5 Big Shots kneeled and calle...

By Larkspur41

9.2K 1.7K 91

Not my own story.Just translation. Credits to: Original author and eng translator(s) Start Date - 19.9.2021 More

Description
Chapter 1.1 - it's been 25 years later
Chapter 1.2 -it's been 25 years later
Chapter 2.1 - I am your son
Chapter 2.2 - I am your son
Chapter 3.1 - Tyrannical CEO Son
Chapter 4.1- The Child's Father is Ji ZhenTian
Chapter 4.2 - The Child's Father is Ji Zhentian

Chapter 3.2 - Tyrannical CEO Son

781 200 11
By Larkspur41

Unicode

" အဲ့ဒီနှစ်မှာ ကျွန်တော့် အဖေက အရည်အချင်းပြည့်မီကြောင်း လက်မှတ်ရရှိပြီးတော့ မျိုးဥတစ်လုံး လက်ခံရရှိခဲ့ပြီး ကျွန်တော့်ကို မွေးလာခဲ့တယ်၊အခြား ဥတွေနဲ့ ပတ်သတ်တဲ့ အကြောင်းကိုတော့ ကျွန်တော်လည်း မသိတတ်ဘူး၊ အဲ့ဒီအကြောင်းအရာတွေအားလုံးကို လျှို့ဝှက်ထားတယ်၊ ကျွန်တော်သိတာ တစ်ခုကတော့ အဲ့ဒါတွေကို အသုံးပြုပြီးသွားပြီဆိုတာဘဲ "

အဆုံးသတ်မှာ အသုံးပြုပြီးသွားပြီဆိုတဲ့ စကားလုံးကို သူက တုံဆိုင်းစွာနဲ့ ပြောလာတယ်။

နောက်ဆုံးတော့ ဒီအရာတွေက တကယ်ကို မယုံနိုင်လောက်စရာတွေချည်းဘဲ။

" အိုး၊ အိုး..ဒါက ..." ကူယွမ်က အတော်လေး ထက်ထက်မြတ်မြတ်ရှိတာမှန်ပေမယ့် ဒီအကြောင်းအရာကြီးကို နားလည်ပေးနိုင်ဖို့တော့ အချိန်ယူနေရတုန်းဘဲ၊ ‌ဒီသားက အသက် 23နှစ် ရှိပြီဆိုတော့ ဒုတိယသားများ ဖြစ်နေမလား ? သူမမှာ ဒါမျိုး အဆင်ပြေလွန်းတဲ့ သား လေးယောက်များ ထပ်ရှိနေသေးတာလား ။

သူမစိတ်ထဲ ဒီလိုသား 5ယောက်က ' မား' ဆိုပြီး တပြိုင်နက်ခေါ်လာမယ့် အကြောင်းကို စိတ်ကူးကြည့်မိတော့ တံ‌ထွေးတောင် နင်သွားတယ်။

ကျီ ချီစန်းက အလိုက်တသိနဲ့ အသီးဖျော်ရည်ကို ငဲ့ထည့်ပြီး ကူယွမ်ကို ကမ်းပေးလာတယ်။

ကူယွမ်မှာ သူမရဲ့ ထိတ်လန့်နေတဲ့ နှလုံးသားလေးကို နှစ်သိမ့်နိုင်ဖို့ ဖျော်ရည်ကို အမြန်ငုံ့သောက်လိုက်ရတယ်။

ကျီ ချီစန်းက သူမ စိတ်တည်ငြိမ်‌ေအာင်ထိန်းနိုင်တဲ့ အချိန်ထိ ငြိမ်သက်စွာ စောင့်ဆိုင်းနေတယ်။

ခဏကြာပြီးမှ ကူယွမ်က မေးခွန်းတစ်ခုကို စဉ်းစားမိသွားတယ် " ဟုတ်သားဘဲ မင်း..မင်း က ငါ့ကို အရင်က မြင်ဖူးထားတာလား "

သူမက တကယ်ကို ရှုပ်ထွေးနေပြီးတော့ ကိုယ့်ကိုယ်ကိုတောင် သေချာ နားမလည်နိုင်ဘူးဖြစ်နေတယ်၊ သူမရဲ့ ဒီသားကတော့ ဘယ်လိုများ ဖိအားတစက်လေးမှ မရှိဘဲ ' မား' ဆိုပြီး လွယ်လွယ်ကူကူ ခေါ်ထွက်နိုင်ပါလိမ့်။

ကျီ ချီစန်း : " ငယ်ငယ်ကတည်းက ကျွန်တော်ကိုယ့်ကိုယ်ကို တခြားကလေးတွေနဲ့ ကွဲပြားနေတာကို သိလိုက်ရတယ်၊ ကျွန်တော်က သိပ္ပံနဲ့ နည်းပညာအထူးနည်းလမ်းတွေနဲ့ မွေးဖွားလာခဲ့တာ၊ အချိန်ကြာလာတော့ အဖေက ကျွန်တော့်ကို မား ဆီ အလည်ခေါ်သွားပေးတယ်၊ ဒါကြောင့် ကျွန်တော် ငယ်ငယ်လေးကတည်းက မား တည်ရှိမှုကို သိနေခဲ့တာ "

ဒါကို ကြားပြီးတော့ ကူယွမ်က ပြည့်ပြည့်စုံစုံ နားလည်သွားပြီ၊ သူမကို နှစ်ပေါင်းများစွာ စောင့်ကြည့်လာခဲ့တာဆိုတော့ သူ့အတွက်တော့ ဒီအခေါ်အဝေါ်က လွယ်ကူနေမှာဘဲ။

ကျီချီစန်း : " မားမှာ ဘာမေးစရာများ ကျန်နေသေးလဲ "

သူမ မေးချင်တဲ့ မေးခွန်းတွေကတော့ တကယ်ကိုမှ အများကြီး ကျန်နေသေးတယ်။

ဒါပေမယ့် ဒီလို အသက်ကြီးကြီး သားနဲ့ မျက်နှာချင်းဆိုင်နေရတာ နည်းနည်းတော့ မသက်မသာ ဖြစ်နေတယ်၊ သူမစိတ်ထဲ မေးခွန်းတွေ ထပ်မေးဖို့လည်း ရှက်ကိုးရှက်ကန်းဖြစ်နေတယ်၊ဒါနဲ့ သိပ်ပြီး မထိခိုက်စေမယ့် မေးခွန်းမျိုးကိုဘဲ ရွေးချယ်ပြီး မေးမြန်းလိုက်မယ် " မင်းက တက္ကသိုလ်ကနေ ဘွဲ့ရပြီးသွားပြီလား ?"

ကျီ ချီစန်း : " မား ၊ ဒီလို ထက်မြတ်တဲ့ ဗီဇကို အမွေပေးထားလို့ တကယ်ကို ကျေးဇူးတင်ပါတယ်၊ ငယ်ငယ်ကတည်းက ကျွန်တော့်IQက အရမ်းကို ထူးချွန်နေတာ၊ အသက်13နှစ်မှာဘဲ တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီးတော့  ထိပ်တန်းအဆင့်မြင့် ကျောင်းမှာ သင်ကြားခဲ့ပါတယ်၊ အသက်17ရောက်တော့ ကုမ္ပဏီမှာ ဝင်လုပ်ပြီး အခုဆို 6နှစ်‌ေကျာ်သွားပါပြီ၊ အလုပ်မှာ အဖေ့ရဲ့ တာဝန်တွေကိုတောင် ခွဲယူနိုင်နေပါပြီ "

ဒီလိူ ထူးချွန်လွန်းလှတဲ့ သားရှေ့မှာတော့ ကူယွမ်က အတင်းကို စိတ်တည်ငြိမ်အောင် စုစည်းနေရတယ် " အိုး..ငါသိပါပြီ "

သူမ နှလုံးသားလေးကတော့ ရှော့ခ်ရပြီး ပြိုလဲလို့နေပြီ။

ငိုချင်းသာ ချလိုက်ချင်တော့တယ်၊ ဘယ်လိုတောင် ထူးချွန်လိုက်တဲ့ မျိုးရိုးဗီဇကြီးလဲ ? ဒါက သူမဆီမှာကျ ဘာလို့ သက်ရောက်မှု မရှိရတာတုန်း ? သူမငယ်ရွယ်စဉ်တုန်းကလည်း လှပတာအပြင် အခြား ထူးခြားတာမျိုး မရှိဘူး၊ တက္ကသိုလ်ရောက်တော့လည်း သိပ်ပြီး အတော်ကြီး ဟုတ်မနေဘူး။

ကျီချီစန်းက မျက်လုံးကို ပင့်ပြီး ကူယွမ်ကို ကြည့်လာတယ် : " မနေ့က မထင်မှတ်ဘဲ လူလွှတ်ပြီး မားရဲ့ အခြေနေကို စစ်ဆေးခိုင်းလိုက်တော့ မားက နိုးလာပြီလို့ သိလိုက်ရတယ်၊ မနေ့က အရေးကြီး အစည်းအဝေးရှိနေခဲ့တာ ၊ဒါနဲ့ ဒီနေ့ မားကို လာကြည့်မလို့ဘဲ ဒါပေမယ့် ဒေါက်တာချန်းက မားက ထွက်သွားပြီလို့ ပြောလိုက်လို့ မားကို ရှာဖို့ တိုက်ရိုက်လာခဲ့လိုက်တော့တာ "

ကျီချီစန်းက ကူယွမ်ရဲ့ ဖျော်ရည်ခွက် အလွတ်ကို မြင်သွားတော့ အလိုက်သိစွာနဲ့ လက်သုတ်ပဝါကို ကမ်းပေးလာပြီး ပြောလာတယ်  " မား ကျွန်တော် လာရှာနေတုန်းက တယောက်ယောက်က မားကို အနိုင်ကျင့်နေကြတာလား "

ကူယွမ်က ပါးစပ်ထောင့်ကို သုတ်လိုက်ပြီးတော့ သူမရဲ့ ဩဇာကြီးပြီး ထူးချွန်လှတဲ့ ဝတ္ထုထဲက CEOလို သူမသားကို ကြည့်လိုက်မိတယ်၊ နည်းနည်းတော့ ရှက်လာမိသလိုဘဲ၊ အမေ တစ်ယောက်အနေနဲ့ သူမ သားကို ဒီလို မြင်ကွင်းမျိုး မြင်စေမိတာ ရှက်စရာကောင်းလိုက်တာ ။

ကူယွမ် ခဏလောက် ငြိမ်ပြီး ကြောင်‌သွားတယ်၊ ခဏကြာမှ ပြန်ဖြေလာတယ် " သူတိူ့က ငါ့ကို အနိုင်ကျင့်နေကြတာ မဟုတ်ပါဘူး၊ ငါ့ကို အပိုင်စီးပြီး ငါ့ကို နှင်ထုတ်လိုက်ကြတာ "

ကူယွမ်ရဲ့ အပြစ်ရှိသလို ခံစားနေရတဲ့ ပုံကို ကျီချီစန်း မြင်လိုက်ရတယ်။

သူက ချက်ချင်းဘဲ ခေါင်းကို ငုံ့လို့ မေးလာတယ် " သူတိူ့တွေ အခု နေနေကြတာက မားရဲ့ တိုက်ခန်းလား ?"

ဒါက တကယ့်ကို ဇာတ်လမ်းအရှည်ကြီးပါဘဲ ..

ကူယွမ်က သူမရဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အာဏာရှင်လို သားကို တချက်ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောပြတယ် " ပြောရရင် ဒါက လွန်ခဲ့တဲ့ နှစ်20က စရမှာဘဲ "

ပြောနေရင်းနဲ့ ကူယွမ်က သူမရဲ့ နာကြည်းချက်တွေကို တစ်ခုပြီး တစ်ခု ပြောပြလာတယ်၊ ဒီ ညီမက သူမ ပိုက်ဆံတွေကို ယူသွားလို့ သူမအနေနဲ့ တက္ကသိုလ်ရဲ့ freeအတန်းချိန်တွေကိုဘဲ တက်ရောက်ခဲ့ရတာတွေ၊ အခု သူမ ပြန်နိုးလာပြန်တော့လည်း တိုက်ခန်းကိုပါ အပိုင်သိမ်းပစ်လိုက်တာတွေ၊ အဆုံးစွန်ကတော့ သူ အမေ ချန်ထားခဲ့တဲ့ တစ်ခုတည်းသော ကျောက်စိမ်းဆွဲပြားကို အပိုင်ယူသွားတာဘဲ။

ပြောနေရင်းနဲ့ အတိတ်ကို ပြန်တွေးမိလာတော့ ကူယွမ်က ပိုပိုဒေါသထွက်လာတယ်၊စိတ်တိုလွန်းလို့ လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ထားမိတယ်၊ သူမ ပါးလေးနှစ်ဖက်က ဒေါသကြောင့် နီရဲလို့နေပြီး အံကိုတင်းတင်းကြိတ်ထားတယ်၊" သူမက ငါ့ဆီက အကုန်လုံး လုယူသွားတယ်၊ ငါ့တိုက်ခန်း ‌ငါ့ကျောက်စိမ်း ဒါတွေက ငါ့အဘွားနဲ့ ငါ့အမေက ချန်ပေးထားခဲ့တာတွေ ချည်းဘဲ "

ကျီချီစန်းက သူ့‌ေရှ့က စူပုတ်နေတဲ့ အမျိုးသမီးလေးကို ကြည့်နေတယ်။

သူမကို ပထမဆုံး သူတွေ့တုန်းက အချိန်ကို ပြန်သတိရမိသွားတယ်၊ အဲ့အချိန်တုန်းက သူအသက် သုံးနှစ်ဘဲ ရှိသေးတယ်၊ အခြား ကလေးတွေမှာ အမေရှိကြတာကို တွေ့တော့ သူလည်း အမေ လိုချင်ခဲ့တယ်၊ သူ့အဖေနားမှာ ကပ်‌တွယ်နေကြတဲ့ အဲ့ဒီအန်တီတွေကို သူတကယ်ကို သဘောမကျဘူး။

အဲ့ဒီအချိန်မှာဘဲ သူ့အဖေက သူ့ကို လေယာဉ်ပေါ်တင်ပြီး အဖွဲ့အစည်းတစ်ခုဆီကို ခေါ်သွားခဲ့ပြီး ဖန်တွေနဲ့ ကာထားတဲ့ ကြားက အမေဆိုတဲ့ အမျိုးသမီးကို တွေ့ဆုံစေခဲ့တယ်။

အဲ့ဒီအချိန်တုန်းက သူတကယ်ကို ငယ်ရွယ်သေးတယ်၊ သူ့စိတ်ထဲ ဒီအမေကို တကယ်ကို နှစ်သက်လှတယ်၊ ဒါကြောင့် ပိုပြီး ထက်မြတ်လာစေဖို့ ရာ အချိန်တိုင်းကြိုးစားတယ်၊ ဒါမှ အဖေက သူ့ကို မား နဲ့ တွေ့ဖို့ရာ အပတ်တိုင်းခေါ်သွားပေးမှာလေ၊ ဒီအမေက နိုးလာပြီး သူ့နဲ့ မွေးနေ့ကိတ်အတူစားပေးဖို့အထိ သူဆုတောင်းခဲ့မိတယ်။

နှစ် နှစ်ဆယ်ကျော်ပြီး သူအရွယ်ရောက်လာတဲ့ အချိန်မှာတော့ သူက မွေးနေ့ကိတ်တွေကို သိပ်မကြိုက်တော့ဘူး၊ ဒါပေမယ့် သူမက နိုးထလာခဲ့ပြီ။

နိုးထလာပြီးတော့ ငယ်ရွယ်ပြီး အပြစ်ဆိုစရာမရှိတဲ့ သွင်ပြင်လေးနဲ့ သူ့ရှေ့ကို ရောက်နေတယ်၊ သူမကို အနိုင့်ကျင့်တဲ့ လူတွေကို ဒေါသထွက်လို့ စိတ်တိုပြီး လက်သီးဆုပ်ထားပုံလေးက သူ့အမြင်မှာ ချစ်ဖို့ကောင်းနေတယ်။

သူမက နိုးထလာပေမယ့်လည်း သူမရဲ့ မှတ်ဉာဏ်က 18နှစ်ဘဲ ရှိနေသေးတော့ ကလေးလေးလိုဘဲ။

ကျီချီစန်းက အလေးအနက်ထားပြီး ပြောလာတယ် : " မား မစိုးရိမ်ပါနဲ့ ဒီတိုက်ခန်းက မားရဲ့ အဘွားက ချန်ထားခဲ့တာဆိုမှတော့ အရေးကြီးတဲ့ အမွေအနှစ်ဘဲပေါ့၊ ဒါကို ပြန်ရဖို့ ဥပဒေနည်းလမ်းအရ ကျွန်တော် စဉ်းစားပေးပါ့မယ် "

ကူယွမ်က ဒေါသ‌ထွက်နေတာတောင် ‌ေပျာက်သွားပြီးတော့ ကျီချီစန်းကို မယုံကြည်နိုင်တဲ့ ပုံ‌လေးနဲ့ လှည့်ကြည့်လာတယ် : " တကယ်လား ၊ ဒါကို ပြန်ရနိုင်ဖို့ နည်းလမ်း ရှိတယ်လား "

25နှစ်ကျော်ခဲ့တာကို စဉ်းစားကြည့်ပြန်တော့ ဒါက ထင်သလောက်မလွယ်လှဘူး၊ နောက်ပြီး အိမ်က ပိုင်ရှင် နှစ်ဆက်တောင် ပြောင်းခဲ့ပြီးပြီ၊ သူတို့ ဘယ်မှာ သက်သေရှာလို့ရနိုင်ပါ့မလဲ ။

ဒါပေမယ့်လည်း ကျီချီစန်းက ခေါင်းညိမ့်ပြီး အသေအချာပြောလိုက်တယ် " သေချာတာပေါ့ "

တိကျတဲ့ အဖြေတစ်ခုကို ကြားလိုက်ရတော့ ကူယွမ်တကယ်ဘဲ စိတ်သက်သာသွားတယ်၊ သူ့ဘက်က ဒီလိုပြောလာမှတော့ ဘာပြသာနာမှ မရှိလောက်‌ေတာ့ဘူး။

အိမ်နဲ့ ကျောက်စိမ်းဆွဲပြားလေး လက်ထဲ ပြန်ရောက်လာမှာကိုတွေးမိသွားတော့ ကူယွမ်ရဲ့ အပျော်တွေက ခုန်တက်သွားတယ်၊ ပျော်လွန်းလို့ ထခုန်မိတော့မတတ်ဘဲ၊ ဒါပေမယ့် မျက်နှာချင်းဆိုင်မှာ သူမ သား ရှိနေသေးတာကို သတိရသွားတော့ အမေတစ်ယောက် အနေနဲ့ ပြန်ပြီး ထိန်းသိမ်းလိုက်ရတယ်၊ သူမတကယ်ကို ကျေးဇူးတင်စွာနဲ့ ပြောလိုက်တယ်  : " ကျေးဇူးပါ ၊ ကျီ ..."

နေအုံး နေအုံး ...၊ သူ့နာမည်က ဘာပါလိမ့် ??

ကျီ ချီစန်း : " ကျွန်တော့်မျိုးရိုးက ကျီ ဖြစ်ပြီးတော့ နာမည်က ချီစန်းပါ မား "

ဒီအခိုက်မှာ ကူယွမ် တကယ်ဘဲ ရှက်ရွံ့သွားရတယ်၊ မျက်နှာတွေတောင် နီရဲလာပြီး ရှက်ကိုးရှက်ကန်းဖြစ်နေတာကို ကာဖို့ ခပ်ဟဟ ရယ်မောပြီး ဆက်ပြောလိုက်တယ် " ကျေးဇူးပါ ချီစန်းရေ "

သားတစ်ယောက် ရှိရတာ ကောင်းလိုက်တာ၊ အထူးသဖြင့် ဒီလို အလိုလိုက်တတ်တဲ့ CEOလို သားမျိုးရှိရတာဘဲ ။

အမှန်တကယ်ကို အနန္တတန်ခိုးရှင်လို သားလေးဘဲ။



Zawgyi

" အဲ့ဒီႏွစ္မွာ ကြၽန္ေတာ့္ အေဖက အရည္အခ်င္းျပည့္မီေၾကာင္း လက္မွတ္ရ႐ွိၿပီးေတာ့ မ်ိဳးဥတစ္လုံး လက္ခံရ႐ွိခဲ့ၿပီး ကြၽန္ေတာ့္ကို ေမြးလာခဲ့တယ္၊အျခား ဥေတြနဲ႔ ပတ္သတ္တဲ့ အေၾကာင္းကိုေတာ့ ကြၽန္ေတာ္လည္း မသိတတ္ဘူး၊ အဲ့ဒီအေၾကာင္းအရာေတြအားလုံးကို လွ်ိဳ႕ဝွက္ထားတယ္၊ ကြၽန္ေတာ္သိတာ တစ္ခုကေတာ့ အဲ့ဒါေတြကို အသုံးျပဳၿပီးသြားၿပီဆိုတာဘဲ "

အဆုံးသတ္မွာ အသုံးျပဳၿပီးသြားၿပီဆိုတဲ့ စကားလုံးကို သူက တုံဆိုင္းစြာနဲ႔ ေျပာလာတယ္။

ေနာက္ဆုံးေတာ့ ဒီအရာေတြက တကယ္ကို မယုံႏိုင္ေလာက္စရာေတြခ်ည္းဘဲ။

" အိုး၊ အိုး..ဒါက ..." ကူယြမ္က အေတာ္ေလး ထက္ထက္ျမတ္ျမတ္႐ွိတာမွန္ေပမယ့္ ဒီအေၾကာင္းအရာႀကီးကို နားလည္ေပးႏိုင္ဖို႔ေတာ့ အခ်ိန္ယူေနရတုန္းဘဲ၊ ‌ဒီသားက အသက္ 23ႏွစ္ ႐ွိၿပီဆိုေတာ့ ဒုတိယသားမ်ား ျဖစ္ေနမလား ? သူမမွာ ဒါမ်ိဳး အဆင္ေျပလြန္းတဲ့ သား ေလးေယာက္မ်ား ထပ္႐ွိေနေသးတာလား ။

သူမစိတ္ထဲ ဒီလိုသား 5ေယာက္က ' မား' ဆိုၿပီး တၿပိဳင္နက္ေခၚလာမယ့္ အေၾကာင္းကို စိတ္ကူးၾကည့္မိေတာ့ တံ‌ေထြးေတာင္ နင္သြားတယ္။

က်ီ ခ်ီစန္းက အလိုက္တသိနဲ႔ အသီးေဖ်ာ္ရည္ကို ငဲ့ထည့္ၿပီး ကူယြမ္ကို ကမ္းေပးလာတယ္။

ကူယြမ္မွာ သူမရဲ႕ ထိတ္လန္႔ေနတဲ့ ႏွလုံးသားေလးကို ႏွစ္သိမ့္ႏိုင္ဖို႔ ေဖ်ာ္ရည္ကို အျမန္ငုံ႔ေသာက္လိုက္ရတယ္။

က်ီ ခ်ီစန္းက သူမ စိတ္တည္ၿငိမ္‌ေအာင္ထိန္းႏိုင္တဲ့ အခ်ိန္ထိ ၿငိမ္သက္စြာ ေစာင့္ဆိုင္းေနတယ္။

ခဏၾကာၿပီးမွ ကူယြမ္က ေမးခြန္းတစ္ခုကို စဥ္းစားမိသြားတယ္ " ဟုတ္သားဘဲ မင္း..မင္း က ငါ့ကို အရင္က ျမင္ဖူးထားတာလား "

သူမက တကယ္ကို ႐ႈပ္ေထြးေနၿပီးေတာ့ ကိုယ့္ကိုယ္ကိုေတာင္ ေသခ်ာ နားမလည္ႏိုင္ဘူးျဖစ္ေနတယ္၊ သူမရဲ႕ ဒီသားကေတာ့ ဘယ္လိုမ်ား ဖိအားတစက္ေလးမွ မ႐ွိဘဲ ' မား' ဆိုၿပီး လြယ္လြယ္ကူကူ ေခၚထြက္ႏိုင္ပါလိမ့္။

က်ီ ခ်ီစန္း : " ငယ္ငယ္ကတည္းက ကြၽန္ေတာ္ကိုယ့္ကိုယ္ကို တျခားကေလးေတြနဲ႔ ကြဲျပားေနတာကို သိလိုက္ရတယ္၊ ကြၽန္ေတာ္က သိပၸံနဲ႔ နည္းပညာအထူးနည္းလမ္းေတြနဲ႔ ေမြးဖြားလာခဲ့တာ၊ အခ်ိန္ၾကာလာေတာ့ အေဖက ကြၽန္ေတာ့္ကို မား ဆီ အလည္ေခၚသြားေပးတယ္၊ ဒါေၾကာင့္ ကြၽန္ေတာ္ ငယ္ငယ္ေလးကတည္းက မား တည္႐ွိမႈကို သိေနခဲ့တာ "

ဒါကို ၾကားၿပီးေတာ့ ကူယြမ္က ျပည့္ျပည့္စုံစုံ နားလည္သြားၿပီ၊ သူမကို ႏွစ္ေပါင္းမ်ားစြာ ေစာင့္ၾကည့္လာခဲ့တာဆိုေတာ့ သူ႕အတြက္ေတာ့ ဒီအေခၚအေဝၚက လြယ္ကူေနမွာဘဲ။

က်ီခ်ီစန္း : " မားမွာ ဘာေမးစရာမ်ား က်န္ေနေသးလဲ "

သူမ ေမးခ်င္တဲ့ ေမးခြန္းေတြကေတာ့ တကယ္ကိုမွ အမ်ားႀကီး က်န္ေနေသးတယ္။

ဒါေပမယ့္ ဒီလို အသက္ႀကီးႀကီး သားနဲ႔ မ်က္ႏွာခ်င္းဆိုင္ေနရတာ နည္းနည္းေတာ့ မသက္မသာ ျဖစ္ေနတယ္၊ သူမစိတ္ထဲ ေမးခြန္းေတြ ထပ္ေမးဖို႔လည္း ႐ွက္ကိုး႐ွက္ကန္းျဖစ္ေနတယ္၊ဒါနဲ႔ သိပ္ၿပီး မထိခိုက္ေစမယ့္ ေမးခြန္းမ်ိဳးကိုဘဲ ေ႐ြးခ်ယ္ၿပီး ေမးျမန္းလိုက္မယ္ " မင္းက တကၠသိုလ္ကေန ဘြဲ႕ရၿပီးသြားၿပီလား ?"

က်ီ ခ်ီစန္း : " မား ၊ ဒီလို ထက္ျမတ္တဲ့ ဗီဇကို အေမြေပးထားလို႔ တကယ္ကို ေက်းဇူးတင္ပါတယ္၊ ငယ္ငယ္ကတည္းက ကြၽန္ေတာ့္IQက အရမ္းကို ထူးခြၽန္ေနတာ၊ အသက္13ႏွစ္မွာဘဲ တကၠသိုလ္ကေန ဘြဲ႕ရခဲ့ၿပီးေတာ့  ထိပ္တန္းအဆင့္ျမင့္ ေက်ာင္းမွာ သင္ၾကားခဲ့ပါတယ္၊ အသက္17ေရာက္ေတာ့ ကုမၸဏီမွာ ဝင္လုပ္ၿပီး အခုဆို 6ႏွစ္‌ေက်ာ္သြားပါၿပီ၊ အလုပ္မွာ အေဖ့ရဲ႕ တာဝန္ေတြကိုေတာင္ ခြဲယူႏိုင္ေနပါၿပီ "

ဒီလိူ ထူးခြၽန္လြန္းလွတဲ့ သားေ႐ွ႕မွာေတာ့ ကူယြမ္က အတင္းကို စိတ္တည္ၿငိမ္ေအာင္ စုစည္းေနရတယ္ " အိုး..ငါသိပါၿပီ "

သူမ ႏွလုံးသားေလးကေတာ့ ေ႐ွာ့ခ္ရၿပီး ၿပိဳလဲလို႔ေနၿပီ။

ငိုခ်င္းသာ ခ်လိုက္ခ်င္ေတာ့တယ္၊ ဘယ္လိုေတာင္ ထူးခြၽန္လိုက္တဲ့ မ်ိဳး႐ိုးဗီဇႀကီးလဲ ? ဒါက သူမဆီမွာက် ဘာလို႔ သက္ေရာက္မႈ မ႐ွိရတာတုန္း ? သူမငယ္႐ြယ္စဥ္တုန္းကလည္း လွပတာအျပင္ အျခား ထူးျခားတာမ်ိဳး မ႐ွိဘူး၊ တကၠသိုလ္ေရာက္ေတာ့လည္း သိပ္ၿပီး အေတာ္ႀကီး ဟုတ္မေနဘူး။

က်ီခ်ီစန္းက မ်က္လုံးကို ပင့္ၿပီး ကူယြမ္ကို ၾကည့္လာတယ္ : " မေန႔က မထင္မွတ္ဘဲ လူလႊတ္ၿပီး မားရဲ႕ အေျခေနကို စစ္ေဆးခိုင္းလိုက္ေတာ့ မားက ႏိုးလာၿပီလို႔ သိလိုက္ရတယ္၊ မေန႔က အေရးႀကီး အစည္းအေဝး႐ွိေနခဲ့တာ ၊ဒါနဲ႔ ဒီေန႔ မားကို လာၾကည့္မလို႔ဘဲ ဒါေပမယ့္ ေဒါက္တာခ်န္းက မားက ထြက္သြားၿပီလို႔ ေျပာလိုက္လို႔ မားကို ႐ွာဖို႔ တိုက္႐ိုက္လာခဲ့လိုက္ေတာ့တာ "

က်ီခ်ီစန္းက ကူယြမ္ရဲ႕ ေဖ်ာ္ရည္ခြက္ အလြတ္ကို ျမင္သြားေတာ့ အလိုက္သိစြာနဲ႔ လက္သုတ္ပဝါကို ကမ္းေပးလာၿပီး ေျပာလာတယ္  " မား ကြၽန္ေတာ္ လာ႐ွာေနတုန္းက တေယာက္ေယာက္က မားကို အႏိုင္က်င့္ေနၾကတာလား "

ကူယြမ္က ပါးစပ္ေထာင့္ကို သုတ္လိုက္ၿပီးေတာ့ သူမရဲ႕ ဩဇာႀကီးၿပီး ထူးခြၽန္လွတဲ့ ဝတၳဳထဲက CEOလို သူမသားကို ၾကည့္လိုက္မိတယ္၊ နည္းနည္းေတာ့ ႐ွက္လာမိသလိုဘဲ၊ အေမ တစ္ေယာက္အေနနဲ႔ သူမ သားကို ဒီလို ျမင္ကြင္းမ်ိဳး ျမင္ေစမိတာ ႐ွက္စရာေကာင္းလိုက္တာ ။

ကူယြမ္ ခဏေလာက္ ၿငိမ္ၿပီး ေၾကာင္‌သြားတယ္၊ ခဏၾကာမွ ျပန္ေျဖလာတယ္ " သူတိူ႕က ငါ့ကို အႏိုင္က်င့္ေနၾကတာ မဟုတ္ပါဘူး၊ ငါ့ကို အပိုင္စီးၿပီး ငါ့ကို ႏွင္ထုတ္လိုက္ၾကတာ "

ကူယြမ္ရဲ႕ အျပစ္႐ွိသလို ခံစားေနရတဲ့ ပုံကို က်ီခ်ီစန္း ျမင္လိုက္ရတယ္။

သူက ခ်က္ခ်င္းဘဲ ေခါင္းကို ငုံ႔လို႔ ေမးလာတယ္ " သူတိူ႕ေတြ အခု ေနေနၾကတာက မားရဲ႕ တိုက္ခန္းလား ?"

ဒါက တကယ့္ကို ဇာတ္လမ္းအ႐ွည္ႀကီးပါဘဲ ..

ကူယြမ္က သူမရဲ႕ လႊမ္းမိုးႏိုင္စြမ္း႐ွိတဲ့ အာဏာ႐ွင္လို သားကို တခ်က္ၾကည့္ၿပီး ျဖည္းျဖည္းခ်င္း ေျပာျပတယ္ " ေျပာရရင္ ဒါက လြန္ခဲ့တဲ့ ႏွစ္20က စရမွာဘဲ "

ေျပာေနရင္းနဲ႔ ကူယြမ္က သူမရဲ႕ နာၾကည္းခ်က္ေတြကို တစ္ခုၿပီး တစ္ခု ေျပာျပလာတယ္၊ ဒီ ညီမက သူမ ပိုက္ဆံေတြကို ယူသြားလို႔ သူမအေနနဲ႔ တကၠသိုလ္ရဲ႕ freeအတန္းခ်ိန္ေတြကိုဘဲ တက္ေရာက္ခဲ့ရတာေတြ၊ အခု သူမ ျပန္ႏိုးလာျပန္ေတာ့လည္း တိုက္ခန္းကိုပါ အပိုင္သိမ္းပစ္လိုက္တာေတြ၊ အဆုံးစြန္ကေတာ့ သူ အေမ ခ်န္ထားခဲ့တဲ့ တစ္ခုတည္းေသာ ေက်ာက္စိမ္းဆြဲျပားကို အပိုင္ယူသြားတာဘဲ။

ေျပာေနရင္းနဲ႔ အတိတ္ကို ျပန္ေတြးမိလာေတာ့ ကူယြမ္က ပိုပိုေဒါသထြက္လာတယ္၊စိတ္တိုလြန္းလို႔ လက္သီးကို တင္းတင္းက်ပ္က်ပ္ဆုပ္ထားမိတယ္၊ သူမ ပါးေလးႏွစ္ဖက္က ေဒါသေၾကာင့္ နီရဲလို႔ေနၿပီး အံကိုတင္းတင္းႀကိတ္ထားတယ္၊" သူမက ငါ့ဆီက အကုန္လုံး လုယူသြားတယ္၊ ငါ့တိုက္ခန္း ‌ငါ့ေက်ာက္စိမ္း ဒါေတြက ငါ့အဘြားနဲ႔ ငါ့အေမက ခ်န္ေပးထားခဲ့တာေတြ ခ်ည္းဘဲ "

က်ီခ်ီစန္းက သူ႕‌ေ႐ွ႕က စူပုတ္ေနတဲ့ အမ်ိဳးသမီးေလးကို ၾကည့္ေနတယ္။

သူမကို ပထမဆုံး သူေတြ႕တုန္းက အခ်ိန္ကို ျပန္သတိရမိသြားတယ္၊ အဲ့အခ်ိန္တုန္းက သူအသက္ သုံးႏွစ္ဘဲ ႐ွိေသးတယ္၊ အျခား ကေလးေတြမွာ အေမ႐ွိၾကတာကို ေတြ႕ေတာ့ သူလည္း အေမ လိုခ်င္ခဲ့တယ္၊ သူ႕အေဖနားမွာ ကပ္‌တြယ္ေနၾကတဲ့ အဲ့ဒီအန္တီေတြကို သူတကယ္ကို သေဘာမက်ဘူး။

အဲ့ဒီအခ်ိန္မွာဘဲ သူ႕အေဖက သူ႕ကို ေလယာဥ္ေပၚတင္ၿပီး အဖြဲ႕အစည္းတစ္ခုဆီကို ေခၚသြားခဲ့ၿပီး ဖန္ေတြနဲ႔ ကာထားတဲ့ ၾကားက အေမဆိုတဲ့ အမ်ိဳးသမီးကို ေတြ႕ဆုံေစခဲ့တယ္။

အဲ့ဒီအခ်ိန္တုန္းက သူတကယ္ကို ငယ္႐ြယ္ေသးတယ္၊ သူ႕စိတ္ထဲ ဒီအေမကို တကယ္ကို ႏွစ္သက္လွတယ္၊ ဒါေၾကာင့္ ပိုၿပီး ထက္ျမတ္လာေစဖို႔ ရာ အခ်ိန္တိုင္းႀကိဳးစားတယ္၊ ဒါမွ အေဖက သူ႕ကို မား နဲ႔ ေတြ႕ဖို႔ရာ အပတ္တိုင္းေခၚသြားေပးမွာေလ၊ ဒီအေမက ႏိုးလာၿပီး သူ႕နဲ႔ ေမြးေန႔ကိတ္အတူစားေပးဖို႔အထိ သူဆုေတာင္းခဲ့မိတယ္။

ႏွစ္ ႏွစ္ဆယ္ေက်ာ္ၿပီး သူအ႐ြယ္ေရာက္လာတဲ့ အခ်ိန္မွာေတာ့ သူက ေမြးေန႔ကိတ္ေတြကို သိပ္မႀကိဳက္ေတာ့ဘူး၊ ဒါေပမယ့္ သူမက ႏိုးထလာခဲ့ၿပီ။

ႏိုးထလာၿပီးေတာ့ ငယ္႐ြယ္ၿပီး အျပစ္ဆိုစရာမ႐ွိတဲ့ သြင္ျပင္ေလးနဲ႔ သူ႕ေ႐ွ႕ကို ေရာက္ေနတယ္၊ သူမကို အႏိုင့္က်င့္တဲ့ လူေတြကို ေဒါသထြက္လို႔ စိတ္တိုၿပီး လက္သီးဆုပ္ထားပုံေလးက သူ႕အျမင္မွာ ခ်စ္ဖို႔ေကာင္းေနတယ္။

သူမက ႏိုးထလာေပမယ့္လည္း သူမရဲ႕ မွတ္ဉာဏ္က 18ႏွစ္ဘဲ ႐ွိေနေသးေတာ့ ကေလးေလးလိုဘဲ။

က်ီခ်ီစန္းက အေလးအနက္ထားၿပီး ေျပာလာတယ္ : " မား မစိုးရိမ္ပါနဲ႔ ဒီတိုက္ခန္းက မားရဲ႕ အဘြားက ခ်န္ထားခဲ့တာဆိုမွေတာ့ အေရးႀကီးတဲ့ အေမြအႏွစ္ဘဲေပါ့၊ ဒါကို ျပန္ရဖို႔ ဥပေဒနည္းလမ္းအရ ကြၽန္ေတာ္ စဥ္းစားေပးပါ့မယ္ "

ကူယြမ္က ေဒါသ‌ထြက္ေနတာေတာင္ ‌ေပ်ာက္သြားၿပီးေတာ့ က်ီခ်ီစန္းကို မယုံၾကည္ႏိုင္တဲ့ ပုံ‌ေလးနဲ႔ လွည့္ၾကည့္လာတယ္ : " တကယ္လား ၊ ဒါကို ျပန္ရႏိုင္ဖို႔ နည္းလမ္း ႐ွိတယ္လား "

25ႏွစ္ေက်ာ္ခဲ့တာကို စဥ္းစားၾကည့္ျပန္ေတာ့ ဒါက ထင္သေလာက္မလြယ္လွဘူး၊ ေနာက္ၿပီး အိမ္က ပိုင္႐ွင္ ႏွစ္ဆက္ေတာင္ ေျပာင္းခဲ့ၿပီးၿပီ၊ သူတို႔ ဘယ္မွာ သက္ေသ႐ွာလို႔ရႏိုင္ပါ့မလဲ ။

ဒါေပမယ့္လည္း က်ီခ်ီစန္းက ေခါင္းညိမ့္ၿပီး အေသအခ်ာေျပာလိုက္တယ္ " ေသခ်ာတာေပါ့ "

တိက်တဲ့ အေျဖတစ္ခုကို ၾကားလိုက္ရေတာ့ ကူယြမ္တကယ္ဘဲ စိတ္သက္သာသြားတယ္၊ သူ႕ဘက္က ဒီလိုေျပာလာမွေတာ့ ဘာျပသာနာမွ မ႐ွိေလာက္‌ေတာ့ဘူး။

အိမ္နဲ႔ ေက်ာက္စိမ္းဆြဲျပားေလး လက္ထဲ ျပန္ေရာက္လာမွာကိုေတြးမိသြားေတာ့ ကူယြမ္ရဲ႕ အေပ်ာ္ေတြက ခုန္တက္သြားတယ္၊ ေပ်ာ္လြန္းလို႔ ထခုန္မိေတာ့မတတ္ဘဲ၊ ဒါေပမယ့္ မ်က္ႏွာခ်င္းဆိုင္မွာ သူမ သား ႐ွိေနေသးတာကို သတိရသြားေတာ့ အေမတစ္ေယာက္ အေနနဲ႔ ျပန္ၿပီး ထိန္းသိမ္းလိုက္ရတယ္၊ သူမတကယ္ကို ေက်းဇူးတင္စြာနဲ႔ ေျပာလိုက္တယ္  : " ေက်းဇူးပါ ၊ က်ီ ..."

ေနအုံး ေနအုံး ...၊ သူ႕နာမည္က ဘာပါလိမ့္ ??

က်ီ ခ်ီစန္း : " ကြၽန္ေတာ့္မ်ိဳး႐ိုးက က်ီ ျဖစ္ၿပီးေတာ့ နာမည္က ခ်ီစန္းပါ မား "

ဒီအခိုက္မွာ ကူယြမ္ တကယ္ဘဲ ႐ွက္႐ြံ႕သြားရတယ္၊ မ်က္ႏွာေတြေတာင္ နီရဲလာၿပီး ႐ွက္ကိုး႐ွက္ကန္းျဖစ္ေနတာကို ကာဖို႔ ခပ္ဟဟ ရယ္ေမာၿပီး ဆက္ေျပာလိုက္တယ္ " ေက်းဇူးပါ ခ်ီစန္းေရ "

သားတစ္ေယာက္ ႐ွိရတာ ေကာင္းလိုက္တာ၊ အထူးသျဖင့္ ဒီလို အလိုလိုက္တတ္တဲ့ CEOလို သားမ်ိဳး႐ွိရတာဘဲ ။

အမွန္တကယ္ကို အနႏၲတန္ခိုး႐ွင္လို သားေလးဘဲ။

Continue Reading

You'll Also Like

1.3M 68.1K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
588K 48.9K 23
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
424K 12.8K 37
The Sokolov brothers are everything most girls want. Intimidating, tall, broody, they are everything to lust after. Not that they... particularly car...
1.4M 35.1K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...