သို့သော်
'' ငါက.....''
''ရောက်လာပြီလား ဂျင်ရှီးးးးးးး''
''Yoongi yarrr''
''ခင်များတို့ စမ်းးသပ်ချက်အတွက် စတေးလိုက်တဲ့လူတွေအထဲမှာ ကျုပ်အဖေလည်းပါတယ် ဒါကိုခင်များကမေ့နေတာလား မသိချင်ယောင်ဆောင်နေတာလား''
''ဘာလုပ်တာလဲ ယွန်ဂီ''
''ဒါဆိုအမေ့ကိုရွေးချယ်ခွင့်ပေးမယ် ကျွန်တော် ဒါမှမဟုတ် ဟန်ဂုကအမေ့နောက်ယောကျာ်းနဲ့ရတယ့် ကန်ဆိုးဂျင်း ''
ကလေးအရမ်းလိုချင်တဲ့ယောကျာ်းကို မချစ်တာကြောင့်ရယ် လွတ်လပ်မှုကိုနှစ်ခြိုက်ပြီး အလုပ်ကိုပိုချစ်တဲ့အတွက်ကြောင့် စမ်းသပ်မှုတစ်ခုနဲ့အတူ အငှားကိုယ်ဝန်ဆောင်ခိုင်းကာမွေးထားသောသားဖြစ်တယ်။
''ကျွန်တော်မရူးဘူးအမေ ''
''အမေ သူပြောတာတကယ်လား....''
''ယွန်ဂီလား....သားလေးရယ်''
ချက်ချင်းဆိုသလို ယွန်ဂီအဖြစ်ကနေ စိမ်းလဲ့သော မျက်ဝန်းပိုင်ရှင်ဟာ အပြုံးတစ်ခုနဲ့နိုးထလာတယ်။
အ
''အစ်ကိုရှိနေတာလား.....''
''တောက်စ် ''
''ယွန်ဂီ မင်ယွန်ဂီ !!!!!!!!!''
~~~~~~~~~~~~~~~~~~
love you all ပါ )
unicode
ယွန်ဂီဟာ တဖြေးဖြေး မျက်စိမှိတ်လာတဲ့ မိခင်ကိုကြည့်နေခဲ့တယ်။ဘယ်တော့မှထွက်မသွားတော့ဘူးလို့ယုံကြည်ထားတဲ့အမေဟာ ကားမတော်တဆမှုဖြစ်တော့ မိခင်က ကားပြတင်းပေါက်ကနေ ကိုယ်လွတ်ရုန်းထွက်ပြေးသွားတာကိုမြင်ခဲ့ရတယ်။
မသိစိတ်က အမုန်းစိတ်နဲ့ သံယောဇဉ်စိတ်တွေဟာ နောက်ထပ်လူတစ်ယောက်ကိုဖန်တီးမိသွားတယ်။ မိခင်ဖြစ်သူက ဆေးထုတ်လုပ်ရေးပညာရှင်ဖြစ်ပြီး အဖေဖြစ်သူက အင်ဂျင်နီယာဖြစ်တဲ့အတွက်ကြောင့်ရယ် အမေဖြစ်သူရဲ့ စမ်းသပ်မှုတစ်ခုနဲ့ မွေးဖွားလာတဲ့ ယွန်ဂီဟာ သာမန်ကောင်လေးတွေထက် ညဏ်ရည်ပိုမြင့်မားပြီး ဆေးဘက်ဆိုင်ရာမှာ ကျွမ်းကျင်ပေမယ့် သိတ်ကတော့ ဆေးပညာကိုမလေ့လာချင်ခဲ့တဲ့အတွက် ရိုးရိုးကျောင်းသာတက်ပြီး စီးပွားရေးဘက်ကိုဦးတည်လာခဲ့တယ်။
သို့သော်
SuGa ကတော့ ယွန်ဂီနဲ့မတူဘူး။ ဆေးcompany တစ်ခုကိုအလျင်အမြန်တည်ထောင်န်ိုင်ပြီးCEOဆိုတဲ့ရာထူးကို တက်လျှောက်သွားခဲ့တယ်။
အသက်၁၇ ၁၈ သာရှိသေးတဲ့ suga ကို ရှယ်ယာရှင်တွေက လက်မခံချင်ကြဘူး ဆိုတော့ သူ့အတွက် နယ်ရုပ်တစ်ခုလိုအပ်လာတယ်။ထင်တဲ့အတိုင်းပဲ လုံးဝကိုဘဝပျက်နေတဲ့ နမ်ဂျွန်ကိုတွေ့တော့ သူ့ရဲ့ကြိုးကိုင်ရာကိုပြုလုပ်မယ့် အရုပ်တစ်ခု ဖန်တီးလိုက်တယ်။
သူဒီအခြေအနေကိုရောက်အောင်လို့ အချိန်အတော်ကြာအောင်စောင့်ခဲ့ရတယ်။ suga အဖြစ်အနေကျလာတော့ ယွန်ဂီက တစ်ခါခါပေါ်လာပြန်တယ်။ ညက အိပ်ယာမှာအိပ်နေရင် မနက်ကျတော့ ပါးစပ်တွေပေပွစွာနဲ့ ဧည့်ခန်းက ဆိုဖာမှာနိုးလာတာမျိုး။သူ့အနေနဲ့ လုံး၀ပျောက်ကွယ်သွားရတော့မယ်ဆိုတာသိလာတော့ ကံကြမာကို လောင်းကြေးထပ်လိုက်တော့တယ်။
ထိုသို့ဖြင့် suga ဟာ ချက်ချင်း ဂျောင်ဂုဘက်ကို လျှောက်လာခဲ့တယ်။ဒီကောင်လေးကိုစမြင်ကတည်းက ဒီကောင်လေးက ယွန်ဂီရဲ့ အားနည်းချက်ဆိုသည်ကိုပင်သိလိုက်ရတယ်။
ထိုအချိန်မှာ ဂျောင်ဂုကလည်းနိုးနေခဲ့ပြီဖြစ်တယ်။ချက်ချင်းဆိုသလို suga ဟာ ဂျောင်ဂုရဲ့ လည်ပင်းကိုလက်နဲ့ညစ်ချလိုက်တော့ ဂျောင်ဂုဟာ အသက်ရှူလို့မရတော့ပေ။ ဂျောင်ဂုရဲ့ကိုယ်ဟာ ကြိုးချည်ထားရာကနေ ပျက်သွားပြီး တဖြေးဖြေးထလာခဲ့တယ်။အကြောင်းက suga က ဂျောင်ဂုကို လည်ပင်းကနေ ကိုင်ကာမြောက်လိုက်တာကြောင့်ပင်။
ဂျောင်ဂုကမူ နားမလည်နိုင်စွာနဲ့ ယွန်ဂီ့ကိုကြည့်ရင်း ထိုသူရဲ့လက်ကို ပုတ်ခတ်နေခဲ့တယ်။
''ယွန်ဂီ သတိထားပါအုန်း ဘာဖြစ်တာလဲ အ.....''
''သူဌေး လွတ်လိုက်ပါ သူနဲ့မှမဆိုင်တဲ့ဟာကို.....''
နမ်ဂျွန်ပြောလိုက်တော့ ရုတ်ချည်း sugaရဲ့ဦးတည်ချက်က ပြောင်းသွားပါတယ်။ ချက်ချင်းဆိုသလို sugaဟာ နမ်ဂျွန်ဘက်ကိုပြေးသွားခဲ့ပြီး တစ်ဖက်လက်နဲ့ကိုင်ထားတဲ့ ခွဲဓားနဲ့လည်ပင်းကိုထောက်လိုက်ပါတယ်။
''အခုတလော မင်းလည်းစကားအရမ်းများလာတယ်နော် ''
''သူဌေး ရပ်လိုက်တာကောင်းမယ်နော် ''
''မင်းငါ့ကိုဆရာမလုပ်နဲ့ နမ်ဂျွန် အဲ့သောက်ကောင်အစားငါပျောက်ကွယ်သွားရမှာကိုစောင့်နေရမှာလား ''
''ဒါမယ့် သူဌေးစဉ်းစားကြည့်ပါ သူဌေးကဘယ်သူလဲ ''
'' ငါက.....''
ငါဘယ်သူလဲ....ဟုတ်တယ် ငါဘယ်ကနေရောက်လာတာလဲ။
ထိုအချိန်မှာပဲ အခန်းထဲကိုလူတစ်ယောက်ရောက်လာခဲ့ပါတယ်။ ထိုလူကသေနတ်ကိုကိုင်ကာ ဆူးယွန်းကို ချိန်လိုက်သည်။
ထိုအခြင်းအရာကိုမြင်တဲ့ sugaဟာ ရယ်လိုက်တယ်။ဒါပဲ သူလိုချင်တာက .....
''ရောက်လာပြီလား ဂျင်ရှီး''
ဂျင်ဟာ ယွန်ဂီရဲ့ အမေကို ကုတင်ကနေ ဆွဲချလိုက်တော့ နာကျင်မှုနဲ့အတူ ဆူယွန်းနိုးလာခဲ့တယ်။ထိုအချိန် ဂျင်ဟာ အရင်ကနဲ့မတူ မျက်လုံးတွေက တောက်လောင်နေပြီး ခံစားချက်မဲ့ကာ ဆူယွန်းကို ခြေထောက်ကနေ ဆွဲသွားလိုက်တယ်။
ထိုအရာကိုမြင်တဲ့ဂျောင်ဂုဟာအမျိုးသမီကိုကယ်ရန်ထလိုက်တော့ sugaဟာ ချက်ချင်း လက်ထဲက ဓားနဲ့လည်ပင်းကိုထောက်လိုက်တယ်။
''လုံး၀ပြီးပြည့်စုံတဲ့ အခြေအနေမှာ မင်းကဘာထလုပ်မလို့လဲကောင်လေး''
''Yoongi yarrr''
''အဲ့သောက်ကောင်ရဲ့နာမည်ကိုမခေါ်နဲ့''
ဆိုတော့ ဂျောင်ဂုကြောင်အသွားတယ်။ လည်ပင်းမှာတဖြေးဖြေး စိုက်ဝင်လာတဲ့ ဓားဟာလည်း နာကျင်မှာကိုခံစားလာရတယ်။ ဂျောင်ဂုတစ်ခုသိလိုက်တာက သူ့ဘေးမှာရပ်နေတဲ့ သူက ယွန်ဂီမဟုတ်ဘူးဆိုတာကိုပင်။
တစ်ဖက်ကိုကြည့်လိုက်တော့ ဂျင်ဟာလည်း ထိုအမျိုးသမီးကို တရွတ်တိုက်ဆွဲသွားတယ်။အမျိုးသမီက နာကျင်နေသောကြောင့် တအားအော်နေလေသည်။ ယွန်ဂီ့ကိုလည်းကယ်ဖို့အော်ပြောနေခဲ့တယ်။
''ယွန်ဂီ အမေ့ကိုကယ်ပါဦး သူဘာလုပ်နေတာလဲ''
''အမေ သတိကပ်ထားစမ်းပါ သေချာကြည့်လိုက်ဦး သူကဘယ်သူလဲ ''
ဆူယွန်း သားဖြစ်သူစကားကိုနားမလည်စွာနဲ့ သူ့ကိုတရွတ်ဆွဲခေါ်နေတဲ့ ကောင်လေးကိုကြည့်လိုက်ပေမယ့် သူမသိပေ။ထိုအချိန်ကောင်လေးဟာ ရုတ်တရက်ဒေါသထွက်လာပြီး အမျိုးသမီးအပေါ်တက်ခွကာ လည်ပင်းညှစ်ချလိုက်တယ်။ထို့နောက်ရယ်ဝေဝေ မျက်လုံးတွေနဲ့ ထိန်းချုပ်မှုမဲ့နေတဲ့ စကားတွေက လျံထွက်လာတယ်။
''ခင်များတို့ စမ်းသပ်ချက်အတွက် စတေးလိုက်တဲ့လူတွေအထဲမှာ ကျုပ်အဖေလည်းပါတယ် ဒါကိုခင်များကမေ့နေတာလား မသိချင်ယောင်ဆောင်နေတာလား''
ဂျင်ဟာ လည်ပင်းကိုညှစ်နေတုန်းမှာပဲ တွန့်ဆုတ်လာခဲ့တယ်။
''အဒေါ်တောင်းပန်ပါတယ် သားရယ် အဒေါ်မရည်ရွယ်ပါဘူး..အဲ့နှစ်က ကပ်ရောဂါတစ်ခုဖြစ်နေတယ်ဆိုတာ သားလည်းကြားမြင်ရမှာပါ တစ်ခုခုကိုလိုချင်မှာတော့ တစ်ခုခုကိုစတေးရမှာပေါ့ အဒေါ်လည်းစတေးခဲ့ရတာတွေအများကြီးရယ်ကါ သားရေ''
''အဲ့တော့ ခင်များက နားစည်းချောင်းဆိုးလောက်နဲ့ဆေးရုံကိုရောက်လာတဲ့ အဖေ့ကိုစတေးခဲ့တယ်ဆိုပါတော့ ....ခင်များတို့စောက်စမ်းသပ်ချက်ကြောင့် လူဘယ်လောက်တောင်စတေးခဲ့ကြာတာလဲ''
ထိုသို့ပြောရင်းဂျင်ဟာ မျက်ရည်ကျလာခဲ့တယ်။ နောက်တော့ သူဟာ လည်ပင်းညှစ်လိုက်ရာကနေ လွတ်လိုက်ပြီး လှည့်ထွက်သွားလိုက်တယ်။ထွက်မသွားခင် ပြောဖြစ်အောင်ပြောလိုက်သေးတယ်။
''ခင်များ ဝဋ်လည်ပါစေ ကျွန်တော်ခင်များကိုစောင့်ကြည့်နေမယ် အခုခင်များသားဒီလိုဖြစ်နေတာ ဘယ်သူ့ကြောင့်မှမဟုတ်ဘူးအဲ့တာခင်များကြောင့်ပဲ ပြီးတော့မကြာဘူး ခင်များအတွက် ကျွန်တော်လက်ဆောင်ပြင်ထားသေးတယ် ဒီနေရာကနေ လွတ်သွားရင် တွေ့ရလိမ့်မယ်.....''
ဆိုတော့ ဆူယွန်းဟာကြောင်အသွားတယ် သူ့ကလေးဒီလိုဖြစ်တာ ဟုတ်လား ယွန်ဂီကဘာဖြစ်နေလို့လဲ။သူမ ယွန်ဂီဘက်ကိုလှည့်ကြည့်လိုက်တော့ ယွန်ဂီဟာ သူနဲ့မဆိုင်သလို ခွဲဓားကို ဂျောင်ဂုလည်ပင်းထဲတဖြေးဖြေးစိုက်ထည့်ရင်း ပြုံးနေလိုက်တယ်။
တစ်ဖက်က နမ်ဂျွန်ကလည်း ဆေးမထုတ်ဖို့အရေးတို့အရေးဖြစ်နေတော့ ထိုအခန်းထဲက ဆေးတွေကို ထုတ်ယူနေလိုက်တယ်။ အဲ့လိုလုပ်နေတာက သိသာတဲ့ရလဒ်ရမှမဟုတ်ပေမယ့်။
နမ်ဂျွန်းကို sugaမြင်လိုက်တော့
''မင်းလိုချင်တယ်ဆိုရင် ငါက ကူပေးမှာပေါ့ ''
ဆိုပြီး အခန်းတံခါးတွေအားလုံးကို ဂျတ်ချလိုက်ကာ တခန်းလုံးကို လောင်စာဆီတွေဖြန်းလိုက်လေတော့တယ်။ထို့နောက် မီးခြစ်ကိုစခြစ်လိုက်တော့ အားလုံးက လန့်လာကြတယ်။
''ဘာလုပ်တာလဲ ယွန်ဂီ''
''မင်းသောက်ပါးစပ်ကိုပိတ်ထား အရှေ့ကိုတလှမ်းမှာလှမ်းမလာနဲ့ ငါတောင်ပျောက်ကွယ်တော့မယ့်အခြေအနေမှာ တစ်ယောက်တည်းတော့ အသေမခံနိုင်ဘူး အဖော်ရအောင် မင်းတို့ကိုလည်းခေါ်သွားရမှာပေါ့...''
''သားလေး ဘာပြောနေတာလဲ အခုချက်ချင်းရပ်လိုက်နော် မင်ယွန်ဂီ''
အမေအော်ပြောလိုက်တော့ suga ဟာပြုံးလိုက်ပြီး မီးခြစ်ကိုပစ်လိုက်ကာ
''ဒါဆိုအမေ့ကိုရွေးချယ်ခွင့်ပေးမယ် ကျွန်တော် ဒါမှမဟုတ် ဟန်ဂုကအမေ့နောက်ယောက်ျားနဲ့ရတယ့် ကန်ဆိုးဂျင်း ''
ဆူယွန်းဟာ ကန်ဆိုးဂျင်ဆိုတာနဲ့ကို အလိုလိုလန့်နေပြီဖြစ်တယ်။ ဆိုးဂျင်ဟာ ဆူယွန်းကားမတော်တဆကနေ ထွကါပြေးလာပြီး ဆရာဝန်တစ်ယောက်နဲ့လက်ထပ်ကာရလာတဲ့ကလေးဖြစ်တယ်။ ဆိုးဂျင်ကိုသူမဘယ်လောက်ချစ်လဲဆိုတာ သူမအသိဆုံး.....ဒါဆို မင်ယွန်ဂီကရော....
ကလေးအရမ်းလိုချင်တဲ့ယောက်ျားကို မချစ်တာကြောင့်ရယ် လွတ်လပ်မှုကိုနှစ်ခြိုက်ပြီး အလုပ်ကိုပိုချစ်တဲ့အတွက်ကြောင့် စမ်းသပ်မှုတစ်ခုနဲ့အတူ အငှားကိုယ်ဝန်ဆောင်ခိုင်းကာမွေးထားသောသားဖြစ်တယ်။
''အမေမဖြေနိုင်ဘူး မင်ယွန်းဂီ မင်းကြားလား အမေကငါတို့ကိုမချစ်ဘူးကွ စောက်ကြီးစောက်ကျယ်လုပ်မနေနဲ့.....''
''ယွန်ဂီ မင်းရူးနေပြီလား ''
''ကျွန်တော်မရူးဘူးအမေ ''
ထိုသို့သားအမိနှစ်ယောက်စကားပြောနေတုန်း ဂျောင်ဂုကတော့ ဂျီမင်ကို တွဲကာ တံခါးကို ကြိုးစားဖွင့်နေတယ်။ရုတ်တရက် ဖွင့်လို့ရသွားတော့ တံခါးဖွင့်သံနှင့်အတူ ယွန်ဂီလည်း သူတို့ကိုမြင်သွားလေတယ်။
ယွန်ဂီရုတ်တရက် သူတို့နားကိုလျှောက်လာခဲ့တယ်။ထိုချိန် နမ်ဂျွန်ကလည်းတံခါးအပြင်ကိုရောက်နေပြီဖြစ်တယ်။
ယွန်ဂီဟာ ဂျောင်ဂုကိုတံခါးအပြင်ကို တွန်းထုတ်လိုက်ကာ တံခါးကို ထပ်မံဂျတ်ချလိုက်တော့ ဂျောင်ဂုအံသြသွားတယ်။ သူထင်သလိုမဖြစ်ပါစေနဲ့ ယွန်ဂီပြန်ထွက်လာမှာပါ။
ယွန်ဂီဟာ အမေ့ဘက်ကို လျှောက်လာခဲ့တယ်။ထို့နောက် အမေ့ဘေးမှာထိုင်လိုက်ကာ
''အမေ သူပြောတာတကယ်လား....''
''ယွန်ဂီလား....သားလေးရယ်''
''အမေ သူပြောတာမဟုတ်ဘူးမလား သားကိုအမေချစ်တယ်မလား သားကိုထားခဲ့တာမဟုတ်ဘူးမလား''
ထိုသို့ပြောလာတော့ အမေက အားနာစိတ်ကြည့်လာတယ်။ အမေသိလားအမေအဲ့လိုကြည့်လိုက်တိုင်း ကျွန်တော့်ရင်ထဲကနေ အဲ့ကောင်က ထွက်လာတတ်တယ်။ အဲ့ကောင်က ထွက်လာတိုင်း အဲ့ကောင်ကို ကျွန်တော် မထိန်းချုပ်နိုင်ဘူး အခုလည်းအတူတူပဲ ထပ်ပြီး ကျွန်တော်မထိန်းချုပ်နိုင်ဘူး။
ချက်ချင်းဆိုသလို ယွန်ဂီအဖြစ်ကနေ စိမ်းလဲ့သော မျက်ဝန်းပ်ိုင်ရှင်ဟာ အပြုံးတစ်ခုနဲ့နိုးထလာတယ်။
''ဘယ်လိုလဲ အမေ ယွန်ဂီနဲ့စကားပြောရတာ အဆင်ပြေလား ''
''သား ဘာဖြစ်နေတာလဲ မင်ယွန်ဂီ သတိကပ်ထားစမ်းပါ''
''အမေ ကျွန်တော် ဘာဖြစ်ချင်လဲဆိုတာ သိလား တခြားသူတွေနဲ့ယှဉ်ရင် အမေရွေးချယ်တဲ့သူက ကျွန်တော်ပဲဖြစ်စေချင်တယ် မွေးနေ့တိုင်း မှောင်မဲနေတဲ့ ကျွန်တော့်အခန်းကိုမြင်စေချင်တယ် မိုးရွာတိုင်းထီးအဝါလေးနဲ့လာကြိုတဲ့ကျွန်တော့်ကို ဖက်ထားစေချင်တယ် မိသားစုဆုံဆုံလင်လင်နဲ့ ခရီးတွေထွက်ချင်တယ် ယွန်ဂီကအမေ့ကိုခွင့်လွတ်တဲ့သူဖြစ်ပြီး ကျွန်တော်ကယွန်ဂီ့ရဲ့အမေ့အပေါ်မုန်းတဲ့မသိစိတ်ကြောင့်ဖြစ်လာတဲ့ စိတ်တစ်ခုပဲဖြစ်တယ် အမေ ကျေးဇူးပြုပြီး တစ်ခါလောက်ကျွန်တော့်ကိုရွေးချယ်ပေးလို့ရမလား ကျွန်တော်နဲ့ယွန်ဂီ့ဘက်ကိုကြည့်ပေးလို့ရမလား.... ''
ဆိုရင်း အမေ့ကိုsugaဟာ ဖက်ထားလိုက်တယ်။ နွေးထွေးသော အမေ့ရင်ခွင်က ကျွန်တော်ပျောက်ကွယ်သွားလည်း အဆင်ပြေတယ်လို့ ပြောနေသယောင်။ ဆူယွန်းထိိုသို့သောအခြေအနေမှာ ကြမ်းပြင်က ဓားတစ်ခုကို လှမ်းယူနေလေသည်။ထို့နောက် သူ့အပေါ်ကနေ ဖက်တွယ်ထားသောယွန်ဂီရဲ့ ဝမ်းဗိုက်ကို ထိုးထည့်လိုက်တယ်။
အ
သွေးတွေ လျံထွက်နေသော ဝမ်းဗိုက်တစ်နေရာကို လက်နဲ့ဖိနေရင်း ထွက်ပြေးသွားသော အမေ့ကျောပြင်ကို ကြည့်နေလိုက်တယ်။တစ်ခါလောက်ပဲ အမေ တစ်ခါလောက်ပဲ ကျွန်တော်နဲ့အတူနေပေးလို့မရဘူးလား ။
အမေ တံခါးကနေ ထွက်ပြေးသွားတာနဲ့ sugaဟာ လက်ထဲက မီးခြစ်ကို ခြစ်လိုက်ပြီး လောင်စာဆီလောင်းထားတဲ့ နေရာကို ပစ်လိုက်တယ်။ ထိုအချိန်မှာပဲ မီးဟာ ဟုန်ဟုန်တောက်လောင်လာတယ်။
ဂျောင်ဂုဟာ တံခါးကို အမြန်ဖွင့်သော်လည်းမရပေ။ အထဲကနေ ဂျတ်ချထားတာကြောင့်ပင်။ တစ်ဖက်ကိုကြည့်လိုက်တော့ အမျိုးသမီးထွက်လာတဲ့ တံခါး ပွင့်နေတာကိုမြင်လိုက်ရတော့ ထိုကနေ ဝင်ရန်ဆုံးဖြတ်လိုက်တယ်။ သို့သော် သူ့နောက်ကနေ တစ်ယောက်ယောက်က ဆွဲထားလေသည်။
''ဂျောင်ဂု ဘာလုပ်တာလဲ မီးတွေမမြင်ဘူးလား''
''ငါ့ကိုလွတ်စမ်း ဂျီမင် အထဲမှာ ယွန်ဂီရှိတယ်''
''အစ်ကိုရှိနေတာလား.....''
''တောက်စ် ''
ဂျောင်ဂုက ဂျီမင်ရဲ့လက်ကို ဖြုတ်ချလိုက်ကာ အထဲကိုဝင်ရန်ပြင်လိုက်တော့ အထဲက မီးဟာ အပြင်ကိုပေါက်ကွဲထွက်လာသည်။ ဂျောင်ဂုရဲ့စိတ်ပူနှုန်းက ဒီဂရီနဲ့ကိုမြင့်နေလေပြီ။
''ယွန်ဂီ မင်ယွန်ဂီ !!!!!!!!!''
ဂျောင်ဂု အားကုန်အောင်အော်နေသော်လည်းအထဲက ပြန်ဖြေသံမကြားရပေ။ ထို့ကြောင့် သူလည်းမီးထဲကို ဝင်သွားလေတယ်။
မီးဟာတဖြေးဖြေး လောင်ကျွမ်းလာပြီးတဲ့နောက်မှာ ရုတ်တရက်ပေါက်ကွဲမှုတွေဖြစ်လာခဲ့တယ်။ ဂျီမင်ကတော့ အမျိုးသမီးကို ဆွဲထူကာ အောက်ထပ်ကိုဆင်းသွားခဲ့တယ်။
အောက်ထပ်ကိုဂျီမင်ရောက်တော့ အမျိုးသမီးမြေကြီးမှာပစ်ချလိုက်ကာ မီးသတ်ကားခေါ်လေသည်။ထို့နောက်သူ့ရှေ့ကလောင်သထပ်လောင်နေတဲ့ အခန်းကိုကြည့်ရင်းသက်ပြင်းချလိုက်တယ်။
ငါဂျောင်ဂုကိုတားခဲ့သင့်လား....ငါလွတ်လိုက်တာမှားသွားလား......
ဂျောင်ဂုပြောတယ် အစ်ကိုကအထဲမှာတဲ့ ...ငါသာဆိုရင်ရောဂျောင်ဂုကို အစ်ကို့ကိုကယ်ဖို့မီးထဲဝင်ရဲပါ့မလား ဟင့်အင်း ငါမဝင်ရဲဘူး အဲ့တော့ ငါ့အထင် ငါအစ်ကို့ကို လုံလောက်အောင်မချစ်သေးဘူး......ဟက် မင်းမချစ်တတ်သေးပါလား ဂျီမင်
ဆိုကာ သက်ပြင်းရှည်ကြီးချကာလောင်နေတဲ့အခန်းကိုကြည့်နေမြဲ။
~~~~~~~~~~~~~~~~~~
(နောက်တစ်ပိုင်းဆို သိမ်းပါပြီ se or he
love you all ပါ)