[TN:spoilတယ်လို့တော့မထင်ကျပါနဲ့ ကြိုတင်ပြင်ဆင်ရအောင်ပြောပြတာပါ😁ဒီChapter ကနေ စပြီးArc အဆုံးထိက ဒဏ္ဍာရီလာဓားတွေပါပဲရှင်....ဘယ်သူ့ကိုသနားရမှန်းမသိရင် ဒီကရေဘဝဲမကြီးကိုသာ လာသနားကျပါ....စကားမစပ်ပြောလိုက်ပါဉီးမယ် ကျိုးရိအန်က ကျယ်မအပိုင်ပါ... OC ခြင်းသည်းခံပါ😁😁]
ကျိုးရိကျယ်က တည်းခိုဆောင်ကို မပြန်တော့ဘဲ ညတွင်းချင်း အိမ်ပြန်ဖို့ပြင်လိုက်တယ်။
အသက်ဝိဉာဉ်ကင်းမဲ့နေတဲ့ အရုပ်တစ်ရုပ် သဖွယ်ဖြစ်နေတဲ့ ရှဲ့ဟယ်က ကျိုးရိကျယ် လုပ်ပေးသမျှကိုငြိမ်ခံနေခဲ့တယ်။ကျိုးရိကျယ်က ရှဲ့ဟယ်ကို ရေချိုး၊အဝတ်အစားလဲပေးလိုက်ပြီး ကုတင်ပေါ်တင်ပေးလိုက်တယ်။ကလေးတစ်ယောက်ကိုချော့မြှူနေသလို နူးညံံ့တဲ့လေသံနဲ့.....
"ကိုယ် မင်းနဲ့အတူရှိနေပေးမယ်....အိပ်တော့နော်..."
ရှဲ့ဟယ်က သူ့ကို ဉီးတည်ရာမဲ့နေတဲ့အကြည့်တွေနဲ့ကြည့်လိုက်ပြီး မျက်လုံးတွေကိုဖြည်းညှင်းစွာမှိတ်ချလိုက်တယ်။
ကျိုးရိကျယ်က ရှဲ့ဟယ်အိပ်ပျော်သွားတဲ့အထိပွေ့ဖက်ပေးထားပြီး ချစ်ခြင်းတရားအပြည့်ပါတဲ့အကြည့်တွေနဲ့ကြည့်နေခဲ့တယ်...ထိုနောက်..ရှဲ့ဟယ်ရဲ့နဖူးပြင်ကို အနမ်းတစ်ပွင့်ပေးအပ်လိုက်တယ်။
ရှဲ့ဟယ် တစ်ညလုံးကောင်းမွန်စွာအိပ်စက်နိုင်ခဲ့တယ်။အိပ်ယာနိုးချိန်မှာ ကျိုးရိကျယ်ကိုမတွေ့တော့ပေ....တစ်စုံတစ်ခုကိုတီးတိုးရေရွှတ်လိုက်ပြီး အခန်းတံခါးဖွင့်ပြီးပြေးထွက်သွားလိုက်တယ်။
ဆူညံသံတွေကြောင့် ကျိုးရိကျယ် မီးဖိုခန်းထဲကနေထွက်ကြည့်လိုက်တယ်။သွေးမရှိတော့သည့်နှယ်ဖြူဖျော့နေတဲ့ကောင်လေးက ခြေဗလာနဲ့အခန်းတံခါးဝမှာမတ်တပ်ရပ်နေတယ်။ကောင်လေးရဲ့မျကိဝန်းတွေထဲက သွေးပျက်ခြောက်ခြားမှုတွေကိုမြင်လိုက်ချိန်မှာ ကျိုးရိကျယ်ရဲ့နှလုံးသားကို အေးစက်နေတဲ့လက်ချောင်းတွေနဲ့ ဖျစ်ညှစ်ထားသလိုခံစားလိုက်ရတယ်။ကောင်လေးရှေ့ကို သွားလိုက်ပြီး နူးညံ့စွာ မေးမြန်းလိုက်တယ်။
"ဘာဖြစ်လို့လဲ??
ရှဲ့ဟယ်က ရုတ်တရက်ဆိုသလို ကျိုးရိကျယ်ကို တင်းကြပ်စွာ ဖက်တွယ်ထားလိုက်တယ်...ကျိုးရိကျယ်ရင်ခွင်ထဲမှာ မျက်နှာအပ်ထားတဲ့ ကောင်လေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီနေတယ်.....
စက္ကန့်ပိုင်းလောက်တုန့်ဆိုင်းနေတဲ့ ကျိုးရိကျယ်က ကောင်လေးကို ပွေ့ဖက်လိုက်ပြီး....
"ကိုယ်ဒီမှာရှိတယ်...မကြောက်နဲ့တော့..."
ဒါက ရှဲ့ဟယ်ကိုနှစ်သိမ့်ပေးနေသလိုပါပဲ....တုန်ရီနေမှုတွေတဖြည်းဖြည်းချင်းရပ်တန့်သွားချိန်မှာ မျက်ရည်တွေဝေ့သီနေတဲ့ မျက်ဝန်းတွေနဲ့မော့ကြည့်လိုက်တယ်။ဖြူရော်နေတဲ့နှုတ်ခမ်းသားလေးတွေ သွေးရောင်လွှမ်းလာခဲ့ပြီ....
ရင်ခွင်ထဲက အငိုသန်သူလေးကို ကျိုးရိကျယ်သေချာလေ့လာနေမိတယ်။အရင်ကဆို ဒီပုံစံကိုမြင်တာနဲ့ တစ်ခုခုထလုပ်မိမှာပါ....အခုချိန်မှာ အဲ့လိုစိတ်တွေရှိမနေတော့ပေ....ဒီကောင်လေးကို ယုယထွေးပွေ့ပေးချင်စိတ်ချင်စိတ်ကလွဲရင်ကျန်တာဘာမှမရှိတော့ပါဘူး...လက်ရှိမှာ ဒီကောင်လေးကို လိင်မှုကိစ္စမပါဘဲ ဒီအတိုင်းလေးချစ်နေမိရုံပါပဲ.....
"လိမ်မာတယ်...ဒီမှာခဏထိုင်ဉီးနော်...မနက်စာပြင်ပေးမယ်"
[TN:ရှဲ့ဟယ်ကိုလိမ်မာတယ်တဲ့...အငြင်းခံလိုက်ရတဲ့ Hostအယောက်တစ်ရာက နင့်ကိုပုတ်ပြနေတယ် ကျိုးရိကျယ်ရေ...( ရင်နာလွန်းလို့ ရင်ဘတ်ပုတ်ပြတာ😌]
ရှဲ့ဟယ်က ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ပြောစကားနားထောင်ပြီးချစ်စရာကောင်းတဲ့ကလေးလေးတစ်ယောက်လို ငြိမ်ငြိမ်လေးထိုင်နေခဲ့တယ်။
ကျိုးရိကျယ်ပြင်ပေးတဲ့ နံနက်စာက ရိုးရှင်းပေမယ့် အရသာရှိပါတယ်။တိတ်ဆိတ်စွာနဲ့ ခေါင်းငုံ့ပြီး နံနက်စာစားလိုက်တယ်။
ကျိုးရိကျယ်ရဲ့အကြည့်တွေ ရှဲ့ဟယ်ဆီမှာပဲ ကပ်တွယ်နေတယ်။ဝမ်းနည်းမှုနဲ့စိတ်မကောင်းဖြစ်မှုတွေရင်ဘတ်ထဲမှာ ပြည့်လျှံနေပြီ...ဒီကောင်လေးပြန်ရောက်လာကတည်းက စကားတစ်ခွန်းမှမပြောသေးဘူး....အထီးကျန်တန်တဲ့ကမ္ဘာတစ်ခုထဲမှာ သူ့ကိုယ်သူ လှောင်ပိတ်ထားနေတာပဲ......
ဒီကောင်လေးရဲ့ကိုယ်ပိုင်ကမ္ဘာထဲမှာ တခြားသူတစ်ယောက်ရှိနေတယ်....နာကျင်ရပေမယ့်လဲ စိတ်ကျေနပ်စရာတွေရှိနေပါသေးတယ်....အခုချိန်ကစပြီးသူ ဒီကောင်လေးကို အမှန်တကယ်ပိုင်ဆိုင်ရတော့မယ်လေ....
ဒီကောင်လေးကိုဘယ်တော့မှ ထားမသွားတော့ဘူး...ဒီကောင်လေးကလွဲရင် ဘယ်သူ့ကိုမှမလိုတော့ဘူး...သူ့မှာ ဒီကောင်လေးတစ်ယောက်ပဲရှိတာပါ....
စားသောက်ပြီးချိန်မှာ ရှဲ့ဟယ် ပန်းကန်ဆေးဖို့ပြင်လိုက်တယ်။ကျိုးရိကျယ်က သူ့ကိုရင်ခွင်ထဲဆွဲထည့်ပြီး နှုမ်ခမ်းထောင့်လေးကိုနမ်းလိုက်ပြီး....
"သွားနားတော့...ကိုယ် ဆေးလိုက်မယ်..."
ဒီလူကို အဖိုးတန်ရတနာတစ်ပါးသဖွယ် ထိန်းသိမ်းကာကွယ်ပေးချင်ပါတယ်.....
ရှဲ့ဟယ် သူ့ကို ငေးကြည့်လိုက်တယ်။ ခဏအကြာမှာ ဆိုဖာပေါ်မှာငြိမ်ငြိမ်လေးဝင်ထိုင်လိုက်တယ်။
ပန်းကန်တွေဆေးပြီးတာနဲ့ ဧည့်ခန်းထဲကိုသွားလိုက်တယ်။ချစ်စရာကောင်းတဲ့ပုံစံလေးနဲ့ထိုင်နေတဲ့ကောင်လေးကို မြင်လိုက်ချိန်မှာ ချစ်ခြင်းမေတ္တာအပြည့်ပါတဲ့ အနမ်းတွေပေးဖို့ ခြေလှမ်းတွေကိုအရှိန်မြှင့်လိုက်တယ်။
"ဒီနေ့ အပြင်ထွက်ပြီး လမ်းလျှောက်ထွက်ချင်လား?"
"အပြင်ထွက်မယ်"ဆိုတဲ့စကားလုံးတွေက မှော်ဂါထာတွေနဲ့အလားသဏ္ဍာန်တူနေတယ်။အစောပိုင်းမှာတည်ငြိမ်နေတဲ့ ကောင်လေးက ဒီစကားလုံးတွေကိုကြားလိုက်ချိန်မှာ အလန့်တကြားနဲ့ အားကုန်သုံးပြီး ကျိုးရိကျယ်ရဲ့လက်တွေကိုဆုပ်ကိုင်ထားပြီး သေရေးရှင်ရေး တစ်ခုသဖွယ် အဆက်မပြတ်ခေါင်းခါပြနေတယ်။
ဆုပ်ကိုင်ခံရတဲ့ ကျိုးရကျယ်ရဲ့လက်တွေ အတော်နာနေပြီ....ဒီကောင်လေးရှိသမျှ အား အကုန်သုံးပြီး ကြောက်လန့်တကြား ဆုပ်ကိုင်ထားတယ်ဆိုတာရှင်းနေတာပဲလေ...ဒါပေမယ့် နှလုံးသားထဲကနာကျင်မှုကိုမှီနိုင်ပါ့မလား....
နေရောင်ခြည်လိုနွေးထွေးတက်ကြွနေတဲ့ ကောင်လေးကို အမှတ်ရလိုက်မိတယ်။ပြုံးလိုက်တိုင်းပေါ်လာတဲ့ပါးချိုင့်လေးတွေ....ကြည်လင်အေးမြနေတဲ့မျက်ဝန်းလေးတွေ....လူတကာတက်မက်ယစ်မူးလောက်တဲ့အလှတရားတွေနဲ့ ဒီကောင်လေးလှပခဲ့ဖူးတယ်....ဒါတွေအကုန်လုံး သူ့(ကျိုးရိကျယ်)ကြောင့်ပျောက်ကွယ်သွားခဲ့ပြီပဲ....တစ်ကိုယ်ကောင်းဆန်တဲ့အတ္တစိတ်ကြောင့် သူကိုယ်တိုင် ဖျက်စီးမိခဲ့လေခြင်း...
"မင်း မသွားချင်ဘူးဆို မသွားတော့ဘူးနော်...ကိုယ်တို့တွေ အိမ်မှာပဲနေကြမယ်နော်...."
ကောင်လေးရဲ့ပုခုံးကိုကိုင်ထားပြီး နှစ်သိမ့်ပေးလိုက်တယ်။
[444:Hostတာ့တာ့ ဒီရက်ပိုင်း စိတ်အခြေနေမကောင်ဘူးလား?]
[ရှဲ့ဟယ်:ငါ့တွက်ကိန်းတွေမှားနေတယ်ထင်လို့ အခြေနေတစ်ခုလုံးကို အသေးစိတ်ပြန်စစ်နေတာ]
[444:ဟမ်!!!]
[ရှဲ့ဟယ်:အချိန်တစ်ပတ်ကျော်နေပြီ...ဒါပေမယ့်ကျိုးရိကျယ်ရဲ့နှစ်သက်မှုက 98မှာရပ်နေတယ်...အမှားတစ်ခုခုဖြစ်နေတယ့်သဘောမျိုးမဟုတ်ဘူးလား?]
[444:ကျွန်တော်နားထောင်နေပါတယ်...]
[ရှဲ့ဟယ်: တစ်ချက်တည်းနဲ့ 100အပြည့်ရအောင် Plan ချထားတာ...ကြည့်ရတာ မဖြစ်နိုင်တော့ဘူးထင်တယ်...ကျိုးရိကျယ်လို ဆင်ခြင်တုံတရားရှိပြီးကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်တဲ့သူမျိုးအတွက် နည်းဗျူဟာကောင်းကောင်းသုံးရုံနဲ့တင်မလုံလောက်တော့ဘူးထင်တယ်....ကြည့်ရတာ သူ့ဘာသာ နားလည်လာအောင် အချိန်ပေးရတော့မယ်ထင်တယ်...ထားလိုက်ပါ...အရေးမကြီးဘူး...အမှားသေးသေးလေးပဲဟာ....အချိန်နည်းနည်းပေးပြီး Revision လုပ်ကြတာပေါ့...အချိန်နည်းနည်းပိုဖြုန်းကြပေါ့....]
[444:Hostတာ့တာ့...ဘာလုပ်ဉီးမလို့လဲ??!!]
[ရှဲ့ဟယ်:ငါတို့နှစ်ယောက် ခဏလောက်လမ်းခွဲကြမလို့လေ....]
ဒီရက်ပိုင်းမှာ ကျိုးရိကျယ် အလုပ်ကနေပြန်လာတိုင်း ရှဲ့ဟယ်က အိမ်မှာစောင့်နေပေးတယ်။ပုံမှန်အတိုင်းပြန်ဖြစ်လာတဲ့ရှဲ့ဟယ်က တစ်ခါတစ်လေ တစ်ခွန်းစ နှစ်ခွန်းစ စကားပြန်ပြောတတ်တယ်။
ညစာစားပြီးတာနဲ့ ခဏလောက် ကိုယ်လက်နှီးနှောပြီး အိပ်ယာဝင်ဖြစ်ခဲ့ကြတယ်။
ရှဲ့ဟယ် စိတ်ဆိုးမှာစိုးလို့ လွန်ခဲ့တဲ့ရက်တွေထဲက ကျိုးရိကျယ် အကြမ်းပတမ်းတွေမလုပ်ဖြစ်ခဲ့ဘူး....ဒီနေ့...ကောင်လေးပုံစံကြည့်ရတာ တစ်ခုခုထူးဆန်းနေတယ်။ကျိုးရိကျယ်ကို မျက်ရည်အပြည့်နဲ့ကြည့်ပြီး တီးတိုးရေရွတ်နေတယ်......
"ကျွန်တော့်မှာ...ခင်ဗျား တစ်ယောက်တည်းပဲရှိတော့တာ..."
ကျိုးရိကျယ်ရဲ့နှလုံးသားလေး နူးညံံ့ပျော့ပြောင်းသွားခဲ့တယ်။ကောင်လေးကို ပွေ့ဖက်လိုက်ပြီး....
"ကိုယ် ဒီမှာရှိတယ်..."
ခေါင်းမာတဲ့ရှဲ့ဟယ်က နှုတ်ခမ်းကိုကိုက်ပြီး ထပ်ခါထပ်ခါရေရွတ်နေတယ်။
"ကျွန်တော့်မှာ ခင်ဗျားပဲရှိတော့တာ...."
ဖြည်းဖြည်းလေးခေါင်းမော့ပြီး ကျိုးရိကျယ်ရဲ့နှုတ်ခမ်းကိုနမ်းလိုက်တယ်။
ကျွန်တော့မှာ ခင်ဗျားကလွဲရင် တခြားဘာမှမရှိတော့ဘူး....
ကျေးဇူးပြုပြီး မစွန့်ပစ်လိုက်ပါနဲ့.....
ကျိုးရိကျယ်က ဒီစကားနောက်ကွယ်က အဓိပ္ပါယ်တွေကိုနားလည်နေတယ်။သူ့အကြည့်တွေ နက်ရှိုင်းလာပြီး ရပ်တန့်သွားတယ်.....
"မင်းဘက်က သေချာပြီလား?"
တွေဝေမှုမရှိဘဲ ကောင်လေးက ချက်ချင်း ခေါင်းညိတ်ပြလိုက်တယ်။
ကျိုးရိကျယ် ထိုကောင်လေးကို ခဏလောက်ငေးကြည့်ပြီး.....
"OK"
လူငယ်လေးကို ကုတင်ပေါ်တင်လိုက်ပြီး သူ့အဝတ်အစားတွေကို ညင်သာစွာ ချွတ်လိုက်တယ်။ သူ့အောက်က ခန္ဓာကိုယ်ဆီက တုန်ယင်မှုတွေကို ခံစားလိုက်ရတယ်။ သူအရင်က မျိုသိပ်ထားခဲ့တဲ့ ဆန္ဒတွေက အားကောင်းတဲ့ မြစ်ရေစီးကြောင်းများသဖွယ် တာမံတွေကိုဖြိုဖျက်သွားခဲ့လေတယ်။
နောက်ဆုံးလက်ကျန် ဆင်ခြင်တုံတရားတွေကြောင့် စိတ်တွေလွတ်ထွက်သွားပြီး အရင်တုန်းကလိုကြမ်းတမ်းမိတာမျိုးတွေကိုရှောင်ရှားန်ိုင်ခဲ့တယ်။ရှဲ့ဟယ်ကလဲ စိတ်ချလက်ချနဲ့ သူ့ကို ကြိိုနေပြန်တယ်......
………………………………
[TN:spoilတယ္လို႔ေတာ့မထင္က်ပါနဲ႔ ႀကိဳတင္ျပင္ဆင္ရေအာင္ေျပာျပတာပါ😁ဒီChapter ကေန စၿပီးArc အဆုံးထိက ဒ႑ာရီလာဓားေတြပါပဲ႐ွင္....ဘယ္သူ႕ကိုသနားရမွန္းမသိရင္ ဒီကေရဘဝဲမႀကီးကိုသာ လာသနားက်ပါ....စကားမစပ္ေျပာလိုက္ပါဉီးမယ္ က်ိဳးရိအန္က က်ယ္မအပိုင္ပါ... OC ျခင္းသည္းခံပါ😁😁]
က်ိဳးရိက်ယ္က တည္းခိုေဆာင္ကို မျပန္ေတာ့ဘဲ ညတြင္းခ်င္း အိမ္ျပန္ဖို႔ျပင္လိုက္တယ္။
အသက္ဝိဉာဥ္ကင္းမဲ့ေနတဲ့ အ႐ုပ္တစ္႐ုပ္ သဖြယ္ျဖစ္ေနတဲ့ ႐ွဲ႕ဟယ္က က်ိဳးရိက်ယ္ လုပ္ေပးသမွ်ကိုၿငိမ္ခံေနခဲ့တယ္။က်ိဳးရိက်ယ္က ႐ွဲ႕ဟယ္ကို ေရခ်ိဳး၊အဝတ္အစားလဲေပးလိုက္ၿပီး ကုတင္ေပၚတင္ေပးလိုက္တယ္။ကေလးတစ္ေယာက္ကိုေခ်ာ့ျမႇဴေနသလို ႏူးညံံ႕တဲ့ေလသံနဲ႔.....
"ကိုယ္ မင္းနဲ႔အတူ႐ွိေနေပးမယ္....အိပ္ေတာ့ေနာ္..."
႐ွဲ႕ဟယ္က သူ႕ကို ဉီးတည္ရာမဲ့ေနတဲ့အၾကည့္ေတြနဲ႔ၾကည့္လိုက္ၿပီး မ်က္လုံးေတြကိုျဖည္းညႇင္းစြာမွိတ္ခ်လိုက္တယ္။
က်ိဳးရိက်ယ္က ႐ွဲ႕ဟယ္အိပ္ေပ်ာ္သြားတဲ့အထိေပြ႕ဖက္ေပးထားၿပီး ခ်စ္ျခင္းတရားအျပည့္ပါတဲ့အၾကည့္ေတြနဲ႔ၾကည့္ေနခဲ့တယ္...ထိုေနာက္..႐ွဲ႕ဟယ္ရဲ႕နဖူးျပင္ကို အနမ္းတစ္ပြင့္ေပးအပ္လိုက္တယ္။
႐ွဲ႕ဟယ္ တစ္ညလုံးေကာင္းမြန္စြာအိပ္စက္ႏိုင္ခဲ့တယ္။အိပ္ယာႏိုးခ်ိန္မွာ က်ိဳးရိက်ယ္ကိုမေတြ႕ေတာ့ေပ....တစ္စုံတစ္ခုကိုတီးတိုးေရ႐ႊတ္လိုက္ၿပီး အခန္းတံခါးဖြင့္ၿပီးေျပးထြက္သြားလိုက္တယ္။
ဆူညံသံေတြေၾကာင့္ က်ိဳးရိက်ယ္ မီးဖိုခန္းထဲကေနထြက္ၾကည့္လိုက္တယ္။ေသြးမ႐ွိေတာ့သည့္ႏွယ္ျဖဴေဖ်ာ့ေနတဲ့ေကာင္ေလးက ေျခဗလာနဲ႔အခန္းတံခါးဝမွာမတ္တပ္ရပ္ေနတယ္။ေကာင္ေလးရဲ႕မ်ကိဝန္းေတြထဲက ေသြးပ်က္ေျခာက္ျခားမႈေတြကိုျမင္လိုက္ခ်ိန္မွာ က်ိဳးရိက်ယ္ရဲ႕ႏွလုံးသားကို ေအးစက္ေနတဲ့လက္ေခ်ာင္းေတြနဲ႔ ဖ်စ္ညႇစ္ထားသလိုခံစားလိုက္ရတယ္။ေကာင္ေလးေ႐ွ႕ကို သြားလိုက္ၿပီး ႏူးညံ့စြာ ေမးျမန္းလိုက္တယ္။
"ဘာျဖစ္လို႔လဲ??
႐ွဲ႕ဟယ္က ႐ုတ္တရက္ဆိုသလို က်ိဳးရိက်ယ္ကို တင္းၾကပ္စြာ ဖက္တြယ္ထားလိုက္တယ္...က်ိဳးရိက်ယ္ရင္ခြင္ထဲမွာ မ်က္ႏွာအပ္ထားတဲ့ ေကာင္ေလးရဲ႕ခႏၶာကိုယ္တစ္ခုလုံးတုန္ရီေနတယ္.....
စကၠန္႔ပိုင္းေလာက္တုန္႔ဆိုင္းေနတဲ့ က်ိဳးရိက်ယ္က ေကာင္ေလးကို ေပြ႕ဖက္လိုက္ၿပီး....
"ကိုယ္ဒီမွာ႐ွိတယ္...မေၾကာက္နဲ႔ေတာ့..."
ဒါက ႐ွဲ႕ဟယ္ကိုႏွစ္သိမ့္ေပးေနသလိုပါပဲ....တုန္ရီေနမႈေတြတျဖည္းျဖည္းခ်င္းရပ္တန္႔သြားခ်ိန္မွာ မ်က္ရည္ေတြေဝ့သီေနတဲ့ မ်က္ဝန္းေတြနဲ႔ေမာ့ၾကည့္လိုက္တယ္။ျဖဴေရာ္ေနတဲ့ႏႈတ္ခမ္းသားေလးေတြ ေသြးေရာင္လႊမ္းလာခဲ့ၿပီ....
ရင္ခြင္ထဲက အငိုသန္သူေလးကို က်ိဳးရိက်ယ္ေသခ်ာေလ့လာေနမိတယ္။အရင္ကဆို ဒီပုံစံကိုျမင္တာနဲ႔ တစ္ခုခုထလုပ္မိမွာပါ....အခုခ်ိန္မွာ အဲ့လိုစိတ္ေတြ႐ွိမေနေတာ့ေပ....ဒီေကာင္ေလးကို ယုယေထြးေပြ႕ေပးခ်င္စိတ္ခ်င္စိတ္ကလြဲရင္က်န္တာဘာမွမ႐ွိေတာ့ပါဘူး...လက္႐ွိမွာ ဒီေကာင္ေလးကို လိင္မႈကိစၥမပါဘဲ ဒီအတိုင္းေလးခ်စ္ေနမိ႐ုံပါပဲ.....
"လိမ္မာတယ္...ဒီမွာခဏထိုင္ဉီးေနာ္...မနက္စာျပင္ေပးမယ္"
[TN:႐ွဲ႕ဟယ္ကိုလိမ္မာတယ္တဲ့...အျငင္းခံလိုက္ရတဲ့ Hostအေယာက္တစ္ရာက နင့္ကိုပုတ္ျပေနတယ္ က်ိဳးရိက်ယ္ေရ...( ရင္နာလြန္းလို႔ ရင္ဘတ္ပုတ္ျပတာ😌]
႐ွဲ႕ဟယ္က ေခါင္းတစ္ခ်က္ညိတ္ျပလိုက္ၿပီး ေျပာစကားနားေထာင္ၿပီးခ်စ္စရာေကာင္းတဲ့ကေလးေလးတစ္ေယာက္လို ၿငိမ္ၿငိမ္ေလးထိုင္ေနခဲ့တယ္။
က်ိဳးရိက်ယ္ျပင္ေပးတဲ့ နံနက္စာက ႐ိုး႐ွင္းေပမယ့္ အရသာ႐ွိပါတယ္။တိတ္ဆိတ္စြာနဲ႔ ေခါင္းငုံ႔ၿပီး နံနက္စာစားလိုက္တယ္။
က်ိဳးရိက်ယ္ရဲ႕အၾကည့္ေတြ ႐ွဲ႕ဟယ္ဆီမွာပဲ ကပ္တြယ္ေနတယ္။ဝမ္းနည္းမႈနဲ႔စိတ္မေကာင္းျဖစ္မႈေတြရင္ဘတ္ထဲမွာ ျပည့္လွ်ံေနၿပီ...ဒီေကာင္ေလးျပန္ေရာက္လာကတည္းက စကားတစ္ခြန္းမွမေျပာေသးဘူး....အထီးက်န္တန္တဲ့ကမ႓ာတစ္ခုထဲမွာ သူ႕ကိုယ္သူ ေလွာင္ပိတ္ထားေနတာပဲ......
ဒီေကာင္ေလးရဲ႕ကိုယ္ပိုင္ကမ႓ာထဲမွာ တျခားသူတစ္ေယာက္႐ွိေနတယ္....နာက်င္ရေပမယ့္လဲ စိတ္ေက်နပ္စရာေတြ႐ွိေနပါေသးတယ္....အခုခ်ိန္ကစၿပီးသူ ဒီေကာင္ေလးကို အမွန္တကယ္ပိုင္ဆိုင္ရေတာ့မယ္ေလ....
ဒီေကာင္ေလးကိုဘယ္ေတာ့မွ ထားမသြားေတာ့ဘူး...ဒီေကာင္ေလးကလြဲရင္ ဘယ္သူ႕ကိုမွမလိုေတာ့ဘူး...သူ႕မွာ ဒီေကာင္ေလးတစ္ေယာက္ပဲ႐ွိတာပါ....
စားေသာက္ၿပီးခ်ိန္မွာ ႐ွဲ႕ဟယ္ ပန္းကန္ေဆးဖို႔ျပင္လိုက္တယ္။က်ိဳးရိက်ယ္က သူ႕ကိုရင္ခြင္ထဲဆြဲထည့္ၿပီး ႏႈမ္ခမ္းေထာင့္ေလးကိုနမ္းလိုက္ၿပီး....
"သြားနားေတာ့...ကိုယ္ ေဆးလိုက္မယ္..."
ဒီလူကို အဖိုးတန္ရတနာတစ္ပါးသဖြယ္ ထိန္းသိမ္းကာကြယ္ေပးခ်င္ပါတယ္.....
႐ွဲ႕ဟယ္ သူ႕ကို ေငးၾကည့္လိုက္တယ္။ ခဏအၾကာမွာ ဆိုဖာေပၚမွာၿငိမ္ၿငိမ္ေလးဝင္ထိုင္လိုက္တယ္။
ပန္းကန္ေတြေဆးၿပီးတာနဲ႔ ဧည့္ခန္းထဲကိုသြားလိုက္တယ္။ခ်စ္စရာေကာင္းတဲ့ပုံစံေလးနဲ႔ထိုင္ေနတဲ့ေကာင္ေလးကို ျမင္လိုက္ခ်ိန္မွာ ခ်စ္ျခင္းေမတၱာအျပည့္ပါတဲ့ အနမ္းေတြေပးဖို႔ ေျခလွမ္းေတြကိုအ႐ွိန္ျမႇင့္လိုက္တယ္။
"ဒီေန႔ အျပင္ထြက္ၿပီး လမ္းေလွ်ာက္ထြက္ခ်င္လား?"
"အျပင္ထြက္မယ္"ဆိုတဲ့စကားလုံးေတြက ေမွာ္ဂါထာေတြနဲ႔အလားသ႑ာန္တူေနတယ္။အေစာပိုင္းမွာတည္ၿငိမ္ေနတဲ့ ေကာင္ေလးက ဒီစကားလုံးေတြကိုၾကားလိုက္ခ်ိန္မွာ အလန္႔တၾကားနဲ႔ အားကုန္သုံးၿပီး က်ိဳးရိက်ယ္ရဲ႕လက္ေတြကိုဆုပ္ကိုင္ထားၿပီး ေသေရး႐ွင္ေရး တစ္ခုသဖြယ္ အဆက္မျပတ္ေခါင္းခါျပေနတယ္။
ဆုပ္ကိုင္ခံရတဲ့ က်ိဳးရက်ယ္ရဲ႕လက္ေတြ အေတာ္နာေနၿပီ....ဒီေကာင္ေလး႐ွိသမွ် အား အကုန္သုံးၿပီး ေၾကာက္လန္႔တၾကား ဆုပ္ကိုင္ထားတယ္ဆိုတာ႐ွင္းေနတာပဲေလ...ဒါေပမယ့္ ႏွလုံးသားထဲကနာက်င္မႈကိုမွီႏိုင္ပါ့မလား....
ေနေရာင္ျခည္လိုေႏြးေထြးတက္ႂကြေနတဲ့ ေကာင္ေလးကို အမွတ္ရလိုက္မိတယ္။ျပဳံးလိုက္တိုင္းေပၚလာတဲ့ပါးခ်ိဳင့္ေလးေတြ....ၾကည္လင္ေအးျမေနတဲ့မ်က္ဝန္းေလးေတြ....လူတကာတက္မက္ယစ္မူးေလာက္တဲ့အလွတရားေတြနဲ႔ ဒီေကာင္ေလးလွပခဲ့ဖူးတယ္....ဒါေတြအကုန္လုံး သူ႕(က်ိဳးရိက်ယ္)ေၾကာင့္ေပ်ာက္ကြယ္သြားခဲ့ၿပီပဲ....တစ္ကိုယ္ေကာင္းဆန္တဲ့အတၱစိတ္ေၾကာင့္ သူကိုယ္တိုင္ ဖ်က္စီးမိခဲ့ေလျခင္း...
"မင္း မသြားခ်င္ဘူးဆို မသြားေတာ့ဘူးေနာ္...ကိုယ္တို႔ေတြ အိမ္မွာပဲေနၾကမယ္ေနာ္...."
ေကာင္ေလးရဲ႕ပုခုံးကိုကိုင္ထားၿပီး ႏွစ္သိမ့္ေပးလိုက္တယ္။
[444:Hostတာ့တာ့ ဒီရက္ပိုင္း စိတ္အေျခေနမေကာင္ဘူးလား?]
[႐ွဲ႕ဟယ္:ငါ့တြက္ကိန္းေတြမွားေနတယ္ထင္လို႔ အေျခေနတစ္ခုလုံးကို အေသးစိတ္ျပန္စစ္ေနတာ]
[444:ဟမ္!!!]
[႐ွဲ႕ဟယ္:အခ်ိန္တစ္ပတ္ေက်ာ္ေနၿပီ...ဒါေပမယ့္က်ိဳးရိက်ယ္ရဲ႕ႏွစ္သက္မႈက 98မွာရပ္ေနတယ္...အမွားတစ္ခုခုျဖစ္ေနတယ့္သေဘာမ်ိဳးမဟုတ္ဘူးလား?]
[444:ကြၽန္ေတာ္နားေထာင္ေနပါတယ္...]
[႐ွဲ႕ဟယ္: တစ္ခ်က္တည္းနဲ႔ 100အျပည့္ရေအာင္ Plan ခ်ထားတာ...ၾကည့္ရတာ မျဖစ္ႏိုင္ေတာ့ဘူးထင္တယ္...က်ိဳးရိက်ယ္လို ဆင္ျခင္တုံတရား႐ွိၿပီးကိုယ့္ကိုကိုယ္ထိန္းခ်ဳပ္ႏိုင္တဲ့သူမ်ိဳးအတြက္ နည္းဗ်ဴဟာေကာင္းေကာင္းသုံး႐ုံနဲ႔တင္မလုံေလာက္ေတာ့ဘူးထင္တယ္....ၾကည့္ရတာ သူ႕ဘာသာ နားလည္လာေအာင္ အခ်ိန္ေပးရေတာ့မယ္ထင္တယ္...ထားလိုက္ပါ...အေရးမႀကီးဘူး...အမွားေသးေသးေလးပဲဟာ....အခ်ိန္နည္းနည္းေပးၿပီး Revision လုပ္ၾကတာေပါ့...အခ်ိန္နည္းနည္းပိုျဖဳန္းၾကေပါ့....]
[444:Hostတာ့တာ့...ဘာလုပ္ဉီးမလို႔လဲ??!!]
[႐ွဲ႕ဟယ္:ငါတို႔ႏွစ္ေယာက္ ခဏေလာက္လမ္းခြဲၾကမလို႔ေလ....]
ဒီရက္ပိုင္းမွာ က်ိဳးရိက်ယ္ အလုပ္ကေနျပန္လာတိုင္း ႐ွဲ႕ဟယ္က အိမ္မွာေစာင့္ေနေပးတယ္။ပုံမွန္အတိုင္းျပန္ျဖစ္လာတဲ့႐ွဲ႕ဟယ္က တစ္ခါတစ္ေလ တစ္ခြန္းစ ႏွစ္ခြန္းစ စကားျပန္ေျပာတတ္တယ္။
ညစာစားၿပီးတာနဲ႔ ခဏေလာက္ ကိုယ္လက္ႏွီးေႏွာၿပီး အိပ္ယာဝင္ျဖစ္ခဲ့ၾကတယ္။
႐ွဲ႕ဟယ္ စိတ္ဆိုးမွာစိုးလို႔ လြန္ခဲ့တဲ့ရက္ေတြထဲက က်ိဳးရိက်ယ္ အၾကမ္းပတမ္းေတြမလုပ္ျဖစ္ခဲ့ဘူး....ဒီေန႔...ေကာင္ေလးပုံစံၾကည့္ရတာ တစ္ခုခုထူးဆန္းေနတယ္။က်ိဳးရိက်ယ္ကို မ်က္ရည္အျပည့္နဲ႔ၾကည့္ၿပီး တီးတိုးေရ႐ြတ္ေနတယ္......
"ကြၽန္ေတာ့္မွာ...ခင္ဗ်ား တစ္ေယာက္တည္းပဲ႐ွိေတာ့တာ..."
က်ိဳးရိက်ယ္ရဲ႕ႏွလုံးသားေလး ႏူးညံံ႕ေပ်ာ့ေျပာင္းသြားခဲ့တယ္။ေကာင္ေလးကို ေပြ႕ဖက္လိုက္ၿပီး....
"ကိုယ္ ဒီမွာ႐ွိတယ္..."
ေခါင္းမာတဲ့႐ွဲ႕ဟယ္က ႏႈတ္ခမ္းကိုကိုက္ၿပီး ထပ္ခါထပ္ခါေရ႐ြတ္ေနတယ္။
"ကြၽန္ေတာ္႕မွာ ခင္ဗ်ားပဲ႐ွိေတာ့တာ...."
ျဖည္းျဖည္းေလးေခါင္းေမာ့ၿပီး က်ိဳးရိက်ယ္ရဲ႕ႏႈတ္ခမ္းကိုနမ္းလိုက္တယ္။
ကြၽန္ေတာ့မွာ ခင္ဗ်ားကလြဲရင္ တျခားဘာမွမ႐ွိေတာ့ဘူး....
ေက်းဇူးျပဳၿပီး မစြန္႔ပစ္လိုက္ပါနဲ႔.....
က်ိဳးရိက်ယ္က ဒီစကားေနာက္ကြယ္က အဓိပၸါယ္ေတြကိုနားလည္ေနတယ္။သူ႕အၾကည့္ေတြ နက္႐ိႈင္းလာၿပီး ရပ္တန္႔သြားတယ္.....
"မင္းဘက္က ေသခ်ာၿပီလား?"
ေတြေဝမႈမ႐ွိဘဲ ေကာင္ေလးက ခ်က္ခ်င္း ေခါင္းညိတ္ျပလိုက္တယ္။
က်ိဳးရိက်ယ္ ထိုေကာင္ေလးကို ခဏေလာက္ေငးၾကည့္ၿပီး.....
"OK"
လူငယ္ေလးကို ကုတင္ေပၚတင္လိုက္ၿပီး သူ႕အဝတ္အစားေတြကို ညင္သာစြာ ခြၽတ္လိုက္တယ္။ သူ႕ေအာက္က ခႏၶာကိုယ္ဆီက တုန္ယင္မႈေတြကို ခံစားလိုက္ရတယ္။ သူအရင္က မ်ိဳသိပ္ထားခဲ့တဲ့ ဆႏၵေတြက အားေကာင္းတဲ့ ျမစ္ေရစီးေၾကာင္းမ်ားသဖြယ္ တာမံေတြကိုၿဖိဳဖ်က္သြားခဲ့ေလတယ္။
ေနာက္ဆုံးလက္က်န္ ဆင္ျခင္တုံတရားေတြေၾကာင့္ စိတ္ေတြလြတ္ထြက္သြားၿပီး အရင္တုန္းကလိုၾကမ္းတမ္းမိတာမ်ိဳးေတြကိုေ႐ွာင္႐ွားန္ိဳင္ခဲ့တယ္။႐ွဲ႕ဟယ္ကလဲ စိတ္ခ်လက္ခ်နဲ႔ သူ႕ကို ႀကိိဳေနျပန္တယ္......
………………………………