A letter to A boy who is not...

By ThomasFionaMo

64.3K 4.3K 230

စာတစ်စောင်ရောက်တယ်တဲ့။ ယောကျ်ားလေးတွေချည်းနေတဲ့အိမ်ကို ကောင်လေးမဟုတ်တဲ့ ကောင်လေးဆိုတဲ့နာမည်နဲ့။ " ...... " စာ... More

part 1(unicode)
Part 2(Unicode )
Part 3(unicode) 18+
Part 4(Unicode )
Part 5(Unicode )
part 6(Unicode )
Part 7(Unicode)
Part 8(Unicode)
Part 9(unicode)
Part 10(Unicode )
Part 11(Unicode )
Part 12(Unicode )
part 13(Unicode )
Part 14(Unicode )
Part -15(Unicode )
A letter to A boy who is not a boy
Part 16(Unicode )
Part 17(Unicode )
Part 18(unicode)
Part 19(unicode )
Part 20(Unicode )
Final (unicode )
Extra(Unicode )
part 1(zawgyi)
part 2(zawgyi)
Part3(zawgyi)18+
Part 4 (zawgyi)
Part 5(Zawgyi)
Part 6(zawgyi)
Part 7(Zawgyi)
part 8(zawgyi)
part 9(zawgyi)
part 10(zawgyi)
Part 11(Zawgyi )
Part 12(zawgyicode )
part 13(Zawgyi )
Part 14(Zawgyi )
Part 15(Zawgyi )
Part16(Zawgyi )
Part 18(Zawgyi )
Part19(Zawgyi )
Part20(Zawgyi )
Final(Zawgyi )
Extra (zawgyi )

Part -17(Zawgyi )

189 19 1
By ThomasFionaMo

"ဒါဆို အမိအကိုက အသက်ရှင်နေတုန်းလား"

"မသိဘူး"

ချစ်စကားကြိုက်စကားမဆို ရသေးပါပဲ မဆိုလိုက်ရပါပဲဟုပြောလျှင်ပိုမှန်မည်။
နေ့ချင်းညချင်း စူးရှဟာယုယငယ်နှင့် တွဲပြီးနေပြီ။

ယုယငယ်၏ အသက်ရှင်ဖို့အရေးတို့အရေး အဲလေ စူးရှအရေးလိုဖြစ်ကာ ကာယကံရှင်ကတောင် ဘာမှမလှုပ်ပါပဲ
စူးရှက ဘေးမှနေကာ အလုပ်များ နေသည်။

ရိုးတွင်းခြင်ဆီဆိုတာ မိသားစုဝင်တစ်ယောက်ယောက်ဆီမှာသာရနိုင်ကြောင်းသိထားသောကြောင့် ယုယငယ်၏မိသားစုအကြောင်းအသေးစိတ် စူးရှမေးခဲ့သည်။

မွေးချင်းအကိုတစ်ယောက်ရှိပြီး ငယ်ငယ်က ပိုက်ဆံနှင့် လဲပစ်လိုက်ကြသည်ဟု ဆိုသည်။ မိဘများဆုံးသွားကြသည်အထိ အကိုနှင့် လုံးဝပြန်မတွေ့ရတော့သည်မှည ယနေ့ထိပင်။

ယုယငယ်ထံတွင် အကို့ဓာတ်ပုံတစ်ခုလောက်သာရှိလျှင် အဆင်ပြေအုံးမည်။
ခုတော့ ဘာသဲလွန်စမှ ရှာမရခဲ့။

" ဘာလို့အလုပ်ရှုပ်ခံနေမှာလဲ"

ယုယငယ်သည် စူးရှထင်ထားတာထက်သိပ်အေးတိအေးစက်နိုင်သည်။
ခံစားချက်ကင်းမဲ့နေသည့်မျက်ဝန်းတွေက
ကြောက်စရာကောင်း၏။
အိပ်ယာပေါ်လဲကျလုဆဲဆဲအခြေအနေဖြစ်နေတာတောင်
ဘာမှမဖြစ်သလိုအံကြိတ်နေနေပြန်သည်။
တစ်ခါတစ်ရံ စူးရှအလစ်မှာ ဆေးလိပ်ခိုးသောက်နေတက်သေးသည်။

ထို့ကြောင့် စူးရှမှာ ယုယငယ်အား မျက်စိအောက်က အပျောက်မခံပေ။

တခြားအကြောင်းကြောင့်လည်းပါချင်ပါနေမှာပေါ့။

" အိုးကမပူစလောင်းကပူနေတယ်"

ယုယငယ်စကားကြောင့် စူးရှ ဒေါသထောင်းခနဲထွက်သွားကာ ပေစောင်းစောင်းလှည့်ကြည့်လိုက်သည်။

" ကျွန်တော်လုပ်နေတာ ခင်များအတွက်လေ ။ ခင်များကို မသေစေချင်လို့လေ။
ဘာလို့ လိုက်ကပ်တွက်နေရတာလဲ"

ယုယမေက စူးရှကို အကြည့်လွှဲသွားသည်။

"တို့ဘဝတစ်လျှောက်လုံး လိုက်ရှာနေခဲ့ပြီးပြီ"

ခေါင်းကိုငုံ့ ကာ တိမ်ဝင်နေသည့် အသံက ဝမ်းနည်းရိပ်တို့သိသိသာသာစွတ်နေ၏။

ငယ်ငယ်ထဲက မွေးချင်းနှစ်ယောက်ရှိရာ
အကြောင်းကြောင်းကြောင့် အကိုဖြစ်သူက လူစိမ်းတွေနဲ့ပါသွားခဲ့သည်ကလွဲ
တစ်ခါမှပြန်မဆုံတော့သလို တွေ့လျှင်တောင်မမှတ်မိလောက်တော့မည့်အနေအထား။

သူ့မိဘတွေက ဘာလို့များ သားဖြစ်သူကိုသူများဆီပေးလိုက်ရပါလိမ့်။

" သေသလားရှင်သလားတောင် မသိ။
အသက်ရှင်နေသေးတယ်ဆိုရင်တောင် ကောင်းစားပြီး
ဘဝကိုမေ့ခဲ့ရောပေါ့"

"မဟုတ်တာ ယုကိုကိုက ယုကိုသိပ်ချစ်တာဆို"

ယုယငယ်သည် စူးရှအား ဆက်ခနဲလှန်းကြည့်သည်။
စူးရှ အနည်းငယ် မျက်နှာ ပူရှိမ်းရှိမ်းဖြစ်သွား၏။

"နားကြားမမှားခဲ့ဘူးမလား။ စူးရှက ယုလို့ခေါ်လိုက်တာလား"

"မ.. မခေါ်ပါဘူး"

စူးရှ ကြမ်းပြင်ကို စိုက်ကြည့်နေသည်။

"ခေါ်လိုက်လည်း ဘာဖြစ်လဲ စူးရှနဲ့တို့က စုံတွဲတွေဖြစ်နေကြပြီမလား "

"...."

" ဟုတ်တယ်မလားလို့ မောင်ရဲ့"

ယုယငယ်က စူးရှအနားတိုးလာကာ နူးညံ့ညင်သာသောလေသံဖြင့်
နှစ်ကိုယ်ထဲကြားနိုင်ရုံခေါ်သည်။
စူးရှမှာတော့ ပေါက်ထွက်လုဆဲဆဲ ရင်ဘက်က ခုန်မည်နေသည်မှာ ကြောက်လန့်စရာကောင်းလောက်အောင်ပင်။

ရိပ်မိဟန်ရှိသော ယုယငယ်သည် ခစ်ခနဲရယ်လိုက်၏။

" ရှက်ပဲရှက်နေရသေးတယ်။ တို့ရှက်ဖို့ချန်ထားပါအုံး"

စူးရှအနားကိုပိုတိုးကပ်လာကာ ယုယငယ် မထိတထိစသည်။
သူ့မျက်လုံးကိုမော့မကြည့်ရဲ စူးရှ ရင်ခုန်နေမိသည်မှာဆန်းကျယ်သည်။

ဟုတ်သားပဲ။
ယုယငယ်ကိုအဆုံးအရှုံးမခံနိုင်ဘူးဟု စူးရှ မမူးပဲ ပြောခဲ့ဖူးသည်ပဲ။
မေ့နေတာတော့မဟုတ်ပါဘူး။
မေ့ချင်ဟန်ဆောင်ထားတာ။
ယုယငယ်မှတ်မိမယ်လို့ဘယ်ထင်မှာလဲ။

စူးရှ ယုယငယ်မျက်နှာကို ရဲတင်းစွာမော့ကြည့်လိုက်ပြီးနောက်
စာမျက်နှာ နှင့်နီးကပ်လာစေရန် ယုယမေ၏ မေးစေ့အား အသာအယာဆွဲယူလိုက်သည်။

အလိုက်သင့်ပါလာသော်လည်း ယုယငယ်သည် မထင်မှတ်ထားသည့်ပုံစံမို့ ပြူးကြောင်သွားသည်။

တီး... ။

ထိုစဉ် ဖုန်းမည်သံက အရာရာကိုဖျက်ဆီးပစ်လိုက်သည်။
ယုယငယ် စူးရှဘေးကထကာ ဖယ်ပေးလိုက်သည်။

"ဟယ်လို အကိုကြီး... သြော်။
ဟုတ်.. ဟုတ်ကဲ့ပါ။
အဲ့တာဆို ခဏနေ တွေ့ကြမယ်လေ"

ဖုန်းချပြီးတော့
ယုယငယ်ကို တချက်ကြည့်တော့
ယုယငယ်လည်းဖုန်းကိုကိုင်ကာ တစ်ခုခုကို စိတ်တိုနေဟန်ရှိသည်။

"အကိုကြီးက အမိကို... အမ်.. ဟို... ယု နဲ့ အပြင်လျှောက်လည်ချင်လို့တဲ့"

"မောင်ကရော "

"အတူတူလေ"

"ကောင်းသားပဲ။ ဟိုဘိုးတော်ကြီး သိပ်အာရုံများတာပဲ။ ယုအဝတ်အစားသွားလဲလိုက်အုံးမယ်နော်"

ဘိုးတော်ဟုဆိုသောကြောင့် စူးရှ မျက်မှောင်ကြုတ် လိုက်သည်။
ယုယငယ်တွင် ဘိုးတော်ဟုဆိုသည်မှာ အရင်က အလုပ်လုပ်ခဲ့ဖူးသော
ဟိုအလုပ်နဲ့ပတ်သက်သည့်လူတွေများသာဖြစ်နိုင်သည်။

" ဟို.. ဖြစ်နိုင်ရင် အဲ့လူတွေနဲ့ မပတ်သက်ပါတော့နဲ့လား"

ယုယငယ်က အခန်းထဲဝင်ရန်ပြင်ပြီးမှ
သမင်လည်ပြန်ကြည့်သည်။

" မဟုတ်ရင် ဘယ်သူနဲ့ပတ်သက်ရမှာလဲ။ မောင်နဲ့အမြဲတမ်းပတ်သက်လို့ရမှာမို့လို့လား"

သူ့စကားကြောင့် စူးရှ မှင်သတ်သွားရသည်။
ဘယ်လိုမေးလိုက်ရတာလဲ။

"ခေါင်းထဲသိပ်မထည့်နေပါနဲ့ ။မဟုတ်ရင် စူးရှခေါင်းကြီးလာလိမ့်မယ်"

ပြောပြီးအခန်းထဲဝင်သွားသည့်ယုယငယ်၊
ခဏအကြာမှာ စိမ်းပြာရောင်ဝမ်းဆက်နှင့် လှတပတရှိသော ခန္ဓာကလေးက အရင်ကလောက်မဟုတ်တော့သော်လည်း
သေသေသပ်သပ်ရှိသည်။

ဆံပင်တွေကို အပေါ်ကတလွှာစည်းကာ နောက်သို့ဖြန့်ချထားသည်။

နှုတ်ခမ်းနီကတော့ ထုံစံလိုလို နီရဲလျက်။

*****

" တော်ရုံသူစိမ်းဆို သိပ်မခင်တက်တဲ့ကိုကြီးက သူနဲ့ကျတော့ ထူးဆန်းတယ်နော်"

စူးရှစကားကြောင့် အာကာမင်းထက် ကားမောင်းနေရင်း နှစ်လိုလက်ရပြုံးလိုက်သည်။

"ကိုကြီးလည်းမသိဘူး။ ညီမလေးကိုတွေ့တိုင်း တစ်ခုခုခံစားရတယ်"

စူးရှတစ်ခုခုကိုသတိရလာတာကြောင့်
ပြောမည့်အလုပ်မှာ ကားတစ်စီးက
သူတို့ကားရှေ့ပိတ်ရပ်လိုက်သည်။

"သောက်ကောင်မဆင်းခဲ့စမ်း။ ငါ့ပိုက်ဆံတွေယူပြီး
ငါ့ကို သောက်ဖက်မလုပ်ပဲ ဒီမှာလင်နှစ်ယောက်နဲ့ သုံးပါးသွားနေကြတယ်ပေါ့ဟုတ်လာ။
ဆင်းခဲ့နော် မဟုတ်ရင် ကားမှန်ရိုက်ခွဲရမလာ"

ကားဘေးနား အမည်းရောင်အကောင်တွေ
လူဆိုးလိုလို လူယုတ်မာလိုလိုနဲ့ ငါးယောက်ဝိုင်းထားသည်။

သူတို့သုံးယောက်လုံး ဘာမှလုပ်မရမယ့်အတူတူ ကားပေါ်ကဆင်းလာခဲ့တော့
ယုယငယ်ကို ဝိုင်းဆွဲကြသည်။

" ဟေး ခင်များတို့ လူကြီးလူကောင်း မဟုတ်ဘူးလား။
ပြောစရာရှိရင် ပါးစပ်နဲ့ပြော။လက်ပါစရာမလိုသလို လူကိုထိပါးစရာမလိုဘူး။
မဟုတ်ရင်ကျုပ်တို့ကရဲတိုင်လိုက်မှာ"

အာကာမင်းထက်က ယုယငယ်ရှေ့ကနေ ကာထားသည်။
စူးရှကလည်း ယုယငယ်ကို ထိုလူတွေလက်ထဲကဆွဲရင်း
ရင်ခွင်ထဲ ဆွဲသွင်းထားသည်။

"အေး။မင်းပြောသလိုပဲ ။ငါတို့ကလူကြီးလူကောင်းတွေမဟုတ်ဘူး။
အဲ့ကောင်မလည်း ဖာသည်မပဲ..."

ခွပ်။

တဖက်လူ၏စကားမဆုံးသေးခင်
အာကာမင်းထက်၏ လက်သီးကသူ့မျက်နှာပေါ်တရစပ်။
ဘေးလူတွေက ကြောင်ကြည့်နေတုန်းအခွင့်ကောင်းယူကာ
လည်ပင်းကို သိုင်းလျက် လက်တွေကိုချုပ်ထားလိုက်သည်။

"ပြော ဘာလိုချင်တာလဲ"

သူတို့အဖွဲ့ထဲက ခေါင်းဆောင်ဖြစ်လို့လားမသိ
ကျန်တဲ့လူတွေမှာလည်း မလှုပ်ရဲ။
အာကာမင်းထက် လက်ထဲ သူတို့ဆရာ ရောက်နေသည်ပဲ။

"လူ.. လူပဲလိုချင်တာ. အား...တောင်း.. တောင်းပန်ပါတယ်။
ကျွန်တော်မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ လောပန်ပါ။
အဲ့ အဲ့ကောင်မ.. အဲလေ ယုယငယ်က ကျွန်တော့်ဆီကငွေယူပြီး
လောပန်းဆီ လာပြုစုပေးမယ်လို့ က ကတိခံထားတာပါ။
အဆက်အသွယ်လည်းမလုပ်၊ လူလည်းပေါ်မလာလို့ လောပန်းက စိတ်တိုနေတယ်"

"ရှေ့တိုးမလာနဲ့"

ထိုစဉ် ကျန်လေးယောက်မှ လူတစ်ယောက်က ရှေ့တိုးလာသည်ကို အာကာမင်းထက်မြင်လိုက်သည်မို့ တားလိုက်ခြင်းဖြစ်သည်။

" လွှတ် လွှတ်လွှတ်ပေးပါ။တောင်းပန်ပါတယ် "

"မင်းတို့လောပန်းတာမပန်းတာကိုပြောလိုက်။
နောက်ခါ သူ့ဆီထပ်လာမရှာနဲ့လို့။
ငွေပြန်လိုချင်တာဆိုရင် ပြောလိုက် ဘယ်လောက်လဲ"

"သိန်း ကိုးရာ ..."

ငွေအများကြီးကြောင့် အာကာမင်းထက်ရော စူးရှ ပါ မျက်လုံးအပြုးသားဖြစ်ကုန်ကြသည်။
ယုယမေက ခေါင်းငုံ့ထား၏။

ဒုတ်။

"ခွေးသတောင်းစားတွေ လိမို့မြန်မြန်မလှုပ်ရှားတာလား။ ငါသေတော့မလို့"

အာကာမင်းထက်၏ခေါင်းကို ရုတ်တရက် အရိုက်ခံလိုက်ရပြီး
တချိန်ထဲမှာပဲ
စူးရှနင့် ယုယငယ်ပါ မြေပြင်ပေါ်တွင် သတိလစ်မျောနေခဲ့ပြီ။

******

"ထူးဆန်းတယ်"

လင်းလတ်
လပ်တော့ပ်ကိုယူကာ အဖေရှိရာအခန်းဆီ ပြေးဝင်လာခဲ့သည်။

" အဖေ"

အဖေနှစ်ယောက်လုံးသည် အခန်း၏ဝရန်တာတွင်ထိုင်ကာ
စာအုပ်ဖက်ရင်း စကားဖလှယ်နေကြ၏။

" ကိုကို့ကားက အဲ့နေရာမှာ ရပ်ထားတာကြာနေပြီ"

"ဟေ"
ဟု အဖေတွေမှာ သံပြိုင် ဟစ်မိသည်။
ဤအာမေဋိတ်မှာ ကားရပ်ထားသည်ကြောင့်မဟုတ်
ထိုကားရှိရာကို ပြနေသော လင်းလတ်၏ လပ်တော့ ပေါ်မှ location ကြောင့်ပင်။

"ဟီး။ ဟိုတလောကလိုထပ်ဖြစ်မှာစိုးလို့  သူ့ကားမှာ တိတ်တိတ်လေး location တပ်ထားတာ။
ပြီးတော့ cctvရော"

ဒါလည်း
အဓိပ္ပာယ် ရှိသောကြောင့် အဖေတွေက အထွန့်မတက်။
စကားပြောနေကြမှာပေါ့ဟုပြောကာစိတ်အေးအေးနေခိုင်းသည်။

တစ်နာရီ ၊ ထို့နောက် နှစ်နာရီ သုံးနာရီ လေးနာရီခန့်ကြာသော်
ဖုန်းဆက်ကြည့်မိသည်။
စက်ပိတ်ထားသောကြောင့် သားအဖသုံးယောက်လုံးစိတ်ပူသွားသည်။

စူးရှဆီ ဆက်ကြည့်သည် မရ။
ယုယမေ ဖုန်းနံပါတ်တော့မသိ။

ကားရှိရာဆီ လိုက်သွားကြသည် ။
လူသွားလူလာ ရှိပေမယ့် သိပ်အများကြီးမဟုတ်
တိတ်ဆိတ်သည့် လမ်းမတစ်ခုဘေးတစ်နေရာတွင်
ရပ်ထားသော အာကာမင်းထက်၏ ကား။

ကားထဲက cctvတွေ ပြန်စစ်ကြည့်တော့ ကားရှေ့တည့်တည့်လာထိုးရပ်သောကားတစ်စီး၊
နောက် လူတွေခြေထောက်တွေကရှုပ်ယှက်ခက်နေ
သည်။
ထို့နောက် ထိုကားပေါ် ပြန်တက်ကုန်ကြသည်။

ခြေထောက်တွေပိုများလာသည်။

Cctvမှာ လူတစ်ကိုယ်လုံးအပြည့်ပါတာပါသော်လည်းမပါတာမပါ ဝိုးတဝါး ဖြင့်။

လင်းလတ်အဖေက ရဲဆီဖုန်းဆက်သည်။
မကြာခင်ရဲတွေရောက်လာကာ အစအနရှာကြသည်။
Cctvမှ ပေါ်သောကားအမျိုးအစားနှင့် ကားနံပါတ်ကို ရအောင်ရှာသည်။

မိုးချုပ်တော့မည်။
ဘယ်သူတွေ ကများ ဘာရန်ညှိုးတွေကြောင့် ဒီလိုလုပ်ရပါလိမ့်။

"တစ်ခုခုကိစ္စထူးရင် အကြောင်းကြားပေးပါအုံးခင်မျ။
ကျွန်တော်တို့ဘက်ကလည်းစုံစမ်းနေမှာပါ"

ရဲမှူးပြန်သွားတော့ လင်းလတ်နှင့် အဖေနှစ်ယောက် ဘယ်သွားမေးရမှန်းမသိဘယ်သွားရှာရမှန်းမသိ။

"သေချာပေါက် အဲ့မိန်းမပဲနေမှာ"

"သားရယ် ဒီအချိန်မှာ အပစ်တင်နေတော့ရော ဘာထူးလာမှာမို့လို့လဲ။
ဘယ်သူကမှလည်းဒီလိုဖြစ်ဖို့ ကြံစည်မှာမဟုတ်ပါဘူး"

ယုယငယ်ကြောင့်ဆိုတာ လင်းလတ် ရိပ်မိသော်လည်း
အာကာမင်းထက်ကိုတွေးကာစိတ်ပူနေရပြန်သည်။

အရင်ကအကြောင်းကိုတွေးရင်း ထပ်နာကျင်မှာစိုးသည်။

ဘာလို့ သူ့ဘဝလေး အဆင်ပြေနေမှ
ဒီလိုပဲ ဖြစ်ဖြစ်နေရတာလဲ။

အရာအားလုံး ယုယငယ်ကြောင့်ပဲ။

"တောက်"

ကျယ်လောင်သည့်တောက်ခေါက်သံသည်
ရင်ထဲမှာစိုးရိမ်စိတ်တို့ကို တားဆီးလို့မရနိုင်ခဲ့ပေ။

******

အေးစက်စက် သမံတလင်း၊ တင်းကျပ်စွာချည်နှောင်ထားသောကြိုးတွေက ခိုင်မြဲလျက်။
သူတို့သုံးယောက်လုံးကို အတူစုကာ ကြိုးဖြင့်ချည်ထားခဲ့ကြသည်။
မျက်စိတွေကိုအဝတ်ဖြင့်စည်းထားသောကြောင့်အရာရာမှောင်မည်းလျက်သား။

"ဗွမ်း"

ခေါင်းတွေပေါ် ရေဖြင့်လောင်းချခံလိုက်ရသည်။
တစ်စုံယောင်က သူတို့မျက်လုံးတွေကို လာဖွင့်ပေးမှ
အမြင်အာရုံထဲတိုးဝင်လာသည်က ဝါကျင်ကျင် မီးသီးတစ်လုံး။
တစ်လုံးဟုဆိုသော်လည်း သူတို့ခေါင်းပေါ်တည့်တည့်တွင်ရှိနေခြင်းဖြစ်သည်။

အခန်း၏ ထောင့်တစ်နေရာတွင် ကုလားထိုင်ပေါ်ကျောပေးထိုင်နေသောလူတစ်ယောက်။
အလင်းရောင်မလုံလောက်သည်မို့ဘယ်သူလဲ တိတိကျကျမသိ။

" ညီလေးအဆင်ပြေရဲ့လား ။ညီမလေးရော"

"အကိုကြီး သူ သူမနိုးသေးဘူး"

ခြေတွေရောလက်တွေရော ကြိုးဖြင့်ချည်ထားသည်မို့ လှုပ်လေ ကြိုးတွေကအသားထဲ နစ်ဝင်လေလေ ဖြစ်နေသည်။

"ညီမလေး.. ညီမလေး.. "

ပုခုံးဖြင့် တွန်းကာလှုပ်နှိုးသည်။
ယုယမေ မလှုပ်သေး။

"ယု.. အမိ သတိရပါတော့။ အဲ့လိုမလုပ်ပါနဲ့ တောင်းပန်ပါတယ်
သတိရပါတော့နော်။ "

ငိုသံရောနေသည့်စူးရှစကားသံတွေက ကြေကြေကွဲကွဲ။

နောက်တစ်ကြိမ် ရေဖြင့် အလောင်းခံလိုက်ရခြင်းမှာ ယုယငယ်လွန့်လူးကာ သတိရလာခဲ့သည်။

"စူး. စူးရှ ။ မောင် ဘာမှမဖြစ်ဘူးနော်"

စူးရှ မျက်ရည်တွေရစ်သိုင်းလျက်
ခေါင်းရမ်းပြသည်။
ကြမ်းပြင်ကြောင့်ရယ် ရေလောင်းခံထားသည်ရယ်ကြောင့် အေးစိမ့်စိမ့်ဖြစ်လာသည်။

"ဟားဟား ငါတို့ကိုကျေးဇူးတင်စမ်း"

အနက်ရောက်လက်ဆွဲပုံးကိုကိုင်ကာ အော်ရယ်နေသည့်လူတစ်ယောက်။

"ခင်များတို့ကဘာလိုချင်တာလဲ ငွေလား"

အာကာမင်းထက် အသံကြောင့် လူတွေကအော်ရယ်ကြပြန်သည်။

" အစကတော့ ငွေပဲ ပြန်တောင်းမလို့ပဲ။
ဒါပေမယ့် လူတွေက ငါ့အတွက် ပိုတန်ဖိုးတယ်ရှိတယ်လေ ကောင်လေးရဲ့"

အူတူတူ အသံကြောင့် အော်ဂလီဆန် ချင်လာသော်လည်း
အာကာမင်းထက်စိတ်ထဲ ကသိကအောက်ဖြစ်သွားသည်။
သူ့ကို ဘယ်လိုခေါ်လိုက်တာ ကောင်လေး?

ထိုလူကြီးသည် ကျောပေးထားရမှ ထကာ
သူတို့အနားတစ်လှန်းစီလှမ်းလာသည်။

ဝဖိုင့်ဖိုင့်နှင့် အသားဖြူသော ထိုအဘိုးကြီးသည်
ကြောက်စရာမျက်လုံးအစုံနှင့်
အာကာမင်းထက်ရှေ့ရပ်လိုက်သည့်အချိန်

အာကာမင်းထက် ကြောက်ရွံ့လာမိသည်။
သူ့ကိုယ်ပေါ် တခြားအမျိုးသားတစ်ယောက်က မသတီစရာတွေ ထိတွေ့နေသည်ဟူ မြင်နေမိသည်။

"သွား.. မလာနဲ့.. သွား"

"အကိုကြီး သတိထားလေ"

"ကိုကြီး"

ထိုအဘိုးကြီးသည် အာကာမင်းထက်ပါးကိုထိတို့ရန်
လက်ရွယ်လာသည်။

"ဘာ ဘာလုပ်တာလဲ မထိနဲ့။ မထိပါနဲ့... အမေ.. အမေကယ်ပါ"

"အဟား.. ဟား ဟား။ ကောင်လေး ကောင်လေး
နောက်ဆုံးတော့ငါ့ကိုမှတ်မိပြီပေါ့"

ကြောက်စရာ
အက်ကွဲသံလို ရယ်သံတွေကြား အာကာမင်းထက်
ခေါင်းထဲ မူးနောက်ဝေရီ။

Continue Reading

You'll Also Like

600K 49.6K 24
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
3.1M 70.5K 81
Diana is an 18 year old girl about to start her senior year until she bumps into a woman at the bookstore who has quite the personality. The woman ta...
709K 43.4K 38
She was going to marry with her love but just right before getting married(very end moment)she had no other choice and had to marry his childhood acq...
870K 72.5K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...