Unicode
မေရဲ့ အကြောင်းကလည်း ကောင်းလှသည်တော့မဟုတ် ။
သူမ နိုင်ငံခြားသို့ ပါသွားသည့် အကြောင်း ။စက်ရုံကြီးများတွင် အလုပ်လုပ်ရသည့် အကြောင်း ။
သူမလိုလူများနှင့် အတူထွက်ပြေးရာမှ သက်ဆိုင်ရာနှင့် တွေ့ပြီး တရားမဝင် ဝင်ရောက်မှုကြောင့် အထိန်းသိမ်းခံရသည့် အကြောင်း နှင့် ထွက်လာခါနီး မတော်တဆမှု တစ်ခုကြောင့် ခေတ္တမျှ မှတ်ဉာဏ်ပျောက်ဆုံးခဲ့သည့်အကြောင်း ။
"မေလေ မှတ်မိလာတာနဲ့ တန်းပြန်လာခဲ့တာ.... ဒါပေမယ့် မေ အရမ်း.နောက်ကျသွားတယ် မောင်ရယ် ၊ ဖေဖေလည်း.မရှိတော့ဘူး....မေမေကလည်း.ကျန်းမာရေး.သိပ်မကောင်းဘူး၊ မောင်လည်း.ကျောင်းဆက် မတက်ရတော့ဘူး ဟင့်...မောင့်ကို တောင်းပန်ပါတယ် မေစောစော.ပြန်လာခဲ့ရမှာ "
"မောင့်ရဲ့ မေလေး အရမ်း.ပင်ပန်းခဲ့တာနဲ့ ယှဥ်ရင် မောင်ဖြစ်တာက သေးသေးလေးပါ မငိုနဲ့တော့နော်...တိတ်တော့ "
ဘေးနားတွင် ထိုင်ကာ သူမ ဖြစ်ပျက်ခဲ့သမျှကို တရစပ်ပြောရင်း.ငိုနေသည့် မေအား မောင် ခေါင်းလေးကို ဖွဖွလေး.ပွတ်သပ်ပေးလိုက်သည် ။ မောင်ပင်ပန်းတာထပ် စာရင် မေက ပိုပင်ပန်းပါလိမ့်မည်။ ထို့အပြင် အသက်ငယ်ငယ် ကောင်မလေးတစ်ယောက်လေ။
"ဟုတ်တယ်....မောင်က လာမှမခေါ်တာ မေက အဝေးကြီးကို ရောက်သွားတာ "
"....."
အပြစ်ရှိတဲ့ ခံစားချက်က နည်းနည်းလေး လျော့ခဲ့ပေမယ့် မေကြုံတွေ့ခဲ့ရတာကို ကြားရပြန်တော့ လျော့သွားတာက.ပြန်တိုးလာသလိုပါပင် ။
"ကိုကိုနဲ့ ဘယ်လိုများ.လက်ထပ်ဖြစ်သွားတာလဲဟင် "
"ဘဘဆရာဝန်ကြီးက သဘောတူထားခဲ့လို့ပါ "
"ကိုကိုကလည်း.သဘောတူတယ်မလား "
"အစကတော့..."
"မေသိပါတယ် ကိုကိုက အစကတည်းက မောင်နဲ့ လက်ထပ်ချင်နေတာ နေမှာပါ"
"ဟမ်..."
မေပြောတာကို မောင် နားမလည်ပေ ။
အစကတည်းက...အစကတည်းကတဲ့လား...။
"ကဲပါ ကိုကို့ကိုပဲ သေချာမေးကြည့်လိုက် ၊ အကုန်လုံးပြောပြဖို့က ကိုကို့အပိုင်း....မေနဲ့ မဆိုင်တော့ဘူး "
သူမလည်း ချစ်ခဲ့တာပဲ ။ လောင်းရိပ်ကလည်း မေကို ချစ်တယ်လို့ ဝန်ခံခဲ့တာပဲလေ ။ သူမကို မချစ်မှန်း သိနေတာတောင်
တစ်နေ့နေ့တော့ သူမဆီ စိတ်လည်လာကောင်းပါရဲ့ဟု တွေးကာ လောင်းရိပ်ကို ဆွဲထားခဲ့ရသည်မို့ ပင်ပန်းခဲ့ရတာပဲ ။
ထို့အတွက် လောင်းရိပ်ကို မကူညီချင်ပါ ။ မောင့်ကို လောင်းရိပ် ကိုယ်တိုင်သာ ဖွင့်ပြောစေချင်ပါသည် ။
"မေ ပြောတာတွေ နားမလည်ဘူး "
"နောက်တော့ နားလည်မှာပါ...စိတ်ပူမနေနဲ့...၊ အဲ...မိုးတောင် ချုပ်နေပြီ မေလည်း.အိမ်ပြန်တော့မယ်လေ "
"ဒီမှာ အိပ်သွားပါလား.."
"မောင်....အဲ့လောက် မတုံးပါနဲ့လို့ပဲ ပြောချင်တယ်...တကယ်ပါပဲ သွားမယ် ၊ ပြန်ပြီ၊ တာ့တာ "
မေပြောသွားသည့် အဓိပ္ပါယ်ကို မေထွက်သွားမှသာ သဘောပေါက်သည် ။
အိမ်ထောင်သည် ကောင်လေး.နှစ်ယောက်ရဲ့ အိမ်ကို ဘယ်အပျိုလေးက ညအိပ်ညနေ နေချင်ပါ့မလဲလေ ။
တွေးရင်းတွေးရင်း.မျက်နှာတောင်.ပူလာသလိုလိုပင် ။
လောင်းရိပ် ဘယ်သို့သွားနေသည်မသိ ။
ည၈နာရီထိ ရောက်မလာသေး ။
၉နာရီ...။
၁၀နာရီ...။
လက်တလော မောင့်ကို လောင်းရိပ်က ဆေးတစ်မျိုးသောက်ခိုင်းထားသောကြောင့် ဆေးသောက်ပြီး ခဏအကြာ မောင် အိပ်ချင်လာသည် ။
အိပ်ယာထဲသို့ သွားလာပြီး မှေးနေခိုက်..
မွေ့ယာက ငြိမ့်ကနဲ့ ဖြစ်သွားသောကြောင့် လူတစ်ယောက် တက်လာသည်ဆိုတာကို မောင်သိသည် ။ မျက်လုံးတော့ ဖွင့်မကြည့်ဖြစ်သေး ။
မောင်၏ ကျောပြင်နောက်မှ ရင်ငွေ့နွေးနွေးကို ရသည် ။ ပြီးတော့ မောင်ရင်းနှီးနေသည့် လောင်းရိပ်၏.ကိုယ်သင်းနံ့။
လောင်းရိပ်က မောင်၏ ကျောပြင်နားသို့ ကပ်လျက် အပေါ်လက်က မောင်၏ ခါးကို ဖက်တွယ်ထားသည် ။
ပြီးတော့ မောင်၏ ဆံပင်နှင့် ဂုတ်အစပ်နားရှိ နေရာလေးကို ဖွဖွ နမ်းရှုံ့နေသည် ။
မောင် အနောက်ကိုလည်း လှည့်မကြည့်ချင် ။ ယခုပြောရမည့် စကားကို လောင်းရိပ်၏ မျက်နှာကို ကြည့်ပြီး.မပြောချင်ပါ ။ မပြောနိုင်ပါ ။
"ဦးရိပ်..."
"ဗျ...."
"မေ ပြန်လာပြီ "
"အင်း..."
"မေ့ဆီကို သွားတော့မှာလား "
"ကိုယ့်ကို တွန်းမထုတ်ပါနဲ့ မောင်ရယ်..."
"မောင့်ကို အားမနာပါနဲ့ "
"ကိုယ့်စိတ်ကို မောင် သေချာမမြင်ရသေးဘူးလားကွာ...ကျေးဇူးပြုပြီး တွန်းမထုတ်ပါနဲ့တော့ မောင်ရာ... "
ဘဝတစ်လျှောက် ဉပက္ခာတွေပဲ ရရှိခဲ့တဲ့ မောင့်မှာ ချစ်ခြင်းမေတ္တာဆိုတာ မရနိုင်ဘူးလို့ပဲ ပုံသေတွက်ပြီး အဝေးကပဲ ကြည့်ချင်တော့တဲ့ အရာမျိုး မဖြစ်ပါနဲ့လို့ လောင်းရိပ် ဆုတောင်းနေခဲ့ပေမယ့် မပြည့်နိုင်သေးဘူးပဲ ။
"မောင့် အတွက်မဟုတ်ရင် ဆွဲမထားချင်တာ မောင့်အတ္တမို့ နားလည်ပေးပါ ဦးရိပ်..."
စကား၏.အဆုံးသတ်မှာ မောင်၏.အသံတို့ တိုးဝင်သွားသည် ။
မေ အသက်ရှင်လျက် ရှိပြီမို့ ငြိမ်းငြိမ်းချမ်းချမ်း.အိပ်ချင်သည် ။
ဟုတ်ပါသည် ။ ဆေးအရှိန်ကြောင့် မောင် တဖြေးဖြေး အိပ်ပျော်သွားပါတော့သည် ။
လောင်းရိပ်၏ စကားသံတို့က မောင့်နားထဲမှာ.ဝေဝေဝါးဝါးဖြစ်လာကာ တဖြေးဖြေး မပီပြင်တော့ဘဲ မောင် အိပ်ပျော်သွားပါတော့သည်။
ဒီညတော့ နွေးထွေးတဲ့ ရင်ခွင်ထဲမှာ ကြောက်ရွံ့မှု မရှိဘဲ မောင် အိပ်ပျော်သွားသည် ထင်ပါသည် ။
Zawgyi
ေမရဲ႕ အေၾကာင္းကလည္း ေကာင္းလွသည္ေတာ့မဟုတ္ ။
သူမ နိုင္ငံျခားသို႔ ပါသြားသည့္ အေၾကာင္း ။စက္႐ုံႀကီးမ်ားတြင္ အလုပ္လုပ္ရသည့္ အေၾကာင္း ။
သူမလိုလူမ်ားႏွင့္ အတူထြက္ေျပးရာမွ သက္ဆိုင္ရာႏွင့္ ေတြ႕ၿပီး တရားမဝင္ ဝင္ေရာက္မႈေၾကာင့္ အထိန္းသိမ္းခံရသည့္ အေၾကာင္း ႏွင့္ ထြက္လာခါနီး မေတာ္တဆမႈ တစ္ခုေၾကာင့္ ေခတၱမွ် မွတ္ဉာဏ္ေပ်ာက္ဆုံးခဲ့သည့္အေၾကာင္း ။
"ေမေလ မွတ္မိလာတာနဲ႕ တန္းျပန္လာခဲ့တာ.... ဒါေပမယ့္ ေမ အရမ္း.ေနာက္က်သြားတယ္ ေမာင္ရယ္ ၊ ေဖေဖလည္း.မရွိေတာ့ဘူး....ေမေမကလည္း.က်န္းမာေရး.သိပ္မေကာင္းဘူး၊ ေမာင္လည္း.ေက်ာင္းဆက္ မတက္ရေတာ့ဘူး ဟင့္...ေမာင့္ကို ေတာင္းပန္ပါတယ္ ေမေစာေစာ.ျပန္လာခဲ့ရမွာ "
"ေမာင့္ရဲ႕ ေမေလး အရမ္း.ပင္ပန္းခဲ့တာနဲ႕ ယွဥ္ရင္ ေမာင္ျဖစ္တာက ေသးေသးေလးပါ မငိုနဲ႕ေတာ့ေနာ္...တိတ္ေတာ့ "
ေဘးနားတြင္ ထိုင္ကာ သူမ ျဖစ္ပ်က္ခဲ့သမွ်ကို တရစပ္ေျပာရင္း.ငိုေနသည့္ ေမအား ေမာင္ ေခါင္းေလးကို ဖြဖြေလး.ပြတ္သပ္ေပးလိုက္သည္ ။ ေမာင္ပင္ပန္းတာထပ္ စာရင္ ေမက ပိုပင္ပန္းပါလိမ့္မည္။ ထို႔အျပင္ အသက္ငယ္ငယ္ ေကာင္မေလးတစ္ေယာက္ေလ။
"ဟုတ္တယ္....ေမာင္က လာမွမေခၚတာ ေမက အေဝးႀကီးကို ေရာက္သြားတာ "
"....."
အျပစ္ရွိတဲ့ ခံစားခ်က္က နည္းနည္းေလး ေလ်ာ့ခဲ့ေပမယ့္ ေမႀကဳံေတြ႕ခဲ့ရတာကို ၾကားရျပန္ေတာ့ ေလ်ာ့သြားတာက.ျပန္တိုးလာသလိုပါပင္ ။
"ကိုကိုနဲ႕ ဘယ္လိုမ်ား.လက္ထပ္ျဖစ္သြားတာလဲဟင္ "
"ဘဘဆရာဝန္ႀကီးက သေဘာတူထားခဲ့လို႔ပါ "
"ကိုကိုကလည္း.သေဘာတူတယ္မလား "
"အစကေတာ့..."
"ေမသိပါတယ္ ကိုကိုက အစကတည္းက ေမာင္နဲ႕ လက္ထပ္ခ်င္ေနတာ ေနမွာပါ"
"ဟမ္..."
ေမေျပာတာကို ေမာင္ နားမလည္ေပ ။
အစကတည္းက...အစကတည္းကတဲ့လား...။
"ကဲပါ ကိုကို႔ကိုပဲ ေသခ်ာေမးၾကည့္လိုက္ ၊ အကုန္လုံးေျပာျပဖို႔က ကိုကို႔အပိုင္း....ေမနဲ႕ မဆိုင္ေတာ့ဘူး "
သူမလည္း ခ်စ္ခဲ့တာပဲ ။ ေလာင္းရိပ္ကလည္း ေမကို ခ်စ္တယ္လို႔ ဝန္ခံခဲ့တာပဲေလ ။ သူမကို မခ်စ္မွန္း သိေနတာေတာင္
တစ္ေန႕ေန႕ေတာ့ သူမဆီ စိတ္လည္လာေကာင္းပါရဲ႕ဟု ေတြးကာ ေလာင္းရိပ္ကို ဆြဲထားခဲ့ရသည္မို႔ ပင္ပန္းခဲ့ရတာပဲ ။
ထို႔အတြက္ ေလာင္းရိပ္ကို မကူညီခ်င္ပါ ။ ေမာင့္ကို ေလာင္းရိပ္ ကိုယ္တိုင္သာ ဖြင့္ေျပာေစခ်င္ပါသည္ ။
"ေမ ေျပာတာေတြ နားမလည္ဘူး "
"ေနာက္ေတာ့ နားလည္မွာပါ...စိတ္ပူမေနနဲ႕...၊ အဲ...မိုးေတာင္ ခ်ဳပ္ေနၿပီ ေမလည္း.အိမ္ျပန္ေတာ့မယ္ေလ "
"ဒီမွာ အိပ္သြားပါလား.."
"ေမာင္....အဲ့ေလာက္ မတုံးပါနဲ႕လို႔ပဲ ေျပာခ်င္တယ္...တကယ္ပါပဲ သြားမယ္ ၊ ျပန္ၿပီ၊ တာ့တာ "
ေမေျပာသြားသည့္ အဓိပၸါယ္ကို ေမထြက္သြားမွသာ သေဘာေပါက္သည္ ။
အိမ္ေထာင္သည္ ေကာင္ေလး.ႏွစ္ေယာက္ရဲ႕ အိမ္ကို ဘယ္အပ်ိဳေလးက ညအိပ္ညေန ေနခ်င္ပါ့မလဲေလ ။
ေတြးရင္းေတြးရင္း.မ်က္ႏွာေတာင္.ပူလာသလိုလိုပင္ ။
ေလာင္းရိပ္ ဘယ္သို႔သြားေနသည္မသိ ။
ည၈နာရီထိ ေရာက္မလာေသး ။
၉နာရီ...။
၁၀နာရီ...။
လက္တေလာ ေမာင့္ကို ေလာင္းရိပ္က ေဆးတစ္မ်ိဳးေသာက္ခိုင္းထားေသာေၾကာင့္ ေဆးေသာက္ၿပီး ခဏအၾကာ ေမာင္ အိပ္ခ်င္လာသည္ ။
အိပ္ယာထဲသို႔ သြားလာၿပီး ေမွးေနခိုက္..
ေမြ႕ယာက ၿငိမ့္ကနဲ႕ ျဖစ္သြားေသာေၾကာင့္ လူတစ္ေယာက္ တက္လာသည္ဆိုတာကို ေမာင္သိသည္ ။ မ်က္လုံးေတာ့ ဖြင့္မၾကည့္ျဖစ္ေသး ။
ေမာင္၏ ေက်ာျပင္ေနာက္မွ ရင္ေငြ႕ႏြေးႏြေးကို ရသည္ ။ ၿပီးေတာ့ ေမာင္ရင္းႏွီးေနသည့္ ေလာင္းရိပ္၏.ကိုယ္သင္းနံ႕။
ေလာင္းရိပ္က ေမာင္၏ ေက်ာျပင္နားသို႔ ကပ္လ်က္ အေပၚလက္က ေမာင္၏ ခါးကို ဖက္တြယ္ထားသည္ ။
ၿပီးေတာ့ ေမာင္၏ ဆံပင္ႏွင့္ ဂုတ္အစပ္နားရွိ ေနရာေလးကို ဖြဖြ နမ္းရႈံ႕ေနသည္ ။
ေမာင္ အေနာက္ကိုလည္း လွည့္မၾကည့္ခ်င္ ။ ယခုေျပာရမည့္ စကားကို ေလာင္းရိပ္၏ မ်က္ႏွာကို ၾကည့္ၿပီး.မေျပာခ်င္ပါ ။ မေျပာနိုင္ပါ ။
"ဦးရိပ္..."
"ဗ်...."
"ေမ ျပန္လာၿပီ "
"အင္း..."
"ေမ့ဆီကို သြားေတာ့မွာလား "
"ကိုယ့္ကို တြန္းမထုတ္ပါနဲ႕ ေမာင္ရယ္..."
"ေမာင့္ကို အားမနာပါနဲ႕ "
"ကိုယ့္စိတ္ကို ေမာင္ ေသခ်ာမျမင္ရေသးဘူးလားကြာ...ေက်းဇူးျပဳၿပီး တြန္းမထုတ္ပါနဲ႕ေတာ့ ေမာင္ရာ... "
ဘဝတစ္ေလွ်ာက္ ဉပကၡာေတြပဲ ရရွိခဲ့တဲ့ ေမာင့္မွာ ခ်စ္ျခင္းေမတၱာဆိုတာ မရနိုင္ဘူးလို႔ပဲ ပုံေသတြက္ၿပီး အေဝးကပဲ ၾကည့္ခ်င္ေတာ့တဲ့ အရာမ်ိဳး မျဖစ္ပါနဲ႕လို႔ ေလာင္းရိပ္ ဆုေတာင္းေနခဲ့ေပမယ့္ မျပည့္နိုင္ေသးဘူးပဲ ။
"ေမာင့္ အတြက္မဟုတ္ရင္ ဆြဲမထားခ်င္တာ ေမာင့္အတၱမို႔ နားလည္ေပးပါ ဦးရိပ္..."
စကား၏.အဆုံးသတ္မွာ ေမာင္၏.အသံတို႔ တိုးဝင္သြားသည္ ။
ေမ အသက္ရွင္လ်က္ ရွိၿပီမို႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း.အိပ္ခ်င္သည္ ။
ဟုတ္ပါသည္ ။ ေဆးအရွိန္ေၾကာင့္ ေမာင္ တေျဖးေျဖး အိပ္ေပ်ာ္သြားပါေတာ့သည္ ။
ေလာင္းရိပ္၏ စကားသံတို႔က ေမာင့္နားထဲမွာ.ေဝေဝဝါးဝါးျဖစ္လာကာ တေျဖးေျဖး မပီျပင္ေတာ့ဘဲ ေမာင္ အိပ္ေပ်ာ္သြားပါေတာ့သည္။
ဒီညေတာ့ ႏြေးေထြးတဲ့ ရင္ခြင္ထဲမွာ ေၾကာက္႐ြံ႕မႈ မရွိဘဲ ေမာင္ အိပ္ေပ်ာ္သြားသည္ ထင္ပါသည္ ။