XL (Completed)

By okipuy

1.3M 105K 2.6K

OC (Omegaverse~Mpreg) NeGabarNett x EainMattWine 3rdOctober,2021 - 12thSeptember,2022 More

-1-
-2-
-3-
-4-
-5-
-6-
-7-
-9-
-10-
-11-
-12-
-13-
-14-
-15-
-16-
-17-
-18-
-19-
-20-
-21-
-22-
-23-
-24-
-25-
-26-
-27-
-28-
-29-
-30-
-31-
-32-
-33-
-34-
-35-
-36-
-37-
-38-
-39-
-40-
-41-
-42-
-43-
-44-
-45-
Final (Xtra Love)
Character Profile
Hello!

-8-

24.9K 2.2K 11
By okipuy

Unicode


ဘဝအစိတ်အပိုင်းတစ်ခုမှာသူငယ်ချင်းတစ်ယောက်တိုးလာတာကြီးကြီးကျယ်ကျယ်ပျော်ရွှင်ဖို့လိုသလား?

အင်း .. ။

အိပ်မက်ဝိုင်ကိုအဲ့မေးခွန်းလာမေးခဲ့ရင်တော့ 'သေချာပေါက်လိုတယ်'လို့ပြန်ဖြေရပါလိမ့်မယ် ။




"ဟိုဘက်တိုး"

ကျောင်းရောက်ရောက်ချင်းစားပွဲပေါ်ကိုရောက်လာတဲ့ hot chocolate တစ်ခွက်နဲ့အတူ တစ်ဆက်တည်းကြားရတဲ့အသံခပ်နက်နက် ။ သေချာပေါက်ဒီအသံက ကမ္ဘာနက်ရဲ့အသံဖြစ်မှန်း အိပ်မက်ဝိုင်အလွတ်မှတ်မိနေခဲ့ပြီဖြစ်တယ် ။

ပုံမှန်ဆို လွယ်အိတ်သာတင်ထားလေ့ရှိတယ့်ဘေးထိုင်ခုံက အခုတော့ဖြင့် လူတစ်ယောက်ထိုင်စရာနေရာဖြစ်သွားခဲ့ပြီ ။

တစ်ကြိမ်နှစ်ကြိမ်သာရဖူးသေးတဲ့ယောကျ်ားဆန်တဲ့ alpha pheromone ကသူ့နှာခေါင်းထဲတိုးဝင်လာတော့ အိပ်မက်ဝိုင်ကျင့်သားမရစွာအသက်အောင့်မိသွားတယ် ။

"ဘာလို့လဲ"

"Sharp woody အနံ့?"

ကမ္ဘာနက်ကသူခန့်မှန်းတာမှန်ကြောင်းမျက်လုံးတစ်ချက်ပင့်ပြတယ် ။ အခုမှသေချာကြည့်မိတယ် ။ ဒီကောင် ဒီနေ့ပဲတွေများထားပါလား ။ ပုံမှန်ခပ်ကြမ်းကြမ်းဝဲကျနေတဲ့ရှေ့ဆံပင်တွေက ဒီနေ့မှာတော့ဂျယ်နဲ့သေချာဖိသိမ်းထားခြင်းခံရပြီး ဘယ်ဘက်နားမှာလဲ cross ပုံနားကပ်အကပ်တစ်ဖက်ကိုပါဝတ်လာတာတွေ့ရတယ် ။ ပြီးတော့သူ့ထုံးစံမပြတ် long coat ခပ်ပါးပါးတစ်ထည်ရယ် ၊ style pants နက်ပြာရယ်တွဲဝတ်လာတဲ့ပုံက တကယ်ကြီးကိုချောမောလွန်းပါတယ် ။

"တော်တော့"

".........."

"ငါပြောနေတယ် တော်တော့လို့"

".........."

"ကမ္ဘာနက်!!"

"ဟားဟား"

သူ့ကိုစနောက်ရင်းပျော်ရွှင်နေတဲ့ကမ္ဘာနက်က နှစ်နှစ်ခြိုက်ခြိုက်ကိုရယ်မောပစ်လာတာကြောင့် ဘယ်ဘက်ပါးပြင်မှာရှိနေတဲ့ပါးချိုင့်နက်နက်ကထင်ထင်ရှားရှားပေါ်လာခဲ့တယ် ။

အမှန်တော့ ကမ္ဘာနက်သူ့အနားရောက်လာတည်းက အားပြင်းတဲ့ pheromone တွေသက်ရောက်တာသူခံစားနေမိပြီးသား ။ ဒါပေမယ့်လဲ ဒါမျိုးကပုံမှန်လို့ပဲထင်ခဲ့မိတာ ။ အရင်တည်းက ဘယ် alpha နဲ့မှရင်းရင်းနီးနီးမနေဖူးတဲ့အိပ်မက်ဝိုင်ကကျင့်သားမရစွာ သူ့ pheromone တွေကိုဖီဆန်ရင်းအသက်ခဏအောင့်လိုက်ပေမယ့် အချိန်တစ်ခုကြာတဲ့အထိကို အနံ့တွေကပျောက်မသွားဘဲပိုတောင်ပြင်းထန်လာခဲ့တယ်လေ ။

ကမ္ဘာနက်ရဲ့ alpha pheromone တွေက တစ်ဖက်လူကိုဖိနှိပ်တဲ့ပုံစံမျိုးထုတ်လွှတ်ထားတာမဟုတ်ဘဲ ဒီတိုင်း သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့အနံ့ကို တစ်ခြားသူပေါ်လွန်လွန်ကဲကဲကြွားဝါချင်တဲ့သဘောမျိုးနဲ့သာ ဖြန့်ကျက်ထားတဲ့ပုံမျိုး ။ ဒီတော့မှ တစ်ဖက်လူက အိပ်မက်ဝိုင်ကို သက်သက်စနောက်နေတာမှန်းရိပ်မိတဲ့အဖြစ် ။

အိပ်မက်ဝိုင်စိတ်ဆိုးစွာနဲ့မျက်နှာလွှဲပစ်လိုက်တော့ သူ့ခေါင်းကိုကလေးတစ်ယောက်လိုခပ်ဖွဖွပုတ်ရင်းပြန်ချော့လာတဲ့ကမ္ဘာနက်ရယ်ပါ ။

"မင်းကရော ဘာနံ့လဲ?"

"..........."

"ဟေ့.. မေးနေတယ်လေ"

အိပ်မက်ဝိုင်စိတ်ဆိုးမပြေစွာနဲ့ သူပြောသမျှလျစ်လျူရှုထားလိုက်တယ် ။ မနေ့တစ်နေ့ကမှခင်တဲ့သူငယ်ချင်းကိုအဲ့လို alpha pheromone တွေနဲ့စစရာလား ။ မိန်းကလေးတွေလိုအဖြစ်သည်းတယ်ဖြစ်နေမှာလဲစိုးတာကြောင့် အိပ်မက်ဝိုင်မျက်ခုံးတွေတွန့်ချိုးပြီး ပေစောင်းစောင်းကြည့်ပေးလိုက်တယ် ။

"ငါမှန်းရမလား .. အင်း.. အိပ်မက်ဝိုင်ဆိုတော့ .. ဝိုင်နီ pheromone များလား"

"မင်းသိပြီးသားမလား"

"ဟားဟား"

သူရိပ်မိစွာစကားပြန်ထောက်လိုက်တော့ အသံနက်ကြီးနဲ့သဘောတကျထပ်ရယ်ပြန်တယ် ။ ဘာလဲ ။ ဒီကောင် သူ့ကို သူငယ်နှပ်စားလိုမျိုးလာသဘောထားပြီးလှောင်နေတာလား ။

ကျစ် ။ အဲ့လိုရယ်နေတာတောင်အမြင်ကပ်ဖို့ကောင်းလိုက်အောင်ချောနေတဲ့မျက်နှာကြီးကိုခြောက်ချက်လောက်ကုတ်ဆွဲပစ်ချင်လိုက်တာ ။

"စတာကို စိတ်မဆိုးရဘူး"

အတွေးထက်လျင်မြန်စွာ ကမ္ဘာနက်ရဲ့ mullet ဆံပင်တွေကြားသူ့လက်တစ်ဖက်မြောက်တက်သွားတော့ ကမ္ဘာနက်ကသူလုပ်မယ့်အရာကိုခန့်မှန်းမိတဲ့ပုံနဲ့သူ့လက်ကောက်ဝတ်တွေကိုစုပြီးချုပ်ထားတယ် ။

သူရုန်းတော့ အသာတကြည်ပြန်လွှတ်ပေးပြီး ခုနကအတိုင်းသူ့ဆံပင်တွေကို ကလေးလေးတစ်ယောက်ချော့သလိုခပ်ဖွဖွပွတ်သပ်လာပြန်တယ် ။

အတန်းထဲကလူတွေတော်တော်များများက မတည့်အတူနေသူတို့နှစ်ယောက်ကိုထူးဆန်းသလိုကြည့်နေကြပေမယ့် နှစ်ယောက်လုံးကအဲ့ဘက်ကိုအာရုံတောင်မရကြ ။

ကာယကံရှင်တွေကသတိမထားမိပေမယ့် နှစ်ယောက်တူတူယှဉ်တွဲမြင်နေရုံနဲ့တင် ဖြစ်တည်လာတဲ့ aura  မျိုးက အကြည့်မလွှဲချင်လောက်ဆောင်ဆွဲဆောင်မှုရှိနေလွန်းတာငြင်းမရ ။

နှစ်ယောက်ကြားမျက်လုံးချင်းစစ်ခင်းပြီးနောက် တစ်ခဏတော့ပြန်တည့်သွားကြပေမယ့် ပြဿနာကစာသင်ချိန်မှပြန်စလာပြန်တယ် ။

ဖြစ်ချင်တော့ကမ္ဘာနက်က အိပ်မက်ဝိုင်ရဲ့ညာဘက်မှာထိုင်နေခဲ့တာ ။ ဘယ်သန်ဖြစ်တဲ့ကမ္ဘာနက်နဲ့ညာသန်ဖြစ်တဲ့အိပ်မက်ဝိုင်တို့က စာရေးတော့တစ်ယောက်နဲ့တစ်ယောက်လက်ချင်းတိုက်မိကြပြန်တယ်လေ ။

တွေ့လား ။ အဲ့တာပြောတာပေါ့ ။ သူငယ်ချင်းဖြစ်တိုင်း ဘေးချင်းကပ်ထိုင်ရမယ်လို့ဘယ်သူကအမိန့်ထုတ်ခဲ့လို့လဲ ။ အရင်ကအတိုင်း အရှေ့အနောက်ထိုင်နေလဲအဆင်ပြေနေတာကို သူ့ဘေးရောက်လာတဲ့ကမ္ဘာနက်ကြောင့်အခုသူတို့လက်တွေတိုက်ကုန်ပြီ ။

မနက်တည်းကမကြည်လင်တဲ့စိတ်နဲ့ အိပ်မက်ဝိုင်ပေစောင်းစောင်းထပ်ကြည့်လိုက်တော့ ကမ္ဘာနက်ကပုခုံးတွန့်ပြတယ် ။ ပြီးတာနဲ့ စာသင်ချိန်တစ်ချိန်အပြီးမှာ သူနဲ့ဘယ်ညာနေရာပြန်လဲကြတာမို့ ဒီတစ်ခါတော့နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီးစာရေးတဲ့အနေအထားရောက်သွားပြန်တယ် ။

ဒီလိုကြီးကျတော့လဲ နီးနီးကပ်ကပ်ဖြစ်သွားတဲ့မျက်နှာနှစ်ခုကြောင့် အိပ်မက်ဝိုင်မှာအလိုလိုနေရင်းမျက်နှာပူရသေး ။

ဘာကြီးမှန်းမသိပေမယ့် ကမ္ဘာနက်ရဲ့မျက်နှာချောချောက သူ့ကိုစိန်ခေါ်နေသလိုကြီးကိုခံစားနေရတာပါဆို ။


*

နေ့လည်စာစားချိန်ဖြစ်ပေမယ့် အိမ်ကနေထမင်းချိုင့်ထည့်လာတဲ့သူတွေရှိတာကြောင့် Canteen ရဲ့တစ်ချို့စားပွဲတွေကလူအရမ်းရှင်းနေခဲ့တယ် ။

"ငါရောထိုင်လို့ရတယ်မလား"

စားပွဲဝိုင်းအလွတ်တွေအများကြီးရှိတဲ့အထဲမှာမှ တစ်ယောက်သောသူရှိနေတဲ့စားပွဲဝိုင်းမှာသူခွင့်တောင်းသလိုနဲ့အမြန်ဝင်ထိုင်လိုက်တယ် ။ ကမ္ဘာနက်က သူ့ကိုမျက်မှောင်ကျုံ့ကြည့်ပေမယ့် မသိချင်ယောင်ဆောင်ထားလိုက်တယ် ။ အဓိကက ဒီနေ့အတူထမင်းစားရဖို့ပဲ ။

မနက်တုန်းက မေမေသေချာထုတ်ပိုးပေးလိုက်တဲ့သုံးဆင့်ချိုင့်ကိုဖွင့်လိုက်တော့ နှစ်ဆင့်ကထမင်းအဖြူတွေချည်းထည့်ထားပြီး ကျန်တစ်ဆင့်ကသာ ဟင်းတွေစုံနေအောင်ထည့်ထားပေးတာတွေ့ရတယ် ။

"နီကမ္ဘာနက်.. ငါ နှစ်ယောက်စာပါလာတယ်.. မင်းအခုမှ မှာစားရမှာဆိုရင် မမှာပါနဲ့တော့လား.. ငါနဲ့ပဲတူတူစားလိုက်တော့လေ"

"မလိုဘူး"

"ငါအတည်ပြောတာ .. ဒီမှာလဲ ပိုထည့်လာ... "

"ဂဏန်းချက်ကကုန်သွားပြီတဲ့ .. ကင်းမွန်သုပ်ပဲမှာခဲ့လိုက်တယ်"

သူ့စကားကိုဖြတ်လို့ ထွက်လာတဲ့အသံခပ်အေးအေး ။ မော့ကြည့်လိုက်တော့ ဒီရက်ပိုင်းသူသိပ်ကိုမနာလိုနေခဲ့ရတဲ့အိပ်မက်ဝိုင်ဖြစ်နေခဲ့ပါတယ် ။

အိပ်မက်ဝိုင်ရောက်လာတော့ ကမ္ဘာနက်ရဲ့အာရုံအလုံးစုံက သူ့ဆီကနေပျောက်ကွယ်သွားပြီး အိပ်မက်ဝိုင်ဘက်ရောက်သွားတယ် ။

အစက စားပွဲမှာကမ္ဘာနက်တစ်ယောက်တည်းရှိတယ်ထင်လို့ မင်းခန့်ဘုံကဝင်ရောတာလေ ။ အခုလို အိပ်မက်ဝိုင်ပါရှိနေတာသိလိုက်ရတော့ သူ feel အောက်သွားတယ် ။

အိပ်မက်ဝိုင်နဲ့ယှဉ်ရင် သူကအမြဲဘောင်မဝင်သလိုခံစားချက်ကြီးဖြစ်နေတာတကယ်မကြိုက်ပါ ။

"ရတယ် ငါကင်းမွန်သုပ်ကြိုက်တယ်"

မင်းခန့်ဘုံကိုမြင်သွားပြီး မျက်ခုံးတစ်ချက်ပင့်တဲ့အိပ်မက်ဝိုင်က နေရာမှာတင်မတ်တပ်ရပ်နေခဲ့တာကြောင့် ကမ္ဘာနက်က လက်ကိုဆွဲချရင်းထိုင်ခုံနေရာပေးတယ် ။ ပြီးတော့ အိပ်မက်ဝိုင်မကြိုက်မှာစိုးသလိုမျိုးလဲ ချက်ချင်းရှင်းပြသေးတာ ။

"သူကဒီတိုင်းလာထိုင်တာ"

"အော်.. ရတယ်လေ.. သူ့ဘာသာလာထိုင်တာပဲ"

အိပ်မက်ဝိုင်ကပုခုံးတွန့်ပြပြီးသူ့ဘာသာဖုန်းထုတ်သုံးနေတယ် ။ ကမ္ဘာနက်လဲ တူတူပဲ ။ ဒါပေမယ့် တစ်ခါတစ်လေ နှစ်ယောက်သား ခုံအောက်ကနေခြေထောက်နဲ့ကန်နေကြတဲ့အမူအရာအရ မင်းခန့်ဘုံခန့်မှန်းလိုက်မိပါတယ် ၊ သူတို့က မင်းခန့်ဘုံရှိနေလို့ဖုန်းနဲ့မက်ဆေ့ချ်ပို့နေကြတယ်ဆိုတာ ။

အမှန်တော့ အိပ်မက်ဝိုင်နဲ့ကမ္ဘာနက်နဲ့မက်ဆေ့ချ်ပို့နေကြတယ်ဆိုတာဟုတ်တယ် ။ ဒါပေမယ့် တစ်ခြားအကြောင်းအရာတစ်ခုပြောစရာရှိလို့မဟုတ်ဘဲ အိပ်မက်ဝိုင်က မင်းခန့်ဘုံအကြောင်း ကမ္ဘာနက်ကိုအရိပ်အမြွက်ပြောပြနေခဲ့တာဖြစ်တယ် ။

*သူစိတ်မကောင်းဖြစ်မယ်ထင်တယ် မင်းငြင်းလိုက်တော့*

*အဲ့တော့?*

*အိမ်ထမင်းဟင်းကကောင်းတယ်*

*ငါကကင်းမွန်သုပ်ပိုကြိုက်တယ်*

*ကျစ်.. ဒုန်းဝေးတဲ့ကောင်*

*ဘာလဲ ဘလိုင်းကြီး*

*သူမင်းကိုချိန်နေတာလေ*

*ငါမှမကြိုက်တာ*

တစ်ဖက်ကပြန်မဝင်လာတော့တဲ့မက်ဆေ့ချ်ကြောင့် ကမ္ဘာနက်က ခေါင်းပြန်မော့လာရင်းအိပ်မက်ဝိုင်ကိုကြည့်တယ် ။ အိပ်မက်ဝိုင်က သူ့ကိုပြန်မကြည့် ။ အဲ့အစား သူတို့စားပွဲတစ်ခုံကျော်လောက်မှာထိုင်နေတဲ့ alpha တစ်ကောင်ဆီအကြည့်စူးစူးရောက်နေတာမြင်တော့ ကမ္ဘာနက်ဘာကိုအလိုမကျမှန်းမသိ ။

မက်ဆေ့ချ်ထပ်ပို့မလို့ပြင်တုန်းမှာပဲ အချိန်ကိုက်ရောက်လာတဲ့ စားစရာတွေကြောင့် သူတို့စားပွဲဝိုင်းကြီးကတိတ်ဆိတ်သွားခဲ့တယ် ။

အိပ်မက်ဝိုင်အကြောင်းသိထားသူပီပီ ဟင်းထဲကငရုတ်သီးတွေဘာတွေအလိုက်တသိနဲ့ဖယ်ပေးမိတော့ အိပ်မက်ဝိုင်ကရယ်တယ် ။

"ငါအစပ်စားနိုင်တယ်"

"အော်.. အရင်တည်းကလား?"

"အင်း.. အဲ့လိုပဲ အစကတော့သိပ်မခွဲနိုင်လို့မှားစားမိရင်းနဲ့ အဲ့လိုပဲအကျင့်ဖြစ်သွားတာ"

အိပ်မက်ဝိုင်ကတော့ ဒီတိုင်းပြောလိုက်ပေမယ့် ထိုစကားကြားတော့ကမ္ဘာနက်စိတ်မကောင်းပါ ။ တစ်ဆက်တည်းမှာပဲ သူ့တို့စားပွဲဝိုင်းမှာစထိုင်တည်းကအသံတိတ်နေတဲ့မင်းခန့်ဘုံကိုအပြစ်တင်စွာကြည့်လိုက်မိတယ် ။

ဒါကိုအိပ်မက်ဝိုင်ကရိပ်မိတဲ့ပုံနဲ့ ကမ္ဘာနက်အာရုံပြောင်းသွားအောင် ခြေထောက်ကိုလှမ်းကန်တယ် ။

အိပ်မက်ဝိုင်က မာရေကြောရေရှိတယ်ထင်ရပေမယ့် တစ်ခါတစ်လေလဲ စာနာတတ်တဲ့သူမျိုးဖြစ်နေတာ ကမ္ဘာနက်မထင်မှတ်ဘဲသိခဲ့ရတယ် ။


*

"ဒါစီးမှာသေချာလား?"

မျက်စိရှေ့မှာမြင်နေရတဲ့အရာကြီးကိုကြည့်ရင်း ကမ္ဘာနက်ကထပ်ပြီးအတည်ပြုသလိုမေးလာတယ် ။ နှစ်ယောက်သား အဖြူအမည်းဝတ်စုံတွေဝတ်ထားကြပြီး ကျောင်းလွယ်အိတ်တွေပါတစ်ခါတည်းပါလာတော့ လူအများအမြင်မှာထူးဆန်းနေတယ်ထင်ပါရဲ့ ။ တော်တော်များများကသူတို့နှစ်ယောက်ကိုလှည့်ကြည့်သွားကြတယ်လေ ။

အိပ်မက်ဝိုင်ကြာတော့ရှက်လာတာကြောင့် ကမ္ဘာနက်လက်ကိုဆွဲရင်း လွတ်တဲ့ခုံမှာအမြန်ဝင်ထိုင်လိုက်တယ် ။

"အင်း သေချာတယ်"

"ဟက်"

အရမ်းကိုတက်ကြွနေတဲ့ပုံလေးကြောင့်ကမ္ဘာနက်ရယ်လိုက်တယ် ။ အိပ်မက်ဝိုင်ကိုမာနကြီး ၊ အကြောတင်းတဲ့ ပေါင်းရသက်ရခက်မယ့်လူလို့ထင်ထားခဲ့တာ ။ တကယ်တမ်း ခဏလေးအတွင်းမှာသူသိလိုက်ရတာက အိပ်မက်ဝိုင်က သူ့အားနည်းချက်ကိုဖုံးကွယ်ချင်လို့ မာနဆိုတဲ့အပေါ်ယံသတ်မှတ်ချက်တစ်ခုကိုခပ်ပါးပါးဖုံးအုပ်ထားခဲ့ရုံပဲ ။

"မင်းကငါ့ဘဝမှာပထမဆုံးသူငယ်ချင်းပဲ"တဲ့ ။

အဲ့စကားကြားပြီးတည်းက ကမ္ဘာနက်စိတ်ထဲဖော်မပြတတ်တဲ့နွေးထွေးမှုတစ်ခုခံစားနေခဲ့ရတာ ။ နောက်ဆုံး အခုလိုအိပ်မက်ဝိုင်နဲ့အတူ ပထမဆုံးအကြိမ်အဖြစ်ကျောင်းပြေးပြီး ကစားကွင်းထိဆွဲခေါ်ခံလာတာကိုတောင် ကျေကျေနပ်နပ်ကြီးလိုက်လာမိတဲ့အထိပေါ့ ။

"ဒီနေ့ဒါစီးခဲ့တာဘယ်သူမှသိလို့မဖြစ်ဘူး"

"ဘာလို့လဲ"

ဘယ်လိုဖြေရမှာလဲ ။ ဒီအရွယ်ကြီးရောက်မှကြီးကောင်ကြီးမားနဲ့ merry go round စီးတာကို အရှက်ကွဲခံပြီးလူသိခံရမှာလား ။ ကမ္ဘာနက်ဘဝမှာ ဒီလိုကလေးကလားပေါက်ကရလုပ်ဖူးတာ ဒီတစ်ခါပါထည့်ပေါင်းမှ တစ်ကယ်ကိုဘုရားစူးပထမဆုံးအကြိမ်ပဲရှိတာ ။

ပြီးတော့ သူတို့နှစ်ယောက်က တစ်ခြားသူတွေနဲ့မတူတဲ့ dominant ဗီဇခံရှိတဲ့လူတွေ ။ ပြီးတော့လဲ ထိပ်တန်းစီးပွါးရေးလုပ်ငန်းစုကြီးနှစ်ခုက နာမည်ကြီးအမွေဆက်ခံသူတွေ ။ သူတို့ရုပ်ကိုအနည်းနဲ့အများမှတ်မိနေကြတဲ့သူတွေကြောင့် ကမ္ဘာနက်စိတ်ညစ်သွားတယ် ။

သူ့ရုပ်ကိုကြည့်ပြီးအိပ်မက်ဝိုင်ကရယ်တယ် ။ ပြီးတာနဲ့ဘာမှမဖြစ်ပါဘူးဆိုပြီး အဝိုင်းစလည်တာနဲ့ ကလေးတွေကြားထဲမှာတဟေးဟေးအော်နေတော့တာပဲ ။

"ကျစ် မပြီးသေးဘူးလား"

"အဲ့မျက်နှာကိုပြင်ပြီး ရတဲ့အခိုက်အတန့်လေးကိုတန်ဖိုးထားဖို့ကြိုးစားစမ်းပါ ကမ္ဘာနက်.. မင်းကြည့်ရတာ မပျော်မရွှင်နဲ့"

သူတို့စီးခဲ့တဲ့ merry go round ကစုစုပေါင်း ၁၄ ကြိမ်တောင်လှည့်တယ် ။ ပုံမှန်ထက်အချိန်ပိုကြာနေတာကြောင့် သူသံသယဖြစ်မိပေမယ့် ထွေထွေထူးထူးလဲမေးမနေမိတော့ဘူး ။ နောက်မှ ပြန်သိရတာက ပြောမရဆိုမရအိပ်မက်ဝိုင်က လက်မှတ်ကိုနှစ်ခါတောင်ဖြတ်လိုက်တာတဲ့လေ ။ အဲ့တာကြောင့် အဲ့လောက်ပေရှည်နေအောင် သူတို့နှစ်ယောက်တည်း ၁၄ ပတ်တောင်စီးလာရတာ ။

ဒါတောင်မှ သူတို့တွေတစ်ခြားတစ်နေရာမသွားခင်အထိကိုအိပ်မက်ဝိုင်ကနောင်တရသလိုညည်းတွားသေးတာ ။

"၁၄ပတ်ကျများလွန်းတယ် .. နောက်တစ်ခါဆို ၇ ပတ်လောက်ဆိုတော်ပါပြီ" တဲ့ ။

တကယ်ကိုပဲ အိပ်မက်ဝိုင်က ကလေးဆန်လွန်းနေတာမဟုတ်ဘူးလား ?

#okipuy



*




Zawgyi


ဘဝအစိတ္အပိုင္းတစ္ခုမွာသူငယ္ခ်င္းတစ္ေယာက္တိုးလာတာႀကီးႀကီးက်ယ္က်ယ္ေပ်ာ္႐ႊင္ဖို႔လိုသလား?

အင္း .. ။

အိပ္မက္ဝိုင္ကိုအဲ့ေမးခြန္းလာေမးခဲ့ရင္ေတာ့ 'ေသခ်ာေပါက္လိုတယ္'လို႔ျပန္ေျဖရပါလိမ့္မယ္ ။




"ဟိုဘက္တိုး"

ေက်ာင္းေရာက္ေရာက္ခ်င္းစားပြဲေပၚကိုေရာက္လာတဲ့ hot chocolate တစ္ခြက္နဲ႔အတူ တစ္ဆက္တည္းၾကားရတဲ့အသံခပ္နက္နက္ ။ ေသခ်ာေပါက္ဒီအသံက ကမာၻနက္ရဲ႕အသံျဖစ္မွန္း အိပ္မက္ဝိုင္အလြတ္မွတ္မိေနခဲ့ၿပီျဖစ္တယ္ ။

ပုံမွန္ဆို လြယ္အိတ္သာတင္ထားေလ့ရွိတယ့္ေဘးထိုင္ခုံက အခုေတာ့ျဖင့္ လူတစ္ေယာက္ထိုင္စရာေနရာျဖစ္သြားခဲ့ၿပီ ။

တစ္ႀကိမ္ႏွစ္ႀကိမ္သာရဖူးေသးတဲ့ေယာက်္ားဆန္တဲ့ alpha pheromone ကသူ႔ႏွာေခါင္းထဲတိုးဝင္လာေတာ့ အိပ္မက္ဝိုင္က်င့္သားမရစြာအသက္ေအာင့္မိသြားတယ္ ။

"ဘာလို႔လဲ"

"Sharp woody အနံ႔?"

ကမာၻနက္ကသူခန္႔မွန္းတာမွန္ေၾကာင္းမ်က္လုံးတစ္ခ်က္ပင့္ျပတယ္ ။ အခုမွေသခ်ာၾကည့္မိတယ္ ။ ဒီေကာင္ ဒီေန႔ပဲေတြမ်ားထားပါလား ။ ပုံမွန္ခပ္ၾကမ္းၾကမ္းဝဲက်ေနတဲ့ေရွ႕ဆံပင္ေတြက ဒီေန႔မွာေတာ့ဂ်ယ္နဲ႔ေသခ်ာဖိသိမ္းထားျခင္းခံရၿပီး ဘယ္ဘက္နားမွာလဲ cross ပုံနားကပ္အကပ္တစ္ဖက္ကိုပါဝတ္လာတာေတြ႕ရတယ္ ။ ၿပီးေတာ့သူ႔ထုံးစံမျပတ္ long coat ခပ္ပါးပါးတစ္ထည္ရယ္ ၊ style pants နက္ျပာရယ္တြဲဝတ္လာတဲ့ပုံက တကယ္ႀကီးကိုေခ်ာေမာလြန္းပါတယ္ ။

"ေတာ္ေတာ့"

".........."

"ငါေျပာေနတယ္ ေတာ္ေတာ့လို႔"

".........."

"ကမာၻနက္!!"

"ဟားဟား"

သူ႔ကိုစေနာက္ရင္းေပ်ာ္႐ႊင္ေနတဲ့ကမာၻနက္က ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကိုရယ္ေမာပစ္လာတာေၾကာင့္ ဘယ္ဘက္ပါးျပင္မွာရွိေနတဲ့ပါးခ်ိဳင့္နက္နက္ကထင္ထင္ရွားရွားေပၚလာခဲ့တယ္ ။

အမွန္ေတာ့ ကမာၻနက္သူ႔အနားေရာက္လာတည္းက အားျပင္းတဲ့ pheromone ေတြသက္ေရာက္တာသူခံစားေနမိၿပီးသား ။ ဒါေပမယ့္လဲ ဒါမ်ိဳးကပုံမွန္လို႔ပဲထင္ခဲ့မိတာ ။ အရင္တည္းက ဘယ္ alpha နဲ႔မွရင္းရင္းနီးနီးမေနဖူးတဲ့အိပ္မက္ဝိုင္ကက်င့္သားမရစြာ သူ႔ pheromone ေတြကိုဖီဆန္ရင္းအသက္ခဏေအာင့္လိုက္ေပမယ့္ အခ်ိန္တစ္ခုၾကာတဲ့အထိကို အနံ႔ေတြကေပ်ာက္မသြားဘဲပိုေတာင္ျပင္းထန္လာခဲ့တယ္ေလ ။

ကမာၻနက္ရဲ႕ alpha pheromone ေတြက တစ္ဖက္လူကိုဖိႏွိပ္တဲ့ပုံစံမ်ိဳးထုတ္လႊတ္ထားတာမဟုတ္ဘဲ ဒီတိုင္း သူ႔ရဲ႕ဆြဲေဆာင္မႈရွိတဲ့အနံ႔ကို တစ္ျခားသူေပၚလြန္လြန္ကဲကဲႂကြားဝါခ်င္တဲ့သေဘာမ်ိဳးနဲ႔သာ ျဖန္႔က်က္ထားတဲ့ပုံမ်ိဳး ။ ဒီေတာ့မွ တစ္ဖက္လူက အိပ္မက္ဝိုင္ကို သက္သက္စေနာက္ေနတာမွန္းရိပ္မိတဲ့အျဖစ္ ။

အိပ္မက္ဝိုင္စိတ္ဆိုးစြာနဲ႔မ်က္ႏွာလႊဲပစ္လိုက္ေတာ့ သူ႔ေခါင္းကိုကေလးတစ္ေယာက္လိုခပ္ဖြဖြပုတ္ရင္းျပန္ေခ်ာ့လာတဲ့ကမာၻနက္ရယ္ပါ ။

"မင္းကေရာ ဘာနံ႔လဲ?"

"..........."

"ေဟ့.. ေမးေနတယ္ေလ"

အိပ္မက္ဝိုင္စိတ္ဆိုးမေျပစြာနဲ႔ သူေျပာသမွ်လ်စ္လ်ဴရႈထားလိုက္တယ္ ။ မေန႔တစ္ေန႔ကမွခင္တဲ့သူငယ္ခ်င္းကိုအဲ့လို alpha pheromone ေတြနဲ႔စစရာလား ။ မိန္းကေလးေတြလိုအျဖစ္သည္းတယ္ျဖစ္ေနမွာလဲစိုးတာေၾကာင့္ အိပ္မက္ဝိုင္မ်က္ခုံးေတြတြန္႔ခ်ိဳးၿပီး ေပေစာင္းေစာင္းၾကည့္ေပးလိုက္တယ္ ။

"ငါမွန္းရမလား .. အင္း.. အိပ္မက္ဝိုင္ဆိုေတာ့ .. ဝိုင္နီ pheromone မ်ားလား"

"မင္းသိၿပီးသားမလား"

"ဟားဟား"

သူရိပ္မိစြာစကားျပန္ေထာက္လိုက္ေတာ့ အသံနက္ႀကီးနဲ႔သေဘာတက်ထပ္ရယ္ျပန္တယ္ ။ ဘာလဲ ။ ဒီေကာင္ သူ႔ကို သူငယ္ႏွပ္စားလိုမ်ိဳးလာသေဘာထားၿပီးေလွာင္ေနတာလား ။

က်စ္ ။ အဲ့လိုရယ္ေနတာေတာင္အျမင္ကပ္ဖို႔ေကာင္းလိုက္ေအာင္ေခ်ာေနတဲ့မ်က္ႏွာႀကီးကိုေျခာက္ခ်က္ေလာက္ကုတ္ဆြဲပစ္ခ်င္လိုက္တာ ။

"စတာကို စိတ္မဆိုးရဘူး"

အေတြးထက္လ်င္ျမန္စြာ ကမာၻနက္ရဲ႕ mullet ဆံပင္ေတြၾကားသူ႔လက္တစ္ဖက္ေျမာက္တက္သြားေတာ့ ကမာၻနက္ကသူလုပ္မယ့္အရာကိုခန္႔မွန္းမိတဲ့ပုံနဲ႔သူ႔လက္ေကာက္ဝတ္ေတြကိုစုၿပီးခ်ဳပ္ထားတယ္ ။

သူ႐ုန္းေတာ့ အသာတၾကည္ျပန္လႊတ္ေပးၿပီး ခုနကအတိုင္းသူ႔ဆံပင္ေတြကို ကေလးေလးတစ္ေယာက္ေခ်ာ့သလိုခပ္ဖြဖြပြတ္သပ္လာျပန္တယ္ ။

အတန္းထဲကလူေတြေတာ္ေတာ္မ်ားမ်ားက မတည့္အတူေနသူတို႔ႏွစ္ေယာက္ကိုထူးဆန္းသလိုၾကည့္ေနၾကေပမယ့္ ႏွစ္ေယာက္လုံးကအဲ့ဘက္ကိုအာ႐ုံေတာင္မရၾက ။

ကာယကံရွင္ေတြကသတိမထားမိေပမယ့္ ႏွစ္ေယာက္တူတူယွဥ္တြဲျမင္ေန႐ုံနဲ႔တင္ ျဖစ္တည္လာတဲ့ aura  မ်ိဳးက အၾကည့္မလႊဲခ်င္ေလာက္ေဆာင္ဆြဲေဆာင္မႈရွိေနလြန္းတာျငင္းမရ ။

ႏွစ္ေယာက္ၾကားမ်က္လုံးခ်င္းစစ္ခင္းၿပီးေနာက္ တစ္ခဏေတာ့ျပန္တည့္သြားၾကေပမယ့္ ျပႆနာကစာသင္ခ်ိန္မွျပန္စလာျပန္တယ္ ။

ျဖစ္ခ်င္ေတာ့ကမာၻနက္က အိပ္မက္ဝိုင္ရဲ႕ညာဘက္မွာထိုင္ေနခဲ့တာ ။ ဘယ္သန္ျဖစ္တဲ့ကမာၻနက္နဲ႔ညာသန္ျဖစ္တဲ့အိပ္မက္ဝိုင္တို႔က စာေရးေတာ့တစ္ေယာက္နဲ႔တစ္ေယာက္လက္ခ်င္းတိုက္မိၾကျပန္တယ္ေလ ။

ေတြ႕လား ။ အဲ့တာေျပာတာေပါ့ ။ သူငယ္ခ်င္းျဖစ္တိုင္း ေဘးခ်င္းကပ္ထိုင္ရမယ္လို႔ဘယ္သူကအမိန္႔ထုတ္ခဲ့လို႔လဲ ။ အရင္ကအတိုင္း အေရွ႕အေနာက္ထိုင္ေနလဲအဆင္ေျပေနတာကို သူ႔ေဘးေရာက္လာတဲ့ကမာၻနက္ေၾကာင့္အခုသူတို႔လက္ေတြတိုက္ကုန္ၿပီ ။

မနက္တည္းကမၾကည္လင္တဲ့စိတ္နဲ႔ အိပ္မက္ဝိုင္ေပေစာင္းေစာင္းထပ္ၾကည့္လိုက္ေတာ့ ကမာၻနက္ကပုခုံးတြန္႔ျပတယ္ ။ ၿပီးတာနဲ႔ စာသင္ခ်ိန္တစ္ခ်ိန္အၿပီးမွာ သူနဲ႔ဘယ္ညာေနရာျပန္လဲၾကတာမို႔ ဒီတစ္ခါေတာ့ႏွစ္ေယာက္သား ေခါင္းခ်င္းဆိုင္ၿပီးစာေရးတဲ့အေနအထားေရာက္သြားျပန္တယ္ ။

ဒီလိုႀကီးက်ေတာ့လဲ နီးနီးကပ္ကပ္ျဖစ္သြားတဲ့မ်က္ႏွာႏွစ္ခုေၾကာင့္ အိပ္မက္ဝိုင္မွာအလိုလိုေနရင္းမ်က္ႏွာပူရေသး ။

ဘာႀကီးမွန္းမသိေပမယ့္ ကမာၻနက္ရဲ႕မ်က္ႏွာေခ်ာေခ်ာက သူ႔ကိုစိန္ေခၚေနသလိုႀကီးကိုခံစားေနရတာပါဆို ။


*

ေန႔လည္စာစားခ်ိန္ျဖစ္ေပမယ့္ အိမ္ကေနထမင္းခ်ိဳင့္ထည့္လာတဲ့သူေတြရွိတာေၾကာင့္ Canteen ရဲ႕တစ္ခ်ိဳ႕စားပြဲေတြကလူအရမ္းရွင္းေနခဲ့တယ္ ။

"ငါေရာထိုင္လို႔ရတယ္မလား"

စားပြဲဝိုင္းအလြတ္ေတြအမ်ားႀကီးရွိတဲ့အထဲမွာမွ တစ္ေယာက္ေသာသူရွိေနတဲ့စားပြဲဝိုင္းမွာသူခြင့္ေတာင္းသလိုနဲ႔အျမန္ဝင္ထိုင္လိုက္တယ္ ။ ကမာၻနက္က သူ႔ကိုမ်က္ေမွာင္က်ဳံ႔ၾကည့္ေပမယ့္ မသိခ်င္ေယာင္ေဆာင္ထားလိုက္တယ္ ။ အဓိကက ဒီေန႔အတူထမင္းစားရဖို႔ပဲ ။

မနက္တုန္းက ေမေမေသခ်ာထုတ္ပိုးေပးလိုက္တဲ့သုံးဆင့္ခ်ိဳင့္ကိုဖြင့္လိုက္ေတာ့ ႏွစ္ဆင့္ကထမင္းအျဖဴေတြခ်ည္းထည့္ထားၿပီး က်န္တစ္ဆင့္ကသာ ဟင္းေတြစုံေနေအာင္ထည့္ထားေပးတာေတြ႕ရတယ္ ။

"နီကမာၻနက္.. ငါ ႏွစ္ေယာက္စာပါလာတယ္.. မင္းအခုမွ မွာစားရမွာဆိုရင္ မမွာပါနဲ႔ေတာ့လား.. ငါနဲ႔ပဲတူတူစားလိုက္ေတာ့ေလ"

"မလိုဘူး"

"ငါအတည္ေျပာတာ .. ဒီမွာလဲ ပိုထည့္လာ... "

"ဂဏန္းခ်က္ကကုန္သြားၿပီတဲ့ .. ကင္းမြန္သုပ္ပဲမွာခဲ့လိုက္တယ္"

သူ႔စကားကိုျဖတ္လို႔ ထြက္လာတဲ့အသံခပ္ေအးေအး ။ ေမာ့ၾကည့္လိုက္ေတာ့ ဒီရက္ပိုင္းသူသိပ္ကိုမနာလိုေနခဲ့ရတဲ့အိပ္မက္ဝိုင္ျဖစ္ေနခဲ့ပါတယ္ ။

အိပ္မက္ဝိုင္ေရာက္လာေတာ့ ကမာၻနက္ရဲ႕အာ႐ုံအလုံးစုံက သူ႔ဆီကေနေပ်ာက္ကြယ္သြားၿပီး အိပ္မက္ဝိုင္ဘက္ေရာက္သြားတယ္ ။

အစက စားပြဲမွာကမာၻနက္တစ္ေယာက္တည္းရွိတယ္ထင္လို႔ မင္းခန္႔ဘုံကဝင္ေရာတာေလ ။ အခုလို အိပ္မက္ဝိုင္ပါရွိေနတာသိလိုက္ရေတာ့ သူ feel ေအာက္သြားတယ္ ။

အိပ္မက္ဝိုင္နဲ႔ယွဥ္ရင္ သူကအၿမဲေဘာင္မဝင္သလိုခံစားခ်က္ႀကီးျဖစ္ေနတာတကယ္မႀကိဳက္ပါ ။

"ရတယ္ ငါကင္းမြန္သုပ္ႀကိဳက္တယ္"

မင္းခန္႔ဘုံကိုျမင္သြားၿပီး မ်က္ခုံးတစ္ခ်က္ပင့္တဲ့အိပ္မက္ဝိုင္က ေနရာမွာတင္မတ္တပ္ရပ္ေနခဲ့တာေၾကာင့္ ကမာၻနက္က လက္ကိုဆြဲခ်ရင္းထိုင္ခုံေနရာေပးတယ္ ။ ၿပီးေတာ့ အိပ္မက္ဝိုင္မႀကိဳက္မွာစိုးသလိုမ်ိဳးလဲ ခ်က္ခ်င္းရွင္းျပေသးတာ ။

"သူကဒီတိုင္းလာထိုင္တာ"

"ေအာ္.. ရတယ္ေလ.. သူ႔ဘာသာလာထိုင္တာပဲ"

အိပ္မက္ဝိုင္ကပုခုံးတြန္႔ျပၿပီးသူ႔ဘာသာဖုန္းထုတ္သုံးေနတယ္ ။ ကမာၻနက္လဲ တူတူပဲ ။ ဒါေပမယ့္ တစ္ခါတစ္ေလ ႏွစ္ေယာက္သား ခုံေအာက္ကေနေျခေထာက္နဲ႔ကန္ေနၾကတဲ့အမူအရာအရ မင္းခန္႔ဘုံခန္႔မွန္းလိုက္မိပါတယ္ ၊ သူတို႔က မင္းခန္႔ဘုံရွိေနလို႔ဖုန္းနဲ႔မက္ေဆ့ခ်္ပို႔ေနၾကတယ္ဆိုတာ ။

အမွန္ေတာ့ အိပ္မက္ဝိုင္နဲ႔ကမာၻနက္နဲ႔မက္ေဆ့ခ်္ပို႔ေနၾကတယ္ဆိုတာဟုတ္တယ္ ။ ဒါေပမယ့္ တစ္ျခားအေၾကာင္းအရာတစ္ခုေျပာစရာရွိလို႔မဟုတ္ဘဲ အိပ္မက္ဝိုင္က မင္းခန္႔ဘုံအေၾကာင္း ကမာၻနက္ကိုအရိပ္အႁမြက္ေျပာျပေနခဲ့တာျဖစ္တယ္ ။

*သူစိတ္မေကာင္းျဖစ္မယ္ထင္တယ္ မင္းျငင္းလိုက္ေတာ့*

*အဲ့ေတာ့?*

*အိမ္ထမင္းဟင္းကေကာင္းတယ္*

*ငါကကင္းမြန္သုပ္ပိုႀကိဳက္တယ္*

*က်စ္.. ဒုန္းေဝးတဲ့ေကာင္*

*ဘာလဲ ဘလိုင္းႀကီး*

*သူမင္းကိုခ်ိန္ေနတာေလ*

*ငါမွမႀကိဳက္တာ*

တစ္ဖက္ကျပန္မဝင္လာေတာ့တဲ့မက္ေဆ့ခ်္ေၾကာင့္ ကမာၻနက္က ေခါင္းျပန္ေမာ့လာရင္းအိပ္မက္ဝိုင္ကိုၾကည့္တယ္ ။ အိပ္မက္ဝိုင္က သူ႔ကိုျပန္မၾကည့္ ။ အဲ့အစား သူတို႔စားပြဲတစ္ခုံေက်ာ္ေလာက္မွာထိုင္ေနတဲ့ alpha တစ္ေကာင္ဆီအၾကည့္စူးစူးေရာက္ေနတာျမင္ေတာ့ ကမာၻနက္ဘာကိုအလိုမက်မွန္းမသိ ။

မက္ေဆ့ခ်္ထပ္ပို႔မလို႔ျပင္တုန္းမွာပဲ အခ်ိန္ကိုက္ေရာက္လာတဲ့ စားစရာေတြေၾကာင့္ သူတို႔စားပြဲဝိုင္းႀကီးကတိတ္ဆိတ္သြားခဲ့တယ္ ။

အိပ္မက္ဝိုင္အေၾကာင္းသိထားသူပီပီ ဟင္းထဲကင႐ုတ္သီးေတြဘာေတြအလိုက္တသိနဲ႔ဖယ္ေပးမိေတာ့ အိပ္မက္ဝိုင္ကရယ္တယ္ ။

"ငါအစပ္စားႏိုင္တယ္"

"ေအာ္.. အရင္တည္းကလား?"

"အင္း.. အဲ့လိုပဲ အစကေတာ့သိပ္မခြဲႏိုင္လို႔မွားစားမိရင္းနဲ႔ အဲ့လိုပဲအက်င့္ျဖစ္သြားတာ"

အိပ္မက္ဝိုင္ကေတာ့ ဒီတိုင္းေျပာလိုက္ေပမယ့္ ထိုစကားၾကားေတာ့ကမာၻနက္စိတ္မေကာင္းပါ ။ တစ္ဆက္တည္းမွာပဲ သူ႔တို႔စားပြဲဝိုင္းမွာစထိုင္တည္းကအသံတိတ္ေနတဲ့မင္းခန္႔ဘုံကိုအျပစ္တင္စြာၾကည့္လိုက္မိတယ္ ။

ဒါကိုအိပ္မက္ဝိုင္ကရိပ္မိတဲ့ပုံနဲ႔ ကမာၻနက္အာ႐ုံေျပာင္းသြားေအာင္ ေျခေထာက္ကိုလွမ္းကန္တယ္ ။

အိပ္မက္ဝိုင္က မာေရေၾကာေရရွိတယ္ထင္ရေပမယ့္ တစ္ခါတစ္ေလလဲ စာနာတတ္တဲ့သူမ်ိဳးျဖစ္ေနတာ ကမာၻနက္မထင္မွတ္ဘဲသိခဲ့ရတယ္ ။


*

"ဒါစီးမွာေသခ်ာလား?"

မ်က္စိေရွ႕မွာျမင္ေနရတဲ့အရာႀကီးကိုၾကည့္ရင္း ကမာၻနက္ကထပ္ၿပီးအတည္ျပဳသလိုေမးလာတယ္ ။ ႏွစ္ေယာက္သား အျဖဴအမည္းဝတ္စုံေတြဝတ္ထားၾကၿပီး ေက်ာင္းလြယ္အိတ္ေတြပါတစ္ခါတည္းပါလာေတာ့ လူအမ်ားအျမင္မွာထူးဆန္းေနတယ္ထင္ပါရဲ႕ ။ ေတာ္ေတာ္မ်ားမ်ားကသူတို႔ႏွစ္ေယာက္ကိုလွည့္ၾကည့္သြားၾကတယ္ေလ ။

အိပ္မက္ဝိုင္ၾကာေတာ့ရွက္လာတာေၾကာင့္ ကမာၻနက္လက္ကိုဆြဲရင္း လြတ္တဲ့ခုံမွာအျမန္ဝင္ထိုင္လိုက္တယ္ ။

"အင္း ေသခ်ာတယ္"

"ဟက္"

အရမ္းကိုတက္ႂကြေနတဲ့ပုံေလးေၾကာင့္ကမာၻနက္ရယ္လိုက္တယ္ ။ အိပ္မက္ဝိုင္ကိုမာနႀကီး ၊ အေၾကာတင္းတဲ့ ေပါင္းရသက္ရခက္မယ့္လူလို႔ထင္ထားခဲ့တာ ။ တကယ္တမ္း ခဏေလးအတြင္းမွာသူသိလိုက္ရတာက အိပ္မက္ဝိုင္က သူ႔အားနည္းခ်က္ကိုဖုံးကြယ္ခ်င္လို႔ မာနဆိုတဲ့အေပၚယံသတ္မွတ္ခ်က္တစ္ခုကိုခပ္ပါးပါးဖုံးအုပ္ထားခဲ့႐ုံပဲ ။

"မင္းကငါ့ဘဝမွာပထမဆုံးသူငယ္ခ်င္းပဲ"တဲ့ ။

အဲ့စကားၾကားၿပီးတည္းက ကမာၻနက္စိတ္ထဲေဖာ္မျပတတ္တဲ့ေႏြးေထြးမႈတစ္ခုခံစားေနခဲ့ရတာ ။ ေနာက္ဆုံး အခုလိုအိပ္မက္ဝိုင္နဲ႔အတူ ပထမဆုံးအႀကိမ္အျဖစ္ေက်ာင္းေျပးၿပီး ကစားကြင္းထိဆြဲေခၚခံလာတာကိုေတာင္ ေက်ေက်နပ္နပ္ႀကီးလိုက္လာမိတဲ့အထိေပါ့ ။

"ဒီေန႔ဒါစီးခဲ့တာဘယ္သူမွသိလို႔မျဖစ္ဘူး"

"ဘာလို႔လဲ"

ဘယ္လိုေျဖရမွာလဲ ။ ဒီအ႐ြယ္ႀကီးေရာက္မွႀကီးေကာင္ႀကီးမားနဲ႔ merry go round စီးတာကို အရွက္ကြဲခံၿပီးလူသိခံရမွာလား ။ ကမာၻနက္ဘဝမွာ ဒီလိုကေလးကလားေပါက္ကရလုပ္ဖူးတာ ဒီတစ္ခါပါထည့္ေပါင္းမွ တစ္ကယ္ကိုဘုရားစူးပထမဆုံးအႀကိမ္ပဲရွိတာ ။

ၿပီးေတာ့ သူတို႔ႏွစ္ေယာက္က တစ္ျခားသူေတြနဲ႔မတူတဲ့ dominant ဗီဇခံရွိတဲ့လူေတြ ။ ၿပီးေတာ့လဲ ထိပ္တန္းစီးပြါးေရးလုပ္ငန္းစုႀကီးႏွစ္ခုက နာမည္ႀကီးအေမြဆက္ခံသူေတြ ။ သူတို႔႐ုပ္ကိုအနည္းနဲ႔အမ်ားမွတ္မိေနၾကတဲ့သူေတြေၾကာင့္ ကမာၻနက္စိတ္ညစ္သြားတယ္ ။

သူ႔႐ုပ္ကိုၾကည့္ၿပီးအိပ္မက္ဝိုင္ကရယ္တယ္ ။ ၿပီးတာနဲ႔ဘာမွမျဖစ္ပါဘူးဆိုၿပီး အဝိုင္းစလည္တာနဲ႔ ကေလးေတြၾကားထဲမွာတေဟးေဟးေအာ္ေနေတာ့တာပဲ ။

"က်စ္ မၿပီးေသးဘူးလား"

"အဲ့မ်က္ႏွာကိုျပင္ၿပီး ရတဲ့အခိုက္အတန္႔ေလးကိုတန္ဖိုးထားဖို႔ႀကိဳးစားစမ္းပါ ကမာၻနက္.. မင္းၾကည့္ရတာ မေပ်ာ္မ႐ႊင္နဲ႔"

သူတို႔စီးခဲ့တဲ့ merry go round ကစုစုေပါင္း ၁၄ ႀကိမ္ေတာင္လွည့္တယ္ ။ ပုံမွန္ထက္အခ်ိန္ပိုၾကာေနတာေၾကာင့္ သူသံသယျဖစ္မိေပမယ့္ ေထြေထြထူးထူးလဲေမးမေနမိေတာ့ဘူး ။ ေနာက္မွ ျပန္သိရတာက ေျပာမရဆိုမရအိပ္မက္ဝိုင္က လက္မွတ္ကိုႏွစ္ခါေတာင္ျဖတ္လိုက္တာတဲ့ေလ ။ အဲ့တာေၾကာင့္ အဲ့ေလာက္ေပရွည္ေနေအာင္ သူတို႔ႏွစ္ေယာက္တည္း ၁၄ ပတ္ေတာင္စီးလာရတာ ။

ဒါေတာင္မွ သူတို႔ေတြတစ္ျခားတစ္ေနရာမသြားခင္အထိကိုအိပ္မက္ဝိုင္ကေနာင္တရသလိုညည္းတြားေသးတာ ။

"၁၄ပတ္က်မ်ားလြန္းတယ္ .. ေနာက္တစ္ခါဆို ၇ ပတ္ေလာက္ဆိုေတာ္ပါၿပီ" တဲ့ ။

တကယ္ကိုပဲ အိပ္မက္ဝိုင္က ကေလးဆန္လြန္းေနတာမဟုတ္ဘူးလား ?

#okipuy

Continue Reading

You'll Also Like

561K 61.3K 36
LOVE IS LIKE COFFEE S2
26.2K 4K 30
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
431K 24.5K 58
I am not girl (Own Creation Mm )(Mpreg) Author by Period-K Main Lead Couple Kaungkin Htet Yan + Saint Bhone Myat Start date - 13 March 2022 End date...
618K 50.2K 54
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}