SO,THIS IS LOVE
By Katiekoo1997
20.3K 2K 158
Always on my mind Forever in my heart ෆ Both Unicode and Zawgyi More
Intro✨
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Final part
Extra
Part-9
1.3K 152 3
By Katiekoo1997
"ချာတိတ်...ရေခဲမုန့်စားမလား"
"တော်ပြီ...Hyung..."
Jungkook နဲ့ Taehyung ကအခုကစားကွင်းမှာရောက်နေတာဖြစ်သည်...Taehyung က date လုပ်မယ်ဆိုတော့ Jungkook ထင်ထားတာကစျေးကြီးကြီးနေရာတွေကိုခေါ်သွားမယ်လို့ထင်ထားခဲ့တာဖြစ်သည်...သို့သော်အခုကစားကွင်းကိုခေါ်လာပေးတာကြောင့် Jungkook စိတ်သက်သာရာရသွားလေသည်...သူ့ကြောင့်မို့လို့ Taehyung ကိုအခက်မတွေ့စေချင်တာအမှန်ပါ...ကစားကွင်းရောက်တော့လည်း Taehyung ကသူ့ထက်ပင်ပို၍ပျော်ရွှင်နေလေသည်...
"ဘာလို့လဲ ချာတိတ်ကလည်းစားပါ"
"တော်ပါပြီဆို Hyung ကလည်း..."
"ဘာလို့မစားတာလဲ ပြော"
"Hyung ပိုက်ဆံကုန်နေမှာပေါ့..."
"အမလေးဗျာ ချာတိတ်ရယ် ရေခဲမုန့်လေးတစ်ခု၊နှစ်ခုလောက်နဲ့ဘယ်လောက်မှမကုန်ပါဘူးကွာ"
Jungkook ရဲ့အဖြေကို Taehyung ကသဘောကျစွာရီမောရင်းပြောသည်...
"ဘာပဲဖြစ်ဖြစ်ဗျာ...Hyung ပိုက်ဆံကုန်သွားမှာပေါ့..."
"ချာတိတ်နဲ့လက်ထပ်ပြီးရင်အိမ်ရဲ့အသုံးစရိတ်တွေကိုချာတိတ်ပဲတာဝန်ယူတော့နော် ကပ်စီးကုတ်လေး..."
Jungkook ရဲ့ဆံပင်ကိုလက်ထိုးဖွကာ Taehyung ပြောသည်..
Taehyung ရဲ့စကားကြောင့် Jungkook ရဲ့မျက်နှာလေးကချက်ချင်းဆိုသလိုနီရဲတက်လာလေသည်...
"Taehyungie Hyung!!"
"အားးးးကပ်စီးကုတ်လေးကိုကြောက်တယ်ဗျို့!!"
ပြောရင်းဆိုရင်း Taehyung ကရေခဲမုန့်သည်ဆီကိုပြေးထွက်သွားလေသည်...သူ့ထက်ပင်ကလေးဆန်ကာအူမြူးနေသည့် Taehyung ကိုကြည့်ကာ Jungkook ရဲ့နှုတ်ခမ်းပါးလေးဟာလည်းသူ့အလိုလိုအပြုံးလှလှလေးတစ်ပွင့်ကိုဖန်တီးလိုက်လေသည်...
"Hyung!!စောင့်အုံး"
Jungkook လည်း Taehyung အနောက်ကိုပြေးလိုက်သွားရလေတော့သည်...
"Hyung...."
"အွန်း...ပြောလေ ချာတိတ်.."
"ဘာလို့ကစားကွင်းကိုခေါ်လာတာလဲ..."
ပန်းပင်တွေအနားမှာရှိသည့်ထိုင်ခုံပေါ်မှာထိုင်ကာရေခဲမုန့်စားရင်း Jungkook ပြောသည်...ထိုအခါ Taehyung က Jungkook ဘက်ကိုလှည့်လာလေသည်...
"ဘာလို့လဲ ချာတိတ်မပျော်ဘူးလား..."
Taehyung ရဲ့မေးခွန်းထဲတွင်စိုးရိမ်မှုတွေပျော်ဝင်နေသည်..
"အာ..မဟုတ်ပါဘူး ဒီတိုင်းသိချင်လို့"
"အော် မသိပါဘူး ကိုယ်ကချာတိတ်မပျော်ဘူးထင်သွားတာ...အွန်း...ဘာလို့ခေါ်လာတာလဲဆိုတော့ချာတိတ်ကကလေးမို့လို့လေ"
"အာ...Taehyungie Hyung!!"
"တကယ်ပြောတာချာတိတ်ရဲ့..."
"Hyung!!"
"ကဲပါဗျာ စိတ်မဆိုးပါနဲ့ကပ်စီးကုတ်လေးရယ်...အဲ့တာကအကြောင်းအရင်းတစ်ခုဖြစ်သလိုနောက်တစ်ခုလည်းရှိသေးတယ်..ချာတိတ်ပြုံးလိုက်ရင်အရမ်းလှတယ်ဆိုတာကိုသိလား"
"ဘာ...ဘာဆိုင်လို့လဲ"
Taehyung ရဲ့စကားကြောင့် Jungkook ရှက်သွားကာမျက်နှာကိုငုံ့ထားလေသည်...
"ဆိုင်တာပေါ့ချာတိတ်ကလည်း...ကျောင်းမှာလည်းချာတိတ်ပျော်တယ်ဆိုပေမယ့်ဒီလိုကစားကွင်းထဲကိုခေါ်လာလိုက်ရင်ချာတိတ်ပိုပြုံးမယ်ဆိုတာကိုသိလို့ခေါ်လာတာ...တစ်ချက်ခုတ်၊နှစ်ချက်ပြတ်ပဲ ချာတိတ်လည်းပျော်တယ် ကိုယ်လည်းချာတိတ်ရဲ့အပြုံးလှလှလေးကိုကြည့်ပြီးပျော်တယ်..."
Taehyung ရဲ့စကားလုံးတိုင်းဟာချိုမြိန်လွန်းလှသည်...
"Hyung...."
"အွန်း..."
"ဒီလိုစကားတွေကို Hyung နဲ့ date လုပ်တဲ့သူတိုင်းကိုပြောတာလားဟင်..."
Taehyung ရဲ့စကားတွေကိုကြားပြီးနောက် Jungkook ခေါင်းထဲကိုအတွေးတစ်ခုဝင်လာလေသည်...ဒီလိုစကားတွေကသူတစ်ယောက်တည်းအတွက်သီးသန့်မဟုတ်ဘူးဆိုရင်၊တွဲဖူးတဲ့လူတိုင်းကို Taehyung ကဒီလိုတွေပြောတာဆိုရင်ရောဟူသည့်အတွေးဖြစ်သည်...
"ဟာ...မပြောပါဘူး ချာတိတ်ကလည်း ဒီလိုပြောတာဒါကိုယ့်ရဲ့ပထမဆုံးအကြိမ်ပဲ ပြီးတော့ဒီစကားတွေကိုချာတိတ်ကလွဲပြီးဘယ်သူ့ကိုမှလည်းပြောမှာမဟုတ်ဘူး"
Taehyung ရဲ့အဖြေကြောင့် Jungkook စိတ်သက်သာရာရသလိုခံစားလိုက်ရသည်...
"အဲ့တာဆိုအရင်တုန်းကသူများတွေနဲ့ date လုပ်ရင်ဘယ်ကိုခေါ်သွားတာလဲ..."
"အရေးမပါတာတွေကိုဘာလို့သိချင်နေတာလဲ ချာတိတ်ရာ..."
"ဟာ...သိချင်လို့ပါဆို Hyung ကလည်း ပြောပြပါ..."
"ဟူးးးးမှတ်တောင်မမှတ်မိတော့ဘူး ဒါပေမယ့်ဒီလိုကစားကွင်းကိုလာဖူးတာချာတိတ်နဲ့ပထမဆုံးပဲ...ကိုယ်ကအရက်ကတည်းကကလေးဆန်တာတွေကိုမကြိုက်ဘူး ချာတိတိနဲ့မတွေ့ခင်အထိပေါ့..."
"ကျွန်တော်ကကလေးမဆန်ပါဘူး..."
ကလေးမဆန်ဘူးဟုပြောနေသည့် Jungkook ဟာနှုတ်ခမ်းလေးဆူကာကလေးများစိတ်ဆိုးသလိုမျက်နှာလေးလုပ်နေလေသည်...အသည်းယားစွာဆွဲညှစ်ဖက်လိုက်ချင်ပေမယ့် Jungkook စိတ်ဆိုးမှာစိုးတာကြောင့် Taehyung သူ့ကိုယ်သူထိန်းလိုက်ရသည်...
"ကဲ....ဟုတ်ပါပြီ လူကြီးလေးရယ်...ဒီလိုအတူတူထိုင်နေတော့ကိုယ်တို့ကချစ်သူတွေကျနေတာပဲနော်..."
Taehyung ကထိုသို့ပြောလိုက်လျှင်ချက်ချင်းဆိုသလို Jungkook မတ်တပ်ထရပ်လိုက်သည်...
"ပြန်...ပြန်ကြစို့ Hyung..."
"ဟင်...နေပါအုံး ချာတိတ်ကလည်း...ထိုင်အုံးမယ်လေ"
"တော်ပြီ ပြန်ကြစို့"
"အတူတူမထိုင်တာနဲ့ပဲချစ်သူလို့အထင်မခံရဘူးထင်မနေနဲ့နော်...ကိုယ်တို့နှစ်ယောက်ကလိုက်ကိုလိုက်ဖက်တာ.."
နားရှက်စရာစကားတွေပြောကာမတ်တပ်ရပ်လိုက်သည့် Taehyung အား Jungkook မျက်စောင်းထိုး၍ကြည့်ရုံမှတစ်ပါးမတတ်နိုင်တော့ပေ...
"နေခဲ့တော့ဗျာ..."
Taehyung ကိုထားခဲ့ကာ Jungkook တစ်ယောက်တည်းထွက်လာခဲ့လေသည်...
"ဟာ...ချာတိတ်နေအုံးလေ!!"
ထို့ကြောင့် Taehyung လည်းစားလက်စရေခဲမုန့်ကိုပင်ဆက်မစားနိုင်တော့ဘဲ Jungkook အနောက်ကိုလိုက်ရလေတော့သည်...ကစားကွင်းကပြန်ခဲ့ပြီးနောက်ညနေစောင်းနေပြီဖြစ်တာကြောင့် Taehyung က Jungkook ကိုညစာလိုက်ကျွေးမယ်ဟုပြောသော်လည်း Jungkook ကဇွတ်ငြင်းနေတာကြောင့် Taehyung လည်းအိမ်ပြန်လိုက်ပို့ပေးဖို့ပဲဆုံးဖြတ်လိုက်ရတော့သည်...
"ဒီနေ့တကယ်ပျော်ခဲ့ရပါတယ် ကျေးဇူးပါ Kim Taehyungshi...."
အခုဆိုရင် Jungkook ရဲ့အခန်းရှေ့ကိုရောက်နေကြပြီဖြစ်သည်...
"ဟာ...ဘယ်လိုကြီးခေါ်နေတာလဲကွာ..."
"ဟင်...date ကနေပြန်လာရင်အဲ့လိုပြောကြတာမဟုတ်ဘူးလား..."
ယဉ်ကျေးစွာကျေးဇူးတင်စကားပြောသင့်သည်ထင်တာကြောင့် Jungkook ထိုသို့ပြောလိုက်ခြင်းဖြစ်သည်...သို့သော် Taehyung ကတော့ထိုသို့ခေါ်ခြင်းကိုမနှစ်သက်ပေ...
"ချာတိတ်...."
"ဗျာ..."
"ဇာတ်ကားကြည့်တာတွေလျော့တော့ ဇာတ်ကားထဲကပုံစံတွေလိုက်လုပ်နေတယ် အတုမြင်အတတ်သင်လေးရဲ့...ဟုတ်ပြီလား"
"Hyung ကဗျာ...."
Taehyung က Jungkook ရဲ့ပါးကိုဆွဲဖဲ့ကာပြောသောအခါ Jungkook ရှက်ပြီးမျက်နှာကိုငုံ့လိုက်လေသည်...
"ချာတိတ်...."
နူးညံ့သည့်အသံနှင့်တကွ Jungkook ရဲ့မေးစေ့ကို Taehyung ကိုင်ကာမျက်နှာကိုမော့စေသည်...ရှက်နေတာကြောင့်ပါးလေးနှစ်ဖက်ကနီရဲနေသည်မှာခရမ်းချဉ်သီးလေးတွေလို....
"ဘာ...ဘာဖြစ်လို့လဲ Hyung...."
စကားတစ်ခွန်းမှမပြောဘဲစိုက်ကြည့်နေသည့် Taehyung ကို Jungkook မေးသည်...ထိုအခါ Taehyung က Jungkook ကိုဘာမှပြန်မပြောဘဲသူ့ရဲ့နှုတ်ခမ်းနဲ့ Jungkook ရဲ့နှုတ်ခမ်းကိုထပ်တူကျအောင်လုပ်လိုက်လေသည်...အချိန်တိုလေးအတွင်းမှာရုတ်တရက်လျင်မြန်စွာဖြစ်သွားတာကြောင့် Jungkook လန့်သွားကာဘာမှပြန်မလုပ်နိုင်ဘဲမျက်လုံးလေးပြူးကာကျောက်ရုပ်တစ်ရုပ်လိုဖြစ်နေလေသည်...ထိုအခြေအနေကိုအခွင့်ကောင်းယူကာ Taehyung က Jungkook ရဲ့နှုတ်ခမ်းပါးလေးအားအပေါ်တစ်လှည့်၊အောက်တစ်လှည့်စုပ်ယူနေလေသည်....
Taehyung က Jungkook ရဲ့အောက်နှုတ်ခမ်းကိုအသာအယာကိုက်လိုက်တော့နာသွားကာပါးစပ်လေးဟသွားလေသည်...ထိုအခါ Taehyung ကလျင်မြန်စွာလျှာကို Jungkook ရဲ့ခံတွင်းထဲသို့တိုးဝင်ကာနေရာလပ်မကျန်အောင်အရသာမြည်းစမ်းနေလေသည်...Jungkook ရဲ့လျှာနဲ့သူနဲ့လျှာအားရစ်ပတ်ကာဆော့ကစားနေလေသည်...Jungkook ကတော့အခြေအနေကိုဘယ်လိုတုံ့ပြန်ရမှန်းမသိတာကြောင့် Taehyung ရဲ့င်္အကျီကိုသာစုပ်ကိုင်ထားကာအနမ်းတွေအားမတုံ့ပြန်သလိုငြင်းလည်းမငြင်းဆန်ဘဲ Taehyung ရဲ့အပြုအမူတိုင်းကိုကျေနပ်စွာခံယူနေလေသည်...အချိန်အားဖြင့်စက္ကန့်ပိုင်းကြာသောအခါ Jungkook နဲ့ဘေးချင်းကပ်ရပ်အခန်းကတံခါးဖွင့်ကိုကြားရလေသည်...ထိုအခါကျတော့မှ Jungkook အသိစိတ်ပြန်ကပ်စွာ Taehyung အားတွန်းထုတ်လိုက်လေသည်...သူတို့နမ်းနေတာလူသွားလမ်းဖြစ်နေမှန်းလည်းထိုအခါကျမှသတိထားမိတော့သည်...
"ကောင်း...ကောင်းကောင်းပြန်ပါ...ကျွန်...ကျွန်တော်သွားပြီနော်..."
ရှက်စိတ်ကြောင့်စကားတွေပင်ထစ်ကာအထစ်ထစ်အငေါ့ငေါ့ဖြင့်တုန်ယင်စွာတံခါးဖွင့်ပြီးအခန်းထဲကို Jungkook ဝင်သွားလေသည်...Taehyung ကတော့ကိုယ့်နှုတ်ခမ်းကိုယ်လက်ဖြင့်ထိကာ Jungkook ရဲ့နူးညံ့တဲ့နှုတ်ခမ်းအရသာကိုပြန်လည်ပုံဖော်ကြည့်နေလေသည်...
__________________❣︎________________
Kiss scene မရေးတာကြာပြီမို့လို့ဖတ်ရတာတစ်မျိုးဖြစ်သွားရင် sorry ပါနော်။Love you😾🤍
Zawgyi
"တော်ပြီ...Hyung..."
Jungkook နဲ့ Taehyung ကအခုကစားကွင်းမှာရောက်နေတာဖြစ်သည်...Taehyung က date လုပ်မယ်ဆိုတော့ Jungkook ထင်ထားတာကဈေးကြီးကြီးနေရာတွေကိုခေါ်သွားမယ်လို့ထင်ထားခဲ့တာဖြစ်သည်...သို့သော်အခုကစားကွင်းကိုခေါ်လာပေးတာကြောင့် Jungkook စိတ်သက်သာရာရသွားလေသည်...သူ့ကြောင့်မို့လို့ Taehyung ကိုအခက်မတွေ့စေချင်တာအမှန်ပါ...ကစားကွင်းရောက်တော့လည်း Taehyung ကသူ့ထက်ပင်ပို၍ပျော်ရွှင်နေလေသည်...
"ဘာလို့မစားတာလဲ ပြော"
"Taehyungie Hyung!!"
"Hyung!!စောင့်အုံး"
"Hyung...."
"အွန်း...ပြောလေ ချာတိတ်.."
"အာ...Taehyungie Hyung!!"
"Hyung!!"
"ဘာ...ဘာဆိုင်လို့လဲ"
"Hyung...."
"အွန်း..."
"ပြန်...ပြန်ကြစို့ Hyung..."
"တော်ပြီ ပြန်ကြစို့"
"နေခဲ့တော့ဗျာ..."
"ဟာ...ချာတိတ်နေအုံးလေ!!"
"ချာတိတ်...."
"ဗျာ..."
"Hyung ကဗျာ...."
"ချာတိတ်...."
"ဘာ...ဘာဖြစ်လို့လဲ Hyung...."
__________________❣︎________________
Continue Reading
You'll Also Like
203K 5.9K 71
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
46K 3.7K 18
" ထာဝရဆိုတဲ့ မတည်မြဲတဲ့စကားတွေကို ကိုယ်မပြောဘူး။ ဒါပေမယ့် ကိုယ်သေချာပြောနိုင်တာတစ်ခုတော့ရှိတယ်။ အဲ့ဒါက ကိုယ်မင်းဘေးနားမှာ အမြဲတမ်းအတူရှိနေမယ်ဆိုတာပဲ...
706K 26K 101
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
10.6K 1.1K 11
-"သဘောကျလား အဲ့လိုစာလေးတွေကို" "သဘောကျတာပေါ့။ စကားလုံးတွေထက် ပိုပြီးလေးနက်တယ်လို့ ခံစားရလို့" "ဒါဖြင့် မြို့ပြန်ရောက်ရင် စတွေ့ကတည်းက ရည်ရွယ်ပြီး ရေးထ...