SO,THIS IS LOVE

By Katiekoo1997

20.4K 2K 158

Always on my mind Forever in my heart ෆ Both Unicode and Zawgyi More

Intro✨
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-9
Final part
Extra

Part-8

1.3K 147 11
By Katiekoo1997

"ချာတိတ်..."

"ဗျာ..."

Jungkook ကိုအိမ်ပြန်လိုက်ပို့ရင်းနဲ့ Jungkook ရဲ့လက်ကိုလှမ်းကိုင်ဖို့တုံ့နှေးတုံ့နှေးနဲ့ကြိုးစားနေသည့် Taehyung ဟာစကားစလာပါသည်...ဘေးချင်းကပ်ရပ်လမ်းလျှောက်နေတာကြောင့် Jungkook ရဲ့လက်နုနုလေးဟာ Taehyung ရဲ့လက်ကိုမသိမသာလေးနူးညံ့စွာပွတ်တိုက်သွားသည့်အခါတိုင်း Taehyung ရင်တွေခုန်ရပါသည်...

"မနက်ဖြန်ကျောင်းပိတ်တယ်လေ..."

"အွန်းလေ"

"ဘာလုပ်မှာလဲ..."

"အိမ်မှာပဲနေမှာလေ Busan ကိုပြန်ဖို့ကလည်းတစ်ရက်၊နှစ်ရက်လောက်နဲ့ဆိုရင်ဘာမှသိလိုက်မှာမဟုတ်ဘူး အဲ့တာကြောင့်အိမ်မှာပဲနားတော့မယ်...ဘာလို့မေးတာလဲ Hyung..."

"တကယ်လို့...တကယ်လို့လေ...."

ဘယ်သူနဲ့မှမတုန်လှုပ်ခဲ့ဖူးသည့် Taehyung ဟာ Jungkook နဲ့ကျမှတုန်လှုပ်စွာကြောက်ရွံ့နေမိသည်...

"အွန်း...ပြောလေ..."

"တကယ်လို့တစ်ယောက်ယောက်ကချာတိတ်ကိုမနက်ဖြန်ကျရင် date လုပ်ဖို့ခွင့်တောင်းရင်ခွင့်ပြုမှာလား..."

Taehyung ရဲ့စကားကြောင့် Jungkook ကြောင်တောင်တောင်ဖြစ်သွားလေသည်...ခဏတာငြိမ်နေပြီးတော့မှရီမိတော့သည်...

"Hyung ကလည်း...ဘာတွေပြောနေတာလဲ...ဘယ်သူကကျွန်တော့်ကို date လုပ်ဖို့ခွင့်တောင်းမှာလဲ...."

"ကိုယ်က..."

"ဟင်....!!"

ရီနေသည့် Jungkook ရဲ့မျက်နှာလေးဟာ Taehyung ရဲ့တည်ငြိမ်မှုတွေပျော်ဝင်နေသည့်အသံကြောင့်ကြောင်တောင်တောင်လေးဖြစ်သွားရပြန်ပါသည်...

"Kim Taehyung ဆိုတဲ့ကိုယ်က Jeon Jungkook ဆိုတဲ့မင်းကိုမနက်ဖြန်ကျရင် date လုပ်ဖို့ခွင့်တောင်းချင်တယ် ခွင့်ပြုမယ်မလား..."

ခွင့်တောင်းတာမဟုတ်ဘဲအမိန့်ပေးသလိုမျိုးပြောကာအရှေ့ကိုတဖြည်းဖြည်းတိုးလာသည့် Taehyung ကြောင့် Jungkook မျက်လုံးပြူးကာသာကြည့်နေနိုင်တော့သည်...နေရာကနေတစ်လှမ်းမှလည်းမရွှေ့နိုင်ကာကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်နေမိသည်...

"ဟင်လို့...ခွင့်ပြုမယ်မလား"

ကလေးတစ်ယောက်လိုလိုချင်တာကိုမရရအောင်ယူမဲ့ပုံဖြင့်ပြောနေသည့် Taehyung ကို Jungkook ဘယ်လိုလုပ်ငြင်းဆန်နိုင်ပါ့မလဲ...

"ဟင်...အွန်း...Tae...Taehyungie Hyung ဆိုရင်တော့..."

"လက်ခံမယ်မလား...ကိုယ်တစ်ယောက်တည်းကိုပဲလက်ခံရမှာနော် တပြင့်သူတွေကိုလက်မခံရဘူးနော် ဟုတ်ပြီလား ကလေးလေး..."

"Hyung နော်!!ကျွန်တော့်ကိုကလေးလို့မခေါ်နဲ့လို့ အဲ့လိုဆက်ခေါ်နေမယ်ဆိုရင် Hyung နဲ့ date မလုပ်တော့ဘူးနော်"

Taehyung ကိုမျက်စောင်းထိုးကာ Jungkook ပြောသည်..

"အဲ့တာဆိုချစ်သူတွေဖြစ်သွားရင်ဘယ်လိုခေါ်ရပါ့နော်..."

တစ်ယောက်တည်းပြောသလိုပုံစံမျိုးဖြင့်ပြောကာအရှေ့ကိုထွက်သွားသည့် Taehyung ကိုခြေထောက်ဆောင့်ပြီးနှုတ်ခမ်းကိုကိုက်ကာရန်ထောင်ဖို့ Jungkook ပြေးလိုက်သွားပါတော့သည်...

"Taehyungie Hyung!!"
.
.
.
"ချာတိတ်...ပြီးပြီလား"

"ဟုတ် လာပြီ!!"

ဒီနေ့ date လုပ်မှာဖြစ်တဲ့အတွက် Jungkook ရဲ့တိုက်ခန်းထဲရှိဧည့်ခန်းမှာ Taehyung ထိုင်စောင့်နေလေသည်...တကယ်ဆိုသူတို့ချိန်းထားတဲ့အချိန်တောင်မရောက်သေးပါ...Taehyung ကစိတ်တွေမောပြာယာတွေခတ်ပြီးတော့ကြိုရောက်နေခြင်းဖြစ်သည်...ဆယ်မိနစ်လောက်ကြာတော့ Jungkook အခန်းထဲကနေထွက်လာလေသည်...

"ကြာတာ...ချာတိတ်ရာ..."

"ဘာမှလည်းမကြာဘဲနဲ့..."

"ကိုယ်နဲ့လက်ထပ်ပြီးသွားလို့အပြင်တွေဘာတွေသွားမယ်ဆိုတိုင်းဒီလိုကြာနေရင်ဘယ်လိုလုပ်မလဲ..."

"Hyung!!"

Taehyung ရဲ့ Jungkook ရဲ့မျက်နှာရဲတက်လာကာရှက်စိတ်ကြောင့် Taehyung ကိုအော်လိုက်လေသည်...ထိုအခါ Taehyung ကသဘောကျကာ Jungkook ကိုအကြင်နာတွေပျော်ဝင်နေသည့်အကြည့်ဖြင့်ကြည့်ကာအလှပဆုံးပြုံးပြလေသည်...

"စတာ...စတာ..ကိုယ်ကစတာနော် တော်ကြာစိတ်ဆိုးသွားမှမ date တော့ဘူးဆိုရင်ကိုယ်ပဲရင်ကျိုးရမှာ...သွားစို့နော်"

"Hyung..."

Taehyung က Jungkook ရဲ့လက်ကိုလှမ်းကိုင်ဖို့လုပ်လိုက်ပေမယ့် Jungkook ကအနောက်ကိုဆုတ်ကာခေါ်လိုက်တာကြောင့် Taehyung လှည့်ကြည့်လိုက်သည်...

"အွန်း...ဘာဖြစ်လို့လဲ"

"date လုပ်တယ်ဆိုတာကလေချစ်သူရည်းစားတွေမှလုပ်ကြတာမဟုတ်ဘူးလား...Hyung နဲ့ကျွန်တော်နဲ့ကအဲ့လိုမှမဟုတ်တာ...."

ဝတ်ထားသည့် cardigan ရဲ့အင်္ကျီလက်လေးကိုကိုင်ကာခေါင်းငုံ့ထားရင်း Jungkook ပြောသည်...တကယ်တော့တစ်ညလုံး Jungkook အိပ်မပျော်ချေ...Taehyung နဲ့အပြင်သွားအတူတူသွားရမယ်ဆိုတဲ့အတွေးကတောင်ရင်ခုန်စေတာအခုလိုမျိုး date လုပ်မယ်ဆိုတဲ့ကိစ္စကြီးက Jungkook ကိုနှလုံးခုန်သံတွေထိန်းချုပ်လို့မရနိုင်လောက်တဲ့အထိလွှမ်းမိုးနိုင်လွန်းသည်...

"အွန်းလေ...အခုမဟုတ်သေးတာလေ ဒီ date ပြီးရင်ချာတိတ်နဲ့ကိုယ်နဲ့ချစ်သူတွေဖြစ်သွားနိုင်တာပဲ..."

ရှက်နေသည့် Jungkook ကိုမေးစေ့ကနေမော့ယူလိုက်ကာပြောသည့် Taehyung ဟာအချစ်နွံထဲတွင်နစ်ဝင်နေသည့်လူသားတစ်ယောက်သာသာပင်...
__________________❣︎________________
Love you🤍

Zawgyi

"ချာတိတ်..."

"ဗျာ..."



"အွန်းလေ"

"ဘာလုပ်မှာလဲ..."


"တကယ်လို့...တကယ်လို့လေ...."


"အွန်း...ပြောလေ..."




"ကိုယ်က..."

"ဟင်....!!"












"Taehyungie Hyung!!"
.
.
.
"ချာတိတ်...ပြီးပြီလား"

"ဟုတ် လာပြီ!!"


"ကြာတာ...ချာတိတ်ရာ..."

"ဘာမှလည်းမကြာဘဲနဲ့..."


"Hyung!!"



"Hyung..."


"အွန်း...ဘာဖြစ်လို့လဲ"




__________________❣︎________________
Love you🤍

Continue Reading

You'll Also Like

151K 8.5K 30
Kim Taehyung🐯 Jeon Jungkook 🐰 Min Yoongi 🐭 Park jimin 🐥 my First yaio Fiction
461K 31.4K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
285K 8.5K 93
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
63.1K 6K 29
"𝗠𝗼𝗺𝗲𝗻𝘁𝘀 𝘄𝗶𝘁𝗵 𝘆𝗼𝘂,𝘁𝗵𝗮𝘁'𝘀 𝘄𝗵𝗲𝗻 𝗜 𝘄𝗶𝘀𝗵 𝗜 𝗰𝗼𝘂𝗹𝗱 𝘀𝘁𝗼𝗽 𝘁𝗶𝗺𝗲.."