တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Co...

By zuriiiiii8

180K 29K 808

-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်န... More

Synopsis
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း (၂၁)(၁)
အခန်း(၂၁)(၂)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)(၁)
အခန်း(၃၉)(၂)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း (၆၉)
အခန်း(၇၀)
အခန်း (၇၁)
အခန်း(၇၂)
အခန်း (၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)(၁)
အခန်း(၇၇)(၂)
အခန်း(၇၈)
အခန်း(၇၉)(၁)
အခန်း(၇၉)(၂)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂) (ဇာတ်သိမ်း)
from author
farewell

အခန်း(၂၇)

2.3K 390 0
By zuriiiiii8

<နှလုံးသားမှနှလုံးသားသို့>

"ဆရာတူအစ်ကို ကျွန်တော်တို့ဒီနေ့အကျိုးရ
လဒ်ကြီးကြီးမားမားကိုဖမ်းဆုပ်မိခဲ့တာပဲ"

ကျန်းရီကအားပါးတရပြုံးရင်းဝမ်ရွှမ့်နံဘေး
သို့လျှောက်လာခဲ့သည်။

"ဂိုဏ်းချုပ်ကမှော်ကျောက်တုံးတွေအများ
ကြီးပေးပြီးအစ်ကိုလိုအပ်တဲ့ပစ္စည်းတွေရဲ့
ဦးတည်ချက်ကိုတွေကိုလည်းအများကြီးလမ်းညွှန်ပေးခဲ့တယ် ပြီးတော့အကြီးအကဲချီရဲ့တပည့်ဖြစ်ဖို့အတွက်လည်းကြိုးစားနိုင်ခဲ့
တယ် အကြီးအကဲချီကကျွန်တော့်အပေါ်တ
ကယ်စေတနာရှိပြီးအတော်လေးကောင်းတဲ့တစ်စုံတစ်ခုကိုလက်ဆောင်ပေးလိုက်တယ်"

သူပြောနေသောဤစကားများပြီးဆုံးသွားသ
ည့်တိုင်ဝမ်ရွှမ်ကသူ့ကိုမမှိတ်မသုန်ငေးကြည့်
နေဆဲပင်။ကျန်းရီသည်တစ်ဖက်လူ၏အကြ
ည့်များကထူးဆန်းနေကြောင်းသတိထားမိပြီး
သူ့မျက်နှာကိုလက်ဖြင့်တို့ထိကြည့်ကာ

"ဘာဖြစ်လို့လဲ?"

နောက်ဆုံးတွင် ဝမ်ရွှမ်သည်အတွေးလွန်နေ
ရာမှာအသိပြန်ဝင်လာပြီးသူ့အကြည့်များကို
အလျင်စလိုရုတ်သိမ်းလိုက်၏။

"ဘာမှမဟုတ်ဘူး"

သို့သော် ထိုစကားများကတော့သူ့နှလုံးသားထဲတွင်ပဲ့တင်ထပ်နေဆဲဖြစ်သည်။ထိုကိစ္စကို
မစဥ်းစားဘဲမနေနိုင်သည့်အတွက်သူ့ကိုယ်သူ
လည်းထပ်ခါတလဲလဲကြိမ်းမောင်းနေမိ၏။
ဤစကားများသည်ကျန်းရှောင်ချင်းထံမှမှတ်
ချက်တစ်ခုသာဖြစ်ပြီးဘာကြောင့်များသူဒီ​
လောက်လွယ်လွယ်ယုံပစ်ရမည်နည်း?

သူသည်ယောကျာ်းတစ်ဦးဖြစ်ကြောင်းပြော
စရာပင်မလိုသလိုဆရာတူညီလေးကျန်းက
လည်းယောကျာ်းတစ်ဦးဖြစ်၏။ယောကျာ်းတစ်ဦးနှင့်အခြားယောကျာ်းတစ်ဦးအကြား
ထိုကဲ့သို့ကိစ္စမျိူးဖြစ်လာနိုင်ပါ့မလား?

ဤအရာသည်ဝမ်ရွှမ့်အတွက်တော့လုံးဝက
မ္ဘာအသစ်တစ်ခုဖြစ်နေပြီး၎င်းကိုမည်သို့နား
လည်ရမှန်းမသိနိုင်ဘဲသူ့အတွေးများကိုဝရုန်း
သုန်းကားပြန့်ကျဲသွားစေခဲ့သည်။

ကျန်းရီကိုအမှန်အတိုင်းမေးရန်ဆုံးဖြတ်ခဲ့​
သော်လည်းဤအကြောင်းအရာကအတော်
လေးကိုးရို့ကားယားနိုင်လွန်းသည်ဟုခံစားမိ
ပြီးနောက်ဆုံးတွင်တော့ထိုမေးခွန်းကိုသူ့ပါး
စပ်မှထုတ်မမေးနိုင်ခဲ့ချေ။

ကံကောင်းထောက်မစွာဖြင့် ခရီးသွားပြင်ဆင်
မှုသည်အနည်းငယ်ငြီးငွေ့စရာကောင်းသော်
လည်းကျန်းရီပြန်ရောက်လာပြီးနောက်အထု
ပ်အပိုးများကိုသပ်သပ်ရပ်ရပ်ပြင်ဆင်ရန်
နောက်ဆုံးမိနစ်အနည်းငယ်ကျန်သေး၏။သူ
တို့နှစ်ဦးစလုံးအလုပ်ရှုပ်နေကြသည့်အတွက်စိတ်အာရုံမှပျံ့လွင့်နေသောထိုအတွေးများကို
ဝမ်ရွှမ်လည်းဆက်ပြီးတွေးဖို့အချိန်မရှိတော့
ပေ။

ကျန်းရီသည်အတွင်းဆောင်တပည့်အသစ်တ
စ်ဦးအနေဖြင့်ရလာသောအရင်းအမြစ်များ
အားလုံးကိုစုဆောင်းပြီးလေပြီ။၎င်းသည်ရာ
ဂဏန်းမျှသာရှိသောမှော်ကျော်တုံးများနှင့်ချီ
သန့်စင်ခြင်းအဆင့်မှော်လက်နက်တို့ဖြစ်၏။
၎င်းတို့ကို အလွန်အသုံးဝင်လှသည်ဟုမသတ်
မှတ်နိုင်သော်လည်းအဆုံးသတ်တွင်ဘာမျှမရှိသောလက်ဗလာထက်တော့ပိုသာလွန်သည်။

ထိုအချိန်တွင် ဝမ်ရွှမ်သည်ဤနှစ်များအတွင်း
တံခွန်တိမ်တိုက်ဂိုဏ်းတွင်သူစုဆောင်းသိမ်း
ဆည်းထားမျှအားလုံးကိုထုတ်လာခဲ့သည်။
ထိုပစ္စည်းများ၏ပမာဏကတော့မသေးငယ်
လှပေ။ဂိုဏ်းရန်ပုံငွေအမှတ်ပေါင်း30000ဖြ
စ်၏။ထိုအမှတ်များကိုဂိုဏ်းအတွင်းတွေ့နိုင်သောယွမ်စုစည်းအဆင့်ပစ္စည်းများနှင့်လဲလှ
ယ်ပြီးသည့်တိုင်အမှတ်ပေါင်း10000အတိကျ
န်သေးသည်။

ဝမ်ရွှမ်သည် ထိုအမှတ်များအားလုံးကိုမှော်
ကျောက်တုံးများ၊ဆေးဖက်ဝင်ဆေးပြားများ၊
အဆောင်လက်ဖွဲ့များ၊အသုံးများသောပစ္စည်း
များနှင့်ဆက်စပ်ပစ္စည်းများအတွက်လဲလှယ်ခဲ့သည်။အပိုအနေဖြင့်အရည်အသွေးမြင့်ဓား
ပျံတစ်လက်လည်းပါသေး၏။

ဤဓားပျံကိုမဆုံးဖြတ်မီဝမ်ရွှမ်သည်အချိန်အ
တန်ကြာကောက်ယူ၊ရွေးချယ်ခဲ့ရသည်။ဓား
၏ထက်မြက်မှုအကြောင်းကိုဖော်ပြရန်ပင်မလိုအပ်ဘဲဓားကိုယ်ထည်သည်လည်းပေါ့ပါး
၍လှပသည်။၎င်းကိုအသုံးပြုရခြင်းကလက်မောင်း၏ကျုံ့ဆန့်ဆွဲအားကိုအသုံးပြုရသကဲ့သို့ပင်။၎င်းသည်အခြေခံတည်ထောင်ခြင်း
အဆင့်ကျင့်ကြံသူတစ်ဦးအတွက်ကိုင်တွယ်ရ
အလွယ်ကူဆုံးအကောင်းဆုံးလက်နက်ဖြစ်
၏။

မူလကကျန်းရီသည်ထိုလက်နက်ကိုဝမ်ရွှမ်
ကိုယ်တိုင်သူ့ကိုယ်ရေးကိုယ်တာအတွက်အ
သုံးပြုရန်ရွေးချယ်ခဲ့သည်ဟုထင်မိသည်။

သို့သော် သူတို့နှစ်ဦးစလုံးတံခွန်တိမ်ခိုက်ဂို
ဏ်း၏နယ်မြေမှထွက်ခွာလာပြီးတောင်ကုန်း
တစ်ခုသို့ရောက်လာချိန်တွင်ဝမ်ရွှမ်ကထိုဓား
ကိုကျန်းရီလက်ထဲသို့ထည့်ပေးခဲ့သည်။

"အခြေခံတည်ထောင်ခြင်းအဆင့်ကိုရောက်
တော့မယ်လို့မင်းပြောခဲ့တယ်မဟုတ်လား?"

"အဲ့ဒီကိစ္စအတွက်ငါကြိုပြီးပြင်ဆင်ခဲ့တာ အ
ချိန်ကျလာတဲ့အခါဒီလက်နက်ကိုရှာစရာမလို
တော့အောင်လေ ဒီလိုအရည်အသွေးနဲ့လက်
နက်မျိုးကိုငါတို့ရှာမတွေ့တာမျိုးတောင်ဖြစ်နိုင်လို့"

ကျန်းရီသည်မထင်မှတ်ထားသောအလှည့်အပြောင်းကြောင့်ချက်ချင်းပျော်ရွှင်သွားခဲ့သ
ည်။ထိုဓားကိုသူ့လက်နှစ်ဖက်ဖြင့်ကိုင်ထားပြီး
သူပိုကြည့်လေလေ၊ပိုသဘောကျလေလေဖြ
စ်၏။သူအလွန်ပျော်ရွှင်နေသည့်အတွက်ထို
ပျော်ရွှင်မှုကိုမည်သည့်စကားလုံးဖြင့်ဖော်ပြ
သင့်မှန်းတောင်မသိပါချေ။ဤစိတ်လှုပ်ရှားမှု
ကြောင့်သူ့မျက်နှာသည်အလွန်နူးညံ့သော
ပန်းနုရောင်လှိုင်းတွန့်လေးများနှင့်အတူရှက်
သွေးဖြာလျက်နီမြန်းလာခဲ့သည်။

ဝမ်ရွှမ်သည်ကျန်းရီ၏ပါးပြင်ပေါ်ရှိထိုပန်းနု
ရောင်လှိုင်းတွန့်လေးများကိုအချိန်အတန်
ကြာအောင်သတိလက်လွတ်စိုက်ကြည့်နေမိ
သည်။

ဤဆရာတူညီလေးသည်အလွန်ရှက်လွယ်
ပြီးမျက်နှာနီမြန်းခြင်းပြသနာကလည်းကြုံရင်ကြုံသလိုဖြစ်ပေါ်လာတတ်မှန်းသူအရင်ကတည်းကသိထားပြီးဖြစ်သည်။သို့ပေသည့်
ယခုအချိန်၌ကျန်းရီ၏ရှက်သွေးဖြာနေသောမျက်နှာကိုမြင်ရစဥ်တွင်ထူးဆန်းသောခံစား
ချက်တစ်မျိုးကိုခံစားလာရသည်။

နောက်ဆုံးတွင် ကျန်းရီသတိထားမိသွားပြီး
ခေါင်းကိုဆတ်ခနဲမော့ကြည့်လိုက်ရာဝမ်ရွှမ်ကသူ့အကြည့်များကို အဝေးတစ်နေရာသို့
ရွှေ့လိုက်ပြီးဖြစ်သည်။ဝမ်ရွှမ့်မျက်နှာအမူအ
ယာသည်အလွန်သဘာဝကျပြီးသံသယဖြစ်စရာအပြစ်အနာအဆာမျိုးရှိမနေချေ။

သို့သော် လက်တွေ့မှာတော့ဝမ်ရွှမ်တစ်ယော
က်အလွန်အမင်းပဋိပက္ခဖြစ်နေပြီးစိတ်ထဲ၌
သူ့ကိုယ်သူမရပ်မနားကျိန်ဆဲနေရသည်။

ဘယ်လိုဖြစ်ပြီးဒီအကြောင်းကိုထပ်တွေးမိ
ပြန်တာလဲ?

အကြောင်းပြချက်နှင့်စည်းမျဥ်းများမပါဝင်ဘဲမှတ်ချက်တစ်ခုအနေဖြင့်ပြောခဲ့သောသူ့
ရှစ်မေ့၏စကားကိုနားထောင်မိယုံသာဖြစ်သ
ည်။ဘာကြောင့်များဒီစကားကိုအတည်အဖြစ်
သတ်မှတ်ပြီးဆရာတူညီလေးကျန်းကိုဒီလို
အမြင်မျိုးနဲ့ကြည့်ရမှာလဲ?

"ဆရာတူအစ်ကို"

ကျန်းရီကသူ့နားရွက်ဘေးသို့ကပ်လာပြီး

"ကျေးဇူးတင်ပါတယ်"

"မင်းနဲ့ငါ့ကြားမှာကျေးဇူးတင်စရာများလိုသေးလို့လား?"

ဝမ်ရွှမ်ကခိုင်မာစွာထုတ်ပြောလိုက်၏။

"ပြီးတော့ ငါလည်းမင်းဆီကပစ္စည်းတွေအ
များကြီးမယူခဲ့လို့လား?ဒါကကျေးဇူးခြင်းပြန်
ဖလှယ်ယုံပါပဲ"

"ဟုတ်တယ် ဆရာတူအစ်ကိုပြောတာမှန်တယ်"

ကျန်းရီကပြုံးလျက်

"ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော့်ရဲ့ပစ္စည်းတွေကအစ်ကို့ရဲ့ပစ္စည်းတွေပဲ"

ဤစကားသည်ပြက်လုံးတစ်ခုသာဖြစ်သင့်
သော်လည်းထိုစကားကိုကြားလိုက်ရချိန်တွင်
ဝမ်ရွှမ့်နှလုံးသားကမထင်မှတ်ဘဲခုန်သွားခဲ့ရ
သည်။

"ဒီအကြောင်းကိုပြောမှပဲ..."

ကျန်းရီကဆန်းကြယ်သောအမူအယာဖြင့်ဝမ်ရွှမ့်နားရွက်ဘေးသို့ကပ်လာပြီး

"အဲ့ဒီအကြီးအကဲချီအကြောင်းကိုမပြောခင်
အဟမ်း....ကျွန်တော့်ရဲ့လက်ရှိဆရာကအ
တော်လေးကောင်းတဲ့တစ်စုံတစ်ခုကိုလက်
ဆောင်ပေးလိုက်တယ် အဲ့တာကဘာပစ္စည်းမှန်းအစ်ကိုသိလား?"

ထိုစကားကိုပြောပြီးသည်နှင့်ဝမ်ရွှမ့်အဖြေကို
တောင်မစောင့်ဘဲပစ္စည်းတစ်စုံတစ်ရာကိုသူ့
လက်ကောက်မှဆွဲထုတ်လိုက်၏။

၎င်းသည်ဆန်ကာကွက်တစ်ခုနှင့်ဆင်တူပြီးညစ်ပတ်ပေရေလျက်တန်ဖိုးမဲ့ပုံရသည်။သို့
သော်ထိုပစ္စည်းကိုကျန်းရီကလျှို့ဝှက်ဆန်း
ကြယ်သောအမူအယာမျိုးဖြင့်ထုတ်လာသည့်အတွက်၎င်းသည်သာမာန်ပစ္စည်းတော့မ​ဖြစ်နိုင်ပေ။ဝမ်ရွှမ်လည်းသိလိုစိတ်ဖြစ်ပေါ်လာခဲ့
သည်။

"အဲ့တာကဘာလဲ?"

ကျန်းရီကဟက်ဟက်ပက်ပက်ရယ်လျက်

"ဆရာပြောတာတော့ဒါကိုနတ်ဝိဥာဥ်လဲလှယ်
ခြင်း​ဆန်ကာလို့ခေါ်တယ်တဲ့"

"နတ်ဝိဥာဥ်လဲလှယ်ခြင်းဆန်ကာ?"

ဝမ်ရွှမ်အံ့သြသွားရသည်။

"သန်ရှင်းဂိုဏ်းကနတ်ဝိဥာဥ်လဲလှယ်ခြင်းဆန်
ကာနဲ့အတူတူပဲလား?"

သူ့မေးခွန်းအတွက်ကျန်းရီ၏အဖြေကိုတောင်မလိုအပ်တော့ပေ။ဤကမ္ဘာကြီးတွင်နတ်ဝိဥာဥ်လဲလှယ်ခြင်းဆန်ကာနောက်တစ်ခုမရှိနိုင်
သော်လည်းထိုနတ်ဝိဥာဥ်လဲလှယ်ခြင်းဆန်
ကာ၏ဂုဏ်အရည်အ​သွေးကအလွန်လူသိများလှသည့်အတွက်အံ့သြမဆုံးဖြစ်ခဲ့ရသ
ည်။

၎င်းသည်သန်ရှင်းဂိုဏ်းမှအကြီးအကဲတစ်ဦး
၏မှော်လက်နက်ဖြစ်ပြီးထိုအကြီးအကဲကွယ်
လွန်ပြီးနောက် အစအနရှာမရအောင်ပျောက်ကွယ်သွားခဲ့သည်။ထိုလက်နက်ကချီကျိပိုင်
၏လက်ထဲတွင်ရှိနေမည်ဟုမည်သူကတွေးမိ
မည်နည်း?ဤမှော်လက်နက်၏အသုံးပြုပုံ
ကတော့.....ယေဘုယျအားဖြင့်ကမ္ဘာပေါ်ရှိ
နာမ်ပိုင်းဆိုင်ရာရုပ်ဝတ္ထုများအားလုံးကိုဝိဥာဥ်စွမ်းအင်၏အသန့်စင်ဆုံးပုံစံအဖြစ်ပြောင်း
လဲပေးနိုင်သည်။

ဤအကြောင်းကိုတွေးရင်း ဝမ်ရွှမ့်အကြည့်
များကတစ်ဖြည်းဖြည်းမှေးမှိန်လာခဲ့သည်။
ဤမှော်လက်နက်သည်ဂုဏ်သတင်း၌ကျော်
ကြားသော်လည်းလုပ်ဆောင်ချက်ကတော့အ
မှန်တကယ်ကိုလုံးဝအသုံးမဝင်ပေ။

အဆုံးသတ်တွင် မှော်လက်နက်များသည်ရှား
ပါးပြီးဝိဥာဥ်စွမ်းအင်များကလေထုနှင့်မြေပြ
င်အနှံ့အပြားတွင်ရှိတတ်သည်။ဤလဲလှယ်မှု
ကလုံးဝမထိုက်တန်ပေ။လေထုထဲမှဝိဥာဥ်စွမ်းအင်သည်ထိုမျှလောက်မသန့်စင်သော်
လည်းသန်ရှင်းဂိုဏ်းမှအဂ္ဂိရတ်ဆရာများမှလွဲ၍သာမာန်ကျင့်ကြံသူများသည်ထိုသန့်စင်သောဝိဥာဥ်စွမ်းအင်ကိုမလိုအပ်ကြချေ။

သန်ရှင်းဂိုဏ်းမှထိုအဂ္ဂိရတ်ဆရာများကသန့်
စင်သောဝိဥာဥ်စွမ်းအင်၏အနှစ်သာရကိုစု
ဆောင်းလိုလျှင်တောင်အခြားနည်းလမ်းပေါ
င်းများစွာရှိသေးသည်။လဲလှယ်ရန်ဝိဥာဥ်ရေး
ရာပစ္စည်းများမလိုအပ်သည့်အပြင်၎င်းသည်
ဘယ်အရာကိုမှသူကိုယ်တိုင်မမြိုချနိုင်ဘဲတ
စ်စုံတစ်ဦးကထိုပစ္စည်းများကိုတက်ကြွစွာ
ကျွေးပေးရန်လိုအပ်သည်။

ဝမ်ရွှမ့်အမူအယာကိုမြင်သည်နှင့်တစ်ပြိုင်န
က် ကျန်းရီသည်တစ်ဖက်လူဘာကိုတွေးနေမှ
န်းအတပ်သဘောပေါက်သည်။ချက်ချင်းပင်
ဝမ်ရွှမ့်ကိုမျက်စိတစ်ဖက်မှိတ်ပြလျက်လိမ္မာ
ပါးနပ်သောစီးပွားရေးကုန်သည်တစ်ဦးကဲ့သို့
ပြုံးလိုက်ပြီး

"ဆရာတူအစ်ကို စိတ်မပူပါနဲ့ ဒါကကောင်းမွန်
တဲ့လက်နက်တစ်ခုလို့လူတိုင်းမတွေးမိခဲ့ကြရ
င်ဒါကကျွန်တော့်ဆရာရဲ့လက်ထဲမှာအချိန်
တွေအကြာကြီးဒီလောက်လုံလုံခြုံခြုံရှိနေပါ့
မလဲ?ပြီးတော့အခုချိန်မှာကျွန်တော့်လက်ထဲကိုဘယ်လိုရောက်လာပါ့မလဲ?"

တစ်နည်းဆိုရသော် ၎င်းသည်တစ်ခုတည်း
သောအသုံးပြုပုံမဟုတ်ပေ။

ဝမ်ရွှမ့်၏သိလိုသောအမူအယာကိုမြင်လိုက်
သည်နှင့်ကျန်းရီသည်ဝမ်ရွှမ့်ကိုအလျင်စလိုမှီ
ကာနားရွက်ထဲသို့ခပ်ဖျော့ဖျော့တီးတိုးပြောပြ
လိုက်၏။

ကျန်းရီ၏အသက်ရှုသံတွင်နွေးထွေးမှုလေး
တစ်ခုကရောယှက်လျက်ရှိပြီးဝမ်ရွှမ့်နားထဲသို့တိုးဝင်ကာယားကျိကျိဖြစ်စေ၏။

သို့သော် ဝမ်ရွှမ်သည်ကျန်းရီ၏တီးတိုးစကား
အကြောင်းအရာများအပေါ်သာအာရုံစိုက်လျ
က်ရှိပြီးနားထောင်နေရင်းသူ့မျက်လုံးများလ
ည်းတစ်ဖြည်းဖြည်းပိုတောက်ပလာခဲ့သည်။

ပေါ်ထွက်လာသောအချက်အလက်များအရ
ဤဝိဥာဥ်လဲလှယ်ခြင်းဆန်ကာသည်လုံလော
က်သောဝိဥာဥ်ရေးရာပစ္စည်းများကိုမြိုချပြီး
သည်နှင့်၎င်းသည်ပိုမိုအားကောင်းသောဝိဥာဥ်ရေးရာပစ္စည်းများကိုတောင်မှရှာဖွေနိုင်သည့်အပြင်ပိုင်ရှင်​ဖြစ်သူအတွက်လမ်းညွှန်ချက်
များကိုပင် ညွှန်ပြနိုင်သေးသည်။လက်တွေ့တွင်၎င်းဆန်ကာသည်အလွန်အသုံးဝင်သော
ရတနာလက်နက်ရှာဖွေစက်တစ်ခုဖြစ်ပေသ
ည်။

စကားဆုံးသည်နှင့်ကျန်းရီကအနောက်ဘက်သို့ခပ်ဖြည်းဖြည်းပြန်ဆုတ်သွားပြီး၎င်း၏
စွမ်းရည်အနည်းငယ်ကိုဝမ်ရွှမ့်ရှေ့တွင်ပြချင်မိသည်။

အသေးစိတ်လုပ်ထုံးလုပ်နည်းများကို ကျန်းရီ
မသိပေ။သို့သော် မူရင်းဝတ္ထုတွင် ချင်ရှိယွီ
သည် ဤဝိဥာဥ်လဲလှယ်ခြင်းဆန်ကာကိုအ
သုံးပြု၍သဘာဝအတိုင်းဖြစ်တည်နေသောစိ
တ်ဝိဥာဥ်လက်နက်ကိုရှာဖွေခဲ့ခြင်းဖြစ်သည်။
ရလဒ်အနေဖြင့် ချင်ရှိယွီ၏ခွန်အားသည် အ
ဆမတန် ချက်ချင်းတိုးတက်လာပြီး ဤမြေ
ပေါ်တွင် သူ့နေရာကိုလည်း ထိပ်တန်းကျင့်ကြံ
သူတစ်ဦးအဖြစ် အခြေချနိုင်ခဲ့သည်။

ဤကိစ္စသည်နောက်ပိုင်းတွင်ဖြစ်ပေါ်လာမည့်ပြသနာတစ်ရပ်ဖြစ်ပြီး ကျန်းရီသည်ဝိဥာဥ်လဲလှယ်ခြင်းဆန်ကာကိုအစာကျွေးရန် ချင်ရှိယွီအသုံးပြုခဲ့သော ထိပ်တန်းအဆင့်ဝိဥာဥ်
ရေးရာပစ္စည်းများနှင့်မကြုံရသေးပေ။

လူဆင်းရဲတွင်လည်း လူဆင်းရဲနည်းလမ်းရှိ
၏။ထိပ်တန်းအဆင့်ဝိဥာဥ်ရေးရာပစ္စည်းတွေကိုမကျွေးနိုင်ရင်တောင် သူ့လက်ထဲမှာရှိသမျှ
ဘာကိုမဆိုကျွေးလို့ရတာပဲ...နောက်ဆုံးကျ
ကောင်းတဲ့တစ်စုံတစ်ခုနဲ့တော့လဲပေးမှာပဲလေ ဟုတ်တယ်ဟုတ်?

ဤလှပသောစိတ်ကူးလေးကို ပွေ့ပိုက်လျက်
ကျန်းရီသည် လက်တစ်ဆုပ်စာဝိဥာဥ်ကျော
က်တုံးများကို တည်တည်ကြည်ကြည်ဖြင့် ထို
ဝိဥာဥ်လဲလှယ်ခြင်းဆန်ကာသို့ ထိုးကျွေးလို
က်လေသည်။

ဝိဥာဥ်ကျောက်တုံးများသည် မြေပြင်ပေါ်ရှိ
ဝိဥာဥ်စွမ်းအားမှသက်ဆင်းလာပြီး သဘာဝ
အားဖြင့် နာမ်ပိုင်းဆိုင်ရာပစ္စည်းတစ်မျိုး ဖြစ်သော်လည်း အတော်လေးကြမ်းတမ်းသောအကြမ်းထည်ပစ္စည်းမျိုးဖြစ်ပေသည်။

ထို့နောက် ကျန်းရီသည်၎င်းကိုအသက်သွင်း
ခဲ့သော်လည်း တုံ့ပြန်ခြင်းအလျဥ်းမရှိသော
ဝိဥာဥ်လဲလှယ်ခြင်းဆန်ကာကိုသာ တွေ့ရလေသည်။

"ကြည့်ရတာတော့ဒီဝိဥာဥ်ကျောက်တုံးတွေက
မလုံလောက်ဘူးထင်တယ်"

ဝမ်ရွှမ်ကစိတ်ပျက်စွာသက်ပြင်းချလိုက်၏။

"ဒါကိုတောင်းဆိုဖို့အတော်လေးခက်တာပဲ"

ဝမ်ရွှမ့်ရှေ့တွင်မျက်နှာပျက်သွားရသောခံစား
ချက်ကြောင့် ကျန်းရီသည်စိုးရိမ်စိတ်များနှင့်
အတူ မကျေမချမ်းဖြစ်လျက်အံကြိတ်လိုက်
၏။ထို့နောက် လက်ကောက်ထဲမှပစ္စည်းများကိုလှန်လောရှာဖွေပြီး အတွင်းဆောင်တပည့်
အသစ်အဖြစ် ရရှိခဲ့သောမှော်လက်နက်ကို ဆွဲ
ထုတ်၍ ဝိဥာဥ်လဲလှယ်ခြင်းဆန်ကာထဲသို့
အညှာအတာမဲ့စွာ ထိုးသွင်းလိုက်၏။

"စား ဒီထက်ပိုစား မင်းပေါက်ကွဲသွားမှာတော့မဟုတ်ဘူး "

နာမ်ပိုင်းဆိုင်ရာပစ္စည်းဖြစ်သည့်အပြင် မှော်
လက်နက်၏အဆင့်သည် မှော်ကျောက်တုံး
ထက်တော့ အဆပေါင်းများစွာသာလွန်၏။
မြစိမ်းရောင်ဓားအတိုတစ်လက်ကို တ​ဖြည်း
ဖြည်းမျိုချပြီး ၎င်းကိုဝမ်းဗိုက်အတွင်းပိုင်းတွင် သန့်စင်သောဝိဥာဥ်စွမ်းအင်အဖြစ်သို့ပြောင်းလဲပေးခြင်းကိုကြည့်ရင်း နာကျင်မှုအ
နည်းငယ်ကို ကျန်းရီခံစားလိုက်ရသော်လည်း
သူ့ရင်ထဲတွင်တော့ မျှော်လင့်ချက်ရောင်ခြည်
များကသာ ပိုမိုတောက်ပ၍ပြည့်နှက်နေခဲ့သ
ည်။

သို့သော် ထိုဝိဥာဥ်လဲလှယ်ခြင်းဆန်ကာကို
ထပ်မံအသက်သွင်းခဲ့သော်လည်း မမျှော်လင့်
စွာ၎င်းသည် မူလအတိုင်း ငြိမ်သက်နေဆဲသာ
ဖြစ်သည်။

ဘာတွေဖြစ်ကုန်တာလဲ? ဒါကသုံးစားမရတာ
တော့မဟုတ်ပါဘူးနော်?ဒါမှမဟုတ် မူရင်းဝတ္ထုဆီကအလှည့်စားခံလိုက်ရတာလား?ပြီး
​တော့ ဒီဝိဥာဥ်လဲလှယ်ခြင်းဆန်ကာမှာ တက
ယ်ပဲအံ့ဖွယ်စွမ်းရည်တွေလုံးဝမရှိဘူးပေါ့?

ဤသံသယများသည် ကျန်းရီ၏ခေါင်းထဲတွ
င်မရပ်မနားပျံ့နှံ့သွားပြီး ကူရာကယ်ရာမဲ့စွာ
အသားအရောင်ပါဖြူဖျော့လာခဲ့သည်။သူ့
နှလုံးသားတွင်လည်း စိုးရိမ်စိတ်များဆန်တ
က်လာလျက် ဤအသုံးမကျသောဝိဥာဥ်လဲ
လှယ်ခြင်းဆန်ကာတွင် တစ်စုံတစ်ခုသောအ
ပြောင်းအလဲမျိုးဖြစ်ပေါ်လာစေရန်သာ တစာ
စာ ဆုတောင်းကြွေးကြော်လျက်ရှိပေသည်။

ထို့နောက် ဤတစာစာဆူညံပူညံကြွေးကြော်
ဆုတောင်းသံများအောက်တွင် ဝိဥာဥ်လဲလှ
ယ်ခြင်းဆန်ကာသည် အမှန်တကယ်လှုပ်ရှား
လာခဲ့သည်။

ကျန်းရီသည် ကြို့ထိုးနေသကဲ့သို့ ကတုန်က
ယင်​ဖြစ်နေသော မီးခိုးရောင်ကိုယ်ထည်ကို
ကြည့်မိရာ ၎င်းသည်ဝိဥာဥ်ကျောက်တုံးမှ ဖြစ်ပေါ်လာသော ဝိဥာဥ်စွမ်းအင်များနှင့် မှော်
လက်နက်ကို အောက်ခြေရှိအပေါက်ငယ်တစ်
ခုမှ "ဖျူး" ခနဲမြည်သံဖြင့်အတူ ထွေးထုတ်
လာခဲ့သည်။

ကျန်းရီသည်လေထဲတွင်တစ်ဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားသော ဝိဥာဥ်စွမ်းအင်လုံးကို မျက်လုံးအပြူးသားဖြင့်အံ့အားသင့်
စွာငေးကြည့်လိုက်မိသည်။တစ်ချိန်တည်းမှာ
ပင် သူ့လက်ထဲမှမှော်လက်နက်သည် ကျန်းရီ
၏နတ်စွမ်းအင်အာရုံထဲသို့ပျံ့နှံ့သွားသည့်​ဝိဥာဥ်ရေးရာအာရုံခံစားမှုတစ်ခုကိုထုတ်လွှတ်
ခဲ့လေသည်။

ဒါကဘယ်လိုစိတ်စွမ်းအင်ကြီးလဲ?

မကျေနပ်ချက်များတိုးပွားလာခြင်း၊အထင်အ
မြင်သေးမှုများပြည့်နှက်လာခြင်းနှင့်အူလှိုက်
သည်းလှိုက်စိတ်တိုမှုများသာရှိတော့၏။

အိုး...မင်း စောက်ရေးမပါတဲ့.....!

ထိုညစ်ညမ်းသောစကားများသည် ကျန်းရီ၏
လျှာဖျားတွင်သာ ပျောက်ရှသွားရလေသည်။
ဤနေရာတွင် ဝမ်ရွှမ်ရှိနေခြင်းကြောင့်သာ သူ
ကျယ်ကျယ်လောင်လောင် မကျိန်ဆဲမိခြင်းဖြ
စ်၏။

ဒါကဘယ်လိုတောင်ရှုပ်ယှတ်ခတ်နေတဲ့ပစ္စ
ည်းကြီးလဲ! အစာကျွေးပြီးတာတောင်အစာရဲ့
အရည်အသွေးကိုမထီမဲ့မြင်လုပ်နေတယ်!မှော်လက်နက်ကိုတော်တော်စျေးပေါတယ်လို့
များထင်နေလား!

ကျန်းရီကရုတ်တရက်မတ်တပ်ထရပ်ပြီး ဤ
သုံးစားမရသော ပစ္စည်းကိုကြမ်းပြင်ပေါ်သို့
ရိုက်ခွဲလိုသော ဆန္ဒဖြင့်မြှောက်ခဲ့သော်လည်း
ခေါင်းအထက်တွင် ဆုပ်ကိုင်ထားရင်း ရုတ်
တရက်တွန့်ဆုတ်သွားရပြန်သည်။ အဆုံးတွင်
စိတ်ပျက်အားငယ်မှုများဖြင့်အတူ ထိုပစ္စည်းကို သူ့ရင်ခွင်ထဲတွင်သာ ပွေ့ထားလိုက်၏။

"မင်းကတကယ်ကိုတစ်ခုခုပဲ အနာဂတ်မှာငါ
ပိုက်ဆံရှာပြီး မင်းကိုကောင်းတာတစ်ခုခုကျွေးနိုင်မယ့်အချိန်ထိပဲစောင့် မင်းကိုတစ်ပုံ
တစ်ပင်ကြီးကျွေးပစ်မယ်"

ကျန်းရီကဒေါသတကြီးအံ့ကြိတ်လျက်

"မင်းရဲ့ပါးစပ်ပြည့်သွားတဲ့အထိကိုထိုးကျွေး
ပစ်မယ်!"

"ဟားဟားဟား!"

ဤမြင်ကွင်းကို အနောက်မှအစအဆုံးကြည့်ရင်း ဝမ်ရွှမ်လည်း မနေနိုင်တော့ဘဲဗိုက်ကိုဖိလျက် ခွက်ထိုးခွက်လန်ထရယ်တော့သည်။

"ဆရာတူညီလေးကျန်း မင်းမှာလည်းဒီလို​နေ့
မျိုးရှိသားပဲ!"

(note/အမြဲတမ်းကံကောင်းနေတဲ့ကျန်းရီမှာ
လည်းဒီလိုကံဆိုးတဲ့နေ့မျိုးရှိတာပဲ ဆိုတဲ့သဘောမျိုးပြောလိုက်တာပါ)

ထိုရယ်မောသံကြောင့်ကျန်းရီအနည်းငယ်စိတ်ပျက်သွားရသည်။

မကောင်းဘူး......မကောင်းဘူး

အခက်အခဲပေါင်းသောင်းခြောက်ထောင်အ
ကြား သူထွင်းထုထားတဲ့ရွှေအိုရောင်ဂုဏ်အ
သရေခမ်းနားမှုပုံရိပ်လေးလည်း အခုတော့ဒီနေရာမှာ တစ်စစီကျကွဲကုန်ပြီ!

သူခေါင်းမော့ကြည့်လိုက်ရာ ဝမ်ရွှမ့်နံဘေးတွ
င်တောက်ပနေသော အလင်းလုံးလေးကိုပါ
မြင်လိုက်ရသည်။ထိုအလင်းလုံးသည် ဓားပျံ
ရှေ့ပြေးနိမိတ်ဖြစ်ပြီး မရပ်မနားရယ်မောနေ
သကဲ့သို့ လက်ရှိတွင် ဝမ်ရွှမ့်နံဘေး၌တုန်ခါနေလေသည်။

(note/ဂူထဲမှာရှာတွေ့ခဲ့တဲ့အလင်းလုံးလေးပါ
မှတ်မိကြလားတော့မသိ အရမ်းဆိုးလို့ကျန်းရီတောင်ရိုက်ခဲ့သေးတယ် ပြီးတော့သူလက်ခံ
လို့မရသေးလို့ဝမ်ရွှမ့်ကိုပေးခဲ့တာ)

ဝမ်ရွှမ် အခြေခံတည်ထောင်ခြင်းအဆင့်သို့ပြ
န်ကျသွားပြီးကတည်းက ဤဓားပျံရှေ့ပြေးနိ
မိတ်သည် ပိုအတင့်ရဲလာခဲ့သည်။ ဝမ်ရွှမ်
သည် ထိုဓားပျံရှေ့ပြေးနိမိတ်ကို အမိန့်နာခံ
အောင် စီမံစွမ်းဆောင်နိုင်ဆဲဖြစ်သော်လည်း
၎င်းသည် မကြာခဏဆိုသလို ယခုကဲ့သို့သူ့
သဘောနှင့်သူ​ပြုမူတတ်သော အချိန်မျိုးလည်းရှိ၏။

ဝမ်ရွှမ်ကသူ့ကိုလှောင်ရယ်နေမယ်ဆိုရင်ပြသနာမရှိပေမယ့် ဒီလိုဓားပျံရှေ့ပြေးနိမိတ်
ကပါ သူ့ကိုလှောင်ရယ်နေတာကိုတော့ ဘယ်
လိုသည်းခံလို့ရမှာလဲ?

"လုပ်စမ်း ဆက်ရယ်လေ ငါမင်းကိုပြောနေ
တယ်!"

ကျန်းရီ၏မျက်နှာတွင်မျက်ခုံးထိပ်များအထိ
ဒေါသစိတ်မွှန်လျက်ရှိပေသည်။ထိုဓားပျံရှေ့
ပြေးနိမိတ်ကိုဖမ်းရန် အကျီလက်များကိုခါ၍

"မင်းကိုငါ့မိသားစုရဲ့ဝိဥာဥ်လဲလှယ်ရေးဆန်
ကာထဲကိုထိုးကျွေးနိုင်မလားဆိုတာကို စိန်
ခေါ်ကြည့်မလား?"

ဝမ်ရွှမ်က ပို၍ရယ်စရာတွေ့သွားပြီး ထိုရယ်
မောခြင်းကြောင့်ကျောကိုပင် ဖြောင့်အောင်
မမတ်နိုင်တော့ဘဲ ကျန်းရီ၏လက်မောင်းကို
လှမ်းဆွဲယုံသာ တတ်နိုင်တော့သည်။

"ဟုတ်ပါပြီ ဟုတ်ပါပြီ မင်းဘာလို့ဓားပျံရှေ့
ပြေးနိမိတ်လေးနဲ့ကတောက်ကဆဖြစ်နေရ
တာလဲ?"

ကျန်းရီကို အနောက်ဘက်မှ လှမ်းဆွဲလိုက်ခြင်းကြောင့် ကျန်းရီ၏ကျောပြင်က ဝမ်ရွှမ့်
ရင်ဘတ်နှင့်ဖိကပ်သွားပြီး ဓားပျံရှေ့ပြေးနိမိ
တ်ကို ပညာပေးရန် အသည်းအသန်ရုန်းကန်
လျက် လိုက်ဖမ်းနေခဲ့သည်။

အစပိုင်းတွင် ဝမ်ရွှမ်ကပြုံးနေသေးသော်လ
ည်း သူ့ရင်ခွင်ထဲတွင် ဘယ်၊ညာ တွန့်လူးလှုပ်
ရှားနေသော ကျန်းရီကြောင့် အနည်းငယ်ထူး
ဆန်းလာသလိုခံစားရသည်။ကျန်းရီကို သူ့
ရင်ခွင်ထဲမှ ရုတ်တရက်တွန်းထုတ်ပြီး အ
နောက်သို့ခြေတစ်လှမ်းမျှတောင် ဆုတ်လိုက်မိ၏။

"ဆရာတူအစ်ကို?"

ကျန်းရီသည် ဤထူးဆန်းသောအပြုအမူကို
သတိထားမိ၍ ဝမ်ရွှမ့်ကိုကြည့်ရန် အနောက်
သို့လှည့်လိုက်၏။

ဝမ်ရွှမ်ကခေါင်းခါလျက် အနည်းငယ်တောင့်
တင်းနေသော မျက်နှာအမူအယာဖြင့် လေး
လေးနက်နက် ပြန်ဖြေလာခဲ့သည်။

"ဆော့နေတာတော်တော့ တစ်ဖြည်းဖြည်းအ
ချိန်လင့်လာပြီ ငါတို့ခရီးအတွက်မြန်မြန်သွား
ရမယ်"

ဤစကားပြောရင်း ဓားပျံရှေ့ပြေးနိမိတ်ကိုသူ့
အကျီလက်ထဲသို့ပြန်ဆင့်ခေါ်လျက် အနော
က်ဘက်မှမြင်ကွင်းအားလုံးကို ကျောပေးရင်း
အရင်ဆုံးထွက်ခွာလာခဲ့သည်။

"ဆရာတူအစ်ကို?"

ကျန်းရီကအလျင်စလိုပြေးလိုက်လာပြီး

"ဘာဖြစ်လို့လဲ?"

ဝမ်ရွှမ်ကခေါင်းသာခါပြ၏။အကြောင်းပြချ
က် မည်မည်ရရမရှိပါဘဲ သူ့နားရွက်သို့ကပ်
ကာ ကျန်းရီစကားပြောခဲ့သော အခိုက်အတန့်ကိုပြန်အမှတ်ရသွားလေသည်။

သူ့နားရွက်ဘေးတွင် ရိုက်ခတ်နေသော တစ်
ဖက်လူ၏အသက်ရှုသံက နွေးထွေးမှုကိုသယ်ဆောင်လျက် သူ့နားရွက်ဖျားလေးများကို ပွတ်တိုက်သွားခဲ့သည်လေ......ဤကိစ္စကြောင့် နားရွက်ဖျားမှတစ်ဆင့် ဝမ်ရွှမ့်မျက်
နှာတစ်ပြင်လုံးပူလောင်လာသလိုခံစားလိုက်ရသည်။နောက်ပြန်လှည့်ကြည့်ရန်ပင် ခေါင်း
မစောင်းဝံ့တော့ဘဲ ခြေလှမ်းများကိုသာ ချက်
ချင်းသလို အရှိန်ပိုတင်လိုက်လေသည်။

"ဆရာတူအစ်ကို ကျွန်တော့်ကိုထပ်စိတ်ဆိုး
သွားတယ်လို့တော့မပြောနဲ့နော်? အခု ကျွန်
တော်ကဓားပျံရှေ့ပြေးနိမိတ်နဲ့ကတောက်က
ဆဖြစ်ရင်း အရမ်းကလေးဆန်သလိုဖြစ်သွား
တာကြောင့်လား?"

ဝမ်ရွှမ့်အနောက်မှလိုက်ရင်း ကျန်းရီကသေ
သေချာချာရှင်းပြလာသည်။

"ကျွန်တော်ကဒီအတိုင်းဆော့ယုံပါ အလေးအ
နက်ထားပြီးပြောလိုက်တာမဟုတ်ဘူး အစ်ကို
မကြိုက်ဘူးဆိုရင်လေ နောက်ကျွန်တော်ဘယ်​တော့မှ......"

ကျန်းရီထံမှ ထိုစကားများကိုကြားရခြင်းအားဆက်သည်းမခံနိုင်တော့ဘဲ အခြားရွေးချယ်စ
ရာမရှိသည့်အတွက် ဝမ်ရွှမ်လည်း ခြေလှမ်း
များကို ရပ်ပစ်လိုက်ရသည်။

"ဒီအသေးအဖွဲကိစ္စလေးတွေကတော့.....သေ
ချာတာပေါ့ ငါစိတ်ထဲမထည့်ပါဘူး"

အသက်တစ်ချက်ရှုသွင်း၍ စိတ်ကိုတည်ငြိမ်
အောင်ချုပ်ထိန်းပြီးမှ နောက်ပြန်လှည့်ကာ

"ငါစိတ်ဆိုးတယ်လို့ဘယ်သူပြောလဲ ငါကဒီအတိုင်း လမ်းပေါ်မြန်မြန်သွားနေယုံပဲရှိတာ"

"တကယ်?"

ကျန်းရီကသူ့ကိုသံသယဖြစ်စွာကြည့်လာ၏။
ဤအချိန်မျိုးတွင် ဝမ်ရွှမ့်၌အားသာချက်တစ်
ရပ်ရှိလေသည်။သူကအရာအားလုံးအပေါ် မျ
က်နှာနီမြန်းကာအရှက်ကြီးတတ်သောကျန်းရီနှင့်မတူပေ။လေးနက်သောမျက်နှာထားဖြင့်
တည်တည်ကြည်ကြည်နေနိုင်သ၍ သူ့စိတ်ထဲ
တွင်မည်သည့်ကိစ္စမျိုးကိုတွေးနေပါစေ မျက်
နှာပေါ်တွင်တော့ ထင်ဟပ်လာမည်မဟုတ်။

သို့ဖြစ်ရာ ကျန်းရီကသူ့ကိုအချိန်အနည်းငယ်
ကြာအောင်စူးစမ်းခဲ့သော်လည်း အခြားရွေး
ချယ်စရာမရှိဘဲ သူ့ဆင်ခြေကိုသာယုံကြည်
သွားတော့သည်။

ဝမ်ရွှမ် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်
၏။ထို့နောက် တည်ငြိမ်သောအမူအယာဖြင့်
ကျန်းရီ၏ခေါင်းလေးကိုပွတ်သတ်၍

"ဝိဥာဥ်မြို့တော်ကိုငါတို့မြန်မြန်ရှာတွေ့ရင် ဒီ
တစ်ညအတွက်အိပ်စရာနေရာရှိလိမ့်မယ်"

ကျန်းရီကနာခံစွာခေါင်းညိတ်ပြလာ၏။

(note/အမိန့်နာခံတာထက် ပြောစကားနား
ထောင်ပြီးချစ်စရာကောင်းတဲ့အမူအယာမျိုး
လုပ်ပြလိုက်တာပါ E translator ကဒီနေရာမှာစာလုံးအကြီးကြီးရေးပြီးကိုရှင်းထားလို့><)

ထို့နောက် သူတို့နှစ်ဦးစလုံးခရီးဆက်လာခဲ့ကြသည်။ဝမ်ရွှမ်ကအရှိန်တင်ပြီးမလျှောက်
တော့သလို ကျန်းရီကလည်းဘာမျှမမေးတော့ဘဲ ဝမ်ရွှမ့်နံဘေးတွင်သာ တိတ်တဆိတ်
လိုက်လာခဲ့သည်။

ခဏတာငြိမ်သက်ပြီးနောက် သူတို့နှစ်ဦးစလုံး
တောင်ပေါ်လမ်းလေးကိုရွေးလိုက်ကြသည်။
ဝမ်ရွှမ်လည်းမနေနိုင်ဘဲ အကြည့်များကိုရွှေ့ကာသူ့နံဘေးမှ လူငယ်လေးကို မျက်ဝန်းထောင့်မှတစ်ဆင့် တိတ်တခိုးလှမ်းကြည့်လိုက်၏။

အံ့အားသင့်စရာကောင်းလှသည်ကတော့
ကျန်းရီလည်း သူ့ကိုငေးကြည့်နေခြင်းပင်။
အမှန်တွင် တစ်ဖက်လူကသူ့ကိုတစ်ချိန်လုံး
ငေးကြည့်နေပုံရပြီး သူကသာကျန်းရီ၏မျော
လွင့်နေသော အကြည့်များကို သတိမထားမိ
ခြင်းဖြစ်သည်။

သို့ပေသည့် ထိုအကြည့်များကသူ့မျက်ဝန်း
ပေါ်တွင်မဟုတ်ဘဲ ငေးကြည့်နေသောနေရာကတော့......

ဝမ်ရွှမ်နောက်တစ်ဖန်အံ့သြရပြန်သည်။ထို
အကြည့်များက ဝမ်ရွှမ့်နှုတ်ခမ်းများအပေါ်
သက်ရောက်နေခြင်းသာ ။

အမှန်တကယ်ကို ကျန်းရီကတစ်ချိန်လုံး သူ့
နှုတ်ခမ်းကိုတစ်စိုက်မတ်မတ်ကြည့်နေခြင်းပင်။ပုံမှန်အတိုင်းငေးကြည့်နေယုံသာ မဟုတ်ဘဲ နီမြန်းနေသောမျက်နှာဖြင့် ကြည့်နေခြင်း
ဖြစ်သည်။သူပိုကြည့်လေလေ သူ့မျက်နှာက
ရှက်စိတ်ဖြင့်ပိုနီမြန်းလာလေလေပဲ။

...........ဒါကဘယ်လိုအခြေအနေကြီးလဲ? ဒီအတိုင်းနှုတ်ခမ်းတွေပဲမဟုတ်ဘူးလား?

ဝမ်ရွှမ်နားမလည်နိုင်အောင် ထူးဆန်းစွာခံစား
ရပြီး မသိစိတ်ကြောင့် လျှာဖျားကိုဆန့်ထုတ်
လျက် နှုတ်ခမ်းကိုအသာအယာသပ်လိုက်မိ
၏။

ရိုးရှင်းသောလှုပ်ရှားမှုဖြစ်သော်လည်းကျန်းရီ
ကတော့ ကြီးမားသောထိုးနှက်ချက်တစ်ခုကို
တွေ့ကြုံလိုက်ရသည့်အလား။သူ့ခြေလှမ်းများပင် စက္ကန့်ပိုင်းမျှဖရိုဖရဲဖြစ်ကုန်ပြီး တစ်
ချိန်တည်းတွင် သူ့မျက်နှာပေါ်မှနီမြန်းမှုက တစ်စတစ်စ ပျံ့နှံ့လာပြီးအခြားမျက်နှာပြင်
တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ဤအခိုက်အတန့်တွင် ဝမ်ရွှမ်လည်းတောင့်
တင်းသွားရသည်။ကျန်းရီ၏အလွန်အကျွံတုံ့
ပြန်မှုကြောင့်သာမဟုတ်ဘဲ သူ့နှုတ်ခမ်းကို
လျှာဖျားဖြင့်တို့ထိမိချိန်၌ ခံစားမိသောစိုထို
င်းထိုင်းငွေ့အသက်က သိပ်မကြာသေးခင်အ
ချိန်တွင်မက်ခဲ့သော အိပ်မက်ဆိုးတစ်ခုကိုပြန်
အမှတ်ရစေခြင်းကြောင့်ပင်။

ထိုအိပ်မက်ထဲတွင် သူ့နှုတ်ခမ်းများကို နူးညံ့
စိုစွတ်သောတစ်စုံတစ်ရာက ပွတ်တိုက်သွားခြင်း သို့မဟုတ် တစ်ခဏတာစုပ်ယူလိုက်သလို ထိတွေ့မှုမျိုးကိုခံစားခဲ့ရသည်။

ထိုအချိန်တုန်းက ဤကိစ္စကိုအများကြီးမတွေးခဲ့ဘဲ သူ့အိပ်မက်ထဲတွင်ဖြစ်ပေါ်ခဲ့သောတစ်စုံတစ်ခုဟုသာထင်မှတ်ခဲ့သော်လည်း ယခုအချိန်တွင် ပြန်စဥ်းစားမိရာ ထိုထူးဆန်း
သောအထိအတွေ့နှင့် သူ့အိပ်မက်ထဲမှသွေး
ချင်းချင်းနီနေသောမြင်ကွင်းတို့က လုံးဝအပ်
စပ်ခြင်းအလျဥ်းမရှိပေ။

ထိုအချိန်က အိပ်မက်ထဲမှလန့်နိုးလာချိန်တွင်
ပထမဆုံးမြင်ခဲ့ရသူမှာ ကျန်းရီသာဖြစ်သည်။

ဖြစ်နိုင်ပါ့မလား....မဟုတ်....မဟုတ်လောက်ပါဘူးနော်?

ဝမ်ရွှမ် ရုတ်တရက်သူ့အထင်အမြင်ကြောင့်
အံ့သြတုန်လှုပ်သွားရလေသည်။

ဤအတွေးများသည် သေးငယ်လှသောပမာ
ဏမဟုတ်သော်လည်း ဝမ်ရွှမ့်ခေါင်းထဲတွင်
စက္ကန့်ပိုင်းမျှသာ ချာချာလည်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျန်းရီကအထိတ်တ
လန့် ခေါင်းမော့လာပြီး တိုက်ဆိုင်စွာဖြင့် သူ့ကိုပို၍ပျာယာခတ်စေသော ဝမ်ရွှမ့်အကြည့်
များအပေါ် ဖြတ်ကျော်မိလေသည်။

ဤကြောက်စိတ်မွှန်နေသောထိတ်လန့်မှုက
တိကျသောသက်သေစစ်စစ်ပမာ။ သို့သော်
ဝမ်ရွှမ်က ဒီထက်ပိုတွေးရန်ဆန္ဒမရှိတော့ဘဲ
ဤသို့တွေးခြင်းမှာ အလွန်အင်မတန်ကြောက်
စရာကောင်းလှသည်ဟုသာထင်မိသည်။
သူဘယ်လိုများဒီလောက်အထိဆိုးဆိုးဝါးဝါး
ကြောက်စရာကောင်းနေတာပါလိမ့်? သူ့ရဲ့ဖြူ
စင်ရိုးသားတဲ့ဆရာတူညီလေးအပေါ်ဒီလိုတွေကောက်ချက်ချနေမိတာတကယ်ကိုလက်
မခံနိုင်စရာကိစ္စတစ်ခုပဲ။

သို့ဖြစ်ရာ ဝမ်ရွှမ်သည်သူ့အကြည့်များကိုအ
လျင်စလိုပြန်ရုတ်သိမ်းလျက် သူတို့ရှေ့မှလမ်းပေါ်သို့ရွှေ့ကာ သူ့အတွေးများကိုမှန်ကန်
သော လမ်းကြောင်းပေါ်သို့ ပြန်ဆွဲတင်ရန်သာ
ကြိုးစားလိုက်လေသည်။

သို့သော် တစ်ချက်မျှအမြန်ကြည့်ယုံဖြင့် ဝမ်ရွှမ်ရုတ်တရက်တုံ့ဆိုင်းသွားရသည်။

နေပါအုံး....

သူတို့လျှောက်နေသောလမ်းသည် လမ်းမှန်
မဟုတ်တော့ပေ။သူတို့ရှေ့မှသစ်ပင်ကို သူမြင်ဖူးပြီးသားဖြစ်၏။

"ဆရာတူညီလေးကျန်း သတိထားနော်"

အမည်မသိလူတစ်ချို့က သူတို့အား အထဲတွ
င်ဖမ်းဆီးရန် ဝင်္ကပါကွန်ခြာတစ်ခုကို ထောင်
ချောက်ဆင်ထားလေသည်။

...................××...................

T/N: ကျန်းရီကိုချီကျိပိုင်ပေးလိုက်တဲ့လက်
နက်ကzuriအတွေးထဲမှာတောင် ပုံမပေါ်လို့ပါ
အတတ်နိုင်ဆုံးတော့သေသေချာချာလေး
ရေးပေးထားပါတယ် ဒါပေမယ့်ဘာသာပြန်
ထားတာကိုဖတ်ရှုတဲ့အချိန်မှာမျက်လုံးထဲသေချာမပေါ်ခဲ့ရင်ခွင့်လွှတ်ပေးကြပါလို့🤍

.................................................................

<ႏွလုံးသားမွႏွလုံးသားသို႔>

"ဆရာတူအစ္ကို ကြၽန္ေတာ္တို႔ဒီေန႕အက်ိဳးရ
လဒ္ႀကီးႀကီးမားမားကိုဖမ္းဆုပ္မိခဲ့တာပဲ"

က်န္းရီကအားပါးတရၿပဳံးရင္းဝမ္႐ႊမ့္နံေဘး
သို႔ေလွ်ာက္လာခဲ့သည္။

"ဂိုဏ္းခ်ဳပ္ကေမွာ္ေက်ာက္တုံးေတြအမ်ား
ႀကီးေပးၿပီးအစ္ကိုလိုအပ္တဲ့ပစၥည္းေတြရဲ႕
ဦးတည္ခ်က္ကိုေတြကိုလည္းအမ်ားႀကီးလမ္းၫႊန္ေပးခဲ့တယ္ ၿပီးေတာ့အႀကီးအကဲခ်ီရဲ႕တပည့္ျဖစ္ဖို႔အတြက္လည္းႀကိဳးစားနိုင္ခဲ့
တယ္ အႀကီးအကဲခ်ီကကြၽန္ေတာ့္အေပၚတ
ကယ္ေစတနာရွိၿပီးအေတာ္ေလးေကာင္းတဲ့တစ္စုံတစ္ခုကိုလက္ေဆာင္ေပးလိုက္တယ္"

သူေျပာေနေသာဤစကားမ်ားၿပီးဆုံးသြားသ
ည့္တိုင္ဝမ္႐ႊမ္ကသူ႕ကိုမမွိတ္မသုန္ေငးၾကည့္
ေနဆဲပင္။က်န္းရီသည္တစ္ဖက္လူ၏အၾက
ည့္မ်ားကထူးဆန္းေနေၾကာင္းသတိထားမိၿပီး
သူ႕မ်က္ႏွာကိုလက္ျဖင့္တို႔ထိၾကည့္ကာ

"ဘာျဖစ္လို႔လဲ?"

ေနာက္ဆုံးတြင္ ဝမ္႐ႊမ္သည္အေတြးလြန္ေန
ရာမွာအသိျပန္ဝင္လာၿပီးသူ႕အၾကည့္မ်ားကို
အလ်င္စလို႐ုတ္သိမ္းလိုက္၏။

"ဘာမွမဟုတ္ဘူး"

သို႔ေသာ္ ထိုစကားမ်ားကေတာ့သူ႕ႏွလုံးသားထဲတြင္ပဲ့တင္ထပ္ေနဆဲျဖစ္သည္။ထိုကိစၥကို
မစဥ္းစားဘဲမေနနိုင္သည့္အတြက္သူ႕ကိုယ္သူ
လည္းထပ္ခါတလဲလဲႀကိမ္းေမာင္းေနမိ၏။
ဤစကားမ်ားသည္က်န္းေရွာင္ခ်င္းထံမွမွတ္
ခ်က္တစ္ခုသာျဖစ္ၿပီးဘာေၾကာင့္မ်ားသူဒီ
ေလာက္လြယ္လြယ္ယုံပစ္ရမည္နည္း?

သူသည္ေယာက်ာ္းတစ္ဦးျဖစ္ေၾကာင္းေျပာ
စရာပင္မလိုသလိုဆရာတူညီေလးက်န္းက
လည္းေယာက်ာ္းတစ္ဦးျဖစ္၏။ေယာက်ာ္းတစ္ဦးႏွင့္အျခားေယာက်ာ္းတစ္ဦးအၾကား
ထိုကဲ့သို႔ကိစၥမ်ိဴးျဖစ္လာနိုင္ပါ့မလား?

ဤအရာသည္ဝမ္႐ႊမ့္အတြက္ေတာ့လုံးဝက
မၻာအသစ္တစ္ခုျဖစ္ေနၿပီး၎ကိုမည္သို႔နား
လည္ရမွန္းမသိနိုင္ဘဲသူ႕အေတြးမ်ားကိုဝ႐ုန္း
သုန္းကားျပန့္က်ဲသြားေစခဲ့သည္။

က်န္းရီကိုအမွန္အတိုင္းေမးရန္ဆုံးျဖတ္ခဲ့
ေသာ္လည္းဤအေၾကာင္းအရာကအေတာ္
ေလးကိုးရို႔ကားယားနိုင္လြန္းသည္ဟုခံစားမိ
ၿပီးေနာက္ဆုံးတြင္ေတာ့ထိုေမးခြန္းကိုသူ႕ပါး
စပ္မွထုတ္မေမးနိုင္ခဲ့ေခ်။

ကံေကာင္းေထာက္မစြာျဖင့္ ခရီးသြားျပင္ဆင္
မႈသည္အနည္းငယ္ၿငီးေငြ႕စရာေကာင္းေသာ္
လည္းက်န္းရီျပန္ေရာက္လာၿပီးေနာက္အထု
ပ္အပိုးမ်ားကိုသပ္သပ္ရပ္ရပ္ျပင္ဆင္ရန္
ေနာက္ဆုံးမိနစ္အနည္းငယ္က်န္ေသး၏။သူ
တို႔ႏွစ္ဦးစလုံးအလုပ္ရႈပ္ေနၾကသည့္အတြက္စိတ္အာ႐ုံမွပ်ံ့လြင့္ေနေသာထိုအေတြးမ်ားကို
ဝမ္႐ႊမ္လည္းဆက္ၿပီးေတြးဖို႔အခ်ိန္မရွိေတာ့
ေပ။

က်န္းရီသည္အတြင္းေဆာင္တပည့္အသစ္တ
စ္ဦးအေနျဖင့္ရလာေသာအရင္းအျမစ္မ်ား
အားလုံးကိုစုေဆာင္းၿပီးေလၿပီ။၎သည္ရာ
ဂဏန္းမွ်သာရွိေသာေမွာ္ေက်ာ္တုံးမ်ားႏွင့္ခ်ီ
သန့္စင္ျခင္းအဆင့္ေမွာ္လက္နက္တို႔ျဖစ္၏။
၎တို႔ကို အလြန္အသုံးဝင္လွသည္ဟုမသတ္
မွတ္နိုင္ေသာ္လည္းအဆုံးသတ္တြင္ဘာမွ်မရွိေသာလက္ဗလာထက္ေတာ့ပိုသာလြန္သည္။

ထိုအခ်ိန္တြင္ ဝမ္႐ႊမ္သည္ဤႏွစ္မ်ားအတြင္း
တံခြန္တိမ္တိုက္ဂိုဏ္းတြင္သူစုေဆာင္းသိမ္း
ဆည္းထားမွ်အားလုံးကိုထုတ္လာခဲ့သည္။
ထိုပစၥည္းမ်ား၏ပမာဏကေတာ့မေသးငယ္
လွေပ။ဂိုဏ္းရန္ပုံေငြအမွတ္ေပါင္း30000ျဖ
စ္၏။ထိုအမွတ္မ်ားကိုဂိုဏ္းအတြင္းေတြ႕နိုင္ေသာယြမ္စုစည္းအဆင့္ပစၥည္းမ်ားႏွင့္လဲလွ
ယ္ၿပီးသည့္တိုင္အမွတ္ေပါင္း10000အတိက်
န္ေသးသည္။

ဝမ္႐ႊမ္သည္ ထိုအမွတ္မ်ားအားလုံးကိုေမွာ္
ေက်ာက္တုံးမ်ား၊ေဆးဖက္ဝင္ေဆးျပားမ်ား၊
အေဆာင္လက္ဖြဲ႕မ်ား၊အသုံးမ်ားေသာပစၥည္း
မ်ားႏွင့္ဆက္စပ္ပစၥည္းမ်ားအတြက္လဲလွယ္ခဲ့သည္။အပိုအေနျဖင့္အရည္အေသြးျမင့္ဓား
ပ်ံတစ္လက္လည္းပါေသး၏။

ဤဓားပ်ံကိုမဆုံးျဖတ္မီဝမ္႐ႊမ္သည္အခ်ိန္အ
တန္ၾကာေကာက္ယူ၊ေ႐ြးခ်ယ္ခဲ့ရသည္။ဓား
၏ထက္ျမက္မႈအေၾကာင္းကိုေဖာ္ျပရန္ပင္မလိုအပ္ဘဲဓားကိုယ္ထည္သည္လည္းေပါ့ပါး
၍လွပသည္။၎ကိုအသုံးျပဳရျခင္းကလက္ေမာင္း၏က်ဳံ႕ဆန့္ဆြဲအားကိုအသုံးျပဳရသကဲ့သို႔ပင္။၎သည္အေျခခံတည္ေထာင္ျခင္း
အဆင့္က်င့္ႀကံသူတစ္ဦးအတြက္ကိုင္တြယ္ရ
အလြယ္ကူဆုံးအေကာင္းဆုံးလက္နက္ျဖစ္
၏။

မူလကက်န္းရီသည္ထိုလက္နက္ကိုဝမ္႐ႊမ္
ကိုယ္တိုင္သူ႕ကိုယ္ေရးကိုယ္တာအတြက္အ
သုံးျပဳရန္ေ႐ြးခ်ယ္ခဲ့သည္ဟုထင္မိသည္။

သို႔ေသာ္ သူတို႔ႏွစ္ဦးစလုံးတံခြန္တိမ္ခိုက္ဂို
ဏ္း၏နယ္ေျမမွထြက္ခြာလာၿပီးေတာင္ကုန္း
တစ္ခုသို႔ေရာက္လာခ်ိန္တြင္ဝမ္႐ႊမ္ကထိုဓား
ကိုက်န္းရီလက္ထဲသို႔ထည့္ေပးခဲ့သည္။

"အေျခခံတည္ေထာင္ျခင္းအဆင့္ကိုေရာက္
ေတာ့မယ္လို႔မင္းေျပာခဲ့တယ္မဟုတ္လား?"

"အဲ့ဒီကိစၥအတြက္ငါႀကိဳၿပီးျပင္ဆင္ခဲ့တာ အ
ခ်ိန္က်လာတဲ့အခါဒီလက္နက္ကိုရွာစရာမလို
ေတာ့ေအာင္ေလ ဒီလိုအရည္အေသြးနဲ႕လက္
နက္မ်ိဳးကိုငါတို႔ရွာမေတြ႕တာမ်ိဳးေတာင္ျဖစ္နိုင္လို႔"

က်န္းရီသည္မထင္မွတ္ထားေသာအလွည့္အေျပာင္းေၾကာင့္ခ်က္ခ်င္းေပ်ာ္႐ႊင္သြားခဲ့သ
ည္။ထိုဓားကိုသူ႕လက္ႏွစ္ဖက္ျဖင့္ကိုင္ထားၿပီး
သူပိုၾကည့္ေလေလ၊ပိုသေဘာက်ေလေလျဖ
စ္၏။သူအလြန္ေပ်ာ္႐ႊင္ေနသည့္အတြက္ထို
ေပ်ာ္႐ႊင္မႈကိုမည္သည့္စကားလုံးျဖင့္ေဖာ္ျပ
သင့္မွန္းေတာင္မသိပါေခ်။ဤစိတ္လႈပ္ရွားမႈ
ေၾကာင့္သူ႕မ်က္ႏွာသည္အလြန္ႏူးညံ့ေသာ
ပန္းႏုေရာင္လွိုင္းတြန့္ေလးမ်ားႏွင့္အတူရွက္
ေသြးျဖာလ်က္နီျမန္းလာခဲ့သည္။

ဝမ္႐ႊမ္သည္က်န္းရီ၏ပါးျပင္ေပၚရွိထိုပန္းႏု
ေရာင္လွိုင္းတြန့္ေလးမ်ားကိုအခ်ိန္အတန္
ၾကာေအာင္သတိလက္လြတ္စိုက္ၾကည့္ေနမိ
သည္။

ဤဆရာတူညီေလးသည္အလြန္ရွက္လြယ္
ၿပီးမ်က္ႏွာနီျမန္းျခင္းျပသနာကလည္းႀကဳံရင္ႀကဳံသလိုျဖစ္ေပၚလာတတ္မွန္းသူအရင္ကတည္းကသိထားၿပီးျဖစ္သည္။သို႔ေပသည့္
ယခုအခ်ိန္၌က်န္းရီ၏ရွက္ေသြးျဖာေနေသာမ်က္ႏွာကိုျမင္ရစဥ္တြင္ထူးဆန္းေသာခံစား
ခ်က္တစ္မ်ိဳးကိုခံစားလာရသည္။

ေနာက္ဆုံးတြင္ က်န္းရီသတိထားမိသြားၿပီး
ေခါင္းကိုဆတ္ခနဲေမာ့ၾကည့္လိုက္ရာဝမ္႐ႊမ္ကသူ႕အၾကည့္မ်ားကို အေဝးတစ္ေနရာသို႔
ေ႐ႊ႕လိုက္ၿပီးျဖစ္သည္။ဝမ္႐ႊမ့္မ်က္ႏွာအမူအ
ယာသည္အလြန္သဘာဝက်ၿပီးသံသယျဖစ္စရာအျပစ္အနာအဆာမ်ိဳးရွိမေနေခ်။

သို႔ေသာ္ လက္ေတြ႕မွာေတာ့ဝမ္႐ႊမ္တစ္ေယာ
က္အလြန္အမင္းပဋိပကၡျဖစ္ေနၿပီးစိတ္ထဲ၌
သူ႕ကိုယ္သူမရပ္မနားက်ိန္ဆဲေနရသည္။

ဘယ္လိုျဖစ္ၿပီးဒီအေၾကာင္းကိုထပ္ေတြးမိ
ျပန္တာလဲ?

အေၾကာင္းျပခ်က္ႏွင့္စည္းမ်ဥ္းမ်ားမပါဝင္ဘဲမွတ္ခ်က္တစ္ခုအေနျဖင့္ေျပာခဲ့ေသာသူ႕
ရွစ္ေမ့၏စကားကိုနားေထာင္မိယုံသာျဖစ္သ
ည္။ဘာေၾကာင့္မ်ားဒီစကားကိုအတည္အျဖစ္
သတ္မွတ္ၿပီးဆရာတူညီေလးက်န္းကိုဒီလို
အျမင္မ်ိဳးနဲ႕ၾကည့္ရမွာလဲ?

"ဆရာတူအစ္ကို"

က်န္းရီကသူ႕နား႐ြက္ေဘးသို႔ကပ္လာၿပီး

"ေက်းဇူးတင္ပါတယ္"

"မင္းနဲ႕ငါ့ၾကားမွာေက်းဇူးတင္စရာမ်ားလိုေသးလို႔လား?"

ဝမ္႐ႊမ္ကခိုင္မာစြာထုတ္ေျပာလိုက္၏။

"ၿပီးေတာ့ ငါလည္းမင္းဆီကပစၥည္းေတြအ
မ်ားႀကီးမယူခဲ့လို႔လား?ဒါကေက်းဇူးျခင္းျပန္
ဖလွယ္ယုံပါပဲ"

"ဟုတ္တယ္ ဆရာတူအစ္ကိုေျပာတာမွန္တယ္"

က်န္းရီကၿပဳံးလ်က္

"ဘယ္လိုပဲျဖစ္ျဖစ္ကြၽန္ေတာ့္ရဲ႕ပစၥည္းေတြကအစ္ကို႔ရဲ႕ပစၥည္းေတြပဲ"

ဤစကားသည္ျပက္လုံးတစ္ခုသာျဖစ္သင့္
ေသာ္လည္းထိုစကားကိုၾကားလိုက္ရခ်ိန္တြင္
ဝမ္႐ႊမ့္ႏွလုံးသားကမထင္မွတ္ဘဲခုန္သြားခဲ့ရ
သည္။

"ဒီအေၾကာင္းကိုေျပာမွပဲ..."

က်န္းရီကဆန္းၾကယ္ေသာအမူအယာျဖင့္ဝမ္႐ႊမ့္နား႐ြက္ေဘးသို႔ကပ္လာၿပီး

"အဲ့ဒီအႀကီးအကဲခ်ီအေၾကာင္းကိုမေျပာခင္
အဟမ္း....ကြၽန္ေတာ့္ရဲ႕လက္ရွိဆရာကအ
ေတာ္ေလးေကာင္းတဲ့တစ္စုံတစ္ခုကိုလက္
ေဆာင္ေပးလိုက္တယ္ အဲ့တာကဘာပစၥည္းမွန္းအစ္ကိုသိလား?"

ထိုစကားကိုေျပာၿပီးသည္ႏွင့္ဝမ္႐ႊမ့္အေျဖကို
ေတာင္မေစာင့္ဘဲပစၥည္းတစ္စုံတစ္ရာကိုသူ႕
လက္ေကာက္မွဆြဲထုတ္လိုက္၏။

၎သည္ဆန္ကာကြက္တစ္ခုႏွင့္ဆင္တူၿပီးညစ္ပတ္ေပေရလ်က္တန္ဖိုးမဲ့ပုံရသည္။သို႔
ေသာ္ထိုပစၥည္းကိုက်န္းရီကလွ်ို႔ဝွက္ဆန္း
ၾကယ္ေသာအမူအယာမ်ိဳးျဖင့္ထုတ္လာသည့္အတြက္၎သည္သာမာန္ပစၥည္းေတာ့မျဖစ္နိုင္ေပ။ဝမ္႐ႊမ္လည္းသိလိုစိတ္ျဖစ္ေပၚလာခဲ့
သည္။

"အဲ့တာကဘာလဲ?"

က်န္းရီကဟက္ဟက္ပက္ပက္ရယ္လ်က္

"ဆရာေျပာတာေတာ့ဒါကိုနတ္ဝိဥာဥ္လဲလွယ္
ျခင္းဆန္ကာလို႔ေခၚတယ္တဲ့"

"နတ္ဝိဥာဥ္လဲလွယ္ျခင္းဆန္ကာ?"

ဝမ္႐ႊမ္အံ့ၾသသြားရသည္။

"သန္ရွင္းဂိုဏ္းကနတ္ဝိဥာဥ္လဲလွယ္ျခင္းဆန္
ကာနဲ႕အတူတူပဲလား?"

သူ႕ေမးခြန္းအတြက္က်န္းရီ၏အေျဖကိုေတာင္မလိုအပ္ေတာ့ေပ။ဤကမၻာႀကီးတြင္နတ္ဝိဥာဥ္လဲလွယ္ျခင္းဆန္ကာေနာက္တစ္ခုမရွိနိုင္
ေသာ္လည္းထိုနတ္ဝိဥာဥ္လဲလွယ္ျခင္းဆန္
ကာ၏ဂုဏ္အရည္အေသြးကအလြန္လူသိမ်ားလွသည့္အတြက္အံ့ၾသမဆုံးျဖစ္ခဲ့ရသ
ည္။

၎သည္သန္ရွင္းဂိုဏ္းမွအႀကီးအကဲတစ္ဦး
၏ေမွာ္လက္နက္ျဖစ္ၿပီးထိုအႀကီးအကဲကြယ္
လြန္ၿပီးေနာက္ အစအနရွာမရေအာင္ေပ်ာက္ကြယ္သြားခဲ့သည္။ထိုလက္နက္ကခ်ီက်ိပိုင္
၏လက္ထဲတြင္ရွိေနမည္ဟုမည္သူကေတြးမိ
မည္နည္း?ဤေမွာ္လက္နက္၏အသုံးျပဳပုံ
ကေတာ့.....ေယဘုယ်အားျဖင့္ကမၻာေပၚရွိ
နာမ္ပိုင္းဆိုင္ရာ႐ုပ္ဝတၳဳမ်ားအားလုံးကိုဝိဥာဥ္စြမ္းအင္၏အသန့္စင္ဆုံးပုံစံအျဖစ္ေျပာင္း
လဲေပးနိုင္သည္။

ဤအေၾကာင္းကိုေတြးရင္း ဝမ္႐ႊမ့္အၾကည့္
မ်ားကတစ္ျဖည္းျဖည္းေမွးမွိန္လာခဲ့သည္။
ဤေမွာ္လက္နက္သည္ဂုဏ္သတင္း၌ေက်ာ္
ၾကားေသာ္လည္းလုပ္ေဆာင္ခ်က္ကေတာ့အ
မွန္တကယ္ကိုလုံးဝအသုံးမဝင္ေပ။

အဆုံးသတ္တြင္ ေမွာ္လက္နက္မ်ားသည္ရွား
ပါးၿပီးဝိဥာဥ္စြမ္းအင္မ်ားကေလထုႏွင့္ေျမျပ
င္အႏွံ႕အျပားတြင္ရွိတတ္သည္။ဤလဲလွယ္မႈ
ကလုံးဝမထိုက္တန္ေပ။ေလထုထဲမွဝိဥာဥ္စြမ္းအင္သည္ထိုမွ်ေလာက္မသန့္စင္ေသာ္
လည္းသန္ရွင္းဂိုဏ္းမွအဂၢိရတ္ဆရာမ်ားမွလြဲ၍သာမာန္က်င့္ႀကံသူမ်ားသည္ထိုသန့္စင္ေသာဝိဥာဥ္စြမ္းအင္ကိုမလိုအပ္ၾကေခ်။

သန္ရွင္းဂိုဏ္းမွထိုအဂၢိရတ္ဆရာမ်ားကသန့္
စင္ေသာဝိဥာဥ္စြမ္းအင္၏အႏွစ္သာရကိုစု
ေဆာင္းလိုလွ်င္ေတာင္အျခားနည္းလမ္းေပါ
င္းမ်ားစြာရွိေသးသည္။လဲလွယ္ရန္ဝိဥာဥ္ေရး
ရာပစၥည္းမ်ားမလိုအပ္သည့္အျပင္၎သည္
ဘယ္အရာကိုမွသူကိုယ္တိုင္မၿမိဳခ်နိဳင္ဘဲတ
စ္စုံတစ္ဦးကထိုပစၥည္းမ်ားကိုတက္ႂကြစြာ
ေကြၽးေပးရန္လိုအပ္သည္။

ဝမ္႐ႊမ့္အမူအယာကိုျမင္သည္ႏွင့္တစ္ၿပိဳင္န
က္ က်န္းရီသည္တစ္ဖက္လူဘာကိုေတြးေနမွ
န္းအတပ္သေဘာေပါက္သည္။ခ်က္ခ်င္းပင္
ဝမ္႐ႊမ့္ကိုမ်က္စိတစ္ဖက္မွိတ္ျပလ်က္လိမၼာ
ပါးနပ္ေသာစီးပြားေရးကုန္သည္တစ္ဦးကဲ့သို႔
ၿပဳံးလိုက္ၿပီး

"ဆရာတူအစ္ကို စိတ္မပူပါနဲ႕ ဒါကေကာင္းမြန္
တဲ့လက္နက္တစ္ခုလို႔လူတိုင္းမေတြးမိခဲ့ၾကရ
င္ဒါကကြၽန္ေတာ့္ဆရာရဲ႕လက္ထဲမွာအခ်ိန္
ေတြအၾကာႀကီးဒီေလာက္လုံလုံၿခဳံၿခဳံရွိေနပါ့
မလဲ?ၿပီးေတာ့အခုခ်ိန္မွာကြၽန္ေတာ့္လက္ထဲကိုဘယ္လိုေရာက္လာပါ့မလဲ?"

တစ္နည္းဆိုရေသာ္ ၎သည္တစ္ခုတည္း
ေသာအသုံးျပဳပုံမဟုတ္ေပ။

ဝမ္႐ႊမ့္၏သိလိုေသာအမူအယာကိုျမင္လိုက္
သည္ႏွင့္က်န္းရီသည္ဝမ္႐ႊမ့္ကိုအလ်င္စလိုမွီ
ကာနား႐ြက္ထဲသို႔ခပ္ေဖ်ာ့ေဖ်ာ့တီးတိုးေျပာျပ
လိုက္၏။

က်န္းရီ၏အသက္ရႈသံတြင္ႏြေးေထြးမႈေလး
တစ္ခုကေရာယွက္လ်က္ရွိၿပီးဝမ္႐ႊမ့္နားထဲသို႔တိုးဝင္ကာယားက်ိက်ိျဖစ္ေစ၏။

သို႔ေသာ္ ဝမ္႐ႊမ္သည္က်န္းရီ၏တီးတိုးစကား
အေၾကာင္းအရာမ်ားအေပၚသာအာ႐ုံစိုက္လ်
က္ရွိၿပီးနားေထာင္ေနရင္းသူ႕မ်က္လုံးမ်ားလ
ည္းတစ္ျဖည္းျဖည္းပိုေတာက္ပလာခဲ့သည္။

ေပၚထြက္လာေသာအခ်က္အလက္မ်ားအရ
ဤဝိဥာဥ္လဲလွယ္ျခင္းဆန္ကာသည္လုံေလာ
က္ေသာဝိဥာဥ္ေရးရာပစၥည္းမ်ားကိုၿမိဳခ်ၿပီး
သည္ႏွင့္၎သည္ပိုမိုအားေကာင္းေသာဝိဥာဥ္ေရးရာပစၥည္းမ်ားကိုေတာင္မွရွာေဖြနိုင္သည့္အျပင္ပိုင္ရွင္ျဖစ္သူအတြက္လမ္းၫႊန္ခ်က္
မ်ားကိုပင္ ၫႊန္ျပနိုင္ေသးသည္။လက္ေတြ႕တြင္၎ဆန္ကာသည္အလြန္အသုံးဝင္ေသာ
ရတနာလက္နက္ရွာေဖြစက္တစ္ခုျဖစ္ေပသ
ည္။

စကားဆုံးသည္ႏွင့္က်န္းရီကအေနာက္ဘက္သို႔ခပ္ျဖည္းျဖည္းျပန္ဆုတ္သြားၿပီး၎၏
စြမ္းရည္အနည္းငယ္ကိုဝမ္႐ႊမ့္ေရွ႕တြင္ျပခ်င္မိသည္။

အေသးစိတ္လုပ္ထုံးလုပ္နည္းမ်ားကို က်န္းရီ
မသိေပ။သို႔ေသာ္ မူရင္းဝတၳဳတြင္ ခ်င္ရွိယြီ
သည္ ဤဝိဥာဥ္လဲလွယ္ျခင္းဆန္ကာကိုအ
သုံးျပဳ၍သဘာဝအတိုင္းျဖစ္တည္ေနေသာစိ
တ္ဝိဥာဥ္လက္နက္ကိုရွာေဖြခဲ့ျခင္းျဖစ္သည္။
ရလဒ္အေနျဖင့္ ခ်င္ရွိယြီ၏ခြန္အားသည္ အ
ဆမတန္ ခ်က္ခ်င္းတိုးတက္လာၿပီး ဤေျမ
ေပၚတြင္ သူ႕ေနရာကိုလည္း ထိပ္တန္းက်င့္ႀကံ
သူတစ္ဦးအျဖစ္ အေျခခ်နိဳင္ခဲ့သည္။

ဤကိစၥသည္ေနာက္ပိုင္းတြင္ျဖစ္ေပၚလာမည့္ျပသနာတစ္ရပ္ျဖစ္ၿပီး က်န္းရီသည္ဝိဥာဥ္လဲလွယ္ျခင္းဆန္ကာကိုအစာေကြၽးရန္ ခ်င္ရွိယြီအသုံးျပဳခဲ့ေသာ ထိပ္တန္းအဆင့္ဝိဥာဥ္
ေရးရာပစၥည္းမ်ားႏွင့္မႀကဳံရေသးေပ။

လူဆင္းရဲတြင္လည္း လူဆင္းရဲနည္းလမ္းရွိ
၏။ထိပ္တန္းအဆင့္ဝိဥာဥ္ေရးရာပစၥည္းေတြကိုမေကြၽးနိုင္ရင္ေတာင္ သူ႕လက္ထဲမွာရွိသမွ်
ဘာကိုမဆိုေကြၽးလို႔ရတာပဲ...ေနာက္ဆုံးက်
ေကာင္းတဲ့တစ္စုံတစ္ခုနဲ႕ေတာ့လဲေပးမွာပဲေလ ဟုတ္တယ္ဟုတ္?

ဤလွပေသာစိတ္ကူးေလးကို ေပြ႕ပိုက္လ်က္
က်န္းရီသည္ လက္တစ္ဆုပ္စာဝိဥာဥ္ေက်ာ
က္တုံးမ်ားကို တည္တည္ၾကည္ၾကည္ျဖင့္ ထို
ဝိဥာဥ္လဲလွယ္ျခင္းဆန္ကာသို႔ ထိုးေကြၽးလို
က္ေလသည္။

ဝိဥာဥ္ေက်ာက္တုံးမ်ားသည္ ေျမျပင္ေပၚရွိ
ဝိဥာဥ္စြမ္းအားမွသက္ဆင္းလာၿပီး သဘာဝ
အားျဖင့္ နာမ္ပိုင္းဆိုင္ရာပစၥည္းတစ္မ်ိဳး ျဖစ္ေသာ္လည္း အေတာ္ေလးၾကမ္းတမ္းေသာအၾကမ္းထည္ပစၥည္းမ်ိဳးျဖစ္ေပသည္။

ထို႔ေနာက္ က်န္းရီသည္၎ကိုအသက္သြင္း
ခဲ့ေသာ္လည္း တုံ႕ျပန္ျခင္းအလ်ဥ္းမရွိေသာ
ဝိဥာဥ္လဲလွယ္ျခင္းဆန္ကာကိုသာ ေတြ႕ရေလသည္။

"ၾကည့္ရတာေတာ့ဒီဝိဥာဥ္ေက်ာက္တုံးေတြက
မလုံေလာက္ဘူးထင္တယ္"

ဝမ္႐ႊမ္ကစိတ္ပ်က္စြာသက္ျပင္းခ်လိဳက္၏။

"ဒါကိုေတာင္းဆိုဖို႔အေတာ္ေလးခက္တာပဲ"

ဝမ္႐ႊမ့္ေရွ႕တြင္မ်က္ႏွာပ်က္သြားရေသာခံစား
ခ်က္ေၾကာင့္ က်န္းရီသည္စိုးရိမ္စိတ္မ်ားႏွင့္
အတူ မေက်မခ်မ္းျဖစ္လ်က္အံႀကိတ္လိုက္
၏။ထို႔ေနာက္ လက္ေကာက္ထဲမွပစၥည္းမ်ားကိုလွန္ေလာရွာေဖြၿပီး အတြင္းေဆာင္တပည့္
အသစ္အျဖစ္ ရရွိခဲ့ေသာေမွာ္လက္နက္ကို ဆြဲ
ထုတ္၍ ဝိဥာဥ္လဲလွယ္ျခင္းဆန္ကာထဲသို႔
အညွာအတာမဲ့စြာ ထိုးသြင္းလိုက္၏။

"စား ဒီထက္ပိုစား မင္းေပါက္ကြဲသြားမွာေတာ့မဟုတ္ဘူး "

နာမ္ပိုင္းဆိုင္ရာပစၥည္းျဖစ္သည့္အျပင္ ေမွာ္
လက္နက္၏အဆင့္သည္ ေမွာ္ေက်ာက္တုံး
ထက္ေတာ့ အဆေပါင္းမ်ားစြာသာလြန္၏။
ျမစိမ္းေရာင္ဓားအတိုတစ္လက္ကို တျဖည္း
ျဖည္းမ်ိဳခ်ၿပီး ၎ကိုဝမ္းဗိုက္အတြင္းပိုင္းတြင္ သန့္စင္ေသာဝိဥာဥ္စြမ္းအင္အျဖစ္သို႔ေျပာင္းလဲေပးျခင္းကိုၾကည့္ရင္း နာက်င္မႈအ
နည္းငယ္ကို က်န္းရီခံစားလိုက္ရေသာ္လည္း
သူ႕ရင္ထဲတြင္ေတာ့ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္
မ်ားကသာ ပိုမိုေတာက္ပ၍ျပည့္ႏွက္ေနခဲ့သ
ည္။

သို႔ေသာ္ ထိုဝိဥာဥ္လဲလွယ္ျခင္းဆန္ကာကို
ထပ္မံအသက္သြင္းခဲ့ေသာ္လည္း မေမွ်ာ္လင့္
စြာ၎သည္ မူလအတိုင္း ၿငိမ္သက္ေနဆဲသာ
ျဖစ္သည္။

ဘာေတြျဖစ္ကုန္တာလဲ? ဒါကသုံးစားမရတာ
ေတာ့မဟုတ္ပါဘူးေနာ္?ဒါမွမဟုတ္ မူရင္းဝတၳဳဆီကအလွည့္စားခံလိုက္ရတာလား?ၿပီး
ေတာ့ ဒီဝိဥာဥ္လဲလွယ္ျခင္းဆန္ကာမွာ တက
ယ္ပဲအံ့ဖြယ္စြမ္းရည္ေတြလုံးဝမရွိဘူးေပါ့?

ဤသံသယမ်ားသည္ က်န္းရီ၏ေခါင္းထဲတြ
င္မရပ္မနားပ်ံ့ႏွံ႕သြားၿပီး ကူရာကယ္ရာမဲ့စြာ
အသားအေရာင္ပါျဖဴေဖ်ာ့လာခဲ့သည္။သူ႕
ႏွလုံးသားတြင္လည္း စိုးရိမ္စိတ္မ်ားဆန္တ
က္လာလ်က္ ဤအသုံးမက်ေသာဝိဥာဥ္လဲ
လွယ္ျခင္းဆန္ကာတြင္ တစ္စုံတစ္ခုေသာအ
ေျပာင္းအလဲမ်ိဳးျဖစ္ေပၚလာေစရန္သာ တစာ
စာ ဆုေတာင္းေႂကြးေၾကာ္လ်က္ရွိေပသည္။

ထို႔ေနာက္ ဤတစာစာဆူညံပူညံေႂကြးေၾကာ္
ဆုေတာင္းသံမ်ားေအာက္တြင္ ဝိဥာဥ္လဲလွ
ယ္ျခင္းဆန္ကာသည္ အမွန္တကယ္လႈပ္ရွား
လာခဲ့သည္။

က်န္းရီသည္ ႀကိဳ႕ထိုးေနသကဲ့သို႔ ကတုန္က
ယင္ျဖစ္ေနေသာ မီးခိုးေရာင္ကိုယ္ထည္ကို
ၾကည့္မိရာ ၎သည္ဝိဥာဥ္ေက်ာက္တုံးမွ ျဖစ္ေပၚလာေသာ ဝိဥာဥ္စြမ္းအင္မ်ားႏွင့္ ေမွာ္
လက္နက္ကို ေအာက္ေျခရွိအေပါက္ငယ္တစ္
ခုမွ "ဖ်ဴး" ခနဲျမည္သံျဖင့္အတူ ေထြးထုတ္
လာခဲ့သည္။

က်န္းရီသည္ေလထဲတြင္တစ္ျဖည္းျဖည္း လြင့္စင္ေပ်ာက္ကြယ္သြားေသာ ဝိဥာဥ္စြမ္းအင္လုံးကို မ်က္လုံးအျပဴးသားျဖင့္အံ့အားသင့္
စြာေငးၾကည့္လိုက္မိသည္။တစ္ခ်ိန္တည္းမွာ
ပင္ သူ႕လက္ထဲမွေမွာ္လက္နက္သည္ က်န္းရီ
၏နတ္စြမ္းအင္အာ႐ုံထဲသို႔ပ်ံ့ႏွံ႕သြားသည့္ဝိဥာဥ္ေရးရာအာ႐ုံခံစားမႈတစ္ခုကိုထုတ္လႊတ္
ခဲ့ေလသည္။

ဒါကဘယ္လိုစိတ္စြမ္းအင္ႀကီးလဲ?

မေက်နပ္ခ်က္မ်ားတိုးပြားလာျခင္း၊အထင္အ
ျမင္ေသးမႈမ်ားျပည့္ႏွက္လာျခင္းႏွင့္အူလွိုက္
သည္းလွိုက္စိတ္တိုမႈမ်ားသာရွိေတာ့၏။

အိုး...မင္း ေစာက္ေရးမပါတဲ့.....!

ထိုညစ္ညမ္းေသာစကားမ်ားသည္ က်န္းရီ၏
လွ်ာဖ်ားတြင္သာ ေပ်ာက္ရွသြားရေလသည္။
ဤေနရာတြင္ ဝမ္႐ႊမ္ရွိေနျခင္းေၾကာင့္သာ သူ
က်ယ္က်ယ္ေလာင္ေလာင္ မက်ိန္ဆဲမိျခင္းျဖ
စ္၏။

ဒါကဘယ္လိုေတာင္ရႈပ္ယွတ္ခတ္ေနတဲ့ပစၥ
ည္းႀကီးလဲ! အစာေကြၽးၿပီးတာေတာင္အစာရဲ႕
အရည္အေသြးကိုမထီမဲ့ျမင္လုပ္ေနတယ္!ေမွာ္လက္နက္ကိုေတာ္ေတာ္ေစ်းေပါတယ္လို႔
မ်ားထင္ေနလား!

က်န္းရီက႐ုတ္တရက္မတ္တပ္ထရပ္ၿပီး ဤ
သုံးစားမရေသာ ပစၥည္းကိုၾကမ္းျပင္ေပၚသို႔
ရိုက္ခြဲလိုေသာ ဆႏၵျဖင့္ျမႇောက္ခဲ့ေသာ္လည္း
ေခါင္းအထက္တြင္ ဆုပ္ကိုင္ထားရင္း ႐ုတ္
တရက္တြန့္ဆုတ္သြားရျပန္သည္။ အဆုံးတြင္
စိတ္ပ်က္အားငယ္မႈမ်ားျဖင့္အတူ ထိုပစၥည္းကို သူ႕ရင္ခြင္ထဲတြင္သာ ေပြ႕ထားလိုက္၏။

"မင္းကတကယ္ကိုတစ္ခုခုပဲ အနာဂတ္မွာငါ
ပိုက္ဆံရွာၿပီး မင္းကိုေကာင္းတာတစ္ခုခုေကြၽးနိုင္မယ့္အခ်ိန္ထိပဲေစာင့္ မင္းကိုတစ္ပုံ
တစ္ပင္ႀကီးေကြၽးပစ္မယ္"

က်န္းရီကေဒါသတႀကီးအံ့ႀကိတ္လ်က္

"မင္းရဲ႕ပါးစပ္ျပည့္သြားတဲ့အထိကိုထိုးေကြၽး
ပစ္မယ္!"

"ဟားဟားဟား!"

ဤျမင္ကြင္းကို အေနာက္မွအစအဆုံးၾကည့္ရင္း ဝမ္႐ႊမ္လည္း မေနနိုင္ေတာ့ဘဲဗိုက္ကိုဖိလ်က္ ခြက္ထိုးခြက္လန္ထရယ္ေတာ့သည္။

"ဆရာတူညီေလးက်န္း မင္းမွာလည္းဒီလိုေန႕
မ်ိဳးရွိသားပဲ!"

(note/အၿမဲတမ္းကံေကာင္းေနတဲ့က်န္းရီမွာ
လည္းဒီလိုကံဆိုးတဲ့ေန႕မ်ိဳးရွိတာပဲ ဆိုတဲ့သေဘာမ်ိဳးေျပာလိုက္တာပါ)

ထိုရယ္ေမာသံေၾကာင့္က်န္းရီအနည္းငယ္စိတ္ပ်က္သြားရသည္။

မေကာင္းဘူး......မေကာင္းဘူး

အခက္အခဲေပါင္းေသာင္းေျခာက္ေထာင္အ
ၾကား သူထြင္းထုထားတဲ့ေ႐ႊအိုေရာင္ဂုဏ္အ
သေရခမ္းနားမႈပုံရိပ္ေလးလည္း အခုေတာ့ဒီေနရာမွာ တစ္စစီက်ကြဲကုန္ၿပီ!

သူေခါင္းေမာ့ၾကည့္လိုက္ရာ ဝမ္႐ႊမ့္နံေဘးတြ
င္ေတာက္ပေနေသာ အလင္းလုံးေလးကိုပါ
ျမင္လိုက္ရသည္။ထိုအလင္းလုံးသည္ ဓားပ်ံ
ေရွ႕ေျပးနိမိတ္ျဖစ္ၿပီး မရပ္မနားရယ္ေမာေန
သကဲ့သို႔ လက္ရွိတြင္ ဝမ္႐ႊမ့္နံေဘး၌တုန္ခါေနေလသည္။

(note/ဂူထဲမွာရွာေတြ႕ခဲ့တဲ့အလင္းလုံးေလးပါ
မွတ္မိၾကလားေတာ့မသိ အရမ္းဆိုးလို႔က်န္းရီေတာင္ရိုက္ခဲ့ေသးတယ္ ၿပီးေတာ့သူလက္ခံ
လို႔မရေသးလို႔ဝမ္႐ႊမ့္ကိုေပးခဲ့တာ)

ဝမ္႐ႊမ္ အေျခခံတည္ေထာင္ျခင္းအဆင့္သို႔ျပ
န္က်သြားၿပီးကတည္းက ဤဓားပ်ံေရွ႕ေျပးနိ
မိတ္သည္ ပိုအတင့္ရဲလာခဲ့သည္။ ဝမ္႐ႊမ္
သည္ ထိုဓားပ်ံေရွ႕ေျပးနိမိတ္ကို အမိန့္နာခံ
ေအာင္ စီမံစြမ္းေဆာင္နိုင္ဆဲျဖစ္ေသာ္လည္း
၎သည္ မၾကာခဏဆိုသလို ယခုကဲ့သို႔သူ႕
သေဘာႏွင့္သူျပဳမူတတ္ေသာ အခ်ိန္မ်ိဳးလည္းရွိ၏။

ဝမ္႐ႊမ္ကသူ႕ကိုေလွာင္ရယ္ေနမယ္ဆိုရင္ျပသနာမရွိေပမယ့္ ဒီလိုဓားပ်ံေရွ႕ေျပးနိမိတ္
ကပါ သူ႕ကိုေလွာင္ရယ္ေနတာကိုေတာ့ ဘယ္
လိုသည္းခံလို႔ရမွာလဲ?

"လုပ္စမ္း ဆက္ရယ္ေလ ငါမင္းကိုေျပာေန
တယ္!"

က်န္းရီ၏မ်က္ႏွာတြင္မ်က္ခုံးထိပ္မ်ားအထိ
ေဒါသစိတ္မႊန္လ်က္ရွိေပသည္။ထိုဓားပ်ံေရွ႕
ေျပးနိမိတ္ကိုဖမ္းရန္ အက်ီလက္မ်ားကိုခါ၍

"မင္းကိုငါ့မိသားစုရဲ႕ဝိဥာဥ္လဲလွယ္ေရးဆန္
ကာထဲကိုထိုးေကြၽးနိုင္မလားဆိုတာကို စိန္
ေခၚၾကည့္မလား?"

ဝမ္႐ႊမ္က ပို၍ရယ္စရာေတြ႕သြားၿပီး ထိုရယ္
ေမာျခင္းေၾကာင့္ေက်ာကိုပင္ ေျဖာင့္ေအာင္
မမတ္နိုင္ေတာ့ဘဲ က်န္းရီ၏လက္ေမာင္းကို
လွမ္းဆြဲယုံသာ တတ္နိုင္ေတာ့သည္။

"ဟုတ္ပါၿပီ ဟုတ္ပါၿပီ မင္းဘာလို႔ဓားပ်ံေရွ႕
ေျပးနိမိတ္ေလးနဲ႕ကေတာက္ကဆျဖစ္ေနရ
တာလဲ?"

က်န္းရီကို အေနာက္ဘက္မွ လွမ္းဆြဲလိုက္ျခင္းေၾကာင့္ က်န္းရီ၏ေက်ာျပင္က ဝမ္႐ႊမ့္
ရင္ဘတ္ႏွင့္ဖိကပ္သြားၿပီး ဓားပ်ံေရွ႕ေျပးနိမိ
တ္ကို ပညာေပးရန္ အသည္းအသန္႐ုန္းကန္
လ်က္ လိုက္ဖမ္းေနခဲ့သည္။

အစပိုင္းတြင္ ဝမ္႐ႊမ္ကၿပဳံးေနေသးေသာ္လ
ည္း သူ႕ရင္ခြင္ထဲတြင္ ဘယ္၊ညာ တြန့္လူးလႈပ္
ရွားေနေသာ က်န္းရီေၾကာင့္ အနည္းငယ္ထူး
ဆန္းလာသလိုခံစားရသည္။က်န္းရီကို သူ႕
ရင္ခြင္ထဲမွ ႐ုတ္တရက္တြန္းထုတ္ၿပီး အ
ေနာက္သို႔ေျခတစ္လွမ္းမွ်ေတာင္ ဆုတ္လိုက္မိ၏။

"ဆရာတူအစ္ကို?"

က်န္းရီသည္ ဤထူးဆန္းေသာအျပဳအမူကို
သတိထားမိ၍ ဝမ္႐ႊမ့္ကိုၾကည့္ရန္ အေနာက္
သို႔လွည့္လိုက္၏။

ဝမ္႐ႊမ္ကေခါင္းခါလ်က္ အနည္းငယ္ေတာင့္
တင္းေနေသာ မ်က္ႏွာအမူအယာျဖင့္ ေလး
ေလးနက္နက္ ျပန္ေျဖလာခဲ့သည္။

"ေဆာ့ေနတာေတာ္ေတာ့ တစ္ျဖည္းျဖည္းအ
ခ်ိန္လင့္လာၿပီ ငါတို႔ခရီးအတြက္ျမန္ျမန္သြား
ရမယ္"

ဤစကားေျပာရင္း ဓားပ်ံေရွ႕ေျပးနိမိတ္ကိုသူ႕
အက်ီလက္ထဲသို႔ျပန္ဆင့္ေခၚလ်က္ အေနာ
က္ဘက္မွျမင္ကြင္းအားလုံးကို ေက်ာေပးရင္း
အရင္ဆုံးထြက္ခြာလာခဲ့သည္။

"ဆရာတူအစ္ကို?"

က်န္းရီကအလ်င္စလိုေျပးလိုက္လာၿပီး

"ဘာျဖစ္လို႔လဲ?"

ဝမ္႐ႊမ္ကေခါင္းသာခါျပ၏။အေၾကာင္းျပခ်
က္ မည္မည္ရရမရွိပါဘဲ သူ႕နား႐ြက္သို႔ကပ္
ကာ က်န္းရီစကားေျပာခဲ့ေသာ အခိုက္အတန့္ကိုျပန္အမွတ္ရသြားေလသည္။

သူ႕နား႐ြက္ေဘးတြင္ ရိုက္ခတ္ေနေသာ တစ္
ဖက္လူ၏အသက္ရႈသံက ႏြေးေထြးမႈကိုသယ္ေဆာင္လ်က္ သူ႕နား႐ြက္ဖ်ားေလးမ်ားကို ပြတ္တိုက္သြားခဲ့သည္ေလ......ဤကိစၥေၾကာင့္ နား႐ြက္ဖ်ားမွတစ္ဆင့္ ဝမ္႐ႊမ့္မ်က္
ႏွာတစ္ျပင္လုံးပူေလာင္လာသလိုခံစားလိုက္ရသည္။ေနာက္ျပန္လွည့္ၾကည့္ရန္ပင္ ေခါင္း
မေစာင္းဝံ့ေတာ့ဘဲ ေျခလွမ္းမ်ားကိုသာ ခ်က္
ခ်င္းသလို အရွိန္ပိုတင္လိုက္ေလသည္။

"ဆရာတူအစ္ကို ကြၽန္ေတာ့္ကိုထပ္စိတ္ဆိုး
သြားတယ္လို႔ေတာ့မေျပာနဲ႕ေနာ္? အခု ကြၽန္
ေတာ္ကဓားပ်ံေရွ႕ေျပးနိမိတ္နဲ႕ကေတာက္က
ဆျဖစ္ရင္း အရမ္းကေလးဆန္သလိုျဖစ္သြား
တာေၾကာင့္လား?"

ဝမ္႐ႊမ့္အေနာက္မွလိုက္ရင္း က်န္းရီကေသ
ေသခ်ာခ်ာရွင္းျပလာသည္။

"ကြၽန္ေတာ္ကဒီအတိုင္းေဆာ့ယုံပါ အေလးအ
နက္ထားၿပီးေျပာလိုက္တာမဟုတ္ဘူး အစ္ကို
မႀကိဳက္ဘူးဆိုရင္ေလ ေနာက္ကြၽန္ေတာ္ဘယ္ေတာ့မွ......"

က်န္းရီထံမွ ထိုစကားမ်ားကိုၾကားရျခင္းအားဆက္သည္းမခံနိုင္ေတာ့ဘဲ အျခားေ႐ြးခ်ယ္စ
ရာမရွိသည့္အတြက္ ဝမ္႐ႊမ္လည္း ေျခလွမ္း
မ်ားကို ရပ္ပစ္လိုက္ရသည္။

"ဒီအေသးအဖြဲကိစၥေလးေတြကေတာ့.....ေသ
ခ်ာတာေပါ့ ငါစိတ္ထဲမထည့္ပါဘူး"

အသက္တစ္ခ်က္ရႈသြင္း၍ စိတ္ကိုတည္ၿငိမ္
ေအာင္ခ်ဳပ္ထိန္းၿပီးမွ ေနာက္ျပန္လွည့္ကာ

"ငါစိတ္ဆိုးတယ္လို႔ဘယ္သူေျပာလဲ ငါကဒီအတိုင္း လမ္းေပၚျမန္ျမန္သြားေနယုံပဲရွိတာ"

"တကယ္?"

က်န္းရီကသူ႕ကိုသံသယျဖစ္စြာၾကည့္လာ၏။
ဤအခ်ိန္မ်ိဳးတြင္ ဝမ္႐ႊမ့္၌အားသာခ်က္တစ္
ရပ္ရွိေလသည္။သူကအရာအားလုံးအေပၚ မ်
က္ႏွာနီျမန္းကာအရွက္ႀကီးတတ္ေသာက်န္းရီႏွင့္မတူေပ။ေလးနက္ေသာမ်က္ႏွာထားျဖင့္
တည္တည္ၾကည္ၾကည္ေနနိုင္သ၍ သူ႕စိတ္ထဲ
တြင္မည္သည့္ကိစၥမ်ိဳးကိုေတြးေနပါေစ မ်က္
ႏွာေပၚတြင္ေတာ့ ထင္ဟပ္လာမည္မဟုတ္။

သို႔ျဖစ္ရာ က်န္းရီကသူ႕ကိုအခ်ိန္အနည္းငယ္
ၾကာေအာင္စူးစမ္းခဲ့ေသာ္လည္း အျခားေ႐ြး
ခ်ယ္စရာမရွိဘဲ သူ႕ဆင္ေျခကိုသာယုံၾကည္
သြားေတာ့သည္။

ဝမ္႐ႊမ္ သက္ျပင္းတစ္ခ်က္မႈတ္ထုတ္လိုက္
၏။ထို႔ေနာက္ တည္ၿငိမ္ေသာအမူအယာျဖင့္
က်န္းရီ၏ေခါင္းေလးကိုပြတ္သတ္၍

"ဝိဥာဥ္ၿမိဳ႕ေတာ္ကိုငါတို႔ျမန္ျမန္ရွာေတြ႕ရင္ ဒီ
တစ္ညအတြက္အိပ္စရာေနရာရွိလိမ့္မယ္"

က်န္းရီကနာခံစြာေခါင္းညိတ္ျပလာ၏။

(note/အမိန့္နာခံတာထက္ ေျပာစကားနား
ေထာင္ၿပီးခ်စ္စရာေကာင္းတဲ့အမူအယာမ်ိဳး
လုပ္ျပလိုက္တာပါ E translator ကဒီေနရာမွာစာလုံးအႀကီးႀကီးေရးၿပီးကိုရွင္းထားလို႔><)

ထို႔ေနာက္ သူတို႔ႏွစ္ဦးစလုံးခရီးဆက္လာခဲ့ၾကသည္။ဝမ္႐ႊမ္ကအရွိန္တင္ၿပီးမေလွ်ာက္
ေတာ့သလို က်န္းရီကလည္းဘာမွ်မေမးေတာ့ဘဲ ဝမ္႐ႊမ့္နံေဘးတြင္သာ တိတ္တဆိတ္
လိုက္လာခဲ့သည္။

ခဏတာၿငိမ္သက္ၿပီးေနာက္ သူတို႔ႏွစ္ဦးစလုံး
ေတာင္ေပၚလမ္းေလးကိုေ႐ြးလိုက္ၾကသည္။
ဝမ္႐ႊမ္လည္းမေနနိုင္ဘဲ အၾကည့္မ်ားကိုေ႐ႊ႕ကာသူ႕နံေဘးမွ လူငယ္ေလးကို မ်က္ဝန္းေထာင့္မွတစ္ဆင့္ တိတ္တခိုးလွမ္းၾကည့္လိုက္၏။

အံ့အားသင့္စရာေကာင္းလွသည္ကေတာ့
က်န္းရီလည္း သူ႕ကိုေငးၾကည့္ေနျခင္းပင္။
အမွန္တြင္ တစ္ဖက္လူကသူ႕ကိုတစ္ခ်ိန္လုံး
ေငးၾကည့္ေနပုံရၿပီး သူကသာက်န္းရီ၏ေမ်ာ
လြင့္ေနေသာ အၾကည့္မ်ားကို သတိမထားမိ
ျခင္းျဖစ္သည္။

သို႔ေပသည့္ ထိုအၾကည့္မ်ားကသူ႕မ်က္ဝန္း
ေပၚတြင္မဟုတ္ဘဲ ေငးၾကည့္ေနေသာေနရာကေတာ့......

ဝမ္႐ႊမ္ေနာက္တစ္ဖန္အံ့ၾသရျပန္သည္။ထို
အၾကည့္မ်ားက ဝမ္႐ႊမ့္ႏႈတ္ခမ္းမ်ားအေပၚ
သက္ေရာက္ေနျခင္းသာ ။

အမွန္တကယ္ကို က်န္းရီကတစ္ခ်ိန္လုံး သူ႕
ႏႈတ္ခမ္းကိုတစ္စိုက္မတ္မတ္ၾကည့္ေနျခင္းပင္။ပုံမွန္အတိုင္းေငးၾကည့္ေနယုံသာ မဟုတ္ဘဲ နီျမန္းေနေသာမ်က္ႏွာျဖင့္ ၾကည့္ေနျခင္း
ျဖစ္သည္။သူပိုၾကည့္ေလေလ သူ႕မ်က္ႏွာက
ရွက္စိတ္ျဖင့္ပိုနီျမန္းလာေလေလပဲ။

...........ဒါကဘယ္လိုအေျခအေနႀကီးလဲ? ဒီအတိုင္းႏႈတ္ခမ္းေတြပဲမဟုတ္ဘူးလား?

ဝမ္႐ႊမ္နားမလည္နိုင္ေအာင္ ထူးဆန္းစြာခံစား
ရၿပီး မသိစိတ္ေၾကာင့္ လွ်ာဖ်ားကိုဆန့္ထုတ္
လ်က္ ႏႈတ္ခမ္းကိုအသာအယာသပ္လိုက္မိ
၏။

ရိုးရွင္းေသာလႈပ္ရွားမႈျဖစ္ေသာ္လည္းက်န္းရီ
ကေတာ့ ႀကီးမားေသာထိုးႏွက္ခ်က္တစ္ခုကို
ေတြ႕ႀကဳံလိုက္ရသည့္အလား။သူ႕ေျခလွမ္းမ်ားပင္ စကၠန့္ပိုင္းမွ်ဖရိုဖရဲျဖစ္ကုန္ၿပီး တစ္
ခ်ိန္တည္းတြင္ သူ႕မ်က္ႏွာေပၚမွနီျမန္းမႈက တစ္စတစ္စ ပ်ံ့ႏွံ႕လာၿပီးအျခားမ်က္ႏွာျပင္
တစ္ခုလုံးကို ဖုံးလႊမ္းသြားခဲ့သည္။

ဤအခိုက္အတန့္တြင္ ဝမ္႐ႊမ္လည္းေတာင့္
တင္းသြားရသည္။က်န္းရီ၏အလြန္အကြၽံတုံ႕
ျပန္မႈေၾကာင့္သာမဟုတ္ဘဲ သူ႕ႏႈတ္ခမ္းကို
လွ်ာဖ်ားျဖင့္တို႔ထိမိခ်ိန္၌ ခံစားမိေသာစိုထို
င္းထိုင္းေငြ႕အသက္က သိပ္မၾကာေသးခင္အ
ခ်ိန္တြင္မက္ခဲ့ေသာ အိပ္မက္ဆိုးတစ္ခုကိုျပန္
အမွတ္ရေစျခင္းေၾကာင့္ပင္။

ထိုအိပ္မက္ထဲတြင္ သူ႕ႏႈတ္ခမ္းမ်ားကို ႏူးညံ့
စိုစြတ္ေသာတစ္စုံတစ္ရာက ပြတ္တိုက္သြားျခင္း သို႔မဟုတ္ တစ္ခဏတာစုပ္ယူလိုက္သလို ထိေတြ႕မႈမ်ိဳးကိုခံစားခဲ့ရသည္။

ထိုအခ်ိန္တုန္းက ဤကိစၥကိုအမ်ားႀကီးမေတြးခဲ့ဘဲ သူ႕အိပ္မက္ထဲတြင္ျဖစ္ေပၚခဲ့ေသာတစ္စုံတစ္ခုဟုသာထင္မွတ္ခဲ့ေသာ္လည္း ယခုအခ်ိန္တြင္ ျပန္စဥ္းစားမိရာ ထိုထူးဆန္း
ေသာအထိအေတြ႕ႏွင့္ သူ႕အိပ္မက္ထဲမွေသြး
ခ်င္းခ်င္းနီေနေသာျမင္ကြင္းတို႔က လုံးဝအပ္
စပ္ျခင္းအလ်ဥ္းမရွိေပ။

ထိုအခ်ိန္က အိပ္မက္ထဲမွလန့္နိုးလာခ်ိန္တြင္
ပထမဆုံးျမင္ခဲ့ရသူမွာ က်န္းရီသာျဖစ္သည္။

ျဖစ္နိုင္ပါ့မလား....မဟုတ္....မဟုတ္ေလာက္ပါဘူးေနာ္?

ဝမ္႐ႊမ္ ႐ုတ္တရက္သူ႕အထင္အျမင္ေၾကာင့္
အံ့ၾသတုန္လႈပ္သြားရေလသည္။

ဤအေတြးမ်ားသည္ ေသးငယ္လွေသာပမာ
ဏမဟုတ္ေသာ္လည္း ဝမ္႐ႊမ့္ေခါင္းထဲတြင္
စကၠန့္ပိုင္းမွ်သာ ခ်ာခ်ာလည္သြားခဲ့သည္။
တစ္ခ်ိန္တည္းမွာပင္ က်န္းရီကအထိတ္တ
လန့္ ေခါင္းေမာ့လာၿပီး တိုက္ဆိုင္စြာျဖင့္ သူ႕ကိုပို၍ပ်ာယာခတ္ေစေသာ ဝမ္႐ႊမ့္အၾကည့္
မ်ားအေပၚ ျဖတ္ေက်ာ္မိေလသည္။

ဤေၾကာက္စိတ္မႊန္ေနေသာထိတ္လန့္မႈက
တိက်ေသာသက္ေသစစ္စစ္ပမာ။ သို႔ေသာ္
ဝမ္႐ႊမ္က ဒီထက္ပိုေတြးရန္ဆႏၵမရွိေတာ့ဘဲ
ဤသို႔ေတြးျခင္းမွာ အလြန္အင္မတန္ေၾကာက္
စရာေကာင္းလွသည္ဟုသာထင္မိသည္။
သူဘယ္လိုမ်ားဒီေလာက္အထိဆိုးဆိုးဝါးဝါး
ေၾကာက္စရာေကာင္းေနတာပါလိမ့္? သူ႕ရဲ႕ျဖဴ
စင္ရိုးသားတဲ့ဆရာတူညီေလးအေပၚဒီလိုေတြေကာက္ခ်က္ခ်ေနမိတာတကယ္ကိုလက္
မခံနိုင္စရာကိစၥတစ္ခုပဲ။

သို႔ျဖစ္ရာ ဝမ္႐ႊမ္သည္သူ႕အၾကည့္မ်ားကိုအ
လ်င္စလိုျပန္႐ုတ္သိမ္းလ်က္ သူတို႔ေရွ႕မွလမ္းေပၚသို႔ေ႐ႊ႕ကာ သူ႕အေတြးမ်ားကိုမွန္ကန္
ေသာ လမ္းေၾကာင္းေပၚသို႔ ျပန္ဆြဲတင္ရန္သာႀကိဳးစားလိုက္ေလသည္။

သို႔ေသာ္ တစ္ခ်က္မွ်အျမန္ၾကည့္ယုံျဖင့္ ဝမ္႐ႊမ္႐ုတ္တရက္တုံ႕ဆိုင္းသြားရသည္။

ေနပါအုံး....

သူတို႔ေလွ်ာက္ေနေသာလမ္းသည္ လမ္းမွန္
မဟုတ္ေတာ့ေပ။သူတို႔ေရွ႕မွသစ္ပင္ကို သူျမင္ဖူးၿပီးသားျဖစ္၏။

"ဆရာတူညီေလးက်န္း သတိထားေနာ္"

အမည္မသိလူတစ္ခ်ိဳ႕က သူတို႔အား အထဲတြ
င္ဖမ္းဆီးရန္ ဝကၤပါကြန္ျခာတစ္ခုကို ေထာင္
ေခ်ာက္ဆင္ထားေလသည္။

......................................

T/N: က်န္းရီကိုခ်ီက်ိပိုင္ေပးလိုက္တဲ့လက္
နက္ကzuriအေတြးထဲမွာေတာင္ ပုံမေပၚလို႔ပါအတတ္နိုင္ဆုံးေတာ့ေသေသခ်ာခ်ာေလးေရးေပးထားပါတယ္ ဒါေပမယ့္ဘာသာျပန္ထားတာကိုဖတ္ရႈတဲ့အခ်ိန္မွာမ်က္လုံးထဲေသခ်ာမေပၚခဲ့ရင္ခြင့္လႊတ္ေပးၾကပါလို႔🤍
.................................................................

Continue Reading

You'll Also Like

98.1K 9.7K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
16.1K 2.1K 6
Original author-象八亿 English translator-8oni I got the permission from the English translator. I don't own any part of this story.This is just fun t...
80.8K 8.9K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
25.8K 2.6K 17
The perfect destiny၏ arc3ကို ဘာသာျပန္ဆိုျခင္းျဖစ္သည္။ ♥*completed*♥