Unicode
"မောင်...ညနေကျ အကို့မွေးနေ့ပွဲ ရှိတယ် လာခဲ့မယ်မလား "
ပျောက်တော်မူနေသော ဘုန်းမြင့်မြတ်က ရုတ်တရတ်ဆိုသလို ဆေးရုံကို ရောက်ချလာကာ မွေးနေ့ပွဲကို အပိုင်ချုပ်သည့် စကားဖြင့် ဖိတ်နေသဖြင့် မောင် ဘာဆက်ပြောရမှန်းတောင် မသိတော့ ။
"ဟို ဆရာဝန်ကိုလည်း ခေါ်ခဲ့လို့ ရပါတယ် "
လောင်းရိပ်ကို ပြောနေခြင်း ဖြစ်သော်လည်း.ဘုန်းမြင့်မြတ်၏ အသံက ကြည်ကြည်ဖြူဖြူတော့ မရှိသေးပေ ။
"ဟုတ်ကဲ့...ဦးရိပ် အားတယ်ဆိုရင် လာခဲ့ပါ့မယ် "
"ဟုတ်ပြီ.... ဒါဆို အကိုသွားတော့မယ်နော် "
"ဟုတ်ကဲ့ "
မောင်တို့ ရုံးခန်းအဝတွင် ရပ်နေသော ဘုန်းမြင့်မြတ်အား ဆေးရုံ၏ ပေါ်တီကို အောက်တွင် ရပ်ကြည့်နေသူက လောင်းရိပ် ။
ရုံးခန်းဘက်ကို ကျောခိုင်းကာ လာနေသော ဘုန်းမြင့်မြတ်က လောင်းရိပ်ကို မြင်သွားကာ လောင်းရိပ်ဆီသို့ ခြေလှမ်းများ.ဦးတည်၍ လျှောက်လာသည် ။
လောင်းရိပ်ကို မျက်တောင် မခတ်ဘဲ စေ့စေ့ကြည့်နေသလို လောင်းရိပ်ကလည်း အကြည့်လုံးဝမခွာ။
နှစ်ယောက်လုံးဆီမှ အကြည့်စူးစူးရှရှတို့က အေးစက်စက် ။
"ဘာကြည့်နေတာလဲ ခင်ဗျားက "
"မင်းကြည့်လို့ ကြည့်နေတာလေ "
အပြောချိုချိုလေးဖြင့် စတင်နှုတ်ဆက်ကြသည်အထိ ခင်မင်ကြခြင်းပါလေ ။
"ထားပါ....မေ ပြန်ရောက်ပြီလို့ ကြားတယ် "
"ဟုတ်တယ် ရောက်ပြီ "
"ခင်ဗျား မေ့ဆီ ပြန်သွားလို့ကတော့ ကျုပ်အလွတ်ပေးမှာ မဟုတ်ဘူးနော် ၊ မောင် နာကျင်နေတာ ထပ်မြင်ရရင် ခင်ဗျား အသက် အာမသာခံထား "
"မောင်က ငါ့အမျိုးသားပါ ၊ ငါ ဘယ်တော့မှ ထားသွားမှာမဟုတ်ဘူး "
"ထားရဲထားကြည့်လေ "
"နေပါဦး ငါက မင်းစကားပြောတာကို ဘာလို့ နားထောင်နေရမှာလဲ "
" နားပိတ်ထားပေါ့ "
ဖြေလိုက်သည့် လေသံက လူလိုပဲ အချိုးကို မပြေလှပါ ။
"မောင့်ဆီ ဘာလာလုပ်တာလဲ "
"ကျုပ်မွေးနေ့ပွဲ လာဖိတ်တာ ခင်ဗျားပါ.လာချင်လာခဲ့လေ မောင့်မျက်နှာကြောင့် ခင်ဗျားကို.လက်ခံလိုက််မယ် ၊ မောင်ကြောင့်နော် မောင်စိတ်ချမ်းသာတာ.မြင်ချင်လို့ ခင်ဗျားလိုက်ခွင့်ရတာ "
" မောင့်ဆီ ရောက်နေတဲ့ မင်းစိတ်တွေ ပြင်ရင်ကောင်းမယ်နော် "
"အဲ့တာ ကျုပ်အပိုင်းပါ ခင်ဗျား စိတ်ပူစရာမလိုဘူး ၊ မောင် ခင်ဗျားဆီမှာ ပျော်နေသ၍ မောင့်ကို လုံးဝ မထိဘူး "
"မောင်က အမြဲပျော်ရမှာမို့ မင်း အစောကြီးကတည်းက လက်လျှော့လိုက်"
"သိတယ် "
ခပ်ပြတ်ပြတ် ဘုကျကျ ဖြေရပေမယ့် ရင်ဘတ်ထဲတော့ နာတာပေါ့.။ တုံ့ပြန်မှု မရှိတဲ့ ချစ်ခြင်းကိုပဲ စွဲလမ်းနေမိခဲ့တာကိုး ။
"သိတာ ကောင်းတယ် "
"သွားပြီ "
"သွား"
ရန်မဖြစ်ရုံ တမယ်စကားများဖြင့် စကားပြောခြင်း အစီအစဥ်က ပြီးဆုံးခဲ့ပါသည် ။
ဆေးရုံ ကားပါကင်နား ရပ်ထားသော ဆိုင်ကယ်ကို တရကြမ်းစီးသွားသော ဘုန်းမြင့်မြတ်ကို လောင်းရိပ် အမြင်မကြည်သေးသော အကြည့်ဖြင့် ကြည့်နေဆဲ ။
"ကလေးတွေ ရန်ဖြစ်နေတယ် မှတ်နေတာ "
ဘယ်ကမှန်းမသိ ပေါ်လာသော မြင့်မိုရ်က ပြုံးစိစိဖြင့် ပြောလေတော့ လောင်းရိပ်၏ စိတ်တိုနေသို့ အကြည့်က မြင့်မိုရ်ဆီသို့ ဒိုင်းကနဲ ။
"ငါက နေ့လည်စာ စားဖို့လာခေါ်တာ ၊ အဲ့အကြည့်ကြီး ပြင်လိုက် "
"မဆာဘူး မစားဘူး "
"ဟော....မင်း ရန်ဖြစ်နေတာက ဘုန်းမြင့်မြတ်နော် ငါမဟုတ်ဘူး ၊ ငါ့ပါ ရန်လာမတွေ့နဲ့ "
"မင်း အရင်စားနှင့် ၊ ငါ မောင့်ဆီ သွားလိုက်ဦးမယ် "
"သဘောပါဗျာ "
......
"ဪ ဦးရိပ် "
မောင်တို့ ရုံးခန်းတံခါးကို နှစ်ချက်လောက် ခေါက်လိုက်ပြီး အထဲသို့ ဝင်လာသော လောင်းရိပ်ကို ကြည့်ကာ မောင် နှုတ်ဆက်လိုက်ခြင်းပါလေ ။
"ထမင်း မစားသေးဘူးလား "
မောင်ထိုင်နေသည့် ခုံနားသို့ ဘေးနားရှိ ခုံအား.ဆွဲယူလျက် မောင့်အနားကို နီးကပ်စွာ.ထိုင်လိုက်သည် ။ ထို့နောက် မောင့်ပုခုံးပေါ်ကို မေးစေ့လေးအား အသာတင်ထားလိုက်တော့ မောင်၏ ပင့်သက်ရှိုက်သံလေးကို ကြားဖြစ်အောင် ကြားလိုက်ပါသေး၏ ။
သော်တာကတော့ ယောင်လည်လည်ဖြင့် အနားမှ ထသွားလေသည် ။
"စားတော့မှာပါ "
မောင်က လောင်းရိပ်ကို လိုတာထက် ပိုမပြောတော့တာ.ကြာပြီဖြစ်သည် ။ အကြည့်ချင်း ဆုံတောင် အမြဲလွှဲသွားတတ်သည်။
လောင်းရိပ်ကို တွန်းထုတ်နေတာ ။ လောင်းရိပ်ပြောခဲ့တဲ့ စကားတွေကိုလည်း အိပ်ေပျာ်သွားတာကြောင့် မကြားနိုင်ခဲ့ ။
ကံကြမ္မာက လောင်းရိပ်ကို မျက်နှာသာ မပေးတာလား မောင့်ကို ရက်စက်နေတာလား ဟု မေးလိုက်ချင်တော့သည် ။
မောင်က စာရွက်များကို ကြည့်နေရင်းပင် မတိုးမကျယ်သော အသံလေးဖြင့်
"ဦးရိပ်... "
"ဗျ...."
"ခုဏက အစ်ကို ဘုန်းမြင့်မြတ် လာသွားသေးတယ် "
"အင်း "
"သူ့မွေးနေ့ကို လာဖိတ်တာ ဟိုဘက်စားပွဲပေါ်မှာ ဖိတ်စာရှိတယ် "
"မောင် ဖတ်ပြီးရင် ကိုယ်မဖတ်တော့ဘူးလေ "
"သူက ဦးရိပ်ကိုလည်း လာခဲ့ပါတဲ့ ၊ ဦးရိပ် သွားမှာလား "
"မောင်က သွားချင်လား "
"မောင်အရင် မေးတာလေ "
"ကိုယ်ကတော့ မသွားချင်ဘူး ဒါပေမယ့် မောင်.သွားချင်ရင် ကိုယ်ပါ လိုက်မှာပေါ့ "
"ဒါဆို မောင်လည်း မသွားတော့ဘူး "
"ကိုယ့်ကို အလိုမလိုက်ပါနဲ့ မောင့်ကိုယ်မောင်လည်း အလိုလိုက်ပါဦး "
"မောင်လည်း မသွားချင်လို့ပါ ၊ သူ့သူငယ်ချင်းတွေက သောက်ကြစားကြမှာလေ ၊ နည်းနည်း.ဗရုတ်ကျလို့ သူတို့ကြားထဲ မောင် မနေတတ်ဘူး "
"ကောင်းပါပြီဗျာ...ခုတော့...ထမင်း စားချည်ရအောင် "
"ဟုတ်ကဲ့ "
လောင်းရိပ်က အရင် ထလိုက်ပြီး မောင့်ကို လက်ကမ်းပေးလိုက်တော့ လက်သေးသေးလေးက လောင်းရိပ်၏ လက်ဝါးပြင်ပေါ်သို့ တဖြေးဖြေးရွေ့လာသည် ။ ထိတော့ မထိသေး ။
"ဗိုက်ဆာပြီ သွားရအောင် "
ကမ်းလာတော့မည့် လက်ကို ပြန်ရုတ်လိုက်ပြီး မောင်က အပြင်သို့ အရင် ထွက်သွားလေသည် ။
ရုံးခန်း၏ တံခါးဝသို့ ရောက်ခါနီး အနောက်ဘက်ဆီမှ လောင်းရိပ်၏ ဆွဲဖက်ခြင်းကို ခံလိုက်ရေလသည် ။ လောင်းရိပ်၏ ရင်ခွင်က နွေးထွေးနေဆဲ ။
"ကိုယ့်ကို လျစ်လျူမရှုပါနဲ့ ၊ ကိုယ့်စိတ်ကို မြင်ပါတော့ မောင်ရယ်..."
"မောင်က မေရဲ့ အစားထိုးခံတစ်ယောက်ပဲလေ ၊ မောင့်ကို အားမနာပါနဲ့ဆို ၊ ဦးရိပ်နဲ့တော့ ခက်ပါတယ် "
စကားကို ပေါ့ပေါ့ပါးပါး ဖြစ်အောင် ပြုံးရယ်ကာ ပြောလိုက်ပေမယ့် ရင်ထဲ နာကျင်မှုက သိပ်သည်းလာ၍ ထင်ပါသည် မျက်ရည်များ ဝေ့ဝဲလာသလို အနားသတ်လိုက်သည့် မောင့် စကားတို့က တုန်ယင်လျက်... ။
"မဟုတ်ပါဘူး ၊ အစားထိုးရတာ မဟုတ်ရပါဘူးကွာ "
"ဘာလို့လဲ မသိဘူး ဦးရိပ်ရယ် မောင့်အတွက်တော့ ယုံဖို့ ခက်ခဲနေတယ်..... "
ချစ်ခြင်းမေတ္တာကို အပြည့်အဝ မခံစားရတဲ့ မောင့်အဖို့ ခက်ခဲနေဦးမှာပါ ။ မောင်ခံစားခဲ့ရတဲ့ ဥပက္ခာတွေက ဆယ်စုနှစ် ၂ခု နီးပါးပဲလေ ။
အခုချိန်မှ ဥပက္ခာပြုခံရထားတဲ့ လးတစ်ယောက်ဆီက ချစ်ခြင်းမေတ္တာကို ယုံကြည့်နိုင်ဖို့ ခက်ခဲနေသေးမှာပါပဲ ။
>>>>>>>>
အချပ်ပို.....
"ဦးရိပ်..."
"ဗျ...."
"မောင်က ဦးရိပ်ဆိုပြီး နူးနူးညံ့ညံ့ ခေါ်လိုက်တာကို ဗျ ဆိုပြီး နွေးနွေးထွေးထွေး ပြန်ထူးလိုက်တဲ့ ဦးရိပ်ရဲ့ အသံကို မောင်သိပ်သဘောကျတာပဲ "
"ကြည့်စမ်း... ဒီကလေးလေး လျှိုထားတာတွေ ထုတ်ပြနေပြီ "
မျက်ဝန်းတောက်တောက်လေးနှင့် ပါးချိုင့်လေး တစ်ဖက်ပါ နစ်ဝင်နေအောင် ပြုံးပြနေတဲ့ မောင်က ခုထိ လောင်းရိပ်ရဲ့ အိမ်မက်ထဲမှာသာ ရှိနေသေးတာပဲ ။ အပြင်မှာပါ ပြုံးပျော်နေရင် ကောင်းမှာပဲ မောင်ရယ်....
Zawgyi
"ေမာင္...ညေနက် အကို႔ေမြးေန႕ပြဲ ရွိတယ္ လာခဲ့မယ္မလား "
ေပ်ာက္ေတာ္မူေနေသာ ဘုန္းျမင့္ျမတ္က ႐ုတ္တရတ္ဆိုသလို ေဆး႐ုံကို ေရာက္ခ်လာကာ ေမြးေန႕ပြဲကို အပိုင္ခ်ဳပ္သည့္ စကားျဖင့္ ဖိတ္ေနသျဖင့္ ေမာင္ ဘာဆက္ေျပာရမွန္းေတာင္ မသိေတာ့ ။
"ဟို ဆရာဝန္ကိုလည္း ေခၚခဲ့လို႔ ရပါတယ္ "
ေလာင္းရိပ္ကို ေျပာေနျခင္း ျဖစ္ေသာ္လည္း.ဘုန္းျမင့္ျမတ္၏ အသံက ၾကည္ၾကည္ျဖဴျဖဴေတာ့ မရွိေသးေပ ။
"ဟုတ္ကဲ့...ဦးရိပ္ အားတယ္ဆိုရင္ လာခဲ့ပါ့မယ္ "
"ဟုတ္ၿပီ.... ဒါဆို အကိုသြားေတာ့မယ္ေနာ္ "
"ဟုတ္ကဲ့ "
ေမာင္တို႔ ႐ုံးခန္းအဝတြင္ ရပ္ေနေသာ ဘုန္းျမင့္ျမတ္အား ေဆး႐ုံ၏ ေပၚတီကို ေအာက္တြင္ ရပ္ၾကည့္ေနသူက ေလာင္းရိပ္ ။
႐ုံးခန္းဘက္ကို ေက်ာခိုင္းကာ လာေနေသာ ဘုန္းျမင့္ျမတ္က ေလာင္းရိပ္ကို ျမင္သြားကာ ေလာင္းရိပ္ဆီသို႔ ေျခလွမ္းမ်ား.ဦးတည္၍ ေလွ်ာက္လာသည္ ။
ေလာင္းရိပ္ကို မ်က္ေတာင္ မခတ္ဘဲ ေစ့ေစ့ၾကည့္ေနသလို ေလာင္းရိပ္ကလည္း အၾကည့္လုံးဝမခြာ။
ႏွစ္ေယာက္လုံးဆီမွ အၾကည့္စူးစူးရွရွတို႔က ေအးစက္စက္ ။
"ဘာၾကည့္ေနတာလဲ ခင္ဗ်ားက "
"မင္းၾကည့္လို႔ ၾကည့္ေနတာေလ "
အေျပာခ်ိဳခ်ိဳေလးျဖင့္ စတင္ႏႈတ္ဆက္ၾကသည္အထိ ခင္မင္ၾကျခင္းပါေလ ။
"ထားပါ....ေမ ျပန္ေရာက္ၿပီလို႔ ၾကားတယ္ "
"ဟုတ္တယ္ ေရာက္ၿပီ "
"ခင္ဗ်ား ေမ့ဆီ ျပန္သြားလို႔ကေတာ့ က်ဳပ္အလြတ္ေပးမွာ မဟုတ္ဘူးေနာ္ ၊ ေမာင္ နာက်င္ေနတာ ထပ္ျမင္ရရင္ ခင္ဗ်ား အသက္ အာမသာခံထား "
"ေမာင္က ငါ့အမ်ိဳးသားပါ ၊ ငါ ဘယ္ေတာ့မွ ထားသြားမွာမဟုတ္ဘူး "
"ထားရဲထားၾကည့္ေလ "
"ေနပါဦး ငါက မင္းစကားေျပာတာကို ဘာလို႔ နားေထာင္ေနရမွာလဲ "
" နားပိတ္ထားေပါ့ "
ေျဖလိုက္သည့္ ေလသံက လူလိုပဲ အခ်ိဳးကို မေျပလွပါ ။
"ေမာင့္ဆီ ဘာလာလုပ္တာလဲ "
"က်ဳပ္ေမြးေန႕ပြဲ လာဖိတ္တာ ခင္ဗ်ားပါ.လာခ်င္လာခဲ့ေလ ေမာင့္မ်က္ႏွာေၾကာင့္ ခင္ဗ်ားကို.လက္ခံလိုက္္မယ္ ၊ ေမာင္ေၾကာင့္ေနာ္ ေမာင္စိတ္ခ်မ္းသာတာ.ျမင္ခ်င္လို႔ ခင္ဗ်ားလိုက္ခြင့္ရတာ "
" ေမာင့္ဆီ ေရာက္ေနတဲ့ မင္းစိတ္ေတြ ျပင္ရင္ေကာင္းမယ္ေနာ္ "
"အဲ့တာ က်ဳပ္အပိုင္းပါ ခင္ဗ်ား စိတ္ပူစရာမလိုဘူး ၊ ေမာင္ ခင္ဗ်ားဆီမွာ ေပ်ာ္ေနသ၍ ေမာင့္ကို လုံးဝ မထိဘူး "
"ေမာင္က အၿမဲေပ်ာ္ရမွာမို႔ မင္း အေစာႀကီးကတည္းက လက္ေလွ်ာ့လိုက္"
"သိတယ္ "
ခပ္ျပတ္ျပတ္ ဘုက်က် ေျဖရေပမယ့္ ရင္ဘတ္ထဲေတာ့ နာတာေပါ့.။ တုံ႕ျပန္မႈ မရွိတဲ့ ခ်စ္ျခင္းကိုပဲ စြဲလမ္းေနမိခဲ့တာကိုး ။
"သိတာ ေကာင္းတယ္ "
"သြားၿပီ "
"သြား"
ရန္မျဖစ္႐ုံ တမယ္စကားမ်ားျဖင့္ စကားေျပာျခင္း အစီအစဥ္က ၿပီးဆုံးခဲ့ပါသည္ ။
ေဆး႐ုံ ကားပါကင္နား ရပ္ထားေသာ ဆိုင္ကယ္ကို တရၾကမ္းစီးသြားေသာ ဘုန္းျမင့္ျမတ္ကို ေလာင္းရိပ္ အျမင္မၾကည္ေသးေသာ အၾကည့္ျဖင့္ ၾကည့္ေနဆဲ ။
"ကေလးေတြ ရန္ျဖစ္ေနတယ္ မွတ္ေနတာ "
ဘယ္ကမွန္းမသိ ေပၚလာေသာ ျမင့္မိုရ္က ၿပဳံးစိစိျဖင့္ ေျပာေလေတာ့ ေလာင္းရိပ္၏ စိတ္တိုေနသို႔ အၾကည့္က ျမင့္မိုရ္ဆီသို႔ ဒိုင္းကနဲ ။
"ငါက ေန႕လည္စာ စားဖို႔လာေခၚတာ ၊ အဲ့အၾကည့္ႀကီး ျပင္လိုက္ "
"မဆာဘူး မစားဘူး "
"ေဟာ....မင္း ရန္ျဖစ္ေနတာက ဘုန္းျမင့္ျမတ္ေနာ္ ငါမဟုတ္ဘူး ၊ ငါ့ပါ ရန္လာမေတြ႕နဲ႕ "
"မင္း အရင္စားႏွင့္ ၊ ငါ ေမာင့္ဆီ သြားလိုက္ဦးမယ္ "
"သေဘာပါဗ်ာ "
......
"ဪ ဦးရိပ္ "
ေမာင္တို႔ ႐ုံးခန္းတံခါးကို ႏွစ္ခ်က္ေလာက္ ေခါက္လိုက္ၿပီး အထဲသို႔ ဝင္လာေသာ ေလာင္းရိပ္ကို ၾကည့္ကာ ေမာင္ ႏႈတ္ဆက္လိုက္ျခင္းပါေလ ။
"ထမင္း မစားေသးဘူးလား "
ေမာင္ထိုင္ေနသည့္ ခုံနားသို႔ ေဘးနားရွိ ခုံအား.ဆြဲယူလ်က္ ေမာင့္အနားကို နီးကပ္စြာ.ထိုင္လိုက္သည္ ။ ထို႔ေနာက္ ေမာင့္ပုခုံးေပၚကို ေမးေစ့ေလးအား အသာတင္ထားလိုက္ေတာ့ ေမာင္၏ ပင့္သက္ရွိုက္သံေလးကို ၾကားျဖစ္ေအာင္ ၾကားလိုက္ပါေသး၏ ။
ေသာ္တာကေတာ့ ေယာင္လည္လည္ျဖင့္ အနားမွ ထသြားေလသည္ ။
"စားေတာ့မွာပါ "
ေမာင္က ေလာင္းရိပ္ကို လိုတာထက္ ပိုမေျပာေတာ့တာ.ၾကာၿပီျဖစ္သည္ ။ အၾကည့္ခ်င္း ဆုံေတာင္ အၿမဲလႊဲသြားတတ္သည္။
ေလာင္းရိပ္ကို တြန္းထုတ္ေနတာ ။ ေလာင္းရိပ္ေျပာခဲ့တဲ့ စကားေတြကိုလည္း အိပ္ေပ်ာ္သြားတာေၾကာင့္ မၾကားနိုင္ခဲ့ ။
ကံၾကမၼာက ေလာင္းရိပ္ကို မ်က္ႏွာသာ မေပးတာလား ေမာင့္ကို ရက္စက္ေနတာလား ဟု ေမးလိုက္ခ်င္ေတာ့သည္ ။
ေမာင္က စာ႐ြက္မ်ားကို ၾကည့္ေနရင္းပင္ မတိုးမက်ယ္ေသာ အသံေလးျဖင့္
"ဦးရိပ္... "
"ဗ်...."
"ခုဏက အစ္ကို ဘုန္းျမင့္ျမတ္ လာသြားေသးတယ္ "
"အင္း "
"သူ႕ေမြးေန႕ကို လာဖိတ္တာ ဟိုဘက္စားပြဲေပၚမွာ ဖိတ္စာရွိတယ္ "
"ေမာင္ ဖတ္ၿပီးရင္ ကိုယ္မဖတ္ေတာ့ဘူးေလ "
"သူက ဦးရိပ္ကိုလည္း လာခဲ့ပါတဲ့ ၊ ဦးရိပ္ သြားမွာလား "
"ေမာင္က သြားခ်င္လား "
"ေမာင္အရင္ ေမးတာေလ "
"ကိုယ္ကေတာ့ မသြားခ်င္ဘူး ဒါေပမယ့္ ေမာင္.သြားခ်င္ရင္ ကိုယ္ပါ လိုက္မွာေပါ့ "
"ဒါဆို ေမာင္လည္း မသြားေတာ့ဘူး "
"ကိုယ့္ကို အလိုမလိုက္ပါနဲ႕ ေမာင့္ကိုယ္ေမာင္လည္း အလိုလိုက္ပါဦး "
"ေမာင္လည္း မသြားခ်င္လို႔ပါ ၊ သူ႕သူငယ္ခ်င္းေတြက ေသာက္ၾကစားၾကမွာေလ ၊ နည္းနည္း.ဗ႐ုတ္က်လိဳ႕ သူတို႔ၾကားထဲ ေမာင္ မေနတတ္ဘူး "
"ေကာင္းပါၿပီဗ်ာ...ခုေတာ့...ထမင္း စားခ်ည္ရေအာင္ "
"ဟုတ္ကဲ့ "
ေလာင္းရိပ္က အရင္ ထလိုက္ၿပီး ေမာင့္ကို လက္ကမ္းေပးလိုက္ေတာ့ လက္ေသးေသးေလးက ေလာင္းရိပ္၏ လက္ဝါးျပင္ေပၚသို႔ တေျဖးေျဖးေ႐ြ႕လာသည္ ။ ထိေတာ့ မထိေသး ။
"ဗိုက္ဆာၿပီ သြားရေအာင္ "
ကမ္းလာေတာ့မည့္ လက္ကို ျပန္႐ုတ္လိုက္ၿပီး ေမာင္က အျပင္သို႔ အရင္ ထြက္သြားေလသည္ ။
႐ုံးခန္း၏ တံခါးဝသို႔ ေရာက္ခါနီး အေနာက္ဘက္ဆီမွ ေလာင္းရိပ္၏ ဆြဲဖက္ျခင္းကို ခံလိုက္ရေလသည္ ။ ေလာင္းရိပ္၏ ရင္ခြင္က ႏြေးေထြးေနဆဲ ။
"ကိုယ့္ကို လ်စ္လ်ဴမရႈပါနဲ႕ ၊ ကိုယ့္စိတ္ကို ျမင္ပါေတာ့ ေမာင္ရယ္..."
"ေမာင္က ေမရဲ႕ အစားထိုးခံတစ္ေယာက္ပဲေလ ၊ ေမာင့္ကို အားမနာပါနဲ႕ဆို ၊ ဦးရိပ္နဲ႕ေတာ့ ခက္ပါတယ္ "
စကားကို ေပါ့ေပါ့ပါးပါး ျဖစ္ေအာင္ ၿပဳံးရယ္ကာ ေျပာလိုက္ေပမယ့္ ရင္ထဲ နာက်င္မႈက သိပ္သည္းလာ၍ ထင္ပါသည္ မ်က္ရည္မ်ား ေဝ့ဝဲလာသလို အနားသတ္လိုက္သည့္ ေမာင့္ စကားတို႔က တုန္ယင္လ်က္... ။
"မဟုတ္ပါဘူး ၊ အစားထိုးရတာ မဟုတ္ရပါဘူးကြာ "
"ဘာလို႔လဲ မသိဘူး ဦးရိပ္ရယ္ ေမာင့္အတြက္ေတာ့ ယုံဖို႔ ခက္ခဲေနတယ္..... "
ခ်စ္ျခင္းေမတၱာကို အျပည့္အဝ မခံစားရတဲ့ ေမာင့္အဖို႔ ခက္ခဲေနဦးမွာပါ ။ ေမာင္ခံစားခဲ့ရတဲ့ ဥပကၡာေတြက ဆယ္စုႏွစ္ ၂ခု နီးပါးပဲေလ ။
အခုခ်ိန္မွ ဥပကၡာျပဳခံရထားတဲ့ လးတစ္ေယာက္ဆီက ခ်စ္ျခင္းေမတၱာကို ယုံၾကည့္နိုင္ဖို႔ ခက္ခဲေနေသးမွာပါပဲ ။
>>>>>>>>
အခ်ပ္ပို.....
"ဦးရိပ္..."
"ဗ်...."
"ေမာင္က ဦးရိပ္ဆိုၿပီး ႏူးႏူးညံ့ညံ့ ေခၚလိုက္တာကို ဗ် ဆိုၿပီး ႏြေးႏြေးေထြးေထြး ျပန္ထူးလိုက္တဲ့ ဦးရိပ္ရဲ႕ အသံကို ေမာင္သိပ္သေဘာက်တာပဲ "
"ၾကည့္စမ္း... ဒီကေလးေလး လွ်ိုထားတာေတြ ထုတ္ျပေနၿပီ "
မ်က္ဝန္းေတာက္ေတာက္ေလးႏွင့္ ပါးခ်ိဳင့္ေလး တစ္ဖက္ပါ နစ္ဝင္ေနေအာင္ ၿပဳံးျပေနတဲ့ ေမာင္က ခုထိ ေလာင္းရိပ္ရဲ႕ အိမ္မက္ထဲမွာသာ ရွိေနေသးတာပဲ ။ အျပင္မွာပါ ၿပဳံးေပ်ာ္ေနရင္ ေကာင္းမွာပဲ ေမာင္ရယ္....