° Tell Me..! How You HATE ME...

By Tharaphy85

35.5K 2.8K 138

ZSWW ZhanYi Unicode Only ( No Zawgyi ) More

° 01 °
° 02 °
°03°
° 04 °
!! Attention !!
° 05 °
° 07 °
° 08 °
° 09 °
° 10 °
° 11 °
° 12 °
° 13 °
° 14 °
° 15 °
° 16 °
° 17 °
° 18 °
° 19 °
° 20 °
° 21 °
° 22 °
° 23 °

° 06 °

1.4K 150 8
By Tharaphy85

Part << 6

“ မင်း မိဘက သူများပစ္စည်းမခိုးရဘူးလို့ မဆုံးမထားဘူးလား ဝမ်ရိပေါ်...”

“ ဟဲ့ ငါမေးနေတယ်ဖြေလေ ”

“ သားမခိုးဘူး ဆရာမ...သားမိဘကိုလည်းပြောစရာမလိုဘူး..”

“ အံမယ် အကြောကတော့တင်းတယ်ပေါ့ နင်ခိုးတာမဟုတ်ရင် ဘယ်သူခိုးရမှာလဲ နင့်လွယ်အိတ်ထဲကတွေ့တာလေ ဝမ်ရိပေါ်ရဲ့။ နင့်အမေကခိုးခိုင်းတာလား နင့်အ‌ဖေကခိုးခိုင်းတာလား..ဟမ် ငါမေးနေတယ် ဖြေလေ ”

ရိပေါ် သူ့ကိုဆူရင် ရိုက်ရင် လက်ခံသည် မိဘတွေကိုပြောတာတော့လက်မခံပါ အထူးသဖြင့် မာမားနဲ့ပါးပါးကိုပြောတာ လုံးဝလက်မခံနိုင်ပါ။ ဆရာမက အတော်ပင်ဒေါသထွက်နေပုံရသည် ကြိမ်လုံးတရမ်းရမ်းနဲ့ ဒီကိစ္စက ဘယ်သူလုပ်တယ်ဆိုတာ ရိပေါ်သိသည်။ ရှောင်းကျန့်နဲ့ ဝမ်‌ေချာင်ကလွဲလျှင် ဘယ်သူမှလုပ်မှာမဟုတ်ပေ..။

“ သား မခိုးဘူးလို့ ပြောပြီးပြီ ဒါသားကိုသပ်သပ်ချောက်ချတာ နောက်ပြီးတော့ ဆရာမအနေနဲ့ သားမိဘတွေကို ထိခိုက်စရာမလိုဘူး..”

ရှောင်းကျန့်လည်း ဆရာမကိုတစ်ခွန်းမကျန်ပြန်စွာနေတဲ့ ရိပေါ်ကိုကြည့်ပြီး အူယားလာသည် နှုတ်ခမ်းလုံးလုံးလေးက တစ်ချက်တစ်ချက်ဆူထွက်လာသည်မှာ ဆွဲငုံပစ်ချင်စရာလေးပင်..။

“ တော်စမ်း မင်းကိုချောက်ချရအောင် မင်းကဘယ်လောက်ချမ်းသာမြင့်မြတ်နေလို့လဲ တော်တော့ ဟိုဖက်လှည့် 10 ချက်ရိုက်မယ် မနက်ဖြန် မိဘခေါ်လာရမယ်..”

////////////////////////

“ အင့် ဟီးး ရွှတ် ..”

ရိပေါ်ထမင်းစားဆင်းသည်အထိ ငိုနေတုန်းပင်...ရိပေါ်အတွက်အကြီးမားဆုံး စိတ်ဒဏ်ရာ တစ်ခုရသည်လို့တောင်ဆိုရပေမည် သူများပိုက်ဆံကိုခိုးဖို့မပြောနှင့် စိတ်နဲ့တောင်မပစ်မှားတတ်ပေ ပြီးတော့  ရှောင်းကျန့်ကိုလည်း အဲ့လောက်ထိအဆိပ်ပြင်းမယ်မှန်းမသိထားခဲ့ပေ..။

“ ယဲ့ယဲ့ရေ နင့်ပိုက်ဆံသေချာသိမ်းထားဦးနော် တော်ကြာ သူခိုးခိုးသွားဦးမယ်..”

ရိပေါ် အပင်အရိပ်အောက်တွင်ထိုင်ငိုနေစဉ် ယဲ့ယဲ့ နှင့် သူငယ်ချင်းတစ်ယောက်သည် သူ့အားယွဲ့စောင်း၍ပြောနေသည်..လျစ်လျှူသာရှုထားလိုက်သည် သူတကယ်ခိုးတာမှမဟုတ်တာပေ..။

“ မိဘမှမဆုံးမထားတာဟယ် တော်ပါနောက်ကိုလုံးဝအပေါင်းအသင်းမလုပ်ဘူး..”

“ မိဘ မဆုံးမတာထက် မိဘကိုယ်တိုင်ကခိုးခိုင်းတာနေမှာပေါ့..”

ထောင်းကနဲနဲ့ဒေါသက ထွက်လာသည် မိဘကိုထိခိုက်စရာမလိုဘူးဟု ပြောပြီးသားဟာပဲကို ဘာ့ကြောင့်များသူ့မိဘကိုများထိခိုက်‌ချင်နေရပြန်တာလဲ

“ ယဲ့ယဲ့ ငါ့မိဘကို ထိခိုက်စရာမလိုဘူးလို့ပြောပြီးပြီလေ..”

ဒေါသအရှိန်ကြောင့် ယဲ့ယဲ့ကို ဆောင့်တွန်းလိုက်ကာ ပြောမိသည်။ ယဲ့ယဲ့ဘေးက သူငယ်ချင်းမလေးသည် ရိပေါ်အားပြန်၍ဆောင့်တွန်းကာ အနီးအနားက သူ့သူငယ်ချင်းကောင်လေးတစ်ချို့ကိုပါလှမ်းခေါ်၍ အနိုင်ကျင့်နေပါသည်ဟု လိမ်ပြောသည်...။

ကောင်လေးတစ်ချို့သည် ရိပေါ်ထက် ခန္ဓာကိုယ် ဖွံ့ထွားမှုအားကောင်းသည့်ပုံ ရိပေါ်ထက် အရပ်လည်းပိုရှည်သလို ခန္ဓာကိုယ်ကလည်းတောင့်တင်း၏..။အဖွဲ့ထဲမှကောင်လေးတစ်ယောက်သည်ရိပေါ်အား တွန်းကာတိုက်ကာနဲ့ မိဘတွေကိုပါ သူခိုးဟုစွပ်စွဲကာ လှောင်ပြောင်ကြသည်။ လူ ၅ ယောက်ထက်ပိုကာ အုပ်စုလိုက်ဝိုင်းဖွဲ့ကာလှောင်ပြောင်သရော်မှုကြောင့်ရော တွန်းကာတိုက်ကာ ကိုယ်ထိလက်ရောက်ပြုမှုကြောင့်ပါ ရိပေါ် သူတို့ကိုကြောက်လာသည်...။

“ ဟင့် မလုပ်နဲ့..မခိုးဘူး ငါမခိုးဘူး.။ငါ့မိဘတွေကသူခိုးမဟုတ်ဘူး..”

“ အလကားပါကွာ ဒီကောင်လိမ်နေတာ သူ ခိုးတာ လူမိသွားလို့ ရှက်ရမ်းရမ်းနေတာ ဟား ဟား ဟား ဟား...”

” မဟုတ်ဘူး ငါမခိုးဘူး..ငါမခိုးဘူးလို့ပြောနေတယ်လေ ဟင့် ငါမခိုးဘူး..အီး..”

ရိပေါ် မြေကြီးပေါ် ဖင်ထိုင်ချကာ ငိုမိသည်..ဘာလို့သူ့အပေါ်ကို ဒီလောက်များလှောင်ပြောင်ချင်ကြတာလည်း

“ တိတ်စမ်း ...မင်းတို့တွေအကုန်လံုးကိုယ့်အခန်းထဲကိုယ်ပြန်တော့..”

ရိပေါ်ရဲ့နောက်ပါးကနေထွက်လာတဲ့အသံပိုင်ရှင်ကဘယ်သူလဲဆိုတာ လှည့်မကြည့်ပဲတောင် သိနိုင်သည်..။သူလာမှပဲ ရိပေါ်ဘေးကနေထွက်သွားကြတဲ့ကျောင်းသားတွေကိုကြည့်ပြီးကျိန်ဆဲလိုက်သည်။

“ ရိပေါ် ငါတောင်းပန်..”

“ မလိုဘူး ရတယ် .. ငါမင်းအပေါ်မှာ ကျူးလွန်မိတဲ့အပြစ်က ကြီးတယ် ဒါပေမဲ့ မင်းအနေနဲ့ ဒီလောက်နဲ့ပဲကျေနပ်ပေးပါတော့..ငါတောင်းပန်ပါတယ်”

ရိပေါ် ရှောင်းကျန့်အား မကြည့်ပဲလှည့်သာထွက်ခဲ့သည်။ နောင်တရတယ် ရှောင်းကျန့်လိုလူမျိုးနဲ့ကြုံခဲ့ရတာကို နောင်တရတယ်.

/////////////////////////////

နောက်တစ်နေ့ရောက်တော့ ရိပေါ်ကျောင်းမလာခဲ့ပေ ရိပေါ်ရဲ့ ကြီးကြီးဆိုသူရောက်လာကာ ရိပေါ်ကိုပါ တစ်ခါတည်းကျောင်းပြောင်းဖို့လက်မှတ်ပါထုတ်လေသည်။

“ ဟို ကြီး ကြီးကြီး..”

ကြီးကြီးဟုသာခေါ်ကြတာ နွဲ့ဝေ၏အသက်က ၃၅ နှစ် လောက်သာရှိသည် ငယ်ရွယ်နုနယ်ခြင်းတွေကလည်း အပြည့်ပင်။ နွဲ့ဝေ သူ့အရှေ့ကကောင်လေးကိုကြည့်လိုက်သည် ယွီပင်းပြောပုံအရသာဆို ဒီကောင်လေးက ဝမ်ဝမ့်ကို အနိုင်ကျင့်နေတဲ့ ရှောင်းကျန့်‌ဆိုတဲ့ ကလေးပင်ဖြစ်မည်။

“ ဘာပြောမလို့လဲ သား..”

“ ဟို ရိပေါ်ကို တောင်းပန်ပါတယ်လို့ပြောပေးပါ ကျွန်တော်..”

“ မင်းက ရှောင်းကျန့်နဲ့တူတယ် ..ဝမ်ဝမ်ကတော့ မင်းကိုခွင့်လွှတ်ပါတယ် ပြီးတော့ မင်းတို့ကငယ်ငယ်လေးပဲရှိတော့ ဒေါသကိုရှေ့တန်းတင်တတ်တာ အမှားမဟုတ်ပါဘူး..။ဘာပဲဖြစ်ဖြစ်ပါ ဝမ်ဝမ်က ခွင့်လွှတ်တာမို့လို့ဘာမှမပြောချင်ပါဘူး ကြီးကြီးသွားလိုက်ပါဦးမယ်..”

နွဲ့ဝေအနေနဲ့ ကလေးအပြိုင်မဖြစ်ချင်လို့ စကားစသာမြန်မြန်ဖြတ်ကာ ထွက်လာခဲ့သည် ဝမ်ဝမ့်ကို အနိုင်ကျင့်တာမို့နည်းနည်းတော့ ဒေါသထွက်ချင်သည် သူတောင်မဆူရက်တဲ့ ဝမ်ဝမ်ကို ဒီကလေးက စိတ်ဒဏ်ရာတွေပေးကာအနိုင်ကျင့်သည်မို့ သိပ်တော့အခဲမကြေပေ။

မနေ့ကယွီပင်းသည် ဒေါသထွက်ကာ ရှောင်းကျန့်ကို အော်ဟစ်ဆဲဆိုကာ ရိပေါ်ရဲ့ ဘဝအကြောင်းကိုပြောပြသည်မို့ အနည်းငယ်တော့ ရိပေါ်ကိုသနားမိသည်။ ဘာပဲပြောပြော ရိပေါ်ကျောင်းပြောင်းသွားရခြင်းမှာ သူ့ရဲ့ပယောဂမကင်းတာကြောင့် တောင်းပန်မိခြင်းပင်။

ထိုနေ့က သတင်းကြားမိပါသေးသည် ဝမ်ရိပေါ်နဲ့သူ့ကြီးကြီးသည် လော့ရန်ကိုအပြီးပြန်သွားပြီတဲ့..။

Tbc ____________

ဒီအပိုင်းမှာ ကြမ်းတမ်းတဲ့စကားအချို့ပါလို့ ပြန်ပြင်ရင်ကောင်းမလားမပြင်ပဲနေရင်ကောင်းမလားဆိုပြီး တိုင်ပတ်နေလို့ up ကြာသွားတယ်..။နောက်ဆုံးတော့လည်း မပြင်လိုက်ပါဘူး ⊙﹏⊙

19.11.2021

Continue Reading

You'll Also Like

1.6M 54.6K 68
In which the reader from our universe gets added to the UA staff chat For reasons the humor will be the same in both dimensions Dark Humor- Read at...
783K 36.7K 59
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
911K 34.8K 83
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
490K 10.4K 37
In wich a one night stand turns out to be a lot more than that.