80.1
CH 80.2
CH 81
CH 82
CH 83

ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (16)

5.7K 917 54
By OpalHawthorn28


ကျိုးရိအန်က တစ်လှမ်းချင်းလှမ်းလာနေတဲ့လူငယ်လေးကို ငေးကြည့်နေတယ်။ထိုကောင်လေးရဲ့အသွင်သဏ္ဍာန်က မကြာမီမှေးမှိန်ပျောက်ကွယ်တော့မတတ် ဖြူဖျော့ပါးလျနေတယ်။လျှော်ပါများလို့နွမ်းဖတ်နေတဲ့အဝတ်ဟောင်းလေးတွေကို ဝတ်ဆင်ထားပြီးမျက်ကွင်းတွေညိုမည်းနေတဲ့  ဒီကောင်လေးဆီမှာ တစ်ချိန်တစ်ခါတုန်းက နေရောင်ချည်သဖွယ်နွေးထွေးတက်ကြွမှုအရိပ်ယောင်တွေပျောက်ဆုံးနေပြီ.......

မြင်ရသူတိုင်းစိတ်မကောင်းဖြစ်သွားစေနိုင်လောက်တဲ့အထိ ကောင်လေးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို မှုန်မှိုင်းနေတဲ့အလွှာတစ်ခုလွှမ်းခြုံထားတယ်....

ဒီအချိန်မှာ ကျိုးရိအန်တစ်ယောက် နောင်တတွေ၊နာကျင်မှုတွေကြားမှာ နစ်မြှုပ်သွားသလိုခံစားနေရတယ်။သောက်သုံးမကျတဲ့သူ(ကျိုးရိအန်)က ချစ်ရသူကို  အထင်မြင်လွဲမှားပြီး ဒီလောက်ထိ နာကျင်ခံစားရအောင် လုပ်ခဲ့မိတယ်လေ.....

ကျောက်ချင် ဘာအမှားမှမကျူးလွန်ခဲ့ဘူး...သူ(ကျိုးရိအန်)သာလျှင်အခြေနေတစ်ခုလုံးကို ရှုပ်ထွေးအောင်လုပ်ခဲ့မိတာပါ....

သူ့ရဲ့ ကိုယ်ပိုင် မိုက်မဲမှုတွေ၊အသုံးမကျမှုတွေကို လက်သင့်မခံနိုင်ခဲ့ဘူး......သူ့ဘက်က ကောင်းကောင်းမွန်မွန်မစောင့်ရှောက်နိုင်ခဲ့တဲ့အတွက် ကျောက်ချင်ဒီလို အဖြစ်ဆိုးမျိုးနဲ့ကြုံခဲ့ရတာ....ကျောက်ချင်ကို ကာကွယ်မပေးနိူင်ခဲ့တဲ့အပြင် နားလည်မှုတွေလဲ မပေးနိင်ခဲ့ဘူး.....အဲ့အစား အစ်ကိုဖြစ်သူအပေါ်ထားရှိတဲ့မနာလိုစိတ်တွေကြောင့် ကျောက်ချင်ကို အထင်မြင်လွဲမှားပြီး တွန်းထုတ်လိုက်မိတယ်....ကျောက်ချင်က သူ့ကြောင့်နဲ့ အရှက်ရခြင်းပေါင်းများစွာကို ခံစားခဲ့ရတာတောင် အညှာတာကင်းမဲ့စွာနဲ့ မောင်းထုတ်လိုက်သေးတယ်.......

ကျိုးရိကျယ်ပြောပြခဲ့တာတွေကို ကြားယောင်မိနေတယ်။နာကျင်မှုက အစာအိမ်ထဲကနေ လည်ချောင်းတွေစီ ဆန်တက်လာတယ်.....ဖြစ်နိုင်မယ်ဆို...ချစ်ရသူရဲ့အပြုံးတွေကို နောက်တစ်ကြိမ်ပြန်မြင်နိုင်ဖို့ အသက်ဝိဉာဉ်နဲ့အလဲအလှယ်လုပ်ပစ်လိုက်ချင်တယ်......

ကျိုးရိအန်ကိုမြင်လိုက်ရတဲ့အတွက် ရှဲ့ဟယ်ခြေလှမ်းတွေကိုရပ်တန့်လိုက်တယ်။

မှောင်မိုက်ကျဉ်းမြောင်းတဲ့လမ်းလေးပေါ်မှာ တစ်ယောက်ကိုတစ်ယောက် ငေးကြည့်နေကြတယ်....သူတို့က တစ်ချိန်တစ်ခါတုန်းက အရင်းနှီးဆုံးချစ်သူတွေဖြစ်ခဲ့ပေမယ့်....အခုချိန်မှာတော့....ဝေးကွာနေပြီဖြစ်တဲ့ သူစိမ်းနှစ်ယောက်ပါပဲ.....

ရှဲ့ဟယ်က ကျိုရိအန်ကို စိုက်ကြည့်လိုက်တယ်။မျက်ဝန်းတွေထဲမှာ နာကျင်မှုအရိပ်ယောင်တွေဖြတ်ကနဲလင်းလက်သွားပြီး တုန့်ဆိုင်းမှုမရှိ နောက်လှည့်ကျောခိုင်းပစ်ခဲ့တယ်။

ကျိုးရိအန်မှာ ပြောပြစရာစကားတွေ တစ်ပွေ့တစ်ပိုက်ရှိနေပါသော်လည်း ချစ်ရသူရဲ့ ရေခဲတစ်မျှအေးစက်နေတဲ့နောက်ကျောပြင်လေးကိုသာ ငေးကြည့်နေခဲ့ရတယ်။ဆေးခါးကြီးတစ်ခွက်သောက်လိုက်ရသလို ခါးသက်လွန်းတယ်.......

ကောင်လေးနောက်ကို မြန်မြန်ပြေးလိုက်သွားပြီး လက်ကိုလှမ်းဆွဲလိုက်တယ်။

"ကိုယ်....ပြောစရာရှိတယ်...."

ရှဲ့ဟယ်က ကျိုးရိအန်ကို ကြေကွဲနာကျင်နေတဲ့အကြည့်နဲ့လှည့်ကြည့်လိုက်ပြီး တုန်ရီနေတဲ့အသံနဲ့.....

"မင်း ငါ့ကိုအရှက်ခွဲချင်နေ​သေးတယ်ဆိုလဲ တွန့်ဆုတ်မနေနဲ့......မင်းပြောသလို ငါက
အဆင့်အတန်းနိမ့်ကျပြီး ရွံ့စရာကောင်းတယ်.....မင်းပြောချင်တာမှန်သမျှ ပြောပစ်လိုက်.....ငါ့ရဲ့ရှက်စရာကောင်းတဲ့ပုံစံကို မြင်ချင်လို့ နောက်ကနေ လိုက်လာတာမလား??အခုမြင်ရပြီမလား???ကျေနပ်ပြီလား??"

ကျိုးရိအန်ရဲ့လှုပ်ရှားမှုတွေ တောင့်တင်းကုန်ပြီ...ရှဲ့ဟယ်ရဲ့ အသွင်အပြင်က ကျိုးရိအန်ကိုရင်ထဲနင့်နေအောင်ခံစားရစေတာကြောင့်
မနည်းအားယူပြီးစကားပြောနေရတယ်။

"အဲ့လိုမဟုတ်ပါဘူး....ကိုယ်...ကိုယ်မင်းကို တောင်းပန်ချင်လို့ပါ......

ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေထဲမှာ အံ့အားသင့်တဲ့အရိပ်အယောင်တွေပေါ်ထွက်လာတယ်။သူ့အသံတွေက အက်ကွဲတုန်ရီနေတယ်။

"ဘာ...ဘာပြောလိုက်တယ်!!!"

"တောင်းပန်ပါတယ်"

ကျိုးရိအန်က ရှဲ့ဟယ်နဲ့မျက်လုံးချင်းဆုံအောင်ကြည့်လိုက်ပြီး ရင်ခွင်ထဲကို ဆွဲထည့်လိုက်ကာ....

"မင်းအပေါ်အထင်လွဲခဲ့မိတယ်...တောင်းပန်ပါတယ်.... မင်းကိုပဲအမြဲတမ်းချစ်ခဲ့တာပါ...."

ရှဲ့ဟယ်တစ်ယောက် စဉ်းစားတွေခေါ်နိူင်စွမ်းတွေယာယီပျောက်ဆုံးကုန်တာကြောင့် ကြောင်တောင်တောင်ဖြစ်နေတယ်။

တခဏအကြာမှာတော့ မည်းညို့နေတဲ့အကြည့်တွေနဲ့.....

"ငါမင်းကို မချစ်တော့ဘူး....ထွက်သွားပါတော့....

ကျိုးရိအန်ရဲ့အသားအရောင်က လူသေအလောင်းတစ်ခုသဖွယ် ချက်ချင်းဖြူဖျော့သွားခဲ့တယ်။ဒီအချိန်မှာ ဘာလုပ်သင့်တယ်ဆိုတာကို ဘယ်လိုမှစဉ်းစားမရတော့ဘူး....

ရှဲ့ဟယ်က ကျိုးရိအန်ကို ညှင်သာစွာတွန်းထုတ်လိုက်တယ်။ပြီးတာနဲ့ ခေါင်းငိုက်စိုက်ချပြီး.....

"သွားပါတော့....အထင်လွဲနေတာတွေကို ဖြေရှင်းနိူင်ရင်ပဲ လုံလောက်နေပါပြီ.....နောက်လဲ ငါ့ဆီမလာပါနဲ့​တော့...."

သူဒီလို သနားကြင်နာမှုမျိုး လုံးဝမလိုအပ်ပါဘူး.......

တကယ်တမ်းလက်တွေ့ရင်ဆိုင်ရလိုက်ရတော့မှ သူတို့နှစ်ယောက်ကြားက အက်ကွဲရာတွေကို ဖာထေးဖို့နည်းလမ်းမရှိန်ိုင်တော့ဘူးဆိုတာ သေချာနားလည်လာတယ်။

ကျိုးရိအန်က စိတ်ဝိဉာဉ်ကင်းကွာနေသူတစ်ယောက်သဖွယ် တောင့်တောင့်ကြီး မတ်တပ်ရပ်နေပြီး......

"ဘာ့ကြောင့်လဲ...."

"ဘာ့ကြောင့်လဲဆိုတာ မရှိဘူး.....သွားပါတော့...."

တစ်ချိန်တစ်ခါတုန်းက သူကိုယ်တိုင်မောင်းထုတ်ခဲ့ဖူးတဲ့ကောင်လေးရဲ့ပုံရိပ်တွေကို မြင်ယောင်လာမိတယ်။အဲ့တုန်းက "ထွက်သွား"ဆိုတဲ့စကားတစ်ခွန်းနဲ့ ပတ်သတ်မှုတွေကို ဖြတ်တောက်ပြီး ဒီကောင်လေးကို အသူရာချောက်နက်ထဲ တွန်းပို့ခဲ့တယ်။ပိုင်ဆိုင်သင့်သမျှကို ပြန်ယူမယ့်အပြင် သစ္စာဖောက်သွားတဲ့ ဒီကောင်လေးကိုလဲ ကလဲ့စားချေမယ်လ်ို့ ကြုံးဝါးခဲ့သေးတယ်.....

ဒါပေမယ့်.......အဆုံးသတ်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ အမှန်တရားတွေက သူထင်ထားခဲ့တာတွေနဲ့ လွဲချော်နေတယ်။အမှန်တရားတွေက သူ့ကို အသက်ရှင်စိတ်ကုန်ခမ်းစေလောက်တဲ့အထိ နာကျင်စေတယ်။

အဲ့တုန်းကတည်းက ဒီကောင်လေးကို ကာကွယ်ပေးခဲ့သင့်တာ....အဲ့တုန်းကတည်းက ပိုချစ်ခဲ့ပေးသင့်တာ......

ကျိုးရိအန်ရဲ့အပြုံးတွေပေါ်ထွက်လာတယ်။

"ရပါတယ်....ကိုယ်ဘက်က မကောင်းတာတွေအများကြီးလုပ်ခဲ့တဲ့အတွက် အပြစ်တင်ရင်လဲ ခံရမှာပဲ......မင်း ကိုယ့်ကိုချစ်ဖို့မလိုပါဘူး......ကိုယ့်ဘက်က ချစ်နေသ၍ အကုန်အဆင်ပြေတယ်"

ဒီစကားကြောင့် ရှဲ့ဟယ်စိတ်ဆိုးသွားပုံရတယ်။ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး အသံနေအထားကလဲ အေးစက်လာတယ်။

"တကယ်ပြောနေတာလား??ငါ ကျိုးရိကျယ်ကို ချစ်မိနေပြီဆိုရင်တောင် မင်းဘက်က ဘာပြသာနာမှမရှိဘူးပေါ့....ဟုတ်လား?"

"ဘယ်နည်းနဲ့မှ မဖြစ်နိူင်ဘူး"

ကျိုးရိအန်က လက်သီးကိုကျစ်နေအောင်ဆုပ်ထားတယ်။သူ့ဘက်က သိပ်သေချာနေလို့ပြောတာလား....ဒါမှမဟုတ် သူ့ကိုယ်သူ နှစ်သိမ့်ချင်နေတာလားဆိုတာ ဘယ်သူသိနိုင်မှာလဲ??

"မင်းသူ့ကို ချစ်တယ်ဆို ဘာလို့ သူ့အနားကနေ ထွက်လာတာလဲ??မင်းသူ့ကို ဘယ်တုန်းကမှ မချစ်ခဲ့ဖူးဘူး....သူ့ဘက်ကက ဖိအားပေးလို့ဖြစ်ခဲ့တာတွေဆိုတာ ကိုယ်အကုန်သိပြီးပြီ...."

"ငါသူ့ကိုထားခဲ့တယ်လို့ ဘယ်သူပြောလဲ??မင်းမျှော်လင့်ထားတဲ့အတိုင်း သူမှငါ့ကို မချစ်တော့တာ....."

ရှဲ့ဟယ်ရဲ့ အမူအရာတွေအေးစက်လာတယ်။

"မဟုတ်ဘူး......အဲ့လိုမဟုတ်ဘူး....."

ကျိုးရိအန်က သေလောက်အောင်ခေါင်းမာတယ်။

ကျိုးရိအန်က ရှဲ့ဟယ် ဘာပြောပြော ဂရုမစိုက်ဘဲ "ငါသူ့ကိုယုံတယ်....ငါသူ့ကိုချစ်တယ်"ဆိုပြီး ဖင်ပိတ်ငြင်းချင်နေတဲ့ပုံပေါက်နေတယ်။

အစောကြီးကတည်းက အဲ့သလို ယုံကြည်ခဲ့မယ်ဆို ဒီလိုတွေဖြစ်လာနိူင်စရာအကြောင်းမရှိဘူး....

ရှဲ့ဟယ်ရဲ့မျက်နှာပေါ်မှာ ကြောက်စရာကောင်းတဲ့အပြုံးတစ်ခု ဖြစ်ပေါ်လာတယ်။ဒီအပြုံးက သူ့အတွက်လား ကျိုးရိအန်အတွက်လားဆိုတာ ရှဲ့ဟယ်ကိုယ်တိုင်ပဲသိမယ့်အပြုံးမျိုး......

"ဟုတ်တယ်....မင်းမှန်တယ်....ငါသူ့ကိုမချစ်ဘူး.....မင်းကိုလဲ လက်မခံန်ိူင်ဘူး.....မင်းတို့ညီအစ်ကိုနှစ်ယောက်စလုံးကို သေလောက်အောင်ကြောက်သွားပြီ....မင်းတို့နှစ်ယောက်နဲ့ အဝေးဆုံးမှာပဲနေချင်တယ်...ငါ့မှာလဲကိုယ်ပိုင်ဘဝရှိတယ်။ကိုယ်ပိုင်ဘဝနဲ့ပဲ ရှင်သန်ချင်တယ်။မင်းတို့နဲ့ပတ်သတ်မိရင် ဒါမျိုးတွေထပ်ကြုံရဉီးမှာပဲ....မင်းကိုလဲ မချစ်ချင်တော့ဘူး....ဒါတွေအကုန်လုံးက ငါ့ရဲ့စိတ်ရင်းအမှန်တွေပါ.....မင်းငါ့ကို လက်လွှတ်ပေးလိုက်ပါတော့.....အနူးညွှတ်တောင်းပန်ပါတယ်...."

အညှာတာကင်းမဲ့တဲ့ စကားလုံးတွေက ကျိုးရိအန်ရဲ့ မကျက်သေးတဲ့ဒဏ်ရာတွေကို အစိမ်းလိုက်ထိုးဆွနေသလိုဖြစ်နေတယ်။ဒယိုင်းဒယိုင်နဲ့ခြေလှမ်းတွေနောက်ဆုတ်လိုက်မိတယ်။သူ ဒီကောင်လေးကို ဘယ်လောက်အတိုင်းအတာထိနာကျင်အောင်လုပ်ခဲ့တယ်ဆိုတာကို ဒီချိန်မှာ သေချာစွာနားလည်သွားခဲ့ပါပြီ.........

ဒီကောင်လေးကို တကယ်ချစ်ရင် ဒီကောင်လေးကို တစ်ယောက်တည်းထားခဲ့ပေးသင့်တယ်....ဒီကောင်လေးရှေ့မှာဘယ်တော့မှာ ပေါ်မလာသင့်တော့ဘူး....ဒါပေမယ့် သူဒီလိုမလုပ်နိူင်ဘူးလေ........

ဒီကောင်လေးကို အသက်ထက်ပိုပြီးချစ်မြတ်နိုးရတာကြောင့် သူမလုပ်နိုင်ဘူး.....

ကျိုးရိအန်က ရှဲ့ဟယ်ရဲ့ အမူအရာကိုကြည့်ပြီး ကြမ်းတမ်းတဲ့ လေသံနဲ့

"မင်းငါ့ကိုနောက်ထပ်အခွင့်အရေးမပေးချင်ဘူးလား...?"

[TN:အခွင့်ရေးရော လူတစ်ကိုယ်လုံးရောပေးမယ် ငါ့ဆီသာလာခဲ့ပါ​တော့ဟယ် 🐙🐙]

ရှဲ့ဟယ်ရဲ့ဖြူဖျော့နေတဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုဖြစ်တည်လာတယ်။

ရှဲ့ဟယ်ပြုံးပြုံးလေးနဲ့ပြောလိုက်တဲ့စကားလုံးက ကျိုးရိအန်ရဲ့မျှော်လင့်ချက်တွေကို အကုန်ရိုက်ချိုးသွားခဲ့လေတယ်။

"ငါတို့တွေ အရင်လိုပြန်မဖြစ်နိုင်တော့ဘူး....."

ငါတို့တွေ အရင်လိုပြန်မဖြစ်နိုင်တော့ဘူး....

ဒီအကြောင်းပြချက်ကိုနားမလည်ပေးမယ့် ရှဲ့ဟယ်ရဲ့စကားလုံးတွေက ကျိုးရိအန်ရဲ့လက်ကျန်မျှော်လင့်ချက်အပိုင်းအစလေးတွေကို ဖြိုခွင်းဖျက်ဆီးပစ်လိုက်လေပြီ.....

ကျိုးရိကျယ်လုပ်ခဲ့သလို ဘာကိုမှဂရုမစိုက်ဘဲ ဒီကောင်လေးကို အပိုင်သိမ်းပစ်လိုက်ချင်တယ်.....ဒါပေမယ့် ဒီကောင်လေးနာကျင်သွားမှာကို စိုးထိတ်မိတဲ့အတွက် မလုပ်ရက်ခဲ့ပါဘူး.......

အဆုံးသတ်မှာတော့ ကျိုးရိအန်ပြောလိုက်တာက......

"ကိုယ်မင်းကို လာတွေ့လို့ရမလား?"

"ဒီတိုင်းလေး မျက်နှာလေးမြင်ရရုံပါပဲ...."

ဝမ်းနည်းကြေကွဲမှုတွေနဲ့ အသနားခံနေတဲ့ကျိုးရိအန်ရဲ့မျက်ဝန်းတွေ အနည်းငယ်လှုပ်ခတ်သွားတယ်။

ရှဲ့ဟယ်ရဲ့နှူတ်ခမ်းတွေလှုပ်ရှားသွားပေမယ့် ဘာတစ်ခွန်းမှမပြောဖြစ်ခဲ့ပေ.....

ကျိုးရိအန်ကတော့ လာရာလမ်းအတိုင်းလှည့်ပြန်သွားခဲ့ပါပြီ......

ကျိုးရိအန်ရဲ့ကျောပြင်ကို ငေးကြည့်နေတဲ့ရှဲ့ဟယ်က ခွန်အားတွေဆုံးရှုံးလိုက်ရသူတစ်ယောက်လို နံရံကိုမှီပြီးလဲကျမသွားအောင်ထိန်းနေရတယ်။ခဏအကြာမှာတော့ ရှဲ့ဟယ်လဲ အိမ်ကိုပြန်သွားခဲ့တယ်။

အိမ်ပြန်ရောက်လို့ အိမ်တံခါးပိတ်ပြီးတာနဲ့ ရှဲ့ဟယ်ရဲ့ အမူအရာတွေတမဟုတ်ချင်းပြောင်းလဲသွားတယ်။

[ရှဲ့ဟယ်:အနှိပ်ကုတင်တွေ၊ဂိမ်းစက်တွေ.......အကုန်လုံးကို System ရဲ့ recycling bin ထဲ မြန်မြန်ထည့်ပေးပါဉီး!!!ဒီနေရာကို အရင်တုန်းကအတိုင်းဖြစ်အောင်မြန်မြန်ရှင်းပေး!!!]

[444:ဟုတ်!!!]

[ရှဲ့ဟယ်:ဟမ်!!!point500 ပေးပြီးဝယ်ထားရတဲ့အနှိပ်ကုတင်ကို recycling bin ထဲပို့တာ ငါ့ကို point 20ပဲ ပြန်ပေးတယ်။ကုတင်က 99%အသစ်ကြီးလေ....System store ဆိုတဲ့နာမည်နဲ့လိုက်ပါပေ့....စျေးပေါပေါနဲ့ဝယ်ပြီး မတန်တဆစျေးနဲ့ပြန်ရောင်းတယ်.....ဒီနည်းလမ်းက လက်တွေ့ဆန်တယ်.....]

[444: ဒါကလေ.....]

[ရှဲ့ဟယ်:system store ကနေ ဝယ်ထားတဲ့ဟာတွေမဟုတ်ဘဲ ဒီကမ္ဘာမှာ ငါပိုင်သမျှအရာတိုင်းကို နောက်ကမ္ဘာတွေမှာ recycle လုပ်လို့ရလား]

ဒါဆိုဖြတ်လမ်းနည်းနဲ့ point တွေရှာလို့ရပြီ.....

[444: ရတယ်....Hostတာ့တာ့ ပိုင်တဲ့ပစ္စည်းတွေတော့ဖြစ်ရမယ်...ပြီးတော့ recycle လုပ်တဲ့တန်ဖိုးတော့ပေးရလိမ့်မယ်.....ဒီလိုအဆင့်နိမ့်ကမ္ဘာမှာ ပစ္စည်းဉစ္စာစုဆောင်းဖို့ အချိန်ဖြန်းမလို့လား]

[TN:ပြောချင်တာက ရှဲ့ဟယ်က  ဒီကမ္ဘာမှာရှိတဲ့ ကျောက်ချင်ပိုင်ဆိုင်တဲ့ ပစ္စည်းဉစ္စာတွေကို recycle store မှာ ပြန်ရောင်းချင်နေတာပါ...အလွယ်ပြောရရင် အဟောင်းဆိုင်မှာပြန်သွင်းသလိုမျိုးပါ...]

[ရှဲ့ဟယ်: ဝိုးးးးး]

[444: ဉပမာပေးရရင်....ဒီကမ္ဘာက ပစ္စည်းတော်တော်များများက recycle တန်ဖိုး သိပ်မရှိဘူး.....recycle တန်ဖိုးရှိတဲ့ဟာတွေကျတော့လဲ နည်းနည်းစျေးပေါနေတယ်....ဉပမာ ရွှေသား 100kg ကို recycle store မှာပြန်သွင်းမယ်ဆို piont 100 ရမယ်....ဆီ တစ်တန် ဆို point 10....စိန် 100 kg ဆို point 100.... ]

[ရှဲ့ဟယ်: သဘောပေါက်ပြီ....]

ရှဲ့ဟယ် တစ်ကိုယ်တည်းတွေးတောနေတယ်....ဒီSystem မှာ ဟာကွက်တစ်ကွက်မှာမရှိဘူး......ကိုယ်ပိုင်ဖူးတဲ့ပစ္စည်းတွေပြန်လိုချင်ရင် သင့်တော်တဲ့တန်ဖိုးတစ်ခုတော့ပြန်ပေးရလိမ့်မယ်.....လက်ရှိအဆင့်နိမ့်ကမ္ဘာမှာ တန်ဖိုးရှိတဲ့အရာတွေ များများစားစားရှိမှာမဟုတ်ဘူး.....ရှန်းရှတို့၊ Fantasy world တို့ စိတ်ကူးယဉ်သိပ္ပံကမ္ဘာတို့မှာဆို recycle storeမှာ ပြန်ရောင်းဖို့ ပစ္စည်းကောင်းလေးတွေရှိမှာပဲ......

ရှဲ့ဟယ်ရဲ့မျက်ဝန်းတွေထဲမှာ လောဘအငွေ့အသက်တွေ လင်းလက်နေတယ်။

[444: Hostတာ့တာ့....OOC 2%ဖြစ်နေပြီလို့ ခုနကတည်းက သတိပေးချင်နေတာ....Hostတာ့တာ့ သရုပ်ဆောင်နေတာ အရှိန်ပျက်သွားမှာစိုးလို့ မပြောလိုက်တာ]

[ရှဲ့ဟယ်: ရတယ်...ပြသာနာမရှိဘူး.....OOC 5% ဖြစ်သွားရင် သတိပေးဉီး....]

ကျိုးရိအန် ပြန်ရောက်လာတာကို တားဆီးဖို့အရေး မူလဇာတ်ကောင် ကျောက်ချင်ရဲ့ စရိုက်နဲ့သွေဖယ်နေတာတွေကို လုပ်လိုက်မိတယ်။မူလဇာတ်ကောင် ​ကျောက်ချင်သာဆိုရင် သေလောက်အောင်နာကျင်နေပါစေ ကျိုးရိအန်ကို နစ်နစ်နာနာတွေပြောမှာမဟုတ်ဘူးလေ......ရှဲ့ဟယ် ဒီအချက်ကို အခုမှသတိထားမိလိုက်တယ်......

ကျိုးရိအန် ရုတ်တရက်ကြီး ဗွေထဖောက်လာတာကြောင့် ရှဲ့ဟယ်ဘက်ကလဲ ကြိုတင်ပြင်ဆင်ချိန်မရလိုက်ဘူးဖြစ်သွားတယ်.....

ရှဲ့ဟယ်ရဲ့နှုတ်ခမ်းထောင့်စွန်းတွေ မြင့်တက်သွားတယ်။အနှေးနဲ့အမြန်ဆိုသလို ကျိုးရိအန်တစ်ယောက် အဖြစ်မှန်တွေကို သိသွားတော့မယ်ဆိုတာ ရှဲ့ဟယ် ခန့်မှန်းထားပြီးသားပါ....ဒီလောက်ထိ မြန်ဆန်နေမယ်လို့တော့ထင်မထားမိဘူး....သူတို့နှစ်ယောက်ကို ကူညီဖို့ ကျိုရိကျယ်ဘက်က စိတ်ပိုင်းဖြတ်ထားလိုက်ပြီထင်တယ်....ဒါဆို လက်ကျန် နှစ်သက်မှုတွေထပ်တိုးဖို့ ခက်ခဲတော့မယ်ထင်တယ်...ဟားးး.ဟားးးးကောင်းလိုက်တာ...မင်း(ကျိုးရိကျယ်) ငါ့ရဲ့အာရုံတွေကိုဖမ်းစားနိူင်တာပဲ.....

ဒီကစားပွဲမှာ ရှဲ့ဟယ်အတွက် ပြိုင်ဘက်ကောင်းတစ်ယောက်ကို ရှာတွေ့ခဲ့ပါပြီ.....

ရှဲ့ဟယ်က ကျိုးရိအန် လာတွေ့ပြီးကတည်းက အေးရာအေးကြောင်း ပုံမှန်တိုင်း ရုံးတက်၊ရုံးဆင်းနဲ့ဘဝကိုဖြတ်သန်းနေခဲ့တယ်။

ရက်အနည်းငယ်ကြာပြီးနောက်......

တိုက်လှေကားမှာ ရပ်စောင့်နေတဲ့ကျိုးရိအန်ကို မြင်လိုက်ရတယ်။

မှင်သက်သွားတဲ့ ရှဲ့ဟယ်က သတိပြန်ဝင်ချိန်မှာ ကျိုးရိအန်ကိုဂရုမစိုက်ဘဲ ဘေးနားကနေ ဖြတ်လျှောက်သွားလိုက်တယ်။ကျိုးရိအန်က ရှဲ့ဟယ်ရဲ့လက်ကို လှမ်းဆွဲလိုက်ပြီး.....

"မင်းကို လွမ်းခဲ့နေတာ...."

"မင်းငါ့ကို အနှောက်အယှက်မပေးပါနဲ့တော့"

ရှဲ့ဟယ်က မထုံတက်တေးအမူအရာနဲ့ပြန်ပြောလိုက်တယ်။

ကျိုးရိအန်က ရှဲ့ဟယ်နဲ့မျက်လုံးချင်းစုံအောင်ကြည့်လိုက်ပြီး စကားတစ်ခွန်းချင်းစီတိုင်းကို သေချာတိကျစွာထုတ်ပြောလိုက်တယ်။

"သေချာရဲ့လား??ဒါဆို....ကိုယ်ပေါ်မှာ ခံစားချက်တွေမရှိတော့ဘူးလို့ပြောပြီး ဘာလို့ ဒီအိမ်မှာ ဆက်နေ နေတာလဲ?"

နောက်ဆုံးတော့......သူ သတိပြုလိုက်မိပြီပဲ.....

ရှဲ့ဟယ်ရဲ့ခန္ဓာကိုယ်က ပျော်ရွှင်မှုကြောင့်တုန်ရီသွားပြီး မျက်ဝန်းတွေထဲမှာ စိုးရိမ်မှုအငွေ့အသက်လေးတွေဖြတ်ပြေးသွားတယ်။

ရှဲ့ဟယ်ကို မျက်တောင်မခတ်စတမ်းစိုက်ကြည့်နေတဲ့ ကျိုးရိအန်ကလဲ ဒါတွေကို မြင်လိုက်တယ်။နွေးထွေးသွားသလိုပါပဲ...သူ့ရဲ့လေသံတွေက စိတ်အားထက်ထန်မှုတွေနဲ့တောက်လောင်နေတယ်။

"မင်းလဲ ကိုယ့်ကိုချစ်နေသေးတယ်မလား?မင်းကိုယ့်ကို လက်မလွှတ်နိုင်ဘူးမလား?"

"မဟုတ်ဘူး!!!"

ရှဲ့ဟယ်က အံကြိတ်ထားတဲ့လေသံနဲ့ ငြင်းဆိုလိုက်တယ်။

ကျိုးရိအန် က ခေါင်းငုံ့ပြီး ရှဲ့ဟယ်ကို နင့်နင့်သီးသီးကြည့်လိုက်တယ်။သူ့လေသံက အလွန်တရာ နူးညံ့ပျော့ပြောင်းနေတယ်။

"အရူးလုပ်တာ ခံလိုက်ရတော့မလို့....မင်းကိုယ့်ကိုချစ်နေသေးသားပဲ......"

"မဟုတ်ဘူးလို့ပြောနေတယ်!!"

ရှဲ့ဟယ်က ကျိုးရိအန်ကိုတွန်းထုတ်လိုက်ပြီး အိမ်ထဲကို ဝင်ဖို့ကြိုးစားလိုက်တယ်။

သို့ပါသော်လည်း....ကျိုးရိအန်က အလွယ်တကူလွှတ်ပေးမတဲ့လား???ရှဲ့ဟယ် တံခါးမပိတ်မှီ အခန်းထဲကို အတင်းကာရောတိုးဝင်လိုက်တယ်။

ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်တော့ သူတို့ရဲ့ တိုင်းတာလို့မရနိုင်တဲ့ ခံစားချက်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီအိမ်လေးကို တွေ့လိုက်ရတယ်…။ဆင်တူ ခွက်လေးနှစ်ခွက်ကိုတောင် ကျိုးရိအန်ဘယ်တုန်းကမှ မထွက်သွားခဲ့ဖူးသလို ဘေးချင်းကပ်လျက်ထားပေးထားတယ်လေ......

အဖြစ်ပျက်တွေ များပြားလွန်းခဲ့ပါသော်လည်း အချိန်ကာလတွေက လှပတဲ့အမှတ်တရတွေကြားမှာ ရပ်တန့်နေခဲ့သလိုပါပဲ......

ရှဲ့ဟယ်ရဲ့မျက်နှာပေါ်က စိုးရိမ်သောကတွေကို ဖုံးဖိမရတော့တာကြောင့် ကျိုးရိအန်ကို တွန်းထုတ်လိုက်တယ်။

ကျိုးရိအန်ရဲ့ ခြေလှမ်းတွေ မရွေ့ခဲ့ပါဘူး။နှလုံးသားထဲက ချစ်ခြင်းမေတ္တာတွေယိုဖိတ်စီးကျနေသလို အကြည့်တွေနဲ့ ရှဲ့ဟယ်ကို တမေ့တမောငေးကြည့်နေတယ်။ပြောပြချင်တဲ့
စကားလုံးတွေများပြားနေပေမယ့် ဘယ်ပုံဘယ်နည်းနဲ့ပြောရမှန်းမသိဘူးဖြစ်နေတယ်။ပျော်ရွှင်မှုနဲ့ ချစ်ခြင်းမေတ္တောတရားတွေကို ဘယ်လိုစကားလုံးတွေနဲ့ပုံဖော်ရမှန်းမသိတော့တဲ့အတွက် ရှဲ့ဟယ်ကိုပွေ့ဖက်ပြီးနမ်းရှိုက်လိုက်တယ်။

ရှဲ့ဟယ်က မျက်လုံးအဝိုင်သားနဲ့လွတ်အောင်ရုန်းနေပါသော်လည်း ဒီတစ်ကြိမ်မှာ ကျိုးရိအန်က အားကုန်သုံးပြီး ဖက်တွယ်ထားလိုက်တယ်။ကျိုးရိအန်က ရှဲ့ဟယ်နဲ့တစ်သားတည်းဖြစ်သွားစေချင်တဲ့ပုံစံမျိုးနဲ့ ပွေ့ဖက်ထားတယ်။

အင်မတန် နူးညံ့ညှင်သာတဲ့ အနမ်းတွေပါပဲ....

ရှဲ့ဟယ်ရဲ့ရုန်းကန်မှုတွေ အားလျော့လာတယ်.....နောက်ဆုံးတော့.....မျက်လုံးတွေကိုမှိတ်ချလိုက်ပြီး အရှုံးပေးလိုက်တယ်။

မှန်ပါတယ်......သူ့(ကျိုးရိအန်)ကို လက်မလွှတ်နိုင်ပါဘူး.......

ကျိုးရိအန်ကို လက်လွှတ်မပေးနိူင်ခဲ့ပါဘူး.....

.......................

အရာအားလုံးက အစတုန်းကလိုပါပဲ.... ကျိုးရိအန်က ဘယ်တုန်းကမှ မထွက်ခွာခဲ့ဖူးတဲ့လူတစ်ယောက်သဖွယ် အိမ်ပြန်လာခဲ့တယ်။

ကျိုးရိအန်က ရှဲ့ဟယ်ကို အရင်ကထက်ပိုပြီးနူးညံ့ညှင်သာစွာ ဆက်ဆံပေးခဲ့တယ်။နေ့တိုင်း စားစရာတွေချက်ပြုတ်ပြီး ရှဲ့ဟယ် အိမ်ပြန်လာမယ့်အချိန်ကို စောင့်နေတတ်တယ်။စားသောက်ပြီးရင် သူပဲ ပန်းကန်တွေဆေးကြောပေးပြန်တယ်။ရှဲ့ဟယ်ပင်ပန်းမယ့်အလုပ်ဆို ဘာအလုပ်မှ မလုပ်စေချင်ခဲ့ပေမယ့် ရှဲ့ဟယ်ရဲ့ကိုယ်ပိုင်သက်မွေးဝမ်းကျောင်းအလုပ်ကိုတော့ မပိတ်ပင်ခဲ့ပါဘူး....အဲ့အစားနောက်ကွယ်ကနေ ကူညီထောက်ပံ့ခဲ့တယ်။ရှဲ့ဟယ် မလုပ်ချင်တာတွေကို မလုပ်ခိုင်းဘဲ အလိုလိုက်ပေးခဲ့တယ်။

ရှဲ့ဟယ်ကို  ကြည့်တဲ့အကြည့်တွေထဲမှာ ထာဝရနူးညံ့သိမ်မွေ့ပြီး လေးနက်တဲ့မေတ္တာတရားတွေ ပြည့်လျှံနေတယ်။

ရှဲ့ဟယ်က ကျိုးရိအန်နဲ့ မျက်နှာချင်းမဆိုင်ရဲတဲ့အတွက် အစပိုင်းမှာ ဒီလိုဂရုစိုက်မှုတွေနဲ့အသားမကျခဲ့ပေ....သို့ပါသော်လည်း ကျိုးရိအန်ရဲ့ အလိုလိုက် ဂရုစိုက်မှုတွေကို မခုခံနိူင်ခဲ့ပါဘူး......တစ်ချိန်တစ်ခါတုန်းက ဒီလူကို ချစ်ခဲ့ဖူးတယ်.....

ဒီချစ်ခြင်းတရားတွေကို နှလုံးသားရဲ့အနက်ရှိုင်းဆုံးသောနေရာတစ်ခုမှာ မြှပ်နှံထားခဲ့ပြီးပြီ...ဒီလူက အခုချိန်ထိ သူ့ကိုအလွယ်တကူလှည့်စားနိုင်တုန်းပါပဲ.....

အဆုံးသတ်မှာ ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်နေလို့မရတော့ဘူးလေ.....

ပြောနေကျစကားတစ်ခွန်းလိုပဲပေါ့......အပြင်ပန်းကိုကြည့်ပြီး အဆင်ပြေနေတယ်လို့မထင်လိုက်ပါနဲ့......

ထိုနေ့ည.......

ညစာစားနေရင်းနဲ့ ရှဲ့ဟယ်က ကျိုးရိအန်ကို မေးလိုက်တယ်။

"အိမ်မပြန်တော့ဘူးလား??အကြာကြီး အလုပ်ပျက်နေလို့ရောဖြစ်ရဲ့လား?"

ကျိုးရိအန်ရဲ့ အမူအရာက တခဏချင်း တင်းမာလာတယ်။ ပြီးတာနဲ့ ချက်ချင်းပြုံးလိုက်ပြီး.......

"ကိုယ့်အိမ်က ဒီမှာလေ.."

ရှဲ့ဟယ်က နှုတ်ခမ်းကိုက်လိုက်ပြီး ကျိုးရိအန်ကို ရှုပ်ထွေးတဲ့အမူအရာနဲ့ကြည့်လိုက်တယ်။

"ငါ ဘာကိုပြောချင်တယ်ဆိုတာ သိရဲ့သားနဲ့"

စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျိုးရိအန် က အပြုံးတွေကို ဖြည်းညှင်းစွာ ပြန်ရုတ်သိမ်းလိုက်ပြီး

“ မပြန်ဘူး။ အခုချိန်ကစပြီး ကိုယ်တို့နှစ်ယောက်ရဲ့ ကျန်တဲ့ဘဝသက်တမ်းကို ဘယ်လိုဖြတ်သန်းကြမလဲဆိုတာစဉ်းစားကြမယ်။ကိုယ် အလုပ်ကြိုးစားပြီး ငွေရှာမယ်။ မင်းကို ကောင်းကောင်း ဂရုစိုက်ပေးမယ်"

ကျိုးမိသားစုဆီကို မပြန်ချင်တော့ဘူး။ရှဲ့ဟယ်ကို ကျိုးရိကျယ်နဲ့မတွေ့စေချင်ဘူး။သူ့ရဲ့ကိုယ်ပိုင်နည်းလမ်းတွေနဲ့ပဲ ရှဲ့ဟယ်ကို ကာကွယ်စောင့်ရှောက်ပေးမယ်။

ရှဲ့ဟယ်က ဘာတစ်ခွန်းမှမပြောတော့ဘဲ စိတ်လွတ်နေသူတစ်ယောက်လိုငေးကြည့်နေတယ်။

"မဟုတ်တာတွေလျှောက်တွေးမနေနဲ့....မင်းဘေးမှာအမြဲရှိနေပေးမယ်"

ကျိုးရိအန်က ပြုံးလိုက်ပြီး ရှဲ့ဟယ်ရဲ့အတွေးမျှင်တွေကိုဖြတ်တောက်ဖို့ကြိုးစားတဲ့အနေနဲ့ ရှဲ့ဟယ်ရဲ့ပန်းကန်ထဲကို အသားတုံးတွေထည့်ပေးလိုက်တယ်။ကျိူးရိအန်ရဲ့ အပြုမှုတွေက နွေးထွေးမှုတွေကိုသယ်ဆောင်လာတယ်။

"မြန်မြန်စား.....ပိန်သွားလိုက်တာ....ကိုယ်မင်းကို ဖက်လိုက်တိုင်း နာနေလိမ့်မယ်"

ရှဲ့ဟယ်က ကျိုးရိအန်ကို ကြည့်လိုက်ပြီး ထမင်းဆက်စားနေလိုက်တယ်။

ပုံမှန်အတိုင်း အချိန်တွေလည်ပတ်နေခဲ့တာ တစ်လကျော်သွားခဲ့ပြီ....ရှဲ့ဟယ် အလုပ်လုပ်နေတုန်းမှာ ရုတ်တရက်ကြီး 444ရဲ့ သတိပေးသံကိုကြားလိုက်ရတယ်။

[444: Hostတာ့တာ့...ကျိုးရိကျယ် လာနေပြီ]

ရှဲ့ဟယ်ရဲ့ အကြည့်တွေ ထက်ရှသွားတယ်။point 100ပေးရတဲ့ ကိုယ်ပျောက်ကင်မရာကိုအိမ်မှာတပ်ခိုင်းထားပြီး 444ကို စောင့်ကြည့်ခိုင်းထားတယ်လေ.......

ကျိုးရိကျယ်ပေါ်လာပြီပေါ့....လုပ်လက်စတွေကိုပစ်ချလိုက်ပြီး မတ်တပ်ထရပ်လိုက်တယ်။

အိမ်မှာ ချက်ပြုတ်နေတဲ့ ကျိုးရိအန်ဆီကို မဖိတ်ထားတဲ့ဧည့်သည်တစ်ယောက် ရောက်လာတယ်။

သူက ကျိုးရိကျယ်ကို အေးစက်စွာကြည့်လိုက်ပြီး စိတ်မရှည်တဲ့လေသံနဲ့.....

"ဒီနေရာကို ဘာလို့လာတာလဲ?"

ကျိုးရိကျယ်ဘက်က လေသံအေးအေးနဲ့.....

"မင်းဘာဆက်လုပ်မလဲဆိုတာသိချင်လို့လာမေးတာ....company မှာအလုပ်ဝင်တုန်းက ဘာပြသာနာမှ မရှိပေမယ့် အခုလိုမပြောမဆိုနဲ့ထွက်သွားတော့ လူပြောစရာတွေဖြစ်ကုန်ပြီ....နည်းနည်းလောက်တော့ရင့်ကျက်သင့်နေပြီ"

"ဟမ့်....ရင့်ကျက်ရမယ်တဲ့လား??ခင်ဗျားလို ရင့်ကျက်ရမှာလား?"

ကျိုးရိအန် လှောင်ပြောင်သရော်လိုက်တယ်။

ကျိုးရိကျယ်က ညီဖြစ်သူရဲ့ လှောင်ပြောင်သရော်မှုကို မကြားချင်ယောင်ဆောင်ထားလိုက်ပြီး......

"မင်းနဲ့ ပြိုင်ငြင်းဖို့လာတာမဟုတ်ဘူး။ကျောက်ချင်နဲ့အတူနေချင်တယ်ဆို company အလုပ်တွေကို ပစ်ထားလို့မရဘူး။အိမ်ကကိစ္စတွေကိုခေါင်းထဲမထည့်နဲ့ ငါကြည့်ရှင်းထားလိုက်မယ်"

"ကျုပ် ကုမ္ပဏီကို ပြန်လာဖို့ ဘာလို့ စေတနာကောင်းပြနေတာလဲ? အစတုန်းကတော့ ခင်ဗျားကိုယ်တိုင်ပဲကျုပ် ကို အတင်းအကျပ်မောင်းထုတ်ချင်နေခဲ့တာလေ"

ကျိုးရိအန် က ပြုံးနေပေမယ့် သူ့မျက်လုံးတွေက အေးစက်နေတယ်။

" ခန့်မှန်းကြည့်ရအောင်။ ခင်ဗျား ကျုပ်ကို ကုမ္ပဏီကို ပြန်လာဖို့ ရက်ရက်ရောရော ခွင့်ပြုရတဲ့ အကြောင်းရင်းက သူ့ကို ကောင်းကောင်း စောင့်ရှောက်ဖို့ ကျုပ်မှာ လုံလောက်တဲ့ စွမ်းအားတွေ ရှိစေချင်လို့ မဟုတ်လား??ခင်ဗျား  တကယ်ကို စဉ်းစားပေးတတ်တာပဲ…”

ကျိုးရိကျယ်က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဘာမှမပြောတော့ဘူး။

"စေတနာကောင်းချင်ယောင်ဆောင်မနေနဲ့!!!"

ကျိုးရိအန်ရဲ့အကြည့်တွေ၊လေသံတွေက အရိုးခိုက်အောင်အေးစက်နေတယ်။

"ခင်ဗျားကြောင့်သာမဟုတ်ရင် ကျုပ်တို့နှစ်ယောက်ကြားမှ အခုလိုဖြစ်လာစရာအကြောင်းမရှိဘူး!!!! ကျောက်ချင်ရော၊ကျုပ်ရော ခင်ဗျား ရဲ့ဂရုဏာထားမှုတွေကိုမလိုအပ်ဘူး.....ကျုပ် သူ့ကိုစောင့်ရှောက်ပေးနိုင်တယ်....ခင်ဗျား ထွက်သွားလိုက်တော့!!"

ကျိုးရိကျယ်ရဲ့မျက်ဝန်းတွေထဲမှာ နာကျင်မှုတွေရှိတယ်။သူ့လက်ချောင်းတွေအနည်းငယ် လှုပ်ရှားသွားပေမယ့် အမူအရာတွေကတော့တည်ငြိမ်နေဆဲပါပဲ။သူ့ရဲ့ ပါးလွှာတဲ့ နှုတ်ခမ်းကို အနည်းငယ် လှုပ်ရှားလိုက်ပြီး ရှားရှားပါးပါး စိတ်ရှည်သည်းခံမှုကို ပြသခဲ့တယ်။

"ခေါင်းအေးအေးထားပြီးပြန်စဉ်းစားပါ.....
အချိန်မရွေး ပြန်လာနိုင်တယ်။ မင်းရသင့်တဲ့ ကျိုးမိသားစုရဲ့ ရှယ်ယာတစ်ချို့ရှိတယ်"

ပြောစရာကုန်သွားတာနဲ့ နှုတ်ခမ်းတွေကိုတင်းနေအောင်စေ့ထားလိုက်တယ်။ဒါက သူ့ရဲ့ limit အကုန်ပဲလေ......

ချစ်ရသူကို တခြားတစ်ယောက်လက်ထဲထည့်ပေးလိုက်ရတဲ့အပြင် ရည်းစားလုဖက်အတွက်ပါ စိတ်ပူပေးနေရတယ်.....ကျိုးရိကျယ်ရဲ့နှလုံးသားတစ်ခုလုံးတင်းကြပ်လာတယ်။နာကျင်လွန်းတာကြောင့်အသက်ရှူရတာတောင် ခက်ခဲလာတယ်။သူ့ကိုယ်သူ နှိမ့်ချပြီး ချစ်ရတဲ့သူအတွက် အရာအားလုံးကို စွန့်လွှတ်ရမယ့် ဒီအဆင့်ကို ရောက်မယ့်နေ့ဆိုတာ ဘယ်တော့မှရှိမလာဘူးလို့ထင်ထားခဲ့ဖူးတယ်။

တွေ့လိုက်တာနဲ့ သူ့ကိုယ်သူ ထိန်းမနိုင်တော့ဘဲ ရှဲ့ဟယ်ကို  နောက်တစ်ကြိမ် နာကျင်အောင်လုပ်မိမှာစိုးရိမ်တာကြောင့် ရှဲ့ဟယ်ရှေ့ကိုမသွားရဲတော့ဘူး။ဒါ့ကြောင့် နောက်ကွယ်ကနေ တိတ်တိတ်လေးငေးကြည့်နေခဲ့မိတယ်။

"ပြန်တော့မယ်"

ကျိုးရိကျယ် ဒီနေရာမှာဆက်မနေချင်တော့ဘူး။

"လမ်းခရီးအဆင်ပြေပါစေ...လိုက်မပို့တော့ဘူးနော်"

ကျိုးရိအန်က ရွဲ့တဲ့တဲ့လေသံနဲ့နှုတ်ဆက်လိုက်တယ်။

ကျိုးရိကျယ်ရဲ့မျက်ဝန်းတွေထဲမှာ ညှိုးငယ်နွမ်းလျမှုတွေဖြစ်ပေါ်လာတယ်။ကျိုးရိအန်ရဲ့အပြုမူတွေကိုခေါင်းထဲထည့်မနေတော့ဘူး....ဒါတွေအကုန်လုံးကို ရှဲ့ဟယ်အတွက်လုပ်ပေးချင်ခဲ့တာပါ.....

တစ်ဖက်လှည့်ပြီးတံခါးဖွင့်လိုက်ချိန်မှာ ဟန်ဆောင်အားတင်းထားသမျှတွေအကုန်ပြိုလဲကုန်ခဲ့ပါပြီ......

သေတော့မတတ်လွမ်းနေရတဲ့ကောင်လေးကို တံခါးဝမှာတွေ့လိုက်ရတယ်။ရင်းနှီးကျွမ်းဝင်နေတဲ့အကြည့်တွေနဲ့ သူ့​ကိုငေးကြည့်နေတယ်လေ.....

ဒီကောင်လေးတံခါးဝမှာရပ်နေတာ ဘယ်လောက်ကြာနေပြီလဲ???ဘယ်အတိုင်းအတာထိ ကြားသွားခဲ့တယ်ဆိုတာဘယ်သူသိနိုင်မှာလဲ????

စာလုံးရေ 4914 တဲ့ အမလေး ဖျားဖျား😁

ZawGyi

က်ိဳးရိအန္က တစ္လွမ္းခ်င္းလွမ္းလာေနတဲ့လူငယ္ေလးကို ေငးၾကည့္ေနတယ္။ထိုေကာင္ေလးရဲ႕အသြင္သ႑ာန္က မၾကာမီေမွးမွိန္ေပ်ာက္ကြယ္ေတာ့မတတ္ ျဖဴေဖ်ာ့ပါးလ်ေနတယ္။ေလွ်ာ္ပါမ်ားလို႔ႏြမ္းဖတ္ေနတဲ့အဝတ္ေဟာင္းေလးေတြကို ဝတ္ဆင္ထားၿပီးမ်က္ကြင္းေတြညိဳမည္းေနတဲ့  ဒီေကာင္ေလးဆီမွာ တစ္ခ်ိန္တစ္ခါတုန္းက ေနေရာင္ခ်ည္သဖြယ္ေႏြးေထြးတက္ႂကြမႈအရိပ္ေယာင္ေတြေပ်ာက္ဆုံးေနၿပီ.......

ျမင္ရသူတိုင္းစိတ္မေကာင္းျဖစ္သြားေစႏိုင္ေလာက္တဲ့အထိ ေကာင္ေလးရဲ႕ ခႏၶာကိုယ္တစ္ခုလုံးကို မႈန္မိႈင္းေနတဲ့အလႊာတစ္ခုလႊမ္းျခဳံထားတယ္....

ဒီအခ်ိန္မွာ က်ိဳးရိအန္တစ္ေယာက္ ေနာင္တေတြ၊နာက်င္မႈေတြၾကားမွာ နစ္ျမႇဳပ္သြားသလိုခံစားေနရတယ္။ေသာက္သုံးမက်တဲ့သူ(က်ိဳးရိအန္)က ခ်စ္ရသူကို  အထင္ျမင္လြဲမွားၿပီး ဒီေလာက္ထိ နာက်င္ခံစားရေအာင္ လုပ္ခဲ့မိတယ္ေလ.....

ေက်ာက္ခ်င္ ဘာအမွားမွမက်ဴးလြန္ခဲ့ဘူး...သူ(က်ိဳးရိအန္)သာလွ်င္အေျခေနတစ္ခုလုံးကို ႐ႈပ္ေထြးေအာင္လုပ္ခဲ့မိတာပါ....

သူ႕ရဲ႕ ကိုယ္ပိုင္ မိုက္မဲမႈေတြ၊အသုံးမက်မႈေတြကို လက္သင့္မခံႏိုင္ခဲ့ဘူး......သူ႕ဘက္က ေကာင္းေကာင္းမြန္မြန္မေစာင့္ေ႐ွာက္ႏိုင္ခဲ့တဲ့အတြက္ ေက်ာက္ခ်င္ဒီလို အျဖစ္ဆိုးမ်ိဳးနဲ႔ၾကဳံခဲ့ရတာ....ေက်ာက္ခ်င္ကို ကာကြယ္မေပးႏိူင္ခဲ့တဲ့အျပင္ နားလည္မႈေတြလဲ မေပးနိင္ခဲ့ဘူး.....အဲ့အစား အစ္ကိုျဖစ္သူအေပၚထား႐ွိတဲ့မနာလိုစိတ္ေတြေၾကာင့္ ေက်ာက္ခ်င္ကို အထင္ျမင္လြဲမွားၿပီး တြန္းထုတ္လိုက္မိတယ္....ေက်ာက္ခ်င္က သူ႕ေၾကာင့္နဲ႔ အ႐ွက္ရျခင္းေပါင္းမ်ားစြာကို ခံစားခဲ့ရတာေတာင္ အညႇာတာကင္းမဲ့စြာနဲ႔ ေမာင္းထုတ္လိုက္ေသးတယ္.......

က်ိဳးရိက်ယ္ေျပာျပခဲ့တာေတြကို ၾကားေယာင္မိေနတယ္။နာက်င္မႈက အစာအိမ္ထဲကေန လည္ေခ်ာင္းေတြစီ ဆန္တက္လာတယ္.....ျဖစ္ႏိုင္မယ္ဆို...ခ်စ္ရသူရဲ႕အျပဳံးေတြကို ေနာက္တစ္ႀကိမ္ျပန္ျမင္ႏိုင္ဖို႔ အသက္ဝိဉာဥ္နဲ႔အလဲအလွယ္လုပ္ပစ္လိုက္ခ်င္တယ္......

က်ိဳးရိအန္ကိုျမင္လိုက္ရတဲ့အတြက္ ႐ွဲ႕ဟယ္ေျခလွမ္းေတြကိုရပ္တန္႔လိုက္တယ္။

ေမွာင္မိုက္က်ဥ္းေျမာင္းတဲ့လမ္းေလးေပၚမွာ တစ္ေယာက္ကိုတစ္ေယာက္ ေငးၾကည့္ေနၾကတယ္....သူတို႔က တစ္ခ်ိန္တစ္ခါတုန္းက အရင္းႏွီးဆုံးခ်စ္သူေတြျဖစ္ခဲ့ေပမယ့္....အခုခ်ိန္မွာေတာ့....ေဝးကြာေနၿပီျဖစ္တဲ့ သူစိမ္းႏွစ္ေယာက္ပါပဲ.....

႐ွဲ႕ဟယ္က က်ိဳရိအန္ကို စိုက္ၾကည့္လိုက္တယ္။မ်က္ဝန္းေတြထဲမွာ နာက်င္မႈအရိပ္ေယာင္ေတြျဖတ္ကနဲလင္းလက္သြားၿပီး တုန္႔ဆိုင္းမႈမ႐ွိ ေနာက္လွည့္ေက်ာခိုင္းပစ္ခဲ့တယ္။

က်ိဳးရိအန္မွာ ေျပာျပစရာစကားေတြ တစ္ေပြ႕တစ္ပိုက္႐ွိေနပါေသာ္လည္း ခ်စ္ရသူရဲ႕ ေရခဲတစ္မွ်ေအးစက္ေနတဲ့ေနာက္ေက်ာျပင္ေလးကိုသာ ေငးၾကည့္ေနခဲ့ရတယ္။ေဆးခါးႀကီးတစ္ခြက္ေသာက္လိုက္ရသလို ခါးသက္လြန္းတယ္.......

ေကာင္ေလးေနာက္ကို ျမန္ျမန္ေျပးလိုက္သြားၿပီး လက္ကိုလွမ္းဆြဲလိုက္တယ္။

"ကိုယ္....ေျပာစရာ႐ွိတယ္...."

႐ွဲ႕ဟယ္က က်ိဳးရိအန္ကို ေၾကကြဲနာက်င္ေနတဲ့အၾကည့္နဲ႔လွည့္ၾကည့္လိုက္ၿပီး တုန္ရီေနတဲ့အသံနဲ႔.....

"မင္း ငါ့ကိုအ႐ွက္ခြဲခ်င္ေန​ေသးတယ္ဆိုလဲ တြန္႔ဆုတ္မေနနဲ႔......မင္းေျပာသလို ငါက
အဆင့္အတန္းနိမ့္က်ၿပီး ႐ြံ႕စရာေကာင္းတယ္.....မင္းေျပာခ်င္တာမွန္သမွ် ေျပာပစ္လိုက္.....ငါ့ရဲ႕႐ွက္စရာေကာင္းတဲ့ပုံစံကို ျမင္ခ်င္လို႔ ေနာက္ကေန လိုက္လာတာမလား??အခုျမင္ရၿပီမလား???ေက်နပ္ၿပီလား??"

က်ိဳးရိအန္ရဲ႕လႈပ္႐ွားမႈေတြ ေတာင့္တင္းကုန္ၿပီ...႐ွဲ႕ဟယ္ရဲ႕ အသြင္အျပင္က က်ိဳးရိအန္ကိုရင္ထဲနင့္ေနေအာင္ခံစားရေစတာေၾကာင့္
မနည္းအားယူၿပီးစကားေျပာေနရတယ္။

"အဲ့လိုမဟုတ္ပါဘူး....ကိုယ္...ကိုယ္မင္းကို ေတာင္းပန္ခ်င္လို႔ပါ......

႐ွဲ႕ဟယ္ရဲ႕ မ်က္ဝန္းေတြထဲမွာ အံ့အားသင့္တဲ့အရိပ္အေယာင္ေတြေပၚထြက္လာတယ္။သူ႕အသံေတြက အက္ကြဲတုန္ရီေနတယ္။

"ဘာ...ဘာေျပာလိုက္တယ္!!!"

"ေတာင္းပန္ပါတယ္"

က်ိဳးရိအန္က ႐ွဲ႕ဟယ္နဲ႔မ်က္လုံးခ်င္းဆုံေအာင္ၾကည့္လိုက္ၿပီး ရင္ခြင္ထဲကို ဆြဲထည့္လိုက္ကာ....

"မင္းအေပၚအထင္လြဲခဲ့မိတယ္...ေတာင္းပန္ပါတယ္.... မင္းကိုပဲအၿမဲတမ္းခ်စ္ခဲ့တာပါ...."

႐ွဲ႕ဟယ္တစ္ေယာက္ စဥ္းစားေတြေခၚႏိူင္စြမ္းေတြယာယီေပ်ာက္ဆုံးကုန္တာေၾကာင့္ ေၾကာင္ေတာင္ေတာင္ျဖစ္ေနတယ္။

တခဏအၾကာမွာေတာ့ မည္းညိဳ႕ေနတဲ့အၾကည့္ေတြနဲ႔.....

"ငါမင္းကို မခ်စ္ေတာ့ဘူး....ထြက္သြားပါေတာ့....

က်ိဳးရိအန္ရဲ႕အသားအေရာင္က လူေသအေလာင္းတစ္ခုသဖြယ္ ခ်က္ခ်င္းျဖဴေဖ်ာ့သြားခဲ့တယ္။ဒီအခ်ိန္မွာ ဘာလုပ္သင့္တယ္ဆိုတာကို ဘယ္လိုမွစဥ္းစားမရေတာ့ဘူး....

႐ွဲ႕ဟယ္က က်ိဳးရိအန္ကို ညႇင္သာစြာတြန္းထုတ္လိုက္တယ္။ၿပီးတာနဲ႔ ေခါင္းငိုက္စိုက္ခ်ၿပီး.....

"သြားပါေတာ့....အထင္လြဲေနတာေတြကို ေျဖ႐ွင္းႏိူင္ရင္ပဲ လုံေလာက္ေနပါၿပီ.....ေနာက္လဲ ငါ့ဆီမလာပါနဲ႔​ေတာ့...."

သူဒီလို သနားၾကင္နာမႈမ်ိဳး လုံးဝမလိုအပ္ပါဘူး.......

တကယ္တမ္းလက္ေတြ႕ရင္ဆိုင္ရလိုက္ရေတာ့မွ သူတို႔ႏွစ္ေယာက္ၾကားက အက္ကြဲရာေတြကို ဖာေထးဖို႔နည္းလမ္းမ႐ွိန္ိဳင္ေတာ့ဘူးဆိုတာ ေသခ်ာနားလည္လာတယ္။

က်ိဳးရိအန္က စိတ္ဝိဉာဥ္ကင္းကြာေနသူတစ္ေယာက္သဖြယ္ ေတာင့္ေတာင့္ႀကီး မတ္တပ္ရပ္ေနၿပီး......

"ဘာ့ေၾကာင့္လဲ...."

"ဘာ့ေၾကာင့္လဲဆိုတာ မ႐ွိဘူး.....သြားပါေတာ့...."

တစ္ခ်ိန္တစ္ခါတုန္းက သူကိုယ္တိုင္ေမာင္းထုတ္ခဲ့ဖူးတဲ့ေကာင္ေလးရဲ႕ပုံရိပ္ေတြကို ျမင္ေယာင္လာမိတယ္။အဲ့တုန္းက "ထြက္သြား"ဆိုတဲ့စကားတစ္ခြန္းနဲ႔ ပတ္သတ္မႈေတြကို ျဖတ္ေတာက္ၿပီး ဒီေကာင္ေလးကို အသူရာေခ်ာက္နက္ထဲ တြန္းပို႔ခဲ့တယ္။ပိုင္ဆိုင္သင့္သမွ်ကို ျပန္ယူမယ့္အျပင္ သစၥာေဖာက္သြားတဲ့ ဒီေကာင္ေလးကိုလဲ ကလဲ့စားေခ်မယ္လ္ိဳ႕ ၾကဳံးဝါးခဲ့ေသးတယ္.....

ဒါေပမယ့္.......အဆုံးသတ္မွာ ႐ွာေဖြေတြ႕႐ွိခဲ့တဲ့ အမွန္တရားေတြက သူထင္ထားခဲ့တာေတြနဲ႔ လြဲေခ်ာ္ေနတယ္။အမွန္တရားေတြက သူ႕ကို အသက္႐ွင္စိတ္ကုန္ခမ္းေစေလာက္တဲ့အထိ နာက်င္ေစတယ္။

အဲ့တုန္းကတည္းက ဒီေကာင္ေလးကို ကာကြယ္ေပးခဲ့သင့္တာ....အဲ့တုန္းကတည္းက ပိုခ်စ္ခဲ့ေပးသင့္တာ......

က်ိဳးရိအန္ရဲ႕အျပဳံးေတြေပၚထြက္လာတယ္။

"ရပါတယ္....ကိုယ္ဘက္က မေကာင္းတာေတြအမ်ားႀကီးလုပ္ခဲ့တဲ့အတြက္ အျပစ္တင္ရင္လဲ ခံရမွာပဲ......မင္း ကိုယ့္ကိုခ်စ္ဖို႔မလိုပါဘူး......ကိုယ့္ဘက္က ခ်စ္ေနသ၍ အကုန္အဆင္ေျပတယ္"

ဒီစကားေၾကာင့္ ႐ွဲ႕ဟယ္စိတ္ဆိုးသြားပုံရတယ္။ရင္ဘတ္တစ္ခုလုံး နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနၿပီး အသံေနအထားကလဲ ေအးစက္လာတယ္။

"တကယ္ေျပာေနတာလား??ငါ က်ိဳးရိက်ယ္ကို ခ်စ္မိေနၿပီဆိုရင္ေတာင္ မင္းဘက္က ဘာျပသာနာမွမ႐ွိဘူးေပါ့....ဟုတ္လား?"

"ဘယ္နည္းနဲ႔မွ မျဖစ္ႏိူင္ဘူး"

က်ိဳးရိအန္က လက္သီးကိုက်စ္ေနေအာင္ဆုပ္ထားတယ္။သူ႕ဘက္က သိပ္ေသခ်ာေနလို႔ေျပာတာလား....ဒါမွမဟုတ္ သူ႕ကိုယ္သူ ႏွစ္သိမ့္ခ်င္ေနတာလားဆိုတာ ဘယ္သူသိႏိုင္မွာလဲ??

"မင္းသူ႕ကို ခ်စ္တယ္ဆို ဘာလို႔ သူ႕အနားကေန ထြက္လာတာလဲ??မင္းသူ႕ကို ဘယ္တုန္းကမွ မခ်စ္ခဲ့ဖူးဘူး....သူ႕ဘက္ကက ဖိအားေပးလို႔ျဖစ္ခဲ့တာေတြဆိုတာ ကိုယ္အကုန္သိၿပီးၿပီ...."

"ငါသူ႕ကိုထားခဲ့တယ္လို႔ ဘယ္သူေျပာလဲ??မင္းေမွ်ာ္လင့္ထားတဲ့အတိုင္း သူမွငါ့ကို မခ်စ္ေတာ့တာ....."

႐ွဲ႕ဟယ္ရဲ႕ အမူအရာေတြေအးစက္လာတယ္။

"မဟုတ္ဘူး......အဲ့လိုမဟုတ္ဘူး....."

က်ိဳးရိအန္က ေသေလာက္ေအာင္ေခါင္းမာတယ္။

က်ိဳးရိအန္က ႐ွဲ႕ဟယ္ ဘာေျပာေျပာ ဂ႐ုမစိုက္ဘဲ "ငါသူ႕ကိုယုံတယ္....ငါသူ႕ကိုခ်စ္တယ္"ဆိုၿပီး ဖင္ပိတ္ျငင္းခ်င္ေနတဲ့ပုံေပါက္ေနတယ္။

အေစာႀကီးကတည္းက အဲ့သလို ယုံၾကည္ခဲ့မယ္ဆို ဒီလိုေတြျဖစ္လာႏိူင္စရာအေၾကာင္းမ႐ွိဘူး....

႐ွဲ႕ဟယ္ရဲ႕မ်က္ႏွာေပၚမွာ ေၾကာက္စရာေကာင္းတဲ့အျပဳံးတစ္ခု ျဖစ္ေပၚလာတယ္။ဒီအျပဳံးက သူ႕အတြက္လား က်ိဳးရိအန္အတြက္လားဆိုတာ ႐ွဲ႕ဟယ္ကိုယ္တိုင္ပဲသိမယ့္အျပဳံးမ်ိဳး......

"ဟုတ္တယ္....မင္းမွန္တယ္....ငါသူ႕ကိုမခ်စ္ဘူး.....မင္းကိုလဲ လက္မခံန္ိဴင္ဘူး.....မင္းတို႔ညီအစ္ကိုႏွစ္ေယာက္စလုံးကို ေသေလာက္ေအာင္ေၾကာက္သြားၿပီ....မင္းတို႔ႏွစ္ေယာက္နဲ႔ အေဝးဆုံးမွာပဲေနခ်င္တယ္...ငါ့မွာလဲကိုယ္ပိုင္ဘဝ႐ွိတယ္။ကိုယ္ပိုင္ဘဝနဲ႔ပဲ ႐ွင္သန္ခ်င္တယ္။မင္းတို႔နဲ႔ပတ္သတ္မိရင္ ဒါမ်ိဳးေတြထပ္ၾကဳံရဉီးမွာပဲ....မင္းကိုလဲ မခ်စ္ခ်င္ေတာ့ဘူး....ဒါေတြအကုန္လုံးက ငါ့ရဲ႕စိတ္ရင္းအမွန္ေတြပါ.....မင္းငါ့ကို လက္လႊတ္ေပးလိုက္ပါေတာ့.....အႏူးၫႊတ္ေတာင္းပန္ပါတယ္...."

အညႇာတာကင္းမဲ့တဲ့ စကားလုံးေတြက က်ိဳးရိအန္ရဲ႕ မက်က္ေသးတဲ့ဒဏ္ရာေတြကို အစိမ္းလိုက္ထိုးဆြေနသလိုျဖစ္ေနတယ္။ဒယိုင္းဒယိုင္နဲ႔ေျခလွမ္းေတြေနာက္ဆုတ္လိုက္မိတယ္။သူ ဒီေကာင္ေလးကို ဘယ္ေလာက္အတိုင္းအတာထိနာက်င္ေအာင္လုပ္ခဲ့တယ္ဆိုတာကို ဒီခ်ိန္မွာ ေသခ်ာစြာနားလည္သြားခဲ့ပါၿပီ.........

ဒီေကာင္ေလးကို တကယ္ခ်စ္ရင္ ဒီေကာင္ေလးကို တစ္ေယာက္တည္းထားခဲ့ေပးသင့္တယ္....ဒီေကာင္ေလးေ႐ွ႕မွာဘယ္ေတာ့မွာ ေပၚမလာသင့္ေတာ့ဘူး....ဒါေပမယ့္ သူဒီလိုမလုပ္ႏိူင္ဘူးေလ........

ဒီေကာင္ေလးကို အသက္ထက္ပိုၿပီးခ်စ္ျမတ္ႏိုးရတာေၾကာင့္ သူမလုပ္ႏိုင္ဘူး.....

က်ိဳးရိအန္က ႐ွဲ႕ဟယ္ရဲ႕ အမူအရာကိုၾကည့္ၿပီး ၾကမ္းတမ္းတဲ့ ေလသံနဲ႔

"မင္းငါ့ကိုေနာက္ထပ္အခြင့္အေရးမေပးခ်င္ဘူးလား...?"

[TN:အခြင့္ေရးေရာ လူတစ္ကိုယ္လုံးေရာေပးမယ္ ငါ့ဆီသာလာခဲ့ပါ​ေတာ့ဟယ္ 🐙🐙]

႐ွဲ႕ဟယ္ရဲ႕ျဖဴေဖ်ာ့ေနတဲ့မ်က္ႏွာေပၚမွာ အျပဳံးတစ္ခုျဖစ္တည္လာတယ္။

႐ွဲ႕ဟယ္ျပဳံးျပဳံးေလးနဲ႔ေျပာလိုက္တဲ့စကားလုံးက က်ိဳးရိအန္ရဲ႕ေမွ်ာ္လင့္ခ်က္ေတြကို အကုန္႐ိုက္ခ်ိဳးသြားခဲ့ေလတယ္။

"ငါတို႔ေတြ အရင္လိုျပန္မျဖစ္ႏိုင္ေတာ့ဘူး....."

ငါတို႔ေတြ အရင္လိုျပန္မျဖစ္ႏိုင္ေတာ့ဘူး....

ဒီအေၾကာင္းျပခ်က္ကိုနားမလည္ေပးမယ့္ ႐ွဲ႕ဟယ္ရဲ႕စကားလုံးေတြက က်ိဳးရိအန္ရဲ႕လက္က်န္ေမွ်ာ္လင့္ခ်က္အပိုင္းအစေလးေတြကို ၿဖိဳခြင္းဖ်က္ဆီးပစ္လိုက္ေလၿပီ.....

က်ိဳးရိက်ယ္လုပ္ခဲ့သလို ဘာကိုမွဂ႐ုမစိုက္ဘဲ ဒီေကာင္ေလးကို အပိုင္သိမ္းပစ္လိုက္ခ်င္တယ္.....ဒါေပမယ့္ ဒီေကာင္ေလးနာက်င္သြားမွာကို စိုးထိတ္မိတဲ့အတြက္ မလုပ္ရက္ခဲ့ပါဘူး.......

အဆုံးသတ္မွာေတာ့ က်ိဳးရိအန္ေျပာလိုက္တာက......

"ကိုယ္မင္းကို လာေတြ႕လို႔ရမလား?"

"ဒီတိုင္းေလး မ်က္ႏွာေလးျမင္ရ႐ုံပါပဲ...."

ဝမ္းနည္းေၾကကြဲမႈေတြနဲ႔ အသနားခံေနတဲ့က်ိဳးရိအန္ရဲ႕မ်က္ဝန္းေတြ အနည္းငယ္လႈပ္ခတ္သြားတယ္။

႐ွဲ႕ဟယ္ရဲ႕ႏႉတ္ခမ္းေတြလႈပ္႐ွားသြားေပမယ့္ ဘာတစ္ခြန္းမွမေျပာျဖစ္ခဲ့ေပ.....

က်ိဳးရိအန္ကေတာ့ လာရာလမ္းအတိုင္းလွည့္ျပန္သြားခဲ့ပါၿပီ......

က်ိဳးရိအန္ရဲ႕ေက်ာျပင္ကို ေငးၾကည့္ေနတဲ့႐ွဲ႕ဟယ္က ခြန္အားေတြဆုံး႐ႈံးလိုက္ရသူတစ္ေယာက္လို နံရံကိုမွီၿပီးလဲက်မသြားေအာင္ထိန္းေနရတယ္။ခဏအၾကာမွာေတာ့ ႐ွဲ႕ဟယ္လဲ အိမ္ကိုျပန္သြားခဲ့တယ္။

အိမ္ျပန္ေရာက္လို႔ အိမ္တံခါးပိတ္ၿပီးတာနဲ႔ ႐ွဲ႕ဟယ္ရဲ႕ အမူအရာေတြတမဟုတ္ခ်င္းေျပာင္းလဲသြားတယ္။

[႐ွဲ႕ဟယ္:အႏွိပ္ကုတင္ေတြ၊ဂိမ္းစက္ေတြ.......အကုန္လုံးကို System ရဲ႕ recycling bin ထဲ ျမန္ျမန္ထည့္ေပးပါဉီး!!!ဒီေနရာကို အရင္တုန္းကအတိုင္းျဖစ္ေအာင္ျမန္ျမန္႐ွင္းေပး!!!]

[444:ဟုတ္!!!]

[႐ွဲ႕ဟယ္:ဟမ္!!!point500 ေပးၿပီးဝယ္ထားရတဲ့အႏွိပ္ကုတင္ကို recycling bin ထဲပို႔တာ ငါ့ကို point 20ပဲ ျပန္ေပးတယ္။ကုတင္က 99%အသစ္ႀကီးေလ....System store ဆိုတဲ့နာမည္နဲ႔လိုက္ပါေပ့....ေစ်းေပါေပါနဲ႔ဝယ္ၿပီး မတန္တဆေစ်းနဲ႔ျပန္ေရာင္းတယ္.....ဒီနည္းလမ္းက လက္ေတြ႕ဆန္တယ္.....]

[444: ဒါကေလ.....]

[႐ွဲ႕ဟယ္:system store ကေန ဝယ္ထားတဲ့ဟာေတြမဟုတ္ဘဲ ဒီကမ႓ာမွာ ငါပိုင္သမွ်အရာတိုင္းကို ေနာက္ကမ႓ာေတြမွာ recycle လုပ္လို႔ရလား]

ဒါဆိုျဖတ္လမ္းနည္းနဲ႔ point ေတြ႐ွာလို႔ရၿပီ.....

[444: ရတယ္....Hostတာ့တာ့ ပိုင္တဲ့ပစၥည္းေတြေတာ့ျဖစ္ရမယ္...ၿပီးေတာ့ recycle လုပ္တဲ့တန္ဖိုးေတာ့ေပးရလိမ့္မယ္.....ဒီလိုအဆင့္နိမ့္ကမ႓ာမွာ ပစၥည္းဉစၥာစုေဆာင္းဖို႔ အခ်ိန္ျဖန္းမလို႔လား]

[TN:ေျပာခ်င္တာက ႐ွဲ႕ဟယ္က  ဒီကမ႓ာမွာ႐ွိတဲ့ ေက်ာက္ခ်င္ပိုင္ဆိုင္တဲ့ ပစၥည္းဉစၥာေတြကို recycle store မွာ ျပန္ေရာင္းခ်င္ေနတာပါ...အလြယ္ေျပာရရင္ အေဟာင္းဆိုင္မွာျပန္သြင္းသလိုမ်ိဳးပါ...]

[႐ွဲ႕ဟယ္: ဝိုးးးးး]

[444: ဉပမာေပးရရင္....ဒီကမ႓ာက ပစၥည္းေတာ္ေတာ္မ်ားမ်ားက recycle တန္ဖိုး သိပ္မ႐ွိဘူး.....recycle တန္ဖိုး႐ွိတဲ့ဟာေတြက်ေတာ့လဲ နည္းနည္းေစ်းေပါေနတယ္....ဉပမာ ေ႐ႊသား 100kg ကို recycle store မွာျပန္သြင္းမယ္ဆို piont 100 ရမယ္....ဆီ တစ္တန္ ဆို point 10....စိန္ 100 kg ဆို point 100.... ]

[႐ွဲ႕ဟယ္: သေဘာေပါက္ၿပီ....]

႐ွဲ႕ဟယ္ တစ္ကိုယ္တည္းေတြးေတာေနတယ္....ဒီSystem မွာ ဟာကြက္တစ္ကြက္မွာမ႐ွိဘူး......ကိုယ္ပိုင္ဖူးတဲ့ပစၥည္းေတြျပန္လိုခ်င္ရင္ သင့္ေတာ္တဲ့တန္ဖိုးတစ္ခုေတာ့ျပန္ေပးရလိမ့္မယ္.....လက္႐ွိအဆင့္နိမ့္ကမ႓ာမွာ တန္ဖိုး႐ွိတဲ့အရာေတြ မ်ားမ်ားစားစား႐ွိမွာမဟုတ္ဘူး.....႐ွန္း႐ွတို႔၊ Fantasy world တို႔ စိတ္ကူးယဥ္သိပၸံကမ႓ာတို႔မွာဆို recycle storeမွာ ျပန္ေရာင္းဖို႔ ပစၥည္းေကာင္းေလးေတြ႐ွိမွာပဲ......

႐ွဲ႕ဟယ္ရဲ႕မ်က္ဝန္းေတြထဲမွာ ေလာဘအေငြ႕အသက္ေတြ လင္းလက္ေနတယ္။

[444: Hostတာ့တာ့....OOC 2%ျဖစ္ေနၿပီလို႔ ခုနကတည္းက သတိေပးခ်င္ေနတာ....Hostတာ့တာ့ သ႐ုပ္ေဆာင္ေနတာ အ႐ွိန္ပ်က္သြားမွာစိုးလို႔ မေျပာလိုက္တာ]

[႐ွဲ႕ဟယ္: ရတယ္...ျပသာနာမ႐ွိဘူး.....OOC 5% ျဖစ္သြားရင္ သတိေပးဉီး....]

က်ိဳးရိအန္ ျပန္ေရာက္လာတာကို တားဆီးဖို႔အေရး မူလဇာတ္ေကာင္ ေက်ာက္ခ်င္ရဲ႕ စ႐ိုက္နဲ႔ေသြဖယ္ေနတာေတြကို လုပ္လိုက္မိတယ္။မူလဇာတ္ေကာင္ ​ေက်ာက္ခ်င္သာဆိုရင္ ေသေလာက္ေအာင္နာက်င္ေနပါေစ က်ိဳးရိအန္ကို နစ္နစ္နာနာေတြေျပာမွာမဟုတ္ဘူးေလ......႐ွဲ႕ဟယ္ ဒီအခ်က္ကို အခုမွသတိထားမိလိုက္တယ္......

က်ိဳးရိအန္ ႐ုတ္တရက္ႀကီး ေဗြထေဖာက္လာတာေၾကာင့္ ႐ွဲ႕ဟယ္ဘက္ကလဲ ႀကိဳတင္ျပင္ဆင္ခ်ိန္မရလိုက္ဘူးျဖစ္သြားတယ္.....

႐ွဲ႕ဟယ္ရဲ႕ႏႈတ္ခမ္းေထာင့္စြန္းေတြ ျမင့္တက္သြားတယ္။အေႏွးနဲ႔အျမန္ဆိုသလို က်ိဳးရိအန္တစ္ေယာက္ အျဖစ္မွန္ေတြကို သိသြားေတာ့မယ္ဆိုတာ ႐ွဲ႕ဟယ္ ခန္႔မွန္းထားၿပီးသားပါ....ဒီေလာက္ထိ ျမန္ဆန္ေနမယ္လို႔ေတာ့ထင္မထားမိဘူး....သူတို႔ႏွစ္ေယာက္ကို ကူညီဖို႔ က်ိဳရိက်ယ္ဘက္က စိတ္ပိုင္းျဖတ္ထားလိုက္ၿပီထင္တယ္....ဒါဆို လက္က်န္ ႏွစ္သက္မႈေတြထပ္တိုးဖို႔ ခက္ခဲေတာ့မယ္ထင္တယ္...ဟားးး.ဟားးးးေကာင္းလိုက္တာ...မင္း(က်ိဳးရိက်ယ္) ငါ့ရဲ႕အာ႐ုံေတြကိုဖမ္းစားႏိူင္တာပဲ.....

ဒီကစားပြဲမွာ ႐ွဲ႕ဟယ္အတြက္ ၿပိဳင္ဘက္ေကာင္းတစ္ေယာက္ကို ႐ွာေတြ႕ခဲ့ပါၿပီ.....

႐ွဲ႕ဟယ္က က်ိဳးရိအန္ လာေတြ႕ၿပီးကတည္းက ေအးရာေအးေၾကာင္း ပုံမွန္တိုင္း ႐ုံးတက္၊႐ုံးဆင္းနဲ႔ဘဝကိုျဖတ္သန္းေနခဲ့တယ္။

ရက္အနည္းငယ္ၾကာၿပီးေနာက္......

တိုက္ေလွကားမွာ ရပ္ေစာင့္ေနတဲ့က်ိဳးရိအန္ကို ျမင္လိုက္ရတယ္။

မွင္သက္သြားတဲ့ ႐ွဲ႕ဟယ္က သတိျပန္ဝင္ခ်ိန္မွာ က်ိဳးရိအန္ကိုဂ႐ုမစိုက္ဘဲ ေဘးနားကေန ျဖတ္ေလွ်ာက္သြားလိုက္တယ္။က်ိဳးရိအန္က ႐ွဲ႕ဟယ္ရဲ႕လက္ကို လွမ္းဆြဲလိုက္ၿပီး.....

"မင္းကို လြမ္းခဲ့ေနတာ...."

"မင္းငါ့ကို အေႏွာက္အယွက္မေပးပါနဲ႔ေတာ့"

႐ွဲ႕ဟယ္က မထုံတက္ေတးအမူအရာနဲ႔ျပန္ေျပာလိုက္တယ္။

က်ိဳးရိအန္က ႐ွဲ႕ဟယ္နဲ႔မ်က္လုံးခ်င္းစုံေအာင္ၾကည့္လိုက္ၿပီး စကားတစ္ခြန္းခ်င္းစီတိုင္းကို ေသခ်ာတိက်စြာထုတ္ေျပာလိုက္တယ္။

"ေသခ်ာရဲ႕လား??ဒါဆို....ကိုယ္ေပၚမွာ ခံစားခ်က္ေတြမ႐ွိေတာ့ဘူးလို႔ေျပာၿပီး ဘာလို႔ ဒီအိမ္မွာ ဆက္ေန ေနတာလဲ?"

ေနာက္ဆုံးေတာ့......သူ သတိျပဳလိုက္မိၿပီပဲ.....

႐ွဲ႕ဟယ္ရဲ႕ခႏၶာကိုယ္က ေပ်ာ္႐ႊင္မႈေၾကာင့္တုန္ရီသြားၿပီး မ်က္ဝန္းေတြထဲမွာ စိုးရိမ္မႈအေငြ႕အသက္ေလးေတြျဖတ္ေျပးသြားတယ္။

႐ွဲ႕ဟယ္ကို မ်က္ေတာင္မခတ္စတမ္းစိုက္ၾကည့္ေနတဲ့ က်ိဳးရိအန္ကလဲ ဒါေတြကို ျမင္လိုက္တယ္။ေႏြးေထြးသြားသလိုပါပဲ...သူ႕ရဲ႕ေလသံေတြက စိတ္အားထက္ထန္မႈေတြနဲ႔ေတာက္ေလာင္ေနတယ္။

"မင္းလဲ ကိုယ့္ကိုခ်စ္ေနေသးတယ္မလား?မင္းကိုယ့္ကို လက္မလႊတ္ႏိုင္ဘူးမလား?"

"မဟုတ္ဘူး!!!"

႐ွဲ႕ဟယ္က အံႀကိတ္ထားတဲ့ေလသံနဲ႔ ျငင္းဆိုလိုက္တယ္။

က်ိဳးရိအန္ က ေခါင္းငုံ႔ၿပီး ႐ွဲ႕ဟယ္ကို နင့္နင့္သီးသီးၾကည့္လိုက္တယ္။သူ႕ေလသံက အလြန္တရာ ႏူးညံ့ေပ်ာ့ေျပာင္းေနတယ္။

"အ႐ူးလုပ္တာ ခံလိုက္ရေတာ့မလို႔....မင္းကိုယ့္ကိုခ်စ္ေနေသးသားပဲ......"

"မဟုတ္ဘူးလို႔ေျပာေနတယ္!!"

႐ွဲ႕ဟယ္က က်ိဳးရိအန္ကိုတြန္းထုတ္လိုက္ၿပီး အိမ္ထဲကို ဝင္ဖို႔ႀကိဳးစားလိုက္တယ္။

သို႔ပါေသာ္လည္း....က်ိဳးရိအန္က အလြယ္တကူလႊတ္ေပးမတဲ့လား???႐ွဲ႕ဟယ္ တံခါးမပိတ္မွီ အခန္းထဲကို အတင္းကာေရာတိုးဝင္လိုက္တယ္။

ပတ္ပတ္လည္ကို လွည့္ၾကည့္လိုက္ေတာ့ သူတို႔ရဲ႕ တိုင္းတာလို႔မရႏိုင္တဲ့ ခံစားခ်က္ေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ဒီအိမ္ေလးကို ေတြ႕လိုက္ရတယ္…။ဆင္တူ ခြက္ေလးႏွစ္ခြက္ကိုေတာင္ က်ိဳးရိအန္ဘယ္တုန္းကမွ မထြက္သြားခဲ့ဖူးသလို ေဘးခ်င္းကပ္လ်က္ထားေပးထားတယ္ေလ......

အျဖစ္ပ်က္ေတြ မ်ားျပားလြန္းခဲ့ပါေသာ္လည္း အခ်ိန္ကာလေတြက လွပတဲ့အမွတ္တရေတြၾကားမွာ ရပ္တန္႔ေနခဲ့သလိုပါပဲ......

႐ွဲ႕ဟယ္ရဲ႕မ်က္ႏွာေပၚက စိုးရိမ္ေသာကေတြကို ဖုံးဖိမရေတာ့တာေၾကာင့္ က်ိဳးရိအန္ကို တြန္းထုတ္လိုက္တယ္။

က်ိဳးရိအန္ရဲ႕ ေျခလွမ္းေတြ မေ႐ြ႕ခဲ့ပါဘူး။ႏွလုံးသားထဲက ခ်စ္ျခင္းေမတၱာေတြယိုဖိတ္စီးက်ေနသလို အၾကည့္ေတြနဲ႔ ႐ွဲ႕ဟယ္ကို တေမ့တေမာေငးၾကည့္ေနတယ္။ေျပာျပခ်င္တဲ့
စကားလုံးေတြမ်ားျပားေနေပမယ့္ ဘယ္ပုံဘယ္နည္းနဲ႔ေျပာရမွန္းမသိဘူးျဖစ္ေနတယ္။ေပ်ာ္႐ႊင္မႈနဲ႔ ခ်စ္ျခင္းေမေတၱာတရားေတြကို ဘယ္လိုစကားလုံးေတြနဲ႔ပုံေဖာ္ရမွန္းမသိေတာ့တဲ့အတြက္ ႐ွဲ႕ဟယ္ကိုေပြ႕ဖက္ၿပီးနမ္း႐ိႈက္လိုက္တယ္။

႐ွဲ႕ဟယ္က မ်က္လုံးအဝိုင္သားနဲ႔လြတ္ေအာင္႐ုန္းေနပါေသာ္လည္း ဒီတစ္ႀကိမ္မွာ က်ိဳးရိအန္က အားကုန္သုံးၿပီး ဖက္တြယ္ထားလိုက္တယ္။က်ိဳးရိအန္က ႐ွဲ႕ဟယ္နဲ႔တစ္သားတည္းျဖစ္သြားေစခ်င္တဲ့ပုံစံမ်ိဳးနဲ႔ ေပြ႕ဖက္ထားတယ္။

အင္မတန္ ႏူးညံ့ညႇင္သာတဲ့ အနမ္းေတြပါပဲ....

႐ွဲ႕ဟယ္ရဲ႕႐ုန္းကန္မႈေတြ အားေလ်ာ့လာတယ္.....ေနာက္ဆုံးေတာ့.....မ်က္လုံးေတြကိုမွိတ္ခ်လိုက္ၿပီး အ႐ႈံးေပးလိုက္တယ္။

မွန္ပါတယ္......သူ႕(က်ိဳးရိအန္)ကို လက္မလႊတ္ႏိုင္ပါဘူး.......

က်ိဳးရိအန္ကို လက္လႊတ္မေပးႏိူင္ခဲ့ပါဘူး.....

.......................

အရာအားလုံးက အစတုန္းကလိုပါပဲ.... က်ိဳးရိအန္က ဘယ္တုန္းကမွ မထြက္ခြာခဲ့ဖူးတဲ့လူတစ္ေယာက္သဖြယ္ အိမ္ျပန္လာခဲ့တယ္။

က်ိဳးရိအန္က ႐ွဲ႕ဟယ္ကို အရင္ကထက္ပိုၿပီးႏူးညံ့ညႇင္သာစြာ ဆက္ဆံေပးခဲ့တယ္။ေန႔တိုင္း စားစရာေတြခ်က္ျပဳတ္ၿပီး ႐ွဲ႕ဟယ္ အိမ္ျပန္လာမယ့္အခ်ိန္ကို ေစာင့္ေနတတ္တယ္။စားေသာက္ၿပီးရင္ သူပဲ ပန္းကန္ေတြေဆးေၾကာေပးျပန္တယ္။႐ွဲ႕ဟယ္ပင္ပန္းမယ့္အလုပ္ဆို ဘာအလုပ္မွ မလုပ္ေစခ်င္ခဲ့ေပမယ့္ ႐ွဲ႕ဟယ္ရဲ႕ကိုယ္ပိုင္သက္ေမြးဝမ္းေက်ာင္းအလုပ္ကိုေတာ့ မပိတ္ပင္ခဲ့ပါဘူး....အဲ့အစားေနာက္ကြယ္ကေန ကူညီေထာက္ပံ့ခဲ့တယ္။႐ွဲ႕ဟယ္ မလုပ္ခ်င္တာေတြကို မလုပ္ခိုင္းဘဲ အလိုလိုက္ေပးခဲ့တယ္။

႐ွဲ႕ဟယ္ကို  ၾကည့္တဲ့အၾကည့္ေတြထဲမွာ ထာဝရႏူးညံ့သိမ္ေမြ႕ၿပီး ေလးနက္တဲ့ေမတၱာတရားေတြ ျပည့္လွ်ံေနတယ္။

႐ွဲ႕ဟယ္က က်ိဳးရိအန္နဲ႔ မ်က္ႏွာခ်င္းမဆိုင္ရဲတဲ့အတြက္ အစပိုင္းမွာ ဒီလိုဂ႐ုစိုက္မႈေတြနဲ႔အသားမက်ခဲ့ေပ....သို႔ပါေသာ္လည္း က်ိဳးရိအန္ရဲ႕ အလိုလိုက္ ဂ႐ုစိုက္မႈေတြကို မခုခံႏိူင္ခဲ့ပါဘူး......တစ္ခ်ိန္တစ္ခါတုန္းက ဒီလူကို ခ်စ္ခဲ့ဖူးတယ္.....

ဒီခ်စ္ျခင္းတရားေတြကို ႏွလုံးသားရဲ႕အနက္႐ိႈင္းဆုံးေသာေနရာတစ္ခုမွာ ျမႇပ္ႏွံထားခဲ့ၿပီးၿပီ...ဒီလူက အခုခ်ိန္ထိ သူ႕ကိုအလြယ္တကူလွည့္စားႏိုင္တုန္းပါပဲ.....

အဆုံးသတ္မွာ ဘာမွ မျဖစ္ခဲ့သလို ဟန္ေဆာင္ေနလို႔မရေတာ့ဘူးေလ.....

ေျပာေနက်စကားတစ္ခြန္းလိုပဲေပါ့......အျပင္ပန္းကိုၾကည့္ၿပီး အဆင္ေျပေနတယ္လို႔မထင္လိုက္ပါနဲ႔......

ထိုေန႔ည.......

ညစာစားေနရင္းနဲ႔ ႐ွဲ႕ဟယ္က က်ိဳးရိအန္ကို ေမးလိုက္တယ္။

"အိမ္မျပန္ေတာ့ဘူးလား??အၾကာႀကီး အလုပ္ပ်က္ေနလို႔ေရာျဖစ္ရဲ႕လား?"

က်ိဳးရိအန္ရဲ႕ အမူအရာက တခဏခ်င္း တင္းမာလာတယ္။ ၿပီးတာနဲ႔ ခ်က္ခ်င္းျပဳံးလိုက္ၿပီး.......

"ကိုယ့္အိမ္က ဒီမွာေလ.."

႐ွဲ႕ဟယ္က ႏႈတ္ခမ္းကိုက္လိုက္ၿပီး က်ိဳးရိအန္ကို ႐ႈပ္ေထြးတဲ့အမူအရာနဲ႔ၾကည့္လိုက္တယ္။

"ငါ ဘာကိုေျပာခ်င္တယ္ဆိုတာ သိရဲ႕သားနဲ႔"

စကၠန္႔အနည္းငယ္ၾကာ တိတ္ဆိတ္သြားၿပီးေနာက္ က်ိဳးရိအန္ က အျပဳံးေတြကို ျဖည္းညႇင္းစြာ ျပန္႐ုတ္သိမ္းလိုက္ၿပီး

“ မျပန္ဘူး။ အခုခ်ိန္ကစၿပီး ကိုယ္တို႔ႏွစ္ေယာက္ရဲ႕ က်န္တဲ့ဘဝသက္တမ္းကို ဘယ္လိုျဖတ္သန္းၾကမလဲဆိုတာစဥ္းစားၾကမယ္။ကိုယ္ အလုပ္ႀကိဳးစားၿပီး ေငြ႐ွာမယ္။ မင္းကို ေကာင္းေကာင္း ဂ႐ုစိုက္ေပးမယ္"

က်ိဳးမိသားစုဆီကို မျပန္ခ်င္ေတာ့ဘူး။႐ွဲ႕ဟယ္ကို က်ိဳးရိက်ယ္နဲ႔မေတြ႕ေစခ်င္ဘူး။သူ႕ရဲ႕ကိုယ္ပိုင္နည္းလမ္းေတြနဲ႔ပဲ ႐ွဲ႕ဟယ္ကို ကာကြယ္ေစာင့္ေ႐ွာက္ေပးမယ္။

႐ွဲ႕ဟယ္က ဘာတစ္ခြန္းမွမေျပာေတာ့ဘဲ စိတ္လြတ္ေနသူတစ္ေယာက္လိုေငးၾကည့္ေနတယ္။

"မဟုတ္တာေတြေလွ်ာက္ေတြးမေနနဲ႔....မင္းေဘးမွာအၿမဲ႐ွိေနေပးမယ္"

က်ိဳးရိအန္က ျပဳံးလိုက္ၿပီး ႐ွဲ႕ဟယ္ရဲ႕အေတြးမွ်င္ေတြကိုျဖတ္ေတာက္ဖို႔ႀကိဳးစားတဲ့အေနနဲ႔ ႐ွဲ႕ဟယ္ရဲ႕ပန္းကန္ထဲကို အသားတုံးေတြထည့္ေပးလိုက္တယ္။က်ိဴးရိအန္ရဲ႕ အျပဳမႈေတြက ေႏြးေထြးမႈေတြကိုသယ္ေဆာင္လာတယ္။

"ျမန္ျမန္စား.....ပိန္သြားလိုက္တာ....ကိုယ္မင္းကို ဖက္လိုက္တိုင္း နာေနလိမ့္မယ္"

႐ွဲ႕ဟယ္က က်ိဳးရိအန္ကို ၾကည့္လိုက္ၿပီး ထမင္းဆက္စားေနလိုက္တယ္။

ပုံမွန္အတိုင္း အခ်ိန္ေတြလည္ပတ္ေနခဲ့တာ တစ္လေက်ာ္သြားခဲ့ၿပီ....႐ွဲ႕ဟယ္ အလုပ္လုပ္ေနတုန္းမွာ ႐ုတ္တရက္ႀကီး 444ရဲ႕ သတိေပးသံကိုၾကားလိုက္ရတယ္။

[444: Hostတာ့တာ့...က်ိဳးရိက်ယ္ လာေနၿပီ]

႐ွဲ႕ဟယ္ရဲ႕ အၾကည့္ေတြ ထက္႐ွသြားတယ္။point 100ေပးရတဲ့ ကိုယ္ေပ်ာက္ကင္မရာကိုအိမ္မွာတပ္ခိုင္းထားၿပီး 444ကို ေစာင့္ၾကည့္ခိုင္းထားတယ္ေလ.......

က်ိဳးရိက်ယ္ေပၚလာၿပီေပါ့....လုပ္လက္စေတြကိုပစ္ခ်လိုက္ၿပီး မတ္တပ္ထရပ္လိုက္တယ္။

အိမ္မွာ ခ်က္ျပဳတ္ေနတဲ့ က်ိဳးရိအန္ဆီကို မဖိတ္ထားတဲ့ဧည့္သည္တစ္ေယာက္ ေရာက္လာတယ္။

သူက က်ိဳးရိက်ယ္ကို ေအးစက္စြာၾကည့္လိုက္ၿပီး စိတ္မ႐ွည္တဲ့ေလသံနဲ႔.....

"ဒီေနရာကို ဘာလို႔လာတာလဲ?"

က်ိဳးရိက်ယ္ဘက္က ေလသံေအးေအးနဲ႔.....

"မင္းဘာဆက္လုပ္မလဲဆိုတာသိခ်င္လို႔လာေမးတာ....company မွာအလုပ္ဝင္တုန္းက ဘာျပသာနာမွ မ႐ွိေပမယ့္ အခုလိုမေျပာမဆိုနဲ႔ထြက္သြားေတာ့ လူေျပာစရာေတြျဖစ္ကုန္ၿပီ....နည္းနည္းေလာက္ေတာ့ရင့္က်က္သင့္ေနၿပီ"

"ဟမ့္....ရင့္က်က္ရမယ္တဲ့လား??ခင္ဗ်ားလို ရင့္က်က္ရမွာလား?"

က်ိဳးရိအန္ ေလွာင္ေျပာင္သေရာ္လိုက္တယ္။

က်ိဳးရိက်ယ္က ညီျဖစ္သူရဲ႕ ေလွာင္ေျပာင္သေရာ္မႈကို မၾကားခ်င္ေယာင္ေဆာင္ထားလိုက္ၿပီး......

"မင္းနဲ႔ ၿပိဳင္ျငင္းဖို႔လာတာမဟုတ္ဘူး။ေက်ာက္ခ်င္နဲ႔အတူေနခ်င္တယ္ဆို company အလုပ္ေတြကို ပစ္ထားလို႔မရဘူး။အိမ္ကကိစၥေတြကိုေခါင္းထဲမထည့္နဲ႔ ငါၾကည့္႐ွင္းထားလိုက္မယ္"

"က်ဳပ္ ကုမၸဏီကို ျပန္လာဖို႔ ဘာလို႔ ေစတနာေကာင္းျပေနတာလဲ? အစတုန္းကေတာ့ ခင္ဗ်ားကိုယ္တိုင္ပဲက်ဳပ္ ကို အတင္းအက်ပ္ေမာင္းထုတ္ခ်င္ေနခဲ့တာေလ"

က်ိဳးရိအန္ က ျပဳံးေနေပမယ့္ သူ႕မ်က္လုံးေတြက ေအးစက္ေနတယ္။

" ခန္႔မွန္းၾကည့္ရေအာင္။ ခင္ဗ်ား က်ဳပ္ကို ကုမၸဏီကို ျပန္လာဖို႔ ရက္ရက္ေရာေရာ ခြင့္ျပဳရတဲ့ အေၾကာင္းရင္းက သူ႕ကို ေကာင္းေကာင္း ေစာင့္ေ႐ွာက္ဖို႔ က်ဳပ္မွာ လုံေလာက္တဲ့ စြမ္းအားေတြ ႐ွိေစခ်င္လို႔ မဟုတ္လား??ခင္ဗ်ား  တကယ္ကို စဥ္းစားေပးတတ္တာပဲ…”

က်ိဳးရိက်ယ္က ႏႈတ္ခမ္းကို တင္းတင္းေစ့ထားၿပီး ဘာမွမေျပာေတာ့ဘူး။

"ေစတနာေကာင္းခ်င္ေယာင္ေဆာင္မေနနဲ႔!!!"

က်ိဳးရိအန္ရဲ႕အၾကည့္ေတြ၊ေလသံေတြက အ႐ိုးခိုက္ေအာင္ေအးစက္ေနတယ္။

"ခင္ဗ်ားေၾကာင့္သာမဟုတ္ရင္ က်ဳပ္တို႔ႏွစ္ေယာက္ၾကားမွ အခုလိုျဖစ္လာစရာအေၾကာင္းမ႐ွိဘူး!!!! ေက်ာက္ခ်င္ေရာ၊က်ဳပ္ေရာ ခင္ဗ်ား ရဲ႕ဂ႐ုဏာထားမႈေတြကိုမလိုအပ္ဘူး.....က်ဳပ္ သူ႕ကိုေစာင့္ေ႐ွာက္ေပးႏိုင္တယ္....ခင္ဗ်ား ထြက္သြားလိုက္ေတာ့!!"

က်ိဳးရိက်ယ္ရဲ႕မ်က္ဝန္းေတြထဲမွာ နာက်င္မႈေတြ႐ွိတယ္။သူ႕လက္ေခ်ာင္းေတြအနည္းငယ္ လႈပ္႐ွားသြားေပမယ့္ အမူအရာေတြကေတာ့တည္ၿငိမ္ေနဆဲပါပဲ။သူ႕ရဲ႕ ပါးလႊာတဲ့ ႏႈတ္ခမ္းကို အနည္းငယ္ လႈပ္႐ွားလိုက္ၿပီး ႐ွား႐ွားပါးပါး စိတ္႐ွည္သည္းခံမႈကို ျပသခဲ့တယ္။

"ေခါင္းေအးေအးထားၿပီးျပန္စဥ္းစားပါ.....
အခ်ိန္မေ႐ြး ျပန္လာႏိုင္တယ္။ မင္းရသင့္တဲ့ က်ိဳးမိသားစုရဲ႕ ႐ွယ္ယာတစ္ခ်ိဳ႕႐ွိတယ္"

ေျပာစရာကုန္သြားတာနဲ႔ ႏႈတ္ခမ္းေတြကိုတင္းေနေအာင္ေစ့ထားလိုက္တယ္။ဒါက သူ႕ရဲ႕ limit အကုန္ပဲေလ......

ခ်စ္ရသူကို တျခားတစ္ေယာက္လက္ထဲထည့္ေပးလိုက္ရတဲ့အျပင္ ရည္းစားလုဖက္အတြက္ပါ စိတ္ပူေပးေနရတယ္.....က်ိဳးရိက်ယ္ရဲ႕ႏွလုံးသားတစ္ခုလုံးတင္းၾကပ္လာတယ္။နာက်င္လြန္းတာေၾကာင့္အသက္႐ွဴရတာေတာင္ ခက္ခဲလာတယ္။သူ႕ကိုယ္သူ ႏွိမ့္ခ်ၿပီး ခ်စ္ရတဲ့သူအတြက္ အရာအားလုံးကို စြန္႔လႊတ္ရမယ့္ ဒီအဆင့္ကို ေရာက္မယ့္ေန႔ဆိုတာ ဘယ္ေတာ့မွ႐ွိမလာဘူးလို႔ထင္ထားခဲ့ဖူးတယ္။

ေတြ႕လိုက္တာနဲ႔ သူ႕ကိုယ္သူ ထိန္းမႏိုင္ေတာ့ဘဲ ႐ွဲ႕ဟယ္ကို  ေနာက္တစ္ႀကိမ္ နာက်င္ေအာင္လုပ္မိမွာစိုးရိမ္တာေၾကာင့္ ႐ွဲ႕ဟယ္ေ႐ွ႕ကိုမသြားရဲေတာ့ဘူး။ဒါ့ေၾကာင့္ ေနာက္ကြယ္ကေန တိတ္တိတ္ေလးေငးၾကည့္ေနခဲ့မိတယ္။

"ျပန္ေတာ့မယ္"

က်ိဳးရိက်ယ္ ဒီေနရာမွာဆက္မေနခ်င္ေတာ့ဘူး။

"လမ္းခရီးအဆင္ေျပပါေစ...လိုက္မပို႔ေတာ့ဘူးေနာ္"

က်ိဳးရိအန္က ႐ြဲ႕တဲ့တဲ့ေလသံနဲ႔ႏႈတ္ဆက္လိုက္တယ္။

က်ိဳးရိက်ယ္ရဲ႕မ်က္ဝန္းေတြထဲမွာ ညိႇဳးငယ္ႏြမ္းလ်မႈေတြျဖစ္ေပၚလာတယ္။က်ိဳးရိအန္ရဲ႕အျပဳမူေတြကိုေခါင္းထဲထည့္မေနေတာ့ဘူး....ဒါေတြအကုန္လုံးကို ႐ွဲ႕ဟယ္အတြက္လုပ္ေပးခ်င္ခဲ့တာပါ.....

တစ္ဖက္လွည့္ၿပီးတံခါးဖြင့္လိုက္ခ်ိန္မွာ ဟန္ေဆာင္အားတင္းထားသမွ်ေတြအကုန္ၿပိဳလဲကုန္ခဲ့ပါၿပီ......

ေသေတာ့မတတ္လြမ္းေနရတဲ့ေကာင္ေလးကို တံခါးဝမွာေတြ႕လိုက္ရတယ္။ရင္းႏွီးကြၽမ္းဝင္ေနတဲ့အၾကည့္ေတြနဲ႔ သူ႕​ကိုေငးၾကည့္ေနတယ္ေလ.....

ဒီေကာင္ေလးတံခါးဝမွာရပ္ေနတာ ဘယ္ေလာက္ၾကာေနၿပီလဲ???ဘယ္အတိုင္းအတာထိ ၾကားသြားခဲ့တယ္ဆိုတာဘယ္သူသိႏိုင္မွာလဲ????

စာလုံးေရ 4914တဲ့ အမေလး ဖ်ားဖ်ား 😁

Continue Reading

You'll Also Like

603K 44.6K 46
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
400K 29.7K 33
PDF file available! including Extra 1+2 စိန်ပန်းတွေပွင့်တဲ့ နွေတစ်နေ့မှာ နှလုံးသားထဲ မြတ်နိုးမှုတို့ စတင်အမြစ်တွယ်ခဲ့ကြတယ်... အချစ်အကြောင်း‌ကောင်းကော...
291K 15.6K 53
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
1.3M 13.6K 16
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...